A Forgotten Love[Completed]
Autorstwa Lily_Han02
1M 61.4K 5.9K
❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... Więcej
A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-5
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-8
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 18
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-39
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-43
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်
A Forgotten Love-50[Final Part]
34.4K 1K 117
Autorstwa Lily_Han02
Unicode
//မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့
အဆုံးသတ်မှာ နွေးထွေးမှုရှိတဲ့ ချစ်ခြင်းမေတ္တာ
တွေကို မင်းပိုင်ဆိုင်ပါတယ် ဟန်နီ//
​နေ့သစ်များအား အစပြုတိုင်း ကိုယ့်အတွက်တော့
ကံကောင်းခြင်း လာဘ်ကောင်လေးတွေဟာ
မင်းရယ်၊သားရယ်။အိပ်ရာဝင်ချိန်တွေတိုင်း
မင်းပေးတတ်တဲ့အကြင်နာချိုမြမြတွေက
သည်ရင်မှာတော့ ဖြာဖြာဝေဝေမေတ္တာဓာတ်လေးလည်းဖြစ်တည်လွှမ်းခြုံနိုင်ရဲ့။
"ဟန်နီ့ကောင်လေး"
"ဗျာ့.."
တစ်ခါတလေ နူးနူးညံ့ညံ့လေး မင်းကိုယ်မင်း
သုံးနှုန်းတတ်တဲ့ သည်နာမ်စားကိုကြားခွင့်ရတိုင်း
ကိုယ့်မှာ ရင်ခုန်သံလည်း မြန်ဆန်လာတာ
ထိန်းချုပ်လို့လည်း မတတ်နိုင်ခဲ့။
"ဖေနယ်"
သားအသံမပီကလာလေးက စမ်းရည်ကြည်
လို သူ့အကြားအာရုံထဲ၌ အေးမြနေသည်။
ကြည်နူးမှု အလွှာတွေဟာ ရင်မှာအထပ်ထပ်ဖြစ်
တည်လာတော့ ဟယ်ရီနှင့်သားကိုပင် တစ်လှည့်
ဆီနမ်းမိသည်က တယုတယလည်းဆန်​၏။
"တစ်ဖက်ကမ်းရွာ..ရွာနာမည်ကလည်းအဆန်းပဲ"
"ဒီရွာက နည်းနည်းတော့ အစွန်အဖျားကျပေမဲ့ ပတ်ဝန်းကျင်က အခြားကမ္ဘာလိုပဲတဲ့။ဒါကြောင့်
ရွာနာမည်ကို တစ်ဖက်ကမ်းရွာလို့ ပေးထားတာ ဟန်နီရဲ့"
ဟယ်ရီက သားကို ပေါင်ပေါ်တင်ထားပြီးပိုင့်ကို
လည်း စောင်းငဲ့ကြည့်နေသည်။တစ်ဖက်ကမ်းရွာ
​၏ရွာအဝင်လမ်းကို စစဝင်တော့ ပိုင်သည် ကားကိုလည်း ဂရုစိုက်မောင်းနေရသည်။ကွန်ကရစ်ခင်းထားသောလမ်းလည်းမဟုတ်ပေ။ရွာအဝင်အား
စဝင်လိုက်ကတည်းက မြေနီနီများက စီးကြိုနေ
သည်။
"ဒက်ဒက် ဟိုမှာတောင်တောင်တွေ"
"အဲ့တာ ဆိတ်လေးတွေလေ။ဟော ဟိုနားမှာ
နွားလေးတွေ..တွေ့လား"
လမ်းတစ်လျှောက်လုံး၌ လယ်ကွင်းများက
ဘေးနံနှစ်ဖက်စလုံး ပြည့်ရဲ့။သားက နွားလေး
တွေ၊ဆိတ်လေးတွေကိုလည်း တွေ့တော့ မျက်ဝန်းတွေမှာ တအံ့တဩလေးရယ်။ရွာအဝင်လမ်းကို စဝင်ပြီဆိုကတည်းက စိတ်မှာ ထူးထူးဆန်းဆန်း
လည်းဖြစ်လာ​၏။ဒါဟာ မှော်ဆန်ဆန်အခြား
ကမ္ဘာငယ်ကို ရောက်လာသလိုမျိုးပါ။
"ပိုင် ဒီနေရာက တကယ့်ကိုအခြားကမ္ဘာလိုပဲ"
"ဘိုးဘိုးဝယ်ထားတဲ့ခြံကိုသာ ရောက်ရင်
ဟန်နီတို့ပိုပြီးသဘောကျသွားကြလိမ့်မယ်"
"ငါတို့အသက်တွေကြီးရင် ဒီလိုအေးအေး
ချမ်းချမ်းရှိတဲ့ နေရာမျိုးမှာပဲ ပိုင်နဲ့အတူတူ
နေချင်တယ်"
"ဟန်နီနေထိုင်ချင်တဲ့ပုံစံအတိုင်း ကိုယ်က
ဖြည့်ဆည်းပေးမှာပေါ့။ဟန်နီဘယ်ကိုပဲ
သွားသွား ကိုယ်ကမင်းအတွက်မေတ္တာ
တွေနဲ့အတူတူ ထပ်ချပ်မခွာလိုက်လာနေမှာ"
"ပိုင်..မင်းက အတတ်ကောင်"
အခြားကမ္ဘာလိုပဲလို့ ဟယ်ရီပြောတော့ ပိုင်လည်း
ထောက်ခံချင်သည်။စိမ်းစိမ်းစိုစိုတောင်တွေဟာ
တစ်ဖက်ကမ်းရွာငယ်အား ပတ်လည်ဝိုင်းနေပြီး
မြေပြင်များက တပြေးညီလည်းမဟုတ်ပေ။
တောင်ကုန်းတွေပေါ်၌တည်ရှိနေသော အိမ်ငယ် များကမူ မှော်ဆန်ဆန်တည်ဆောက်ထားသလိုမျိုးနှယ်။
မြက်ခင်းပြင် စိမ်းနုနုများနှင့်သစ်ပင်ပန်းမန်များ
ဟာ အရောင်အသွေးလည်း စုံရဲ့။ရွာလယ်ကို
ရောက်တော့ တောင်ကျရေတံခွန်သံသည် နီးနီး
ကပ်ကပ်ရှိလှ​၏။လှမ်းမြင်နေရသည့် စမ်းချောင်
ကမူ ငြိမ့်ငြိမ့်ညောင်းညောင်း အေးမြစွာစီးဆင်း
နေမြဲဖြစ်သည်။သားသည် အရာရာကိုတအံ့တဩလေးဖြစ်နေကာ မျက်ဝန်းများသည် စူးစူးစမ်းစမ်းလေးလည်း လိုက်လေ့လာနေသည်။
"ဒေစီတွေ..ပိုင် ဒီမှာဒေစီပန်းတွေ"
"ဖေနယ် မြန်မြန်ရာ..ဒီမှာ လှလှပန်းတွေအားကြီး"
ခြံထဲသို့ရောက်တော့ ကားပေါ်မှ ပြေးဆင်းသွား
သည့် ဟယ်ရီနှင့်သားသည် ပိုင့်ကိုလည်း လှမ်းခေါ် လာကြတော့သည်။တည်တည်တံ့တံ့နေတတ်သောဟန်နီကမူ သားကဲ့သို့ ခုန်ပေါက်မတက်ပျော်နေပုံရသည်။
"တွေ့လား ကိုယ်ပြောသားပဲ။ခြံရဲ့ အနောက်ဘက် မှာ အသီးပင်တွေရှိသေးတယ်။ပြီးတော့ ဘေးဘက် ခြမ်းမှာဆို ကိုယ်တို့ ပျော်ပွဲစားထွက်သလိုမျိုး အခင်းလေးခင်းပြီး နေလို့ရတယ်။ရေတံခွန်နဲ့ဆို တန်းနေတာပဲ"
"ပိုင် ဟိုအပင်က..တည်သီးပင်တွေထင်တယ်နော်။
မြို့ပေါ်မှာလိုမျိုး ကားသံတွေလည်းမကြားရဘူး
တိတ်ဆိတ်နေတာပဲ"
မျက်လွှာအား မှိတ်ကျလိုက်ရင်း ဟယ်ရီသည်
လေကိုရှူရှိုက်နေတော့ သားကပင် ဟယ်ရီ့ကဲ့သို့
လိုက်လုပ်တော့သည်။ပိုင့်မှာတော့ဖြင့် သူ​၏အဖိုးတန်ရတနာဟု မှတ်ယူထားရသော သူတို့နှစ်ယောက် ကိုပင် ငေးကြည့်နေဆဲ။ထိုစဉ် မျက်ရည်တစ်ပေါက် ချင်းစီသည် ပါးပြင်ထံသို့ လှိမ့်စင်းပြေးလာနေ​၏။
ကြည်နူးမှုနဲ့အကြင်နာ၊မေတ္တာနဲ့ပီတိတွေကို
ပေါင်းစက်မိတော့မှဖြစ်တည်လာခဲ့တဲ့ တန်ဖိုးရှိလှတဲ့ သူ့မျက်ရည်စက်တွေ။
"တစ်..နှစ်.."
မျက်လွှာတွေကို မှိတ်ချပစ်ရင်း နံပါတ်စဉ်ကို
ရေရွတ်ရတော့ ပါးပေါ်ရောက်လာတာတဲ့ ခပ်နွေးနွေးအထိအတွေ့ဟာ ညင်သာလှ​၏။
ပိုင့်မျက်ရည်စက်များအား သုတ်ပေးလာသော
ဟယ်ရီ့​၏ရှည်သွယ်သည့် လက်ချောင်းကလေးတွေ။
"ဒီတစ်ခါ ငါမင်းကို ချန်မထားခဲ့တော့ဘူးလေ။
ရဲရဲတင်းတင်း နံပါတ်စဉ်တွေကို မင်းရေရွတ်လို့
ရတယ်"
"မင်းက ကိုယ့်စိတ်ကိုများ ဖတ်တတ်သလား
ဟန်နီ။ကိုယ်ခံစားရတာတွေနဲ့ ပတ်သက်ရင်
မင်းက မင်းရဲ့နာကျင်မှုတွေကိုတောင် မေ့ကုန်
သလား"
"ဒါ ငါပိုင့်ကိုချစ်တာ။ပိုင်က ဘယ်လိုမျိုးပဲဖြစ်ဖြစ် ငါပိုင့်ကိုအမြဲတမ်းချစ်နေမှာ။ဒါက မပြောင်းလဲ
ခြင်းကိန်းသေတွေလိုမျိုးပေါ့"
ကြင်ကြင်နာနာ မင်းလက်ချောင်းတွေကို
အမြတ်တနိုးလည်း အနမ်းပေးမိလို့ပေးမိ။
ခပ်လွင်လွင် ဆေးရောင်ဆိုးဆံသားတွေက
တောင်လေပြည်အေးတွေ ဝေ့ဝဲတိုးတိုက်လာတော့ လေမှာတလွင့်လွင့်လည်း ဖြစ်လာတဲ့ မင်းရဲ့ဆံသားတွေ။
ယုယုယယ မင်းဆံသားတွေကို ဖိထားပေးဖြစ်
တော့ သာသာယာယာ ရင်ဖိုလှိုက်မောစရာ ရယ်သံလေးက မင်းဆီကနေလာနေမြဲလည်းဖြစ်ခဲ့။
"သားကိုကြည့်ပါဦး..ငါတို့ရဲ့ ကလေးလေးက
ဘယ်လောက်တောင်မှ ချစ်ဖို့ကောင်းလိုက်လဲ"
"ကိုယ်မင်းကိုအားနာလိုက်တာ"
ဟယ်ရီက ခုံမှာထိုင်ရင်း ပန်းခင်းနားက သားကို
ကြည့်နေသည်က မျက်ဝန်းတွေလည်းအသက်ဝင်​၏။သားက ပန်းခူးရင်း နားကြားထဲထိုးပန်နေတော့ ဟယ်ရီ့ရယ်သံများသည် နာနာကျင်ကျင်မဟုတ်
စွာ သဘောတကျ ဖြစ်တည်နေမြဲဖြစ်​၏။
ကိုယ်က မင်းမျက်နှာကိုငေးကြည့်ရင်း အားနာကြောင်းပြောတော့လှည့်ကြည့်လာတဲ့ ဟယ်ရီ့
မျက်ဝန်းတွေဟာ နာနာကျင်ကျင်လေးများဖြစ်
လာသလား။ဟင့်အင်း မင်းထပ်ပြီး နာကျင်လို့
မဖြစ်ဘူး။ကိုယ့်ရင်ထဲမှာ အပူတပြင်းရေရွတ်
အော်ဟစ်ပစ်ရတော့တယ်။
"ကိုယ်တောင်းပန်ပါတယ်..မနာကျင်ပါနဲ့"
"ငါ ပိုင့်ကိုဘာပြောထားလဲ။ငါ မသိအောင်
ပိုင် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အားလုံးမေ့ထား
ပေးမယ်။မသိသလိုနေပေးမယ်လို့ ပြောခဲ့
တယ်လေ။ဘာလဲ ပိုင်က ငါ့စကားကိုနားမထောင်
ချင်တာလား"
"အတိတ်တွေနဲ့ ပတ်သက်လာရင် ပိုင့်ကို
ခွင့်မလွှတ်ပေးဘူးဆိုတာမှန်တယ်။
ဒါပေမဲ့ ငါ့ဘက်က အားလုံးမေ့ထားပေးမယ်
ပြောနေခဲ့တာတောင် ပိုင်ကဘာလို့မေ့မထား
နိုင်ရတာလဲ"
ဟယ်ရီက နာနာကျင်ကျင် အော်ပြောလာတော့
မျက်ရည်တွေလည်း ကျ​၏။အတိတ်တွေက
နှစ်ယောက်စလုံးအတွက် နာကျင်ရမှန်းသိလို့၊
ပိုင့်အတွက် နာကျင်ရတာတွေလည်း သက်သာ
အောင်၊ပိုင့်စိတ်လေးလည်း ကျန်းမာအောင်
ဒီလောက်ထိ ပြောထားခဲ့တာတောင် ပိုင်က
အမြဲတမ်း အားနာစိတ်တွေဖြစ်တည်နေတော့
မခံစားနိုင်တဲ့ ဒီလူကရော မှားပါသလား။
"မငိုနဲ့ ပိုင်..မင်းငိုနေရင် ငါ့ကိုပိုပြီးရင်နာ
စေတယ်။မငိုနဲ့"
"တောင်းပန်ပါတယ် ကိုယ်မငိုတော့ဘူး
ဟန်နီ..ကိုယ်မငိုတော့ပါဘူး"
"လာ ဖက်ထားပေးမယ်။
နောက်ဆို ဘယ်တော့မှ ဒီလိုမဖြစ်စေနဲ့။
ဒါမှမဟုတ် ပိုင့်စိတ်ထဲမှာ မလုံမလဲဖြစ်နေတယ်
လို့ခံစားရရင် ငါ့ကိုဒီနေ့အကုန်လုံး ဖွင့်ပြော
ပြ။ဘာပဲဖြစ်ဖြစ် ငါပိုင့်ကိုနားလည်နိုင်တယ်"
"ကိုယ်ဖွင့်ပြောပြလိုက်ရင် ကိုယ့်ကို
မင်းစိတ်နာသွားမှာ ကြောက်တယ်"
ရေတံခွန်က ရေကျသံတွေနဲ့ပတ်ဝန်းကျင်က
စိမ်းစိမ်းစိုစိုဖြစ်တော့ ခြံထဲက ပန်းပင်တွေ
ကလည်း ကဗျာဆန်ဆန်။ပိုင်ကတော့ ဒီရသကို
မခံစားနိုင်သေးဘဲ စိုးထိတ်နေတာလည်းဖြစ်ရဲ့။
မင်းက နာနာကျင်ကျင်လေးဖြစ်တိုင်း..ငါကရော
လို့ ကိုယ့်စိတ်ကိုယ်လည်း ပြန်မမေးမိတဲ့အထိ
ပိုင့်ကို ချစ်တာမှာ မြတ်နိုးမှုတွေဟာ တစ်သီတစ်တန်းပါ။
သားက ပိုင်တို့ငိုနေတော့လက်ထဲမှာ ပန်းခတ်လေးကို ကိုင်ရင်းပြေးလာသည်က လုံးလုံးကလေးရယ်။
"ဖေနယ် ငိုနဲ့လေ..တိတ်ပါ။
ဒက်ဒက်ရဲ ငိုနဲ့နော် တောက်တောက်ရှိတယ်"
သားက မျက်နှာလေးညှိုးကျတော့ ပိုင့်မှာသည်း
သည်းလှုပ် သားကိုလည်း ဖက်မိတာဖြစ်သည်။
သားက မျက်ရည်လေးလည်း ဝဲရင်း၊မျက်တောင် တွေကိုလည်း ပုတ်ခတ်နေရှာတာ သူငိုမိမှာ စိုးလို့
ထင်သည်။
ပိုင့်ပေါင်ပေါ်၌ထိုင်လိုက်ရင်း ပိုင့်ရင်ခွင်မှာ
ကပ်ခိုမှီနေရှာတဲ့သားက ပိုင်မျက်နှာမကောင်း
နေရင် သူ့မှာဝမ်းပန်းတနည်းလည်းဖြစ်ရရှာ​၏။
ဟယ်ရီက ပိုင့်ခေါင်းကို ပုတ်ပေးလာရင်း မျက်ရိုး
ဆက်နားရှိအမာရွတ်ထံ ဖိကပ်နမ်းတော့ ပိုင်သည်
ပြုံ​၏။
"ပိုင်ပျော်ပျော်နေပါ။မင်းငိုရင် ငါရင်တွေ
နာလာတယ်ပိုင်ရယ်..မင်းကို ရယ်ပြုံးနေတာ
မျိုးနဲ့ပဲမြင်တွေ့ချင်တယ်"
"ဒက်ဒက်ကြောရာ မှန်ရယ်ဖေနယ်။
ဖေနယ်ငိုရင် တောက်တောက်အားကြီး
စိတ်ကောင်းဘူး"
ထွေးဖက်မှုတွေမှာ ကြင်နာမှုတို့က အထပ်ထပ်
အခါခါ။သားက ပန်းခတ်လေးထဲက ပန်းတစ်ပွင့်
ကိုယူရင်း ဟယ်ရီ့နားကြားရှိဆံသားတွေထဲ
ထိုးပန်ပေးလာတာ လက်ဖောင်းဖောင်းလေး
တွေနဲ့။ခဲခရမ်းဖောက်ရောင် ဆံသားတွေဟာ
အဖြူအဝါရောစပ်ထားတဲ့ ပွင့်ချပ်တို့နှင့်ပနံသင့်​
နေပုံများ..ပိုင့်မှာ ငေးမောကြည့်ရတော့​၏။
"ဖေနယ့် ဟီရယ်ရေးက အားကြီးလှ။
​ဒက်ဒက် ပန်းပန်းပန်ထားနော်"
"Daddyသားလေး သဘောဗျာ"
"ဟန်နီ"
"အင်း ပြောလေ..ပိုင်ကြိုက်တာကိုပြောနိုင်ပါတယ်"
"ကိုယ်မင်းကို မြတ်နိုးတယ်"
ပိုင့်မျက်ဝန်းတွေထဲ ဖြတ်ပြေးသွားတဲ့အကြင်အနာတွေကိုလည်း ဖမ်းဆုပ်မိတော့..ပိုင် မင်းကပြုံးရွှင်
ရွှင်လေးနဲ့လေ။သားကိုချီရင်း ခြံဘေးကိုသွားတော့ ရေတံခွန်ကဖမ်းကိုင်နိုင်တဲ့ လက်တစ်ကမ်းအလို
မှာလိုမျိုး မှော်အတတ်များ ဆန်နေသလား။
မြက်ခင်းစိမ်းတွေပေါ် အဖြူရောင်အခင်းကို
ဖြန့်ခင်းဖြစ်ကြတော့ သားရယ်၊မင်းရယ်က
ရယ်သံလေးတွေလည်းထွက်ရဲ့။အလေ့ကျ
ပေါက်တတ်တဲ့ ပန်းငယ်တွေက မြက်ခင်းတွေ
ကြားထဲမှာ ဟိုတစ်စု၊ဒီတစ်စုလည်း ပေါက်နေကြသည်​။
"အခင်းခင်းပြီးရင် မုန့်ခြင်းထဲက မုန့်တွေထုတ်ရအောင်"
ယူလာသည့် ကြိမ်ခြင်းကိုပင် အခင်းပေါ်ချပြီး
နောက်တော့ ဟယ်ရီတို့လည်းဖိနပ်ချွတ်ကာ
အခင်းပေါ်ဝင်ထိုင်ဖြစ်သည်။သားက ပက်လက်
ကလေးလှဲချရင်း နေရောင်မစူးလှသည့် အပြာနုနုကောင်းကင်ပြင်ကိုလည်း ကြည့်နေသည်။
တိမ်သားဖြူဖြူတွေဟာ ရွေ့လျားနေတော့
သားကလက်ညှိုးလေးထိုးရင်း လိုက်ဖမ်းနေသေးသည်။
"ပိုင် အိမ်ထဲမှာဖန်ခွက်ရှိလား"
"ရှိမယ်ထင်တယ်..အအေးထည့်ဖို့လား ဟယ်ရီ။
ကိုယ်သွားယူလိုက်မယ်လေ"
"အင်း သားသောက်နေကျ ခွက်လေးပါတယ်။
ငါတို့အတွက်ပဲယူခဲ့"
ပိုင်က ကပျာကယာလေးထသွားတော့ ဟယ်ရီ
ကမူခြင်းထဲမှ မုန့်များကိုပင် ဆက်ထုတ်နေတော့
သည်။ပေါင်မုန့်မီးကင်ထားသော အချပ်များကို
ထုတ်တော့ အနံ့သင်းလို့ထင်သည် သားသည်
မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လှည့်ကြည့်လာ
သည်က ပြုံးချိုနေသောမျက်နှာလေးနဲ့ရယ်။
ဆံပင်ကောက်ကောက်လေးတွေကို သပ်တင်လိုက် ရင်း နားကြားထဲမှပန်းပွင့်တို့ကိုလည်း အသေတချာ
ပြန်ပန်နေရှာသည်။
"သား..daddyကို သားလက်ထဲက ပန်းတစ်ပွင့်လောက်ပေးပါလား"
"ယူရေ ဒက်ဒက်။တောက်တောက်ပေးမယ်နော်"
သားက ဒေစီပန်းပွင့်ကို ပေးလာတော့ လှမ်းယူ
လိုက်ရင်း လုပ်မိသည်က လက်စွပ်လေးရယ်။
ဒါဟာ ပိုင့်အတွက်လို့ ရည်စူးမိတော့ နှလုံးသား
မှာ ချစ်ခြင်းမေတ္တာတွေက ခိုင်ခိုင်မာမာဖြစ်တည် လာ​၏။
ဒေစီပန်းလက်စွပ်ကို ရလာတော့ ပိုင်ကလည်း
ဖန်ခွက်တွေယူကာ ပြန်လာနေပြီဖြစ်သည်။
အင်္ကျီအိတ်ကပ်ထဲသို့ ကမန်းကတန်းထည့်လိုက်
ရရင်း မသိမသာပင် ခြင်းထဲမှ ယိုဘူးများကိုသာ ဟယ်ရီက ဆက်ထုတ်နေတော့သည်​။
"ဟန်နီ..အိမ်အနောက်ဘက်မှာ စပျစ်ခြံရှိလို့
အဲ့တာ..တစ်ခိုင်လောက်ခူးလာလိုက်တယ်။
ခြံစောင့်ဦးလေးကြီးက ကြိုက်သလောက်
ခူးစားတဲ့"
ပိုင့်လက်ထဲရှိစိမ်းနုရောင်စပျစ်ခိုင်ကို သားက
တွေ့တော့ စားဖို့ပါးစပ်လေးလည်းတပြင်ပြင်ဖြစ်
နေသည်။ပိုင်သည် စမ်းချောင်းဘက်သို့ဆင်းသွား
ရင်း စပျစ်ခိုင်ကို သွားဆေးတော့ သားကလည်း
လိုက်သွားသည်။
"ပိုင် စပျစ်သီးကိုရေဆေးပြီးရင်လာတော့၊
ရေကိုနောက်မှဆော့လေ..လာ မုန့်စားကြမယ်"
"လာပြီ ဟန်နီရေ"
ပိုင်နဲ့သားက ပြန်ရောက်လာပြီး ဟယ်ရီ့ပေါင်ပေါ်
ကို ခေါင်းအုံးလှဲချကြတော့သည်က အလုအယက်
ပင်။ပိုင်ကမူ စပျစ်သီးကိုဖြုတ်လိုက်ရင်း ဟယ်ရီ့
ကို ခွံ့ကျွေးနေတော့ သားက နှုတ်ခမ်းလေးတစူစူ။
ပိုင့်ပါးကိုနမ်းလာပြီး ချွဲပြတော့ ဒါသူ့ကို စပျစ်သီးကျွေးအောင်လုပ်နေတာ။
"ဟွန်း ဖေနယ့်ကိုခေါ်တော့ဘူး"
"ပိုင် ကလေးကိုမစနဲ့တော့..ကျွေးလိုက်ပါ
သနားပါတယ်"
"အင်းရေ တောက်တောက်သနားပါရယ်"
"ကိုယ့်သားကကိုယ့်လိုပဲ အတတ်ကလေး
တွေ့လားဟန်နီ"
"မင်းတို့သားအဖက ချစ်စရာကြီး"
ကြည်ကြည်နူးနူး မင်းရယ်သံလေးကိုကြားတော့
ကိုယ့်ရင့်မှာ အားနာစိတ်က အလုံးလိုက်၊အရင်း
လိုက်။ကိုယ့်မျက်နှာမကောင်းတော့ မင်းများ
သိပြန်သလား။ငုံ့နမ်းလာတဲ့ ဟန်နီ့ရဲ့အကြင်နာ
တွေဟာ စစ်မှန်နေခဲ့တယ်။ဟယ်ရီက သက်ပြင်း
ချရင်း ပိုင့်ကိုလည်း ငေးကြည့်နေသည်။
ပိုင့်ဘက်က မျိုသိပ်မထားနိုင်တော့သည့်အဆုံး
တော့ ပျာပျာယာယာထရရင်း ဟယ်ရီ့အရှေ့၌
ဒူးထောက်ချမိတော့သည်။သားက ကြောင်ကြောင် ငေးငေးလေးနဲ့ပိုင့်ကိုတစ်လှည့်၊ဟယ်ရီ့ကို
တစ်လှည့်ကြည့်ရှာတာဟာ အသံတိတ်လေးနဲ့
လည်း အလိုက်သိ​ရှာ၏။
"ဘာလဲ ပြောပြတော့မလို့လားပိုင်"
ဟယ်ရီက သက်ပြင်းတချချ။
ပိုင့်ဘက်က ဖွင့်ချရမှ နေသာမယ်ဆိုလည်း
မတားရက်ပါလေ။ပိုင့်အပြောကို စောင့်ဆိုင်းရရင်း ပိုင့်ကို မမှိတ်မသုန်စိုက်ကြည့်ပစ်တော့ ပိုင့်မျက်ဝန်းတွေက စိုးထိတ်နေမှန်းလည်းသိရဲ့။
"ကိုယ်..ကိုယ်တောင်းပန်ပါတယ်။
အတ္တကြီးခဲ့မိလို့ ကိုယ်တောင်းပန်ပါတယ်
ဟယ်ရီ"
"ဘာအတွက်လဲ"
"ကိုယ်မင်းအပေါ်  ဒီကိစ္စကိုထိမ်ချန်ထားပစ်ဖို့
အထိ မလုပ်နိုင်ဘူးထင်တယ် ဟယ်ရီ။
ကိုယ်ဘယ်လိုမှ မင်းအပေါ် စိတ်သန့်သန့်နဲ့
မနေနိုင်တော့လို့ပါ။မင်းကိုယ့်ကို ထားပစ်ခဲ့
လည်းရပါတယ်။စိတ်နာလို့လည်း ရတယ်၊
နာကြည်းခွင့်လည်းရှိပါတယ်"
ပိုင်သည် လက်နှစ်ဖက်ကိုပွတ်နေရင်း ခေါင်းငုံ့
ထားဆဲ။ဟယ်ရီက ခပ်ပြုံးပြုံးဖြစ်နေတာကို
လည်း ပိုင်,မမြင်ရပါ။
ပိုင့်ဘက်က ဖွင့်ချပြလာတော့လည်း ကောင်းပါ
ရဲ့။ဒါတွေနဲ့ပတ်သက်ရင် သည်တစ်ခေါက်စိုးထိတ်
ရမှုတွေကနေ ပိုင့်ကိုလွတ်မြောက်အောင် သူကူညီ
နိုင်တော့မည်ပင်။
"ဆက်ပြောလေ နားထောင်နေတယ်"
"ကိုယ် ကိုယ်မင်းမသိအောင်..မင်းမသိအောင်
ကလေးယူခဲ့တယ် ဟယ်ရီ။ဒါပေမဲ့ သားလေးက..သားလေးက မွေးတဲ့နေ့မှာပဲ ဆုံးတယ်"
သည်စကားတွေကို ဖွင့်ဟရတော့ ပိုင့်မှာနာကျင်
ရ​၏။
မွေးကင်းစ အသက်မဲ့တဲ့ သားရဲ့မျက်နှာ၊
ကိုယ်သေးသေးလေးကို ပြန်မြင်ယောင်တော့
ဟန်နီ..မင်းကိုလည်းမော်ဝံ့လို့ မကြည့်နိုင်တော့။
"ကိုယ့်ကို မင်းဘက်ကကြိုက်သလို
အပြစ်ဒဏ်ခတ်ပါ ဟန်နီ။ကိုယ် ခံယူပါ့မယ်"
အားတင်းကာပြောချပစ်တော့ စကားလုံးတွေ
ဖွင့်ဟမှုက ချောမွတ်မှုတော့ရှိမနေ။ပိုင်က
မျက်လွှာတွေကို မှိတ်ချထားရင်း ဒူးထောက်၊
ခေါင်းငုံ့ထားဆဲ။သားကို ဟယ်ရီကြည့်မိတော့
ဝမ်းနည်းဟန်လေးနဲ့။သားကို ပွေ့ချီရင်း အသံ
တိတ်ချော့မိကာမှ သားကရှိုက်ရှိုက်ငိုတာ အသံ
တိတ်လေးနဲ့ရယ်။
"ပိုင် မျက်လုံးဖွင့်ပြီးငါ့ကိုကြည့်ဦး"
ဟယ်ရီ့လေသံ အေးမြမှုများထံ ဒေါသမရှိတော့
ပိုင်က နားမလည်ဟန် ကြည့်ရှာသည်။
ပြုံးတုံ့တုံ့ မင်းမျက်နှာလေးက အပြစ်ကင်း
လိုက်တာ ဟန်နီ။ကိုယ့်ဘက်က ဖွင့်ဟပြောပြ
တဲ့ကိစ္စကို မင်းများကြိုသိထားသလား။
ကိုယ့်မှာ တဒင်္ဂကတော့ အရာအားလုံးက
ရီဝေဝေ၊မူးနောက်နောက်။တစ်ဆိတ် ဟန်နီက
တကယ်ပဲ....။
"အင်း ပိုင်တွေးနေသလိုပဲ။ဒီကိစ္စကို Paris
မှာနေကတည်းက သိခဲ့ပြီးသား။ပိုင့်ကို လွမ်းလို့၊
စိုးစံကို ပိုင့်အကြောင်းတွေမေးတိုင်း နေကောင်း
တယ်ဆိုတာကလွဲပြီး ရေရေရာရာမသိရတော့
ငါမင်းအကြောင်းတွေ စုံစမ်းတယ်။
ဒါပေမဲ့ မင်းသတင်းက အားလုံးတိတ်ဆိတ်
ဖြစ်နေတော့..နောက်ဆုံး ခမ်းအကူအညီနဲ့ မင်း
အကြောင်းတွေကို ဆက်ပြီးစုံစမ်းရတယ်။
မင်းဂေဟာဖွင့်တဲ့ကိစ္စကစလို့ ဒီကလေးလေး
မင်းဆီရောက်လာတဲ့အထိ ငါသိသင့်သလောက် သိပြီးသား။ဒါကြောင့် ငါမင်းကို ပြောခဲ့တဲ့
စကားတွေကိုပြန်စဉ်းစားကြည့်။အားလုံးက
ပိုင့်စိတ်လေးသက်သာနေဖို့အတွက်တွေပဲလေ"
အံ့အားသင့်နေတဲ့ ပိုင့်အကြည့်တွေက ဒုန်းစိုင်း
ရောက်လာ​၏။သား​၏ကျောပြင်ကိုပွတ်သပ်ကာချော့မြှူနေရရင်း အိတ်ကပ်ထဲမှ အစောပိုင်းက ဒေစီပန်းနှင့်လုပ်ထားသည့် လက်စွပ်ကိုပင်
အေးအေးဆေးဆေး ထုတ်ယူနေတော့ ပိုင့်မှာ
ယောင်နနကလေးနဲ့ရယ်။
"ဟယ်ရီ..ကိုယ့်ကို စိတ်မနာဘူးလား"
"ဒီကိစ္စနဲ့ပတ်သက်ရင် စိတ်လည်းမနာဘူး။
ပိုင့်အပြစ်လို့လည်း မမြင်ဘူး"
"ဒါပေမဲ့ ကိုယ့်အတ္တကြောင့်.."
"ပိုင်..ငါမင်းကို လက်ထပ်မှာ"
စကားဖြတ်ပြောလာတဲ့ ဟယ်ရီက ပိုင့်လက်ကို
လည်း အညင်အသာဆွဲယူလာသည်။
ပိုင့် လက်သူကြွယ်ပေါ်ဝတ်ပေးလာသော
ဒေစီပန်းလက်စွပ်။
"ကလေးကိစ္စမှာ ပိုင့်အတ္တကြောင့်ဆိုရင်
အဲ့တာက ငါ့ကို အဆုံးရှုံးမခံနိုင်လို့ လို့ပဲ
သတ်မှတ်တယ်ပိုင်။ဒီကိစ္စနဲ့ပတ်သက်ရင်
ပိုင့်ကို ငါနားလည်တယ်။ဒါကြောင့် အတိတ်
နဲ့ပတ်သက်လာရင်အားလုံးကို မေ့ထားပေး
မယ်လို့ပြောခဲ့တာပေါ့"
"ပိုင်..မင်းပျော်ရွှင်သင့်ပြီ"
"ဟန်နီ..မင်းတကယ်ပဲ ကိုယ့်ကိုချစ်နိုင်လွန်းတယ်"
"ပိုင်ကလည်း ငါ့ကိုချစ်ပေးတတ်လာတယ်။
ဟုတ်တယ်ဟုတ်..ဒါကြောင့် ပိုင့်စိတ်ထဲ
ချန်မထားချင်တာများ ရှိသေးလား။
အကယ်လို့ ရှိသေးရင်လည်း ဖွင့်ဟပစ်လိုက်
ပါ။ပိုင့်အနားမှာ ငါအမြဲတမ်းရှိနေပေးတော့မှာမို့"
"ဖူးစာများပါရင် ကြုံပါ၊ဆုံပါဆို"တဲ့ သည်စကားဟာ တကယ်တမ်းလည်း ဖြစ်ဖြစ်မြောက်မြောက်
ရှိလာနေသည်ပင်။
"ပိုင် ငါ့ကိုလက်ထပ်ပါ"
"ဟန်နီ..မင်းကိုယ့်ကို သိပ်ချစ်တာပဲလား"
"ပိုင်သိထားတာတွေ..ပိုင်ထင်ထားတာတွေ
ထက်ပိုတယ်။ငါမင်း မြတ်မြတ်နိုးနိုးနဲ့
ချစ်တယ်။ငါပိုင့်ကို အရာရာပုံအောပြီး
ချစ်ပစ်လိုက်တာ။ပိုင့်ကိုချစ်ခဲ့မိတာတွေမှာ
ငါ့အတွက်နောင်တတွေလည်း မရှိဘူး"
"ကိုယ်မင်းကိုလက်ထပ်မယ် ဟန်နီ။
ကိုယ့်အရာရာကို ပုံအောပြီး ဟန်နီ့ကို
လည်း ချစ်ခွင့်ပြုပါ"
မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့
အဆုံးသတ်မှာ နွေးထွေးမှုရှိတဲ့ ချစ်ခြင်းမေတ္တာ
တွေကို မင်းပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ် ဟန်နီ။
"တောက်တောက်ဘာမှမြင်ရဘူးနော်..
မွမွတွေအားကြီးပေးကြရော့"
ရင်မှာဖြစ်တည်လာတဲ့ အကြင်နာစာလိပ်တွေ
ဟာ ကြင်ကြင်နာနာ အနမ်းတွေဖြစ်တော့ လိုလို
ချင်ချင်ပေးယူမိကြတာမှာ သား​၏မျက်လုံးကို
လည်း ဖုံးကွယ်ထားဖို့ မမေ့လျော့ခဲ့ပါ။
"ပိုင်..ငါတို့ရဲ့ နာကျင်ရမှုတွေက ဒီလောက်ပဲ။
ဒီအချိန်ကစပြီး ငါတို့အတိတ်တွေနဲ့ပတ်သက်
လာရင် ပြန်ပြီးမတူးဆွပဲနေကြရအောင်။
ပိုင်ရက်စက်ခဲ့တာတွေအတွက် ပိုင့်ကို
ခွင့်မလွှတ်ပေမဲ့..ပိုင့်အတွက်ပဲ ငါအားလုံးကို
မေ့ထားပေးမယ်။ပိုင်..မင်းစိတ်ထဲက အနာတရ
တွေအားလုံး သက်သာသွားရင်သိပ်ကောင်းမယ်"
"အဆုံးထိ ဟယ်ရီခွင့်မလွှတ်နိုင်ဘူးဆိုတာ
ဖြစ်သင့်ပါတယ်။ကိုယ်က မင်းနှလုံးသားကို
ရက်ရက်စက်စက်ပြုခဲ့မိတာပဲ။
ဒါပေမဲ့ ဟန်နီ..မင်းနဲ့ကိုယ်မှာ မင်းကချစ်ပေးတတ်
ခဲ့ဆုံးပဲ။ဟယ်ရီမြတ်သာရဲ့ချစ်ခြင်းတွေက တကယ့်ကိုမှ အဖိုးထိုက်တန်ပါတယ်။
တစ်ခါတလေ ကိုယ့်နဲ့ရောထိုက်တန်ပါ့မလားလို့တွေးမိတော့ ဟန်နီ့မေတ္တာတွေနဲ့ ကိုယ့်စိတ်တွေမှာ မွန်းကြပ်မှုတွေ ရှိမလာတော့ဘူး။
ဒီလောက်အထိကို ဟန်နီကကိုယ့်အတွက်ဆို
မေတ္တာတွေပေးနိုင်လွန်းတယ်။ဟန်နီ..ကိုယ်မင်း
ကို မြတ်နိုးလိုက်ရတာ"
တစ်..နှစ်..မင်းထားခဲ့ပြန်ပြီဆိုတာတွေ
အစား တစ်..နှစ်..မင်းချစ်တတ်ခဲ့ပြန်ပါပြီ။
အခါခါ ကျောခိုင်းခဲ့ရမှုတွေရဲ့နောက်
အခါခါ မင်းရင်ခွင်မှာ မှီခိုခွင့်လည်းရရဲ့။
မင်းပြောတဲ့ မေတ္တာနွံတွေထဲ..သတ္တိရှိရှိ
နစ်မြုပ်ပစ်တော့ ဒီချစ်ခြင်းမေတ္တာနွံကြိုး
တွေကနေ ကိုယ်တို့တော့ ရုန်းထွက်လို့မလွတ်
မြောက်ခဲ့။အကြိမ်ကြိမ်ရက်စက်ခံရခြင်းတွေ
ရဲ့နောက်၊ဥပေက္ခာပြု လျစ်လျူရှုခံရပြီးတဲ့
နောက်မှာ ကိုယ်မင်းကို ကြင်ကြင်နာနာလည်း ချစ်ပြပါ့မယ်။
"ပိုင့်ကို ချစ်တယ်။ငါ့လူဆိုးကောင်..
ငါမင်းကို အများကြီးမြတ်နိုးမိခဲ့ပြီ"
"ဟန်နီ မင်းက..မင်းကတကယ်ကိုပဲ.."
ဆက်မပြောနိုင်ခဲ့တဲ့အဆုံး ကိုယ်ငိုမိတော့
သားက လက်သေးသေးလေးတွေနဲ့ သုတ်ပေး
ရှာတာ အခါခါ။ဟန်နီ မင်းကပွေ့ဖက် နှစ်သိမ့်
ပေးဖို့လည်း မမေ့မလျော့။မင်းက ကိုယ့်ကို
မြတ်နိုးမိပါတယ်လို့ ဖွင့်ဟတိုင်း ရှတတ
မင်းစကားသံတွေက နူးနူးညံ့ညံ့လေးမဟုတ်
ခဲ့ရင်တောင်မှ နွေးနွေးထွေးထွေးဆိုတာမျိုး
တွေထက်ပိုခဲ့တာလည်း အခေါက်ခေါက်အခါခါ
ပါ။ဒါကို လုံလောက်ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာ
လို့ ကိုယ်ကတော့ မှတ်ယူလိုက်တယ်။
"ဟန်နီ့ကောင်လေး..မင်းက အမြဲတမ်း
အချစ်ခံရဖို့ ထိုက်တန်ပါတယ်။နောက်ဆုံးတော့
ငါ့ရဲ့ပိုင်..မင်းက လမ်းမှန်ပေါ်မှာရောက်နေခဲ့ပြီ"
"ငါမင်းကို ချစ်တယ်။ငါ..ငါ့ရဲ့ မင်းပိုင်စိုးသူ
ကိုချစ်တယ်။ပြီးတော့ ပိုင့်ကို မြတ်နိုးမိသွား
တာလည်း နက်နဲတယ်"
တစ်စ..နှစ်စ....။ဒီလိုနဲ့ မင်းမေတ္တာတွေဟာ အထပ်ထပ်အခါခါ တိုးများလာခဲ့။
Brandyတစ်ခွက်..။
စီးကရက်တစ်လိပ်..။
နောက်တော့ ဘာတွေများ ကျန်ရစ်နေခဲ့ဦးမလဲ။
ငါတစ်ခါပြန် ပြန်စဉ်းစားရတော့တယ်။
ဪ..မင်းကို မြတ်နိုးမိတဲ့ ချစ်ခြင်းမေတ္တာတွေ
ပဲပေါ့..ဟုတ်ရဲ့လား။
"ဟန်နီ.."
"အင်း"
"အစ်ကိုဟယ်ရီ"
"အင်း ပိုင်"
"အစ်ကိုဟယ်ရီ့ကို ချစ်တယ်"
တစ်ချိန်တစ်ခါ အတိတ်တွေတုန်းကတော့
ချစ်ခြင်းမေတ္တာဆိုတာ မေ့လျော့ခံရတဲ့
ပစ်ပယ်ချက်တွေနဲ့ အထီးကျန်ဆန်ဆန်
မင်းက အလူးအလဲရင်စီးခံတယ် ဟယ်ရီ။
ဒါတွေဟာ ကြာကြာရှည်ရှည် အလှည့်
အပြောင်း အချိုးအကွေ့တွေလည်း ဖြစ်ပေမဲ့
နာကျင်မှုအပိုင်းအစတွေလည်း ဖြစ်ခဲ့တာ
မှန်ရဲ့။နာနာကျင်ကျင် ရေရွတ်တော့
မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ
​သေရာပါ အမာရွတ်လိုမျိုးပဲ ကိုယ်မင်းကို
ပေးခဲ့မိတာ ရက်ရက်စက်စက်ပါ။
နွေးနွေးထွေးထွေး ဒီမေတ္တာကိုရည်ညွှန်းပြတော့
အမည်နာမဟာ ဟယ်ရီမြတ်သာ ပေါ့။
​"ဟန်နီ မင်းကမေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာ
တွေထဲ လက်ပစ်ကူးခပ်တော့..ပန်းဝင်တဲ့အခါ
နွေးထွေးပေးခံရတဲ့ ချစ်ခြင်းမေတ္တာတွေကို
​ဆုလာဘ်အဖြစ် မင်းရဖို့ထိုက်တန်ပါတယ်"
"ပိုင်..ငါ့လူဆိုးကောင် ငါမင်းကိုပိုချစ်မိသွားပြန်ပြီ"
________A Forgotten Love________
                          -ပြီးပါပြီ-
////////////////////////////////////////
Note-နောက်ဆုံးတော့ ပြီးသွားပြီ။
ဘာပြောရမယ်မှန်းမသိတော့ Extraကိစ္စ
အရင်ပြောမယ်နော်။AFLအတွက် Extraမရှိ
ပါဘူး။AFLကိုရေးရတာ ပင်ပန်းပေမဲ့၊ကိုယ့်စိတ်
တိုင်းကျ အံဝင်ခွင်ကျတော့မဟုတ်ခဲ့ပေမဲ့ အားရမှု
ရှိပါတယ်။
ဘာပြောရမှန်းမသိတော့လို့ ဒါပါပဲနော်။
အဆုံးထိလိုက်ပေးကြတဲ့ ကျုပ်ရဲ့စာဖတ်သူ
တွေကိုကျေးဇူးတင်ပါတယ်။AFLကို သတိတရရှိပေးရင်ပဲ ကျေနပ်ပါပြီ။
#AFL
22.7.2021(Thursday)
-လီလီဟန်-
Zawgyi
"ဟန်နီ့ကောင်လေး"
"ဗျာ့.."
"ဖေနယ်"
"အဲ့တာ ဆိတ်လေးတွေလေ။ဟော ဟိုနားမှာ
နွားလေးတွေ..တွေ့လား"
နေချင်တယ်"
ဖြည့်ဆည်းပေးမှာပေါ့။ဟန်နီဘယ်ကိုပဲ
"ပိုင်..မင်းက အတတ်ကောင်"
ရဘူးတိတ်ဆိတ်နေတာပဲ"
"တစ်..နှစ်.."
မေ့ကုန်သလား"
ချင်တာလား"
နိုင်ရတာလဲ"
မျက်ရည်တွေလည်း ကျ​၏။အတိတ်တွေက
စေတယ်။မငိုနဲ့"
"လာ ဖက်ထားပေးမယ်။
တွေကလည်း ကဗျာဆန်ဆန်။ပိုင်ကတော့ ဒီရသကို
"ဖေနယ် ငိုနဲ့လေ..တိတ်ပါ။
ပြုံ​၏။
"ပိုင်ပျော်ပျော်နေပါ။မင်းငိုရင် ငါရင်တွေ
စိတ်ကောင်းဘူး"
မောကြည့်ရတော့​၏။
"Daddyသားလေး သဘောဗျာ"
"ဟန်နီ"
တယ်"
ငါတို့အတွက်ပဲယူခဲ့"
ပြန်ပန်နေရှာသည်။
"ယူရေ ဒက်ဒက်။တောက်တောက်ပေးမယ်
နော်"
ခူးစားတဲ့"
"လာပြီ ဟန်နီရေ"
သနားပါတယ်"
တွေ့လားဟန်နီ"
ဟယ်ရီက သက်ပြင်းတချချ။
သိရဲ့။
ဟယ်ရီ"
"ဘာအတွက်လဲ"
လည်းရပါတယ်။စိတ်နာလို့လည်း ရတယ်၊
လည်း ပိုင်,မမြင်ရပါ။
ရ​၏။
မကြည့်နိုင်တော့။
အပြစ်ဒဏ်ခတ်ပါ ဟန်နီ။ကိုယ် ခံယူပါ့မယ်"
ရီဝေဝေ၊မူးနောက်နောက်။တစ်ဆိတ် ဟန်နီက
တကယ်ပဲ....။
ဒေစီပန်းလက်စွပ်။
သတ်မှတ်တယ်ပိုင်။ဒီကိစ္စနဲ့ပတ်သက်ရင်
"ပိုင် ငါ့ကိုလက်ထပ်ပါ"
လည်း ချစ်ခွင့်ပြုပါ"
ဟန်နီ။
ကို မြတ်နိုးလိုက်ရတာ"
"ပိုင့်ကို ချစ်တယ်။ငါ့လူဆိုးကောင်..
တယ်။
တာလည်း နက်နဲတယ်"
Brandyတစ်ခွက်..။
စီးကရက်တစ်လိပ်..။
"ဟန်နီ.."
"အင်း"
"အစ်ကိုဟယ်ရီ"
"အင်း ပိုင်"
ပြီ"
________A Forgotten Love________
                          -ပြီးပါပြီ-
////////////////////////////////////////
အရင်ပြောမယ်နော်။AFLအတွက် Extraမရှိ
ရှိပါတယ်။
#AFL
22.7.2021(Thursday)
-လီလီဟန်-
Czytaj Dalej
To Też Polubisz
417K 15.9K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
342K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...