-𝐒𝐄𝐍𝐈𝐎𝐑-
ᴜɴɪᴄᴏᴅᴇ#
ဂျီဆူး ခေါင်မိုးထပ်က ခုံတန်းလျားမှာ ထိုင်နေတုန်း
"ပေါက်စပူတူးရဲ့စီနီယာ စီနီယာရဲ့ပေါက်စပူတူး
ကကိကုကဲကို ကော့်ကော်ကံကား အမယ်လေး
စီနီယာနဲ့ ငါနဲ့ညား ကိန် "
'အဟွတ် '
ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့
အနှီကလေးမကြောင့် တံတွေးတောင် သီးသွားရသည်။
"စီနီယာ ဘာလုပ်နေတာလဲ "
ခွင့်ပြုချက်လည်း မတောင်းပါပဲ ဂျီဆူးဘေးဝင်ထိုင်ကာ
မေးလိုက်သော ကလေးမအား မျက်စောင်းထိုးလိုက်သည်။
"ထိုင်နေတာ မမြင်ဘူးလား "
"မြင်ပါတယ် စီနီယာရဲ့ သမီးကမေးကြည့်တာပါ
ဒါနဲ့ သမီးနာမည်က ကင်ဂျင်းနီတဲ့ မှတ်ထားဦးနော် "
'သိသားပဲ ဟွန့်...'
"စီနီယာ သမီးပြောတာကြားလား "
တစ်ယောက်နဲ့တစ်ယောက် တစ်စင်တီမီတာတောင်
မခြားပဲ ထိုင်နေကြတာကို ကင်ဂျင်းနီဆိုသည့်
ကလေးမက ထပ်တိုးလာသေးသည်။
"ဟေ့ဟေ့ ဘယ်လိုဖြစ်လို့ ဇွတ်တိုးနေတာလဲ
ဒီမယ် ငါပြုတ်ကြတော့မယ် "
ဂျီဆူး ချက်ချင်းပဲ ထကာ ဆူအောင့်အောင့်ပြောလိုက်တော့
ထိုကလေးမက သွားသေးသေးလေးတွေ ပေါ်တဲ့အထိ
စပ်ဖြီးဖြီးလုပ်ပြီး ရယ်ပြသည်။
"စီနီယာကလည်း စိတ်မပူပါနဲ့ ပြုတ်ကြရင်
သမီးလှမ်းဆွဲမှာပေါ့ သမီးရဲ့စီနီယာကို
အထိခိုက်မခံပါဘူးနော် "
မျက်နှာချိုသွေးပြီး ပြောလာသော ကလေးမကြောင့်
ဂျီဆူး ခါးထောက်ကာ
"တော်ပါ မင်းလှမ်းဆွဲတာ မခံချင်ပါဘူး
နောက်ပြီး ငါပြောမယ် ပေါက်စ "
"ဟုတ် ဟုတ် "
"ကင်ဂျီဆူးဆိုတဲ့ ငါက လုံးဝ လုံးဝ မိန်းကလေးတွေကို
မကြိုက်ဘူး သိပြီလား ငါကstraight "
"ဟွန်း...အဲ့တာက သမီးနဲ့မသိသေးလို့ပါ
အခုမကွေးလည်း နောက်ကွေးလာမှာပဲကို "
ဂျီဆူးစကားအား နှုတ်ခမ်းကြီးစူကာ
ပြန်ပြောသည်။
"ဆောရီးပဲ ကင်ဂျင်းနီ မင်းမှန်းချင်ရင်
တစ်ကျောင်းလုံးက ကောင်မလေးတွေ
ကြိုက်သလောက်မှန်းလို့ရတယ် ဒါပေမယ့်
မင်းမှန်းလို့ရတဲ့အထဲ ကင်ဂျီဆူးမပါဘူး အိုကေ? "
"ဆောရီးပဲ စီနီယာရေ သမီးကလည်း
ကင်ဂျီဆူးဆိုတဲ့ မိန်းကလေးကိုပဲ
ဆာနေတာ "
ပြောလိုက်တဲ့ စကား နားထဲမရောက်သလို
ပုံစံဖြင့်ပြောလိုက်သော ကလေးမအားကြည့်ကာ
လန့်သွားရသည်။ဘာတဲ့..ဆာနေတာဆိုပဲ။
အဲ့တာဘာကြီးလဲ။
"အဲ့တာက မင်းအပိုင်းပဲ မင်းသိထားရမှာက
ငါမင်းကို ဘယ်တော့မှ ပြန်ချစ်လာမှာ မဟုတ်ဘူး "
"ဟွန့်...စောင့်ကြည့်နေပါ စီနီယာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
စီနီယာ သမီးကိုတန်းတန်းစွဲဖြစ်နေစေရမယ် ပြီးတော့
ဒီစကားကို မှတ်ထားပါကင်ဂျင်းနီကြောင့်straightပါဆိုတဲ့
ကင်ဂျီဆူးကြီး ဆွဲဆန့်မရအောင်ကို ကွေးသွားစေရမယ် ဟဲဟဲ "
"ဘာ..မင်း မင်း "
ပြောချင်တာပြောကာ ထွက်သွားသော
ကလေးမအား ဆွဲလုပ်သတ်ချင်စိတ်တွေ
မနည်းထိန်းထားရသည်။
'ကြည့်လိုက်တော့ ရိုးမယ့်ပုံ 'အ'မယ့်ပုံနဲ့
ငါ့ကို ကတ်ကတ်လန်အောင် ပြောသွားလိုက်တာများ
ဟွန်း..သူ့ကြောင့်ပဲ ဆွဲဆန့်မရအောင် ကွေးရဦးမယ် ရယ်ချင်တယ် '
ဂျီဆူး စိတ်ထဲတွင် ကြုံးဝါးလိုက်သည်က
'ငါ လုံးဝမကွေးဘူး ပေါက်စရဲ့ '
###################
လီဆာတစ်ယောက် ပန်းချီဘာသာ အဆောင်ဘက်တွင်
ကုပ်ချောင်းကုပ်ချောင်းနှင့် ကြောင်မျက်စိကစားသလို
လှည့်ပတ်ကာ ကြည့်နေသည်။အကြောင်းရင်းက
သူမရဲ့ ပေပီလေးယောင်းငယ်ကို ချောင်းဖို့အတွက်ဖြစ်သည်။
ကင်ဂျင်းနီဆိုတဲ့ ကလေးမကို ဂျီဆူးရှိတဲ့နေရာ
ပြောပြလိုက်ရသလို သူမကတော့ ပေပီယောင်းငယ်လေးနဲ့ ခင်မင်ခွင့်ရဖို့အတွက် အကြံညဏ်ရလိုက်သည်။
'ဟူး!!လာလီဆာရေ အချစ်အတွက် သတ္တိရှိရအောင်
ဝင်မယ် သေချာပေါက် ဝင်မယ် '
လီဆာ လေပူတစ်ချက်မှုတ်ထုတ်ကာ ကိုယ့်ကိုကိုယ် အားပေးလိုက်ပြီး အခန်းB ဝင်ရန် ခြေလှမ်းရတော့သည်။
အခန်းထဲရောက်သည်နှင့် ပေပီယောင်းငယ်လေး
ရှိမရှိ အရင်ရှာရသေးသည်။
ဟော...တွေ့ပါပြီ သူမရဲ့ပေပီလေး!!
ညာဘက်လက်က ပေါင်မုန့်ကိုင်ပြီး ဘယ်ဘက်လက်က ကိုလာဘူးကိုကိုင်ကာ ပြုံးပြုံးကြီးစားကာ
သာယာနေတော့သည်။
သေချာတယ် ပေပီလေးနဲ့သူမနဲ့သာ ချစ်သူတွေဖြစ်ရင်
မုန့်ဖိုးနဲ့တင် မွဲမယ်ဆိုတာ။ဒါပေမယ့် အဆင်ပြေပါတယ်လေ
ချစ်ရသူအတွက်ပဲဟာကို။
တစ်ဖြည်းဖြည်းနဲ့လူတွေ အတန်းထဲပြန်ဝင်လာကြပြီမို့
လီဆာ အတန်းရှေ့ထွက်ကာ
"အဟမ်း...ဒီအခန်းထဲမှာ ပတ်ချယ်ယောင်းဆိုတဲ့
မိန်းကလေးများ ရှိသလားမသိဘူး "
ဆရာကြီးဂိုက်ဖမ်းကာ ခပ်တည်တည်ဖြင့်သာ
ပြောလိုက်သည်။
လီဆာစကားကြောင့် ပါသမျှမုန့်အကုန်ထုတ်စားနေသော ချယ်ယောင်းမှ လက်ကလေးထောင်ကာ
"ဟို ပတ်ချယ်ယောင်းဆိုတာ ကျွန်မပါ "
ပါးစပ်ထဲတွင် မုန့်တွေမကုန်သေးပဲ ပလုတ်ပလောင်းဖြင့်
ပြောလာသော ချစ်စရာချစ်သူလေးအား လီဆာ
စိတ်လိုလက်ရပြုံးပြလိုက်သည်။
"အော် မင်းလား "
"ဟုတ်ကဲ့ ကျွန်မပါ "
ချစ်စဖွယ်အပြုံးလေးနဲ့ ပြန်ဖြေလာသော
ပေပီလေးအားအတော်တန်ကြာအောင်စိုက်ကြည့်လိုက်သည်။ အချစ်တွေပြည့်နှက်နေသော တစ်နည်းအားဖြင့် စူးရှသော မျက်ဝန်များဖြင့် စိုက်ကြည့်လိုက်သည်။
ချစ်ခြင်းအစ မျက်စိကတဲ့။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ဂျီဆူးရဲ့ပေါက်စပူတူးကပြောလိုက်တာပဲ။
'အိမ်း...ငါရဲ့စူးရှလှတဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံရင်
ပေပီလေး လုံးဝကြွေသွားမှာပဲ ဟိဟိ ဟုတ်တယ်
လာလီဆာရေ နင်မှန်တယ် '
လီဆာတစ်ယောက်သူ့အတွေးနဲ့သူကြည်နူးပျော်ရွှင်နေပေမယ့် ပတ်ချယ်ယောင်းလေးကတော့ သူမအား ဂရုမစိုက်သည့်အပြင် စားနေရင်နဲ့ပြုံးနေလိုက်သေးသည်။
"ကဲ ကဲ အစ်မရေ ပြီးပြီဆိုလည်း သွားတော့လေ
ညီမတို့အခန်းက ဆရာမလာတော့မယ် "
လီဆာ ဘယ်လောက်ထိ စိုက်ကြည့်နေသည်မသိ။
အခန်းထဲက ကောင်မလေးတစ်ယောက်ပြောမှ
အပြင်ထွက်လိုက်သည်။
'အော် ဆိုးလိုက်တဲ့ ဘဝ ကင်ဂျင်းနီတော့ မသိ
ငါတော့ အဆင်ပြေမနေဘူး '
ထိုနေ့တော့ လီဆာ ဝမ်းနည်းသောမျက်နှာဖြင့် ခေါင်းတရမ်းရမ်းနှင့်သာ အခန်းပြန်ခဲ့ရသည်။
##################
"မေမေရေ သမီးလိမ္မာလေး ကင်ဂျင်းနီပြန်ရောက်ပါပြီရှင် "
အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းတွင် သတင်းစာထိုင်ဖတ်နေသော မေမေ့ဆီသို့
တစ်ချိုးတည်းပြေးသွားလိုက်သည်။
"အမယ်လေးဟယ် အစောကြီးရှိသေးတယ်
ပြန်လာပြီလား "
ကိုယ့်သမီးပြန်လာတာကို မျက်နှာလေးရှုံ့ကာ
ကြိုဆိုလိုက်တဲ့ မေမေ့အား သူမ စပ်ဖြီးဖြီးပြုံးပြလိုက်သည်။
"မေမေကလည်း ကိုယ့်သမီးလေးပြန်လာတာကို
ရှုံ့မဲ့နေတာပဲ သမီးကိုမလွမ်းဘူးလား "
ဂျင်းနီ သူမ အမေအား ဖက်ကာ ချွဲလိုက်သည်။
"တော်ပါဟယ် ညည်းကို ငါကြောက်လွန်းလို့ပါ
အဟွတ် အဟွတ် "
သူမအား ပြောရင်း ချောင်းတွေတစ်ဟွတ်ဟွတ်ဆိုးနေသော
မေမေ့အား ပွစိပွစိပြောရတော့မည်။
"အဲ့တာကြောင့်မို့ပြောတာ မေ့မေ့ကိုချိုချဥ်တွေမစားပါနဲ့
မစားပါနဲ့ဆိုပြီး သမီးလိမ္မာလေးအတန်အတန်ပြောသားပဲ "
"ဖြတ်မရလို့ပါဟယ် ချိုချဥ်ဆိုတာ မွေးကတည်းကစားလာတာ မစားရပဲမနေနိုင်ဘူး "
"ဒါပေမယ့် မေမေ့ကအခုလူကြီးဖြစ်နေပြီလေ
ကျန်းမာရေးအတွက်မကောင်းဘူးလို့ "
"အေးပါ နောက်မစားတော့ဘူး ရပြီလား "
"အဲ့တာကြောင့်မို့ပြောတာ မေ့မေ့ကို "
"သွားပါတော့ဟယ် အဝတ်စားတွေဘာတွေ
သွားလဲတော့သွား မှတ်ထား သားသမီးဆိုတာ မိဘနဲ့ဝေးဝေးနေရတယ် ငါနဲ့ဝေးဝေးနေရင် ငါ့ကိုကူညီရာရောက်တယ် သွားတော့သွား..."
ဇွတ်ကြီးအတင်းကြီးကို နှင်ထုတ်နေသော
သူမ အမေအား မစရပဲတစ်ကယ်မနေနိုင်ပါ။
သူမ အမေနဲ့သူမက သူငယ်ချင်းလို့ပေါင်းသည်မို့
အရာရာမှာ အဆင်ပြေသည်။
အမေကလည်း အခွီ သမီးကလည်း
အခွီဖြင့် တစ်အိမ်လုံး စိုပြေနေတော့သည်။
ဒါတောင် သူမ အဖေမပါသေးပါ။
"မေမေကလည်း သမီးကလေ... "
"ဝေးဝေးသွားပါတော့ဟယ် ငါ့မွေးထားတဲ့
ငါ့သမီးငါကြည့်ပြီး စိတ်ကုန်လွန်းလို့ပါဟဲ့ "
ဂျင်းနီ သူမ အမေစကားကြောင့် ခပ်ဆွေးဆွေးမျက်နှာပေးဖြင့် ခေါင်းငုံ့ကာ
"ဟုတ်ကဲ့ မေမေ သမီးမေ့မေ့စကားနားထောင်ပါ့မယ် "
ဆိုပြီး လှစ်ကနဲ အိမ်ပေါ်တက်သွားတော့လေသည်။
################
ᴛʙᴄ#
©-ᴊ-
ficလေးကိုသဘောကျရင် share ပေးခြင်းဖြင့်
ကူညီပါဦးလို့ 💜
______~ᴛʜᴀɴᴋ ʏᴏᴜ ғᴏʀ ʀᴇᴀᴅɪɴɢ~______
-𝐒𝐄𝐍𝐈𝐎𝐑-
ᴢᴀᴡɢʏɪ#
ဂ်ီဆူး ေခါင္မိုးထပ္က ခုံတန္းလ်ားမွာ ထိုင္ေနတုန္း
"ေပါက္စပူတူးရဲ႕စီနီယာ စီနီယာရဲ႕ေပါက္စပူတူး
ကကိကုကဲကို ေကာ့္ေကာ္ကံကား အမယ္ေလး
စီနီယာနဲ႕ ငါနဲ႕ညား ကိန္ "
'အဟြတ္ '
ဘယ္ကေန ဘယ္လိုေရာက္လာမွန္းမသိတဲ့
အႏွီကေလးမေၾကာင့္ တံေတြးေတာင္ သီးသြားရသည္။
"စီနီယာ ဘာလုပ္ေနတာလဲ "
ခြင့္ျပဳခ်က္လည္း မေတာင္းပါပဲ ဂ်ီဆူးေဘးဝင္ထိုင္ကာ
ေမးလိုက္ေသာ ကေလးမအား မ်က္ေစာင္းထိုးလိုက္သည္။
"ထိုင္ေနတာ မျမင္ဘူးလား "
"ျမင္ပါတယ္ စီနီယာရဲ႕ သမီးကေမးၾကည့္တာပါ
ဒါနဲ႕ သမီးနာမည္က ကင္ဂ်င္းနီတဲ့ မွတ္ထားဦးေနာ္ "
'သိသားပဲ ဟြန့္...'
"စီနီယာ သမီးေျပာတာၾကားလား "
တစ္ေယာက္နဲ႕တစ္ေယာက္ တစ္စင္တီမီတာေတာင္
မျခားပဲ ထိုင္ေနၾကတာကို ကင္ဂ်င္းနီဆိုသည့္
ကေလးမက ထပ္တိုးလာေသးသည္။
"ေဟ့ေဟ့ ဘယ္လိုျဖစ္လို႔ ဇြတ္တိုးေနတာလဲ
ဒီမယ္ ငါျပဳတ္ၾကေတာ့မယ္ "
ဂ်ီဆူး ခ်က္ခ်င္းပဲ ထကာ ဆူေအာင့္ေအာင့္ေျပာလိုက္ေတာ့
ထိုကေလးမက သြားေသးေသးေလးေတြ ေပၚတဲ့အထိ
စပ္ၿဖီးၿဖီးလုပ္ၿပီး ရယ္ျပသည္။
"စီနီယာကလည္း စိတ္မပူပါနဲ႕ ျပဳတ္ၾကရင္
သမီးလွမ္းဆြဲမွာေပါ့ သမီးရဲ႕စီနီယာကို
အထိခိုက္မခံပါဘူးေနာ္ "
မ်က္ႏွာခ်ိဳေသြးၿပီး ေျပာလာေသာ ကေလးမေၾကာင့္
ဂ်ီဆူး ခါးေထာက္ကာ
"ေတာ္ပါ မင္းလွမ္းဆြဲတာ မခံခ်င္ပါဘူး
ေနာက္ၿပီး ငါေျပာမယ္ ေပါက္စ "
"ဟုတ္ ဟုတ္ "
"ကင္ဂ်ီဆူးဆိုတဲ့ ငါက လုံးဝ လုံးဝ မိန္းကေလးေတြကို
မႀကိဳက္ဘူး သိၿပီလား ငါကstraight "
"ဟြန္း...အဲ့တာက သမီးနဲ႕မသိေသးလို႔ပါ
အခုမေကြးလည္း ေနာက္ေကြးလာမွာပဲကို "
ဂ်ီဆူးစကားအား ႏႈတ္ခမ္းႀကီးစူကာ
ျပန္ေျပာသည္။
"ေဆာရီးပဲ ကင္ဂ်င္းနီ မင္းမွန္းခ်င္ရင္
တစ္ေက်ာင္းလုံးက ေကာင္မေလးေတြ
ႀကိဳက္သေလာက္မွန္းလို႔ရတယ္ ဒါေပမယ့္
မင္းမွန္းလို႔ရတဲ့အထဲ ကင္ဂ်ီဆူးမပါဘူး အိုေက? "
"ေဆာရီးပဲ စီနီယာေရ သမီးကလည္း
ကင္ဂ်ီဆူးဆိုတဲ့ မိန္းကေလးကိုပဲ
ဆာေနတာ "
ေျပာလိုက္တဲ့ စကား နားထဲမေရာက္သလို
ပုံစံျဖင့္ေျပာလိုက္ေသာ ကေလးမအားၾကည့္ကာ
လန့္သြားရသည္။ဘာတဲ့..ဆာေနတာဆိုပဲ။
အဲ့တာဘာႀကီးလဲ။
"အဲ့တာက မင္းအပိုင္းပဲ မင္းသိထားရမွာက
ငါမင္းကို ဘယ္ေတာ့မွ ျပန္ခ်စ္လာမွာ မဟုတ္ဘူး "
"ဟြန့္...ေစာင့္ၾကည့္ေနပါ စီနီယာ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာ
စီနီယာ သမီးကိုတန္းတန္းစြဲျဖစ္ေနေစရမယ္ ၿပီးေတာ့
ဒီစကားကို မွတ္ထားပါကင္ဂ်င္းနီေၾကာင့္straightပါဆိုတဲ့
ကင္ဂ်ီဆူးႀကီး ဆြဲဆန့္မရေအာင္ကို ေကြးသြားေစရမယ္ ဟဲဟဲ "
"ဘာ..မင္း မင္း "
ေျပာခ်င္တာေျပာကာ ထြက္သြားေသာ
ကေလးမအား ဆြဲလုပ္သတ္ခ်င္စိတ္ေတြ
မနည္းထိန္းထားရသည္။
'ၾကည့္လိုက္ေတာ့ ရိုးမယ့္ပုံ 'အ'မယ့္ပုံနဲ႕
ငါ့ကို ကတ္ကတ္လန္ေအာင္ ေျပာသြားလိုက္တာမ်ား
ဟြန္း..သူ႕ေၾကာင့္ပဲ ဆြဲဆန့္မရေအာင္ ေကြးရဦးမယ္ ရယ္ခ်င္တယ္ '
ဂ်ီဆူး စိတ္ထဲတြင္ ႀကဳံးဝါးလိုက္သည္က
'ငါ လုံးဝမေကြးဘူး ေပါက္စရဲ႕ '
###################
လီဆာတစ္ေယာက္ ပန္းခ်ီဘာသာ အေဆာင္ဘက္တြင္
ကုပ္ေခ်ာင္းကုပ္ေခ်ာင္းႏွင့္ ေၾကာင္မ်က္စိကစားသလို
လွည့္ပတ္ကာ ၾကည့္ေနသည္။အေၾကာင္းရင္းက
သူမရဲ႕ ေပပီေလးေယာင္းငယ္ကို ေခ်ာင္းဖို႔အတြက္ျဖစ္သည္။
ကင္ဂ်င္းနီဆိုတဲ့ ကေလးမကို ဂ်ီဆူးရွိတဲ့ေနရာ
ေျပာျပလိုက္ရသလို သူမကေတာ့ ေပပီေယာင္းငယ္ေလးနဲ႕ ခင္မင္ခြင့္ရဖို႔အတြက္ အႀကံညဏ္ရလိုက္သည္။
'ဟူး!!လာလီဆာေရ အခ်စ္အတြက္ သတၱိရွိရေအာင္
ဝင္မယ္ ေသခ်ာေပါက္ ဝင္မယ္ '
လီဆာ ေလပူတစ္ခ်က္မႈတ္ထုတ္ကာ ကိုယ့္ကိုကိုယ္ အားေပးလိုက္ၿပီး အခန္းB ဝင္ရန္ ေျခလွမ္းရေတာ့သည္။
အခန္းထဲေရာက္သည္ႏွင့္ ေပပီေယာင္းငယ္ေလး
ရွိမရွိ အရင္ရွာရေသးသည္။
ေဟာ...ေတြ႕ပါၿပီ သူမရဲ႕ေပပီေလး!!
ညာဘက္လက္က ေပါင္မုန့္ကိုင္ၿပီး ဘယ္ဘက္လက္က ကိုလာဘူးကိုကိုင္ကာ ၿပဳံးၿပဳံးႀကီးစားကာ
သာယာေနေတာ့သည္။
ေသခ်ာတယ္ ေပပီေလးနဲ႕သူမနဲ႕သာ ခ်စ္သူေတြျဖစ္ရင္
မုန့္ဖိုးနဲ႕တင္ မြဲမယ္ဆိုတာ။ဒါေပမယ့္ အဆင္ေျပပါတယ္ေလ
ခ်စ္ရသူအတြက္ပဲဟာကို။
တစ္ျဖည္းျဖည္းနဲ႕လူေတြ အတန္းထဲျပန္ဝင္လာၾကၿပီမို႔
လီဆာ အတန္းေရွ႕ထြက္ကာ
"အဟမ္း...ဒီအခန္းထဲမွာ ပတ္ခ်ယ္ေယာင္းဆိုတဲ့
မိန္းကေလးမ်ား ရွိသလားမသိဘူး "
ဆရာႀကီးဂိုက္ဖမ္းကာ ခပ္တည္တည္ျဖင့္သာ
ေျပာလိုက္သည္။
လီဆာစကားေၾကာင့္ ပါသမွ်မုန့္အကုန္ထုတ္စားေနေသာ ခ်ယ္ေယာင္းမွ လက္ကေလးေထာင္ကာ
"ဟို ပတ္ခ်ယ္ေယာင္းဆိုတာ ကြၽန္မပါ "
ပါးစပ္ထဲတြင္ မုန့္ေတြမကုန္ေသးပဲ ပလုတ္ပေလာင္းျဖင့္
ေျပာလာေသာ ခ်စ္စရာခ်စ္သူေလးအား လီဆာ
စိတ္လိုလက္ရၿပဳံးျပလိုက္သည္။
"ေအာ္ မင္းလား "
"ဟုတ္ကဲ့ ကြၽန္မပါ "
ခ်စ္စဖြယ္အၿပဳံးေလးနဲ႕ ျပန္ေျဖလာေသာ
ေပပီေလးအား အေတာ္တန္ၾကာေအာင္ စိုက္ၾကည့္လိုက္သည္။ အခ်စ္ေတြျပည့္ႏွက္ေနေသာ
တစ္နည္းအားျဖင့္ စူးရွေသာ မ်က္ဝန္မ်ားျဖင့္ စိုက္ၾကည့္လိုက္သည္။
ခ်စ္ျခင္းအစ မ်က္စိကတဲ့။ ဟုတ္လား မဟုတ္လားေတာ့ မသိဘူး။ဂ်ီဆူးရဲ႕ေပါက္စပူတူးကေျပာလိုက္တာပဲ။
'အိမ္း...ငါရဲ႕စူးရွလွတဲ့ မ်က္လုံးေတြနဲ႕ အၾကည့္ခ်င္းဆုံရင္
ေပပီေလး လုံးဝေႂကြသြားမွာပဲ ဟိဟိ ဟုတ္တယ္
လာလီဆာေရ နင္မွန္တယ္ '
လီဆာတစ္ေယာက္ သူ႕အေတြးနဲ႕သူ ၾကည္ႏူးေပ်ာ္႐ႊင္ေနေပမယ့္ ပတ္ခ်ယ္ေယာင္းေလးကေတာ့
သူမအား ဂ႐ုမစိုက္သည့္အျပင္ စားေနရင္နဲ႕ၿပဳံးေနလိုက္ေသးသည္။
"ကဲ ကဲ အစ္မေရ ၿပီးၿပီဆိုလည္း သြားေတာ့ေလ
ညီမတို႔အခန္းက ဆရာမလာေတာ့မယ္ "
လီဆာ ဘယ္ေလာက္ထိ စိုက္ၾကည့္ေနသည္မသိ။
အခန္းထဲက ေကာင္မေလးတစ္ေယာက္ေျပာမွ
အျပင္ထြက္လိုက္သည္။
'ေအာ္ ဆိုးလိုက္တဲ့ ဘဝ ကင္ဂ်င္းနီေတာ့ မသိ
ငါေတာ့ အဆင္ေျပမေနဘူး '
ထိုေန႕ေတာ့ လီဆာ ဝမ္းနည္းေသာမ်က္ႏွာျဖင့္ ေခါင္းတရမ္းရမ္းႏွင့္သာ အခန္းျပန္ခဲ့ရသည္။
##################
"ေမေမေရ သမီးလိမၼာေလး ကင္ဂ်င္းနီျပန္ေရာက္ပါၿပီရွင္ "
အိမ္ထဲေရာက္သည္ႏွင့္ ဧည့္ခန္းတြင္ သတင္းစာထိုင္ဖတ္ေနေသာ ေမေမ့ဆီသို႔
တစ္ခ်ိဳးတည္းေျပးသြားလိုက္သည္။
"အမယ္ေလးဟယ္ အေစာႀကီးရွိေသးတယ္
ျပန္လာၿပီလား "
ကိုယ့္သမီးျပန္လာတာကို မ်က္ႏွာေလးရႈံ႕ကာ
ႀကိဳဆိုလိုက္တဲ့ ေမေမ့အား သူမ စပ္ၿဖီးၿဖီးၿပဳံးျပလိုက္သည္။
"ေမေမကလည္း ကိုယ့္သမီးေလးျပန္လာတာကို
ရႈံ႕မဲ့ေနတာပဲ သမီးကိုမလြမ္းဘူးလား "
ဂ်င္းနီ သူမ အေမအား ဖက္ကာ ခြၽဲလိုက္သည္။
"ေတာ္ပါဟယ္ ညည္းကို ငါေၾကာက္လြန္းလို႔ပါ
အဟြတ္ အဟြတ္ "
သူမအား ေျပာရင္း ေခ်ာင္းေတြတစ္ဟြတ္ဟြတ္ဆိုးေနေသာ
ေမေမ့အား ပြစိပြစိေျပာရေတာ့မည္။
"အဲ့တာေၾကာင့္မို႔ေျပာတာ ေမ့ေမ့ကိုခ်ိဳခ်ဥ္ေတြမစားပါနဲ႕
မစားပါနဲ႕ဆိုၿပီး သမီးလိမၼာေလးအတန္အတန္ေျပာသားပဲ "
"ျဖတ္မရလို႔ပါဟယ္ ခ်ိဳခ်ဥ္ဆိုတာ ေမြးကတည္းကစားလာတာ မစားရပဲမေနနိုင္ဘူး "
"ဒါေပမယ့္ ေမေမ့ကအခုလူႀကီးျဖစ္ေနၿပီေလ
က်န္းမာေရးအတြက္မေကာင္းဘူးလို႔ "
"ေအးပါ ေနာက္မစားေတာ့ဘူး ရၿပီလား "
"အဲ့တာေၾကာင့္မို႔ေျပာတာ ေမ့ေမ့ကို "
"သြားပါေတာ့ဟယ္ အဝတ္စားေတြဘာေတြ
သြားလဲေတာ့သြား မွတ္ထား သားသမီးဆိုတာ မိဘနဲ႕ေဝးေဝးေနရတယ္ ငါနဲ႕ေဝးေဝးေနရင္ ငါ့ကိုကူညီရာေရာက္တယ္ သြားေတာ့သြား..."
ဇြတ္ႀကီးအတင္းႀကီးကို ႏွင္ထုတ္ေနေသာ
သူမ အေမအား မစရပဲတစ္ကယ္မေနနိုင္ပါ။
သူမ အေမနဲ႕သူမက သူငယ္ခ်င္းလို႔ေပါင္းသည္မို႔
အရာရာမွာ အဆင္ေျပသည္။
အေမကလည္း အခြီ သမီးကလည္း
အခြီျဖင့္ တစ္အိမ္လုံး စိုေျပေနေတာ့သည္။
ဒါေတာင္ သူမ အေဖမပါေသးပါ။
"ေမေမကလည္း သမီးကေလ... "
"ေဝးေဝးသြားပါေတာ့ဟယ္ ငါ့ေမြးထားတဲ့
ငါ့သမီးငါၾကည့္ၿပီး စိတ္ကုန္လြန္းလို႔ပါဟဲ့ "
ဂ်င္းနီ သူမ အေမစကားေၾကာင့္ ခပ္ေဆြးေဆြးမ်က္ႏွာေပးျဖင့္ ေခါင္းငုံ႕ကာ
"ဟုတ္ကဲ့ ေမေမ သမီးေမ့ေမ့စကားနားေထာင္ပါ့မယ္ "
ဆိုၿပီး လွစ္ကနဲ အိမ္ေပၚတက္သြားေတာ့ေလသည္။
################
ᴛʙᴄ#
©-ᴊ-
ficေလးကိုသေဘာက်ရင္ share ေပးျခင္းျဖင့္
ကူညီပါဦးလို႔ 💜
______~ᴛʜᴀɴᴋ ʏᴏᴜ ғᴏʀ ʀᴇᴀᴅɪɴɢ~______