Love of an idoit အရူးတစ်ယောက...

By Bai_lianhua

637K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း၂၀

10.4K 674 69
By Bai_lianhua

Unicode

ရှောင်ဟန်က သူကျောင်းပထမဉီးဆုံးတက်တဲ့နေ့မှာပဲ ကျောင်းဆင်း ဘဲ(လ်)တီးမည့်အချိန်ကိုမျှော်နေမိတော့သည်။ စာသင်သည်က သူ့အတွက်ပြဿနာ မဟုတ်ခဲ့ပေမဲ့ ယခုက စဖွင့်ရက်ဖြစ်ပြီး ဆရာ မဝင်၍ ဘေးနားက လော့မင်ရဲ့ ပေါက်ပေါက်ဖောက်ခြင်းကို ခံနေရသောကြောင့်ဖြစ်သည်။ အစကတော့ သေသေချာချာလေးနားထောင်ပေးခဲ့ပေမဲ့ လော့မင်ပြောနေသည့် စကားများက တဖြည်းဖြည်း တောင်စဉ်ရေမရတွေပါ ရောပါလာသည့် အတွက် ကျင့်သားမရသေးတဲ့ ရှောင်ဟန် အတွက်ကတော့ နားမလည်ပေမဲ့ ခေါင်းကလေးတငြိမ့်ငြိမ့် ဖြင့်သာ နားထောင်ဟန်ဆောင်နေရတော့သည်။

လော့မင်သည် သူ့ကိုယ်သူ ချီးကျူးသည့်ပုံစံဖြင့် မျက်လုံးများက ရွှန်းလာခဲ့ရင် ရှောင်ဟန်က အသိအမှတ်ပြုသည့်အနေဖြင့်"ဝိုး" ဆိုပြီး သံယောင်ကလေးလိုက်ပေးလိုက်ပြီး နောက်ထပ် လော့မင်က
သူ့ကို နားလည်ရဲ့လားဟု မေးသည့်ပုံစံဖြင့်သာ ကြည့်လာပါက ရှောင်ဟန်က "သြော်"ဆိုပြီးခဏ စဉ်းစားဟန်ပြလိုက်ပြီး ပြီးမှ နားလည်သွားသည့်ပုံစံဖြင့်"အော်"ဆိုပြီး ပြန်ဖြေနေရတော့သည်။

တကယ်တော့ ရှောင်ဟန် ရဲ့ မျက်လုံးများက မသိမသာ ကျောင်းဝိုက်ဘုတ်အပေါ်မှာ ကပ်ထားတဲ့နာရီ အဝိုင်းကြီးဆီကိုသာ အကြည့်ရောက်နေမိသည်က ၃ကြိမ်ပင် မကတော့ပေ။ ဒါတောင် သူက အစက ကျိုးယွင်ကို လာမခေါ်ရန် ငြင်းလိုက်မိသေးသည်... တော်သေးတယ်လို့ ဆိုရမည် ကျိုးယွင်က သူ့ရဲ့စကားကို ထူးထူးဆန်ဆန်း ဒီနေ့မှ နားမထောင်ချင်ခဲ့ဘူးလေ။
မဟုတ်ရင် တစ်နေ့လယ်လုံး လော့မင်ရဲ့ ပေါက်ပေါက်ဖောက်တာကို ခံရပြီး ထမင်းတောင် ဆင်းစားရပါ့မလားဆိုတာ သူ့အတွက်က မရေရာချေ။

ရှောင်ဟန်ဟာ ကျောင်းဆင်းရန်သာ စိတ်ရောက်နေသောကြောင့် သူ့ကို ကြည့်နေတဲ့ မျက်လုံးတွေကို သတိမထားမိပေ။ သူသာ သတိထားမိမယ်ဆိုရင် ကျောင်းသား တော်တော်များများနဲ့ မိန်းကလေး အချို့က မသိမသာရော...သိသိသာသာဖြင့်ပါ သူ့ကို အမျိုးမျိုး မှတ်ချက်ပေးပြီး အချင်းချင်း ခေါင်းချင်းဆိုင်ပြီး ဝေဖန်နေကြတာကို ပင်။
အခန်းထဲမှာ အားလုံးက ပိုက်ဆံရှိ ရေလျံတွေ ဖြစ်ကြပြီး ရုပ်ရည်များကလည်း ပြောစရာကို လိုမနေကြသည့် အဆင့်အလွှာများမှဖြစ်ကြပြီး လော့မင် အပါအဝင် အကုန်လုံးက ကြည့်ကောင်းပြီး သူ့နေရာနှင့်သူပြည့်စုံကြသည်။

သို့သော်ပိုပြီး ထူးခြားနေတာက ရှောင်ဟန်ပင် ဖြစ်ချေသည်။ ရှောင်ဟန်က အကုန်လုံးထဲတွင် မတူညီစွာ တစ်မျိုး ထင်းထွက်နေသောကြောင့်သာ ဖြစ်သည်။ သူက ထိုသူများကဲ့သို့ နာမည်ကြီးbrand တွေနဲ့ တောက်ပြောင်နေတာမျိုးမဟုတ်ဘဲ ကျိုးယွင်ရဲ့ ရာသီဉတု ဆင်ခြေကြောင့် အိမ်နေရင်း အနွေးထည် ခပ်ပွပွကြီး တစ်ထည်ကို ပုံပျက်စွာ ဝတ်ဆင်ထားရပေမဲ့ ထိုဖားလျားနိုင်နေမှုကပဲ ရှောင်ဟန်ကို သဘာဝအလှများကဲ့သို့ နဂို ရှိရင်းဆွဲ အလှများကို ပေးစွမ်းနေလေသည်။
အားလုံးက မနာလိုနေတာမျိုး မဟုတ်ဘဲ အားကျတဲ့ ပုံစံမျိုးဖြင့်သာ ကြည့်နေကြတာဖြစ်သည်။လေ ပေါနေပြီး သူ့အာရုံသာသူရနေတဲ့ လော့မင်နဲ့ ရှောင်ဟန်ဘယ်လိုပုံစံ ဖြစ်နေနေ အထင် မကြီးတဲ့ ကျိုးရန်က လွဲ၍ အားလုံးနီးပါးက ထိုအလှအပကို မျက်စိကျနေသည်က တစ်ဝဲလည်လည်။

-----------------

"ဟေ့ကောင်...ငါပြောသားပဲ...ကျောင်းဆင်းမှ လာရအောင်ဆိုပြီး...အခုတော့ ငါထင်ထားတဲ့ အတိုင်းပဲ မင်းပဲ စိတ်တိုနေရတယ်... မင်းရဲ့ ကောကလည်း ဒီလောက်အထိ သိမ်မွေ့ပြီး အပြစ်ကင်းတဲ့ ပုံစံလေးဆိုတော့ မကြွေတဲ့ လူဆိုတာဘယ်ရှိမှာလဲ..."

ကျိုးယွင်သည် လုရှောင်း ပြောနေတာကို အခုချိန်မှာဘာမှ မကြားနိုင်သေးဘူး ဖြစ်နေသည်။ သူရဲ့ မျက်လုံးများက ရှောင်ဟန်ကောကိုသာ သေချာ စူးစိုက်ကြည့်နေခဲ့ပြီး ခဏ အကြာမှာ သူရဲ့ အကြည့် စူးစူးများက ရှောင်ဟန် ရဲ့ ပတ်ဝန်းကျင် တစ်ဝိုက်က လူများအားလုံးနီးပါးထံသို့။ ကောရဲ့ ဘေနားက စကားပြောနေတဲ့ တစ်ယောက်က ကောကို ကြည့်တဲ့ အကြည့်တွေက ရိုးသားနေပေမဲ့ ကျန်တဲ့ လူအများစုက ကောကို သူတစ်ယောက်တည်းကသာကြည့်သင့်သည့် အကြည့်များဖြင့် တစ်ချက်တစ်ချက်ကြည့်ပြီး တီးတိုးတိုင်ပင်နေကြတာ သူမမြင်ချင်တော့မှအဆုံးပင်။

ဒီလို အရွယ်မှာ ဒီလိုအတွေးမျိုးဆိုတာက ပိုက်ဆံရှိ လူကုန်ထံသားသမီးများက ပို၍ပင် အတတ်မြန်ကြသည်က မလွဲနိုင်ပေ။ ဖုန်းသုံးရင်း အရာရာကို စူးစမ်းသိမြင်ကြတဲ့ ယခုလို ခေတ်မျိုးဆိုရင်ဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် မသိသည့်အရာဆိုသည်ကားသိပ်ကိုရှားလှသည်။ ကျိုးယွင် အပါအဝင်ပင် မဟုတ်လား။ သူ့လိုအရွယ်ကတောင် အကုန်သိမှတော့ သူ့ရှေ့က ကောကို ကြည့်နေကြတဲ့ မျက်လုံးတွေရဲ့ အဓိပ္ပါယ်ကို အူတူတူနိုင်သည့်သူများနဲ့ မစပ်စုတတ်ကြသည့် ကြာပန်းဖြူများကသာ မသိကြပေမဲ့ ကျိုးယွင်ကတော့ မြွေ မြွေ ချင်းခြေမြင်သည်ဆိုသည့်အတိုင်းပင် ထိုအကြည့်များကို သူကနားလည်သည်။ ဘယ်သူ့အကြည့်များက ဘယ်လိုဆိုပြီး ခွဲခြားနိုင်တာက ယခုနောက်ပိုင်း သူတတ်ကျွမ်းလာတဲ့ နယ်ပယ်တစ်ခုလိုပင်။

ရှောင်ဟန် ကို ကြည့်နေတဲ့ အကြည့်များထဲမှ တစ်ချို့က ကောရဲ့ လက်ချောင်းရှည်သွယ်သွယ်များ...တစ်ချို့က မျက်ဝန်း ဒါမှမဟုတ် နှုတ်ခမ်း ၊ တစ်ချို့က လည်တိုင် များထံပါးသို့...

မိန်းကလေးအများစုက ရုပ်ရည်ကိုသာကြည့်တတ်ကြပေမဲ့ ယောကျာ်းလေးအချို့ရဲ့ အကြည့်များက
ထိုကဲ့သို့ ဟုတ်မနေပါချေ။ ရှောင်ဟန်ကောကို အဝတ်ခပ်ပွပွကြီး သူဝတ်ပေးလိုက်တာတောင် တဏှာစိတ်မွှန်နေတဲ့ ကောင်တစ်ချို့က ခါးသွယ်သွယ်ကို ရှု့ဒေါင့်အမျိုးမျိုးဖြင့်တောင် အကဲ ခတ်နေသေးသည်။

ကျိုးယွင်သည် စိတ်တို စွာ "တောက် "တစ်ချက်ခေါက်လိုက်ပြီး လုရှောင်းဘက်ကို အချင်းချင်း သိနားလည်ထားသည့် နားလည်ရခက်တဲ့ အပြုံးကိုသာတစ်ချက်ပြုံးပြလိုက်သည်။ သူ့ရှေ့က မြင်ကွင်းကို စူးစိုက်စွာပြန်ကြည့်လိုက်ပြီး မြူးကြွကြွ အသံဖြင့် လုရှောင်းကို ပြောလိုက်သည်။

"လုရှောင်း...မင်းရဲ့ အမြင်အာရုံက သိပ်မဆိုးဘူးလို့ငါထင်တယ်...ကောရဲ့ အနောက် နှစ်ခုံကျော်လောက်က လက်ရှည် အနီအကွက်ဝတ်ထားတဲ့ကောင်နဲ့
ကျိုးရန်ရဲ့ ဘေးက နှစ်ကောင်ကိုမင်းသေခါမြင်ရလား...."

လုရှောင်းက သေချာတစ်ချက်ကြည့်လိုက်ပြီး စကားရှည်ရှည် ဝေးဝေးမပြောဘဲ ခေါင်းသာတစ်ချက် ငြိမ့်ပြလိုက်သည်။

" မင်းလည်းပျင်းနေတယ်လို့ ငါ့ကိုပြောတယ်မှတ်လား...အဲ့ကောင်သုံးကောင်ကို ညနေကျောင်းဆင်းရင် မင်း အပျင်းပြေ ချောင်းရိုက်လို့ရတယ်...တပတ်လောက် ကျောင်း မလာနိုင်တဲ့အထိ ရိုက်လိုက်...
ပြီးတော့ သူတို့မိသားစုရဲ့ကွယ်ဝှက်ထားတဲ့ မကောင်းသတင်းမှန်သမျှကို ဟက်ပြီး အားလုံးသိအောင်လွှင့်ပေး...မကောင်းသတင်းမရှိဘူးဆိုတာ လူကုန်ထံတွေမှာ မဖြစ်နိုင်ဆုံးအရာပဲ မဟုတ်လား...မရှိရင်လည်း ကိစ္စမရှိဘူး...ရှိအောင်လုပ်ပြီးဖြန့်လိုက်...သူတို့မွေးထားတဲ့ မျိုးမစစ်တွေအတွက် ဒီလောက်တော့ သူ့တို့ ပြန်ပေးဆပ်လိုက်ရတာ တန်ပါတယ်..ဘယ်လိုလဲ..မင်း...ကူညီမယ်မဟုတ်လား..."

လုရှောင်းကလည်း ယခုမှ ပျော်စရာ ကလေးများတွေ့မြင်လာရသည့်အမူအရာအပြည့်ဖြင့် မျက်ဝန်းများက အနက်ရောင် တစ်ချက်သိသိသာသာပြောင်းလဲသွားကာ ကြောက်စရာ ကောင်းလောက်သည့် အပြုံးကြီးလုပ်ပြုံးလာပြီး ​သူ့ကို ပြောလာခဲ့သည်။

"OK...ငါလုပ်ပေးမယ်...ငါက မင်းမ​ပြောရင်တောင် လုပ်ပေးရမလားစဉ်းစားနေတာ...မင်းက မင်းမိဘတွေရဲ့ အကြောင်း စုံစမ်းနေတာဆိုတော့ ...အားယားနေတဲ့ငါကပဲ ကူညီပေးရမှာပေါ့...ဒါနဲ့ မင်းကိုယ်တိုင် တစ်ခါလောက် အဲ့ကောင်တွေကို ဆွဲမတီးချင်ဘူးလား...တစ်ခါတစ်လေ သွေးထွက်သံယိုတွေက ပိုအရသာရှိပြီး ကျေနပ်မှု အပြည့်ပေးနိုင်တယ်...လူကို အားရပါးရ ရိုက်နှက်ရတာနဲ့ ဟို ခွေးရူးကို ရိုက်သတ်လို့ရတဲ့ ဖီလင်က မတူဘူးကွ...မစမ်းကြည့်ချင်ဘူးလား...စိတ်ပြေလက်ပြောက်..."

ကျိုးယွင်က စိတ်မဝင်စားစွာ ဖြင့်ခေါင်းတချက်ခါလိုက်ပြီး

"ငါ့ကို မင်းလို စောက်ရူးများမှတ်နေလား...လုရှောင်း မင်းက စကား၅လုံးထက်ပိုပြောမိရင် ခွေးစကားကတော့ မပါမဖြစ်ဘဲ...ပြီးတော့ မင်းရဲ့ အဲ့ အပြုံးကြီးကို ကွယ်ဝှက်ထားစမ်းပါ...ငါကသာ ဘာမဖြစ်တာ ကျန်တဲ့လူတွေက ဘာမှမဖြစ်ဘူးလို့မဆိုလိုဘူး..."

လုရှောင်းသည် သူ့ကိုခနဲ့လာကာ

"ကျားအချင်းချင်း ပြန်ကြောက်ရတဲ့ ထုံးစမ်ရှိလို့လား...ထပ်ပြောရင် ငါကပဲ ခွေးဖြစ်အုံးမယ်...မပြောတော့ဘူး... အချိန်တန်ရင် မင်းလက်ခံလာလိမ့်မယ်...ပြောမရဘူး တစ်နေ့ကျရင် မင်းက ငါ့ထက်တောင် ဆိုးလာနိုင်​သေးတယ်...အဲ့ကျတော့လည်း အဖော်ရသွားတာပေါ့ အခုက နည်းနည်းပြင်းစရာ ကောင်းနေသေးတယ်..."

ကျိုးယွင်က လုရှောင်းကို ဘာမှ ပြန် မပြောတော့ဘဲ
စကားဆက်မပြောရန် လက်ဟန့် ပြလိုက်ပြီး နေ့လယ်ကျောင်းဆင်း အလျှိုလျှိုထွက်လာတဲ့ ကျောင်းသား များစီကိုသာ အာရုံစိုက်လိုက်သည်။ အခန်းထဲက လူကုန်သလောက် နီးပါးရှိသွားမှသာ ရှောင်ဟန်ကောက သူ့ သူငယ်ချင်းအသစ်တစ်ယောက်နဲ့ မျက်မှောင်ကလေးကျုံ့ကာ ထွက်လာလေသည်။

ဘေးက ကောရဲ့ သူငယ်ချင်းအသစ်က ​အရိပ်အခြေ နားမလည်ပုံရသည် ကောကို စကားပြောနေတာက လုံးဝမရပ်တန့်သေးပေ။ ကျိုးယွင်တို့ ဒီကိုရောက်နေတဲ့ အတောအတွင်း ထိုကျောင်းသားက ကောကို ရေပတ်မဝင်အောင် စကားပြောနေတာကို မမြင်ချင်မှအဆုံး။ တစ်ခုကောင်းသည်က ထိုလူက လေပေါသောကြောင့် ကောက ကျန်သည့်အရာများကို သိပ်ပြီးအာရုံ မစိုက်နိုင်​တော့သည့်အတွက်ကြောင့် ဖြစ်သည်။ သို့မှသာ ကောက ကျန်တဲ့ သူများနှင့် အဆက်အဆံ မလုပ်နိုင်ဘဲ သူ့ သူငယ်ချင်းရဲ့ အရေးမပါတဲ့ စကားများတွင်သာ အချိန်ပေးနေရမည်ဖြစ်သည်။ ရှောင်ဟန်ကောက သူငယ်ချင်းရွေးတာ မဆိုးဘူးပဲ...

သူ စိတ်ပူနေရတာကို အနည်းငယ်တော့ ပြေလျော့သွားစေ၍ဖြစ်သည်။ ကောရွေးချယ်တဲ့ သူငယ်ချင်းရဲ့ ပုံစံက ကောထက်ပင် အူတူတူနိုင်လှသည်။ကျိုးယွင်မြင်ရသလောက် ထိုလူရှိနေတာက ကောအတွက်တော့ နည်းနည်းယုံကြည်စိတ်ချ၍ ရသေးသည့် အခြေအနေပင်။ထိုလူ့ကိုကြည့်ရတာ ကောအပေါ် မှာ မရိုးမသား အတွေးမျိုးမရှိနိုင်သည်က ရာနှုန်းပြည့်ပင် စိတ်ချ၍ ရနိုင်သည့် အနေအထားပင် ဖြစ်ချေသည်။

ကျိုးယွင်က သူ့ကိုခပ်လှမ်းလှမ်းကနေ ရှာနေပုံရတဲ့ အူတူတူ လူသားကလေးကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိကာ လက်ကို ဝှေ့ရမ်းလိုက်ပြီး ကောကြားနိုင်လောက်တဲ့ အသံအနေအထားဖြင့် အော်ပြောလိုက်၏။

"ရှောင်ဟန် ကော...ကျွန်တော်က ဒီမှာ..."

ထိုအခါမှ ရှောင်ဟန်ကောသည် သူ့ကို မြင်သွားဟန်ရကာ ကျုတ်ထားတဲ့ မျက်လုံးလေးများက ချက်ချင်းပြေလျော့လာပြီး နူ့ညံ့စွာ ပြုံးရယ်ပြလာခဲ့ သည်က သွားဖြူဖြူကလေးများ စီတန်းပေါ်လာသည် အထိ။
ရှောင်ဟန်ကောရဲ့ မျက်နှာက နေရောင်ခြည် ခပ်ပါးပါးကလေးထင်ဟပ်နေသည့်အတွက်ကြောင့် ပြုံးရယ်ပြလာသည့်အချိန်တွင် နတ်ဘုရားတစ်ပါးအလား နူ့ညံ့ကာ အေးချမ်းမှုများကို အ​ပြည့်အဝပေးဆောင်နေနိုင်သည်။

ကျိုးယွင်ကလည်း ရှောင်ဟန်ကောကို ပြန်ပြုံးပြလိုက်ပြီး ရောက်လာတဲ့ ကောရဲ့ အရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး ကောကိုသာ အကြည့်မလွဲဘဲ ကြည့်နေမိသည်။

ရှောင်ဟန်က ကျိုးယွင်ရဲ့ ခေါင်းကလေးကို အကျင့်အတိုင်း ခပ်ဖွဖွပွတ်ပေးလိုက်ပြီး ဘေးက လုရှောင်းကိုပါ တစ်ချက် ကြည့်လိုက်ကာ

"အဆိုးလေး...ရောက်နေတာ ကြာပြီလား...ရှောင်းယွီ ကိုရော ခေါ်လာခဲ့တာလား...အားနာစရာကြီး"

လုရှောင်းသည် လက်တခါခါနဲ့ လုပ်ပြလာပြီး

"ရှောင်ကောကလည်း မဟုတ်တာ...ကျွန်တော်ကို အားနာ စရာမလိုပါဘူး...အချင်းချင်းတွေပဲကို "

"ကဲဟုတ်ပါပြီ...ဒီတိုင်းကြီးရပ်နေတော့မှာလား...အားယွင်လေး အရင်က ဘယ်မှာ သွားစားတာလဲ..."

ကျိုးယွင်က စကားဟရန်လုပ်ယုံသာ ရှိသေးသည် ပါလေရာလော့မင်က အရင်ဉီးစွာခတ်သွက်သွက် စကားဟလာခဲ့သည်။

"ဘယ်မှာမှ သွားမစားနဲ့တော့ ဒီ ပင်မဆောင်ရဲ့ အရှေ့ဘက်မှာ ငါ့ ဉီးလေးရဲ့ ဆိုင်သစ်ရှိတယ်...ကြိုက်တာ
လည်းမှာစားလို့ရတယ်ဆိုတော့...ဒီနေ့တော့ အဲ့ကို ပဲ သွားရအောင်လား...နေရာကောင်းပြီး...လေကောင်းလေသန့်လည်းရတယ်...ဉီးလေးကိုလည်းမတွေ့ရတာ ကြာပြီဆိုတော့
ငါ အဆင်ပြေကြောင်းပြောချင်လို့...ရှောင်ဟန်...မင်းရတယ်မို့လား...ကလေးတွေက မင်းပြောရင် ရမယ့် ပုံစံလေးတွေပါ...သွားကြရအောင်..."

ကျိုးယွင်နဲ့ လုရှောင်းက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။ သူ့တို့အရှေ့က ကောရဲ့ သူငယ်ချင်းက ကျောင်းသားအသစ်ဖြစ်၍ထင်သည်။ သူတို့ နှစ်ယောက်အကြောင်းကို လည်းမသိသေးပုံရသည်။

ပိုပြီးကောင်းသွားတာပေါ့ ...သူတို့နှစ်ယောက်လုံးရဲ့ အကြောင်းကို ဘာမှမသိတဲ့ လူက ကောရဲ့ သူငယ်ချင်းဖြစ်နေတဲ့အတွက်..
ကျောင်းမှာ ကျိုးယွင်က မည်သူ့ကိုမှ အဖက်မလုပ်ဘဲ ခပ်စိမ်းစိမ်းသာနေပြီး လုရှောင်းက သူနဲ့ထိရင် မီးပွင့်မည့်လူစားမျိုးဖြစ်သည်။ လုရှောင်းက စရောက်ပြီး တစ်ရက်အကြာတွင် ကျောင်းဝမှာ ခွေးရူးကို အညှာအသာမရှိ ရိုက်သတ်သည့် သတင်းက တစ်ကျောင်းလုံးအသိ...

ထိုအချိန်က လက်ဆော့တဲ့ ကျောင်းသားတစ်ယောက်က ​ခွေးရိုက်သတ်နေတဲ့လုရှောင်းကို video ခိုးရိုက်ပြီး အင်တာနက်ပေါ်မှာ " ကြောက်စရာကောင်းတဲ့နတ်ဆိုး" ဆိုသည့် ခေါင်းစဉ် ကိုသုံးကာ တစ်ကျောင်းလုံးကို သတင်းဖြန့် ခဲ့သည်။ အစက လုရှောင်းရဲ့ ခွေးရိုက်သတ်နေတဲ့ video က လူကြည့်နည်းနေပေမဲ့ ကျောင်းသူတစ်ယောက်ကြောင့် ထို video ရဲ့ view က ကြည့်ရှု့သူ တစ်ကျောင်းလုံးနီးပါးပင်ဖြစ်သွားရသည်။

ထိုကျောင်းသူတစ်ယောက် ပြန်ပြင်ရေးပြီး တင်လိုက်သည့် ခေါင်းစဉ်က "သွေးဆာနေတဲ့ wolf ထက် အရသာခံကြည့်နေတဲ့ Devil က ပိုကြောက်စရာ ကောင်းတယ် လို့ မထင်ဘူးလား" ဆိုပြီးတော့ဖြစ်သည်။ ဒီအကြောင်းက တစ်ကျောင်းလုံးပြန့်သွားပြီး သိပ်မကြာခင်မှာ လုရှောင်းရဲ့ နားထဲကိုရောက်လာခဲ့ပြီး နောက်နေ့မှာပဲ စပြီးဖြန့်လိုက်တဲ့ ကျောင်းသားက အရေးပေါ် အခြေအနေကြောင့် ခေါင်း ၁၃ချက် ချုပ်လိုက်ရပြီး လက်ဖဝါးနှစ်ဖက်လုံးက ရစရာ မရှိတော့တဲ့ အထိ ဓားများဖြင့် အမွှန်းခံထားရသည်ဟု သတင်းသာကြားလိုက်ရပြီး ကျောင်းကတော့ ပြောင်းသွားလေပြီဖြစ်သည်။

ထိုအချိန်က ကျိုးယွင်က သိချင်စိတ်နဲ့ လုရှောင်းကို "မင်းလုပ်လိုက်တာ ဟုတ်တယ်မလား"လို့မေးလိုက်တော့
လုရှောင်းက သူ့ကို တစ်ချက်ပြုံးပြလာပြီး ခေါင်းညိမ့်ပြလာ၍ ပြောလာခဲ့သည်။

"အင်...အဲ့ကောင်က သိပ်စပ်စုလွန်းတယ်လို့ မင်းမခံစားရဘူးလား..အစက ငါတစ်ယောက်တည်း အပြောခံရတာကိစ္စ မရှိပေမဲ့ မဆိုင်တဲ့ မင်းကိုပါ ထိခိုက်လာတော့...ပညာပေးလိုက်ယုံပါပဲ...ကောင်မလေးကိုတော့ နောက်မလုပ်အောင် ခြိမ်းခြောက်ထားတယ်..."လို့သာ သူအမှားမဟုတ်သည့်ပုံစံဖြင့်ပင် အေးအေးဆေးဆေးရှင်းပြလာ၏။

ကျိုးယွင်ကလည်း လုရှောင်းက သူ့ကိုအမှန်တိုင်း ဝန်ခံခဲ့တာကြောင့် ဘာမှပြန်မပြောတော့ဘဲ တိတ်ဆိတ်၍သာနေလိုက်မိသည်။
အစကတော့ လုရှောင်းကို သိပ်နားမလည်ပေမဲ့ တဖြည်းဖြည်းနဲ့တော့ လုရှောင်းရဲ့ ပုံစံကို သူနားလည်အသိမှတ်ပြုလို့ ရတဲ့ အဆင့်ထိ ပင် ရောက်ရှိလာခဲ့သည်။ ဘာကြောင့် နားလည် လာရလည်း သူမသိပေမဲ့ လုရှောင်းနဲ့ ပေါင်းသင်းလာတာ ကြာလာ၍ ဟုသာဖြည့်တွေးလိုက်တော့သည်။အခုဆို ကျင့်သားပင်ရလာပြီး စရိုက်တူသည့် ညီနောင် များကဲ့သို့ပင်။

လုရှောင်းကလည်း သူ့ကို ယုံကြည်ထားသလို သူကလည်း နောက်ပိုင်းမှာ လုရှောင်းကို ယုံကြည်လို့ရလာပြီဖြစ်သည်။ လုရှောင်းက တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့ ဓားထစ်ထစ်တစ်လက်လိုပင်။ လုရှောင်းက သူ့ရဲ့ ဓားကောင်းတစ်လက်လို့ပြောရလောက်အောင် အားကိုရသည်။ လုရှောင်းကို ဓားလို့နှိုင်းလိုက်သည်က မသင့်တော်ပေမယ့် သူတို့ သူငယ်ချင်းနှစ်ယောက်အတွက်က သင့်တော်တာတွေ မသင့်တော်တာတွေ တွေးယူကြတဲ့ လူစားမျိုးမဟုတ်သည့်အတွက်ကြောင့် နှစ်ယောက်လုံးနဲ့ အဆင်ပြေသည် ဟုဆိုရပေမည်။ကျိုးယွင်သည်လည်း အခွင့်သာရင် လုရှောင်းအတွက် ဒိုင်းကာ တစ်ခုလို ကာကွယ်ပေးဖို့အဆင်သင့်။ ဆိုးတူကောင်းဘက်တွေက တစ်ယောက်က ဒိုင်းကာကောင်းကောင်းတစ်ခုဆိုရင် နောက်တစ်ယောက်က ဓားကောင်းထစ်ထစ်တစ်လက်ပင် ဖြစ်ချေတော့သည်။ လုရှောင်းကလည်း သူ့လိုထိုကဲ့သို့ တွေမည် ဆိုတာ မလွဲဧကန်ပင်...

-------------

ကျိုးယွင်နဲ့ လုရှောင်းက ရှောင်ဟန်ကော အပြောကြောင့် ချက်ချင်း ခေါင်းငြိမ့်လိုက်ကြပြီး ရှောင်ဟန် ကောတို့ သွားတဲ့ နောက်ကိုသာ လိုက်ခဲ့ လိုက်ကြသည်။

လော့မင်ရဲ့ ဉီလေး စားသောက်ဆိုင်ထဲကိုရောက်တော့
ရှောင်ဟန်က ဆိုင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
လော့မင်ပြောသည့် အတိုင်းပင် ဆိုင်ကြီးရဲ့ နေရာက တော်တော်ကောင်းပြီး ဆူညံမှုမျိုးလည်းသိပ်မရှိပေ။ လေကောင်းလေသန့်လည်းကောင်းကောင်းရသေးသည်။

ရှောင်ဟန်နဲ့ ကျိုးယွင်က ဘေးချင်းယှဉ်ထိုင်လိုက်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ သူတို့ရဲ့ အရှေ့တစ်ဖက်တစ်ချက်စီမှာ ဝင်ထိုင်လိုက်ကြသည်။

ရှောင်ဟန် က သူရဲ့ သူငယ်ချင်းအသစ်စစ်စစ်ကြီးကို မိတ်မဆက်ရသေးသည်ကို သတိရလိုက်ပြီး ကျိုးယွင်ရဲ့ ပုခုံးလေးကို ပုတ်လိုက်ပြီး စတင် မိတ်ဆက်ပေးလိုက်သည်။

"အားယွင်...ဒါက ကောရဲ့ သူငယ်ချင်းအသစ် လော့မင်တဲ့... သူက ကောလို ကျောင်းသားသစ်တစ်ယောက်ပဲ..."

ကျိုးယွင်က နာခံတတ်တဲ့ပုံစံလေးဖြင့်သာ ကောကို ပြုံးပြလိုက်ပြီး ခေါင်းကလေး ငြိမ့်ပြလိုက်ရသည်။

"ဟုတ်ကော...လူသစ်ဆိုတော့ကော အားမငယ်ရတော့ဘူးပေါ့..."

ကျိုးယွင်က လော့မင်ကို ကြည့်လိုက်ပြီး

"လော့မင်...ဒါက ငါ့ရဲ့ ညီငယ်လေး ကျိုးယွင်...ပြီးတော့... အတူတူပါလာတဲ့ ကောင်လေးက အားယွင်ရဲ့ သူငယ်ချင်းလေ..နာမည်က လုရှောင်းယွီတဲ့ ငါကတော့ ရှောင်းယွီလို့ခေါ်တယ်..."

လော့မင်က ရယ်ကျဲကျဲ လုပ်လာပြီး

"မင်းရဲ့ ညီကလည်းငါ့ ညီပါပဲ...ဟိုရှောင်းယွီလေးရောပဲ... ကျိုးယွင်လေးရဲ့ အကြောင်းကိုတော့ အဖေ့ဆီက တစ်လောက သိလိုက်ရသေးတယ်... ကျန်းမာရေးမကောင်းဖြစ်တုန်းကတစ်ကြိမ် အဖေ ပြောတာကြားဖူးတယ်...ဉီးလေးကျိုးဟန်က အိမ်ကို လာဖြစ်တဲ့ အချိန်ဆိုရင်တော့ သူ့သားအငယ်အ ကြောင်း အဖေ့ကိုပြောပြတယ်လေ...အဖေတို့က သူငယ်ချင်းတွေ ဆိုလားပဲ..."

ရှောင်ဟန်က အလိုက်သင့် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်သာ ငြိမ့်ပြနေလိုက်ပြီး မီနူး စာအုပ်ကိုသာ စိတ်ဝင်တစား လှန်လောနေမိသည်။

ကျိုးယွင်ရဲ့ မျက်လုံးများကထိုစကားကြောင့် မသိမသာတစ်ချက်တောက်ပသွားရသည်။ ထိုအချိန်က သိပ်တော့မကြာလိုက်...
လုရှောင်းကလည်း နားလည်ပုံရကာ သူ့ကို တစ်ချက် မျက်ခုံးပြင့်ပြလာသည်။
ဘာ့ကြောင့်ဆို သူ့အဖေနဲ့ လော့မင်ကောရဲ့ အဖေက သူငယ်ချင်းတွေဟု ဆိုသည့်စကားကြောင့်ပင်။
ဒီစကားကသာအမှန်ဆိုရင် သူ့အတွက် သည်းလွန်စ နှိုက်ထုတ်လို့ရနိုင်သည့် အတွက်ကြောင့်ပင်ဖြစ်သည်။

အဖေတို့ အမေတို့ရဲ့အကြောင်းတွေက အခုချိန်မှာ ဘယ်လို စုံစမ်းကြည့်ကြည့် မည်သည့် သတင်းအချက်အလက်ကိုမှ နှိုက်ထုတ်၍ မရသေးသည့် အခြေအနေပင် ဖြစ်ချေသည်။
ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုကတော သေချာပေါက်ကို ရှိလိမ့်မည် ဆိုတာ သူခန့်မှန်းနိုင်သည်။ ကျိုးယွင်က ထူးချွန်ကျောင်းသားဖြစ်သည့်အတွက် ကွန်ပျူတာကို အခုချိန်မှာ လုရှောင်းအကူအညီဖြင့် ဆော့ဝဲ ပေါင်းစုံကို ချယ်လှယ်ပြီး အဆင်ပြေပြေ ဟက်နိုင်နေပြီဟုဆိုရပေမည်။သို့ပေမဲ့
ကျန်သည့်အရာများက ရနေပြီး အဘယ်ကြောင့် သူအသိချင်ဆုံးဖြစ်သည့် သူ့မိဘတွေရဲ့အကြောင်းအရာ အချက်အလက်ကိုကျ ဘာလို့ဟတ်လို့မရ ဖြစ်နေရတာလဲ...

လုရှောင်းပြောပုံအရ သူ(လုရှောင်း) ကသူဟတ်ခဲ့ဖူးတဲ့ အချက်အလက်ပေါင်းစုံထက် ကျိုးအိမ်တော်ရဲ့ သတင်းအချက်အလက်ရဲ့ ကာကွယ်ရေးစနစ်က ပိုပြီးတင်းကြပ်လွန်းသည်ဟုပြောလာသည့် အတွက်ကြောင့် သူ့အတွက်အကြပ်ရိုက်နေရတာဖြစ်သည်။

လက်ရှိ အကျွမ်းကျင်ဆုံး ဟက်ကာများကပင်
သာမာန် တင်းကြပ်မှုမျိုးထက် များစွာ ပိုနေသည်ဟုဆိုကာ သူတို့ကို ဟက်လို့မရကြောင်းပြောခဲ့သည်။ထိုဟက်ကာများက ကျိုးအိမ်တော်ရဲ့ ကာကွယ်ရေးစနစ်က သူတို့ ဟတ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ သတင်းအချက်အလက်ထက်ပင် ဝင်ဟက်၍ခက်သောကြောင့် ကျိုးအိမ်တော်က သာမန်ရော ဟုတ်ရဲ့လားဆိုပြီးတောင် မေးလာခဲ့သေးသည်။ ဉပမာ တရားမဝင်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်၍လား ဒါမှမဟုတ် တော်ဝင်အိမ်တော်များနဲ့ ပါဝင်ပတ်သတ်နိုင့်သည့် အကြောင်းအရာ အစွန်းအစများရှိနေ၍လား ဟုသာ အမျိုးမျိုးထင်ကြေးပေးကြပြီး လက်လျော့သွားတတ်ကြသည်။

အစက သူလည်းမယုံကြည်ခဲ့ပေမဲ့ နောက်မှ တစ်ဖြေးဖြေး ယုံကြည်လိုက်ရတာဖြစ်သည်။ ဒါမျိုးက သူ့အတွက် သိပ်ပြီး မဆန်းလောက်တော့ဘူးလို့ သူထင်မိသည်။ သူလက်မခံလို့မရတဲ့ အရာဆိုတာက သူ့အရွယ်မှာ သိပ်ပြီးတောင် မရှိတော့သည့်အတွက်ကြောင့်။ မည်သို့ဆိုရမည်နည်း...လူတစ်ယောက်က ထူးဆန်းတာတွေပဲ အမြဲ ကြုံတွေ့နေရမည် ဆိုပါက တွေ့ကြုံလာရတာ များလာလေလေ...ကြာလာတော့ မထူးဆန်းတော့လေလေပင် ဖြစ်လာရမည်ဖြစ်
သည်။ ကျိုးယွင်ကလည်း ထိုနည်းတူပင်...
သူလက်မခံနိုင်တဲ့ အရာတွေက များလာလေလေ...အချိန်ကြာလာတော့ သိပ်ပြီး အံသြတုန်လှုပ်မနေတော့ဘဲ လက်ခံလိုက်ရတာမျိုးပင် ဖြစ်သည်။

ထို့ကြောင့် သူ့မိသားစု မျိုရိုးထဲက တရားမဝင်အလုပ် လုပ်ကိုင်ခဲ့ရင်လည်း သူအံသြတုန်လှုပ်မိတာမျိုးဖြစ်လာမှာ မဟုတ်တော့ပေ။ ကုန်ကုန်ပြောရရင် လူသတ်နေတာ မြင်တွေ့လိုက်ရရင်တောင် သူက လက်မခံချင်လည်း လက်ခံလိုက်ရမည်သာ။
သူဆိုတာက အစကတည်းက ထိုကဲ့သို့ ဖြစ်တည်လာရန်အတွက် မွေးဖွားလာခဲ့သည့် ဘယ်သူမှ မလိုချင် မနှစ်မြို့ရသည့် ကောင်ကလေးတစ်ယောက် အပြင်မပိုပေ။ ရှောင်ဟန်ကော ဆိုရင်တောင်မှ ချွင်းချက်တစ်ခု ဟုတ်မနေခဲ့ပါ။ သူကသာ ကောကို ချစ်စဖွယ်ပုံစံ တီတီသာသာလေးများသာ မလုပ်ခဲ့ ပါက ကောက သူ့ကို ယခုအခြေအနေများကဲ့သို့ နူ့ညံစွာ ပြောဆို ဆက်ဆံလာမည် မဟုတ်လောက်ပါချေ။ ဒါက သူသိရှိထားသည့် အမှန်တရားတစ်ခုအပြင် မပိုပေ။

ကောသာ သူ့ရဲ့ သရုပ်မှန်ကို သိရှိသွားပါက အတင်းတွန်းထုတ်ရင်တွန်းထုတ် မဟုတ်လျှင် အဝေးသို့ ကျောခိုင်းထွက်ခွာသွားလောက်သည်။
အဲ့လိုနေ့မျိုးသာ ရှိလာခဲ့ပါက သူခံနိုင်ရည်ရှိမည်လို့ သူမထင်ပေ...။သူကောနဲ့ နေလာတာ ၁နှစ်ပင်မပြည့်သေးတဲ့ အချိန် အတောအတွင်းမှာ ကောမရှိရင် သူဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တာက အသေအချာ...။

သူ အချစ်အကြောင်းကို ဘာမှ နားမလည်သေးပေမဲ့... ကောကိုတော့ သူလိုအပ်နေသည်က အသေအချာပင်...
အခုချိန်မှာ သူစဉ်းစားလို့ရနိုင်သည်က တစ်ခုပင်ရှိသည်။ ထိုအရာက အခုချိန်မှာကောကို သူ့ဘက်ကို အယုံသွင်းထားလိုက်ပြီး သူအရာရာကို လုပ်ဆောင်ချယ်လှယ်နိုင်သည့်တစ်နေ့ကျမှ ကောအရှေ့မှာ
သူ့မျက်နှာဖုံးကို ခွာချရမည် ဆိုရင်လည်း ကိစ္စမရှိဘူး ဟူ၍သာ...
အရာအားလုံးက သူ့အစီအစဉ်များအပေါ်တွင်သာသူတွေးထင်ထားသည့်အတိုင်း စည်းချက်မှန်မှန် အကွက်ကျကျ တည့်မတ်သွားရန်သာလိုအပ်သည်။

ကော...အဲ့လိုနေ့ ရောက်လာရင် ကျွန်တော့ကို ကောမမုန်းဖို့ ကျွန်တော် မျှော်လင့်မိပါရဲ့...

----------

"အားယွင်...အဆိုးလေး...စားဖို့ ဘာမှာ မလဲ လို့ကောမေးနေတာ နှစ်ကြိမ်မကတော့ဘူး... စိတ်တွေကဘ
ယ်တွေလွှင့်နေတာတုန်း..."

ရှောင်ဟန်ကော၏ အသံချိုချို လွင့်လွင့်ကလေးကြောင့် ကျိုးယွင်က အသိဝင်လာရသည်။

ကျိုးယွင်က သူ့ကို ပြုံးစစကြည့်နေတဲ့ ရှောင်ဟန် ကောကို အပြစ်ကင်းစင်သည့်အပြုံးကလေးဖြင့် ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်ရသည်။

" ဘယ်မှ မလွင့်ပါဘူး...ဘာစားရင် ကောင်းမလည်းလို့ စဉ်းစားကြည့်နေတာပါ...ရှောင်ဟန် ကော.."

"အခုမှ စဉ်းစားမနေနဲ့တော့ စောစောထဲက အဆိုးလေးမကြားလို့ ကောကပဲ...အဆိုးလေးကြိုက်တာတွေကို မှာပေးလိုက်ပြီးပြီ...ရောက်တောင် ရောက်လာတော့မယ်...ဒါကို..စဉ်းစားနေတုန်းလို့ကောကို ပြောနေသေးတယ်...ရှောင်းယွီကတောင် မှာပြီးသွားပြီ..."

လုရှောင်းသည် ထောက်ခံသည့် ပုံစံဖြင့် သူ့ကိုကြည့်လာပြီး မျက်လုံးများက မင်း အာရုံတွေသိပ်များမနေနဲ့ မင်းရဲ့ကော ရိပ်မိသွားလိမ့်မယ် ဆိုသည့် အချိုးဖြင့် မသိမသာ မျက်လုံးကြီးပြူးပြလာပြီး ခေါင်းအနည်းငယ် ရမ်းပြလာသည်။

ကျိုးယွင်က မမြင်ချင်ယောင်ဆောင်လိုက်ပြီးရှောင်ဟန်ကောကို မျက်လုံးဝိုင်းကလေးများဖြင့် သိချင် သည့် အမူအရာလေးများဖြင့် လက်ကလေးနှစ်ဖက်ကိုပွတ်လိုက်ပြီး ရယ်ပြလိုက်ကာ

"ဟီး...ကော ရဲ့ သူငယ်ချင်း အစ်ကိုလော့ ကိုတောင် မတွေ့ရတော့ဘူး...ဘယ်ရောက်သွားတာတုန်း..."

ရှောင်ဟန်သည် ကျိုးယွင်ရဲ့ အူလည်လည်ပုံစံကလေးကို အသည်းယားလာပြီး နဖူးကလေးကို တစ်ချက်တောက်လိုက်ပြီး နှုတ်ခမ်း ကို နည်းနည်းဆူမိသွားကာ ပြန်ဖြေလိုက်မိသည်။

"အဆိုးလေးကတော့...အဆိုးလေးလို့ကို မပြောရဘူး...အူတူတူနဲ့...မင်းရဲ့ အစ်ကိုလော့က သူ့ဉီလေးနဲ့ ဆုံတုန်းစကားသွားပြောနေတယ်...ခဏနေရင် ပြန်လာလိမ့်မယ်....မှာထားတဲ့ အစားအသောက်တွေလည်း ရောက်ပြီဆိုတော့ စားကြရအောင်ပူတုန်းလေး...အစားအသောက်တွေကို မဖြုန်းတီးရဘူးလို့...အဖေက မှာထားတယ်မဟုတ်လား...ပြီး​​ ေတာ့လော့မင်က သူ့ကိုစောင့်စရာမလိုဘူးလို့ပြောသွားတယ်...ရှောင်းယွီလေးလည်း ဗိုက်ဆာနေလောက်ပြီ...စပြီးစားတော့ ဟုတ်ပြီလား..."

ကျိုးယွင်းကလည်း သူ့ကို ဆုံးမစကားဆိုနေပြီး လူကြီးအရမ်းလုပ်ချင်တဲ့ ရှောင်ဟန်ကောကို ခေါင်းကလေးငြိမ့်၍သာ ပြန်ပြောရတော့သည်။ ကောက လိမ္မာတဲ့ ကလေးပုံစံတွေကို ပိုပြီး ချစ်ခင်မှန်း အစကတည်းက သူအဖေ့ရဲ့ပြောစကားမှ တစ်ဆင့် သိရှိထားပြီးသားပင်။

"ဟုတ်...ကော...ဒါဆိုရင်...စားကြရအောင်လေ..."

"အင်"

ရှောင်ဟန် က သူ့ရဲ့ ပြောစကားကို ဘယ်တော့ မဆို မြေဝယ်မကျနားထောင်တတ်တဲ့ အားယွင်လေးကြောင့် တဖြည်းဖြည်း အချစ်ပိုလာရတာဖြစ်သည်။ ထိုကြောင့် ရှောင်ဟန်က သတိမထားမိလိုက်ပဲ ကျိုးယွင်ရဲ့ ပါးကလေးကို ချစ်စနှိုးဖြင့် တစ်ချက်နမ်း လိုက်မိတော့သည်။

"မွ.."

"....."

"....."

ကျိုးယွင်ရဲ့ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်လို့ သွားရသည်။ ကောက အခုလိုကြီး နမ်းလာလိမ့်မယ်လို့ ကျိုးယွင်တစ်ခါမှ မထင်ထားဖူးတဲ့ ကိစ္စပင်ဖြစ်သည်။ အရင်ကတည်းက ရှောင်ဟန် ကောက သူ့ရဲ့ ခေါင်းကိုသာ နမ်းပေးချင်နမ်းပေးမိလိမ့်မည်။ အခုက သူလုံးဝမမျှော်လင့်ထားသည့် အခိုက်အတန့်. ပင်ဖြစ်၏ ။
ကောက စက္ကန့် ပိုင်းလောက်မျှသာ သူ့ပါးကိုဖြတ််ခနဲ နမ်းလိုက်ပေမဲ့ သူ့အတွက်ကတော့ ပြန်စဉ်းစားမိလိုက်တိုင်း မေ့မရနိုင်သည့် အမှတ်အသားတစ်ခုလိုပင်...သူ့ရဲ့မျက်လုံးများပင် နက်မှောင်လာရသည်အထိ...

သူ့ရဲ့ သွေးလည်ပတ်နှုန်းတွေတောင် မူမမှန် ဖြစ်လာရသည်အထိ ကောက စွမ်းဆောင်နိုင်သည်။

ရှောင်ဟန်ကော...ကောက မရည်ရွယ်ဘဲ...လုပ်မိလိုက်ပေမဲ့...
တစ်ချိန်မှာ...ဒါတွေက ကောက အစပျိုးခဲ့တဲ့ အရာတွေကြောင့် ဖြစ်နေမှာ ကောမကြောက်ဘူးလား...
လို့သာ သူမေးလိုက်ချင်ပါသည်။

ရှောင်ဟန် ကတော့ သူလုပ်မိလိုက်တဲ့ အရာကို သူကအဘယ်အတွက်ကြောင့် သတိထားပြီး တွေးပူ
နေမိမည်နည်း...သူက ကျိုးယွင်ကို ကလေးတစ်ယောက် အဖြစ်သာ သတ်မှတ်ထားသည်မဟုတ်လား...။

လုရှောင်းကလည်း ဖြစ်ပျက်နေတဲ့ သူ့သူငယ်ချင်းရဲ့ ရုပ်နဲ့ စိတ်အခြေအနေကို ဖတ်တတ်သည့်အတွက်ကြောင့် ရှောင်ဟန် ဆိုသည့် ရှောင်ကောအတွက်သာ မသိမသာ ခေါင်းခါနေမိတော့သည်။

Zawgyi

ေရွာင္ဟန္က သူေက်ာင္းပထမဉီးဆုံးတက္တဲ့ေန႕မွာပဲ ေက်ာင္းဆင္း ဘဲ(လ္)တီးမည့္အခ်ိန္ကိုေမွ်ာ္ေနမိေတာ့သည္။ စာသင္သည္က သူ႕အတြက္ျပႆနာ မဟုတ္ခဲ့ေပမဲ့ ယခုက စဖြင့္ရက္ျဖစ္ၿပီး ဆရာ မဝင္၍ ေဘးနားက ေလာ့မင္ရဲ႕ ေပါက္ေပါက္ေဖာက္ျခင္းကို ခံေနရေသာေၾကာင့္ျဖစ္သည္။ အစကေတာ့ ေသေသခ်ာခ်ာေလးနားေထာင္ေပးခဲ့ေပမဲ့ ေလာ့မင္ေျပာေနသည့္ စကားမ်ားက တျဖည္းျဖည္း ေတာင္စဥ္ေရမရေတြပါ ေရာပါလာသည့္ အတြက္ က်င့္သားမရေသးတဲ့ ေရွာင္ဟန္ အတြက္ကေတာ့ နားမလည္ေပမဲ့ ေခါင္းကေလးတၿငိမ့္ၿငိမ့္ ျဖင့္သာ နားေထာင္ဟန္ေဆာင္ေနရေတာ့သည္။

ေလာ့မင္က သူ႕ကိုယ္သူ ခ်ီးက်ဴးသည့္ပုံစံျဖင့္ မ်က္လုံးမ်ားက ႐ႊန္းလာခဲ့ရင္ ေရွာင္ဟန္က အသိအမွတ္ျပဳသည့္အေနျဖင့္"ဝိုး" ဆိုၿပီး သံေယာင္ကေလးလိုက္ေပးလိုက္ၿပီး ေနာက္ထပ္ ေလာ့မင္က
သူ႕ကို နားလည္ရဲ႕လားဟု ေမးသည့္ပုံစံျဖင့္သာ ၾကည့္လာပါက ေရွာင္ဟန္က "ေၾသာ္"ဆိုၿပီးခဏ စဥ္းစားဟန္ျပလိုက္ၿပီး ၿပီးမွ နားလည္သြားသည့္ပုံစံျဖင့္"ေအာ္"ဆိုၿပီး ျပန္ေျဖေနရေတာ့သည္။

တကယ္ေတာ့ ေရွာင္ဟန္ ရဲ႕ မ်က္လုံးမ်ားက မသိမသာ ေက်ာင္းဝိုက္ဘုတ္အေပၚမွာ ကပ္ထားတဲ့နာရီ အဝိုင္းႀကီးဆီကိုသာ အၾကည့္ေရာက္ေနမိသည္က ၃ႀကိမ္ပင္ မကေတာ့ေပ။ ဒါေတာင္ သူက အစက က်ိဳးယြင္ကို လာမေခၚရန္ ျငင္းလိုက္မိေသးသည္... ေတာ္ေသးတယ္လို႔ ဆိုရမည္ က်ိဳးယြင္က သူ႕ရဲ႕စကားကို ထူးထူးဆန္ဆန္း ဒီေန႕မွ နားမေထာင္ခ်င္ခဲ့ဘူးေလ။
မဟုတ္ရင္ တစ္ေန႕လယ္လုံး ေလာ့မင္ရဲ႕ ေပါက္ေပါက္ေဖာက္တာကို ခံရၿပီး ထမင္းေတာင္ ဆင္းစားရပါ့မလားဆိုတာ သူ႕အတြက္က မေရရာေခ်။

ေရွာင္ဟန္က ေက်ာင္းဆင္းရန္သာ စိတ္ေရာက္ေနေသာေၾကာင့္ သူ႕ကို ၾကည့္ေနတဲ့ မ်က္လုံးေတြကို သတိမထားမိေပ။ သူသာ သတိထားမိမယ္ဆိုရင္ ေက်ာင္းသား ေတာ္ေတာ္မ်ားမ်ားနဲ႕ မိန္းကေလး အခ်ိဳ႕က မသိမသာေရာ...သိသိသာသာျဖင့္ပါ သူ႕ကို အမ်ိဳးမ်ိဳး မွတ္ခ်က္ေပးၿပီး အခ်င္းခ်င္း ေခါင္းခ်င္းဆိုင္ၿပီး ေဝဖန္ေနၾကတာကို ပင္။
အခန္းထဲမွာ အားလုံးက ပိုက္ဆံရွိ ေရလ်ံေတြ ျဖစ္ၾကၿပီး ႐ုပ္ရည္မ်ားကလည္း ေျပာစရာကို လိုမေနၾကသည့္ အဆင့္အလႊာမ်ားမွျဖစ္ၾကၿပီး ေလာ့မင္ အပါအဝင္ အကုန္လုံးက ၾကည့္ေကာင္းၿပီး သူ႕ေနရာႏွင့္သူျပည့္စုံၾကသည္။

သို႔ေသာ္ပိုၿပီး ထူးျခားေနတာက ေရွာင္ဟန္ပင္ ျဖစ္ေခ်သည္။ ေရွာင္ဟန္က အကုန္လုံးထဲတြင္ မတူညီစြာ တစ္မ်ိဳး ထင္းထြက္ေနေသာေၾကာင့္သာ ျဖစ္သည္။ သူက ထိုသူမ်ားကဲ့သို႔ နာမည္ႀကီးbrand ေတြနဲ႕ ေတာက္ေျပာင္ေနတာမ်ိဳးမဟုတ္ဘဲ က်ိဳးယြင္ရဲ႕ ရာသီဉတု ဆင္ေျခေၾကာင့္ အိမ္ေနရင္း အႏြေးထည္ ခပ္ပြပြႀကီး တစ္ထည္ကို ပုံပ်က္စြာ ဝတ္ဆင္ထားရေပမဲ့ ထိုဖားလ်ားနိုင္ေနမႈကပဲ ေရွာင္ဟန္ကို သဘာဝအလွမ်ားကဲ့သို႔ နဂို ရွိရင္းဆြဲ အလွမ်ားကို ေပးစြမ္းေနေလသည္။
အားလုံးက မနာလိုေနတာမ်ိဳး မဟုတ္ဘဲ အားက်တဲ့ ပုံစံမ်ိဳးျဖင့္သာ ၾကည့္ေနၾကတာျဖစ္သည္။ေလ ေပါေနၿပီး သူ႕အာ႐ုံသာသူရေနတဲ့ ေလာ့မင္နဲ႕ ေရွာင္ဟန္ဘယ္လိုပုံစံ ျဖစ္ေနေန အထင္ မႀကီးတဲ့ က်ိဳးရန္က လြဲ၍ အားလုံးနီးပါးက ထိုအလွအပကို မ်က္စိက်ေနသည္က တစ္ဝဲလည္လည္။

-----------------

"ေဟ့ေကာင္...ငါေျပာသားပဲ...ေက်ာင္းဆင္းမွ လာရေအာင္ဆိုၿပီး...အခုေတာ့ ငါထင္ထားတဲ့ အတိုင္းပဲ မင္းပဲ စိတ္တိုေနရတယ္... မင္းရဲ႕ ေကာကလည္း ဒီေလာက္အထိ သိမ္ေမြ႕ၿပီး အျပစ္ကင္းတဲ့ ပုံစံေလးဆိုေတာ့ မေႂကြတဲ့ လူဆိုတာဘယ္ရွိမွာလဲ..."

က်ိဳးယြင္က လုေရွာင္း ေျပာေနတာကို အခုခ်ိန္မွာဘာမွ မၾကားနိုင္ေသးဘူး ျဖစ္ေနသည္။ သူရဲ႕ မ်က္လုံးမ်ားက ေရွာင္ဟန္ေကာကိုသာ ေသခ်ာ စူးစိုက္ၾကည့္ေနခဲ့ၿပီး ခဏ အၾကာမွာ သူရဲ႕ အၾကည့္ စူးစူးမ်ားက ေရွာင္ဟန္ ရဲ႕ ပတ္ဝန္းက်င္ တစ္ဝိုက္က လူမ်ားအားလုံးနီးပါးထံသို႔။ ေကာရဲ႕ ေဘနားက စကားေျပာေနတဲ့ တစ္ေယာက္က ေကာကို ၾကည့္တဲ့ အၾကည့္ေတြက ရိုးသားေနေပမဲ့ က်န္တဲ့ လူအမ်ားစုက ေကာကို သူတစ္ေယာက္တည္းကသာၾကည့္သင့္သည့္ အၾကည့္မ်ားျဖင့္ တစ္ခ်က္တစ္ခ်က္ၾကည့္ၿပီး တီးတိုးတိုင္ပင္ေနၾကတာ သူမျမင္ခ်င္ေတာ့မွအဆုံးပင္။

ဒီလို အ႐ြယ္မွာ ဒီလိုအေတြးမ်ိဳးဆိုတာက ပိုက္ဆံရွိ လူကုန္ထံသားသမီးမ်ားက ပို၍ပင္ အတတ္ျမန္ၾကသည္က မလြဲနိုင္ေပ။ ဖုန္းသုံးရင္း အရာရာကို စူးစမ္းသိျမင္ၾကတဲ့ ယခုလို ေခတ္မ်ိဳးဆိုရင္ျဖင့္ ငယ္ငယ္႐ြယ္႐ြယ္ျဖင့္ပင္ မသိသည့္အရာဆိုသည္ကားသိပ္ကိုရွားလွသည္။ က်ိဳးယြင္ အပါအဝင္ပင္ မဟုတ္လား။ သူ႕လိုအ႐ြယ္ကေတာင္ အကုန္သိမွေတာ့ သူ႕ေရွ႕က ေကာကို ၾကည့္ေနၾကတဲ့ မ်က္လုံးေတြရဲ႕ အဓိပ္ပါယ်ကိဳ အူတူတူနိုင္သည့္သူမ်ားနဲ႕ မစပ္စုတတ္ၾကသည့္ ၾကာပန္းျဖဴမ်ားကသာ မသိၾကေပမဲ့ က်ိဳးယြင္ကေတာ့ ေႁမြ ေႁမြ ခ်င္းေျချမင္သည္ဆိုသည့္အတိုင္းပင္ ထိုအၾကည့္မ်ားကို သူကနားလည္သည္။ ဘယ္သူ႕အၾကည့္မ်ားက ဘယ္လိုဆိုၿပီး ခြဲျခားနိုင္တာက ယခုေနာက္ပိုင္း သူတတ္ကြၽမ္းလာတဲ့ နယ္ပယ္တစ္ခုလိုပင္။

ေရွာင္ဟန္ ကို ၾကည့္ေနတဲ့ အၾကည့္မ်ားထဲမွ တစ္ခ်ိဳ႕က ေကာရဲ႕ လက္ေခ်ာင္းရွည္သြယ္သြယ္မ်ား...တစ္ခ်ိဳ႕က မ်က္ဝန္း ဒါမွမဟုတ္ ႏႈတ္ခမ္း ၊ တစ္ခ်ိဳ႕က လည္တိုင္ မ်ားထံပါးသို႔...

မိန္းကေလးအမ်ားစုက ႐ုပ္ရည္ကိုသာၾကည့္တတ္ၾကေပမဲ့ ေယာက်ာ္းေလးအခ်ိဳ႕ရဲ႕ အၾကည့္မ်ားက
ထိုကဲ့သို႔ ဟုတ္မေနပါေခ်။ ေရွာင္ဟန္ေကာကို အဝတ္ခပ္ပြပြႀကီး သူဝတ္ေပးလိုက္တာေတာင္ တဏွာစိတ္မႊန္ေနတဲ့ ေကာင္တစ္ခ်ိဳ႕က ခါးသြယ္သြယ္ကို ရႈ႕ေဒါင့္အမ်ိဳးမ်ိဳးျဖင့္ေတာင္ အကဲ ခတ္ေနေသးသည္။

က်ိဳးယြင္က စိတ္တို စြာ "ေတာက္ "တစ္ခ်က္ေခါက္လိုက္ၿပီး လုေရွာင္းဘက္ကို အခ်င္းခ်င္း သိနားလည္ထားသည့္ နားလည္ရခက္တဲ့ အၿပဳံးကိုသာတစ္ခ်က္ၿပဳံးျပလိုက္သည္။ သူ႕ေရွ႕က ျမင္ကြင္းကို စူးစိုက္စြာျပန္ၾကည့္လိုက္ၿပီး ျမဴးႂကြႂကြ အသံျဖင့္ လုေရွာင္းကို ေျပာလိုက္သည္။

"လုေရွာင္း...မင္းရဲ႕ အျမင္အာ႐ုံက သိပ္မဆိုးဘူးလို႔ငါထင္တယ္...ေကာရဲ႕ အေနာက္ ႏွစ္ခုံေက်ာ္ေလာက္က လက္ရွည္ အနီအကြက္ဝတ္ထားတဲ့ ေကာင္နဲ႕
က်ိဳးရန္ရဲ႕ ေဘးက ႏွစ္ေကာင္ကိုမင္းေသခါျမင္ရလား...."

လုေရွာင္းက ေသခ်ာတစ္ခ်က္ၾကည့္လိုက္ၿပီး စကားရွည္ရွည္ ေဝးေဝးမေျပာဘဲ ေခါင္းသာတစ္ခ်က္ ၿငိမ့္ျပလိုက္သည္။

" မင္းလည္းပ်င္းေနတယ္လို႔ ငါ့ကိုေျပာတယ္မွတ္လား...အဲ့ေကာင္သုံးေကာင္ကို ညေနေက်ာင္းဆင္းရင္ မင္း အပ်င္းေျပ ေခ်ာင္းရိုက္လို႔ရတယ္...တပတ္ေလာက္ ေက်ာင္း မလာနိုင္တဲ့အထိ ရိုက္လိုက္...
ၿပီးေတာ့ သူတို႔မိသားစုရဲ႕ကြယ္ဝွက္ထားတဲ့ မေကာင္းသတင္းမွန္သမွ်ကို ဟက္ၿပီး အားလုံးသိေအာင္လႊင့္ေပး...မေကာင္းသတင္းမရွိဘူးဆိုတာ လူကုန္ထံေတြမွာ မျဖစ္နိုင္ဆုံးအရာပဲ မဟုတ္လား...မရွိရင္လည္း ကိစၥမရွိဘူး...ရွိေအာင္လုပ္ၿပီးျဖန့္လိုက္...သူတို႔ေမြးထားတဲ့ မ်ိဳးမစစ္ေတြအတြက္ ဒီေလာက္ေတာ့ သူ႕တို႔ ျပန္ေပးဆပ္လိုက္ရတာ တန္ပါတယ္..ဘယ္လိုလဲ..မင္း...ကူညီမယ္မဟုတ္လား..."

လုေရွာင္းကလည္း ယခုမွ ေပ်ာ္စရာ ကေလးမ်ားေတြ႕ျမင္လာရသည့္အမူအရာအျပည့္ျဖင့္ မ်က္ဝန္းမ်ားက အနက္ေရာင္ တစ္ခ်က္သိသိသာသာေျပာင္းလဲသြားကာ ေၾကာက္စရာ ေကာင္းေလာက္သည့္ အၿပဳံးႀကီးလုပ္ၿပဳံးလာၿပီး သူ႕ကို ေျပာလာခဲ့သည္။

"OK...ငါလုပ္ေပးမယ္...ငါက မင္းမေျပာရင္ေတာင္ လုပ္ေပးရမလားစဥ္းစားေနတာ...မင္းက မင္းမိဘေတြရဲ႕ အေၾကာင္း စုံစမ္းေနတာဆိုေတာ့ ...အားယားေနတဲ့ငါကပဲ ကူညီေပးရမွာေပါ့...ဒါနဲ႕ မင္းကိုယ္တိုင္ တစ္ခါေလာက္ အဲ့ေကာင္ေတြကို ဆြဲမတီးခ်င္ဘူးလား...တစ္ခါတစ္ေလ ေသြးထြက္သံယိုေတြက ပိုအရသာရွိၿပီး ေက်နပ္မႈ အျပည့္ေပးနိုင္တယ္...လူကို အားရပါးရ ရိုက္ႏွက္ရတာနဲ႕ ဟို ေခြး႐ူးကို ရိုက္သတ္လို႔ရတဲ့ ဖီလင္က မတူဘူးကြ...မစမ္းၾကည့္ခ်င္ဘူးလား...စိတ္ေျပလက္ေျပာက္..."

က်ိဳးယြင္က စိတ္မဝင္စားစြာ ျဖင့္ေခါင္းတခ်က္ခါလိုက္ၿပီး

"ငါ့ကို မင္းလို ေစာက္႐ူးမ်ားမွတ္ေနလား...လုေရွာင္း မင္းက စကား၅လုံးထက္ပိုေျပာမိရင္ ေခြးစကားကေတာ့ မပါမျဖစ္ဘဲ...ၿပီးေတာ့ မင္းရဲ႕ အဲ့ အၿပဳံးႀကီးကို ကြယ္ဝွက္ထားစမ္းပါ...ငါကသာ ဘာမျဖစ္တာ က်န္တဲ့လူေတြက ဘာမွမျဖစ္ဘူးလို႔မဆိုလိုဘူး..."

လုေရွာင္းက သူ႕ကိုခနဲ႕လာကာ

"က်ားအခ်င္းခ်င္း ျပန္ေၾကာက္ရတဲ့ ထုံးစမ္ရွိလို႔လား...ထပ္ေျပာရင္ ငါကပဲ ေခြးျဖစ္အုံးမယ္...မေျပာေတာ့ဘူး... အခ်ိန္တန္ရင္ မင္းလက္ခံလာလိမ့္မယ္...ေျပာမရဘူး တစ္ေန႕က်ရင္ မင္းက ငါ့ထက္ေတာင္ ဆိုးလာနိုင္ေသးတယ္...အဲ့က်ေတာ့လည္း အေဖာ္ရသြားတာေပါ့ အခုက နည္းနည္းျပင္းစရာ ေကာင္းေနေသးတယ္..."

က်ိဳးယြင္က လုေရွာင္းကို ဘာမွ ျပန္ မေျပာေတာ့ဘဲ
စကားဆက္မေျပာရန္ လက္ဟန့္ ျပလိုက္ၿပီး ေန႕လယ္ေက်ာင္းဆင္း အလွ်ိုလွ်ိုထြက္လာတဲ့ ေက်ာင္းသား မ်ားစီကိုသာ အာ႐ုံစိုက္လိုက္သည္။ အခန္းထဲက လူကုန္သေလာက္ နီးပါးရွိသြားမွသာ ေရွာင္ဟန္ေကာက သူ႕ သူငယ္ခ်င္းအသစ္တစ္ေယာက္နဲ႕ မ်က္ေမွာင္ကေလးက်ဳံ႕ကာ ထြက္လာေလသည္။

ေဘးက ေကာရဲ႕ သူငယ္ခ်င္းအသစ္က အရိပ္အေျခ နားမလည္ပုံရသည္ ေကာကို စကားေျပာေနတာက လုံးဝမရပ္တန့္ေသးေပ။ က်ိဳးယြင္တို႔ ဒီကိုေရာက္ေနတဲ့ အေတာအတြင္း ထိုေက်ာင္းသားက ေကာကို ေရပတ္မဝင္ေအာင္ စကားေျပာေနတာကို မျမင္ခ်င္မွအဆုံး။ တစ္ခုေကာင္းသည္က ထိုလူက ေလေပါေသာေၾကာင့္ ေကာက က်န္သည့္အရာမ်ားကို သိပ္ၿပီးအာ႐ုံ မစိုက္နိုင္ေတာ့သည့္အတြက္ေၾကာင့္ ျဖစ္သည္။ သို႔မွသာ ေကာက က်န္တဲ့ သူမ်ားႏွင့္ အဆက္အဆံ မလုပ္နိုင္ဘဲ သူ႕ သူငယ္ခ်င္းရဲ႕ အေရးမပါတဲ့ စကားမ်ားတြင္သာ အခ်ိန္ေပးေနရမည္ျဖစ္သည္။ ေရွာင္ဟန္ေကာက သူငယ္ခ်င္းေ႐ြးတာ မဆိုးဘူးပဲ...

သူ စိတ္ပူေနရတာကို အနည္းငယ္ေတာ့ ေျပေလ်ာ့သြားေစ၍ျဖစ္သည္။ ေကာေ႐ြးခ်ယ္တဲ့ သူငယ္ခ်င္းရဲ႕ ပုံစံက ေကာထက္ပင္ အူတူတူနိုင္လွသည္။က်ိဳးယြင္ျမင္ရသေလာက္ ထိုလူရွိေနတာက ေကာအတြက္ေတာ့ နည္းနည္းယုံၾကည္စိတ္ခ်၍ ရေသးသည့္ အေျခအေနပင္။ထိုလူ႕ကိုၾကည့္ရတာ ေကာအေပၚ မွာ မရိုးမသား အေတြးမ်ိဳးမရွိနိုင္သည္က ရာႏႈန္းျပည့္ပင္ စိတ္ခ်၍ ရနိုင္သည့္ အေနအထားပင္ ျဖစ္ေခ်သည္။

က်ိဳးယြင္က သူ႕ကိုခပ္လွမ္းလွမ္းကေန ရွာေနပုံရတဲ့ အူတူတူ လူသားကေလးကို ၾကည့္ၿပီး တစ္ခ်က္ၿပဳံးလိုက္မိကာ လက္ကို ေဝွ႕ရမ္းလိုက္ၿပီး ေကာၾကားနိုင္ေလာက္တဲ့ အသံအေနအထားျဖင့္ ေအာ္ေျပာလိုက္၏။

"ေရွာင္ဟန္ ေကာ...ကြၽန္ေတာ္က ဒီမွာ..."

ထိုအခါမွ ေရွာင္ဟန္ေကာက သူ႕ကို ျမင္သြားဟန္ရကာ က်ဳတ္ထားတဲ့ မ်က္လုံးေလးမ်ားက ခ်က္ခ်င္းေျပေလ်ာ့လာၿပီး ႏူ႕ညံ့စြာ ၿပဳံးရယ္ျပလာခဲ့ သည္က သြားျဖဴျဖဴကေလးမ်ား စီတန္းေပၚလာသည္ အထိ။
ေရွာင္ဟန္ေကာရဲ႕ မ်က္ႏွာက ေနေရာင္ျခည္ ခပ္ပါးပါးကေလးထင္ဟပ္ေနသည့္အတြက္ေၾကာင့္ ၿပဳံးရယ္ျပလာသည့္အခ်ိန္တြင္ နတ္ဘုရားတစ္ပါးအလား ႏူ႕ညံ့ကာ ေအးခ်မ္းမႈမ်ားကို အျပည့္အဝေပးေဆာင္ေနနိုင္သည္။

က်ိဳးယြင္က ေရွာင္ဟန္ေကာကို ျပန္ၿပဳံးျပလိုက္ၿပီး ေရာက္လာတဲ့ ေကာရဲ႕ အေရွ႕တည့္တည့္မွာ ရပ္လိုက္ၿပီး ေကာကိုသာ အၾကည့္မလြဲဘဲ ၾကည့္ေနမိသည္။

ေရွာင္ဟန္က က်ိဳးယြင္ရဲ႕ ေခါင္းကေလးကို အက်င့္အတိုင္း ခပ္ဖြဖြပြတ္ေပးလိုက္ၿပီး ေဘးက လုေရွာင္းကိုပါ တစ္ခ်က္ ၾကည့္လိုက္ကာ

"အဆိုးေလး...ေရာက္ေနတာ ၾကာၿပီလား...ေရွာင္းယြီ ကိုေရာ ေခၚလာခဲ့တာလား...အားနာစရာႀကီး"

လုေရွာင္းက လက္တခါခါနဲ႕ လုပ္ျပလာၿပီး

"ေရွာင္ေကာကလည္း မဟုတ္တာ...ကြၽန္ေတာ္ကို အားနာ စရာမလိုပါဘူး...အခ်င္းခ်င္းေတြပဲကို "

"ကဲဟုတ္ပါၿပီ...ဒီတိုင္းႀကီးရပ္ေနေတာ့မွာလား...အားယြင္ေလး အရင္က ဘယ္မွာ သြားစားတာလဲ..."

က်ိဳးယြင္က စကားဟရန္လုပ္ယုံသာ ရွိေသးသည္ ပါေလရာေလာ့မင္က အရင္ဉီးစြာခတ္သြက္သြက္ စကားဟလာခဲ့သည္။

"ဘယ္မွာမွ သြားမစားနဲ႕ေတာ့ ဒီ ပင္မေဆာင္ရဲ႕ အေရွ႕ဘက္မွာ ငါ့ ဉီးေလးရဲ႕ ဆိုင္သစ္ရွိတယ္...ႀကိဳက္တာ
လည္းမွာစားလို႔ရတယ္ဆိုေတာ့...ဒီေန႕ေတာ့ အဲ့ကို ပဲ သြားရေအာင္လား...ေနရာေကာင္းၿပီး...ေလေကာင္းေလသန့္လည္းရတယ္...ဉီးေလးကိုလည္းမေတြ႕ရတာ ၾကာၿပီဆိုေတာ့
ငါ အဆင္ေျပေၾကာင္းေျပာခ်င္လို႔...ေရွာင္ဟန္...မင္းရတယ္မို႔လား...ကေလးေတြက မင္းေျပာရင္ ရမယ့္ ပုံစံေလးေတြပါ...သြားၾကရေအာင္..."

က်ိဳးယြင္နဲ႕ လုေရွာင္းက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလိုက္ၾကသည္။ သူ႕တို႔အေရွ႕က ေကာရဲ႕ သူငယ္ခ်င္းက ေက်ာင္းသားအသစ္ျဖစ္၍ထင္သည္။ သူတို႔ ႏွစ္ေယာက္အေၾကာင္းကို လည္းမသိေသးပုံရသည္။

ပိုၿပီးေကာင္းသြားတာေပါ့ ...သူတို႔ႏွစ္ေယာက္လုံးရဲ႕ အေၾကာင္းကို ဘာမွမသိတဲ့ လူက ေကာရဲ႕ သူငယ္ခ်င္းျဖစ္ေနတဲ့အတြက္..
ေက်ာင္းမွာ က်ိဳးယြင္ကမည္သူ႕ကိုမွ အဖက္မလုပ္ဘဲ ခပ္စိမ္းစိမ္းသာေနၿပီး လုေရွာင္းက သူနဲ႕ထိရင္ မီးပြင့္မည့္လူစားမ်ိဳးျဖစ္သည္။ လုေရွာင္းက စေရာက္ၿပီး တစ္ရက္အၾကာတြင္ ေက်ာင္းဝမွာ ေခြး႐ူးကို အညွာအသာမရွိ ရိုက္သတ္သည့္ သတင္းက တစ္ေက်ာင္းလုံးအသိ...

ထိုအခ်ိန္က လက္ေဆာ့တဲ့ ေက်ာင္းသားတစ္ေယာက္က ေခြးရိုက္သတ္ေနတဲ့လုေရွာင္းကို video ခိုးရိုက္ၿပီး အင္တာနက္ေပၚမွာ " ေၾကာက္စရာေကာင္းတဲ့နတ္ဆိုး" ဆိုသည့္ ေခါင္းစဥ္ ကိုသုံးကာ တစ္ေက်ာင္းလုံးကို သတင္းျဖန့္ ခဲ့သည္။ အစက လုေရွာင္းရဲ႕ ေခြးရိုက္သတ္ေနတဲ့ video က လူၾကည့္နည္းေနေပမဲ့ ေက်ာင္းသူတစ္ေယာက္ေၾကာင့္ ထို video ရဲ႕ view က ၾကည့္ရႈ႕သူ တစ္ေက်ာင္းလုံးနီးပါးပင္ျဖစ္သြားရသည္။

ထိုေက်ာင္းသူတစ္ေယာက္ ျပန္ျပင္ေရးၿပီး တင္လိုက္သည့္ ေခါင္းစဥ္က "ေသြးဆာေနတဲ့ wolf ထက္ အရသာခံၾကည့္ေနတဲ့ Devil က ပိုေၾကာက္စရာ ေကာင္းတယ္ လို႔ မထင္ဘူးလား" ဆိုၿပီးေတာ့ျဖစ္သည္။ ဒီအေၾကာင္းက တစ္ေက်ာင္းလုံးျပန့္သြားၿပီး သိပ္မၾကာခင္မွာ လုေရွာင္းရဲ႕ နားထဲကိုေရာက္လာခဲ့ၿပီး ေနာက္ေန႕မွာပဲ စၿပီးျဖန့္လိုက္တဲ့ ေက်ာင္းသားက အေရးေပၚ အေျခအေနေၾကာင့္ ေခါင္း ၁၃ခ်က္ ခ်ဳပ္လိုက္ရၿပီး လက္ဖဝါးႏွစ္ဖက္လုံးက ရစရာ မရွိေတာ့တဲ့ အထိ ဓားမ်ားျဖင့္ အမႊန္းခံထားရသည္ဟု သတင္းသာၾကားလိုက္ရၿပီး ေက်ာင္းကေတာ့ ေျပာင္းသြားေလၿပီျဖစ္သည္။

ထိုအခ်ိန္က က်ိဳးယြင္က သိခ်င္စိတ္နဲ႕ လုေရွာင္းကို "မင္းလုပ္လိုက္တာ ဟုတ္တယ္မလား"လို႔ေမးလိုက္ေတာ့
လုေရွာင္းက သူ႕ကို တစ္ခ်က္ၿပဳံးျပလာၿပီး ေခါင္းညိမ့္ျပလာ၍ ေျပာလာခဲ့သည္။

"အင္...အဲ့ေကာင္က သိပ္စပ္စုလြန္းတယ္လို႔ မင္းမခံစားရဘူးလား..အစက ငါတစ္ေယာက္တည္း အေျပာခံရတာကိစၥ မရွိေပမဲ့ မဆိုင္တဲ့ မင္းကိုပါ ထိခိုက္လာေတာ့...ပညာေပးလိုက္ယုံပါပဲ...ေကာင္မေလးကိုေတာ့ ေနာက္မလုပ္ေအာင္ ၿခိမ္းေျခာက္ထားတယ္..."လို႔သာ သူအမွားမဟုတ္သည့္ပုံစံျဖင့္ပင္ ေအးေအးေဆးေဆးရွင္းျပလာ၏။

က်ိဳးယြင္ကလည္း လုေရွာင္းက သူ႕ကိုအမွန္တိုင္း ဝန္ခံခဲ့တာေၾကာင့္ ဘာမွျပန္မေျပာေတာ့ဘဲ တိတ္ဆိတ္၍သာေနလိုက္မိသည္။
အစကေတာ့ လုေရွာင္းကို သိပ္နားမလည္ေပမဲ့ တျဖည္းျဖည္းနဲ႕ေတာ့ လုေရွာင္းရဲ႕ ပုံစံကို သူနားလည္အသိမွတ္ျပဳလို႔ ရတဲ့ အဆင့္ထိ ပင္ ေရာက္ရွိလာခဲ့သည္။ ဘာေၾကာင့္ နားလည္ လာရလည္း သူမသိေပမဲ့ လုေရွာင္းနဲ႕ ေပါင္းသင္းလာတာ ၾကာလာ၍ ဟုသာျဖည့္ေတြးလိုက္ေတာ့သည္။အခုဆို က်င့္သားပင္ရလာၿပီး စရိုက္တူသည့္ ညီေနာင္ မ်ားကဲ့သို႔ပင္။

လုေရွာင္းက သူ႕ကို ယုံၾကည္ထားသလို သူကလည္း ေနာက္ပိုင္းမွာ လုေရွာင္းကို ယုံၾကည္လို႔ရလာၿပီျဖစ္သည္။ လုေရွာင္းက တစ္နည္းေျပာရမယ္ဆိုရင္ သူ႕ရဲ႕ ဓားထစ္ထစ္တစ္လက္လိုပင္။ လုေရွာင္းက သူ႕ရဲ႕ ဓားေကာင္းတစ္လက္လို႔ေျပာရေလာက္ေအာင္ အားကိုရသည္။ လုေရွာင္းကို ဓားလို႔ႏွိုင္းလိုက္သည္က မသင့္ေတာ္ေပမယ့္ သူတို႔ သူငယ္ခ်င္းႏွစ္ေယာက္အတြက္က သင့္ေတာ္တာေတြ မသင့္ေတာ္တာေတြ ေတြးယူၾကတဲ့ လူစားမ်ိဳးမဟုတ္သည့္အတြက္ေၾကာင့္ ႏွစ္ေယာက္လုံးနဲ႕ အဆင္ေျပသည္ ဟုဆိုရေပမည္။က်ိဳးယြင္ကလည္း အခြင့္သာရင္ လုေရွာင္းအတြက္ ဒိုင္းကာ တစ္ခုလို ကာကြယ္ေပးဖို႔အဆင္သင့္။ ဆိုးတူေကာင္းဘက္ေတြက တစ္ေယာက္က ဒိုင္းကာေကာင္းေကာင္းတစ္ခုဆိုရင္ ေနာက္တစ္ေယာက္က ဓားေကာင္းထစ္ထစ္တစ္လက္ပင္ ျဖစ္ေခ်ေတာ့သည္။ လုေရွာင္းကလည္း သူ႕လိုထိုကဲ့သို႔ ေတြမည္ ဆိုတာ မလြဲဧကန္ပင္...

-------------

က်ိဳးယြင္နဲ႕ လုေရွာင္းက ေရွာင္ဟန္ေကာ အေျပာေၾကာင့္ ခ်က္ခ်င္း ေခါင္းၿငိမ့္လိုက္ၾကၿပီး ေရွာင္ဟန္ ေကာတို႔ သြားတဲ့ ေနာက္ကိုသာ လိုက္ခဲ့ လိုက္ၾကသည္။

ေလာ့မင္ရဲ႕ ဉီေလး စားေသာက္ဆိုင္ထဲကိုေရာက္ေတာ့
ေရွာင္ဟန္က ဆိုင္ႀကီးကို တစ္ခ်က္ၾကည့္လိုက္သည္။
ေလာ့မင္ေျပာသည့္ အတိုင္းပင္ ဆိုင္ႀကီးရဲ႕ ေနရာက ေတာ္ေတာ္ေကာင္းၿပီး ဆူညံမႈမ်ိဳးလည္းသိပ္မရွိေပ။ ေလေကာင္းေလသန့္လည္းေကာင္းေကာင္းရေသးသည္။

ေရွာင္ဟန္နဲ႕ က်ိဳးယြင္က ေဘးခ်င္းယွဥ္ထိုင္လိုက္ၿပီး က်န္တဲ့ ႏွစ္ေယာက္ကေတာ့ သူတို႔ရဲ႕ အေရွ႕တစ္ဖက္တစ္ခ်က္စီမွာ ဝင္ထိုင္လိုက္ၾကသည္။

ေရွာင္ဟန္ က သူရဲ႕ သူငယ္ခ်င္းအသစ္စစ္စစ္ႀကီးကို မိတ္မဆက္ရေသးသည္ကို သတိရလိုက္ၿပီး က်ိဳးယြင္ရဲ႕ ပုခုံးေလးကို ပုတ္လိုက္ၿပီး စတင္ မိတ္ဆက္ေပးလိုက္သည္။

"အားယြင္...ဒါက ေကာရဲ႕ သူငယ္ခ်င္းအသစ္ ေလာ့မင္တဲ့... သူက ေကာလို ေက်ာင္းသားသစ္တစ္ေယာက္ပဲ..."

က်ိဳးယြင္က နာခံတတ္တဲ့ပုံစံေလးျဖင့္သာ ေကာကို ၿပဳံးျပလိုက္ၿပီး ေခါင္းကေလး ၿငိမ့္ျပလိုက္ရသည္။

"ဟုတ္ေကာ...လူသစ္ဆိုေတာ့ေကာ အားမငယ္ရေတာ့ဘူးေပါ့..."

က်ိဳးယြင္က ေလာ့မင္ကို ၾကည့္လိုက္ၿပီး

"ေလာ့မင္...ဒါက ငါ့ရဲ႕ ညီငယ္ေလး က်ိဳးယြင္...ၿပီးေတာ့... အတူတူပါလာတဲ့ ေကာင္ေလးက အားယြင္ရဲ႕ သူငယ္ခ်င္းေလ..နာမည္က လုေရွာင္းယြီတဲ့ ငါကေတာ့ ေရွာင္းယြီလို႔ေခၚတယ္..."

ေလာ့မင္က ရယ္က်ဲက်ဲ လုပ္လာၿပီး

"မင္းရဲ႕ ညီကလည္းငါ့ ညီပါပဲ...ဟိုေရွာင္းယြီေလးေရာပဲ... က်ိဳးယြင္ေလးရဲ႕ အေၾကာင္းကိုေတာ့ အေဖ့ဆီက တစ္ေလာက သိလိုက္ရေသးတယ္... က်န္းမာေရးမေကာင္းျဖစ္တုန္းကတစ္ႀကိမ္ အေဖ ေျပာတာၾကားဖူးတယ္...ဉီးေလးက်ိဳးဟန္က အိမ္ကို လာျဖစ္တဲ့ အခ်ိန္ဆိုရင္ေတာ့ သူ႕သားအငယ္အ ေၾကာင္း အေဖ့ကိုေျပာျပတယ္ေလ...အေဖတို႔က သူငယ္ခ်င္းေတြ ဆိုလားပဲ..."

ေရွာင္ဟန္က အလိုက္သင့္ ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္သာ ၿငိမ့္ျပေနလိုက္ၿပီး မီႏူး စာအုပ္ကိုသာ စိတ္ဝင္တစား လွန္ေလာေနမိသည္။

က်ိဳးယြင္ရဲ႕ မ်က္လုံးမ်ားကထိုစကားေၾကာင့္ မသိမသာတစ္ခ်က္ေတာက္ပသြားရသည္။ ထိုအခ်ိန္က သိပ္ေတာ့မၾကာလိုက္...
လုေရွာင္းကလည္း နားလည္ပုံရကာ သူ႕ကို တစ္ခ်က္ မ်က္ခုံးျပင့္ျပလာသည္။
ဘာ့ေၾကာင့္ဆို သူ႕အေဖနဲ႕ ေလာ့မင္ေကာရဲ႕ အေဖက သူငယ္ခ်င္းေတြဟု ဆိုသည့္စကားေၾကာင့္ပင္။
ဒီစကားကသာအမွန္ဆိုရင္ သူ႕အတြက္ သည္းလြန္စ ႏွိုက္ထုတ္လို႔ရနိုင္သည့္ အတြက္ေၾကာင့္ပင္ျဖစ္သည္။

အေဖတို႔ အေမတို႔ရဲ႕အေၾကာင္းေတြက အခုခ်ိန္မွာ ဘယ္လို စုံစမ္းၾကည့္ၾကည့္ မည္သည့္ သတင္းအခ်က္အလက္ကိုမွ ႏွိုက္ထုတ္၍ မရေသးသည့္ အေျခအေနပင္ ျဖစ္ေခ်သည္။
ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ တစ္ခုကေတာ ေသခ်ာေပါက္ကို ရွိလိမ့္မည္ ဆိုတာ သူခန့္မွန္းနိုင္သည္။ က်ိဳးယြင္က ထူးခြၽန္ေက်ာင္းသားျဖစ္သည့္အတြက္ ကြန္ပ်ဴတာကို အခုခ်ိန္မွာ လုေရွာင္းအကူအညီျဖင့္ ေဆာ့ဝဲ ေပါင္းစုံကို ခ်ယ္လွယ္ၿပီး အဆင္ေျပေျပ ဟက္နိုင္ေနၿပီဟုဆိုရေပမည္။သို႔ေပမဲ့
က်န္သည့္အရာမ်ားက ရေနၿပီး အဘယ္ေၾကာင့္ သူအသိခ်င္ဆုံးျဖစ္သည့္ သူ႕မိဘေတြရဲ႕အေၾကာင္းအရာ အခ်က္အလက္ကိုက် ဘာလို႔ဟတ္လို႔မရ ျဖစ္ေနရတာလဲ...

လုေရွာင္းေျပာပုံအရ သူ(လုေရွာင္း) ကသူဟတ္ခဲ့ဖူးတဲ့ အခ်က္အလက္ေပါင္းစုံထက္ က်ိဳးအိမ္ေတာ္ရဲ႕ သတင္းအခ်က္အလက္ရဲ႕ ကာကြယ္ေရးစနစ္က ပိုၿပီးတင္းၾကပ္လြန္းသည္ဟုေျပာလာသည့္ အတြက္ေၾကာင့္ သူ႕အတြက္အၾကပ္ရိုက္ေနရတာျဖစ္သည္။

လက္ရွိ အကြၽမ္းက်င္ဆုံး ဟက္ကာမ်ားကပင္
သာမာန္ တင္းၾကပ္မႈမ်ိဳးထက္ မ်ားစြာ ပိုေနသည္ဟုဆိုကာ သူတို႔ကို ဟက္လို႔မရေၾကာင္းေျပာခဲ့သည္။ထိုဟက္ကာမ်ားက က်ိဳးအိမ္ေတာ္ရဲ႕ ကာကြယ္ေရးစနစ္က သူတို႔ ဟတ္ခဲ့တဲ့ ကာကြယ္ေရးဝန္ႀကီးရဲ႕ သတင္းအခ်က္အလက္ထက္ပင္ ဝင္ဟက္၍ခက္ေသာေၾကာင့္ က်ိဳးအိမ္ေတာ္က သာမန္ေရာ ဟုတ္ရဲ႕လားဆိုၿပီးေတာင္ ေမးလာခဲ့ေသးသည္။ ဉပမာ တရားမဝင္တဲ့ လုပ္ငန္းေတြနဲ႕ ဆက္စပ္၍လား ဒါမွမဟုတ္ ေတာ္ဝင္အိမ္ေတာ္မ်ားနဲ႕ ပါဝင္ပတ္သတ္နိုင့္သည့္ အေၾကာင္းအရာ အစြန္းအစမ်ားရွိေန၍လား ဟုသာ အမ်ိဳးမ်ိဳးထင္ေၾကးေပးၾကၿပီး လက္ေလ်ာ့သြားတတ္ၾကသည္။

အစက သူလည္းမယုံၾကည္ခဲ့ေပမဲ့ ေနာက္မွ တစ္ေျဖးေျဖး ယုံၾကည္လိုက္ရတာျဖစ္သည္။ ဒါမ်ိဳးက သူ႕အတြက္ သိပ္ၿပီး မဆန္းေလာက္ေတာ့ဘူးလို႔ သူထင္မိသည္။ သူလက္မခံလို႔မရတဲ့ အရာဆိုတာက သူ႕အ႐ြယ္မွာ သိပ္ၿပီးေတာင္ မရွိေတာ့သည့္အတြက္ေၾကာင့္။ မည္သို႔ဆိုရမည္နည္း...လူတစ္ေယာက္က ထူးဆန္းတာေတြပဲ အၿမဲ ႀကဳံေတြ႕ေနရမည္ ဆိုပါက ေတြ႕ႀကဳံလာရတာ မ်ားလာေလေလ...ၾကာလာေတာ့ မထူးဆန္းေတာ့ေလေလပင္ ျဖစ္လာရမည္ျဖစ္
သည္။ က်ိဳးယြင္ကလည္း ထိုနည္းတူပင္...
သူလက္မခံနိုင္တဲ့ အရာေတြက မ်ားလာေလေလ...အခ်ိန္ၾကာလာေတာ့ သိပ္ၿပီး အံၾသတုန္လႈပ္မေနေတာ့ဘဲ လက္ခံလိုက္ရတာမ်ိဳးပင္ ျဖစ္သည္။

ထို႔ေၾကာင့္ သူ႕မိသားစု မ်ိဳရိုးထဲက တရားမဝင္အလုပ္ လုပ္ကိုင္ခဲ့ရင္လည္း သူအံၾသတုန္လႈပ္မိတာမ်ိဳးျဖစ္လာမွာ မဟုတ္ေတာ့ေပ။ ကုန္ကုန္ေျပာရရင္ လူသတ္ေနတာ ျမင္ေတြ႕လိုက္ရရင္ေတာင္ သူက လက္မခံခ်င္လည္း လက္ခံလိုက္ရမည္သာ။
သူဆိုတာက အစကတည္းက ထိုကဲ့သို႔ ျဖစ္တည္လာရန္အတြက္ ေမြးဖြားလာခဲ့သည့္ ဘယ္သူမွ မလိုခ်င္ မႏွစ္ၿမိဳ႕ရသည့္ ေကာင္ကေလးတစ္ေယာက္ အျပင္မပိုေပ။ ေရွာင္ဟန္ေကာ ဆိုရင္ေတာင္မွ ခြၽင္းခ်က္တစ္ခု ဟုတ္မေနခဲ့ပါ။ သူကသာ ေကာကို ခ်စ္စဖြယ္ပုံစံ တီတီသာသာေလးမ်ားသာ မလုပ္ခဲ့ ပါက ေကာက သူ႕ကို ယခုအေျခအေနမ်ားကဲ့သို႔ ႏူ႕ညံစြာ ေျပာဆို ဆက္ဆံလာမည္ မဟုတ္ေလာက္ပါေခ်။ ဒါက သူသိရွိထားသည့္ အမွန္တရားတစ္ခုအျပင္ မပိုေပ။

ေကာသာ သူ႕ရဲ႕ သ႐ုပ္မွန္ကို သိရွိသြားပါက အတင္းတြန္းထုတ္ရင္တြန္းထုတ္ မဟုတ္လွ်င္ အေဝးသို႔ ေက်ာခိုင္းထြက္ခြာသြားေလာက္သည္။
အဲ့လိုေန႕မ်ိဳးသာ ရွိလာခဲ့ပါက သူခံနိုင္ရည္ရွိမည္လို႔ သူမထင္ေပ...။သူေကာနဲ႕ ေနလာတာ ၁ႏွစ္ပင္မျပည့္ေသးတဲ့ အခ်ိန္ အေတာအတြင္းမွာ ေကာမရွိရင္ သူဘယ္လိုမွ ျဖစ္နိုင္မွာ မဟုတ္တာက အေသအခ်ာ...။

သူ အခ်စ္အေၾကာင္းကို ဘာမွ နားမလည္ေသးေပမဲ့... ေကာကိုေတာ့ သူလိုအပ္ေနသည္က အေသအခ်ာပင္...
အခုခ်ိန္မွာ သူစဥ္းစားလို႔ရနိုင္သည္က တစ္ခုပင္ရွိသည္။ ထိုအရာက အခုခ်ိန္မွာေကာကို သူ႕ဘက္ကို အယုံသြင္းထားလိုက္ၿပီး သူအရာရာကို လုပ္ေဆာင္ခ်ယ္လွယ္နိုင္သည့္တစ္ေန႕က်မွ ေကာအေရွ႕မွာ
သူ႕မ်က္ႏွာဖုံးကို ခြာခ်ရမည္ ဆိုရင္လည္း ကိစၥမရွိဘူး ဟူ၍သာ...
အရာအားလုံးက သူ႕အစီအစဥ္မ်ားအေပၚတြင္သာသူေတြးထင္ထားသည့္အတိုင္း စည္းခ်က္မွန္မွန္ အကြက္က်က် တည့္မတ္သြားရန္သာလိုအပ္သည္။

ေကာ...အဲ့လိုေန႕ ေရာက္လာရင္ ကြၽန္ေတာ့ကို ေကာမမုန္းဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္မိပါရဲ႕...

----------

"အားယြင္...အဆိုးေလး...စားဖို႔ ဘာမွာ မလဲ လို႔ေကာေမးေနတာ ႏွစ္ႀကိမ္မကေတာ့ဘူး... စိတ္ေတြကဘ
ယ္ေတြလႊင့္ေနတာတုန္း..."

ေရွာင္ဟန္ေကာ၏ အသံခ်ိဳခ်ိဳ လြင့္လြင့္ကေလးေၾကာင့္ က်ိဳးယြင္က အသိဝင္လာရသည္။

က်ိဳးယြင္က သူ႕ကို ၿပဳံးစစၾကည့္ေနတဲ့ ေရွာင္ဟန္ ေကာကို အျပစ္ကင္းစင္သည့္အၿပဳံးကေလးျဖင့္ ၿပဳံးျပလိုက္ၿပီး ျပန္ေျဖလိုက္ရသည္။

" ဘယ္မွ မလြင့္ပါဘူး...ဘာစားရင္ ေကာင္းမလည္းလို႔ စဥ္းစားၾကည့္ေနတာပါ...ေရွာင္ဟန္ ေကာ.."

"အခုမွ စဥ္းစားမေနနဲ႕ေတာ့ ေစာေစာထဲက အဆိုးေလးမၾကားလို႔ ေကာကပဲ...အဆိုးေလးႀကိဳက္တာေတြကို မွာေပးလိုက္ၿပီးၿပီ...ေရာက္ေတာင္ ေရာက္လာေတာ့မယ္...ဒါကို..စဥ္းစားေနတုန္းလို႔ေကာကို ေျပာေနေသးတယ္...ေရွာင္းယြီကေတာင္ မွာၿပီးသြားၿပီ..."

လုေရွာင္းက ေထာက္ခံသည့္ ပုံစံျဖင့္ သူ႕ကိုၾကည့္လာၿပီး မ်က္လုံးမ်ားက မင္း အာ႐ုံေတြသိပ္မ်ားမေနနဲ႕ မင္းရဲ႕ေကာ ရိပ္မိသြားလိမ့္မယ္ ဆိုသည့္ အခ်ိဳးျဖင့္ မသိမသာ မ်က္လုံးႀကီးျပဴးျပလာၿပီး ေခါင္းအနည္းငယ္ ရမ္းျပလာသည္။

က်ိဳးယြင္က မျမင္ခ်င္ေယာင္ေဆာင္လိုက္ၿပီးေရွာင္ဟန္ေကာကို မ်က္လုံးဝိုင္းကေလးမ်ားျဖင့္ သိခ်င္ သည့္ အမူအရာေလးမ်ားျဖင့္ လက္ကေလးႏွစ္ဖက္ကိုပြတ္လိုက္ၿပီး ရယ္ျပလိုက္ကာ

"ဟီး...ေကာ ရဲ႕ သူငယ္ခ်င္း အစ္ကိုေလာ့ ကိုေတာင္ မေတြ႕ရေတာ့ဘူး...ဘယ္ေရာက္သြားတာတုန္း..."

ေရွာင္ဟန္ က က်ိဳးယြင္ရဲ႕ အူလည္လည္ပုံစံကေလးကို အသည္းယားလာၿပီး နဖူးကေလးကို တစ္ခ်က္ေတာက္လိုက္ၿပီး ႏႈတ္ခမ္း ကို နည္းနည္းဆူမိသြားကာ ျပန္ေျဖလိုက္မိသည္။

"အဆိုးေလးကေတာ့...အဆိုးေလးလို႔ကို မေျပာရဘူး...အူတူတူနဲ႕...မင္းရဲ႕ အစ္ကိုေလာ့က သူ႕ဉီေလးနဲ႕ ဆုံတုန္းစကားသြားေျပာေနတယ္...ခဏေနရင္ ျပန္လာလိမ့္မယ္....မွာထားတဲ့ အစားအေသာက္ေတြလည္း ေရာက္ၿပီဆိုေတာ့ စားၾကရေအာင္ပူတုန္းေလး...အစားအေသာက္ေတြကို မျဖဳန္းတီးရဘူးလို႔...အေဖက မွာထားတယ္မဟုတ္လား...ၿပီး ေတာ့ေလာ့မင်က သူ႕ကိုေစာင့္စရာမလိုဘူးလို႔ေျပာသြားတယ္...ေရွာင္းယြီေလးလည္း ဗိုက္ဆာေနေလာက္ၿပီ...စၿပီးစားေတာ့ ဟုတ္ၿပီလား..."

က်ိဳးယြင္းကလည္း သူ႕ကို ဆုံးမစကားဆိုေနၿပီး လူႀကီးအရမ္းလုပ္ခ်င္တဲ့ ေရွာင္ဟန္ေကာကို ေခါင္းကေလးၿငိမ့္၍သာ ျပန္ေျပာရေတာ့သည္။ ေကာက လိမၼာတဲ့ ကေလးပုံစံေတြကို ပိုၿပီး ခ်စ္ခင္မွန္း အစကတည္းက သူအေဖ့ရဲ႕ေျပာစကားမွ တစ္ဆင့္ သိရွိထားၿပီးသားပင္။

"ဟုတ္...ေကာ...ဒါဆိုရင္...စားၾကရေအာင္ေလ..."

"အင္"

ေရွာင္ဟန္ က သူ႕ရဲ႕ ေျပာစကားကို ဘယ္ေတာ့ မဆို ေျမဝယ္မက်နားေထာင္တတ္တဲ့ အားယြင္ေလးေၾကာင့္ တျဖည္းျဖည္း အခ်စ္ပိုလာရတာျဖစ္သည္။ ထိုေၾကာင့္ ေရွာင္ဟန္က သတိမထားမိလိုက္ပဲ က်ိဳးယြင္ရဲ႕ ပါးကေလးကို ခ်စ္စႏွိုးျဖင့္ တစ္ခ်က္နမ္း လိုက္မိေတာ့သည္။

"မြ.."

"....."

"....."

က်ိဳးယြင္ရဲ႕ မ်က္လုံးမ်ားက ခ်က္ခ်င္းပင္ ျပဴးက်ယ္လို႔ သြားရသည္။ ေကာက အခုလိုႀကီး နမ္းလာလိမ့္မယ္လို႔ က်ိဳးယြင္တစ္ခါမွ မထင္ထားဖူးတဲ့ ကိစၥပင္ျဖစ္သည္။ အရင္ကတည္းက ေရွာင္ဟန္ ေကာက သူ႕ရဲ႕ ေခါင္းကိုသာ နမ္းေပးခ်င္နမ္းေပးမိလိမ့္မည္။ အခုက သူလုံးဝမေမွ်ာ္လင့္ထားသည့္ အခိုက္အတန့္. ပင္ျဖစ္၏ ။
ေကာက စကၠန႔္ ပိုင္းေလာက္မွ်သာ သူ႕ပါးကိုျဖတ္္ခနဲ နမ္းလိုက္ေပမဲ့ သူ႕အတြက္ကေတာ့ ျပန္စဥ္းစားမိလိုက္တိုင္း ေမ့မရနိုင္သည့္ အမွတ္အသားတစ္ခုလိုပင္...သူ႕ရဲ႕မ်က္လုံးမ်ားပင္ နက္ေမွာင္လာရသည္အထိ...

သူ႕ရဲ႕ ေသြးလည္ပတ္ႏႈန္းေတြေတာင္ မူမမွန္ ျဖစ္လာရသည္အထိ ေကာက စြမ္းေဆာင္နိုင္သည္။

ေရွာင္ဟန္ေကာ...ေကာက မရည္႐ြယ္ဘဲ...လုပ္မိလိုက္ေပမဲ့...
တစ္ခ်ိန္မွာ...ဒါေတြက ေကာက အစပ်ိဳးခဲ့တဲ့ အရာေတြေၾကာင့္ ျဖစ္ေနမွာ ေကာမေၾကာက္ဘူးလား...
လို႔သာ သူေမးလိုက္ခ်င္ပါသည္။

ေရွာင္ဟန္ ကေတာ့ သူလုပ္မိလိုက္တဲ့ အရာကို သူကအဘယ္အတြက္ေၾကာင့္ သတိထားၿပီး ေတြးပူ
ေနမိမည္နည္း...သူက က်ိဳးယြင္ကို ကေလးတစ္ေယာက္ အျဖစ္သာ သတ္မွတ္ထားသည္မဟုတ္လား...။

လုေရွာင္းကေတာ့ ျဖစ္ပ်က္ေနတဲ့ သူ႕သူငယ္ခ်င္းရဲ႕ ႐ုပ္နဲ႕ စိတ္အေျခအေနကို ဖတ္တတ္သည့္အတြက္ေၾကာင့္ ေရွာင္ဟန္ ဆိုသည့္ ေရွာင္ေကာအတြက္သာ မသိမသာ ေခါင္းခါေနမိေတာ့သည္။

Continue Reading

You'll Also Like

71K 13.4K 27
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1M 44.9K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
6.6M 433K 94
Hanary Victor + Loon Tar Nay San
331K 34.4K 107
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်