သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၂၇)

1.1K 297 16
By Ling____

ရှန့်လင်ယွမ်းက ဖြေလိုက်သည်။

"ဧကရာဇ်ဖျင်ရဲ့ (၃၁) နှစ်မြောက်နှစ်အတွင်းမှာပဲ"

ဤသည်ကား ရွှမ်းကျီးသိထားသောသမိုင်းကြောင်းနှင့်ကိုက်ညီမှုရှိလေသည်__ဧကရာဇ်ဝူသည်ကား တိုင်းပြည်ကိုပြန်လည်ထူထောင်ပြီးသွားသောအခါမှသာလျှင် လုပ်ထုံးလုပ်နည်းများကိုပြောင်းလဲခဲ့ကာ ခုနှစ်သက္ကရာဇ်ကိုလည်း အသစ်တဖန်ပြန်လည်အမည်နာမပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်သည်။ ထိုအချိန်မတိုင်မီက ၎င်းမှာ ရာဇပလ္လင်ကိုဆက်ခံပြီးသည့်တိုင်အောင် လူသားမျိုးနွယ်စုတို့သည်ကား ယခင်မင်းဆက်မှပြက္ခဒိန်အဟောင်းကိုသာဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်။ ထိုအထဲတွင် 'ဧကရာဇ်ဖျင်၏ (၃၁) နှစ်မြောက်နှစ်' သည်ကား အရေးကြီးသောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ သမိုင်းအထောက်အထားမှတ်တမ်းများအရ ထိုနှစ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးကာစဖြစ်သော ဧကရာဇ်ငယ်လေးမှာ လူမျိုးစုများနှင့်မျိုးနွယ်စုများအားလုံးကို တသားတည်းဖြစ်အောင်ပေါင်းစည်းနိုင်ခဲ့သောနှစ်ဖြစ်သည်။ သဲမှုန်သဲပွင့်များပမာ ကစဉ့်ကလျားပြန့်ကြဲနေသော လူပေါင်းများစွာမှာ အုပ်ချုပ်စိုးစံသူအသစ်တစ်ဦး၏ရွက်ဖျင်တဲအောက်ခြေတွင်လာရောက်စုစည်းခဲ့ကြလေသည်။ သို့ဖြစ်ရာ ထိုအချိန်ကာလသည်ကား ကိုးပြည်ထောင်စစ်ပွဲကြီးဖြစ်ပွားနေစဉ်အတွင်း၌ အခြေအနေများကိုပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည့် အလှည့်အပြောင်းမှတ်တစ်ခုဖြစ်ခဲ့သည်။

သမိုင်းမှတ်တမ်းများဟူသည် ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုသာမှတ်တမ်းတင်ထားကြတာဖြစ်ပြီး မည်သို့မည်ပုံဖြစ်ပျက်ခဲ့သလဲဆိုသည့်အကြောင်းများကိုမူ ရေးသားထားခြင်းမရှိကြပါချေ။ ရွှမ်းကျီးမှာ ယခင်တုန်းက ထိုစာပိုဒ်ကိုဖတ်ခဲ့စဉ်ဝယ် မည်မျှပင်အကြိမ်ပေါင်းများစွာဖတ်ရှုခဲ့စေကာမူ ဇဝေဇဝါဖြစ်နေရသည်ပင်။ ကြော်ငြာလုပ်ငန်းများလည်းမရှိ၊ ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများလည်းမရှိသော ထိုကဲ့သို့နှစ်ကာလမျိုး၌ အသက် (၁၈) နှစ်သာရှိသေးသော လူငယ်လေးတစ်ယောက်က လူအများကို တစုတစည်းတည်းပေါင်းစည်းသွားနိုင်အောင် မည်ကဲ့သို့များလုပ်ဆောင်ခဲ့သလဲဆိုတာကို မတွေးတတ်နိုင်အောင်ဖြစ်ခဲ့ရသည်__ဘာပဲဖြစ်ဖြစ် ထိုအချိန်မတိုင်မီက ၎င်းမှာ မည်သည့်ကြီးကြီးမားမားအောင်မြင်မှုမျိုးကိုမှ စွမ်းဆောင်နိုင်ခဲ့ဖူးပုံမရပါချေ။

ယခုအချိန်မှသာလျှင် ရွှမ်းကျီးတစ်ယောက် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားရှာတော့သည်။ အဘယ်ကြောင့်ဆိုသော် ဩဇာတိက္ကမကြီးမားသော နတ်ဆရာများက သူ့ဘက်တွင်ရပ်တည်ပေးခဲ့သောကြောင့်ဖြစ်သည်။

နတ်ဆရာမျိုးနွယ်စုသည်ကား လျှို့ဝှက်ဆန်းကြယ်လှသလို အစွမ်းပကားကြီးမားပြီး ကမ္ဘာလောကကြီးအတွင်းရှိလူသားများနှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ သီးခြားစီခွဲထွက်နေထိုင်ခဲ့ကြသူများဖြစ်သည်။ ရုတ်ချည်းဆိုသလို ၎င်းတို့မှာ လူသားမျိုးနွယ်စုဘက်မှရပ်တည်ကာ လေသာရာအရပ်ကိုညွှန်ပြနေသော လေရဟတ်တစ်ခုအဖြစ်ပြောင်းလဲသွားကြတာဖြစ်သည်။ ထိုအဖြစ်အပျက်ကိုတွေ့မြင်ရသော အခြားမျိုးနွယ်စုများအဖို့ နတ်ဆရာမျိုးနွယ်စုသည်ကား အတွင်းသတင်းတစ်ခုခုကိုရရှိထားသောကြောင့်သာ ဆုလာဒ်များကိုကောက်ယူရိတ်သိမ်းရန်နောက်ကျနေမည်ကို အစိုးရိမ်လွန်ကဲနေသော ပျားအုပ်များအလား လူသားများ၏နောက်သို့ အလျင်စလိုလိုက်သွားကြသည်ဟု ထင်မှတ်ယူသွားကြလေတော့သည်။

အကယ်၍ ထိုအရာများအားလုံးသည်ကား သန်းလီ၏အကြံအစည်များသာဖြစ်နေခဲ့ပါမူ ထိုဘဒိုကတော့ တကယ့်ကိုပင် IP ရာထူးနှင့် ခြွင်းချက်မရှိထိုက်တန်သောလူတစ်ယောက်ပင်ဖြစ်ပေ၏ !

"အားလော့ကျင်းက မျိုးနွယ်စုခေါင်းဆောင်အဖြစ်ဆက်ခံပြီးတဲ့နောက်မှာ ခင်ဗျားတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့လူတွေအဖြစ်ကနေ ဘယ်လိုဖြစ်ပြီး အချင်းချင်းပြန်တိုက်ခိုက်ကြတဲ့အခြေအနေမျိုးရောက်သွားကြတာလဲ?"

ထိုစကားကိုကြားသော် ရှန့်လင်ယွမ်းက ခေါင်းမော့လာကာ အဝေးရှိကောင်းကင်ယံထက်သို့မော့ကြည့်လိုက်သည်။ ကြွေကျလာသောကြယ်တံခွန်တစ်စင်းက ညဉ့်ကောင်းကင်ယံကို အကြမ်းပတမ်းစုတ်ဖြဲခွဲခြမ်းသွားရင်း မိုးကုတ်စက်ဝိုင်းအတွင်းသို့တိုးဝင်သွားလေတော့သည်။ သူတို့၏အနောက်ဘက်တွင်ရှိနေသည့် မြင်ကွင်းအဖုံဖုံတို့ကလည်း နောက်တစ်ကြိမ်ပြောင်းလဲသွားကြပြန်သည်။

မည်သည့်ပန်းမာလာမျိုးမှ အမြဲထာဝရပွင့်လန်းဝေဆာနိုင်ခြင်းမရှိသကဲ့သို့ မည်သည့်ငြိမ်းချမ်းမှုမျိုးမှလည်း အမြဲထာဝရမတည်တံ့နိုင်ပါချေ။

သူတို့နှစ်ဦးသည်ကား အန္တရာယ်အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင်တွေ့ကြုံရပြီး လမ်းဆုံးသို့ရောက်သွားချိန်တွင် ညီနောင်ကောင်းများဖြစ်ခဲ့ကြသည်။ သို့သော် ကိုယ်စီကိုယ်ငှအကျိုးစီးပွားဖြစ်ထွန်းကာ အင်အားများပြည့်ဝလာချိန်တွင်မူ ရာထူးအာဏာများကိုခွဲဝေယူကာ ကိုယ့်လမ်းကိုလျှောက်သွားရမည်သာဖြစ်သည်။ ဤသည်မှာ သဘာဝတရားကြီး၏ဥပဒေသတစ်ရပ်ပင်တည်း။

ရွေ့လျားလည်ပတ်နေသောအချိန်စက်ဝန်းပေါင်းများစွာက ပရမ်းပတာဖြစ်လို့နေခဲ့သော နှစ်ကာလများကဲ့သို့ပင် လျင်မြန်စွာကုန်ဆုံးလွန်မြောက်သွားကြသည်။ နတ်ဆရာမျိုးနွယ်စု၏မန္တန်အစီအရင်များသည်ကား နက်နဲဆန်းကြယ်ကာ ခန့်မှန်းရခက်ခဲလှသောကြောင့် လူသားများအတွက် ထိတ်လန့်ကြောက်ရွံ့စရာကောင်းသောအရာများဖြစ်လာခဲ့လေသည်။ ထို့ပြင် အားလော့ကျင်းမှာလည်း ခေါင်းမာသောစိတ်နေသဘောထားမျိုးရှိသူဖြစ်ပြီး အပြစ်တင်ခံရခြင်း၊ အရှက်ခွဲစော်ကားခံရခြင်းတို့ကို လက်မခံနိုင်သောလူစားမျိုးဖြစ်၏။ ၎င်းမှာ အသေးအဖွဲကိစ္စလေးများကို အလေးမထားစေကာမူ အခြားသူများက သူ့ကိုသတိကြီးစွာထား၍ဆက်ဆံတတ်ကြသည်ကိုတော့ သတိပြုမိသည်သာဖြစ်သည်။ သေချာတာကတော့ သူကလည်း သူများတကာထံ အရင်ဦးဆုံးသွားပြီး ခခယယပေါင်းသင်းမည့်လူစားမျိုးမဟုတ်ပေ။

အားလော့ကျင်းမှာ မွေးဖွားလာစဉ်ကတည်းက သူ၏မျိုးနွယ်စုရှိလူများထံမှ အလိုလိုက်ခံထားရသူတစ်ယောက်ဖြစ်သည်။ ၎င်းမှာ ရုတ်ချည်းဆိုသလို မျိုးနွယ်စုတစ်စုလုံး၏နက်ရှိုင်းလှသောရန်ငြိုးအာဃာတများကိုထမ်းပိုးလိုက်ရသောအခါဝယ် အလွန်တရာလေးလံလွန်းသည့်ဖိအားများကြောင့် သူ့ကျောကုန်းမှာကျိုးလုမတတ်ပင်ဖြစ်နေရှာတော့သည်။ ၎င်းမှာ အလွန်အင်မတန်ခေါင်းမာသူတစ်ယောက်ဖြစ်သည့်အလျောက် သူ့အခက်အခဲများအား အခြားသူများမတွေ့မမြင်စေရန်အလို့ငှာ နေ့စဉ်နေ့တိုင်းလိုလိုပင် ရဲရင့်ခက်ထန်သောမျက်နှာထားမျိုးကို အတင်းအဓမ္မလုပ်ယူထားလေတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ လူကလည်း မှုန်ကုပ်ကုပ်အောက်သိုးသိုးဖြစ်လာကာ မနှစ်မြို့စရာကောင်းသောပုံစံမျိုးပေါက်လို့လာပြီး အခြားသူများနှင့်လည်း ပို၍ပို၍ပေါင်းသင်းဆက်ဆံရခက်ခဲလာတော့သည်။

လူသားများ၏ထူးခြားသောအရည်အချင်းများတွင် နိစ္စဓူဝအစာအာဟာရမှီဝဲစားသောက်ခြင်းနှင့်အညစ်အကြေးစွန့်ခြင်းတို့အပြင် အတိုင်အတောထူခြင်းနှင့် အချင်းချင်းရန်တိုက်ပေးကြခြင်းတို့လည်းအပါအဝင်ဖြစ်သည်။

လူသားမျိုးနွယ်စု၏အထူးဒေသထွက်ကုန်များအနက် ပြည့်ရှင်ဧကရာဇ်၏အတွေးစိတ်ကူးများကိုစူးစမ်းအစ်အောက်ကြည့်ကာ အနာကျင်ဆုံးဖြစ်မည့်နေရာကိုမှရွေး၍ထိုးဆွလာသော 'ကလိမ်ကကျစ်တိုင်တန်းချက်များ'၊ အော်ကြီးဟစ်ကျယ်ဖြင့် ဧကရာဇ်ခြေတော်ပါးတွင် မသေမချင်းခေါင်းတိုက်ဦးခိုက်၍တောင်းပန်တိုးလျှိုးလာသည့် 'အကျင့်သိက္ခာရှိသောတိုင်တန်းချက်များ' စသည်တို့အပြင် လူအများကိုစုရုံးကာ အရှင်သခင်ငယ်လေး၏နားရွက်များပေါ်တွင် အသားမာများတက်လောက်သည်အထိ ဘုရားစာရွတ်နေသလို မရပ်မနားတတွတ်တွတ်ပြောဆိုနေသော 'သမ္မာကျမ်းစာတိုင်တန်းချက်များ' စသဖြင့် မြောက်မြားလှစွာသောတိုင်တန်းချက်ပေါင်းသောင်းခြောက်ထောင်တို့ပေါ်ပေါက်လာကြလေသည်။

သို့ဖြစ်ရာ နောက်ပိုင်းတွင် 'အားလော့ကျင်း' ဟူသည့်အမည်နာမကို ထုတ်ဖော်ပြောဆိုလာသည်နှင့်တပြိုင်နက် သူ့စိတ်ထဲတွင် ကြီးမားသောအပြစ်ကြီးဆယ်ပါးနှင့်ဆက်စပ်နေသယောင် အတွေးတို့ကိုအလိုအလျောက်ပေါက်ဖွားလာစေတော့သည်။

"ပိရှ! နတ်ဆရာမျိုးနွယ်စုက ကျွန်တော်မျိုးတို့ရဲ့အချုပ်အခြာအာဏာလက်အောက်ခံနယ်မြေဒေသတစ်ခုသာဖြစ်ပါတယ်။ အဲဒီမျိုးနွယ်စုခေါင်းဆောင် အားလော့ကျင်းဟာ အရှင်မင်းကြီးရဲ့အမည်နာမတော်အပြည့်အစုံကို ခေါ်ချင်သလိုခေါ်ဝေါ်ပြောဆိုနေပြီး အရှင်မင်းကြီးအပေါ်မှာ ကြည်ညိုလေးစားမှုမရှိဘဲ ယဉ်ကျေးမှုမရှိစွာပြုမူဆက်ဆံနေပါတယ်။ ဒါက ဘယ်လိုမှကိုသင့်တော်လျော်ကန်မှုမရှိတဲ့အပြုအမူဖြစ်ပါတယ် ဘုရား!"

ရှန့်လင်ယွမ်းသည်ကား အပြုံးမျက်နှာဖုံးကိုတပ်ဆင်ထားသောကျားရိုင်းတစ်ကောင်ဖြစ်စေကာမူ ၎င်းမှာ အသက်အရွယ်အားဖြင့်အလွန်တရာငယ်ရွယ်နုနယ်သေးသည့်အလျောက် သူ့အစွယ်များကိုသိမ်းဆည်းထားနိုင်စွမ်းမရှိဘဲ ခေါင်းမာပြီးတဇွတ်ထိုးဆန်စွာလုပ်ဆောင်တတ်လေသည်။ သူက အနှီအကျိုးအကြောင်းမဆီလျော်သောပြစ်တင်စွပ်စွဲချက်များကိုကြားသောအခါ ချက်ချင်းပင် အပြုံးပန်းတစ်ပွင့်ကိုဆင်မြန်းလျက်တုံ့ပြန်လိုက်သည်၊

"ငါကိုယ်တော်ရဲ့အမည်ရင်းက *'ကိုရှန့်' မှမဟုတ်တာပဲ၊ အများပြည်သူရှေ့မှာ စိတ်ကြိုက်ခေါ်ဝေါ်လို့ရနိုင်တဲ့ အမည်နာမတစ်ခုပဲလေ၊ သူတို့က ကိုယ်တော့်ကို အဲဒီနာမည်အတိုင်းခေါ်ဝေါ်ပြောဆိုဖို့ဆန္ဒရှိနေသရွေ့ကတော့ ကိုယ်တော်ကလည်း သူတို့ကိုတုံ့ပြန်ဖြေကြားတော်မူမှာပါပဲလေ"

(*ကိုရှန့်--- ဆိုတဲ့အမည်ကို တိုက်ရိုက်အဓိပ္ပာယ်ဘာသာပြန်ရရင် 'ခွေးစာအကြွင်းအကျန်' တွေလို့အဓိပ္ပာယ်ရပါတယ်။ အတော့်ကိုနိမ့်ကျပြီး ရိုင်းစိုင်းတဲ့နာမည်အသုံးအနှုန်းပါ၊ ပုံမှန်အားဖြင့် မွေးကင်းစကလေးငယ်တွေကို သရဲတစ္ဆေရန်မှ ကာကွယ်ဖို့အတွက်ဆိုပြီးပေးလေ့ရှိတဲ့နာမည်မျိုးပါ။ ဒီနေရာမှာ မှူးမတ်ဝန်ကြီးတွေဆိုလိုတဲ့သဘောက မင်းဧကရာဇ်ရဲ့အမည်နာမတော်ကိုအပြည့်အစုံခေါ်ဝေါ်ပြောဆိုခြင်းဟာ ဧကရာဇ်ကိုပြစ်တင်ဝေဖန်ရှုံ့ချသလိုမျိုးကို သင့်တော်မှုမရှိတဲ့စကားအသုံးအနှုန်းဖြစ်တယ်လို့ ပြောချင်ကြတာပါ)

"ပိရှ! မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူဟာ သေရည်သေရက်အလွန်အကျွံသောက်သုံးပြီး အရာခံအမှုထမ်းများကိုလည်း နှုတ်မှညစ်ညမ်းရိုင်းပျသောစကားများဖြင့် အထိန်းအကွပ်မဲ့စွာပြောဆိုခဲ့ပါတယ် ဘုရား!"

သေရည်မူးတာကတော့ ထားလိုက်ပါတော့လေ။ သို့သော် ညစ်ညမ်းရိုင်းပျတဲ့စကားကိုပြောဆိုတယ်တဲ့လား? အနှီစကားကိုကြားသော် ဧကရာဇ်ငယ်လေး၏မျက်ဝန်းများက အလိုအလျောက်တွန့်ခနဲဖြစ်သွားလေ၏။ သူက လက်ချောင်းလေးများတထောင်ထောင်ဖြင့် ရေတွက်ကြည့်လိုက်သော်ငြား သူ၏ 'အရာခံအမှုထမ်း' များထဲတွင် ညစ်ညမ်းရိုင်းပျသောစကားများကိုပြောဆိုခံရလောက်သည်အထိ လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်စွမ်းရှိသူ ဘယ်နှယောက်လောက်များရှိနေသလဲဆိုတာကို ရေတွက်လို့မရနိုင်ခဲ့ပါချေ။ သို့နှင့် သူက လိမ္မာပါးနပ်စွာသာပြန်လည်တုံ့ပြန်မိန့်ကြားလိုက်သည်။

"အဲ့သလိုစော်ကားမော်ကားပြောဆိုခံရတဲ့သူတွေကို ငါကိုယ်တော် အားပေးနှစ်သိမ့်တော်မူလိုက်ပါ့မယ်လေ။ ဒါပေမဲ့ အားလော့ကျင်းက သေရည်မူးနေတယ်ဆိုပြီး သူ့အပေါ်မှာအခွင့်အရေးယူဖို့တော့မကြံစည်ကြလေနဲ့"

"ပိရှ! နတ်ဆရာလူငယ်လေးတစ်ဦးဟာ မိစ္ဆာအစီအရင်ကိုသုံးပြီး သမားတော်ကျန့်ရဲ့သားဖြစ်သူကို ထိခိုက်အောင်လုပ်ခဲ့ပါတယ်။ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ အားလော့ကျင်းဟာ တရားမျှတမှုရှိစွာဖြေရှင်းပေးရမယ့်အစား ခွင့်မလွှတ်နိုင်စရာကောင်းလောက်အောင် ပိုပြီးဆိုးဝါးရိုင်းစိုင်းတဲ့စကားတွေကိုတောင်မှ ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုလိုက်ပါသေးတယ် ဘုရား!"

ဤကိစ္စကတော့ အသေအချာအလေးအနက်ထားပြီးကိုင်တွယ်ဖြေရှင်းရမည့်ပြဿနာဖြစ်ကြောင်း ရှန့်လင်ယွမ်းသဘောပေါက်ပါ၏။ ထို့နောက်တွင်တော့ သူက ပြဿနာရှာသောကောင်စုတ်လေးနှင့် သူ၏ပြဿနာရှာတတ်သောခေါင်းဆောင်ဖြစ်သူတို့နှစ်ယောက်စလုံးအား ဆင့်ခေါ်လိုက်ကာ သူတို့၏လက်ဖဝါးကို တစ်ယောက်လျှင်ကြိမ်ဒဏ်ဆယ်ချက်စီရိုက်နှက်၍အပြစ်ပေးခဲ့လေတော့သည်။

ကြိမ်ဒဏ်ပေးပြီးသည့်နောက်မှာတော့ သူက အားလော့ကျင်းကို သီးခြားခေါ်တွေ့ကာ ပြန်လည်ချော့မြူနှစ်သိမ့်ပေးခဲ့သည်။ ထိုနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် နတ်ဆရာမျိုးနွယ်စု၏ တစ်နှစ်တစ်ခါကျင်းပလေ့ရှိသော 'အပနှင်သည့်ပွဲတော်ရက်' အချိန်အခါဖြစ်နေသည်။ ထိုနေ့ညအခါသမယတွင် နတ်ဆရာမျိုးနွယ်စုရှိကလေးသူငယ်များသည်ကား သူတို့၏မျက်နှာထက်တွင် သစ်သားမျက်နှာဖုံးများကိုတပ်ဆင်ထားကြရင်း လက်ထဲတွင်ဖယောင်းတိုင်ဆီမီးများကိုကိုင်ဆောင်ကာ သူတို့၏ဖခင်ဖြစ်သူနှင့်အစ်ကိုတော်များ၏ဦးဆောင်မှုလိုက်သို့လိုက်ရင်း ကမ္ဘာမြေပေါ်သို့ထွန်းလင်းဖြာကျလျက်ရှိနေသော သော်တာလရောင်ခြည်အောက်ဝယ် နေရာအနှံ့အပြားသို့လှည့်ပတ်လျှောက်သွားကြလေ့ရှိသည်။ နှုတ်မှလည်း အပနှင်သည့်တေးသီချင်းများကိုသီဆိုကြရင်း တောင်အရပ်မှမြောက်အရပ်ထိတိုင်အောင် လှည့်လည်သွားလာကြကာ လာမည့်နှစ်အတွင်း အေးချမ်းသာယာပြီး အနာရောဂါဘယများကင်းရှင်းပါစေကြောင်း တောင်းဆုပြုကြလေသည်။ အားလော့ကျင်းမှာ မျိုးနွယ်စုခေါင်းဆောင်နေရာကိုဆက်ခံပြီးသည့်နောက်၌ ၎င်းမှာ ငယ်ရွယ်သောဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပင်ဖြစ်နေဆဲဖြစ်သည့်တိုင်အောင် လူကြီးတစ်ယောက်လိုမျိုးဆက်ဆံခံခဲ့ရသည်။ သို့ဖြစ်ရာ ၎င်းမှာ သစ်သားမျက်နှာဖုံးကိုနောက်တစ်ကြိမ်တပ်ဆင်ခွင့်မရခဲ့ရှာပါချေ။ သို့နှင့် သူ၏အစ်ကိုတော်ဖြစ်သူတဖြစ်လဲ လူသားမင်းဧကရာဇ်ငယ်လေးသည်ကား မျက်နှာဖုံးတစ်ခုကို သူ့လက်ဖြင့်ကိုယ်တိုင်ကိုယ်ကျထွင်းဆစ်ပြုလုပ်ပေးခဲ့သည့်အပြင် အားလော့ကျင်းအား သာမန်ထသွားထလာအဝတ်အစားများကိုလဲလှယ်ဝတ်ဆင်စေပြီးသကာလဝယ် ဆီမီးဖယောင်းတိုင်များထိန်ထိန်ညီးနေအောင်ထွန်းညှိထားသည့် သုံးမိုင်မျှရှည်လျားသော နတ်ဆရာတို့၏လမ်းတစ်လျှောက် အဖော်ပြုလျှောက်လည်ပေးခဲ့လေသည်။ ထို့နောက် လုပ်ကိုင်ဆောင်ရွက်စရာကိစ္စဝိစ္စများပေါ်ပေါက်လာသောကြောင့် သူ့အားလာရောက်ပင့်ဆောင်သောအခါမှသာ ပြန်သွားခဲ့တာဖြစ်သည်။

"ပိရှ! အဲဒီအားလော့ကျင်းဟာ တပ်တွင်းအမိန့်တော်ကိုနာခံရန်ငြင်းဆိုခဲ့ပြီး လက်အောက်ခံအဖြစ်ဝင်ရောက်လာတဲ့မြို့တော်အတွင်းကလူတွေကို အမြစ်ဖြတ်သုတ်သင်ချေမှုန်းဖို့ အတင်းအဓမ္မလုပ်ဆောင်နေပါတယ် ဘုရား! ရန်သူတွေက အစောကြီးကတည်းက လက်နက်ချအညံ့ခံပြီးပါပြီ။ ဒီလုပ်ဆောင်ချက်က မိုးကောင်းကင်နဲ့မြေကြီးရဲ့အလိုဆန္ဒကိုဆန့်ကျင်နေတဲ့အပြင် အကယ်၍ ကျွန်တော်မျိုးတို့ဟာ ဒီလိုနာမည်ဂုဏ်သတင်းမျိုးနဲ့ကျော်ဇောသွားမယ်ဆိုရင် တစ်ဖက်ရန်သူတွေကလည်း နောက်ဆိုရင် ကျွန်တော်မျိုးတို့နဲ့ဆွေးနွေးညှိနှိုင်းပွဲတွေ မပြုလုပ်တော့မှာကို စိုးထိတ်မိလှကြောင်းပါ ဘုရား၊ သည်အတိုင်းသာဆိုလျှင် ကျွန်တော်မျိုးတို့ဘက်ကနေ အချည်းနှီးအသက်ဆုံးရှုံးရမယ့် စစ်သည်တော်အရေအတွက် ဘယ်လောက်တောင်ရှိပါလိမ့်မလဲ ပိရှ!"

'တစ်မြို့လုံးကို အမြစ်ဖြတ်သုတ်သင်ချေမှုန်းသည်' ဟူသည့်စကားကိုကြားလိုက်ရချိန်မှာတော့ ဝါးပုရပိုက်လေးကိုငုံ့၍ဖတ်ရှုနေသော ရှန့်လင်ယွမ်းတစ်ယောက်ခေါင်းမော့လာကာ သူ့ရှေ့မှောက်တွင်ဒူးထောက်ခစားလျက်ရှိနေသော လူသားမျိုးနွယ်စု၏စစ်သူကြီးကိုမော့ကြည့်လာခဲ့သည်။ သည်တစ်ကြိမ်မှာတော့ သူက တခဏမျှနှုတ်ဆိတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ရေရွတ်မိန့်ကြားတော်မူလိုက်သည်။

"အားလော့ကျင်းကို ပြန်ခေါ်လာခဲ့ချေ"

လူသားစစ်သူကြီးမှာ အားလော့ကျင်းကြောင့် စုံလုံးကန်းနေခဲ့သော ဧကရာဇ်ငယ်လေးသည်ကား နောက်ဆုံး၌ အသိဉာဏ်ပွင့်ကာအမြင်မှန်ရသွားပြီဟု ထင်မှတ်လျက် မျှော်လင့်တကြီးဖြင့်ခေါင်းထောင်လို့လာသည်။

သို့ရာတွင် ရှန့်လင်ယွမ်းက စုတ်တံကို ဒေါက်ခနဲမြည်အောင်နေရာချလိုက်ပြီး သူ့ထံမှ ခပ်တိုးတိုးပြောလာသောစကားသံကိုသာကြားလိုက်ရလေ၏။

"ဒီကိစ္စကို လူသိရှင်ကြားမဖြစ်စေနဲ့။ အပြင်လူတွေကိုတော့....အပြင်လူတွေကိုတော့ ဒီလိုပဲပြောလိုက်....မြို့ကိုစောင့်ကြပ်နေကြတဲ့ မိစ္ဆာတွေက အညံ့ခံအရှုံးပေးချင်ယောင်ဆောင်ခဲ့ကြတယ်၊ သူတို့ရဲ့ကလိမ်ကကျစ်အကြံအစည်တွေကို အားလော့ကျင်းက သိရှိသွားတာမို့ တခြားသူတွေကို နမူနာပြပြီးသတိပေးတဲ့အနေနဲ့ သူတို့ကိုသတ်ပစ်လိုက်တာလို့ ပြောလိုက်"

လူသားစစ်သူကြီး၏မျက်နှာတပြင်လုံးမှာ အစိမ်းရောင်သန်းသွားလေတော့သည်။

"ပြီးတော့ လက်နက်ချအညံ့ခံလာတဲ့ သွေးနှောမိစ္ဆာကောင်တွေနဲ့ပတ်သက်လို့ကတော့....."

ဧကရာဇ်ငယ်လေးသည်ကား ဒေါသတထောင်းထောင်းထွက်နေပြီဖြစ်သော သူ့အရာရှိ၏မျက်နှာရိပ်မျက်နှာကဲကိုသတိထားမိခြင်းမရှိဘဲ လေးလံသောနှလုံးအိမ်ဖြင့် ဆက်လက်မိန့်ကြားတော်မူနေသည်။

"ငါကိုယ်တော် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ကတိပေးတော်မူတယ်....ဒါပေမဲ့ သူတို့တွေဟာ မိစ္ဆာမျိုးနွယ်စုတွေဆီကနေ အသိအမှတ်ပြုလက်ခံတာကိုမခံရပေမယ့်လည်း မိစ္ဆာသွေးတစ်ဝက်ပါတဲ့သူတွေဖြစ်နေတုန်းပဲ။ အကယ်၍ သူတို့ရောက်လာတဲ့အခါကျရင် အထူးတလည်သတိထားပြီးဆက်ဆံရမယ်။ အထူးသဖြင့် ဒီအကြောင်းကို နတ်ဆရာမျိုးနွယ်စုကလူတွေကို မသိစေနဲ့"

လာရောက်အစီရင်ခံသော စစ်သူကြီးမှာ ခြေထောက်ကိုဆောင့်ကာ သူ့ရင်ဘတ်ကိုသူ ဒေါသတကြီးရိုက်ပုတ်လိုက်ရှာသည်။ အနှီအရှင်သခင်ငယ်လေးသည်ကား မိစ္ဆာအစီအရင်များဖြင့်လှည့်စားခံနေရပြီဟု သဘောထားလိုက်ပြီးသကာလဝယ် ၎င်းမှာ ပူဖောင်းတစ်လုံးလို ဆူပုတ်ဖောင်းပွနေသောမျက်နှာထားကိုသယ်ဆောင်ရင်း စိတ်ဆိုးမာန်ဆိုးဖြင့်ပြန်လှည့်ထွက်သွားလေတော့သည်။

ရွှမ်းကျီးသည်ကား ဘေးတွင်လက်ပိုက်ရပ်ကြည့်နေသူတစ်ဦးသာဖြစ်သော်လည်း သည်တစ်ကြိမ်တွင်တော့ ဘာရယ်ကြောင့်မှန်းမသိဘဲ အားလော့ကျင်းအား လာရောက်တိုင်တန်းသော်လည်း အကြိမ်တိုင်းအရှုံးများတပွေ့တပိုက်ဖြင့်သာနောက်ပြန်လှည့်သွားခဲ့ရရှာသော လူသားမှူးမတ်ဝန်ကြီးများ၏နေရာသို့အစားဝင်ကာ ခံစားနေမိသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် သုန်မှုန်ထိုင်းမှိုင်းလာသလို ခံစားလိုက်ရသည်။

"သူက ဘာဖြစ်လို့ ဒီလောက်တောင် ဘက်လိုက်နေရတာလဲ?"

ထို့နောက်မှာတော့ ရုတ်တရက်သတိပြန်ကပ်လာကာ ထိုကဲ့သို့လေးလံထိုင်းမှိုင်းနေသည့်ခံစားချက်များမှာ ဘာကြောင့်မှန်းမသိဘဲ ထူးဆန်းနေကြောင်းတွေးလိုက်သည်။

"ဒါပေမဲ့ အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ?"

ရှန့်လင်ယွမ်းမှာ ငယ်စဉ်ကတည်းက သူလုပ်ချင်တာမှန်သမျှကို ကိုယ့်အားကိုယ်ကိုးကာလုပ်ဆောင်ခဲ့ရသူဖြစ်သလို သူ့လမ်းသူဖောက်ခဲ့ရခြင်းတို့ကိုကျင့်သားရနေပြီဖြစ်သည်။ မင်းဧကရာဇ်ဖြစ်လာသောအခါတွင်လည်း သူ၏ပုံစံအတိုင်းခေါင်းမာမာနှင့်ပင် သူလုပ်ချင်ရာမှန်သမျှကိုလုပ်ခဲ့တာချည်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ အစပိုင်းတွင် သူ၏ခေါင်းမာပြီး ဘက်လိုက်တတ်သောစိတ်နေစိတ်ထားကြောင့် မည်သို့သောနောက်ဆက်တွဲအကျိုးဆက်များဖြစ်ပေါ်လာမည်ဆိုတာကို နားမလည်ခဲ့ပါချေ။ နောက်ဆုံး သူသဘောပေါက်နားလည်သွားချိန်မှာတော့ အခါနှောင်းသွားပြီဖြစ်သည်။

"သန်းလီက ငါ့ကို နှစ်ကြိမ်တိုင်တိုင်သတိပေးခဲ့တယ်"

ရှန့်လင်ယွမ်းက စိတ်တိုင်းမကျသောမျက်ဝန်းများဖြင့် ရိုးအပြီးငယ်ရွယ်နုနယ်သေးသော သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။

"သူ ပထမအကြိမ်ပြောခဲ့တာက ငါက နတ်ဆရာမျိုးနွယ်စုအပေါ်မှာ ပေးကမ်းတာတွေသိပ်များနေပြီတဲ့၊ ငါ သူ့စကားကိုနားမထောင်ခဲ့ဘူး။ ဒုတိယအကြိမ်ကျတော့ မိစ္ဆာတွေအပေါ်မှာဆက်ဆံတဲ့ အားလော့ကျင်းရဲ့အပြုအမူတွေဟာ သိပ်ကိုအစွန်းရောက်လွန်းနေပြီဆိုတဲ့အကြောင်းကို သူထပ်ပြောခဲ့တယ်။ အဲဒီစိတ်ထားက စစ်ပွဲဖြစ်ပွားနေချိန်မှာတော့ ကောင်းသလိုလိုရှိပေမယ့် နောင်အနာဂတ်မှာ စစ်ပွဲတွေရပ်တန့်ပြီးဆုံးသွားချိန်ကျရင် ဘေးအန္တရာယ်ကပ်ဆိုးတွေရဲ့အကြောင်းရင်းခံဖြစ်လာနိုင်တယ်လို့ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ငါက 'သူ့ဖခင်ဖြစ်သူကို သတ်သွားတဲ့ရန်သူတွေအပေါ်မှာ ဘယ်လိုလုပ်ပြီး စိတ်အေးအေးချမ်းချမ်းထားနိုင်မှာလဲ' လို့တွေးခဲ့ပြီး သူ့စကားကိုအရေးတယူမလုပ်ခဲ့သေးဘူး"

"ဒါပေမယ့် မိစ္ဆာမျိုးနွယ်စုတွေက တစ်အုပ်စုတည်းရှိတာမှမဟုတ်တာ"

ရွှမ်းကျီးက စစ်ပွဲများဖြစ်ပွားနေသည့်အကြောင်းရင်းများကို ရင်းနှီးနေသည့်ဟန်ဖြင့် အမှတ်မထင် အလိုအလျောက်တုံ့ပြန်ပြောဆိုလိုက်သည်။

"ပျံသန်းနိုင်တဲ့သားရဲသတ္တဝါတွေနဲ့ မြေပြင်ပေါ်မှာပဲလမ်းလျှောက်တတ်တဲ့သားရဲသတ္တဝါတွေကြားမှာတောင် ကွဲပြားခြားနားမှုတွေရှိကြတာပဲလေ။ တချို့မိစ္ဆာတွေက မိစ္ဆာဘုရင်ရဲ့နောက်ကိုလိုက်ပြီး စစ်ပွဲကိုတိုက်ခိုက်ဆင်နွှဲဖို့ဆန္ဒရှိကြပေမယ့် တချို့ကတော့ အစောကြီးကတည်းက ကန့်ကွက်ခဲ့ကြတယ်။ တချို့ကျတော့လည်း ကာလရှည်ကြာပြီး မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့စစ်ပွဲတွေကြားမှာ ငြီးငွေ့ပင်ပန်းပြီးခြေကုန်လက်ပန်းကျလာတဲ့နောက် နက်ရှိုင်းတဲ့တောအုပ်တွေထဲမှာပဲ လူမသိသူမသိသွားရောက်နေထိုင်ချင်ကြတော့တယ်။ နောက်ပြီး မိစ္ဆာမျိုးနွယ်စုရဲ့အသိအမှတ်ပြုခြင်းကိုမခံရတဲ့ သွေးနှောမိစ္ဆာတွေလည်းရှိသေးတယ်__ဒီလိုနဲ့ နောက်ဆုံးမှာ မိစ္ဆာအများအပြားနဲ့သွေးနှောမိစ္ဆာတွေအားလုံးဟာ လူသားမျိုးနွယ်စုဘက်ကိုရောက်လာခဲ့ကြတယ်။ ဒီလိုအထောက်အပံ့တွေက ခင်ဗျားလိုချင်ခဲ့တဲ့အထောက်အပံ့တွေပဲမဟုတ်လား။ ဒါပေမဲ့ အားလော့ကျင်းအနေနဲ့ကတော့ ဒါကိုလက်ခံနိုင်ဖို့ခက်ခဲခဲ့တယ်"

အားလော့ကျင်းသည်ကား ဘယ်သောအခါကမှကြီးပြင်းမလာခဲ့သူဖြစ်သည်။ သူ၏ကမ္ဘာတွင် အဖြူမဟုတ်လျှင် အမည်းသာရှိခဲ့တာဖြစ်သည်။

"ငါတို့ဆီ လက်နက်ချအညံ့ခံလာတဲ့ သွေးနှောမိစ္ဆာတွေအတွက် နေထိုင်စရာနေရာတစ်နေရာဖန်တီးပေးဖို့ '၁၃ ခုမြောက်နယ်မြေ' ကို ဖွဲ့စည်းတည်ထောင်ဖို့အမိန့်ပေးခဲ့တယ်__နောက်ပိုင်းမှာ 'ချင်းဖျင်ပြည်နယ်' ဆိုပြီးဖြစ်လာမယ့်နေရာပေါ့။ ငါက အဲဒီနေရာကိုတည်ထောင်တုန်းက အားလော့ကျင်းကိုအသိမပေးခဲ့ဘူး။ ဒါပေမဲ့ သူ့ကိုသေစေချင်နေတဲ့လူတွေကများနေတော့ သိပ်မကြာခင်မှာပဲ အဲဒီသတင်းကပေါက်ကြားသွားခဲ့တယ်။ အားလော့ကျင်းက အဲဒီသတင်းကိုလည်းကြားရော ရှေ့တန်းကနေခွင့်မတောင်းဘဲအပြေးအလွှားပြန်ရောက်ချလာပြီး ငါ့ကိုဒေါသတကြီးလာရန်တွေ့တော့တာပဲ"

"ခင်ဗျား ကျွန်တော့်ကို ဘာကတိပေးထားခဲ့လဲ? ကျွန်တော့်ကို ဘယ်လိုကတိတွေပေးထားခဲ့တာလဲလို့! ခင်ဗျားပြောတော့ ကျွန်တော့်အတွက်လက်စားချေပေးမယ်ဆို၊ အခုကျတော့ အဲဒီသတ္တဝါကောင်တွေနဲ့ ပျော်ပျော်ပါးပါးကြီးစားလိုက်သောက်လိုက်လုပ်နေတယ်ပေါ့လေ? ခင်ဗျားက လူလိမ်ပဲ!"

အားလော့ကျင်းသည်ကား အမှန်တကယ်ကိုပင် အလိုလိုက်ခံထားရ၍ဆိုးသွမ်းနေသောကောင်လေးတစ်ယောက်သာဖြစ်သည်။ အနှီသူသည်ကား အခြားသူများအတွက်မူ လူသားဧကရာဇ်တစ်ပါးဖြစ်သည့်တိုင်အောင် သူ့အတွက်မှာတော့ သူနှင့်အတူကြီးပြင်းလာခဲ့သော အစ်ကိုတော်တစ်ဦးအဖြစ်သာ တစ်ချိန်လုံးသဘောထားနေခဲ့ပြီး သူကိုယ်တိုင်ကပင် အခြားသူများကဲ့သို့ 'ပိရှ' ဟု နှုတ်မှခေါ်ဝေါ်သုံးနှုန်းရသည့်တိုင်အောင် သူ့ထံတွင် ကလေးတစ်ယောက်၏စိတ်ထားမျိုးသာရှိနေခဲ့တာဖြစ်ပြီး ထိုဘွဲ့တော်ကို အလေးအနက်မထားပါချေ။

အကယ်၍ ၎င်းမှာ မိမိ၏အစ်ကိုတော်ဖြစ်သူကို အော်ကြီးဟစ်ကျယ်စကားများရန်တွေ့ခြင်းပြုလုပ်ခဲ့ပါက အလွန်ဆုံးအနေဖြင့် နားရင်းနှစ်ချက်လောက်အုပ်ခံရရုံသာရှိသည်။ သို့သော် ရာနှင့်ချီသောမျိုးနွယ်စုပေါင်းများစွာအပေါ်တွင် ဩဇာအာဏာလွှမ်းမိုးသူတစ်ဦးဖြစ်သော လူသားဧကရာဇ်အပေါ်တွင်မူ စကားကိုလက်လွတ်စပယ်မဆင်မခြင်ပြောဆိုခြင်းသည်ကား ရိုင်းပျစော်ကားသောအပြုအမူဖြစ်လေသည်။

ရှန့်လင်ယွမ်းသည်ကား သူ့အပေါ်တွင် မည်သို့မှသဘောထားခြင်းမရှိတာကလည်း အံ့ဩစရာအကြောင်းမရှိပေ။ သို့သော် ဤကဲ့သို့သော အရေးကြီးသည့်အချိန်အခါမျိုးတွင် သူအလေးအနက်ထားပြီး ဂရုတစိုက်ဆောင်ရွက်ရမည့်ကိစ္စပေါင်းများစွာရှိနေသည်။ ၎င်းမှာ လူသားဧကရာဇ်တစ်ပါး၏ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်လိုသေးသည်၊ သို့မဟုတ်ပါက သူ၏စစ်သည်တပ်ဖွဲ့များကိုဦးဆောင်နိုင်လိမ့်မည်မဟုတ်ပါချေ။ သို့ဖြစ်ရာ အခြားသူများက ဘာတွေဖြစ်လို့ဖြစ်နေမှန်းသေချာမသိလိုက်ရသေးခင်မှာပင် သူ့ကိုအော်ကြီးဟစ်ကျယ်ရန်လာတွေ့သော အားလော့ကျင်းကို မှောင်မည်းနေသောတဲကုပ်လေးတစ်ခုထဲတွင် ဖမ်းဆီးထိန်းသိမ်းထားလိုက်လေတော့သည်။ သူက ညဘက်လူခြေတိတ်သည့်အချိန်သို့ရောက်သောအခါမှသာလျှင် 'ပိရှ' ဟူသည့်ချပ်ဝတ်တန်ဆာကို ခေတ္တခဏခွာချွတ်ပြီး 'လင်ယွမ်း' အဖြစ်သို့ပြန်သွားကာ အားလော့ကျင်းကို နှစ်သိမ့်ချော့မော့ရန်ကြံစည်ထားခဲ့တာဖြစ်သည်။

အားလော့ကျင်းအား သူနှင့်ဝေးရာဆီသို့ ကမန်းကတန်းပို့လွှတ်လိုက်ပြီးနောက်တွင်မူ ဧကရာဇ်ငယ်လေးခမျာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ပင်အောင့်မျက်လာရတော့သည်။ ထိုအခိုက် ကန့်လန့်ကာနောက်ကွယ်မှပျံ့လွင့်ထွက်ပေါ်လာသည့် စကားသံတစ်သံကို သူကြားလိုက်ရသည်။

"စိတ်အေးအေးထားတော်မူပါ ပိရှ၊ မျိုးနွယ်စုခေါင်းဆောင်ငယ်လေး အခန်းထဲကို ကမူးရှူးထိုးဝင်ရောက်လာတဲ့အချိန်တုန်းက ကျွန်တော်မျိုး အထိန်းတော်တွေကို အခန်းအပြင်ဘက်မှာပဲစောင့်ခိုင်းထားခဲ့ပြီးပါပြီ။ ဒီအကြောင်းကို ကြားလိုက်တဲ့သူတွေ များများစားစားရှိမှာမဟုတ်ပါဘူး ဘုရား"

ရွှမ်းကျီးမှာ ထိုစကားသံကြောင့် အထိတ်တလန့်ဖြစ်သွားရှာသည်။ မိမိမှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းလားဆိုတာကို သေချာမသိသော်လည်း ထိုစကားသံထဲတွင် ထိတ်လန့်ချောက်ချားစရာကောင်းသောခံစားချက်များကိုခံစားလိုက်ရသည်__သူနှင့်ရင်းနှီးကျွမ်းဝင်နေသော သေမင်းအငွေ့အသက်များကိုသယ်ဆောင်ထားသည့်အလား....

ဧကရာဇ်ငယ်လေးသည်ကား သူ့မျက်နှာပေါ်ရှိ အတင်းအကြပ်လုပ်ယူထားသော တင်းမာခက်ထန်သည့်အမူအရာများကိုဖယ်ရှားလိုက်ပြီး နောက်ဆုံးမှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရှာသော ပင်ပန်းနွမ်းလျနေသည့်အမူအရာကိုသာထုတ်ဖော်ပြသလို့လာသည်။ သူက ခပ်တိုးတိုးတုံ့ပြန်ဖြေကြားလိုက်သည်။

"ဆရာ"

ကန့်လန့်ကာနောက်ကွယ်တွင်ပုန်းအောင်းနေသော ထိုလူသည်ကား လူလုံးထွက်မပြလာဘဲ ခပ်ဖျော့ဖျော့အရိပ်သဏ္ဌာန်တစ်ခုကိုသာလျှင်ပြသလာသည်။ သူက ရှန့်လင်ယွမ်းအား ခပ်ဖြည်းဖြည်းစကားဆိုလိုက်သည်။

"မိစ္ဆာမျိုးနွယ်စုအပေါ်မှာထားတဲ့ မျိုးနွယ်စုခေါင်းဆောင်ငယ်လေးရဲ့ အမုန်းတရားတွေက နောက်ဆုံးမှာ ပုန်းကွယ်ငုံ့လျှိုးနေတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ အရှင်မင်းကြီး ဒီစကားကို ကျွန်တော်မျိုး အရင်တုန်းကပြောခဲ့ဖူးပါတယ်"

"ဒီကိစ္စက....ငါကိုယ်တော်သိပါတယ်"

ရှန့်လင်ယွမ်းက စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်ဟောင်းကြီးက.......ဆရာ...ဒါကဘာလုပ်တာပါလဲ?"

ကန့်လန့်ကာနောက်ကွယ်တွင်ရှိနေသည့် အရိပ်သဏ္ဌာန်က ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်။ ထိုသူက ခေါင်းကိုမြေကြီးနှင့်ဦးတိုက်ထားလျက် လျှောက်ထားလာသည်။

"အရှင်မင်းကြီး.....နားမလည်ကောင်းနားမလည်နိုင်သေးတဲ့ အခြားသောကိစ္စတစ်ရပ်ရှိပါသေးတယ် ဘုရား"

ရွှမ်းကျီးနှင့်ရှန့်လင်ယွမ်းငယ်လေးသည်ကား ကန့်လန့်ကာရှိရာသို့ ပြိုင်တူလျှောက်လှမ်းသွားလိုက်ကြသည်။ ဧကရာဇ်ငယ်လေးမှာ သူ၏ဆရာဖြစ်သူကို မြေကြီးပေါ်မှထူမပေးလို၍ဖြစ်ပြီး ရွှမ်းကျီးကတော့ သန်းလီဆိုသည့်လူ၏ရုပ်ရည်သွင်ပြင်ကို အသည်းအသန်ကြည့်ရှုလို၍ဖြစ်သည်။

ထိုအခိုက် ဘေးနားမှ နာနာကျင်ကျင်ရေရွတ်လိုက်သော ဗလုံးဗထွေးညည်းတွားသံတစ်သံကိုကြားလိုက်ရသည်။ အဆိုပါမှတ်ဉာဏ်မှာ ရုတ်ချည်းပင် ကွဲကြေပျက်စီးလို့သွားသည်။

ရှန့်လင်ယွမ်းမှာ သူ၏နားထင်နှစ်ဖက်ကို အတင်းအဓမ္မဖိနှိပ်ထားနေရှာသည်။ ၎င်းမှာ ခြေလှမ်းဝက်မျှ ဒယီးဒယိုင်ဖြစ်သွားရှာပြီး ရွှမ်းကျီးကိုဝင်တိုက်မိသွား၏။ ရွှမ်းကျီးက အလိုအလျောက်ပင် သူ့လက်ကိုဆန့်တန်းလိုက်ပြီး သူ့ကိုလှမ်းဖမ်းလိုက်ချိန်ဝယ် တအံ့တဩဖြစ်သွားရလေတော့သည်__အနှီခန္ဓာကိုယ်က အမှန်တကယ်ကိုပင် နွေးနွေးထွေးထွေးရှိလှပြီး ခန္ဓာကိုယ်အစစ်အတိုင်းကဲ့သို့ပင်ဖြစ်နေသည်။ မြေအောက်ရထားပေါ်တွင် သူ့ဘေးနားတွင်ရပ်နေပြီး သူနှင့်ပုခုံးချင်းထိတိုက်မိနေသော လူ့ခန္ဓာကိုယ်တစ်ခုကဲ့သို့ပင်။ အသွေးအသားအစစ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အလား။

"ခင်ဗျား ဘာဖြစ်....."

"လေလွင့်နေတဲ့ ဝိညာဉ်တစ်ကောင်ဘဝကိုကျင့်သားရနေပြီလေ....အခုလို လူသားအရေခွံကိုခြုံလိုက်ရတဲ့အခါကျတော့ နည်းနည်းလေးတော့....အင်း..."

ရှန့်လင်ယွမ်းက စကားကိုခဲရာခဲဆစ်ဖျစ်ညှစ်ပြောလာသည်။ သူက ရွှမ်းကျီး၏လက်မောင်းကိုအမှီပြုကိုင်တွယ်ထားရင်း သူ့ခြေထောက်ပေါ်သူကောင်းကောင်းရပ်နိုင်အောင်ကြိုးစားနေရှာသည်။ သူ့လက်ချောင်းများမှာလည်း အေးစက်စက်ချွေးသီးချွေးပေါက်များစိုရွှဲနေသလို ကတုန်ကယင်လည်းဖြစ်လို့နေသည်။

ရွှမ်းကျီးမှာ တရားဝင်မှတ်တမ်းမဟုတ်သည့် မှတ်တမ်းစာအုပ်တစ်အုပ်မှ ကောက်နုတ်ချက်တစ်ခုကို ရုတ်တရက်အမှတ်ရသွားသည်။ ထိုကောက်နုတ်ချက်အရ ဧကရာဇ်ဝူသည်ကား ငယ်ရွယ်ပျိုမြစ်စဉ်အခါက မိုးအောက်မြေပြင်တခွင်လုံးကို လွှမ်းမိုးအုပ်စိုးနိုင်စွမ်းရှိသော ဘုရင်မင်းမြတ်တစ်ပါးဖြစ်သည်။ သို့ပေသိ နောက်ပိုင်းတွင်မူ ၎င်းမှာခက်ထန်ကြမ်းတမ်းလာကာ စိတ်နေသဘောထားမှာလည်း လုံးဝဥဿုံပြောင်းလဲသွား၏။ ဤကိစ္စမှာ ပုံမှန်တော့မဟုတ်ပေ။ သို့ဖြစ်ရာ အဖျားရောဂါတစ်မျိုးမျိုးစွဲကပ်ခံစားရသောကြောင့်ဖြစ်ပေလိမ့်မည်__ရောဂါလက္ခဏာများသည်ကား စိတ်ပိုင်းဆိုင်ရာထိခိုက်အားနည်းမှုကြောင့်ဖြစ်ပေါ်လာသည့်လက္ခဏာများဖြစ်သော အိပ်မပျော်ခြင်း၊ အဆက်မပြတ်နားအူနေခြင်း၊ အလိုအလျောက်ခေါင်းကိုက်ခဲလာခြင်း အစရှိသောလက္ခဏာများနှင့်ဆင်တူသယောင်ရှိသည်။

ရွှမ်းကျီးက အဆိုပါစာတမ်းမှာ သက်သေအထောက်အထားများများစားစားမရှိဘဲ အခြေအမြစ်မရှိရေးသားထားသော စာစီစာကုံးတစ်ပုဒ်ဟုသာ သဘောထားခဲ့တာဖြစ်သည်__ဧကန္တ......အဲဒါက အမှန်တကယ်ဖြစ်နေခဲ့တာလား?

"ပိရှ!"

အဝေးတစ်နေရာမှ အော်သံတစ်သံပျံ့လွင့်ထွက်ပေါ်လာသည်။ ရှန့်လင်ယွမ်းမှာ ရွှမ်းကျီးကို အမှီပြုကိုင်တွယ်ထားနေလျက်ပင် သူ့အား ဆူးတစ်ချောင်းဖြင့်အထိုးခံလိုက်ရသည့်နှယ် ထိုအသံကြောင့် မသိလိုက်မသိဘာသာဖြင့် ခေါင်းကိုတစ်ဖက်သို့လှည့်ကြည့်မိလေသည်။

"မျိုးနွယ်စုခေါင်းဆောင် အားလော့ကျင်းက ထောင်ဖောက်ပြီးထွက်ပြေးသွားပါပြီ ဘုရား!"

'ဝုန်း'ခနဲအသံတစ်ချက်ကြားလိုက်ရပြီးနောက် ရွှမ်းကျီး၏ခြေထောက်အစုံမှာ မာကြောကျစ်လစ်သောမြေကြီးပေါ်သို့နောက်တစ်ကြိမ်သက်ဆင်းကျရောက်သွားပြန်သည်။ သစ်လွင်သောမှတ်ဉာဏ်မြင်ကွင်းတစ်ခုပေါ်ထွက်လို့လာသည်။ ပိန်းပိတ်အောင်မည်းမှောင်နေသောအမှောင်ထုဖြင့် နောက်တစ်ကြိမ်ခြုံလွှမ်းခံရလိုက်သည့်တိုင် ပတ်ဝန်းကျင်အနေအထားကိုမူ အလွန်တရာရင်းနှီးလို့နေသည်။

သူတို့နှစ်ဦးသည်ကား အရိုးစုများဖြင့်ပြည့်နှက်နေသော နတ်ဆရာဂူသင်္ချိုင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်သည်။

ထိုအချိန်တွင်မူ 'နတ်ဆရာဂူသင်္ချိုင်း'သည်ကား လိုဏ်ဂူတစ်လုံးသာဖြစ်ပြီး အတွင်းတွင် လဲလျောင်းပြန့်ကြဲနေသောရုပ်အလောင်းများရှိမနေသေးပါချေ။ ရွှမ်းကျီးမှာ သူ့ဘေးနားတွင်ရှိနေသည့် ရှန့်လင်ယွမ်းထံမှ နာကျင်မှုတို့စွက်နေသော ဖိနှိပ်ထိန်းချုပ်ထားသည့်အသက်ရှူသံတို့ကိုကြားလိုက်ရသည်။ ထို့နောက်တွင်မူ သူ၏လက်အစုံက ဟာလာဟင်းလင်းဖြစ်သွား၏။ ရှန့်လင်ယွမ်းက ရွှမ်းကျီးကိုမှီတွယ်ထားရာမှ ကိုယ်ချင်းခွာလိုက်ရင်း ခေတ္တခဏမျှဒယိမ်းဒယိုင်ဖြစ်နေပြီးနောက် နောက်ဆုံးတွင် သူ့ဘာသာသူကောင်းကောင်းမတ်တပ်ရပ်နိုင်သွားလေသည်။

"အဲဒီတော့ သန်းလီက ရုတ်တရက် ဒူးထောက်လိုက်ပြီးတော့ ခင်ဗျားကို ဘာတွေပြောလိုက်တာလဲ?"

ရှန့်လင်ယွမ်းက တခဏမျှနှုတ်ဆိတ်သွားသည်။

"နတ်ဆရာမျိုးနွယ်စုအကြီးအကဲဟောင်းဖြစ်သူ သေဆုံးခဲ့ရခြင်းနောက်ကွယ်က တကယ့်အကြောင်းရင်းကိုပေါ့__အားလော့ကျင်းရဲ့တမန်တော်က သူလွှတ်လိုက်တဲ့သူပါလို့ သူကဝန်ခံခဲ့တယ်လေ။ ဟို လင်းနို့မျိုးနွယ်စုဆိုတာကလည်း လုပ်ကြံဖန်တီးထားတဲ့အတုအယောင်တွေပဲ။ အဲဒီ 'တမန်တော်' ဆိုတဲ့လူက လူ့အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ။ သန်းလီကပြောတယ်၊ အဲဒီအချိန်တုန်းက ငါတို့ဆီမှာ ရွေးချယ်စရာလမ်းမရှိတော့ဘူးတဲ့။ တကယ်လို့ နတ်ဆရာမျိုးနွယ်စုကိုသာ ငါတို့ဖြုတ်မချနိုင်ခဲ့ဘူးဆိုရင် လူသားမျိုးနွယ်စုတစ်စုလုံးဟာ အလုံးစုံသေဆုံးပျက်သုဉ်းရမယ့်လမ်းတစ်လမ်းတည်းပဲရှိတော့တယ်တဲ့လေ။ သူက...."

ရွှမ်းကျီးမှာ သူ့လက်ဖဝါးထက်ဝယ် ခုနလေးတင်မှ သူ့လက်ကိုမှီတွယ်ထားခဲ့သော လူတစ်ယောက်ထံမှအနွေးဓာတ်တို့ ကျန်ရစ်ခဲ့သလိုခံစားလိုက်ရသည်။ များမကြာမီမှာပင် လိုဏ်ဂူအတွင်း သုတ်ခနဲဖြတ်တိုက်သွားသော လေပြည်လေညင်းတို့ကြောင့် လက်ဖဝါးမှာ ခဏတွင်းမှာပင် ပြန်လည်အေးစက်သွားလေတော့သည်။ သူက သက်ပြင်းချလိုက်ကာဆို၏။

"ပိရှ...ခင်ဗျားတို့လိုကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက အေးစက်တဲ့လက်တစ်စုံနဲ့ ညစ်ပေစွန်းထင်းနေတဲ့နှလုံးသားတွေကိုပိုင်ဆိုင်ထားကြတာပဲနော်။ အားလော့ကျင်းက အဲဒီအကြောင်းကိုသိသွားခဲ့တာလား?"

"သူထွက်ပြေးသွားတဲ့အချိန်တုန်းက အဲဒီအကြောင်းကိုသိဦးမှာမဟုတ်ဘူး၊ အဲဒီအချိန်တုန်းက သူက ငါ့ကိုစိတ်ဆိုးပြီး ထွက်ပြေးသွားတာပဲဖြစ်လိမ့်မယ်"

ရှန့်လင်ယွမ်းက တိုးဖျော့စွာပြောလာသည်။

"အားလော့ကျင်း....က ငါအလိုလိုက်ထားလို့ ဆိုးသွမ်းနေတဲ့ကောင်လေးပဲ။ အတော်လေးလည်း တဇွတ်ထိုးဆန်တယ်လေ။ သူထွက်သွားပြီးတဲ့နောက်မှာတော့ ရှေ့တန်းမှာရှိနေတဲ့ နတ်ဆရာစစ်သည်တပ်ဖွဲ့တွေကိုပြန်ရုတ်သိမ်းသွားခဲ့တယ်။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ သူရဲ့တပ်ဖွဲ့တွေအကုန်လုံးကို သုံးချွမ်းကိုပြန်ခေါ်သွားခဲ့ပြီး ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ နတ်ဆရာတွေလုပ်ထားတဲ့အစီအရင်တွေအားလုံးကိုဖျက်ဆီးပစ်လိုက်တယ်။ အစပိုင်းတုန်းကတော့ မိစ္ဆာမျိုးနွယ်စုတွေဟာ ငါတို့ကို အရိုးကြေကြေအရည်ခန်းခန်း အသည်းအသန်ပြန်လည်ခုခံတိုက်ခိုက်နေရတာက‌နေ သူတို့က လက်တုံ့ပြန်ဖို့အခွင့်အရေးရသွားတော့တယ်။ ငါတို့ရဲ့စစ်တပ်ဟာ မိုင်ပေါင်း ၆၀ လောက်အထိ မတတ်သာဘဲနောက်ပြန်ဆုတ်သွားခဲ့ရတယ်။ မြို့နှစ်မြို့ကြားမှာရှိနေတဲ့ ကျေးရွာပေါင်းဆယ်ဂဏန်းကျော်ကျော်လောက်ဟာ မိစ္ဆာတွေရဲ့လက်ထဲကိုအားလုံးကျရောက်သွားပြီး မိစ္ဆာတွေကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အဲဒီရွာတွေမှာနေထိုင်ကြတဲ့ရွာသူရွာသားတွေအားလုံးကိုသတ်ပစ်ခဲ့ကြတယ်။ အဆုံးမှာတော့ ရွာသူရွာသားတွေထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူ ဘယ်နှယောက်မှမရှိကြတော့ဘူး"

ရွှမ်းကျီးမှာ နားထောင်နေရင်းမှာပင် ဦးရည်ပြားမှာကျဉ်ခနဲဖြစ်သွားရှာတော့သည်။

"ဒါပေမဲ့ ဘာဖြစ်လို့ ရှေ့တန်းမှာနေနေသေးတဲ့လူတွေရှိနေသေးတာလဲ? သူတို့က ဘေးကင်းရာမှာသွားမနေကြဘူးလား?"

"ဟား....စစ်ပွဲကြီးကဖြစ်ပွားနေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ကြာနေပြီလေ။ ဒီအပြောကျယ်လှတဲ့ကမ္ဘာလောကကြီးမှာလည်း သူတို့အတွက်ပြေးစရာမြေမရှိတော့ဘူးလေ။ သူတို့က ဘယ်နေရာကိုများရှောင်တိမ်းထွက်ပြေးရမှာတဲ့လဲ?"

ရှန့်လင်ယွမ်းက အေးတိအေးစက်ပြုံးရယ်လိုက်ပြီး ခြေထောက်ကိုမြှောက်ကာ လိုဏ်ဂူအတွင်းသို့ဖြည်းဖြည်းချင်းလျှောက်လှမ်းဝင်ရောက်သွားလေသည်။ သူ၏စကားသံက မဆိုစလောက်အားနည်းဖျော့တော့နေသော်လည်း သူ့ခြေလှမ်းများမှာမူ မြဲမြံတည်ငြိမ်စွာရှိနေသည်။

"အဲဒီအချိန်တုန်းက အရှေ့တောင်ပိုင်းဒေသတခွင်ကို နတ်ဆရာတွေရဲ့ထူးခြားဆန်းကြယ်တဲ့မန္တန်အစီအရင်တွေနဲ့ကာကွယ်စောင့်ကြပ်ပေးဖို့ ငါအမိန့်ချမှတ်ထားခဲ့တာ။ လမ်းဆုံးကိုရောက်နေကြပြီဖြစ်တဲ့ လူသားမျိုးနွယ်စုက သာမန်တိုင်းသူပြည်သားတွေဟာ သူတို့နောက်ကိုလိုက်ရတာသဘောကျကြတယ်လေ။ နတ်ဆရာတွေနဲ့လူသားတွေနဲ့တွေ့ဆုံတဲ့အခါကျတော့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး ဘာသာစကားတွေ၊ အဝတ်အစားတွေကိုဖလှယ်ကြပြီး ပျော်ရွှင်သင့်မြတ်စွာနေထိုင်ခဲ့ကြတယ်။ နတ်ဆရာတွေစောင့်ကြပ်နေတဲ့နေရာမှာ နတ်ဆရာကျေးရွာလေးတွေတောင်ဖြစ်တည်လာပြီး ကောက်ပဲသီးနှံတွေကိုထွန်ယက်စိုက်ပျိုးလာကြတယ်......ကောက်ရိတ်သိမ်းပွဲတော်နေ့ရောက်လာရင် သူတို့တွေက ရိတ်သိမ်းထားတဲ့ကောက်ပဲသီးနှံတွေထဲက တစ်ဝက်တိတိကို နတ်ဆရာအစောင့်တပ်သားတွေဆီ ပေးကမ်းဝေမျှခဲ့ကြတယ်"

သို့သော် ငယ်ရွယ်ပြီး ထင်ရာစိုင်းမောက်မာသည့် နတ်ဆရာမျိုးနွယ်စုခေါင်းဆောင်ငယ်လေးသည်ကား သူတို့ကိုစွန့်ပစ်သွားခဲ့သည်။

ရှန့်လင်ယွမ်း၏ဓားဖြင့်ထွင်းခြစ်ထားသလို ပြတ်သားထင်ရှားပြီးချောမောလှပသော ဘေးတစောင်းမျက်နှာပြင်သည်ကား စုဟွေအစီအရင်ထဲရှိ နတ်ဆရာဂူသင်္ချိုင်းအတွင်း အလင်းရောင်အောက်တွင် လှုပ်လီလှုပ်လဲ့ယိမ်းနွဲ့လှုပ်ရှားလို့နေသည်။

"နတ်ဆရာတွေက လတ်ဆတ်တဲ့သစ်သီးဝလံတွေကို စားသုံးရတာကြိုက်နှစ်သက်ကြတယ်။ အားလော့ကျင်းဆိုရင်လည်း အထူးသဖြင့် ပန်းသစ်တော်သီးတွေကိုသိပ်ကြိုက်တယ်။ နတ်ဆရာကျေးရွာမှာနေထိုင်ကြတဲ့ လူသားတွေဟာ သူ့ကိုမျက်နှာချိုသွေးဖို့အတွက် နတ်ဆရာတွေရဲ့စစ်တပ်ရွက်ဖျင်တဲတွေအပြင်ဘက်မှာ စားစရာတွေ သစ်သီးဝလံတွေကိုထားပေးတတ်ကြတယ်.....ငါတို့ အလောင်းကောက်ဖို့ အဲဒီနေရာကိုပြန်သွားတဲ့အချိန်မှာ ဆန်၊ ဂျုံ၊ ပြောင်းကောက်ပဲသီးနှံတွေဟာ ဖုန်မှုန့်သဲမှုန့်တွေနဲ့ရောနှောကုန်ပြီး ပြန်လည်စစ်ထုတ်ယူလို့တောင်မရတော့ဘူး။ လူသားတွေက သူတို့လက်နဲ့သူတို့ ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက်ရွေးချယ်ဆွတ်ခူးထားကြတဲ့ သစ်သီးဝလံတွေဟာလည်း သံဖိနပ်ခွာတွေအောက်မှာ အစိတ်စိတ်အမြွှာမြွှာကြေမွပျက်စီးသွားခဲ့ကြပြီး သွေးအလိမ်းလိမ်းပေကျံနေကြတယ်။ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးဆိုရင် သေပြီးတဲ့နောက် သူ့ရဲ့ဝမ်းဗိုက်ကိုဖွင့်ဖောက်ခံထားရပြီး လူသားစားမိစ္ဆာတွေက စားသောက်ထားကြတာ အရိုးအစအနလေးတွေပဲကျန်တော့တဲ့အထိပဲ.....အဲဒီမကောင်းဆိုးဝါးသားရဲတိရစ္ဆာန်ကောင်တွေဟာ များသောအားဖြင့် အဆီအသားပြည့်ဖြိုးတဲ့ လူငယ်လူရွယ်လေးတွေရဲ့အသားကိုပဲစားသောက်တတ်ကြတာ၊ အသားများများစားစားမရှိတော့တဲ့ အိုကြီးအိုမတွေကိုစားသောက်တာမျိုးက အတော်ရှားတယ်။ ဘာဖြစ်လို့ အခုလိုဖြစ်သွားရတာလဲဆိုတာကို မင်းသိလား?"

ထိုလူ၏မယိမ်းမယိုင်မြဲမြံလျက်ရှိသောအပြုံးတစ်ပွင့်ထဲတွင် အမုန်းရိပ်တချို့စွဲကပ်နေကြောင်းကို အကင်းပါးသောရွှမ်းကျီးက ဖမ်းဆုပ်လိုက်မိသည်။ ထို့နောက် သူရုတ်တရက် သဘောပေါက်သွားလေသည်။ အနှီလူသည်ကား ထိုစကားများကို မိမိအားပြောပြနေခြင်းမဟုတ်ဘဲ စုဟွေ၏အပြင်ဘက်တွင်ရှိနေသော လူသား-မိစ္ဆာ အားလော့ကျင်းကိုကြားစေလို၍ပြောပြနေခြင်းသာဖြစ်၏။

"ဘာဖြစ်လို့လဲဆိုတော့ သူ့(မ)ရဲ့လက်ထဲမှာ မျိုးနွယ်စုခေါင်းဆောင်ငယ်လေးကိုပေးဖို့အတွက်ဆိုပြီး ပန်းသစ်တော်ပျားရည်တစ်ပုလင်းကိုယူလာခဲ့တယ်လေ။ အဲဒီပုလင်းကကွဲသွားတော့ ပျားရည်တွေကလည်း သူ့တစ်ကိုယ်လုံးပေါ်ကိုမှောက်ကျသွားခဲ့တာပေါ့"

ရှန့်လင်ယွမ်း၏စကားသံမှာ ပို၍ညင်သာပျော့ပျောင်းလာသလို ပို၍လည်းကြမ်းတမ်းရက်စက်လို့လာသည်။ သူက ဆို၏။

"အဲဒီပျားရည်က အရမ်းကိုချိုမြိန်မှာပဲနော်"

ဒါတွေအားလုံးက ဘာတွေဖြစ်နေတာလဲ?

ရွှမ်းကျီးမှာ နားထောင်နေရင်းပင် သူ၏နားထင်ကြောများမှာ တဒိန်းဒိန်းထောင်ထလာတော့သည်။

"တိုင်းသူပြည်သားတွေက ဒေါသူပုန်ထသွားကြတယ်။ သူတို့က အားလော့ကျင်းကိုအပြစ်ပေးဖို့ ငါ့ကိုဆော်ဩတိုက်တွန်းလာကြတယ်။ နတ်ဆရာမျိုးနွယ်စုဟာ လူသားတွေအတွက် ပုန်ကန်ထကြွသူတွေဖြစ်သွားပြီး ငါကိုယ်တိုင် သူတို့ကိုဖိနှိပ်ထိန်းချုပ်ဖို့ဖြစ်လာခဲ့တယ်။ ငါလည်း သုံးချွမ်းကို ညတွင်းချင်းအမီလိုက်သွားခဲ့တာပဲ။ ဒါပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ။ သွေးနှောမိစ္ဆာတွေနဲ့ အရင်ကတည်းက အားလော့ကျင်းကိုအငြိုးထားနေကြတဲ့လူသားတွေက ငါ့ထက်ခြေတစ်လှမ်းဦးသွားပြီး သုံးချွမ်းကိုဝိုင်းထားလိုက်ကြပြီ၊ နတ်ဆရာတွေရဲ့မန္တန်တွေ၊ အစီအရင်တွေအများစုဟာလည်း အားလော့ကျင်းက သူတို့မျိုးနွယ်စုကို လူသားတွေဆီခေါ်လာပြီး မဟာမိတ်ဖွဲ့ခဲ့တဲ့အချိန်ကတည်းက ဖျက်ဆီးထားခဲ့ပြီးပြီ။ သုံးချွမ်းရဲ့အကာအကွယ်အစီအရင်တွေက သူတို့ရဲ့မျက်လုံးထဲမှာတော့ တစ်ချက်တည်းနဲ့ပြိုကျပျက်စီးဖို့လွယ်ကူတဲ့အရာတွေအဖြစ် အလိုလိုမြင်သွားကြတော့တယ်။ အဲဒီလိုနဲ့ သူတို့ သုံးချွမ်းရဲ့အကာအကွယ်ဒိုင်းတွေကို
ခဏလေးအတွင်းမှာပဲ ထိုးဖောက်ဖြတ်ကျော်သွားနိုင်ခဲ့တယ်။ မိစ္ဆာမျိုးနွယ်စုတစ်စုကလည်း အဲဒီအုတ်အော်သောင်းတင်းဖြစ်နေတဲ့အခြေအနေတွေကိုအခွင့်ကောင်းယူလိုက်ပြီး...အာ...ဟုတ်တယ်....အဲဒီအသံပဲ...မင်းကြားတယ်မဟုတ်လား?"

ရွှမ်းကျီးက ရုတ်တရက်ခေါင်းမော့ကြည့်လိုက်သည်။ 'စုဟွေ' အစီအရင်အတွင်းရှိ လိုဏ်ဂူအပြင်ဘက်၌ စစ်မြေပြင်မှပျံ့လွင့်လာသောအော်ဟစ်ငိုကြွေးသံများကိုကြားလိုက်ရပြီးနောက်တွင်မူ ဘေးပတ်လည်ရှိလိုဏ်ဂူကျောက်နံရံများမှာတုန်ခါလှုပ်ယမ်းသွားပြီး ဂူနံရံထက်မှ ဖုန်မှုန့်သဲမှုန့်များက အောက်သို့ကျဆင်းလာနေသည်။

17.7.21

🔥🔥🔥🔥🔥🔥🔥

Zawgyi

ရွန႔္လင္ယြမ္းက ေျဖလိုက္သည္။

"ဧကရာဇ္ဖ်င္ရဲ႕ (၃၁) ႏွစ္ေျမာက္ႏွစ္အတြင္းမွာပဲ"

ဤသည္ကား ႐ႊမ္းက်ီးသိထားေသာသမိုင္းေၾကာင္းႏွင့္ကိုက္ညီမႈရွိေလသည္__ဧကရာဇ္ဝူသည္ကား တိုင္းျပည္ကိုျပန္လည္ထူေထာင္ၿပီးသြားေသာအခါမွသာလွ်င္ လုပ္ထုံးလုပ္နည္းမ်ားကိုေျပာင္းလဲခဲ့ကာ ခုႏွစ္သကၠရာဇ္ကိုလည္း အသစ္တဖန္ျပန္လည္အမည္နာမေျပာင္းလဲသတ္မွတ္ခဲ့တာျဖစ္သည္။ ထိုအခ်ိန္မတိုင္မီက ၎မွာ ထီးနန္းပုလႅင္ကိုဆက္ခံၿပီးသည့္တိုင္ေအာင္ လူသားမ်ိဳးႏြယ္စုတို႔သည္ကား ယခင္မင္းဆက္မွျပကၡဒိန္အေဟာင္းကိုသာဆက္လက္အသုံးျပဳေနၾကဆဲျဖစ္သည္။ ထိုအထဲတြင္ 'ဧကရာဇ္ဖ်င္၏ (၃၁) ႏွစ္ေျမာက္ႏွစ္' သည္ကား အေရးႀကီးေသာႏွစ္တစ္ႏွစ္ျဖစ္ခဲ့သည္။ သမိုင္းအေထာက္အထားမွတ္တမ္းမ်ားအရ ထိုႏွစ္တြင္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးကာစျဖစ္ေသာ ဧကရာဇ္ငယ္ေလးမွာ လူမ်ိဳးစုမ်ားႏွင့္မ်ိဳးႏြယ္စုမ်ားအားလုံးကို တသားတည္းျဖစ္ေအာင္ေပါင္းစည္းနိုင္ခဲ့ေသာႏွစ္ျဖစ္သည္။ သဲမႈန္သဲပြင့္မ်ားပမာ ကစဉ့္ကလ်ားျပန႔္ႀကဲေနေသာ လူေပါင္းမ်ားစြာမွာ အုပ္ခ်ဳပ္စိုးစံသူအသစ္တစ္ဦး၏႐ြက္ဖ်င္တဲေအာက္ေျခတြင္လာေရာက္စုစည္းခဲ့ၾကေလသည္။ သို႔ျဖစ္ရာ ထိုအခ်ိန္ကာလသည္ကား ကိုးျပည္ေထာင္စစ္ပြဲႀကီးျဖစ္ပြားေနစဥ္အတြင္း၌ အေျခအေနမ်ားကိုေျပာင္းျပန္လွန္ပစ္နိုင္ခဲ့သည့္ အလွည့္အေျပာင္းမွတ္တစ္ခုျဖစ္ခဲ့သည္။

သမိုင္းမွတ္တမ္းမ်ားဟူသည္ ဘာေတြျဖစ္ခဲ့သလဲဆိုတာကိုသာမွတ္တမ္းတင္ထားၾကတာျဖစ္ၿပီး မည္သို႔မည္ပုံျဖစ္ပ်က္ခဲ့သလဲဆိုသည့္အေၾကာင္းမ်ားကိုမူ ေရးသားထားျခင္းမရွိၾကပါေခ်။ ႐ႊမ္းက်ီးမွာ ယခင္တုန္းက ထိုစာပိုဒ္ကိုဖတ္ခဲ့စဥ္ဝယ္ မည္မွ်ပင္အႀကိမ္ေပါင္းမ်ားစြာဖတ္ရႈခဲ့ေစကာမူ ဇေဝဇဝါျဖစ္ေနရသည္ပင္။ ေၾကာ္ျငာလုပ္ငန္းမ်ားလည္းမရွိ၊ ျပန္ၾကားဆက္သြယ္ေရးလုပ္ငန္းမ်ားလည္းမရွိေသာ ထိုကဲ့သို႔ႏွစ္ကာလမ်ိဳး၌ အသက္ (၁၈) ႏွစ္သာရွိေသးေသာ လူငယ္ေလးတစ္ေယာက္က လူအမ်ားကို တစုတစည္းတည္းေပါင္းစည္းသြားနိုင္ေအာင္ မည္ကဲ့သို႔မ်ားလုပ္ေဆာင္ခဲ့သလဲဆိုတာကို မေတြးတတ္နိုင္ေအာင္ျဖစ္ခဲ့ရသည္__ဘာပဲျဖစ္ျဖစ္ ထိုအခ်ိန္မတိုင္မီက ၎မွာ မည္သည့္ႀကီးႀကီးမားမားေအာင္ျမင္မႈမ်ိဳးကိုမွ စြမ္းေဆာင္နိုင္ခဲ့ဖူးပုံမရပါေခ်။

ယခုအခ်ိန္မွသာလွ်င္ ႐ႊမ္းက်ီးတစ္ေယာက္ ႐ုတ္တရက္ ဉာဏ္အလင္းပြင့္သြားရွာေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဩဇာတိကၠမႀကီးမားေသာ နတ္ဆရာမ်ားက သူ႕ဘက္တြင္ရပ္တည္ေပးခဲ့ေသာေၾကာင့္ျဖစ္သည္။

နတ္ဆရာမ်ိဳးႏြယ္စုသည္ကား လွ်ို႔ဝွက္ဆန္းၾကယ္လွသလို အစြမ္းပကားႀကီးမားၿပီး ကမာၻေလာကႀကီးအတြင္းရွိလူသားမ်ားႏွင့္ ေပါင္းသင္းဆက္ဆံျခင္းမျပဳဘဲ သီးျခားစီခြဲထြက္ေနထိုင္ခဲ့ၾကသူမ်ားျဖစ္သည္။ ႐ုတ္ခ်ည္းဆိုသလို ၎တို႔မွာ လူသားမ်ိဳးႏြယ္စုဘက္မွရပ္တည္ကာ ေလသာရာအရပ္ကိုၫႊန္ျပေနေသာ ေလရဟတ္တစ္ခုအျဖစ္ေျပာင္းလဲသြားၾကတာျဖစ္သည္။ ထိုအျဖစ္အပ်က္ကိုေတြ႕ျမင္ရေသာ အျခားမ်ိဳးႏြယ္စုမ်ားအဖို႔ နတ္ဆရာမ်ိဳးႏြယ္စုသည္ကား အတြင္းသတင္းတစ္ခုခုကိုရရွိထားေသာေၾကာင့္သာ ဆုလာဒ္မ်ားကိုေကာက္ယူရိတ္သိမ္းရန္ေနာက္က်ေနမည္ကို အစိုးရိမ္လြန္ကဲေနေသာ ပ်ားအုပ္မ်ားအလား လူသားမ်ား၏ေနာက္သို႔ အလ်င္စလိုလိုက္သြားၾကသည္ဟု ထင္မွတ္ယူသြားၾကေလေတာ့သည္။

အကယ္၍ ထိုအရာမ်ားအားလုံးသည္ကား သန္းလီ၏အႀကံအစည္မ်ားသာျဖစ္ေနခဲ့ပါမူ ထိုဘဒိုကေတာ့ တကယ့္ကိုပင္ IP ရာထူးႏွင့္ ႁခြင္းခ်က္မရွိထိုက္တန္ေသာလူတစ္ေယာက္ပင္ျဖစ္ေပ၏ !

"အားေလာ့က်င္းက မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္ဆက္ခံၿပီးတဲ့ေနာက္မွာ ခင္ဗ်ားတို႔က တစ္ေလွတည္းစီး တစ္ခရီးတည္းသြားေနၾကတဲ့လူေတြအျဖစ္ကေန ဘယ္လိုျဖစ္ၿပီး အခ်င္းခ်င္းျပန္တိုက္ခိုက္ၾကတဲ့အေျခအေနမ်ိဳးေရာက္သြားၾကတာလဲ?"

ထိုစကားကိုၾကားေသာ္ ရွန႔္လင္ယြမ္းက ေခါင္းေမာ့လာကာ အေဝးရွိေကာင္းကင္ယံထက္သို႔ေမာ့ၾကည့္လိုက္သည္။ ေႂကြက်လာေသာၾကယ္တံခြန္တစ္စင္းက ညဉ့္ေကာင္းကင္ယံကို အၾကမ္းပတမ္းစုတ္ၿဖဲခြဲျခမ္းသြားရင္း မိုးကုတ္စက္ဝိုင္းအတြင္းသို႔တိုးဝင္သြားေလေတာ့သည္။ သူတို႔၏အေနာက္ဘက္တြင္ရွိေနသည့္ ျမင္ကြင္းအဖုံဖုံတို႔ကလည္း ေနာက္တစ္ႀကိမ္ေျပာင္းလဲသြားၾကျပန္သည္။

မည္သည့္ပန္းမာလာမ်ိဳးမွ အၿမဲထာဝရပြင့္လန္းေဝဆာနိုင္ျခင္းမရွိသကဲ့သို႔ မည္သည့္ၿငိမ္းခ်မ္းမႈမ်ိဳးမွလည္း အၿမဲထာဝရမတည္တံ့နိုင္ပါေခ်။

သူတို႔ႏွစ္ဦးသည္ကား အႏၲရာယ္အခက္အခဲေပါင္းစုံႏွင့္ရင္ဆိုင္ေတြ႕ႀကဳံရၿပီး လမ္းဆုံးသို႔ေရာက္သြားခ်ိန္တြင္ ညီေနာင္ေကာင္းမ်ားျဖစ္ခဲ့ၾကသည္။ သို႔ေသာ္ ကိုယ္စီကိုယ္ငွအက်ိဳးစီးပြားျဖစ္ထြန္းကာ အင္အားမ်ားျပည့္ဝလာခ်ိန္တြင္မူ ရာထူးအာဏာမ်ားကိုခြဲေဝယူကာ ကိုယ့္လမ္းကိုေလွ်ာက္သြားရမည္သာျဖစ္သည္။ ဤသည္မွာ သဘာဝတရားႀကီး၏ဥပေဒသတစ္ရပ္ပင္တည္း။

ေ႐ြ႕လ်ားလည္ပတ္ေနေသာအခ်ိန္စက္ဝန္းေပါင္းမ်ားစြာက ပရမ္းပတာျဖစ္လို႔ေနခဲ့ေသာ ႏွစ္ကာလမ်ားကဲ့သို႔ပင္ လ်င္ျမန္စြာကုန္ဆုံးလြန္ေျမာက္သြားၾကသည္။ နတ္ဆရာမ်ိဳးႏြယ္စု၏မႏၲန္အစီအရင္မ်ားသည္ကား နက္နဲဆန္းၾကယ္ကာ ခန႔္မွန္းရခက္ခဲလွေသာေၾကာင့္ လူသားမ်ားအတြက္ ထိတ္လန႔္ေၾကာက္႐ြံ႕စရာေကာင္းေသာအရာမ်ားျဖစ္လာခဲ့ေလသည္။ ထို႔ျပင္ အားေလာ့က်င္းမွာလည္း ေခါင္းမာေသာစိတ္ေနသေဘာထားမ်ိဳးရွိသူျဖစ္ၿပီး အျပစ္တင္ခံရျခင္း၊ အရွက္ခြဲေစာ္ကားခံရျခင္းတို႔ကို လက္မခံနိုင္ေသာလူစားမ်ိဳးျဖစ္၏။ ၎မွာ အေသးအဖြဲကိစၥေလးမ်ားကို အေလးမထားေစကာမူ အျခားသူမ်ားက သူ႕ကိုသတိႀကီးစြာထား၍ဆက္ဆံတတ္ၾကသည္ကိုေတာ့ သတိျပဳမိသည္သာျဖစ္သည္။ ေသခ်ာတာကေတာ့ သူကလည္း သူမ်ားတကာထံ အရင္ဦးဆုံးသြားၿပီး ခခယယေပါင္းသင္းမည့္လူစားမ်ိဳးမဟုတ္ေပ။

အားေလာ့က်င္းမွာ ေမြးဖြားလာစဥ္ကတည္းက သူ၏မ်ိဳးႏြယ္စုရွိလူမ်ားထံမွ အလိုလိုက္ခံထားရသူတစ္ေယာက္ျဖစ္သည္။ ၎မွာ ႐ုတ္ခ်ည္းဆိုသလို မ်ိဳးႏြယ္စုတစ္စုလုံး၏နက္ရွိုင္းလွေသာရန္ၿငိဳးအာဃာတမ်ားကိုထမ္းပိုးလိုက္ရေသာအခါဝယ္ အလြန္တရာေလးလံလြန္းသည့္ဖိအားမ်ားေၾကာင့္ သူ႕ေက်ာကုန္းမွာက်ိဳးလုမတတ္ပင္ျဖစ္ေနရွာေတာ့သည္။ ၎မွာ အလြန္အင္မတန္ေခါင္းမာသူတစ္ေယာက္ျဖစ္သည့္အေလ်ာက္ သူ႕အခက္အခဲမ်ားအား အျခားသူမ်ားမေတြ႕မျမင္ေစရန္အလို႔ငွာ ေန႕စဥ္ေန႕တိုင္းလိုလိုပင္ ရဲရင့္ခက္ထန္ေသာမ်က္ႏွာထားမ်ိဳးကို အတင္းအဓမၼလုပ္ယူထားေလေတာ့သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် လူကလည္း မႈန္ကုပ္ကုပ္ေအာက္သိုးသိုးျဖစ္လာကာ မႏွစ္ၿမိဳ႕စရာေကာင္းေသာပုံစံမ်ိဳးေပါက္လို႔လာၿပီး အျခားသူမ်ားႏွင့္လည္း ပို၍ပို၍ေပါင္းသင္းဆက္ဆံရခက္ခဲလာေတာ့သည္။

လူသားမ်ား၏ထူးျခားေသာအရည္အခ်င္းမ်ားတြင္ နိစၥဓူဝအစာအာဟာရမွီဝဲစားေသာက္ျခင္းႏွင့္အညစ္အေၾကးစြန႔္ျခင္းတို႔အျပင္ အတိုင္အေတာထူျခင္းႏွင့္ အခ်င္းခ်င္းရန္တိုက္ေပးၾကျခင္းတို႔လည္းအပါအဝင္ျဖစ္သည္။

လူသားမ်ိဳးႏြယ္စု၏အထူးေဒသထြက္ကုန္မ်ားအနက္ ျပည့္ရွင္ဧကရာဇ္၏အေတြးစိတ္ကူးမ်ားကိုစူးစမ္းအစ္ေအာက္ၾကည့္ကာ အနာက်င္ဆုံးျဖစ္မည့္ေနရာကိုမွေ႐ြး၍ထိုးဆြလာေသာ 'ကလိမ္ကက်စ္တိုင္တန္းခ်က္မ်ား'၊ ေအာ္ႀကီးဟစ္က်ယ္ျဖင့္ ဧကရာဇ္ေျခေတာ္ပါးတြင္ မေသမခ်င္းေခါင္းတိုက္ဦးခိုက္၍ေတာင္းပန္တိုးလွ်ိုးလာသည့္ 'အက်င့္သိကၡာရွိေသာတိုင္တန္းခ်က္မ်ား' စသည္တို႔အျပင္ လူအမ်ားကိုစု႐ုံးကာ အရွင္သခင္ငယ္ေလး၏နား႐ြက္မ်ားေပၚတြင္ အသားမာမ်ားတက္ေလာက္သည္အထိ ဘုရားစာ႐ြတ္ေနသလို မရပ္မနားတတြတ္တြတ္ေျပာဆိုေနေသာ 'သမၼာက်မ္းစာတိုင္တန္းခ်က္မ်ား' စသျဖင့္ ေျမာက္ျမားလွစြာေသာတိုင္တန္းခ်က္ေပါင္းေသာင္းေျခာက္ေထာင္တို႔ေပၚေပါက္လာၾကေလသည္။

သို႔ျဖစ္ရာ ေနာက္ပိုင္းတြင္ 'အားေလာ့က်င္း' ဟူသည့္အမည္နာမကို ထုတ္ေဖာ္ေျပာဆိုလာသည္ႏွင့္တၿပိဳင္နက္ သူ႕စိတ္ထဲတြင္ ႀကီးမားေသာအျပစ္ႀကီးဆယ္ပါးႏွင့္ဆက္စပ္ေနသေယာင္ အေတြးတို႔ကိုအလိုအေလ်ာက္ေပါက္ဖြားလာေစေတာ့သည္။

"ပိရွ! နတ္ဆရာမ်ိဳးႏြယ္စုက ကြၽန္ေတာ္မ်ိဳးတို႔ရဲ႕အခ်ဳပ္အျခာအာဏာလက္ေအာက္ခံနယ္ေျမေဒသတစ္ခုသာျဖစ္ပါတယ္။ အဲဒီမ်ိဳးႏြယ္စုေခါင္းေဆာင္ အားေလာ့က်င္းဟာ အရွင္မင္းႀကီးရဲ႕အမည္နာမေတာ္အျပည့္အစုံကို ေခၚခ်င္သလိုေခၚေဝၚေျပာဆိုေနၿပီး အရွင္မင္းႀကီးအေပၚမွာ ၾကည္ညိုေလးစားမႈမရွိဘဲ ယဥ္ေက်းမႈမရွိစြာျပဳမူဆက္ဆံေနပါတယ္။ ဒါက ဘယ္လိုမွကိုသင့္ေတာ္ေလ်ာ္ကန္မႈမရွိတဲ့အျပဳအမူျဖစ္ပါတယ္ ဘုရား!"

ရွန႔္လင္ယြမ္းသည္ကား အၿပဳံးမ်က္ႏွာဖုံးကိုတပ္ဆင္ထားေသာက်ားရိုင္းတစ္ေကာင္ျဖစ္ေစကာမူ ၎မွာ အသက္အ႐ြယ္အားျဖင့္အလြန္တရာငယ္႐ြယ္ႏုနယ္ေသးသည့္အေလ်ာက္ သူ႕အစြယ္မ်ားကိုသိမ္းဆည္းထားနိုင္စြမ္းမရွိဘဲ ေခါင္းမာၿပီးတဇြတ္ထိုးဆန္စြာလုပ္ေဆာင္တတ္ေလသည္။ သူက အႏွီအက်ိဳးအေၾကာင္းမဆီေလ်ာ္ေသာျပစ္တင္စြပ္စြဲခ်က္မ်ားကိုၾကားေသာအခါ ခ်က္ခ်င္းပင္ အၿပဳံးပန္းတစ္ပြင့္ကိုဆင္ျမန္းလ်က္တုံ႕ျပန္လိုက္သည္၊

"ငါကိုယ္ေတာ္ရဲ႕အမည္ရင္းက *'ကိုရွန႔္' မွမဟုတ္တာပဲ၊ အမ်ားျပည္သူေရွ႕မွာ စိတ္ႀကိဳက္ေခၚေဝၚလို႔ရနိုင္တဲ့ အမည္နာမတစ္ခုပဲေလ၊ သူတို႔က ကိုယ္ေတာ့္ကို အဲဒီနာမည္အတိုင္းေခၚေဝၚေျပာဆိုဖို႔ဆႏၵရွိေနသေ႐ြ႕ကေတာ့ ကိုယ္ေတာ္ကလည္း သူတို႔ကိုတုံ႕ျပန္ေျဖၾကားေတာ္မူမွာပါပဲေလ"

(*ကိုရွန႔္--- ဆိုတဲ့အမည္ကို တိုက္ရိုက္အဓိပၸာယ္ဘာသာျပန္ရရင္ 'ေခြးစာအႂကြင္းအက်န္' ေတြလို႔အဓိပၸာယ္ရပါတယ္။ အေတာ့္ကိုနိမ့္က်ၿပီး ရိုင္းစိုင္းတဲ့နာမည္အသုံးအႏႈန္းပါ၊ ပုံမွန္အားျဖင့္ ေမြးကင္းစကေလးငယ္ေတြကို သရဲတေစၦရန္မွ ကာကြယ္ဖို႔အတြက္ဆိုၿပီးေပးေလ့ရွိတဲ့နာမည္မ်ိဳးပါ။ ဒီေနရာမွာ မႉးမတ္ဝန္ႀကီးေတြဆိုလိုတဲ့သေဘာက မင္းဧကရာဇ္ရဲ႕အမည္နာမေတာ္ကိုအျပည့္အစုံေခၚေဝၚေျပာဆိုျခင္းဟာ ဧကရာဇ္ကိုျပစ္တင္ေဝဖန္ရႈံ႕ခ်သလိုမ်ိဳးကို သင့္ေတာ္မႈမရွိတဲ့စကားအသုံးအႏႈန္းျဖစ္တယ္လို႔ ေျပာခ်င္ၾကတာပါ)

"ပိရွ! မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္သူဟာ ေသရည္ေသရက္အလြန္အကြၽံေသာက္သုံးၿပီး အရာခံအမႈထမ္းမ်ားကိုလည္း ႏႈတ္မွညစ္ညမ္းရိုင္းပ်ေသာစကားမ်ားျဖင့္ အထိန္းအကြပ္မဲ့စြာေျပာဆိုခဲ့ပါတယ္ ဘုရား!"

ေသရည္မူးတာကေတာ့ ထားလိုက္ပါေတာ့ေလ။ သို႔ေသာ္ ညစ္ညမ္းရိုင္းပ်တဲ့စကားကိုေျပာဆိုတယ္တဲ့လား? အႏွီစကားကိုၾကားေသာ္ ဧကရာဇ္ငယ္ေလး၏မ်က္ဝန္းမ်ားက အလိုအေလ်ာက္တြန႔္ခနဲျဖစ္သြားေလ၏။ သူက လက္ေခ်ာင္းေလးမ်ားတေထာင္ေထာင္ျဖင့္ ေရတြက္ၾကည့္လိုက္ေသာ္ျငား သူ၏ 'အရာခံအမႈထမ္း' မ်ားထဲတြင္ ညစ္ညမ္းရိုင္းပ်ေသာစကားမ်ားကိုေျပာဆိုခံရေလာက္သည္အထိ လိင္ပိုင္းဆိုင္ရာဆြဲေဆာင္နိုင္စြမ္းရွိသူ ဘယ္ႏွေယာက္ေလာက္မ်ားရွိေနသလဲဆိုတာကို ေရတြက္လို႔မရနိုင္ခဲ့ပါေခ်။ သို႔ႏွင့္ သူက လိမၼာပါးနပ္စြာသာျပန္လည္တုံ႕ျပန္မိန႔္ၾကားလိုက္သည္။

"အဲ့သလိုေစာ္ကားေမာ္ကားေျပာဆိုခံရတဲ့သူေတြကို ငါကိုယ္ေတာ္ အားေပးႏွစ္သိမ့္ေတာ္မူလိုက္ပါ့မယ္ေလ။ ဒါေပမဲ့ အားေလာ့က်င္းက ေသရည္မူးေနတယ္ဆိုၿပီး သူ႕အေပၚမွာအခြင့္အေရးယူဖို႔ေတာ့မႀကံစည္ၾကေလနဲ႕"

"ပိရွ! နတ္ဆရာလူငယ္ေလးတစ္ဦးဟာ မိစာၦအစီအရင္ကိုသုံးၿပီး သမားေတာ္က်န႔္ရဲ႕သားျဖစ္သူကို ထိခိုက္ေအာင္လုပ္ခဲ့ပါတယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္သူ အားေလာ့က်င္းဟာ တရားမွ်တမႈရွိစြာေျဖရွင္းေပးရမယ့္အစား ခြင့္မလႊတ္နိုင္စရာေကာင္းေလာက္ေအာင္ ပိုၿပီးဆိုးဝါးရိုင္းစိုင္းတဲ့စကားေတြကိုေတာင္မွ ႐ုန႔္ရင္းၾကမ္းတမ္းစြာေျပာဆိုလိုက္ပါေသးတယ္ ဘုရား!"

ဤကိစၥကေတာ့ အေသအခ်ာအေလးအနက္ထားၿပီးကိုင္တြယ္ေျဖရွင္းရမည့္ျပႆနာျဖစ္ေၾကာင္း ရွန႔္လင္ယြမ္းသေဘာေပါက္ပါ၏။ ထို႔ေနာက္တြင္ေတာ့ သူက ျပႆနာရွာေသာေကာင္စုတ္ေလးႏွင့္ သူ၏ျပႆနာရွာတတ္ေသာေခါင္းေဆာင္ျဖစ္သူတို႔ႏွစ္ေယာက္စလုံးအား ဆင့္ေခၚလိုက္ကာ သူတို႔၏လက္ဖဝါးကို တစ္ေယာက္လွ်င္ႀကိမ္ဒဏ္ဆယ္ခ်က္စီရိုက္ႏွက္၍အျပစ္ေပးခဲ့ေလေတာ့သည္။

ႀကိမ္ဒဏ္ေပးၿပီးသည့္ေနာက္မွာေတာ့ သူက အားေလာ့က်င္းကို သီးျခားေခၚေတြ႕ကာ ျပန္လည္ေခ်ာ့ျမဴႏွစ္သိမ့္ေပးခဲ့သည္။ ထိုေန႕မွာ တိုက္တိုက္ဆိုင္ဆိုင္ပင္ နတ္ဆရာမ်ိဳးႏြယ္စု၏ တစ္ႏွစ္တစ္ခါက်င္းပေလ့ရွိေသာ 'အပႏွင္သည့္ပြဲေတာ္ရက္' အခ်ိန္အခါျဖစ္ေနသည္။ ထိုေန႕ညအခါသမယတြင္ နတ္ဆရာမ်ိဳးႏြယ္စုရွိကေလးသူငယ္မ်ားသည္ကား သူတို႔၏မ်က္ႏွာထက္တြင္ သစ္သားမ်က္ႏွာဖုံးမ်ားကိုတပ္ဆင္ထားၾကရင္း လက္ထဲတြင္ဖေယာင္းတိုင္ဆီမီးမ်ားကိုကိုင္ေဆာင္ကာ သူတို႔၏ဖခင္ျဖစ္သူႏွင့္အစ္ကိုေတာ္မ်ား၏ဦးေဆာင္မႈလိုက္သို႔လိုက္ရင္း ကမာၻေျမေပၚသို႔ထြန္းလင္းျဖာက်လ်က္ရွိေနေသာ ေသာ္တာလေရာင္ျခည္ေအာက္ဝယ္ ေနရာအႏွံ႕အျပားသို႔လွည့္ပတ္ေလွ်ာက္သြားၾကေလ့ရွိသည္။ ႏႈတ္မွလည္း အပႏွင္သည့္ေတးသီခ်င္းမ်ားကိုသီဆိုၾကရင္း ေတာင္အရပ္မွေျမာက္အရပ္ထိတိုင္ေအာင္ လွည့္လည္သြားလာၾကကာ လာမည့္ႏွစ္အတြင္း ေအးခ်မ္းသာယာၿပီး အနာေရာဂါဘယမ်ားကင္းရွင္းပါေစေၾကာင္း ေတာင္းဆုျပဳၾကေလသည္။ အားေလာ့က်င္းမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ေနရာကိုဆက္ခံၿပီးသည့္ေနာက္၌ ၎မွာ ငယ္႐ြယ္ေသာဆယ္ေက်ာ္သက္လူငယ္ေလးတစ္ေယာက္ပင္ျဖစ္ေနဆဲျဖစ္သည့္တိုင္ေအာင္ လူႀကီးတစ္ေယာက္လိုမ်ိဳးဆက္ဆံခံခဲ့ရသည္။ သို႔ျဖစ္ရာ ၎မွာ သစ္သားမ်က္ႏွာဖုံးကိုေနာက္တစ္ႀကိမ္တပ္ဆင္ခြင့္မရခဲ့ရွာပါေခ်။ သို႔ႏွင့္ သူ၏အစ္ကိုေတာ္ျဖစ္သူတျဖစ္လဲ လူသားမင္းဧကရာဇ္ငယ္ေလးသည္ကား မ်က္ႏွာဖုံးတစ္ခုကို သူ႕လက္ျဖင့္ကိုယ္တိုင္ကိုယ္က်ထြင္းဆစ္ျပဳလုပ္ေပးခဲ့သည့္အျပင္ အားေလာ့က်င္းအား သာမန္ထသြားထလာအဝတ္အစားမ်ားကိုလဲလွယ္ဝတ္ဆင္ေစၿပီးသကာလဝယ္ ဆီမီးဖေယာင္းတိုင္မ်ားထိန္ထိန္ညီးေနေအာင္ထြန္းညွိထားသည့္ သုံးမိုင္မွ်ရွည္လ်ားေသာ နတ္ဆရာတို႔၏လမ္းတစ္ေလွ်ာက္ အေဖာ္ျပဳေလွ်ာက္လည္ေပးခဲ့ေလသည္။ ထို႔ေနာက္ လုပ္ကိုင္ေဆာင္႐ြက္စရာကိစၥဝိစၥမ်ားေပၚေပါက္လာေသာေၾကာင့္ သူ႕အားလာေရာက္ပင့္ေဆာင္ေသာအခါမွသာ ျပန္သြားခဲ့တာျဖစ္သည္။

"ပိရွ! အဲဒီအားေလာ့က်င္းဟာ တပ္တြင္းအမိန႔္ေတာ္ကိုနာခံရန္ျငင္းဆိုခဲ့ၿပီး လက္ေအာက္ခံအျဖစ္ဝင္ေရာက္လာတဲ့ၿမိဳ႕ေတာ္အတြင္းကလူေတြကို အျမစ္ျဖတ္သုတ္သင္ေခ်မႈန္းဖို႔ အတင္းအဓမၼလုပ္ေဆာင္ေနပါတယ္ ဘုရား! ရန္သူေတြက အေစာႀကီးကတည္းက လက္နက္ခ်အညံ့ခံၿပီးပါၿပီ။ ဒီလုပ္ေဆာင္ခ်က္က မိုးေကာင္းကင္နဲ႕ေျမႀကီးရဲ႕အလိုဆႏၵကိုဆန႔္က်င္ေနတဲ့အျပင္ အကယ္၍ ကြၽန္ေတာ္မ်ိဳးတို႔ဟာ ဒီလိုနာမည္ဂုဏ္သတင္းမ်ိဳးနဲ႕ေက်ာ္ေဇာသြားမယ္ဆိုရင္ တစ္ဖက္ရန္သူေတြကလည္း ေနာက္ဆိုရင္ ကြၽန္ေတာ္မ်ိဳးတို႔နဲ႕ေဆြးေႏြးညွိႏွိုင္းပြဲေတြ မျပဳလုပ္ေတာ့မွာကို စိုးထိတ္မိလွေၾကာင္းပါ ဘုရား၊ သည္အတိုင္းသာဆိုလွ်င္ ကြၽန္ေတာ္မ်ိဳးတို႔ဘက္ကေန အခ်ည္းႏွီးအသက္ဆုံးရႈံးရမယ့္ စစ္သည္ေတာ္အေရအတြက္ ဘယ္ေလာက္ေတာင္ရွိပါလိမ့္မလဲ ပိရွ!"

'တစ္ၿမိဳ႕လုံးကို အျမစ္ျဖတ္သုတ္သင္ေခ်မႈန္းသည္' ဟူသည့္စကားကိုၾကားလိုက္ရခ်ိန္မွာေတာ့ ဝါးပုရပိုက္ေလးကိုငုံ႕၍ဖတ္ရႈေနေသာ ရွန႔္လင္ယြမ္းတစ္ေယာက္ေခါင္းေမာ့လာကာ သူ႕ေရွ႕ေမွာက္တြင္ဒူးေထာက္ခစားလ်က္ရွိေနေသာ လူသားမ်ိဳးႏြယ္စု၏စစ္သူႀကီးကိုေမာ့ၾကည့္လာခဲ့သည္။ သည္တစ္ႀကိမ္မွာေတာ့ သူက တခဏမွ်ႏႈတ္ဆိတ္ေနခဲ့ၿပီးေနာက္ ေနာက္ဆုံးတြင္ ေရ႐ြတ္မိန႔္ၾကားေတာ္မူလိုက္သည္။

"အားေလာ့က်င္းကို ျပန္ေခၚလာခဲ့ေခ်"

လူသားစစ္သူႀကီးမွာ အားေလာ့က်င္းေၾကာင့္ စုံလုံးကန္းေနခဲ့ေသာ ဧကရာဇ္ငယ္ေလးသည္ကား ေနာက္ဆုံး၌ အသိဉာဏ္ပြင့္ကာအျမင္မွန္ရသြားၿပီဟု ထင္မွတ္လ်က္ ေမွ်ာ္လင့္တႀကီးျဖင့္ေခါင္းေထာင္လို႔လာသည္။

သို႔ရာတြင္ ရွန႔္လင္ယြမ္းက စုတ္တံကို ေဒါက္ခနဲျမည္ေအာင္ေနရာခ်လိဳက္ၿပီး သူ႕ထံမွ ခပ္တိုးတိုးေျပာလာေသာစကားသံကိုသာၾကားလိုက္ရေလ၏။

"ဒီကိစၥကို လူသိရွင္ၾကားမျဖစ္ေစနဲ႕။ အျပင္လူေတြကိုေတာ့....အျပင္လူေတြကိုေတာ့ ဒီလိုပဲေျပာလိုက္....ၿမိဳ႕ကိုေစာင့္ၾကပ္ေနၾကတဲ့ မိစာၦေတြက အညံ့ခံအရႈံးေပးခ်င္ေယာင္ေဆာင္ခဲ့ၾကတယ္၊ သူတို႔ရဲ႕ကလိမ္ကက်စ္အႀကံအစည္ေတြကို အားေလာ့က်င္းက သိရွိသြားတာမို႔ တျခားသူေတြကို နမူနာျပၿပီးသတိေပးတဲ့အေနနဲ႕ သူတို႔ကိုသတ္ပစ္လိုက္တာလို႔ ေျပာလိုက္"

လူသားစစ္သူႀကီး၏မ်က္ႏွာတျပင္လုံးမွာ အစိမ္းေရာင္သန္းသြားေလေတာ့သည္။

"ၿပီးေတာ့ လက္နက္ခ်အညံ့ခံလာတဲ့ ေသြးေႏွာမိစာၦေကာင္ေတြနဲ႕ပတ္သက္လို႔ကေတာ့....."

ဧကရာဇ္ငယ္ေလးသည္ကား ေဒါသတေထာင္းေထာင္းထြက္ေနၿပီျဖစ္ေသာ သူ႕အရာရွိ၏မ်က္ႏွာရိပ္မ်က္ႏွာကဲကိုသတိထားမိျခင္းမရွိဘဲ ေလးလံေသာႏွလုံးအိမ္ျဖင့္ ဆက္လက္မိန႔္ၾကားေတာ္မူေနသည္။

"ငါကိုယ္ေတာ္ သူတို႔ကို ကာကြယ္ေစာင့္ေရွာက္ေပးမယ္လို႔ကတိေပးေတာ္မူတယ္....ဒါေပမဲ့ သူတို႔ေတြဟာ မိစာၦမ်ိဳးႏြယ္စုေတြဆီကေန အသိအမွတ္ျပဳလက္ခံတာကိုမခံရေပမယ့္လည္း မိစာၦေသြးတစ္ဝက္ပါတဲ့သူေတြျဖစ္ေနတုန္းပဲ။ အကယ္၍ သူတို႔ေရာက္လာတဲ့အခါက်ရင္ အထူးတလည္သတိထားၿပီးဆက္ဆံရမယ္။ အထူးသျဖင့္ ဒီအေၾကာင္းကို နတ္ဆရာမ်ိဳးႏြယ္စုကလူေတြကို မသိေစနဲ႕"

လာေရာက္အစီရင္ခံေသာ စစ္သူႀကီးမွာ ေျခေထာက္ကိုေဆာင့္ကာ သူ႕ရင္ဘတ္ကိုသူ ေဒါသတႀကီးရိုက္ပုတ္လိုက္ရွာသည္။ အႏွီအရွင္သခင္ငယ္ေလးသည္ကား မိစာၦအစီအရင္မ်ားျဖင့္လွည့္စားခံေနရၿပီဟု သေဘာထားလိုက္ၿပီးသကာလဝယ္ ၎မွာ ပူေဖာင္းတစ္လုံးလို ဆူပုတ္ေဖာင္းပြေနေသာမ်က္ႏွာထားကိုသယ္ေဆာင္ရင္း စိတ္ဆိုးမာန္ဆိုးျဖင့္ျပန္လွည့္ထြက္သြားေလေတာ့သည္။

႐ႊမ္းက်ီးသည္ကား ေဘးတြင္လက္ပိုက္ရပ္ၾကည့္ေနသူတစ္ဦးသာျဖစ္ေသာ္လည္း သည္တစ္ႀကိမ္တြင္ေတာ့ ဘာရယ္ေၾကာင့္မွန္းမသိဘဲ အားေလာ့က်င္းအား လာေရာက္တိုင္တန္းေသာ္လည္း အႀကိမ္တိုင္းအရႈံးမ်ားတေပြ႕တပိုက္ျဖင့္သာေနာက္ျပန္လွည့္သြားခဲ့ရရွာေသာ လူသားမႉးမတ္ဝန္ႀကီးမ်ား၏ေနရာသို႔အစားဝင္ကာ ခံစားေနမိသည္။ ႐ုတ္တရက္ သူ႕စိတ္ထဲတြင္ သုန္မႈန္ထိုင္းမွိုင္းလာသလို ခံစားလိုက္ရသည္။

"သူက ဘာျဖစ္လို႔ ဒီေလာက္ေတာင္ ဘက္လိုက္ေနရတာလဲ?"

ထို႔ေနာက္မွာေတာ့ ႐ုတ္တရက္သတိျပန္ကပ္လာကာ ထိုကဲ့သို႔ေလးလံထိုင္းမွိုင္းေနသည့္ခံစားခ်က္မ်ားမွာ ဘာေၾကာင့္မွန္းမသိဘဲ ထူးဆန္းေနေၾကာင္းေတြးလိုက္သည္။

"ဒါေပမဲ့ အဲဒါက ငါနဲ႕ဘာဆိုင္လို႔လဲ?"

ရွန႔္လင္ယြမ္းမွာ ငယ္စဥ္ကတည္းက သူလုပ္ခ်င္တာမွန္သမွ်ကို ကိုယ့္အားကိုယ္ကိုးကာလုပ္ေဆာင္ခဲ့ရသူျဖစ္သလို သူ႕လမ္းသူေဖာက္ခဲ့ရျခင္းတို႔ကိုက်င့္သားရေနၿပီျဖစ္သည္။ မင္းဧကရာဇ္ျဖစ္လာေသာအခါတြင္လည္း သူ၏ပုံစံအတိုင္းေခါင္းမာမာႏွင့္ပင္ သူလုပ္ခ်င္ရာမွန္သမွ်ကိုလုပ္ခဲ့တာခ်ည္းျဖစ္သည္။ သို႔ျဖစ္ရာ ၎မွာ အစပိုင္းတြင္ သူ၏ေခါင္းမာၿပီး ဘက္လိုက္တတ္ေသာစိတ္ေနစိတ္ထားေၾကာင့္ မည္သို႔ေသာေနာက္ဆက္တြဲအက်ိဳးဆက္မ်ားျဖစ္ေပၚလာမည္ဆိုတာကို နားမလည္ခဲ့ပါေခ်။ ေနာက္ဆုံး သူသေဘာေပါက္နားလည္သြားခ်ိန္မွာေတာ့ အခါေႏွာင္းသြားၿပီျဖစ္သည္။

"သန္းလီက ငါ့ကို ႏွစ္ႀကိမ္တိုင္တိုင္သတိေပးခဲ့တယ္"

ရွန႔္လင္ယြမ္းက စိတ္တိုင္းမက်ေသာမ်က္ဝန္းမ်ားျဖင့္ ရိုးအၿပီးငယ္႐ြယ္ႏုနယ္ေသးေသာ သူ႕ကိုယ္သူျပန္ၾကည့္လိုက္သည္။

"သူ ပထမအႀကိမ္ေျပာခဲ့တာက ငါက နတ္ဆရာမ်ိဳးႏြယ္စုအေပၚမွာ ေပးကမ္းတာေတြသိပ္မ်ားေနၿပီတဲ့၊ ငါ သူ႕စကားကိုနားမေထာင္ခဲ့ဘူး။ ဒုတိယအႀကိမ္က်ေတာ့ မိစာၦေတြအေပၚမွာဆက္ဆံတဲ့ အားေလာ့က်င္းရဲ႕အျပဳအမူေတြဟာ သိပ္ကိုအစြန္းေရာက္လြန္းေနၿပီဆိုတဲ့အေၾကာင္းကို သူထပ္ေျပာခဲ့တယ္။ အဲဒီစိတ္ထားက စစ္ပြဲျဖစ္ပြားေနခ်ိန္မွာေတာ့ ေကာင္းသလိုလိုရွိေပမယ့္ ေနာင္အနာဂတ္မွာ စစ္ပြဲေတြရပ္တန႔္ၿပီးဆုံးသြားခ်ိန္က်ရင္ ေဘးအႏၲရာယ္ကပ္ဆိုးေတြရဲ႕အေၾကာင္းရင္းခံျဖစ္လာနိုင္တယ္လို႔ေျပာခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ငါက 'သူ႕ဖခင္ျဖစ္သူကို သတ္သြားတဲ့ရန္သူေတြအေပၚမွာ ဘယ္လိုလုပ္ၿပီး စိတ္ေအးေအးခ်မ္းခ်မ္းထားနိုင္မွာလဲ' လို႔ေတြးခဲ့ၿပီး သူ႕စကားကိုအေရးတယူမလုပ္ခဲ့ေသးဘူး"

"ဒါေပမယ့္ မိစာၦမ်ိဳးႏြယ္စုေတြက တစ္အုပ္စုတည္းရွိတာမွမဟုတ္တာ"

႐ႊမ္းက်ီးက စစ္ပြဲမ်ားျဖစ္ပြားေနသည့္အေၾကာင္းရင္းမ်ားကို ရင္းႏွီးေနသည့္ဟန္ျဖင့္ အမွတ္မထင္ အလိုအေလ်ာက္တုံ႕ျပန္ေျပာဆိုလိုက္သည္။

"ပ်ံသန္းနိုင္တဲ့သားရဲသတၱဝါေတြနဲ႕ ေျမျပင္ေပၚမွာပဲလမ္းေလွ်ာက္တတ္တဲ့သားရဲသတၱဝါေတြၾကားမွာေတာင္ ကြဲျပားျခားနားမႈေတြရွိၾကတာပဲေလ။ တခ်ိဳ႕မိစာၦေတြက မိစာၦဘုရင္ရဲ႕ေနာက္ကိုလိုက္ၿပီး စစ္ပြဲကိုတိုက္ခိုက္ဆင္ႏႊဲဖို႔ဆႏၵရွိၾကေပမယ့္ တခ်ိဳ႕ကေတာ့ အေစာႀကီးကတည္းက ကန႔္ကြက္ခဲ့ၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ကာလရွည္ၾကာၿပီး မၿပီးနိုင္မစီးနိုင္ျဖစ္ေနတဲ့စစ္ပြဲေတြၾကားမွာ ၿငီးေငြ႕ပင္ပန္းၿပီးေျခကုန္လက္ပန္းက်လာတဲ့ေနာက္ နက္ရွိုင္းတဲ့ေတာအုပ္ေတြထဲမွာပဲ လူမသိသူမသိသြားေရာက္ေနထိုင္ခ်င္ၾကေတာ့တယ္။ ေနာက္ၿပီး မိစာၦမ်ိဳးႏြယ္စုရဲ႕အသိအမွတ္ျပဳျခင္းကိုမခံရတဲ့ ေသြးေႏွာမိစာၦေတြလည္းရွိေသးတယ္__ဒီလိုနဲ႕ ေနာက္ဆုံးမွာ မိစာၦအမ်ားအျပားနဲ႕ေသြးေႏွာမိစာၦေတြအားလုံးဟာ လူသားမ်ိဳးႏြယ္စုဘက္ကိုေရာက္လာခဲ့ၾကတယ္။ ဒီလိုအေထာက္အပံ့ေတြက ခင္ဗ်ားလိုခ်င္ခဲ့တဲ့အေထာက္အပံ့ေတြပဲမဟုတ္လား။ ဒါေပမဲ့ အားေလာ့က်င္းအေနနဲ႕ကေတာ့ ဒါကိုလက္ခံနိုင္ဖို႔ခက္ခဲခဲ့တယ္"

အားေလာ့က်င္းသည္ကား ဘယ္ေသာအခါကမွႀကီးျပင္းမလာခဲ့သူျဖစ္သည္။ သူ၏ကမာၻတြင္ အျဖဴမဟုတ္လွ်င္ အမည္းသာရွိခဲ့တာျဖစ္သည္။

"ငါတို႔ဆီ လက္နက္ခ်အညံ့ခံလာတဲ့ ေသြးေႏွာမိစာၦေတြအတြက္ ေနထိုင္စရာေနရာတစ္ေနရာဖန္တီးေပးဖို႔ '၁၃ ခုေျမာက္နယ္ေျမ' ကို ဖြဲ႕စည္းတည္ေထာင္ဖို႔အမိန႔္ေပးခဲ့တယ္__ေနာက္ပိုင္းမွာ 'ခ်င္းဖ်င္ျပည္နယ္' ဆိုၿပီးျဖစ္လာမယ့္ေနရာေပါ့။ ငါက အဲဒီေနရာကိုတည္ေထာင္တုန္းက အားေလာ့က်င္းကိုအသိမေပးခဲ့ဘူး။ ဒါေပမဲ့ သူ႕ကိုေသေစခ်င္ေနတဲ့လူေတြကမ်ားေနေတာ့ သိပ္မၾကာခင္မွာပဲ အဲဒီသတင္းကေပါက္ၾကားသြားခဲ့တယ္။ အားေလာ့က်င္းက အဲဒီသတင္းကိုလည္းၾကားေရာ ေရွ႕တန္းကေနခြင့္မေတာင္းဘဲအေျပးအလႊားျပန္ေရာက္ခ်လာၿပီး ငါ့ကိုေဒါသတႀကီးလာရန္ေတြ႕ေတာ့တာပဲ"

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာကတိေပးထားခဲ့လဲ? ကြၽန္ေတာ့္ကို ဘယ္လိုကတိေတြေပးထားခဲ့တာလဲလို႔! ခင္ဗ်ားေျပာေတာ့ ကြၽန္ေတာ့္အတြက္လက္စားေခ်ေပးမယ္ဆို၊ အခုက်ေတာ့ အဲဒီသတၱဝါေကာင္ေတြနဲ႕ ေပ်ာ္ေပ်ာ္ပါးပါးႀကီးစားလိုက္ေသာက္လိုက္လုပ္ေနတယ္ေပါ့ေလ? ခင္ဗ်ားက လူလိမ္ပဲ!"

အားေလာ့က်င္းသည္ကား အမွန္တကယ္ကိုပင္ အလိုလိုက္ခံထားရ၍ဆိုးသြမ္းေနေသာေကာင္ေလးတစ္ေယာက္သာျဖစ္သည္။ အႏွီသူသည္ကား အျခားသူမ်ားအတြက္မူ လူသားဧကရာဇ္တစ္ပါးျဖစ္သည့္တိုင္ေအာင္ သူ႕အတြက္မွာေတာ့ သူႏွင့္အတူႀကီးျပင္းလာခဲ့ေသာ အစ္ကိုေတာ္တစ္ဦးအျဖစ္သာ တစ္ခ်ိန္လုံးသေဘာထားေနခဲ့ၿပီး သူကိုယ္တိုင္ကပင္ အျခားသူမ်ားကဲ့သို႔ 'ပိရွ' ဟု ႏႈတ္မွေခၚေဝၚသုံးႏႈန္းရသည့္တိုင္ေအာင္ သူ႕ထံတြင္ ကေလးတစ္ေယာက္၏စိတ္ထားမ်ိဳးသာရွိေနခဲ့တာျဖစ္ၿပီး ထိုဘြဲ႕ေတာ္ကို အေလးအနက္မထားပါေခ်။

အကယ္၍ ၎မွာ မိမိ၏အစ္ကိုေတာ္ျဖစ္သူကို ေအာ္ႀကီးဟစ္က်ယ္စကားမ်ားရန္ေတြ႕ျခင္းျပဳလုပ္ခဲ့ပါက အလြန္ဆုံးအေနျဖင့္ နားရင္းႏွစ္ခ်က္ေလာက္အုပ္ခံရ႐ုံသာရွိသည္။ သို႔ေသာ္ ရာႏွင့္ခ်ီေသာမ်ိဳးႏြယ္စုေပါင္းမ်ားစြာအေပၚတြင္ ဩဇာအာဏာလႊမ္းမိုးသူတစ္ဦးျဖစ္ေသာ လူသားဧကရာဇ္အေပၚတြင္မူ စကားကိုလက္လြတ္စပယ္မဆင္မျခင္ေျပာဆိုျခင္းသည္ကား ရိုင္းပ်ေစာ္ကားေသာအျပဳအမူျဖစ္ေလသည္။

ရွန႔္လင္ယြမ္းသည္ကား သူ႕အေပၚတြင္ မည္သို႔မွသေဘာထားျခင္းမရွိတာကလည္း အံ့ဩစရာအေၾကာင္းမရွိေပ။ သို႔ေသာ္ ဤကဲ့သို႔ေသာ အေရးႀကီးသည့္အခ်ိန္အခါမ်ိဳးတြင္ သူအေလးအနက္ထားၿပီး ဂ႐ုတစိုက္ေဆာင္႐ြက္ရမည့္ကိစၥေပါင္းမ်ားစြာရွိေနသည္။ ၎မွာ လူသားဧကရာဇ္တစ္ပါး၏ဂုဏ္သိကၡာကိုထိန္းသိမ္းရန္လိုေသးသည္၊ သို႔မဟုတ္ပါက သူ၏စစ္သည္တပ္ဖြဲ႕မ်ားကိုဦးေဆာင္နိုင္လိမ့္မည္မဟုတ္ပါေခ်။ သို႔ျဖစ္ရာ အျခားသူမ်ားက ဘာေတြျဖစ္လို႔ျဖစ္ေနမွန္းေသခ်ာမသိလိုက္ရေသးခင္မွာပင္ သူ႕ကိုေအာ္ႀကီးဟစ္က်ယ္ရန္လာေတြ႕ေသာ အားေလာ့က်င္းကို ေမွာင္မည္းေနေသာတဲကုပ္ေလးတစ္ခုထဲတြင္ ဖမ္းဆီးထိန္းသိမ္းထားလိုက္ေလေတာ့သည္။ သူက ညဘက္လူေျခတိတ္သည့္အခ်ိန္သို႔ေရာက္ေသာအခါမွသာလွ်င္ 'ပိရွ' ဟူသည့္ခ်ပ္ဝတ္တန္ဆာကို ေခတၱခဏခြာခြၽတ္ၿပီး 'လင္ယြမ္း' အျဖစ္သို႔ျပန္သြားကာ အားေလာ့က်င္းကို ႏွစ္သိမ့္ေခ်ာ့ေမာ့ရန္ႀကံစည္ထားခဲ့တာျဖစ္သည္။

အားေလာ့က်င္းအား သူႏွင့္ေဝးရာဆီသို႔ ကမန္းကတန္းပို႔လႊတ္လိုက္ၿပီးေနာက္တြင္မူ ဧကရာဇ္ငယ္ေလးခမ်ာ ေဒါသထြက္လြန္းသျဖင့္ ရင္ဘတ္ပင္ေအာင့္မ်က္လာရေတာ့သည္။ ထိုအခိုက္ ကန႔္လန႔္ကာေနာက္ကြယ္မွပ်ံ့လြင့္ထြက္ေပၚလာသည့္ စကားသံတစ္သံကို သူၾကားလိုက္ရသည္။

"စိတ္ေအးေအးထားေတာ္မူပါ ပိရွ၊ မ်ိဳးႏြယ္စုေခါင္းေဆာင္ငယ္ေလး အခန္းထဲကို ကမူးရႉးထိုးဝင္ေရာက္လာတဲ့အခ်ိန္တုန္းက ကြၽန္ေတာ္မ်ိဳး အထိန္းေတာ္ေတြကို အခန္းအျပင္ဘက္မွာပဲေစာင့္ခိုင္းထားခဲ့ၿပီးပါၿပီ။ ဒီအေၾကာင္းကို ၾကားလိုက္တဲ့သူေတြ မ်ားမ်ားစားစားရွိမွာမဟုတ္ပါဘူး ဘုရား"

႐ႊမ္းက်ီးမွာ ထိုစကားသံေၾကာင့္ အထိတ္တလန႔္ျဖစ္သြားရွာသည္။ မိမိမွာ ထင္ေယာင္ထင္မွားျဖစ္ေနျခင္းလားဆိုတာကို ေသခ်ာမသိေသာ္လည္း ထိုစကားသံထဲတြင္ ထိတ္လန႔္ေခ်ာက္ခ်ားစရာေကာင္းေသာခံစားခ်က္မ်ားကိုခံစားလိုက္ရသည္__သူႏွင့္ရင္းႏွီးကြၽမ္းဝင္ေနေသာ ေသမင္းအေငြ႕အသက္မ်ားကိုသယ္ေဆာင္ထားသည့္အလား....

ဧကရာဇ္ငယ္ေလးသည္ကား သူ႕မ်က္ႏွာေပၚရွိ အတင္းအၾကပ္လုပ္ယူထားေသာ တင္းမာခက္ထန္သည့္အမူအရာမ်ားကိုဖယ္ရွားလိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနရွာေသာ ပင္ပန္းႏြမ္းလ်ေနသည့္အမူအရာကိုသာထုတ္ေဖာ္ျပသလို႔လာသည္။ သူက ခပ္တိုးတိုးတုံ႕ျပန္ေျဖၾကားလိုက္သည္။

"ဆရာ"

ကန႔္လန႔္ကာေနာက္ကြယ္တြင္ပုန္းေအာင္းေနေသာ ထိုလူသည္ကား လူလုံးထြက္မျပလာဘဲ ခပ္ေဖ်ာ့ေဖ်ာ့အရိပ္သဏၭာန္တစ္ခုကိုသာလွ်င္ျပသလာသည္။ သူက ရွန႔္လင္ယြမ္းအား ခပ္ျဖည္းျဖည္းစကားဆိုလိုက္သည္။

"မိစာၦမ်ိဳးႏြယ္စုအေပၚမွာထားတဲ့ မ်ိဳးႏြယ္စုေခါင္းေဆာင္ငယ္ေလးရဲ႕ အမုန္းတရားေတြက ေနာက္ဆုံးမွာ ပုန္းကြယ္ငုံ႕လွ်ိုးေနတဲ့ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာပါလိမ့္မယ္။ အရွင္မင္းႀကီး ဒီစကားကို ကြၽန္ေတာ္မ်ိဳး အရင္တုန္းကေျပာခဲ့ဖူးပါတယ္"

"ဒီကိစၥက....ငါကိုယ္ေတာ္သိပါတယ္"

ရွန႔္လင္ယြမ္းက စိတ္ရႈပ္ေထြးစြာျဖင့္ သက္ျပင္းခ်လိဳက္သည္။

"ဒါေပမယ့္ မ်ိဳးႏြယ္စုေခါင္းေဆာင္ေဟာင္းႀကီးက.......ဆရာ...ဒါကဘာလုပ္တာပါလဲ?"

ကန႔္လန႔္ကာေနာက္ကြယ္တြင္ရွိေနသည့္ အရိပ္သဏၭာန္က ႐ုတ္တရက္ ဒူးေထာက္ထိုင္ခ်လိဳက္သည္။ ထိုသူက ေခါင္းကိုေျမႀကီးႏွင့္ဦးတိုက္ထားလ်က္ ေလွ်ာက္ထားလာသည္။

"အရွင္မင္းႀကီး.....နားမလည္ေကာင္းနားမလည္နိုင္ေသးတဲ့ အျခားေသာကိစၥတစ္ရပ္ရွိပါေသးတယ္ ဘုရား"

႐ႊမ္းက်ီးႏွင့္ရွန႔္လင္ယြမ္းငယ္ေလးသည္ကား ကန႔္လန႔္ကာရွိရာသို႔ ၿပိဳင္တူေလွ်ာက္လွမ္းသြားလိုက္ၾကသည္။ ဧကရာဇ္ငယ္ေလးမွာ သူ၏ဆရာျဖစ္သူကို ေျမႀကီးေပၚမွထူမေပးလို၍ျဖစ္ၿပီး ႐ႊမ္းက်ီးကေတာ့ သန္းလီဆိုသည့္လူ၏႐ုပ္ရည္သြင္ျပင္ကို အသည္းအသန္ၾကည့္ရႈလို၍ျဖစ္သည္။

ထိုအခိုက္ ေဘးနားမွ နာနာက်င္က်င္ေရ႐ြတ္လိုက္ေသာ ဗလုံးဗေထြးညည္းတြားသံတစ္သံကိုၾကားလိုက္ရသည္။ အဆိုပါမွတ္ဉာဏ္မွာ ႐ုတ္ခ်ည္းပင္ ကြဲေၾကပ်က္စီးလို႔သြားသည္။

ရွန႔္လင္ယြမ္းမွာ သူ၏နားထင္ႏွစ္ဖက္ကို အတင္းအဓမၼဖိႏွိပ္ထားေနရွာသည္။ ၎မွာ ေျခလွမ္းဝက္မွ် ဒယီးဒယိုင္ျဖစ္သြားရွာၿပီး ႐ႊမ္းက်ီးကိုဝင္တိုက္မိသြား၏။ ႐ႊမ္းက်ီးက အလိုအေလ်ာက္ပင္ သူ႕လက္ကိုဆန႔္တန္းလိုက္ၿပီး သူ႕ကိုလွမ္းဖမ္းလိုက္ခ်ိန္ဝယ္ တအံ့တဩျဖစ္သြားရေလေတာ့သည္__အႏွီခႏၶာကိုယ္က အမွန္တကယ္ကိုပင္ ေႏြးေႏြးေထြးေထြးရွိလွၿပီး ခႏၶာကိုယ္အစစ္အတိုင္းကဲ့သို႔ပင္ျဖစ္ေနသည္။ ေျမေအာက္ရထားေပၚတြင္ သူ႕ေဘးနားတြင္ရပ္ေနၿပီး သူႏွင့္ပုခုံးခ်င္းထိတိုက္မိေနေသာ လူ႕ခႏၶာကိုယ္တစ္ခုကဲ့သို႔ပင္။ အေသြးအသားအစစ္တို႔ျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည့္အလား။

"ခင္ဗ်ား ဘာျဖစ္....."

"ေလလြင့္ေနတဲ့ ဝိညာဥ္တစ္ေကာင္ဘဝကိုက်င့္သားရေနၿပီေလ....အခုလို လူသားအေရခြံကိုၿခဳံလိုက္ရတဲ့အခါက်ေတာ့ နည္းနည္းေလးေတာ့....အင္း..."

ရွန႔္လင္ယြမ္းက စကားကိုခဲရာခဲဆစ္ဖ်စ္ညွစ္ေျပာလာသည္။ သူက ႐ႊမ္းက်ီး၏လက္ေမာင္းကိုအမွီျပဳကိုင္တြယ္ထားရင္း သူ႕ေျခေထာက္ေပၚသူေကာင္းေကာင္းရပ္နိုင္ေအာင္ႀကိဳးစားေနရွာသည္။ သူ႕လက္ေခ်ာင္းမ်ားမွာလည္း ေအးစက္စက္ေခြၽးသီးေခြၽးေပါက္မ်ားစို႐ႊဲေနသလို ကတုန္ကယင္လည္းျဖစ္လို႔ေနသည္။

႐ႊမ္းက်ီးမွာ တရားဝင္မွတ္တမ္းမဟုတ္သည့္ မွတ္တမ္းစာအုပ္တစ္အုပ္မွ ေကာက္ႏုတ္ခ်က္တစ္ခုကို ႐ုတ္တရက္အမွတ္ရသြားသည္။ ထိုေကာက္ႏုတ္ခ်က္အရ ဧကရာဇ္ဝူသည္ကား ငယ္႐ြယ္ပ်ိဳျမစ္စဥ္အခါက မိုးေအာက္ေျမျပင္တခြင္လုံးကို လႊမ္းမိုးအုပ္စိုးနိုင္စြမ္းရွိေသာ ဘုရင္မင္းျမတ္တစ္ပါးျဖစ္သည္။ သို႔ေပသိ ေနာက္ပိုင္းတြင္မူ ၎မွာခက္ထန္ၾကမ္းတမ္းလာကာ စိတ္ေနသေဘာထားမွာလည္း လုံးဝဥႆုံေျပာင္းလဲသြား၏။ ဤကိစၥမွာ ပုံမွန္ေတာ့မဟုတ္ေပ။ သို႔ျဖစ္ရာ အဖ်ားေရာဂါတစ္မ်ိဳးမ်ိဳးစြဲကပ္ခံစားရေသာေၾကာင့္ျဖစ္ေပလိမ့္မည္__ေရာဂါလကၡဏာမ်ားသည္ကား စိတ္ပိုင္းဆိုင္ရာထိခိုက္အားနည္းမႈေၾကာင့္ျဖစ္ေပၚလာသည့္လကၡဏာမ်ားျဖစ္ေသာ အိပ္မေပ်ာ္ျခင္း၊ အဆက္မျပတ္နားအူေနျခင္း၊ အလိုအေလ်ာက္ေခါင္းကိုက္ခဲလာျခင္း အစရွိေသာလကၡဏာမ်ားႏွင့္ဆင္တူသေယာင္ရွိသည္။

႐ႊမ္းက်ီးက အဆိုပါစာတမ္းမွာ သက္ေသအေထာက္အထားမ်ားမ်ားစားစားမရွိဘဲ အေျခအျမစ္မရွိေရးသားထားေသာ စာစီစာကုံးတစ္ပုဒ္ဟုသာ သေဘာထားခဲ့တာျဖစ္သည္__ဧကႏၲ......အဲဒါက အမွန္တကယ္ျဖစ္ေနခဲ့တာလား?

"ပိရွ!"

အေဝးတစ္ေနရာမွ ေအာ္သံတစ္သံပ်ံ့လြင့္ထြက္ေပၚလာသည္။ ရွန႔္လင္ယြမ္းမွာ ႐ႊမ္းက်ီးကို အမွီျပဳကိုင္တြယ္ထားေနလ်က္ပင္ သူ႕အား ဆူးတစ္ေခ်ာင္းျဖင့္အထိုးခံလိုက္ရသည့္ႏွယ္ ထိုအသံေၾကာင့္ မသိလိုက္မသိဘာသာျဖင့္ ေခါင္းကိုတစ္ဖက္သို႔လွည့္ၾကည့္မိေလသည္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ အားေလာ့က်င္းက ေထာင္ေဖာက္ၿပီးထြက္ေျပးသြားပါၿပီ ဘုရား!"

'ဝုန္း'ခနဲအသံတစ္ခ်က္ၾကားလိုက္ရၿပီးေနာက္ ႐ႊမ္းက်ီး၏ေျခေထာက္အစုံမွာ မာေၾကာက်စ္လစ္ေသာေျမႀကီးေပၚသို႔ေနာက္တစ္ႀကိမ္သက္ဆင္းက်ေရာက္သြားျပန္သည္။ သစ္လြင္ေသာမွတ္ဉာဏ္ျမင္ကြင္းတစ္ခုေပၚထြက္လို႔လာသည္။ ပိန္းပိတ္ေအာင္မည္းေမွာင္ေနေသာအေမွာင္ထုျဖင့္ ေနာက္တစ္ႀကိမ္ၿခဳံလႊမ္းခံရလိုက္သည့္တိုင္ ပတ္ဝန္းက်င္အေနအထားကိုမူ အလြန္တရာရင္းႏွီးလို႔ေနသည္။

သူတို႔ႏွစ္ဦးသည္ကား အရိုးစုမ်ားျဖင့္ျပည့္ႏွက္ေနေသာ နတ္ဆရာဂူသခၤ်ိဳင္းအတြင္းသို႔ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္သည္။

ထိုအခ်ိန္တြင္မူ 'နတ္ဆရာဂူသခၤ်ိဳင္း'သည္ကား လိုဏ္ဂူတစ္လုံးသာျဖစ္ၿပီး အတြင္းတြင္ လဲေလ်ာင္းျပန႔္ႀကဲေနေသာ႐ုပ္အေလာင္းမ်ားရွိမေနေသးပါေခ်။ ႐ႊမ္းက်ီးမွာ သူ႕ေဘးနားတြင္ရွိေနသည့္ ရွန႔္လင္ယြမ္းထံမွ နာက်င္မႈတို႔စြက္ေနေသာ ဖိႏွိပ္ထိန္းခ်ဳပ္ထားသည့္အသက္ရႉသံတို႔ကိုၾကားလိုက္ရသည္။ ထို႔ေနာက္တြင္မူ သူ၏လက္အစုံက ဟာလာဟင္းလင္းျဖစ္သြား၏။ ရွန႔္လင္ယြမ္းက ႐ႊမ္းက်ီးကိုမွီတြယ္ထားရာမွ ကိုယ္ခ်င္းခြာလိုက္ရင္း ေခတၱခဏမွ်ဒယိမ္းဒယိုင္ျဖစ္ေနၿပီးေနာက္ ေနာက္ဆုံးတြင္ သူ႕ဘာသာသူေကာင္းေကာင္းမတ္တပ္ရပ္နိုင္သြားေလသည္။

"အဲဒီေတာ့ သန္းလီက ႐ုတ္တရက္ ဒူးေထာက္လိုက္ၿပီးေတာ့ ခင္ဗ်ားကို ဘာေတြေျပာလိုက္တာလဲ?"

ရွန႔္လင္ယြမ္းက တခဏမွ်ႏႈတ္ဆိတ္သြားသည္။

"နတ္ဆရာမ်ိဳးႏြယ္စုအႀကီးအကဲေဟာင္းျဖစ္သူ ေသဆုံးခဲ့ရျခင္းေနာက္ကြယ္က တကယ့္အေၾကာင္းရင္းကိုေပါ့__အားေလာ့က်င္းရဲ႕တမန္ေတာ္က သူလႊတ္လိုက္တဲ့သူပါလို႔ သူကဝန္ခံခဲ့တယ္ေလ။ ဟို လင္းနို႔မ်ိဳးႏြယ္စုဆိုတာကလည္း လုပ္ႀကံဖန္တီးထားတဲ့အတုအေယာင္ေတြပဲ။ အဲဒီ 'တမန္ေတာ္' ဆိုတဲ့လူက လူ႕အေသြးအသားနဲ႕ဖြဲ႕စည္းထားတဲ့ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ပဲ။ သန္းလီကေျပာတယ္၊ အဲဒီအခ်ိန္တုန္းက ငါတို႔ဆီမွာ ေ႐ြးခ်ယ္စရာလမ္းမရွိေတာ့ဘူးတဲ့။ တကယ္လို႔ နတ္ဆရာမ်ိဳးႏြယ္စုကိုသာ ငါတို႔ျဖဳတ္မခ်နိဳင္ခဲ့ဘူးဆိုရင္ လူသားမ်ိဳးႏြယ္စုတစ္စုလုံးဟာ အလုံးစုံေသဆုံးပ်က္သုဥ္းရမယ့္လမ္းတစ္လမ္းတည္းပဲရွိေတာ့တယ္တဲ့ေလ။ သူက...."

႐ႊမ္းက်ီးမွာ သူ႕လက္ဖဝါးထက္ဝယ္ ခုနေလးတင္မွ သူ႕လက္ကိုမွီတြယ္ထားခဲ့ေသာ လူတစ္ေယာက္ထံမွအေႏြးဓာတ္တို႔ က်န္ရစ္ခဲ့သလိုခံစားလိုက္ရသည္။ မ်ားမၾကာမီမွာပင္ လိုဏ္ဂူအတြင္း သုတ္ခနဲျဖတ္တိုက္သြားေသာ ေလျပည္ေလညင္းတို႔ေၾကာင့္ လက္ဖဝါးမွာ ခဏတြင္းမွာပင္ ျပန္လည္ေအးစက္သြားေလေတာ့သည္။ သူက သက္ျပင္းခ်လိဳက္ကာဆို၏။

"ပိရွ...ခင္ဗ်ားတို႔လိုႀကီးက်ယ္ျမင့္ျမတ္လွပါတယ္ဆိုတဲ့ပုဂၢိဳလ္ေတြက ေအးစက္တဲ့လက္တစ္စုံနဲ႕ ညစ္ေပစြန္းထင္းေနတဲ့ႏွလုံးသားေတြကိုပိုင္ဆိုင္ထားၾကတာပဲေနာ္။ အားေလာ့က်င္းက အဲဒီအေၾကာင္းကိုသိသြားခဲ့တာလား?"

"သူထြက္ေျပးသြားတဲ့အခ်ိန္တုန္းက အဲဒီအေၾကာင္းကိုသိဦးမွာမဟုတ္ဘူး၊ အဲဒီအခ်ိန္တုန္းက သူက ငါ့ကိုစိတ္ဆိုးၿပီး ထြက္ေျပးသြားတာပဲျဖစ္လိမ့္မယ္"

ရွန႔္လင္ယြမ္းက တိုးေဖ်ာ့စြာေျပာလာသည္။

"အားေလာ့က်င္း....က ငါအလိုလိုက္ထားလို႔ ဆိုးသြမ္းေနတဲ့ေကာင္ေလးပဲ။ အေတာ္ေလးလည္း တဇြတ္ထိုးဆန္တယ္ေလ။ သူထြက္သြားၿပီးတဲ့ေနာက္မွာေတာ့ ေရွ႕တန္းမွာရွိေနတဲ့ နတ္ဆရာစစ္သည္တပ္ဖြဲ႕ေတြကိုျပန္႐ုတ္သိမ္းသြားခဲ့တယ္။ သူက စိတ္ဆိုးမာန္ဆိုးနဲ႕ သူရဲ႕တပ္ဖြဲ႕ေတြအကုန္လုံးကို တုံးခြၽမ္းကိုျပန္ေခၚသြားခဲ့ၿပီး ေရွ႕တန္းစစ္ေျမျပင္မွာရွိတဲ့ နတ္ဆရာေတြလုပ္ထားတဲ့အစီအရင္ေတြအားလုံးကိုဖ်က္ဆီးပစ္လိုက္တယ္။ အစပိုင္းတုန္းကေတာ့ မိစာၦမ်ိဳးႏြယ္စုေတြဟာ ငါတို႔ကို အရိုးေၾကေၾကအရည္ခန္းခန္း အသည္းအသန္ျပန္လည္ခုခံတိုက္ခိုက္ေနရတာက‌ေန သူတို႔က လက္တုံ႕ျပန္ဖို႔အခြင့္အေရးရသြားေတာ့တယ္။ ငါတို႔ရဲ႕စစ္တပ္ဟာ မိုင္ေပါင္း ၆၀ ေလာက္အထိ မတတ္သာဘဲေနာက္ျပန္ဆုတ္သြားခဲ့ရတယ္။ ၿမိဳ႕ႏွစ္ၿမိဳ႕ၾကားမွာရွိေနတဲ့ ေက်း႐ြာေပါင္းဆယ္ဂဏန္းေက်ာ္ေက်ာ္ေလာက္ဟာ မိစာၦေတြရဲ႕လက္ထဲကိုအားလုံးက်ေရာက္သြားၿပီး မိစာၦေတြကလည္း လက္တုံ႕ျပန္တဲ့အေနနဲ႕ အဲဒီ႐ြာေတြမွာေနထိုင္ၾကတဲ့႐ြာသူ႐ြာသားေတြအားလုံးကိုသတ္ပစ္ခဲ့ၾကတယ္။ အဆုံးမွာေတာ့ ႐ြာသူ႐ြာသားေတြထဲမွာ အသက္ရွင္က်န္ရစ္ခဲ့တဲ့လူ ဘယ္ႏွေယာက္မွမရွိၾကေတာ့ဘူး"

႐ႊမ္းက်ီးမွာ နားေထာင္ေနရင္းမွာပင္ ဦးရည္ျပားမွာက်ဥ္ခနဲျဖစ္သြားရွာေတာ့သည္။

"ဒါေပမဲ့ ဘာျဖစ္လို႔ ေရွ႕တန္းမွာေနေနေသးတဲ့လူေတြရွိေနေသးတာလဲ? သူတို႔က ေဘးကင္းရာမွာသြားမေနၾကဘူးလား?"

"ဟား....စစ္ပြဲႀကီးကျဖစ္ပြားေနခဲ့တာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာေနၿပီေလ။ ဒီအေျပာက်ယ္လွတဲ့ကမာၻေလာကႀကီးမွာလည္း သူတို႔အတြက္ေျပးစရာေျမမရွိေတာ့ဘူးေလ။ သူတို႔က ဘယ္ေနရာကိုမ်ားေရွာင္တိမ္းထြက္ေျပးရမွာတဲ့လဲ?"

ရွန႔္လင္ယြမ္းက ေအးတိေအးစက္ၿပဳံးရယ္လိုက္ၿပီး ေျခေထာက္ကိုျမႇောက္ကာ လိုဏ္ဂူအတြင္းသို႔ျဖည္းျဖည္းခ်င္းေလွ်ာက္လွမ္းဝင္ေရာက္သြားေလသည္။ သူ၏စကားသံက မဆိုစေလာက္အားနည္းေဖ်ာ့ေတာ့ေနေသာ္လည္း သူ႕ေျခလွမ္းမ်ားမွာမူ ၿမဲၿမံတည္ၿငိမ္စြာရွိေနသည္။

"အဲဒီအခ်ိန္တုန္းက အေရွ႕ေတာင္ပိုင္းေဒသတခြင္ကို နတ္ဆရာေတြရဲ႕ထူးျခားဆန္းၾကယ္တဲ့မႏၲန္အစီအရင္ေတြနဲ႕ကာကြယ္ေစာင့္ၾကပ္ေပးဖို႔ ငါအမိန႔္ခ်မွတ္ထားခဲ့တာ။ လမ္းဆုံးကိုေရာက္ေနၾကၿပီျဖစ္တဲ့ လူသားမ်ိဳးႏြယ္စုက သာမန္တိုင္းသူျပည္သားေတြဟာ သူတို႔ေနာက္ကိုလိုက္ရတာသေဘာက်ၾကတယ္ေလ။ နတ္ဆရာေတြနဲ႕လူသားေတြနဲ႕ေတြ႕ဆုံတဲ့အခါက်ေတာ့ သူတို႔ဟာ တစ္ဦးနဲ႕တစ္ဦး ဘာသာစကားေတြ၊ အဝတ္အစားေတြကိုဖလွယ္ၾကၿပီး ေပ်ာ္႐ႊင္သင့္ျမတ္စြာေနထိုင္ခဲ့ၾကတယ္။ နတ္ဆရာေတြေစာင့္ၾကပ္ေနတဲ့ေနရာမွာ နတ္ဆရာေက်း႐ြာေလးေတြေတာင္ျဖစ္တည္လာၿပီး ေကာက္ပဲသီးႏွံေတြကိုထြန္ယက္စိုက္ပ်ိဳးလာၾကတယ္......ေကာက္ရိတ္သိမ္းပြဲေတာ္ေန႕ေရာက္လာရင္ သူတို႔ေတြက ရိတ္သိမ္းထားတဲ့ေကာက္ပဲသီးႏွံေတြထဲက တစ္ဝက္တိတိကို နတ္ဆရာအေစာင့္တပ္သားေတြဆီ ေပးကမ္းေဝမွ်ခဲ့ၾကတယ္"

သို႔ေသာ္ ငယ္႐ြယ္ၿပီး ထင္ရာစိုင္းေမာက္မာသည့္ နတ္ဆရာမ်ိဳးႏြယ္စုေခါင္းေဆာင္ငယ္ေလးသည္ကား သူတို႔ကိုစြန႔္ပစ္သြားခဲ့သည္။

ရွန႔္လင္ယြမ္း၏ဓားျဖင့္ထြင္းျခစ္ထားသလို ျပတ္သားထင္ရွားၿပီးေခ်ာေမာလွပေသာ ေဘးတေစာင္းမ်က္ႏွာျပင္သည္ကား စုေဟြအစီအရင္ထဲရွိ နတ္ဆရာဂူသခၤ်ိဳင္းအတြင္း အလင္းေရာင္ေအာက္တြင္ လႈပ္လီလႈပ္လဲ့ယိမ္းႏြဲ႕လႈပ္ရွားလို႔ေနသည္။

"နတ္ဆရာေတြက လတ္ဆတ္တဲ့သစ္သီးဝလံေတြကို စားသုံးရတာႀကိဳက္ႏွစ္သက္ၾကတယ္။ အားေလာ့က်င္းဆိုရင္လည္း အထူးသျဖင့္ ပန္းသစ္ေတာ္သီးေတြကိုသိပ္ႀကိဳက္တယ္။ နတ္ဆရာေက်း႐ြာမွာေနထိုင္ၾကတဲ့ လူသားေတြဟာ သူ႕ကိုမ်က္ႏွာခ်ိဳေသြးဖို႔အတြက္ နတ္ဆရာေတြရဲ႕စစ္တပ္႐ြက္ဖ်င္တဲေတြအျပင္ဘက္မွာ စားစရာေတြ သစ္သီးဝလံေတြကိုထားေပးတတ္ၾကတယ္.....ငါတို႔ အေလာင္းေကာက္ဖို႔ အဲဒီေနရာကိုျပန္သြားတဲ့အခ်ိန္မွာ ဆန္၊ ဂ်ဳံ၊ ေျပာင္းေကာက္ပဲသီးႏွံေတြဟာ ဖုန္မႈန႔္သဲမႈန႔္ေတြနဲ႕ေရာေႏွာကုန္ၿပီး ျပန္လည္စစ္ထုတ္ယူလို႔ေတာင္မရေတာ့ဘူး။ လူသားေတြက သူတို႔လက္နဲ႕သူတို႔ ကိုယ္တိုင္ကိုယ္က် ဂ႐ုတစိုက္ေ႐ြးခ်ယ္ဆြတ္ခူးထားၾကတဲ့ သစ္သီးဝလံေတြဟာလည္း သံဖိနပ္ခြာေတြေအာက္မွာ အစိတ္စိတ္အႁမႊာႁမႊာေၾကမြပ်က္စီးသြားခဲ့ၾကၿပီး ေသြးအလိမ္းလိမ္းေပက်ံေနၾကတယ္။ အသက္ႀကီးႀကီးအမ်ိဳးသမီးတစ္ဦးဆိုရင္ ေသၿပီးတဲ့ေနာက္ သူ႕ရဲ႕ဝမ္းဗိုက္ကိုဖြင့္ေဖာက္ခံထားရၿပီး လူသားစားမိစာၦေတြက စားေသာက္ထားၾကတာ အရိုးအစအနေလးေတြပဲက်န္ေတာ့တဲ့အထိပဲ.....အဲဒီမေကာင္းဆိုးဝါးသားရဲတိရစာၦန္ေကာင္ေတြဟာ မ်ားေသာအားျဖင့္ အဆီအသားျပည့္ၿဖိဳးတဲ့ လူငယ္လူ႐ြယ္ေလးေတြရဲ႕အသားကိုပဲစားေသာက္တတ္ၾကတာ၊ အသားမ်ားမ်ားစားစားမရွိေတာ့တဲ့ အိုႀကီးအိုမေတြကိုစားေသာက္တာမ်ိဳးက အေတာ္ရွားတယ္။ ဘာျဖစ္လို႔ အခုလိုျဖစ္သြားရတာလဲဆိုတာကို မင္းသိလား?"

ထိုလူ၏မယိမ္းမယိုင္ၿမဲၿမံလ်က္ရွိေသာအၿပဳံးတစ္ပြင့္ထဲတြင္ အမုန္းရိပ္တခ်ိဳ႕စြဲကပ္ေနေၾကာင္းကို အကင္းပါးေသာ႐ႊမ္းက်ီးက ဖမ္းဆုပ္လိုက္မိသည္။ ထို႔ေနာက္ သူ႐ုတ္တရက္ သေဘာေပါက္သြားေလသည္။ အႏွီလူသည္ကား ထိုစကားမ်ားကို မိမိအားေျပာျပေနျခင္းမဟုတ္ဘဲ စုေဟြ၏အျပင္ဘက္တြင္ရွိေနေသာ လူသား-မိစာၦ အားေလာ့က်င္းကိုၾကားေစလို၍ေျပာျပေနျခင္းသာျဖစ္၏။

"ဘာျဖစ္လို႔လဲဆိုေတာ့ သူ႕(မ)ရဲ႕လက္ထဲမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ငယ္ေလးကိုေပးဖို႔အတြက္ဆိုၿပီး ပန္းသစ္ေတာ္ပ်ားရည္တစ္ပုလင္းကိုယူလာခဲ့တယ္ေလ။ အဲဒီပုလင္းကကြဲသြားေတာ့ ပ်ားရည္ေတြကလည္း သူ႕တစ္ကိုယ္လုံးေပၚကိုေမွာက္က်သြားခဲ့တာေပါ့"

ရွန႔္လင္ယြမ္း၏စကားသံမွာ ပို၍ညင္သာေပ်ာ့ေပ်ာင္းလာသလို ပို၍လည္းၾကမ္းတမ္းရက္စက္လို႔လာသည္။ သူက ဆို၏။

"အဲဒီပ်ားရည္က အရမ္းကိုခ်ိဳၿမိန္မွာပဲေနာ္"

ဒါေတြအားလုံးက ဘာေတြျဖစ္ေနတာလဲ?

႐ႊမ္းက်ီးမွာ နားေထာင္ေနရင္းပင္ သူ၏နားထင္ေၾကာမ်ားမွာ တဒိန္းဒိန္းေထာင္ထလာေတာ့သည္။

"တိုင္းသူျပည္သားေတြက ေဒါသူပုန္ထသြားၾကတယ္။ သူတို႔က အားေလာ့က်င္းကိုအျပစ္ေပးဖို႔ ငါ့ကိုေဆာ္ဩတိုက္တြန္းလာၾကတယ္။ နတ္ဆရာမ်ိဳးႏြယ္စုဟာ လူသားေတြအတြက္ ပုန္ကန္ထႂကြသူေတြျဖစ္သြားၿပီး ငါကိုယ္တိုင္ သူတို႔ကိုဖိႏွိပ္ထိန္းခ်ဳပ္ဖို႔ျဖစ္လာခဲ့တယ္။ ငါလည္း တုံးခြၽမ္းကို ညတြင္းခ်င္းအမီလိုက္သြားခဲ့တာပဲ။ ဒါေပမဲ့ ေျခတစ္လွမ္းေနာက္က်သြားခဲ့ၿပီ။ ေသြးေႏွာမိစာၦေတြနဲ႕ အရင္ကတည္းက အားေလာ့က်င္းကိုအၿငိဳးထားေနၾကတဲ့လူသားေတြက ငါ့ထက္ေျခတစ္လွမ္းဦးသြားၿပီး တုံးခြၽမ္းကိုဝိုင္းထားလိုက္ၾကၿပီ၊ နတ္ဆရာေတြရဲ႕မႏၲန္ေတြ၊ အစီအရင္ေတြအမ်ားစုဟာလည္း အားေလာ့က်င္းက သူတို႔မ်ိဳးႏြယ္စုကို လူသားေတြဆီေခၚလာၿပီး မဟာမိတ္ဖြဲ႕ခဲ့တဲ့အခ်ိန္ကတည္းက ဖ်က္ဆီးထားခဲ့ၿပီးၿပီ။ တုံးခြၽမ္းရဲ႕အကာအကြယ္အစီအရင္ေတြက သူတို႔ရဲ႕မ်က္လုံးထဲမွာေတာ့ တစ္ခ်က္တည္းနဲ႕ၿပိဳက်ပ်က္စီးဖို႔လြယ္ကူတဲ့အရာေတြအျဖစ္ အလိုလိုျမင္သြားၾကေတာ့တယ္။ အဲဒီလိုနဲ႕ သူတို႔ တုံးခြၽမ္းရဲ႕အကာအကြယ္ဒိုင္းေတြကို ခဏေလးအတြင္းမွာပဲ ထိုးေဖာက္ျဖတ္ေက်ာ္သြားနိုင္ခဲ့တယ္။ မိစာၦမ်ိဳးႏြယ္စုတစ္စုကလည္း အဲဒီအုတ္ေအာ္ေသာင္းတင္းျဖစ္ေနတဲ့အေျခအေနေတြကိုအခြင့္ေကာင္းယူလိုက္ၿပီး...အာ...ဟုတ္တယ္....အဲဒီအသံပဲ...မင္းၾကားတယ္မဟုတ္လား?"

႐ႊမ္းက်ီးက ႐ုတ္တရက္ေခါင္းေမာ့ၾကည့္လိုက္သည္။ 'စုေဟြ' အစီအရင္အတြင္းရွိ လိုဏ္ဂူအျပင္ဘက္၌ စစ္ေျမျပင္မွပ်ံ့လြင့္လာေသာေအာ္ဟစ္ငိုေႂကြးသံမ်ားကိုၾကားလိုက္ရၿပီးေနာက္တြင္မူ ေဘးပတ္လည္ရွိလိုဏ္ဂူေက်ာက္နံရံမ်ားမွာတုန္ခါလႈပ္ယမ္းသြားၿပီး ဂူနံရံထက္မွ ဖုန္မႈန႔္သဲမႈန႔္မ်ားက ေအာက္သို႔က်ဆင္းလာေနသည္။

17.7.21

Continue Reading

You'll Also Like

754K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
28.5K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
91.7K 16.1K 200
Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင္ဖတ္လို႔ရပါတယ္