အဖြူရောင်စာမျက်နှာ(Complete)

By Aroundtheheart

343K 27.6K 454

ကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
32
33
34
35
36
37
ဇာတ်သိမ်းပိုင်း
Extra 1
Extra2
Extra 3
Extra(4)
Extra(5)
Extra (6)
Hello!❤

31

6.2K 553 16
By Aroundtheheart

31

.
.
နိုးထလာသည့်အချိန်တိုင်းနာကျင်မှုအပြည့်နဲ့ အသက်တစ်ချက်ရှူလိုက်တိုင်း ရင်ဝတွင် မြှားစိုက်ထားသလို ရင်ဝဟာအောင့်သက်သက်နဲ့ပင်။

သက်ပြင်းတစ်ချက်ကိုစိတ်ပျက်စွာချလိုက်ရင်း ငါ့အသက်ရှင်နေသေးပါလား
ဆိုတဲ့အသိကသွေးကိုပျော်ရွှင်မှုမပေးနိုင်ခဲ့ချေ။

ဦးရဲ့အသံ ဦးရဲ့အရိပ်ယောင်ကိုမြင်တွေ့
ခွင့်မရတဲ့ကာလအတွင်း သွေး မှာ ပျော်စရာဆိုလို့ ဘယ်နေရာမှကိုရှာလို့မတွေ့။

သုံးလပြည့်ခါနီးနေပါပြီ။ ဦးမရှိဘဲသွေးတစ်ယောက်တည်းရှင်သန်နေခဲ့ရတာ
တစ်ခါတလေ လွမ်းလွန်းလို့ရူးမတတ်အော်ငိုမိသည်။

နင်းချေခံလိုက်ရသည့်အခါ ဦးရင်ခွင်ထဲတိုးဝင်ချင်လှသည်။

အန်တီချိုက အခုချိန်ထိ ဘာအကြောင်းမှမပြန်သလို သွေးပို့ထားတဲ့စာတွေဟာလည်း အခုထိ Seen မပြသေးချေ။

မက်နေကျအိပ်မက်မှာတော့ ဦးသည် သွေးကိုအမြဲကျောခိုင်းပြီးအဝေးကိုတရွေ့ရွေ့ထွက်သွားသည်။

တစ်ခါတစ်ရံမျှော်လင့်ချက်တွေအဓိပ္ပါယ်မရှိတော့သလိုခံစားရသော်လည်း
တစ်ခါတစ်ရံမှာတော့ ကိုယ့်ကိုယ်ကိုယ်ပြန်၍အားပေးရသည်။

တစ်ခါတစ်ရံကျပြန်တော့လည်းငါများရူးနေပြီးလားဆိုတဲ့စကားနှင့်ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးသတ်မိသေးသည်။

မနက်ခင်းကို သွေး အမင်္ဂလာနှင့်သာကြိုဆိုပြီး ရေမိုးချိုးသန့်စင်လိုက်လေသည်။

အင်္ကျီိကိုတော့ အနီနဲ့အနက်ကိုသာဝတ်တော့၍ ကျန်အရောင်တွေအားလုံးကို
ဗီရိုတစ်ခုထဲထည့်ကာ အပြီးပယ်စွန့်ပစ်လိုက်ပြီဖြစ်သည်။

အလုပ်သွားဖို့အားလုံးပြင်ဆင်ပြီးလို့အောက်ကိုဆင်းသည့်အခါ ဒေါ်နှင်းက ထုံးစံအတိုင်း သွေးစားဖို့အားလုံးပြင်ထားလေသည်။

"မစားတော့ဘူး တီနှင်း ကျွန်တော်အလုပ်သွားတော့မယ်''

"နည်းနည်းဖြစ်ဖြစ်တော့စားပါသားရယ်''

ဒေါ်နှင်းက တောင်းဆိုလာတော့ သွေး နွားနို့ကို တစ်ငုံသောက်ပြီး ပေါင်မုန့်တစ်ချပ်ကို ကောက်ဝါးရင်း အိမ်ရှေ့ထွက်ကာ ကားပေါ်တတ်တော့သည်။

ဒီနေ့ကား ဦးထက်သာတို့ကို အမှုန့်ချေပစ်မယ့်နေ့ဖြစ်ပေသည်။

သို့သော် သွေးဘက်ကအကြံအစည်နဲ့မဟုတ်ဘဲ အကြောင်းရှိလို့အကျိုးဖြစ်တာ
ဆိုတဲ့စကားအတိုင်း ဦးထက်သာတို့ဟာ သူတို့လုပ်ခဲ့တာတွေမှန်သမျှအတွက် ပေးဆက်ရခြင်းဖြစ်သည်။

ဦးထက်သာတို့သုံးယောက်သည်
နှစ်လအတွင်း လျော်ကြေးကိုမပေးနိုင်သလို အမှုကိုလည်း ချေပနိုင်စွမ်းမရှိခဲ့။

ထောင်ဒဏ်ကချမှတ်ပြီးသားမို့ သွေးအခု
ပစ္စည်းသယ်ကား ငါးစီးအားခေါ်၍
ဦးထက်သာ အိမ်ကို သွားခြင်း​ဖြစ်လေ
သည်။

ဟိုကိုရောက်သည့်အခါ ဦးထက်သာ အိမ်သားတွေက သူတို့ရဲ့အဓိကပစ္စည်းတွေကိုထုတ်ပိုးပြီး အိမ်တော်ကဆင်းနှင့်ပြီးသားဖြစ်သည်။

ချမ်းသာသည့်လူတွေဟာ ယခုလိုရုတ်တရက်ကြီးဆင်းရဲသွားတာကို ငိုကြီးရှိုက်နေရုံကလွဲ ဘာမှမလုပ်တတ်။

အိမ်ကတစ်ယောက်ယောက်ဆုံးပါးသွားတာမဟုတ်ပါဘဲနဲ့ ခေါင်းတွေကိုငိုက်စိုက်ရင်း မျက်ရည်ရွှဲကြီးတွေနဲ့ငိုနေလေသော ဦးထက်သာ၏မိသားစုတွေကို သွေး ကားပေါ်အခန့်သားထိုင်ရင်း ကြည့်နေမိသည်။

ဘယ်လိုလဲ ဦးထက်သာ ဒါတွေဟာ ခင်ဗျားကျွန်တော့်အပေါ်ကြံစည်ခဲ့သမျှရဲ့ဆိုးကျိုးတွေချည်းပဲ။
ပူလောင်နေတာကိုမကူတဲ့အပြင်မီးပါထပ်ပေးနေတော့
မီးကတားမရထိမ်းမရအောင်လောင်နေပြီပေါ့။

သွေးသည် ဒီနေ့တစ်ရက်တည်းတွင် ဦးထက်သာ၏
ပိုင်ဆိုင်မှုတွေအကုန်သိမ်းလိုက်သလို ကြံရာပါတွေဖြစ်
သည့် မင်းဦးနဲ့တင်စိန်တို့နှစ်ယောက်၏ပိုင်ဆိုင်မှုတွေကိုလည်း အကုန်သိမ်းပစ်လိုက်လေသည်။

ဦးတုန်းကယခုလိုလုပ်ငန်းရှင်အချင်းချင်း
အကွက်ချကြံစည်ခဲ့တာတွေဘာတွေမရှိတော့ လျော်ကြေးသိမ်းရတာတို့ ပစ္စည်းသိမ်းရတာတို့မရှိခဲ့။

သွေးလက်ထက်မှဖြစ်ပေါ်လာသော ပြသနာဖြစ်ပြီး သိမ်းပစ်လိုက်တဲ့အရာမှန်သမျှဟာ သွေး ပူလောင်မှုကိုရှိတဲ့နည်းနဲ့ငြိမ်းသက်နေတာဖြစ်သည်။

သူတစ်ပါးကို ဒုက္ခရောက်စေဖို့ ကျိန်တာဖြစ်ဖြစ် ဖန်တီးတာဖြစ်ဖြစ် လုပ်တတ်တဲ့လူယုတ်တွေအထဲသွေးမပါပါ။
သို့သော် သွေးအပေါ်မကောင်းတတ်သူ ဒုက္ခရောက်နေတာတွေ့ရင် သွေးကျေနပ်နေမိတာတော့မှန်သည်။

ဒါလည်း စိတ်ယုတ်တစ်မျိုးပဲလား။ ဒီအဖြေကိုဦးသာသိနိုင်တာမလို့ဦးပြန်လာမှပဲ သွေး ဦးကိုမေးရမည်။

ကုမ္ပဏီသို့ပြန်ရောက်ချိန်ဟာ Meeting ဝင်ရတော့
မယ့်အချိန်ဖြစ်သည်။

သွေး မနက်တည်းက ဦးထက်သာတို့ပေးဆပ်ရမယ့်လျော်ကြေးတွေအစားသိမ်းလို့ရတာမှန်သမျှသိမ်းခဲ့ပြီး ယခုမှကုမ္ပဏီကိုပြန်ရောက်ခြင်းဖြစ်သည်။

"ဒါနဲ့ အစ်မနောရီ ဦးလက်ထက်တုန်းကတကယ်ပဲဒီလိုပြဿနာမရှိခဲ့ဘူးလာဗျ''

အစ်မနောရီ က လက်မှတ်ထိုးစရာဖိုင်တွေ
လာချပေးစဥ် သွေးမေးလိုက်ခြင်းဖြစ်သည်။

"တကယ်တော့လေ အဲ့လိုတွေမဖြစ်အောင်
Bossကခြိမ်းခြောက်ရုံသက်သက်ပဲ မောင်လေး ဖြစ်လာခဲ့ရင်လည်း ပျက်ဆီးလိုက်တဲ့ပမာဏလောက်ပဲ ပြန်ဆပ်ရတာ သုံးဆဆိုတာကတော့ ဘယ်သူမှတစ်လအတွင်း မပေးနိုင်ပါဘူး မောင်လေး''

"ဒါဆို ကျွန်တော်လုပ်နေတာမှားတယ်ဆိုတဲ့သဘောလား''

"မောင်လေးမမှားဘူး အစ်မမှားတာ
အစ်မမပြောခဲ့မိလို့ပါ''

"အမှုကရောရင်မဆိုင်ရဘူးလား''

"ရင်ဆိုင်ရပါတယ် မောင်လေး''

သွေးခေါင်းညိတ်ကာ နေလိုက်သည်။

ထားပါတော့လေ သုံးဆမပေးရလည်းနေပါစေ နောက်လူတွေမလုပ်ရဲအောင် သွေးက ဦးထက်သာတို့နဲ့နမူနာလုပ်ပြလိုက်တယ်ဆိုတဲ့သဘောပဲ။ဒါမှထပ်ပြီးလုပ်ရဲရင်တော့
သွေး ယခုလို ဘာကိုမှစဥ်းစားမနေတော့ဘဲ လုပ်ချင်ရာသာလုပ်တော့မည်။

လက်မှတ်တွေအကုန်ထိုးပြီးလို့ Meeting ခန်းထဲဝင်တဲ့အချိန်မှာတော့ သွေးကိုတွေ့သည်နှင့်အကုန်လုံးက
တုတ်တုတ်မျှမလှုပ်ဘဲ ဆိတ်ငြိမ်ကြလေသည်။

မသိရင် သွေးကဘီလူးကြီးများလားထင်ရအောင်
တစ်ယောက်မှသွေးကိုမော့မကြည့်ချေ။

"ဒီတလော project အသစ်တွေအကုန်နားမယ် အဲ့အစား မိဘမဲ့ကလေးတွေအတွက်
ဂေဟာလုပ်ပေးချင်တယ်''

"ဂေဟာ မြေကွက်ကရှိပြီဆိုတဲ့သဘောလား Ceo''

"ရှိတယ် ဦးထက်သာတို့အိမ်ကိုဆက်သုံးမယ် မဟုတ်ရင်ဖြိုပြီးအဲ့နေရာမှာပဲအသစ်ပြန်ဆောက်မယ်''

ရှယ်ယာဝင်တစ်ယောက်၏မေးခွန်းကိုတုံ့ပြန်လိုက်တဲ့ သွေးရဲ့အဖြေဟာ တစ်မျိုး အဓိပ္ပါယ်သက်ရောက်နေသည်ထင်။

ရှယ်ယာဝင်တွေကတစ်ဖန်ပြန်၍ငြိမ်ကုပ်ပြန်သည်။

"ဒီမှာပဲMeeting ရပ်မယ်''

Meeting ကိုနားလိုက်သည်မို့ အားလုံးကကိုယ့်ပစ္စည်းကိုယ်သိမ်းပြီးအခန်းပြင်ထွက်သွားလေသည်။

သို့သော် အားလုံးထဲမှအသက်အကြီးဆုံးဖြစ်သည့် ဦးဝင်းမောင်က ထွက်မသွားသေးဘဲ သွေးပစ္စည်းသိမ်းနေတာကိုထိုင်ကြည့်လေသည်။

ပြောစရာစကားရှိနေပုံပေါ်နေတာကြောင့်သွေးဘက်က အလိုက်သိစွာ စကားစလိုက်သည်။

"ကျွန်တော့်ကိုပြောစရာရှိနေတယ်ထင်တယ်''

"ပြောစရာထက်ပြောကိုပြောရမယ့်စကားထင်လို့ပါ ''

"ဟုတ်ကဲ့ ပြောပါဗျ''

"Ceoလေး ခုနပြောလိုက်တဲ့ဂေဟာကိစ္စကောင်းပါတယ် ဒါပေမဲ့ ထက်သာတို့ရဲ့အိမ်ကိုဆက်သုံးတာဖြစ်စေ ဖြိုတာဖြစ်စေ ဒါကမသင့်တော်ပါဘူး တမင်သက်သက် အငြိုးနဲ့လုပ်နေတဲ့ပုံပေါ်နေပြီ ခုနအားလုံးရဲ့မျက်နှာကိုသတိထားမိမယ်ထင်တယ်''

ဦးဝင်းမောင်ရဲ့စကားကြောင့် သွေး ကနဦးက ရှယ်ယာဝင်တွေရဲ့မျက်နှာတွေကိုပြန်မြင်ယောင်လိုက်လေသည်။

ဒီအဖြစ်ပျက်ကြောင့် အားလုံးက သွေးကိုအဆိပ်ပြင်း
သည့်ပန်းရိုင်းတစ်ပွင့်လို့မှတ်ယူနေပြီဖြစ်သည်။

"ဒါဆို ကျွန်တော်ဘယ်လိုလုပ်သင့်လဲဗျ''

"လွယ်ပါတယ် ထက်သာတို့ဆီကသိမ်းလိုက်တာတွေအားလုံးကိုပြန်ရောင်းပါ ပြီးမှ သီးသန့်မြေကွက်ပြန်ဝယ်ပါ ဖြစ်နိုင်ရင် ဦးကတော့ထက်သာတို့ရဲ့မိသားစုတွေ ကိုသူတို့ဆီကသိမ်းလိုက်သမျှရဲ့ 30%ကိုပြန်ပေးစေချင်တယ် ဘာပဲဖြစ်ဖြစ် တစ်လအတွင်း ဘယ်သူမှအကြွေးမဆပ်နိုင်ပါဘူး ပြီးတော့ သုံးဆဆိုတာကလည်း ခြိမ်းခြောက်မှုတစ်ခုနဲ့သာရှိသင့်တယ် သူတို့ကလည်း
ဒီမှာအလုပ်လုပ်ခဲ့တာကြာပြီမလို့ သူတို့ကလေးအတွက်
ငဲ့ညှာပေးသင့်တယ်''

ဒီစကားအတွက် သွေးမှာပြန်၍ချေပစရာစကားမရှိချေ။

သွေးလုပ်သမျှကိုအားလုံးကအငြိုးနဲ့လုပ်နေတယ်လို့သာ မှတ်ယူနေကြတာပဲ။ မှတ်ယူလည်းသွေးမမှုပါ။
ဦးထက်သာပေးတဲ့ဒဏ်ရာတွေမှာ သွေးသာစိတ်မထိန်းနိုင်ခဲ့ရင် ယခုချိန်လောကကြီးမှာ သွေးသစ်မှူးဆိုတဲ့လူသား
ရှိတော့မှာမဟုတ်။

သူတောင် သွေးကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်စိတ်ပေါ်လာသည်အထိ သွေးအပေါ် မေတ္တာမဲ့ခဲ့တာ သွေးက ဘာအတွက်ပြန်ပြီးငဲ့ညှာပေးရမလဲ။

ယခုဖြစ်ပျက်နေသမျှကိုအစကပြန်လှန်ကြည့်သော် မှားနေသူက သွေးလုံးဝမဟုတ်။

ဦးထက်သာတို့အပေါ်သွေးလုပ်နေသမျှဟာလည်း ဦးရဲ့
စည်းမျဥ်းအတိုင်းသွေးလုပ်ခြင်းသာဖြစ်သည်။ အငြိုးနဲ့လုပ်တာလို့ပြောရင်လည်း သွေးလက်ခံပါသည်။

သူတို့ကို သွေးတကယ် အရိုးထဲအသည်းထဲစွဲအောင်စိတ်နာနေတာမလို့ဘဲ။

~~~~~~

"သခင်ကြီး အစ်ကိုကြီးလေးရဲ့ဧည့်သည်တဲ့''

ဦးသက္ကမောင်သည် ဧည့်ခန်းတွင်ထိုင်ကာ
သတင်းစာဖတ်နေစဥ် ခြံစောင့်ရဲ့စကားကြောင့် သတင်းစာကိုပိတ်ပြီး ခြံစောင့်နောက် က ကောင်လေးကို ကြည့်လိုက်လေသည်။

မျက်မှန်လေးထောင့်ကြီးနဲ့ကောင်လေးဖြစ်ပြီး သားဖြစ်သူအနားအမြဲတွေ့နေရသောကောင်လေးလည်းဖြစ်သည်။

ဒါ့အပြင် ဒေါင်းကအိမ်ကိုပြန်လာရင်ထမင်းချိုင့်အမြဲပြန်ယူလာပြီး daddyအတွက် ဘိုဘို ထည့်ပေးလိုက်တာဆိုလို့လည်းအမြဲပြောသည်။

"လာ ထိုင် သားက ဘိုဘိုဖြစ်မယ်''

"ဟုတ်ကဲ့ဗျ ကျွန်တော်က ဘိုဘိုပါ အစ်ကို ဒေါင်းဆီလာတာပါဗျ''

"သားဒေါင်းအပေါ်မှာရှိနေတယ် သွားခေါ်ခိုင်းလိုက်မယ် မဟုတ်ရင်သားပါလိုက်သွားမလား''

"ဒီမှာပဲစောင့်နေပါ့မယ်ဗျ''

"အင်း အင်''

ဦးသက္ကမောင်သည် အပေါ်ထပ်ကသားဖြစ်သူကိုသွားခေါ်ပေးဖို့အိမ်တော်ထိန်းအားမှာကြားလိုက်သည်။

နောက် ပုဆိုးရှည်နဲ့ချည်သားပွပွဝတ်ဆင်ထားသော ဘိုဘိုကိုကြည့်ပြီးပြုံးလေသည်။

"မပူဘူးလားသား''

"မပူပါဘူးဗျ ဒါက ဦးလေးအတွက်ပါဗျ''

ဘိုဘိုပေးလိုက်သည့်အရာကား ထမင်းချိုင့်ငါးဆင့်ချိုင့်ဖြစ်လေသည်။

"ပင်ပန်းသွားပြီ သားကိုကျေးဇူးတင်ပါတယ် နောက် အပင်ပန်းခံဖို့မလိုဘူးနော် သူများကလေးကိုမခိုင်းရက်ပါဘူး''

"စားစေချင်လို့ပါဗျ''

လိမ္မာယဥ်ကျေးသောဘိုဘိုကြောင့်
ဦးသက္ကမောင် ပြုံးမိလေသည်။

အခုခေတ်ကလေးတွေပုဆိုးဝတ်တာရှားသော်လည်း ဒီကလေးက နေ့တိုင်းအလိုလိုဝတ်နေတာကိုက ချီးကျူးစရာပင်ဖြစ်သည်။

"ဘိုဘို ''

အပေါ်ကဆင်းလာသောဒေါင်းသည် ချက်ချင်းဘိုဘိုအနားဝင်ထိုင်လေသည်။

ငါးဆင့်ချိုင့်ကိုတွေ့တော့ပြုံးကာ ဘိုဘို
ဆံသားတွေကိုတစ်ချက်ဖွလိုက်သည်။

"မင်းတော့လုပ်ပြန်ပြီ အပင်ပန်းခံပြီးတော့''

"အစ်ကို့တွက်မဟုတ်ပါဘူး ဦးအတွက်ပါဗျ''

"ဟော ''

ဘိုဘို့စကားကြောင့်သားအဖနှစ်ယောက်ပြိုင်တူရီလိုက်မိသည်။

ချိုင့်အားလှယ်ပေးဖို့အိမ်စေကိုပြောပြီး
Daddy က ဘိုဘိုနဲ့စကားပြောနေလေသည်။

လိမ္မာမှုရှိသော ဘိုဘို့ကို daddy က သဘောကျစွာ စကားတွေ ဖော်ရွေကာပြောတော့ ဒေါင်းလည်းပြုံးမိသည်။

Daddy အခုလိုပြန်၍ စကားအများကြီးပြောလာတာဟာ ဘိုဘိုကြောင့်ပင်။

အိမ်စေကဘိုဘို့ချိုင့်ကိုပြန်လာပေးသောအခါ ဒေါင်းကအရင်ယူလိုက်သည်။

"သား ဘိုဘိုနဲ့လျှောက်လည်ဦးမယ် daddy''

"အင်း ဂရုစိုက် ဘိုဘိုရော''

"ဟုတ်ကဲ့ ဂရုစိုက်ပါ့မယ်ဗျ''

Daddy ကိုခွင့်တောင်းပြီးသည်နှင့် အိမ်နံဘေးရှိကားထားသည့်ခေါင်မိုးစင်အောက်ဝင်ပြီး ဘိုဘို အတွက် ကားတံခါးဖွင့်ပေးလိုက်လေသည်။

"ဝင် ဘိုဘို ''

"ကျေးဇူးပါဗျ''

ဒေါင်းသည် မောင်းသူဘက်ဝင်ထိုင်ပြီး
ခါးပတ်မပတ်ရသေးသော ဘိုဘိုအနားတိုးကာ ပတ်ပေးလိုက်သည်။

မျက်နှာချင်းကအလွန်နီးကပ်ပြီးရင်ဘတ်ချင်းကထိလုမတတ်ဖြစ်နေသည်။

အနက်ရောင်ဘောင်းဘီ ခရမ်းရင့်ရောင်တီရှပ်လက်တိုနှင့် အနက်ရောင်ဂျင်းကုတ်အားလိုက်ဖက်စွာ ဝတ်ဆင်ထားသော အစ်ကို ဒေါင်းကို ဘိုဘိုမှင်သက်စွာငေးကြည့်နေမိသည်။

ခါးပတ် ပတ်ပေးလာစဥ် နှာခေါင်းနှင့်ထိလုမတတ်ဖြစ်နေသော အစ်ကို့ပါးပြင်တခြားအား သူအနမ်းခြွေလိုက်မိတော့ အစ်ကိုက ကြောင်အမ်းစွာ သူ့ကိုကြည့်လေသည်။

"ချစ်လို့ပါဗျ''

ရှက်နေသောမျက်နှာလေးနှင့်မရဲတရဲပြောနေလေသော ဘိုဘို ကိုကြည့်ကာ ဒေါင်း ဖွဖွပြုံးမိသည်။

တစ်လပြည့်ခါနီးပြီဖြစ်သည်။ဘိုဘိုနှင့်ရည်းစားသက်တမ်းက။

တွေ့ရမြင်ရတာကြာတော့လည်း
သံယောဇဥ်က တွယ်သွားသလို။ ဘိုဘိုဘက်က ချစ်ရေးဆိုလာချိန်မှာ ဒေါင်းရင်ထဲ မွန်းကြပ်နေသလို။ မငြင်းရက်သလို သွေးကိုမေ့ပြီးဘိုဘို့ကို အစားထိုးတာမျိုးလည်
မဖြစ်ချင်။

ချစ်မိနေပြီမဟုတ်သော်လည်း ချစ်မိလာအောင်ကြိုးစားနေပြီဖြစ်သည်။

သူလည်း အမြဲအနားကိုတဝိုင်းလည်လည်လုပ်နေသော
ဘိုဘို့အပေါ်မတွေ့ရမနေနိုင်ဆိုတဲ့အဆင့်ထိ ရောက်နေပါပြီ။

လက်တွဲဖို့သဘောတူလိုက်ပြီဆိုမှတော့ သစ္စာရှိဖို့သာလိုပါတော့သည်။

ဒေါင်း သူ့ပါးပြင်အားနမ်းပြီးမှအရှက်သည်းစွာငုံ့ထားသောခေါင်းကိုမေးဖျားကဆွဲပင့်ပြီးမော့စေလိုက်သည်။

"ဘယ်လောက်ထိလဲ ချစ်တာ''

"အားလုံးထက်ပိုချစ်တယ်ဗျ မနက်နဲ့ညကြား အစ်ကို့ ကိုအမြဲမြင်ချင်သလို သံသရာအဆုံးထိ အစ်ကို့ ကိုပဲချစ်ပါတယ်ဗျ''

"စကားတွေသိပ်တတ်နေတယ်ပေါ့ ''

ပါးပြင်တစ်ဖက်ကို ခပ်ဖွဖွဆွဲညှစ်လိုက်တော့ ရှက်ပြုံးကာ ခေါင်းပြန်ငုံ့သွားသည်။

ဘိုဘို ဟာ အမြဲပုဆိုးနဲ့အင်္ကျီခပ်ပွပွတွေကိုသာ ဝတ်ဆင်တတ်သည့်အပြင် လေးထောင့်မျက်မှန်ကြီးကိုလည်းအမြဲဝတ်တတ်တော့ မတော်တဆ ကြည့်ရင်အလွန်ရုပ်ဆိုးလွန်းသည်။ အနီးကပ်ကြည့်ရင်တော့ ကြာလေ ပိုချစ်ဖို့ကောင်းလာရင် ဒါကြောင့်လည်း ဒေါင်း တွယ်ငြိရပါသည်။

လူတိုင်းသူ့အလှနဲ့သူဖြစ်နေသလို
ဘိုဘိုဟာလည်း အသားဖွေးဖွေးနဲ့ချစ်ဖို့ကောင်းသည်။

"ဘယ်သွားချင်လဲ? ""

"ရုပ်ရှင်ရုံဗျ''

"ဟုတ်ပြီ''

ကားစက်နှိုးပြီးရုပ်ရှင်ရုံကိုသာ တန်းမတ်စွာ မောင်းနှင်လိုက်သည်။

ရုပ်ရှင်ရုံရောက်သည့်အခါ ဘိုဘိုကြည့်ချင်သမျှကို သူ မငြိုမငြင်အဖော်ကြည့်ပေးမိပြန်သည်။

ပေါက်ပေါက်တကျွတ်ကျွတ်ဝါးရင်းပခုံးပေါ်ခေါင်းမှီလေသော ဘိုဘို့ အတွက် သူဖျော်ရည်ဘူးဖောက်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ တိုက်မိပြန်သည်။

ရိုးသားဖြူစင်တဲ့ဘိုဘို့ကို သူအစားထိုးခြင်းသာဆိုပြီး တခြားသူတွေ စွပ်စွဲမှာ ကြောက်မိပါ၏။

ဘိုဘိုက Daddy ပြီးရင် သူနဲ့အနီးကပ်ဆုံးနေဖူးသောသူမို့ တစ်ရက်ကလေးမတွေ့ရရင်တောင် မနေနိုင်တော့တဲ့အဖြစ်။

အတော်လည်းစကားတတ်တော့ သူကကြွေသွားတာဖြစ်မည်။

ချစ်ခဲ့ဖူးသူရှိတဲ့အကြောင်း ဘိုဘိုကိုသူပွင့်ပွင့်လင်းလင်းဝန်ခံတုန်းက ''ပြီးခဲ့တာတွေပြီးခဲ့ပြီးပြီပဲ ကျွန်တော်ကအခုလက်ရှိအစ်ကို့ကိုပဲချစ်တာပါဗျ ဘဝအတွက်မရှိမဖြစ်မို့ အားလုံးထက်ကိုပိုချစ်ပါတယ်ဗျ''

ဒါဟာ ဘိုဘိုရဲ့တုံ့ပြန်မှုဖြစ်နေသောအခါ
ဒေါင်း အပြုံးတို့ဝေဆာခဲ့ရသည်။

ပထမဆုံးအချစ်မှာရှုံးနိမ့်ခဲ့ပေမယ့်
ဒုတိယအချစ်ကိုတော့ များစွာပိုချစ်ပြီးအဆုံးထိသစ္စာရှိဖို့ကြိုးစားရတော့မည်။

ဒါ့ကြောင့် ပခုံးပေါ်ခေါင်းမှီပြီးရုပ်ရှင်ကြည့်နေသော ဘိုဘို့ ကို ရင်ခွင်ထဲပွေ့ဖက်လိုက်မိသည်။

ကိုယ်တောင်းပန်ပါတယ်ဘိုဘို
တခြားသူကိုချစ်ခဲ့ဖူးတဲ့နှလုံးသားကို
မင်းလက်ထဲအပ်လိုက်မိလို့
မင်းကပထမဆုံးအချစ်မဟုတ်ပေမယ့်
နောက်ဆုံးအချစ်ဖြစ်စေရမယ်ဘိုဘို။

~~~~~~

"ယုတ်ညံ့လှချည်လားသွေး အလုပ်ဝင်တာဖြင့် ဘယ်လောက်မှမရှိသေး သူများအသိုက်ကိုရက်ရက်စက်စက်ဖြိုနေပြီ
ဘဝမေ့နေပြီလား''

"မဟုတ်ဘူး ဦး သူတို့ဘက်ကအရင်စတာ ''

"ဒါကမင်းတစ်ယောက်တည်းမဟုတ်ဘူး
လူတိုင်းကြုံနေကျပဲ ဒါလေးတောင်သည်းမခံနိုင်ရင် မင်းကုမ္ပဏီကိုဆက်လာစရာအကြောင်းမရှိတော့ဘူး သွားတော့ ''

"မဟုတ်ဘူး ဦး ကျွန်တော်ပြောတာနားထောင်ပါဦး''

"ဆက်နားထောင်စရာအကြောင်းမရှိဘူး
သွားတော့ ဒီနေရာကမင်းလိုစိတ်ထား
ယုတ်ညံ့သူနဲ့မတန်ဘူး မင်းကိုကြည့်ရတာ
ဘဝမေ့နေပုံပဲ ဒါဆိုရင် အရင်ဘဝကိုပြန်သတိရသွားအောင်လုပ်ပေးရမှာပဲ ပြန်ပါ
မင်းရွာကို ကိုယ်နဲ့လည်းထပ်ပြီးပတ်သက်စရာအကြောင်းမရှိဘူး''

"မဟုတ်ဘူး ဦး ဦး ဦး!!!''

သွေးကိုကျောခိုင်းပြီးတဖြည်းဖြည်းပျောက်ကွယ်သွားသောဦးကိုမျက်ရည်တွေနဲ့ခေါ်အော်မိစဥ်

"သား သားလေး ထပါဦး သားလေး!''

ခေါ်သံနှင့်အတူပခုံးကနေဆွဲလှုပ်ခံရတာကြောင့် သွေး ဆတ်ခနဲ နိုးလာတော့သည်။

"ဦး''

"ဒေါ်နှင်းပါသားလေးရယ် အိပ်မက်ဆိုးမက်ပြန်ပြီးထင်တယ်''

အနားကိုဒေါ်နှင်းဝင်ထိုင်တော့မှသာ ဒါဟာ အိပ်မက်မှန်းသွေးသိသည်။

အိပ်ရာကထပြီးပါးပြင်ထက်ရွှဲနေသောမျက်ရည်တွေကိုသုတ်လိုက်ရင်း ပင့်သက်ရှိုက်မိသည်။

ဒေါ်နှင်းကတော့ သွေးကျောပြင်ကိုခပ်ဖွဖွပုတ်ပေးလေသည်။

သွေးအိပ်မက်ဟာ သွေးကို အခုထိ ချောက်ချားစေတုန်းဖြစ်သည်။

အိပ်မက်က သူများအသိုက်ကိုဖြိုလို့ဆိုပြီးဦးကစိတ်ဆိုးနေတာတဲ့။အပြင်၌လည်း သွေးတကယ်ဖြိုခဲ့ပြီးပြီ။

ဦးဝင်းမောင်က အကျိုးသင့်အကြောင်းသင့်ပြောပြပါသော်လည်း သွေး အကြောတင်းစွာ ဦးထက်သာတို့၏အိမ်ကိုရစရာမရှိအောင်ဖြိုလိုက်လေသည်။

ညအချိန်အိပ်စက်သည့်အချိန်မှာတော့အိပ်မက်ထဲဦးက ဒေါနဲ့မောနဲ့သွေးကိုစိုက်ကြည့်သည်။

ဒါဆိုရင် အပြင်မှာရော ဦး သွေးကို အိပ်မက်ကအတိုင်းဆက်ဆံမှာလား?

ဟင့်အင်း သွေးအဲ့လိုအဖြစ်မခံနိုင်ဘူး

နားရွက်နှစ်ဖက်အားလက်နှစ်ဖက်ဖြင့်အုပ်ပြီး ခေါင်းကိုအဆက်မပြတ်ယမ်းနေမိသဖြင့်ဒေါ်နှင်းက သွေးလက်နှစ်ဖက်ကိုဖွဖွဆွဲခွာလေသည်။

"အိပ်မက်ကအိပ်မက်ပါပဲသားလေးရယ်
အရမ်းမတွေးပါနဲ့ ပြန်အိပ်တော့နော်
ဒါဆိုပြန်နိုးလာရင်နေလို့ကောင်းသွားလိမ့်မယ်''

ဒေါ်နှင်းရဲ့စကားကြောင့် သွေး စားပွဲပေါ်ကဖုန်းကိုယူပြီးအချိန်ကိုကြည့်လိုက်မိသည်။

အိပ်မက်ဆိုးကြောင့်လန့်နိုးလာချိန်ဟာ
မနက်သုံးနာရီလောက်သာရှိသေးသည်။

"တကယ်လားဗျ အိပ်မက်ကအိပ်မက်ပါပဲဆိုတာ''

"တကယ်ပေါ့သားရယ် အိပ်မက်ကအိပ်မက်ပါပဲ
ဒါ့ကြောင့်ဆက်မတွေးပါနဲ့''

ယုံချင်ပါသော်လည်း သွေးမယုံရဲသေး။
ဒီစကားဟာ သွေးစိတ်ကိုသက်သာစေဖို့အတွက်အားပေးစကားသက်သက်သာမို့။

သွေးအိပ်ရာထက်ပြန်၍လဲလျောင်းတော့မှ
ဒေါ်နှင်းက အခန်းပြင်ကိုထွက်သွားသည်။

"အိပ်မက်ကအိပ်မက်ပါပဲဆိုတာတကယ်လားဗျ ဦး''

ခေါင်းရင်းထက်ကဦးဓာတ်ပုံအားယူပြီး
ဦးရဲ့မျက်နှာကို ငေးမောကြည့်မိသည်။

ဦးရေးထားတဲ့စာအုပ်ကိုသွေးမဖွင့်တော့တာကြာပြီ။

ယခုနေ ဆတ်ဆတ်ထိမခံနဲ့စိတ်နဲ့ သွေး ဦးရေးထားတဲ့စာကိုမဖတ်နိုင်ပါ။ ဦးကအားလုံးကိုအကောင်းဘက်ကရေးထားတာ။ သွေးကတော့ ယခုချိန်ပူလောင်နေသူမို့
ဦးစာတွေကိုဖတ်နေလည်း နွားကိုပလာတာကျွေးနေသလို
ဖြစ်နေရုံသာအဖတ်တင်မည်။

နိုးပြီးရင်ပြန်အိပ်တဲ့အကျင့်မရှိတာကြောင့်
သွေး တစ်ခါတည်းထပြီး ရေမိုးချိုးသန့်စင်လိုက်သည်။

မနက်အစောကြီးရေချိုးရလားဆိုပြီး
ဦးရှိရင်ဆူမှာကျိန်းသေပဲ။

အလုပ်ကသွားရဦးမှာဖြစ်တာကြောင့်သွေးရေမိုးချိုးပြီးအလုပ်သွားဖို့တစ်ခါတည်းပြင်ဆင်ထားလိုက်လေသည်။

ပစ်ထားတာကြာပြီဖြစ်တဲ့ညမွှေးပန်းပင်လေးတွေကိုသွားကြည့်မိတော့ လန်းလန်းဆန်းဆန်းရှိနေလေသည်။

သွေးစိတ်နဲ့ကိုယ်မကပ်တာကြာတော့
ဒေါ်နှင်းက သွေးကိုယ်စားရေလောင်း​ပေးထားခြင်းဖြစ်သည်။

လေသာဆောင်၏အမိုးစင်အောက်ငုတ်တုတ်ထိုင်ပြီး ကောင်းကင်ကြီးကို သွေး တစ်ချိန်လုံး မော့ကြည့်နေမိသည်။

တိမ်တွေကြားပျောက်ကွယ်သွားခဲ့သော
လေယာဥ် ဘယ်တော့များပြန်ပေါ်လာမည်လဲ

တိတ်နေသောဦးအသံကိုဘယ်တော့များမှပြန်ကြားနိုင်
မလဲ

လွမ်းဆွတ်တမ်းတနေမိသောရင်ခွင်ထဲဘယ်တော့များ ပြန်၍ ခိုနားခွင့်ရနိုင်မှာလဲ

လောကမှာ လူတစ်ယောက်ကို သတ်ဖို့အသင့်တော်ဆုံးလက်နက်က ဆိတ်ငြိမ်ခြင်းပဲတဲ့။

ဦးအခုလိုအသံမလာဘဲဆိတ်ငြိမ်နေတာဟာ သွေးကို သေအောင်သတ်နေတာပါပဲ။

လွမ်းလွန်းလို့ရူးတော့မယ်ဦးရယ်

အချိန်တန်ရင်နေနိုင်သွားမှာပါ
အချိန်တန်ရင်မေ့နိုင်သွားမှာပါ ဆိုတဲ့လူတွေကို သွေး ပြောလိုက်ချင်စမ်းသည်။

မင်းတို့အချစ်ကမစစ်မှန်တဲ့အပေါ်ယံမလို့ပေါ့ဆိုပြီး..။

.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

31

.
.
နိုးထလာသည့္အခ်ိန္တိုင္းနာက်င္မႈအျပည့္နဲ႕ အသက္တစ္ခ်က္ရႉလိုက္တိုင္း ရင္ဝတြင္ ျမႇားစိုက္ထားသလို ရင္ဝဟာေအာင့္သက္သက္နဲ႕ပင္။

သက္ျပင္းတစ္ခ်က္ကိုစိတ္ပ်က္စြာခ်လိဳက္ရင္း ငါ့အသက္ရွင္ေနေသးပါလား
ဆိုတဲ့အသိကေသြးကိုေပ်ာ္႐ႊင္မႈမေပးနိုင္ခဲ့ေခ်။

ဦးရဲ႕အသံ ဦးရဲ႕အရိပ္ေယာင္ကိုျမင္ေတြ႕
ခြင့္မရတဲ့ကာလအတြင္း ေသြး မွာ ေပ်ာ္စရာဆိုလို႔ ဘယ္ေနရာမွကိုရွာလို႔မေတြ႕။

သုံးလျပည့္ခါနီးေနပါၿပီ။ ဦးမရွိဘဲေသြးတစ္ေယာက္တည္းရွင္သန္ေနခဲ့ရတာ
တစ္ခါတေလ လြမ္းလြန္းလို႔႐ူးမတတ္ေအာ္ငိုမိသည္။

နင္းေခ်ခံလိုက္ရသည့္အခါ ဦးရင္ခြင္ထဲတိုးဝင္ခ်င္လွသည္။

အန္တီခ်ိဳက အခုခ်ိန္ထိ ဘာအေၾကာင္းမွမျပန္သလို ေသြးပို႔ထားတဲ့စာေတြဟာလည္း အခုထိ Seen မျပေသးေခ်။

မက္ေနက်အိပ္မက္မွာေတာ့ ဦးသည္ ေသြးကိုအၿမဲေက်ာခိုင္းၿပီးအေဝးကိုတေ႐ြ႕ေ႐ြ႕ထြက္သြားသည္။

တစ္ခါတစ္ရံေမွ်ာ္လင့္ခ်က္ေတြအဓိပၸါယ္မရွိေတာ့သလိုခံစားရေသာ္လည္း
တစ္ခါတစ္ရံမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ျပန္၍အားေပးရသည္။

တစ္ခါတစ္ရံက်ျပန္ေတာ့လည္းငါမ်ား႐ူးေနၿပီးလားဆိုတဲ့စကားႏွင့္ကိုယ့္ကိုယ္ကိုယ္ျပန္ထိုးသတ္မိေသးသည္။

မနက္ခင္းကို ေသြး အမဂၤလာႏွင့္သာႀကိဳဆိုၿပီး ေရမိုးခ်ိဳးသန့္စင္လိုက္ေလသည္။

အကၤ်ီိကိုေတာ့ အနီနဲ႕အနက္ကိုသာဝတ္ေတာ့၍ က်န္အေရာင္ေတြအားလုံးကို
ဗီရိုတစ္ခုထဲထည့္ကာ အၿပီးပယ္စြန့္ပစ္လိုက္ၿပီျဖစ္သည္။

အလုပ္သြားဖို႔အားလုံးျပင္ဆင္ၿပီးလို႔ေအာက္ကိုဆင္းသည့္အခါ ေဒၚႏွင္းက ထုံးစံအတိုင္း ေသြးစားဖို႔အားလုံးျပင္ထားေလသည္။

"မစားေတာ့ဘူး တီႏွင္း ကြၽန္ေတာ္အလုပ္သြားေတာ့မယ္''

"နည္းနည္းျဖစ္ျဖစ္ေတာ့စားပါသားရယ္''

ေဒၚႏွင္းက ေတာင္းဆိုလာေတာ့ ေသြး ႏြားနို႔ကို တစ္ငုံေသာက္ၿပီး ေပါင္မုန့္တစ္ခ်ပ္ကို ေကာက္ဝါးရင္း အိမ္ေရွ႕ထြက္ကာ ကားေပၚတတ္ေတာ့သည္။

ဒီေန႕ကား ဦးထက္သာတို႔ကို အမႈန့္ေခ်ပစ္မယ့္ေန႕ျဖစ္ေပသည္။

သို႔ေသာ္ ေသြးဘက္ကအႀကံအစည္နဲ႕မဟုတ္ဘဲ အေၾကာင္းရွိလို႔အက်ိဳးျဖစ္တာ
ဆိုတဲ့စကားအတိုင္း ဦးထက္သာတို႔ဟာ သူတို႔လုပ္ခဲ့တာေတြမွန္သမွ်အတြက္ ေပးဆက္ရျခင္းျဖစ္သည္။

ဦးထက္သာတို႔သုံးေယာက္သည္
ႏွစ္လအတြင္း ေလ်ာ္ေၾကးကိုမေပးနိုင္သလို အမႈကိုလည္း ေခ်ပနိုင္စြမ္းမရွိခဲ့။

ေထာင္ဒဏ္ကခ်မွတ္ၿပီးသားမို႔ ေသြးအခု
ပစၥည္းသယ္ကား ငါးစီးအားေခၚ၍
ဦးထက္သာ အိမ္ကို သြားျခင္း​ျဖစ္ေလ
သည္။

ဟိုကိုေရာက္သည့္အခါ ဦးထက္သာ အိမ္သားေတြက သူတို႔ရဲ႕အဓိကပစၥည္းေတြကိုထုတ္ပိုးၿပီး အိမ္ေတာ္ကဆင္းႏွင့္ၿပီးသားျဖစ္သည္။

ခ်မ္းသာသည့္လူေတြဟာ ယခုလို႐ုတ္တရက္ႀကီးဆင္းရဲသြားတာကို ငိုႀကီးရွိုက္ေန႐ုံကလြဲ ဘာမွမလုပ္တတ္။

အိမ္ကတစ္ေယာက္ေယာက္ဆုံးပါးသြားတာမဟုတ္ပါဘဲနဲ႕ ေခါင္းေတြကိုငိုက္စိုက္ရင္း မ်က္ရည္႐ႊဲႀကီးေတြနဲ႕ငိုေနေလေသာ ဦးထက္သာ၏မိသားစုေတြကို ေသြး ကားေပၚအခန့္သားထိုင္ရင္း ၾကည့္ေနမိသည္။

ဘယ္လိုလဲ ဦးထက္သာ ဒါေတြဟာ ခင္ဗ်ားကြၽန္ေတာ့္အေပၚႀကံစည္ခဲ့သမွ်ရဲ႕ဆိုးက်ိဳးေတြခ်ည္းပဲ။
ပူေလာင္ေနတာကိုမကူတဲ့အျပင္မီးပါထပ္ေပးေနေတာ့
မီးကတားမရထိမ္းမရေအာင္ေလာင္ေနၿပီေပါ့။

ေသြးသည္ ဒီေန႕တစ္ရက္တည္းတြင္ ဦးထက္သာ၏
ပိုင္ဆိုင္မႈေတြအကုန္သိမ္းလိုက္သလို ႀကံရာပါေတြျဖစ္
သည့္ မင္းဦးနဲ႕တင္စိန္တို႔ႏွစ္ေယာက္၏ပိုင္ဆိုင္မႈေတြကိုလည္း အကုန္သိမ္းပစ္လိုက္ေလသည္။

ဦးတုန္းကယခုလိုလုပ္ငန္းရွင္အခ်င္းခ်င္း
အကြက္ခ်ႀကံစည္ခဲ့တာေတြဘာေတြမရွိေတာ့ ေလ်ာ္ေၾကးသိမ္းရတာတို႔ ပစၥည္းသိမ္းရတာတို႔မရွိခဲ့။

ေသြးလက္ထက္မွျဖစ္ေပၚလာေသာ ျပသနာျဖစ္ၿပီး သိမ္းပစ္လိုက္တဲ့အရာမွန္သမွ်ဟာ ေသြး ပူေလာင္မႈကိုရွိတဲ့နည္းနဲ႕ၿငိမ္းသက္ေနတာျဖစ္သည္။

သူတစ္ပါးကို ဒုကၡေရာက္ေစဖို႔ က်ိန္တာျဖစ္ျဖစ္ ဖန္တီးတာျဖစ္ျဖစ္ လုပ္တတ္တဲ့လူယုတ္ေတြအထဲေသြးမပါပါ။
သို႔ေသာ္ ေသြးအေပၚမေကာင္းတတ္သူ ဒုကၡေရာက္ေနတာေတြ႕ရင္ ေသြးေက်နပ္ေနမိတာေတာ့မွန္သည္။

ဒါလည္း စိတ္ယုတ္တစ္မ်ိဳးပဲလား။ ဒီအေျဖကိုဦးသာသိနိုင္တာမလို႔ဦးျပန္လာမွပဲ ေသြး ဦးကိုေမးရမည္။

ကုမၸဏီသို႔ျပန္ေရာက္ခ်ိန္ဟာ Meeting ဝင္ရေတာ့
မယ့္အခ်ိန္ျဖစ္သည္။

ေသြး မနက္တည္းက ဦးထက္သာတို႔ေပးဆပ္ရမယ့္ေလ်ာ္ေၾကးေတြအစားသိမ္းလို႔ရတာမွန္သမွ်သိမ္းခဲ့ၿပီး ယခုမွကုမၸဏီကိုျပန္ေရာက္ျခင္းျဖစ္သည္။

"ဒါနဲ႕ အစ္မေနာရီ ဦးလက္ထက္တုန္းကတကယ္ပဲဒီလိုျပႆနာမရွိခဲ့ဘူးလာဗ်''

အစ္မေနာရီ က လက္မွတ္ထိုးစရာဖိုင္ေတြ
လာခ်ေပးစဥ္ ေသြးေမးလိုက္ျခင္းျဖစ္သည္။

"တကယ္ေတာ့ေလ အဲ့လိုေတြမျဖစ္ေအာင္
Bossကၿခိမ္းေျခာက္႐ုံသက္သက္ပဲ ေမာင္ေလး ျဖစ္လာခဲ့ရင္လည္း ပ်က္ဆီးလိုက္တဲ့ပမာဏေလာက္ပဲ ျပန္ဆပ္ရတာ သုံးဆဆိုတာကေတာ့ ဘယ္သူမွတစ္လအတြင္း မေပးနိုင္ပါဘူး ေမာင္ေလး''

"ဒါဆို ကြၽန္ေတာ္လုပ္ေနတာမွားတယ္ဆိုတဲ့သေဘာလား''

"ေမာင္ေလးမမွားဘူး အစ္မမွားတာ
အစ္မမေျပာခဲ့မိလို႔ပါ''

"အမႈကေရာရင္မဆိုင္ရဘူးလား''

"ရင္ဆိုင္ရပါတယ္ ေမာင္ေလး''

ေသြးေခါင္းညိတ္ကာ ေနလိုက္သည္။

ထားပါေတာ့ေလ သုံးဆမေပးရလည္းေနပါေစ ေနာက္လူေတြမလုပ္ရဲေအာင္ ေသြးက ဦးထက္သာတို႔နဲ႕နမူနာလုပ္ျပလိုက္တယ္ဆိုတဲ့သေဘာပဲ။ဒါမွထပ္ၿပီးလုပ္ရဲရင္ေတာ့
ေသြး ယခုလို ဘာကိုမွစဥ္းစားမေနေတာ့ဘဲ လုပ္ခ်င္ရာသာလုပ္ေတာ့မည္။

လက္မွတ္ေတြအကုန္ထိုးၿပီးလို႔ Meeting ခန္းထဲဝင္တဲ့အခ်ိန္မွာေတာ့ ေသြးကိုေတြ႕သည္ႏွင့္အကုန္လုံးက
တုတ္တုတ္မွ်မလႈပ္ဘဲ ဆိတ္ၿငိမ္ၾကေလသည္။

မသိရင္ ေသြးကဘီလူးႀကီးမ်ားလားထင္ရေအာင္
တစ္ေယာက္မွေသြးကိုေမာ့မၾကည့္ေခ်။

"ဒီတေလာ project အသစ္ေတြအကုန္နားမယ္ အဲ့အစား မိဘမဲ့ကေလးေတြအတြက္
ေဂဟာလုပ္ေပးခ်င္တယ္''

"ေဂဟာ ေျမကြက္ကရွိၿပီဆိုတဲ့သေဘာလား Ceo''

"ရွိတယ္ ဦးထက္သာတို႔အိမ္ကိုဆက္သုံးမယ္ မဟုတ္ရင္ၿဖိဳၿပီးအဲ့ေနရာမွာပဲအသစ္ျပန္ေဆာက္မယ္''

ရွယ္ယာဝင္တစ္ေယာက္၏ေမးခြန္းကိုတုံ႕ျပန္လိုက္တဲ့ ေသြးရဲ႕အေျဖဟာ တစ္မ်ိဳး အဓိပၸါယ္သက္ေရာက္ေနသည္ထင္။

ရွယ္ယာဝင္ေတြကတစ္ဖန္ျပန္၍ၿငိမ္ကုပ္ျပန္သည္။

"ဒီမွာပဲMeeting ရပ္မယ္''

Meeting ကိုနားလိုက္သည္မို႔ အားလုံးကကိုယ့္ပစၥည္းကိုယ္သိမ္းၿပီးအခန္းျပင္ထြက္သြားေလသည္။

သို႔ေသာ္ အားလုံးထဲမွအသက္အႀကီးဆုံးျဖစ္သည့္ ဦးဝင္းေမာင္က ထြက္မသြားေသးဘဲ ေသြးပစၥည္းသိမ္းေနတာကိုထိုင္ၾကည့္ေလသည္။

ေျပာစရာစကားရွိေနပုံေပၚေနတာေၾကာင့္ေသြးဘက္က အလိုက္သိစြာ စကားစလိုက္သည္။

"ကြၽန္ေတာ့္ကိုေျပာစရာရွိေနတယ္ထင္တယ္''

"ေျပာစရာထက္ေျပာကိုေျပာရမယ့္စကားထင္လို႔ပါ ''

"ဟုတ္ကဲ့ ေျပာပါဗ်''

"Ceoေလး ခုနေျပာလိုက္တဲ့ေဂဟာကိစၥေကာင္းပါတယ္ ဒါေပမဲ့ ထက္သာတို႔ရဲ႕အိမ္ကိုဆက္သုံးတာျဖစ္ေစ ၿဖိဳတာျဖစ္ေစ ဒါကမသင့္ေတာ္ပါဘူး တမင္သက္သက္ အၿငိဳးနဲ႕လုပ္ေနတဲ့ပုံေပၚေနၿပီ ခုနအားလုံးရဲ႕မ်က္ႏွာကိုသတိထားမိမယ္ထင္တယ္''

ဦးဝင္းေမာင္ရဲ႕စကားေၾကာင့္ ေသြး ကနဦးက ရွယ္ယာဝင္ေတြရဲ႕မ်က္ႏွာေတြကိုျပန္ျမင္ေယာင္လိုက္ေလသည္။

ဒီအျဖစ္ပ်က္ေၾကာင့္ အားလုံးက ေသြးကိုအဆိပ္ျပင္း
သည့္ပန္းရိုင္းတစ္ပြင့္လို႔မွတ္ယူေနၿပီျဖစ္သည္။

"ဒါဆို ကြၽန္ေတာ္ဘယ္လိုလုပ္သင့္လဲဗ်''

"လြယ္ပါတယ္ ထက္သာတို႔ဆီကသိမ္းလိုက္တာေတြအားလုံးကိုျပန္ေရာင္းပါ ၿပီးမွ သီးသန့္ေျမကြက္ျပန္ဝယ္ပါ ျဖစ္နိုင္ရင္ ဦးကေတာ့ထက္သာတို႔ရဲ႕မိသားစုေတြ ကိုသူတို႔ဆီကသိမ္းလိုက္သမွ်ရဲ႕ 30%ကိုျပန္ေပးေစခ်င္တယ္ ဘာပဲျဖစ္ျဖစ္ တစ္လအတြင္း ဘယ္သူမွအေႂကြးမဆပ္နိုင္ပါဘူး ၿပီးေတာ့ သုံးဆဆိုတာကလည္း ၿခိမ္းေျခာက္မႈတစ္ခုနဲ႕သာရွိသင့္တယ္ သူတို႔ကလည္း
ဒီမွာအလုပ္လုပ္ခဲ့တာၾကာၿပီမလို႔ သူတို႔ကေလးအတြက္
ငဲ့ညွာေပးသင့္တယ္''

ဒီစကားအတြက္ ေသြးမွာျပန္၍ေခ်ပစရာစကားမရွိေခ်။

ေသြးလုပ္သမွ်ကိုအားလုံးကအၿငိဳးနဲ႕လုပ္ေနတယ္လို႔သာ မွတ္ယူေနၾကတာပဲ။ မွတ္ယူလည္းေသြးမမႈပါ။
ဦးထက္သာေပးတဲ့ဒဏ္ရာေတြမွာ ေသြးသာစိတ္မထိန္းနိုင္ခဲ့ရင္ ယခုခ်ိန္ေလာကႀကီးမွာ ေသြးသစ္မႉးဆိုတဲ့လူသား
ရွိေတာ့မွာမဟုတ္။

သူေတာင္ ေသြးကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္စိတ္ေပၚလာသည္အထိ ေသြးအေပၚ ေမတၱာမဲ့ခဲ့တာ ေသြးက ဘာအတြက္ျပန္ၿပီးငဲ့ညွာေပးရမလဲ။

ယခုျဖစ္ပ်က္ေနသမွ်ကိုအစကျပန္လွန္ၾကည့္ေသာ္ မွားေနသူက ေသြးလုံးဝမဟုတ္။

ဦးထက္သာတို႔အေပၚေသြးလုပ္ေနသမွ်ဟာလည္း ဦးရဲ႕
စည္းမ်ဥ္းအတိုင္းေသြးလုပ္ျခင္းသာျဖစ္သည္။ အၿငိဳးနဲ႕လုပ္တာလို႔ေျပာရင္လည္း ေသြးလက္ခံပါသည္။

သူတို႔ကို ေသြးတကယ္ အရိုးထဲအသည္းထဲစြဲေအာင္စိတ္နာေနတာမလို႔ဘဲ။

~~~~~~

"သခင္ႀကီး အစ္ကိုႀကီးေလးရဲ႕ဧည့္သည္တဲ့''

ဦးသကၠေမာင္သည္ ဧည့္ခန္းတြင္ထိုင္ကာ
သတင္းစာဖတ္ေနစဥ္ ၿခံေစာင့္ရဲ႕စကားေၾကာင့္ သတင္းစာကိုပိတ္ၿပီး ၿခံေစာင့္ေနာက္ က ေကာင္ေလးကို ၾကည့္လိုက္ေလသည္။

မ်က္မွန္ေလးေထာင့္ႀကီးနဲ႕ေကာင္ေလးျဖစ္ၿပီး သားျဖစ္သူအနားအၿမဲေတြ႕ေနရေသာေကာင္ေလးလည္းျဖစ္သည္။

ဒါ့အျပင္ ေဒါင္းကအိမ္ကိုျပန္လာရင္ထမင္းခ်ိဳင့္အၿမဲျပန္ယူလာၿပီး daddyအတြက္ ဘိုဘို ထည့္ေပးလိုက္တာဆိုလို႔လည္းအၿမဲေျပာသည္။

"လာ ထိုင္ သားက ဘိုဘိုျဖစ္မယ္''

"ဟုတ္ကဲ့ဗ် ကြၽန္ေတာ္က ဘိုဘိုပါ အစ္ကို ေဒါင္းဆီလာတာပါဗ်''

"သားေဒါင္းအေပၚမွာရွိေနတယ္ သြားေခၚခိုင္းလိုက္မယ္ မဟုတ္ရင္သားပါလိုက္သြားမလား''

"ဒီမွာပဲေစာင့္ေနပါ့မယ္ဗ်''

"အင္း အင္''

ဦးသကၠေမာင္သည္ အေပၚထပ္ကသားျဖစ္သူကိုသြားေခၚေပးဖို႔အိမ္ေတာ္ထိန္းအားမွာၾကားလိုက္သည္။

ေနာက္ ပုဆိုးရွည္နဲ႕ခ်ည္သားပြပြဝတ္ဆင္ထားေသာ ဘိုဘိုကိုၾကည့္ၿပီးၿပဳံးေလသည္။

"မပူဘူးလားသား''

"မပူပါဘူးဗ် ဒါက ဦးေလးအတြက္ပါဗ်''

ဘိုဘိုေပးလိုက္သည့္အရာကား ထမင္းခ်ိဳင့္ငါးဆင့္ခ်ိဳင့္ျဖစ္ေလသည္။

"ပင္ပန္းသြားၿပီ သားကိုေက်းဇူးတင္ပါတယ္ ေနာက္ အပင္ပန္းခံဖို႔မလိုဘူးေနာ္ သူမ်ားကေလးကိုမခိုင္းရက္ပါဘူး''

"စားေစခ်င္လို႔ပါဗ်''

လိမၼာယဥ္ေက်းေသာဘိုဘိုေၾကာင့္
ဦးသကၠေမာင္ ၿပဳံးမိေလသည္။

အခုေခတ္ကေလးေတြပုဆိုးဝတ္တာရွားေသာ္လည္း ဒီကေလးက ေန႕တိုင္းအလိုလိုဝတ္ေနတာကိုက ခ်ီးက်ဴးစရာပင္ျဖစ္သည္။

"ဘိုဘို ''

အေပၚကဆင္းလာေသာေဒါင္းသည္ ခ်က္ခ်င္းဘိုဘိုအနားဝင္ထိုင္ေလသည္။

ငါးဆင့္ခ်ိဳင့္ကိုေတြ႕ေတာ့ၿပဳံးကာ ဘိုဘို
ဆံသားေတြကိုတစ္ခ်က္ဖြလိုက္သည္။

"မင္းေတာ့လုပ္ျပန္ၿပီ အပင္ပန္းခံၿပီးေတာ့''

"အစ္ကို႔တြက္မဟုတ္ပါဘူး ဦးအတြက္ပါဗ်''

"ေဟာ ''

ဘိုဘို႔စကားေၾကာင့္သားအဖႏွစ္ေယာက္ၿပိဳင္တူရီလိုက္မိသည္။

ခ်ိဳင့္အားလွယ္ေပးဖို႔အိမ္ေစကိုေျပာၿပီး
Daddy က ဘိုဘိုနဲ႕စကားေျပာေနေလသည္။

လိမၼာမႈရွိေသာ ဘိုဘို႔ကို daddy က သေဘာက်စြာ စကားေတြ ေဖာ္ေ႐ြကာေျပာေတာ့ ေဒါင္းလည္းၿပဳံးမိသည္။

Daddy အခုလိုျပန္၍ စကားအမ်ားႀကီးေျပာလာတာဟာ ဘိုဘိုေၾကာင့္ပင္။

အိမ္ေစကဘိုဘို႔ခ်ိဳင့္ကိုျပန္လာေပးေသာအခါ ေဒါင္းကအရင္ယူလိုက္သည္။

"သား ဘိုဘိုနဲ႕ေလွ်ာက္လည္ဦးမယ္ daddy''

"အင္း ဂ႐ုစိုက္ ဘိုဘိုေရာ''

"ဟုတ္ကဲ့ ဂ႐ုစိုက္ပါ့မယ္ဗ်''

Daddy ကိုခြင့္ေတာင္းၿပီးသည္ႏွင့္ အိမ္နံေဘးရွိကားထားသည့္ေခါင္မိုးစင္ေအာက္ဝင္ၿပီး ဘိုဘို အတြက္ ကားတံခါးဖြင့္ေပးလိုက္ေလသည္။

"ဝင္ ဘိုဘို ''

"ေက်းဇူးပါဗ်''

ေဒါင္းသည္ ေမာင္းသူဘက္ဝင္ထိုင္ၿပီး
ခါးပတ္မပတ္ရေသးေသာ ဘိုဘိုအနားတိုးကာ ပတ္ေပးလိုက္သည္။

မ်က္ႏွာခ်င္းကအလြန္နီးကပ္ၿပီးရင္ဘတ္ခ်င္းကထိလုမတတ္ျဖစ္ေနသည္။

အနက္ေရာင္ေဘာင္းဘီ ခရမ္းရင့္ေရာင္တီရွပ္လက္တိုႏွင့္ အနက္ေရာင္ဂ်င္းကုတ္အားလိုက္ဖက္စြာ ဝတ္ဆင္ထားေသာ အစ္ကို ေဒါင္းကို ဘိုဘိုမွင္သက္စြာေငးၾကည့္ေနမိသည္။

ခါးပတ္ ပတ္ေပးလာစဥ္ ႏွာေခါင္းႏွင့္ထိလုမတတ္ျဖစ္ေနေသာ အစ္ကို႔ပါးျပင္တျခားအား သူအနမ္းေႁခြလိုက္မိေတာ့ အစ္ကိုက ေၾကာင္အမ္းစြာ သူ႕ကိုၾကည့္ေလသည္။

"ခ်စ္လို႔ပါဗ်''

ရွက္ေနေသာမ်က္ႏွာေလးႏွင့္မရဲတရဲေျပာေနေလေသာ ဘိုဘို ကိုၾကည့္ကာ ေဒါင္း ဖြဖြၿပဳံးမိသည္။

တစ္လျပည့္ခါနီးၿပီျဖစ္သည္။ဘိုဘိုႏွင့္ရည္းစားသက္တမ္းက။

ေတြ႕ရျမင္ရတာၾကာေတာ့လည္း
သံေယာဇဥ္က တြယ္သြားသလို။ ဘိုဘိုဘက္က ခ်စ္ေရးဆိုလာခ်ိန္မွာ ေဒါင္းရင္ထဲ မြန္းၾကပ္ေနသလို။ မျငင္းရက္သလို ေသြးကိုေမ့ၿပီးဘိုဘို႔ကို အစားထိုးတာမ်ိဳးလည္
မျဖစ္ခ်င္။

ခ်စ္မိေနၿပီမဟုတ္ေသာ္လည္း ခ်စ္မိလာေအာင္ႀကိဳးစားေနၿပီျဖစ္သည္။

သူလည္း အၿမဲအနားကိုတဝိုင္းလည္လည္လုပ္ေနေသာ
ဘိုဘို႔အေပၚမေတြ႕ရမေနနိုင္ဆိုတဲ့အဆင့္ထိ ေရာက္ေနပါၿပီ။

လက္တြဲဖို႔သေဘာတူလိုက္ၿပီဆိုမွေတာ့ သစၥာရွိဖို႔သာလိုပါေတာ့သည္။

ေဒါင္း သူ႕ပါးျပင္အားနမ္းၿပီးမွအရွက္သည္းစြာငုံ႕ထားေသာေခါင္းကိုေမးဖ်ားကဆြဲပင့္ၿပီးေမာ့ေစလိုက္သည္။

"ဘယ္ေလာက္ထိလဲ ခ်စ္တာ''

"အားလုံးထက္ပိုခ်စ္တယ္ဗ် မနက္နဲ႕ညၾကား အစ္ကို႔ ကိုအၿမဲျမင္ခ်င္သလို သံသရာအဆုံးထိ အစ္ကို႔ ကိုပဲခ်စ္ပါတယ္ဗ်''

"စကားေတြသိပ္တတ္ေနတယ္ေပါ့ ''

ပါးျပင္တစ္ဖက္ကို ခပ္ဖြဖြဆြဲညွစ္လိုက္ေတာ့ ရွက္ၿပဳံးကာ ေခါင္းျပန္ငုံ႕သြားသည္။

ဘိုဘို ဟာ အၿမဲပုဆိုးနဲ႕အကၤ်ီခပ္ပြပြေတြကိုသာ ဝတ္ဆင္တတ္သည့္အျပင္ ေလးေထာင့္မ်က္မွန္ႀကီးကိုလည္းအၿမဲဝတ္တတ္ေတာ့ မေတာ္တဆ ၾကည့္ရင္အလြန္႐ုပ္ဆိုးလြန္းသည္။ အနီးကပ္ၾကည့္ရင္ေတာ့ ၾကာေလ ပိုခ်စ္ဖို႔ေကာင္းလာရင္ ဒါေၾကာင့္လည္း ေဒါင္း တြယ္ၿငိရပါသည္။

လူတိုင္းသူ႕အလွနဲ႕သူျဖစ္ေနသလို
ဘိုဘိုဟာလည္း အသားေဖြးေဖြးနဲ႕ခ်စ္ဖို႔ေကာင္းသည္။

"ဘယ္သြားခ်င္လဲ? ""

"႐ုပ္ရွင္႐ုံဗ်''

"ဟုတ္ၿပီ''

ကားစက္ႏွိုးၿပီး႐ုပ္ရွင္႐ုံကိုသာ တန္းမတ္စြာ ေမာင္းႏွင္လိုက္သည္။

႐ုပ္ရွင္႐ုံေရာက္သည့္အခါ ဘိုဘိုၾကည့္ခ်င္သမွ်ကို သူ မၿငိဳမျငင္အေဖာ္ၾကည့္ေပးမိျပန္သည္။

ေပါက္ေပါက္တကြၽတ္ကြၽတ္ဝါးရင္းပခုံးေပၚေခါင္းမွီေလေသာ ဘိုဘို႔ အတြက္ သူေဖ်ာ္ရည္ဘူးေဖာက္ေပးၿပီး ကိုယ္တိုင္ကိုယ္က် တိုက္မိျပန္သည္။

ရိုးသားျဖဴစင္တဲ့ဘိုဘို႔ကို သူအစားထိုးျခင္းသာဆိုၿပီး တျခားသူေတြ စြပ္စြဲမွာ ေၾကာက္မိပါ၏။

ဘိုဘိုက Daddy ၿပီးရင္ သူနဲ႕အနီးကပ္ဆုံးေနဖူးေသာသူမို႔ တစ္ရက္ကေလးမေတြ႕ရရင္ေတာင္ မေနနိုင္ေတာ့တဲ့အျဖစ္။

အေတာ္လည္းစကားတတ္ေတာ့ သူကေႂကြသြားတာျဖစ္မည္။

ခ်စ္ခဲ့ဖူးသူရွိတဲ့အေၾကာင္း ဘိုဘိုကိုသူပြင့္ပြင့္လင္းလင္းဝန္ခံတုန္းက ''ၿပီးခဲ့တာေတြၿပီးခဲ့ၿပီးၿပီပဲ ကြၽန္ေတာ္ကအခုလက္ရွိအစ္ကို႔ကိုပဲခ်စ္တာပါဗ် ဘဝအတြက္မရွိမျဖစ္မို႔ အားလုံးထက္ကိုပိုခ်စ္ပါတယ္ဗ်''

ဒါဟာ ဘိုဘိုရဲ႕တုံ႕ျပန္မႈျဖစ္ေနေသာအခါ
ေဒါင္း အၿပဳံးတို႔ေဝဆာခဲ့ရသည္။

ပထမဆုံးအခ်စ္မွာရႈံးနိမ့္ခဲ့ေပမယ့္
ဒုတိယအခ်စ္ကိုေတာ့ မ်ားစြာပိုခ်စ္ၿပီးအဆုံးထိသစၥာရွိဖို႔ႀကိဳးစားရေတာ့မည္။

ဒါ့ေၾကာင့္ ပခုံးေပၚေခါင္းမွီၿပီး႐ုပ္ရွင္ၾကည့္ေနေသာ ဘိုဘို႔ ကို ရင္ခြင္ထဲေပြ႕ဖက္လိုက္မိသည္။

ကိုယ္ေတာင္းပန္ပါတယ္ဘိုဘို
တျခားသူကိုခ်စ္ခဲ့ဖူးတဲ့ႏွလုံးသားကို
မင္းလက္ထဲအပ္လိုက္မိလို႔
မင္းကပထမဆုံးအခ်စ္မဟုတ္ေပမယ့္
ေနာက္ဆုံးအခ်စ္ျဖစ္ေစရမယ္ဘိုဘို။

~~~~~~

"ယုတ္ညံ့လွခ်ည္လားေသြး အလုပ္ဝင္တာျဖင့္ ဘယ္ေလာက္မွမရွိေသး သူမ်ားအသိုက္ကိုရက္ရက္စက္စက္ၿဖိဳေနၿပီ
ဘဝေမ့ေနၿပီလား''

"မဟုတ္ဘူး ဦး သူတို႔ဘက္ကအရင္စတာ ''

"ဒါကမင္းတစ္ေယာက္တည္းမဟုတ္ဘူး
လူတိုင္းႀကဳံေနက်ပဲ ဒါေလးေတာင္သည္းမခံနိုင္ရင္ မင္းကုမၸဏီကိုဆက္လာစရာအေၾကာင္းမရွိေတာ့ဘူး သြားေတာ့ ''

"မဟုတ္ဘူး ဦး ကြၽန္ေတာ္ေျပာတာနားေထာင္ပါဦး''

"ဆက္နားေထာင္စရာအေၾကာင္းမရွိဘူး
သြားေတာ့ ဒီေနရာကမင္းလိုစိတ္ထား
ယုတ္ညံ့သူနဲ႕မတန္ဘူး မင္းကိုၾကည့္ရတာ
ဘဝေမ့ေနပုံပဲ ဒါဆိုရင္ အရင္ဘဝကိုျပန္သတိရသြားေအာင္လုပ္ေပးရမွာပဲ ျပန္ပါ
မင္း႐ြာကို ကိုယ္နဲ႕လည္းထပ္ၿပီးပတ္သက္စရာအေၾကာင္းမရွိဘူး''

"မဟုတ္ဘူး ဦး ဦး ဦး!!!''

ေသြးကိုေက်ာခိုင္းၿပီးတျဖည္းျဖည္းေပ်ာက္ကြယ္သြားေသာဦးကိုမ်က္ရည္ေတြနဲ႕ေခၚေအာ္မိစဥ္

"သား သားေလး ထပါဦး သားေလး!''

ေခၚသံႏွင့္အတူပခုံးကေနဆြဲလႈပ္ခံရတာေၾကာင့္ ေသြး ဆတ္ခနဲ နိုးလာေတာ့သည္။

"ဦး''

"ေဒၚႏွင္းပါသားေလးရယ္ အိပ္မက္ဆိုးမက္ျပန္ၿပီးထင္တယ္''

အနားကိုေဒၚႏွင္းဝင္ထိုင္ေတာ့မွသာ ဒါဟာ အိပ္မက္မွန္းေသြးသိသည္။

အိပ္ရာကထၿပီးပါးျပင္ထက္႐ႊဲေနေသာမ်က္ရည္ေတြကိုသုတ္လိုက္ရင္း ပင့္သက္ရွိုက္မိသည္။

ေဒၚႏွင္းကေတာ့ ေသြးေက်ာျပင္ကိုခပ္ဖြဖြပုတ္ေပးေလသည္။

ေသြးအိပ္မက္ဟာ ေသြးကို အခုထိ ေခ်ာက္ခ်ားေစတုန္းျဖစ္သည္။

အိပ္မက္က သူမ်ားအသိုက္ကိုၿဖိဳလို႔ဆိုၿပီးဦးကစိတ္ဆိုးေနတာတဲ့။အျပင္၌လည္း ေသြးတကယ္ၿဖိဳခဲ့ၿပီးၿပီ။

ဦးဝင္းေမာင္က အက်ိဳးသင့္အေၾကာင္းသင့္ေျပာျပပါေသာ္လည္း ေသြး အေၾကာတင္းစြာ ဦးထက္သာတို႔၏အိမ္ကိုရစရာမရွိေအာင္ၿဖိဳလိုက္ေလသည္။

ညအခ်ိန္အိပ္စက္သည့္အခ်ိန္မွာေတာ့အိပ္မက္ထဲဦးက ေဒါနဲ႕ေမာနဲ႕ေသြးကိုစိုက္ၾကည့္သည္။

ဒါဆိုရင္ အျပင္မွာေရာ ဦး ေသြးကို အိပ္မက္ကအတိုင္းဆက္ဆံမွာလား?

ဟင့္အင္း ေသြးအဲ့လိုအျဖစ္မခံနိုင္ဘူး

နား႐ြက္ႏွစ္ဖက္အားလက္ႏွစ္ဖက္ျဖင့္အုပ္ၿပီး ေခါင္းကိုအဆက္မျပတ္ယမ္းေနမိသျဖင့္ေဒၚႏွင္းက ေသြးလက္ႏွစ္ဖက္ကိုဖြဖြဆြဲခြာေလသည္။

"အိပ္မက္ကအိပ္မက္ပါပဲသားေလးရယ္
အရမ္းမေတြးပါနဲ႕ ျပန္အိပ္ေတာ့ေနာ္
ဒါဆိုျပန္နိုးလာရင္ေနလို႔ေကာင္းသြားလိမ့္မယ္''

ေဒၚႏွင္းရဲ႕စကားေၾကာင့္ ေသြး စားပြဲေပၚကဖုန္းကိုယူၿပီးအခ်ိန္ကိုၾကည့္လိုက္မိသည္။

အိပ္မက္ဆိုးေၾကာင့္လန့္နိုးလာခ်ိန္ဟာ
မနက္သုံးနာရီေလာက္သာရွိေသးသည္။

"တကယ္လားဗ် အိပ္မက္ကအိပ္မက္ပါပဲဆိုတာ''

"တကယ္ေပါ့သားရယ္ အိပ္မက္ကအိပ္မက္ပါပဲ
ဒါ့ေၾကာင့္ဆက္မေတြးပါနဲ႕''

ယုံခ်င္ပါေသာ္လည္း ေသြးမယုံရဲေသး။
ဒီစကားဟာ ေသြးစိတ္ကိုသက္သာေစဖို႔အတြက္အားေပးစကားသက္သက္သာမို႔။

ေသြးအိပ္ရာထက္ျပန္၍လဲေလ်ာင္းေတာ့မွ
ေဒၚႏွင္းက အခန္းျပင္ကိုထြက္သြားသည္။

"အိပ္မက္ကအိပ္မက္ပါပဲဆိုတာတကယ္လားဗ် ဦး''

ေခါင္းရင္းထက္ကဦးဓာတ္ပုံအားယူၿပီး
ဦးရဲ႕မ်က္ႏွာကို ေငးေမာၾကည့္မိသည္။

ဦးေရးထားတဲ့စာအုပ္ကိုေသြးမဖြင့္ေတာ့တာၾကာၿပီ။

ယခုေန ဆတ္ဆတ္ထိမခံနဲ႕စိတ္နဲ႕ ေသြး ဦးေရးထားတဲ့စာကိုမဖတ္နိုင္ပါ။ ဦးကအားလုံးကိုအေကာင္းဘက္ကေရးထားတာ။ ေသြးကေတာ့ ယခုခ်ိန္ပူေလာင္ေနသူမို႔
ဦးစာေတြကိုဖတ္ေနလည္း ႏြားကိုပလာတာေကြၽးေနသလို
ျဖစ္ေန႐ုံသာအဖတ္တင္မည္။

နိုးၿပီးရင္ျပန္အိပ္တဲ့အက်င့္မရွိတာေၾကာင့္
ေသြး တစ္ခါတည္းထၿပီး ေရမိုးခ်ိဳးသန့္စင္လိုက္သည္။

မနက္အေစာႀကီးေရခ်ိဳးရလားဆိုၿပီး
ဦးရွိရင္ဆူမွာက်ိန္းေသပဲ။

အလုပ္ကသြားရဦးမွာျဖစ္တာေၾကာင့္ေသြးေရမိုးခ်ိဳးၿပီးအလုပ္သြားဖို႔တစ္ခါတည္းျပင္ဆင္ထားလိုက္ေလသည္။

ပစ္ထားတာၾကာၿပီျဖစ္တဲ့ညေမႊးပန္းပင္ေလးေတြကိုသြားၾကည့္မိေတာ့ လန္းလန္းဆန္းဆန္းရွိေနေလသည္။

ေသြးစိတ္နဲ႕ကိုယ္မကပ္တာၾကာေတာ့
ေဒၚႏွင္းက ေသြးကိုယ္စားေရေလာင္း​ေပးထားျခင္းျဖစ္သည္။

ေလသာေဆာင္၏အမိုးစင္ေအာက္ငုတ္တုတ္ထိုင္ၿပီး ေကာင္းကင္ႀကီးကို ေသြး တစ္ခ်ိန္လုံး ေမာ့ၾကည့္ေနမိသည္။

တိမ္ေတြၾကားေပ်ာက္ကြယ္သြားခဲ့ေသာ
ေလယာဥ္ ဘယ္ေတာ့မ်ားျပန္ေပၚလာမည္လဲ

တိတ္ေနေသာဦးအသံကိုဘယ္ေတာ့မ်ားမွျပန္ၾကားနိုင္
မလဲ

လြမ္းဆြတ္တမ္းတေနမိေသာရင္ခြင္ထဲဘယ္ေတာ့မ်ား ျပန္၍ ခိုနားခြင့္ရနိုင္မွာလဲ

ေလာကမွာ လူတစ္ေယာက္ကို သတ္ဖို႔အသင့္ေတာ္ဆုံးလက္နက္က ဆိတ္ၿငိမ္ျခင္းပဲတဲ့။

ဦးအခုလိုအသံမလာဘဲဆိတ္ၿငိမ္ေနတာဟာ ေသြးကို ေသေအာင္သတ္ေနတာပါပဲ။

လြမ္းလြန္းလို႔႐ူးေတာ့မယ္ဦးရယ္

အခ်ိန္တန္ရင္ေနနိုင္သြားမွာပါ
အခ်ိန္တန္ရင္ေမ့နိုင္သြားမွာပါ ဆိုတဲ့လူေတြကို ေသြး ေျပာလိုက္ခ်င္စမ္းသည္။

မင္းတို႔အခ်စ္ကမစစ္မွန္တဲ့အေပၚယံမလို႔ေပါ့ဆိုၿပီး..။

.
.
.

Continue Reading

You'll Also Like

1.2M 61.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
249K 13.4K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......