Uni
💞ဦးရဲ့ချစ်လှစွာေသာခင်ပွန်း💞
Ep 2
ဆည်းဆာရိပ်မြုံ အိမ်တော်ကပြန်ရောက်သည်နှင့် ဈာန်ဦးထိုက်တယောက်အခန်းထဲဝင်ကာ... ကြည်ပြာ၏ ဓာတ်ပုံလေးကိုကြည့်ပြီး ငိုနေမိသည်....။
"ကိုယ် ဒီနေ့ ကြည်ပြာ နဲ့ရုပ်ချင်းတူတဲ့ကောင်လေးတယောက်ကိုတွေ့ခဲ့တယ် သိလား.... သူကမင်း မဟုတ်ဖူးဆိုတာ ကိုယ်သိပေမယ့်... သူ့ကိုတော့ပိုင်ဆိုင်ချင်မိတယ်... ကိုယ် တကိုယ်ကောင်းဆန်ပြီး အတ္တကြီးသလိုများဖြစ်နေမလားဟင်... ကိုယ် အဲ့ကောင်လေးကိုမချစ်ပါဘူး... ဒါပေမယ့် အဲ့ကောင်လေးသာ အနားမှာရှိရင် မင်းကိုလွမ်းတဲ့အလွမ်းတွေဖြေသာမယ်ထင်ပါရဲ့.... အရမ်းလွမ်းတာပဲ ကြည်ပြာရယ်"
*ဒေါက် ဒေါက် ဒေါက်...*
အခန်းတံခါးခေါက်သံကြားတာမို့ ဈာန်ဦးထိုက်လဲမျက်ရည်သုတ်ကာ... တံခါးဖွင့်ပေးလိုက်တော့ သူ၏မိခင် ဒေါ်ခင်နွယ် ဖြစ်နေသည်...။
"သား... ဟိုကလေးနဲ့တွေ့ကြည့်ပြီးပြီလား"
ဒေါ်ခင်နွယ်က သားဖြစ်သူကို မေးခွန်းထုတ်ရင်းနှင့်ပင် အခန်းထဲဝင်ကာ ကုတင်အစွန်းတဖက်တွင် တင်ပါးလွှဲဝင်ထိုင်လိုက်သည်။
"တေွ့ခဲ့ပြီးပါပြီ မာမီ"
ဈာန်ဦးထိုက်ကတော့ ကြည်ပြာ၏ဓာတ်ပုံလေးကိုကိုင်လျှက်ပင် မိခင်အရှေ့၌ မတ်တပ်ရပ်လျက်အနေထားဖြင့် ပြန်ဖြေလိုက်၏။
"သားရဲ့ ဒယ်ဒီ ကိုနားလည်ပေးလိုက်ပါ ကလေးရယ်... သူကလေ သားကိုအရမ်းချစ်ရှာတာ"
ဒေါ်ခင်နွယ်က သားဖြစ်သူ၏ လက်ထဲတွင်ကိုင်ထားသော ကြည်ပြာ၏ဓာတ်ပုံကိုတစ်ချက်ကြည့်ကာ သက်ပြင်းဖွဖွချလျက် စကားဆိုလေ၏။
"ကြည်ပြာကြောင့် သားခံစားနေရတာမကြည့်ရက်လို့ ဒယ်ဒီ ခုလိုစီစဥ်တယ်ဆိုတာ သားနားလည်ပါတယ် မာမီ.. ဒါပေမယ့် ရုပ်ချင်းသာတူတာလေမာမီရယ်... သူက ကြည်ပြာ မှမဟုတ်တာ"
ဈာန်ဦးထိုက်ရဲ့စကားသံဟာ အက်ကွဲနေ၏။ သားလေးခံစားနေရတာကို သူမ တကယ်မကြည့်ရက်ပါ။ ထို့ကြောင့်လဲ ရှိုင်းမာန်ခ ဆိုတဲ့ကောင်လေးနဲ့ ပေးစားဖို့စီစဥ်ခဲ့တာမဟုတ်လား။
"အနည်းဆုံးတော့ မာမီရဲ့သားလေး အထီးမကျန်ရတော့ဘူးပေါ့ကွယ်"
ဈာန်ဦးထိုက်လဲ သူ့ရဲ့မိခင်ကိုဖက်ကာ ငိုကြွေးမိသည်... ။မိဘမေတ္တာကို သူခုမှနားလည်ခဲ့သည်လေ...။ သားသမီးစိတ်ဆင်းရဲနေတာကို ဘယ်မိဘက ကြည့်ရက်ပါ့မလဲ... ။ဈာန်ဦးထိုက်ငိုလေတော့ ဒေါ်ခင်နွယ်က သားဖြစ်သူ၏ ကျောပြင်လေးကိုပွတ်ပေးရင်း နှစ်သိမ့်နေသည်...။
" ကျေး ကျေးဇူးတင်ပါတယ် မာမီ ဟင့်"
"အသက်ပဲ 26ဖြစ်နေပြီ ငိုနေတုန်းလား သားရယ်.... ဒါနဲ့ မင်္ဂလာကိစ္စရော ဘယ်လိုသဘောရလဲ"
ဒေါ်ခင်နွယ် ကမေးတော့ ဈာန်ဦးထိုက်လဲ သူ၏မိခင်ဖြစ်သူ ရင်ခွင်ထဲမှ ထွက်လိုက်ရင်း...
"အစကတော့ အဲ့ကလေးက လက်မခံဘူး... ဆည်းဆာရိပ်မြုံ အိမ်တော်ကို သားရောက်သွားတော့.. သားကိုမယူချင်လို့ သူ့အဖေနဲ့ရန်ဖစ်နေကြတယ်... ဒါပေမယ့် အခုတော့ သူ မငြင်းနိုင်တော့ပါဘူးမာမီ "
ဈာန်ဦးထိုက်တယောက် ရှိုင်းမာန်ခကို သူနှင့်ယူရန် မည်သို့မည်ပုံမဲဆွယ်ခဲ့သည်ကိုတော့... ထည့်မပြောတော့ပေ... ။အမိန့်ပေးပြီးယူခိုင်းတာသာသိရင် မာမီက သူ့ကိုဆူမှာလေ...။
"သားတို့လူငယ်ချင်းအဆင်ပြေတယ်ဆိုရင်တော့... အဲ့ကလေးကို တင်တောင်းရင်း မင်္ဂလာပွဲအတွက်ရက်ရွေးဖို့ သားရဲ့ဒယ်ဒီကို မာမီပြောလိုက်မယ်လေနော်"
"ဟုတ်ကဲ့မာမီ... သားကတော့ မင်္ဂလာပွဲကိုအမြန်ဆုံးလုပ်စေချင်တယ် ဖြစ်နိုင်ရင် ဒီတပတ်အတွင်းပေါ့"
"အိုးး... မာမီရဲ့သားလေးက လောလှချည်လားကွယ်.... ဟုတ်ပါပြီလေ ဒီတပတ်အတွင်းကျင်းပလို့ရအောင် မာမီစီစဥ်ပေးပါ့မယ်"
မိခင်ဖြစ်သူ၏ စကားကြောင့် ဈာန်ဦးထိုက် ပျော်သွားလေသည်...။
" ကျေးဇူးတင်ပါတယ် မာမီ"
"ကဲ သားလည်းနားတော့လေ... မနက်ဖြန် ဟိုကလေးကိုသွားတောင်းရမ်းဖို့စီစဥ်ရဦးမယ်လေ... အိပ်ရေးမဝလို့မျက်ကွင်းတွေညိုနေဦးမယ်"
"ဟုတ်ကဲ့မာမီ... Goodnightနော် မာမီ"
"Goodnightပါ သားလေး"
ဒေါ်ခင်နွယ်လဲ သားြဖစ်သူ၏ နဖူးလေးကို အနမ်းပေးရင်း အခန်းထဲမှထွက်သွားလေတော့... ဈာန်ဦးထိုက်လဲ အခန်းတံခါးပိတ်ကာ အိပ်စက်ခြင်းဆီသို့...
"ဝါးး တို့ရဲ့မတ်လေးကချောလိုက်တာ....ကိုကိုကြီးတော့ ယောက်ျားရ ကံကောင်းပြီ..ဟိ"
ဈာန်ဦးထိုက်တို့မိသားစုလိုက် ဆည်းဆာရိပ်မြုံ အိမ်တော်ရောက်နေခြင်းဖြစ်သည်... ။အကြောင်းကတော့ ရှို်င်းမာန်ခကို လာတင်တောင်းတာပေါ့... ။ ဈာန်ဦးထိုက်၏ ညီမဖြစ်သူ ဈာန်မေရှားက အပေါ်ထပ်ကဆင်းလာတဲ့ ရှိုင်းမာန်ခကိုတွေ့တော့ Sofaပေါ်တွင် ထိုင်နေရာမှထကာ ရှိုင်းမာန်ခ၏အနားသို့သွားရင်း ပြောလိုက်ခြင်းဖြစ်သည်...။
ဈာန်ဦးထိုက်တယောက် Sofaပေါ်တွင်ထိုင်နေရာမှ ညီမဖြစ်သူ၏ စကားကြောင့် အနောက်သို့လှည့်ကြည့်လိုက်တော့... မိုးပြာရောင်အင်္ကျီလက်ရှည်လေးကို တံတောင်ဆစ်ထိခေါက်တင်ကာ.. စတိုင်ပန်အဖြူရောင်လေးနှင့် စမတ်ကျလွန်းနေသော ရှိုင်းမာန်ခကြောင့် ငေးခနဲဖြစ်သွားသည်.. ။
"ပိစိ လာလေ.. ဒီမှာ လူကြီးတွေလဲရောက်နေပြီ.."
ဦးခန့်မာန်က သူ၏သားဖြစ်သူကိုခေါ်တော့ ရှိုင်းမာန်ခလဲ ဈာန်ဦးထိုက်၏ ဘေးတွင်ဝင်ထိုင်လိုက်သည်... ။ဈာန်မေရှားလဲ သူမ ထိုင်နေကျနေရာတွင်ပြန်ထိုင်လိုက်သည်... ။အနားမှာဝင်ထိုင်နေသည်အထိ သူ့ကိုသာစိုက်ကြည့်နေသော လူကြီးကြောင့် ရှိုင်းမာန်ခတယောက် ရှက်လွန်းလို့ ပါးလေးတွေပင်ရဲတက်သွားသည်...။
"ကိုကိုကြီးရေ ငမ်းတာလဲလျော့ပါဦး... ယောက်ဖလေး ရှက်နေပြီ"
ဈာန်ရှား ပြောလိုက်မှ ဈာန်ဦးထိုက်တယောက် ရှိုင်းမာန်ခ ထံမှအကြည့်ခွာကာ... ညီဖြစ်သူကို မျက်လုံးပြူးပြရင်း လက်သီးထောင်ပြလေသည်... ။ ရှိုင်းမာန်ခတယောက် ယခုမှထိုလူကြီးကို သေချာကြည့်မိသည်... ။
ကျောက်စိမ်းကြယ်သီးတွေကအရောင်တောက်ကာ ရွှေကြိုးတွေတွယ်ချိတ်လျှက် အလှဆင်ထားသော ... နက်ပြာရောင်အနောက်တိုင်းဝတ်စုံကို စမတ်ကျစွာဝတ်ဆင်ထားသည်မှာ အလွန်ခန့်ညားလွန်းလှသည်.. ။ ယခင်နေ့ကဝတ်လာသော အဖြူရောင်ဝတ်စုံလေးနှင့်ကြည့်ကောင်းသလို ယခုလိုနက်ပြာရောင်အင်္ကျီလေးနှင့်လဲ .. ထိုလူကြီးဟာ အလွန်ကြည့်ကောင်းလွန်းတာမို့ ရှေးဘဝက ကုသိုလ်ကောင်းခဲ့သည်ထင်ပါရဲ့..။
"အားလုံးစုံပြီဆိုတော့.. မင်္ဂလာပွဲအကြောင်းလေးပြောလိုက်ရအောင်ဗျာ"
ဦးဈာန်သစ်က စကားစတော့... ဦးခန့်မာန် တို့လဲ လူကြီးချင်းမင်္ဂလာကိစ္စကိုဆွေးနွေးနေကြသည်..။ဈာန်မေရှားနဲ့ ဈာန်ရှားကတော့ လူကြီးတွေရဲ့စကားကို အာရုံစိုက်ကာနားထောင်နေသော်လဲ ဈာန်ဦးထိုက်ဆိုသည်မှာ ရှိုင်းမာန်ခရဲ့ပေါင်ပေါ်တွင်တင်ထားသော လက်လေးတဖက်ကို ဆုပ်ကိုင်လိုက်လေ၏။ ဈာန်ဦးထိုက်၏အပြုမူကြောင့် ရှိုင်းမာန်ခရဲ့ ခန္ဓာကိုယ်လေးတုန်တက်သွားသည်...။
<ဘာလုပ်တာလဲ ကျွန်တော့်လက်ကို အခုလွှတ်ပေး...>
ကျွန်တော်လဲ အသံတိုးတိုးလေးဖြင့်ပြောရင်း.. ထိုလူကြီး ဆုပ်ကိုင်ထားသော ကျွန်တော့်ရဲ့ လက်ကို အတင်းရုန်းထွက်တော့ ... ထိုလူကြီးက လွှတ်ပေးခြင်းမရှိ... ။ ရှိုင်းမာန်ခတယောက် နုတ်ခမ်းလေး စူပုပ်နေလေပြီ...။
"ဒါဆို သားတို့ဘက်ကရော မင်္ဂလာရက်ကို ဘယ်တော့လောက်စီစဥ်ချင်လဲ"
ဖခင်ဖြစ်သူကမေးတော့ ဈာန်ဦးထိုက်လဲ အမြန်ပင်ဖြေ လိုက်သည်...။
"သဘက်ခါလောက်စီစဥ်ပေးပါ... ကုမ္ပဏီကလူတွေရဲ့ နားရက်နဲ့လဲတိုက်လို့ပါ"
"သဘက်ခါ ဟုတ်လား... အရမ်းမမြန်နေဘူးလား"
ရှိုင်းမာန်ခထပြောလိုက်တော့ ဈာန်ဦးထိုက်က ရုပ်တည်ကြီးနှင့်စိုက်ကြည့်တာမို့ ရှိုင်းမာန်ခ ဇက်ကလေးပုသွားလေသည်...။
"ကောင်းပါပြီ ဒါဆို သခင်လေးဈာန်ဦးထိုက်ရဲ့ ဆန္ဒအတိုင်း သဘက်ခါပဲစီစဥ်လိုက်ပါ့မယ်"
"ဒါဆိုလဲ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦး"
"သခင်လေးဈာန်ဦးထိုက်ကတော့ ဒီမှာပဲနေခဲ့လိုက်ပါလား... ဝတ်စုံအတွက် ဒီဇိုင်နာနဲ့အပ်ရမှာမို့ ကိုယ်တိုင်းယူဖို့လိုတယ်လေ"
"ဟုတ်ကဲ့... ဒါဆို ကျွန်ေတော်နေခဲ့ပါ့မယ်"
ဈာန်ဦးထိုက်တို့အိမ်ကလူတွေပြန်သွားတေ့ာ..ဒေါ်နန်းသူဇာက ရှိုင်းမာန်ခ၏အခန်းမှာပင် သားမက်ဖြစ်သူ ကိုနေစေသည်...။
"ကိုယ်ရေချိုးချင်တယ်.. အင်္ကျီကူချွတ်ပေး"
"ခ..ခင်ဗျားမှာလက်တွေပါတာပဲ... ကိုယ်ဟာကိုယ်ချွတ်ပါလား"
ပြောသာပြောရတာ... လက်ကတော့ ထိုလူကြီး၏ အင်္ကျီကြယ်သီးတွေကိုဖြုတ်ပေးနေရသည်...။ အဲ့လူကြီး ရုပ်တည်သွားရင် ရှိုင်းလေး အလွန်ကြောက်ရပါသည်...။
{အူးဝါးးးး... ဆစ်ပတ်ကြီးတွေနဲ့ မိုက်လိုက်တာ..}
လေ့ကျင့်ခန်းပုံမှန်လိုက်စားသူဖြစ်တာကြောင့် ဈာန်ဦးထိုက်ရဲ့ ခန္ဓာကိုယ်တောင့်တင်းကာ... ဆစ်ပတ်တွေရယ် ဗလတွေရယ်နဲ့မို့ ရှိုင်းမာန်ခတယောက် မကြာခင်ယောက်ျားတော်ရမည့် ထိုလူကြီး၏ ခန္ဓာကိုယ်ကိုသဘောကျနေလေသည်....။
အင်္ကျီကြယ်သီးဖြုတ်ပေးနေသော.. ရှိုင်းမာန်ခရဲ့လက်ဖြူဖြူလေးတွေအပေါ်သို့.. သွေးကြောဖြိုင်းဖြိုင်းထနေသော..အညိုရောင်လက်ကြီးတဖက်က အုပ်ကိုင်လေတော့... ရှိုင်းမာန်ခလဲ မရဲတရဲဖြင့် မိမိမျက်စိရှေ့ကလူကြီးအား မော့ကြည့်လိုက်မိသည်...။
"အင်္ကျီကြယ်သီးဖြုတ်တာကြာလိုက်တာ "
"ဖြုတ်... ဖြုတ်ပေးနေတာပဲ... ကိုယ့်ဟာကိုယ်ဖြုတ်တော့ဗျာ"
ပြောချင်ရာပြောပြီး အခန်းထဲကပြေးထွက်သွားသော.. ကျောပြင်လေးကိုကြည့်ကာ ဈာန်ဦးထိုက်သဘောကျစွာရယ်မိသည်... ။ ထို့နောက်သူ့ဟာသူပဲ အဝတ်စားတွေချွတ်ရင်း ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်...။ သူ ရေချိုးပြီးြပန်ထွက်လာတော့ အင်္ကျီလေးကိုင်ကာ ရပ်စောင့်နေသောအကောင်ပေါက်ကိုတွေ့လိုက်ရသည်...။
"ဖေကြီးရဲ့ အဝတ်စားတွေခနဌားလာတယ်... ခင်ဗျားနဲ့တော်တာ ကျွန်တော့်ဆီမှာမရှိဘူး"
"ကိုယ့်အင်္ကျီတွေရော"
" အဝတ်လျှော်စက်နဲ့လျှော်ပြီး လှန်းထားပေးတယ်"
ဈာန်ဦးထိုက်လဲခေါင်းငြိမ့်ပြရင်း အကောင်ပေါက်လေး ကမ်းပေးသောအဝတ်စားတွေကိုလှမ်းယူလိုက်သည်...။ရှိုင်းခန့်မာန်ဟာ လူကောင်အလွန်သေးတာကြောင့် ဈာန်ဦးထိုက်၏မျက်လုံးထဲတွင် ချစ်စရာကောင်းသည့်ရှဥ့်အကောင်ပေါက်လေးလိုဖြစ်နေ၏။
"ကိုယ်အဝတ်စားလဲတာကို ကြည့်မလို့လား"
အပေါ်ပိုင်းဗလာဖြစ်နေသော ထိုလူကြီး၏.. ခန္ဓာကိုယ်ငေးရင်း... ထိုလူကြီးပြောလိုက်သော စကားကြောင့် ကျွန်တော် မျက်ဝန်းလေးတွေဝိုင်းစက်သွားရသည်...။
"ဘာ...ဘာလိုကြည့်ရမှာလဲ... အ အခုအပြင်ထွက်ပေးရင်ရပြီမို့လား"
နုတ်ခမ်းလေးစူကာ ခြေစောင့်လျက်အပြင်ထွက်သွားသော အကောင်ပေါက်ဟာ တကယ့်ကလေးလေးတယောက်ပမာပင်... ။ကျုပ်လဲ အကေယင်ပေါက်လေးလာပို့ပေးသော အဝတ်စားကိုအမြန်ဝတ်လိုက်ရသည်။
"ကိုယ်ဝတ်ပြီးပြီနော်... ဝင်လာလို့ရပြီ"
ဈာန်ဦးထိုက် ပြောလိုက်တော့ ရှိုင်းမာန်ခလဲ အခန်းထဲသို့ပြန်ဝင်လာလေသည်... ။ ထို့နောက် သူ့ရဲ့အဝတ်ဗီရိုထဲတွင်ထည့်ထားသော အိပ်ယာအခင်းနှင့် စောင်တွေခေါင်းအုံးတွေယူကာ ကုတင်ဘေးရှိကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းနေလေသည်....။ ဈာန်ဦးထိုက်လဲ ကုတင်ပေါ်တွင်ထိုင်လိုက်ရင်း....
"အဲ့ဒါဘာလုပ်နေတာလဲ"
"အိပ်ယာခင်းနေတာလေ... ခင်ဗျားက ကုတင်ပေါ်မှာအိပ် ကျွန်တော်က အောက်မှာအိပ်မယ်"
{ဒါဘာစကားကြီးလဲ သူနဲ့ကို်ယ်က သဘက်ခါဆို တရားဝင်ယူရတော့မည်ကို သူကအခုကိုယ်နဲ့ခွဲအိပ်မလို့ပြင်နေသည်တဲ့..ဘာသဘောလဲ!}
ရှိုင်းမာန်ခ၏စကားကြောင့် အလိုမကျစွာဖြင့် ဈာန်ဦးထိုက် မျက်မှောင်ကြုတ်လျှက် စိတ်ထဲကပြောရင်း...
"အောက်မှာမအိပ်နဲ့ ကိုယ်နဲ့အတူ ကုတင်ပေါ်မှာလာအိပ်"
"ဘာလို့ခင်ဗျားနဲ့အတူအိပ်ရမှာလဲ...လုံးဝမအိပ်နိုင်ဘူး"
ဈာန်ဦးထိုက်ဆိုတာ စိတ်ရှည်သည့်သူမျိုးမဟုတ်တာမို့ ကုတင်ပေါ်ထိုင်နေရာမှဆင်းလိုက်ပြီး... ထိုအကောင်ပေါက်လေးရဲ့ခန္ဓာကိုယ်လေးကိုပွေ့ချီလိုက်တော့ .. ရှိုင်းမာန်ခတယောက်တယောက်ရုတ်တရက်မို့လန့်သွားကာ.. ဈာန်ဦးထိုက်ရဲ့ လည်တိုင်သို့ လက်နှစ်ဖက်ဖြင့်သိုင်းဖက်လိုက်လေသည်.... ။ဈာန်ဦးထိုက်လဲ အကောင်ပေါက်၏ခန္ဓာကိုယ်လေးကို ကုတင်ပေါ်တွင်ချပေးလိုက်ပြီး...
"ဆင်းရဲရင်ဆင်းကြည့်လိုက်!"
ဈာန်ဦးထိုက်ကပြောသော်လည်း ရှိုင်းမာန်ခက ဆင်းပြေးရန်ပြင်တာမို့... ဈာန်ဦးထိုက်လဲ ကုတင်ပေါ်တွင်အမြန်ထိုင်လိုက်ကာ ... ရှိုင်းမာန်ခ၏ ကိုယ်လေးကို သူ့ပေါင်ပေါ်တွင်မှောက်လျက်အနေထားပြုလုပ်လိုက်ပြီး.. ရှိုင်းမာန်ခ၏ တင်ပါးလုံးလုံးလေးကို သူ့လက်ဖဝါးအကြီးကြီးဖြင့် ကလေးလေးတွေကိုရိုက်သလိုမျိုး ရိုက်လေသည်...။
*ဖြန်း...ဖြန်းး..ဖြန်းး...*
သုံးချက်လောက်ရိုက်လိုက်တော့ မထွက်တဲ့မျက်ရည်ကိုညှစ်ထုတ်ကာ... ထိုအကောင်ပေါက်က သူ့ရဲ့အောင်လွန်းသောအသံနှုန်းဖြင့် အော်ငိုလေတော့သည်...။
"ဟင့်... ဟီးး... ဖေကြီးရေ... ဟင့်... ဖေကြီးတို့ ပေးစားတဲ့လူကြီးက...ဟင့်..ပိစိကို နှိပ်စက်နေတယ် ဟင့်..ဟီး...."
ဈာန်ဦးထိုက်က ခပ်ဖွဖွရိုက်သည်ဆိုသော်လဲ လင်တော်မောင်ကတော့ အကဲပိုစွာအော်ဟစ်ငိုနေတာမို့ အသည်းယားမိသည်။
"တိတ်စမ်း... အသံပြဲနဲ့အော်ငိုနေတာ မရှက်ဖူးလား..."
*ဖြန်း..ဖြန်း ...ဖြန်း...*
ဈာန်ဦးထိုက်တယောက်ပြောလဲပြောရင်း လက်ကရိုက်လဲ ထိုအကောင်ပေါက်ရဲ့ တင်ပါးအိအိလေးကို ထပ်မံ၍ရိုက်မိသည်။ အကောင်ပေါက်ရဲ့တင်ပါးကို ယခုလိုရိုက်တာကို သူ အလွန်ပင် သဘောကျမိသည်။
"ဟင့်... သူ့အသားမဟုတ်တိုင်း..ဟင့် ရိုက်နေပြီးတော့.. ဟီးး... နာလို့ငိုတော့ မရှက်ဖူးလားတဲ့ ဟင့်"
အကောင်ပေါက်ဆိုသည်မှာတော့ အော်လဲငိုရင်း ဈာန်ဦးထိုက်၏ပေါင်ကို... သွားစွယ်ချွန်ချွန်လေးတွေဖြင့် ကိုက်ချလေသည်..။
"အားးး... ကိုက်တယ်ဗျ... မင်းကခွေးပေါက်လေးလား... ကိုယ့်ကို ကိုက်ရအောင်"
"ကိုက်မှာပဲ... လူကိုရိုက်နေပြီးတော့.. ဟင့် မေကြီးရေ ပိစိရဲ့အဖြစ်ကိုလာကြည့်ပါဦး.. ဟင့်"
ပါးစပ်ပေါက်လေးကသာ ကျဥ်းတာ... အသံကတော့အလွန်အောင်သည်.... ။အခန်းကအသံလုံတဲ့အခန်းဖြစ်တာမို့ ယောက္ခထီးနဲ့ယောက္ခမဖြစ်သူ မကြားနိုင်တာ တော်သေးသည်ပြောရမည်....။
"မင်းလေးက အရမ်းဆိုးနေတာကိုး... ကိုယ်က ပြောစကားနားမထောင်ရင် စိတ်မရှည်ဘူး.. ရိုက်မှာပဲ"
"ဟင့်... ဟုတ်တယ်... ကျွန်တော်ကဆိုးတယ် ဘာဖြစ်လဲ ဟင့်... ကျွန်တော်ကဆိုးရင် မယူနဲ့လေ မင်္ဂလာပွဲဖျက်လိုက် ဟင့်"
မင်္ဂလာပွဲကိုဖျက်လိုက်တဲ့လား.... ။ရှိုင်းမာန်ခ၏ စကားကြောင့် ဈာန်ဦစထိုက် ဒေါသထွက်မိသည်... ။သို့သော်လည်း အချိန်ကားညဥ့်နက်နေပြီမို့ အိပ်ရေးမဝလျှင် အကောင်ပေါက်လေးကို ခေါင်းကိုက်မည်စိုးသောကြောင့် ထွက်နေတဲ့ ဒေါသတွေကိုမျိုသိပ်လိုက်ရသည် ...။
"ဒီလောက်ရိုက်တာတောင် ပြန်ခံပြောနေသေးတယ်... အိပ်တော့ ထပ်ငိုရဲငိုကြည့် ဒီ့ထက်ပိုနာမယ်မှတ်"
ဈာန်ဦးထိုက်လဲ သူ့ပေါင်ပေါ်တွင် မှောက်လျက်လေးဖြစ်နေသည့် ရှိုင်းမာန်ခ၏ ခန္ဓာကိုယ်လေးကို ခေါင်းဦးပေါ်သေချာတင်ပေးလိုက်ရင်း စောင်ခြုံပေးလိုက်သည်...။ ထို့နောက်သူလဲ ထိုအကောင်ပေါက်လေး၏ ဘေးတွင်ဝင်ကာ လှဲအိပ်လိုက်သည်... ။တချက်တချက်ရှိုက်ကာတုန်သွားသောကျောပြင်လေးကိုကြည့်ကာ ဈာန်ဦးထိုက် အသည်းယားမိသည်... ။
ခန္ဓာကိုယ်သေးသေးလေးကိုနောက်ကျောမှလှမ်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ ထိုခန္ဓာကိုယ်သေးသေးလေးက ဈာန်ဦးထိုက်ရဲ့ရင်ခွင်ကျယ်ကြီးထဲတွင်နစ်မြုပ်နေလေသည်....။ ဈာန်ဦးထိုက်လဲ ကိုယ်အသေးသေးလေးကိုတင်းကြပ်စွာဖက်ရင်းအိပ်စက်လိုက်သည်... ။ အကောင်ပေါက်လေးကတော့ ငိုရလွန်းသဖြင့် မောပန်းကာအိပ်ပျော်သွားလေသည်....။
Ep 3ဆက်ရန်...
ဦးဈာန်နဲ့ ပိစိတို့အတွဲလေးကို ချစ်ပေးကြပါ💗 Thank You for reading. Please vote and feedback.
🌊Hlaing Kyoe Myinn🌊
💗💗💗💗💗💗💗💗💗💗💗💗💗
Zgi
💞ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း💞
Ep 2
ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္ကျပန္ေရာက္သည္ႏွင့္ ဈာန္ဦးထိုက္တေယာက္အခန္းထဲဝင္ကာ... ၾကည္ျပာ၏ ဓာတ္ပုံေလးကိုၾကည့္ၿပီး ငိုေနမိသည္....။
"ကိုယ္ ဒီေန႕ ၾကည္ျပာ နဲ႕႐ုပ္ခ်င္းတူတဲ့ေကာင္ေလးတေယာက္ကိုေတြ႕ခဲ့တယ္ သိလား.... သူကမင္း မဟုတ္ဖူးဆိုတာ ကိုယ္သိေပမယ့္... သူ႕ကိုေတာ့ပိုင္ဆိုင္ခ်င္မိတယ္... ကိုယ္ တကိုယ္ေကာင္းဆန္ၿပီး အတၱႀကီးသလိုမ်ားျဖစ္ေနမလားဟင္... ကိုယ္ အဲ့ေကာင္ေလးကိုမခ်စ္ပါဘူး... ဒါေပမယ့္ အဲ့ေကာင္ေလးသာ အနားမွာရွိရင္ မင္းကိုလြမ္းတဲ့အလြမ္းေတြေျဖသာမယ္ထင္ပါရဲ႕.... အရမ္းလြမ္းတာပဲ ၾကည္ျပာရယ္"
*ေဒါက္ ေဒါက္ ေဒါက္...*
အခန္းတံခါးေခါက္သံၾကားတာမို႔ ဈာန္ဦးထိုက္လဲမ်က္ရည္သုတ္ကာ... တံခါးဖြင့္ေပးလိုက္ေတာ့ သူ၏မိခင္ ေဒၚခင္ႏြယ္ ျဖစ္ေနသည္...။
"သား... ဟိုကေလးနဲ႕ေတြ႕ၾကည့္ၿပီးၿပီလား"
ေဒၚခင္ႏြယ္က သားျဖစ္သူကို ေမးခြန္းထုတ္ရင္းႏွင့္ပင္ အခန္းထဲဝင္ကာ ကုတင္အစြန္းတဖက္တြင္ တင္ပါးလႊဲဝင္ထိုင္လိုက္သည္။
"ေတြ႕ခဲ့ၿပီးပါၿပီ မာမီ"
ဈာန္ဦးထိုက္ကေတာ့ ၾကည္ျပာ၏ဓာတ္ပုံေလးကိုကိုင္လွ်က္ပင္ မိခင္အေရွ႕၌ မတ္တပ္ရပ္လ်က္အေနထားျဖင့္ ျပန္ေျဖလိုက္၏။
"သားရဲ႕ ဒယ္ဒီ ကိုနားလည္ေပးလိုက္ပါ ကေလးရယ္... သူကေလ သားကိုအရမ္းခ်စ္ရွာတာ"
ေဒၚခင္ႏြယ္က သားျဖစ္သူ၏ လက္ထဲတြင္ကိုင္ထားေသာ ၾကည္ျပာ၏ဓာတ္ပုံကိုတစ္ခ်က္ၾကည့္ကာ သက္ျပင္းဖြဖြခ်လ်က္ စကားဆိုေလ၏။
"ၾကည္ျပာေၾကာင့္ သားခံစားေနရတာမၾကည့္ရက္လို႔ ဒယ္ဒီ ခုလိုစီစဥ္တယ္ဆိုတာ သားနားလည္ပါတယ္ မာမီ.. ဒါေပမယ့္ ႐ုပ္ခ်င္းသာတူတာေလမာမီရယ္... သူက ၾကည္ျပာ မွမဟုတ္တာ"
ဈာန္ဦးထိုက္ရဲ႕စကားသံဟာ အက္ကြဲေန၏။ သားေလးခံစားေနရတာကို သူမ တကယ္မၾကည့္ရက္ပါ။ ထို႔ေၾကာင့္လဲ ရွိုင္းမာန္ခ ဆိုတဲ့ေကာင္ေလးနဲ႕ ေပးစားဖို႔စီစဥ္ခဲ့တာမဟုတ္လား။
"အနည္းဆုံးေတာ့ မာမီရဲ႕သားေလး အထီးမက်န္ရေတာ့ဘူးေပါ့ကြယ္"
ဈာန္ဦးထိုက္လဲ သူ႕ရဲ႕မိခင္ကိုဖက္ကာ ငိုေႂကြးမိသည္... ။မိဘေမတၱာကို သူခုမွနားလည္ခဲ့သည္ေလ...။ သားသမီးစိတ္ဆင္းရဲေနတာကို ဘယ္မိဘက ၾကည့္ရက္ပါ့မလဲ... ။ဈာန္ဦးထိုက္ငိုေလေတာ့ ေဒၚခင္ႏြယ္က သားျဖစ္သူ၏ ေက်ာျပင္ေလးကိုပြတ္ေပးရင္း ႏွစ္သိမ့္ေနသည္...။
" ေက်း ေက်းဇူးတင္ပါတယ္ မာမီ ဟင့္"
"အသက္ပဲ 26ျဖစ္ေနၿပီ ငိုေနတုန္းလား သားရယ္.... ဒါနဲ႕ မဂၤလာကိစၥေရာ ဘယ္လိုသေဘာရလဲ"
ေဒၚခင္ႏြယ္ ကေမးေတာ့ ဈာန္ဦးထိုက္လဲ သူ၏မိခင္ျဖစ္သူ ရင္ခြင္ထဲမွ ထြက္လိုက္ရင္း...
"အစကေတာ့ အဲ့ကေလးက လက္မခံဘူး... ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္ကို သားေရာက္သြားေတာ့.. သားကိုမယူခ်င္လို႔ သူ႕အေဖနဲ႕ရန္ဖစ္ေနၾကတယ္... ဒါေပမယ့္ အခုေတာ့ သူ မျငင္းနိုင္ေတာ့ပါဘူးမာမီ "
ဈာန္ဦးထိုက္တေယာက္ ရွိုင္းမာန္ခကို သူႏွင့္ယူရန္ မည္သို႔မည္ပုံမဲဆြယ္ခဲ့သည္ကိုေတာ့... ထည့္မေျပာေတာ့ေပ... ။အမိန့္ေပးၿပီးယူခိုင္းတာသာသိရင္ မာမီက သူ႕ကိုဆူမွာေလ...။
"သားတို႔လူငယ္ခ်င္းအဆင္ေျပတယ္ဆိုရင္ေတာ့... အဲ့ကေလးကို တင္ေတာင္းရင္း မဂၤလာပြဲအတြက္ရက္ေ႐ြးဖို႔ သားရဲ႕ဒယ္ဒီကို မာမီေျပာလိုက္မယ္ေလေနာ္"
"ဟုတ္ကဲ့မာမီ... သားကေတာ့ မဂၤလာပြဲကိုအျမန္ဆုံးလုပ္ေစခ်င္တယ္ ျဖစ္နိုင္ရင္ ဒီတပတ္အတြင္းေပါ့"
"အိုးး... မာမီရဲ႕သားေလးက ေလာလွခ်ည္လားကြယ္.... ဟုတ္ပါၿပီေလ ဒီတပတ္အတြင္းက်င္းပလို႔ရေအာင္ မာမီစီစဥ္ေပးပါ့မယ္"
မိခင္ျဖစ္သူ၏ စကားေၾကာင့္ ဈာန္ဦးထိုက္ ေပ်ာ္သြားေလသည္...။
" ေက်းဇူးတင္ပါတယ္ မာမီ"
"ကဲ သားလည္းနားေတာ့ေလ... မနက္ျဖန္ ဟိုကေလးကိုသြားေတာင္းရမ္းဖို႔စီစဥ္ရဦးမယ္ေလ... အိပ္ေရးမဝလို႔မ်က္ကြင္းေတြညိုေနဦးမယ္"
"ဟုတ္ကဲ့မာမီ... Goodnightေနာ္ မာမီ"
"Goodnightပါ သားေလး"
ေဒၚခင္ႏြယ္လဲ သားျဖစ္သူ၏ နဖူးေလးကို အနမ္းေပးရင္း အခန္းထဲမွထြက္သြားေလေတာ့... ဈာန္ဦးထိုက္လဲ အခန္းတံခါးပိတ္ကာ အိပ္စက္ျခင္းဆီသို႔...
"ဝါးး တို႔ရဲ႕မတ္ေလးကေခ်ာလိုက္တာ....ကိုကိုႀကီးေတာ့ ေယာက္်ားရ ကံေကာင္းၿပီ..ဟိ"
ဈာန္ဦးထိုက္တို႔မိသားစုလိုက္ ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္ေရာက္ေနျခင္းျဖစ္သည္... ။အေၾကာင္းကေတာ့ ရွို္င္းမာန္ခကို လာတင္ေတာင္းတာေပါ့... ။ ဈာန္ဦးထိုက္၏ ညီမျဖစ္သူ ဈာန္ေမရွားက အေပၚထပ္ကဆင္းလာတဲ့ ရွိုင္းမာန္ခကိုေတြ႕ေတာ့ Sofaေပၚတြင္ ထိုင္ေနရာမွထကာ ရွိုင္းမာန္ခ၏အနားသို႔သြားရင္း ေျပာလိုက္ျခင္းျဖစ္သည္...။
ဈာန္ဦးထိုက္တေယာက္ Sofaေပၚတြင္ထိုင္ေနရာမွ ညီမျဖစ္သူ၏ စကားေၾကာင့္ အေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့... မိုးျပာေရာင္အကၤ်ီလက္ရွည္ေလးကို တံေတာင္ဆစ္ထိေခါက္တင္ကာ.. စတိုင္ပန္အျဖဴေရာင္ေလးႏွင့္ စမတ္က်လြန္းေနေသာ ရွိုင္းမာန္ခေၾကာင့္ ေငးခနဲျဖစ္သြားသည္.. ။
"ပိစိ လာေလ.. ဒီမွာ လူႀကီးေတြလဲေရာက္ေနၿပီ.."
ဦးခန့္မာန္က သူ၏သားျဖစ္သူကိုေခၚေတာ့ ရွိုင္းမာန္ခလဲ ဈာန္ဦးထိုက္၏ ေဘးတြင္ဝင္ထိုင္လိုက္သည္... ။ဈာန္ေမရွားလဲ သူမ ထိုင္ေနက်ေနရာတြင္ျပန္ထိုင္လိုက္သည္... ။အနားမွာဝင္ထိုင္ေနသည္အထိ သူ႕ကိုသာစိုက္ၾကည့္ေနေသာ လူႀကီးေၾကာင့္ ရွိုင္းမာန္ခတေယာက္ ရွက္လြန္းလို႔ ပါးေလးေတြပင္ရဲတက္သြားသည္...။
"ကိုကိုႀကီးေရ ငမ္းတာလဲေလ်ာ့ပါဦး... ေယာက္ဖေလး ရွက္ေနၿပီ"
ဈာန္ရွား ေျပာလိုက္မွ ဈာန္ဦးထိုက္တေယာက္ ရွိုင္းမာန္ခ ထံမွအၾကည့္ခြာကာ... ညီျဖစ္သူကို မ်က္လုံးျပဴးျပရင္း လက္သီးေထာင္ျပေလသည္... ။ ရွိုင္းမာန္ခတေယာက္ ယခုမွထိုလူႀကီးကို ေသခ်ာၾကည့္မိသည္... ။
ေက်ာက္စိမ္းၾကယ္သီးေတြကအေရာင္ေတာက္ကာ ေ႐ႊႀကိဳးေတြတြယ္ခ်ိတ္လွ်က္ အလွဆင္ထားေသာ ... နက္ျပာေရာင္အေနာက္တိုင္းဝတ္စုံကို စမတ္က်စြာဝတ္ဆင္ထားသည္မွာ အလြန္ခန့္ညားလြန္းလွသည္.. ။ ယခင္ေန႕ကဝတ္လာေသာ အျဖဴေရာင္ဝတ္စုံေလးႏွင့္ၾကည့္ေကာင္းသလို ယခုလိုနက္ျပာေရာင္အကၤ်ီေလးႏွင့္လဲ .. ထိုလူႀကီးဟာ အလြန္ၾကည့္ေကာင္းလြန္းတာမို႔ ေရွးဘဝက ကုသိုလ္ေကာင္းခဲ့သည္ထင္ပါရဲ႕..။
"အားလုံးစုံၿပီဆိုေတာ့.. မဂၤလာပြဲအေၾကာင္းေလးေျပာလိုက္ရေအာင္ဗ်ာ"
ဦးဈာန္သစ္က စကားစေတာ့... ဦးခန့္မာန္ တို႔လဲ လူႀကီးခ်င္းမဂၤလာကိစၥကိုေဆြးႏြေးေနၾကသည္..။ဈာန္ေမရွားနဲ႕ ဈာန္ရွားကေတာ့ လူႀကီးေတြရဲ႕စကားကို အာ႐ုံစိုက္ကာနားေထာင္ေနေသာ္လဲ ဈာန္ဦးထိုက္ဆိုသည္မွာ ရွိုင္းမာန္ခရဲ႕ေပါင္ေပၚတြင္တင္ထားေသာ လက္ေလးတဖက္ကို ဆုပ္ကိုင္လိုက္ေလ၏။ ဈာန္ဦးထိုက္၏အျပဳမူေၾကာင့္ ရွိုင္းမာန္ခရဲ႕ ခႏၶာကိုယ္ေလးတုန္တက္သြားသည္...။
<ဘာလုပ္တာလဲ ကြၽန္ေတာ့္လက္ကို အခုလႊတ္ေပး...>
ကြၽန္ေတာ္လဲ အသံတိုးတိုးေလးျဖင့္ေျပာရင္း.. ထိုလူႀကီး ဆုပ္ကိုင္ထားေသာ ကြၽန္ေတာ့္ရဲ႕ လက္ကို အတင္း႐ုန္းထြက္ေတာ့ ... ထိုလူႀကီးက လႊတ္ေပးျခင္းမရွိ... ။ ရွိုင္းမာန္ခတေယာက္ ႏုတ္ခမ္းေလး စူပုပ္ေနေလၿပီ...။
"ဒါဆို သားတို႔ဘက္ကေရာ မဂၤလာရက္ကို ဘယ္ေတာ့ေလာက္စီစဥ္ခ်င္လဲ"
ဖခင္ျဖစ္သူကေမးေတာ့ ဈာန္ဦးထိုက္လဲ အျမန္ပင္ေျဖ လိုက္သည္...။
"သဘက္ခါေလာက္စီစဥ္ေပးပါ... ကုမၸဏီကလူေတြရဲ႕ နားရက္နဲ႕လဲတိုက္လို႔ပါ"
"သဘက္ခါ ဟုတ္လား... အရမ္းမျမန္ေနဘူးလား"
ရွိုင္းမာန္ခထေျပာလိုက္ေတာ့ ဈာန္ဦးထိုက္က ႐ုပ္တည္ႀကီးႏွင့္စိုက္ၾကည့္တာမို႔ ရွိုင္းမာန္ခ ဇက္ကေလးပုသြားေလသည္...။
"ေကာင္းပါၿပီ ဒါဆို သခင္ေလးဈာန္ဦးထိုက္ရဲ႕ ဆႏၵအတိုင္း သဘက္ခါပဲစီစဥ္လိုက္ပါ့မယ္"
"ဒါဆိုလဲ ကြၽန္ေတာ္တို႔ကိုျပန္ခြင့္ျပဳပါဦး"
"သခင္ေလးဈာန္ဦးထိုက္ကေတာ့ ဒီမွာပဲေနခဲ့လိုက္ပါလား... ဝတ္စုံအတြက္ ဒီဇိုင္နာနဲ႕အပ္ရမွာမို႔ ကိုယ္တိုင္းယူဖို႔လိုတယ္ေလ"
"ဟုတ္ကဲ့... ဒါဆို ကြၽန္ေေတာ္ေနခဲ့ပါ့မယ္"
ဈာန္ဦးထိုက္တို႔အိမ္ကလူေတြျပန္သြားေတ့ာ..ေဒၚနန္းသူဇာက ရွိုင္းမာန္ခ၏အခန္းမွာပင္ သားမက္ျဖစ္သူ ကိုေနေစသည္...။
"ကိုယ္ေရခ်ိဳးခ်င္တယ္.. အကၤ်ီကူခြၽတ္ေပး"
"ခ..ခင္ဗ်ားမွာလက္ေတြပါတာပဲ... ကိုယ္ဟာကိုယ္ခြၽတ္ပါလား"
ေျပာသာေျပာရတာ... လက္ကေတာ့ ထိုလူႀကီး၏ အကၤ်ီၾကယ္သီးေတြကိုျဖဳတ္ေပးေနရသည္...။ အဲ့လူႀကီး ႐ုပ္တည္သြားရင္ ရွိုင္းေလး အလြန္ေၾကာက္ရပါသည္...။
{အူးဝါးးးး... ဆစ္ပတ္ႀကီးေတြနဲ႕ မိုက္လိုက္တာ..}
ေလ့က်င့္ခန္းပုံမွန္လိုက္စားသူျဖစ္တာေၾကာင့္ ဈာန္ဦးထိုက္ရဲ႕ ခႏၶာကိုယ္ေတာင့္တင္းကာ... ဆစ္ပတ္ေတြရယ္ ဗလေတြရယ္နဲ႕မို႔ ရွိုင္းမာန္ခတေယာက္ မၾကာခင္ေယာက္်ားေတာ္ရမည့္ ထိုလူႀကီး၏ ခႏၶာကိုယ္ကိုသေဘာက်ေနေလသည္....။
အကၤ်ီၾကယ္သီးျဖဳတ္ေပးေနေသာ.. ရွိုင္းမာန္ခရဲ႕လက္ျဖဴျဖဴေလးေတြအေပၚသို႔.. ေသြးေၾကာၿဖိဳင္းၿဖိဳင္းထေနေသာ..အညိုေရာင္လက္ႀကီးတဖက္က အုပ္ကိုင္ေလေတာ့... ရွိုင္းမာန္ခလဲ မရဲတရဲျဖင့္ မိမိမ်က္စိေရွ႕ကလူႀကီးအား ေမာ့ၾကည့္လိုက္မိသည္...။
"အကၤ်ီၾကယ္သီးျဖဳတ္တာၾကာလိုက္တာ "
"ျဖဳတ္... ျဖဳတ္ေပးေနတာပဲ... ကိုယ့္ဟာကိုယ္ျဖဳတ္ေတာ့ဗ်ာ"
ေျပာခ်င္ရာေျပာၿပီး အခန္းထဲကေျပးထြက္သြားေသာ.. ေက်ာျပင္ေလးကိုၾကည့္ကာ ဈာန္ဦးထိုက္သေဘာက်စြာရယ္မိသည္... ။ ထို႔ေနာက္သူ႕ဟာသူပဲ အဝတ္စားေတြခြၽတ္ရင္း ေရခ်ိဳးခန္းထဲဝင္ကာ ေရခ်ိဳးလိုက္သည္...။ သူ ေရခ်ိဳးၿပီးျပန္ထြက္လာေတာ့ အကၤ်ီေလးကိုင္ကာ ရပ္ေစာင့္ေနေသာအေကာင္ေပါက္ကိုေတြ႕လိုက္ရသည္...။
"ေဖႀကီးရဲ႕ အဝတ္စားေတြခနဌားလာတယ္... ခင္ဗ်ားနဲ႕ေတာ္တာ ကြၽန္ေတာ့္ဆီမွာမရွိဘူး"
"ကိုယ့္အကၤ်ီေတြေရာ"
" အဝတ္ေလွ်ာ္စက္နဲ႕ေလွ်ာ္ၿပီး လွန္းထားေပးတယ္"
ဈာန္ဦးထိုက္လဲေခါင္းၿငိမ့္ျပရင္း အေကာင္ေပါက္ေလး ကမ္းေပးေသာအဝတ္စားေတြကိုလွမ္းယူလိုက္သည္...။ရွိုင္းခန့္မာန္ဟာ လူေကာင္အလြန္ေသးတာေၾကာင့္ ဈာန္ဦးထိုက္၏မ်က္လုံးထဲတြင္ ခ်စ္စရာေကာင္းသည့္ရွဥ့္အေကာင္ေပါက္ေလးလိုျဖစ္ေန၏။
"ကိုယ္အဝတ္စားလဲတာကို ၾကည့္မလို႔လား"
အေပၚပိုင္းဗလာျဖစ္ေနေသာ ထိုလူႀကီး၏.. ခႏၶာကိုယ္ေငးရင္း... ထိုလူႀကီးေျပာလိုက္ေသာ စကားေၾကာင့္ ကြၽန္ေတာ္ မ်က္ဝန္းေလးေတြဝိုင္းစက္သြားရသည္...။
"ဘာ...ဘာလိုၾကည့္ရမွာလဲ... အ အခုအျပင္ထြက္ေပးရင္ရၿပီမို႔လား"
ႏုတ္ခမ္းေလးစူကာ ေျခေစာင့္လ်က္အျပင္ထြက္သြားေသာ အေကာင္ေပါက္ဟာ တကယ့္ကေလးေလးတေယာက္ပမာပင္... ။က်ဳပ္လဲ အေကယင္ေပါက္ေလးလာပို႔ေပးေသာ အဝတ္စားကိုအျမန္ဝတ္လိုက္ရသည္။
"ကိုယ္ဝတ္ၿပီးၿပီေနာ္... ဝင္လာလို႔ရၿပီ"
ဈာန္ဦးထိုက္ ေျပာလိုက္ေတာ့ ရွိုင္းမာန္ခလဲ အခန္းထဲသို႔ျပန္ဝင္လာေလသည္... ။ ထို႔ေနာက္ သူ႕ရဲ႕အဝတ္ဗီရိုထဲတြင္ထည့္ထားေသာ အိပ္ယာအခင္းႏွင့္ ေစာင္ေတြေခါင္းအုံးေတြယူကာ ကုတင္ေဘးရွိၾကမ္းျပင္ေပၚတြင္ အိပ္ယာခင္းေနေလသည္....။ ဈာန္ဦးထိုက္လဲ ကုတင္ေပၚတြင္ထိုင္လိုက္ရင္း....
"အဲ့ဒါဘာလုပ္ေနတာလဲ"
"အိပ္ယာခင္းေနတာေလ... ခင္ဗ်ားက ကုတင္ေပၚမွာအိပ္ ကြၽန္ေတာ္က ေအာက္မွာအိပ္မယ္"
{ဒါဘာစကားႀကီးလဲ သူနဲ႕ကို္ယ္က သဘက္ခါဆို တရားဝင္ယူရေတာ့မည္ကို သူကအခုကိုယ္နဲ႕ခြဲအိပ္မလို႔ျပင္ေနသည္တဲ့..ဘာသေဘာလဲ!}
ရွိုင္းမာန္ခ၏စကားေၾကာင့္ အလိုမက်စြာျဖင့္ ဈာန္ဦးထိုက္ မ်က္ေမွာင္ၾကဳတ္လွ်က္ စိတ္ထဲကေျပာရင္း...
"ေအာက္မွာမအိပ္နဲ႕ ကိုယ္နဲ႕အတူ ကုတင္ေပၚမွာလာအိပ္"
"ဘာလို႔ခင္ဗ်ားနဲ႕အတူအိပ္ရမွာလဲ...လုံးဝမအိပ္နိုင္ဘူး"
ဈာန္ဦးထိုက္ဆိုတာ စိတ္ရွည္သည့္သူမ်ိဳးမဟုတ္တာမို႔ ကုတင္ေပၚထိုင္ေနရာမွဆင္းလိုက္ၿပီး... ထိုအေကာင္ေပါက္ေလးရဲ႕ခႏၶာကိုယ္ေလးကိုေပြ႕ခ်ီလိုက္ေတာ့ .. ရွိုင္းမာန္ခတေယာက္တေယာက္႐ုတ္တရက္မို႔လန့္သြားကာ.. ဈာန္ဦးထိုက္ရဲ႕ လည္တိုင္သို႔ လက္ႏွစ္ဖက္ျဖင့္သိုင္းဖက္လိုက္ေလသည္.... ။ဈာန္ဦးထိုက္လဲ အေကာင္ေပါက္၏ခႏၶာကိုယ္ေလးကို ကုတင္ေပၚတြင္ခ်ေပးလိုက္ၿပီး...
"ဆင္းရဲရင္ဆင္းၾကည့္လိုက္!"
ဈာန္ဦးထိုက္ကေျပာေသာ္လည္း ရွိုင္းမာန္ခက ဆင္းေျပးရန္ျပင္တာမို႔... ဈာန္ဦးထိုက္လဲ ကုတင္ေပၚတြင္အျမန္ထိုင္လိုက္ကာ ... ရွိုင္းမာန္ခ၏ ကိုယ္ေလးကို သူ႕ေပါင္ေပၚတြင္ေမွာက္လ်က္အေနထားျပဳလုပ္လိုက္ၿပီး.. ရွိုင္းမာန္ခ၏ တင္ပါးလုံးလုံးေလးကို သူ႕လက္ဖဝါးအႀကီးႀကီးျဖင့္ ကေလးေလးေတြကိုရိုက္သလိုမ်ိဳး ရိုက္ေလသည္...။
*ျဖန္း...ျဖန္းး..ျဖန္းး...*
သုံးခ်က္ေလာက္ရိုက္လိုက္ေတာ့ မထြက္တဲ့မ်က္ရည္ကိုညွစ္ထုတ္ကာ... ထိုအေကာင္ေပါက္က သူ႕ရဲ႕ေအာင္လြန္းေသာအသံႏႈန္းျဖင့္ ေအာ္ငိုေလေတာ့သည္...။
"ဟင့္... ဟီးး... ေဖႀကီးေရ... ဟင့္... ေဖႀကီးတို႔ ေပးစားတဲ့လူႀကီးက...ဟင့္..ပိစိကို ႏွိပ္စက္ေနတယ္ ဟင့္..ဟီး...."
ဈာန္ဦးထိုက္က ခပ္ဖြဖြရိုက္သည္ဆိုေသာ္လဲ လင္ေတာ္ေမာင္ကေတာ့ အကဲပိုစြာေအာ္ဟစ္ငိုေနတာမို႔ အသည္းယားမိသည္။
"တိတ္စမ္း... အသံၿပဲနဲ႕ေအာ္ငိုေနတာ မရွက္ဖူးလား..."
*ျဖန္း..ျဖန္း ...ျဖန္း...*
ဈာန္ဦးထိုက္တေယာက္ေျပာလဲေျပာရင္း လက္ကရိုက္လဲ ထိုအေကာင္ေပါက္ရဲ႕ တင္ပါးအိအိေလးကို ထပ္မံ၍ရိုက္မိသည္။ အေကာင္ေပါက္ရဲ႕တင္ပါးကို ယခုလိုရိုက္တာကို သူ အလြန္ပင္ သေဘာက်မိသည္။
"ဟင့္... သူ႕အသားမဟုတ္တိုင္း..ဟင့္ ရိုက္ေနၿပီးေတာ့.. ဟီးး... နာလို႔ငိုေတာ့ မရွက္ဖူးလားတဲ့ ဟင့္"
အေကာင္ေပါက္ဆိုသည္မွာေတာ့ ေအာ္လဲငိုရင္း ဈာန္ဦးထိုက္၏ေပါင္ကို... သြားစြယ္ခြၽန္ခြၽန္ေလးေတြျဖင့္ ကိုက္ခ်ေလသည္..။
"အားးး... ကိုက္တယ္ဗ်... မင္းကေခြးေပါက္ေလးလား... ကိုယ့္ကို ကိုက္ရေအာင္"
"ကိုက္မွာပဲ... လူကိုရိုက္ေနၿပီးေတာ့.. ဟင့္ ေမႀကီးေရ ပိစိရဲ႕အျဖစ္ကိုလာၾကည့္ပါဦး.. ဟင့္"
ပါးစပ္ေပါက္ေလးကသာ က်ဥ္းတာ... အသံကေတာ့အလြန္ေအာင္သည္.... ။အခန္းကအသံလုံတဲ့အခန္းျဖစ္တာမို႔ ေယာကၡထီးနဲ႕ေယာကၡမျဖစ္သူ မၾကားနိုင္တာ ေတာ္ေသးသည္ေျပာရမည္....။
"မင္းေလးက အရမ္းဆိုးေနတာကိုး... ကိုယ္က ေျပာစကားနားမေထာင္ရင္ စိတ္မရွည္ဘူး.. ရိုက္မွာပဲ"
"ဟင့္... ဟုတ္တယ္... ကြၽန္ေတာ္ကဆိုးတယ္ ဘာျဖစ္လဲ ဟင့္... ကြၽန္ေတာ္ကဆိုးရင္ မယူနဲ႕ေလ မဂၤလာပြဲဖ်က္လိုက္ ဟင့္"
မဂၤလာပြဲကိုဖ်က္လိုက္တဲ့လား.... ။ရွိုင္းမာန္ခ၏ စကားေၾကာင့္ ဈာန္ဦစထိုက္ ေဒါသထြက္မိသည္... ။သို႔ေသာ္လည္း အခ်ိန္ကားညဥ့္နက္ေနၿပီမို႔ အိပ္ေရးမဝလွ်င္ အေကာင္ေပါက္ေလးကို ေခါင္းကိုက္မည္စိုးေသာေၾကာင့္ ထြက္ေနတဲ့ ေဒါသေတြကိုမ်ိဳသိပ္လိုက္ရသည္ ...။
"ဒီေလာက္ရိုက္တာေတာင္ ျပန္ခံေျပာေနေသးတယ္... အိပ္ေတာ့ ထပ္ငိုရဲငိုၾကည့္ ဒီ့ထက္ပိုနာမယ္မွတ္"
ဈာန္ဦးထိုက္လဲ သူ႕ေပါင္ေပၚတြင္ ေမွာက္လ်က္ေလးျဖစ္ေနသည့္ ရွိုင္းမာန္ခ၏ ခႏၶာကိုယ္ေလးကို ေခါင္းဦးေပၚေသခ်ာတင္ေပးလိုက္ရင္း ေစာင္ၿခဳံေပးလိုက္သည္...။ ထို႔ေနာက္သူလဲ ထိုအေကာင္ေပါက္ေလး၏ ေဘးတြင္ဝင္ကာ လွဲအိပ္လိုက္သည္... ။တခ်က္တခ်က္ရွိုက္ကာတုန္သြားေသာေက်ာျပင္ေလးကိုၾကည့္ကာ ဈာန္ဦးထိုက္ အသည္းယားမိသည္... ။
ခႏၶာကိုယ္ေသးေသးေလးကိုေနာက္ေက်ာမွလွမ္းဖက္ကာ ရင္ခြင္ထဲဆြဲသြင္းလိုက္ေတာ့ ထိုခႏၶာကိုယ္ေသးေသးေလးက ဈာန္ဦးထိုက္ရဲ႕ရင္ခြင္က်ယ္ႀကီးထဲတြင္နစ္ျမဳပ္ေနေလသည္....။ ဈာန္ဦးထိုက္လဲ ကိုယ္အေသးေသးေလးကိုတင္းၾကပ္စြာဖက္ရင္းအိပ္စက္လိုက္သည္... ။ အေကာင္ေပါက္ေလးကေတာ့ ငိုရလြန္းသျဖင့္ ေမာပန္းကာအိပ္ေပ်ာ္သြားေလသည္....။
Ep 3ဆက္ရန္...
ဦးဈာန္နဲ႕ ပိစိတို႔အတြဲေလးကို ခ်စ္ေပးၾကပါ💗 Thank You for reading. Please vote and feedback.
🌊Hlaing Kyoe Myinn🌊