Unicode
ကုရှင်ချွမ်းခနလောက်ပျော်ရွှင်သွားပီး ချက်ချင်းပဲပိုပီးစိတ်မချမ်းမသာဖြစ်သွားတယ်။
သူစုန့်ရီကိုစိတ်ဆိုးစေချင်တယ် စိတ်လဲမဆိုးစေချင်ဘူး။ အဲ့ဒီနှစ်ခုကြားမှာ စိတ်ဆိုးစေချင်တာကပိုများနေတယ်။
စုန့်ရီကသူ့ရဲ့အတွေးနက်နက်တွေကိုနားမလည်ဘဲအရောင်စုံတဲ့ menu ပေါ်မှာပဲအာရုံစိုက်ထားတယ် "Lemon Risotto ရယ် Creamy Mushroom Soup ရယ် မင်းတို့နှစ်ယောက်ရောဘာမှာချင်လဲ?"
သူကလက်လှမ်းပီး menu ကိုကောင်လေးကိုပေးလိုက်တယ်။ ကောင်လေးကအမည်းရောင်အငွေ့အသက်တွေဖုံးနေတဲ့ ကုရှင်ချွမ်းကိုသေချာကြည့်ပီး menu ယူဖို့လက်တုန့်နေတယ်။ သူကခြောက်ကပ်ကပ်အပြုံးတစ်ခုနဲ့ပြောလာတယ် "တောင်းပန်ပါတယ် ကျွန်တော်ကချွမ်းကောရဲ့တခြားသူငယ်ချင်းတွေကိုမမြင်ဖူးတော့ ကျွန်တော်ထင်လိုက်တာက..."
"ရပါတယ်" စုန့်ရီကခေါင်းလှည့်ပီး ညင်ညင်သာသာလေးပြုံးကာ ယဥ်ယဥ်ကျေးကျေးလေးပြောလိုက်တယ် "ကိုယ့်ရဲ့မျိုးရိုးနာမည်ကစုန့်ပါ ကိုယ်ကလဲမင်းချွမ်းကောရဲ့အတန်းဖော်တစ်ယောက်ပါပဲ"
ကောင်လေးက'အာ' ဆိုပီးခါမှ ရုတ်တရပ်တစ်ခုခုကိုသတိရသွားတယ်။ သူကစုန့်ရီကိုထူးဆန်းစွာကြည့်လိုက်ပီး ကုရှင်ချွမ်းဘေးနားကိုကိုင်းလိုက်တယ် "သူကချွမ်းကောရဲ့ အချစ်ပြိုင်ဘက်ကြီး သူ့ကိုအရမ်းမုန်းတာမဟုတ်ဘူးလား?"
ဆိုင်ထဲမှာတခြားသူတွေနဲ့ဆူညံနေတယ်ဆိုပေမဲ့လဲ ကောင်လေးအသံကအတော်ကျယ်တာမို့ စုန့်ရီဒီစကားတွေကိုရှင်းရှင်းလင်းလင်းကြားတယ်။ သူကုရှင်ချွမ်းကိုစိတ်ဝင်တစားကြည့်လိုက်တယ်။
ကုရှင်ချွမ်းကကောင်လေးကိုမည်းမှောင်နေတဲ့အကြည့်တစ်ခုနဲ့ကြည့်လိုက်ပီး အံကြိတ်ကာပြောလိုက်တယ် "တင်းချီ မင်းမဟုတ်တတ်ကရတွေတအားပြောတာပဲ စားသောက်နေတဲ့အချိန်မှာတောင်စကားပြောတာရပ်ထားလို့မရဘူးလား?"
တင်းချီကပါးစပ်လေးပိတ်သွားပီး စုန့်ရီဆီကတစ်ခုခုသိချင်တဲ့အလား မကြာခနဆိုသလို စုန့်ရီကိုမေးမြန်းချင်တဲ့အကြည့်လေးနဲ့လှမ်းလှမ်းကြည့်တယ်။
စုန့်ရီကတော့ဒီကလေးလေးကရယ်စရာကောင်းတယ်လို့တွေးမိတယ်။ ကြည့်ရတာဒီကောင်လေးကလဲ ချမ်းသာတဲ့မိသားစုကကလေးတစ်ယောက်ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ရင် သူပြောချင်တာကိုပြောချရဲမှာမဟုတ်ဘူး။
စုန့်ရီခနလောက်စားသောက်ပီးတော့ ပျို့လာတဲ့မို့ သန့်စင်ခန်းထဲသွားလိုက်တယ်။
တင်းချီကထွက်သွားတဲ့ကျောပြင်လေးကိုကြည်ပီး ခေါင်းကုတ်လိုက်တယ် "ချွမ်းကော အစ်ကိုတို့နှစ်ယောက်ကဘယ်လိုဆက်ဆံရေးလဲ?"
အတူတူအလည်အပတ်ထွက်လာတာတဲ့ ဘယ်လိုကြည့်ကြည့် ပြိုင်ဘပ်ဆိုတာနဲ့နည်းနည်းလေးမှမတူဘူး။
ကုရှင်ချွမ်းမျက်နှာကပြောင်းလဲသွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ငါတို့နှစ်ယောက်ကအတူတူနေနေပီ"
တင်းချီရဲ့မေးရိုးကပြုတ်ကျတော့မလိုဖြစ်သွားတယ်။ ကုရှင်ချွမ်းကိုလေးစားတဲ့အကြည့်နဲ့ကြည့်ပီး အသံကိုမြှင့်ကာပြောလာတယ် "ချွမ်းကောကတအားမိုက်တာပဲ အချစ်ပြိုင်ဘက်ကြီးကိုတောင်မှဆွဲဆောင်နိုင်တယ်"
ကုရှင်ချွမ်းကတင်းချီကိုစားပွဲအောက်ကနေခပ်ပြင်းပြင်းကန်လိုက်တော့ တင်းချီကနာလို့အော်ရှာတယ်။
ကုရှင်ချွမ်းကတင်းချီကိုလျစ်လျူရှုလိုက်ပီး စုန့်ရီခွက်လေးကိုယူကာရေငှဲ့ပေးရင်း အလေးအနက်ပြောလာတယ် " မင်းသူရှေ့မှာဆိုယဥ်ယဥ်ကျေးကျေးပြောစမ်း သူကလူကောင်းသူကောင်းလေး ဒီလိုဟာတွေကိုနားထောင်နိုင်မှာမဟုတ်ဘူး"
တင်းချီကဒူးခေါင်းလေးကိုပွတ်ပီး ကုရှင်ချွမ်းရဲ့ပုံစံကိုကြည့်ကာ သရဲတစ်ကောင်ကိုတွေ့သလိုမျိုးအံ့အားသင့်နေတယ် "ချွမ်းကော မင်းဘာဖြစ်သွားတာလဲ?"
"မင်းမြင်သလိုပဲ" ကုရှင်ချွမ်းကမယုတ်မလွန်ဖြေလိုက်တယ်။
တင်းချီကသူ့ကိုအံ့ဩတကြီးနဲ့ အစုန်အဆန်ကြည့်နေတယ် "ဟိုးတစ်ခါတုန်းကကျွန်တော်က ရှောင်ဖေးတစ်ယောက်လက်ထပ်ပြီးသွားတော့မယားကြောက်ဖြစ်သွားတယ်လို့ပြောခဲ့တုန်းက ချွမ်းကောနဲ့ကျွန်တော်တောင်ရှောင်ဖေးကိုဝိုင်းလှောင်ခဲ့သေးတယ် အခုတော့ချွမ်းကောလဲလက်ထပ်ပီးသွားရင် ရှောင်ဖေးလို့ဖြစ်တော့မယ်လို့ကျွန်တော်အနံ့တွေရနေတယ်"
ကုရှင်ချွမ်းကမျက်လုံးတွေမှေးကျဥ်းလိုက်ပီး အထင်အမြင်သေးသလိုပြုံးလိုက်တယ် "ငါကမင်းထင်သလို ရှောင်ဖေးလိုဖြစ်လာမှာမဟုတ်ဘူး"
တင်းချီကမယုံကြည်နိုင်ဖြစ်နေတယ်။ ခနလောက်နေတော့သူကရုတ်တရအ်သက်ပြင်းချလိုက်ပီး ကုရှင်ချွမ်းကိုတံတောင်နဲ့ထိုးလာတယ် "အစ်ကိုအဖေကရော သူတို့အသိုင်းအဝိုင်းထဲကတစ်ယောက်ယောက်မရှာပေးဘူးလား?"
ကုရှင်ချွမ်းကမျက်မှောင်ကြုံ့ပီးမျက်နှာကိုသူ့ဘက်လှည့်လိုက်တယ်။ သူသိသလောက်ဆို သူတို့အသိုင်းအဝိုင်းကလူတွေကဘယ်လောက်ပဲအပြင်မှာ ဘယ်သူတွေနဲ့ပျော်ပါးနေပါစေ အချိန်တန်ရင်တော့ အိမ်ကလူတွေပေးစားတဲ့လူကိုပဲမျက်လုံးမှိတ်ပီးလက်ထပ်လိုက်ရတာပဲ။
သူအဲ့တာကိုစဥ်းစားလိုက်ပီး မျက်လုံးတွေကိုမှေးကျဥ်းကာရှင်းရှင်းလင်းပြောလိုက်တယ် "ငါ့အဖေကတော့အဲ့လိုမလုပ်ဘူး သူကစုန့်ရီကိုအရမ်းသဘောကျတယ် ဒီတစ်ခါငါအလည်ထွက်တာ ကိုယ်ပိုင်လေယာဥ်သုံးရမယ်ကွာ အဲ့တာအလုပ်ကိစ္စတွေရှိလားဘာလားမမေးလို့ဆိုပီး ငါ့ကိုဆူတယ် ငါကစုန့်ရီနဲ့အတူသွားမယ်ဆိုတာလဲကြားရော ချက်ချင်းသဘောတူပီး စုန့်ရီကိုအနိုင်မကျင့်ဖို့ကိုသွားတဲ့အထိပြောတော့တာပဲ"
"အစ်ကိုအဖေ့မှာလဲဒီလိုအချိန်တွေရှိသေးတာလား?" တင်းချီကသူ့ကိုကြည့်ပီး အရမ်းအံ့ဩနေတယ်။
ကုရှင်ချွမ်းကခေါင်းညိမ့်ပီး သေချာစွာပြောလိုက်တယ် "စုန့်ရီကအရမ်းကောင်းတော့ သေချာပေါက်သဘောကျတာပေါ့ကွ"
တင်းချီကနှုတ်ခမ်းကိုအသံမြည်အောင်စုပ်ပီး ပြုံးကာပြောလိုက်တယ် "သူကအတော်လေးလှတယ်လို့ကျွန်တော်ထင်တယ်"
"Fuck you" ကုရှင်ချွမ်းကစားပွဲပေါ်ကသံပယိုသီးကိုယူပီ တင်းချီကိုပစ်ပေါက်လိုက်တယ် "မင်းနောက်တစ်ခါသူ့ကိုကြည့်ရဲကြည့်ကြည့် မျက်လုံးကိုဖောက်ထုတ်ပစ်မယ်"
တင်းချီကရယ်မောနေတယ် "သခင်းလေးကုတော့ ဒီတစ်ခါအဆုံးသတ်ပြီပဲ"
စုန့်ရီကစားပွဲရှိရာကိိုမြန်လာတော့မျက်နှာကစိုစိုလေးဖြစ်နေပီး ပျို့အန်ထားတာကြောင့်မျက်နှာမှာပဲသွေးရောင်မရှိတော့ဘူး။ သူပုံစံကိုနည်းနည်းပုံမှန်ဖြစ်သွားအောင်သန့်စင်ခန်းထဲမှာ မျက်နှာသစ်လာခဲ့ရတာဖြစ်တယ်။
ကုရှင်ချွမ်းကသူ့ရဲ့သနားစရာကောင်းတဲ့ပုံစံလေးကိုကြည့်ပီး တင်းချီနဲ့စကားအနည်းငယ်လောက်ပြောကာ ဟိုတယ်ကိုပဲအိပ်ရအောင်ပြန်ခဲ့တယ်။
နေ့လည်ခင်းအချိန်မှာ အခန်းကဟိုလိုလိုဒီလိုလိုဖြစ်နေပီး အားလုံးကနီရဲရဲပဲဖြစ်နေတယ်။ ညအချိန်မှာတော့ အခန်းကအရောင့်ရင့်ရင်တစ်ဝက် နုတစ်ဝက်နဲ့ပန်းရောင်ထိန်ထိန်လေးဖြစ်နေတယ်။ နေရာတိုင်းမှာဝေဝါးသလိုဖြစ်နေပီး ညှို့ယူဆွဲဆောင်နိုင်တဲ့အဓိပ္ပါယ်တွေပြည့်နေတယ်။
စုန့်ရီကရေအရင်ချိုးလိုက်တယ်။ နံရံပေါ်ကကြည့်မှန်တွေကသူ့ကိုရှက်ရွံ့စေတယ်။ သူ bathtub ထဲမဝင်တော့ဘဲ ရေပန်းနဲ့ပဲမြန်မြန်ချိုးလိုက်ပီး pajamas ကိုသေသေချာချာဝတ်ပီး အပြင်ထွက်လာလိုက်တယ်။
ကုရှင်ချွမ်းကသူ့ဖုန်းကိုသူကြည့်နေတာဖြစ်တယ်။ သူမော့ကြည့်လိုက်တော့ လည်ပင်းအထက်ပိုင်းလေးပဲမြင်ရအောင်ဝတ်ဆင်ထားတဲ့ စုန့်ရီကိုတွေ့တော့ အကျယ်ကြီးရယ်လိကြ်တယ် "မင်းငါ့ကိုကြောက်နေတာလား?"
စုန့်ရီကမကြားချင်ယောင်ဆောင်လိုက်ပီး အိပ်ယာဘေးဘက်မှာထိုင်ပီး သတင်းစာကိုကောက်ကိုင်ကာ ဂရုတစိုက်ဖတ်နေလိုက်တယ်။
ကုရှင်ချွမ်းရေချိုးခန်းထဲဝင်သွားတဲ့အခါမှာ သူ့လေးနားပတ်ပတ်လည်က မှန်တွေမှာကငွေ့ရည်လေးတွေဖွဲ့နေကြပြီဖြစ်တယ်။ shower gel နံ့လေးကလဲရှိန်းတိန်းတိန်းလေးနံ့ ချိုမြမြလေးဖြစ်တယ်။ ရေကအေးနေပေမဲ့ အနံ့သင်းသင်းလေးကနားဖျားနားရောက်လာတိုင်း လူကိုအိပ်မက်မက်နေတာလားဆိုတဲ့အထင်ရောက်စေပီး တစ်ကိုယ်လုံးပူလောင်လာရတယ်။
ကုရှင်ချွမ်းအနောက်လှည့်ပီး စုန့်ရီကိုကြည့်လိုက်တယ်။ သူ့မျက်လုံးတွေကနက်ရှိုင်းပီးတောက်လောင်နေတယ်။ စုန့်ရီသတင်းစာစာရွက်ကနေခေါင်းထောင်ကြည့်လိုက်တယ်။ မျက်လုံးတွေကထိပ်တိုက်တွေ့သွားပီး ခွဲခွာသွားတဲ့အချိန်မှာတော့ ဖော်ပြမရတဲ့မက်မောမှုအငွေ့အသက်တွေကျန်နေခဲ့တယ်။
ရေချိုးခန်းထဲကနေရေသံတွေကြားမှာ စုန့်ရီလဲစိတ်ပြေလျော့သွားတော့တယ်။ သူ့မျက်လုံးတွေအကြမ်းပတမ်းမှိတ်လိုက်ပီး ပြန်ဖွင့်ကာ သူ့ကိုသူနိုးထလာဖို့ ပါးကိုခပ်ဆတ်ဆတ်ရိုက်လိုက်တယ်။
လေထုကတကယ်ကိုမှားယွင်းနေတယ်။.နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ ဒီလိုဟိုတယ်မျိုးမှာ အရင်ကဆက်ဆံရေးရှိခဲ့တဲ့လူနှစ်ယောက်ဟာဘတစ်ချက်ထိတွေ့ရုံနဲ့တင်လောင်ကျွမ်းသွားတော့မဲ့အတိုင်းပဲ။
စုန့်ရီအိမ်မှာတုန်းက ကုရှင်ချွမ်းနဲ့စုန့်ရီအိပ်ယာအတူတူမျှသုံးခဲ့ကြတယ်။ ကုရှင်ချွမ်းကတစ်ခါတစ်ရံမှာလွန်လွန်ကျွံကျွံ့လုပ်တာတွေရှိပေမဲ့ စည်းမကျော်တော့ စုန့်ရီကသူဘာလုပ်လိမ့်မလဲဆိုပီးတွေးမကြောက်ဘူး။
ဒါပေမဲ့ဒီနေ့ပတ်ဝန်းကျင် ဒီလိုအခြေအနေမှာတော် စုန့်ရီအနည်းငယ်ထိတ်လန့်နေတယ်။
သူအကြိမ်ရေအနည်းငယ်လောက်အသက်ပြင်းပြင်းရှူပီး နူးညံ့တဲ့ waterbed ပေါ်မှာထထိုင်လိုက်တယ်။ သူကဇာတွေဖုံးကာထားတာကြောင့်ဝေဝါးနေတဲ့ အနီရောင်နှင်းဆီပန်းတွေနဲ့အိပ်ယာခင်းကိုကြည့်လိုက်တယ်။ သူစဥ်းစားကြည့်တယ်။.တကယ်လို့သူကဒီပေါ်မှာလဲလျောင်းနေမယ်ဆိုရင် သူဘာမှမလုပ်ရင်တောင် ကုရှင်ချွမ်းကို x ဖို့ဖိတ်ခေါ်နေသလိုဖြစ်နေလိမ့်မယ်။
ဒါကသေချာပေါက်ဖြစ်လို့မရဘူး။ စုန့်ရီစိတ်တွေပူပန်နေတယ်။.သူအံဆွဲထဲကနေ Light remote controler ကိုယူလိုက်ပီး
အလင်းရောင်ကိုတိုးဖို့လုပ်လိုက်တယ်။.သူကဒီထက်ပိုပီးလင်းသွားစေချင်ပေမဲ့ ဒါကအလင်းဆုံးဖြစ်နေပီ။
သူကအရှေ့အနောက်လျှောက်နှိပ်ကြည့်ပီး နောက်ဆုံးမှာတော့လက်လျှော့လိုက်တယ်။ သူကအိပ်ယာပေါ်မှာလှဲမနေနိုင်တော့မို့ အခန်းထဲဝေ့ဝဲကြည့်လိုက်တော့ office chair နဲ့တူထိုင်ခုံတစ်လုံးကိုတွေ့လိုက်တယ်။ သူအဲ့ဒီကိုပဲသွားပီးထိုင်လိုက်တယ်။
သူကိုယ်ဝန်လွယ်ကတည်းကအရမ်းအိပ်ငိုက်တတ်လာတယ်။ သူထိုင်ခုံမှာမှီလိုက်ပီးသိပ်မကြာခင်မှာပဲအိပ်ပျော်သွားတယ်။
သူမှေးနေတဲ့အချိန်မှာ ရေစက်အေးအေးလေးတွေကသူ့မျက်နှာပေါ်ကျလာတာကိုခံစားမိနေတယ်။ စုန့်ရီမျက်လုံးတွေကိုအားယူဖွင့်လိုက်တော့ သူ့နဲ့အတော်နီးနီးမှာရှိနေတဲ့ကုရှင်ချွမ်းရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။ လှပတဲ့မီးရောင်အောက်မှာ ကုရှင်ချွမ်းရဲ့ခပ်စိုစိုဆံပင်လေးတွေ နည်းနည်းပင့်ထားတဲ့မျက်ခုံးတန်းလေးတွေ နှာတံစင်းစင်းလေးရယ် မေးရိုးထင်းထင်းလေးတွေရယ်ကိုသေချာမြင်နေရတယ်။ မျက်နှာကျကရိုးရှင်းပီးဆွဲဆောင်မှုရှိတယ်။.သူ့ရဲ့မျက်လုံးနက်နက်လေးတွေကတော့ စုန့်ရီကိုစိုက်ကြည့်နေပီး နှုတ်ခမ်းလေးတွေကနည်းနည်းကော့တက်နေတယ် "မင်းဘာလို့ဒီမှာအိပ်နေတာလဲ?"
စုန့်ရီသူ့မျက်နှာပေါ်ကရေစက်တွေကိုလက်ဖမိုးနဲ့သုတ်လိုက်ပီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ် "ငါအိပ်ငိုက်နေပီ အိပ်တော့မယ်"
သူထထိုင်ချင်ပေမဲ့ ကုရှင်ချွမ်းရဲ့စုန့်ရီရဲ့ပခုံးကိုပြန်တွန်းချလိုက်ပီး သူ့အသံထဲမှာတော့ရှုပ်ထွေးတဲ့အဓိပ္ပါယ်တချို့ရှိနေတယ် "မင်းဒီထိုင်ခုံကိုဘယ်လိုသုံးလဲသိလား?"
စုန့်ရီမသင်္ကာစွာ 'huh?' လို့ပြောတော့ ကုရှင်ချွမ်းကတိုးတိုးလေးရယ်လိုက်ပီး ထိုင်ခုံလက်ရမ်းဘေးနားကသိပ်ပီးမသိသာတဲ့ခလုတ်လေးတစ်ခုကိုနှိပ်လိုက်တယ်။ စုန့်ရီရဲ့နောက်ကျောကလဲကျသွားပီး ပြန်ထလို့မရတော့ဘူး။
လက်ရမ်းနှစ်ဖက်ကလဲဘေးကိုကားထွက်သွားတယ်။ စုန့်ရီဘာမှမတုံံ့ပြနိုင်ခင်မှာ ကုရှင်ချွမ်းရဲ့လက်တွေက စုန့်ရီရဲ့ခြေသလုံးကို လက်ရမ်းနှစ်ဖက်ပေါ်မှာညင်ညင်သာသာတင်လိုက်ပီး သူကကိုယ်ကိုကိုင်းကာကြားထဲမှာဒူးထောက်လိုက်တယ်။ တစ်ဖန်သူ့လက်တွေကစုန့်ရီရဲ့မျက်နှာပေါ်ကိုရောက်သွားပီး အပေါ်ကနေငုံ့ပြည့်နေတယ် "ပျော်စရာကောင်းတယ်မလား?"
စုန့်ရီခနလောက်အေးခဲသွားပီး သူ့မျက်နှာကပူလောင်လာရတယ်။ ဒီအနေအထားကြီးကသူ့ရဲ့ကိုယ်ပိုင်တွေးတောဆင်ခြင်နိုင်စွမ်းတွေကိုပျောက်ဆုံးစေတယ်။ ဒါကဆေးရုံမှာ သားဖွါးမီးယပ်စစ်ဆေးတာကြီးနဲ့တောင်ဆင်တူနေသလိုပဲ "ပျော်စရာမကောင်းဘူး..."
သူထထိုင်ချင်ပေမဲ့ ခြေထောက်တွေကလက်ရမပေါ်မှာရှိနေပီး အားထည့်လို့မရဘူး။ သိုးလေးတစ်ကောင်အသတ်ခံရတော့မဲ့အတိုင်းပဲ ခံစားချက်ကြီးကမသက်မသာဖြစ်နေတယ်။
ကုရှင်ချွမ်းကသူ့ကိုကမောင်ကမနိုင်တဲ့အမူအရာနဲ့ကြည့်နေပီး သူ့နားရွက်နားကိုတိုးကပ်လာတယ် "ပျော်စရာမကောင်းဘူးဆိုရင် ဂိမ်းလေးပြောင်းကြတာပေါ့"
စုန့်ရီကခေါင်းလှည့်လိုက်ပီး ပူလောင်ခြောက်သွေ့နေတဲ့အသက်ရှူငွေ့တွေကိုရှောင်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ထတော့ ငါမကစားချင်ဘူး"
ဒါကလုံးဝကောင်းမွန်တဲ့ဂိမ်းတစ်ခုမဟုတ်ဘူး။
အသေအချာကြီးပါပဲ။ ကုရှင်ချွမ်းကလက်ဆန့်ထုတ်ကာ ခုံနောက်ကျောဘက်မှာရှာဖွေလိုက်ပီး သားရေလက်ထိတ်တစ်စုံကိုဆွဲထုတ်လာတယ်။ စုန့်ရီမျက်လုံးတွေကမဲမှောင်သွားပီး လက်ကိုဖွက်ဖို့ရုန်းကန်လိုက်တယ်။ ကုရှင်ချွမ်းရုတ်တရပ်သူ့လက်ကိုဖမ်းဆွဲလိုက်ပီး လျင်မြန်စွာပဲလက်ထိတ်ခတ်လိုက်တော့တယ်။
စုန့်ရီရဲ့လက်ကောက်ဝတ်မှာတင်းတင်းကျပ်ကျပ်ခတ်ပီးသွားတဲ့အခါမှာ သူကလေးလေးပင်ပင်အသက်ရှူနေပီးပြတ်ပြတ်သားသားပြောလာတယ် "မင်းကဖမ်းဆီးခံလိုက်ရပီ တိတ်တိတ်နေခွင့်ရှိတယ် မဟုတ်ရင် မင်းပြောသမျှဟာတရားခွင်မှာသက်သေဖြစ်သွားလိမ့်မယ်"
" ..... "
စုန့်ရီကသူ့ကိုပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပီးလူသတ်ချင်တဲ့မျက်လုံးတွေနဲ့ကုရှင်ချွမ်းကိုနောက်ပြန်ဆုတ်ဖို့တွန်းအားပေးနေတယ်။
ကုရှင်ချွမ်းကမျက်လုံးတွေကိုကျဥ်းမြောင်းလိုက်ပီး သူ့ကိအြလေးအနက်မေးလာတယ် "ပထမဆုံးမေးခွန်းမေးမယ် မင်းဒီနေ့စိတ်ဆိုးလား?"
စုန့်ရီကနှုတ်ခမ်းတွေကိုတင်းတင်းစေ့ပီး ကုရှင်ချွမ်းရဲ့မေးခွန်းကိုဖြေဖို့ငြင်းဆန်လိုက်တယ်။
ကုရှင်ချွမ်းကသူ့ရဲ့မေးရိုးကိုဖျစ်ပီး နူးနူးညံ့ညံ့သတိပေးတယ် "ဝန်ခံရင်သက်ညှာမှုရမယ် ခုခံနေမယ်ဆိုတင်းမာလာနိုင်တယ်"
စုန့်ရီအရမ်းဆိုးတဲ့အရာတစ်ခုကိုတွေးမိသွားတယ်။ သူရဲကောင်းဟာချင်ချင်းဆုံးရှုံးမှုကိုမခံစားဖို့သတ္တိမရှိတာကြောင့် မြန်မြန်ပဲပြန်ဖြေလိုက်ရပါတော့တယ် "မဆိုးဘူး"
ကုရှင်ချွမ်းကအသံကိုမြှင့်လိုက်ပီး သူ့အသံမှာအန္တရာယ်အငွေ့အသက်တွေပြည့်နေတယ် "လိမ်ညာရင် ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်းခံရမယ်"
သူ့အသံထွက်လာတဲ့ပီးပီးချင်းမှာပဲ သူ့လက်ဖဝါးဟာမြင့်တက်သွားပီး ခပ်ပြင်းပြင်းရိုက်ချလိုက်တော့ လေထဲမှာဖျက်ခနဲအသံတစ်ခါထွက်လညတယ်။
စုန့်ရီမျက်နှာကရဲခနဲဖြစ်သွားတယ်။ သူကကလေးတစ်ယောက်လို့အဆက်ဆံခံနေရပီးဘမျက်နှာကပူလောင်လာတယ် "ငါစိတ်မဆိုးဘူး မလိမ်ဘူး"
"တကယ်လား?"
"တကယ်"
"မင်းအသံကမာနေတယ် ငါကဖြေလျှော့ပေးရမှာပေါ့"
ကုရှင်ချွမ်းကသူ့မေးရိုးကိုချုပ်ပီး ခပ်ပြင်းပြင်းနမ်းတယ်။ သူ့ရဲ့အားက ထိန်းချုပ်မှုမရှိစွာတောက်လောင်နေတဲ့မီးတောက်အတိုင်းပဲကြောက်စရာကောင်းလောက်အောင်ပြင်းထထန်တယ်။
စုန့်ရီမျက်လုံးတွေကပွင့်နေပီး ကုရှင်ချွမ်းကိုစိတ်ထဲမှာကျိန်ဆဲနေလိုက်တယ်။ စုန့်ရီနှလုံးကရင်ဘတ်ကနေပေါက်ကွဲပီးထွက်လာတော့မဲ့အတိုင်း လျင်မြန်စွာခုန်ပေါက်နေတယ်။ ဒီအနမ်းဟာအချိန်တွေအများကြီးရှည်ကြာခဲ့ပါတယ်။ အောက်ဆီဂျင်လျော့နည်းသွားမှုကြောင့် သူ့ရဲစိတ်တွေကတဖြည်းဖြည်းရီဝေလာပီး ကုရှင်ချွမ်းဆံပင်တွေကိုဝေဝေဝါးမြင်နေရတယ်။ ဆံပင်အောက်ကကုရှင်ချွမ်းမျက်လုံးတွေကတောက်ပစူးရဲနေပီး မီးတောက်လေးတွေတောက်လောက်နေကာ အလင်းရောင်အောက်မှာဝံပုလွေတစ်ကောင်လိုပဲ။
ကုရှင်ချွမ်းရဲ့စိုတစ်ဝက်ခြောက်တစ်ဝက်ဆံပင်ကရေအေးအေးတွေကစုန့်ရီရဲ့ပူလောင်နေတဲ့ခန္တာကိုယ်ပေါ်ကိုတစ်စက်စက်ကျနေပီး ခြောက်သွေ့မှုကိုဖြေသိပ်နေတဲ့အလား။
စုန့်ရီမျက်လုံးတွေကိုမှိတ်ပီးပြန်ဖွင့်လိုက်တဲ့အခါ မျက်လုံးတွေထဲမှာ မျက်ရည်ကြည်တွေရစ်သိုင်းနေတယ်။ ပီးတော့ သူ့ရဲမျက်လုံးအစွန်းလေးတွေကလဲနည်းနည်းလေးရဲနေသေးတယ်။ လင်းထိန်နေတဲ့အလင်းရောင်အောက်မှာ သူ့တို့တွေကတစ်ချက်ထဲနဲ့မင်းကိုအသေသတ်နိုင်တဲ့အဆိပ်ရည်နဲ့ တန်းဖိုးကြီးတဲ့ရောင်ခြယ်လေးတွေကိုစုပေါင်းရစ်သွယ်ထားတဲ့ပုံပေါ်နေတယ်။
ကုရှင်ချွမ်းကနှစ်ယောက်သားကြားကအကွာအဝေးကိုနည်းနည်းလေးတောင်ခွာမိသွားတဲ့အထိပဲ။ သူ့လည်ပင်းကသွေးကြောတွေကအပူကြောင့်ထောင်ထလာတယ်။ သူကစုန့်ရီကိုစိုက်ကြည့်ပီး မှိုင်းညှို့စွာပြောလိုက်တယ် "အပြစ်ဒဏ်ကိုခံယူဖို့အသင့်ဖြစ်ပီလား?"
နှစ်ယောက်သားကပိုပီးနီးကပ်လာတဲ့အခါမှာ ကုရှင်ချွမ်းက bathrobe တစ်ထည်ပဲဝတ်ထားတာမို့ စုန့်ရီသိသိသာသာခံစားနေရတာကကုရှင်ချွမ်းရဲ့စိတ်လှုပ်ရှားမှု။
စုန့်ရီထိန်းမထားနိုင်တော့ဘဲ သူ့ရဲ့ပူလောင်နေတဲ့မျက်နှာကိုလက်တွေနဲ့အုပ်ထားလိုက်တယ်။ သူ့ရဲ့ရင်ဘတ်ကနိမ့်လိုက်မြင့်လိုက်ဖြစ်နေပီး လည်စေ့လေးကလဲ အထက်အောက်ဆင်းလိုက်တက်လိုက်လုပ်နေတယ် "ငါထပ်ပီးမကစားတော့ဘူး"
စုန့်ရီဒီလောက်ထိရှက်သွားတာကိုကုရှင်ချွမ်းအရင်ကမမြင်ဖူးဘူး။ ပထမဆုံးနှစ်ကြိမ်က အရေးကြီးနေတဲ့အချိန်မို့အလောတကြီးနဲ့ဖြစ်သွားခဲ့တာချည်းပဲ။ စုန့်ရီကိုဒီပုံစုံအတိုင်းမြင်လိုက်ရတော့ သူ့နှလုံးသားဟာတရွရွဖြစ်လာပီး ရင်ဘတ်ထက်ကလှုပ်ရှားမှုဟာလဲ ရူးသွပ်လောက်အောင် တဒုန်းဒုန်းနဲ့ခါယမ်းနေတယ်။
အလိုလိုနေရင်းနဲ့ကို သူ့ကိုနူညံ့ညင်သာသွားအောင်စေခိုင်းနိုင်တာပဲ။
သူ့စုန့်ရီလက်ကဟာကိုဖြုတ်ပေးလိုက်ပီး ပါးလေးကိုနူးနူးညံ့ညံ့နမ်းလိုက်တယ်။ သူ့ရဲ့အက်ရှရှအသံကတော့ ချော့မော့နှစ်သိမ့်မှုတွေပြည့်နေတယ် "ပေါင့်ပေ မင်းကိုယ်မင်းငါ့ကိုပေးပါ"
စုန့်ရီမဟားတရားရှက်ရွံ့နေတာပီး အောက်နှုတ်ခမ်းကိုဖိကိုက်ကာထိန်းချုပ်ထားပေးမဲ့ သဘာဝဆိုတာ ကန့်သတ်တားဆီးလို့မရနိုင်ဘူး။ သူ့ရဲ့ခန္တာကိုယ်ဆီကပြောင်းလဲမှုတချို့ကိုသူတိထားမိနေပီး သူ့အနေနဲ့ဘာမှလဲမလုပ်နိုင်ဘူး။
ဘာပဲဖြစ်ဖြစ်.... ဒါကဒီတိုင်း fxxx တာလေးပဲကို။ ဘဝကတိုတောင်းလွန်းတယ်။ အချိန်ရှိတုန်းမှာပျော်စရာရှိရင်ပျော်ပါးလိုက်သင့်တယ်။
~~~~~~~
Zawgyi