Love of an idoit အရူးတစ်ယောက...
By Bai_lianhua
637K 41.6K 3.5K
Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More
မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim
အပိုင်း၂၁
8.7K 714 81
By Bai_lianhua
Unicode
ရှောင်ဟန်သည် ကျိုးအိမ်တော်တွင် နေထိုင်ခဲ့ သည့် နှစ်သက်တမ်း များလာသည့်အလျောက် ကျိုးယွင်
မရှိသည့် အချိန်များတွင် မနေတတ် မထိုင်တတ်ဖြစ်နေသည့် မျောက်တစ်ကောင် ကဲ့သို့ပင်။
ရှောင်ဟန်က သူကျိုးအိမ်တော်မှာ နေခဲ့သည့် ကာလပတ်လုံး မွေးစားအဖေကလည်း သူလိုအပ်တာ မှန်သမျှကို မတောင်းဆိုလျှင်တောင် အလိုက်သင့် ဖြည့်ဆည်းပေးနေမြဲပင်။
ယခုဆိုမူ နေထိုင်လာသည့် နှစ်များအတွင်းတွင်
ဒီကျိုးအိမ်တော်ကြီး၏ လူအကုန်လုံးက သူ့ကို မိသားစုဝင်အ​ဖြစ် သတ်မှတ်ပေးလာပြီ ဖြစ်သည်။ ကျိုးသခင်မကြီးကလည်း အဘယ်အ​ကြောင်းကြောင့်မှန်း သူမသိပေမဲ့ အရင်ကလို ရင့်သည်းစွာ မဆက်ဆံတော့ဘဲ သူ့ကို တဖြည်းဖြည်းနဲ့ အကောင်းမြင်လာပုံရသည်။ တစ်ခါတစ်ရံ သူမ၏ သားကြီး ကျိုးရန်နှင့်ပင် သူ့ကိုစိမ်းသက်မနေအောင် စကားပြောစေသည်။သူ့ကိုလည်း သားရှောင် ဟုခေါ်လာပြီဖြစ်သည်။ ရှောင်ဟန် ကလည်း အလိုက်တသိ မွေးစားအမေ ဟုသာပြန်ခေါ်ဖြစ်ခဲ့သည်။
မွေးစားအမေ၏တိုက်တွန်းချက်ကြောင့် ရှောင်ဟန်သည် ကျိုးရန်နဲ့ပါ စိမ်းသက်မနေတော့ပဲ စကားကို အလိုက်သင့်ပြန် ပြောဖြစ်ကြသည်။ ဉီလေး ကျိုးချန်ကိုတော့ အိမ်တော်ကြီးတွင် သိပ်မတွေ့ရပေမဲ့ သူ့ကိုတွေ့တိုင်း သားတစ်ယောက်လို ပြောဆိုဆက်ဆံပေးလေသည်။
အခုလက်ရှိ အချိန်မှာ ရှောင်ဟန် အတွက်ကတော့ ပျော်ရွှင်စရာ အတိပြီးသည့် နေ့ရက် ကလေးများပင် ဖြစ်နေသည်။ ဖန်ဆင်းရှင်တွေက သူ့အပေါ် မည့်သည့် အချိန်အထိ မျက်မှာသာ ပေးနိုင်မည်ကို သူမသိပေမဲ့ သူတို့ရက်ရက်ရောရောပေးအပ်လိုက်တဲ့ အရာမှန်သမျှဟာ သူ့အတွက် အတော်ကို လုံလောက်နေပြီဟု ဆိုရပေမည်။
ရှောင်ဟန်သည် သူ၏ ပြီးခဲ့သည့်အတိတ်နှစ်များကအကြောင်းအရာများကို ပြန်တွေးနေမိတော့သည်။
ရှောင်ဟန် အတွက်က ကျောင်းစာ နှင့်ပတ်သတ်၍လည်း လွယ်လွယ်ကူကူပင်။ သူက စာသင်ချိန်မှာလည်း ပြင်ပအာရုံမထားသည့်အတွက် နားမလည်လိုက်သည့်စာ ဆိုတာ ​မရှိသလောက်ပင်​ဖြစ်ပြီး
လော့မင်ကလည်း သူ့နည်းတူပင်...။လော့မင်က ကျန်သည့် အချိန်များတွင်သာ ပေါ့ပျက်ပျက်နေသော်လည်း စာသင်သည့် အချိန်များတွင်တော့ လုံးဝကွာခြားလှသည်။ လော့မင်သည် အဖေကို ကြောက်ရသည့် သားတစ်ယောက် ဖြစ်ဟန်တူသည်။ ဖခင် ရှေ့နေကြီးရဲ့ ခြေရာကို နင်းရမည့် သားတစ်လိုပင်။ အဆင့်ကို လျော့မကျသွားရန် သူ့ရဲ့ ကြိုးစားနှုန်းကိုလော့မင်က လုံးဝမရပ်တန့်ခဲ့ပါချေ။
ကျောင်းပိတ်ရက်များတွင်လည်း ကျိုးအိမ်တော်ကို ဖခင်၏ခွင့်ပြုချက်ဖြင့် စာများကို အမြဲ အတူလာလုပ်ဖြစ်သည်။လော့မင်က သူ့ထက်တောင် ကြိုးစားနှုန်းကို ပိုမြှင့်တင်ရသည့် သူတစ်ယောက်ဖြစ်သည်။ ရှောင်ဟန်ကိုတော့ မွေးစားအဖေက ကိုယ့်ဘဝကိုကိုယ့် စိတ်ကြိုက်သာ ရွေးချယ် စီမံခွင့်အပြည့်ပေးထားလေသည်။လော့မင်သည် သူ့ဆီကိုလာတိုင်း ကျိုးရန်ကို ကြည့်မရကြောင်း အမြဲ အတင်းချတာကတော့ သူ့ရဲ့ အစဉ်အလာတစ်ခုကဲ့သို့ပင် ။ထိုစကားက အမြဲ
တမ်းမပါမဖြစ်လက်သုံးစကားတစ်ခုလိုပြောနေမြဲ...။သူ့ကိုလည်း ကျိုးရန်ကို သတိနဲ့ အမြဲ စောင့်ကြည့်သင့်ကြောင်း အားမနာ လျှာမကျိုး အမြဲတိုက်တွန်းသေးသည်။ ကျိုးရန်ကို လော့မင်က အားမနာသော်လည်း ထိုသို့ပြောလာသည့်အချိန်တိုင်းတွင် ရှောင်ဟန်သည်လည်း စိတ်မလုံစွာ အနီးပတ်ဝန်းကျင်ကို အကဲခတ်ရမြဲပင်...
ရှောင်ဟန်တို့နှစ်ယောက်လုံး၏ အဆင့်ကောင်းသည့်အကြောင်းတရားသည် နှစ်ယောက်လုံးရဲ့ ကြိုးစားမှု အလျောက်ဖြစ်တည်လာသည့် ရလဒ်များသာ ဖြစ်ပြီး ငယ်ရွယ်လှသည့် ကျိုးယွင်ကတော့ သူတို့နဲ့ လုံးဝမတူညီပါချေ။သူတို့နှစ်ယောက်လုံးက သူတို့ထက်ငယ်ရွယ်သည့် ကျိုးယွင်ကိုသာ အမြဲ အားကျနေရတာဖြစ်သည်။ ရှောင်ဟန်က ကျိုးယွင်လေးကို ကျောင်းစာလုပ်သည့် အချိန် တစ်ခါမျှမမြင်ခဲ့ဖူးချေ။ မွေးစားအဖေက တိုက်တွန်းနေသည်ကိုလည်း တစ်ခါမှ မမြင်ဖူးဘူးဖြစ်သည့်အတွက် အစကတော့ သူကိုယ်တိုင်ကလည်း ထိုအကြောင်းအရာအတွက် နားမလည်နိုင်ခဲ့ပါချေ။
ထို့ကြောင့် ရှောင်ဟန်ကပဲ ကျိုးယွင်၏ထွက်လာမည့် အဆင့်အပေါ်မှုတည်ပြီး လိုက်လံတည့်မတ်ပေးရန် စောင့်ဆိုင်း၍နေခဲ့ရတာဖြစ်သည်။
သို့သော်လည်း သူတစ်ခါမှ မျှော်မှန်းမထားသည့်အတိုင်းပင် ကျိုးယွင်သည်ကား အားလုံးနှင့်မတူ တမူထူးခြားစွာ ကွဲထွက်နေလေသည်။
နောက်ကျမှ ကျိုးယွင်ရဲ့ IQကသူတို့အားလုံးနဲ့မတူဘဲ မွေးကတည်းက ပါရမီအထုံ ပါခဲ့သည်ဟု မွေးစားအဖေရဲ့ အပြောမှတစ်ဆင့် ရှောင်ဟန် သိရှိခဲ့ရတာဖြစ်သည်။ ရှောင်ဟန်ကလည်း ထပ်သိချင်သည့်အတွက် ရှင်းကျဲကျဲကိုသာ မေးဖြစ်ခဲ့သည်။
ရှင်းကျဲကျဲဆီမှထပ်ပြီးသိလိုက်ရသည့် အရာက တစ်ချိန်တုန်းက အိမ်တော်မှာရှိသည့်လူတော်တော်များများကလည်း ကျိုးယွင်ကို လူဝင်စားလေးဟုပင်တင်စားခဲ့ကြသေးသည် ဟူ၍သာ ။ အဘယ်ကြောင့်ထိုသို့ သတ်မှတ်ထားကြောင်းသူကပြန်မေးလိုက်တော့ ကျိုးယွင် ငယ်စဉ်က အကုန်သိအကုန်တတ်ပုံစံလေးကြောင့်ဟုသာ သူ့ကို ရှင်းကျဲကျဲကပြန်ဖြေခဲ့သည်။
အိမ်အကူများရဲ့ ပြောစကားများအရ ကျိုးယွင် ၅နှစ်သားအရွယ်အထိသာ ထိုပုံစံများကို ချစ်စဖွယ်ကောင်းစွာ ပြသခဲ့သော်လည်း နောင်နှစ်များတွင်မူ တဖြည်းဖြည်းနဲ့ အေးစက် လာပြီး ဘာမှ မမှတ်မိတော့သည် အတိုင်းပင် ဖြစ်လာကာ ထိုအမူအရာလေးများကို မပြသတော့ကြောင်း သူ့ကို ပြောပြလာ၏။
ရှောင်ဟန်ကလည်း ကျိုးယွင်ရဲ့ သူနဲ့ မတွေ့ခင်က ဖြစ်ပျက်ခဲ့သည့်ထိုအကြောင်းအရာကို မမေးရက်၍ တစ်ခါမှ ကျိုးယွင်ကို မမေးခဲ့ဖူးပါချေ။
ရှောင်ဟန်မသိလိုက်သည်က...
သူက မေးခဲ့ပါလျှင်လည်း ကျိုးယွင်သည်ကား ထိုဖြစ်ပျက်ခဲ့သည့်အမှန်တရားများကို သူ့ကို လံုးဝပြောပြလိမ့်မည် မဟုတ်သည့်အကြောင်းကို...
ရှင်းကျဲကျဲကလည်း သူ့ကို ကျိုးယွင်လေးက သူရောက်လာသည့် နေ့မှစ၍ အရင်အတိုင်း ပြန်ဖြစ်လာခဲ့တဲ့အကြောင်းကို ပျော်ရွှင်ရယ်မောကာပြောလာခဲ့သေးသည်။
ရှောင်ဟန်ကလည်း ကျိုးယွင်ရဲ့ သူ မသိခဲ့ရသည့် အဖြစ်အပျက်များကြောင့် ထိုကလေးအပေါ် ညီအရင်းကဲ့သို့ ပိုတိုးပြီးအလိုလိုက်အကြိုက်ဆောင်ပေးလာခဲ့တာ နှစ်အတော်ပင်ကြာလာခဲ့ပြီ
ဖြစ်သည်။ ကျိုးယွင်တောင်းဆို သမျှကို အတတ်နိုင်ဆုံး သူဖြည့်ဆည်းပေးဖြစ်ခဲ့သည်။ ကျိုးယွင်ကလည်း တစ်နေ့တခြား အရင်ကထက်ပင် သူ့ကို ပျောက်သွားမှာဆိုးသည့်အလား အရိပ်တကြည့်ကြည့်ဖြင့်ပင်။ ဒီကလေးလေးက အရမ်းကို သိတတ်လိမ္မာပြီး ချစ်စရာကောင်းနေသည့်အတွက်ကြောင့် ရှောင်ဟန်ကလည်း ကျောင်းတက်နေသည့် ကာလများတစ်လျောက်လုံးတွင် သူနဲ့ ရင်းနှီး​ဖြစ်သည့် လူတိုင်းနှင့် ကျိုးယွင်ကို မိတ်ဆက်ပေးဖြစ်သည်။သို့သော် ရှောင်ဟန်နဲ့ ရင်းနှီးခဲ့သည့် အသိမိတ်ဆွေများအားလုံးထဲမှ တစ်ချို့တစ်ဝက်ခန့်သာ ရှောင်ဟန်ကို ဆက်လက် ဖော်ရွှေကျပေမဲ့ ကျန့်သည့် လူအများစုက အကြောင်းအမျိုးမျိုးပြပြီး သူ့ကို နောက်ထပ် အဆက်အဆံ ထပ်ပြီး မလုပ်ကြတော့ပေ။
ရှောင်ဟန်သည်လည်း ဖြစ်ပျက်သမျှ အကြောင်းအစုံကို ဟာသ ကလေးနှောပြီး လော့မင်ကို အမြဲပြန်ပြောဖြစ်ခဲ့သည်။ လော့မင်ကလည်း သူ့ပုံစံကို တစ်ချက်သာ အကဲခတ်ပြီး စိတ်မကောင်းဖြစ်မှုကိုမပြသဘဲ ဝမ်းသာအားရ ရယ်ကျဲကျဲလုပ်လာကာ...
"ရှောင်ဟန် ဒါက ပိုကောင်းတယ်လို့ ငါထင်တယ်နော်...မဟုတ်ရင် မင်းက တစ်ခြားသူတွေကို အချိန်ပေးပြီးငါ့ကို ရှိတယ်လို့တောင် သတ်မှတ်တော့မှာမဟုတ်ဘူး...ငါကတော့ မင်းအပေါင်းအသင်း မမြဲလေကြိုက်လေပဲ..."ဆိုပြီး မစာမနာ ပြောလာခဲ့သေးသည်။
သူကကျတော့ အချိန်ရှိခိုက် ရှိသမျှ ခွေးတစ်ကောင် ကြောင်တစ်မှီးမကျန် လိုက်ပြီး မိတ်ဖွဲ့နေသည်က မပြီးဆုံးနိုင်တော့ပေ။ ရှောင်ဟန်ကလည်း ထိုကိစ္စအတွက် မကျေနပ်၍ လော့မင်ကို ပြန်ပြောလိုက်တိုင်း ထိုအကောင်းစားသူငယ်ချင်းကြီးက ဝင့်ကြွားဂုဏ်ယူသည့်ဟန်အပြည့်ဖြင့် သူ့ကိုပြောလာပါသေးသည်...
"အသိမိတ်ဆွေဆိုတာ များလေကောင်းလေပဲ...ဒါမှ ကိုယ်က အခက်တွေ့ရင် ကူညီမယ့်သူ အသင့်ရှိမှာပေါ့... မင်းမနာလိုဖြစ်မနေပါနဲ့...ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းက အမြဲတမ်း မင်းပဲလေ...ဝမ်းနည်းမနေပါနဲ့... အလှလေးရယ်...ကုသိုလ်ကံက တူမနေဘူးလေ..စိတ်မကောင်းမဖြစ်နဲ့...ဟုတ်ပြီလား"ဟုဆိုပြီး...
လော့မင်ပြောလိုက်သည့်အဲ့ဒီအလှလေးဆိုတဲ့ အသုံးအနှုန်းက သူနဲ့ လုံးဝမအပ်စပ်တာ ရှောင်ဟန် ကိုယ်တိုင်သာသိသည်။ ရှောင်ဟန် ရဲ့ ဘယ်နေရာကိုကြည့်ကြည့် နေရာတိုင်းက ယောကျာ်းမဆန်သည့်နေရာ ဟူ၍ လုံးဝရှိမနေခဲ့ပါ​ချေ။ လော့မင်ကသာ သူရဲ့ ခန့်ညားပြေပြစ်ကာရှည်သွယ်လာသည့် အရပ်ကြီးကို အားကျ မနာလိုနေ၍သာ ဖြစ်လောက်သည်။ဟုတ်သည်လေ လော့မင်ထက်သူ့အရပ်က မသိမသာပိုရှည်နေသည် မဟုတ်လား...
ဒါကို လော့မင်က သူမခံချင်သည့်စကားကို သိထား၍ အနိုင်ယူကာ ထိုစကားကိုသာ ရွေးပြီးပြောနေကျဖြစ်သည်။ ယခုဆို သူနဲ့ လော့မင် ပေါင်းသင်းလာသည့် သူငယ်ချင်း သက်တမ်းက ဘာလိုလိုနဲ့ ကုန်ဆုံးလာခဲ့သည်က ၄နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည့် အတွက်ကြောင့် ရှောင်ဟန်က လော့မင်ရဲ့ ထို အလှလေးဟု ခေါ်လာသည့် စကားအပေါ် သူငယ်ချင်းသံယောဇဉ်ကို ထောက်ပြီးလက်ခံပေးခဲ့ရသည်။
ရှောင်ဟန်သည် လော့မင် သူ့ဆီကို မလာသည့် ကျောင်း ပိတ်ရက်များနှင့် ကျိုးယွင်က သူနဲ့ အတူရှိမနေသည့် အချိန်များ၌သာ ဖုန်းသုံးရင်း အချိန်ကို ကုန်ဆုံးခဲ့ရတာဖြစ်သည်။ အားယွင်လေး ဖုန်းသုံးခွင့်ရသည့် အချိန်မှသာ ရှောင်ဟန်ကလည်း သူ့ကို မွေးစားအဖေကဖုန်းသုံးခွင့်ပေးထားတာမကြာ​သေးကြောင်း အသိပေးလိုက်ရသည်။
ကျိုးယွင်က ခေါင်းကလေး တငြိမ့်ငြိမ့်ဖြင့် ဘာမှမပြောဘဲ ပြုံးပြုံးကလေးဖြင့်သာ ရှောင်ဟန်၏ဖုန်းကို အကြည့်အလွဲဘဲ စူးစိုက်၍သာ အကဲခတ်နေပြီး ရှောင်ဟန်ကို ရယ်ကျဲကျဲလေးလုပ်လာကာ ပြောလာခဲ့သေးသည်...
"ကော...ကောရဲ့ ဖုန်းကဟောင်းနေတဲ့အရောင်ကြီး အသစ်ရောင်လွင့်လွင့်လေးမဝယ်ဘူးလား..."ဟုသာ မေးလာခဲ့သည်။
ရှောင်ဟန်ကလည်း လိမ်တာပေါ်သွား၍ အရှက်ပြေ ချောင်းဟန့်လိုက်ပြီး "အင်...ဒီဖုန်းက နှစ်ပြည့်တော့မှာကြောင့် ဖြစ်ဖို့များတယ်...ဟီး...ပြီးတော့ ကောက အကိုင်ကြမ်းတယ်လေ..."လို့သာ ပြန်တုန့်ပြန်ခဲ့ရတာဖြစ်သည်။
အားယွင်လေးက သူ့ကို ဘာမှ ဆက်မပြောလာတော့ဘဲ ခေါင်းလှည့်ပြီး ဖုန်းကိုသာ အာရုံစိုက်ကာ ဂိမ်းဆော့နေတော့သည်။ ဂိမ်းရှုံး၍ပဲလားမသိ သူ့ရဲ့ ဖုန်းကို စောင့်ချကာ" တောက်" တစ်ချက်ပင်ခေါက်လိုက်သေးသည်။
ရှောင်ဟန်မသိရှိလိုက်ရသည့် အမှန်တရားသည်ကား
ကျိုးယွင်သည် ထိုကိစ္စရပ်များကို သိရှိထားပြီးသားဆိုတာကိုပင်။ သို့ပင်မဲ့ ကျိုးယွင်က ရှောင်ဟန်ကို သူသိရှိထားကြောင်း အရိပ်အမွက်ပြောလိုက်ပေမဲ့ ရှောင်ဟန်က အမှန်တိုင်းမပြောဘဲ လိမ်ညာကာ ထပ်မံ စကားဆိုလိုက်သည့်အတွက်ကြောင့်သာ ကျိုးယွင်က စိတ်တိုသွားရတာဖြစ်သည်။ ရှောင်ဟန်ကတော့ ဂိမ်းရှုံးသည့်အတွက်ကြောင့်သာ သမရိုးကျတွေးထင်မိလိုက်တာ ဖြစ်ချေတော့သည်။
ထိုရက်ပိုင်းများအတွင်းတွင် ကျိုးယွင်လေးက သူ့ကို အရမ်းကပ်ချင်ပေမဲ့ သိသိသာသာ သိပ်မကပ်တော့သည့်အချိန်များလည်းရှိလာသည်။
အခုနောက်ပိုင်း အဖော်မက်လာပြီး အပြင်ကိုမကြာခဏ ရှောင်းယွီနဲ့ လိုက်ပါသွားတတ်သည်။အစက ရှောင်ဟန်က ကျိုးယွင်လေးကို အပြင်ထွက်ပြီးသွားလာတာကိုမကြိုက်ပေမဲ့ မွေးစားအဖေကလည်း ဘာမှမပြောဘဲ ခွင့်ပြုထားသည့် အတွက်ကြောင့် ရှောင်ဟန်လည်းဘာမှ ဝင်မပြောဘဲ နေနေရတာ ဖြစ်သည်။
ကျိုးယွင်ရဲ့ အသက်ကလည်း ၁၂ နှစ်ပင် ရှိနေပြီမဟုတ်လား ။
ထိုအရွယ်က အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သည့် အရွယ်ပင်ဖြစ်သည့်အတွက်ကြောင့် နောက်ပြီး ကျိုးယွင်ရဲ့ အဖော်က ရှောင်းယွီ ဖြစ်နေသည့်အတွက်ကြောင့်လည်းဖြစ်သည်။
လုရှောင်းယွီနဲ့ ကျိုးယွင်တို့ ပေါင်းသင်းလာကြသည့်အချိန်က သူနဲ့ လော့မင်ရဲ့ သူငယ်ချင်းသက်တမ်းထက် ပို၍ ကြာမြင့်သည့်အတွက် ရှောင်ဟန်က ထိုသူနှစ်ယောက်လုံး ကို စိတ်ချလက်ချနဲ့သာ လွတ်ထားလိုက်တော့သည်။ သူ့ရဲ့ အားယွင်လေးကလည်း အပြင်ထွက်တာမှ လွဲ၍ မည်သည့် ပြစ်ချက်တစ်စုံတစ်ရာမှ ရှိမနေသည့်အတွက်ကြောင့်လည်း ထိုသို့ လွတ်ထားလိုက်ရတာဖြစ်သည်။ ဘာလို့ဆို ကျိုးယွင်က တစ်နေ့တခြားပိုပိုပြီး သိတတ်လိမ္မာလာ၍ ဖြစ်သည်။ ယခုဆိုရင် ကျိုးယွင်က ကျိုးအိမ်တော်ကြီးရဲ့ ဆည်းလည်းလေးသဖွယ်ပင် ဖြစ်နေသည်။
ကျိုးယွင် အပြင်က ပြန်လာတိုင်း မူမမှန်သည့် လုပ်ရပ််များလည်း တခါမှ ရှိမနေသည့်အတွက်ကြောင့် မွေးစားအဖေကိုယ်တိုင်ကလည်း ရှောင်ဟန်ကို သူ့၏သားငယ်အား စိတ်မပူရန် စိတ်ချလက်ချ လွတ်ထား၍ရကြောင်း ပြောလာပြီး ရှောင်ဟန် ကိုလည်း ပိတ်ရက်များတွင် အပြင် ထွက်လည်ရန် ခွင့်ပြုကြောင်း ခွင့်ပေးလာခဲ့သည်။
ခွင့်ပြုခါစတုန်းက ရှောင်ဟန်အပျော်လွန်ပြီး ထတောင်ခုန်မိတော့မလိုပင်။ ရှောင်ဟန်က ကျောင်းမှ အိမ် အိမ်မှကျောင်း နှစ်ပါးသွားခဲ့ရသည့် သူတစ်ယောက်ဖြစ်သည့် အတွက် ထို ခွင့်ပြုချက်က ရှောင်ဟန်အတွက် လှောင်အိမ်ထဲမှ ထွက်ခွင့်ရတော့မည့် ငှက်ကလေးတစ်ကောင်လိုပင် တစ်လှပ်လှပ်ဖြစ်နေပြီး ခံစားချက်ကြီးက တော်တော်နှင့် မပြီးပြတ်နိုင်ပေ။
ရှောင်ဟန််သည်လည်း ညနေအ​ပြင်မှပြန်လာတဲ့
ကျိုးယွင်ကို သူရဲ့ ပါမစ်ရကြောင်းကိုဂုဏ်ယူစွာဖြင့်ပြောပြလိုက်၏။ ကျိုးယွင်ကလည်း ချက်ချင်းပင် အရမ်းဝမ်းသာကြောင်းပြောလာပြီး သူ့ကိုလည်း အစ်ကို လော့မင်ကို ဖုန်းဆက်အသိပေးသင့်ကြောင်း ရယ်မောကာ ပြောလာခဲ့သည်။ ရှောင်ဟန်လည်း ခေါင်းကို တရစပ်ငြိမ့်ပြကာ အခန်းအတွင်းသို့ ဝင်သွားလိုက်ပြီး လော့မင်ကို ဖုန်းဆက်ရန်ပြင်လိုက်​လေသည်။သူ အပျော်လွန်နေ၍လားပင်မသိ သူ့ရဲ့ ဖုန်းက တော်တော်နဲ့ ရှာမတွေ့ပေ။သူ ဖုန်းရှာလို့ပင် မပြီးပြတ်သေးခင် အိမ်အကူကောင်မလေး တစ်ယောက်က တံခါးလာခေါက်ပြီး မွေးစားအဖေက ခေါ်ခိုင်းကြောင်း ပြောလာခဲ့သည်။ ရှောင်ဟန်လည်း လော့မင်ကို နောက်မှ ဖုန်းဆက်ရန်သာတွေးလိုက်ပြီး မွေးစားအဖေရဲ့ အခန်းဆီကိုသာ အရင်သွားလိုက်ရတော့သည်။ မွေးစားအဖေရဲ့ အခန်းကိုရောက်တော့ မွေးစားအဖေက သူ့ကို အလွယ်တကူ ဝင်ခွင့်ပေးလာပြီး အခန်းဆိုဖာ ပေါ်ကို ထိုင်ရန်အချက်ပြလာခဲ့သည်။
ထိုအချိန်က ရှောင်ဟန်လည်း ပျော်ရွှင်အူမြူးနေသည်က မပျောက်သေးသည့်အတွက်ကြောင့် မွေးစားအဖေကို ပြုံးပြလိုက်ပြီး နေရာတွင်သာ ဝင်ထိုင်လိုက်သည်။ သို့ပေမဲ့ ရှောင်ဟန် ရဲ့ အပျော်များက အချိန်သိပ်ပင် မခံလိုက်ရပါချေ။
မွေးစားအဖေပြောလိုက်သည့်စကားများ အကြားတွင် ချက်ချင်းပင် ပယ်လွင့်သွားရလေသည်။ မွေးစားအဖေ ပြောလိုက်သည်က...
"သားရှောင်ဟန်...အခုအဖေပြောမှာက သားအတွက်လည်းပါပါတယ်...သားကို အဖေ့အပေါ်မှာ
စိတ်မခုစေချင်ဘူး...အဖေတွေ့ရသလောက်က သားရှောင်က သိပ်ပြီးလည်ဝယ်တဲ့ပုံမပေါ်ဘူး...အပြင်မှာ သားအတွက် အန္တရာယ် ဖြစ်မှာမျိုးကို အဖေမလိုချင်ဘူး...တကယ်လို့ သားကို ခွင့်မပြုထားလို့ မတရားဘူးလို့ခံစားရရင် သားယွင်ကိုပါ အပြင် ထွက်ခွင့်အဖေ ပိတ်လိုက်ပါ့မယ်...ဒါပေမဲ့ သားကို အပတ်တိုင်း အဖေက အဖေနဲ့ အတူ လိုအပ်တာတွေ ထွက်ဝယ်ပေးပြီး သားရှောင်ရဲ့ ပါးနဲ့လည်း တွေ့ခွင့်ပေးမယ်...သားသဘောတူရဲ့လား..."ဟုဆိုပြီး...
ရှောင်ဟန်ကလည်း မွေးစားအဖေ စိတ်မကောင်းဖြစ်မည် ဆိုးသည့်အတွက်ကြောင့် ဝမ်းနည်း စိတ်များကို အမြန်ပင် ထိန်းချုပ်ထားလိုက်ရပြီး အပြုံးတုကလေး ဖန်တီးကာ ခေါင်းကို ဖြည်းငြင်းစွာငြိမ် ပြလိုက်ရပြီး...
"ကျွန်တော်နားလည်ပါပြီ...အဖေ...ဒါပေမဲ့ အားယွင်လေးရဲ့ လွတ်လပ်ခွင့်ကိုတော့ ကျွန်တော့ကြောင့် မပျက်စီးစေချင်ဘူး...အားယွင်ကိုတော့ ခွင့်ပြုပေးလိုက်ပါ...အားယွင် စိတ်မကောင်းဖြစ်မှာကို ကျွန်တော်မလိုလားဘူး...ပြီးတော့ လော့မင်ကိုလည်း ဒီကိုလာခွင့်အဖေပေးထားလို့ ကျွန်တော် အဖေ့ကို ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကို ခွင့်ပြုပါဉီး... "
ဟုသာပြန်ပြောနိုင်တော့သည်။
ရှောင်ဟန် အခန်းထဲကိုပြန်ရောက်တော့ ကျိုးယွင်က ဆိုဖာပေါ်မှာ ဂိမ်းထိုင်ဆော့နေလေသည်။ ရှောင်ဟန် ပြန်လာတာကိုမြင်တော့မှ မျက်လုံးလေးများက သိချင်စိတ်ဖြင့်အရောင်တောက်လာကာ မေးလာခဲ​့သည်။
ရှောင်ဟန်ကလည်း ကျိုးယွင်ကိုမသိစေချင်၍ ခေါင်းသာ ခါပြလိုက်ပြီး ကုတင်ပေါ်ကိုသာ တစ်ချက်အကြည့်ရောက်သွားမိသည်။ သူ အပျော်တွေလွန်နေတုန်းက ထိုကုတင်အပေါ်ရော အနီးအနားတစ်ဝိုက်ပါ ထပ်ကာကာ ရှာဖွေသော်လည်း မတွေ့ရသည့် ဖုန်းက ယခုတော့ သူ့ကို လှောင်ပြနေလေသည်။ ဒါလည်း ကောင်းသာပဲဟုသာ သူဖြည့်တွေးလိုက်ရသည်။ မဟုတ်ရင် လော့မင်ကို သူက အရှက်မရှိ မရရှိလိုက်နိုင်သည့် ထိုအပြင်ထွက်ခွင့်ပါမစ်အကြောင်းကို ပြောလိုက်မိမှာ မဟုတ်လား။ အခုအခြေအနေကသာ ကောင်းနေပြီဟုသာ သူဖြည့်တွေးခဲ့ရတာဖြစ်သည်။
သို့ပေမဲ့ ရှောင်ဟန်သည်က သိလိုက်ရမည်မဟုတ်ပါချေ။ထိုနှစ် ထိုအချိန်အခါက သူ့၏ အနောက်တွင် သူ့ကိုကြည့်ကာ နှစ်လိုဖွယ်ပြုံးလိုက်တဲ့ ကျိုးယွင်ရဲ့ ကြောက်စရာ အပြုံးကြီးကိုတော့ သူသတိမထားမလိုက်ပေ။
သူ့ရဲ့ ဖုန်းကို ရှာမတွေ့သည်ကလည်း သမရိုးကျမဟုတ်မှန်း...ထိုအရာသည်ကား ကျိုးယွင်၏ နည်းပရိယာယ် သက်သက်မျှသာဖြစ်ပြီး သူ ထိုဖုန်းကို ရှာနေစဉ် ဖခင်ဆီကို သွားပြီး ပြောပြီးထားသည့် ကိစ္စကို ပြန်ပြင်ခိုင်းလိုက်မှန်း...ရှောင်ဟန်က သိရှိလိမ့်မည် မဟုတ်ပါချေ။
ရှောင်ဟန်ကလည်း ထိုဖြစ်ခဲ့တဲ့ အကြောင်းအရာများကို စိတ်ရှုပ်ခံမနေတော့ဘဲ ဘယ်အချိန်ကမှ မပြောလိုက်ဘူးဟုသာ မှတ်ယူလိုက်သာ နှစ်ပင်အတော်ကြာခဲ့ပြီဖြစ်သည်။ မွေးစားအဖေကလည်း ဂတိအတိုင်း အပတ်စဉ် သူ့ကို စျေးဝယ် အတူထွက်ပေးမြဲ ဖြစ်ပြီး မွေးစားအဖေ မအားသည့် အချိန်များတွင် အားယွင်နဲ့ အတူတော့ ထွက်ခွင့်ပေးဖြစ်သည်။ ဂေဟာက ပါးတို့ဆီကိုတော့ သူသွားချင်သည့် အချိန်တိုင်း လိုက်ပို့ပေးဖြစ်သော်လည်း တစ်ခါတစ်ရံ အကြောင်းတစ်ခုခုကြောင့် မသွားရန် ဆိုင်းငံထားရသည့် နေ့ရက်များလည်း ရှိသေးသည်။သူ အားယွင်လေးနဲ့ အပြင်ထွက်ဖြစ်တိုင်း ဒီကလေးက သူ့ကို စိတ်မချစွာ အရိပ်တကြည့်ကြည့်ဖြစ်နေတတ်၍ သူအားယွင်လေးနဲ့ အပြင်ထွက်တိုင်း ခေါင်းကိုက်ရမြဲ...
အားယွင်က မွေးစားအဖေထက်ပင် သူ့အပေါ်ကို ဖခင်က စိတ်မချရသည့် သားတစ်ယောက်အတိုင်းပင် တစ်နေ့တစ်ခြားပင်ဆိုးလာပြီး သူရဲ့ ဝတ်စားဆင်ယင်မှုများနဲ့ အစားအသောက်များအထိပင် ကန့်ကွက်လာသည်အထိပင်။ သူ့ကို ဟိုလိုဝတ် ဒီဟာစားဆိုပြီး ဂျီကျပြီး သူ့အကြိုက်ကို ဆောင်စေသည်။
ဒါ့ကြောင့်လည်း အပြင်ထွက်သည့်အချိန်များတွင် အားယွင်လေးနဲ့ အပြင်ထွက်ရသည်က မွေးစားအဖေနဲ့ အပြင်ထွက်ရသည်ထက် သူ့ကို ပိုစိတ်ကြဉ်းကြပ်လာစေတာကတော့အမှန်...။နောက်ဆိုရင် ဟိုကောင်မလေးမကြိုက်နဲ့ ...ဒီကောင်မလေးမကြိုက်နဲ့ ...ဆိုပြီး ပြောလာပါလျှင်လည်း သူအတွက် အခက်တွေ့လာရမည်လည်း ဆိုးရပါသေးသည်။ကျိုးယွင်က နောက်ပိုင်း အချိန်ကြာလာသည် နဲ့ အမျှ သူ့ဘဝအတွက် မသိမသာ အတားအစည်းကလေး တစ်ခု ဖြစ်လာသည်ကတော့ ရှောင်ဟန် ဝန်ခံရမည့် အမှန်တရား တစ်ခုပင်....။
----------------------------
ကျောင်းပိတ်ရက််များဖြစ်သော်လည်း
ရှောင်ဟန်သည် ကျိုးအိမ်တော်၌သာ တစ်ယောက်တည်း ယောင်ချာချာဖြင့်သာ ဘာလုပ်ရမည်မှန်းမသိ အကြပ်ရိုက်နေရသည်။
ကျိုးယွင်သည်လည်း ရှောင်းယွီနဲ့
အပြင်ထွက်လည်နေသည့် အတွက်ကြောင့် ရှောင်ဟန်အဖြစ်က အလုပ်မရှိတဲ့ လူတစ်ယောက်အတိုင်းပင်...
ခြံထဲသို့သာ ဆင်းလာလိုက်ပြီး အရိပ်ရသည့် သစ်ပင်ကြီး၏ အောက်တွင် ဖျာလေးခင်းပြီး ထိုင်၍ ဖုန်းပွတ်နေမိသည်။ သူနဲ့ ကျိုးယွင်က လိုင်းပေါ်တွင် friend မဖြစ်သည့် အတွက်ကြောင့် ရှောင်ဟန်အတွက်လည်း တော်တော်လေးအဆင်ပြေနေသေးသည်ဟုဆိုရမည်။
မဟုတ်ရင် သူ့accမှာ လာမန့်ကြသည့် သူများကြောင့််သူက မျက်နာပူရမည့် အဖြစ်မျိုး ကြုံတွေ့နေရမည်
ဖြစ်သည်။
အားယွင်လေးက လိမ္မာရေးခြားရှိပြီး လုပ်သင့်မလုပ်သင့်သည်ကို ခွဲဲခြားတတ်သည့် ကလေးတစ်ယောက်ဖြစ်၍လားမသိ သူရဲ့ဖုန်းကို တစ်ခါမှ ယူမကိုင်ပေ။
ရှောင်ဟန်ကောရဲ့ ဖုန်းကို ယူကြည့်မည် ဟုလည်းတစ်ခါမှ စကားမဟဖူးချေ။ ထိုအတွက်ကြောင့်သာ ရှောင်ဟန်ကလည်း စိတ်အေးနေရတာဖြစ်သည်။ သူ့ accရဲ့ comment မှာ လူတော်တော်များများက ပိုးပန်းစာများလာမန့်ကျပြီး သူ့ကို လူပျိုလေး တစ်ယောက်လိုသတ်မှတ်လာကြပြီး ကောင်မလေး အများစုက ရိသဲ့သဲ့ လုပ်လာကြသည်က အရင်ကထက်ပင် ပိုပြီး ဆိုးဝါးလာခဲ့ပြီး ယောကျာ်း လေးများပင် မရေမတွက်နိုင်လောက်အောင် ပါဝင်လာပြီဖြစ်သည်။ ဘာအတွက်ကြောင့် ယောကျားလေးများ ပါဝင်လာသည် သူမသိသော်လည်း လော့မင်နဲ့တွဲရိုက်ထားသည့်အတွက်ကြောင့်ဟုသာ အကောင်းဘက်က ဖြည့်တွေးလိုက်ပြီးဝင်မဖတ်တော့ဘဲ တင်စရာရှိသည်များကိုသာ ဆက်လက်တင်ဖြစ်သည်။ဘာကြောင့်ဆို လော့မင်က တစ်ခါတစ်ရံ ချစ်စရာကောင်းနေသည် မဟုတ်လား...
အခုလည်းmessengerထဲ ဝင်လိုက်ပြီး groupထဲတွင်လော့မင်တင်ထားသည့် ရီစရာ ပို့များကို ကြည့်နေမိသည်။ တစ်ချို့ လော့မင်တင်သည့် အကြောင်းအရာများကို ရှောင်ဟန်က သိပ်နားမလည်ပေမဲ့ ကိုယ့်ရဲ့ သူငယ်ချင်းလေးအတွက်တော့ အသည်းလေးတွေ ရွေးပေးဖြစ်သည်။ လော့မင်ကလည်း သူဆီကို မလာဖြစ်သည့်အချိန်များတွင် video callဖွင့်ပြီး မတွေ့ရသည့်နေ့များကို အတိုးချကာ ဘေကုန်သည်အထိ စကားပြောလာပြီး
ပြောနေသည့်အကြောင်းအရာက တော်တော်နဲ့
ကို မရပ်တန့်ပေ။ တစ်ခါတစ်ရံ ဘေသာကုန်သွားလိမ့်မည် သူပြောလိုက်သည့်အကြောင်းအရာများက လိုရင်းကိုပင် မရောက်လိုက််ပါချေ။
လော့မင်က သူနဲ့ စကားပြောသည့်အချိန်တိုင်း ရှောင်ဟန် မသိလောက်သည့်အကြောင်းအရာများကို ချန်လှပ်ထားတတ်သည်။လော့မင်က သူမသိတဲ့ တချို့ အကြောင်းအရာများကိုတော့ လေကုန်ခံပြီး သူ့ကို ရှင်းပြလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းအရာများကို လော့မင်က သူ့သူငယ်ချင်းအချို့ဖြင့်သာ အဓိကထားပြီးပြောကာ ရှောင်ဟန် ကိုတော့ သူ့ရဲ့ဘယ်ကိုသွားခဲ့တယ်...
ဟိုကိုသွားခဲ့သည်...ဆိုသည့် ရှောင်ဟန်ကလိုက်မလုပ်နိုင်သည့် အကြောင်းအရာများကို အားမနာစွာဖြင့်ပင် ဂုဏ်ယူစွာဖြင့် ရှင်းပြလာတတ်သည်။
ရှောင်ဟန်လည်း လော့မင်ကို အားကျရုံမှတစ်ပါးမတတ်နိုင်ဘဲ ဒီအတိုင်းသာနားထောင်နေရမြဲ...
တစ်ခါတစ်ရံဆို ရှောင်ဟန်လည်း သူ့ကိုယ်သူ ဘာမှ မသိိဘာမှ မတတ်သေးသည့် innocence လိုလို
အူတူတူ သတ္တဝါ လိုလိုပင် သူ့ကိုယ်သူမြင်လာရသည်။
လော့မင်ကလည်း သူဘာမှ မသိတာကို မရှင်းပြဘဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ "အဲ့တာလည်း... မင်းအတွက်ကောင်းတာပဲ...ငါကတော့ မင်းရဲ့ အဲ့ typeကလေးကို ပိုကြိုက်တယ်...ဘာမှသိမထားတာအကောင်းဆုံးပဲ..."ဟုပင်ဆိုကာ ပြောလာတတ်သည်။
ရှောင်ဟန်သည် ရောက်တတ်ရာရာကို ဖုန်းကိုင်လျှက်သာစဉ်းစားနေသည့် အချိန်တွင် အနောက်ကနေ လက်တစ်စုံက သူ့ရဲ့ မျက်ဝန်း နှစ်စုံလုံးကို လာအုပ်ကိုင်လေသည်။ ရှောင်ဟန်က ထို လက်တစ်စုံကို သေချာကိုင်စမ်းကြည့်လိုက်ပြီးမှ တစ်ချက်ပြုံးလိုက်ကာ ထိုသူကြားအောင်ပြန်ပြောလိုက်သည်။
"အားယွင်...မင်းမဟုတ်လား...ကောကို မသိဘူးမှတ်နေလားမစနဲ့တော့..."
ကျိုးယွင်သည်ကား ရှောင်ဟန်က အမြန်ပင်ခန့်မှန်းလိုက်သည့်အတွက်ကြောင့်ပျော်စရာ မ​​ေကာင်းတော့သည့် လေသံလေးဖြင့် တုန့်ပြန်လာသည်။
"ကောကလည်း...မသိသလိုလေး ဟန်ဆောင်ပေးလို့မရဘူးလား...ပျော်စရာ သိပ်မကောင်းတော့ဘူး...နေဉီး မျက်စိမဖွင့်လိုက်နဲ့အူး...ခဏမှိတ်ထားဉီး..."
ရှောင်ဟန်ကလည်း ကျိုးယွင် ပြောဆိုသည့် အတိုင်းပင် မျက်လုံးများကို ဖွင့်မကြည့်တော့ဘဲ မှိတ်ထားလိုက်သည်။
ကျိုးယွင်၏ လက်များက သူ့ရဲ့ မျက်ဝန်းများမှ ခဏ ဖယ်ခွာသွားပြီး တစ်ခုခုကို သွားယူနေဟန်ပေါ်သည်။
ခဏအကြာတွင် ရှောင်ဟန်၏ နားထဲတွင် ကျိုးယွင်ရဲ့ ပြန်ရောက်လာသည့် ခြေသံလေးကိုကြားလိုက်ရသည်။
ပြီးနောက်တွင်ကျိုးယွင်၏ စိတ်လှုပ်ရှားနေသည့် အသံက ထွက်ပေါ်လာသည်။
"ရှောင်ဟန် ကော... မျက်လုံးဖွင့်ကြည့်လို့ရပြီ..."
ကျိုးယွင်ရဲ့ အပြောကြောင့် ရှောင်ဟန်က သိချင်စိတ်များဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်​ေတာ့သည်။
သူမြင်လိုက်ရသည်က ကျိုးယွင်ရဲ့ လက်ထဲ တွင် ပွေ့ချီထားသည့် အမွေးစုပ်ဖွားလေးဖြင့် ချစ်စရာကောင်းသည့် ကြောင်ဖြူလေးတစ်ကောင်ပင်...
ချစ်စရာကောင်းသည့် ကောင်လေးက ချစ်စရာကောင်းတဲ့ ကြောင်ဖြူလေးကို ချီကိုင်ထားသည့် မြင်ကွင်းလေးက ရှောင်ဟန် ရဲ့ မျက်လုံးထဲမှာ
အရမ်းကို အသည်းယားစရာ ကောင်းနေသည့်အတွက်ကြောင့် ရှောင်ဟန်က ကြောင်လေးကို အရင်မယူဘဲ လက်ထဲက ဖုန်းနဲ့ ထိုပုံရိပ်လေးကို အမိအရ သိမ်းယူထားလိုက်သည်။
ကျိုးယွင်က ရှောင်ဟန်ကို သေချာကြည့်လာပြီး လေးနက်စွာဖြင့် ပြောလာသည်။
"ရှောင်ဟန် ကော...ဒီကြောင်လေးက ကောအတွက် ကျွန်တော့်ရဲ့ ပထမဆုံးလက်ဆောင်...နောက်လာမဲ့ လမှာ ကောရဲ့အသက်က ၁၈နှစ်ပြည့်မှာမဟုတ်လားမွေးနေ့လက်ဆောင်ဆိုရင်လည်းမမှားဘူး...ကော ကြိုက်တယ် မဟုတ်လား..."
ရှောင်ဟန်က လက်ထဲက ဖုန်းကို အမြန်ချလိုက်ပြီး
ထိုကြောင်ကလေးရဲ့ နှာခေါင်းလုံးလုံးလေးများကို အသည်းယားစွာ ပွတ်ပေးလိုက်ပြီး ကျိုးယွင်ကို ကြည့်လိုက်ကာ ခေါင်းအဆက်မပြတ်ငြိမ့်လိုက်ရင်း ကြောင်ဖြူလေးကို ကျိုးယွင်ရဲ့ လက်ထဲမှ ပွေ့ယူလိုက်သည်။
ရှောင်ဟန်သည် ကျိုးယွင်ကို သူ၏မျက်လုံးများမှေးစင်းလာသည်အထိ ပြုံးရယ်ပြလိုက်ပြီး ပြန်ပြောလိုက်၏။
"အင်...ကော ကြိုက်တယ်...အရမ်းကြိုက်တယ်...ကောအတွက်လည်းမပျင်းရတော့ဘူးပေါ့... "
ရှောင်ဟန်က ကြောင်ကလေးကို ပွတ်သတ်ပေးနေရင်း ကျိုးယွင်ကို ကြည့်ကာ ထပ်မံ၍ပြောလိုက်သည်။
"အားယွင်... ကြောင်လေးကို နာမည်ပေးပြီးပြီလား..."
ကျိုးယွင်က ခေါင်းခါပြလာပြီး ပြန်ဖြေလေသည်။
"ဟင့်အင်း...မပေးရသေးဘူးကော...ကောအတွက်...ဝယ်လာတာဆိုတော့...ကောကြိုက်တဲ့ နာမည်ကိုပဲ ပေးလိုက်ပေါ့..."
ရှောင်ဟန်သည်က ချစ်စရာကောင်းပြီး တဖြည်းဖြည်းနဲ့ လူငယ်အရွယ် ဆန်ချင်လာသည့် ကောင်လေးရဲ့ မျက်နှာ ချောချောလေးကို သေချာအကဲခတ်လိုက်ပြီး နာမည်မပေးရသေးတာ သေချာတော့မှ ကြောင်လေးကို သေချာကြည့်လိုက်ပြီး ပြုံးစိစိဖြင့်ပြောလိုက်ရသည်။
" ဟီး...နာမည်မပေးရသေးဘူးဆိုတော့ ကောကပဲ ပေးရတော့မှာပေါ့... ကြည့်ရတာတော့ အထီးလေးဆိုပေမဲ့...အဖြူစွက်စွက်ဆိုတော့ သူ့ကို Snow လို့ပဲ အတိုကောက်လေးပေးလိုက်ရင်...မကောင်းဘူးလား?..."
ကျိုးယွင်က ခေါင်းငြိမ့်ပြလာသည်။
"အင်...ကော သဘောပဲ...အခုတော့ ညနေစောင်းနေပြီ အထဲဝင်ရအောင် ကော အတွက်ကျန်းမားရေးထိခိုက်လိမ့်မယ်..."
ရှောင်ဟန်ကလည်း ကျိုးယွင်ကို မကြည့်နိုင််တော့ဘဲ ကြောင်လေးကိုသာ အာရုံစိုက်လိုက်ပြီး
"အင်...ဒါဆိုရင် ဝင်ကြရအောင်လေ..."
ရှောင်ဟန်သည် သူ၏အ​တွေးစိတ်အများစုက
ကြောင်လေးဆီမှာသာ ရောက်နေရတာ ဖြစ်သည်။
မည်သည့်အကြောင်းကြောင့် ဆိုသော်
သူ၏ ပြောစကားကိုမပျင်းမရိ နားထောင်ပြီး သူနဲ့ အဖော်ပြုပေးမယ့် ...သူနဲ့ ဆော့ကစားပေးမယ့် ...သက်ရှိ အကောင်ကလေးကို ကျိုးယွင်ဆီမှ လက်ဆောင်အဖြစ် ရရှိလိုက်သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ ရှောင်ဟန်သည် ဘယ်လောက်အထိတောင် ပြာယာခတ်ပြီး အူမြူပျော်ရွှင်နေ၍လည်းမသိပါချေ...။သူ့ရဲ့ အချစ်တော်ဖြစ်သည့် သူ့ကို အစဉ်အမြဲအဖော်ပြုပေးခဲ့သည့် ဖုန်းကိုပင်...သတိမရတော့ဘဲ ကြောင်ကလေးအား နေရာအနှံ့အကဲခတ်ကြည့်ရှု့ကာ အိမ်ကြီး အတွင်းသို့ ဝင်လာခဲ့လိုက်သည်။
ရှောင်ဟန်ထွက်သွားမှသာ ကျိုးယွင်က ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ပြီး ရှောင်ဟန်၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှောင်ဟန် ပိတ်ရန်ပင်မေ့သွားဟန်ရသည့် မပိတ်ရသေးသည့် ထိုဖုန်းကို မစစ်ဆေးတော့ဘဲ
ပိတ်လိုက်ပြီး လေထဲတွင်မြောက်လိုက်ဖမ်းလိုက်ဖြင့်
ဆော့ကစားနေမိသည်။
ကျိုးယွင်က ရှောင်ဟန်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ရသည့် ရည်ရွယ်ချက်က တစ်ခုတည်း သာဖြစ်သည်။ ရှောင်ဟန်ကို ဖုန်းအမြဲသုံးနေပြီး လိုင်းပေါ်မှာရှိသည့် ဘယ်သူမှန်းမသိရသည့် သူများနှင့်
ဆက်လက်ပြီး အချိန်ပေးနေတာမျိုးကို ရပ်တန့်ရန်အတွက်သာဖြစ်သည်။ သို့မှသာ ရှောင်ဟန်ကောအတွက် သူသည်လည်း ပို၍ စိတ်ချကာ သူစီစဉ်နေသည့် မပြီးပြတ်သေးသည့် ကိစ္စများကို ခေါင်းအေးအေးဖြင့် စီစဉ်နိုင်မည် ဖြစ်သည်။
ကောကို သူ့ဆီက ဆွဲထုတ်သွားမည့်ကိစ္စမျိုး ဒါမှမဟုတ် ကောက သူ့ဆီမှ ထွက်ခွာသွားမည့် ဖြစ်ရပ်မျိုး တစ်စွန်းတစ်စတောင် သူမလိုလားပေ။
ရှောင်ဟန် ကော ဒီအိမ်တော်ကို ရောက်လာခဲ့သည့်နေမှစ၍ ယခုအချိန်အထိ အရင်ကအတိုင်းမပြောင်းလဲသွားသည့် သူအတတ်ပြောနိုင်သည့်အရာက ကောကို သူ့ရဲ့ စက်ကွင်း သူ့ရဲ့ အရိပ်အောက်မှာပဲ ထားရှိဖို့ပင်...
အရင်အချိန်က သူစိတ်ရှုပ်ထွေးနေမိပြီး သူ့ဘဝကို ဘယ်လို ဆောင်ကြဉ်းရမလဲ စဉ်းစားနေမိသော်လည်း ကောရောက်လာသည့်နေ့တွင် သူ့ရဲ့မသိစိတ်က တွေးမိလိုက်သည့်အရာက တစ်ချိန်မှာ သူကသာ လူတိုင်းရဲ့ အမြင့်မှာရှိနေရပြီး သူလိုချင်သည့်အရာများကလည်း သူ့လက်ထဲတွင်သာ မြဲမြံနေရမည် ဆိုပြီး...
အခုအချိန်မှာ သူ့အတွက်ပိုပြီးသေချာလာသည့် အချက်က သူလိုချင်သည့်အရာ ရဲ့ ပထမဆုံးအရင်းအမြစ်က ရှောင်ဟန်ကော သာဖြစ်သည်။
ထို့ကြောင့် သူရဲ့ သေချာလာတဲ့ ထိုအကြောင်းအရာတစ်ခုကြောင့် ပိုင်နိုင်စွာ ဆုပ်ကိုင်နိုင်ရန်အတွက် မည်သည့်အတားအဆီးမျိုးကိုမဆို သူက ရင်ဆိုင်ဖို့အဆင်သင့်ပင်....
အခုချိန်မှာ ရှောင်ဟန်ကောကို ချုပ်ကိုင်ဖို့ သူ့မှာ လုံလောက်ခိုင်မာတဲ့ အစွမ်းအစမျိုးရှိနေပြီလို့ သူမခံစားမိသေးပေ။
နောက်ပြီး သူ့ဆီက ရှောင်ဟန်ကောကို ဆွဲခေါ်လာမည့်အတားအဆီးမျိုးကို သူက ဘယ်လိုအဟန့်အတားမှ မရှိဘဲ ပြန်လည်ချေပနိုင်ရန် အင်အားအလုံအလောက်ရှိနေရန်လည်း လိုအပ်​သေးသည်။
ကျိုးယွင်ဆိုသည့်သူက သူလိုချင်သည့်အရာ နဲ့ ပတ်သတ်လာလျှင် အားလုံးက လက်လွတ်ပေးလိုက်ရန်သာ တွေးယူမိကြတဲ့ အထိ အင်အားကြီးလာရန်လိုအပ်သေးသည်။
အဲ့လိုတစ်နေ့ ရောက်လာရန် အတွက် သူက အတတ်နိုင်ဆုံးထက်ပိုပြီး လုပ်ဆောင်ရမည်ဖြစ်ကာ...
ဖြစ်မလာလျှင်တောင် ဖြစ်လာရန် မည့်သည့်နည်းလမ်းကိုမဆို လိုအပ်လာပါက သုံးရန်အတွက် စဉ်းစားထားပြီးသားပင်...
ယခုလည်း ထိုလမ်းကြောင်းကို သူက စတင်ပြီး လျောက်လှမ်းခဲ့သည့်အချိန်က အတော်ပင်ကြာခဲ့ပြီ ဖြစ်သည်။
ရှောင်ဟန် ကော...ကျွန်တော်က ကောဆီကို
ဘယ်နည်းလမ်းကိုမဆို အသုံးပြုပြီး လျောက်လှမ်းလာမယ်ဆိုရင်ရော...ကောက လက်ခံပေးမယ် မဟုတ်လား...
ကျွန်တော် ကောဆီကို ရောက်အောက်လာရမည့် လမ်းရဲ့ အတားအဆီးတွေက ကျွန်တော်ထင်ထားတာထက် မလွယ်ကူတော့ တစ်လမ်းလုံး သွေးတွေ အပြည့် ဖြစ်နေမှာဆိုတာက မလွဲမသေပဲ...
ဒါပေမဲ့ ကိစ္စမရှိပါဘူး...ကောနဲ့ ကျွန်တော့် အကြားမှာ ဝင်ရှုပ်ချင်နေတဲ့ အဲ့ အသုံးမကျတဲ့ တန်ဖိုးမဲ့ သွေးစက်တွေကို ကျွန်တော်က လက်အပေ ခံပြီး ရှင်းပစ်ဖို့စဉ်းစားထားပြီးသား...
ကောက... စိတ်ရှည်ရှည်နဲ့... စောင့်နေဖို့ပဲ လိုအပ်တာ...ကျန်တာက ကျွန်တော့်ရဲ့ တာဝန်လို့သာ သဘောထားလိုက်....အဟက်!
ကျိုးယွင်က ရှောင်ဟန်ရဲ့ ဖုန်းကို မြောက်လိုက် ဖမ်းလိုက်လုပ်နေသည်ကို အတွေးများနဲ့အတူ ရပ်တန့်လိုက်ပြီး ကျေနပ်နေသည့် ကြောက်စရာအပြုံးကြီးကို ဖုန်းကွယ်လိုက်ပြီးနောက်တွင် အိမ်တော်ကြီး ထဲသို့ ဝင်လာခဲ့လိုက်သည်။
--------------------------
အပိုင်းရှည်ရှည်လေးတွေ ရေးပေးနေတာမို့ တစ်ရက်တစ်ပိုင်း မတင်ပေးနိုင်တာနားလည်ပေးကြပါနော်...
လူကြီးမင်းတို့အတွက်...နောက်လာမဲ့ အရာတွေက မသာယာလောက်တော့ပါဘူး...ဆိုက်ကို သမားက ကြီးလာတော့မှာ မဟုတ်လား...ရင်ခုန်ရမလား ရင်တုန်လာရမလားဆိုတာ...ကိုယ်လည်း မပြောတတ်ဖူး
ကျိုးသခင်မကြီးကလည်း နည်းလမ်းတွေကို ပြောင်းလိုက်ပြီ ထင်ပါရဲ့...
နောက်လာမယ့် အရာတွေအတွက်
ကိုယ့်ကိုသာ အပြစ်ပုံအပ်လိုက်ကြပါ....
------------------------------
Zawgyi
သူက မေးခဲ့ပါလျှင်လည်း ကျိုးယွင်သည်ကား ထိုဖြစ်ပျက်ခဲ့သည့်အမှန်တရားများကို သူ့ကို လုံးဝပွောပွလိမျ့မညျ မဟုတ်သည့်အကြောင်းကို...
ကျိုးယွင် အပြင်က ပြန်လာတိုင်း မူမမှန်သည့် လုပ်ရပ်များလည်း တခါမှ ရှိမနေသည့်အတွက်ကြောင့် မွေးစားအဖေကိုယ်တိုင်ကလည်း ရှောင်ဟန်ကို သူ့၏သားငယ်အား စိတ်မပူရန် စိတ်ချလက်ချ လွတ်ထား၍ရကြောင်း ပြောလာပြီး ရှောင်ဟန် ကိုလည်း ပိတ်ရက်များတွင် အပြင် ထွက်လည်ရန် ခွင့်ပြုကြောင်း ခွင့်ပေးလာခဲ့သည်။
ရှောင်ဟန်သည်လည်း ညနေအပြင်မှပြန်လာတဲ့
----------------------------
ကျောင်းပိတ်ရက်များဖြစ်သော်လည်း
မဟုတ်ရင် သူ့accမှာ လာမန့်ကြသည့် သူများကြောင့်သူက မျက်နာပူရမည့် အဖြစ်မျိုး ကြုံတွေ့နေရမည်
ဖြစ်သည်။
အားယွင်လေးက လိမ္မာရေးခြားရှိပြီး လုပ်သင့်မလုပ်သင့်သည်ကို ခွဲခြားတတ်သည့် ကလေးတစ်ယောက်ဖြစ်၍လားမသိ သူရဲ့ဖုန်းကို တစ်ခါမှ ယူမကိုင်ပေ။
ကို မရပ်တန့်ပေ။ တစ်ခါတစ်ရံ ဘေသာကုန်သွားလိမ့်မည် သူပြောလိုက်သည့်အကြောင်းအရာများက လိုရင်းကိုပင် မရောက်လိုက်ပါချေ။
တစ်ခါတစ်ရံဆို ရှောင်ဟန်လည်း သူ့ကိုယ်သူ ဘာမှ မသိဘာမှ မတတ်သေးသည့် innocence လိုလို
ကျိုးယွင်သည်ကား ရှောင်ဟန်က အမြန်ပင်ခန့်မှန်းလိုက်သည့်အတွက်ကြောင့်ပျော်စရာ မကောငျးတော့သညျ့ လေသံလေးဖြင့် တုန့်ပြန်လာသည်။
ကျိုးယွင်ရဲ့ အပြောကြောင့် ရှောင်ဟန်က သိချင်စိတ်များဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့သညျ။
ရှောင်ဟန်ကလည်း ကျိုးယွင်ကို မကြည့်နိုင်တော့ဘဲ ကြောင်လေးကိုသာ အာရုံစိုက်လိုက်ပြီး
ဆော့ကစားနေမိသည်။
မြဲမြံနေရမည် ဆိုပြီး...
ကျိုးယွင်က ရှောင်ဟန်ရဲ့ ဖုန်းကို မြောက်လိုက် ဖမ်းလိုက်လုပ်နေသည်ကို အတွေးများနဲ့အတူ ရပ်တန့်လိုက်ပြီး ကျေနပ်နေသည့် ကြောက်စရာအပြုံးကြီးကို ဖုန်းကွယ်လိုက်ပြီးနောကျ အိမ်တော်ကြီး ထဲသို့ ဝင်လာခဲ့လိုက်သည်။
--------------------------
------------------------------
Continue Reading
You'll Also Like
192K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
547K 55.8K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
213K 5.6K 58
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...