Rebirth ( ျပန္လည္ရွင္သန္ျခင္း...

By devil61002

130K 17.5K 2.1K

က်န္းခ်င္းေပ - arc.4. More

Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20
Arc.4.21
Arc.4.22
Arc.4.23
Arc.4.24
Arc.4.25
Arc.4.26
Arc.4.27
Arc.4.28
Arc.4.29
Arc.4.30
Arc.4.31
Arc.4.32
Arc.4.33
Arc.4.34
Arc.4.35
Arc.4.36
Arc.4.38
Arc.4.39
Arc.4.40
FINAL
Extra
ေနာက္ထပ္ ေဈးဗန္း 😂😂

Arc.4.37

1.9K 316 40
By devil61002

ခ်င္းေပ သည္ လီေရွာက္ဝမ္နဲ႔အတူ အလုပ္အေၾကာင္းကို အနည္းအက်ဉ္းေျပာခဲ့သည္ ။ ေျပာရရင္ လီေရွာက္ဝမ္ သည္ မနက္ျဖန္ သူမက ရွယ္ယာရွင္မ်ားကို မစည္းရံုးႏိုင္မွာ စိုးရိမ္ေနျခင္းပင္ ။ ခ်င္းေပက သူမရဲ့အလုပ္အကိုင္ကို မေဖာ္သင့္ေသးဘူးဟု ခံစားရကာ အလိုက္အထိုက္သာ ေနေပးခဲ့သည္ ။

ေနာက္တစ္ေန့တြင္ မနက္အခ်ိန္တြင္ လူတိုင္း တိတ္ဆိတ္စြာပင္ မနက္စာ စားေနခဲ့ၾကသည္ ။

" သခင္မေလး .. ရွန္းမ်ိဳးရိုးနဲ႔လူတစ္ေယာက္ လာရွာေနတယ္ " ၿခံေစာင့္ဦးေလး၏ စကားေၾကာင့္ လူတိုင္းသည္ ခ်င္းေပအား ၾကၫ့္လာၾကသည္ ။

" အဟြတ္..အဟြတ္ .. ဦးေလး သူ႔ကိုအထဲကို လႊတ္လိုက္ပါ .. " ရုတ္တရက္ႀကီး ရွန္းခြၽန္းမင္က ေရာက္ခ်လာမည္ဟု မထင္ထားသျဖင့္ ေသာက္ေနသၫ့္ စြပ္ျပဳတ္ပင္ သီးသြားရသည္ ။ တည္ၿငိမ္စြာ ေလ်ွာက္လာသၫ့္ ေျခသံေၾကာင့္ လူတိုင္းက စိတ္ဝင္စားစြာ ေမာ့ၾကၫ့္လိုက္ၾကသည္ ။ သူတို႔ သခင္မေလး အသစ္၏ မိတ္ေဆြက မည္သို႔ေသာ လူမ်ိဳး ျဖစ္မည္ကို သိခ်င္ေနၾကသည္မလား ။

ခ်င္းေပ၏ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခံုတြင္ ထိုင္ေနသၫ့္ လီရွီးလင္ သည္ ရွန္းခြၽန္းမင္ အား ေတြ့လိုက္သၫ့္အခါ သူမသည္ အလိုလို ေက်ာမတ္မိလိုက္သည္ ။ တစ္ခါသာ ေတြ့ခဲ့ဖူးျခင္း ျဖစ္ေသာ္လည္း ယခုထိ သူမသည္ ထိုသူအား ေမ့လို႔မရခဲ့ေပ ။ ယခု သူမသည္ သူမအိမ္မက္ထဲမွ သူအား ေနာက္တစ္ခါ ျပန္ေတြ့ခဲ့ရျပန္သည္ ။ ထိုသူသည္ အခ်ိဳးအစားက်လွသၫ့္ ခႏၶာကိုယ္ေပၚတြင္ စေတြ့တုန္းကလို အနက္ေရာင္ျပၫ့္ဝတ္ဆင္ထားေသာ္လည္း လွန္တင္ထားခဲ့သၫ့္ ဆံပင္တို႔က ယခုအခါတြင္ ေရ႔ွသို႔ ခပ္ဖြဲဖြဲက်ေနကာ ပိုၿပီး လူငယ္ဆန္သြားေစသည္ ။ မထင္ထားစြာ ထိုလူ၏ ႏူတ္ခမ္းထက္တြင္ ႏူးညံ့ညင္သာသၫ့္ အၿပံဳးတစ္ခု ရိွေနခဲ့သည္ ။ တစ္ဦးတည္းေသာ သူအတြက္ ထုတ္ေဖာ္ထားခဲ့သၫ့္ အၿပံဳးသည္ ေဘးလူေတြကိုပါ ႏွစ္ေမ်ာသြားေစခဲ့သည္ ။

" အဟမ္း.. အဟမ္းး" ခ်င္းေပက သူမခ်စ္သူအား ၾကၫ့္လ်က္ ငုတ္တုတ္ေသေနၾကေသာ လူအေပါင္းအား ေခ်ာင္းဟန႔္ကာ သတိေပးလိုက္ရသည္ ။ " အားလံုးဘဲ .. မိတ္ဆက္ေပးပါရေစ .. ဒါက ကြၽန္မခ်စ္သူ .. ရွန္းခြၽန္းမင္ ပါ "

ခ်င္းေပ၏ မိတ္ဆက္ေပးသၫ့္ အသံေၾကာင့္ လီမိသားစု ဝင္မ်ားသည္ ဆူညံသြားခဲ့ကာ လီရွီးလင္ က ေဒါသေၾကာင့္ အံကိုခပ္တင္းတင္းႀကိတ္လိုက္မိသည္ ။ သူမ တကယ္ ရွန္းခြၽန္းမင္ ကို ျမင္ျမင္ခ်င္း ခ်စ္မိခဲ့ကာ သူမခ်စ္သူအျဖစ္ လိုခ်င္ေနခဲ့သည္ ။ ၿပီးေနာက္ အရာအားလံုးကို အဆင္သင့္ရေနခဲ့သၫ့္ ခ်င္းေပအား အမုန္းႀကီး မုန္းမိသြားသည္ ။ သူမသာ မေပၚလာရင္ လီမိသားစု ကို ထိန္းခ်ဳပ္သၫ့္ သူက အဘိုးလီရဲ့ ခ်စ္ခင္မႈကို ရထားသၫ့္ သူမသာ ျဖစ္လိမ့္မည္ ။

လီမိသားစုဝင္မ်ားသည္ ခ်င္းေပ သည္ ဆက္ခံသူေနရာႏွင့္ မသင့္ေတာ္ေၾကာင္း ၊ သမီးမိန္းကေလးသည္ ေနာက္ဆံုးတြင္ အျခားမိသားစုသို႔ ဝင္ေရာက္ရမည္ ျဖစ္ေၾကာင္း စသည္ျဖင့္ ကန႔္ကြက္မႈမ်ားျဖင့္ ဆူညံသြားသည္ ။ မေန့က ေထာက္ခံသၫ့္ အနည္းငယ္ပင္ တက္တက္ႂကြၾကြ ကန႔္ကြက္ေနခဲ့ၾကသည္ ။ ထိုျမင္ကြင္းေၾကာင့္ လီရွီးလင္ က မခ်ိ့ၿပံဳးၿပံဳးလိုက္ကာ ေက်နပ္သြားသည္ ။ သူမသည္ ခ်င္းေပ၏ မသက္မသာ ျဖစ္ေနသၫ့္ ရုပ္အား ျမင္ရရန္ လွမ္းၾကၫ့္လိုက္သည္ ။

" ဒီဟာ စားေကာင္းတယ္... ဒီဟာေရာ .. ဒီဟာ .. မနက္ေစာေစာလာခဲ့ေတာ့ မနက္စာ မစားခဲ့ရေသးဘူးမလား .. မ်ားမ်ားစား .." ခ်င္းေပသည္ ရွန္းခြၽန္းမင္အား ဆြဲေခၚကာ ဂရုတစိုက္မနက္စာ ေကြၽးေနသၫ့္ ပံုသည္ အလြန္ၾကည္ႏူးစရာ ေကာင္းေသာ္လည္း ေဘးနားက ဆူညံေနသၫ့္ ျမင္ကြင္းပါ ေရာလိုက္လ်ွင္ နဲနဲေတာ့ ‌ရယ္စရာေကာင္းေနသည္ ။ လီရွီးလင္၏ အမႈအရာ သည္ တစ္စံုတစ္ခု ကို မေက်မနပ္သၫ့္ အလား ျဖစ္သြားသည္ ။ ' သူမက တကယ္ကို ဘာကိုမွ ဂရုမစိုက္ဘူးလား '

အမွန္ပင္ ခ်င္းေပသည္ တစ္ေယာက္ခ်င္းစီအား လိုက္ရွင္းေနရမၫ့္ ကိစၥမ်ားကို သေဘာက်ျခင္းမရိွဘဲ ဂရုစိုက္မေနေပ ။ ရွင္းျပရမွာ ပ်င္းလြန္းလို႔ ။ သူတို႔အား ေလးစားသမႈနဲ႔ မိတ္ဆက္ၿပီးၿပီ ျဖစ္ကာ ထပ္ၿပီး ဘာလိုခ်င္ေနၾကသနည္း။ 

" ေတာ္ၿပီ တိတ္ၾကေတာ့.. မနက္စာ စားတဲ့ အခ်ိန္မွာ ဆူညံေနမေနနဲ႔ " လီေရွာက္ဝမ္ သည္ သူ႔တုတ္ေကာက္အား ေထာက္လိုက္ကာ ဩဇာေညာင္းသၫ့္ အသံျဖင့္ သတိေပးလိုက္ရာ ဆူညံသံမ်ားသည္ ခ်က္ခ်င္းၿငိမ္က်သြားၾကသည္ ။

ထို႔အတြက္ မနက္စာစားခ်ိန္တြင္ နဂိုက တိတ္ဆိတ္ေနခဲ့သၫ့္ ခ်င္းေပ၏ အသံ သည္သာ က်န္ေနရစ္ခဲ့ကာ က်န္သူမ်ားသည္ တိတ္တဆိတ္သာ စားေသာက္ေနခဲ့ေတာ့သည္ ။

ရွန္းခြၽန္းမင္ သည္ လီေရွာက္ဝမ္ အား တစ္ခ်က္ႏူတ္ဆက္လိုက္ၿပီး ခ်င္းေပ ထၫ့္ေပးသၫ့္ မနက္စာ ကိုသာ ေက်နပ္သၫ့္အမႈအရာျဖင့္ စားေနခဲ့သည္ ။ သူသည္ ဒီေနရာသို႔လာရန္ အေတာ္ေလး စဉ္းစားခဲ့ရသည္ ။ သူ၏ ရုတ္တရက္ ထြက္ေပၚမႈက သူမအား အေနွာက္အယွက္ျဖစ္ေစမည္ကို စိုးေသာေၾကာင့္ပင္ ။ ထိုအျပင္ သူက သူမ၏ တုန႔္ျပန္မႈကိုလည္း သိခ်င္ေနခဲ့ေသးသည္ ။  သို႔ေသာ္ ရလဒ္သည္က ေက်နပ္စရာေကာင္းသည္ထက္ပင္ ပိုလို႔ ေက်နပ္စရာေကာင္းခဲ့သည္ ။

အမွန္တြင္ သူသည္ အျခား‌ေလာကမွ လာသၫ့္သူျဖစ္သၫ့္အတြက္ သူ႔အလုပ္အကိုင္ကို ေျပာရမည္ဆိုလ်ွင္ ေတာ္ေတာ္ေလး ဒုကၡေရာက္ရသည္ ။ သူက အျခားသူမ်ား အျမင္တြင္ သူက ရုပ္ရည္သာရိွသၫ့္ အလုပ္လက္မဲ့ ႏွင့္ပင္ တူေနေသးသည္ ။ ထိုကဲ့သို႔ေသာ သူ႔ကို သူမေလးသည္ ဘယ္အခ်ိန္တြင္ မဆို သူ႔အား သူမခ်စ္သူဟု မိတ္ဆက္ေပးရန္ အသင့္ရိွေနသၫ့္ ပံုစံကို တကယ္ သေဘာက်သည္ ။ သူ႔အေၾကာင္းကို သူမ သိထားသျဖင့္ အျခားသူ ဘာျမင္ျမင္ ဂရုမစိုက္ဘူး ဆိုသၫ့္ ပံုစံပင္ ။

ရွန္းခြၽန္းမင္ သည္ ခ်င္းေပ ေခါင္းေလးအား အသာပုတ္လိုက္ကာ ႏွစ္လိုဖြယ္ ၿပံဳးျပလိုက္သည္ ။ ေလထုသည္ အေတာ္ေလး ခ်ိဳၿမိန္ေနခဲ့သည္ ။

တဖက္တြင္ လီေရွာက္ဝမ္က ရွန္းခြၽန္းမင္အား ၾကၫ့္ရင္း အေတာ္ေလး စိတ္သက္သာရာရပံုေပၚေန‌သည္ ။ ' ေတာ္ေသးတယ္... ငါ့ေျမးမေလး ႀကိဳက္တာ ေယာက်ၤားေလး ' သူသည္လည္း သားႏွစ္ေယာက္လံုးက လိင္တူ ႀကိဳက္ႏွစ္သက္သူ ျဖစ္ခဲ့သျဖင့္ အေတာ္ေလး စိတ္ဒဏ္ရာ ရထားခဲ့သည္မလား ။ သူသည္ ရွန္းခြၽန္းမင္ က ဘယ္ကလာတယ္ ၊ဘယ္အလုပ္ လုပ္တယ္၊ ဘယ္မိသားစု ကလဲ ဆိုသည္ကို စိတ္မဝင္စား‌ေပ ။ အရင္ကတည္းက ခ်င္းေပ ႀကိဳက္ႏွစ္သက္သူသည္ ေယာက်ၤားေလးျဖစ္ရင္ ရၿပီဟု ခံယူထားခဲ့ျခင္းပင္ ။

ဒီေန့သည္ လီ group ၏ အေရးႀကီးသၫ့္ ေန့ျဖစ္သၫ့္အတြက္ သူတို႔က company သို႔ ေစာေစာပင္ ထြက္လာခဲ့ၾကသည္ ။

" ဘယ္လိုလုပ္ ေရာက္လာခဲ့တာလဲ .. " ခ်င္းေပ က ကားေမာင္းေနသၫ့္ သူအား ေမွးေထာက္ကာ ၿပံဳးရင္းေမးလိုက္သည္ ။

ရွန္းခြၽန္းမင္ က ကားေမာင္းေနရာမွ လက္တစ္ဖက္ အား ဆန႔္ထုတ္ကာ ခ်င္းေပ၏ ပါးအား ဆြဲညစ္လိုက္ရင္း ရယ္ေမာလိုက္သည္ ။ " က်န္းအာ company ကို အခ်ိန္မီေရာက္ခ်င္ရင္ ကိုယ့္ကို ဆြဲေဆာင္ မေနတာ ေကာင္းလိမ့္မယ္ .. ကိုယ္နမ္းမိရင္ အခ်ိန္ဘယ္ေလာက္ၾကာလဲ ဆိုတာ သိရက္သားနဲ႔ "

ထိုစကားေၾကာင့္ ခ်င္းေပသည္ မေနႏိုင္ဘဲ ႏွာေခါင္းရႈံ႔လိုက္မိေတာ့သည္ ။ " ေကာင္းၿပီ .. ေကာင္းၿပီ .." သူမသည္ လက္ႏွစ္ဖက္ကို ေျမႇာက္ကာ အရႈံးေပးသၫ့္ ပံုစံ လုပ္လိုက္သည္ ။ ၿပီးမွ ႏူတ္ခမ္းတြန႔္သြားကာ ေခါင္းေလး ေစာင္းလိုက္ရင္း " လြမ္းလို႔မလား .. ဟုတ္တယ္မလား .. ဟုတ္တယ္မလား .. ဟီးဟီးး " သူမေလးသည္ စေနွာက္ရင္း တစ္ခစ္ခစ္ ရယ္ေမာေနခဲ့ ေသးသည္ ။

" က်န္းအာ .. ကိုယ္ကားရပ္လိုက္ရေတာ့မလား " လမ္းေဘးသို႔ ခပ္ေျဖးေျဖးသြားေနေသာကားေၾကာင့္ ခ်င္းေပက တစ္ခ်က္ၿပံဳးလိုက္ကာ ရွန္းခြၽန္းမင္ ၏ ပါးျပင္အား ျဖတ္ခနဲ တစ္ခ်က္ နမ္းလိုက္ၿပီး " ရၿပီ.. သြားေတာ့ .."

သူမသည္ ကားမွန္ဘက္သို႔လွၫ့္လိုက္ကာ " က်န္းအာ လည္း လြမ္းတယ္လို႔ .. " ေဘးေစာင္းၾကၫ့္ရင္း မို႔တက္လာသၫ့္ ပါးျပင္တို႔ေၾကာင့္ သူမေလးသည္ သေဘာတက်ၿပံဳးေနခဲ့သည္ကို ေဖာ္ျပလ်က္ ။ ရွန္းခြၽန္းမင္သည္ စိတ္အတြင္းမွ သက္ျပင္းခိုးခ်လိုက္သည္ ။ ' ဒီလိုပံုစံနဲ႔ ကိုယ္က ဘယ္လိုလုပ္ ထားခဲ့ႏိုင္မွာလဲ ' သူသည္ ေနာက္ထပ္နည္းလမ္း ရွာမေတြ့ခဲ့ရင္ သူမရဲ့ ဝိညာဉ္ကို ေခၚေဆာင္သြားဖို႔ပင္ အေတြးဝင္ေနခဲ့သည္ ။ သူမကို ေပ်ာ္ရြင္ေစသၫ့္ ဒီေနရာကေန ဆြဲထုတ္သြားဖို႔ ဆိုသည္က အမွန္ပင္ တစ္ကိုယ္ေကာင္းဆန္သၫ့္ ဆံုးျဖတ္ခ်က္ပင္ ။

' ဒါေပမဲ့ .. ကိုယ္မွ မခြဲႏိုင္တာ.. ဘယ္လိုလုပ္ရမလဲ  '

________________________________________
Unicode

ချင်းပေ သည် လီရှောက်ဝမ်နဲ့အတူ အလုပ်အကြောင်းကို အနည်းအကျဉ်းပြောခဲ့သည် ။ ပြောရရင် လီရှောက်ဝမ် သည် မနက်ဖြန် သူမက ရှယ်ယာရှင်များကို မစည်းရုံးနိုင်မှာ စိုးရိမ်နေခြင်းပင် ။ ချင်းပေက သူမရဲ့အလုပ်အကိုင်ကို မဖော်သင့်သေးဘူးဟု ခံစားရကာ အလိုက်အထိုက်သာ နေပေးခဲ့သည် ။

နောက်တစ်နေ့တွင် မနက်အချိန်တွင် လူတိုင်း တိတ်ဆိတ်စွာပင် မနက်စာ စားနေခဲ့ကြသည် ။

" သခင်မလေး .. ရှန်းမျိုးရိုးနဲ့လူတစ်ယောက် လာရှာနေတယ် " ခြံစောင့်ဦးလေး၏ စကားကြောင့် လူတိုင်းသည် ချင်းပေအား ကြည့်လာကြသည် ။

" အဟွတ်..အဟွတ် .. ဦးလေး သူ့ကိုအထဲကို လွှတ်လိုက်ပါ .. " ရုတ်တရက်ကြီး ရှန်းချွန်းမင်က ရောက်ချလာမည်ဟု မထင်ထားသဖြင့် သောက်နေသည့် စွပ်ပြုတ်ပင် သီးသွားရသည် ။ တည်ငြိမ်စွာ လျှောက်လာသည့် ခြေသံကြောင့် လူတိုင်းက စိတ်ဝင်စားစွာ မော့ကြည့်လိုက်ကြသည် ။ သူတို့ သခင်မလေး အသစ်၏ မိတ်ဆွေက မည်သို့သော လူမျိုး ဖြစ်မည်ကို သိချင်နေကြသည်မလား ။

ချင်းပေ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသည့် လီရှီးလင် သည် ရှန်းချွန်းမင် အား တွေ့လိုက်သည့်အခါ သူမသည် အလိုလို ကျောမတ်မိလိုက်သည် ။ တစ်ခါသာ တွေ့ခဲ့ဖူးခြင်း ဖြစ်သော်လည်း ယခုထိ သူမသည် ထိုသူအား မေ့လို့မရခဲ့ပေ ။ ယခု သူမသည် သူမအိမ်မက်ထဲမှ သူအား နောက်တစ်ခါ ပြန်တွေ့ခဲ့ရပြန်သည် ။ ထိုသူသည် အချိုးအစားကျလှသည့် ခန္ဓာကိုယ်ပေါ်တွင် စတွေ့တုန်းကလို အနက်ရောင်ပြည့်ဝတ်ဆင်ထားသော်လည်း လှန်တင်ထားခဲ့သည့် ဆံပင်တို့က ယခုအခါတွင် ရှေ့သို့ ခပ်ဖွဲဖွဲကျနေကာ ပိုပြီး လူငယ်ဆန်သွားစေသည် ။ မထင်ထားစွာ ထိုလူ၏ နူတ်ခမ်းထက်တွင် နူးညံ့ညင်သာသည့် အပြုံးတစ်ခု ရှိနေခဲ့သည် ။ တစ်ဦးတည်းသော သူအတွက် ထုတ်ဖော်ထားခဲ့သည့် အပြုံးသည် ဘေးလူတွေကိုပါ နှစ်မျောသွားစေခဲ့သည် ။

" အဟမ်း.. အဟမ်းး" ချင်းပေက သူမချစ်သူအား ကြည့်လျက် ငုတ်တုတ်သေနေကြသော လူအပေါင်းအား ချောင်းဟန့်ကာ သတိပေးလိုက်ရသည် ။ " အားလုံးဘဲ .. မိတ်ဆက်ပေးပါရစေ .. ဒါက ကျွန်မချစ်သူ .. ရှန်းချွန်းမင် ပါ "

ချင်းပေ၏ မိတ်ဆက်ပေးသည့် အသံကြောင့် လီမိသားစု ဝင်များသည် ဆူညံသွားခဲ့ကာ လီရှီးလင် က ဒေါသကြောင့် အံကိုခပ်တင်းတင်းကြိတ်လိုက်မိသည် ။ သူမ တကယ် ရှန်းချွန်းမင် ကို မြင်မြင်ချင်း ချစ်မိခဲ့ကာ သူမချစ်သူအဖြစ် လိုချင်နေခဲ့သည် ။ ပြီးနောက် အရာအားလုံးကို အဆင်သင့်ရနေခဲ့သည့် ချင်းပေအား အမုန်းကြီး မုန်းမိသွားသည် ။ သူမသာ မပေါ်လာရင် လီမိသားစု ကို ထိန်းချုပ်သည့် သူက အဘိုးလီရဲ့ ချစ်ခင်မှုကို ရထားသည့် သူမသာ ဖြစ်လိမ့်မည် ။

လီမိသားစုဝင်များသည် ချင်းပေ သည် ဆက်ခံသူနေရာနှင့် မသင့်တော်ကြောင်း ၊ သမီးမိန်းကလေးသည် နောက်ဆုံးတွင် အခြားမိသားစုသို့ ဝင်ရောက်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ကန့်ကွက်မှုများဖြင့် ဆူညံသွားသည် ။ မနေ့က ထောက်ခံသည့် အနည်းငယ်ပင် တက်တက်ကြွကြွ ကန့်ကွက်နေခဲ့ကြသည် ။ ထိုမြင်ကွင်းကြောင့် လီရှီးလင် က မချိ့ပြုံးပြုံးလိုက်ကာ ကျေနပ်သွားသည် ။ သူမသည် ချင်းပေ၏ မသက်မသာ ဖြစ်နေသည့် ရုပ်အား မြင်ရရန် လှမ်းကြည့်လိုက်သည် ။

" ဒီဟာ စားကောင်းတယ်... ဒီဟာရော .. ဒီဟာ .. မနက်စောစောလာခဲ့တော့ မနက်စာ မစားခဲ့ရသေးဘူးမလား .. များများစား .." ချင်းပေသည် ရှန်းချွန်းမင်အား ဆွဲခေါ်ကာ ဂရုတစိုက်မနက်စာ ကျွေးနေသည့် ပုံသည် အလွန်ကြည်နူးစရာ ကောင်းသော်လည်း ဘေးနားက ဆူညံနေသည့် မြင်ကွင်းပါ ရောလိုက်လျှင် နဲနဲတော့ ‌ရယ်စရာကောင်းနေသည် ။ လီရှီးလင်၏ အမှုအရာ သည် တစ်စုံတစ်ခု ကို မကျေမနပ်သည့် အလား ဖြစ်သွားသည် ။ ' သူမက တကယ်ကို ဘာကိုမှ ဂရုမစိုက်ဘူးလား '

အမှန်ပင် ချင်းပေသည် တစ်ယောက်ချင်းစီအား လိုက်ရှင်းနေရမည့် ကိစ္စများကို သဘောကျခြင်းမရှိဘဲ ဂရုစိုက်မနေပေ ။ ရှင်းပြရမှာ ပျင်းလွန်းလို့ ။ သူတို့အား လေးစားသမှုနဲ့ မိတ်ဆက်ပြီးပြီ ဖြစ်ကာ ထပ်ပြီး ဘာလိုချင်နေကြသနည်း။ 

" တော်ပြီ တိတ်ကြတော့.. မနက်စာ စားတဲ့ အချိန်မှာ ဆူညံနေမနေနဲ့ " လီရှောက်ဝမ် သည် သူ့တုတ်ကောက်အား ထောက်လိုက်ကာ ဩဇာညောင်းသည့် အသံဖြင့် သတိပေးလိုက်ရာ ဆူညံသံများသည် ချက်ချင်းငြိမ်ကျသွားကြသည် ။

ထို့အတွက် မနက်စာစားချိန်တွင် နဂိုက တိတ်ဆိတ်နေခဲ့သည့် ချင်းပေ၏ အသံ သည်သာ ကျန်နေရစ်ခဲ့ကာ ကျန်သူများသည် တိတ်တဆိတ်သာ စားသောက်နေခဲ့တော့သည် ။

ရှန်းချွန်းမင် သည် လီရှောက်ဝမ် အား တစ်ချက်နူတ်ဆက်လိုက်ပြီး ချင်းပေ ထည့်ပေးသည့် မနက်စာ ကိုသာ ကျေနပ်သည့်အမှုအရာဖြင့် စားနေခဲ့သည် ။ သူသည် ဒီနေရာသို့လာရန် အတော်လေး စဉ်းစားခဲ့ရသည် ။ သူ၏ ရုတ်တရက် ထွက်ပေါ်မှုက သူမအား အနှောက်အယှက်ဖြစ်စေမည်ကို စိုးသောကြောင့်ပင် ။ ထိုအပြင် သူက သူမ၏ တုန့်ပြန်မှုကိုလည်း သိချင်နေခဲ့သေးသည် ။  သို့သော် ရလဒ်သည်က ကျေနပ်စရာကောင်းသည်ထက်ပင် ပိုလို့ ကျေနပ်စရာကောင်းခဲ့သည် ။

အမှန်တွင် သူသည် အခြား‌လောကမှ လာသည့်သူဖြစ်သည့်အတွက် သူ့အလုပ်အကိုင်ကို ပြောရမည်ဆိုလျှင် တော်တော်လေး ဒုက္ခရောက်ရသည် ။ သူက အခြားသူများ အမြင်တွင် သူက ရုပ်ရည်သာရှိသည့် အလုပ်လက်မဲ့ နှင့်ပင် တူနေသေးသည် ။ ထိုကဲ့သို့သော သူ့ကို သူမလေးသည် ဘယ်အချိန်တွင် မဆို သူ့အား သူမချစ်သူဟု မိတ်ဆက်ပေးရန် အသင့်ရှိနေသည့် ပုံစံကို တကယ် သဘောကျသည် ။ သူ့အကြောင်းကို သူမ သိထားသဖြင့် အခြားသူ ဘာမြင်မြင် ဂရုမစိုက်ဘူး ဆိုသည့် ပုံစံပင် ။

ရှန်းချွန်းမင် သည် ချင်းပေ ခေါင်းလေးအား အသာပုတ်လိုက်ကာ နှစ်လိုဖွယ် ပြုံးပြလိုက်သည် ။ လေထုသည် အတော်လေး ချိုမြိန်နေခဲ့သည် ။

တဖက်တွင် လီရှောက်ဝမ်က ရှန်းချွန်းမင်အား ကြည့်ရင်း အတော်လေး စိတ်သက်သာရာရပုံပေါ်နေ‌သည် ။ ' တော်သေးတယ်... ငါ့မြေးမလေး ကြိုက်တာ ယောကျၤားလေး ' သူသည်လည်း သားနှစ်ယောက်လုံးက လိင်တူ ကြိုက်နှစ်သက်သူ ဖြစ်ခဲ့သဖြင့် အတော်လေး စိတ်ဒဏ်ရာ ရထားခဲ့သည်မလား ။ သူသည် ရှန်းချွန်းမင် က ဘယ်ကလာတယ် ၊ဘယ်အလုပ် လုပ်တယ်၊ ဘယ်မိသားစု ကလဲ ဆိုသည်ကို စိတ်မဝင်စါးပေ ။ အရင်ကတည်းက ချင်းပေ ကြိုက်နှစ်သက်သူသည် ယောကျၤားလေးဖြစ်ရင် ရပြီဟု ခံယူထားခဲ့ခြင်းပင် ။

ဒီနေ့သည် လီ group ၏ အရေးကြီးသည့် နေ့ဖြစ်သည့်အတွက် သူတို့က company သို့ စောစောပင် ထွက်လာခဲ့ကြသည် ။

" ဘယ်လိုလုပ် ရောက်လာခဲ့တာလဲ .. " ချင်းပေ က ကားမောင်းနေသည့် သူအား မှေးထောက်ကာ ပြုံးရင်းမေးလိုက်သည် ။

ရှန်းချွန်းမင် က ကားမောင်းနေရာမှ လက်တစ်ဖက် အား ဆန့်ထုတ်ကာ ချင်းပေ၏ ပါးအား ဆွဲညစ်လိုက်ရင်း ရယ်မောလိုက်သည် ။ " ကျန်းအာ company ကို အချိန်မီရောက်ချင်ရင် ကိုယ့်ကို ဆွဲဆောင် မနေတာ ကောင်းလိမ့်မယ် .. ကိုယ်နမ်းမိရင် အချိန်ဘယ်လောက်ကြာလဲ ဆိုတာ သိရက်သားနဲ့ "

ထိုစကားကြောင့် ချင်းပေသည် မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်မိတော့သည် ။ " ကောင်းပြီ .. ကောင်းပြီ .." သူမသည် လက်နှစ်ဖက်ကို မြှောက်ကာ အရှုံးပေးသည့် ပုံစံ လုပ်လိုက်သည် ။ ပြီးမှ နူတ်ခမ်းတွန့်သွားကာ ခေါင်းလေး စောင်းလိုက်ရင်း " လွမ်းလို့မလား .. ဟုတ်တယ်မလား .. ဟုတ်တယ်မလား .. ဟီးဟီးး " သူမလေးသည် စနှောက်ရင်း တစ်ခစ်ခစ် ရယ်မောနေခဲ့ သေးသည် ။

" ကျန်းအာ .. ကိုယ်ကားရပ်လိုက်ရတော့မလား " လမ်းဘေးသို့ ခပ်ဖြေးဖြေးသွားနေသောကားကြောင့် ချင်းပေက တစ်ချက်ပြုံးလိုက်ကာ ရှန်းချွန်းမင် ၏ ပါးပြင်အား ဖြတ်ခနဲ တစ်ချက် နမ်းလိုက်ပြီး " ရပြီ.. သွားတော့ .."

သူမသည် ကားမှန်ဘက်သို့လှည့်လိုက်ကာ " ကျန်းအာ လည်း လွမ်းတယ်လို့ .. " ဘေးစောင်းကြည့်ရင်း မို့တက်လာသည့် ပါးပြင်တို့ကြောင့် သူမလေးသည် သဘောတကျပြုံးနေခဲ့သည်ကို ဖော်ပြလျက် ။ ရှန်းချွန်းမင်သည် စိတ်အတွင်းမှ သက်ပြင်းခိုးချလိုက်သည် ။ ' ဒီလိုပုံစံနဲ့ ကိုယ်က ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ ' သူသည် နောက်ထပ်နည်းလမ်း ရှာမတွေ့ခဲ့ရင် သူမရဲ့ ဝိညာဉ်ကို ခေါ်ဆောင်သွားဖို့ပင် အတွေးဝင်နေခဲ့သည် ။ သူမကို ပျော်ရွင်စေသည့် ဒီနေရာကနေ ဆွဲထုတ်သွားဖို့ ဆိုသည်က အမှန်ပင် တစ်ကိုယ်ကောင်းဆန်သည့် ဆုံးဖြတ်ချက်ပင် ။

' ဒါပေမဲ့ .. ကိုယ်မှ မခွဲနိုင်တာ.. ဘယ်လိုလုပ်ရမလဲ  '

________________________________________

Continue Reading

You'll Also Like

543K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.9M 90.9K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
531K 47.9K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
597K 5K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...