ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း (Z...

By Pyonge5462311

242K 13K 274

ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသစ်တင်မှာပါနော်🤗 Start date-July 16.2021 End date-August 10.2021 ရိ... More

Ep 2🍑
Ep 3🍑
Ep 4🍑
Ep 5🍑
Ep 6🍑
Ep 7🍑
Ep 8🍑
Ep 9🍑
Ep 10🍑
Ep 11🍑
Ep 12🍑
Ep 13🍑
Ep 14🍑
Ep 15🍑
Ep 16🍑
Ep 17🍑
Ep 18🍑
Ep 19🍑
final🍑

Ep 1🍑

34.6K 1.1K 19
By Pyonge5462311

Uni

💞ဦးရဲ့ချစ်လှစွာ​ေသ​ာခင်ပွန်း💞

Ep 1

မိုးများတဖွဲဖွဲရွာနေသော်ငြား.... ရင်ထဲကအပူမီးဟာတောက်လောင်နေဆဲပင်....။ အနက်ရောင်ဝတ်စုံဆင်တူတွေဝတ်ဆင်ထားတဲ့လူများ၏မျက်ဝန်း၌.... မျက်ရည်စက်တွေတွဲခိုလျှက်.... ကောင်လေးတစ်ယောက်၏လက်ထဲတွင်တော့ အလှဆုံးအပြုံးနှင့် မိန်းကလေးတစ်ဦး၏ဓါတ်ပုံကို ကိုင်ဆောင်ထားသည်.... ။

{အေးချမ်းစွာအိပ်စက်အနားယူပါ ကြည်ပြာ။}

ထိုကောင်လေးသည် ငိုနေလျှက်ပင် ကြည်ပြာ ဆိုသည့်မိန်းကလေးကို.. စိတ်ထဲမှရေရွတ်နေမိသည်...။ ထိုကောင်လေးနာမည်ဟာ ဈာန်ဦးထိုက်... ။ သူဟာ တကမ္ဘာလုံးတွင်အချမ်းသာဆုံးTop3စာရင်းဝင် သူဌေးတစ်ယောက်ဖြစ်ပြီး ထည်ဝါလုပ်ငန်းစု၏ သားသမီးသုံးယောက်ထဲမှ အကြီးဆုံးသားဖြစ်သည်..  ။ဈာန်ဦးထိုက်မှာ ညီလေးတယောက် ညီမလေးတယောက်ရှိပြီး... ယခုသေဆုံးသွားတဲ့သူဟာ သူနှင့်မကြာခင်လက်ထပ်ရမည့် သူ၏ချစ်သူမိန်းကလေး ကြည်ပြာဆိုသူပင်ဖြစ်၏။

စီးပွားရေး လုပ်ငန်းရှင်တယောက်မို့ အပြိုင်ဆိုင်များပြီး မနာလို၍ယုတ်မာကောက်ကျစ်ချင်သည့်ကုမ္ပဏီများရှိ၏.. ။ သူ့ကိုအငြိုးထားသော ပြိုင်ဘက်ကုမ္ပဏီတွေထဲက....ကုမ္ပဏီတခုဟာ သူနှင့်ကြည်ပြာတို်နှစ်ယောက်သား မင်္ဂလာဝတ်စုံရွေးရန် ဆိုင်ကိုသွားသည့် လမ်းတွင် ထိုကုမ္ပဏီမှ သူတို့အား နောက်ယောင်ခံလိုက်ရန်လွှတ်ထားသော ကားတစီးက အရှိန်ပြင်းပြင်းဖြင့် ဈာန်ဦးထိုက်တို့ရဲ့ကားကို  တိုက်သတ်ကြသည်... ။ ထိုနေရာတွင် ကားအက်စီးဒင့်တခုဖြစ်ပေါ်ကာ ကံကောင်းစွာပင် ဈာန်ဦးထိုက်က အသက်ရှင်သော်လည်း သူ၏ချစ်သူမိန်းကလေးမှာတော့  အခင်းဖြစ်သည့်နေရာတွင် အသက်ဆုံးရှုံးခဲ့သည်....။ သူတို့ကိုတိုက်သတ်သည့်ကားကတော့ အချိန်မှီမောင်း၍​ပြေးသွား၏။ အမြန်လမ်းဖြစ်နေသည့်အတွက် သူတို့အခင်းဖြစ်စဥ်နေရာတွင် မည်သူမျှရှိမနေပေ..။

"ဟီးး အမလေး သမီးလေးရဲ့.... မာမီတို့ထားခဲ့ပြီလား ဟင့်"

ကြည်ပြာ၏မိခင်ဟာ သမီးလေးကို ဆုံးရှုံးရသဖြင့်... ရင်ဘတ်စည်တီးကာ ငိုကြွေးနေသည်... ။ နာရေးလာသူတွေကတော့ သူမ၏မိခင်ကို ဝိုင်းဝန်းနှစ်သိမ့်ကြသည်....။ ဈာန်ဦးထိုက်ကလဲ မတော်လိုက်ရသည့် ယောက္ခမဖြစ်သူကို ပွေ့ဖက်ကာနှစ်သိမ့်လေ၏..။

"အစ်မကြီးရယ် ကလေးစိတ်​ဖြောင့် ဖြောင့်နဲ့သွားပါစေ... ငိုကြွေးမနေပါနဲ့တော့"

ထိုအဒေါ်ကြီး နှစ်သိမ့်ပေးနေသည်ကို နားထဲမဝင်နိုင်စွာဖြင့် ကြည်ပြာ၏မိခင်သည် ဈာန်ဦးထိုက်၏ ရင်ခွင်ထဲတွင် တသိမ့်သိမ့်ရှိုက်ငိုလျက် ဈာန်ဦးထိုက်ကို စကားဆိုလေ၏။

"သားဈာန်ရယ်.... ဟင့်...မာမီ ရဲ့သမီးလေးက မာမီတို့ကိုထားခဲ့ပြီ ဟင့်"

မိခင်တယောက်၏ပူဆွေးသောကကို မည်သူကကိုယ်ချင်းစာနိုင်မည်လဲ။ သမီးနှစ်ယောက်ရှိသော်လည်း အကြီးဖြစ်သူက နိုင်ငံခြားတွင်ရောက်နေပြီး ... အငယ်ဖြစ်သူက သေကွဲခွဲသွားခဲ့တာမို့ မိခင်ဟာရင်ထုမနာငိုကြွေးနေသည်မှာ ဖြစ်သင့်ပါသည်လေ။

"မာမီရယ်.. မငိုပါနဲ့တော့ ကြည်ပြာက ကောင်းရာမွန်ရာရောက်မှာပါ....   ကြည်ပြာရေ မင်းအတွက် ကိုယ်ပြန်ပြီးလက်စားခြေပေးပါ့မယ်"

ဈာန်ဦးထိုက်ရဲ့ မျက်ရည်စက်တွေဟာ... မိုးရေတွေနှင့်ရောယှက်လျှက် မြေခသွားလေသည်....။ ဓာတ်ပုံထဲက မိန်းကလေးကတော့ ပြုံးမြဲပြုံးလျှက်ပင်.... ။

ရာသီတွေပြောင်း၍ နှစ်တွေလဲဟောင်းခဲ့ပြီမို့ အတိတ်တချို့ဟာလဲ အရောင်လွင့်ပြယ်နေတဲ့ပန်းချီကားတချပ်လို အတိတ်နေ့ရက်တွေမှာကျန်ခဲ့ပါပြီလေ..။ သို့ပေမယ့် မင်းကိုတော့ ဒီနေ့အထိ မမေ့နိုင်သေးဘူး ကြည်ပြာရယ်။

ကြည်ပြာ သေဆုံးမှုနှင့်ပတ်သတ်၍ တရားခံဟာ ယခုထိဖမ်းမမိသေးပေ..။ အပုန်းကောင်းလွန်းသည်ဟုဆိုလေမလား..။ သို့ပေမယ့် ဈာန်ဦးထိုက်ဟာ လက်လျော့ခြင်းမရှိပဲ တရားခံကိုစုံစမ်းနေဆဲဖြစ်သည်..။ အပြစ်လုပ်တဲ့သူဟာ ထိုက်သင့်တဲ့အပြစ်တော့ ပြန်ခံစားရမှ တရားမျှတမည်မဟုတ်လား...။ သုံးနှစ်ခန့်ကြာသော်... ကြီးမားကျယ်ပြန့်သော ခြံဝန်းကြီးအတွင်းသို့.... နောက်ဆုံးပေါ်အနီရောင်အမိုးဖွင့်ကားလေးတစ်စီးမောင်းဝင်လာသည်  .....။

"သခင်လေးဈာန်ဦးထိုက် ရောက်လာပြီလား"

အိမ်တော်ကြီးထဲမှအထိန်းတော်ကြီးရဲ့စကားကြောင်​့.... ဈာန်ဦးထိုက် ကားပေါ်ကဆင်းလိုက်သည်... ။ အပေါ်အောက်အဖြူရောင်အနောက်တိုင်းဝတ်စုံလေးကို သေသပ်စွာဝတ်ဆင်ထားသော ဈာန်ဦးထိုက်ဟာ ဥပဓိရုပ်ရှိပြီး ခန့်ညားလွန်းလှသည်... ။ ဈာန်ဦးထိုက်တယောက် ဖခင်၏ခိုင်းစေမှုကြောင့်  ဆည်းဆာရိပ်မြုံ အိမ်တော်သို့ရောက်လာခြင်းဖြစ်သည်...။

*ဝုန်းးးး  ခလွမ်းးးးး.... ခွမ်းးးးး...!!!!*

ကားပေါ်ကဆင်းသည်နှင့် အိမ်တော်ထဲမှကြားလိုက်ရသောအသံများကြောင့်.... ဈာန်ဦးခိုက် မျက်ခုံးတဖက်ပင့်တက်သွားသည်... ။သူ့ရဲ့ အရှေ့မှာရပ်နေသော အိမ်တော်ထိန်းအဖွားကြီးကတော့ ဈာန်ဦးထိုက်ကို မရဲတရဲတချက်ကြည့်ပြီး အားနာသလိုပြုံးပြသည်...။

"အဟင်းး... သခင်လေးဈာန်ဦးထိုက်ကိုအားနာလိုက်တာ သခင်လေး အိမ်ထဲဝင်ပါဦး"

အိမ်ထိန်းအဖွားကြီးရဲ့ခေါ်ဆောင်မှုကြောင့်..  ဈာန်ဦးထိုက်လဲ ဆည်းဆာရိပ်မြုံ အိမ်တော်ထဲသို့ခြေချမိသည်....။

"သခင်လေးဈာန်ဦးခိုက် ရောက်လာပြီကိုး... ကြွပါရှင် ကြွပါ"

ဧည့်ခန်းထဲတွင်ထိုင်ကာ သိုးမွှေးထိုးနေသော ဆည်းဆာရိပ်မြုံအိမ်တော်၏ သခင်မကြီး ဒေါ်နန်းသူဇာက ... ဈာန်ဦးထိုက်ကိုတွေ့သည်နှင့် သိုးမွှေးထိုးခြင်းကိုရပ်တန့်ကာ  ထိုင်နေရာမှထ၍... ဈာန်ဦးထိုက်အား ဆီးကြိုရင်း Sofaပေါ်တွင်ထိုင်ခိုင်းလေသည်....။

"ဖေကြီးကို ရှိုင်း ဘယ်နှစ်ခါပြောရမလဲ အဲ့အဖိုးကြီးကို ​ရှိုင်း မယူချင်ပါဘူးဆိုနေမှပဲ"

Sofaပေါ်တွင်ထိုင်ရန်ပြင်နေသောဈာန်ဦးထိုက်တယောက်... အပေါ်ထပ်ဆီမှထွက်ပေါ်လာသော အသံစူးစူးလေးကြောင့်...  ထိုင်ပဲထိုင်ရမလို... ထပဲ​ြပန်ရမလို ကုန်းကွကွ ဖြစ်နေသည်... ။ ဒေါ်နန်းသူဇာကတော့ ဈာန်ဦးထိုက်၏ ပုံစံကိုကြည့်ကာ သဘောပေါက်သည့်နှယ် အိမ်ထိန်းအဖွားကြီးကဲ့သို့သော အရှက်ပြေရယ်ပြနေပြန်သည်....။

"ထိုင်ပါ သခင်လေးဈာန်ဦးထိုက်ရဲ့ အဟင်း"

ဈာန်ဦးထိုက်လဲ ဒေါ်နန်းသူဇာကိုပြန်လည်ပြုံးပြလိုက်ပြီး... Sofaပေါ်တွင်ထိုင်လိုက်သည်....။

"အေး! ဖေကြီးကလဲ စကားကိုနှစ်ခါပြန်မပြောဘူး... ထည်ဝါလုပ်ငန်းစုရဲ့သခင်လေးဈာန်ဦးထိုက်ကို မယူရင် ပိစိရဲ့ ဆိုင်ကယ်တွေကို ဖေကြီး သိမ်းရလိမ့်မယ်!!"

ထပ်မံကြားလိုက်ရသော သခင်ကြီးဦးခန့်မာန်၏အသံဟာလဲ ကျယ်လွန်း၏.... ။ ဆည်းဆာရိပ်မြုံ အိမ်တော်ကိုစရောက်ထဲက စကားပြောချိန်မရပဲ ရန်ပွဲကဆီးကြိုနေသည်.. ။ ဈာန်ဦးထိုက်လဲ အရိပ်အကဲကြည့်ကာ ရန်ပွဲကိုသာနားစွင့်နေလိုက်သည်... ။ဒေါ်နန်းသူဇာကတော့ အပေါ်ထပ်သို့လည်တဆန့်ဆန့်ကြည့်လျှက် စိတ်မအေးဖြစ်နေရှာသည်...။

"ဖေကြီး စိတ်မပုပ်နဲ့နော်... ရှိုင်းရဲ့ ဆိုင်ကယ်တွေသိမ်းရဲသိမ်းကြည့်လိုက်"

ကုတင်ပေါ်ကနေ ဖခင်ဖြစ်သူကို မျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်ပြီး... နုတ်ခမ်းလေးထော်ကာ ရန်တွေ့နေသော ဆည်းဆာရိပ်မြုံ အိမ်တော်၏ ရင်နှစ်သည်းညှာလေး..... ။ သားဖြစ်သူ၏ပုံစံကိုကြည့်ကာ ဦးခန့်မာန် အသည်းယားနေသော်လည်း ဒီတခါတော့အလျော့ပေးလို့မဖြစ်ပေ....။

"ဟုတ်ပြီ ဖေကြီးကလည်းပြောတဲ့တိုင်းလုပ်မှာပဲ... သခင်လေးဈာန်ဦးထိုက်ကိုမှမယူရင် ပိစိလဲ အိမ်ပေါ်ကဆင်း ဒါပဲ!!"

"ဝုန်း!!"

သခင်ကြီးဦးခန့်မာန်တ​ယောက်ပြောချင်ရာပြောပြီး... အခန်းတံခါးကိုပိတ်ကာ အောက်ထပ်သို့ပြေးဆင်းလာသည်... ။ သူ့သား၏ဒေါသကိုသူသာအသိဆုံးမို့ပင်...။

*ဒုန်းး...ဝုန်းး.. ခွမ်းးး..*

အနောက်မှာတော့ ပစ္စည်းတွေကိုရိုက်ခွဲနေသည့်အသံပေါင်းစုံကြားလိုက်ရသည်....။

"ဟူးးး မိန်းမရေ မင်းရဲ့သားကိုတော့ ငါတကယ်မနိုင်တော့ဘူး"

Sofaပေါ်တွင်ဝင်ထိုင်ရင်းပြောနေတဲ့ ဦးခန့်မာန်ဟာ ... ဈာန်ဦးထိုက်အား မြင်ပုံမပေါ်သေး...။

"အဲ့တာရှင်ပဲအလိုလိုက်ထားတာလေ... ခုတော့ သခင်လေးဈာန်ဦးထိုက်ကို အားနာစရာကြီး"

ဇနီးဖြစ်သူ၏ စကားကြောင့် ဦးခန့်မာန်လဲ ဈာန်ဦးထိုက်ကို မြင်လေသည်...။

"သခင်လေးဈာန်ဦးထိုက် ​ရောက်နေတာကြာပြီလား အားနာလိုက်တာဗျာ"

ဦးခန့်မာန်က အားနာနေဟန်နှင့်ပြောတော့ ဈာန်ဦးထိုက် အသာအယာ ပြုံးပြလိုက်ရင်း....

"ရပါတယ်ဗျ... အားနာစရာမလိုပါဘူး...ဟို.. ဒီအခြေနေအတိုင်းဆို မင်္ဂလာကိစ္စပြောလို့အဆင်ပြေပါ့မလား"

ကြည်ပြာ ဆုံးသွားတည်း​က ဈာန်ဦးထိုက်ဟာ ချစ်သူရည်စားထပ်မထားတော့ပေ... ။ သို့သော် ဈာန်ဦးထိုက်ရဲ့ဖခင်ဖြစ်သူ ဦးဈာန်ရှင်းက သူ၏မိတ်ဆွေဖြစ်သည့် သခင်ကြီးဦးခန့်မာန်၏သားဖြစ်သူနှင့် သူ့ကိုလက်ထပ်ရမည်ဟုဆိုသည်... ။အစကတော့ ဈာန်ဦးထိုက်က ငြင်းပေမယ့် သခင်ကြီးဦးခန့်မာန်ရဲ့သားဖြစ်သူဟာ... Uniကျောင်းသားတယောက်ဖြစ်ပြီး ခပ်ဆိုးဆိုးကောင်လေးမို့လို့ အပိုးကျိုးအောင်သူနှင့်အိမ်ထောင်ချပေးရန်စီစဥ်တာဖြစ်ပြီး...

သခင်ကြီးဦးခန့်မာန်ကလည်း ဈာန်ဦးထိုက်နှင့်သာဆို သူတို့သား၏ နောင်ရေးအတွက်စိတ်ချရပါပြီဆိုသော ဖခင်၏စေတနာမေတ္တာကိုလေးစားသည့်အနေနှင့် ထိုကောင်လေးကိုယူရန်လက်ခံလိုက်ခြင်းဖြစ်သည်... ။ ကောင်လေးရဲ့နာမည်ဟာ ရှိုင်းမာန်ခတဲ့..။ ကောင်လေးကိုခုထိမတွေ့ဖူးသေးပေ..။ ကောင်လေး၏အသက်က ခုမှဆယ့်ခုနှစ် နှစ်သာရှိသေးသည်... ။ သူနှင့်ဆိုလျှင် ကိုးနှစ်ကျော်ဆယ်နှစ်နီးပါးငယ်၏..။

"ဒီကိစ္စအတွက်ဆိုမပူပါနဲ့ရှင်..... သားလေးကိုရအောင်ပြောမှာမို့ သခင်လေးဈာန်ဦးထိုက်ရဲ့ဘက်ကသာ ကျွန်မတို့ရဲ့သားလေးကို စိတ်မပျက်ပါနဲ့ မင်္ဂလာပွဲကိုလက်ခံပေးပါနော်"

သခင်မကြီးနန်းသူဇာဟာ သူမ၏သားဖြစ်သူကို ဈာန်ဦးထိုက် စိတ်ပျက်၍.... မင်္ဂလာပွဲကိုဖျက်မှာကိုစိတ်ပူနေရှာသည်...။

"ကျွန်တော် သူ့ကိုတခါမှမမြင်ဖူးလို့ သွားတွေ့လို့ရမလား"

"မရဘူး!....မရဘူး!... သခင်လေးဈာန်ဦးထိုက် အခုချိန်မသွားသေးတာအကောင်းဆုံးဖြစ်လိမ့်မယ်"

ဦးခန့်မာက ဈာန်ဦးထိုက်ကို သူ့ရဲ့သားဖြစ်သူနှင့်တွေမည်စိုး၍ အသည်းအသန်တားသည်...။ ဈာန်ဦးထိုက်လဲ ဦးခန့်မာန်အား ပြုံးပြလိုက်ရင်း....

"စိတ်မပူပါနဲ့ခင်ဗျ... ကျွန်တော့်ကို သူ့ဆီသာလိုက်ပို့ပေးပါ"

"ကဲပါလေ ဒါဆိုလည်း ကျွန်မနောက်သာလိုက်ခဲ့ပါ"

တားမရမှန်းသိတော့ ဒေါ်နန်းသူဇာကပဲ ဦးဆောင်၍..  သူမ၏သားဖြစ်သူအခန်းဆီသို့ ဈာန်ဦးထိုက်ကိုလိုက်ပို့ပါသည်...။

"သခင်လေးဈာန်ဦးထိုက်..  သတိထားပြီးအထဲကိုဝင်သွားပါ"

အခန်းထဲဝင်ခါနီး ဒေါ်နန်းသူဇာက သူ့ကိုအသိပေးသလိုပြောတော့ ဈာန်ဦးထိုက်လဲ အခန်း တံခါးလက်ကိုင်ဘုလေးကိုလှည့်ကိုင်ကာ တံခါးဖွင့်၍အခန်းထဲဝင်လိုက်သည်...။

"ဘယ်သူမှဝင်မလာနဲ့ ထွက်သွား!!!"

*ဝှီးးးးးးး*

အသံဆာဆာလေးထွက်လာကာ အနီးရှိပန်းအိုးနှင့် ဈာန်ဦးထိုက်ကိုပစ်ပေါက်သည်.... ။ဈာန်ဦးထိုက်လဲ အမြန်ပင်လက်နှင့်ဖမ်းကိုင်လိုက်တာကြောင့် နဖူးမပေါက်သွားခြင်းဖြစ်သည်....။

"မင်း ရိုင်းစိုင်း.း!!"

ဈာန်ဦးထိုက်တယောက်  ကုတင်ပေါ်မှာထိုင်နေတဲ့ ကောင်လေးကိုပြောဆိုလုပ်ရန်ပြင်စဥ်... သူ၏ ပြောစကားမဆုံးခင် ကောင်လေး၏ မျက်နှာကိုမြင်လိုက်ရတော့ ဈာန်ဦးထိုက်ရဲ့ စကားများရပ်တန့်သွားသည်....။

{ကြည်ပြာ}

ရှိုင်းမာန်ခ ဆိုတဲ့ကောင်လေးရဲ့မျက်နှာဟာ... လွန်ခဲ့တဲ့သုံးနှစ်က သေဆုံးသွားသော သူ၏ချစ်သူ ကြည်ပြာရဲ့ မျက်နှာနှင့်အလွန်တူသည်...။  ကြည်ပြာ သေပြီးမှသာ ထိုကောင်လေးကို မွေးခဲ့မည်ဆိုလျှင်တောင် လူဝင်စားသည်ဟုပင်ထင်နိုင်ဖွယ်ရာအတိ...။

ရှိုင်းမာန်ခ တယောက် သူပစ်ပေါက်လိုက်သောပန်းအိုးကြီးကိုကိုင်ကာ... သူ့အားအခန်းဝတွင်ကြောင်ကြည့်နေသော အဖြူရောင်အနောက်တိုင်းဝတ်စုံကို စမတ်ကျစွာဝတ်ဆင်ထားသာ လူကြီးကြောင့် မျက်မှောင်ကြုတ်မိသွားသည်...။

"ခင်ဗျားကိုထွက်သွားလို့ပြောနေတာနားမပါဘူးလား"

ကုတင်ပေါ်ထိုင်လျှက်ပင် ရှိုင်းမာန်ခ ထပ်မံ၍ အော်ပြောလိုက်ပါသော်လည်း... ဈာန်ဦးထိုက်ဟာ ရပ်ကြည့်​ေနမြဲဖြစ်၏..။

{ဘာလဲ ဒီလူရူးနေတာလား!!!}

ရှိုင်းမာန်ခ၏ စိတ်ထဲမှ ထိုလူကြီးကို အရူးဟုပင် မှတ်ချက်ချလိုက်သည်..။

"ကြည်ပြာ!"

ရှိုင်းမာန်ခ စိတ်မရှည်တော့၍ ထပ်အော်မည်ပြင်တော့.... ထိုလူကြီးကပန်းအိုးကိုင်လျက်ပင် နာမည်တခုကိုနုတ်ကရွတ်ပြီး...  သူ့ရဲ့ခန္ဓာကိုယ်ကိုပြေးဖက်လေသည်... ။ ရှိုင်းမာန်ခလဲ မြန်ဆန်လွန်းသည့်အပြုမူကြာင့် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ ကုတင်ပေါ်ထိုင်နေလျှက်ပင် အနောက်ပြန်လန်ကာ ပစ်လဲသွားသည်... ။

အခုအခြေနေဟာ... ရှိုင်းမာန်ခ ကအောက်တွင် ပက်လက်အနေထားဖြစ်နေပြီး ဈာန်ဦးထိုက်ကတော့ ရှိုင်းမာန်ခ၏ ကိုယ်ပေါ်တွင်မှောက်လျက်အနေထားဖြစ်နေ၏... ။ပန်းအိုးလေးကတော့ သူတို့နှစ်ယောက်ဘေးတွင်လှဲလျက်သားဖြစ်​နေသည်... ။ နှစ်ဦးစလုံး သတိလက်လွတ်ဖြင့် အချိန်အတော်ကြာသည်အထိ မျက်ဝန်းချင်းအကြည့်စုံမိကြသည်..။ ထို့နောက် ရှိုင်းမာန်ခတယောက် သူ့ကိုဖက်ထားသောထိုလူကြီး၏ကျောပြင်ကို အတင်းထုရိုက်ကာ တွန်းထုတ်မိသည်...။

*ဘုန်းး ဘုန်းး"

"အင့်... ဟေ့လူကြီး ကျွန်တော့်ကိုလွှတ်... ဟင့်... ပြောနေတယ်လေ လွှတ်ပေးလို့ "

ရှိုင်းမာန်ခ မည်မျှပင်ထုရိုက်နေသော်လည်း ဈာန်ဦးထိုက်က ကတော့လွှတ်မပေးခြင်မရှိပေ။.. စက္ကန့်အနည်းငယ်ကြာမှ ဈာန်ဦးထိုက်လဲ သတိဝင်လာကာ ထိုကောင်လေးကို ဖက်ထားရာမှလွှတ်ပေးလေသည်... ။

ရှိုင်းမာန်ခလဲ ကုတင်ပေါ်တွင် လဲကျနေရာမှ ထထိုင်လိုက်ပြီး ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့အဝတ်စားဟာ တွန့်ကြေသွားတာမို့ အင်္ကျီတွေကိုနေကျတကျပြန်ပြင်နေသည်... ။ဈာန်ဦးထိုက်ကတော့ ကုတင်ဘေးတွင်မတ်တပ်ရပ်လိုက်ကာ သူ့မျက်စိရှေ့ကထိုကောင်လေးကို စူးစိုက်ကြည့်ပြီး...

"မင်း... ငါ နဲ့ လက် ထပ် ရ မယ်!!!!"

ဩဇာအာဏာသံအပြည့်ဖြင့် တခွန်းချင်းပြောလိုက်သော ဈာန်ဦးထိုက်၏ စကားကြောင့် ရှိုင်းမာန်ခရဲ့ မျက်ဝန်းလေးတွေဝိုင်းစက်ကာအံ့ဩသွားသည်... ။ထိုလူကြီး၏ လေသံဟာ ငြင်းဆိုခွင့်မရှိ ယူကိုယူရမည်ဟူသောလေသံမျိုးပင်....။

"ခင်ဗျားပြောတိုင်း ကျွန်တော်က ခင်ဗျားကို ဘာလို့ယူရမှာလဲအဖိုးကြီးရဲ့"

ရှိုင်းမာန်ခတယောက် သူ့ရဲ့ထုံးစံအတိုင်း နုတ်ခမ်းလေးထော်ကာ ရန်တွေ့သော်လည်း .. ဈာန်ဦးထိုက်ရဲ့ မျက်နှာဟာ ကြောက်စရာကောင်းလောက်အောင်တည်တင်းနေပြီး မျက်ထောင့်နီကြီးဖြင့် သူ့ ကိုစိုက်ကြည့်ကာ..

"မင်းမှာငြင်းခွင့်မရှိဘူး  ..."

"​နေစမ်းပါဦး ဘာလဲ ခင်ဗျားကအခြောက်လား"

"အခြောက်ဖြစ်မှ မင်းနဲ့ယူရမယ်ဆိုလဲ ရတယ် ငါခြောက်လိုက်မယ်"

ရှိုင်းမာန်ခတယောက် ထိုလူကြီး၏စကားကြောင့် ပါးစပ်လေးအဟောင်းသားဖြင့် ပြောစရာစကားတွေပျောက်ရှသွား၏။

"ခင်ဗျားဘာဖြစ်ချင်နေတာလဲ"

"မင်းရဲ့လင်ဖြစ်ချင်နေတာ!! အဲ့တော့ မင်း ငါနဲ့ ယူကိုယူရမယ်.... မင်းက ငါ့အပိုင်ပဲ ရှိုင်းမာန်ခ!!!"

Ep 2ဆက်ရန်.........

ရေးတော့ရေးလိုက်ပြီ။ ဒါဒါလေးတွေအကြိုက်တွေ့ပါ့မလား။ Thank you for reading. Please Like and feedback.

     🌊Hlaing Kyoe Myinn🌊

💗💗💗💗💗💗💗💗💗💗💗💗💗

Zgi

💞ဦးရဲ႕ခ်စ္လွစြာ​ေသ​ာခင္ပြန္း💞

Ep 1

မိုးမ်ားတဖြဲဖြဲ႐ြာေနေသာ္ျငား.... ရင္ထဲကအပူမီးဟာေတာက္ေလာင္ေနဆဲပင္....။ အနက္ေရာင္ဝတ္စုံဆင္တူေတြဝတ္ဆင္ထားတဲ့လူမ်ား၏မ်က္ဝန္း၌.... မ်က္ရည္စက္ေတြတြဲခိုလွ်က္.... ေကာင္ေလးတစ္ေယာက္၏လက္ထဲတြင္ေတာ့ အလွဆုံးအၿပဳံးႏွင့္ မိန္းကေလးတစ္ဦး၏ဓါတ္ပုံကို ကိုင္ေဆာင္ထားသည္.... ။

{ေအးခ်မ္းစြာအိပ္စက္အနားယူပါ ၾကည္ျပာ။}

ထိုေကာင္ေလးသည္ ငိုေနလွ်က္ပင္ ၾကည္ျပာ ဆိုသည့္မိန္းကေလးကို.. စိတ္ထဲမွေရ႐ြတ္ေနမိသည္...။ ထိုေကာင္ေလးနာမည္ဟာ ဈာန္ဦးထိုက္... ။ သူဟာ တကမၻာလုံးတြင္အခ်မ္းသာဆုံးTop3စာရင္းဝင္ သူေဌးတစ္ေယာက္ျဖစ္ၿပီး ထည္ဝါလုပ္ငန္းစု၏ သားသမီးသုံးေယာက္ထဲမွ အႀကီးဆုံးသားျဖစ္သည္..  ။ဈာန္ဦးထိုက္မွာ ညီေလးတေယာက္ ညီမေလးတေယာက္ရွိၿပီး... ယခုေသဆုံးသြားတဲ့သူဟာ သူႏွင့္မၾကာခင္လက္ထပ္ရမည့္ သူ၏ခ်စ္သူမိန္းကေလး ၾကည္ျပာဆိုသူပင္ျဖစ္၏။

စီးပြားေရး လုပ္ငန္းရွင္တေယာက္မို႔ အၿပိဳင္ဆိုင္မ်ားၿပီး မနာလို၍ယုတ္မာေကာက္က်စ္ခ်င္သည့္ကုမၸဏီမ်ားရွိ၏.. ။ သူ႕ကိုအၿငိဳးထားေသာ ၿပိဳင္ဘက္ကုမၸဏီေတြထဲက....ကုမၸဏီတခုဟာ သူႏွင့္ၾကည္ျပာတို္ႏွစ္ေယာက္သား မဂၤလာဝတ္စုံေ႐ြးရန္ ဆိုင္ကိုသြားသည့္ လမ္းတြင္ ထိုကုမၸဏီမွ သူတို႔အား ေနာက္ေယာင္ခံလိုက္ရန္လႊတ္ထားေသာ ကားတစီးက အရွိန္ျပင္းျပင္းျဖင့္ ဈာန္ဦးထိုက္တို႔ရဲ႕ကားကို  တိုက္သတ္ၾကသည္... ။ ထိုေနရာတြင္ ကားအက္စီးဒင့္တခုျဖစ္ေပၚကာ ကံေကာင္းစြာပင္ ဈာန္ဦးထိုက္က အသက္ရွင္ေသာ္လည္း သူ၏ခ်စ္သူမိန္းကေလးမွာေတာ့  အခင္းျဖစ္သည့္ေနရာတြင္ အသက္ဆုံးရႈံးခဲ့သည္....။ သူတို႔ကိုတိုက္သတ္သည့္ကားကေတာ့ အခ်ိန္မွီေမာင္း၍​ေျပးသြား၏။ အျမန္လမ္းျဖစ္ေနသည့္အတြက္ သူတို႔အခင္းျဖစ္စဥ္ေနရာတြင္ မည္သူမွ်ရွိမေနေပ..။

"ဟီးး အမေလး သမီးေလးရဲ႕.... မာမီတို႔ထားခဲ့ၿပီလား ဟင့္"

ၾကည္ျပာ၏မိခင္ဟာ သမီးေလးကို ဆုံးရႈံးရသျဖင့္... ရင္ဘတ္စည္တီးကာ ငိုေႂကြးေနသည္... ။ နာေရးလာသူေတြကေတာ့ သူမ၏မိခင္ကို ဝိုင္းဝန္းႏွစ္သိမ့္ၾကသည္....။ ဈာန္ဦးထိုက္ကလဲ မေတာ္လိုက္ရသည့္ ေယာကၡမျဖစ္သူကို ေပြ႕ဖက္ကာႏွစ္သိမ့္ေလ၏..။

"အစ္မႀကီးရယ္ ကေလးစိတ္​ေျဖာင့္ ေျဖာင့္နဲ႕သြားပါေစ... ငိုေႂကြးမေနပါနဲ႕ေတာ့"

ထိုအေဒၚႀကီး ႏွစ္သိမ့္ေပးေနသည္ကို နားထဲမဝင္နိုင္စြာျဖင့္ ၾကည္ျပာ၏မိခင္သည္ ဈာန္ဦးထိုက္၏ ရင္ခြင္ထဲတြင္ တသိမ့္သိမ့္ရွိုက္ငိုလ်က္ ဈာန္ဦးထိုက္ကို စကားဆိုေလ၏။

"သားဈာန္ရယ္.... ဟင့္...မာမီ ရဲ႕သမီးေလးက မာမီတို႔ကိုထားခဲ့ၿပီ ဟင့္"

မိခင္တေယာက္၏ပူေဆြးေသာကကို မည္သူကကိုယ္ခ်င္းစာနိုင္မည္လဲ။ သမီးႏွစ္ေယာက္ရွိေသာ္လည္း အႀကီးျဖစ္သူက နိုင္ငံျခားတြင္ေရာက္ေနၿပီး ... အငယ္ျဖစ္သူက ေသကြဲခြဲသြားခဲ့တာမို႔ မိခင္ဟာရင္ထုမနာငိုေႂကြးေနသည္မွာ ျဖစ္သင့္ပါသည္ေလ။

"မာမီရယ္.. မငိုပါနဲ႕ေတာ့ ၾကည္ျပာက ေကာင္းရာမြန္ရာေရာက္မွာပါ....   ၾကည္ျပာေရ မင္းအတြက္ ကိုယ္ျပန္ၿပီးလက္စားေျခေပးပါ့မယ္"

ဈာန္ဦးထိုက္ရဲ႕ မ်က္ရည္စက္ေတြဟာ... မိုးေရေတြႏွင့္ေရာယွက္လွ်က္ ေျမခသြားေလသည္....။ ဓာတ္ပုံထဲက မိန္းကေလးကေတာ့ ၿပဳံးၿမဲၿပဳံးလွ်က္ပင္.... ။

ရာသီေတြေျပာင္း၍ ႏွစ္ေတြလဲေဟာင္းခဲ့ၿပီမို႔ အတိတ္တခ်ိဳ႕ဟာလဲ အေရာင္လြင့္ျပယ္ေနတဲ့ပန္းခ်ီကားတခ်ပ္လို အတိတ္ေန႕ရက္ေတြမွာက်န္ခဲ့ပါၿပီေလ..။ သို႔ေပမယ့္ မင္းကိုေတာ့ ဒီေန႕အထိ မေမ့နိုင္ေသးဘူး ၾကည္ျပာရယ္။

ၾကည္ျပာ ေသဆုံးမႈႏွင့္ပတ္သတ္၍ တရားခံဟာ ယခုထိဖမ္းမမိေသးေပ..။ အပုန္းေကာင္းလြန္းသည္ဟုဆိုေလမလား..။ သို႔ေပမယ့္ ဈာန္ဦးထိုက္ဟာ လက္ေလ်ာ့ျခင္းမရွိပဲ တရားခံကိုစုံစမ္းေနဆဲျဖစ္သည္..။ အျပစ္လုပ္တဲ့သူဟာ ထိုက္သင့္တဲ့အျပစ္ေတာ့ ျပန္ခံစားရမွ တရားမွ်တမည္မဟုတ္လား...။ သုံးႏွစ္ခန့္ၾကာေသာ္... ႀကီးမားက်ယ္ျပန့္ေသာ ၿခံဝန္းႀကီးအတြင္းသို႔.... ေနာက္ဆုံးေပၚအနီေရာင္အမိုးဖြင့္ကားေလးတစ္စီးေမာင္းဝင္လာသည္  .....။

"သခင္ေလးဈာန္ဦးထိုက္ ေရာက္လာၿပီလား"

အိမ္ေတာ္ႀကီးထဲမွအထိန္းေတာ္ႀကီးရဲ႕စကားေၾကာင္​့.... ဈာန္ဦးထိုက္ ကားေပၚကဆင္းလိုက္သည္... ။ အေပၚေအာက္အျဖဴေရာင္အေနာက္တိုင္းဝတ္စုံေလးကို ေသသပ္စြာဝတ္ဆင္ထားေသာ ဈာန္ဦးထိုက္ဟာ ဥပဓိ႐ုပ္ရွိၿပီး ခန့္ညားလြန္းလွသည္... ။ ဈာန္ဦးထိုက္တေယာက္ ဖခင္၏ခိုင္းေစမႈေၾကာင့္  ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္သို႔ေရာက္လာျခင္းျဖစ္သည္...။

*ဝုန္းးးး  ခလြမ္းးးးး.... ခြမ္းးးးး...!!!!*

ကားေပၚကဆင္းသည္ႏွင့္ အိမ္ေတာ္ထဲမွၾကားလိုက္ရေသာအသံမ်ားေၾကာင့္.... ဈာန္ဦးခိုက္ မ်က္ခုံးတဖက္ပင့္တက္သြားသည္... ။သူ႕ရဲ႕ အေရွ႕မွာရပ္ေနေသာ အိမ္ေတာ္ထိန္းအဖြားႀကီးကေတာ့ ဈာန္ဦးထိုက္ကို မရဲတရဲတခ်က္ၾကည့္ၿပီး အားနာသလိုၿပဳံးျပသည္...။

"အဟင္းး... သခင္ေလးဈာန္ဦးထိုက္ကိုအားနာလိုက္တာ သခင္ေလး အိမ္ထဲဝင္ပါဦး"

အိမ္ထိန္းအဖြားႀကီးရဲ႕ေခၚေဆာင္မႈေၾကာင့္..  ဈာန္ဦးထိုက္လဲ ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္ထဲသို႔ေျခခ်မိသည္....။

"သခင္ေလးဈာန္ဦးခိုက္ ေရာက္လာၿပီကိုး... ႂကြပါရွင္ ႂကြပါ"

ဧည့္ခန္းထဲတြင္ထိုင္ကာ သိုးေမႊးထိုးေနေသာ ဆည္းဆာရိပ္ၿမဳံအိမ္ေတာ္၏ သခင္မႀကီး ေဒၚနန္းသူဇာက ... ဈာန္ဦးထိုက္ကိုေတြ႕သည္ႏွင့္ သိုးေမႊးထိုးျခင္းကိုရပ္တန့္ကာ  ထိုင္ေနရာမွထ၍... ဈာန္ဦးထိုက္အား ဆီးႀကိဳရင္း Sofaေပၚတြင္ထိုင္ခိုင္းေလသည္....။

"ေဖႀကီးကို ရွိုင္း ဘယ္ႏွစ္ခါေျပာရမလဲ အဲ့အဖိုးႀကီးကို ​ရွိုင္း မယူခ်င္ပါဘူးဆိုေနမွပဲ"

Sofaေပၚတြင္ထိုင္ရန္ျပင္ေနေသာဈာန္ဦးထိုက္တေယာက္... အေပၚထပ္ဆီမွထြက္ေပၚလာေသာ အသံစူးစူးေလးေၾကာင့္...  ထိုင္ပဲထိုင္ရမလို... ထပဲ​ျပန္ရမလို ကုန္းကြကြ ျဖစ္ေနသည္... ။ ေဒၚနန္းသူဇာကေတာ့ ဈာန္ဦးထိုက္၏ ပုံစံကိုၾကည့္ကာ သေဘာေပါက္သည့္ႏွယ္ အိမ္ထိန္းအဖြားႀကီးကဲ့သို႔ေသာ အရွက္ေျပရယ္ျပေနျပန္သည္....။

"ထိုင္ပါ သခင္ေလးဈာန္ဦးထိုက္ရဲ႕ အဟင္း"

ဈာန္ဦးထိုက္လဲ ေဒၚနန္းသူဇာကိုျပန္လည္ၿပဳံးျပလိုက္ၿပီး... Sofaေပၚတြင္ထိုင္လိုက္သည္....။

"ေအး! ေဖႀကီးကလဲ စကားကိုႏွစ္ခါျပန္မေျပာဘူး... ထည္ဝါလုပ္ငန္းစုရဲ႕သခင္ေလးဈာန္ဦးထိုက္ကို မယူရင္ ပိစိရဲ႕ ဆိုင္ကယ္ေတြကို ေဖႀကီး သိမ္းရလိမ့္မယ္!!"

ထပ္မံၾကားလိုက္ရေသာ သခင္ႀကီးဦးခန့္မာန္၏အသံဟာလဲ က်ယ္လြန္း၏.... ။ ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္ကိုစေရာက္ထဲက စကားေျပာခ်ိန္မရပဲ ရန္ပြဲကဆီးႀကိဳေနသည္.. ။ ဈာန္ဦးထိုက္လဲ အရိပ္အကဲၾကည့္ကာ ရန္ပြဲကိုသာနားစြင့္ေနလိုက္သည္... ။ေဒၚနန္းသူဇာကေတာ့ အေပၚထပ္သို႔လည္တဆန့္ဆန့္ၾကည့္လွ်က္ စိတ္မေအးျဖစ္ေနရွာသည္...။

"ေဖႀကီး စိတ္မပုပ္နဲ႕ေနာ္... ရွိုင္းရဲ႕ ဆိုင္ကယ္ေတြသိမ္းရဲသိမ္းၾကည့္လိုက္"

ကုတင္ေပၚကေန ဖခင္ျဖစ္သူကို မ်က္ေထာင့္နီႀကီးျဖင့္စိုက္ၾကည့္ၿပီး... ႏုတ္ခမ္းေလးေထာ္ကာ ရန္ေတြ႕ေနေသာ ဆည္းဆာရိပ္ၿမဳံ အိမ္ေတာ္၏ ရင္ႏွစ္သည္းညွာေလး..... ။ သားျဖစ္သူ၏ပုံစံကိုၾကည့္ကာ ဦးခန့္မာန္ အသည္းယားေနေသာ္လည္း ဒီတခါေတာ့အေလ်ာ့ေပးလို႔မျဖစ္ေပ....။

"ဟုတ္ၿပီ ေဖႀကီးကလည္းေျပာတဲ့တိုင္းလုပ္မွာပဲ... သခင္ေလးဈာန္ဦးထိုက္ကိုမွမယူရင္ ပိစိလဲ အိမ္ေပၚကဆင္း ဒါပဲ!!"

"ဝုန္း!!"

သခင္ႀကီးဦးခန့္မာန္တ​ေယာက္ေျပာခ်င္ရာေျပာၿပီး... အခန္းတံခါးကိုပိတ္ကာ ေအာက္ထပ္သို႔ေျပးဆင္းလာသည္... ။ သူ႕သား၏ေဒါသကိုသူသာအသိဆုံးမို႔ပင္...။

*ဒုန္းး...ဝုန္းး.. ခြမ္းးး..*

အေနာက္မွာေတာ့ ပစၥည္းေတြကိုရိုက္ခြဲေနသည့္အသံေပါင္းစုံၾကားလိုက္ရသည္....။

"ဟူးးး မိန္းမေရ မင္းရဲ႕သားကိုေတာ့ ငါတကယ္မနိုင္ေတာ့ဘူး"

Sofaေပၚတြင္ဝင္ထိုင္ရင္းေျပာေနတဲ့ ဦးခန့္မာန္ဟာ ... ဈာန္ဦးထိုက္အား ျမင္ပုံမေပၚေသး...။

"အဲ့တာရွင္ပဲအလိုလိုက္ထားတာေလ... ခုေတာ့ သခင္ေလးဈာန္ဦးထိုက္ကို အားနာစရာႀကီး"

ဇနီးျဖစ္သူ၏ စကားေၾကာင့္ ဦးခန့္မာန္လဲ ဈာန္ဦးထိုက္ကို ျမင္ေလသည္...။

"သခင္ေလးဈာန္ဦးထိုက္ ​ေရာက္ေနတာၾကာၿပီလား အားနာလိုက္တာဗ်ာ"

ဦးခန့္မာန္က အားနာေနဟန္ႏွင့္ေျပာေတာ့ ဈာန္ဦးထိုက္ အသာအယာ ၿပဳံးျပလိုက္ရင္း....

"ရပါတယ္ဗ်... အားနာစရာမလိုပါဘူး...ဟို.. ဒီအေျခေနအတိုင္းဆို မဂၤလာကိစၥေျပာလို႔အဆင္ေျပပါ့မလား"

ၾကည္ျပာ ဆုံးသြားတည္း​က ဈာန္ဦးထိုက္ဟာ ခ်စ္သူရည္စားထပ္မထားေတာ့ေပ... ။ သို႔ေသာ္ ဈာန္ဦးထိုက္ရဲ႕ဖခင္ျဖစ္သူ ဦးဈာန္ရွင္းက သူ၏မိတ္ေဆြျဖစ္သည့္ သခင္ႀကီးဦးခန့္မာန္၏သားျဖစ္သူႏွင့္ သူ႕ကိုလက္ထပ္ရမည္ဟုဆိုသည္... ။အစကေတာ့ ဈာန္ဦးထိုက္က ျငင္းေပမယ့္ သခင္ႀကီးဦးခန့္မာန္ရဲ႕သားျဖစ္သူဟာ... Uniေက်ာင္းသားတေယာက္ျဖစ္ၿပီး ခပ္ဆိုးဆိုးေကာင္ေလးမို႔လို႔ အပိုးက်ိဳးေအာင္သူႏွင့္အိမ္ေထာင္ခ်ေပးရန္စီစဥ္တာျဖစ္ၿပီး...

သခင္ႀကီးဦးခန့္မာန္ကလည္း ဈာန္ဦးထိုက္ႏွင့္သာဆို သူတို႔သား၏ ေနာင္ေရးအတြက္စိတ္ခ်ရပါၿပီဆိုေသာ ဖခင္၏ေစတနာေမတၱာကိုေလးစားသည့္အေနႏွင့္ ထိုေကာင္ေလးကိုယူရန္လက္ခံလိုက္ျခင္းျဖစ္သည္... ။ ေကာင္ေလးရဲ႕နာမည္ဟာ ရွိုင္းမာန္ခတဲ့..။ ေကာင္ေလးကိုခုထိမေတြ႕ဖူးေသးေပ..။ ေကာင္ေလး၏အသက္က ခုမွဆယ့္ခုႏွစ္ ႏွစ္သာရွိေသးသည္... ။ သူႏွင့္ဆိုလွ်င္ ကိုးႏွစ္ေက်ာ္ဆယ္ႏွစ္နီးပါးငယ္၏..။

"ဒီကိစၥအတြက္ဆိုမပူပါနဲ႕ရွင္..... သားေလးကိုရေအာင္ေျပာမွာမို႔ သခင္ေလးဈာန္ဦးထိုက္ရဲ႕ဘက္ကသာ ကြၽန္မတို႔ရဲ႕သားေလးကို စိတ္မပ်က္ပါနဲ႕ မဂၤလာပြဲကိုလက္ခံေပးပါေနာ္"

သခင္မႀကီးနန္းသူဇာဟာ သူမ၏သားျဖစ္သူကို ဈာန္ဦးထိုက္ စိတ္ပ်က္၍.... မဂၤလာပြဲကိုဖ်က္မွာကိုစိတ္ပူေနရွာသည္...။

"ကြၽန္ေတာ္ သူ႕ကိုတခါမွမျမင္ဖူးလို႔ သြားေတြ႕လို႔ရမလား"

"မရဘူး!....မရဘူး!... သခင္ေလးဈာန္ဦးထိုက္ အခုခ်ိန္မသြားေသးတာအေကာင္းဆုံးျဖစ္လိမ့္မယ္"

ဦးခန့္မာက ဈာန္ဦးထိုက္ကို သူ႕ရဲ႕သားျဖစ္သူႏွင့္ေတြမည္စိုး၍ အသည္းအသန္တားသည္...။ ဈာန္ဦးထိုက္လဲ ဦးခန့္မာန္အား ၿပဳံးျပလိုက္ရင္း....

"စိတ္မပူပါနဲ႕ခင္ဗ်... ကြၽန္ေတာ့္ကို သူ႕ဆီသာလိုက္ပို႔ေပးပါ"

"ကဲပါေလ ဒါဆိုလည္း ကြၽန္မေနာက္သာလိုက္ခဲ့ပါ"

တားမရမွန္းသိေတာ့ ေဒၚနန္းသူဇာကပဲ ဦးေဆာင္၍..  သူမ၏သားျဖစ္သူအခန္းဆီသို႔ ဈာန္ဦးထိုက္ကိုလိုက္ပို႔ပါသည္...။

"သခင္ေလးဈာန္ဦးထိုက္..  သတိထားၿပီးအထဲကိုဝင္သြားပါ"

အခန္းထဲဝင္ခါနီး ေဒၚနန္းသူဇာက သူ႕ကိုအသိေပးသလိုေျပာေတာ့ ဈာန္ဦးထိုက္လဲ အခန္း တံခါးလက္ကိုင္ဘုေလးကိုလွည့္ကိုင္ကာ တံခါးဖြင့္၍အခန္းထဲဝင္လိုက္သည္...။

"ဘယ္သူမွဝင္မလာနဲ႕ ထြက္သြား!!!"

*ဝွီးးးးးးး*

အသံဆာဆာေလးထြက္လာကာ အနီးရွိပန္းအိုးႏွင့္ ဈာန္ဦးထိုက္ကိုပစ္ေပါက္သည္.... ။ဈာန္ဦးထိုက္လဲ အျမန္ပင္လက္ႏွင့္ဖမ္းကိုင္လိုက္တာေၾကာင့္ နဖူးမေပါက္သြားျခင္းျဖစ္သည္....။

"မင္း ရိုင္းစိုင္း.း!!"

ဈာန္ဦးထိုက္တေယာက္  ကုတင္ေပၚမွာထိုင္ေနတဲ့ ေကာင္ေလးကိုေျပာဆိုလုပ္ရန္ျပင္စဥ္... သူ၏ ေျပာစကားမဆုံးခင္ ေကာင္ေလး၏ မ်က္ႏွာကိုျမင္လိုက္ရေတာ့ ဈာန္ဦးထိုက္ရဲ႕ စကားမ်ားရပ္တန့္သြားသည္....။

{ၾကည္ျပာ}

ရွိုင္းမာန္ခ ဆိုတဲ့ေကာင္ေလးရဲ႕မ်က္ႏွာဟာ... လြန္ခဲ့တဲ့သုံးႏွစ္က ေသဆုံးသြားေသာ သူ၏ခ်စ္သူ ၾကည္ျပာရဲ႕ မ်က္ႏွာႏွင့္အလြန္တူသည္...။  ၾကည္ျပာ ေသၿပီးမွသာ ထိုေကာင္ေလးကို ေမြးခဲ့မည္ဆိုလွ်င္ေတာင္ လူဝင္စားသည္ဟုပင္ထင္နိုင္ဖြယ္ရာအတိ...။

ရွိုင္းမာန္ခ တေယာက္ သူပစ္ေပါက္လိုက္ေသာပန္းအိုးႀကီးကိုကိုင္ကာ... သူ႕အားအခန္းဝတြင္ေၾကာင္ၾကည့္ေနေသာ အျဖဴေရာင္အေနာက္တိုင္းဝတ္စုံကို စမတ္က်စြာဝတ္ဆင္ထားသာ လူႀကီးေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိသြားသည္...။

"ခင္ဗ်ားကိုထြက္သြားလို႔ေျပာေနတာနားမပါဘူးလား"

ကုတင္ေပၚထိုင္လွ်က္ပင္ ရွိုင္းမာန္ခ ထပ္မံ၍ ေအာ္ေျပာလိုက္ပါေသာ္လည္း... ဈာန္ဦးထိုက္ဟာ ရပ္ၾကည့္​ေနၿမဲျဖစ္၏..။

{ဘာလဲ ဒီလူ႐ူးေနတာလား!!!}

ရွိုင္းမာန္ခ၏ စိတ္ထဲမွ ထိုလူႀကီးကို အ႐ူးဟုပင္ မွတ္ခ်က္ခ်လိဳက္သည္..။

"ၾကည္ျပာ!"

ရွိုင္းမာန္ခ စိတ္မရွည္ေတာ့၍ ထပ္ေအာ္မည္ျပင္ေတာ့.... ထိုလူႀကီးကပန္းအိုးကိုင္လ်က္ပင္ နာမည္တခုကိုႏုတ္က႐ြတ္ၿပီး...  သူ႕ရဲ႕ခႏၶာကိုယ္ကိုေျပးဖက္ေလသည္... ။ ရွိုင္းမာန္ခလဲ ျမန္ဆန္လြန္းသည့္အျပဳမူၾကာင့္ ႐ုတ္တရက္ အရွိန္မထိန္းနိုင္ပဲ ကုတင္ေပၚထိုင္ေနလွ်က္ပင္ အေနာက္ျပန္လန္ကာ ပစ္လဲသြားသည္... ။

အခုအေျခေနဟာ... ရွိုင္းမာန္ခ ကေအာက္တြင္ ပက္လက္အေနထားျဖစ္ေနၿပီး ဈာန္ဦးထိုက္ကေတာ့ ရွိုင္းမာန္ခ၏ ကိုယ္ေပၚတြင္ေမွာက္လ်က္အေနထားျဖစ္ေန၏... ။ပန္းအိုးေလးကေတာ့ သူတို႔ႏွစ္ေယာက္ေဘးတြင္လွဲလ်က္သားျဖစ္​ေနသည္... ။ ႏွစ္ဦးစလုံး သတိလက္လြတ္ျဖင့္ အခ်ိန္အေတာ္ၾကာသည္အထိ မ်က္ဝန္းခ်င္းအၾကည့္စုံမိၾကသည္..။ ထို႔ေနာက္ ရွိုင္းမာန္ခတေယာက္ သူ႕ကိုဖက္ထားေသာထိုလူႀကီး၏ေက်ာျပင္ကို အတင္းထုရိုက္ကာ တြန္းထုတ္မိသည္...။

*ဘုန္းး ဘုန္းး"

"အင့္... ေဟ့လူႀကီး ကြၽန္ေတာ့္ကိုလႊတ္... ဟင့္... ေျပာေနတယ္ေလ လႊတ္ေပးလို႔ "

ရွိုင္းမာန္ခ မည္မွ်ပင္ထုရိုက္ေနေသာ္လည္း ဈာန္ဦးထိုက္က ကေတာ့လႊတ္မေပးျခင္မရွိေပ။.. စကၠန့္အနည္းငယ္ၾကာမွ ဈာန္ဦးထိုက္လဲ သတိဝင္လာကာ ထိုေကာင္ေလးကို ဖက္ထားရာမွလႊတ္ေပးေလသည္... ။

ရွိုင္းမာန္ခလဲ ကုတင္ေပၚတြင္ လဲက်ေနရာမွ ထထိုင္လိုက္ၿပီး ခႏၶာကိုယ္မွာ ဝတ္ထားတဲ့အဝတ္စားဟာ တြန့္ေၾကသြားတာမို႔ အကၤ်ီေတြကိုေနက်တက်ျပန္ျပင္ေနသည္... ။ဈာန္ဦးထိုက္ကေတာ့ ကုတင္ေဘးတြင္မတ္တပ္ရပ္လိုက္ကာ သူ႕မ်က္စိေရွ႕ကထိုေကာင္ေလးကို စူးစိုက္ၾကည့္ၿပီး...

"မင္း... ငါ နဲ႕ လက္ ထပ္ ရ မယ္!!!!"

ဩဇာအာဏာသံအျပည့္ျဖင့္ တခြန္းခ်င္းေျပာလိုက္ေသာ ဈာန္ဦးထိုက္၏ စကားေၾကာင့္ ရွိုင္းမာန္ခရဲ႕ မ်က္ဝန္းေလးေတြဝိုင္းစက္ကာအံ့ဩသြားသည္... ။ထိုလူႀကီး၏ ေလသံဟာ ျငင္းဆိုခြင့္မရွိ ယူကိုယူရမည္ဟူေသာေလသံမ်ိဳးပင္....။

"ခင္ဗ်ားေျပာတိုင္း ကြၽန္ေတာ္က ခင္ဗ်ားကို ဘာလို႔ယူရမွာလဲအဖိုးႀကီးရဲ႕"

ရွိုင္းမာန္ခတေယာက္ သူ႕ရဲ႕ထုံးစံအတိုင္း ႏုတ္ခမ္းေလးေထာ္ကာ ရန္ေတြ႕ေသာ္လည္း .. ဈာန္ဦးထိုက္ရဲ႕ မ်က္ႏွာဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္တည္တင္းေနၿပီး မ်က္ေထာင့္နီႀကီးျဖင့္ သူ႕ ကိုစိုက္ၾကည့္ကာ..

"မင္းမွာျငင္းခြင့္မရွိဘူး  ..."

"​ေနစမ္းပါဦး ဘာလဲ ခင္ဗ်ားကအေျခာက္လား"

"အေျခာက္ျဖစ္မွ မင္းနဲ႕ယူရမယ္ဆိုလဲ ရတယ္ ငါေျခာက္လိုက္မယ္"

ရွိုင္းမာန္ခတေယာက္ ထိုလူႀကီး၏စကားေၾကာင့္ ပါးစပ္ေလးအေဟာင္းသားျဖင့္ ေျပာစရာစကားေတြေပ်ာက္ရွသြား၏။

"ခင္ဗ်ားဘာျဖစ္ခ်င္ေနတာလဲ"

"မင္းရဲ႕လင္ျဖစ္ခ်င္ေနတာ!! အဲ့ေတာ့ မင္း ငါနဲ႕ ယူကိုယူရမယ္.... မင္းက ငါ့အပိုင္ပဲ ရွိုင္းမာန္ခ!!!"

Ep 2ဆက္ရန္.........

ေရးေတာ့ေရးလိုက္ၿပီ။ ဒါဒါေလးေတြအႀကိဳက္ေတြ႕ပါ့မလား။ Thank you for reading. Please Like and feedback.

     🌊Hlaing Kyoe Myinn🌊

Continue Reading

You'll Also Like

373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...