သူအိပ်ပျော်သွားတာ အတော်ကြာပြီ ထင်သည်။သူနိုးလာတော့ အတန်းထဲမှာ ကျောင်းသား တစ်ယောက်စ၊
နှစ်ယောက်စပင် ရှိတော့သည်။သူ့ဘေးနားတွင်တော့ ဆန်နီလည်း ရှိနေပါသေးသည်။
"အတန်းပြီးသွားပြီလား"
"အင်း"
သူ့အမေးကို ဆန်နီက မဝံ့မရဲဖြင့်
ဖြေရှာလေသည်။
"ကန်တင်းသွားရအောင်လေ မင်းဗိုက်မဆာဘူးလား"
"အင်း"
"တဆိတ် မင်းရဲ့အင်း ဆိုတာက သွားမှာလား၊မသွားမှာလား"
"သွားမှာပါ"
"ပုံမှန်လို ပြောပါဟ ငါ့ကို ယဥ်ကျေးနေစရာမလိုဘူး"
"အင်းပါ သွားရအောင်"
ထို့နောက် နှစ်ယောက်သား ကန်တင်းဘက် လျှောက်လာဖြစ်တော့သည်။
သူထိုင်နေကျ ဆိုင်ထဲကို ဝင်လာတော့
မြယွန်းမြတ်က ဆိုင်ထဲမှာ ကြိုရောက်
နှင့်နေပြီဖြစ်သည်။သူမနှင့်အတူ သူငယ်ချင်း မိန်းကလေးနှစ်ယောက်လည်း ပါလေသည်။
မြယွန်းမြတ်က သူ့ကို လက်လှမ်းပြကာ
"စေ ငါတို့နဲ့ လာမထိုင်ဘူးလား"
သူမရဲ့ အမေးကို သူလျစ်လျူရှုလိုက်ရင်း ဆန်နီ့ လက်ကိုဆွဲကာ ထောင့်ကျကျ စားပွဲမှာ ဝင်ထိုင်ပစ်လိုက်သည်။
မြယွန်းမြတ်ဘက်ကို သူအကဲခတ်
ကြည့်တော့ သူမက အံကိုတင်းတင်းကြိတ်ကာ သူတို့ဘက်ကို လျှောက်လာလေသည်။
"နင် ဘာအချိုးချိုးတာလဲ စေရိုးရာ"
"ဟမ် ဘာကိုလဲ"
"နင် နင်"
ထို အချိန်စားပွဲထိုးလေး ရောက်လာ
သဖြင့် သူမကို လျစ်လျူရှုကာ သူမှာစရာရှိတာ မှာနေလိုက်သည်။ဆန်နီကတော့ ထုံးစံအတိုင်း လက်သာတုန်နေလေသည်။
"ဆန်နီ မင်းမမှာတော့ဘူးလား"
"ငါ ဟို"
သူပြုံးကာ ခေါင်းခါလိုက်ရင်း
"ညီလေး သူ့ကိုလည်း အစ်ကို့အတိုင်းပဲ"
စားပွဲထိုးလေး ထွက်သွားတော့မှ
မြယွန်းမြတ်ကို သေချာစိုက်ကြည့်ရင်း
"ငါဘာအချိုး ချိုးတာလဲဆိုတာ
ပြောပြရမှာလား ကောင်းပြီ မင်းလို
မိန်းမယုတ်ဘေးနားမှာ ဆက်ပြီး
နွားမကျချင်တော့လို့ပဲ ရှင်းလား
ထပ်ပြောမယ် ရှေ့ဆက်မဲ့ ငါ့အနာဂတ်မှာ မင်းလို မိန်းမ မလိုအပ်တော့ဘူး"
မြယွန်းမြတ်တစ်ယောက် အံကိုကြိတ်ကာ ခြေစောင့်ပြီး ထွက်သွားလေတော့သည်။
ဆန်နီကတော့ မျက်လုံးလေး ကလယ် ကလယ်ဖြင့် သူ့ကို ကြည့်နေရှာလေသည်။
သူပြုံးလိုက်ရင်း
"ဘာကြောင်နေတာလဲ ဒါမှမဟုတ် ငါရှင်းပြဖို့ လိုနေတာလား"
"လိုတာပေါ့ အရင်က မင်းငါ့ကို မုန်းတယ် မဟုတ်လား"
"အရင်ကလား ငါ မှားယွင်းစွာ မုန်းခဲ့ မိတာပါ ငါ့ကို ခွင့်လွှတ်မယ် မဟုတ်လား"
"ငါ မင်းကို ခွင့်လွှတ်ပါတယ် စေ"
"ငါ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးပါလား"
ဆန်နီက အေးချမ်းတဲ့ အပြုံးလေးဖြင့် ပြုံးပြကာ သူ့ကို လက်လှမ်းကမ်းရင်း
"အင်း ရတာပေါ့"
သူလည်း တစ်ခါမှ သေချာ မပြုံးဖြစ်ခဲ့တဲ့ အပြုံးကြီးနဲ့ ပြုံးလိုက်ရင်း ဆန်နီ့လက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့က ကျောင်းပိတ်ရက် ဖြစ်သဖြင့်
သူနောက်ကျမှ အိပ်ယာ ထ ဖြစ်လေသည်။သူနိုးနိုးချင်း ph ကိုကြည့်လိုက်တော့ ဆန်နီရဲ့ ph call တွေက မနည်းမနောပင်။သူတွေဝေ မနေတော့ဘဲ
ph ကို ပြန်ခေါ်လိုက်လေသည်။
တီ တီ
"Hello စေ"
"အင်း ဆန်နီ မင်း ph ခေါ်ထားလို့"
"ငါ အိမ်မှာ တစ်ယောက်တည်း ပျင်းလို့
မင်းလာလည်မလားလို့"
"ငါ..."
"မင်းမအားလည်း ရပါတယ်"
"မဟုတ်တာ ငါအားတယ် မင်းလိပ်စာပို့လိုက်လေ"
"ok"
သူရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ ဖေဖေက ဧည့်ခန်းထဲမှာ ထိုင်ပြီး
သတင်းစာ ဖတ်နေလေသည်။
"ဖေဖေ သား သူငယ်ချင်းအိမ်သွားလည်မလို့"
"မြယွန်းတို့ အိမ်လား သား"
"မဟုတ်ပါဘူး ဖေဖေ သားနဲ့သူက
သူငယ်ချင်း မဖြစ်နိုင်တော့ပါဘူး"
ဖေဖေက သူ့ကို ပြုံးကာ ခေါင်းငြိမ့် အသိအမှတ် ပြုလေသည်။
"ဖေဖေ ဘာတွေ ဖတ်နေတာလဲဟင်"
"Gay ကောင်လေး နှစ်ယောက်
သတ်သေတဲ့ သတင်းလေ သားရဲ့
ငယ်ငယ်ရွယ်ရွယ်တွေကွာ ပြန်ပြင်ရင်
အချိန်မှီသေးတဲ့ဟာကို"
"ဖေဖေ အချိန်တွေ ဘယ်လောက်ပဲရှိရှိ
Gay တစ်ယောက်က Straight မှ ပြန်မဖြစ်နိုင်ဘဲဗျာ"
ဖေဖေက သူ့စကားကို သေချာ သုံးသပ်နေသည်ထင်။အတန်ကြာမှ စကားပြန်ပြောလေသည်။
"သား သွားစရာ ရှိတာ သွားလေ
ဖေဖေ ညနေကျရင်တော့ ထမင်းစားစောင့်နေမယ်"
"ဟုတ်ကဲ့ဖေဖေ သားကို ခွင့်ပြုပါဦး"
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆန်နီပို့ပေးတဲ့ လိပ်စာအရ သူလာခဲ့ပေမဲ့ အဖြူရောင် တိုက်အကြီးကြီးနဲ့
ခြံဝန်းအကျယ်ကြီးက သူ့ကို ဆီးကြိုနေလေသည်။သူမယုံနိုင်စွာဖြင့် ဟောင်းလောင်း ဖြစ်နေတဲ့ ပါးစပ်ကို
ပြန်ပိတ်လိုက်ရင်း ဆန်နီ့ကို ph ခေါ်လိုက်လေသည်။
"ဆန်နီ ငါ ခြံရှေ့ ရောက်နေပြီ"
"Ok ok ငါလာခေါ်မယ်"
ဆန်နီက ခြံတံခါးကို ဖွင့်ကာ
"လာ သားကြီး အိမ်ထဲသွားမယ်"
သူ ဆန်နီ့နောက်က ကပ်လိုက်လာခဲ့လေသည်။
ဧည့်ခန်းထဲတွင် နှစ်ယောက်သားထိုင်လိုက်ရင်းနဲ့မှ သူ ဆန်နီ့ကို
ပေစောင်စောင်ဖြင့် ကြည့်ပစ်လိုက်တော့သည်။
ဆန်နီက ရယ်ကျဲကျဲဖြင့်
"ငါကျောင်းစာအုပ် သွားယူဦးမယ်
ငါနားမလည်တာလေးတွေ ရှိလို့
မင်းရှင်းပြ"
"မင်းက ဆရာကြီးလေကွာ"
"ဒါပေမဲ့ မင်းက ငါ့ထက် အမြဲ အမှတ်များတယ်လေ"
ပြောရင်း ဆန်နီက လှေကားပေါ် ပြေးတတ်သွားလေသည်။
"ဆန်နီ"
သူလှမ်းခေါ်တော့ ဆန်နီက ပြန်လှည့်
ကြည့်ကာ မေးဆတ်ပြလေသည်။
သူပါးစပ်လှုပ်ရုံ ခပ်တိုးတိုး ဆဲရေးလိုက်ရင်း လက်ခလယ်လေးပါ အဆစ်ထောင်ပြလိုက်လေသည်။
ဆန်နီက တဟားဟား အော်ရယ်ရင်း
လှေကားပေါ် ဆက်တတ်သွားလေသည်။
သူကတော့ အိမ်ထဲမှာ အလုပ်ရှုပ်နေကြရှာတဲ့ အိမ်အကူ မမလှလှလေးတွေကို
မျက်စိ အစာကျွေးရင်း ဆန်နီ့ကိုသာ စောင့်နေလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆန်နီယူလာတဲ့ မှတ်စုစာအုပ်ပေါ်က
နာမည်ကိုတွေ့တော့ သူအထူးအဆန်း ဖြစ်နေလေသည်။
"ဆန်နီ မင်းနာမည်အရင်းက နေဝန်းခေတ်လား"
"အင်း ဟုတ်တယ်လေ မင်းမသိဘူးလား"
"အင်း ငါမသိခဲ့ဘူး"
ဟုတ်တယ် သူမသိခဲ့ဘူး အတိတ်တုန်းက သူတကယ် မသိခဲ့တာ။ဆန်နီ့ နာမည်အရင်းက သူ့နှလုံးသား
တည့်တည့်ကို ဓားနဲ့ တစ်ဆုံးထိုးသွင်း
ခဲ့တဲ့ မြယွန်းမြတ် သိပ်ချစ်ပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ဆိုတဲ့ လူရဲ့နာမည်နဲ့တော့
အတော်ကို ဆင်နေလေသည်။
သူသည်လို တွေးမိတော့ သူ့နှလုံးသား
ရှိတဲ့ အခြမ်းဘက်က တဆစ်ဆစ်ဖြင့်
နာကျင် လာလေသည်။
"စေ မင်းနေမကောင်းဘူးလား
ချွေးတွေ ပြန်နေတယ် အဲကွန်းက
မအေးလို့ များလား"
"အာ မဟုတ်ပါဘူး ဒါနဲ့ မင်းအိမ်က
လူတိုင်း အလုပ်ရှုပ်နေသလိုပဲနော်"
"ငါ့အစ်ကိုကြီး US က ပြန်လာမှာမို့ကွ"
"သြော်"
ထို့နောက် ကျောင်းပိတ်ရက်လေးကိုတောင် အေးဆေးနေခွင့်မပေးသော
ဆန်နီ့ကို ကျိန်ဆဲရင်း စာသာဆက်ရှင်း
ပြနေလိုက်တော့သည်။
တီ တီ တီ
ကားဟွန်းသံကြောင့် စာရှင်းတာကို
ရပ်လိုက်ရင်း
"မင်းအစ်ကို လာပြီထင်တယ်"
"အင်း ဟုတ်တယ်"
"သွားကြိုလေ"
"အင်း ခဏလေးနော်"
ဆန်နီထသွားတော့ သူလည်းမှတ်စုကို
လှန်လှော ကြည့်နေလိုက်သည်။
သူအချိန်တိုင်း ကျောင်းမှာ ခပ်လေလေ
နေတတ်ပေမဲ့ ကျူရှင်မှာတော့ သေချာ
စာလုပ်တတ်လေသည်။
ဒါ့ကြောင့် သူလည်း စာတော်တဲ့
အထဲမှာ ပါလေသည်။
"စေ ဒါငါ့အစ်ကိုကြီးလေ"
ဆန်နီ့ အသံကြောင့် သူမော့ကြည့်မိလေသည်။
"ဟင်!"
တိုက်ဆိုင်သည်လားတော့ မသိ။
ဆန်နီ့ အစ်ကိုဆိုသူမှာ တစ်ခြားလူမဟုတ်၊ဒီနေ့ခေတ်ပင် ဖြစ်နေသည်လေ။
ထို့နောက် ရင်ဘက်မှ စူးအောင့်ခြင်းနှင့်အတူ သူ့မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွားလေတော့သည်။
#YOE🏳️🌈
~~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်တယ် အကုန်လုံးကို😘
Please vote😁