Healing Love 🍁
Part-15
ဆေးရုံခန်းတံခါးကို ေဘးဆွဲဖွင့်ကာ အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ လှဲနေတဲ့ ဆိုဟီးက မျက်နှာကိုတော့ အခန်းရဲ့ ဆန့်ကျင်ဘက် ပြတင်းတံခါးဆီသို့ လှည့်ထားသည်။ အခန်းထဲမှာ သူမက လွဲလို့ ဘယ်သူမှမရှိ။ ကုတင်နဲ့ မလှမ်းမကမ်းမှာပဲ ရပ်နေလိုက်ကာ ရှေ့ထပ်မတိုးချင်ပါ ။ အသံတော့ပြုလိုက်၏။
" ငါ ရောက်ပြီ "
သို့သော်လည်း သူမက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကိုသာ မျက်နှာလှည့်ထားဆဲ...။ ခဏအကြာမှ စကားစလာ၏။
" တောင်းပန်ချင်လို့ .... Chanyeol "
"...."
" ငါ ... ငါ မလွန်ဆန်နိုင်ခဲ့ရုံပါ , နင် ငါ့ကို နာကြည်းနေမယ်ဆိုတာလည်း သိတယ်.... သိလို့လည်း ... ငါ ... နင့်ကို ရင်မဆိုင်ရဲခဲ့တာပါ "
Chanyeol က ငြိမ်ပြီးသာ ရပ်နားထောင်နေ၏။ သူမ ဘယ်လိုပဲ တောင်းပန်နေပါစေဦး... သူ ခွင့်မလွှတ်ချင်။ ဘယ်လောက်ထိ ပြိုလဲခဲ့ရသလဲဆိုတာ သူအသိဆုံးပဲလေ...
" ငါ....ငါ နင့်ကို ချစ်တယ် Chanyeol.... လက်လွှတ်ဖို့ စဥ်းစားလိုက်တိုင်း ငါ့မှာ ရူးမတတ်ပဲ ! မသန့်ရှင်းတော့တဲ့ ငါ့ကို နင် ရွံမုန်းနေလောက်ပြီလို့ တွေးလိုက်တိုင်း ငါ သေပစ်လိုက်ချင်တယ် .... ငါ ဘာဆက်လုပ်ရမလဲဟင် Chanyeol!! "
အမေးတစ်ခုနဲ့အတူ သူ့ဘက်ကို နာနာကျင်ကျင် လှည့်ကြည့်လာ၏။ ချောင်ကျသွားတဲ့ မျက်နှာက အရင်လို သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ ဆိုဟီးနဲ့ မလိုက်ဖက်လှ။ ကျနေတဲ့ မျက်ရည်တွေကလည်း မအပ်စပ်စွာ။
" ပြီးခဲ့ပြီ ဆိုဟီး .... အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ ... ငါလည်း နင်မရှိပဲ နေသားကျနေပြီ "
ဥပဒေအရာရှိဆိုတဲ့အတိုင်း Chanyeol က စကားပြော ပြတ်သားလွန်းသည်။ တစ်ဖက်လူကို ထိခိုက် နာကျင်အောင် ပြောတတ်၏။ အခုလည်း လူနာ ဘာညာ ဂရုမစိုက် ပြတ်ပြတ်သားသား စကားလုံးတို့ကိုသာ ရွေးပြောသည်။
" ငါကတော့ မနေနိုင်ဘူး .... အရှက်မရှိရာ ရောက်သွားမှန်းသိပေမယ့် ... ငါ့ရဲ့ အားနည်းချက်ကို ဖြည့်တွေးပေးပြီး ငါ့ဆီ ပြန်လာခဲ့လို့ မရဘူးလားဟင် "
" အဲ့ဒီလူက ငါ့အဖေ မဟုတ်ခဲ့ရင်ပေါ့ "
သူမ မျက်နှာကိုသာ တည့်တည့်ကြည့်ပြီး ဆိုမိတော့ မျက်လုံး စုံမှိတ်ချသွားတဲ့ သူမ က ရင်နာပါသည်ပေါ့။ ဒါဆို ကိုယ်ကရော....
" အသစ်တွေ့နေပြီလား...."
အသစ်တဲ့ !!
သူပေးခဲ့တဲ့ နာကျင်မှုကနေ trauma ရသွားလို့ ထပ် မချစ်ချင်တော့တဲ့သူကို အသစ်ရပြီလားတဲ့!!
မေးရက်ပါဘိ....
" ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားပြီလား Chanyeol...ဟင် "
" နင် အနားယူသင့်ပြီ ဆိုဟီး ... ငါ ပြန်တော့မယ် "
သူမ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့တယ်လည်း မသိချင်တော့ဘူး။ စိတ်ရူးပေါက်ပြီး ထင်ရာ လုပ်ချင်မိသည်အထိ ဆောက်တည်ရာမရ ဖြစ်ရ၏။ မေ့ပျောက်ခါနီးလိုက် ထပ်ပြီး နှိုးဆွလိုက်နဲ့ ရင်ထဲက တဆစ်ဆစ် ကိုက်သည်။ နာကြည်းသည်။ အယုံကြည်ခဲ့ရဆုံး နှစ်ယောက်ပေါင်းပြီး ထိုးလိုက်တဲ့ ဓါးက ရင်ဝတည့်တည့် စိုက်ဝင်၏။
ယုံကြည်မှုတွေ ရေစုန်မျောပြီး မျှော်လင့်ထားသမျှတွေ လေထဲ ပျံ့လွင့်ကုန်တာ ဘယ်သူတွေကြောင့်လဲ!! ကိုယ် ပြိုလဲရတာ ဘယ်သူတွေကြောင့်တဲ့လဲ !! ဆွဲကူပေးတဲ့ ကောင်လေးသာ မရှိခဲ့ရင် အခုထိ အတိတ်ဆိုးထဲမှာ ပိတ်မိနေဦးမှာ...
ထပ်ဆိုးတာက ကျေးဇူးတင်စရာကောင်းတဲ့ ကောင်လေးကို သူ ဒုက္ခတွေလည်း မပေးချင်ဘူး။ ဖြူဖြူစင်စင် ကောင်လေးကို ဒဏ်ရာဗလပွနဲ့ ကိုယ်က မထွေးပွေ့ချင်ဘူး။ အနာမကျက်သေးတဲ့ ကိုယ့် ဒဏ်ရာက သွေးတွေ စွန်းထင်းကုန်မှာ စိုးရိမ်မိတယ်။
ကားကို ခပ်ကြမ်းကြမ်းမောင်းလာကာ သွားနေကျ bar ဆီ ဦးတည်လိုက်၏။ အပြင်းစပ်ခိုင်းလိုက်ကာ တစ်ငုံချင်းစီ အရသာခံရင်း အတွေးတို့က ရောက်တတ်ရာရာ.....
အရင်က အဖေ့အိမ်မှာပဲ နေခဲ့ပြီး သားအဖ နှစ်ယောက် ဆက်ဆံရေးက ထင်သလောက်မဆိုးခဲ့။ တတိယနှစ်လောက်ကတည်းက အိမ်ကို ဝင်ထွက်နေတဲ့ ဆိုဟီးက အဖေနဲ့လည်း ရင်းနှီးသည်။ သိမ်မွေ့တဲ့ မိန်းကလေးပဲမို့ အဝတ်အစားကအစ အနေအထိုင်အဆုံး အပြစ်ပြောစရာမရှိခဲ့။
အခု ကိုယ်နေတဲ့ တိုက်ခန်းကလည်း လက်ထပ်ပြီးရင် နေဖို့အတွက် သူမ မသိအောင် ကြိုဝယ်ခဲ့တာ ။ မအားတဲ့ကြားက တစ်ခုပြီးတစ်ခု ဝယ်ထည့်ပြီး ပြင်ဆင်နေခဲ့ချိန် သူမနဲ့ အဖေ ဘယ်လောက်ထိ ရင်းနှီးသွားလဲ မသိခဲ့ရိုးအမှန်။ သိတဲ့အချိန်မှာတော့ အရာအားလုံးက လွန်နေခဲ့ပြီ။
မနက် တရားရုံးမှာ အမှုစစ်ဖို့ ရှိတာကြောင့် ပြန်မှဖြစ်မယ်ဆိုတဲ့အသိနဲ့ အငှားယာဥ်မောင်း ခေါ်လိုက်ရ၏။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
စာပို့တာလည်း seen မပြ ၊ ဖုန်းဆက်တော့လည်း လုံးဝ မကိုင်တာကြောင့် အလုပ်ပြီးတော့ အစ်ကို့အိမ်အထိ Baekhyun လိုက်လာရ၏။ သို့သော် အစ်ကိုကတော့ ရှိမနေ ။
ပြန်လာတဲ့အချိန်အထိ စောင့်ပြီး ပြန်မလာရင်လည်း ဒီမှာပဲ အိပ်မှာမို့ လုပ်စရာရှိတာသာ လုပ်နေလိုက်သည်။
လျှော်ရမယ့်အဝတ်တွေ စက်ထဲထည့်ကာ တံမြက်စည်းတစ်ချောင်းယူပြီး သန့်ရှင်းရေး လုပ်ပေးမိ၏။ ပွနေတဲ့ စားပွဲပေါ်ရော ဗီရိုအောက်နဲ့ ကုတင်အောက်က အမှိုက်တွေအထိ လှည်းကျင်းပေးတဲ့အခါ လက်ထပ်ဖိတ်စာလို စာအိတ်ကလေးတွေ ပုံစံတူကိုပဲ ၄ ၅ ခု ထွက်လာ၏။ ဖွင့်ကြည့်မိတော့ ဥပဒေအရာရှိ Park Chanyeol နှင့် အမှုဆောင်ရှေ့နေ Min So Hee တို့၏ လက်ထပ်ဖိတ်စာ ဖြစ်နေ၏။
ပြန်သိမ်းလိုက်ကာ ထိုဖိတ်စာတွေကိုပါ အမှိုက်အိတ်ထဲ တစ်ပါတည်းထည့်ပြီး လွှင့်ပစ်လိုက်သည် ။ အစ်ကို့ကို ဒီ့ထက်ပိုပြီး မနာကျင်စေချင်ပါ။
လုပ်စရာရှိတာ ဆက်လုပ်နေတုန်း အစ်ကို ပြန်ရောက်လာ၏။ ယိုင်တိုင်တိုင်ဖြစ်နေသည်မို့ သောက်ခဲ့မှန်း မြင်တာနဲ့ သိနိုင်သည်။
" အစ်ကို ... မူးလာတာလား .. ထိုင် ထိုင်လိုက် ဒီမှာ "
ဖိနပ်ချွတ်နေရာကနေ ဆိုဖာခုံအထိ တွဲပေးလိုက်ကာ ဝင်ထိုင်ခိုင်းတော့ အသာတကြည်ထိုင်၏။
သူ သောက်ဖို့ ရေသွားမခပ်ခင် တစ်နေရာစီ ဖြစ်နေတဲ့ ဖိနပ်နှစ်ဖက်ကို သေချာညီအောင် စီပေးမိသည်။ ထို့နောက် လက်သေချာဆေးကာ ရေခပ်တိုက်တော့ ကုန်အောင် မော့သောက်ရှာ၏။
" အေ့ !! "
" အများကြီး သောက်လာတာပဲ.... ရေချိုးမလား အစ်ကို "
" အင်း "
ဆိုကာ လေးလေးပင်ပင်ပဲ သူ့အဝတ်တွေ ဆွဲချွတ်၏။ မြင်ဖူးပြီးသားမို့ ထူးပြီး ရှက်မနေပါ။ ရေချိုးခန်းထဲ ကိုယ်ပါ လိုက်ဝင်ကာ ရေမြန်မြန်လောင်းပေးလိုက်ရသည်။ အသိစိတ်လွတ်နေတာတော့ မဟုတ်ပေမယ့် မူးနေလို့ပဲလား... ငိုင်တွေနေတဲ့ အစ်ကိုက စစတွေ့ချင်းတုန်းက ပုံစံအတိုင်းပင်၊ အတိတ်တွေထဲ ထပ်ပြီး ပိတ်မိနေပြန်တာလား...
" အစ်ကို အဝတ်အစားဝတ်ပေးမယ်နော် ... ငြိမ်ငြိမ်ရပ်နေ "
ပြောပြီး ဗီရိုထဲက ညအိပ်ဝတ်စုံ ရှာရသည် ။ ကိုယ် ပတ်ပေးထားတဲ့ လျော့တိလျော့ရဲ သဘက်လေးက ကျွတ်ခါနီး....
" ခြေထောက် နည်းနည်း ကြွလေ အစ်ကို ... ဘောင်းဘီ အရင်ဝတ်ရအောင် "
သူ့အရှေ့ ဒူးတစ်ဖက် ထောက်ချကာ ဘောင်းဘီဝတ်ပေးဖို့ ပြောပေမယ့် ကျွန်တော့်ကို ပုခုံးနှစ်ဖက်ကနေ ဆွဲထူကာ ဗီရိုနဲ့ ဆွဲကပ်လိုက်၏၊ ရီဝေဝေ အကြည့်တွေက စူးလွန်းတာမို့ မျက်တောင် ခဏခဏ ခတ်မိသည်။
" ဘာဖြစ်လို့လဲ အစ်ကို "
" ငါနဲ့ ဝေးဝေးနေပေးလို့ မရဘူးလား ကောင်လေး "
Baekhyun သက်ပြင်းချလိုက်မိ၏။
မူးနေတဲ့ အချိန်မှာတောင် Chanyeol က သူ့ကို နှင်သည်။ မျက်ရည်တို့ ချက်ချင်း ဝဲတက်လာရ၏။
" ရွံလို့လား..... ကျွန်တော် ဘေးနားမှာ ရှိနေတာကို "
" ကျွန်တော့် ဖုန်းတွေလည်း မကိုင်ဘူး ! ကျွန်တော့် စာတွေလည်း အစ်ကို လျစ်လျူရှုတယ် ! အခု ကျွန်တော့်ကိုပါ နှင်နေတယ် !! ချစ်လို့ပါလို့ မပြောခဲ့ဘူးလား ! အစ်ကို့ ဘေးနားမှာ လိုအပ်တာလေး လုပ်ပေးချင်ရုံပါလို့ ကျွန်တော် မပြောခဲ့ဘူးလား ! ဒါတောင် ရွံတယ် မုန်းတယ်ဆိုရင် ကျွန်တော့် ရင်တွေ ဘယ်လောက် နာလဲ အစ်ကို စဥ်းစားမိလား ! ဟမ် ! "
" ဆေးရုံအနံ့တွေ စွဲလာကတည်းက အစ်ကို ဘယ်က ပြန်လာခဲ့လဲ သိပြီးသား... ! မတွေးချင်လို့ မသိချင်ယောင် ဆောင်နေတဲ့ လူကို အစ်ကိုမို့ !! "
ပြောနေတဲ့စကား မဆုံးခင် Chanyeol က Baekhyun နှုတ်ခမ်းပါးလေးတွေကို စုပ်ယူနမ်းရှိုက်၏။ မျက်နှာသေးသေးလေးကို လက်ဖဝါး နှစ်ဖက်ဖြင့် အုပ်ကာ ရမက်ဆန်ဆန် အနမ်းတို့ ကျူးကျော်လာသည်၊ ခံတွင်းထဲထိ မွှေကာ လျှာချင်း ကစားတော့ မောဟိုက်လာရသူက Baekhyun ။
Chanyeol ကတော့ အသက်ကိုသာ ပြင်းပြင်းရှုထုတ်ပြီး စိတ်ကြိုက်နမ်းနေ၏။
" ပြွတ်စ် ..."
အဆုံးသတ် ဆွဲယူမှုနဲ့အတူ နှစ်ယောက်လုံး အသက်လုရှူနေရသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အမောဖြေနေတုန်း ....
" ဒီလိုတွေကြောင့် ဝေးဝေးမှာ နေဖို့ပြောတာ ကောင်လေး ! မင်းလည်း ယောကျာ်း ငါလည်း ယောကျာ်းလေးပဲ ... စိတ်ပါနေတဲ့အချိန် မင်း မလွယ်ဘူးဆိုတာ သတိပေးတာ "
" အခုရော...အစ်ကို အဆင်ပြေလို့လား "
" မပြေဘူး ... ဒါပေမယ့် ငါ့ဘာသာငါ ဖြေရှင်းနိုင်တယ် ! မင်းသာ ကျေးဇူးပြုပြီး အိမ်ပြန်ပေးပါ "
" ဟုတ်ကဲ့ "
ဆိုကာ Chanyeol အရှေ့မှ လှည့်ထွက်လာ၏။ သို့သော် တံခါးနားရောက်တဲ့အခါ အပြင်မထွက်ဘဲ ပြန်လှည့်လာသည်။ အင်္ကျီဝတ်နေတဲ့ Chanyeol မှာလည်း လန့်သွားရရှာ၏။
မလန့်လို့လည်း မရ ! ကောင်လေးက သူ့ သဘက်ကို ဆွဲချွတ်ကာ ရှေ့တည့်တည့် နေရာယူနေသည်မို့...
" ဘာ..ဘာလုပ်ဦးမလို့လဲ "
" ကျွန်တော် ဒီလို လုပ်ကြည့်ချင်တယ် "
ဆိုကာ အာငွေ့ပေးလာ၏။
" ကျစ် !! ကောင်လေး မင်း !! "
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဒီအခန်း ဆက်ရန်မရှိပါ 🙊
Healing Love 🍁
Part-15
ေဆး႐ုံခန္းတံခါးကို ေဘးဆြဲဖြင့္ကာ အခန္းထဲဝင္လိုက္ေတာ့ ကုတင္ေပၚမွာ လွဲေနတဲ့ ဆိုဟီးက မ်က္ႏွာကိုေတာ့ အခန္းရဲ႕ ဆန့္က်င္ဘက္ ျပတင္းတံခါးဆီသို႔ လွည့္ထားသည္။ အခန္းထဲမွာ သူမက လြဲလို႔ ဘယ္သူမွမရွိ။ ကုတင္နဲ႕ မလွမ္းမကမ္းမွာပဲ ရပ္ေနလိုက္ကာ ေရွ႕ထပ္မတိုးခ်င္ပါ ။ အသံေတာ့ျပဳလိုက္၏။
" ငါ ေရာက္ၿပီ "
သို႔ေသာ္လည္း သူမက ကြၽန္ေတာ္နဲ႕ ဆန့္က်င္ဘက္ကိုသာ မ်က္ႏွာလွည့္ထားဆဲ...။ ခဏအၾကာမွ စကားစလာ၏။
" ေတာင္းပန္ခ်င္လို႔ .... Chanyeol "
"...."
" ငါ ... ငါ မလြန္ဆန္နိုင္ခဲ့႐ုံပါ , နင္ ငါ့ကို နာၾကည္းေနမယ္ဆိုတာလည္း သိတယ္.... သိလို႔လည္း ... ငါ ... နင့္ကို ရင္မဆိုင္ရဲခဲ့တာပါ "
Chanyeol က ၿငိမ္ၿပီးသာ ရပ္နားေထာင္ေန၏။ သူမ ဘယ္လိုပဲ ေတာင္းပန္ေနပါေစဦး... သူ ခြင့္မလႊတ္ခ်င္။ ဘယ္ေလာက္ထိ ၿပိဳလဲခဲ့ရသလဲဆိုတာ သူအသိဆုံးပဲေလ...
" ငါ....ငါ နင့္ကို ခ်စ္တယ္ Chanyeol.... လက္လႊတ္ဖို႔ စဥ္းစားလိုက္တိုင္း ငါ့မွာ ႐ူးမတတ္ပဲ ! မသန့္ရွင္းေတာ့တဲ့ ငါ့ကို နင္ ႐ြံမုန္းေနေလာက္ၿပီလို႔ ေတြးလိုက္တိုင္း ငါ ေသပစ္လိုက္ခ်င္တယ္ .... ငါ ဘာဆက္လုပ္ရမလဲဟင္ Chanyeol!! "
အေမးတစ္ခုနဲ႕အတူ သူ႕ဘက္ကို နာနာက်င္က်င္ လွည့္ၾကည့္လာ၏။ ေခ်ာင္က်သြားတဲ့ မ်က္ႏွာက အရင္လို သိမ္သိမ္ေမြ႕ေမြ႕ ေနတတ္တဲ့ ဆိုဟီးနဲ႕ မလိုက္ဖက္လွ။ က်န္ေနတဲ့ မ်က္ရည္ေတြကလည္း မအပ္စပ္စြာ။
" ၿပီးခဲ့ၿပီ ဆိုဟီး .... အကုန္လုံးက အတိတ္မွာ က်န္ခဲ့ၿပီ ... ငါလည္း နင္မရွိပဲ ေနသားက်ေနၿပီ "
ဥပေဒအရာရွိဆိုတဲ့အတိုင္း Chanyeol က စကားေျပာ ျပတ္သားလြန္းသည္။ တစ္ဖက္လူကို ထိခိုက္ နာက်င္ေအာင္ ေျပာတတ္၏။ အခုလည္း လူနာ ဘာညာ ဂ႐ုမစိုက္ ျပတ္ျပတ္သားသား စကားလုံးတို႔ကိုသာ ေ႐ြးေျပာသည္။
" ငါကေတာ့ မေနနိုင္ဘူး .... အရွက္မရွိရာ ေရာက္သြားမွန္းသိေပမယ့္ ... ငါ့ရဲ႕ အားနည္းခ်က္ကို ျဖည့္ေတြးေပးၿပီး ငါ့ဆီ ျပန္လာခဲ့လို႔ မရဘူးလားဟင္ "
" အဲ့ဒီလူက ငါ့အေဖ မဟုတ္ခဲ့ရင္ေပါ့ "
သူမ မ်က္ႏွာကိုသာ တည့္တည့္ၾကည့္ၿပီး ဆိုမိေတာ့ မ်က္လုံး စုံမွိတ္ခ်သြားတဲ့ သူမ က ရင္နာပါသည္ေပါ့။ ဒါဆို ကိုယ္ကေရာ....
" အသစ္ေတြ႕ေနၿပီလား...."
အသစ္တဲ့ !!
သူေပးခဲ့တဲ့ နာက်င္မႈကေန trauma ရသြားလို႔ ထပ္ မခ်စ္ခ်င္ေတာ့တဲ့သူကို အသစ္ရၿပီလားတဲ့!!
ေမးရက္ပါဘိ....
" ငါမဟုတ္တဲ့ တျခားတစ္ေယာက္ကို ခ်စ္မိသြားၿပီလား Chanyeol...ဟင္ "
" နင္ အနားယူသင့္ၿပီ ဆိုဟီး ... ငါ ျပန္ေတာ့မယ္ "
သူမ ဘယ္လို ျဖစ္ၿပီး က်န္ခဲ့တယ္လည္း မသိခ်င္ေတာ့ဘူး။ စိတ္႐ူးေပါက္ၿပီး ထင္ရာ လုပ္ခ်င္မိသည္အထိ ေဆာက္တည္ရာမရ ျဖစ္ရ၏။ ေမ့ေပ်ာက္ခါနီးလိုက္ ထပ္ၿပီး ႏွိုးဆြလိုက္နဲ႕ ရင္ထဲက တဆစ္ဆစ္ ကိုက္သည္။ နာၾကည္းသည္။ အယုံၾကည္ခဲ့ရဆုံး ႏွစ္ေယာက္ေပါင္းၿပီး ထိုးလိုက္တဲ့ ဓါးက ရင္ဝတည့္တည့္ စိုက္ဝင္၏။
ယုံၾကည္မႈေတြ ေရစုန္ေမ်ာၿပီး ေမွ်ာ္လင့္ထားသမွ်ေတြ ေလထဲ ပ်ံ့လြင့္ကုန္တာ ဘယ္သူေတြေၾကာင့္လဲ!! ကိုယ္ ၿပိဳလဲရတာ ဘယ္သူေတြေၾကာင့္တဲ့လဲ !! ဆြဲကူေပးတဲ့ ေကာင္ေလးသာ မရွိခဲ့ရင္ အခုထိ အတိတ္ဆိုးထဲမွာ ပိတ္မိေနဦးမွာ...
ထပ္ဆိုးတာက ေက်းဇူးတင္စရာေကာင္းတဲ့ ေကာင္ေလးကိုလည္း သူ ဒုကၡေတြလည္း မေပးခ်င္ဘူး။ ျဖဴျဖဴစင္စင္ ေကာင္ေလးကို ဒဏ္ရာဗလပြနဲ႕ ကိုယ္က မေထြးေပြ႕ခ်င္ဘူး။ အနာမက်က္ေသးတဲ့ ကိုယ့္ ဒဏ္ရာက ေသြးေတြ စြန္းထင္းကုန္မွာ စိုးရိမ္မိတယ္။
ကားကို ခပ္ၾကမ္းၾကမ္းေမာင္းလာကာ သြားေနက် bar ဆီ ဦးတည္လိုက္၏။ အျပင္းစပ္ခိုင္းလိုက္ကာ တစ္ငုံခ်င္းစီ အရသာခံရင္း အေတြးတို႔က ေရာက္တတ္ရာရာ.....
အရင္က အေဖ့အိမ္မွာပဲ ေနခဲ့ၿပီး သားအဖ ႏွစ္ေယာက္ ဆက္ဆံေရးက ထင္သေလာက္မဆိုးခဲ့။ တတိယႏွစ္ေလာက္ကတည္းက အိမ္ကို ဝင္ထြက္ေနတဲ့ ဆိုဟီးက အေဖနဲ႕လည္း ရင္းႏွီးသည္။ သိမ္ေမြ႕တဲ့ မိန္းကေလးပဲမို႔ အဝတ္အစားကအစ အေနအထိုင္အဆုံး အျပစ္ေျပာစရာမရွိခဲ့။
အခု ကိုယ္ေနတဲ့ တိုက္ခန္းကလည္း လက္ထပ္ၿပီးရင္ ေနဖို႔အတြက္ သူမ မသိေအာင္ ႀကိဳဝယ္ခဲ့တာ ။ မအားတဲ့ၾကားက တစ္ခုၿပီးတစ္ခု ဝယ္ထည့္ၿပီး ျပင္ဆင္ေနခဲ့ခ်ိန္ သူမနဲ႕ အေဖ ဘယ္ေလာက္ထိ ရင္းႏွီးသြားလဲ မသိခဲ့ရိုးအမွန္။ သိတဲ့အခ်ိန္မွာေတာ့ အရာအားလုံးက လြန္ေနခဲ့ၿပီ။
မနက္ တရား႐ုံးမွာ အမႈစစ္ဖို႔ ရွိတာေၾကာင့္ ျပန္မွျဖစ္မယ္ဆိုတဲ့အသိနဲ႕ အငွားယာဥ္ေမာင္း ေခၚလိုက္ရ၏။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
စာပို႔တာလည္း seen မျပ ၊ ဖုန္းဆက္ေတာ့လည္း လုံးဝ မကိုင္တာေၾကာင့္ အလုပ္ၿပီးေတာ့ အစ္ကို႔အိမ္အထိ Baekhyun လိုက္လာရ၏။ သို႔ေသာ္ အစ္ကိုကေတာ့ ရွိမေန ။
ျပန္လာတဲ့အခ်ိန္အထိ ေစာင့္ၿပီး ျပန္မလာရင္လည္း ဒီမွာပဲ အိပ္မွာမို႔ လုပ္စရာရွိတာသာ လုပ္ေနလိုက္သည္။
ေလွ်ာ္ရမယ့္အဝတ္ေတြ စက္ထဲထည့္ကာ တံျမက္စည္းတစ္ေခ်ာင္းယူၿပီး သန႔္ရွင္းေရး လုပ္ေပးမိ၏။ ပြေနတဲ့ စားပြဲေပၚေရာ ဗီရိုေအာက္နဲ႕ ကုတင္ေအာက္က အမွိုက္ေတြအထိ လွည္းက်င္းေပးတဲ့အခါ လက္ထပ္ဖိတ္စာလို စာအိတ္ကေလးေတြ ပုံစံတူကိုပဲ ၄ ၅ ခု ထြက္လာ၏။ ဖြင့္ၾကည့္မိေတာ့ ဥပေဒအရာရွိ Park Chanyeol ႏွင့္ အမႈေဆာင္ေရွ႕ေန Min So Hee တို႔၏ လက္ထပ္ဖိတ္စာ ျဖစ္ေန၏။
ျပန္သိမ္းလိုက္ကာ ထိုဖိတ္စာေတြကိုပါ အမွိုက္အိတ္ထဲ တစ္ပါတည္းထည့္ၿပီး လႊင့္ပစ္လိုက္သည္ ။ အစ္ကို႔ကို ဒီ့ထက္ပိုၿပီး မနာက်င္ေစခ်င္ပါ။
လုပ္စရာရွိတာ ဆက္လုပ္ေနတုန္း အစ္ကို ျပန္ေရာက္လာ၏။ ယိုင္တိုင္တိုင္ျဖစ္ေနသည္မို႔ ေသာက္ခဲ့မွန္း ျမင္တာနဲ႕ သိနိုင္သည္။
" အစ္ကို ... မူးလာတာလား .. ထိုင္ ထိုင္လိုက္ ဒီမွာ "
ဖိနပ္ခြၽတ္ေနရာကေန ဆိုဖာခုံအထိ တြဲေပးလိုက္ကာ ဝင္ထိုင္ခိုင္းေတာ့ အသာတၾကည္ထိုင္၏။
သူ ေသာက္ဖို႔ ေရသြားမခပ္ခင္ တစ္ေနရာစီ ျဖစ္ေနတဲ့ ဖိနပ္ႏွစ္ဖက္ကို ေသခ်ာညီေအာင္ စီေပးမိသည္။ ထို႔ေနာက္ လက္ေသခ်ာေဆးကာ ေရခပ္တိုက္ေတာ့ ကုန္ေအာင္ ေမာ့ေသာက္ရွာ၏။
" ေအ့ !! "
" အမ်ားႀကီး ေသာက္လာတာပဲ.... ေရခ်ိဳးမလား အစ္ကို "
" အင္း "
ဆိုကာ ေလးေလးပင္ပင္ပဲ သူ႕အဝတ္ေတြ ဆြဲခြၽတ္၏။ ျမင္ဖူးၿပီးသားမို႔ ထူးၿပီး ရွက္မေနပါ။ ေရခ်ိဳးခန္းထဲ ကိုယ္ပါ လိုက္ဝင္ကာ ေရျမန္ျမန္ေလာင္းေပးလိုက္ရသည္။ အသိစိတ္လြတ္ေနတာေတာ့ မဟုတ္ေပမယ့္ မူးေနလို႔ပဲလား... ငိုင္ေတြေနတဲ့ အစ္ကိုက စစေတြ႕ခ်င္းတုန္းက ပုံစံအတိုင္းပင္၊ အတိတ္ေတြထဲ ထပ္ၿပီး ပိတ္မိေနျပန္တာလား...
" အစ္ကို အဝတ္အစားဝတ္ေပးမယ္ေနာ္ ... ၿငိမ္ၿငိမ္ရပ္ေန "
ေျပာၿပီး ဗီရိုထဲက ညအိပ္ဝတ္စုံ ရွာရသည္ ။ ကိုယ္ ပတ္ေပးထားတဲ့ ေလ်ာ့တိေလ်ာ့ရဲ သဘက္ေလးက ကြၽတ္ခါနီး....
" ေျခေထာက္ နည္းနည္း ႂကြေလ အစ္ကို ... ေဘာင္းဘီ အရင္ဝတ္ရေအာင္ "
သူ႕အေရွ႕ ဒူးတစ္ဖက္ ေထာက္ခ်ကာ ေဘာင္းဘီဝတ္ေပးဖို႔ ေျပာေပမယ့္ ကြၽန္ေတာ့္ကို ပုခုံးႏွစ္ဖက္ကေန ဆြဲထူကာ ဗီရိုနဲ႕ ဆြဲကပ္လိုက္၏၊ ရီေဝေဝ အၾကည့္ေတြက စူးလြန္းတာမို႔ မ်က္ေတာင္ ခဏခဏ ခတ္မိသည္။
" ဘာျဖစ္လို႔လဲ အစ္ကို "
" ငါနဲ႕ ေဝးေဝးေနေပးလို႔ မရဘူးလား ေကာင္ေလး "
Baekhyun သက္ျပင္းခ်လိဳက္မိ၏။
မူးေနတဲ့ အခ်ိန္မွာေတာင္ Chanyeol က သူ႕ကို ႏွင္သည္။ မ်က္ရည္တို႔ ခ်က္ခ်င္း ဝဲတက္လာရ၏။
" ႐ြံလို႔လား..... ကြၽန္ေတာ္ ေဘးနားမွာ ရွိေနတာကို "
" ကြၽန္ေတာ့္ ဖုန္းေတြလည္း မကိုင္ဘူး ! ကြၽန္ေတာ့္ စာေတြလည္း အစ္ကို လ်စ္လ်ဴရႈတယ္ ! အခု ကြၽန္ေတာ့္ကိုပါ ႏွင္ေနတယ္ !! ခ်စ္လို႔ပါလို႔ မေျပာခဲ့ဘူးလား ! အစ္ကို႔ ေဘးနားမွာ လိုအပ္တာေလး လုပ္ေပးခ်င္႐ုံပါလို႔ ကြၽန္ေတာ္ မေျပာခဲ့ဘူးလား ! ဒါေတာင္ ႐ြံတယ္ မုန္းတယ္ဆိုရင္ ကြၽန္ေတာ့္ ရင္ေတြ ဘယ္ေလာက္ နာလဲ အစ္ကို စဥ္းစားမိလား ! ဟမ္ ! "
" ေဆး႐ုံအနံ႕ေတြ စြဲလာကတည္းက အစ္ကို ဘယ္က ျပန္လာခဲ့လဲ သိၿပီးသား... ! မေတြးခ်င္လို႔ မသိခ်င္ေယာင္ ေဆာင္ေနတဲ့ လူကို အစ္ကိုမို႔ !! "
ေျပာေနတဲ့စကား မဆုံးခင္ Chanyeol က Baekhyun ႏႈတ္ခမ္းပါးေလးေတြကို စုပ္ယူနမ္းရွိုက္၏။ မ်က္ႏွာေသးေသးေလးကို လက္ဖဝါး ႏွစ္ဖက္ျဖင့္ အုပ္ကာ ရမက္ဆန္ဆန္ အနမ္းတို႔ က်ဴးေက်ာ္လာသည္၊ ခံတြင္းထဲထိ ေမႊကာ လွ်ာခ်င္း ကစားေတာ့ ေမာဟိုက္လာရသူက Baekhyun ။
Chanyeol ကေတာ့ အသက္ကိုသာ ျပင္းျပင္းရႈထုတ္ၿပီး စိတ္ႀကိဳက္နမ္းေန၏။
" ႁပြတ္စ္ ..."
အဆုံးသတ္ ဆြဲယူမႈနဲ႕အတူ ႏွစ္ေယာက္လုံး အသက္လုရႉေနရသည္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ အေမာေျဖေနတုန္း ....
" ဒီလိုေတြေၾကာင့္ ေဝးေဝးမွာ ေနဖို႔ေျပာတာ ေကာင္ေလး ! မင္းလည္း ေယာက်ာ္း ငါလည္း ေယာက်ာ္းေလးပဲ ... စိတ္ပါေနတဲ့အခ်ိန္ မင္း မလြယ္ဘူးဆိုတာ သတိေပးတာ "
" အခုေရာ...အစ္ကို အဆင္ေျပလို႔လား "
" မေျပဘူး ... ဒါေပမယ့္ ငါ့ဘာသာငါ ေျဖရွင္းနိုင္တယ္ ! မင္းသာ ေက်းဇူးျပဳၿပီး အိမ္ျပန္ေပးပါ "
" ဟုတ္ကဲ့ "
ဆိုကာ Chanyeol အေရွ႕မွ လွည့္ထြက္လာ၏။ သို႔ေသာ္ တံခါးနားေရာက္တဲ့အခါ အျပင္မထြက္ဘဲ ျပန္လွည့္လာသည္။ အကၤ်ီဝတ္ေနတဲ့ Chanyeol မွာလည္း လန့္သြားရရွာ၏။
မလန့္လို႔လည္း မရ ! ေကာင္ေလးက သူ႕ သဘက္ကို ဆြဲခြၽတ္ကာ ေရွ႕တည့္တည့္ ေနရာယူေနသည္မို႔...
" ဘာ..ဘာလုပ္ဦးမလို႔လဲ "
" ကြၽန္ေတာ္ ဒီလို လုပ္ၾကည့္ခ်င္တယ္ "
ဆိုကာ အာေငြ႕ေပးလာ၏။
" က်စ္ !! ေကာင္ေလး မင္း !! "
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဒီအခန္း ဆက္ရန္မရွိပါ 🙊