Healing Love

By Merrie614

70.3K 12.4K 1.3K

Chanbaek Only More

Healing Love (1)
Healing Love (2)
Healing Love (3)
Healing Love (4)
Healing Love (5)
Healing Love (6)
Healing Love (7)
Healing Love (8)
Healing Love (9)
Healing Love (10)
Healing Love(11)
Healing Love (12)
Healing Love(13)🚨
Healing Love (14)
Healing Love (15)
Healing Love(16)
Healing Love(17)
Healing Love(19)
Healing Love (20)
Healing Love(21)
Healing Love (22)
Healing Love (23) 🚨🚨
Healing Love (24)
Healing Love (25)
Healing Love (26)
Healing Love (27)
Healing Love (28)
Healing Love (29)
Healing Love (30)
Healing Love (31)
Healing Love (32) 🚨
Healing Love (33)

Healing Love (18)

2K 395 77
By Merrie614

Healing Love 🍁

Part-18

မိုးလင်းပြီဆိုတဲ့အသိနဲ့ ထ ဖို့ တွေးပေမယ့် ရုံးသွားစရာမလိုတာကြောင့် နည်းနည်း ထပ်အိပ်ဖို့ တွေး​လိုက်မိသည်။ သို့သော် အသက်ရှုသံက ကိုယ့်တစ်သံပဲမဟုတ်။ နောက်ပြီး ခေါင်းလျှော်ရည်နံ့ စူးစူးလေး။ ယောင်ယမ်းကာ မျက်လုံးဖွင့်ကြည့်မိတော့ ကုတင်အဖျားနားမှာ လက်တင်ကာ ကိုယ့်ကို ငေးနေတဲ့ ကောင်လေး....

" နိုးပြီလားဗျ "

" အစောကြီးပဲ "

" အစ်ကို့ကို တွေ့ချင်လို့...ဖြစ်နိုင်ရင် ညတည်းက လာချင်နေတာ "

ကောင်လေး ကြူးနေတာကို မခံနိုင်တော့စွာ Chanyeol ချောင်းဟန့်လိုက်၏။ အရင်က မိမိ ဒီလို မဖြစ်ပါ ။

" အစ်ကို ထတော့မှာလား "

" အိပ်ဦးမလို့... ၇ နာရီပဲ ရှိသေးတာ "

ညကလည်း ညဥ့်နက်တာကြောင့် Chanyeol အိပ်ရေးမဝသေးပေ။ သူ ပြောလိုက်တော့ ကုတင်အောက်မှာ ထိုင်နေတဲ့ ကောင်လေးက အနားတိုးလာကာ ပြုံးစိစိဖြင့်...

" ကျွန်တော်ပါ အိပ်မယ်လေနော် ... "

အရင်​လည်း လာကပ်အိပ်နေကျကို ဒီတစ်ခါမှ ခွင့်တောင်းနေ၏။ ဝင်အိပ်လိုက်ပါလား။ ဘယ်သူက သူ့ကို နှင်နေလို့လဲ !

" အဟမ်း !! "

ဆိုကာ ရင်ခွင်ထဲမှာ ပိုက်ထားတဲ့ ဖက်လုံးကို ယောင်ယောင်ယမ်းယမ်းဖြင့် အနောက်ဘက် ပို့လိုက်တဲ့ Chanyeol...

" ဟဲဟဲ ... ရင်ခွင်ထဲ လာအိပ်ရမှာလား "

မချိုမချဥ် ရုပ်လေးဖြင့် ရင်ခွင်ထဲ အတင်း တိုးဝင်လာ၏။ စောင်ထဲကိုပါ သူ့ခြေထောက်တွေ ထည့်ကာ Chanyeol ခါးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်လာသည် ။ ဒါ ဒီကောင်လေးရဲ့ ပုံစံမဟုတ်။ တစ်ခုခု ဖြစ်နေတာ သေချာနေပြီ။

" ဘာဖြစ်လာတာလဲ ကောင်လေး "

ဆံပင်လေးတွေကို အသာဖွပေးနေရင်း မေးမိတော့ ရင်ခွင်ထဲ မှိန်းနေတဲ့ ကောင်လေးက နှာခေါင်းရှုံ့၏။ ရင်ခွင်ထဲကနေပဲ Chanyeol ကို မော့ကြည့်လာကာ မျက်နှာလေး ငယ်ပြနေသည်က သူ စိတ်မကောင်းဖြစ်နေတာပါပေါ့...

" ဘာလို့လဲ "

" ဖေဖေက ဆူတယ် ~~ "

" ဟင် ... "

" အစ်ကို့အကြောင်း ပြောပြတာကို ဖေဖေနဲ့ ကိုကိုက ဆူတယ် "

ကိုယ့်အကြောင်း သွားပြောပြတယ်တဲ့လား။
ဆူရုံတင်မက ရိုက်ပါရိုက်လိုက်ရမှာ !!
အခုမှ မျက်ရည်လာဝဲပြနေတယ် ... တယ် !  ငါပါ ဆူလိုက်ရရင်တော့ !

" ဘာလို့ သွားပြောလဲ "

" ပိတ်ရက် ပြန်မလာနိုင်တဲ့အကြောင်း ပြောရာက..."

" ဘာလို့ မပြန်တာလဲ "

" အစ်ကိုနဲ့ နေချင်လို့ အဟီး "

ဆိုကာ မေးဖျားကို လာနမ်းသည်။ ထို့နောက် လည်ပင်းနဲ့ ပုခုံးကြား မျက်နှာအပ်ကာ နှုတ်ခမ်းအိအိနဲ့ တဖွဖွနမ်းနေ၏၊ ချွဲတဲ့နည်းကတော့ တကယ်ကို စုံလင်လှပါသည်။ သူက ကလိနေပေမယ့် အရင်လိုတော့ မဖယ်ထုတ်မိ။ အလိုက်သင့်လေး မသိမသာ မော့ထားပေးမိသည်။ ဟိုက် !! ငါ သဘောကျနေတာလား !

" ချစ်တယ် အစ်ကို ~~~ "

" ဟင်.... "

" အစ်ကို အချိန် ကြိုက်သလောက်ယူပါ .... ဒါပေမယ့် ချစ်မယ်ဆိုရင်တော့ ကျွန်တော့်ကိုပဲ ပြန်ချစ်ပါ "

ပြတ်ဆဲပြီးတာ အထိုက်အလျှောက် ကြာနေပေမယ့် Chanyeol ဘက်က အချိန် လိုအပ်နေမယ်ဆိုတာ Baekhyun နားလည်ပါသည်။ သူရထားတဲ့ ဒဏ်ရာတွေလည်း သိနေပြီးသားမို့ ကုသဖို့ အချိန် အနာကျက်ဖို့အချိန် အမာရွတ်ပျောက်ဖို့ အချိန်အထိပါ လိုအပ်နေမှာလည်း Baekhyun သဘောပေါက်၏။
အတိတ်ကလူဆီ ဖြစ်ဖြစ် ကိုယ်မဟုတ်တဲ့ တခြားလူဆီဖြစ်ဖြစ်သာ မသွားပါနဲ့ .... အစ်ကို့ကို ကျွန်တော် လက်မလွှတ်နိုင်ဘူး။

" မင်း အိမ်ပြန်သင့်တယ် ကောင်လေး "

" အစ်ကိုက ကျွန်တော်နဲ့ မနေချင်လို့လား "

" ကျစ် !! ဘာဆိုင်လဲ ! မင်း မိဘတွေ ဆူတယ်ဆိုလို့ ပြောနေတာ "

" သိပါပြီ "

" အိပ်ယာက နိုးရင် ပြန်ပါ့မယ် "

ဒီလိုကျတော့လည်း စိတ်ထဲမကောင်း။ ကောင်လေးက ငယ်သေးလို့လားပဲ သူ စိတ်ထင်ရာလည်း လုပ်ချင်၏။ ဒါပေမယ့် လိမ္မာရေးခြား ရှိတဲ့ ကလေးဆိုတာ ရိပ်စားမိပါသည်။

အသက်ရှုသံ မှန်မှန်နဲ့ အိပ်ပျော်သွားတဲ့ ကောင်လေးကို ခေါင်းလေးပုတ်ပေးရင်း သူပါ ပြန်အိပ်ဖို့ လုပ်နေမိသည်။ အခု ရင်ခွင်ထဲ တိုးဝင်အိပ်နေတဲ့ ကောင်လေးက ညက အိပ်မက်ထဲမှာတော့ သူ့ဆီက ပြေးထွက်သွားခဲ့တာ.... အင်း..သူ့ကို နာကြည်းသွားတာ 

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Chanyeol အိပ်ယာနိုးလာတော့ ကောင်လေး မရှိ ။
လျှော်ရမယ့် အဝတ်တွေသာ စက်ထဲ ထည့်ပေးသွားသည်။ သန့်ရှင်းရေးလည်း လုပ်ပေးသွားကာ မနက်စာပါ ပြင်ပေးသွားတာ ဖြစ်သည်။ နိုးတဲ့အချိန်အထိ စောင့်ရင် လိုက်ပို့ပေးမှာကို တစ်ယောက်တည်း ထ သွားတာ ဘာသဘောလဲ ။

ကောင်လေး ပြင်ပေးသွားတဲ့ မနက်စာ စားပြီး စာလုပ်နေလိုက်တာ ညနေအထိပဲ။
ဖုန်းလည်းမဆက် စာလည်းမပို့နဲ့ ဒီကောင်လေး အိမ်ပြန်လာရော ဟုတ်ရဲ့လား။ အဆူခံထားရတာကို အတင်းပြန်လွှတ်နေတဲ့ ကိုယ့်ကြောင့် တစ်နေရာရာမှာများ ဝင်နေလား။ မကောင်းတဲ့နေရာဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ထိုသို့... ထိုသို့ အတွေးတွေ လွန်လာကာ နေလို့မရတော့တာကြောင့် Chanyeol ဖုန်းခေါ်လိုက်မိ၏။
တော်တော်နဲ့မကိုင် !

ဒုတိယတစ်ခေါက် ထပ်ခေါ်မှ ကိုင်သည်။

" အစ်ကို့~~"

အသံက ငိုသံနဲ့ဖြစ်သည်။ Chanyeol ရှိသမျှ သွေးတွေ နားထင်ကို လာဆောင့်သလို ခံစားလိုက်ရ၏။

" အသံက ဘာဖြစ်တာလဲ "

" အစ်ကို လာခေါ် ~~"

ထိုင်နေရာက သူကိုယ်တိုင် မသိလိုက်တဲ့ အချိန်မှာပဲ မတ်တပ်ရပ်မိသွားသည်။ အမြဲတမ်း ရင့်ကျက်ပြီး သူ့ဘာသာသူ နေတတ်တဲ့ ကောင်လေး​က မနက်ကတည်းက ငိုသံနဲ့မို့ သူ တကယ် စိတ်ပူပါသည်။

" ဘယ်မှာလဲ ! ဘာဖြစ်တာလဲ "

" ငယ်ငယ် ... မေမေ မကြိုက်ဘူးနော် ! ဖုန်းကို အခုချ "

Chanyeol အသံတိတ်သွားရ၏။
မေမေ ဆိုတော့ ကောင်လေးရဲ့ မေမေလား ! အခု ကောင်လေးက အိမ်မှာလား ! ဒါဆို ဘာလို့ လာခေါ်ခိုင်းရတာတဲ့လဲ။

" မေမေကလည်း ... "

" ဘာ မေမေကလည်း လုပ်နေတာလဲ ! လူက နှာရည်တတောက်တောက်နဲ့ နေမကောင်းတာကို ဘယ်သူ့ကို ခေါ်ခိုင်းနေတာလဲ ဟမ် ! မငိုနဲ့ ! ရိုက်မှ တိတ်မှာလား "

တစ်ဖက်မှာ သောင်းကျန်း​နေတာမို့ Chanyeol တစ်ယောက် ဖုန်းကိုင်လျှက်သား ငြိမ်နေရ၏။ ဒါ သူမမြင်ဖူးတဲ့ ကောင်လေးရဲ့ တစ်ဖက်ခြမ်း ဖြစ်လိမ့်မည်၊ သူနဲ့ဆို အမြဲတမ်း လူကြီးလေးလို နေတတ်ပေမယ့် သာမန်အချိန်တွေမှာတော့ မိဘအုပ်ထိန်းမှုအောက်က မလွတ်သေးတဲ့ ကလေးအရွယ်သာ ရှိသေးမယ်ထင်သည်။

ကောင်လေး နေမကောင်းတာလည်း သူ မသိလိုက် ။ မနက်က နှာခေါင်းရှုံ့နေတာ ငိုချင်လို့ပဲ ထင်လိုက်မိတာ....
နေမကောင်းတဲ့ကြားက သူ့အတွက် ထောင့်စေ့အောင် လုပ်သွားပေးရှာသည်။ ဒီကလေး သူ့အပေါ် အရမ်း အနွံတာခံကာ သိတတ်လွန်း၏။

" ဟင့်~~ ဒါဆို အစ်ကိုနဲ့ ခဏလေးပဲ ပြောမယ် ... မေမေ အပြင်ထွက်ပေး "

" ငါနော် !! နေမကောင်းရင် ဒီကလေး တအား ဂျီကျတာပဲ ... "

ထို့နောက် နှာရှုံ့သံလေး ကြားလိုက်ရကာ ....

" အစ်ကို ~~ "

" အင်း ... "

" ညစာ သေချာစားနော် အဟွတ် "

" နေမကောင်းဘူးလား "

" အပူရှပ်တာ ... မနက်​တည်းက "

" ဂရုစိုက်ရမယ်လေ ကောင်လေးရဲ့ "

သူပြောလိုက်တော့ ကောင်လေးက ငြိမ်သွားကာ နှာတရှုံ့ရှုံ့ဖြင့် နားထောင်နေ၏၊ ဘယ်လောက်တောင် ဖျားနေလို့ သူ့အမေက ဖုန်းတောင်မကိုင်ခိုင်းရတာလဲ !!

" ငါ.....လာခေါ်ရမလား " 

မေးပြီးတော့မှ အောက်နှုတ်ခမ်းကို ဖိကိုက်မိ၏၊

" မေမေက အပြင်မထွက်ခိုင်းဘူး ... ခဏနေ ဖေဖေလည်း ပြန်လာတော့မှာ "

" မငိုနဲ့တော့ ! ဘာငိုစရာပါလို့လဲ "

ဒါတောင် ရှိုက်နေဆဲ....
နေမကောင်းရင် ဂျီကျတတ်ပုံရသည်။
Chanyeol ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရ၏။
ဖြစ်နိုင်ရင် တစ်ခုခုပြန်လုပ်ပေးချင်ပါသည်။

" အခုတော့ အိမ်မှာ နားနေလိုက်တော့ ... မနက်ဖြန်မှ စားချင်တာ လာပို့မယ် "

" ဟုတ်ကဲ့ "

ဖုန်းချပြီးတဲ့အချိန်အထိ ငိုနေမယ့်ကောင်လေးက တဝဲလည်လည်....
ဒါကရော သာမန်စိတ်ပူခြင်းပဲလား။ ဒါမှမဟုတ် သာမန်ထက်ပိုတဲ့ စိုးရိမ်ခြင်းလား။ ချစ်ဖူးခဲ့တဲ့ ကိုယ်က အခု တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ကောင်လေးနဲ့ ပတ်သက်သမျှ ခံစားချက်တွေကို မသိတာမဟုတ်ပါ.... ဘာလို့ ဆိုတာ လက်မခံချင်ဘဲ သတိထားမိနေ၏။

မချစ်ဘူးလို့ တင်းထားသမျှ ကောင်လေးရဲ့ ' အစ်ကို ' ဆိုတဲ့ အသံနဲ့တင် အရည်ပျော်ဖို့ လုံလောက်သည်။ အခုလို နည်းအမျိုးမျိုးနဲ့ ကိုယ် သဘောကျအောင် ချစ်တတ် ချွဲတတ်တာလေးလည်း ကိုယ် အသည်းယားမိ၏။ ဒီလို ပြောင်းလဲလာလို့ရော ဖြစ်ပါရဲ့လား။ အတိတ်တွေ မလှတဲ့ ကိုယ်က ကောင်လေးနဲ့အတူ အနာဂတ်လှလှ ပုံဖော်နိုင်ပါ့မလား ။ ကောင်လေးကိုရော အကြင်နာစစ်တွေ ပေးနိုင်ပါ့မလား.... ဒီလို နုနု​နယ်​နယ် ကောင်လေးကိုလေ။ 

စဥ်းစားဆုံးဖြတ်ဖို့ လိုအပ်နေပြီ.....
ကိုယ် စိတ်ယိုင်နေတာ သေချာနေပြီမို့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

❤❤

.Healing Love 🍁

Part-18

မိုးလင္းၿပီဆိုတဲ့အသိနဲ႕ ထ ဖို႔ ေတြးေပမယ့္ ႐ုံးသြားစရာမလိုတာေၾကာင့္ နည္းနည္း ထပ္အိပ္ဖို႔ ေတြး​လိုက္မိသည္။ သို႔ေသာ္ အသက္ရႈသံက ကိုယ့္တစ္သံပဲမဟုတ္။ ေနာက္ၿပီး ေခါင္းေလွ်ာ္ရည္နံ႕ စူးစူးေလး။ ေယာင္ယမ္းကာ မ်က္လုံးဖြင့္ၾကည့္မိေတာ့ ကုတင္အဖ်ားနားမွာ လက္တင္ကာ ကိုယ့္ကို ေငးေနတဲ့ ေကာင္ေလး....

" နိုးၿပီလားဗ် "

" အေစာႀကီးပဲ "

" အစ္ကို႔ကို ေတြ႕ခ်င္လို႔...ျဖစ္နိုင္ရင္ ညတည္းက လာခ်င္ေနတာ "

ေကာင္ေလး ၾကဴးေနတာကို မခံနိုင္ေတာ့စြာ Chanyeol ေခ်ာင္းဟန့္လိုက္၏။ အရင္က မိမိ ဒီလို မျဖစ္ပါ ။

" အစ္ကို ထေတာ့မွာလား "

" အိပ္ဦးမလို႔... ၇ နာရီပဲ ရွိေသးတာ "

ညကလည္း ညဥ့္နက္တာေၾကာင့္ Chanyeol အိပ္ေရးမဝေသးေပ။ သူ ေျပာလိုက္ေတာ့ ကုတင္ေအာက္မွာ ထိုင္ေနတဲ့ ေကာင္ေလးက အနားတိုးလာကာ ၿပဳံးစိစိျဖင့္...

" ကြၽန္ေတာ္ပါ အိပ္မယ္ေလေနာ္ ... "

အရင္​လည္း လာကပ္အိပ္ေနက်ကိဳ ဒီတစ္ခါမွ ခြင့္ေတာင္းေန၏။ ဝင္အိပ္လိုက္ပါလား။ ဘယ္သူက သူ႕ကို ႏွင္ေနလို႔လဲ !

" အဟမ္း !! "

ဆိုကာ ရင္ခြင္ထဲမွာ ပိုက္ထားတဲ့ ဖက္လုံးကို ေယာင္ေယာင္ယမ္းယမ္းျဖင့္ အေနာက္ဘက္ ပို႔လိုက္တဲ့ Chanyeol...

" ဟဲဟဲ ... ရင္ခြင္ထဲ လာအိပ္ရမွာလား "

မခ်ိဳမခ်ဥ္ ႐ုပ္ေလးျဖင့္ ရင္ခြင္ထဲ အတင္း တိုးဝင္လာ၏။ ေစာင္ထဲကိုပါ သူ႕ေျခေထာက္ေတြ ထည့္ကာ Chanyeol ခါးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္လာသည္ ။ ဒါ ဒီေကာင္ေလးရဲ႕ ပုံစံမဟုတ္။ တစ္ခုခု ျဖစ္ေနတာ ေသခ်ာေနၿပီ။

" ဘာျဖစ္လာတာလဲ ေကာင္ေလး "

ဆံပင္ေလးေတြကို အသာဖြေပးေနရင္း ေမးမိေတာ့ ရင္ခြင္ထဲ မွိန္းေနတဲ့ ေကာင္ေလးက ႏွာေခါင္းရႈံ႕၏။ ရင္ခြင္ထဲကေနပဲ Chanyeol ကို ေမာ့ၾကည့္လာကာ မ်က္ႏွာေလး ငယ္ျပေနသည္က သူ စိတ္မေကာင္းျဖစ္ေနတာပါေပါ့...

" ဘာလို႔လဲ "

" ေဖေဖက ဆူတယ္ ~~ "

" ဟင္ ... "

" အစ္ကို႔အေၾကာင္း ေျပာျပတာကို ေဖေဖနဲ႕ ကိုကိုက ဆူတယ္ "

ကိုယ့္အေၾကာင္း သြားေျပာျပတယ္တဲ့လား။
ဆူ႐ုံတင္မက ရိုက္ပါရိုက္လိုက္ရမွာ !!
အခုမွ မ်က္ရည္လာဝဲျပေနတယ္ ... တယ္ !  ငါပါ ဆူလိုက္ရရင္ေတာ့ !

" ဘာလို႔ သြားေျပာလဲ "

" ပိတ္ရက္ ျပန္မလာနိုင္တဲ့အေၾကာင္း ေျပာရာက..."

" ဘာလို႔ မျပန္တာလဲ "

" အစ္ကိုနဲ႕ ေနခ်င္လို႔ အဟီး "

ဆိုကာ ေမးဖ်ားကို လာနမ္းသည္။ ထို႔ေနာက္ လည္ပင္းနဲ႕ ပုခုံးၾကား မ်က္ႏွာအပ္ကာ ႏႈတ္ခမ္းအိအိနဲ႕ တဖြဖြနမ္းေန၏၊ ခြၽဲတဲ့နည္းကေတာ့ တကယ္ကို စုံလင္လွပါသည္။ သူက ကလိေနေပမယ့္ အရင္လိုေတာ့ မဖယ္ထုတ္မိ။ အလိုက္သင့္ေလး မသိမသာ ေမာ့ထားေပးမိသည္။ ဟိုက္ !! ငါ သေဘာက်ေနတာလား !

" ခ်စ္တယ္ အစ္ကို ~~~ "

" ဟင္.... "

" အစ္ကို အခ်ိန္ ႀကိဳက္သေလာက္ယူပါ .... ဒါေပမယ့္ ခ်စ္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ကိုပဲ ျပန္ခ်စ္ပါ "

ျပတ္ဆဲၿပီးတာ အထိုက္အေလွ်ာက္ ၾကာေနေပမယ့္ Chanyeol ဘက္က အခ်ိန္ လိုအပ္ေနမယ္ဆိုတာ Baekhyun နားလည္ပါသည္။ သူရထားတဲ့ ဒဏ္ရာေတြလည္း သိေနၿပီးသားမို႔ ကုသဖို႔ အခ်ိန္ အနာက်က္ဖို႔အခ်ိန္ အမာ႐ြတ္ေပ်ာက္ဖို႔ အခ်ိန္အထိပါ လိုအပ္ေနမွာလည္း Baekhyun သေဘာေပါက္၏။
အတိတ္ကလူဆီ ျဖစ္ျဖစ္ ကိုယ္မဟုတ္တဲ့ တျခားလူဆီျဖစ္ျဖစ္သာ မသြားပါနဲ႕ .... အစ္ကို႔ကို ကြၽန္ေတာ္ လက္မလႊတ္နိုင္ဘူး။

" မင္း အိမ္ျပန္သင့္တယ္ ေကာင္ေလး "

" အစ္ကိုက ကြၽန္ေတာ္နဲ႕ မေနခ်င္လို႔လား "

" က်စ္ !! ဘာဆိုင္လဲ ! မင္း မိဘေတြ ဆူတယ္ဆိုလို႔ ေျပာေနတာ "

" သိပါၿပီ "

" အိပ္ယာက နိုးရင္ ျပန္ပါ့မယ္ "

ဒီလိုက်ေတာ့လည္း စိတ္ထဲမေကာင္း။ ေကာင္ေလးက ငယ္ေသးလို႔လားပဲ သူ စိတ္ထင္ရာလည္း လုပ္ခ်င္၏။ ဒါေပမယ့္ လိမၼာေရးျခား ရွိတဲ့ ကေလးဆိုတာ ရိပ္စားမိပါသည္။

အသက္ရႈသံ မွန္မွန္နဲ႕ အိပ္ေပ်ာ္သြားတဲ့ ေကာင္ေလးကို ေခါင္းေလးပုတ္ေပးရင္း သူပါ ျပန္အိပ္ဖို႔ လုပ္ေနမိသည္။ အခု ရင္ခြင္ထဲ တိုးဝင္အိပ္ေနတဲ့ ေကာင္ေလးက ညက အိပ္မက္ထဲမွာေတာ့ သူ႕ဆီက ေျပးထြက္သြားခဲ့တာ.... အင္း..သူ႕ကို နာၾကည္းသြားတာ 

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Chanyeol အိပ္ယာနိုးလာေတာ့ ေကာင္ေလး မရွိ ။
ေလွ်ာ္ရမယ့္ အဝတ္ေတြသာ စက္ထဲ ထည့္ေပးသြားသည္။ သန့္ရွင္းေရးလည္း လုပ္ေပးသြားကာ မနက္စာပါ ျပင္ေပးသြားတာ ျဖစ္သည္။ နိုးတဲ့အခ်ိန္အထိ ေစာင့္ရင္ လိုက္ပို႔ေပးမွာကို တစ္ေယာက္တည္း ထ သြားတာ ဘာသေဘာလဲ ။

ေကာင္ေလး ျပင္ေပးသြားတဲ့ မနက္စာ စားၿပီး စာလုပ္ေနလိုက္တာ ညေနအထိပဲ။
ဖုန္းလည္းမဆက္ စာလည္းမပို႔နဲ႕ ဒီေကာင္ေလး အိမ္ျပန္လာေရာ ဟုတ္ရဲ႕လား။ အဆူခံထားရတာကို အတင္းျပန္လႊတ္ေနတဲ့ ကိုယ့္ေၾကာင့္ တစ္ေနရာရာမွာမ်ား ဝင္ေနလား။ မေကာင္းတဲ့ေနရာဆိုရင္ေရာ ဘယ္လိုလုပ္မလဲ။ ထိုသို႔... ထိုသို႔ အေတြးေတြ လြန္လာကာ ေနလို႔မရေတာ့တာေၾကာင့္ Chanyeol ဖုန္းေခၚလိုက္မိ၏။
ေတာ္ေတာ္နဲ႕မကိုင္ !

ဒုတိယတစ္ေခါက္ ထပ္ေခၚမွ ကိုင္သည္။

" အစ္ကို႔~~"

အသံက ငိုသံနဲ႕ျဖစ္သည္။ Chanyeol ရွိသမွ် ေသြးေတြ နားထင္ကို လာေဆာင့္သလို ခံစားလိုက္ရ၏။

" အသံက ဘာျဖစ္တာလဲ "

" အစ္ကို လာေခၚ ~~"

ထိုင္ေနရာက သူကိုယ္တိုင္ မသိလိုက္တဲ့ အခ်ိန္မွာပဲ မတ္တပ္ရပ္မိသြားသည္။ အၿမဲတမ္း ရင့္က်က္ၿပီး သူ႕ဘာသာသူ ေနတတ္တဲ့ ေကာင္ေလး​က မနက္ကတည္းက ငိုသံနဲ႕မို႔ သူ တကယ္ စိတ္ပူပါသည္။

" ဘယ္မွာလဲ ! ဘာျဖစ္တာလဲ "

" ငယ္ငယ္ ... ေမေမ မႀကိဳက္ဘူးေနာ္ ! ဖုန္းကို အခုခ် "

Chanyeol အသံတိတ္သြားရ၏။
ေမေမ ဆိုေတာ့ ေကာင္ေလးရဲ႕ ေမေမလား ! အခု ေကာင္ေလးက အိမ္မွာလား ! ဒါဆို ဘာလို႔ လာေခၚခိုင္းရတာတဲ့လဲ။

" ေမေမကလည္း ... "

" ဘာ ေမေမကလည္း လုပ္ေနတာလဲ ! လူက ႏွာရည္တေတာက္ေတာက္နဲ႕ ေနမေကာင္းတာကို ဘယ္သူ႕ကို ေခၚခိုင္းေနတာလဲ ဟမ္ ! မငိုနဲ႕ ! ရိုက္မွ တိတ္မွာလား "

တစ္ဖက္မွာ ေသာင္းက်န္း​ေနတာမို႔ Chanyeol တစ္ေယာက္ ဖုန္းကိုင္လွ်က္သား ၿငိမ္ေနရ၏။ ဒါ သူမျမင္ဖူးတဲ့ ေကာင္ေလးရဲ႕ တစ္ဖက္ျခမ္း ျဖစ္လိမ့္မည္၊ သူနဲ႕ဆို အၿမဲတမ္း လူႀကီးေလးလို ေနတတ္ေပမယ့္ သာမန္အခ်ိန္ေတြမွာေတာ့ မိဘအုပ္ထိန္းမႈေအာက္က မလြတ္ေသးတဲ့ ကေလးအ႐ြယ္သာ ရွိေသးမယ္ထင္သည္။

ေကာင္ေလး ေနမေကာင္းတာလည္း သူ မသိလိုက္ ။ မနက္က ႏွာေခါင္းရႈံ႕ေနတာ ငိုခ်င္လို႔ပဲ ထင္လိုက္မိတာ....
ေနမေကာင္းတဲ့ၾကားက သူ႕အတြက္ ေထာင့္ေစ့ေအာင္ လုပ္သြားေပးရွာသည္။ ဒီကေလး သူ႕အေပၚ အရမ္း အႏြံတာခံကာ သိတတ္လြန္း၏။

" ဟင့္~~ ဒါဆို အစ္ကိုနဲ႕ ခဏေလးပဲ ေျပာမယ္ ... ေမေမ အျပင္ထြက္ေပး "

" ငါေနာ္ !! ေနမေကာင္းရင္ ဒီကေလး တအား ဂ်ီက်တာပဲ ... "

ထို႔ေနာက္ ႏွာရႈံ႕သံေလး ၾကားလိုက္ရကာ ....

" အစ္ကို ~~ "

" အင္း ... "

" ညစာ ေသခ်ာစားေနာ္ အဟြတ္ "

" ေနမေကာင္းဘူးလား "

" အပူရွပ္တာ ... မနက္​တည္းက "

" ဂ႐ုစိုက္ရမယ္ေလ ေကာင္ေလးရဲ႕ "

သူေျပာလိုက္ေတာ့ ေကာင္ေလးက ၿငိမ္သြားကာ ႏွာတရႈံ႕ရႈံ႕ျဖင့္ နားေထာင္ေန၏၊ ဘယ္ေလာက္ေတာင္ ဖ်ားေနလို႔ သူ႕အေမက ဖုန္းေတာင္မကိုင္ခိုင္းရတာလဲ !!

" ငါ.....လာေခၚရမလား " 

ေမးၿပီးေတာ့မွ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္မိ၏၊

" ေမေမက အျပင္မထြက္ခိုင္းဘူး ... ခဏေန ေဖေဖလည္း ျပန္လာေတာ့မွာ "

" မငိုနဲ႕ေတာ့ ! ဘာငိုစရာပါလို႔လဲ "

ဒါေတာင္ ရွိုက္ေနဆဲ....
ေနမေကာင္းရင္ ဂ်ီက်တတ္ပုံရသည္။
Chanyeol ကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ရ၏။
ျဖစ္နိုင္ရင္ တစ္ခုခုျပန္လုပ္ေပးခ်င္ပါသည္။

" အခုေတာ့ အိမ္မွာ နားေနလိုက္ေတာ့ ... မနက္ျဖန္မွ စားခ်င္တာ လာပို႔မယ္ "

" ဟုတ္ကဲ့ "

ဖုန္းခ်ၿပီးတဲ့အခ်ိန္အထိ ငိုေနမယ့္ေကာင္ေလးက တဝဲလည္လည္....
ဒါကေရာ သာမန္စိတ္ပူျခင္းပဲလား။ ဒါမွမဟုတ္ သာမန္ထက္ပိုတဲ့ စိုးရိမ္ျခင္းလား။ ခ်စ္ဖူးခဲ့တဲ့ ကိုယ္က အခု တျဖည္းျဖည္း ေျပာင္းလဲလာတဲ့ ေကာင္ေလးနဲ႕ ပတ္သက္သမွ် ခံစားခ်က္ေတြကို မသိတာမဟုတ္ပါ.... ဘာလို႔ ဆိုတာ လက္မခံခ်င္ဘဲ သတိထားမိေန၏။

မခ်စ္ဘူးလို႔ တင္းထားသမွ် ေကာင္ေလးရဲ႕ ' အစ္ကို ' ဆိုတဲ့ အသံနဲ႕တင္ အရည္ေပ်ာ္ဖို႔ လုံေလာက္သည္။ အခုလို နည္းအမ်ိဳးမ်ိဳးနဲ႕ ကိုယ္ သေဘာက်ေအာင္ ခ်စ္တတ္ ခြၽဲတတ္တာေလးလည္း ကိုယ္ အသည္းယားမိ၏။ ဒီလို ေျပာင္းလဲလာလို႔ေရာ ျဖစ္ပါရဲ႕လား။ အတိတ္ေတြ မလွတဲ့ ကိုယ္က ေကာင္ေလးနဲ႕အတူ အနာဂတ္လွလွ ပုံေဖာ္နိုင္ပါ့မလား ။ ေကာင္ေလးကိုေရာ အၾကင္နာစစ္ေတြ ေပးနိုင္ပါ့မလား.... ဒီလို ႏုႏု​နယ္​နယ္ ေကာင္ေလးကိုေလ။ 

စဥ္းစားဆုံးျဖတ္ဖို႔ လိုအပ္ေနၿပီ.....
ကိုယ္ စိတ္ယိုင္ေနတာ ေသခ်ာေနၿပီမို႔။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

❤❤

Continue Reading

You'll Also Like

283K 18.1K 22
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...
963K 22K 49
In wich a one night stand turns out to be a lot more than that.
1.3M 58.9K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...