အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လ...

By ZuriLeora

824K 134K 14.1K

I don't own this novel. I just translate. Fully credit to original author and eng translator(s). More

DESCRIPTION
CHAPTER 1 - Go to the wrong room, wrong bed
CHAPTER 2 - Meet the rival
CHAPTER 3 - Extraordinarily Jealous
CHAPTER 4 - Cheng Feng/ Ride The Wind
CHAPTER 5 - C fan anchor
CHAPTER 6 - I'll cover you
CHAPTER 7 - One more
CHAPTER 8 - Two more
CHAPTER 9 - Three Shifts
CHAPTER 10 - The Adulterer Sees Adultery
CHAPTER 11 - We can be friends
CHAPTER 12 - A dying appointment
CHAPTER 13 - Ambiguous
CHAPTER 14- It is okay to scold me, but not to scold my fans
CHAPTER 15 - Let's Play
CHAPTER 16 - Come up with ideas
CHAPTER 17 - Me and Inhibitor, You choose one kind
CHAPTER 18 - You are such a little liar
CHAPTER 19 - Don't tempt me
CHAPTER 20 - Temporary
CHAPTER 21 - Is it okay to watch cartoons?
CHAPTER 22 - Xia Feng (Summer wind)
CHAPTER 23 - Bai Yueguang is back.
CHAPTER 24 - Dinner for three people
CHAPTER 25 - Shen Li kisses your face, I'll kiss your mouth
CHAPTER 26 - Velvet cake
CHAPTER 27 - It's my pleasure
CHAPTER 28 - The feeling of home
CHAPTER 29 - You Are Not Worthy
CHAPTER 30 - Don't be impulsive!
CHAPTER 31 - Like it?
CHAPTER 32 - He knows it all!
CHAPTER 33 - Animal world
CHAPTER 34 - Don't follow me
CHAPTER 35 - Don't you like me?
CHAPTER 36 - Who the hell is stupid?
CHAPTER 37 - You are pregnant!
CHAPTER 38 - You look a lot like when I was young
CHAPTER 39 - Baby, I'm a rascal
CHAPTER 40 - Because of you
CHAPTER 41 - Love Hotel
CHAPTER 42 - He is behaved
CHAPTER 43 - Improper Male-Male relationship
CHAPTER 45 - Not allow to refuse
CHAPTER 46 - Become a boyfriend
CHAPTER 47 - I like you so much
CHAPTER 48 - This is too fast
CHAPTER 49 - Do it well
CHAPTER 50 - You will regret this!
CHAPTER 51 - That's stupid
CHAPTER 52 - Your Eyes
CHAPTER 53 - He, my wife
CHAPTER 54 - Public execution
CHAPTER 55 - The dove occupies the magpie nest
CHAPTER 56 - Run thousands of miles at night
CHAPTER 57 - This is the cub of our Shen Family
CHAPTER 58 - He will be the target of every love song of mine
CHAPTER 59 - Rational and Irrational
CHAPTER 60 - Introduce me, my man
CHAPTER 61 - Life is too short
CHAPTER 62 - I am going to be a father
CHAPTER 63 - Meet in-laws
CHAPTER 64 - Face to face
CHAPTER 65 - I like you too
CHAPTER 66 - Owe to clean up
CHAPTER 67 - Annual Drama
CHAPTER 68 - Take care
CHAPTER 69 - Shura Field
CHAPTER 70 - I want you to see me.
CHAPTER 71 - Don't Cry
CHAPTER 72 - See my parents
CHAPTER 73 - Marry me
CHAPTER 74 - The ugly wife also sees her in-laws

CHAPTER 44 - Torn Up

9.3K 1.8K 460
By ZuriLeora

Unicode

ကုရှင်ချွမ်းကရှန်းလီနဲ့ကျိုးမော့ချွင်ကိုတစ်ချက်ကြည့်လိုက်တယ်။ မရင်းနှီးတဲ့လူတွေကိုနှုတ်ဆက်စကားပြောနေစရာမလိုဘူး။ ကုရှင်ချွမ်းကစုန့်ရီဆီကိုတစ်လှမ်းချင်းစီလျှောက်လာပီး ယုန်ကိုနားရွက်ကနေဆွဲကာ လက်လှမ်းပေးတယ် "ဒါကနောက်ဆုံးတစ်ခုပဲ"

စုန့်ရီအကြိမ်အနည်းငယ်လောက်မျက်တောင်ခတ်လိုက်တယ်။ သူ့လက်ထဲမှာအမွေးအိအိလေးတွေကိုခံစားနေရပီး နှလုံးသားကကျဥ်ခနဲဖစ်သွားတယ်။ သူကနူးနူးညံ့ညံ့ပြောလိုက်တယ် "ကျေးဇူးပါ"

"ကားထဲဝင်တော့လေ ညစာသွားစားကြမယ်"

ကုရှင်ချွမ်းရဲ့ကျစ်လျစ်တဲ့လက်မောင်းတွေက စုန့်ရီရဲ့ခါးမှာရစ်သွယ်လာတော့ စုန့်ရီကသတိလက်လွတ်နောက်ကိုတစ်လှမ်းဆုတ်မိသွားတယ်။ ဒါပေမဲ့ကုရှင်ချွမ်းကသူ့လက်ကောက်ဝတ်ကိုအားသုံးပီး ဆွဲယူလိုက်တော့ လူကကုရှင်ချွမ်းရဲ့လက်မောင်းကြားထဲပိုလို့ဝင်သွားတယ်။

စုန့်ရီကရှက်သွားပီး တိုးတိုးလေးမေးလိုက်တယ် "ဘာတွေလုပ်နေတာလဲ?"

"အတင်းမလုပ်ချင်ဘူး" ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်ပီး ကားတံခါးကိုလက်တစ်ဖက်နဲ့ဖွင့်ပေးတယ်။

စုန့်ရီလဲလက်မခံစရာတာမို့ ဘာမှစောဒကမတတ်ဘဲ ဝင်ထိုင်လိုက်တယ်။ ရှန်းလီကဖျော့တော့တဲ့မျက်နှာထားနဲ့ ကားမှန်ကိုဖြတ်ပီး သူ့ကိုတည့်တည့်စိုက်ကြည့်နေတယ်။

ကျိုးမော့ချွင်ကရှန်းလီရဲ့ပခုံးကိုဖက်ပီး တစ်ခုခုပြောဖို့ခေါင်းငုံ့လိုက်တယ်။ သူ့ရဲ့ရှေ့ဆံပင်ရှည်ရှည်ကမျက်နှာကိုကွယ်သွားပီး ​အနည်းငယ်အေးစက်နေဟန်ပေါက်တယ်။

စုန့်ရီကရှန်းလီအတွက်တောင်းပန်စရာကိစ္စလို့တော့မထင်ဘူး။ ဘာလို့ဆို ရှန်းလီကသူနဲ့ကုရှင်ချွမ်းနှစ်ယောက်လုံးလိုက်တာကိုလက်ခံခဲ့တာမှမဟုတ်တာ။ သူ့နဲ့ရှန်းလီမှာပတ်သက်မှုမရှိပေမဲ့ ရှန်းလီကသူတစ်ခါကကြိုက်နှစ်သက်ခဲ့ဖူးတဲ့လူဖြစ်တယ်။ သူ့ရဲ့ဒီလိုဝမ်းနည်းနေတဲ့ပုံစံကိုမြင်ရတာ နည်းနည်းတော့စိတ်မချမ်းမြေ့လှဘူး။

အနက်ရောင် Bentely ကအရှေ့ကိုမောင်းထွက်သွားတယ်။ စုန့်ရီနောက်ကြည့်မှန်ကနေကြည့်လိုက်တော့ ရှန်းလီရဲ့ပခုံးတွေကရုတ်တရပ်တုန်ယင်လာပီး သူ့ပုံစံကဖရိုဖရဲဖြစ်နေတယ်။ သူကအားနည်းစွာနဲ့အောက်ကိုထိုင်ချလိုက်တယ်။ ကျိုးမော့ချွင်ကသူ့ကိုမတ်တပ်ရပ်ဖို့ကူညီပေးပေမဲ့ ရှန်းလီကကျိုးမော့ချွင်ရဲ့လက်မောင်းကိုကြမ်းတမ်းစွာနဲ့ တွန်းထုတ်လိုက်ပီး ထွက်သွားတဲ့ကားရဲ့နောက်​ကျောကိုပဲစိုက်ကြည့်နေတယ်။

ကားကတဖြည်းဖြည်းနဲ့အဝေးကိုရောက်သွားပီး သူ့ရဲ့မြင်ကွင်းကနေမကြာခင်ပျောက်ကွယ်သွားတော့မှာဖြစ်တယ်။ ရှန်းလီကမြန်မြန်မတ်တပ်ရပ်လိုက်ပီး သူ့ရဲ့မျက်လုံးရဲရဲတွေကိုသုတ်ပစ်လိုက်တယ်။ သူက​လမ်းဘေးမှာရပ်ထားတဲ့ကော်ဖီရောင် SUV ဆီကိုအပြေးသွားလိုက်ပီး ခပ်ကျယ်ကျာ်အော်လိုက်တယ် "သူ့တို့နောက်ကိုလိုက်မယ်!"

ကျိုးမော့ချွင်ကသူ့ကိုတစ်ချက်ကြည့်တယ်။ သူကဖျတ်ခနဲပြုံးလိုက်ပီး စကားတစ်ခွန်းမှမပြောဘဲ ကားမောင်သူနေရာမှာဝင်ထိုင်လိုက်တယ်။

ရှန်းလီတို့ကားကသူတို့နောက်လိုက်လာတာတွေ့တော့ စုန့်ရီကသူ့နဖူးကိုယ်သူလက်နဲ့ပွတ်ကာ သက်ပြင်းချလိုက်တယ်။

သူအရင်တုန်းကရှန်းလီကိုတကယ်သဘောကျခဲ့တယ်။ သူ Alpha ဖြစ်တုန်းကဆို ရှန်းလီကသူ့ရဲ့လက်တွဲဖော်စံပုံစံဖြစ်ခဲ့တယ်။ သူကလှပတယ် နှစ်သက်ဖွယ်ကောင်းတယ် သိမ်​မွေ့ကျိုးနွံတတ်တဲ့စရိုက်ရှိပီး ချစ်စရာလဲကောင်းတယ်။ သူကအတူလက်တွဲဖို့အတွက်အရမ်းသင့်လျော်တဲ့ပုံစံမျိုးဖြစ်တယ်။

ဒါပေမဲ့အခုတော့အရာအားလုံးပြောင်းလဲသွားပီ။ ရှန်းလီကသူ့ကိုစိတ်​ပျက်စေတယ်။ သူရှန်းလီရဲ့ဘဝင်မြင့်မှုကိုနားလည်ပေးနိုင်တယ်။ လူတိုင်းကဝင့်ဝါနိုင်တယ်။ ဘယ်သူကမှမပြည့်စုံဘူး။ ဒါပေမဲ့ ရှန်းလီရဲ့အသက်အရွယ်နဲ့ဆိုသူကသူ့ရဲ့ဘဝင်မြင့်မှုတွေ ဟိတ်ဟန်များမှုတွေကိုထိန်းချုပ်နိုင်ရမယ်လေ။

ထင်ထင်ရှားရှားပါပဲ ရှန်းလီကဒါတွေကိုမထိန်းချုပ်နိုင်ဘူး။

သူ့ရဲ့ဘဝလက်တွဲဖော်အတွက်သတ်မှတ်ထားတဲ့အချက်တွေထဲမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်ပီး အကျင့်စရိုက်ကယုံကြည်စိတ်ချစရာကောင်းရမယ်။ ဒါကအချိန်ကြာမြင့်စွာတည်ရှိမဲ့ဆက်ဆံရေးတစ်ခုအတွက် အရိုးရှင်းဆုံးသောလိုအပ်ချက်ဖြစ်တယ်။

ရှန်းလီကလိုအပ်ဖွယ်မကောင်းဘူး။ သူက​အရန်လိုအပ်ချက်တွေမှာ အမှတ်ပြည့်ရနေတယ်ဆိုရင်တောင် အခြေခံလိုအပ်ချက်မှာကပျက်ဆီးနေတယ်။

စတီယာရင်မှာကိုင်ထားတဲ့ကုရှင်ချွမ်းရဲ့လက်တွေက နောက်ကြည့်မှန်ကိုတစ်ချက်ကြည့်ပီး​တဲ့အခါမှာ ပိုပီးအားပါသွားပီး လီဗာကိုခပ်တင်းတင်းနင်းချလိုက်တယ်။ ကားတာယာဟာကတ္တယာလမ်းနဲ့ပွတ်တိုက်ကာ အသံအကျယ်​ကျယ်ထွက်နေတယ်။ ကား​ကလေးညှို့ကပစ်လိုက်တဲ့မြားတစ်စင်းလိုအရှိန်နဲ့ပြေးလွှားနေတယ်။

စုန့်ရီကရုတ်တရပ်မို့လန့်သွားပီး နှာခေါင်းရှုံ့လိုက်တယ် "ဖြည်းဖြည်းမောင်းစမ်းပါကွာ"

ကုရှင်ချွမ်းလီဗာနင်းထားတဲ့ခြေထောက်ကိုဖြေလျော့လိုက်ပီး အရှိန်ကိုနှေးလိုက်တယ်။ သူဆီကနေသရော်တော်တော်ငေါ့တော့တော့အသံကထွက်လာတယ် "သူငယ်ချင်းဟောင်းကြီးကိုတွေ့လို့အရမ်းပျော်နေတာလား?"

စုန့်ရီရယ်ရခက်ငိုရခက်နဲ့သူ့ကိုတစ်ချက်ကြည့်လိုက်တယ်။ ရှန်းလီနဲ့ကျိုးမော့ချွင်ကိုသူလဲအခုမတွေ့ချင်ပါဘူး။

ကုရှင်ချွမ်းရဲ့မျက်လုံးတွေကကျဥ်းမြောင်းသွားပီး အရှေ့ကိုကြည့်နေတဲ့သူ့မျက်နှာကလဲမည်းမှောင်နေတယ် "မင်း fuck buddy ကြီးရဲ့မေးခွန်းလေးကိုဖြေပေးပါအုံး"

ကြည့်ရတာသခင်လေးကုကဒါကိုဒီတိုင်းထားမဲ့ပုံမပေါ်ဘူး။

"မပျော်ပါဘူး" စုန့်ရီမှာထိုင်ခုံမှာနောက်မှီထိုင်လိုက်ပီး နှာခေါင်းရိုးကိုဖျစ်ရင်း ဖွဖွလေးပြောလိုက်တယ် "မင်းကိုတွေ့လို့ပျော်တာ"

ရိုးရိုးသားသားပြောရမယ်ဆိုရင် သူကုရှင်ချွမ်းကိုမြင်လိုက်ရတဲ့အချိန်မှာ သူ့စိတ်အခြေအနေကပိုပီးကောင်းမွန်သွားတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ သူနဲ့​ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးနေခဲ့ရတယ်။

ကုရှင်ချွမ်းကနဂိုကအေး​စက်စက်မျက်နှာကြီးကအဲ့ဒီစကားတွေကြားတော့ ချက်ချင်းပြုံး​လာတယ်။ သူကလက်တစ်ဖက်နဲ့စတီယာရင်ကိုထိန်းပီး ဘေးကိုလှည့်လာကာ စုန့်ရီရဲ့နှုတ်ခမ်းအိအိလေးတွေကိုကမမ်းကတန်းနဲ့ဖွဖွလေးတစ်ချက်နမ်းတယ်။ စုန့်ရီကဖြည်း​ညှင်းစွာမျက်တောင်ခတ်ရင်း သူ့ကိုငေးကြည့်နေတယ်။

ကုရှင်ချွမ်းကသူ့ကို့ကြည့်ပီး အသံနိမ့်နိမ့်လေးနဲ့ပြောတယ် "ပါးစပ်လေးကတအားချိုတာပဲ"

စုန့်ရီကသူတို့ရဲ့ဆက်ဆံရေးကိုဘယ်လိုပဲတွေးထားထား အနည်းဆုံးအနေနဲ့အခုအတွက်တော့စုန့်ရီကသူ့အပိုင်ပဲ။

စုန့်ရီကသူ့ရဲ့စိုသွားတဲ့နှုတ်ခမ်းကိုထိကာ ဒေါသထွက်တဲ့အကြည့်တစ်ချက်ပေးလိုက်တယ် "ကားကိုပဲကောင်းကောင်းမောင်းစမ်းပါ"

ကားလေးက Palm Springs ရဲ့တစ်ခုတည်းသောတရုတ်စားသောက်ဆိုင်တစ်ခုရဲ့အဝင်ဝမှာရပ်သွားတယ်။ အဲ့ဒီ​ဆိုင်လေးကခေတ်နောက်ပြန် Tang ပုံစံအလှဆင်ထားပီး တံတားလေး​ရယ် ရေတံခွန်လေးရယ်နဲ့စိမ်းစိမ်းစိုစိုအပင်လေးတွေရှိတယ်။

သူတို့ကပြတင်းပေါက်ရှိတဲ့ private room တစ်ခုရှာလိုက်ပီး လတ်ဆတ်တဲ့ဟင်းပွဲတချို့မှာလိုက်တယ်။ စားစရာတွေမရောက်ခင်မှာပဲ ရှန်းလီနဲ့ကျိုမော့ချွင်ကအခန်းထဲကိုတစ်ယောက်ပီးတစ်ယောက်ဝင်လာတယ်။

ရှန်းလီကအပြုံးတစ်ခုဖျစ်ညှစ်ထုတ်ပီး မဝံ့မရဲပြောလာတယ် "နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ တစ်နိုင်ငံတည်းသားလူတိုင်းကမိတ်ဆွေတွေပဲလေ မင်းတို့နဲ့တစ်စားပွဲတည်းအတူတူထိုင်လို့စိတ်မရှိဘူးမလား?"

အမှန်အတိုင်းပြောရရင်စုန့်ရီစိတ်ရှိတယ်။ ခင်းပွန်းလောင်းရွေးချယ်တာက ရှန်းလီရဲ့လွတ်လပ်ခွင့်မို့ဘာမှမပြောချင်ဘူး။ ဒါပေမဲ့ကျိုးမော့ချွင်ကိုသူ့ရှေ့ခေါ်ခေါ်လာတာကတော့ တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။

ကုရှင်ချွမ်းကနေကာမျက်မှန်ကိုချွတ်ပီး စားပွဲပေါ်ချလိုက်တယ်။ သတ္တုမျက်မှန်ဘောင်ကမဟော်ဂနီစားပွဲနဲ့ရိုက်မိပီး ကျွတ်ဆပ်ဆပ်အသံတစ်ခုထွက်လာတယ်။ ကုရှင်ချွမ်းကရှန်းလီကိုအေးစက်စက်စိုက်ကြည့်လိုက်ပီး သူ့နှုတ်ခမ်းပါးပါးလေးကပွင့်အာလာပီး ရှင်းလင်းပြတ်သားတဲ့စကားတစ်ခွန်းထွက်ပေါ်လာတယ် "ထွက်သွားစမ်း" (Gŭn)

ရှန်းလီကတောင့်တင်းသွားပီး ထိတ်လန့်စွာနဲ့ကျိုးမော့ချွင်ဆီကိုယ်လေးကျုံ့သွားတယ်။ သူနောက်ဆုံးတစ်ခေါက်ကအရိုက်ခံခဲ့ရတာကိုအခုထိကြောက်ရွံ့နေတုန်းပဲ။

ကျိုးမော့ချွင်ကမနှစ်သက်သလိုမျက်မှောင်ကျုံ့လိုက်တယ်။ သူကရှန်းလီရဲ့​လက်မောင်းကိုနှစ်သိမ့်သလိုပုတ်ပေးလိုက်တယ် "omega တွေကို လူကြီးလူကောင်းဆန်ဆန်ဆက်ဆံသင့်တယ်"

ကုရှင်ချွမ်းကကျိုးမော့ချွင်ကိုဂရုမစိုက်သလိုအထက်အောက်တစ်ချက်ကြည့်ပီး လက်ပိုက်ရင်း​သရော်လိုက်တယ် "အိုခေလေ သူကဒီမှာထိုင်လို့ရတယ် မင်းကထွက်သွားလိုက်တော့"

ကျိုးမော့ချွင်မျက်နှာပျက်သွားတယ်။ ​အနုပညာအသိုင်းအဝိုင်းမှာ လူမှုဆက်ဆံရေးတွေကိုအလေးထားပီးပြောကြပေမဲ့ ပထမဆုံးအနေနဲ့လုံးဝမျက်နှာသာမပေးတဲ့လူမျိုးကိုတွေ့ဖူးခြင်းပဲ။

သူတို့ထိုင်ချင်တာကိုထိုင်ခိုင်းလိုက်ရုံပဲလို့စုန့်ရီတွေးလိုက်တယ်။ သူကကုရှင်ချွမ်းရဲ့လက်မောင်းကိုဖွဖွလေးထိလိုက်တယ်။ ကုရှင်ချွမ်းကလှည့်ကြည့်လာပီး သူ့ရဲ့ဒေါသတွေကိုချက်ချင်းဖိနှိပ်လိုက်ပီး နူးနူးညံ့ညံ့လေးမေးတယ် "ဘာဖြစ်လို့လဲ?"

စုန့်ရီက menu ကိုကောက်ယူလိုက်ပီး ရှန်းလီဘက်ကိုယဥ်ယဥ်ကျေးကျေးပဲပေးလိုက်တယ် "ငါတို့အတွက်ပဲမှာထားရသေးတယ် မင်းတို့မှာချင်တာမှာလိုက်"

ရှန်းလီရဲ့ခပ်တောင့်တောင့်ဖြစ်နေတဲ့ခန္တာကိုယ်ကပြေလျော့သွားပီး စားပွဲဝိုင်းဝိုင်းကြီးမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။ သူကစုန့်ရီကိုစိတ်အားထက်သန်စွာကြည့်နေပီး သခင်စွန့်ပစ်တာခံလိုက်ရတဲ့အကောင်ပေါက်လေးလို သနားစရာကောင်းနေတယ်။

အရင်တုန်းကဆို ရှန်းလီရဲ့ဒီလိုပုံစံမျိုးကိုတွေ့ရရင် လက်မောင်းထဲထည့်ပီး ချော့မော့ခဲ့လိမ့်မယ်။ ဒါပေမဲ့သူ့မှါသူ့ရဲ့သတို့သားလောင်းရှိတာမို့ စုန့်ရီလုပ်သင့်တဲ့ကိစ္စမဟုတ်တော့ဘူး။ သူမမြ​င်ချင်ယောင်ပဲဆောင်လိုက်ပီး ကုရှင်ချွမ်းနဲ့ပဲနောက်သွားမဲ့ခရီးစဥ်အကြောင်းဆွေးနွေးနေလိုက်တယ်။

ရှန်းလီရဲ့မျက်လုံးတွေကပြူးကျယ်ဝိုင်းစက်နေပီး စုန့်ရီဆီကတုန့်ပြန်မှုအနည်းငယ်မျှမရရှိခဲ့ဘူး။ သူကတစ်ရှူးအနည်းငယ်ကိုဆွဲထုတ်လိုက်ပီး နှာခေါင်းကိုပွတ်ကာ မကြာခနဆိုသလို ရှိုက်သံလေးတွေလဲထွက်ပြနေတယ်။

ကျိုးမော့ချွင်ကသူ့ပခုံးကိုဖက်ပီး ချော့မော့နေတယ်။

မဟော်ဂနီစားပွဲကြီးက စည်းတစ်ခုလိုပဲ ကမ္ဘာနှစ်ခုအဖြစ်ပိုင်းခြားပေးထားတယ်။

ကုရှင်ချွမ်းကဆားငန်ပုစွန်တွေမှာထားတယ်။ အဲ့ဒီဟင်းပွဲရောက်လာတာနဲ့သူကလက်အိတ်တွေဝတ်လိုက်ပီး ပုစွန်တစ်ကောင်ချင်းစီကိုစပီးနွှာတော့တယ်။ ကုရှင်ချွမ်းကစန္ဒယားတီးတာကိုအလွန်ကျွမ်းကျင်လက်ယဥ်နေတဲ့အတွက် သူပုစွန်နွှာတဲ့အခါမှာလဲပန်းပွင့်လေးတွေခြွေချတဲ့အတိုင်းပဲ မျက်စိတစ်မှိတ်အတွင်းမှာပဲပုစွန်အသားပြည့်ပြည့်လေးတွေပေါ်ပေါ်လာတယ်။ သူကဆော့ထဲကိုနှစ်ပီး စုန့်ရီရဲ့ပန်းကန်လုံးထဲထည့်ပေးတယ်။

"ကျေးဇူးပါ" စုန့်ရီကဒီလိုဂရုစိုက်ခံရတာကိုအသားမကျသေးဘူး။ သူကခပ်ဖွဖွချောင်းဟန့်လိုက်တယ် "ငါ့ဘာသာလုပ်လိုက်ပါ့မယ်"

ကုရှင်ချွမ်းကတော့ဘာမှမကြားတဲ့အလား ပုစွန်တစ်ပန်းကန်လုံးနွှာပီးမှလက်အိတ်တွေချွတ်လိုက်တယ်။ သူကတူတွေကိုကောက်ကိုင်လိုက်ပီး သဘာဝတကျပဲမေးလိုက်တယ် "ကြက်သလုံးကြော်လား ဝက်နံရိုးချိုချဥ်လား?"

ကလေးလေးတစ်ယောက်လိုဂရုစိုက်မခံချင်တာမို့စုန့်ရီတန့်သွားတယ်။ ဒါပေမဲ့လေထဲမှာရှိနေတဲ့ကုရှင်ချွမ်းရဲ့တူတွေကိုကြည့်ပီး အားနာသွားကာ မြန်မြန်ပြောလိုက်တယ် "ဝက်နံရိုးချိုချဥ်"

ကုရှင်ချွမ်းကသူ့ပန်းကန်လုံးလေးထဲကိုတန်းထည့်ပေးတယ် "မနက်ဖြန်ကျရင်ဘာစားချင်လဲ?"

ရှန်းလီနဲ့​ကျိုးမော့ချွင်ရဲ့အကြည့်တွေကိုစုန့်ရီမရင်ဆိုင်ဘဲ ခေါင်းငုံ့ကာစားရင်း တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "BBQ စား​ကြမယ်..."

ကုရှင်ချွမ်းကခေါင်းညိမ့်လိုက်ပီး စုန့်ရီသောက်ဖို့ရေထည့်ပေးကာ အေးအေးဆေးဆေးပြောလာတယ် "​ရက်နည်းနည်းနေရင် ငါတို့ Seattle ကိုသွားကြမယ် ပီးရင်ငါတို့တောထဲမှာ BBQ လုပ်စားကြမယ် ငါတို့အိမ်ကစားဖိုမှူးကအရမ်းကျွမ်းတယ်"

စုန့်ရီကခြောက်ကပ်ကပ်ရယ်လိုက်တယ်။ စားပွဲဝိုင်းကတိတ်ဆိတ်နေတယ်။ ရှန်းလီနဲ့ကျိုးမော့ချွင်ကလဲစကားပြောတာရပ်သွားတာမို့ စုန့်ရီ 'အမ်း' ဆိုပီးပဲမသက်မသာပြောလိုက်တယ်။

ကျိုးမော့ချွင်ကခနလောက်စဥ်းစားလိုက်ပီး ယဥ်ယဥ်ကျေးကျေးပဲသတိပေးလာတယ် "သခင်လေးကုကသတင်းတွေမကြည့်မှာစိုးတယ် လွန်ခဲ့တဲ့ရက်နည်းနည်းက ကယ်လီဖိုးနီးယားမှာတောမီးလောင်ခဲ့တယ် အဲ့တာအများပြည်သူပိုင်သစ်တောစီမံခန့်ခွဲမှုကမီးထိန်းချုပ်ရေးကိုပြန်လည်ပြင်ဆင်ခဲ့တယ် တောထဲမှာ bbq လုပ်စားတာကိုယာယီတားမြစ်ထားတယ်တဲ့"

ကုရှင်ချွမ်းကသူ့ကိုစောင်းကြည့်ပီး မျက်လုံးတွေကိုအနည်းငယ်မှေးကျဥ်းထားတယ်။ ပြုံးခြင်းမဟုတ်တဲ့အပြုံးတစ်ခုနဲ့အတူ သူ့ရဲ့အသံကလှောင်ပြောင်ရန်စမှုတွေပါနေတယ် "ဒါကတကယ်အဆန်းပဲ အများပြည်သူပိုင်သစ်တောစီမံခန့်ခွဲမှုဥပဒေကပုဂ္ဂလိကပိုင်မြေ​နေရာတွေ​အပေါ်မှာရောထိန်းချုပ်နိုင်တာပေါ့ဟုတ်ရဲ့လား?"

ကျိုးမော့ချွင်ပျက်သွားတဲ့မျက်နှာထားကိုထိန်းမထားနိုင်ဘူး။

မျက်နှာသာပေးခံရတာကြိုက်တဲ့ရှန်းလီကမပျော်မရွှင်ဖြစ်သွားတယ်။ သူ့ရဲ့သတို့သားလောင်းကိုမျက်နှာပျက်အောင်လုပ်တာကို သူဒေါသမထွက်ပဲဘယ်နေပါ့မလဲ။ သူ့ရဲ့နှုတ်ခမ်းစွန်းကနည်းနည်းကွေးတက်သွားပီး ညင်သာသိမ်မွေ့တဲ့သွင်ပြင်နဲ့ "ဒါလင်ရေ ​xx ကသံပုရာရည်လေးသောက်ချင်လို့ တစ်ဗူးလောက်သွားဝယ်ပေးပါအုံး"

xx ကသံပုရာရည်ဝယ်ဖို့ဆို ဒီကနေနှစ်လမ်းလောက်ဖြတ်သွားရမှာဖြစ်တယ်။ စုန့်ရီအဲ့ဒီဆိုင်ကိုလမ်းပေါ်မှာတွေ့ခဲ့တယ်။ သောက်စရာတစ်ဗူးလောက်လေးအတွက်နဲ့ဒီလောက်​အဝေးကြီးသွားရမှာအရမ်းပူပီး အရမ်းခံစားရခက်မှာပဲ။

ကျိုးမော့ချွင်ကမလှုပ်ဘူး။ ရှန်းလီကိုပဲတွန့်ဆုတ်စွာကြည့်နေတယ်။

ကုရှင်ချွမ်းကလက်ဆန့်ထုတ်ကာ စုန့်ရီရဲ့လက်လေးကိုဖျစ်လိုက်ပီး ခပ်နောက်နောက်မေးလာတယ် "မင်းဘာသောက်ချင်လဲ?"

ရှန်းလီတို့ကျိုးမော့ချွင်တို့နဲ့မဆက်ဆံချင်တာမို့ စုန့်ရီကခေါင်းပဲယမ်းပြလိုက်တယ်။

ရှန်းလီကကျိုးမော့ချွင်ကိုကြည့်ပီး တမင်သပ်သပ်အသံရှည်ရှည်ဆွဲကာချွဲပျစ်နေအောင်ခေါ်လိုက်တယ် "ဒါလင်..."

ကျိုးမော့ချွင်ကသူ့ကိုစိုက်ကြည့်ပီး ခပ်ဖွဖွပြုံးကာ လှည့်ထွက်သွားတယ်။

ကျိုးမော့ချွင်ထွက်သွားတာနဲ့ ရှန်းလီကအိတ်ထဲကနေစီးကရက်ဗူးကိုထုတ်ယူလိုက်တယ်။ ပီးတော့တစ်လိပ်ထုတ်ယူလိုက်ပီး သူ့ရဲ့ဖြူဖျော့ဖျော့နှုတ်ခမ်းတွေကြားထဲထည့်လိုက်တယ်။ သူကမီးညှိလိုက်ပီး ဆေးလိပ်ဖွာမလို့လုပ်တဲ့အချိန်မှာ အေးစက်စက်အသံတစ်ခုကြားလိုက်ရတယ် "စီးကရက်ကိုမီးသတ်လိုက်စမ်း"

ကုရှင်ချွမ်းကမျက်မှောင်နည်းနည်းကြုံ့ထားပီး သူ့ကိုအေးစက်စွာစိုက်ကြည့်နေတယ်။

ရှန်းလီစီးကရက်ကိုနှုတ်ခမ်းတွေဆီကနေဆွဲယူလိုက်ပီး ငိုတော့မလိုအသံနဲ့ပြောလာတယ် "မင်းငါ့ကိုဂရုစိုက်ပေးတာလား?"

ကုရှင်ချွမ်းကလက်တစ်ဖက်နဲ့လက်ဖက်ရည်ခွက်တစ်ခွက်ယူလိုက်ပီး ဟာသတစ်ခုကြားလိုက်ရတဲ့အလားလှောင်ရယ်လိုက်ပီး အကြင်နာမဲ့စွာပြောလိုက်တယ် "မင်းအပြင်ထွက်ပီးသွားသောက် စုန့်ရီကတခြားသူတွေဆေးလိပ်သောက်တာကိုမကြိုက်ဘူး"

ရှန်းလီရဲ့မျက်နှာအရောင်မျိုးစုံဖြတ်ပြေးသွားပီးရင်ဘတ်ကတုန်ခါနေတယ်။ သူကစုန့်ရီကိုအကူအညီတောင်းသလိုကြည့်လာတယ်။

စုန့်ရီအရင်ကတော့အဲ့လောက်ကြီးဂရုမစိုက်ပါဘူး။ ဒါပေမဲ့အခုကသူတစ်ယောက်တည်းမဟုတ်တော့တာမို့ ဆေးလိပ်နံ့ကိုတကယ်မခံနိုင်ဘူး။ သူကဖွဖွလေးပြောလိုက်တယ် "ရှောင်လီ မင်းကျန်းမာရေးအတွက်ရော ဆေးလိပ်မသောက်သင့်ဘူး"

ရှန်းလီကခနလောက်အံ့ဩသွားတယ်။ သူကဒေါသတွေဖြေဖျောတဲ့အလား ဆေးလိပ်ကိုပြာခွက်ထဲဒေါသတကြီးနဲ့ဖိချလိုက်တယ်။ သူ့နှုတ်ခမ်းတွေကမျဥ်းတစ်ကြောင်းဖြောင့်တန်းသွားပီး စုန့်ရီကိုခါးသက်စွာမေးလာတယ် "မင်းတို့ကတွဲနေတာလား?"

စုန့်ရီဘယ်လိုပြန်ဖြေရမလဲမသိဘူး။ သူ့နဲ့ကုရှင်ချွမ်းရဲ့ဆက်ဆံရေးက ခနလောက်တော့မရှင်းမလင်းဖြစ်နေအုံးမှာပဲ။

သူ့ရဲ့တိတ်ဆိတ်နေမှုကရှန်းလီကိုပိုပီး စိတ်မချမ်းမြေ့ဖြစ်စေတယ်။ သူ့မျက်လုံးတွေကမှေးမှိန်သွားပီး သူ့ပခုံးတွေကလဲခေါင်းကိုမထိန်းနိုင်တော့တဲ့အလား ခေါင်းကငိုက်စိုက်ကြသွားတယ်။ သူကနှာတရှုံ့ရှုံ့နဲ့ဝမ်းနည်းပက်လက်ပြောနေတယ် "အခုမင်းငါ့ကိုမကြိုက်တော့ဘူးလား?"

စုန့်ရီနှလုံးသားကပျော့ပြောင်းသွားတယ်။ သူကတခြားသူတွေရဲ့မျက်ရည်ကိုခံနိုင်ရည်မရှိဘူး။ သူဘာမှမပြောရသေးခင်မှာ သူ့ပေါင်ကရုတ်တရပ်နာသွားတယ်။ ကုရှင်ချွမ်းကသူ့ပေါင်ကိုဖျစ်ပီးတော့ သတိပေးသလိုကြည့်လာတယ်။

စုန့်ရီကို့ရို့ကားယားချောင်းတွေဆိုးလိုက်ရပီး ရှန်းလီကိုအလေးအနက်ပြောလိုက်တယ် "ရှောင်လီ ငါမင်းကိုကြိုက်ခဲ့ပါတယ် ဒါပေမဲ့မင်းမှာကစေ့စပ်ထားတဲ့သူရှိနေပီလေ ငါကကျိုးမော့ချွင်ရဲ့စရိုက်ကိုဘာမှမပြောလိဘူး မင်းကသူ့ကိုရွေးချယ်ပီးသားဖြစ်​တာမို့ သူ့ဆီမှာပဲရှိနေရမယ် သူငယ်ချင်းတစ်ယောက်အနေနဲ့ငါကမင်းရဲ့ရွေးချယ်မှုကိုလေးစားပီး မင်းပျော်ဖို့ငါမျှော်လင့်တယ် ဒါကငါအပြောချင်ဆုံးစကားပဲ"

ရှန်းလီကသူ့ကိုမျက်ရည်လေးတစမ်းစမ်းနဲ့ငေးကြည့်နေတယ်။

စုန့်ရီသက်ပြင်းချလိုက်တယ်။ ဒါကအဆုံးသတ်ရမဲ့အချိန်ဖြစ်တယ် "မင်းကိုအဖော်ပြုပေးတဲ့သူကငါမဟုတ်တာနှ​မြောစရာပဲ ဒါပေမဲ့အဲ့တာကအရေးမကြီးပါဘူး ငါတို့ကသူငယ်ချင်းတွေဖြစ်နေတုန်းပဲ ငါကမင်းကိုသူငယ်ချင်းတစ်ယောက်အနေနဲ့မင်းနဲ့အတူရှိနေပေးမယ် မင်းအလိုအပ်ဆုံးအချိန်မှာ ငါမင်းကိုကူညီပေးမယ် ချစ်ပေးတာတွေဂရုစိုက်​ပေးတာတွေကိုတော့ ငါမလုပ်ပေးနိုင်တော့ဘူး မင်းနားလည်တယ်မလား?"

ရှန်းလီအကြိမ်အနည်းငယ်လောက်မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ မျက်ရည်တွေကလိမ့်ဆင်းလာပီး သူ့ပါးပေါ်ကိုစီးကျလာတယ်။ ဒါပေမဲ့သူကခက်ခက်ခဲခဲပြုံးပြတယ် "တကယ်လို့ငါလက်မထပ်ရင်ရော မင်းငါ့ကိုကြိုက်အုံးမှာလား?"

"Fuck you" ကုရှင်ချွမ်းကထပ်ပီးနားမထောင်နိုင်တော့ဘူး။ သူကအတောမသတ်နိုင်အောင်အော်ဂလီဆန်စရာကောင်းတယ်။ သူ့လက်ထဲကလက်ဖက်ရည်ခွက်ကိုရှန်းလီဆီပစ်ပေါက်လိုက်ပီး ခွက်ကရှန်းလီရဲ့ရင်ဘတ်ကိုတည့်တည့်မှန်သွားပီး အက်ရှတဲ့အသံနဲ့အတူကြမ်းပြင်ပေါ်ကိုကျသွားတယ်။

သူကမတ်တပ်ထရပ်လိုက်ကာ ရှန်းလီကိုလက်ညှိုးနဲ့ထိုးပီး ဒေါသတကြီးပြောတယ် "မင်းကဒီလောင်ဇီရဲ့လူအကြောင်းကိုတွေးနေမယ်ဆိုရင် မင်းခေါင်းကိုလိမ်ချိုးပစ်ရလိမ့်မယ်"

~~~~~~~~~
Novel လေးကတစ်ဝက်ကျော်ကျော်ပြီးသွားပီဆိုတာသတိထားမိကြလားဗျို့?

Zawgyi

ကုရွင္ခၽြမ္းကရွန္းလီနဲ႔က်ိဳးေမာ့ခၽြင္ကိုတစ္ခ်က္ၾကည့္လိုက္တယ္။ မရင္းႏွီးတဲ့လူေတြကိုႏွုတ္ဆက္စကားေျပာေနစရာမလိုဘူး။ ကုရွင္ခၽြမ္းကစုန္႔ရီဆီကိုတစ္လွမ္းခ်င္းစီေလၽွာက္လာပီး ယုန္ကိုနားရြက္ကေနဆြဲကာ လက္လွမ္းေပးတယ္ "ဒါကေနာက္ဆုံးတစ္ခုပဲ"

စုန္႔ရီအႀကိမ္အနည္းငယ္ေလာက္မ်က္ေတာင္ခတ္လိုက္တယ္။ သူ႔လက္ထဲမွာအေမြးအိအိေလးေတြကိုခံစားေနရပီး ႏွလုံးသားကက်ဥ္ခနဲဖစ္သြားတယ္။ သူကႏူးႏူးညံ့ညံ့ေျပာလိုက္တယ္ "ေက်းဇူးပါ"

"ကားထဲဝင္ေတာ့ေလ ညစာသြားစားၾကမယ္"

ကုရွင္ခၽြမ္းရဲ့က်စ္လ်စ္တဲ့လက္ေမာင္းေတြက စုန္႔ရီရဲ့ခါးမွာရစ္သြယ္လာေတာ့ စုန္႔ရီကသတိလက္လြတ္ေနာက္ကိုတစ္လွမ္းဆုတ္မိသြားတယ္။ ဒါေပမဲ့ကုရွင္ခၽြမ္းကသူ႔လက္ေကာက္ဝတ္ကိုအားသုံးပီး ဆြဲယူလိုက္ေတာ့ လူကကုရွင္ခၽြမ္းရဲ့လက္ေမာင္းၾကားထဲပိုလို႔ဝင္သြားတယ္။

စုန္႔ရီကရွက္သြားပီး တိုးတိုးေလးေမးလိုက္တယ္ "ဘာေတြလုပ္ေနတာလဲ?"

"အတင္းမလုပ္ခ်င္ဘူး" ကုရွင္ခၽြမ္းကသူ႔ကိုတစ္ခ်က္ၾကည့္ပီး ကားတံခါးကိုလက္တစ္ဖက္နဲ႔ဖြင့္ေပးတယ္။

စုန္႔ရီလဲလက္မခံစရာတာမို႔ ဘာမွေစာဒကမတတ္ဘဲ ဝင္ထိုင္လိုက္တယ္။ ရွန္းလီကေဖ်ာ့ေတာ့တဲ့မ်က္ႏွာထားနဲ႔ ကားမွန္ကိုျဖတ္ပီး သူ႔ကိုတည့္တည့္စိုက္ၾကည့္ေနတယ္။

က်ိဳးေမာ့ခၽြင္ကရွန္းလီရဲ့ပခုံးကိုဖက္ပီး တစ္ခုခုေျပာဖို႔ေခါင္းငုံ႔လိုက္တယ္။ သူ႔ရဲ့ေရွ႕ဆံပင္ရွည္ရွည္ကမ်က္ႏွာကိုကြယ္သြားပီး ​အနည္းငယ္ေအးစက္ေနဟန္ေပါက္တယ္။

စုန္႔ရီကရွန္းလီအတြက္ေတာင္းပန္စရာကိစၥလို႔ေတာ့မထင္ဘူး။ ဘာလို႔ဆို ရွန္းလီကသူနဲ႔ကုရွင္ခၽြမ္းႏွစ္ေယာက္လုံးလိုက္တာကိုလက္ခံခဲ့တာမွမဟုတ္တာ။ သူ႔နဲ႔ရွန္းလီမွာပတ္သက္မွုမရွိေပမဲ့ ရွန္းလီကသူတစ္ခါကႀကိဳက္ႏွစ္သက္ခဲ့ဖူးတဲ့လူျဖစ္တယ္။ သူ႔ရဲ့ဒီလိုဝမ္းနည္းေနတဲ့ပုံစံကိုျမင္ရတာ နည္းနည္းေတာ့စိတ္မခ်မ္းေျမ့လွဘူး။

အနက္ေရာင္ Bentely ကအေရွ႕ကိုေမာင္းထြက္သြားတယ္။ စုန္႔ရီေနာက္ၾကည့္မွန္ကေနၾကည့္လိုက္ေတာ့ ရွန္းလီရဲ့ပခုံးေတြက႐ုတ္တရပ္တုန္ယင္လာပီး သူ႔ပုံစံကဖရိုဖရဲျဖစ္ေနတယ္။ သူကအားနည္းစြာနဲ႔ေအာက္ကိုထိုင္ခ်လိုက္တယ္။ က်ိဳးေမာ့ခၽြင္ကသူ႔ကိုမတ္တပ္ရပ္ဖို႔ကူညီေပးေပမဲ့ ရွန္းလီကက်ိဳးေမာ့ခၽြင္ရဲ့လက္ေမာင္းကိုၾကမ္းတမ္းစြာနဲ႔ တြန္းထုတ္လိုက္ပီး ထြက္သြားတဲ့ကားရဲ့ေနာက္​ေက်ာကိုပဲစိုက္ၾကည့္ေနတယ္။

ကားကတျဖည္းျဖည္းနဲ႔အေဝးကိုေရာက္သြားပီး သူ႔ရဲ့ျမင္ကြင္းကေနမၾကာခင္ေပ်ာက္ကြယ္သြားေတာ့မွာျဖစ္တယ္။ ရွန္းလီကျမန္ျမန္မတ္တပ္ရပ္လိုက္ပီး သူ႔ရဲ့မ်က္လုံးရဲရဲေတြကိုသုတ္ပစ္လိုက္တယ္။ သူက​လမ္းေဘးမွာရပ္ထားတဲ့ေကာ္ဖီေရာင္ SUV ဆီကိုအေျပးသြားလိုက္ပီး ခပ္က်ယ္က်ာ္ေအာ္လိုက္တယ္ "သူ႔တို႔ေနာက္ကိုလိုက္မယ္!"

က်ိဳးေမာ့ခၽြင္ကသူ႔ကိုတစ္ခ်က္ၾကည့္တယ္။ သူကဖ်တ္ခနဲျပဳံးလိုက္ပီး စကားတစ္ခြန္းမွမေျပာဘဲ ကားေမာင္သူေနရာမွာဝင္ထိုင္လိုက္တယ္။

ရွန္းလီတို႔ကားကသူတို႔ေနာက္လိုက္လာတာေတြ႕ေတာ့ စုန္႔ရီကသူ႔နဖူးကိုယ္သူလက္နဲ႔ပြတ္ကာ သက္ျပင္းခ်လိုက္တယ္။

သူအရင္တုန္းကရွန္းလီကိုတကယ္သေဘာက်ခဲ့တယ္။ သူ Alpha ျဖစ္တုန္းကဆို ရွန္းလီကသူ႔ရဲ့လက္တြဲေဖာ္စံပုံစံျဖစ္ခဲ့တယ္။ သူကလွပတယ္ ႏွစ္သက္ဖြယ္ေကာင္းတယ္ သိမ္​ေမြ႕က်ိဳးႏြံတတ္တဲ့စရိုက္ရွိပီး ခ်စ္စရာလဲေကာင္းတယ္။ သူကအတူလက္တြဲဖို႔အတြက္အရမ္းသင့္ေလ်ာ္တဲ့ပုံစံမ်ိဳးျဖစ္တယ္။

ဒါေပမဲ့အခုေတာ့အရာအားလုံးေျပာင္းလဲသြားပီ။ ရွန္းလီကသူ႔ကိုစိတ္​ပ်က္ေစတယ္။ သူရွန္းလီရဲ့ဘဝင္ျမင့္မွုကိုနားလည္ေပးနိုင္တယ္။ လူတိုင္းကဝင့္ဝါနိုင္တယ္။ ဘယ္သူကမွမျပည့္စုံဘူး။ ဒါေပမဲ့ ရွန္းလီရဲ့အသက္အရြယ္နဲ႔ဆိုသူကသူ႔ရဲ့ဘဝင္ျမင့္မွုေတြ ဟိတ္ဟန္မ်ားမွုေတြကိုထိန္းခ်ဳပ္နိုင္ရမယ္ေလ။

ထင္ထင္ရွားရွားပါပဲ ရွန္းလီကဒါေတြကိုမထိန္းခ်ဳပ္နိုင္ဘူး။

သူ႔ရဲ့ဘဝလက္တြဲေဖာ္အတြက္သတ္မွတ္ထားတဲ့အခ်က္ေတြထဲမွာ အေျခခံအက်ဆုံးက ရိုးသားေျဖာင့္မတ္ပီး အက်င့္စရိုက္ကယုံၾကည္စိတ္ခ်စရာေကာင္းရမယ္။ ဒါကအခ်ိန္ၾကာျမင့္စြာတည္ရွိမဲ့ဆက္ဆံေရးတစ္ခုအတြက္ အရိုးရွင္းဆုံးေသာလိုအပ္ခ်က္ျဖစ္တယ္။

ရွန္းလီကလိုအပ္ဖြယ္မေကာင္းဘူး။ သူက​အရန္လိုအပ္ခ်က္ေတြမွာ အမွတ္ျပည့္ရေနတယ္ဆိုရင္ေတာင္ အေျခခံလိုအပ္ခ်က္မွာကပ်က္ဆီးေနတယ္။

စတီယာရင္မွာကိုင္ထားတဲ့ကုရွင္ခၽြမ္းရဲ့လက္ေတြက ေနာက္ၾကည့္မွန္ကိုတစ္ခ်က္ၾကည့္ပီး​တဲ့အခါမွာ ပိုပီးအားပါသြားပီး လီဗာကိုခပ္တင္းတင္းနင္းခ်လိုက္တယ္။ ကားတာယာဟာကတၱယာလမ္းနဲ႔ပြတ္တိုက္ကာ အသံအက်ယ္​က်ယ္ထြက္ေနတယ္။ ကား​ကေလးညႇို႔ကပစ္လိုက္တဲ့ျမားတစ္စင္းလိုအရွိန္နဲ႔ေျပးလႊားေနတယ္။

စုန္႔ရီက႐ုတ္တရပ္မို႔လန္႔သြားပီး ႏွာေခါင္းရွုံ႔လိုက္တယ္ "ျဖည္းျဖည္းေမာင္းစမ္းပါကြာ"

ကုရွင္ခၽြမ္းလီဗာနင္းထားတဲ့ေျခေထာက္ကိုေျဖေလ်ာ့လိုက္ပီး အရွိန္ကိုေႏွးလိုက္တယ္။ သူဆီကေနသေရာ္ေတာ္ေတာ္ေငါ့ေတာ့ေတာ့အသံကထြက္လာတယ္ "သူငယ္ခ်င္းေဟာင္းႀကီးကိုေတြ႕လို႔အရမ္းေပ်ာ္ေနတာလား?"

စုန္႔ရီရယ္ရခက္ငိုရခက္နဲ႔သူ႔ကိုတစ္ခ်က္ၾကည့္လိုက္တယ္။ ရွန္းလီနဲ႔က်ိဳးေမာ့ခၽြင္ကိုသူလဲအခုမေတြ႕ခ်င္ပါဘူး။

ကုရွင္ခၽြမ္းရဲ့မ်က္လုံးေတြကက်ဥ္းေျမာင္းသြားပီး အေရွ႕ကိုၾကည့္ေနတဲ့သူ႔မ်က္ႏွာကလဲမည္းေမွာင္ေနတယ္ "မင္း fuck buddy ႀကီးရဲ့ေမးခြန္းေလးကိုေျဖေပးပါအုံး"

ၾကည့္ရတာသခင္ေလးကုကဒါကိုဒီတိုင္းထားမဲ့ပုံမေပၚဘူး။

"မေပ်ာ္ပါဘူး" စုန္႔ရီမွာထိုင္ခုံမွာေနာက္မွီထိုင္လိုက္ပီး ႏွာေခါင္းရိုးကိုဖ်စ္ရင္း ဖြဖြေလးေျပာလိုက္တယ္ "မင္းကိုေတြ႕လို႔ေပ်ာ္တာ"

ရိုးရိုးသားသားေျပာရမယ္ဆိုရင္ သူကုရွင္ခၽြမ္းကိုျမင္လိုက္ရတဲ့အခ်ိန္မွာ သူ႔စိတ္အေျခအေနကပိုပီးေကာင္းမြန္သြားတယ္။ ဒီရက္ပိုင္းေတြအတြင္းမွာ သူနဲ႔​ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရင္းရင္းႏွီးႏွီးေနခဲ့ရတယ္။

ကုရွင္ခၽြမ္းကနဂိုကေအး​စက္စက္မ်က္ႏွာႀကီးကအဲ့ဒီစကားေတြၾကားေတာ့ ခ်က္ခ်င္းျပဳံး​လာတယ္။ သူကလက္တစ္ဖက္နဲ႔စတီယာရင္ကိုထိန္းပီး ေဘးကိုလွည့္လာကာ စုန္႔ရီရဲ့ႏွုတ္ခမ္းအိအိေလးေတြကိုကမမ္းကတန္းနဲ႔ဖြဖြေလးတစ္ခ်က္နမ္းတယ္။ စုန္႔ရီကျဖည္း​ညႇင္းစြာမ်က္ေတာင္ခတ္ရင္း သူ႔ကိုေငးၾကည့္ေနတယ္။

ကုရွင္ခၽြမ္းကသူ႔ကို႔ၾကည့္ပီး အသံနိမ့္နိမ့္ေလးနဲ႔ေျပာတယ္ "ပါးစပ္ေလးကတအားခ်ိဳတာပဲ"

စုန္႔ရီကသူတို႔ရဲ့ဆက္ဆံေရးကိုဘယ္လိုပဲေတြးထားထား အနည္းဆုံးအေနနဲ႔အခုအတြက္ေတာ့စုန္႔ရီကသူ႔အပိုင္ပဲ။

စုန္႔ရီကသူ႔ရဲ့စိုသြားတဲ့ႏွုတ္ခမ္းကိုထိကာ ေဒါသထြက္တဲ့အၾကည့္တစ္ခ်က္ေပးလိုက္တယ္ "ကားကိုပဲေကာင္းေကာင္းေမာင္းစမ္းပါ"

ကားေလးက Palm Springs ရဲ့တစ္ခုတည္းေသာတ႐ုတ္စားေသာက္ဆိုင္တစ္ခုရဲ့အဝင္ဝမွာရပ္သြားတယ္။ အဲ့ဒီ​ဆိုင္ေလးကေခတ္ေနာက္ျပန္ Tang ပုံစံအလွဆင္ထားပီး တံတားေလး​ရယ္ ေရတံခြန္ေလးရယ္နဲ႔စိမ္းစိမ္းစိုစိုအပင္ေလးေတြရွိတယ္။

သူတို႔ကျပတင္းေပါက္ရွိတဲ့ private room တစ္ခုရွာလိုက္ပီး လတ္ဆတ္တဲ့ဟင္းပြဲတခ်ိဳ႕မွာလိုက္တယ္။ စားစရာေတြမေရာက္ခင္မွာပဲ ရွန္းလီနဲ႔က်ိဳေမာ့ခၽြင္ကအခန္းထဲကိုတစ္ေယာက္ပီးတစ္ေယာက္ဝင္လာတယ္။

ရွန္းလီကအျပဳံးတစ္ခုဖ်စ္ညႇစ္ထုတ္ပီး မဝံ့မရဲေျပာလာတယ္ "နိုင္ငံျခားတိုင္းျပည္တစ္ခုမွာ တစ္နိုင္ငံတည္းသားလူတိုင္းကမိတ္ေဆြေတြပဲေလ မင္းတို႔နဲ႔တစ္စားပြဲတည္းအတူတူထိုင္လို႔စိတ္မရွိဘူးမလား?"

အမွန္အတိုင္းေျပာရရင္စုန္႔ရီစိတ္ရွိတယ္။ ခင္းပြန္းေလာင္းေရြးခ်ယ္တာက ရွန္းလီရဲ့လြတ္လပ္ခြင့္မို႔ဘာမွမေျပာခ်င္ဘူး။ ဒါေပမဲ့က်ိဳးေမာ့ခၽြင္ကိုသူ႔ေရွ႕ေခၚေခၚလာတာကေတာ့ တကယ္ကိုစိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္။

ကုရွင္ခၽြမ္းကေနကာမ်က္မွန္ကိုခၽြတ္ပီး စားပြဲေပၚခ်လိုက္တယ္။ သတၱဳမ်က္မွန္ေဘာင္ကမေဟာ္ဂနီစားပြဲနဲ႔ရိုက္မိပီး ကၽြတ္ဆပ္ဆပ္အသံတစ္ခုထြက္လာတယ္။ ကုရွင္ခၽြမ္းကရွန္းလီကိုေအးစက္စက္စိုက္ၾကည့္လိုက္ပီး သူ႔ႏွုတ္ခမ္းပါးပါးေလးကပြင့္အာလာပီး ရွင္းလင္းျပတ္သားတဲ့စကားတစ္ခြန္းထြက္ေပၚလာတယ္ "ထြက္သြားစမ္း" (Gŭn)

ရွန္းလီကေတာင့္တင္းသြားပီး ထိတ္လန္႔စြာနဲ႔က်ိဳးေမာ့ခၽြင္ဆီကိုယ္ေလးက်ဳံ႕သြားတယ္။ သူေနာက္ဆုံးတစ္ေခါက္ကအရိုက္ခံခဲ့ရတာကိုအခုထိေၾကာက္ရြံ့ေနတုန္းပဲ။

က်ိဳးေမာ့ခၽြင္ကမႏွစ္သက္သလိုမ်က္ေမွာင္က်ဳံ႕လိုက္တယ္။ သူကရွန္းလီရဲ့​လက္ေမာင္းကိုႏွစ္သိမ့္သလိုပုတ္ေပးလိုက္တယ္ "omega ေတြကို လူႀကီးလူေကာင္းဆန္ဆန္ဆက္ဆံသင့္တယ္"

ကုရွင္ခၽြမ္းကက်ိဳးေမာ့ခၽြင္ကိုဂ႐ုမစိုက္သလိုအထက္ေအာက္တစ္ခ်က္ၾကည့္ပီး လက္ပိုက္ရင္း​သေရာ္လိုက္တယ္ "အိုေခေလ သူကဒီမွာထိုင္လို႔ရတယ္ မင္းကထြက္သြားလိုက္ေတာ့"

က်ိဳးေမာ့ခၽြင္မ်က္ႏွာပ်က္သြားတယ္။ ​အႏုပညာအသိုင္းအဝိုင္းမွာ လူမွုဆက္ဆံေရးေတြကိုအေလးထားပီးေျပာၾကေပမဲ့ ပထမဆုံးအေနနဲ႔လုံးဝမ်က္ႏွာသာမေပးတဲ့လူမ်ိဳးကိုေတြ႕ဖူးျခင္းပဲ။

သူတို႔ထိုင္ခ်င္တာကိုထိုင္ခိုင္းလိုက္႐ုံပဲလို႔စုန္႔ရီေတြးလိုက္တယ္။ သူကကုရွင္ခၽြမ္းရဲ့လက္ေမာင္းကိုဖြဖြေလးထိလိုက္တယ္။ ကုရွင္ခၽြမ္းကလွည့္ၾကည့္လာပီး သူ႔ရဲ့ေဒါသေတြကိုခ်က္ခ်င္းဖိႏွိပ္လိုက္ပီး ႏူးႏူးညံ့ညံ့ေလးေမးတယ္ "ဘာျဖစ္လို႔လဲ?"

စုန္႔ရီက menu ကိုေကာက္ယူလိုက္ပီး ရွန္းလီဘက္ကိုယဥ္ယဥ္ေက်းေက်းပဲေပးလိုက္တယ္ "ငါတို႔အတြက္ပဲမွာထားရေသးတယ္ မင္းတို႔မွာခ်င္တာမွာလိုက္"

ရွန္းလီရဲ့ခပ္ေတာင့္ေတာင့္ျဖစ္ေနတဲ့ခႏၲာကိုယ္ကေျပေလ်ာ့သြားပီး စားပြဲဝိုင္းဝိုင္းႀကီးမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္တယ္။ သူကစုန္႔ရီကိုစိတ္အားထက္သန္စြာၾကည့္ေနပီး သခင္စြန္႔ပစ္တာခံလိုက္ရတဲ့အေကာင္ေပါက္ေလးလို သနားစရာေကာင္းေနတယ္။

အရင္တုန္းကဆို ရွန္းလီရဲ့ဒီလိုပုံစံမ်ိဳးကိုေတြ႕ရရင္ လက္ေမာင္းထဲထည့္ပီး ေခ်ာ့ေမာ့ခဲ့လိမ့္မယ္။ ဒါေပမဲ့သူ႔မွါသူ႔ရဲ့သတို႔သားေလာင္းရွိတာမို႔ စုန္႔ရီလုပ္သင့္တဲ့ကိစၥမဟုတ္ေတာ့ဘူး။ သူမျမ​င္ခ်င္ေယာင္ပဲေဆာင္လိုက္ပီး ကုရွင္ခၽြမ္းနဲ႔ပဲေနာက္သြားမဲ့ခရီးစဥ္အေၾကာင္းေဆြးေႏြးေနလိုက္တယ္။

ရွန္းလီရဲ့မ်က္လုံးေတြကျပဴးက်ယ္ဝိုင္းစက္ေနပီး စုန္႔ရီဆီကတုန္႔ျပန္မွုအနည္းငယ္မၽွမရရွိခဲ့ဘူး။ သူကတစ္ရွူးအနည္းငယ္ကိုဆြဲထုတ္လိုက္ပီး ႏွာေခါင္းကိုပြတ္ကာ မၾကာခနဆိုသလို ရွိုက္သံေလးေတြလဲထြက္ျပေနတယ္။

က်ိဳးေမာ့ခၽြင္ကသူ႔ပခုံးကိုဖက္ပီး ေခ်ာ့ေမာ့ေနတယ္။

မေဟာ္ဂနီစားပြဲႀကီးက စည္းတစ္ခုလိုပဲ ကမၻာႏွစ္ခုအျဖစ္ပိုင္းျခားေပးထားတယ္။

ကုရွင္ခၽြမ္းကဆားငန္ပုစြန္ေတြမွာထားတယ္။ အဲ့ဒီဟင္းပြဲေရာက္လာတာနဲ႔သူကလက္အိတ္ေတြဝတ္လိုက္ပီး ပုစြန္တစ္ေကာင္ခ်င္းစီကိုစပီးႏႊာေတာ့တယ္။ ကုရွင္ခၽြမ္းကစႏၵယားတီးတာကိုအလြန္ကၽြမ္းက်င္လက္ယဥ္ေနတဲ့အတြက္ သူပုစြန္ႏႊာတဲ့အခါမွာလဲပန္းပြင့္ေလးေတြေႁခြခ်တဲ့အတိုင္းပဲ မ်က္စိတစ္မွိတ္အတြင္းမွာပဲပုစြန္အသားျပည့္ျပည့္ေလးေတြေပၚေပၚလာတယ္။ သူကေဆာ့ထဲကိုႏွစ္ပီး စုန္႔ရီရဲ့ပန္းကန္လုံးထဲထည့္ေပးတယ္။

"ေက်းဇူးပါ" စုန္႔ရီကဒီလိုဂ႐ုစိုက္ခံရတာကိုအသားမက်ေသးဘူး။ သူကခပ္ဖြဖြေခ်ာင္းဟန္႔လိုက္တယ္ "ငါ့ဘာသာလုပ္လိုက္ပါ့မယ္"

ကုရွင္ခၽြမ္းကေတာ့ဘာမွမၾကားတဲ့အလား ပုစြန္တစ္ပန္းကန္လုံးႏႊာပီးမွလက္အိတ္ေတြခၽြတ္လိုက္တယ္။ သူကတူေတြကိုေကာက္ကိုင္လိုက္ပီး သဘာဝတက်ပဲေမးလိုက္တယ္ "ၾကက္သလုံးေၾကာ္လား ဝက္နံရိုးခ်ိဳခ်ဥ္လား?"

ကေလးေလးတစ္ေယာက္လိုဂ႐ုစိုက္မခံခ်င္တာမို႔စုန္႔ရီတန္႔သြားတယ္။ ဒါေပမဲ့ေလထဲမွာရွိေနတဲ့ကုရွင္ခၽြမ္းရဲ့တူေတြကိုၾကည့္ပီး အားနာသြားကာ ျမန္ျမန္ေျပာလိုက္တယ္ "ဝက္နံရိုးခ်ိဳခ်ဥ္"

ကုရွင္ခၽြမ္းကသူ႔ပန္းကန္လုံးေလးထဲကိုတန္းထည့္ေပးတယ္ "မနက္ျဖန္က်ရင္ဘာစားခ်င္လဲ?"

ရွန္းလီနဲ႔​က်ိဳးေမာ့ခၽြင္ရဲ့အၾကည့္ေတြကိုစုန္႔ရီမရင္ဆိုင္ဘဲ ေခါင္းငုံ႔ကာစားရင္း တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "BBQ စား​ၾကမယ္..."

ကုရွင္ခၽြမ္းကေခါင္းညိမ့္လိုက္ပီး စုန္႔ရီေသာက္ဖို႔ေရထည့္ေပးကာ ေအးေအးေဆးေဆးေျပာလာတယ္ "​ရက္နည္းနည္းေနရင္ ငါတို႔ Seattle ကိုသြားၾကမယ္ ပီးရင္ငါတို႔ေတာထဲမွာ BBQ လုပ္စားၾကမယ္ ငါတို႔အိမ္ကစားဖိုမွူးကအရမ္းကၽြမ္းတယ္"

စုန္႔ရီကေျခာက္ကပ္ကပ္ရယ္လိုက္တယ္။ စားပြဲဝိုင္းကတိတ္ဆိတ္ေနတယ္။ ရွန္းလီနဲ႔က်ိဳးေမာ့ခၽြင္ကလဲစကားေျပာတာရပ္သြားတာမို႔ စုန္႔ရီ 'အမ္း' ဆိုပီးပဲမသက္မသာေျပာလိုက္တယ္။

က်ိဳးေမာ့ခၽြင္ကခနေလာက္စဥ္းစားလိုက္ပီး ယဥ္ယဥ္ေက်းေက်းပဲသတိေပးလာတယ္ "သခင္ေလးကုကသတင္းေတြမၾကည့္မွာစိုးတယ္ လြန္ခဲ့တဲ့ရက္နည္းနည္းက ကယ္လီဖိုးနီးယားမွာေတာမီးေလာင္ခဲ့တယ္ အဲ့တာအမ်ားျပည္သူပိုင္သစ္ေတာစီမံခန္႔ခြဲမွုကမီးထိန္းခ်ဳပ္ေရးကိုျပန္လည္ျပင္ဆင္ခဲ့တယ္ ေတာထဲမွာ bbq လုပ္စားတာကိုယာယီတားျမစ္ထားတယ္တဲ့"

ကုရွင္ခၽြမ္းကသူ႔ကိုေစာင္းၾကည့္ပီး မ်က္လုံးေတြကိုအနည္းငယ္ေမွးက်ဥ္းထားတယ္။ ျပဳံးျခင္းမဟုတ္တဲ့အျပဳံးတစ္ခုနဲ႔အတူ သူ႔ရဲ့အသံကေလွာင္ေျပာင္ရန္စမွုေတြပါေနတယ္ "ဒါကတကယ္အဆန္းပဲ အမ်ားျပည္သူပိုင္သစ္ေတာစီမံခန္႔ခြဲမွုဥပေဒကပုဂၢလိကပိုင္ေျမ​ေနရာေတြ​အေပၚမွာေရာထိန္းခ်ဳပ္နိုင္တာေပါ့ဟုတ္ရဲ့လား?"

က်ိဳးေမာ့ခၽြင္ပ်က္သြားတဲ့မ်က္ႏွာထားကိုထိန္းမထားနိုင္ဘူး။

မ်က္ႏွာသာေပးခံရတာႀကိဳက္တဲ့ရွန္းလီကမေပ်ာ္မရႊင္ျဖစ္သြားတယ္။ သူ႔ရဲ့သတို႔သားေလာင္းကိုမ်က္ႏွာပ်က္ေအာင္လုပ္တာကို သူေဒါသမထြက္ပဲဘယ္ေနပါ့မလဲ။ သူ႔ရဲ့ႏွုတ္ခမ္းစြန္းကနည္းနည္းေကြးတက္သြားပီး ညင္သာသိမ္ေမြ႕တဲ့သြင္ျပင္နဲ႔ "ဒါလင္ေရ ​xx ကသံပုရာရည္ေလးေသာက္ခ်င္လို႔ တစ္ဗူးေလာက္သြားဝယ္ေပးပါအုံး"

xx ကသံပုရာရည္ဝယ္ဖို႔ဆို ဒီကေနႏွစ္လမ္းေလာက္ျဖတ္သြားရမွာျဖစ္တယ္။ စုန္႔ရီအဲ့ဒီဆိုင္ကိုလမ္းေပၚမွာေတြ႕ခဲ့တယ္။ ေသာက္စရာတစ္ဗူးေလာက္ေလးအတြက္နဲ႔ဒီေလာက္​အေဝးႀကီးသြားရမွာအရမ္းပူပီး အရမ္းခံစားရခက္မွာပဲ။

က်ိဳးေမာ့ခၽြင္ကမလွုပ္ဘူး။ ရွန္းလီကိုပဲတြန္႔ဆုတ္စြာၾကည့္ေနတယ္။

ကုရွင္ခၽြမ္းကလက္ဆန္႔ထုတ္ကာ စုန္႔ရီရဲ့လက္ေလးကိုဖ်စ္လိုက္ပီး ခပ္ေနာက္ေနာက္ေမးလာတယ္ "မင္းဘာေသာက္ခ်င္လဲ?"

ရွန္းလီတို႔က်ိဳးေမာ့ခၽြင္တို႔နဲ႔မဆက္ဆံခ်င္တာမို႔ စုန္႔ရီကေခါင္းပဲယမ္းျပလိုက္တယ္။

ရွန္းလီကက်ိဳးေမာ့ခၽြင္ကိုၾကည့္ပီး တမင္သပ္သပ္အသံရွည္ရွည္ဆြဲကာခၽြဲပ်စ္ေနေအာင္ေခၚလိုက္တယ္ "ဒါလင္..."

က်ိဳးေမာ့ခၽြင္ကသူ႔ကိုစိုက္ၾကည့္ပီး ခပ္ဖြဖြျပဳံးကာ လွည့္ထြက္သြားတယ္။

က်ိဳးေမာ့ခၽြင္ထြက္သြားတာနဲ႔ ရွန္းလီကအိတ္ထဲကေနစီးကရက္ဗူးကိုထုတ္ယူလိုက္တယ္။ ပီးေတာ့တစ္လိပ္ထုတ္ယူလိုက္ပီး သူ႔ရဲ့ျဖဴေဖ်ာ့ေဖ်ာ့ႏွုတ္ခမ္းေတြၾကားထဲထည့္လိုက္တယ္။ သူကမီးညႇိလိုက္ပီး ေဆးလိပ္ဖြာမလို႔လုပ္တဲ့အခ်ိန္မွာ ေအးစက္စက္အသံတစ္ခုၾကားလိုက္ရတယ္ "စီးကရက္ကိုမီးသတ္လိုက္စမ္း"

ကုရွင္ခၽြမ္းကမ်က္ေမွာင္နည္းနည္းၾကဳံ႕ထားပီး သူ႔ကိုေအးစက္စြာစိုက္ၾကည့္ေနတယ္။

ရွန္းလီစီးကရက္ကိုႏွုတ္ခမ္းေတြဆီကေနဆြဲယူလိုက္ပီး ငိုေတာ့မလိုအသံနဲ႔ေျပာလာတယ္ "မင္းငါ့ကိုဂ႐ုစိုက္ေပးတာလား?"

ကုရွင္ခၽြမ္းကလက္တစ္ဖက္နဲ႔လက္ဖက္ရည္ခြက္တစ္ခြက္ယူလိုက္ပီး ဟာသတစ္ခုၾကားလိုက္ရတဲ့အလားေလွာင္ရယ္လိုက္ပီး အၾကင္နာမဲ့စြာေျပာလိုက္တယ္ "မင္းအျပင္ထြက္ပီးသြားေသာက္ စုန္႔ရီကတျခားသူေတြေဆးလိပ္ေသာက္တာကိုမႀကိဳက္ဘူး"

ရွန္းလီရဲ့မ်က္ႏွာအေရာင္မ်ိဳးစုံျဖတ္ေျပးသြားပီးရင္ဘတ္ကတုန္ခါေနတယ္။ သူကစုန္႔ရီကိုအကူအညီေတာင္းသလိုၾကည့္လာတယ္။

စုန္႔ရီအရင္ကေတာ့အဲ့ေလာက္ႀကီးဂ႐ုမစိုက္ပါဘူး။ ဒါေပမဲ့အခုကသူတစ္ေယာက္တည္းမဟုတ္ေတာ့တာမို႔ ေဆးလိပ္နံ့ကိုတကယ္မခံနိုင္ဘူး။ သူကဖြဖြေလးေျပာလိုက္တယ္ "ေရွာင္လီ မင္းက်န္းမာေရးအတြက္ေရာ ေဆးလိပ္မေသာက္သင့္ဘူး"

ရွန္းလီကခနေလာက္အံ့ဩသြားတယ္။ သူကေဒါသေတြေျဖေဖ်ာတဲ့အလား ေဆးလိပ္ကိုျပာခြက္ထဲေဒါသတႀကီးနဲ႔ဖိခ်လိုက္တယ္။ သူ႔ႏွုတ္ခမ္းေတြကမ်ဥ္းတစ္ေၾကာင္းေျဖာင့္တန္းသြားပီး စုန္႔ရီကိုခါးသက္စြာေမးလာတယ္ "မင္းတို႔ကတြဲေနတာလား?"

စုန္႔ရီဘယ္လိုျပန္ေျဖရမလဲမသိဘူး။ သူ႔နဲ႔ကုရွင္ခၽြမ္းရဲ့ဆက္ဆံေရးက ခနေလာက္ေတာ့မရွင္းမလင္းျဖစ္ေနအုံးမွာပဲ။

သူ႔ရဲ့တိတ္ဆိတ္ေနမွုကရွန္းလီကိုပိုပီး စိတ္မခ်မ္းေျမ့ျဖစ္ေစတယ္။ သူ႔မ်က္လုံးေတြကေမွးမွိန္သြားပီး သူ႔ပခုံးေတြကလဲေခါင္းကိုမထိန္းနိုင္ေတာ့တဲ့အလား ေခါင္းကငိုက္စိုက္ၾကသြားတယ္။ သူကႏွာတရွုံ႔ရွုံ႔နဲ႔ဝမ္းနည္းပက္လက္ေျပာေနတယ္ "အခုမင္းငါ့ကိုမႀကိဳက္ေတာ့ဘူးလား?"

စုန္႔ရီႏွလုံးသားကေပ်ာ့ေျပာင္းသြားတယ္။ သူကတျခားသူေတြရဲ့မ်က္ရည္ကိုခံနိုင္ရည္မရွိဘူး။ သူဘာမွမေျပာရေသးခင္မွာ သူ႔ေပါင္က႐ုတ္တရပ္နာသြားတယ္။ ကုရွင္ခၽြမ္းကသူ႔ေပါင္ကိုဖ်စ္ပီးေတာ့ သတိေပးသလိုၾကည့္လာတယ္။

စုန္႔ရီကို႔ရို႔ကားယားေခ်ာင္းေတြဆိုးလိုက္ရပီး ရွန္းလီကိုအေလးအနက္ေျပာလိုက္တယ္ "ေရွာင္လီ ငါမင္းကိုႀကိဳက္ခဲ့ပါတယ္ ဒါေပမဲ့မင္းမွာကေစ့စပ္ထားတဲ့သူရွိေနပီေလ ငါကက်ိဳးေမာ့ခၽြင္ရဲ့စရိုက္ကိုဘာမွမေျပာလိဘူး မင္းကသူ႔ကိုေရြးခ်ယ္ပီးသားျဖစ္​တာမို႔ သူ႔ဆီမွာပဲရွိေနရမယ္ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ငါကမင္းရဲ့ေရြးခ်ယ္မွုကိုေလးစားပီး မင္းေပ်ာ္ဖို႔ငါေမၽွာ္လင့္တယ္ ဒါကငါအေျပာခ်င္ဆုံးစကားပဲ"

ရွန္းလီကသူ႔ကိုမ်က္ရည္ေလးတစမ္းစမ္းနဲ႔ေငးၾကည့္ေနတယ္။

စုန္႔ရီသက္ျပင္းခ်လိုက္တယ္။ ဒါကအဆုံးသတ္ရမဲ့အခ်ိန္ျဖစ္တယ္ "မင္းကိုအေဖာ္ျပဳေပးတဲ့သူကငါမဟုတ္တာႏွ​ေျမာစရာပဲ ဒါေပမဲ့အဲ့တာကအေရးမႀကီးပါဘူး ငါတို႔ကသူငယ္ခ်င္းေတြျဖစ္ေနတုန္းပဲ ငါကမင္းကိုသူငယ္ခ်င္းတစ္ေယာက္အေနနဲ႔မင္းနဲ႔အတူရွိေနေပးမယ္ မင္းအလိုအပ္ဆုံးအခ်ိန္မွာ ငါမင္းကိုကူညီေပးမယ္ ခ်စ္ေပးတာေတြဂ႐ုစိုက္​ေပးတာေတြကိုေတာ့ ငါမလုပ္ေပးနိုင္ေတာ့ဘူး မင္းနားလည္တယ္မလား?"

ရွန္းလီအႀကိမ္အနည္းငယ္ေလာက္မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္တယ္။ မ်က္ရည္ေတြကလိမ့္ဆင္းလာပီး သူ႔ပါးေပၚကိုစီးက်လာတယ္။ ဒါေပမဲ့သူကခက္ခက္ခဲခဲျပဳံးျပတယ္ "တကယ္လို႔ငါလက္မထပ္ရင္ေရာ မင္းငါ့ကိုႀကိဳက္အုံးမွာလား?"

"Fuck you" ကုရွင္ခၽြမ္းကထပ္ပီးနားမေထာင္နိုင္ေတာ့ဘူး။ သူကအေတာမသတ္နိုင္ေအာင္ေအာ္ဂလီဆန္စရာေကာင္းတယ္။ သူ႔လက္ထဲကလက္ဖက္ရည္ခြက္ကိုရွန္းလီဆီပစ္ေပါက္လိုက္ပီး ခြက္ကရွန္းလီရဲ့ရင္ဘတ္ကိုတည့္တည့္မွန္သြားပီး အက္ရွတဲ့အသံနဲ႔အတူၾကမ္းျပင္ေပၚကိုက်သြားတယ္။

သူကမတ္တပ္ထရပ္လိုက္ကာ ရွန္းလီကိုလက္ညႇိုးနဲ႔ထိုးပီး ေဒါသတႀကီးေျပာတယ္ "မင္းကဒီေလာင္ဇီရဲ့လူအေၾကာင္းကိုေတြးေနမယ္ဆိုရင္ မင္းေခါင္းကိုလိမ္ခ်ိဳးပစ္ရလိမ့္မယ္"

~~~~~~~~~
Novel ေလးကတစ္ဝက္ေက်ာ္ေက်ာ္ၿပီးသြားပီဆိုတာသတိထားမိၾကလားဗ်ိဳ႕?

Continue Reading

You'll Also Like

659K 39K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
715K 31.5K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1M 121K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
3.5M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...