(သူတို့တွေ ပြောကြတာက 'မင်းက အ...

By YadanarMoe399

345K 32.5K 1.8K

Novel Name: 他们说 ' 你是 OMEGA' (သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!) Author: YadanarMoe399 Category: BL /R... More

Chapter 1
Chapter 1(Zawgyi)
Chapter 2
Chapter 2(Zawgyi)
Chapter 3
Chapter 3(Zawgyi)
Chapter 4
Chapter 4(Zawgyi)
Chapter 5 🚨
Chapter 5🚨(Zawgyi)
Chapter 6
Chapter 6 (Zawgyi)
Chapter 7
Chapter 7 (Zawgyi)
Chapter 8
Chapter 8 (Zawgyi)
Chapter 9
Chapter 10 (Ending)
Chapter 10 (Ending) (Zawgyi)
စာအုပ်လေး သိမ်းထားလို့ရပါပြီ
book detail
Extra 1
Extra 1 ( Zawgyi)
Extra 2
Extra 2 ( Zawgyi)
Extra 3
Extra 3 ( Zawgyi)
Extra 4
Extra 4 ( Zawgyi)
Extra 5
Extra 5 (Zawgyi)
happy memory

Chapter 9 (Zawgyi)

5.6K 386 10
By YadanarMoe399

Chapter 9: နောက်ဒီလိုမလုပ်တော့ပါဘူး။

ဖေးယိယန် မိမိအရှေ့မှာ ဒူးထောက်ပြီး၊ မျက်နှာငယ်လေးဖြင့် ထိုင်နေသည့် ထျန်းမော့ချီကို စိတ်ကုန်စွာ ကြည့်လိုက်ပြီး၊ ကုတင်ပေါ်မှာ မှောက်ခုံလေး လှဲနေလိုက်သည်။ ထ၍ မရပေပဲ။ ဒီခွေးသားက အိပ်ယာပေါ်မှာဆို တော်တော်လေး သောက်ကျင့်မကောင်းပေ။

" ကျွန်တော် နောက်ဒီလိုမလုပ်တော့ပါဘူး။"

ဖေးယိယန် ထျန်းမော့ချီကို လက်ညိုးကွေးကာ ခေါ်လိုက်၏။ ထျန်းမော့ချီ၏ မျှော်လင့်ချက် အပြည့်ဖြစ်နေသော မျက်လုံးအညိုတို့သည် ခွေးပေါက်လေးလို...တလဲ့လဲ့ဖြင့် သူ့အနား တိုးကပ်လာ၏။

" နောက်တစ်ခါ ထပ်လုပ်ရင်၊ ကိုယ်မင်းရဲ့ဟာကို ဖြတ်ပစ်မယ်။ ယုံလား။ မင်း မလုပ်နိုင်တော့မှ ကိုယ် မင်းကို အတုနဲ့ အပြာရောင်ချစ်ညတွေ ဖန်တီးပေးမယ်"

ဖေးယိယန် အတည်ပြောနေခြင်းသာ။
တော်တော်လေး စိတ်ဆိုးပါ၏။ သူတို့ကမ္ဘာမှာဆို ဒါ မဒိန်းမှုပဲလေ။ ပြီးတော့မှ သူ ပြန်တွေးမိလိုက်သည်က သူလည်း ထျန်းမော့ချီကို ဒီလိုလုပ်ခဲ့တာကိုပဲ။ ဘာပဲဖြစ်ဖြစ် ဘဲစား၊ ဘဲကြေဖြစ်သွားပြီလို့ ကြေသည်ဟု မှတ်ယူလိုက်တော့သည်။

ဖေးယိယန် မှောက်လျက်ခန္ဓာကိုယ်က ဖြေးညှင်းစွာ လှည့်လိုက်ပြီး၊ ရင်ခွင်ကို ဖွင့်ကားကာ လက်ကမ်းလိုက်၏။ ထျန်းမော့ချီက အလိုက်တသိပင် ခွေးပေါက်လေးတွေလို သူ့ရင်ခွင်ထဲ တိုးလာချေသည်။

" ကိုယ့်ကို စိတ်ဆိုးပြေပြီလား?"

" ဟုတ် "

" ဒါဆို နမ်း..."

ချယ်ရီပွင့်တွေ ပြန့်ကျဲ့သွားသလို
ရှက်သွေးဖြာလာသည့် မျက်နှာလှလှသည် ဖေးယိယန်နူတ်ခမ်းသားတွေဆီ တိုးကပ်လာခဲ့သည်။

မနမ်းတတ်၊ နမ်းတတ်ဖြင့် စူးစမ်းနေသည့်အနမ်းကနေ တဖြေးဖြေး ကျွမ်းကျင်လာခဲ့သည့် အယ်ဖာလေးဟာ ဖေးယိယန်၏ အငွေ့အသက်အားလုံးကို သူ့ထံ စုပ်ယူချင်သကဲ့သို့ သဲကြီးမဲကြီး နမ်းနေ၏။

ဖေးယိယန် စကေးကောင်းလာသည့်
အလှလေး၏ ဦးဆောင်မှုအောက် တသိမ့်သိမ့်လိုက်ပါရင်း၊ ပြုံးနေမိသည်ပင်။

နှစ်ဦးသား အနမ်း၌ သက်ဆင်းနစ်မြောပြီးနောက်၊ အလှလေးက ဖေးယိယန်ရင်ခွင်သေးသေးထဲ ခေါင်းလေး တိုးဝင်ကာ၊ ဖေးယိယန်၏ နှလုံးသားရှိရာဘက်ကို ခပ်ဖွဖွ နမ်းလိုက်ပြန်သည်။

" ကျွန်တော် နောက်တစ်ခါ မဆိုးတော့ပါဘူး..."

"အင်း..."

" ကိုယ် မင်းကို ချစ်တယ်"

" အင်း...သိပါပြီ "

ဖေးယိယန် သူ့ရင်ခွင်ထဲက ထျန်းမော့ချီကို တင်းကြပ်စွာ ဖက်ရင်း ဆိုပြန်၏။
" ကိုယ့်ကို eternity အမှတ်အသားပေးပါလားဟင်"

" ခင်ဗျား နာနေမှာပေါ့"

" ရပါတယ်ဆို!"

ထျန်းမော့ချီ အသံထွက်ကာ၊ ဖေးယိယန်၏ လည်ပင်းသားဆီ တိုးကပ်သွား၏။
" ဒါဆို ကျွန်တော် ပေးတော့မယ်။ ခင်ဗျား အရမ်းနာရင် ကျွန်တော့်ကျောကို ကုတ်လို့ရတယ်။ "

"အင်း...."

.

.

.

.

.

.

" ဘယ်လိုနေလဲ...."
ဖေးယိယန် အလှလေးနှင့်အတူ ထိုင်ကာ၊ လျှိုယောင်ကို မေးနေခြင်း။ အလှလေးကတော့ ဘာမှမသိသဖြင့် မျက်လုံးလေး ကလယ်၊ ကလယ်ဖြင့်၊ သူ့အနားကို အားကိုးတကြီး တွယ်ကပ်နေ၏။

" မဆိုးပါဘူး....
အင်း...မင်းကတော့ ဘယ်သိမလဲနော်။ "

လျှိုယောင် ဖေးယိယန် ဆိုလိုရင်းကို
သိသဖြင့် ရွှဲ့ဖြေလိုက်သည်။

" အပေါ်ထပ်ဖြစ်ရတာ ကောင်းသားပဲ။ မင်းကတော့ မသိနိုင်တော့ဘူးလေ"

ဖေးယိယန် လျှိုယောင့်ကို ကန်ဖို့ ခြေထောက်မြှောက်ချိန်၊ စိမ်းသက်နေသည့် pheromone တစ်ခုက သူ့ကို တိုက်ခိုက်လာ၏။

ထျန်းမော့ချီ မိမိအိုမီဂါကို pheromone ဖြင့် တိုက်ခိုက်လာသည့်သူ့ကို ၊ တန်ပြန်တိုက်ခိုက်ကာ၊ သူ့အပိုင် အိုမီဂါကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး၊ ထိုတစ်စိမ်းကို သူ့ကိုယ်ပိုင် pheromone ဖြင့် ဖိနှိပ်လိုက်၏။

လျှိုယောင် ဖြူဖျော့သွားသည့် သွမ့်ဝေကို မြင်တော့ ၊ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကောင်
မနေ့ညက သူ့ကြမ်းတမ်းတာကို ခံထားရသည်လေ။ အားနည်းနေတာတောင် အဆင့်မြင့်သွေးသန့်
အယ်ဖာ၏အိုမီဂါကို pheromone ဖြင့် သွားတိုက်ခိုက်သည်တဲ့လား။ သေချင်နေတာလားပဲ။

" ဖေးယိယန် မင်းလူကို ပြန်ထိန်းခိုင်းလိုက်!
ငါ့လူကို မထိစမ်းပါနဲ့"

" အလှလေး...သူက လျှိုယောင်ရဲ့ပါတနာ...။ လွှတ်ပေးလိုက်"

" သူက ခင်ဗျားကို အရင်လုပ်တာလေဗျာ"

" ဒီတိုင်း သူ့လူကို ထိလို့ပါကွာ။ လွှတ်ပေးလိုက်။ ဟိုက နဂိုကမှ အခြေအနေဟန်ပုံမရတဲ့ဟာကို သေသွားမှ ကိုယ့်အပြစ် ဖြစ်မယ်"

" ဟွန့်_ပြီးရော!"

ဖေးယိယန်၏ ပခုံးကို ထျန်းမော့ချီက မှီကာ၊ လျှို​ယောင့်ကို ဂုဏ်ဆာသည့် အကြည့်ဖြင့် ကြည့်နေတာကို လျှိုယောင်မြင်လိုက်၏။

" သွမ့်ဝေ! ငါ့ဆီ လာခဲ့စမ်း!"

ဖြူဖျော့ကာ၊ အားနည်းနေပေမဲ့၊ ဘာမှဖြစ်သလို ဟန်ဆောင်နေခဲ့သည့် သွမ့်ဝေသည် သူ့အား
နာခံစွာပင် လှမ်းလာ၏။

" ထိုင်!"

"ဟုတ်ကဲ့"

သူ့ဘေးထိုင်ခုံမှာ နာခံလျှက်ပင် ၊
လျှိုယောင့်ဘေးထိုင်လာ၏။

" ငါ့ပေါင်ပေါ် လာထိုင်!"

" ဟုတ် "

သွမ့်ဝေ ရယ်နေသည့်စိတ်ကို အောင့်အီးကာ၊
မျက်နှာသေလေးဖြင့် လျှိုယောင်ပေါင်ပေါ် သွားထိုင်လိုက်၏။

လျှိုယောင်၏ လက်သွယ်သွယ်သည် သွမ့်ဝေ၏ခါးထက် ထွေးဖက်ကာ၊ လည်ပင်းဆီ ခပ်ဖွဖွနမ်းပြီးနောက်၊ သွမ့်ဝေပခုံးပေါ် မေး'တင်ကာ ထျန်းမော့ချီကို မျက်ခုံးပင့်ပြလိုက်သည်။

" ကိုကို! ကျွန်တော့်ကို နမ်း"
ထျန်းမော့ချီကလည်း အရှုံးမခံ၊ ဖေးယိယန်ဆီ နူတ်ခမ်းလေး ချွန်ပေးလိုက်၏။

ဖေးယိယန် ခပ်ဖွဖွ ရယ်မောလာပြီး၊
အလှလေး၏အလိုကျ...၊ အလှလေး၏ နူတ်ခမ်းဖူးဖူးလေးကို စုပ်ယူလိုက်၏။

အပြိုင်ကလေးဆန်နေသည့် သူတွေကို ကြည့်ကာ၊ ဖေးယိယန်နှင့် သွမ့်ဝေက ကြိတ်ရယ်မောနေခဲ့သည်။

ဖေးယိယန် စပ်ထားသည့်အရက်ကို လှမ်းလိုက်တော့၊ ထျန်းမော့ချီက သူ့လက်ကို လှမ်းဖမ်းကာ၊ ခေါင်းယမ်းပြနေသည်။
" မသောက်ရဘူး"

"တစ်ခွက်ထဲပါကွာ"

"ဟင့်အင်း! မရဘူးဆိုနေ!"

" ဒီတစ်ခွက်နောက်ဆုံးပဲလေ...နော်...နော်လို့"

" ဒါဆိုလည်း ဒီတစ်ခွက်ပဲနော်"

"ဒါကြောင့် ကိုယ် အလှလေးကို ချစ်တာ!"

အချင်းချင်း ရယ်မောလျှက်
စကားပြောနေပြီးနောက်၊ ဖေးယိယန်နှင့်
ထျန်းမော့ချီတို့ သူတို့အိမ်ရှိရာ ပြန်လာကြတော့သည်။

အပြန်လမ်းတွင်....

ဖေးယိယန် ခေါင်းထဲ တရိပ်ရိပ်ဖြစ်နေသဖြင့် အလှလေး လက်ကို အားကိုးတကြီး လှမ်းဆွဲလိုက်မိချိန်မှာပဲ၊ မြေကြီးပေါ် လဲကျသွားတော့ကာ၊ ကမ္ဘာမြေကို အဆက်ပြတ်သွားလေတော့သည်။

အလှလေး၏ စိုးရိမ်တကြီး အော်သံဟာ
သူ့နားထဲ ကြားတစ်ဝက်၊ မကြားတစ်ဝက်...။

Continue Reading

You'll Also Like

403K 43.4K 69
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအော်ဟစ်နေသည် ... Qing Yan: "ဖေးရဲ့ မင်းထ...
35.4K 3.6K 200
နှစ်ပေါင်းများစွာ တစ်ဖက်သတ် ချစ်ခဲ့ရပြီးတဲ့နောက် ကံကြမ္မာက သူ့ကို မျက်နှာသာပေးနိုင်ပါ့မလား။ သူ့အဖြစ်က ငယ်သူငယ်ချင်းကိုမှ တည့်တည့်ကြီး ချစ်မိတဲ့ အဖြစ်...
507K 58.1K 70
Completed! Both Unicode And Zawgyi ငါ့ဆရာမှာ လျို့ဝှက်ချက်တွေ အများကြီး ရှိတယ်။အ့ဒီလျို့ဝှက်ချက်တွေကို သိရဖို့ ငါ... ငါ့ဆရာလေး ရေချိုးနေတုန်းမှာ ချော...
205K 17.6K 36
HunHan ( Yaoi ) Sehun ကို ပြုံးပြီးကြည့်တဲ့ Kris အကြည့် နဲ့  အပြုံးဟာ ကိုယ့်မျက်စိရှေ့ မှာတင် ကိုယ့်ရင်သွေး လေး ကိုယ့်ကလေး တစ်ယောက် ကြီးပြင်းလာ တာကိ...