Unicode
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
ရှန်ကျစ်ရှန်းဒီရက်ပိုင်းအရမ်းစိတ်ဆိုးနေသည်။
သူအရမ်းသဘောကျနှစ်ခြိုက်ရတဲ့ကျောက်စိမ်းဖြူစားပွဲလေးကဘယ်အကောင်ကအလယ်တစ်ဝက်ကနေပိုင်းသွားမှန်းမသိဘူး....
ဖြတ်ရာကရှင်းလင်းပြီးချောမွေ့တယ်..
တစ်ချက်ကြည့်တာနဲ့တင်ဒီရလဒ်ကဓားအလင်းတိုက်ခိုက်မှုနဲ့အရမ်းဆင်တူနေတာ...အခုတော့စားပွဲလေးကြည့်ရတာသနားစရာလေးနဲ့ကူကယ်ရာမဲ့ဖွယ်ရာလေး...
ဒေါသတကြီးနဲ့ရှန်ကျစ်ရှန်းကအခြေအနေကိုခွဲခြမ်းစိတ်ဖြာကြည့်တော့ဒီကိုလာပြီးဓားကိုဆွဲထုတ်ရဲတာလူတစ်ယောက်တည်းပဲရှိတယ်လို့ခံစားလိုက်ရသည်လေ....
အဲ့ဒီဗီလိန်တပည့်ရန်ကျင်းပဲဖြစ်လိမ့်မယ်
ရှောင်းချောင်ယကသူ့ရဲ့ဒေါသထွက်နေတဲ့အမူအယာကိုလှမ်းကြည့်နေသည်။သူ့သစ်ရွက်လေးနှစ်ခုကဓားကိုကိုင်ထားသလိုမျိုးဟန်ဆောင်ပြီးထိုနေ့ကရန်ကျင်းရဲ့ကိုယ်ဟန်အနေအထားအတိုင်းတုပကာသစ်ရွက်လက်လေးနှစ်ဖက်ကိုလွှဲခုတ်ပြပြီးနောက်ဒဏ်ရာရသွားသလိုမျိုးလဲှကျပစ်လိုက်သည်။ပြီးနောက်မှာတော့သွေးအန်သလိုမျိုး 'Pucha!' ဆိုတဲ့အသံကိုပါထုတ်ပြ၏။
ရှန်ကျစ်ရှန်းသည်သူ့ပုံစံကြောင့်အနည်းငယ်အာရုံလွဲပြောင်းသွားသည်။ဒဏ်ရာရသလိုမျိုးဟန်ဆောင်နေတဲ့မြက်ညွှန့်လေးအားပြန်လှန်လိုက်ပြီးမေးလိုက်သည်။
"ဘာတွေလုပ်နေတာလဲ?"
ရှောင်းချောင်ယသည်သူရှန်ကျစ်ရှန်းအာရုံကိုအောင်အောင်မြင်မြင်ဆွဲဆောင်နိုင်သွားသည်ကိုမြင်သောအခါအားအင်များချက်ချင်းပြည့်ဝလာပြီးတစ်ကြိမ်ပြီးတစ်ကြိမ်သရုပ်ဆောင်ပြတော့သည်။
ဓားခုတ်-သွေးအန်-လဲကျ
ရှန်ကျစ်ရှန်းကအဓိပ္ပါယ်ကိုနားလည်လိုက်တာကြောင့်သူ့မျက်ခုံးကအနည်းငယ်တွန့်ကွေးသွားပြီးချီတုံချတုံခံစားချက်မျိုးခံစားလိုက်ရသည်။
ရန်ကျင်းကဒီကျောက်စိမ်းဖြူစားပွဲကိုတစ်ဝက်ပိုင်းပြီးတဲ့အချိန်မှာသွေးအန်သွားတာလား?
ဘာတွေဖြစ်သွားလို့လဲ?ရန်ကျင်းရောဒဏ်ရာရနေတာလား?
ရှန်ကျစ်ရှန်းကအရမ်းကိုအတွေးလွန်နေတာကြောင့်သူ့လက်ထဲကတိုင်းရင်းဆေးကအရမ်းခါးတာကိုမေ့သွားပြီးတစ်ခါတည်းနဲ့သူ့လည်ပင်းထဲကိုလောင်းချလိုက်မိသည်။သူ့မျက်နှာကရုတ်တရက်ပြောင်းလဲသွား၏။သူ့ခေါင်းတစ်ခုလုံးကထိန်လန့်မှုများခံစားလိုက်ရပြီးသူ့ဦးနှောက်တစ်ခုလုံးနာကျင်သွားကာမျက်လုံးထဲကြယ်တွေလတွေပါမြင်သွားသည်။ခဏတာမျှသူဘာစဉ်းစားနေခဲ့တာလဲဆိုတာပါမေ့သွားတော့လေသည်။
ထိုအချိန်မှာပဲတံခါးကနေခပ်ဖွဖွခေါက်သံကိုကြားလိုက်ရပြီးရန်ကျင်းကအပြင်ကနေလှမ်းခေါ်လာသည်။
"ဆရာ"
ရှန်ကျစ်ရှန်းကနောက်ဆုံးကျန်တဲ့ဆေးကိုမျိုချလိုက်ပြီးအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားလိုက်ပြီးမှအသံကိုတမင်သက်သက်တိုးတိုးလေးလုပ်ပြီးပြန်ဖြေသည်။
"ဝင်လာခဲ့"
ရန်ကျင်းဝင်လာတဲ့အချိန်မှာတော့သူ့ရဲ့ကျိုးပဲ့လွယ်တဲ့ဆရာကနူးညံ့တဲ့အိပ်ယာကိုအနည်းငယ်ကျောမှီထားပြီးပါးလွှာတဲ့စောင်ကသူခါးအောက်ကိုတစ်ဝက်မျှလျောကျနေကာသူ့လက်ထဲမှာတော့စာလိပ်တစ်လိပ်ကိုင်ထားသည်။သူကအားနည်းဖျော့တော့စွာဖြင့်လှမ်းကြည့်လာ၏။
"ဒီရက်တွေအတွင်းအားကျင်းကဆရာသခင်တစ်ယောက်လိုပြုမူနေတာပဲ...အဲ့ဒီကျောက်စိမ်းစားပွဲကလေ...မင်းမပျော်ရွှင်တာနဲ့ပဲတစ်ပိုင်းပိုင်းလိုက်ဖို့လိုလို့လား?"
ရန်ကျင်းကခဏလောက်အေးခဲသွားပြီးမှနောက်ဆုံးတုန့်ပြန်လာသည်။သူကနှုတ်ခမ်းကိုတစ်ပြေးတည်းထားလိုက်ပြီးတီးတိုးရေရွတ်လာလေသည်။
"ဒီတပည့်သွားပြီးတော့..."
သူကအရမ်းကိုနူးနူးညံ့ညံ့ပြောလိုက်တာကြောင့်ကျန်တဲ့စကားတစ်ဝက်ကိုရှန်ကျစ်ရှန်းသေချာရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။သူမေးဖို့ပြင်လိုက်တဲ့အချိန်မှာရန်ကျင်းကရှန်ကျစ်ရှန်းသဘောကျတဲ့သစ်သီးပန်းကန်ကိုအနားကစားပွဲပေါ်တင်ပြီးတိတ်တဆိတ်ထွက်ခွာသွားပြီဖြစ်သည်။
ရှန်ကျစ်ရှန်းကစာလိပ်ကိုအခင်းပေါ်တင်လိုက်ပြီးသစ်သီးပန်းကန်အားကြည့်ကာမျက်မှောင်ကျုံ့မိရင်းဖြင့်သူပြောလိုက်တဲ့စကားနောက်တစ်ဝက်ကိုစဉ်းစားကြည့်မိသည်။
နောက်ဆုံးမှာတော့ရန်ကျင်းအမြန်ဆုံးပြန်ထွက်သွားတာကသူ့ကိုလျော်ပေးဖို့ဖြစ်ကြောင်းသဘောပေါက်သွားရလေသည်။
ရန်ကျင်းရဲ့လုပ်ဆောင်မှုများကအလွန်မြန်ဆန်သည်။ရက်အနည်းငယ်အတွင်းမှာကျောက်စိမ်းဖြူစားပွဲအသစ်တစ်ခုကခြံဝင်းထဲမှာပေါ်လာ၏။ထိုစားပွဲအပြင်ရန်ကျင်းကနွေးထွေးနူးညံ့သည့်ကျောက်စိမ်းအိပ်ယာတစ်ခုကိုပါဝယ်လာပြီးသစ်ပင်အကြီးကြီးအောက်မှာစားပွဲနဲ့အတူတူထားထားလိုက်သည်။ရှန်ကျစ်ရှန်းအနေနဲ့အနားယူပြီးလက်ဖက်ရည်ကြမ်းသောက်ဖို့အလွန်အဆင်ပြေသည်။
ရှန်ကျစ်ရှန်းကပဉ္စမတောင်ထွတ်ရဲ့ဘဏ္ဍာရေးစာရင်းကိုတိတ်တဆိတ်ကြည့်ကာမေးမြန်းစုံစမ်းပြီးနောက်မှာတော့ရန်ကျင်းကဒီပစ္စည်းတွေအကုန်လုံးကိုသူဒီနှစ်တွေအတွင်းမှာစုဆောင်းထားခဲ့တဲ့ဝိညာဉ်ကျောက်တုန်းအကုန်လုံးနဲ့ဝယ်ယူလာခဲ့ခြင်းဖြစ်ကြောင်းနားလည်သွားရသည်။ရန်ကျင်းရဲ့လစဉ်ထောက်ပံ့ကြေးအပြင်ရှန်ကျစ်ရှန်းကသူ့ကိုမုန့်ဖိုးများစွာပေးခဲ့ဘူးသည်။ရန်ကျင်းကတကယ်တမ်းသိပ်မသုံးခဲ့ပဲအကောင့်ထဲမှာသာထည့်ထားခဲ့သည်မှာအခုချိန်ထိပင်။
အရည်အသွေးကအကောင်းဆုံးမဟုတ်ပေမယ့်ရန်ကျင်းတတ်နိုင်သည့်အကောင်းဆုံးအရာများပင်ဖြစ်သည်။
ထိုအကြောင်းကိုရှန်ကျစ်ရှန်းသိတဲ့အချိန်မှာသူကဖြေးညှင်းစွာပင်သက်ပြင်းချမိသည်။ထို့နောက်မှာတော့နူးညံ့သည့်အခင်းပေါ်မှာစိတ်အေးချမ်းသာစွာလဲလျှောင်းလိုက်ပြီးသူ့ကိုယ်သူစောင်နဲ့ပတ်ကာနွေးထွေးသည့်နေရောင်ခြည်အောက်မှာပဲအိပ်ပျော်သွားတော့၏။
ရန်ကျင်းကပုံမှန်ဆိုရင်စကားနည်းပြီးတိတ်ဆိတ်ပေမယ့်သူကမမျှော်လင့်ပဲတစ်ခြားသူတွေရဲ့နှစ်ခြိုက်မှုများကိုသေသေချာချာလေ့လာထားသည်လေ။ရလဒ်ကတော့ထိုအရာများအားလုံးကအကောင်းဆုံးရည်ရွယ်ချက်များနဲ့စီစဉ်ထားပေးခြင်းပင်။
ထိုနေ့လည်ခင်းမှာနေရောင်ခြည်ကနွေးထွေးပြီးသက်တောင့်သက်သာရှိလှတာကြောင့်လူများကိုထိုနွေးထွေးသည့်အလင်းရောင်အောက်မှာအိပ်ငိုက်စေရန်အပြည့်အဝပြုလုပ်နိုင်သည်။
စတုတ္ထအကြီးအကဲကရှန်ကျစ်ရှန်းအားအလုပ်ထပ်မလုပ်တော့ရန်နှင့်အပြည့်အဝအနားယူရန်တိုက်တွန်းထားသည်။ထို့ကြောင့်ရှန်ကျစ်ရှန်းအနေနဲ့ရွေးချယ်စရာမရှိပဲအပြင်ဘက်ကမ္ဘာအားသူတံခါးပိတ်တရားကျင့်နေပါတယ်ဆိုပြီးကြေညာထားရသည်။
တကယ်တော့ရှန်ကျစ်ရှန်းကအခုချိန်မှာနေ့တိုင်းငါးဆားနယ်တစ်ကောင်လိုပျင်းရိနေတာဖြစ်သည်။အခုတစ်လောဖြစ်နေတဲ့သူ့နောက်ဆုံးဝါသနာကရန်ကျင်းသူ့အတွက်အထူးတလှယ်ဝယ်ပေးထားတဲ့နူးညံ့သောကျောက်စိမ်းအိပ်ယာပေါ်မှာအနားယူရတာဖြစ်ပြီးမကြာခဏထိုနေရာမှာတစ်နေကုန်နီးပါးလှဲနေတတ်သည်။
သူနိုးလာတဲ့အချိန်ဆိုရင်ပင်ပန်းငြီးငွေ့သွားသည်အထိစာဖတ်လိမ့်မည်။ပြီးရင်တော့သူ့လက်ထဲမှာစာလိပ်ကိုကိုင်ထားရင်းနဲ့ပဲစောင်ကိုအနည်းငယ်ဆွဲယူပြီးအိပ်ပျော်သွားလိမ့်မည်ပင်။
သူစတင်ပြီးအိပ်ငိုက်လာသောအခါစာလိပ်ကိုကိုင်ထားတဲ့သူ့လက်များကဖြေးညှင်းစွာဖြင့်လျော့တိလျော့ရဲဖြစ်လာသည်မှာသူ့လက်ကနေနောက်ဆုံးချော်ထွက်ပြီးပြုတ်ကျသွားသည်အထိပင်။ထိုစာလိပ်မြေပြင်ပေါ်မထိမိခင်မှာသန်မာအားကောင်းသည့်လက်တစ်ဖက်ကအလွယ်တကူဖမ်းယူပြီးကျောက်စိမ်းစားပွဲပေါ်မှာဂရုတစိုက်တင်ပေးလိုက်သည်။
ရှန်ကျစ်ရှန်းကအိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခြင်းသာဖြစ်သည်။ရန်ကျင်းအနားမှာရှိနေကြောင်းသူသိနေသလိုတိုက်တိုက်ဆိုင်ဆိုင်ရေလည်းဆာလာတာကြောင့်မျက်လုံးမဖွင့်ပဲလှမ်းပြောလိုက်သည်။
"အားကျင်း,ရေ..."
ရန်ကျင်းကနာနာခံခံနဲ့သူ့အတွက်ရေငှဲ့ထည့်ပေးပြီးထိုင်နိုင်အောင်ကူညီပေးကာရေထည့်ထားတဲ့ဖန်ခွက်ကိုသူ့နှုတ်ခမ်းနားဆီတေ့ပေးသည်။ရှန်ကျစ်ရှန်းကကြိုတင်ကာကွယ်မှုမရှိပဲတစ်ငုံသောက်လိုက်ပြီးရုတ်တရက်ပင်လူတစ်ကိုယ်လုံးပြီးပြည့်စုံလှတဲ့ဆေးအရသာကြောင့်နိုးနိုးကြားကြားဖြစ်သွားရသည်။
"ဒါရေမှမဟုတ်တာ,ငါရေသောက်ချင်တာ,ဒါမဟုတ်ဘူး"
တပည့်ဖြစ်သူကမလှုပ်မရှားပင်။
"စတုတ္ထအကြီးအကဲကပြောထားတယ်ဆရာဒါကိုနေ့တိုင်းသောက်ရမှာတဲ့"
ရှန်ကျစ်ရှန်းကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးခွက်ကိုအဝေးသို့ရိုက်ထုတ်လိုက်ချင်မိသည်။သို့သော်လည်းသူဖြစ်နေတဲ့နေမကောင်းမှုနဲ့အားနည်းတဲ့အသွင်အပြင်ကိုပြန်စဉ်းစားကြည့်မိတဲ့အချိန်မှာတော့သူ့စိတ်ဆန္ဒများကိုပြန်ချုပ်တီးထားလိုက်ရသည်။
အဲ့ဒီအစားသူ့လက်ကိုတစ်ဝက်လောက်မြှောက်လိုက်ပြီးလက်ချောင်းလေးတစ်ချောင်းထုတ်ကာရန်ကျင်းရဲ့လက်ကိုအဝေးသို့ပျင်းရိစွာဖြင့်တွန်းထုတ်လိုက်သည်။ပြီးနောက်အားနည်းချင်ယောင်ဆောင်တော့၏။
"မသောက်ချင်ဘူး"
ရန်ကျင်းကသူ့ကိုအတင်းအကြပ်မလုပ်ပေ။သူကခွက်ကိုပြန်ချထားလိုက်ပြီးနူးညံ့တဲ့အိပ်ယာပေါ်မှာသက်တောင့်သက်သာပြန်လှဲနိုင်စေရန်ကူညီပေးလိုက်ကာခဏလောက်တွန့်ဆုတ်နေပြီးမှပြောလိုက်သည်။
"ဆရာ,အဲ့ဒီနေ့က...."
လာပြန်ပြီလား
ထိုအဖွင့်စကားကိုကြားလိုက်ရသည်နှင့်နောက်ဘာဆက်လာမလဲဆိုတာကိုရှန်ကျစ်ရှန်းချက်ချင်းသိလိုက်သည်။
ရန်ကျင်းကအဲ့ဒီနေ့တုန်းကသူဘယ်သူ့ကိုတွေ့ခဲ့လဲဆိုတာနဲ့အဲ့ဒီလူဘာပြောခဲ့တာလဲဆိုတာကိုသိချင်နေတယ်
ရန်ကျင်းရဲ့လစ်လျူရှုတတ်တဲ့စိတ်ထားကိုစဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီအချိန်တုန်းကဘာဖြစ်ခဲ့လဲဆိုတာကိုသူအရမ်းဂရုစိုက်နေတာကထူးဆန်းနေသည်လေ။သူတို့ထိုကိစ္စအကြောင်းကိုအကြိမ်ပေါင်းများစွာဆက်တိုက်ဖြတ်ကျော်ခဲ့ရပြီးအကြိမ်တိုင်းမှာလည်းရှန်ကျစ်ရှန်းကတိတ်တဆိတ်နဲ့ခေါင်းစဉ်ကိုပြောင်းလဲပစ်လိုက်သည်ချည်းသာ။
တကယ်တမ်းတော့အဲ့ဒိပုံရိပ်ကအရင်ဂိုဏ်းချုပ်ဟောင်းဖြစ်ကြောင်းရန်ကျင်းကိုပြောဖို့ကကိစ္စကြီးမဟုတ်ဘူး။ပြဿနာကအဲ့ဒီပုံရိပ်ဘာပြောခဲ့လဲဆိုတဲ့အကြောင်းပေါ်မှာမူတည်နေတာဖြစ်သည်။သတင်းအချက်အလက်ရဲ့ပမာဏကအရမ်းများပြားလွန်းပြီးရှန်ကျစ်ရှန်းကိုယ်တိုင်တောင်အဲ့ဒီအကြောင်းအရင်းတွေကိုရှာဖွေဖို့အချိန်လိုအပ်နေသေးသည်။
သူတစ်ခြားသူတွေကိုမပြောချင်သေးဘူး,ရန်ကျင်းတောင်မှမဖြစ်ဘူး
မူလကိုယ်ရဲ့နှလုံးဒဏ်ရာကလွဲရင်မူလကိုယ်ကအရင်ဂိုဏ်းချုပ်ဟောင်းအတွက်အရေးကြီးဆုံးလူဖြစ်နေသေးတာကရှင်းလင်းနေသည်လေ။စုန့်မင်းကိုဂိုဏ်းချုပ်အသစ်အဖြစ်ထောက်ခံပေးခဲ့တဲ့ကိစ္စကတောင်မှယာယီသာဖြစ်သည်။ဂိုဏ်ချုပ်ဟောင်းကစုန့်မင်းအားမူလကိုယ်ရဲ့ခန္တာကိုယ်နဲ့စိတ်တွေအခြေအနေပိုကောင်းလာတာနဲ့ဂိုဏ်းချုပ်နေရာကိုတတ်နိုင်သမျှအမြန်ဆုံးပြန်ပေးစေရန်ပင်ဆန္ဒရှိခဲ့သည်။
ဒါပေမဲ့,စုန့်မင်းက....
ရှန်ကျစ်ရှန်းကမျက်လွှာချလိုက်ပြီးစုန့်မင်းကထိုသို့ပြုလုပ်ရန်မဖြစ်စေချင်ဆုံးသောလူတစ်ယောက်ဆိုတာသေချာနေသည်။သူကရှန်ကျစ်ရှန်းကိုလက္ခဏာသင်္ကေတနဲ့ပတ်သတ်တဲ့ကိစ္စအကြောင်းလုံးဝမပြောခဲ့ဘူးလေ။
မှတ်ဉာဏ်တွေအရဆိုရင်မူလကိုယ်ကလက္ခဏာသင်္ကေတအကြောင်းလုံးဝကိုမသိခဲ့သည်သာမကစုန့်မင်းနဲ့ဂိုဏ်းချုပ်ဟောင်းကြားထဲမှာအဲ့ဒီလိုသဘောတူညီမှုမျိုးရှိခဲ့တယ်ဆိုတာတောင်မသိခဲ့ဘူး
အဲ့ဒါကအရမ်းထူးဆန်းနေတယ်...ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဘာဖြစ်လို့များဂိုဏ်းချုပ်ဟောင်းကမူလကိုယ်ဆီကိုဘာဖြစ်လို့ဘာမှမပြောခဲ့ရတာလဲ?
ဘာကပိုပြီးထူးဆန်းလဲဆိုတာကမူလကိုယ်,ကိုယ်တိုင်ပဲ
တောင်ပေါ်ကထိုနေ့ပြီးသည့်နောက်မှာသူမှတ်ဉာဏ်များပိုမိုရလာသည်။
ထိုပရမ်းပတာနဲ့အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့မှတ်ဉာဏ်တွေကနေပြီးတော့ရှန်ကျစ်ရှန်းသည်မူလကိုယ်ဆီမှာဆွေ့ရှန်းဆိုတဲ့ nickname တစ်ခုရှိသေးမှန်းနားလည်လိုက်သည်။အဲ့ဒီနာမည်ကသူဒီကိုမကူးပြောင်းလာခင်တုန်းကပေးခဲ့တဲ့စင်တင်နာမည်နဲ့တစ်ပုံစံတည်းပဲ
သို့သော်လည်းထိုနာမည်ကမူလကိုယ်အပြင်ဘက်ကိုလေ့ကျင့်ဖို့အတွက်ထွက်ခွာသွားတုန်းကတစ်ခါတည်းသာအသုံးပြုခဲ့ပုံရသည်။ဂိုဏ်းထဲကလူအနည်းငယ်သာသိကြပြီးစုန့်မင်းတောင်မသိဘူး
အဲ့ဒါကအရမ်းကိုတိုက်ဆိုင်လွန်းတယ်!
ရှန်ကျစ်ရှန်းကသူ့နှလုံးသားအောက်ခြေကထူးဆန်းတဲ့ခံစားချက်တွေကိုဖိနှိပ်လိုက်ပြီးဆက်စဉ်းစားနေသည်။
မူလကိုယ်ကစွမ်းဆောင်နိုင်စွမ်းရှိပြီးစိတ်ဓာတ်တက်ကြွတဲ့သူတစ်ဦး။ဒါပေမဲ့သူ့နှလုံးကိုထိခိုက်သွားတဲ့ကိစ္စကသူ့အတွက်ဆုတ်ယုတ်မှုတစ်ခုဖြစ်သွားပုံရပြီးသူ့ကိုလုံးဝပြိုလဲကျသွားစေခဲ့တယ်။သူ့ကျင့်ကြံရေးတွေထိခိုက်သွားယုံတင်မကဘူးသူ့စိတ်နေသဘောထားကလည်းထူးဆန်းလာပြီးစိတ်အခြေအနေကမှောင်မိုက်လာတဲ့အပြင်ခန့်မှန်းရခက်လာစေခဲ့တယ်
ဒါပေမဲ့အဲ့ဒါကလုံးဝကိုမျှော်လင့်ချက်မဲ့သွားတာမှမဟုတ်တာ
အဲ့ဒါကိုဘာဖြစ်လို့များရုတ်တရက်ကြီး,အမြဲတမ်းပျော်ရွှင်လန်းဆန်းနေပြီးစိတ်ထားပွင့်လင်း၊ရိုးသားတဲ့လူငယ်လေးတစ်ယောက်ကဒီလိုလူမျိုးအဖြစ်ပြောင်းလဲသွားရတာလဲ?
ရှန်ကျစ်ရှန်းကအချိန်အတော်ကြာသည်အထိအတွေးလွန်နေမိသည်။
ရှန်ကျင်းကစိတ်ပူပန်နေမိ၏။ရှန်ကျစ်ရှန်းကသူ့ကိုပြန်မဖြေမှာကိုတင်မကပဲအဖြေကသူလိုချင်တဲ့အတိုင်းမဟုတ်မှာကိုပါစိုးရိမ်မိနေတာပင်။
ကံကောင်းစွာနဲ့ရှန်ကျစ်ရှန်းသူ့အတွေးတွေထဲကနေထွက်လာတဲ့အချိန်မှာရန်ကျင်းကအမှန်တကယ်ကိုစိုးရိမ်ပူပန်နေတာကိုခံစားမိသွားပုံပေါ်သည်။သူကခဏတာမျှတိတ်တဆိတ်ဖြင့်သူ့ကိုယ်သူဆုံးဖြတ်ချက်ချလိုက်ပြီးအနည်းငယ်ထုတ်ဖော်ရန်ဆုံးဖြတ်လိုက်သည်။
ဒါကရန်ကျင်းကိုဖားလိုက်တယ်လို့သတ်မှတ်လို့ရတာပဲ
"အဲ့ဒီပုံရိပ်ကို,မြင်လိုက်တာလား?"
ရန်ကျင်းကတောက်ပသွားပြီးချက်ချင်းပြန်ဖြေသည်။
"ကျွန်တော်မြင်လိုက်တဲ့လူက...."
"သူကဘိုးဘေးဝန်း...စုန့်မင်းမတိုင်ခင်တုန်းကဂိုဏ်းချုပ်"
ရန်ကျင်းကခဏတာအာရုံပြန့်လွင့်သွားပုံရပြီးနောက်ဆုံးမှစကားပြန်ပြောလာသည်။
"ပြီးတော့....ဆရာ့ရဲ့ဆရာ?"
ရှန်ကျစ်ရှန်းကခေါင်းညိတ်ပြပြီးထိုကိစ္စအားဒီနေရာမှာပဲထားကာဆက်မပြောဖို့ဆုံးဖြတ်လိုက်သည်။
ရန်ကျင်းကသူ့ပါးစပ်ဖွင့်လာအောင်ခက်ခက်ခဲခဲကြိုးစားထားရတာဖြစ်သောကြောင့်သဘာဝကျကျပင်သူချက်ချင်းမေးလာသည်။
"ဘိုးဘေးဝန်း...သူကဘာပြောလိုက်လို့လဲ?သူ...တစ်ယောက်ယောက်အကြောင်းကို...ပြောလိုက်သေးတာလား?"
သူ့ရဲ့မူလတည်ငြိမ်အေးဆေးတဲ့အမူအယာကအတော်လေးအလျင်လိုကာမြန်ဆန်နေပြီးသူ့ရဲ့မျက်တောင်မခတ်တဲ့အကြည့်ကရှန်ကျစ်ရှန်းအားအပြည့်အဝအာရုံစိုက်ထားသည်။
ထိုသို့လောင်မြိုက်လှတဲ့သူ့အကြည့်အောက်မှာရှန်ကျစ်ရှန်းရဲ့စိတ်ကခဏတာမျှဗလာဖြစ်သွားရ၏။သူ့မှာတစ်ဖက်လူရဲ့စိတ်ဆန္ဒအတိုင်းအရာအားလုံးထုတ်ပြောမိတော့မတတ်ပင်။သို့သော်လည်းသူ့ပါးစပ်ကိုဖွင့်လိုက်တဲ့အချိန်မှာရုတ်တရက်အာရုံပြန်ရသွားရသည်။သူကသူ့လက်ကိုမြှောက်လိုက်ပြီးဘာမှမဖြစ်ခဲ့သလိုမျိုးနှာခေါင်းကိုထိလိုက်သည်။
"အတင်းအဖျင်းတစ်ချို့ပါပဲ..အရေးတကြီးမဟုတ်ပါဘူး"
သူ့အသံဆုံးသည်နှင့်ရန်ကျင်းကအလျင်စလိုဖြတ်ပြောလာသည်။
"မဟုတ်ဘူး,အဲ့ဒီလိုမဟုတ်တာကျွန်တော်သေချာတယ်"
သူကခဏအကြာမှာချက်ချင်းပြန်စိတ်ငြိမ်သွားသေ်ာလည်းသူ့ဆီမှာဒီလိုစိုးရိမ်ပူပန်သည့်အမူအယာကရှားပါးလှသည်။
သို့သော်လည်း,နောက်တစ်ခဏမှာပဲရန်ကျင်းကသူ့လက်ကိုရှန်ကျစ်ရှန်းရဲ့ဘေးကအိပ်ယာပေါ်ကိုတင်လိုက်သည်။ထို့နောက်သူ့လက်ကိုအားပြုပြီးသူ့ကိုယ်သူထလိုက်ကာသူ့ကိုယ်အပေါ်ပိုင်းအားအနည်းငယ်ရှေ့မှီချလိုက်တာကြောင့်သူ့ပုံစံအနေအထားကအတော်လေးကိုထိန်းချုပ်နိုင်စွမ်းအပြည့်နဲ့သြဇာအာဏာကြီးမားနေသည်။
နက်မှောင်လှတဲ့မျက်လုံးတစ်စုံကရှန်ကျစ်ရှန်းကိုသာစိုက်ကြည့်နေပြီးသူ့စိတ်အခြေအနေကပုံမှန်တိတ်ဆိတ်ပြီးအေးချမ်းတည်ငြိမ်တဲ့ပုံစံကနေရုတ်တရက်အတော်လေးပြင်းထန်ပြီးအတင်းအကြပ်လုပ်တတ်တဲ့ပုံစံကိုပြောင်းလဲသွားသည်။
သူကအဆုံးအဖြတ်ပေးသည့်ဟန်ပန်မျိုးဖြင့်မေးလာသည်။
"သူကဆရာ့ကိုဘာပြောလိုက်တာလဲ?"
သူတို့ခန္တာကိုယ်များကရုတ်တရက်အလွန်နီးကပ်သွားသည်။ရန်ကျင်းကရှေ့ကိုအနည်းငယ်ပိုမှီလိုက်ကာသူတို့ကြားထဲကအကွာအဝေးကိုပိုကျဉ်းမြောင်းစေလိုက်၏။ရှန်ကျစ်ရှန်းမှာအလွန်အံ့အားသင့်သွားရသည်။သူ့မှာမနေနိုင်စွာဖြင့်နောက်ကိုဆုတ်ဖို့ကြိုးစားမိသော်လည်းအိပ်ယာပေါ်မှာသူသွားနိုင်မယ့်နေရာမရှိဘူးဆိုတာနားလည်လိုက်ရလေသည်။
ရှန်ကျစ်ရှန်းသည်လူငယ်လေးရဲ့ပူလောင်တဲ့အသက်ရှုသံကသူ့ပါးပြင်ကိုထိနေသည်ကိုပါခံစားလိုက်ရသည်။
တစ်ခဏအတွင်းမှာပင်သူ့တပည့်ငယ်လေးကအရွယ်ရောက်နေပြီဆိုတာကိုစတင်နားလည်သွားရလေသည်။
တစ်ခါတုန်းကသူ့ပုခုံးလောက်သာရှိပြီးအမြဲတမ်းတစ်ခြားတပည့်တွေဆီကအနိုင်ကျင့်ခံခဲ့ရတဲ့လူငယ်လေးကရုတ်တရက်မသိလိုက်စွာနဲ့ပဲအရွယ်ရောက်လာခဲ့ပြီ။
သူကအခုဆိုရင်ရှန်ကျစ်ရှန်းကိုအနားကပ်လာယုံနဲ့တင်ခြိမ်းခြောက်မှုကိုခံစားရသည်အထိအန္တာရယ်ရှိတဲ့အမျိုးသားတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့တာပဲ
ရှန်ကျစ်ရှန်းရဲ့စိတ်နှလုံးကရုတ်တရက်ပြင်းစွာတုန်လှုပ်လာသည်။ဒီခံစားချက်ကနာကျင်မှုနဲဆင်းရဲဒုက္ခတွေကလွဲရင်မဖြစ်တဲ့နှလုံးရောဂါထဖောက်တဲ့အချိန်ကခံစားချက်နဲ့လုံးဝကိုခြားနားတယ်.
ဒီတစ်ခေါက်မှာအဲ့ဒီခံစားချက်ကချန်ရစ်ခဲ့တဲ့အရာကသူ့ကို.....
ရှန်ကျစ်ရှန်းသည်ထိုခံစားချက်ကိုဘယ်လိုဖော်ပြရမှန်းမသိဖြစ်နေသည်။ကလေးတုန်းကတောင် essays များရေးသားခြင်းကသူ့အတွက်အမြဲတမ်းလွယ်ကူနေခဲ့ပေမယ့်အခုတော့သူဘယ်လိုခံစားရလဲဆိုတာကိုဖော်ပြဖို့စကားလုံးမရှိဘူးဆိုတာကိုသိလိုက်ရသည်။
သူမျက်လုံးမော့ကြည့်လိုက်သောအခါရန်ကျင်းကသူ့ကိုစေ့စေ့စပ်စပ်စိုက်ကြည့်နေဆဲဆိုတာကိုမြင်လိုက်ရသည်။
သူကချက်ချင်းပင်သူ့ပုံမှန် killer move ကိုထုတ်သုံးလိုက်သည်။
မျက်မှောင်ကိုအနည်းငယ်ကျုံလိုက်ပြီးအသက်ရှုရပ်တော့မတတ်ချောင်းဆိုးတော့သည်လေ။
ရန်ကျင်းကလည်းတကယ့်ကိုကျရှုံးသွားတယ်
ပြင်းထန်သည့်ခဏတာကကျော်လွန်သွားပြီးသူကရှန်ကျစ်ရှန်းအားစိတ်ပူပန်စွာဖြင့်ကြည့်ရင်းမေးရှာသည်။
"ဆရာ?အဆင်ပြေရဲ့လား?"
ရှန်ကျစ်ရှန်းကသူ့ကိုပြန်တွန်းထုတ်လိုက်ပြီးမျက်ခုံးများအားပွတ်လိုက်ကာပင်ပန်းနွမ်းနယ်စွာပြောလိုက်သည်။
"ဒီအတိုင်းပင်ပန်းနေလို့ပါ...."
အဲ့ဒီတော့,ဒီလိုနဲ့ပဲခေါင်းစဉ်ကနောက်တစ်ကြိမ်ရှောင်ရှားနိင်သွားပြန်ပြီ
ရန်ကျင်းကသူ့နှုတ်ခမ်းကိုစေ့စေ့ဖိထားလိုက်သော်လည်းထပ်ပြီးဖိအားမပေးဝံ့တော့ပေ။သူကသူ့နှလုံးသားထဲကမေးခွန်းများကိုအတင်းအကြပ်သည်းခံဖိနှိပ်လိုက်ပြီးအဲ့ဒီအစားရှန်ကျစ်ရှန်းကိုအိမ်ထဲသို့ခေါ်သွားပေးရန်ကြိုးစားသည့်နေရာမှာအာရုံစိုက်ထားလိုက်သည်။
"အခုကနောက်ကျနေပြီ,ပြီးတော့ရာသီဥတုကလည်းနည်းနည်းအေးလာပြီ..ဆရာ့ကိုအခန်းထဲပြန်ပို့ဖို့ကူညီပေးပါရစေ"
ရှန်ကျစ်ရှန်းကတွန့်ဆုတ်နေမိသည်။
အိမ်ကလှောင်ပိတ်နေတာပြီးတော့သူကအပြင်ဘက်ကနည်းနည်းအေးတဲ့လေကိုသဘောကျတယ်လေ
ဒါပေမဲ့လည်းသိသိသာသာကိုသူဒီရက်တွေအတွင်းမှာအရမ်းလွန်သွားတယ်...သူကအရမ်းသရုပ်ဆောင်ကောင်းသွားတော့ရန်ကျင်းကသူ့ကိုအရမ်းအားနည်းနေသေးတယ်လို့ပဲထင်နေတာ
ရှန်ကျစ်ရှန်းကမျက်လုံးများကိုမှိတ်လိုက်ပြီးအိပ်ချင်ယောင်ဆောင်လိုက်ကာသူ့တပည့်ကသူ့ကိုတစ်ယောက်တည်းထားရစ်ခဲ့လိမ့်မယ်ဆိုပြီးစိတ်ချလက်ချဖြစ်နေသည်။
ရန်ကျင်းကနူးညံံ့တဲ့အိပ်ယာဘေးမှာတိတ်ဆိတ်စွာရပ်စောင့်နေပြီးမှရုတ်တရက်ခါးကိုကိုင်းလိုက်သည်။လက်မောင်းတစ်ဖက်ကိုရှန်ကျစ်ရှန်းရဲ့ခြေထောက်အောက်ထည့်လိုက်ပြီးနောက်တစ်ဖက်ကိုတော့သူ့ပုခုံးအားသိုင်းဖက်လိုက်ကာလူတစ်ကိုယ်လုံးအားသူ့လက်မောင်းကြားထဲသို့မြှောက်ချီလိုက်၏။
ရှန်ကျစ်ရှန်းကအရမ်းကိုမြန်ဆန်စွာနဲ့အချီခံလိုက်ရတာကြောင့်သတိလက်လွတ်ဖြင့်ရန်ကျင်းလည်ပင်းကိုဖက်ထားလိုက်မိသည်။သူ့မျက်လုံးကဆတ်ခနဲပွင့်သွားပြီးသူ့အားအိမ်ထဲသို့အလျင်အမြန်သယ်သွားပေးတဲ့ရန်ကျင်းရဲ့ဘေးဘက်မျက်နှာအသွင်အပြင်အားအံ့အားသင့်စွာစိုက်ကြည့်နေမိလေသည်။
အဲ့ဒီတော့ဒီရက်ပိုင်းအတွင်းသူအပြင်ဘက်မှာအိပ်ပျော်သွားပြီးအထဲမှာပြန်ပြန်နိုးလာရတဲ့ထူးဆန်းထွေလာကြီးကိုဖြေရှင်းနိုင်ခဲ့ပြီ
ခြေလှမ်းအနည်းငယ်အတွင်းလို့သာခံစားလိုက်ရပြီးမျက်တောင်တစ်ချက်ခတ်အတွင်းမှာပင်ရှန်ကျစ်ရှန်းကနူးညံ့တဲ့အိပ်ယာပေါ်ကိုရောက်သွားရသည်။ရန်ကျင်းသည်ရှန်ကျစ်ရှန်းကသူ့ကိုဆူမှာစိုးရိမ်တာကြောင့်လားမသိသော်လည်းသူကအိပ်ယာပေါ်သို့ရှန်ကျစ်ရှန်းအားတင်ပေးပြီးသည်နှင့်ချက်ချင်းနောက်ကိုဆုတ်လိုက်ပြီးလေးစားစွာဦးညွှတ်လိုက်သည်။
သူထွက်ခွာသွားသည်ကိုကြည့်နေပြီးနောက်မှာရှန်ကျစ်ရှန်းကအချိန်အတော်ကြာသည်အထိအံ့အားသင့်နေမိသေးသည်။သူဘာပြောရမှန်းကိုမသိတော့ဘူး
သူ့အနေနဲ့စောင်ကိုသာကိုယ်ပေါ်သို့ဆွဲယူပြီးရုတ်တရက်ရယ်မောမိတော့သည်။
ထို့နောက်မှာပြုံးနေရင်းနဲ့ပင်ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းချလိုက်၏။
..............................
သိပ်မကြာခင်ပဲဓားယှဉ်ပြိုင်ပွဲညီလာခံကစတင်သည်။
ချင်းယွင်ဂိုဏ်းအနေနဲ့တပည့်အသစ်များစုဆောင်းဖို့အချိန်ကောင်းကောင်းရစေရန်ဓားယှဉ်ပြိုင်ပွဲညီလာခံအားနှစ်လတာမျှကျင်းပသည်။ဂိုဏ်းထဲမှာရှိပြီးသားဂိုဏ်းသားအငယ်လေးများအပြင်ပါဝင်နိုင်ရန်မျှော်လင့်ချက်ဖြင့်စာရင်းလာပေးသွင်းသည့်အပြင်လူများလည်းများစွာရှိလေသည်။
ရှန်ကျစ်ရှန်းကတော့ထိုအရာပေါ်မှာစိတ်ဝင်စားမှုမရှိပေ။သူ့မှာတပည့်မရှားသလိုတပည့်တွေကိုလည်းထပ်ပြီးမသင်ပေးချင်တော့ဘူး
ရလဒ်အနေနဲ့တော့သူကတရားကျင့်ခြင်းကိုဆင်ခြေပေးပြီးထိုနေရာမှာထွက်ပေါ်နေရမည့်အခြေအနေကနေရိုးရိုးရှင်းရှင်းပင်ရှောင်ဖယ်နေလိုက်သည်။သူကဂိုဏ်းကိုထောက်ပံ့ပေးသည့်သင်္ကေတတစ်ခုအနေနဲ့ယှဉ်ပြိုင်ပွဲရဲ့နောက်ဆုံးမှာသာပေါ်လာသည်။စုန့်မင်းသည်ပင်ထိုပုံစံအတိုင်းပြုလုပ်သည်။
နောက်ဆုံးရက်မှာထိပ်ဆုံးအနိုင်ရသူသုံးယောက်ကိုဆုံးဖြတ်မှာဖြစ်သည်။
ထိပ်ဆုံးအနိုင်ရသူသုံးယောက်က,တောင်သခင်ဒါမှမဟုတ်ဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်တပည့်တစ်ယောက်အဖြစ်လက်ခံခြင်းခံရမယ့်အခွင့်အရေးရနိုင်ယုံတင်မကပဲဓားသိုလှောင်စံအိမ်ထဲဝင်ပြီးသူတို့ရဲ့ကိုယ်ပိုင်ဓားကိုရွေးချယ်နိုင်မည့်အခွင့်အရေးလည်းရရှိပေလိမ့်မည်။
ထို့ကြောင့်ဒီနေ့ကမလွဲသင့်သည့်နေ့တစ်နေ့ပင်။စုန့်မင်းသည်လည်းရှိနေရမှာဖြစ်သည်။အကယ်၍ရှန်ကျစ်ရှန်းသာထပ်ပြီးဆင်ခြေပေးငြင်းဆန်နေမယ်ဆိုရင်စုန့်မင်းကိုမျက်နှာသာမပေးဘူးဟုသတ်မှတ်နိုင်သည်။
ထည့်မပြောနဲ့ဦး,ဒီနေ့က.....
ရှန်ကျစ်ရှန်းကအပေါ်ဘက်စင်မြင့်ပေါ်မှာထိုင်နေပြီးသူ့အမူအယာကလစ်လျူရှုခြင်းနဲ့သတိမထားသည့်ပုံစံကြားမှာရောနှောနေကာအောက်ကတိုက်ပွဲကိုသက်တောင့်သက်သာကြည့်နေသည်။
ရန်ကျင်းကသူ့နောက်သိပ်မဝေးသည့်နေရာမှာထိုင်နေပြီးသူသည်လည်းတိတ်တဆိတ်သာကြည့်နေသည်။
အောက်မှာရှိသည့်တိုက်ပွဲကအချိန်ကြာမြင့်စွာဆင်နွှဲနေသည်။တတိယနေရာကဆုံးဖြတ်ပြီးသွားပြီဖြစ်ပြီးနောက်ဆုံးနှစ်ယောက်သာစင်ပေါ်မှာတိုက်ခိုက်ရင်းကျန်ရစ်တော့သည်။
ဂိုဏ်းတပည့်နဲ့အပြင်လူများကိုခွဲခြားရန်အတွက်ဂိုဏ်းတွင်းတပည့်များရဲ့ဝတ်ဆုံကအနည်းငယ်မှောင်မိုက်ပြီးအပြင်လူများရဲ့ဝတ်စုံကအရောင်ဖျော့သည်။ရှန်ကျစ်ရှန်းကသူတို့ရဲ့အထောက်အထားများအားအလွယ်တကူခွဲခြားနိုင်သည်။
သူကြည့်နေရင်းဖြင့်ပင်မျက်ခုံးကအနည်းငယ်တွန့်ချိုးလာပြီးတစ်စုံတစ်ရာလျို့ဝှက်သည့်ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။
တစ်ဖြေးဖြေးနဲ့အသာစီးရလာတဲ့တစ်ယောက်ကအရောင်ဖျော့ဖျော့အဝတ်အစားကိုဝတ်ဆင်ထားသည်။
သူကမမျှော်လင့်ထားတဲ့အနိုင်ရသူဖြစ်လာနိုင်သည်။
ဂိုဏ်တပည့်များကကောင်းကောင်းလေ့ကျင့်ထားကြသူများဖြစ်တာကြောင့်စမ်းသပ်မှုအတွင်းမှာအကျိုးများစွာဖြစ်ထွန်းကြသည်။ထို့ကြောင့်လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာထိပ်တန်းသုံးနေရာအားအပြင်လူရတာသိပ်မရှိခဲ့ဘူးပေ။ဒါပေမဲ့ဒီနှစ်တော့ပြင်းထန်တဲ့တစ်ယောက်ရောက်လာတာလား?
ဂိုဏ်းတပည့်ဖြစ်သူကသူ့အရှိန်အဟုန်ကိုဖြေးညှင်းစွာဖြင့်ဆုံးရှုံးလာတဲ့အချိန်မှာသူ့ပြိုင်ဘက်ကပိုပိုပြီးပြင်းထန်လာတာကြောင့်နောက်ဆုံးမှာအံ့အားသင့်စရာမရှိပဲထိပ်ဆုံးနေရာကိုရသွားသည်။
ဒုတိယနေရာရသွားတဲ့ဂိုဏ်းတပည့်ဖြစ်သူကရှုံးသွားသော်လည်းစိတ်ဓာတ်မကျပေ။သူကပြုံးပြီးတစ်ဖက်လူကိုဂုဏ်ပြုပေးကာအောက်ကိုဆင်းသွားပေးလိုက်သည်။ထိုလူကိုတစ်ယောက်တည်းစင်ပေါ်မှာထားခဲ့လိုက်ပြီးအဘက်ဘက်မှချီးကျူးလက်ခုပ်သံများအားခံယူစေသည်။
နောက်တစ်ဆင့်ကစုန့်မင်းသို့မဟုတ်အကြီးအကဲတစ်ယောက်ကစကားအနည်းငယ်ပြောရမှာဖြစ်သည်။ပြီးတာနဲ့လူတိုင်းစောင့်နေတဲ့တပည့်ရွေးချယ်ခြင်းလုပ်ငန်းစဉ်စတင်မှာပင်။သို့သော်လည်းမမျှော်လင့်စွာပင်,အခုလေးတင်ပထမနေရာရသွားတဲ့လူငယ်လေးကသူ့ပါးစပ်ကိုဖွင့်လာပြီးသူ့အသံကနည်းနည်းလေးတောင်နှိမ့်ချမနေပေ။
"ဒီဂျူနီယာကအရမ်းကိုရဲတင်းပြီးအကြီးအကဲရှန်အားဆရာအဖြစ်ကိုးကွယ်ဖို့အတွက်တောင်းဆိုပါတယ်"
ပတ်ဝန်းကျင်ကဆူညံမှုများအားလုံးရုတ်တရက်ငြိမ်ကျသွားသည်။လူတိုင်းရဲ့များပြားလှတဲ့မျက်လုံးများရှေ့မှာထိုထွားကြိုင်းသည့်လူငယ်လေးကသူ့ခေါင်းကိုလှည့်လိုက်ပြီးရှန်ကျစ်ရှန်းအပေါ်မှာအကြည့်ပို့ထားလိုက်သည်။
ရှန်ကျစ်ရှန်းကလက်ဖက်ရည်ကြမ်းသောက်နေဆဲအချိန်ဖြစ်ပြီးသူ့မျက်လုံးများကအနည်းငယ်လှုပ်ရှားသွားသည်။
ထွားကြိုင်းသည့်လူငယ်လေးကရုတ်တရက်ကြီးဒီလိုပြောလာတာဖြစ်သောကြောင့်အကြည့်တွေအားလုံးကရှန်ကျစ်ရှန်းရှိရာဘက်သို့ဦးတည်ရာပေါင်းစုံကနေရောက်ရှိလာလေသည်။သူကသူ့လက်ထဲကခွက်ကိုတည်ငြိမ်စွာဖြင့်ချလိုက်သည်။အနည်းငယ်သောအသံလေးကပင်တိတ်ဆိတ်မှုများကြားမှာအတော်လေးကြည်လင်ရှင်းလင်းနေသည်။
"ချင်းယွင်ဂိုဏ်းကလူတိုင်းငါကအမှိုက်တစ်ယောက်ဆိုတာသိကြတယ်" သူကတည်ငြိမ်စွာဖြင့်ပွင့်ပွင့်လင်းလင်းပြောလိုက်ပြီးသူ့ဘေးပတ်ဝန်းကျင်ကလူတိုင်းရဲ့ထိတ်လန့်သွားသည့်မျက်လုံးများကိုလုံးဝလစ်လျူရှုထားလိုက်သည်။
"အဆင်ပြေပါတယ်,မင်းငါ့တောင်ထွတ်အောက်မှာလာပြီးအချိန်ကုန်ခံစရာမလိုအပ်ဘူး"
ရှန်ကျစ်ရှန်းမှာများပြားလှတဲ့နှလုံးပြဿနာများရှိတာကြောင့်တကယ့်ကိုလူတိုင်းထိုအကြောင်းကိုသိကြပြီးအဲ့ဒါကအရမ်းကိုသနားစရာကောင်းတယ်လို့တွေးကြသည်။သို့သော်လည်းသူဒီလိုများပြားလှတဲ့ပရိတ်သတ်တွေရှေ့မှာဒီအကြောင်းကိုပြောတာကပထမဆုံးအကြိမ်ပင်။
ခဏတာလောက်ထိပရိတ်သတ်ထဲကလူတိုင်းကွဲလွဲနေသည့်အတွေးများစွာဖြစ်သွားကြရသည်။
ထွားကြိုင်းသည့်လူငယ်လေးကမျက်မှောင်ကျုံ့လိုက်ပြီးအရှုံးပေးဖို့တွန့်ဆုတ်နေပုံရသည်။
"ဒီဂျူနီယာကဟိုးတုန်းကတည်းကအကြီးအကဲရှန်ကိုလေးစားနေခဲ့ရပြီးအကြီးအကဲရှန်ကိုပဲဆရာအဖြစ်ကိုးကွယ်ချင်ပါတယ်"
သူ့စကားဆုံးသည့်တစ်ခဏမှာပင်ရှန်ကျစ်ရှန်းသည်ရန်ကျင်ဘေးကစွမ်းအင်များပြောင်းလဲသွားသည်ကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။ပုံမှန်တည်ငြိမ်ပြီးအေးဆေးသည့်လူတစ်ယောက်ကရုတ်တရက်အေးစက်ပြီးထက်ရှမှုများကိုစတင်ထုတ်လွှွှင့်နေသည်လေ။
သူကခဏမျှချီတုံချတုံဖြစ်သွားသည်။ရန်ကျင်းဘာဖြစ်သွားလဲဆိုတာသူမသိပေမယ့်ဒီအချိန်မှာတော့သူမေးလို့မရသေးဘူး။သူ့အနေနဲ့တစ်ဖက်လူကိုနောက်တစ်ဖန်ငြင်းဆန်ယုံသာရှိတော့သည်။
ပုံမှန်ဆိုရင်တောင်းဆိုချက်ကိုနှစ်ခါလုပ်ပြီးနှစ်ခါအငြင်းခံလိုက်ရရင်အသိစိတ်ရှိတဲ့လူမျိုးဆိုရင်လက်လျော့လိုက်လိမ့်မည်။ပြီးတော့လည်းသူပိုပြီးပြဿနာရှာလေလေတစ်ခြားအကြီးအကဲတွေကသူ့ကိုတပည့်အဖြစ်လက်ခံချင်စိတ်နည်းသွားလေလေပဲဖြစ်လိမ့်မယ်လေ။
သို့သော်လည်းထွားကြိုင်းသည့်လူငယ်လေးကတကယ်ပဲရှန်ကျစ်ရှန်းကိုဆရာအဖြစ်ကိုးကွယ်ချင်နေသလိုမျိုးသူ့ကိုယ်သူလုံးဝမနှေမြောပေ။
သူ့လက်ထဲမှာဓားကိုကိုင်ထားပြီးဒူးထောက်နေတာကိုကြည့်ရင်းရှန်ကျစ်ရှန်းကမျက်မှောင်ကျုံ့လာကာစကားမပြောတော့။ထိုမြင်ကွင်းကအတော်လေးကိုအနေခက်စရာကောင်းလှသည်။
လူငယ်လေးအနားမှာရပ်နေတဲ့ဂျူနီယာငယ်လေးတစ်ယောက်သည်အခြေအနေကဆိုးသထက်ဆိုးလာသည်ကိုမြင်သောအခါတိုးတိုးလေးပြောလိုက်မိသည်။
"အကြီးအကဲရှန်ကဘယ်သူ့ကိုမှလက်မခံတာအရမ်းကြာနေပြီ,မင်းအနေနဲ့..."
ထိုဂျူနီယာငယ်လေးကထိုလူနဲ့နေတာအတော်ကြာသွားပြီဖြစ်တာကြောင့်ဒီလူအကြောင်းကောင်းကောင်းသိတယ်လို့တွေးလိုက်မိသည်။ဂိုဏ်းချုပ်စုန့်နဲ့တစ်ခြားအကြီးအကဲတွေစတင်ပြီးမျက်မှောင်ကျုံ့လာသည်ကိုမြင်တော့ဂျူနီယာလေးကအနည်းငယ်စိတ်ပူပန်လာတာကြောင့်တိတ်တိတ်လေးသူ့ကိုဆွဲဆောင်ဖို့ကြိုးစားမိခြင်းပင်။
သူမပြောခဲ့သင့်ဘူး..သူပြောလိုက်သည့်တစ်ခဏမှာပဲထိုထွားကြိုင်းတဲ့လူငယ်လေးကရုတ်တရက်လှုပ်ရှားမှုတစ်ခုကိုထပေါက်ကွဲပစ်လိုက်သည်လေ။
သူ့လက်ကိုမြှောက်လိုက်သည်နှင့်အတူဓားကဓားအိမ်ထဲကနေထွက်သွားပြီးဂျူနီယာအငယ်လေးရှိရာကိုရက်ရက်စက်စက်တိုးဝင်သွားသည်။
ဂျူနီယာအငယ်လေးကမပြင်ဆင်ထားလိုက်မိပေ။တစ်ချိန်တည်းမှာသူကထိုလူနဲ့အရမ်းနီးနီးကပ်ကပ်ရပ်နေမိတာကြောင့်တုန့်ပြန်ဖို့အချိန်မရှိလိုက်ဘူးဖြစ်သွားရသည်။ထက်ရှလှတဲ့အသံတစ်ချက်နဲ့အတူဓားကသူ့ရင်ဘက်အားထိုးခွဲသွားတော့သည်။သူ့စကားများကချက်ချင်းပင်ရပ်တန့်သွားတော့၏။
ထိုဂျူနီယာငယ်လေးရဲ့မျက်လုံးများကပြုးကျယ်နေပြီးတစ်ခြားအသံပင်မထွက်နိုင်တော့ပဲမျက်လုံးများဖွင့်ထားရက်နဲ့ပင်သေဆုံးသွားသည်။
ဓားချက်ကအလွန်ကိုအင်အားပြင်းတာကြောင့်အဲ့ဒါကဂျူနီယာငယ်လေးဆီကနေဖြတ်ဝင်သွားပြီးသူ့နောက်ကတစ်ခြားသူများရှိရာဆီဆက်တိုးဝင်သွားသည်။
လူငယ်တပည့်လေးများအုပ်စုကအရမ်းကိုကြောက်လန့်သွားကြကာချက်ချင်းပင်ထိတ်လန့်ကုန်ကြပြီးထွက်ပြေးရန်ကြိုးစားလိုက်သလိုမျိုးတစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်မိကုန်ကြသည်။သူတို့ရှေ့ကဂျူနီယာအငယ်လေးကသနားစရာကောင်းလောက်အောင်သေဆုံးသွားသည်လေ။ဘယ်သူမှသူတို့ဓားကိုထုတ်ပြီးကာလိုက်ဖို့မစဉ်းစားလိုက်မိကြဘူး
ဖြူဆုတ်ဆုတ်မျက်နှာနဲ့အကြီးအကဲတစ်ယောက်ကသူ့အင်္ကျီလက်ကိုဝှေ့ယမ်းပြီးဓားရဲ့အရှိန်အဟုန်ကိုတားဆီးဖို့စွမ်းအင်များပို့လွှတ်လိုက်သောအခါမှသာဓားကနောက်ဆုံးမှာရပ်တန့်သွားပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားသည်။
ဓားကိုရပ်တန့်စေလိုက်တဲ့အကြီးအကဲကသူ့ဘေးကတပည့်များအားထိုလူကိုဖမ်းဆီးရန်အချက်ပြလိုက်သည်။
ထွားကြိုင်းတဲ့လူငယ်ကဖမ်းဆီးခံရမည်ကိုမကြောက်ရွံ့ပေ။သူကနှာခေါင်းရှုံ့လိုက်ပြီးသူ့စိတ်အနေအထားကရုတ်တရက်မှောင်မိုက်ကာမည်းနက်၍့မြွေဆိုးတစ်ကောင်လိုအသံတစ်ရှုးရှုးထွက်လာသည်။သူ့မျက်လုံးများကအေးစက်နေပြီးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ကာအော်ဟစ်တော့သည်။
"ဘာလို့ငါကမဖြစ်နိုင်ရတာလဲ?!ရန်ကျင်းကနတ်ဆိုးအတတ်ကိုကျင့်ကြံနိုင်တယ်..အဲ့ဒါကအရမ်းလည်းကောင်းတယ်အဲ့ဒါကငါ့ကိုပထမနေရာရသွားစေတယ်,အဲ့ဒါကိုဘာဖြစ်လို့ငါကမဖြစ်နိုင်ရတာလဲ?!"
သူ့ပါးစပ်ကနေ'နတ်ဆိုးအတတ်ကျင့်ကြံတယ်'ဆိုတဲ့စကားထွက်လာသည်နှင့်လူတိုင်းရုန်းရင်းဆန်ခတ်များဖြစ်ကုန်ကြသည်။
သံသယတွေ၊မယုံသင်္ကာမှုတွေ၊ရီဝေဝေဖြစ်မှုတွေ....မျက်လုံးအားလုံးကရန်ကျင်းရှိရာကိုဦးတည်စုဝေးနေသည်။စုန့်မင်းနဲ့တစ်ခြားအကြီးအကဲလေးယောက်တောင်လှမ်းကြည့်လာသည်။
တတိယနဲ့စတုတ္ထအကြီးအကဲတို့ကတော့တစ်ယောက်နဲ့တစ်ယောက်စိတ်ပူပန်မှုသဲလွန်စများနဲ့ကြည့်မိကြတာပင်။တတိယအကြီးအကဲကအနည်းငယ်ချောင်းဟန့်လိုက်ပြီးဦးဆောင်ကာစကားစလိုက်သည်။
"ဘာတွေဖြစ်နေ--?"
သူစကားပြောလို့မပြီးသေးခင်မှာပင်ရုန်းရင်းဆန်ခတ်မှုကနောက်တစ်ဖန်ထပ်ဖြစ်လာပြန်သည်။တပည့်တစ်ယောက်ကရုတ်တရက်ပြေးဝင်လာပြီးရှန်ကျစ်ရှန်းရှိရာဘက်ကိုဒူးထောက်လာကာမောပန်းနေသည့်အသံဖြင့်အော်ဟစ်လာသည်။
"ဆရာ,ကယ်ပါဦး!တပည့်ရန့်ရှန်!ရန်ကျင်းကိုတရားစွဲဖို့တောင်းဆိုပါတယ်!"
သူ့ကိုကြည့်ရတာအတော်လေးသနားစရာကောင်းသည့်ပုံစံမျိုးရှိနေသည်။ဝတ်ထားတဲ့အဝတ်အစားများကစုတ်ပြတ်ပြဲစုတ်နေသည်မှာတိုက်ခိုက်ပြီးပြန်ရောက်လာသလိုမျိုး...ဒါမှမဟုတ်,တိုက်ပွဲမှာရှုံးလာသလိုမျိုး
သွေးများကသူ့အသားအရေပေါ်မှာလွှမ်းခြုံနေပြီးသူ့ကိုအတော်လေးသနားစရာကောင်းပုံပေါ်နေစေသည်။
ရန့်ရှန်ကအသက်ပြင်းပြင်းရှုလိုက်ပြီးအားအင်ပြန်ဖြည့်ကာဆက်အော်ပြန်သည်။
"ရန်ကျင်းကနတ်ဆိုးဖြစ်တာကြာနေပါပြီ..သူကနတ်ဆိုးကျင့်ကြံသူတွေနဲ့တောင်သီးသန့်ဆက်သွယ်မှုတွေရှိနေပြီးအဲ့ဒီနတ်ဆိုးအတတ်ကျင့်ကြံသူတွေကိုဓားယှဉ်ပြိုင်ပွဲညီလာခံကိုနှောင့်ယှက်ဖို့ဂိုဏ်းထဲဝင်လာအောင်တောင်းဆိုထားတယ်!"
======================
Zawgyi
Chapter(23) - စိုးရိမ္ဖြယ္ရာအသြင္ကူးေျပာင္းသြားျခင္း
ရွန္က်စ္ရွန္းဒီရက္ပိုင္းအရမ္းစိတ္ဆိုးေနသည္။
သူအရမ္းသေဘာက်ႏွစ္ၿခိဳက္ရတဲ့ေက်ာက္စိမ္းျဖဴစားပြဲေလးကဘယ္အေကာင္ကအလယ္တစ္ဝက္ကေနပိုင္းသြားမွန္းမသိဘူး....
ျဖတ္ရာကရွင္းလင္းၿပီးေခ်ာေမြ႕တယ္..
တစ္ခ်က္ၾကည့္တာနဲ႔တင္ဒီရလဒ္ကဓားအလင္းတိုက္ခိုက္မႈနဲ႔အရမ္းဆင္တူေနတာ...အခုေတာ့စားပြဲေလးၾကည့္ရတာသနားစရာေလးနဲ႔ကူကယ္ရာမဲ့ဖြယ္ရာေလး...
ေဒါသတႀကီးနဲ႔ရွန္က်စ္ရွန္းကအေျခအေနကိုခြဲျခမ္းစိတ္ျဖာၾကည့္ေတာ့ဒီကိုလာၿပီးဓားကိုဆြဲထုတ္ရဲတာလူတစ္ေယာက္တည္းပဲရွိတယ္လို႔ခံစားလိုက္ရသည္ေလ....
အဲ့ဒီဗီလိန္တပည့္ရန္က်င္းပဲျဖစ္လိမ့္မယ္
ေရွာင္းေခ်ာင္ယကသူ႔ရဲ႔ေဒါသထြက္ေနတဲ့အမူအယာကိုလွမ္းၾကည့္ေနသည္။သူ႔သစ္ရြက္ေလးႏွစ္ခုကဓားကိုကိုင္ထားသလိုမ်ိဳးဟန္ေဆာင္ၿပီးထိုေန႔ကရန္က်င္းရဲ႔ကိုယ္ဟန္အေနအထားအတိုင္းတုပကာသစ္ရြက္လက္ေလးႏွစ္ဖက္ကိုလႊဲခုတ္ျပၿပီးေနာက္ဒဏ္ရာရသြားသလိုမ်ိဳးလဲွက်ပစ္လိုက္သည္။ၿပီးေနာက္မွာေတာ့ေသြးအန္သလိုမ်ိဳး 'Pucha!' ဆိုတဲ့အသံကိုပါထုတ္ျပ၏။
ရွန္က်စ္ရွန္းသည္သူ႔ပံုစံေၾကာင့္အနည္းငယ္အာရံုလြဲေျပာင္းသြားသည္။ဒဏ္ရာရသလိုမ်ိဳးဟန္ေဆာင္ေနတဲ့ျမက္ၫႊန္႔ေလးအားျပန္လွန္လိုက္ၿပီးေမးလိုက္သည္။
"ဘာေတြလုပ္ေနတာလဲ?"
ေရွာင္းေခ်ာင္ယသည္သူရွန္က်စ္ရွန္းအာရံုကိုေအာင္ေအာင္ျမင္ျမင္ဆြဲေဆာင္ႏိုင္သြားသည္ကိုျမင္ေသာအခါအားအင္မ်ားခ်က္ခ်င္းျပည့္ဝလာၿပီးတစ္ႀကိမ္ၿပီးတစ္ႀကိမ္သ႐ုပ္ေဆာင္ျပေတာ့သည္။
ဓားခုတ္-ေသြးအန္-လဲက်
ရွန္က်စ္ရွန္းကအဓိပၸါယ္ကိုနားလည္လိုက္တာေၾကာင့္သူ႔မ်က္ခံုးကအနည္းငယ္တြန္႔ေကြးသြားၿပီးခ်ီတံုခ်တံုခံစားခ်က္မ်ိဳးခံစားလိုက္ရသည္။
ရန္က်င္းကဒီေက်ာက္စိမ္းျဖဴစားပြဲကိုတစ္ဝက္ပိုင္းၿပီးတဲ့အခ်ိန္မွာေသြးအန္သြားတာလား?
ဘာေတြျဖစ္သြားလို႔လဲ?ရန္က်င္းေရာဒဏ္ရာရေနတာလား?
ရွန္က်စ္ရွန္းကအရမ္းကိုအေတြးလြန္ေနတာေၾကာင့္သူ႔လက္ထဲကတိုင္းရင္းေဆးကအရမ္းခါးတာကိုေမ့သြားၿပီးတစ္ခါတည္းနဲ႔သူ႔လည္ပင္းထဲကိုေလာင္းခ်လိုက္မိသည္။သူ႔မ်က္ႏွာက႐ုတ္တရက္ေျပာင္းလဲသြား၏။သူ႔ေခါင္းတစ္ခုလံုးကထိန္လန္႔မႈမ်ားခံစားလိုက္ရၿပီးသူ႔ဦးေႏွာက္တစ္ခုလံုးနာက်င္သြားကာမ်က္လံုးထဲၾကယ္ေတြလေတြပါျမင္သြားသည္။ခဏတာမွ်သူဘာစဥ္းစားေနခဲ့တာလဲဆိုတာပါေမ့သြားေတာ့ေလသည္။
ထိုအခ်ိန္မွာပဲတံခါးကေနခပ္ဖြဖြေခါက္သံကိုၾကားလိုက္ရၿပီးရန္က်င္းကအျပင္ကေနလွမ္းေခၚလာသည္။
"ဆရာ"
ရွန္က်စ္ရွန္းကေနာက္ဆံုးက်န္တဲ့ေဆးကိုမ်ိဳခ်လိုက္ၿပီးအတတ္ႏိုင္ဆံုးတည္ၿငိမ္ေအာင္ႀကိဳးစားလိုက္ၿပီးမွအသံကိုတမင္သက္သက္တိုးတိုးေလးလုပ္ၿပီးျပန္ေျဖသည္။
"ဝင္လာခဲ့"
ရန္က်င္းဝင္လာတဲ့အခ်ိန္မွာေတာ့သူ႔ရဲ႔က်ိဳးပဲ့လြယ္တဲ့ဆရာကႏူးညံ့တဲ့အိပ္ယာကိုအနည္းငယ္ေက်ာမွီထားၿပီးပါးလႊာတဲ့ေစာင္ကသူခါးေအာက္ကိုတစ္ဝက္မွ်ေလ်ာက်ေနကာသူ႔လက္ထဲမွာေတာ့စာလိပ္တစ္လိပ္ကိုင္ထားသည္။သူကအားနည္းေဖ်ာ့ေတာ့စြာျဖင့္လွမ္းၾကည့္လာ၏။
"ဒီရက္ေတြအတြင္းအားက်င္းကဆရာသခင္တစ္ေယာက္လိုျပဳမူေနတာပဲ...အဲ့ဒီေက်ာက္စိမ္းစားပြဲကေလ...မင္းမေပ်ာ္ရႊင္တာနဲ႔ပဲတစ္ပိုင္းပိုင္းလိုက္ဖို႔လိုလို႔လား?"
ရန္က်င္းကခဏေလာက္ေအးခဲသြားၿပီးမွေနာက္ဆံုးတုန္႔ျပန္လာသည္။သူကႏႈတ္ခမ္းကိုတစ္ေျပးတည္းထားလိုက္ၿပီးတီးတိုးေရရြတ္လာေလသည္။
"ဒီတပည့္သြားၿပီးေတာ့..."
သူကအရမ္းကိုႏူးႏူးညံ့ညံ့ေျပာလိုက္တာေၾကာင့္က်န္တဲ့စကားတစ္ဝက္ကိုရွန္က်စ္ရွန္းေသခ်ာရွင္းရွင္းလင္းလင္းမၾကားလိုက္ရေပ။သူေမးဖို႔ျပင္လိုက္တဲ့အခ်ိန္မွာရန္က်င္းကရွန္က်စ္ရွန္းသေဘာက်တဲ့သစ္သီးပန္းကန္ကိုအနားကစားပြဲေပၚတင္ၿပီးတိတ္တဆိတ္ထြက္ခြာသြားၿပီျဖစ္သည္။
ရွန္က်စ္ရွန္းကစာလိပ္ကိုအခင္းေပၚတင္လိုက္ၿပီးသစ္သီးပန္းကန္အားၾကည့္ကာမ်က္ေမွာင္က်ံဳ႔မိရင္းျဖင့္သူေျပာလိုက္တဲ့စကားေနာက္တစ္ဝက္ကိုစဥ္းစားၾကည့္မိသည္။
ေနာက္ဆံုးမွာေတာ့ရန္က်င္းအျမန္ဆံုးျပန္ထြက္သြားတာကသူ႔ကိုေလ်ာ္ေပးဖို႔ျဖစ္ေၾကာင္းသေဘာေပါက္သြားရေလသည္။
ရန္က်င္းရဲ႔လုပ္ေဆာင္မႈမ်ားကအလြန္ျမန္ဆန္သည္။ရက္အနည္းငယ္အတြင္းမွာေက်ာက္စိမ္းျဖဴစားပြဲအသစ္တစ္ခုကျခံဝင္းထဲမွာေပၚလာ၏။ထိုစားပြဲအျပင္ရန္က်င္းကေႏြးေထြးႏူးညံ့သည့္ေက်ာက္စိမ္းအိပ္ယာတစ္ခုကိုပါဝယ္လာၿပီးသစ္ပင္အႀကီးႀကီးေအာက္မွာစားပြဲနဲ႔အတူတူထားထားလိုက္သည္။ရွန္က်စ္ရွန္းအေနနဲ႔အနားယူၿပီးလက္ဖက္ရည္ၾကမ္းေသာက္ဖို႔အလြန္အဆင္ေျပသည္။
ရွန္က်စ္ရွန္းကပဥၥမေတာင္ထြတ္ရဲ႔ဘ႑ာေရးစာရင္းကိုတိတ္တဆိတ္ၾကည့္ကာေမးျမန္းစံုစမ္းၿပီးေနာက္မွာေတာ့ရန္က်င္းကဒီပစၥည္းေတြအကုန္လံုးကိုသူဒီႏွစ္ေတြအတြင္းမွာစုေဆာင္းထားခဲ့တဲ့ဝိညာဥ္ေက်ာက္တုန္းအကုန္လံုးနဲ႔ဝယ္ယူလာခဲ့ျခင္းျဖစ္ေၾကာင္းနားလည္သြားရသည္။ရန္က်င္းရဲ႔လစဥ္ေထာက္ပံ့ေၾကးအျပင္ရွန္က်စ္ရွန္းကသူ႔ကိုမုန္႔ဖိုးမ်ားစြာေပးခဲ့ဘူးသည္။ရန္က်င္းကတကယ္တမ္းသိပ္မသံုးခဲ့ပဲအေကာင့္ထဲမွာသာထည့္ထားခဲ့သည္မွာအခုခ်ိန္ထိပင္။
အရည္အေသြးကအေကာင္းဆံုးမဟုတ္ေပမယ့္ရန္က်င္းတတ္ႏိုင္သည့္အေကာင္းဆံုးအရာမ်ားပင္ျဖစ္သည္။
ထိုအေၾကာင္းကိုရွန္က်စ္ရွန္းသိတဲ့အခ်ိန္မွာသူကေျဖးၫွင္းစြာပင္သက္ျပင္းခ်မိသည္။ထို႔ေနာက္မွာေတာ့ႏူးညံ့သည့္အခင္းေပၚမွာစိတ္ေအးခ်မ္းသာစြာလဲေလွ်ာင္းလိုက္ၿပီးသူ႔ကိ္ုယ္သူေစာင္နဲ႔ပတ္ကာေႏြးေထြးသည့္ေနေရာင္ျခည္ေအာက္မွာပဲအိပ္ေပ်ာ္သြားေတာ့၏။
ရန္က်င္းကပံုမွန္ဆိုရင္စကားနည္းၿပီးတိတ္ဆိတ္ေပမယ့္သူကမေမွ်ာ္လင့္ပဲတစ္ျခားသူေတြရဲ႔ႏွစ္ၿခိဳက္မႈမ်ားကိုေသေသခ်ာခ်ာေလ့လာထားသည္ေလ။ရလဒ္ကေတာ့ထိုအရာမ်ားအားလံုးကအေကာင္းဆံုးရည္ရြယ္ခ်က္မ်ားနဲ႔စီစဥ္ထားေပးျခင္းပင္။
ထိုေန႔လည္ခင္းမွာေနေရာင္ျခည္ကေႏြးေထြးၿပီးသက္ေတာင့္သက္သာရွိလွတာေၾကာင့္လူမ်ားကိုထိုေႏြးေထြးသည့္အလင္းေရာင္ေအာက္မွာအိပ္ငိုက္ေစရန္အျပည့္အဝျပဳလုပ္ႏိုင္သည္။
စတုတၳအႀကီးအကဲကရွန္က်စ္ရွန္းအားအလုပ္ထပ္မလုပ္ေတာ့ရန္ႏွင့္အျပည့္အဝအနားယူရန္တိုက္တြန္းထားသည္။ထို႔ေၾကာင့္ရွန္က်စ္ရွန္းအေနနဲ႔ေရြးခ်ယ္စရာမရွိပဲအျပင္ဘက္ကမာၻအားသူတံခါးပိတ္တရားက်င့္ေနပါတယ္ဆိုၿပီးေၾကညာထားရသည္။
တကယ္ေတာ့ရွန္က်စ္ရွန္းကအခုခ်ိန္မွာေန႔တိုင္းငါးဆားနယ္တစ္ေကာင္လိုပ်င္းရိေနတာျဖစ္သည္။အခုတစ္ေလာျဖစ္ေနတဲ့သူ႔ေနာက္ဆံုးဝါသနာကရန္က်င္းသူ႔အတြက္အထူးတလွယ္ဝယ္ေပးထားတဲ့ႏူးညံ့ေသာေက်ာက္စိမ္းအိပ္ယာေပၚမွာအနားယူရတာျဖစ္ၿပီးမၾကာခဏထိုေနရာမွာတစ္ေနကုန္နီးပါးလွဲေနတတ္သည္။
သူႏိုးလာတဲ့အခ်ိန္ဆိုရင္ပင္ပန္းၿငီးေငြ႕သြားသည္အထိစာဖတ္လိမ့္မည္။ၿပီးရင္ေတာ့သူ႔လက္ထဲမွာစာလိပ္ကိုကိုင္ထားရင္းနဲ႔ပဲေစာင္ကိုအနည္းငယ္ဆြဲယူၿပီးအိပ္ေပ်ာ္သြားလိမ့္မည္ပင္။
သူစတင္ၿပီးအိပ္ငိုက္လာေသာအခါစာလိပ္ကိုကိုင္ထားတဲ့သူ႔လက္မ်ားကေျဖးၫွင္းစြာျဖင့္ေလ်ာ့တိေလ်ာ့ရဲျဖစ္လာသည္မွာသူ႔လက္ကေနေနာက္ဆံုးေခ်ာ္ထြက္ၿပီးျပဳတ္က်သြားသည္အထိပင္။ထိုစာလိပ္ေျမျပင္ေပၚမထိမိခင္မွာသန္မာအားေကာင္းသည့္လက္တစ္ဖက္ကအလြယ္တကူဖမ္းယူၿပီးေက်ာက္စိမ္းစားပြဲေပၚမွာဂ႐ုတစိုက္တင္ေပးလိုက္သည္။
ရွန္က်စ္ရွန္းကအိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနျခင္းသာျဖစ္သည္။ရန္က်င္းအနားမွာရွိေနေၾကာင္းသူသိေနသလိုတိုက္တိုက္ဆိုင္ဆိုင္ေရလည္းဆာလာတာေၾကာင့္မ်က္လံုးမဖြင့္ပဲလွမ္းေျပာလိုက္သည္။
"အားက်င္း,ေရ..."
ရန္က်င္းကနာနာခံခံနဲ႔သူ႔အတြက္ေရငွဲ႔ထည့္ေပးၿပီးထိုင္ႏိုင္ေအာင္ကူညီေပးကာေရထည့္ထားတဲ့ဖန္ခြက္ကိုသူ႔ႏႈတ္ခမ္းနားဆီေတ့ေပးသည္။ရွန္က်စ္ရွန္းကႀကိဳတင္ကာကြယ္မႈမရွိပဲတစ္ငံုေသာက္လိုက္ၿပီး႐ုတ္တရက္ပင္လူတစ္ကိုယ္လံုးၿပီးျပည့္စံုလွတဲ့ေဆးအရသာေၾကာင့္ႏိုးႏိ္ုးၾကားၾကားျဖစ္သြားရသည္။
"ဒါေရမွမဟုတ္တာ,ငါေရေသာက္ခ်င္တာ,ဒါမဟုတ္ဘူး"
တပည့္ျဖစ္သူကမလႈပ္မရွားပင္။
"စတုတၳအႀကီးအကဲကေျပာထားတယ္ဆရာဒါကိုေန႔တိုင္းေသာက္ရမွာတဲ့"
ရွန္က်စ္ရွန္းကအသက္ကိုျပင္းျပင္းရွဳလိုက္ၿပီးခြက္ကိုအေဝးသို႔႐ိုက္ထုတ္လိုက္ခ်င္မိသည္။သို႔ေသာ္လည္းသူျဖစ္ေနတဲ့ေနမေကာင္းမႈနဲ႔အားနည္းတဲ့အသြင္အျပင္ကိုျပန္စဥ္းစားၾကည့္မိတဲ့အခ်ိန္မွာေတာ့သူ႔စိတ္ဆႏၵမ်ားကိုျပန္ခ်ဳပ္တီးထားလိုက္ရသည္။
အဲ့ဒီအစားသူ႔လက္ကိုတစ္ဝက္ေလာက္ေႁမွာက္လိုက္ၿပီးလက္ေခ်ာင္းေလးတစ္ေခ်ာင္းထုတ္ကာရန္က်င္းရဲ႔လက္ကိုအေဝးသို႔ပ်င္းရိစြာျဖင့္တြန္းထုတ္လိုက္သည္။ၿပီးေနာက္အားနည္းခ်င္ေယာင္ေဆာင္ေတာ့၏။
"မေသာက္ခ်င္ဘူး"
ရန္က်င္းကသူ႔ကိုအတင္းအၾကပ္မလုပ္ေပ။သူကခြက္ကိုျပန္ခ်ထားလိုက္ၿပီးႏူးညံ့တဲ့အိပ္ယာေပၚမွာသက္ေတာင့္သက္သာျပန္လွဲႏိုင္ေစ၇န္ကူညီေပးလိုက္ကာခဏေလာက္တြန္႔ဆုတ္ေနၿပီးမွေျပာလိုက္သည္။
"ဆရာ,အဲ့ဒီေန႔က...."
လာျပန္ၿပီလား
ထိုအဖြင့္စကားကိုၾကားလိုက္ရသည္ႏွင့္ေနာက္ဘာဆက္လာမလဲဆိုတာကိုရွန္က်စ္ရွန္းခ်က္ခ်င္းသိလိုက္သည္။
ရန္က်င္းကအဲ့ဒီေန႔တုန္းကသူဘယ္သူ႔ကိုေတြ႕ခဲ့လဲဆိုတာနဲ႔အဲ့ဒီလူဘာေျပာခဲ့တာလဲဆိုတာကိုသိခ်င္ေနတယ္
ရန္က်င္းရဲ႔လစ္လ်ဴရွဳတတ္တဲ့စိတ္ထားကိုစဥ္းစားၾကည့္မယ္ဆိုရင္အဲ့ဒီအခ်ိန္တုန္းကဘာျဖစ္ခဲ့လဲဆိုတာကိုသူအရမ္းဂ႐ုစိုက္ေနတာကထူးဆန္းေနသည္ေလ။သူတို႔ထိုကိစၥအေၾကာင္းကိုအႀကိမ္ေပါင္းမ်ားစြာဆက္တိုက္ျဖတ္ေက်ာ္ခဲ့ရၿပီးအႀကိမ္တိုင္းမွာလည္းရွန္က်စ္ရွန္းကတိတ္တဆိတ္နဲ႔ေခါင္းစဥ္ကိုေျပာင္းလဲပစ္လိုက္သည္ခ်ည္းသာ။
တကယ္တမ္းေတာ့အဲ့ဒိပံုရိပ္ကအရင္ဂိုဏ္းခ်ဳပ္ေဟာင္းျဖစ္ေၾကာင္းရန္က်င္းကိုေျပာဖို႔ကကိစၥႀကီးမဟုတ္ဘူး။ျပႆနာကအဲ့ဒီပံုရိပ္ဘာေျပာခဲ့လဲဆိုတဲ့အေၾကာင္းေပၚမွာမူတည္ေနတာျဖစ္သည္။သတင္းအခ်က္အလက္ရဲ႔ပမာဏကအရမ္းမ်ားျပားလြန္းၿပီးရွန္က်စ္ရွန္းကိုယ္တိုင္ေတာင္အဲ့ဒီအေၾကာင္းအရင္းေတြကိုရွာေဖြဖို႔အခ်ိန္လိုအပ္ေနေသးသည္။
သူတစ္ျခားသူေတြကိုမေျပာခ်င္ေသးဘူး,ရန္က်င္းေတာင္မွမျဖစ္ဘူး
မူလကိုယ္ရဲ႔ႏွလံုးဒဏ္ရာကလြဲရင္မူလကိုယ္ကအရင္ဂိုဏ္းခ်ဳပ္ေဟာင္းအတြက္အေရးႀကီးဆံုးလူျဖစ္ေနေသးတာကရွင္းလင္းေနသည္ေလ။စုန္႔မင္းကိုဂိုဏ္းခ်ဳပ္အသစ္အျဖစ္ေထာက္ခံေပးခဲ့တဲ့ကိစၥကေတာင္မွယာယီသာျဖစ္သည္။ဂိုဏ္ခ်ဳပ္ေဟာင္းကစုန္႔မင္းအားမူလကိုယ္ရဲ႔႔ခႏာၱကိုယ္နဲ႔စိတ္ေတြအေျခအေနပိုေကာင္းလာတာနဲ႔ဂိုဏ္းခ်ဳပ္ေနရာကိုတတ္ႏိုင္သမွ်အျမန္ဆံုးျပန္ေပးေစရန္ပင္ဆႏၵရွိခဲ့သည္။
ဒါေပမဲ့,စုန္႔မင္းက....
ရွန္က်စ္ရွန္းကမ်က္လႊာခ်လိုက္ၿပီးစုန္႔မင္းကထိုသို႔ျပဳလုပ္ရန္မျဖစ္ေစခ်င္ဆံုးေသာလူတစ္ေယာက္ဆိုတာေသခ်ာေနသည္။သူကရွန္က်စ္ရွန္းကိုလကၡဏာသေကၤတနဲ႔ပတ္သတ္တဲ့ကိစၥအေၾကာင္းလံုးဝမေျပာခဲ့ဘူးေလ။
မွတ္ဉာဏ္ေတြအရဆိုရင္မူလကိုယ္ကလကၡဏာသေကၤတအေၾကာင္းလံုးဝကိုမသိခဲ့သည္သာမကစုန္႔မင္းနဲ႔ဂိုဏ္းခ်ဳပ္ေဟာင္းၾကားထဲမွာအဲ့ဒီလိုသေဘာတူညီမွဳမ်ိဳးရွိခဲ့တယ္ဆိုတာေတာင္မသိခဲ့ဘူး
အဲ့ဒါကအရမ္းထူးဆန္းေနတယ္...ဒီေလာက္အေရးႀကီးတဲ့ကိစၥကိုဘာျဖစ္လို႔မ်ားဂိုဏ္းခ်ဳပ္ေဟာင္းကမူလကိုယ္ဆီကိုဘာျဖစ္လို႔ဘာမွမေျပာခဲ့ရတာလဲ?
ဘာကပိုၿပီးထူးဆန္းလဲဆိုတာကမူလကိုယ္,ကိုယ္တိုင္ပဲ
ေတာင္ေပၚကထိုေန႔ၿပီးသည့္ေနာက္မွာသူမွတ္ဉာဏ္မ်ားပိုမိုရလာသည္။
ထိုပရမ္းပတာနဲ႔အစိတ္စိတ္အမႊာမႊာျဖစ္ေနတဲ့မွတ္ဉာဏ္ေတြကေနၿပီးေတာ့ရွန္က်စ္ရွန္းသည္မူလကိုယ္ဆီမွာေဆြ႕ရွန္းဆိုတဲ့ nickname တစ္ခုရွိေသးမွန္းနားလည္လိုက္သည္။အဲ့ဒီနာမည္ကသူဒီကိုမကူးေျပာင္းလာခင္တုန္းကေပးခဲ့တဲ့စင္တင္နာမည္နဲ႔တစ္ပံုစံတည္းပဲ
သို႔ေသာ္လည္းထိုနာမည္ကမူလကိုယ္အျပင္ဘက္ကိုေလ့က်င့္ဖို႔အတြက္ထြက္ခြာသြားတုန္းကတစ္ခါတည္းသာအသံုးျပဳခဲ့ပံုရသည္။ဂိုဏ္းထဲကလူအနည္းငယ္သာသိၾကၿပီးစုန္႔မင္းေတာင္မသိဘူး
အဲ့ဒါကအရမ္းကိုတိုက္ဆိုင္လြန္းတယ္!
ရွန္က်စ္ရွန္းကသူ႔ႏွလံုးသားေအာက္ေျခကထူးဆန္းတဲ့ခံစားခ်က္ေတြကိုဖိႏွိပ္လိုက္ၿပီးဆက္စဥ္းစားေနသည္။
မူလကိုယ္ကစြမ္းေဆာင္ႏိုင္စြမ္းရွိၿပီးစိတ္ဓာတ္တက္ႂကြတဲ့သူတစ္ဦး။ဒါေပမဲ့သူ႔ႏွလံုးကိုထိခိုက္သြားတဲ့ကိစၥကသူ႔အတြက္ဆုတ္ယုတ္မႈတစ္ခုျဖစ္သြားပံုရၿပီးသူ႔ကိုလံုးဝၿပိဳလဲက်သြားေစခဲ့တယ္။သူ႔က်င့္ၾကံေရးေတြထိခိုက္သြားယံုတင္မကဘူးသူ႔စိတ္ေနသေဘာထားကလည္းထူးဆန္းလာၿပီးစိတ္အေျခအေနကေမွာင္မိုက္လာတဲ့အျပင္ခန္႔မွန္းရခက္လာေစခဲ့တယ္
ဒါေပမဲ့အဲ့ဒါကလံုးဝကိုေမွ်ာ္လင့္ခ်က္မဲ့သြားတာမွမဟုတ္တာ
အဲ့ဒါကိုဘာျဖစ္လို႔မ်ား႐ုတ္တရက္ႀကီး,အၿမဲတမ္းေပ်ာ္ရႊင္လန္းဆန္းေနၿပီးစိတ္ထားပြင့္လင္း၊႐ိုးသားတဲ့လူငယ္ေလးတစ္ေယာက္ကဒီလိုလူမ်ိဳးအျဖစ္ေျပာင္းလဲသြားရတာလဲ?
ရွန္က်စ္ရွန္းကအခ်ိန္အေတာ္ၾကာသည္အထိအေတြးလြန္ေနမိသည္။
ရွန္က်င္းကစိတ္ပူပန္ေနမိ၏။ရွန္က်စ္ရွန္းကသူ႔ကိုျပန္မေျဖမွာကိုတင္မကပဲအေျဖကသူလိုခ်င္တဲ့အတိုင္းမဟုတ္မွာကိုပါစိုးရိမ္မိေနတာပင္။
ကံေကာင္းစြာနဲ႔ရွန္က်စ္ရွန္းသူ႔အေတြးေတြထဲကေနထြက္လာတဲ့အခ်ိန္မွာရန္က်င္းကအမွန္တကယ္ကိုစိုးရိမ္ပူပန္ေနတာကိုခံစားမိသြားပံုေပၚသည္။သူကခဏတာမွ်တိတ္တဆိတ္ျဖင့္သူ႔ကိုယ္သူဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးအနည္းငယ္ထုတ္ေဖာ္ရန္ဆုံးျဖတ္လိုက္သည္။
ဒါကရန္က်င္းကိုဖားလိုက္တယ္လို႔သတ္မွတ္လို႔ရတာပဲ
"အဲ့ဒီပံုရိပ္ကို,ျမင္လိုက္တာလား?"
ရန္က်င္းကေတာက္ပသြားၿပီးခ်က္ခ်င္းျပန္ေျဖသည္။
"ကၽြန္ေတာ္ျမင္လိုက္တဲ့လူက...."
"သူကဘိုးေဘးဝန္း...စုန္႔မင္းမတိုင္ခင္တုန္းကဂိုဏ္းခ်ဳပ္"
ရန္က်င္းကခဏတာအာရံုျပန္႔လြင့္သြားပံုရၿပီးေနာက္ဆံုးမွစကားျပန္ေျပာလာသည္။
"ၿပီးေတာ့....ဆရာ႔ရဲ႔ဆရာ?"
ရွန္က်စ္ရွန္းကေခါင္းညိတ္ျပၿပီးထိုကိစၥအားဒီေနရာမွာပဲထားကာဆက္မေျပာဖို႔ဆံုးျဖတ္လိုက္သည္။
ရန္က်င္းကသူ႔ပါးစပ္ဖြင့္လာေအာင္ခက္ခက္ခဲခဲႀကိဳးစားထားရတာျဖစ္ေသာေၾကာင့္သဘာဝက်က်ပင္သူခ်က္ခ်င္းေမးလာသည္။
"ဘိုးေဘးဝန္း...သူကဘာေျပာလိုက္လို႔လဲ?သူ...တစ္ေယာက္ေယာက္အေၾကာင္းကို...ေျပာလိုက္ေသးတာလား?"
သူ႔ရဲ႔မူလတည္ၿငိမ္ေအးေဆးတဲ့အမူအယာကအေတာ္ေလးအလ်င္လိုကာျမန္ဆန္ေနၿပီးသူ႔ရဲ႔မ်က္ေတာင္မခတ္တဲ့အၾကည့္ကရွန္က်စ္ရွန္းအားအျပည့္အဝအာရံုစိုက္ထားသည္။
ထိုသို႔ေလာင္ၿမိဳက္လွတဲ့သူ႔အၾကည့္ေအာက္မွာရွန္က်စ္ရွန္းရဲ႔စိတ္ကခဏတာမွ်ဗလာျဖစ္သြားရ၏။သူ႔မွာတစ္ဖက္လူရဲ႔စိတ္ဆႏၵအတိုင္းအရာအားလံုးထုတ္ေျပာမိေတာ့မတတ္ပင္။သို႔ေသာ္လည္းသူ႔ပါးစပ္ကိုဖြင့္လိုက္တဲ့အခ်ိန္မွာ႐ုတ္တရက္အာရံုျပန္ရသြားရသည္။သူကသူ႔လက္ကိုေႁမွာက္လိုက္ၿပီးဘာမွမျဖစ္ခဲ့သလိုမ်ိဳးႏွာေခါင္းကိုထိလိုက္သည္။
"အတင္းအဖ်င္းတစ္ခ်ိဳ႔ပါပဲ..အေရးတႀကီးမဟုတ္ပါဘူး"
သူ႔အသံဆံုးသည္ႏွင့္ရန္က်င္းကအလ်င္စလိုျဖတ္ေျပာလာသည္။
"မဟုတ္ဘူး,အဲ့ဒီလိုမဟုတ္တာကၽြန္ေတာ္ေသခ်ာတယ္"
သူကခဏအၾကာမွာခ်က္ခ်င္းျပန္စိတ္ၿငိမ္သြားေသ္ာလည္းသူ႔ဆီမွာဒီလိုစိုးရိမ္ပူပန္သည့္အမူအယာကရွားပါးလွသည္။
သို႔ေသာ္လည္း,ေနာက္တစ္ခဏမွာပဲရန္က်င္းကသူ႔လက္ကိုရွန္က်စ္ရွန္းရဲ႔ေဘးကအိပ္ယာေပၚကိုတင္လိုက္သည္။ထို႔ေနာက္သူ႔လက္ကိုအားျပဳၿပီးသူ႔ကိုယ္သူထလိုက္ကာသူ႔ကိုယ္အေပၚပိုင္းအားအနည္းငယ္ေရွ႕မွီခ်လိုက္တာေၾကာင့္သူ႔ပံုစံအေနအထားကအေတာ္ေလးကိုထိန္းခ်ဳပ္ႏိုင္စြမ္းအျပည့္နဲ႔ၾသဇာအာဏာႀကီးမားေနသည္။
နက္ေမွာင္လွတဲ့မ်က္လံုးတစ္စံုကရွန္က်စ္ရွန္းကိုသာစိုက္ၾကည့္ေနၿပီးသူ႔စိတ္အေျခအေနကပံုမွန္တိတ္ဆိတ္ၿပီးေအးခ်မ္းတည္ၿငိမ္တဲ့ပံုစံကေန႐ုတ္တရက္အေတာ္ေလးျပင္းထန္ၿပီးအတင္းအၾကပ္လုပ္တတ္တဲ့ပံုစံကိုေျပာင္းလဲသြားသည္။
သူကအဆံုးအျဖတ္ေပးသည့္ဟန္ပန္မ်ိဳးျဖင့္ေမးလာသည္။
"သူကဆရာ႔ကိုဘာေျပာလိုက္တာလဲ?"
သူတို႔ခႏာၱကိုယ္မ်ားက႐ုတ္တရက္အလြန္နီးကပ္သြားသည္။ရန္က်င္းကေရွ႕ကိုအနည္းငယ္ပိုမွီလိုက္ကာသူတို႔ၾကားထဲကအကြာအေဝးကိုပိုက်ဥ္းေျမာင္းေစလိုက္၏။ရွန္က်စ္ရွန္းမွာအလြန္အံ့အားသင့္သြားရသည္။သူ႔မွာမေနႏိုင္စြာျဖင့္ေနာက္ကိုဆုတ္ဖို႔ႀကိဳးစားမိေသာ္လည္းအိပ္ယာေပၚမွာသူသြားႏိုင္မယ့္ေနရာမရွိဘူးဆိုတာနားလည္လိုက္ရေလသည္။
ရွန္က်စ္ရွန္းသည္လူငယ္ေလးရဲ႔ပူေလာင္တဲ့အသက္ရွဳသံကသူ႔ပါးျပင္ကိုထိေနသည္ကိုပါခံစားလိုက္ရသည္။
တစ္ခဏအတြင္းမွာပင္သူ႔တပည့္ငယ္ေလးကအရြယ္ေရာက္ေနၿပီဆိုတာကိုစတင္နားလည္သြားရေလသည္။
တစ္ခါတုန္းကသူ႔ပုခံုးေလာက္သာရွိၿပီးအၿမဲတမ္းတစ္ျခားတပည့္ေတြဆီကအႏိုင္က်င့္ခံခဲ့ရတဲ့လူငယ္ေလးက႐ုတ္တရက္မသိလိုက္စြာနဲ႔ပဲအရြယ္ေရာက္လာခဲ့ၿပီ။
သူကအခုဆိုရင္ရွန္က်စ္ရွန္းကိုအနားကပ္လာယံုနဲ႔တင္ၿခိမ္းေျခာက္မႈကိုခံစားရသည္အထိအႏာၱရယ္ရွိတဲ့အမ်ိဳးသားတစ္ေယာက္အျဖစ္ႀကီးျပင္းလာခဲ့တာပဲ
ရွန္က်စ္ရွန္းရဲ႔စိတ္ႏွလံုးက႐ုတ္တရက္ျပင္းစြာတုန္လႈပ္လာသည္။ဒီခံစားခ်က္ကနာက်င္မႈနဲဆင္းရဲဒုကၡေတြကလြဲရင္မျဖစ္တဲ့ႏွလံုးေရာဂါထေဖာက္တဲ့အခ်ိန္ကခံစားခ်က္နဲ႔လံုးဝကိုျခားနားတယ္.
ဒီတစ္ေခါက္မွာအဲ့ဒီခံစားခ်က္ကခ်န္ရစ္ခဲ့တဲ့အရာကသူ႔ကို.....
ရွန္က်စ္ရွန္းသည္ထိုခံစားခ်က္ကိုဘယ္လိုေဖာ္ျပရမွန္းမသိျဖစ္ေနသည္။ကေလးတုန္းကေတာင္ essays မ်ားေရးသားျခင္းကသူ႔အတြက္အၿမဲတမ္းလြယ္ကူေနခဲ့ေပမယ့္အခုေတာ့သူဘယ္လိုခံစားရလဲဆိုတာကိုေဖာ္ျပဖို႔စကားလံုးမရွိဘူးဆိုတာကိုသိလိုက္ရသည္။
သူမ်က္လံုးေမာ့ၾကည့္လိုက္ေသာအခါရန္က်င္းကသူ႔ကိုေစ့ေစ့စပ္စပ္စိုက္ၾကည့္ေနဆဲဆိုတာကိုျမင္လိုက္ရသည္။
သူကခ်က္ခ်င္းပင္သူ႔ပံုမွန္ killer move ကိုထုတ္သံုးလိုက္သည္။
မ်က္ေမွာင္ကိုအနည္းငယ္က်ံဳလိုက္ၿပီးအသက္ရွဳရပ္ေတာ့မတတ္ေခ်ာင္းဆိုးေတာ့သည္ေလ။
ရန္က်င္းကလည္းတကယ့္ကိုက်ရွံုးသြားတယ္
ျပင္းထန္သည့္ခဏတာကေက်ာ္လြန္သြားၿပီးသူကရွန္က်စ္ရွန္းအားစိတ္ပူပန္စြာျဖင့္ၾကည့္ရင္းေမးရွာသည္။
"ဆရာ?အဆင္ေျပရဲ႔လား?"
ရွန္က်စ္ရွန္းကသူ႔ကိုျပန္တြန္းထုတ္လိုက္ၿပီးမ်က္ခံုးမ်ားအားပြတ္လိုက္ကာပင္ပန္းႏြမ္းနယ္စြာေျပာလိုက္သည္။
"ဒီအတိုင္းပင္ပန္းေနလို႔ပါ...."
အဲ့ဒီေတာ့,ဒီလိုနဲ႔ပဲေခါင္းစဥ္ကေနာက္တစ္ႀကိမ္ေရွာင္ရွားနိင္သြားျပန္ၿပီ
ရန္က်င္းကသူ႔ႏႈတ္ခမ္းကိုေစ့ေစ့ဖိထားလိုက္ေသာ္လည္းထပ္ၿပီးဖိအားမေပးဝံ့ေတာ့ေပ။သူကသူ႔ႏွလံုးသားထဲကေမးခြန္းမ်ားကိုအတင္းအၾကပ္သည္းခံဖိႏွိပ္လိုက္ျပီးအဲ့ဒီအစားရွန္က်စ္ရွန္းကိုအိမ္ထဲသို႔ေခၚသြားေပးရန္ႀကိဳးစားသည့္ေနရာမွာအာရံုစိုက္ထားလိုက္သည္။
"အခုကေနာက္က်ေနၿပီ,ၿပီးေတာ့ရာသီဥတုကလည္းနည္းနည္းေအးလာၿပီ..ဆရာ႔ကိုအခန္းထဲျပန္ပို႔ဖို႔ကူညီေပးပါရေစ"
ရွန္က်စ္ရွန္းကတြန္႔ဆုတ္ေနမိသည္။
အိမ္ကေလွာင္ပိတ္ေနတာၿပီးေတာ့သူကအျပင္ဘက္ကနည္းနည္းေအးတဲ့ေလကိုသေဘာက်တယ္ေလ
ဒါေပမဲ့လည္းသိသိသာသာကိုသူဒီရက္ေတြအတြင္းမွာအရမ္းလြန္သြားတယ္...သူကအရမ္းသ႐ုပ္ေဆာင္ေကာင္းသြားေတာ့ရန္က်င္းကသူ႔ကိုအရမ္းအားနည္းေနေသးတယ္လို႔ပဲထင္ေနတာ
ရွန္က်စ္ရွန္းကမ်က္လံုးမ်ားကိုမွိတ္လိုက္ၿပီးအိပ္ခ်င္ေယာင္ေဆာင္လိုက္ကာသူ႔တပည့္ကသူ႔ကိုတစ္ေယာက္တည္းထားရစ္ခဲ့လိမ့္မယ္ဆိုၿပီးစိတ္ခ်လက္ခ်ျဖစ္ေနသည္။
ရန္က်င္းကႏူးညံံ့တဲ့အိပ္ယာေဘးမွာတိတ္ဆိတ္စြာရပ္ေစာင့္ေနၿပီးမွ႐ုတ္တရက္ခါးကိုကိုင္းလိုက္သည္။လက္ေမာင္းတစ္ဖက္ကိုရွန္က်စ္ရွန္းရဲ႔ေျခေထာက္ေအာက္ထည့္လိုက္ၿပီးေနာက္တစ္ဖက္ကိုေတာ့သူ႔ပုခံုးအားသိုင္းဖက္လိုက္ကာလူတစ္ကိုယ္လံုးအားသူ႔လက္ေမာင္းၾကားထဲသို႔ေႁမွာက္ခ်ီလိုက္၏။
ရွန္က်စ္ရွန္းကအရမ္းကိုျမန္ဆန္စြာနဲ႔အခ်ီခံလိုက္ရတာေၾကာင့္သတိလက္လြတ္ျဖင့္ရန္က်င္းလည္ပင္းကိုဖက္ထားလိုက္မိသည္။သူ႔မ်က္လံုးကဆတ္ခနဲပြင့္သြားၿပီးသူ႔အားအိမ္ထဲသို႔အလ်င္အျမန္သယ္သြားေပးတဲ့ရန္က်င္းရဲ႔ေဘးဘက္မ်က္ႏွာအသြင္အျပင္အားအံ့အားသင့္စြာစိုက္ၾကည့္ေနမိေလသည္။
အဲ့ဒီေတာ့ဒီရက္ပိုင္းအတြင္းသူအျပင္ဘက္မွာအိပ္ေပ်ာ္သြားၿပီးအထဲမွာျပန္ျပန္ႏိုးလာရတဲ့ထူးဆန္းေထြလာႀကီးကိုေျဖရွင္းႏိုင္ခဲ့ၿပီ
ေျခလွမ္းအနည္းငယ္အတြင္းလို႔သာခံစားလိုက္ရၿပီးမ်က္ေတာင္တစ္ခ်က္ခတ္အတြင္းမွာပင္ရွန္က်စ္ရွန္းကႏူးညံ့တဲ့အိပ္ယာေပၚကိုေရာက္သြားရသည္။ရန္က်င္းသည္ရွန္က်စ္ရွန္းကသူ႔ကိုဆူမွာစိုးရိမ္တာေၾကာင့္လားမသိေသာ္လည္းသူကအိပ္ယာေပၚသို႔ရွန္က်စ္ရွန္းအားတင္ေပးၿပီးသည္ႏွင့္ခ်က္ခ်င္းေနာက္ကိုဆုတ္လိုက္ၿပီးေလးစားစြာဦးၫႊတ္လိုက္သည္။
သူထြက္ခြာသြားသည္ကိုၾကည့္ေနၿပီးေနာက္မွာရွန္က်စ္ရွန္းကအခ်ိန္အေတာ္ၾကာသည္အထိအံ့အားသင့္ေနမိေသးသည္။သူဘာေျပာရမွန္းကိုမသိေတာ့ဘူး
သူ႔အေနနဲ႔ေစာင္ကိုသာကိုယ္ေပၚသို႔ဆြဲယူၿပီး႐ုတ္တရက္ရယ္ေမာမိေတာ့သည္။
ထို႔ေနာက္မွာျပံဳးေနရင္းနဲ႔ပင္ကူကယ္ရာမဲ့စြာျဖင့္သက္ျပင္းခ်လိုက္၏။
..............................
သိပ္မၾကာခင္ပဲဓားယွဥ္ၿပိဳင္ပြဲညီလာခံကစတင္သည္။
ခ်င္းယြင္ဂိုဏ္းအေနနဲ႔တပည့္အသစ္မ်ားစုေဆာင္းဖို႔အခ်ိန္ေကာင္းေကာင္းရေစရန္ဓားယွဥ္ၿပိဳင္ပြဲညီလာခံအားႏွစ္လတာမွ်က်င္းပသည္။ဂိုဏ္းထဲမွာရွိၿပီးသားဂိုဏ္းသားအငယ္ေလးမ်ားအျပင္ပါဝင္ႏိုင္ရန္ေမွ်ာ္လင့္ခ်က္ျဖင့္စာရင္းလာေပးသြင္းသည့္အျပင္လူမ်ားလည္းမ်ားစြာရွိေလသည္။
ရွန္က်စ္ရွန္းကေတာ့ထိုအရာေပၚမွာစိတ္ဝင္စားမႈမရွိေပ။သူ႔မွာတပည့္မရွားသလိုတပည့္ေတြကိုလည္းထပ္ၿပီးမသင္ေပးခ်င္ေတာ့ဘူး
ရလဒ္အေနနဲ႔ေတာ့သူကတရားက်င့္ျခင္းကိုဆင္ေျခေပးၿပီးထိုေနရာမွာထြက္ေပၚေနရမည့္အေျခအေနကေန႐ိုး႐ိုးရွင္းရွင္းပင္ေရွာင္ဖယ္ေနလိုက္သည္။သူကဂိုဏ္းကိုေထာက္ပံ့ေပးသည့္သေကၤတတစ္ခုအေနနဲ႔ယွဥ္ၿပိဳင္ပြဲရဲ႔ေနာက္ဆံုးမွာသာေပၚလာသည္။စုန္႔မင္းသည္ပင္ထိုပံုစံအတိုင္းျပဳလုပ္သည္။
ေနာက္ဆံုးရက္မွာထိပ္ဆံုးအႏိုင္ရသူသံုးေယာက္ကိုဆံုးျဖတ္မွာျဖစ္သည္။
ထိပ္ဆံုးအႏိုင္ရသူသံုးေယာက္က,ေတာင္သခင္ဒါမွမဟုတ္ဂိုဏ္းခ်ဳပ္ရဲ႔ကိုယ္ပိုင္တပည့္တစ္ေယာက္အျဖစ္လက္ခံျခင္းခံရမယ့္အခြင့္အေရးရႏိုင္ယံုတင္မကပဲဓားသိုေလွာင္စံအိမ္ထဲဝင္ၿပီးသူတို႔ရဲ႔ကိုယ္ပိုင္ဓားကိုေရြးခ်ယ္ႏိုင္မည့္အခြင့္အေရးလည္းရရွိေပလိမ့္မည္။
ထို႔ေၾကာင့္ဒီေန႔ကမလြဲသင့္သည့္ေန႔တစ္ေန႔ပင္။စုန္႔မင္းသည္လည္းရွိေနရမွာျဖစ္သည္။အကယ္၍ရွန္က်စ္ရွန္းသာထပ္ၿပီးဆင္ေျခေပးျငင္းဆန္ေနမယ္ဆိုရင္စုန္႔မင္းကိုမ်က္ႏွာသာမေပးဘူးဟုသတ္မွတ္ႏိုင္သည္။
ထည့္မေျပာနဲ႔ဦး,ဒီေန႔က.....
ရွန္က်စ္ရွန္းကအေပၚဘက္စင္ျမင့္ေပၚမွာထိုင္ေနၿပီးသူ႔အမူအယာကလစ္လ်ဴရွဳျခင္းနဲ႔သတိမထားသည့္ပံုစံၾကားမွာေရာေႏွာေနကာေအာက္ကတိုက္ပြဲကိုသက္ေတာင့္သက္သာၾကည့္ေနသည္။
ရန္က်င္းကသူ႔ေနာက္သိပ္မေဝးသည့္ေနရာမွာထိုင္ေနၿပီးသူသည္လည္းတိတ္တဆိတ္သာၾကည့္ေနသည္။
ေအာက္မွာရွိသည့္တိုက္ပြဲကအခ်ိန္ၾကာျမင့္စြာဆင္ႏႊဲေနသည္။တတိယေနရာကဆံုးျဖတ္ၿပီးသြားၿပီျဖစ္ၿပီးေနာက္ဆံုးႏွစ္ေယာက္သာစင္ေပၚမွာတိုက္ခိုက္ရင္းက်န္ရစ္ေတာ့သည္။
ဂိုဏ္းတပည့္နဲ႔အျပင္လူမ်ားကိုခြဲျခားရန္အတြက္ဂိုဏ္းတြင္းတပည့္မ်ားရဲ႔ဝတ္ဆံုကအနည္းငယ္ေမွာင္မိုက္ၿပီးအျပင္လူမ်ားရဲ႔ဝတ္စံုကအေရာင္ေဖ်ာ့သည္။ရွန္က်စ္ရွန္းကသူတို႔ရဲ႔အေထာက္အထားမ်ားအားအလြယ္တကူခြဲျခားႏိုင္သည္။
သူၾကည့္ေနရင္းျဖင့္ပင္မ်က္ခံုးကအနည္းငယ္တြန္႔ခ်ိဳးလာၿပီးတစ္စံုတစ္ရာလ်ိဳ႔ဝွက္သည့္ခံစားခ်က္တစ္ခုကိုခံစားလိုက္ရသည္။
တစ္ေျဖးေျဖးနဲ႔အသာစီးရလာတဲ့တစ္ေယာက္ကအေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားကိုဝတ္ဆင္ထားသည္။
သူကမေမွ်ာ္လင့္ထားတဲ့အႏိုင္ရသူျဖစ္လာႏိုင္သည္။
ဂိုဏ္တပည့္မ်ားကေကာင္းေကာင္းေလ့က်င့္ထားၾကသူမ်ားျဖစ္တာေၾကာင့္စမ္းသပ္မႈအတြင္းမွာအက်ိဳးမ်ားစြာျဖစ္ထြန္းၾကသည္။ထို႔ေၾကာင့္လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာထိပ္တန္းသံုးေနရာအားအျပင္လူရတာသိပ္မရွိခဲ့ဘူးေပ။ဒါေပမဲ့ဒီႏွစ္ေတာ့ျပင္းထန္တဲ့တစ္ေယာက္ေရာက္လာတာလား?
ဂိုဏ္းတပည့္ျဖစ္သူကသူ႔အရွိန္အဟုန္ကိုေျဖးၫွင္းစြာျဖင့္ဆံုးရွံုးလာတဲ့အခ်ိန္မွာသူ႔ၿပိဳင္ဘက္ကပိုပိုၿပီးျပင္းထန္လာတာေၾကာင့္ေနာက္ဆံုးမွာအံ့အားသင့္စရာမရွိပဲထိပ္ဆံုးေနရာကိုရသြားသည္။
ဒုတိယေနရာရသြားတဲ့ဂိုဏ္းတပည့္ျဖစ္သူကရွံုးသြားေသာ္လည္းစိတ္ဓာတ္မက်ေပ။သူကျပံဳးၿပီးတစ္ဖက္လူကိုဂုဏ္ျပဳေပးကာေအာက္ကိုဆင္းသြားေပးလိုက္သည္။ထိုလူကိုတစ္ေယာက္တည္းစင္ေပၚမွာထားခဲ့လိုက္ၿပီးအဘက္ဘက္မွခ်ီးက်ဴးလက္ခုပ္သံမ်ားအားခံယူေစသည္။
ေနာက္တစ္ဆင့္ကစုန္႔မင္းသို႔မဟုတ္အႀကီးအကဲတစ္ေယာက္ကစကားအနည္းငယ္ေျပာရမွာျဖစ္သည္။ၿပီးတာနဲ႔လူတိုင္းေစာင့္ေနတဲ့တပည့္ေရြးခ်ယ္ျခင္းလုပ္ငန္းစဥ္စတင္မွာပင္။သို႔ေသာ္လည္းမေမွ်ာ္လင့္စြာပင္,အခုေလးတင္ပထမေနရာရသြားတဲ့လူငယ္ေလးကသူ႔ပါးစပ္ကိုဖြင့္လာၿပီးသူ႔အသံကနည္းနည္းေလးေတာင္ႏွိမ့္ခ်မေနေပ။
"ဒီဂ်ဴနီယာကအရမ္းကိုရဲတင္းၿပီးအႀကီးအကဲရွန္အားဆရာအျဖစ္ကိုးကြယ္ဖို႔အတြက္ေတာင္းဆိုပါတယ္"
ပတ္ဝန္းက်င္ကဆူညံမႈမ်ားအားလံုး႐ုတ္တရက္ၿငိမ္က်သြားသည္။လူတိုင္းရဲ႔မ်ားျပားလွတဲ့မ်က္လံုးမ်ားေရွ႕မွာထိုထြားႀကိဳင္းသည့္လူငယ္ေလးကသူ႔ေခါင္းကိုလွည့္လိုက္ၿပီးရွန္က်စ္ရွန္းအေပၚမွာအၾကည့္ပို႔ထားလိုက္သည္။
ရွန္က်စ္ရွန္းကလက္ဖက္ရည္ၾကမ္းေသာက္ေနဆဲအခ်ိန္ျဖစ္ၿပီးသူ႔မ်က္လံုးမ်ားကအနည္းငယ္လွဳပ္ရွားသြားသည္။
ထြားႀကိဳင္းသည့္လူငယ္ေလးက႐ုတ္တရက္ႀကီးဒီလိုေျပာလာတာျဖစ္ေသာေၾကာင့္အၾကည့္ေတြအားလံုးကရွန္က်စ္ရွန္းရွိရာဘက္သို႔ဦးတည္ရာေပါင္းစံုကေနေရာက္ရွိလာေလသည္။သူကသူ႔လက္ထဲကခြက္ကိုတည္ၿငိမ္စြာျဖင့္ခ်လိုက္သည္။အနည္းငယ္ေသာအသံေလးကပင္တိတ္ဆိတ္မႈမ်ားၾကားမွာအေတာ္ေလးၾကည္လင္ရွင္းလင္းေနသည္။
"ခ်င္းယြင္ဂိုဏ္းကလူတိုင္းငါကအမွိုက္တစ္ေယာက္ဆိုတာသိၾကတယ္" သူကတည္ၿငိမ္စြာျဖင့္ပြင့္ပြင့္လင္းလင္းေျပာလိုက္ၿပီးသူ႔ေဘးပတ္ဝန္းက်င္ကလူတိုင္းရဲ႔ထိတ္လန္႔သြားသည့္မ်က္လံုးမ်ားကိုလံုးဝလစ္လ်ဴရွဳထားလိုက္သည္။
"အဆင္ေျပပါတယ္,မင္းငါ့ေတာင္ထြတ္ေအာက္မွာလာၿပီးအခ်ိန္ကုန္ခံစရာမလိုအပ္ဘူး"
ရွန္က်စ္ရွန္းမွာမ်ားျပားလွတဲ့ႏွလံုးျပႆနာမ်ားရွိတာေၾကာင့္တကယ့္ကိုလူတိုင္းထိုအေၾကာင္းကိုသိၾကၿပီးအဲ့ဒါကအရမ္းကိုသနားစရာေကာင္းတယ္လို႔ေတြးၾကသည္။သို႔ေသာ္လည္းသူဒီလိုမ်ားျပားလွတဲ့ပရိတ္သတ္ေတြေရွ႕မွာဒီအေၾကာင္းကိုေျပာတာကပထမဆံုးအႀကိမ္ပင္။
ခဏတာေလာက္ထိပရိတ္သတ္ထဲကလူတိုင္းကြဲလြဲေနသည့္အေတြးမ်ားစြာျဖစ္သြားၾကရသည္။
ထြားႀကိဳင္းသည့္လူငယ္ေလးကမ်က္ေမွာင္က်ံဳ႔လိုက္ၿပီးအရွံုးေပးဖို႔တြန္႔ဆုတ္ေနပံုရသည္။
"ဒီဂ်ဴနီယာကဟိုးတုန္းကတည္းကအႀကီးအကဲရွန္ကိုေလးစားေနခဲ့ရၿပီးအႀကီးအကဲရွန္ကိုပဲဆရာအျဖစ္ကိုးကြယ္ခ်င္ပါတယ္"
သူ႔စကားဆံုးသည့္တစ္ခဏမွာပင္ရွန္က်စ္ရွန္းသည္ရန္က်င္ေဘးကစြမ္းအင္မ်ားေျပာင္းလဲသြားသည္ကိုရွင္းရွင္းလင္းလင္းခံစားလိုက္ရသည္။ပံုမွန္တည္ၿငိမ္ၿပီးေအးေဆးသည့္လူတစ္ေယာက္က႐ုတ္တရက္ေအးစက္ၿပီးထက္ရွမႈမ်ားကိုစတင္ထုတ္လႊႊင့္ေနသည္ေလ။
သူကခဏမွ်ခ်ီတံုခ်တံုျဖစ္သြားသည္။ရန္က်င္းဘာျဖစ္သြားလဲဆိုတာသူမသိေပမယ့္ဒီအခ်ိန္မွာေတာ့သူေမးလို႔မရေသးဘူး။သူ႔အေနနဲ႔တစ္ဖက္လူကိုေနာက္တစ္ဖန္ျငင္းဆန္ယံုသာရွိေတာ့သည္။
ပံုမွန္ဆိုရင္ေတာင္းဆိုခ်က္ကိုႏွစ္ခါလုပ္ၿပီးႏွစ္ခါအျငင္းခံလိုက္ရရင္အသိစိတ္ရွိတဲ့လူမ်ိဳးဆိုရင္လက္ေလ်ာ့လိုက္လိမ့္မည္။ၿပီးေတာ့လည္းသူပိုၿပီးျပႆနာရွာေလေလတစ္ျခားအႀကီးအကဲေတြကသူ႔ကိုတပည့္အျဖစ္လက္ခံခ်င္စိတ္နည္းသြားေလေလပဲျဖစ္လိမ့္မယ္ေလ။
သို႔ေသာ္လည္းထြားႀကိဳင္းသည့္လူငယ္ေလးကတကယ္ပဲရွန္က်စ္ရွန္းကိုဆရာအျဖစ္ကိုးကြယ္ခ်င္ေနသလိုမ်ိဳးသူ႔ကိုယ္သူလံုးဝမေႏွေျမာေပ။
သူ႔လက္ထဲမွာဓားကိုကိုင္ထားၿပီးဒူးေထာက္ေနတာကိုၾကည့္ရင္းရွန္က်စ္ရွန္းကမ်က္ေမွာင္က်ံဳ႔လာကာစကားမေျပာေတာ့။ထိုျမင္ကြင္းကအေတာ္ေလးကိုအေနခက္စရာေကာင္းလွသည္။
လူငယ္ေလးအနားမွာရပ္ေနတဲ့ဂ်ဴနီယာငယ္ေလးတစ္ေယာက္သည္အေျခအေနကဆိုးသထက္ဆိုးလာသည္ကိုျမင္ေသာအခါတိုးတိုးေလးေျပာလိုက္မိသည္။
"အႀကီးအကဲရွန္ကဘယ္သူ႔ကိုမွလက္မခံတာအရမ္းၾကာေနၿပီ,မင္းအေနနဲ႔..."
ထိုဂ်ဴနီယာငယ္ေလးကထိုလူနဲ႔ေနတာအေတာ္ၾကာသြားၿပီျဖစ္တာေၾကာင့္ဒီလူအေၾကာင္းေကာင္းေကာင္းသိတယ္လို႔ေတြးလိုက္မိသည္။ဂိုဏ္းခ်ဳပ္စုန္႔နဲ႔တစ္ျခားအႀကီးအကဲေတြစတင္ၿပီးမ်က္ေမွာင္က်ံဳ႔လာသည္ကိုျမင္ေတာ့ဂ်ဴနီယာေလးကအနည္းငယ္စိတ္ပူပန္လာတာေၾကာင့္တိတ္တိတ္ေလးသူ႔ကိုဆြဲေဆာင္ဖို႔ႀကိဳးစားမိျခင္းပင္။
သူမေျပာခဲ့သင့္ဘူး..သူေျပာလိုက္သည့္တစ္ခဏမွာပဲထိုထြားႀကိဳင္းတဲ့လူငယ္ေလးက႐ုတ္တရက္လႈပ္ရွားမႈတစ္ခုကိုထေပါက္ကြဲပစ္လိုက္သည္ေလ။
သူ႔လက္ကိုေႁမွာက္လိုက္သည္ႏွင့္အတူဓားကဓားအိမ္ထဲကေနထြက္သြားၿပီးဂ်ဴနီယာအငယ္ေလးရွိရာကိုရက္ရက္စက္စက္တိုးဝင္သြားသည္။
ဂ်ဴနီယာအငယ္ေလးကမျပင္ဆင္ထားလိုက္မိေပ။တစ္ခ်ိန္တည္းမွာသူကထိုလူနဲ႔အရမ္းနီးနီးကပ္ကပ္ရပ္ေနမိတာေၾကာင့္တုန္႔ျပန္ဖို႔အခ်ိန္မရွိလိုက္ဘူးျဖစ္သြားရသည္။ထက္ရွလွတဲ့အသံတစ္ခ်က္နဲ႔အတူဓားကသူ႔ရင္ဘက္အားထိုးခြဲသြားေတာ့သည္။သူ႔စကားမ်ားကခ်က္ခ်င္းပင္ရပ္တန္႔သြားေတာ့၏။
ထိုဂ်ဴနီယာငယ္ေလးရဲ႔မ်က္လံုးမ်ားကျပဳးက်ယ္ေနၿပီးတစ္ျခားအသံပင္မထြက္ႏိုင္ေတာ့ပဲမ်က္လံုးမ်ားဖြင့္ထားရက္နဲ႔ပင္ေသဆံုးသြားသည္။
ဓားခ်က္ကအလြန္ကိုအင္အားျပင္းတာေၾကာင့္အဲ့ဒါကဂ်ဴနီယာငယ္ေလးဆီကေနျဖတ္ဝင္သြားၿပီးသူ႔ေနာက္ကတစ္ျခားသူမ်ားရွိရာဆီဆက္တိုးဝင္သြားသည္။
လူငယ္တပည့္ေလးမ်ားအုပ္စုကအရမ္းကိုေၾကာက္လန္႔သြားၾကကာခ်က္ခ်င္းပင္ထိတ္လန္႔ကုန္ၾကၿပီးထြက္ေျပးရန္ႀကိဳးစားလိုက္သလိုမ်ိဳးတစ္ေယာက္နဲ႔တစ္ေယာက္တြန္းတိုက္မိကုန္ၾကသည္။သူတို႔ေရွ႕ကဂ်ဴနီယာအငယ္ေလးကသနားစရာေကာင္းေလာက္ေအာင္ေသဆံုးသြားသည္ေလ။ဘယ္သူမွသူတို႔ဓားကိုထုတ္ၿပီးကာလိုက္ဖို႔မစဥ္းစားလိုက္မိၾကဘူး
ျဖဴဆုတ္ဆုတ္မ်က္ႏွာနဲ႔အႀကီးအကဲတစ္ေယာက္ကသူ႔အက်ႌလက္ကိုေဝွ႕ယမ္းၿပီးဓားရဲ႔အရွိန္အဟုန္ကိုတားဆီးဖို႔စြမ္းအင္မ်ားပို႔လႊတ္လိုက္ေသာအခါမွသာဓားကေနာက္ဆံုးမွာရပ္တန္႔သြားၿပီးေျမျပင္ေပၚကိုျပဳတ္က်သြားသည္။
ဓားကိုရပ္တန္႔ေစလိုက္တဲ့အႀကီးအကဲကသူ႔ေဘးကတပည့္မ်ားအားထိုလူကိုဖမ္းဆီးရန္အခ်က္ျပလိုက္သည္။
ထြားႀကိဳင္းတဲ့လူငယ္ကဖမ္းဆီးခံရမည္ကိုမေၾကာက္ရြံ႔ေပ။သူကႏွာေခါင္းရွံဳ႔လိုက္ၿပီးသူ႔စိတ္အေနအထားက႐ုတ္တရက္ေမွာင္မိုက္ကာမည္းနက္၍႔ေႁမြဆိုးတစ္ေကာင္လိုအသံတစ္ရွဳးရႈးထြက္လာသည္။သူ႔မ်က္လံုးမ်ားကေအးစက္ေနၿပီးပတ္ဝန္းက်င္ကိုလွည့္ပတ္ၾကည့္ကာေအာ္ဟစ္ေတာ့သည္။
"ဘာလို႔ငါကမျဖစ္ႏိုင္ရတာလဲ?!ရန္က်င္းကနတ္ဆိုးအတတ္ကိုက်င့္ၾကံႏိုင္တယ္..အဲ့ဒါကအရမ္းလည္းေကာင္းတယ္အဲ့ဒါကငါ့ကိုပထမေနရာရသြားေစတယ္,အဲ့ဒါကိုဘာျဖစ္လို႔ငါကမျဖစ္ႏိုင္ရတာလဲ?!"
သူ႔ပါးစပ္ကေန'နတ္ဆိုးအတတ္က်င့္ၾကံတယ္'ဆိုတဲ့စကားထြက္လာသည္ႏွင့္လူတိုင္း႐ုန္းရင္းဆန္ခတ္မ်ားျဖစ္ကုန္ၾကသည္။
သံသယေတြ၊မယံုသကၤာမႈေတြ၊ရီေဝေဝျဖစ္မႈေတြ....မ်က္လံုးအားလံုးကရန္က်င္းရွိရာကိုဦးတည္စုေဝးေနသည္။စုန္႔မင္းနဲ႔တစ္ျခားအႀကီးအကဲေလးေယာက္ေတာင္လွမ္းၾကည့္လာသည္။
တတိယနဲ႔စတုတၳအႀကီးအကဲတို႔ကေတာ့တစ္ေယာက္နဲ႔တစ္ေယာက္စိတ္ပူပန္မႈသဲလြန္စမ်ားနဲ႔ၾကည့္မိၾကတာပင္။တတိယအႀကီးအကဲကအနည္းငယ္ေခ်ာင္းဟန္႔လိုက္ၿပီးဦးေဆာင္ကာစကားစလိုက္သည္။
"ဘာေတြျဖစ္ေန--?"
သူစကားေျပာလို႔မၿပီးေသးခင္မွာပင္႐ုန္းရင္းဆန္ခတ္မႈကေနာက္တစ္ဖန္ထပ္ျဖစ္လာျပန္သည္။တပည့္တစ္ေယာက္က႐ုတ္တရက္ေျပးဝင္လာၿပီးရွန္က်စ္ရွန္းရွိရာဘက္ကိုဒူးေထာက္လာကာေမာပန္းေနသည့္အသံျဖင့္ေအာ္ဟစ္လာသည္။
"ဆရာ,ကယ္ပါဦး!တပည့္ရန္႔ရွန္!ရန္က်င္းကိုတရားစြဲဖို႔ေတာင္းဆိုပါတယ္!"
သူ႔ကိုၾကည့္ရတာအေတာ္ေလးသနားစရာေကာင္းသည့္ပံုစံမ်ိဳးရွိေနသည္။ဝတ္ထားတဲ့အဝတ္အစားမ်ားကစုတ္ျပတ္ၿပဲစုတ္ေနသည္မွာတိုက္ခိုက္ၿပီးျပန္ေရာက္လာသလိုမ်ိဳး...ဒါမွမဟုတ္,တိုက္ပြဲမွာရွံုးလာသလိုမ်ိဳး
ေသြးမ်ားကသူ႔အသားအေရေပၚမွာလႊမ္းျခံဳေနၿပီးသူ႔ကိုအေတာ္ေလးသနားစရာေကာင္းပံုေပၚေနေစသည္။
ရန္႔ရွန္ကအသက္ျပင္းျပင္းရွဳလိုက္ၿပီးအားအင္ျပန္ျဖည့္ကာဆက္ေအာ္ျပန္သည္။
"ရန္က်င္းကနတ္ဆိုးျဖစ္တာၾကာေနပါၿပီ..သူကနတ္ဆိုးက်င့္ၾကံသူေတြနဲ႔ေတာင္သီးသန္႔ဆက္သြယ္မႈေတြရွိေနၿပီးအဲ့ဒီနတ္ဆိုးအတတ္က်င့္ၾကံသူေတြကိုဓားယွဥ္ၿပိဳင္ပြဲညီလာခံကိုေႏွာင့္ယွက္ဖို႔ဂိုဏ္းထဲဝင္လာေအာင္ေတာင္းဆိုထားတယ္!"
======================