နိုးထလာတဲ့ မနက်ခင်းတစ်ခုမှာ နတ်သားလေးတစ်ပါးကို ပွေ့ဖက်ထားရတယ် ဆိုတဲ့ မနက်ခင်းမျိုး ကြုံဖူးကြလား ... ။
.
.
.
မဖြစ်နိုင်ပေမဲ့ ရှောင်ကျန့် အခုကြုံနေတာဘဲ ... ။
နတ်သားလေးကို ဖက်ရက်သား သူ နိုးလာခဲ့တယ် ။
မဟုတ်ဘူး ... နတ်သားလေးက သူ့လက်မောင်းပေါ် ခေါင်းအုံးပြီး ခွေခွေလေး အိပ်ပျော်နေတာ ... ။
နိုးသွားမှာ ကြောက်လို့ ရှောင်ကျန့် လှုပ်တောင်မလှုပ်ရဲ ... ပျောက်ကွယ်သွားမှာကြောက်လို့ ရှောင်ကျန့် မျက်တောင်ပင် မခတ်ရဲ့ ... ။
နှာဖျားလုံးလုံးလေးတွေနဲ့ မျက်တောင်ပါးပါးလေးနဲ့ နတ်သားလေးက တအားလှတာဘဲ ... ။
ကြက်သွေးရောင် ဝတ်စုံကလေး ဝတ်ထားတာကြောင့် အသားရေက ဖြူဆွတ်နေတယ် ။
ကြက်သွေးရောင် ဝတ်စုံက သူ့အိပ်မက်ထဲက ဝမ်ရိပေါ် ဝတ်နေကျ အရောင် ... ။
အဲ့တာကြောင့် သူ့လက်မောင်းပေါ် အိပ်ပျော်နေတဲ့ သူလေးက နတ်သားမဟုတ်တဲ့ သရဲလဲ ဖြစ်နေနိုင်တယ်။
မထင်မှတ်ထားပေမဲ့ မနက်စောစောစီးစီး သရဲတွေ့တာက အလွန်အမင်း ကျက်သရေ ရှိတာဘဲ ... ။
" ဟိ "
ရှောင်ကျန့် ပြုံးရယ်လိုက်တယ် ။
သူ အ်ပ်မက်မက်နေတာ မဟုတ်ကြောင်း အောက်ထပ်က အဖွားဝမ်ရဲ့ အသံက သက်သေပြုတယ် ။
*ကျန့်ကျန့်ရေ
ထမင်းစားကြရအောင် ... ဝမ်ဝမ်ကိုပါ ခေါ်ခဲ့ * တဲ့ ။
ဒီတစ်ခါတော့ ဒီစကားဟာ ချိုသွားတာဘဲ ... ။
ဒါဆိုရင်ဖြင့် ဝမ်ရိပေါ်ဟာ သရဲအဖြစ် တကယ်ရှိတာပေါ့ ... ပြီးတော့ သူ့နားရှိနေခဲ့တာပေါ့ ... အခု သူတွေ့နေရတာက ဝိဥာဥ်လေးပေါ့ ... ။
ဘယ်လိုကနေ ဘယ်လိုဖြစ်လာရတယ်ဆိုတဲ့ အကြောင်းကို ရှောင်ကျန့် မသိချင်တော့... ။
အရေးကြီးတာက
သူလုပ်နေတာက အကျိုးမဲ့ မဟုတ်တော့တာဘဲ...။
* ဝမ်ရိပေါ် လေး တကယ်ရှိနေတယ် *
သူ လက်ထပ်တာကလဲ အကျိုးမဲ့မဟုတ်တော့ဘူး ။
ဝမ်ရိပေါ်ကို ဂရုစိုက်ရမှာကလဲ မရှိတဲ့သူကို ဂရုစိုက်ပေးရမှာ မဟုတ်တော့ဘူး ... ။
ပိုတောင် ဂုဏ်ယူသေးတာက အခုဆို ရှောင်ကျန့်က အဖွားဝမ်ရဲ့ အိမ်ထောင်ဦးစီး မြေးသမက်လေး ဖြစ်ပြီး... အဖွားဝမ်ပြောသလိုပေါ့ ဝမ်ရိပေါ် အားကိုးရတဲ့သူအောင် ကြိုးစားရတော့မယ် ။
အရာရာဟာ လက်မောင်းပေါ်က မျက်နှာလေးကြောင့် အဓိပ္ပါယ်ရှိလာသလိုဘဲ ... ။
ရှောင်ကျန့် အရမ်း သဘောကျတယ် ။
သဘောကျနဲ့ သူ့ဆံပင်ကလေးတွေကို ထိကိုင်လိုက်တော့ လွန့်လူးပြီးနိုးလာတဲ့ သူလေး ... ။
" အင်းးးး "
မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို ကြောင်ကြည့်နေတဲ့ ဝမ်ရိပေါ် ... ရှောင်ကျန့် အကြီးကြီး ပြုံးပြလိုက်တယ် ။
ဝမ်ရိပေါ်ရဲ့ မျက်လုံးက မှေးစင်းနေရာကနေ တဖြည်းဖြည်း ကျယ်လာတယ် ။ ဖန်ဂေါ်လီလုံးလေးတွေလို ဝိုင်းစက်သွားပြီး အလွန်အမင်း အံသြဟန်ပြလာတယ် ။
"ရှောင်ကျန့် !!!! "
သူ့နာမည်ကို အလန့်တကြား ခေါ်လိုက်တဲ့ အသံလေးကြောင့် ရှောင်ကျန့် ပိုပြုံးလိုက်တယ် ။
"အင်း .. ကိုယ် ဝမ်ရိပေါ်
ကိုယ်က မင်းယောက်ျား ရှောင်ကျန့် "
" ခင် ... ခင်ဗျား ကျွန်တော့်ကို မြင်တယ်
အသံလဲ ကြားရတာလား ... ! စကားပြောရတာလား!"
" အင်း ...မင်း ဆန္ဒရှိရင်
မနက်ခင်း အနမ်းပါ ပေးလို့ရတယ် "
ဝမ်ရိပေါ်က ရုတ်တရက် ထထိုင်လိုက်ပြီး တစ်ခုခုကို စဥ်းစားနေတယ် ။ ရှောင်ကျန့် မျက်တောင် မခတ်ဘဲ ကြည့်နေတယ် ။
" ဘယ်လို ဖြစ်တာလဲ ..
ကျွန်တော် ဘာမှ မလုပ်ရသေးဘူးလေ ... ဧကန္တ"
ဝမ်ရိပေါ် ရှောင်ကျန့်ကို ကြည့်လိုက်တယ် ။
" ခင် ... ခင်ဗျား မနေ့ညက ဘာဖြစ်သလဲ မှတ်မိလား"
" မနေ့ညကလား ... "
ရှောင်ကျန့် စဥ်းစားပေးလိုက်တယ် ။
" ကိုယ် ဘာမှ မဖြစ်ဘူးလေ ..
ပွဲမှာ မူးသွားတယ် ထင်တာဘဲ ... ပြီးတော့ အိမ်ပြန်လာတယ် ... အိပ်တယ် ...ဒါဘဲလေ "
အဲ့တော့မှ ဝမ်ရိပေါ် စိတ်အေးသွားတယ် ။ မဟုတ်ရင် ရေရှည် ဆက်ဆံရမဲ့ သူနဲ့ မျက်နှာ ပူနေရဦးမှာ ... ။
"ဒါနဲ့ မင်း ဘယ်လိုရောက်လာခဲ့တာလဲ
အစကတည်းက ကိုယ်မမြင်ဘဲ မင်းရှိနေပြီးသားလား"
" အင်း ... ဟုတ်တယ်
လက်ထပ်စ ကတည်းကဘဲ ... "
" ဪ "
ရှောင်ကျန့် အနည်းငယ်တော့ စိတ်မကောင်း ဖြစ်သွားတယ် ။ သူ အစက ဝမ်ရိပေါ် မရှိဘူးထင်ပြီး မကောင်းတာတွေ လုပ်ခဲ့တာလေ ... ။
" မင်းရှိနေရင် ဘာလို့ ကိုယ် အခုမှ သိရတာလဲ "
ဝမ်ရိပေါ် အကြံအိုက်သွားတယ် ။
ဘယ်လိုကြောင့် ဆိုတာပြောပြလို့ မဖြစ် ... ။
" အချိန်တန်လို့နေမှာပေါ့ "
" ဒီလိုလား "
ရှောင်ကျန့်က ခေါင်းငုံရင်း ပြုံးတယ် ။
" ကိုယ်က အိပ်မက်နတ်သမီးကများ
ကိုယ့်ဆီ မင်းကို ပို့လိုက်တာလား တွေးနေတာ ... "
ရှောင်ကျန့် စကားကြောင့် ဝမ်ရိပေါ် နေရခက်သွားတယ် ။
"ကျွန်တော် နဂိုကတည်းက ရှိနေပြီးသားပါ
အချိန်တန်လို့ ကျွန်တော်တို့နှစ်ယောက်တွေ့တာပေါ့
အထွေအထူး မဟုတ်ပါဘူး "
" အင်း ကိုယ်နားလည်ပြီ "
ရှောင်ကျန့် အိပ်ယာထက်က ထလိုက်တယ် ။
" ရေချိုးစရာ လိုလား ... ရိပေါ် "
" ဗျာ "
တရင်းတနှီး ခေါ်လိုက်တာကြောင့် ရိပေါ် ကြောင်သွားတယ် ။
" မလိုပါဘူး ..."
" အင်း ဟုတ်ပြီ ... ပြီးရင် ကိုယ်တို့အတူတူ မနက်စာသွားစားရအောင်နော် ... ကိုယ် မြန်မြန်လေး လုပ်လိုက်မယ် "
ဝမ်ရိပေါ် ပြန်ပင် မဖြေရသေး ... ရှောင်ကျန့် ရေချိုးခန်းထဲ ပြေးဝင်သွားတယ် ။
ဝမ်ရိပေါ်တော့ အတွေးလွန်ရင်း ကျန်ခဲ့တယ် ။
* သေသွားပြီးနောက် ပထမဆုံး စကားပြောရတဲ့ လူသားဆိုတော့ သူ့အတွက် နည်းနည်းတစ်မျိုးဘဲ *
__________
_________♡
" စားလေ ဝမ်ရိပေါ် "
" ဒီဟာလေး တွဲစားကြည့်
အရမ်း အရသာ ရှိတာ ... ကိုယ်လဲ ကြိုက်တယ် "
" မနက်စောစော ကော်ဖီနဲ့ နွားနို့
ဘယ်ဟာ သောက်ရတာ ပိုကြိုက်သလဲ "
" နေ့လည်စာရော ဘာစားချင်လဲ
ကိုယ် ကြိုပြီး ချက်ဖို့ ပြောလိုက်မယ်လေ "
"ပြီးတော့ မင်းစားချင်တာတွေ ပြောလေ
ကိုယ် စီစဥ်ပေးဖို့ အဖွားဝမ်ကို ပြောလိုက်မယ် "
ရှောင်ကျန့်က သူ့ပန်းကန်ထဲ စားစရာတွေ ထည့်ပေးရင်း စကားတွေ တတွတ်တွတ်ပြောနေတယ် ။
ဖွားဝမ်ကလဲ သူ့ကို မမြင်ရတာတောင် ပြုံးပျော်လို့ ထသွားပေးသေးတယ် ။
"ပန်းကန်ထဲက ပေါင်မုန့်တွေ ကိုယ်လှီးပေးမယ်"
ရှောင်ကျန့် သူ့ပန်းကန်ကို ဆွဲယူလိုက်တယ် ။
" အစာအိမ်လေးနွေးဖို့ ရေနွေးသောက်တာကောင်းတယ် ... ရိပေါ် ... မင်း ရေနွေးသောက်ရင် လက်ဖက်ခြောက်ခတ်တာ ကြိုက်လား မခတ်တာ ကြိုက်လား"
" ဟိုလေ ... ရှောင်ကျန့် "
" ပြောလေ ... ရိပေါ် "
ရှောင်ကျန့်က သူ့ပန်းကန်ထဲက အသားညှပ်ပေါင်မုန့်ကို ဓါးလေးနဲ့ သေးသေးလေးတွေ ဖြတ်ပေးရင်း မေးလာတယ် ။
" ကျွန်တော် ဘာမှ စားလို့မရဘူး "
ရှောင်ကျန့် လက်တွေ ရပ်သွားတယ် ။
.
.
.
" အာ ... ဟုတ်လား "
နောက်တော့ ဓါးနဲ့ ခရင်းကို ချလို့ ပေါင်ပေါ် လက်တစ်ဖက်တင်ရင်း လက်တစ်ဖက်က ဂုတ်ပိုးကို ပွတ်သပ်ပြီး အားနာဟန်နဲ့ ...
" ကိုယ်က မင်းလို့စားရတယ် ထင်လို့ပါ "
" ရပါတယ် ... ရှောင်ကျန့် စားလေ
ကျွန်တော် စောင့်နေပေးမယ် "
" အင်း ကိုယ် မြန်မြန်လေး စားလိုက်မယ်"
ရှောင်ကျန့်က တကယ်ဘဲ ခပ်မြန်မြန် စားလိုက်တယ်။
" ရပါတယ် ရှောင်ကျန့်
ဖြေးဖြေးစားပါ ... ကျွန်တော်က အရေးမကြီးပါဘူး"
မနက်စာက ရှောင်ကျန့် ဗိုက်ထဲ ရောက်ပြီးသွားပြီ ။
ရေခက်ကြီးတစ်ခွက်ကို ကုန်အောင်မော့သောက်ရင်း ဝမ်ရိပေါ်ဘက် လှည့်ကြည့်လိုက်တယ် ။
" မင်း ဘာလိုချင်လဲ ... ဘာလုပ်ချင်လဲ ရိပေါ်
ကိုယ့်ကိုပြော ... ကိုယ် ဘာလုပ်ပေးရမလဲ "
ရှောင့်ကျန်က သူ့ကိုမေးတယ် ။
" ဘာမှ လုပ်စရာ မရှိပါဘူး
ရှောင်ကျန့် လုပ်စရာ ရှိတာ လုပ်ပါ
ကျွန်တော့်ကို အရမ်း အာရုံထဲ မထည့်လဲ ရပါတယ်"
" ဘယ်ဟုတ်မလဲ ရိပေါ်ရဲ့ ... ကိုယ်က မင်းယောက်ျားလေ ... မင်းကိုဘဲ အာရုံထဲထည့်ထားရမှာပေါ ... မင်းက အရေးပါတယ် ... ဒီအချိန်မှာ မင်း လိုအပ်တာ မှန်သမျှ ကိုယ်ကို ပြောခွင့်ရှိတယ် "
" အာ "
ဝမ်ရိပေါ် နေရခက်စွာ မျက်လုံးကို အောက်ကို ပို့လိုက်တယ် ။
သူ ရှောင်ကျန့်ကို စကားပြောဖော်အနေနဲ့ဘဲ လိုချင်တာ ... ယောက်ျားတစ်ယောက်အနေနဲ့ မဟုတ်ဘူး ။
ရှောင်ကျန့်က သူကို အိမ်ထောင်ဖက်လို ဆက်ဆံနေတာ နေရခက်တယ် ။ ပြီးတော့ အဲ့ဒီရှောင်ကျန့်က ထူးဆန်းလိုက်တာ ... ။
သရဲကို မြင်တာတောင် မကြောက်လန့်ဘဲ နူးနူးညံ့ညံ ဆက်ဆံနေသေးတယ် ။ တကယ်ဘဲ ဘယ်လိုအတွေးမျိုးနဲ့လဲ မသိပါဘူး ။
" ကဲပါ ... တစ်ခုခုလိုတဲ့အခါ ကိုယ့်ကို ပြောလေ ... ဒီနေ့က ကိုယ့်ရဲ့ ပထမဆုံး အလုပ်ရက် ... ကိုယ် အလုပ်သွားရမယ် ... ရိပေါ် လိုက်ခဲ့ချင်လား "
ဝမ်ရိပေါ် ခေါင်းခါလိုက်တယ် ။
" ကောင်းပြီ ... အိမ်မှာဘဲ နေမယ်ဆိုလဲနေ ... ကိုယ် စောစော ပြန်လာခဲ့မယ် ... ဘာမှာချင်တာ ရှိသေးလဲ"
" မှာစရာ မရှိပါဘူး "
" အင်း "
ရှောင်ကျန့် ပြုံးရင်း ဝမ်ရိပေါ် ခေါင်းကို ဖွလိုက်တော့ ဝမ်ရိပေါ် ဇက်ကလေး ပုသွားတယ် ။
" လိမ်လိမ်မာမာ နေခဲ့နော် "
" ဟုတ်ကဲ့ "
ရှောင်ကျန့် သူ့အလုပ်အိတ်လေး ဆွဲသွားပြီး ကားမောင်းပြီး ထွက်သွားတယ် ။
ရိပေါ်တော့ ဒီနေရာလေးမှာ ကျန်ခဲ့တယ် ။
* ကိုကိုလဲ ရိပေါ်ခေါင်းကို ဒီလိုလေး ဖွပြီး လိမ်လိမ်မာမာ နေခဲ့နော်လို့ ပြောပြီး အလုပ်သွားခဲ့ဖူးတယ် *
ရိပေါ် စားပွဲပေါ် ခေါင်းမှောက်ချလိုက်တယ် ။
* လွမ်းလိုက်တာ ကိုကိုရယ် *
___________
__________♡
ရှောင်ကျန့်တော့ ဒီနေ့အတွက် အားသစ်အင်သစ်နဲ့ လုံးဝကို လန်းဆန်းတက်ကြွနေတယ် ။
ဒီလို ခံစားချက်လေး ... ။
အိမ်သူ သက်ထား အိမ်မှာစောင့်နေမှာကို မြင်ယောင်ပြီး အလုပ်သွားရတဲ့ ယောက်ျား တစ်ယောက်ရဲ့ ခံစားချက်... အဲ့ဒီ ခံစားချက်ကို သူသိပြီ ထင်ပါတယ် ။
အိမ်ပြန်လမ်းတွေမှာ ပန်းတွေ ပွင့်နေမယ် ။
အလုပ်သွားတဲ့ လမ်းမှာ သူ့အတွက် ဓါးတောင်တွေ ဖြတ်နေတဲ့ သူရဲကောင်းကြီးလို ... မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး ဆိုသလိုပေါ့ ။
ရှောင်ကျန့် အလုပ်ကို အများကြီး ကြိုးကြိုးစားစားနဲ့ သင်ယူတယ် ။ အလုပ်သမားတွေနဲ့ နှုတ်ဆက်တယ် ။စက်ရုံတွေ သွားကြည့်တယ် ။
ဆိုင်တွေမှာ စာရင်းတွေ သွားစစ်ဆေးတယ် ။
ရှယ်ယာရှင်တစ်ချို့နဲ့ တရားဝင် အစည်းဝေးလုပ်တယ်။
ရှောင်ကျန့်အတွက် ပထမဆုံး အလုပ်စဝင်တဲ့နေ့က ထမင်းမေ့ ဟင်းမေ့ပါဘဲ ... ။ မပျော်ရွှင်လောက်ဘူး ထင်ရပေမဲ့ သူပျော်ဝင်သွားတယ် ။
.
.
.
" ဆရာရှောင်း ဒါက ရှေ့နေ့လျှို့ချီယွင်"
အတွင်းရေးမှူးပိုင်က မိတ်ဆက်ပေးလာတယ် ။
"မင်္ဂလာပါ ဆရာရှောင်း တွေ့ရတာ ဝမ်းသာပါတယ် ... ကျွန်တော်က ဝမ်ရဲ့ ရှေ့နေ့ လျှို့ချီယွင်ပါ ... နောက်ကို အလုပ်တူတူ တွဲလုပ်သွားဖို့လဲ မျှော်လင့်ပါတယ်
" ဟုတ်ကဲ့ ... ရှောင်ကျန့်ပါ
ကျွန်တော်လဲ တွေ့ရတာ ဝမ်းသာပါတယ် "
ရှောင်ကျန့်လဲ ဒီနေ့အဖို့ သူ့ကို ပထမဆုံး ပြုံးပြဆက်ဆံတဲ့သူမို့ ဖော်ရွေစွာ ပြန်နှုတ်ဆက်လိုက်တယ်။
"အဖွားဝမ်ရော နေကောင်းရဲ့လားဗျ ... ကျွန်တော်လဲ ဘွဲ့လွန်တက်နေတာနဲ့ ဝမ်အိမ်တော်ဘက်တောင် မရောက်ဖြစ်တော့တာ "
ရှောင်ကျန့်နားကို အတွင်းရေးမှူးပိုင်က ကပ်ပြောလာတယ် ။ * လျှိုချီယွင်က ဝမ်အိမ်နဲ့ ရင်းနှီးသော ဆက်ဆံရေး ရှိပါတယ်တဲ့ *
" အဖွားဝမ် ကျန်းကျန်းမာမာရှိနေပါတယ် "
" ဟုတ်ကဲ့ပါ ... ကျွန်တော်လဲ နောက်မှ လာနှုတ်ဆက်ပါ့မယ်လို့ အဖွားကို ပြောပေးပါဦး "
" ဟုတ်ကဲ့ ... ကျွန်တော် ပြောလိုက်ပါ့မယ်
ဒါနဲ့ ဆရာလျှိုက ရှေ့နေ လုပ်တာ ကြာပြီလား ...
တစ်မျိုး မထင်ပါနဲ့နော် ... အသက်က ကျွန်တော်တို့နဲ့ ရွယ်တူလားလို့ပါ "
" ဟုတ်တယ် ဆရာရှောင်း ... ကျွန်တော်က ဘွဲ့ရပြီးမှ အဖွားဝမ်ဆီ အလုပ်လျှောက်ခဲ့တာလေ ... ရှေ့နေ လုပ်သက်က မကြာသေးပါဘူးဗျာ "
" ဪ "
" ရှေ့ဆက်လဲ အတူတူ ကူညီရင်း သွားကြတာပေါ့
ဆရာရှောင်းနဲ့ တွေ့ရတာ အလွန်ဘဲ ဝမ်းမြောက်ပါတယ် "
"ဘာလို့လဲဗျ "
" ဆရာရှောင်း သတင်းကြားပြီး ကတည်းက ကျွန်တော် တွေ့ချင်နေတာဗျ ... အမိမြေအတွက် လွတ်လပ်ရေး ယူပေးထားတဲ့ စစ်သားကြီးဆိုတော့ ... "
လျှိုချီယွင်က စကားပြောတာ ခဏရပ်လိုက်တယ် ။
"ရင်းရင်းနှီးနှီး ပြောလို့ရမလား ...
ကျွန်တော်တို့ အသက်တူတူလောက်ဘဲ ဆိုတော့လေ"
" ရပါတယ် "
" တကယ်တော့ ကျွန်တော်လဲ စစ်ထဲ အရမ်းဝင်ချင်တာ အိမ်က ခွင့်မပြုဘူးလေ ... အဲ့တော့ ကျွန်တော်က စစ်သားတွေ တွေ့ရင် အရမ်း အားရတာ "
" အဲ့လောက်လဲ မဟုတ်ပါဘူးဗျာ "
" နှိမ့်ချမနေပါနဲ့ ဆရာရှောင်းရာ ...
ဆရာရှောင်း တော်တာ ကျွန်တော့် မိတ်ဆွေတစ်ချို့ ပြောလို့ သိပြီးပါပြီဗျ ... ဆရာရှောင်း သတင်းမွှေးတာကိုတော့ ဖုံးလို့မရဘူး "
" စစ်သားက စစ်တိုက်ရာမှာတော့ တော်မှာပေါ့ဗျာ
အလုပ်လုပ်တဲ့ နေရာမှာတော့ လိုအပ်ချက်တွေ ရှိပါသေးတယ် "
"ဆရာရှောင်း လုပ်နိုင်မှာပါ ...သေချာနားလည်သွားရင် ခက်ခဲတဲ့ အရာတွေ မဟုတ်တော့ ပါဘူး "
ချီယွင်က အားပေးတယ် ။ ရှောင်ကျန့်တော့ အိမ်ကသူလေးရဲ့ မျက်နှာကို မြင်ပြီး အားတင်းထားလိုက်တယ်။
"ဒီလိုဘဲ ကြိုးစားရမှာပေါ့ "
ချီယွင်က ပြုံးပြတယ် ။
" ကဲ ... ပထမဆုံး အလုပ်ရက်ကို မနှောက်ယှက်တော့ဘူး ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး "
" ကောင်းပါပြီဗျာ "
.
.
.
ပထမဆုံး အလုပ်ရက်ကလေးက မနက် ၈ နာရီမှာ စတင်ပြီး ည ၇ နာရီမှာ အဆုံးသတ်တယ်။ ဒါတောင်မှ အိမ်ပါလာတဲ့ ဖိုင်က သုံးခုရှိသေးတယ် ။
ဒီတစ်နေ့အတွက် ပင်ပန်းပါသော်လဲ အိမ်အပြန်မှာ သူရှိနေပါတယ်ဆိုတဲ့ စိတ်ကြောင့် ခြေလှမ်းတွေက သွက်နေခဲ့တယ် ။
ဒီခြေလှမ်းတွေနဲ့ ကိုယ်က မင်းနှလုံးအထိ ရောက်အောင် လျှောက်လာချင်သေးတယ် ... ။
အစ၊အဆုံး ကိုယ် မသိဘူး ရိပေါ်
အကောင်အထည် ရှိမရှိလဲ ကိုယ် မသေချာဘူး ...။
ဒီအတိုင်း မင်းဓါတ်ပုံမြင်မိသွားရာကစ မင်းပုံရိပ်တွေ
အိပ်မက်ထဲ စိုးမိုးလာသည်အထိ ကိုယ်မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် ။
ဒီလမ်းက စမ်းတဝါးဝါးဆိုလဲ ကိုယ် ဆက်လျှောက်နိုင်ပါတယ် ။ အကြောင်းပြချက်က ရိပေါ် ဆိုတဲ့ မင်း ဖြစ်နေလို့ဘဲ ... ။
___________________________________________________________________________________♡
အနည်းငယ်လွဲသွားတဲ့ မျဥ်းနှစ်ကြောင်းက ကြာလာရင် တဖြည်းဖြည်း ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်တဲ့ ..။
_________
Drama ကြိုက်လား ?
character တွေ တိုးလာတယ် ။
ကိုယ်တော့ ချစ်လို့ ထပ် up လိုက်တယ် ။
ဒါဒါတို့လဲ ချစ်ရင် vot&cmt ပေးခဲ့ကြနော် ... ။
အတူတူသွားမယ် ပြောတယ်လေ ကိုယ့်လက်ကို မလွတ်လိုက်ပါနဲ့ ... Aini ❤💚
______________________________________________________________________________________♡
7
ႏိုးထလာတဲ့ မနက္ခင္းတစ္ခုမွာ နတ္သားေလးတစ္ပါးကို ေပြ႕ဖက္ထားရတယ္ ဆိုတဲ့ မနက္ခင္းမ်ိဳး ၾကဳံဖူးၾကလား ... ။
.
.
.
မျဖစ္ႏိုင္ေပမဲ့ ေ႐ွာင္က်န္႔ အခုၾကဳံေနတာဘဲ ... ။
နတ္သားေလးကို ဖက္ရက္သား သူ ႏိုးလာခဲ့တယ္ ။
မဟုတ္ဘူး ... နတ္သားေလးက သူ႕လက္ေမာင္းေပၚ ေခါင္းအုံးၿပီး ေခြေခြေလး အိပ္ေပ်ာ္ေနတာ ... ။
ႏိုးသြားမွာ ေၾကာက္လို႔ ေ႐ွာင္က်န္႔ လႈပ္ေတာင္မလႈပ္ရဲ ... ေပ်ာက္ကြယ္သြားမွာေၾကာက္လို႔ ေ႐ွာင္က်န္႔ မ်က္ေတာင္ပင္ မခတ္ရဲ႕ ... ။
ႏွာဖ်ားလုံးလုံးေလးေတြနဲ႔ မ်က္ေတာင္ပါးပါးေလးနဲ႔ နတ္သားေလးက တအားလွတာဘဲ ... ။
ၾကက္ေသြးေရာင္ ဝတ္စုံကေလး ဝတ္ထားတာေၾကာင့္ အသားေရက ျဖဴဆြတ္ေနတယ္ ။
ၾကက္ေသြးေရာင္ ဝတ္စုံက သူ႕အိပ္မက္ထဲက ဝမ္ရိေပၚ ဝတ္ေနက် အေရာင္ ... ။
အဲ့တာေၾကာင့္ သူ႕လက္ေမာင္းေပၚ အိပ္ေပ်ာ္ေနတဲ့ သူေလးက နတ္သားမဟုတ္တဲ့ သရဲလဲ ျဖစ္ေနႏိုင္တယ္။
မထင္မွတ္ထားေပမဲ့ မနက္ေစာေစာစီးစီး သရဲေတြ႕တာက အလြန္အမင္း က်က္သေရ ႐ွိတာဘဲ ... ။
" ဟိ "
ေ႐ွာင္က်န္႔ ျပဳံးရယ္လိုက္တယ္ ။
သူ အ္ပ္မက္မက္ေနတာ မဟုတ္ေၾကာင္း ေအာက္ထပ္က အဖြားဝမ္ရဲ႕ အသံက သက္ေသျပဳတယ္ ။
*က်န္႔က်န္႔ေရ
ထမင္းစားၾကရေအာင္ ... ဝမ္ဝမ္ကိုပါ ေခၚခဲ့ * တဲ့ ။
ဒီတစ္ခါေတာ့ ဒီစကားဟာ ခ်ိဳသြားတာဘဲ ... ။
ဒါဆိုရင္ျဖင့္ ဝမ္ရိေပၚဟာ သရဲအျဖစ္ တကယ္႐ွိတာေပါ့ ... ၿပီးေတာ့ သူ႕နား႐ွိေနခဲ့တာေပါ့ ... အခု သူေတြ႕ေနရတာက ဝိဥာဥ္ေလးေပါ့ ... ။
ဘယ္လိုကေန ဘယ္လိုျဖစ္လာရတယ္ဆိုတဲ့ အေၾကာင္းကို ေ႐ွာင္က်န္႔ မသိခ်င္ေတာ့... ။
အေရးႀကီးတာက
သူလုပ္ေနတာက အက်ိဳးမဲ့ မဟုတ္ေတာ့တာဘဲ...။
* ဝမ္ရိေပၚ ေလး တကယ္႐ွိေနတယ္ *
သူ လက္ထပ္တာကလဲ အက်ိဳးမဲ့မဟုတ္ေတာ့ဘူး ။
ဝမ္ရိေပၚကို ဂ႐ုစိုက္ရမွာကလဲ မ႐ွိတဲ့သူကို ဂ႐ုစိုက္ေပးရမွာ မဟုတ္ေတာ့ဘူး ... ။
ပိုေတာင္ ဂုဏ္ယူေသးတာက အခုဆို ေ႐ွာင္က်န္႔က အဖြားဝမ္ရဲ႕ အိမ္ေထာင္ဦးစီး ေျမးသမက္ေလး ျဖစ္ၿပီး... အဖြားဝမ္ေျပာသလိုေပါ့ ဝမ္ရိေပၚ အားကိုးရတဲ့သူေအာင္ ႀကိဳးစားရေတာ့မယ္ ။
အရာရာဟာ လက္ေမာင္းေပၚက မ်က္ႏွာေလးေၾကာင့္ အဓိပၸါယ္႐ွိလာသလိုဘဲ ... ။
ေ႐ွာင္က်န္႔ အရမ္း သေဘာက်တယ္ ။
သေဘာက်နဲ႔ သူ႕ဆံပင္ကေလးေတြကို ထိကိုင္လိုက္ေတာ့ လြန္႔လူးၿပီးႏိုးလာတဲ့ သူေလး ... ။
" အင္းးးး "
မ်က္လုံးဖြင့္ဖြင့္ခ်င္း သူ႕ကို ေၾကာင္ၾကည့္ေနတဲ့ ဝမ္ရိေပၚ ... ေ႐ွာင္က်န္႔ အႀကီးႀကီး ျပဳံးျပလိုက္တယ္ ။
ဝမ္ရိေပၚရဲ႕ မ်က္လုံးက ေမွးစင္းေနရာကေန တျဖည္းျဖည္း က်ယ္လာတယ္ ။ ဖန္ေဂၚလီလုံးေလးေတြလို ဝိုင္းစက္သြားၿပီး အလြန္အမင္း အံၾသဟန္ျပလာတယ္ ။
"ေ႐ွာင္က်န္႔ !!!! "
သူ႕နာမည္ကို အလန္႔တၾကား ေခၚလိုက္တဲ့ အသံေလးေၾကာင့္ ေ႐ွာင္က်န္႔ ပိုျပဳံးလိုက္တယ္ ။
"အင္း .. ကိုယ္ ဝမ္ရိေပၚ
ကိုယ္က မင္းေယာက်္ား ေ႐ွာင္က်န္႔ "
" ခင္ ... ခင္ဗ်ား ကြၽန္ေတာ္႕ကို ျမင္တယ္
အသံလဲ ၾကားရတာလား ... ! စကားေျပာရတာလား!"
" အင္း ...မင္း ဆႏၵ႐ွိရင္
မနက္ခင္း အနမ္းပါ ေပးလို႔ရတယ္ "
ဝမ္ရိေပၚက ႐ုတ္တရက္ ထထိုင္လိုက္ၿပီး တစ္ခုခုကို စဥ္းစားေနတယ္ ။ ေ႐ွာင္က်န္႔ မ်က္ေတာင္ မခတ္ဘဲ ၾကည့္ေနတယ္ ။
" ဘယ္လို ျဖစ္တာလဲ ..
ကြၽန္ေတာ္ ဘာမွ မလုပ္ရေသးဘူးေလ ... ဧကႏၲ"
ဝမ္ရိေပၚ ေ႐ွာင္က်န္႔ကို ၾကည့္လိုက္တယ္ ။
" ခင္ ... ခင္ဗ်ား မေန႔ညက ဘာျဖစ္သလဲ မွတ္မိလား"
" မေန႔ညကလား ... "
ေ႐ွာင္က်န္႔ စဥ္းစားေပးလိုက္တယ္ ။
" ကိုယ္ ဘာမွ မျဖစ္ဘူးေလ ..
ပြဲမွာ မူးသြားတယ္ ထင္တာဘဲ ... ၿပီးေတာ့ အိမ္ျပန္လာတယ္ ... အိပ္တယ္ ...ဒါဘဲေလ "
အဲ့ေတာ့မွ ဝမ္ရိေပၚ စိတ္ေအးသြားတယ္ ။ မဟုတ္ရင္ ေရ႐ွည္ ဆက္ဆံရမဲ့ သူနဲ႔ မ်က္ႏွာ ပူေနရဦးမွာ ... ။
"ဒါနဲ႔ မင္း ဘယ္လိုေရာက္လာခဲ့တာလဲ
အစကတည္းက ကိုယ္မျမင္ဘဲ မင္း႐ွိေနၿပီးသားလား"
" အင္း ... ဟုတ္တယ္
လက္ထပ္စ ကတည္းကဘဲ ... "
" ဪ "
ေ႐ွာင္က်န္႔ အနည္းငယ္ေတာ့ စိတ္မေကာင္း ျဖစ္သြားတယ္ ။ သူ အစက ဝမ္ရိေပၚ မ႐ွိဘူးထင္ၿပီး မေကာင္းတာေတြ လုပ္ခဲ့တာေလ ... ။
" မင္း႐ွိေနရင္ ဘာလို႔ ကိုယ္ အခုမွ သိရတာလဲ "
ဝမ္ရိေပၚ အၾကံအိုက္သြားတယ္ ။
ဘယ္လိုေၾကာင့္ ဆိုတာေျပာျပလို႔ မျဖစ္ ... ။
" အခ်ိန္တန္လို႔ေနမွာေပါ့ "
" ဒီလိုလား "
ေ႐ွာင္က်န္႔က ေခါင္းငုံရင္း ျပဳံးတယ္ ။
" ကိုယ္က အိပ္မက္နတ္သမီးကမ်ား
ကိုယ့္ဆီ မင္းကို ပို႔လိုက္တာလား ေတြးေနတာ ... "
ေ႐ွာင္က်န္႔ စကားေၾကာင့္ ဝမ္ရိေပၚ ေနရခက္သြားတယ္ ။
"ကြၽန္ေတာ္ နဂိုကတည္းက ႐ွိေနၿပီးသားပါ
အခ်ိန္တန္လို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေတြ႕တာေပါ့
အေထြအထူး မဟုတ္ပါဘူး "
" အင္း ကိုယ္နားလည္ၿပီ "
ေ႐ွာင္က်န္႔ အိပ္ယာထက္က ထလိုက္တယ္ ။
" ေရခ်ိဳးစရာ လိုလား ... ရိေပၚ "
" ဗ်ာ "
တရင္းတႏွီး ေခၚလိုက္တာေၾကာင့္ ရိေပၚ ေၾကာင္သြားတယ္ ။
" မလိုပါဘူး ..."
" အင္း ဟုတ္ၿပီ ... ၿပီးရင္ ကိုယ္တို႔အတူတူ မနက္စာသြားစားရေအာင္ေနာ္ ... ကိုယ္ ျမန္ျမန္ေလး လုပ္လိုက္မယ္ "
ဝမ္ရိေပၚ ျပန္ပင္ မေျဖရေသး ... ေ႐ွာင္က်န္႔ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားတယ္ ။
ဝမ္ရိေပၚေတာ့ အေတြးလြန္ရင္း က်န္ခဲ့တယ္ ။
* ေသသြားၿပီးေနာက္ ပထမဆုံး စကားေျပာရတဲ့ လူသားဆိုေတာ့ သူ႕အတြက္ နည္းနည္းတစ္မ်ိဳးဘဲ *
__________
_________♡
" စားေလ ဝမ္ရိေပၚ "
" ဒီဟာေလး တြဲစားၾကည့္
အရမ္း အရသာ ႐ွိတာ ... ကိုယ္လဲ ႀကိဳက္တယ္ "
" မနက္ေစာေစာ ေကာ္ဖီနဲ႔ ႏြားႏို႔
ဘယ္ဟာ ေသာက္ရတာ ပိုႀကိဳက္သလဲ "
" ေန႔လည္စာေရာ ဘာစားခ်င္လဲ
ကိုယ္ ႀကိဳၿပီး ခ်က္ဖို႔ ေျပာလိုက္မယ္ေလ "
"ၿပီးေတာ့ မင္းစားခ်င္တာေတြ ေျပာေလ
ကိုယ္ စီစဥ္ေပးဖို႔ အဖြားဝမ္ကို ေျပာလိုက္မယ္ "
ေ႐ွာင္က်န္႔က သူ႕ပန္းကန္ထဲ စားစရာေတြ ထည့္ေပးရင္း စကားေတြ တတြတ္တြတ္ေျပာေနတယ္ ။
ဖြားဝမ္ကလဲ သူ႕ကို မျမင္ရတာေတာင္ ျပဳံးေပ်ာ္လို႔ ထသြားေပးေသးတယ္ ။
"ပန္းကန္ထဲက ေပါင္မုန္႔ေတြ ကိုယ္လွီးေပးမယ္"
ေ႐ွာင္က်န္႔ သူ႕ပန္းကန္ကို ဆြဲယူလိုက္တယ္ ။
" အစာအိမ္ေလးေႏြးဖို႔ ေရေႏြးေသာက္တာေကာင္းတယ္ ... ရိေပၚ ... မင္း ေရေႏြးေသာက္ရင္ လက္ဖက္ေျခာက္ခတ္တာ ႀကိဳက္လား မခတ္တာ ႀကိဳက္လား"
" ဟိုေလ ... ေ႐ွာင္က်န္႔ "
" ေျပာေလ ... ရိေပၚ "
ေ႐ွာင္က်န္႔က သူ႕ပန္းကန္ထဲက အသားညႇပ္ေပါင္မုန္႔ကို ဓါးေလးနဲ႔ ေသးေသးေလးေတြ ျဖတ္ေပးရင္း ေမးလာတယ္ ။
" ကြၽန္ေတာ္ ဘာမွ စားလို႔မရဘူး "
ေ႐ွာင္က်န္႔ လက္ေတြ ရပ္သြားတယ္ ။
.
.
.
" အာ ... ဟုတ္လား "
ေနာက္ေတာ့ ဓါးနဲ႔ ခရင္းကို ခ်လို႔ ေပါင္ေပၚ လက္တစ္ဖက္တင္ရင္း လက္တစ္ဖက္က ဂုတ္ပိုးကို ပြတ္သပ္ၿပီး အားနာဟန္နဲ႔ ...
" ကိုယ္က မင္းလို႔စားရတယ္ ထင္လို႔ပါ "
" ရပါတယ္ ... ေ႐ွာင္က်န္႔ စားေလ
ကြၽန္ေတာ္ ေစာင့္ေနေပးမယ္ "
" အင္း ကိုယ္ ျမန္ျမန္ေလး စားလိုက္မယ္"
ေ႐ွာင္က်န္႔က တကယ္ဘဲ ခပ္ျမန္ျမန္ စားလိုက္တယ္။
" ရပါတယ္ ေ႐ွာင္က်န္႔
ေျဖးေျဖးစားပါ ... ကြၽန္ေတာ္က အေရးမႀကီးပါဘူး"
မနက္စာက ေ႐ွာင္က်န္႔ ဗိုက္ထဲ ေရာက္ၿပီးသြားၿပီ ။
ေရခက္ႀကီးတစ္ခြက္ကို ကုန္ေအာင္ေမာ့ေသာက္ရင္း ဝမ္ရိေပၚဘက္ လွည့္ၾကည့္လိုက္တယ္ ။
" မင္း ဘာလိုခ်င္လဲ ... ဘာလုပ္ခ်င္လဲ ရိေပၚ
ကိုယ့္ကိုေျပာ ... ကိုယ္ ဘာလုပ္ေပးရမလဲ "
ေ႐ွာင့္က်န္က သူ႕ကိုေမးတယ္ ။
" ဘာမွ လုပ္စရာ မ႐ွိပါဘူး
ေ႐ွာင္က်န္႔ လုပ္စရာ ႐ွိတာ လုပ္ပါ
ကြၽန္ေတာ္႕ကို အရမ္း အာ႐ုံထဲ မထည့္လဲ ရပါတယ္"
" ဘယ္ဟုတ္မလဲ ရိေပၚရဲ႕ ... ကိုယ္က မင္းေယာက်္ားေလ ... မင္းကိုဘဲ အာ႐ုံထဲထည့္ထားရမွာေပါ ... မင္းက အေရးပါတယ္ ... ဒီအခ်ိန္မွာ မင္း လိုအပ္တာ မွန္သမွ် ကိုယ္ကို ေျပာခြင့္႐ွိတယ္ "
" အာ "
ဝမ္ရိေပၚ ေနရခက္စြာ မ်က္လုံးကို ေအာက္ကို ပို႔လိုက္တယ္ ။
သူ ေ႐ွာင္က်န္႔ကို စကားေျပာေဖာ္အေနနဲ႔ဘဲ လိုခ်င္တာ ... ေယာက်္ားတစ္ေယာက္အေနနဲ႔ မဟုတ္ဘူး ။
ေ႐ွာင္က်န္႔က သူကို အိမ္ေထာင္ဖက္လို ဆက္ဆံေနတာ ေနရခက္တယ္ ။ ၿပီးေတာ့ အဲ့ဒီေ႐ွာင္က်န္႔က ထူးဆန္းလိုက္တာ ... ။
သရဲကို ျမင္တာေတာင္ မေၾကာက္လန္႔ဘဲ ႏူးႏူးညံ့ညံ ဆက္ဆံေနေသးတယ္ ။ တကယ္ဘဲ ဘယ္လိုအေတြးမ်ိဳးနဲ႔လဲ မသိပါဘူး ။
" ကဲပါ ... တစ္ခုခုလိုတဲ့အခါ ကိုယ့္ကို ေျပာေလ ... ဒီေန႔က ကိုယ့္ရဲ႕ ပထမဆုံး အလုပ္ရက္ ... ကိုယ္ အလုပ္သြားရမယ္ ... ရိေပၚ လိုက္ခဲ့ခ်င္လား "
ဝမ္ရိေပၚ ေခါင္းခါလိုက္တယ္ ။
" ေကာင္းၿပီ ... အိမ္မွာဘဲ ေနမယ္ဆိုလဲေန ... ကိုယ္ ေစာေစာ ျပန္လာခဲ့မယ္ ... ဘာမွာခ်င္တာ ႐ွိေသးလဲ"
" မွာစရာ မ႐ွိပါဘူး "
" အင္း "
ေ႐ွာင္က်န္႔ ျပဳံးရင္း ဝမ္ရိေပၚ ေခါင္းကို ဖြလိုက္ေတာ့ ဝမ္ရိေပၚ ဇက္ကေလး ပုသြားတယ္ ။
" လိမ္လိမ္မာမာ ေနခဲ့ေနာ္ "
" ဟုတ္ကဲ့ "
ေ႐ွာင္က်န္႔ သူ႕အလုပ္အိတ္ေလး ဆြဲသြားၿပီး ကားေမာင္းၿပီး ထြက္သြားတယ္ ။
ရိေပၚေတာ့ ဒီေနရာေလးမွာ က်န္ခဲ့တယ္ ။
* ကိုကိုလဲ ရိေပၚေခါင္းကို ဒီလိုေလး ဖြၿပီး လိမ္လိမ္မာမာ ေနခဲ့ေနာ္လို႔ ေျပာၿပီး အလုပ္သြားခဲ့ဖူးတယ္ *
ရိေပၚ စားပြဲေပၚ ေခါင္းေမွာက္ခ်လိုက္တယ္ ။
* လြမ္းလိုက္တာ ကိုကိုရယ္ *
___________
__________♡
ေ႐ွာင္က်န္႔ေတာ့ ဒီေန႔အတြက္ အားသစ္အင္သစ္နဲ႔ လုံးဝကို လန္းဆန္းတက္ႂကြေနတယ္ ။
ဒီလို ခံစားခ်က္ေလး ... ။
အိမ္သူ သက္ထား အိမ္မွာေစာင့္ေနမွာကို ျမင္ေယာင္ၿပီး အလုပ္သြားရတဲ့ ေယာက်္ား တစ္ေယာက္ရဲ႕ ခံစားခ်က္... အဲ့ဒီ ခံစားခ်က္ကို သူသိၿပီ ထင္ပါတယ္ ။
အိမ္ျပန္လမ္းေတြမွာ ပန္းေတြ ပြင့္ေနမယ္ ။
အလုပ္သြားတဲ့ လမ္းမွာ သူ႕အတြက္ ဓါးေတာင္ေတြ ျဖတ္ေနတဲ့ သူရဲေကာင္းႀကီးလို ... ေမာေတာ့ေမာတာေပါ့ ဒါေပမဲ့ မေမာဘူး ဆိုသလိုေပါ့ ။
ေ႐ွာင္က်န္႔ အလုပ္ကို အမ်ားႀကီး ႀကိဳးႀကိဳးစားစားနဲ႔ သင္ယူတယ္ ။ အလုပ္သမားေတြနဲ႔ ႏႈတ္ဆက္တယ္ ။စက္႐ုံေတြ သြားၾကည့္တယ္ ။
ဆိုင္ေတြမွာ စာရင္းေတြ သြားစစ္ေဆးတယ္ ။
႐ွယ္ယာ႐ွင္တစ္ခ်ိဳ႕နဲ႔ တရားဝင္ အစည္းေဝးလုပ္တယ္။
ေ႐ွာင္က်န္႔အတြက္ ပထမဆုံး အလုပ္စဝင္တဲ့ေန႔က ထမင္းေမ့ ဟင္းေမ့ပါဘဲ ... ။ မေပ်ာ္႐ႊင္ေလာက္ဘူး ထင္ရေပမဲ့ သူေပ်ာ္ဝင္သြားတယ္ ။
.
.
.
" ဆရာေ႐ွာင္း ဒါက ေ႐ွ႕ေန႔လွ်ိဳ႕ခ်ီယြင္"
အတြင္းေရးမႉးပိုင္က မိတ္ဆက္ေပးလာတယ္ ။
"မဂၤလာပါ ဆရာေ႐ွာင္း ေတြ႕ရတာ ဝမ္းသာပါတယ္ ... ကြၽန္ေတာ္က ဝမ္ရဲ႕ ေ႐ွ႕ေန႔ လွ်ိဳ႕ခ်ီယြင္ပါ ... ေနာက္ကို အလုပ္တူတူ တြဲလုပ္သြားဖို႔လဲ ေမွ်ာ္လင့္ပါတယ္
" ဟုတ္ကဲ့ ... ေ႐ွာင္က်န္႔ပါ
ကြၽန္ေတာ္လဲ ေတြ႕ရတာ ဝမ္းသာပါတယ္ "
ေ႐ွာင္က်န္႔လဲ ဒီေန႔အဖို႔ သူ႕ကို ပထမဆုံး ျပဳံးျပဆက္ဆံတဲ့သူမို႔ ေဖာ္ေ႐ြစြာ ျပန္ႏႈတ္ဆက္လိုက္တယ္။
"အဖြားဝမ္ေရာ ေနေကာင္းရဲ႕လားဗ် ... ကြၽန္ေတာ္လဲ ဘြဲ႕လြန္တက္ေနတာနဲ႔ ဝမ္အိမ္ေတာ္ဘက္ေတာင္ မေရာက္ျဖစ္ေတာ့တာ "
ေ႐ွာင္က်န္႔နားကို အတြင္းေရးမႉးပိုင္က ကပ္ေျပာလာတယ္ ။ * လွ်ိဳခ်ီယြင္က ဝမ္အိမ္နဲ႔ ရင္းႏွီးေသာ ဆက္ဆံေရး ႐ွိပါတယ္တဲ့ *
" အဖြားဝမ္ က်န္းက်န္းမာမာ႐ွိေနပါတယ္ "
" ဟုတ္ကဲ့ပါ ... ကြၽန္ေတာ္လဲ ေနာက္မွ လာႏႈတ္ဆက္ပါ့မယ္လို႔ အဖြားကို ေျပာေပးပါဦး "
" ဟုတ္ကဲ့ ... ကြၽန္ေတာ္ ေျပာလိုက္ပါ့မယ္
ဒါနဲ႔ ဆရာလွ်ိဳက ေ႐ွ႕ေန လုပ္တာ ၾကာၿပီလား ...
တစ္မ်ိဳး မထင္ပါနဲ႔ေနာ္ ... အသက္က ကြၽန္ေတာ္တို႔နဲ႔ ႐ြယ္တူလားလို႔ပါ "
" ဟုတ္တယ္ ဆရာေ႐ွာင္း ... ကြၽန္ေတာ္က ဘြဲ႕ရၿပီးမွ အဖြားဝမ္ဆီ အလုပ္ေလွ်ာက္ခဲ့တာေလ ... ေ႐ွ႕ေန လုပ္သက္က မၾကာေသးပါဘူးဗ်ာ "
" ဪ "
" ေ႐ွ႕ဆက္လဲ အတူတူ ကူညီရင္း သြားၾကတာေပါ့
ဆရာေ႐ွာင္းနဲ႔ ေတြ႕ရတာ အလြန္ဘဲ ဝမ္းေျမာက္ပါတယ္ "
"ဘာလို႔လဲဗ် "
" ဆရာေ႐ွာင္း သတင္းၾကားၿပီး ကတည္းက ကြၽန္ေတာ္ ေတြ႕ခ်င္ေနတာဗ် ... အမိေျမအတြက္ လြတ္လပ္ေရး ယူေပးထားတဲ့ စစ္သားႀကီးဆိုေတာ့ ... "
လွ်ိဳခ်ီယြင္က စကားေျပာတာ ခဏရပ္လိုက္တယ္ ။
"ရင္းရင္းႏွီးႏွီး ေျပာလို႔ရမလား ...
ကြၽန္ေတာ္တို႔ အသက္တူတူေလာက္ဘဲ ဆိုေတာ့ေလ"
" ရပါတယ္ "
" တကယ္ေတာ့ ကြၽန္ေတာ္လဲ စစ္ထဲ အရမ္းဝင္ခ်င္တာ အိမ္က ခြင့္မျပဳဘူးေလ ... အဲ့ေတာ့ ကြၽန္ေတာ္က စစ္သားေတြ ေတြ႕ရင္ အရမ္း အားရတာ "
" အဲ့ေလာက္လဲ မဟုတ္ပါဘူးဗ်ာ "
" ႏွိမ့္ခ်မေနပါနဲ႔ ဆရာေ႐ွာင္းရာ ...
ဆရာေ႐ွာင္း ေတာ္တာ ကြၽန္ေတာ္႕ မိတ္ေဆြတစ္ခ်ိဳ႕ ေျပာလို႔ သိၿပီးပါၿပီဗ် ... ဆရာေ႐ွာင္း သတင္းေမႊးတာကိုေတာ့ ဖုံးလို႔မရဘူး "
" စစ္သားက စစ္တိုက္ရာမွာေတာ့ ေတာ္မွာေပါ့ဗ်ာ
အလုပ္လုပ္တဲ့ ေနရာမွာေတာ့ လိုအပ္ခ်က္ေတြ ႐ွိပါေသးတယ္ "
"ဆရာေ႐ွာင္း လုပ္ႏိုင္မွာပါ ...ေသခ်ာနားလည္သြားရင္ ခက္ခဲတဲ့ အရာေတြ မဟုတ္ေတာ့ ပါဘူး "
ခ်ီယြင္က အားေပးတယ္ ။ ေ႐ွာင္က်န္႔ေတာ့ အိမ္ကသူေလးရဲ႕ မ်က္ႏွာကို ျမင္ၿပီး အားတင္းထားလိုက္တယ္။
"ဒီလိုဘဲ ႀကိဳးစားရမွာေပါ့ "
ခ်ီယြင္က ျပဳံးျပတယ္ ။
" ကဲ ... ပထမဆုံး အလုပ္ရက္ကို မေႏွာက္ယွက္ေတာ့ဘူး ကြၽန္ေတာ္႕ကို ျပန္ခြင့္ျပဳပါဦး "
" ေကာင္းပါၿပီဗ်ာ "
.
.
.
ပထမဆုံး အလုပ္ရက္ကေလးက မနက္ ၈ နာရီမွာ စတင္ၿပီး ည ၇ နာရီမွာ အဆုံးသတ္တယ္။ ဒါေတာင္မွ အိမ္ပါလာတဲ့ ဖိုင္က သုံးခု႐ွိေသးတယ္ ။
ဒီတစ္ေန႔အတြက္ ပင္ပန္းပါေသာ္လဲ အိမ္အျပန္မွာ သူ႐ွိေနပါတယ္ဆိုတဲ့ စိတ္ေၾကာင့္ ေျခလွမ္းေတြက သြက္ေနခဲ့တယ္ ။
ဒီေျခလွမ္းေတြနဲ႔ ကိုယ္က မင္းႏွလုံးအထိ ေရာက္ေအာင္ ေလွ်ာက္လာခ်င္ေသးတယ္ ... ။
အစ၊အဆုံး ကိုယ္ မသိဘူး ရိေပၚ
အေကာင္အထည္ ႐ွိမ႐ွိလဲ ကိုယ္ မေသခ်ာဘူး ...။
ဒီအတိုင္း မင္းဓါတ္ပုံျမင္မိသြားရာကစ မင္းပုံရိပ္ေတြ
အိပ္မက္ထဲ စိုးမိုးလာသည္အထိ ကိုယ္ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့တယ္ ။
ဒီလမ္းက စမ္းတဝါးဝါးဆိုလဲ ကိုယ္ ဆက္ေလွ်ာက္ႏိုင္ပါတယ္ ။ အေၾကာင္းျပခ်က္က ရိေပၚ ဆိုတဲ့ မင္း ျဖစ္ေနလို႔ဘဲ ... ။
___________________________________________________________________________________♡
အနည္းငယ္လြဲသြားတဲ့ မ်ဥ္းႏွစ္ေၾကာင္းက ၾကာလာရင္ တျဖည္းျဖည္း ဆန္႔က်င္ဘက္ ျဖစ္သြားလိမ့္မယ္တဲ့ ..။
_________
Drama ႀကိဳက္လား ?
chracter ေတြတိုးလာတယ္ ။
ကိုယ္ေတာ့ ခ်စ္လို႔ ထပ္ up လိုက္တယ္ ။
ဒါဒါတို႔လဲ ခ်စ္ရင္ vot&cmt ေပးခဲ့ၾကေနာ္ ... ။
အတူတူသြားမယ္ ေျပာတယ္ေလ ကိုယ့္လက္ကို မလြတ္လိုက္ပါနဲ႔ ... Aini ❤💚
______________________________________________________________________________________♡