အဖြူရောင်စာမျက်နှာ(Complete)
By Aroundtheheart
343K 27.6K 454
ကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36
37
ဇာတ်သိမ်းပိုင်း
Extra 1
Extra2
Extra 3
Extra(4)
Extra(5)
Extra (6)
Hello!❤
30
7.1K 584 19
By Aroundtheheart
30
.
.
"သားလေးအတွက် ဒေါ်နှင်း..''
သွေးDining roomထဲ ဝင်လိုက်သည့်အခါ
ကျောပေးကာစကားပြောနေတဲ့ဒေါ်နှင်းက အနောက်ကိုလှည့်လာစဥ် သွေးကြောင့် စကားမဆုံးနိုင်ဘဲ လမ်းတစ်ဝက်တွင်ရပ်တန့်သွားခဲ့ရသည်။
သွေးပုံစံဟာ အရင်လိုပုံမှန်ဆိုပေမယ့်
အနီးကပ်ဆုံးသောသူအဖို့ ဘာဖြစ်လို့ဖြစ်နေမှန်းတန်းသိသည်။
နတ်ဆိုးလေးပမာအသွင်ဆောင်သည့်သွေးသည် အနက်ရောင်တီရှပ်လက်ရှည်ကိုဝတ်ဆင်ထားပြီး ဘောင်းဘီရော
နက်တိုင်ကပါ အနက်ရောင်ဖြစ်နေသည်။
ရှင်းရှင်းပြောရသော် တစ်ကိုယ်လုံး အနက်ရောင်နဲ့ဖြစ်ပြီး မျက်ဝန်းကအကြည့်တွေဟာအေးစက်စက်နဲ့ အသက်မဲ့လို့နေသည်။
လည်ပင်းထက်အင်္ကျီပြင်၌တွဲလျောင်းကျနေသောဆွဲကြိုးတွင်ငွေရောင်လက်စွပ်နှစ်ကွင်းကတောက်တောက်ပပရှိလေသည်။
အနက်ရောင်ရဲ့ရောင်ပြန်ဟပ်မှုကြောင့်နဂိုဖြူနေသောသွေးက အာရှသားတို့ကဲ့သို့ဖြူအုလေပြီး အရင်ကထက်လည်းချောလွန်းပြန်သည်။
သွေးပုံစံကြောင့်ဒေါ်နှင်းအံ့သြနေမှန်း သိသည်။ သို့သော် ဖြေရှင်းချက်တို့တစ်စုံတစ်ရာမှမပေးမိပါချေ။ ခုံ၌ဝင်ထိုင်ပြီး စားပွဲပေါ်က ဟင်းတွေကို လိုက်လံကြည့်ရှူလို့ပြီးသောအခါ အနားရပ်နေသောဒေါ်နှင်းကို ကြည့်လိုက်သည်။
"ကျွန်တော်နဲ့အတူတူစားပေးရင်ကောင်းမယ်ဗျ အမြဲတစ်ယောက်တည်းဖြစ်နေတော့ ထမင်းနဲ့ဟင်းတွေက တမာထက်ပိုခါးသလိုခံစားရတယ် ပြီးတော့အခုတလောစိတ်မကြည်ဘူး ''
သွေးရဲ့စကားကြောင့်ဒေါ်နှင်းက ဖွဖွပြုံးလေသည်။
"စားပေးမှာပေါ့ သားလေးရယ် ''
ဒေါ်နှင်းကသွေးနံဘေးကခုံတွင်ချက်ချင်းဝင်ထိုင်သည်။
အဖော်စားပေးတယ်ဆိုရအောင်လည်း
ဒေါ်နှင်းက ဘာမှကိုရေရေရာရာမစားချေ။
သွေးပန်းကန်ထဲကိုသာဟင်းတွေ
တစ်ခုပြီးတစ်ခုထည့်ပေးပြီး ကြီးနေတဲ့
အသားတုံးတွေကို သေးသေးဖဲ့ပေးသည်။
ကျောက်တုံးကြီးပမာလည်ချောင်းဝတွင်
တင့်နေသောထမင်းကို သွေး အားကုန်သုံးပြီး မျိုချရသည်။
ဦးပြန်လာမယ်ဆိုတာယုံကြည်နေလို့ သွေးစားမဝင်ရင်တောင် နည်းနည်းဖြစ်ဖြစ်ကြိုးစားပြီးစားပေးခြင်းဖြစ်ပေသည်။
အကယ်၍ ဤယုံကြည်မှုတွေသာတစ်နေ့
ပျောက်ကွယ်သွားသည်ရှိသော်သွေးလည်း
ဤကမ္ဘာမြေပေါ်ဆက်၍ရှိနေဦးမယ်မထင်တော့ချေ။
ပျော့ညံ့တာတော့မဟုတ်ပါလေ။ မိမိချစ်တဲ့သူ
ဤကမ္ဘာမြေပေါ်မရှိတော့သည့်အခါ
မိမိဆက်၍ အသက်ရှင်ချင်လိုစိတ်မရှိတော့တာကြောင့်ဖြစ်သည်။
မွေးမိခင်ကိုတော့အားနာမိပါသည်။
မေမေနဲ့ငယ်လေးတို့ကိုလည်းချစ်ပေမယ့် အခုချိန်မှာ
ဦးကိုသာအချစ်ဆုံးမို့ ဦးတကယ်မချစ်တော့ရင် သွေးဟာဘဝကိုအရှုံးပေးမည့်သူပင်။
အချစ်ဆုံးမို့ ဘဝဆုံးတာပေါ့ဦးရယ်
~~~~~
"ဟဲ့ လာတယ်ဟ ငါကမလာတော့ဘူးထင်နေတယ်''
"ဟုတ်တယ် အရှက်မရှိတာနော် Partyက
မောင်းထုတ်ခံရတာတောင်ရှက်ရကောင်းမှန်းမသိဘူး''
"ဟုတ်ပ ငါသာဆိုသတ်သေလိုက်ပြီ သူကျ
ဝတ်ကောင်းစားကောင်းတောင်ဝတ်လာသေးတယ် လုံးဝအရှက်မရှိတာ''
ကုမ္ပဏီထဲသို့တစ်လှမ်းချင်းလျှောက်လာလိုက်သည့်အခါ ဝန်ထမ်းတွေရဲ့တီးတိုးစကားသံတွေက သွေးနားထဲ အလိုလိုတိုးဝင်လာသည်။
သွေး Party ကမောင်းထုတ်ခံရတယ်ဆိုပြီး
ကုမ္ပဏီ ၌သာမက သတင်းစာတွေမှာရော
လူမှုကွန်ရက်ပေါ် တွေမှာပါ popular ဖြစ်နေလေသည်။
ဝေဖန်မှုတွေကသွေးကိုနာကျင်စေသော်လည်းသွေးဥပေက္ခာပြုပြီး ရုံးခန်းဆီကိုသာ တန်းနေအောင် ဦးတည်လိုက်သည်။
"Morning မောင်လေး''
"Morning ငါ့ညီ''
ရုံးခန်းထဲတွင် အစ်မနောရီနှင့် ဦးသူငယ်ချင်းလေးယောက်ကရှိနေပြီးသွေးကို တွေ့တော့အနားကိုလာကာ အဆင်ပြေရဲ့လားစသဖြင့်တစ်ယောက်တစ်ပေါက်မေးလာသည်။
"စိတ်မပူပါနဲ့ ကျွန်တော့်ကိုပြိုလဲအောင်လုပ်နိုင်တဲ့သူဆိုလို့ ဦးတစ်ယောက်ပဲရှိတာပါ အခုထိတော့ အဆင်ပြေနေတုန်းပဲ''
သွေးဆီကဖြေရှင်းချက်ကိုကြားတော့မှသာအားလုံးကခေါင်းညိတ်ပြီးသက်ပြင်းချနိုင်သည်။
တကယ်တော့ မနေ့ကကိစ္စဟာ သွေးကိုမျက်နှာငယ်စေရုံမကစိတ်ဒဏ်ရာပါရစေသည်အထိဖြစ်သည်။ ဒီမနက်စိတ်လုံးဝမကြည်တာဟာ မနေ့ညက ကိစ္စရဲ့နောက်ဆက်တွဲအကျိုးတွေပေါ့။
အခုချိန်သွေးပြိုလဲသွားလို့မဖြစ်ပါလေ။
မဟုတ်ရင် မြေခွေးအိုတွေဝမ်းသာအားရနှင့်အူနေလိမ့်မည်။
~~~~
"မောင်လေး ဧည့်သည်တွေရောက်လာပြီ''
အပြင် reception မှ အစ်မနောရီရဲ့သတိပေးသံကြောင့် သွေးအဓိကဖိုင်ကိုယူပြီး အပြင်ထွက်လိုက်လေသည်။
ပုံမှန် Meeting မဟုတ်ဘဲ ကုမ္ပဏီနဲ့အလုပ်တွဲလုပ်ချင်သည့် လုပ်ငန်းရှင်တစ်ဦးနှင့်သီးသန့် တွေ့ဆုံသည့် Meeting ဖြစ်လေသည်။
Meeting ခန်းထဲရောက်သည့်အခါ
ဧည့်သည် ကကြိုရောက်နှင့်နေသည်။
ဧည့်သည်ရှေ့တည့်တည့်က ခုံတွင်သွေးဝင်ထိုင်ပြီး ဧည့်သည်ဆိုသောသူကို သွေးသေသေချာချာ ကြည့်နေမိသည်။
ဧည့်သည်ဟာသွေးနဲ့အရင်ကတစ်ခါမှတောင် တွေ့ဖူးကြတာမဟုတ်။
ဧည့်သည်နှင့်နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီးသည့်အခါ
ဧည့်သည် ကသွေး၏ဖိုင်ကို သူယူလာသောဖိုင်နှင့်ဖိုင်ချင်းလဲပြီး လက်မှတ်ထိုးစေသည်။
"နေဦး ကုန်တိုက်အတွက်သဘောတူထားတဲ့ပမာဏက သိန်းငါးသောင်းပါ ခင်ဗျားဖိုင်ကဘာလို့သိန်းငါးထောင်ပဲဖြစ်နေတာလဲ ကျွန်တော်ဖိုင်က သိန်းငါးသောင်းပဲ''
လက်မှတ်မထိုးခင်စာကိုထပ်ခါထပ်ခါဖတ်တတ်သည့်သွေးသည် တဖက်ကပေးလာသည့်ဖိုင်ကို တစ်ချက်ကြည့်လိုက်သည်နှင့် အမှားကိုချက်ချင်းသတိထားမိသွားသည်။
ဒါ့ကြောင့်သွေးမျက်မှောင်ကြုတ်ပြီးထိုလူ့အား သေချာမေးမြန်းစစ်ဆေးလိုက်သည်။
ထိုအခါ ထိုလူက တိကျသေချာသော အဖြေကိုမပေးနိုင်။
"အဲ့ အဲ့ဒါက''
စကားတွေပါထစ်နေပြီးမို့ သွေးထိုလူ့လက်ထဲကဖိုင်ကိုပြန်လုပြီး ထိုလူ၏နက်တိုင်ကိုဆောင့်ဆွဲလိုက်လေသည်။
"ပြော ခင်ဗျားကိုဘယ်သူလွှတ်လိုက်တာလဲ''
"ဘယ် ဘယ်သူမှမဟုတ်ပါဘူး ဂဏန်းမှားသွားတာပါ ပြန်ပြင်ပါ့မယ်''
အလိမ်အညာမျက်လုံးနဲ့မို့ သွေးထိုလူ၏
လည်ပင်းကို လက်တစ်ဖက်တည်းဖြင့်
ညှစ်ထားပြီး ထိုလူ့ကိုဝါးစားမတတ်ကြည့်ပေးလိုက်သည်။
"ပြော ခင်ဗျားဝန်ခံရင်အပြစ်ကသက်သာလိမ့်မယ်
ဝန်မခံရင်တော့ ခင်ဗျားမိသားစုလိုက်လမ်းဘေးရောက်ပြီမှတ် ပြော ဘယ်သူလဲ''
ထိုလူကပြောချင်ပါသော်လည်းအခုထိမဝံ့မရဲဖြစ်နေတုန်းပင်။
သွေးကအလျှော့မပေးသည့်အပြင်ထိုလူ့၏လည်ပင်းကိုပို၍ညှစ်လိုက်တော့သည်။ အကောင်သေးလို့ အထင်သေးတာဆိုရင် မှားမယ်။
"အား ဟွပ် အဟွပ် ထက် ထက်သာ
ဦးထက်သာ ခိုင်း ခိုင်းတာ''
ဝန်ခံတော့မှသာ သွေးလက်ပြန်ရုတ်လိုက်လေသည်။ ထင်ထားတဲ့အတိုင်းပါပဲ။
"ခင်ဗျားကိုတော့ဆုံးမမှရတော့မယ်
ဦးထက်သာ''
သွေး ကျုံးဝါးပြီး ထိုလူ့၏လက်နှစ်ဖက်လုံးအား နောက်ပြန်ချုပ်ပြီး Meeting အပြင်သို့ထွက်လိုက်သည်။
"အစ်မနောရီ အခုချက်ချင်း အရေးပေါ်အစည်းဝေးတက်ဖို့အားလုံးကိုအကြောင်းကြားပေးပါ''
"ဟုတ်ကဲ့ မောင်လေး''
"အစ်ကိုခန့်ဇော် ဒီလူ့ကိုခဏကြည့်ထားပေးပါ''
"ဟုတ် ညီ''
သွေးသည် အပြင်ထွက်ရာလမ်းမှာ အစ်မနောရီ ကအစတွေ့သမျှဝန်ထမ်းအားလုံးကို အမိန့်တွေတစ်ခုပြီးတစ်ခုပေးလေသည်။
ပုံမှန်မဟုတ်တဲ့စိတ်ဆောင်နေချိန်မို့
အားလုံးကတိတ်ဆိတ်ကာ အသံပင်မထွက်ရဲကြတော့ချေ။ ထွက်ရဲရင်လည်းထွက်ကြည့်ကြပေါ့။ သွေး
စိတ်ထိန်းနေမှာမဟုတ်လို့ဘဲ။
ဒါ့အပြင်မျက်နှာဟာလည်းဒေါသကြောင့်
နီရဲပြီးမျက်လုံးအကြည့်တွေကစူးရှပြန်သောအခါ မည်သူကမှ သွေးကို မော့မကြည့်ရဲချေ။
~~~~~
"နေပါဦး အရေးပေါ်အစည်းဝေး​က
တစ်ယောက်မျက်နှာတစ်ယောက်ထိုင်ကြည့်ဖို့လား''
အရေးပေါ်အစည်းဝေးကြေညာပြီးမိနစ်အနည်းငယ်ရှိသောအခါ Meeting ခန်း၌လူတွေအကုန်စုံသွားလေသည်။
သို့သော် သွေးကဘာမှမပြောဘဲ ခုံအားမှီကာ လက်ပိုက်၍မျက်လုံးမှိတ်ရက်သားနေ
နေတော့ ဦးထက်သာက စိတ်ပျက်စွာ ပြောလာခြင်းဖြစ်သည်။
သွေးသည်လည်းခပ်တည်တည်ပါပဲ။
ဦးထက်သာပိုပြီးစိတ်တိုအောင်
ဘာမှမပြောဘဲထိုအတိုင်းသာဆက်နေလေသည်။
"ရောက်ပါပြီ မောင်လေး''
Meeting ခန်းဝထဲကထွက်လာသောအစ်မနောရီအသံကြောင့် Meeting ခန်းထဲရှိသူတွေအားလုံးက အသံလာရာကို လှည့်ကြည့်ကြလေသည်။
အစ်မနောရီနောက်တွင် လူသုံးယောက်
တစ်နည်းပြောရရင် ဦးလွှမ်းဝဏ္ဏထည် ကုမ္ပဏီ နှင့်ပတ်သက်သည့်စည်းမျဥ်းစည်းကမ်းတွေကို ဥပဒေတစ်ခုသဖွယ်ပြင်ဆင်ပေးသည့်ရှေ့နေသုံးယောက်ဖြစ်သည်။
"ထိုင်ပါ''
အစ်မနောရီ က ရှေ့နေသုံးယောက်ထိုင်ဖို့ခုံကို သွေးအနား၌သာပြင်ပေးလိုက်လေသည်။
ဘာကိုမှနားမလည်တဲ့သူတွေကတော့
ကြောင်ပြီးတော့သာငြိမ်နေရသည်။
"ဒါနဲ့ ရှေ့နေတို့ကဘာလာလုပ်တာလဲ?''
ဦးထက်သာ ရဲ့အမေးကိုရှေ့နေသုံးယောက်ထဲကတစ်ယောက်က ပြန်​ဖြေလေသည်။
"ကိုထက်သာကိုတရားစွဲဖို့လာတာဆိုရင်ရော အဆင်​ပြေလား?''
"တရားစွဲမယ် ပြောပါဦး ဘာအမှုနဲ့လဲ
သေချာမှလုပ်နော် မဟုတ်ရင် မင်းတို့ရဲ့ရာထူးလေးလမ်းဘေးရောက်သွားနိုင်တယ်''
ဦးထက်သာ ၏ ဘာကိုမှအလေးမထားတတ်ပုံ အပြစ်လုပ်ထားတောင်စိတ်အေးလက်အေးနဲ့မသိသလိုနေနိုင်ပုံကိုတော့ သွေး အားကျမိချင်လာသည်။
ပိုက်ဆံရှိလူတန်းစားဆိုတော့လည်း
အပြစ်ရှိရင်တောင်ငွေနဲ့ကိုင်ပေါက်ပြီးဖြေရှင်းမည့်ပုံပေါ်လေသည်။
ဦးထက်သာ ၏ချေပမှုကြောင့် ရှေ့နေက
ဖွဖွပြုံးသည်။
"အားလုံးသိတဲ့အတိုင်းပဲဒီကုမ္ပဏီဟာ
ဦးလွှမ်းဝဏ္ဏထည် အဖေကစထောင်လိုက်တဲ့ကုမ္ပဏီမို့ ဦးလွှမ်းဝဏ္ဏထည် တစ်ယောက်သာပိုင်ပါတယ် ဒါ့ကြောင့်
ဦးလွှမ်းဝဏ္ဏထည် ထုတ်ထားသည့်စည်း
မျဥ်းအားလုံးကဒီကုမ္ပဏီရဲ့ဥပဒေပဲ
ဦးလွှမ်းဝဏ္ဏထည်က သူလက်ထပ်ပြီးနောက်ပိုင်း ဒီကုမ္ပဏီကအစသူ့အိမ်တော်အပြင် သူ့ရဲ့လုပ်ငန်းတွေအားလုံးကို သူ့ခင်ပွန်းနာမည်နဲ့အပြီးတိုင်ပြောင်းလဲခဲ့တယ် အဲ့ဒါကြောင့် ဦးလွှမ်းဝဏ္ဏထည် မရှိတော့ရင် သူ့ခင်ပွန်းဖြစ်တဲ့ မောင်သွေးသစ်မှူးကသာအားလုံးကိုပိုင်ဆိုင်မယ့်တစ်ယောက်တည်းသောသူပဲ ''
ဒီတစ်ခါအံ့သြသွားရသူကသွေးပါပဲ။
ဦးကသူ့ရဲ့ပိုင်ဆိုင်မှုတွေအကြောင်းသွေးကိုလုံးဝမပြောခဲ့ပင်။
ကုမ္ပဏီကိုဆက်ဆံခွင့်ရှိသူဟာ သွေးတစ်ယောက်တည်းသာ ဖြစ်ကြောင်းကိုလည်း အစ်မနောရီနှင့်ဦးသူငယ်ချင်းတွေပြောမှသွေးသိရသည်။
"အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲ
အစည်းဝေးနဲ့သက်ဆိုင်တာကိုသာပြောပါ''
ဦးထက်သာ သည် ရှေ့နေတွေကယခုလို
သွေးဘက်ကပြောပေးနေတာမျိုးကိုနှစ်သက်ပုံမပေါ်ချေ။
မထီမဲ့မြင်ပြုစွာပြောပြီး သူ့တစ်ယောက်တည်းနေသာသလိုနေနေပေမယ့် မျက်နှာပျက်နေတာတော့သိသိသာသာ။
"လာရင်းကိစ္စက ကိုထက်သာကိုတရားစွဲဖို့လို့ကြိုပြောထားပြီးသားပါ ကိုထက်သာအနေနဲ့ Ceoအသစ်ကို မခန့်လေးစားလုပ်တာဟာ ဦးလွှမ်းဝဏ္ဏထည် ရဲ့စည်းမျည်းတွေကို ချိုးဖောက်တာနဲ့အတူတူပါပဲ''
"Ceoအသစ်ကိုမခန့်လေးစားလုပ်တယ်ဘယ်တုန်းကလဲ ကျွန်တော့်ကိုတရားစွဲချင်တယ်ဆိုရင်တော့ တရားစွဲရတဲ့အကြောင်းကိုခိုင်မာတဲ့အကြောင်းပြချက်ပေးမှရမယ်''
"ဒါကတော့ လွယ်ပါတယ် ''
ရှေ့နေကပြောပြီးအနောက်တွင်ရပ်နေသောအစ်မနောရီဘက် လှည့်ကြည့်လိုက်လေသည်။
"အထဲဝင်လာခိုင်းလိုက်ပါ''
"ဟုတ်ကဲ့ရှင့်''
အစ်မနောရီကလည်းချက်ချင်းအစည်းဝေးတံခါးကိုဖွင့်ပေးသည်။ထိုအခါကနဦးက သွေးနဲ့သီးသန့်
Meetingမှာဆုံခဲ့တဲ့လူကအထဲကို ခေါင်းငုံ့ရက်သား
ဝင်ရောက်လာသည်။
ဦးထက်သာ၏ မျက်ဝန်းကရုတ်တရက်စိုးရိမ်မှုထိတ်လန့်သွားသည်ကို သွေးမြင်ဖြစ်အောင်မြင်လိုက်ပါသည်။
"ကဲ ဒါဆိုရင်ရော လုံလောက်ပြီလား
ကိုထက်သာ Ceoအသစ်ကိုလိမ်လည်လှည့်ဖြားဖို့လူငှားခဲ့တဲ့အတွက် ကိုထက်သာ ဟာ ကြီးမားတဲ့အပြစ်တစ်ခုကိုကျူးလွန်ခဲ့တာပဲလုပ်ဖော်ကိုင်ဖက်အချင်းချင်းကိုလုပ်ကြံတာကြောင့်လည်းပြစ်မှုထပ်တိုးနိုင်တယ်''
အပိုအလိုမပါသောရှေ့နေ၏စကားကြောင့် ဦးထက်သာသည် သူ့လည်ပိုင်းကနက်တိုင်ကို ဖြေလျော့ပြီး ပါးစပ်မှလေဟူးခနဲ့မှုတ်ထုတ်လေသည်။
နောက်အပြုံးလေးနှင့်သွေးကိုရောရှေ့နေတွေကိုပါ ကြည့်လေသည်။
"လူငှားတယ် သေချာမှလည်းပြောပါ
အဲ့လူကိုကျွန်တော်အခုမှတွေ့ဖူးတာပါ
Ceoလေးက Party မှာဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော့်ကိုအခဲမကြေလို့နဲ့တူတယ်''
"အဲ့တော့ကျွန်တော်က ကလဲ့စားချေတယ်ဆိုတဲ့သဘောလား ဒီမှာဦးထက်သာကလဲ့စားချေတယ်ဆိုတာကိုယ်ရှုံး
နိမ့်ဖူးတာကိုဝန်ခံလိုက်တာပဲတဲ့ ကျွန်တော် သွေးသစ်မှူး က ဘယ်တုန်းကမှမရှုံးနိမ့်ခဲ့ပါဘူး ရှင်းရှင်းပြောရရင် Party က ကိစ္စကြောင့် ကျွန်တော်အကြီးကျယ်ငိုခဲ့ရတာဦးကိုလွမ်းလို့ ဦးရဲ့ချော့သိပ်မှုကိုတမ်းတမိလို့ ဦးမရှိတော့ နေ့တိုင်းအလိုလိုငိုဖြစ်တယ် ဒါကဦးကိုလွမ်းလို့ကျတဲ့မျက်ရည်ပဲ ဝိုင်းပြီးနင်းချေခံရပေမယ့် ကျွန်တော်လုံးဝဝမ်းမနည်းမိပါဘူး သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာရှိတယ် ဦးထက်သာ လုပ်နေတာတွေအားလုံးဟာ ဦးထက်သာဆီမှာပဲသက်ရောက်မှုရှိမှာ ''
သွေးဘက်ကတွေဝေမှုတစ်စက်တလေမှမရှိဘဲ ဦးထက်သာ၏ စွပ်စွဲမှုတွေကို ပြတ်သားစွာချေပလိုက်သည်။
ထိုအခါ ရှေ့နေဘက်ကပြန်ပြီး အသံဖိုင်တစ်ခုကိုဖွင့်ကာ အားလုံးကိုနားထောင်စေလေသည်။
ဦးထက်သာခိုင်းလိုက်တဲ့လူရဲ့ဝန်ခံချက်တွေပင်။
နေရာဒေသကအစ အချိန်တွေကအဆုံးတိတိကျကျနဲ့ဝန်ခံထားခြင်းဖြစ်ပေသည်။
ဝန်ခံချက်ထဲတွင် ဦးထက်သာနဲ့အတူကြံရာပါတွေရဲ့နာမည်ကိုပါ ပြောကြားထားသည်။
ကြံရာပါနှစ်ယောက်မှာ ယခု ဦးထက်သာ
အနားတွင်ထိုင်နေသည့် ရှယ်ယာဝင်
မင်းဦးနဲ့ တင်စိန်တို့ဖြစ်သည်။
"ကဲ ကိုထက်သာ ဆက်ပြီးငြင်းမယ်ဆိုရင်တော့ ပြစ်မှုက နှစ်ဆပဲ ''
အခုမှသုံးယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြိမ်ဝပ်သွားသည်။
သွေးရဲ့အကြည့်တွေဟာ ငြိမ်ဝပ်နေသော
အပြစ်သားသုံးယောက်ဆီ၌သာ မရွေ့
မလျားနဲ့ တည်ရှိနေလေသည်။
လူတွေများယုတ်ညံ့လွန်းသည်။
သူတစ်ပါးကိုမကောင်းကြံဖို့ဆိုရှေ့ဆုံးကတန်းစီနေပြီး ကိုယ့်အလှည့်ကျမှ မျက်နှာငယ်လေးတွေနဲ့ ရီချင်စရာကောင်းလှပေသည်။
"ကုမ္ပဏီရဲ့စည်းမျဥ်းအရ တမင်သက်သက် အကွက်ချပြီးအရှုံးပေါ်အောင်
လုပ်ကြံရင် ကိုယ်လုပ်လိုက်တဲ့ပမာဏရဲ့သုံးဆကိုပေးဆပ်ရမယ်တဲ့ ဒါ့ကြောင့်ကျွန်တော့်စိတ်ရှုပ်ထွေးနေချိန်အခွင့်ကောင်းယူတဲ့ဦးထက်သာ တို့သုံးယောက်က ဒီနေ့လုပ်
လိုက်တဲ့ဖိုင်ကပမာဏသိန်းတစ်သန်းငါးသောင်းရဲ့နှစ်ဆနှတစ်လအတွင်းအပြီးပေးပါ အမှုလည်းရင်ဆိုင်ပါ ရှေ့နေခေါ်လို့လည်းရတယ် ကျွန်တော်ကတော လုံးဝအလျော့
မပေးပါဘူး တစ်လအတွင်းမဆပ်နိုင်ရင် သိမ်းလို့ရတာမှန်သမျှသိမ်းရလိမ့်မယ် အမှုရှုံးရင် ထောင်ထဲမှာနေပေတော့ပဲ''
သွေးပြောသမျှကိုရှေ့နေတစ်ဦးက
Laptop တွင် အကုန်စာစီလေသည်။
နောက် သွေးဘက်ကအမှုဖွင့်လိုက်တဲ့စာချုပ်နဲ့ တစ်လအတွင်း ဦးထက်သာတို့ဘက်က သိန်းတစ်သန်းငါးသောင်းပေးရမယ့်စာချုပ်ကို ရှေ့နေသုံးယောက်လက်မှတ်နဲ့အတည်ပြုပြီး သွေး လက်မှတ်သည်လည်း တရားလိုဘက်ကအသင့်ရှိနေလေသည်။
"ကိုထက်သာတို့သုံးယောက်ကဒီနေရာမှာလက်မှတ်ထိုးပေးပါ စာချုပ်အတိုင်းမလုပ်နိုင်ခဲ့ရင်တော့ ပေးရမယ့်ပမာဏတိတိနဲ့တန်ဖိုးရှိမယ့် အိမ် ခြံစတာတွေကိုသိမ်းရပါလိမ့်မယ်''
သုံးယောက်လုံးကခေါင်းငုံ့ရက်သားဖြင့်
ရှေ့နေပြသည့်နေရာတွင်လက်မှတ်ကိုမဝံ့မရဲထိုးနေလေသည်။
သေချာတာတစ်ခုက သွေးလုံးဝအလျော့ပေးမှာမဟုတ်။ ဒီကိစ္စနဲ့ပတ်သက်လို့အဆုံးထိကိုတွေးထားပြီးပြီဖြစ်သည်။
ဒါ့ကြောင့် ရက်စက်သင့်ရင်ရက်စက်ရလိမ့်မည်။
​မြွေမှအဆိပ်ပြင်းတာမဟုတ်ဘူး ပိုးကောင်အသေးလေးလည်းအဆိပ်ပြင်းတာတွေတစ်ပုံကြီး။
~~~~~
"အစ်ကိုတောင်းပန်ပါတယ် ဘိုဘို''
ဒေါင်းဘက်ကတကယ်အမှားလုပ်ထားသလို အားနာတဲ့မျက်နှာလေးနဲ့တောင်းပန်တော့ ဘိုဘိုက ပြုံးရင်းခေါင်းယမ်းလေသည်။
ဒေါင်း အခု ရောက်နေတာက ဘိုဘို့အိမ်ပင်။
ဘိုဘိုသည် ညကတစ်ညလုံး မှောင်မည်းပြီးဆိတ်ငြိမ်နေသောလမ်းမကြီးဘေး တစ်ယောက်တည်း ငုတ်တုတ်ထိုင်နေလေသည်။
အစ်ကိုများလာတော့မလားဖြင့်မျှော်နေခဲ့တာ မနက်တစ်နာရီအထိပင်။
မိုးရာသီဆိုတော့လည်း ဘိုဘိုမှာ တစ်ကိုယ်လုံး စိုရွှဲသွားသည်။
သို့သော် အကြောတင်းစွာဆက်ပြီးမျှော်နေခဲ့ခြင်းကြောင့် တစ်ညလုံးအဖျားတက်ကာ ယခုချိန်ထိတိုင်ဖြစ်သည်။
"ကျွန်တော်အစ်ကို့ကိုစိတ်မဆိုးပါဘူးဗျ
တကယ်ပြောတာဗျ ''
အိပ်ရာပေါ်လဲလျောင်းနေသည့်ဘိုဘိုက
ပြုံးပြုံးလေးနဲ့တုံ့ပြန်တော့ ဒေါင်းလည်းထပ်တူပြုံးမိသွားသည်။
ညက သူ ဘိုဘို့ကိုတကယ်မေ့သွားခြင်း။
သတိရသွားသည့်အချိန်ကား မနက်
တစ်နာရီဖြစ်သည်။
ဘိုဘိုရှိနေဦးမယ်လို့သူမထင်ခဲ့သော်လည်း
လာပြန်ခေါ်မယ်ပြောခဲ့တာကြောင့် အချိန်ကို လျစ်လျူရှုပြီး သူအပြေးလေးသွားပြန်ကြည့်လိုက်မိသည်။
ညအချိန်မတော်ထွက်လာသည့်ကားသံကြောင့်လည်း Daddy အခန်းက ချက်ချင်းမီးလင်းသွားခဲ့သည်။
ဟိုကိုအရောက်လမ်းမကြီးဘေးတွင် ကိုယ်လုံးကိုကျုံး၍ငုတ်တုတ်ထိုင်နေသော ဘိုဘိုကိုမြင်ရခိုက် သူကားစက်ကိုတောင်မပိတ်ဘဲ ကားပေါ်ကပြေးဆင်းလိုက်မိသည်။ ဦးနှောက်မရှိရလေသလားဆိုပြီးဆူချင်ပေမယ့်
ထိုအချိန်တွင် ဘိုဘိုကခေါ်မကြားအော်မကြားနဲ့အဖျားဆိပ်တက်နေပြီဖြစ်သည်။
ဒေါင်း အတွက်ဘိုဘိုဟာ ညီအရင်းတစ်ယောက်လိုပါပဲ။
ဘိုဘိုသူ့အပေါ်မရိုးမသားဖြစ်နေတာကို
သူကောင်းကောင်းသိပါသည်။
သို့သော် နှလုံးသားကတစ်စုံတစ်ယောက်ကိုအစားထိုးဖို့လက်မခံသည့်အပြင် အရင်လူကိုသာတစ်ချိန်လုံးတမ်းတနေသေးသည်။
မင်းအချစ်နဲ့မတန်တဲ့လူကိုမချစ်တာပဲကောင်းပါတယ်
ဘိုဘို။
~~~~~
လေနုအေးအေးလေးတွေတိုတ်ခတ်ကျီစယ်နေသော နေဝင်ချိန်လေးဝယ်ဦးကိုပို၍လွမ်းမိပြန်သည်။
ခရေပင်အောက်ကသစ်သားခုံတန်းပေါ်
သွေးငုတ်တုတ်ထိုင်ရင်း ဝိုင်းတက်လာသောမျက်ရည်တွေကို ပါးပြင်ထက်စီးဆင်းခွင့်သာပေးလိုက်ပါသည်။
လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ထားသည့်
အဖြူရောင်ဖိုင်ကို သွေးခေါင်းငုံ့၍စိုက်
ကြည့်နေတာကြောင့် ဖိုင်မျက်နှာပြင်ဟာ
သွေးမျက်ရည်တွေနဲ့ရွှဲကုန်လေပြီ။
ဦးက သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သွေး
နာမည်နဲ့အပြီးတိုင်လွှဲထားတာ လက်ထပ်ခါစကဖြစ်သည်။
အချစ်ကိုရှာဖွေတွေ့ရှိသွားတဲ့နောက်
သူ့မှာရှိသမျှအရာအားလုံးအချစ်သာပိုင်သည်တဲ့။
သွေး မျက်ရည်များကြားမှသက်ပြင်းရှိုက်ပြီး ဖိုင်အား မြက်ခင်းပြင်ပေါ် ပစ်ချလိုက်လေသည်။
သွေးဒါတွေမလိုချင်ဘူး
သွေးလိုချင်တာဦးကိုပဲ။
"လွမ်းတယ် ဦး ''
နှုတ်ခမ်းဖျားကရေရွတ်တော့ မျက်ရည်တွေက ဒလဟော ခုန်ဆင်းလာသည်။
ဘာသတင်းအချက်လက်မှမကြားရသေးတာကြောင့် နာကျင်စွာပိုလို့တောင်ငိုနေလိုက်လေသည်။
သွေးထိုင်နေသည့်သစ်သားခုံတန်းပေါ်ဘေးတစ်စောင်းလဲလိုက်ပြီး လက်တစ်ဖက်ကို ခေါင်းအောက်ခုထားကာ
အဝေးတစ်နေရာကို အသက်မဲ့သော မျက်လုံးနှင့်ကြည့်နေလေသည်။
"ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး''
သွေး မျက်ရည်တွေနဲ့နာကျင်စွာရေရွတ်နေခြင်းပင်။
အားမကုန်သည်အထိ အိပ်မပျော်သေးသည်အထိ ထိုအတိုင်းသာ ဆက်၍ရွတ်ပြီးရင်းရွတ်ပြန်သည်။
"ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
ဦးပြန်လာမယ် ပြန်မလာဘူး
​ဦးပြန်လာမယ်.....''
အားအင်တွေကုန်ဆုံးသွားပြီဖြစ်သည်။
မျက်လုံးတို့မှိတ်ချသွားကာ သွေး အိပ်ပျော်သွားလေပြီ။
သွေးအမြဲ မက်နေသောအိပ်မက်တွင်
ဦးက သွေးကိုကျောပေးထားသည်။
တဖြည်းဖြည်းပျောက်ကွယ်သွားသော
ဦးအားအော်ခေါ်ရင်း သွေး လဲကျကာ ငိုကြီးချမိတော့သည်။
အိပ်မက်ထဲငိုနေသလို အပြင်၌လည်း
သွေးယောင်ကာ တိုးလျလျငိုသည်။
အိပ်စက်နေသော်လည်းမျက်ရည်တွေကချောင်းကဲ့သို့စီးမြဲစီးနေဆဲပင်။.
သွေးသည် ရင့်ကျက်ရုံမကသန်မာပြီးသားလူတစ်ယောက်ဖြစ်သည်။
သို့သော် ဦးနဲ့ပတ်သက်ရင်တော့ အလိုလိုလဲကျသွားတတ်သည်။
ဦးဟာ ကျောက်ဆောင်ကမ်းပါးတွေကိုဖြိုနိုင်တဲ့ ရေ
ဦးဟာ မြို့ကြီးတွေကိုတစ်မိနစ်အတွင်း ဖြိုပစ်နိုင်တဲ့ လေ
ဦးဟာ မာလှပါတယ်ဆိုတဲ့သံကိုအရည်ပျော်အောင် လုပ်နိုင်တဲ့ မီး
ဦးကသာ ရေ
ဦးကသာ လေ
ဦးကသာ မီးမို့
ဦးနဲ့ပတ်သက်ရင် သွေးဟာရှုံးနိမ့်ပြီးသားလူတစ်ယောက်ပါပဲ။
.
.
.
Greenleaf 🌿
-------------------------------------------------------------------
30
.
.