26
.
.
"သားလွှမ်းကို မေမေနိုင်ငံခြားခေါ်သွားမယ် မဖြစ်နိုင်တော့ရင်တောင် သားလွှမ်းက မေမေ့ရဲ့တစ်ဦးတည်းသောသား အဲ့းဒါကြောင့် မေမေလွယ်လွယ်နဲ့လက်မလျှော့နိုင်ဘူး''
ဦးလွှမ်းဝဏ္ဏထည် ဆေးရုံရောက်ပြီး သုံးရက်အကြာမှာ အန်တီချိုကထိုသို့ဆိုလာခြင်းဖြစ်ပေသည်။
မနက်ရောညပါ မအိပ်နိုင်မစားနိုင်နဲ့ငိုနေရတော့ သွေးတစ်ကိုယ်လုံး နုံးချည့်နေလေပြီ။
ကျောင်းလည်းမသွားဖြစ်သလို ကုမ္ပဏီကိုလည်း တစ်ခါမှမရောက်ဖြစ်တော့ချေ။
ပြန်မထူးလာတဲ့လူကြီးကိုတစ်နေကုန်အော်ခေါ်နေရခြင်းအလုပ်နဲ့သာ သွေးအသက်ဆက်နေရလေသည်။
"ဦး ကျွန်တော့်ဆီပြန်လာမှာပါနော်''
ဦးလွှမ်းဝဏ္ဏထည် လက်အားလက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားရင်း နံဘေးရပ်နေသောအန်တီကိုမေးလိုက်ခြင်းဖြစ်ပေသည်။
အန်တီချိုကလည်း ချက်ချင်းသွေးကို ဖက်လာပြီး ငိုပြန်သည်။
"သားရယ် ''
သွေး တစ်ကိုယ်လုံးကို မြှုပ်မတတ်ပွေ့ဖက်လိုက်သည့်အန်တီချိုသည်လည်း အတားအဆီးမဲ့တမျက်ရည်များစွာနှင့်ဖြစ်လေသည်။
ဘယ်လိုမှကိုတင်းထား၍မရတော့တာကြောင့် သွေး အန်တီချိုကို တင်းကျပ်နေအောင် ပြန်ပွေ့ဖက်ပြီး ငိုကြွေးမိပြန်သည်။
ရှင်ရက်နဲ့သေနေတယ်ဆိုတာဒါကိုပြောတာလား ဦး
ဦး က မလှုပ်မယှက်နဲ့ဆိုတော့ ကျွန်တော်လည်း ရှင်ရက်နဲ့သေနေတဲ့လူအတိုင်းပါပဲ
ဦးရယ်..
~~~~~~
လေယာဥ်ကွင်း၌ဖြစ်သည်။
ဦးလွှမ်းဝဏ္ဏထည်အား ဆေးကုသမှုခံယူစေဖို့အတွက်နိုင်ငံခြားသို့အမြန်ဆုံးပို့မှာဖြစ်သည်။
အန်တီချိူတို့ပိုင်ဆိုင်သည့်ကိုယ်ပိုင်လေယာဥ်နှင့်ပင်။
"မဖြစ်နိုင်ပေမယ့် မေမေသားလွှမ်းအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးမှာပါ ''
စကားပြောချင်စိတ်ကပျောက်ကွယ်နေတော့ သွေး ခေါင်းပဲညိတ်သည်။
အကြည်ရောင်မှန်ရဲ့အပြင်ဘက်က
လေယာဥ်တွေကို အသက်မဲ့စွာ တစ်ချက် ကြည့်လိုက်မိခိုက် မျက်ရည်တစ်ပေါက်ပြိုကာဆင်းသည်။
မြန်မာဝတ်ရုံဝမ်းဆက်အပြာလေးနဲ့
အန်တီချိုက သွေး ခေါင်းကိုညင်သာစွာပုတ်ရင်း မျက်ရည်တို့အား ထိန်းနေလေသည်။
"အများကြီးမမျှော်လင့်နဲ့နော်သား
မဟုတ်ရင် သားလေးထပ်ပြီးနာကျင်ရလိမ့်မယ်''
သွေးခေါင်းပေါ်ကအန်တီချိုလက်ကိုဆုပ်ကိုင်လိုက်ပြီး ခေါင်းကိုပြတ်ထွက်မတတ်ယမ်းမိလေသည်။
"မဟုတ်ပါဘူးဗျ ဦးကျွန်တော့်ဆီပြန်လာမှာပါ ဦး က ကျွန်တော့်ကို အရမ်းချစ်တာဗျပြန်လာလောက်မှာပါ''
"သားလေးရယ်''
အန်တီချိုသည် သွေးကိုတစ်ဖန်ပွေ့ဖက်ပြီးငိုကြွေးနေသည်။
တစ်ယောက်ကသားကြောင့်ငိုကြွေးသလို
တစ်ယောက်ကလည်းခင်ပွန်းကြောင့်ငိုကြွေးသည်။
နှစ်ယောက်လုံးရဲ့အတိုင်းမသိတဲ့နာကျင်မှုဟာ ထပ်တူကျမည်ထင်ပါသည်။
"မေမေသွားတော့မယ် လိမ်လိမ်မာမာနေခဲ့ရမယ်နော်သားလေး သားလွှမ်းကိုတကယ်ချစ်ရင်သားလေးကလိမ်လိမ်မာမာနေပေးပါနော်''
အန်တီချိုသည်သွေးပါးပြင်နှစ်ဖက်ကိုပွတ်သပ်ကာ မျက်ရည်စတို့သုတ်ပေးလေသည်။
လူငါးယောက်လောက်သာဆန့်သည့်
လေယာဥ်ပျံလေးကောင်းကင်ပေါ်ဆန်တက်သွားသည့်အချိန်မှာတော့ သွေး ပြေးကာလိုက်ကြည့်မိသည်။
အကြည်ရောင်မှန်တွင်လက်ဖဝါးနှစ်ဖက်
ထောက်ကပ်ထားရင်း အဝေးရောက်နေသောလေယာဥ်ကိုမျက်ရည်များစွာနဲ့ အသက်မဲ့စွာ ငေးကြည့်မိသည်။
တိမ်တွေကြားလေယာဥ်ပျောက်ကွယ်သွားသည်နှင့် သွေး ကြွေကြမ်းပြင်ပေါ် ခွေကျသွားတော့သည်။
မျက်ရည်တွေကအတားဆီးမဲ့စွာပြိုဆင်းပြန်တော့ သွေး အင်္ကျီကလည်း စိုချင်လာသည်။
"တော်ပြီ သွေး ခေါင်းကိုက်မယ်''
ဒေါင်းလည်း အတန်းပြီးပြီးချင်း သွေးဆီပြေးလာခြင်းဖြစ်သည်။
လေယာဥ်ကွင်းရောက်နေသည်ကြားတော့ချက်ချင်းပြေးလိုက်လာပြန်သည်။
မှန်ပြတင်းပေါက်အောက်တွင် လူတစ်ကိုယ်လုံးကို ကျုံ့နိုင်သမျှ ကျုံ့၍ ငိုကြွေးနေသော သွေးကို မြင်ရချိန် ဒေါင်း ခြေလှမ်းတို့ရပ်တန့်သွားလေသည်။
ဖြစ်ရလေသွေးရယ်
ချစ်ခဲ့ဖူးသူမဟုတ်ဘဲချစ်နေရသေးသူမို့
ထပ်တူနာကျင်ရပါသည်။
အနားသွားလို့အငိုတိတ်စေလိုက်သောအခါ သွေးက ဒူးခေါင်းနှစ်ခုကိုပူးကာပိုက်၍ ကောင်းကင်ကြီးကိုမော့ကြည့်လေသည်။
ဦး ငါ့ဆီပြန်လာမယ်မဟုတ်လားတဲ့?
မသေချာသော်လည်း သွေး စိတ်ချမ်းသာစေဖို့အတွက် ဒေါင်း မုသားသုံးရပါသည်။
ထိုအခါ သွေး က မျက်ရည်ကြားမှ
ရယ်သည်။
ယုံတယ်တဲ့လေ။
~~~~
အနားကထွက်သွားသောဦးရယ်
ကွဲကြေနေသောရင်ဘတ်ကြီးရယ်
စုတ်ပြတ်သွားသောဘဝရယ်နဲ့
မည်းမှောင်သွားသောအနာဂါတ်တို့နဲ့လူကား သွေးသာ ဖြစ်သည်။
ဦးမရှိတော့သည့်အိမ်တော်ကြီးဟာ ခြောက်ကပ်လိုက်တာများ သဲကန္တာရထက်ပိုဆိုးပြီး သွေး တစ်ရက်လေးတောင်မနေနိုင်ချေ။
အထဲသို့ခြေလှမ်းလိုက်သောအခါ ဧည့်ခန်းတွင် အမြဲထိုင်နေတတ်သည့် ဦးရဲ့ပုံရိပ်က
သွေး မျက်ဝန်းထက် ပေါ်လာလေသည်။
မဖြစ်နိုင်မှန်းသိသည်မို့အရာရာကိုစိတ်ကုန်နေသော ခြေလှမ်းတွေနှင့်အပေါ်သို့တက်နိုင်အောင် အားကုန်သုံးရသည်။
ခြေလှမ်းတွေဟာ လိပ်ကဲ့သို့ပင် နှေးကွေးကာ ဒယိမ်းဒယိုင်ဖြစ်နေသည်။
"သားလေး ထမင်းစားပါလားဟင်
ဒေါ်နှင်းအကုန်ပြင်ထားတယ်ကွဲ့''
အနားကိုပြေးလာသည့်ဒေါ်နှင်းက လှဲကျချင်နေသည့် သွေးကိုလက်မောင်းမှထိန်းကိုင်ရင်း ထမင်းစားဖို့ချော့လေသည်။
လှေကားထစ်လက်ရန်းကိုခပ်ကျစ်ကျစ်ဆုပ်ကိုင်ကာ သွေး သက်ပြင်းရှည်ရှိုက်မိသည်။
"စားလို့ဝင်မယ်မထင်ဘူးဗျာ''
ပြတ်ပြတ်သားသားသာငြင်းလိုက်တော့သည်။
တကယ်လည်းစားလို့ဝင်တာမဟုတ်။
လှေကားထစ်ရဲ့ထိပ်ဆုံးကိုကြည့်လိုက်မိသည်နှင့် လှေကားပေါ်ကဆင်းလာသည့်
ဦးရဲ့ပုံရိပ်ကို မြင်ယောင်ပြန်သည်။
ဘာလို့ ကျွန်တော့်ကိုပါတစ်ခါတည်းခေါ်မသွားရတာလဲ ဦး?
အခန်းရှေ့ရောက်တံခါးဖွင့်ချင်စိတ်ပင်မရှိအောင် ခံစားချက်တို့ဆိုးလွန်းသည်။
အရင်လို ရင်ခွင်ထဲ ဝင်လာဖို့ခေါ်မည့်သူကမရှိတော့။
အခန်းထဲစိတ်ပျက်စွာဝင်လိုက်သောအခါ
ကုတင်ထက်ဝယ်ခေါင်းအုံးနှစ်လုံးကရှိနေလေသည်။
ဦးအိပ်နေသည့်ဘက်ခြားတွင် သွေး ခြေတစ်ဖက်ခေါက်ကာဝင်ထိုင်ပြီး ဖဲမွေ့ယာကို
ပွတ်သပ်မိသည်။
ဦးရဲ့အငွေ့သက်တို့ကိန်းအောင်းနေသောနေရာလေး၌ သွေး မျက်ရည် တို့ပြိုဆင်းကာ တစ်ခဏချင်း စိုရွှဲသွားတော့သည်။
"ဦး ''
ဦးရဲ့ခေါင်းအုံးအား ရင်ခွင်ထဲမြှုပ်နေအောင် တင်းတင်းကျပ်ကျပ်ဖက်ထားရင်း
သည်းသည်းထန်ထန်ငိုမိပြန်သည်။
သွေးမအိပ်မစားနဲ့ဖြစ်နေတာသုံးရက်သုံးညရှိပြီဖြစ်သော်လည်း ငိုတာကတော့
တစ်မိနစ်မှရပ်တန့်ခြင်းမရှိအောင်ငိုသည်။
ရေလည်းမချိုးတော့ကျောင်းမှပြေးလာသည့်ရက်ကအနက်ရောင်ဘောင်းဘီတိုနှင့် ရှပ်လက်တိုအဖြူနဲ့သာဖြစ်သည်။
ခေါင်းကားမူးဝေနေပြီး မျက်လုံးတို့လည်းနီရဲကာ စပ်ဖျဥ်းဖျဥ်းဖြစ်လာလေသည်။
ရင်ခွင်ထဲကဦးရဲ့ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း ရှိုက်ကြီးတငင် ငိုပြီးသောအခါ
တစ်ချက် တစ်ချက် ရှိုက် ရှိုက်ပြန်သည်။
ယခုနေသွေးကမ္ဘာဟာ မုန်တိုင်းတွေထန်ပြီး ငလျှင်တွေလှုပ်ခတ်နေသလို။ လူက ဆောက်တည်ရာမရဘဲ ကြောက်စိတ်တွေသာ ကြည့်စိုးနေသည်။
ခေါင်းအုံးပေါ်မျက်နှာမှောက်ရင်း အတွေးပေါင်းစုံနဲ့
ကယောင်ချောက်ချားဖြစ်နေစဥ် မာတောင့်တဲ့အရာတစ်ခုကမျက်နှာကို လာထိုးနေသလို သွေးခံစားလိုက်ရသည်။
တစ်ရှိုက်ရှိူက်ငိုရင်း ရှာကြည့်တော့ ဦးရဲ့ခေါင်းအုံးအောက်မှာ စာအုပ်တစ်အုပ်ရှိနေတာတွေ့ရသည်။
မိုးပြာရောင်အဖုံးနဲ့ မျဥ်းကြောင်းမပါသည့်
ဖြူစွတ်နေသော စာအုပ်အသားများ။
စာအုပ်မျက်နှာဖုံးပေါ်က တစ်ယောက်တည်းသောချစ်ရသူ
ကိုချစ်မြတ်နိုး၍စာစီခြင်း ဆိုတဲ့ခေါင်းစဥ်ကြောင့် စာအုပ်ကို သွေး ချက်ချင်းကောက်ဖွင့်တော့သည်။
ချစ်တဲ့သူဆိုသောစာသားကြောင့်အသွေးဆိုပြီး မြတ်မြတ်နိုးနိုးခေါ်တတ်သော ဦးရဲ့အသံကို ပြန်၍ကြားယောင်မိသည်။
အဖြူရောင်စာမျက်နှာထက်ကဝိုင်းစက်နေသော ဦးလက်ရေးကို လက်နှင့် မထိတထိ လိုက်လံထိကြည့်ရင်း မျက်ရည်များကြားမှ ပြုံးလိုက်မိလေသည်။
ဦးလက်ရေးကဦးအတိုင်း သန့်ပြန့်ပြီး
လေးစားချင်စဖွယ်ကောင်းသည်။
ချစ်လို့တဲ့။
'ပန်းချစ်တတ်တဲ့သူမဟုတ်တဲ့ကိုယ်က သာမန် တောပန်းကလေးတစ်ပွင့်ကိုတော့ မြင်မြင်ချင်း သဘောကျလွန်းလို့သိမ်းပိုက်ချင်ခဲ့တယ်' တဲ့။
ဒါဆို ဦးက သွေးကိုမြင်မြင်ချင်း ချစ်မိသွားတာပေါ့။
ဒီအသိက သွေးကို ကမ္ဘာပျက်နေတဲ့ကြားက ပြုံးသွားစေပါတယ်။
'သိပ်ချစ်လွန်းလို့ အပိုင်ယူလိုက်ပြီးနောက်မှာ ကမ္ဘာ့အလှဆုံးဖြစ်အောင် အရောင်ခြယ်ချင်တဲ့အတ္တကထိန်းမရဖြစ်လာတယ် မင်းလေးကတော့ချုပ်ချယ်တယ်ပဲမြင်
မလား '
သွေးမမြင်ပါ။ သွေးကိုအကောင်းဆုံးဖြစ်စေချင်တဲ့ဦးရဲ့
ဆန္ဒကို သွေးနားလည်ပါသည်။ ဒါ့ကြောင်လည်း ဦး
စိတ်ကြိုက်ခြယ်သခဲ့တာကို သွေးကြည်ကြည်ဖြူဖြူလက်ခံခဲ့ပါသည်။
ဦးပြန်လာရင် သွေးသာမက သွေးရဲ့အသွေးအသား
သွေးရဲ့ဝိညာဥ်ကိုပါ ဦးအပိုင်ဖြစ်ကြောင်း သွေးကိုယ်တိုင်
တံဆိပ်နှိပ်ပြီး ဦးစိတ်ကြိုက်ခြယ်သစေမည် ပြင်ဆင်စေမည်။
.
.
Greenleaf 🌿
_______________________________________________
26
.
.
"သားလႊမ္းကို ေမေမနိုင္ငံျခားေခၚသြားမယ္ မျဖစ္နိုင္ေတာ့ရင္ေတာင္ သားလႊမ္းက ေမေမ့ရဲ႕တစ္ဦးတည္းေသာသား အဲ့းဒါေၾကာင့္ ေမေမလြယ္လြယ္နဲ႕လက္မေလွ်ာ့နိုင္ဘူး''
ဦးလႊမ္းဝဏၰထည္ ေဆး႐ုံေရာက္ၿပီး သုံးရက္အၾကာမွာ အန္တီခ်ိဳကထိုသို႔ဆိုလာျခင္းျဖစ္ေပသည္။
မနက္ေရာညပါ မအိပ္နိုင္မစားနိုင္နဲ႕ငိုေနရေတာ့ ေသြးတစ္ကိုယ္လုံး ႏုံးခ်ည့္ေနေလၿပီ။
ေက်ာင္းလည္းမသြားျဖစ္သလို ကုမၸဏီကိုလည္း တစ္ခါမွမေရာက္ျဖစ္ေတာ့ေခ်။
ျပန္မထူးလာတဲ့လူႀကီးကိုတစ္ေနကုန္ေအာ္ေခၚေနရျခင္းအလုပ္နဲ႕သာ ေသြးအသက္ဆက္ေနရေလသည္။
"ဦး ကြၽန္ေတာ့္ဆီျပန္လာမွာပါေနာ္''
ဦးလႊမ္းဝဏၰထည္ လက္အားလက္ႏွစ္ဖက္ႏွင့္ ဆုပ္ကိုင္ထားရင္း နံေဘးရပ္ေနေသာအန္တီကိုေမးလိုက္ျခင္းျဖစ္ေပသည္။
အန္တီခ်ိဳကလည္း ခ်က္ခ်င္းေသြးကို ဖက္လာၿပီး ငိုျပန္သည္။
"သားရယ္ ''
ေသြး တစ္ကိုယ္လုံးကို ျမႇုပ္မတတ္ေပြ႕ဖက္လိုက္သည့္အန္တီခ်ိဳသည္လည္း အတားအဆီးမဲ့တမ်က္ရည္မ်ားစြာႏွင့္ျဖစ္ေလသည္။
ဘယ္လိုမွကိုတင္းထား၍မရေတာ့တာေၾကာင့္ ေသြး အန္တီခ်ိဳကို တင္းက်ပ္ေနေအာင္ ျပန္ေပြ႕ဖက္ၿပီး ငိုေႂကြးမိျပန္သည္။
ရွင္ရက္နဲ႕ေသေနတယ္ဆိုတာဒါကိုေျပာတာလား ဦး
ဦး က မလႈပ္မယွက္နဲ႕ဆိုေတာ့ ကြၽန္ေတာ္လည္း ရွင္ရက္နဲ႕ေသေနတဲ့လူအတိုင္းပါပဲ
ဦးရယ္..
~~~~~~
ေလယာဥ္ကြင္း၌ျဖစ္သည္။
ဦးလႊမ္းဝဏၰထည္အား ေဆးကုသမႈခံယူေစဖို႔အတြက္နိုင္ငံျခားသို႔အျမန္ဆုံးပို႔မွာျဖစ္သည္။
အန္တီခ်ိဴတို႔ပိုင္ဆိုင္သည့္ကိုယ္ပိုင္ေလယာဥ္ႏွင့္ပင္။
"မျဖစ္နိုင္ေပမယ့္ ေမေမသားလႊမ္းအတြက္အေကာင္းဆုံးျဖစ္ေအာင္လုပ္ေပးမွာပါ ''
စကားေျပာခ်င္စိတ္ကေပ်ာက္ကြယ္ေနေတာ့ ေသြး ေခါင္းပဲညိတ္သည္။
အၾကည္ေရာင္မွန္ရဲ႕အျပင္ဘက္က
ေလယာဥ္ေတြကို အသက္မဲ့စြာ တစ္ခ်က္ ၾကည့္လိုက္မိခိုက္ မ်က္ရည္တစ္ေပါက္ၿပိဳကာဆင္းသည္။
ျမန္မာဝတ္႐ုံဝမ္းဆက္အျပာေလးနဲ႕
အန္တီခ်ိဳက ေသြး ေခါင္းကိုညင္သာစြာပုတ္ရင္း မ်က္ရည္တို႔အား ထိန္းေနေလသည္။
"အမ်ားႀကီးမေမွ်ာ္လင့္နဲ႕ေနာ္သား
မဟုတ္ရင္ သားေလးထပ္ၿပီးနာက်င္ရလိမ့္မယ္''
ေသြးေခါင္းေပၚကအန္တီခ်ိဳလက္ကိုဆုပ္ကိုင္လိုက္ၿပီး ေခါင္းကိုျပတ္ထြက္မတတ္ယမ္းမိေလသည္။
"မဟုတ္ပါဘူးဗ် ဦးကြၽန္ေတာ့္ဆီျပန္လာမွာပါ ဦး က ကြၽန္ေတာ့္ကို အရမ္းခ်စ္တာဗ်ျပန္လာေလာက္မွာပါ''
"သားေလးရယ္''
အန္တီခ်ိဳသည္ ေသြးကိုတစ္ဖန္ေပြ႕ဖက္ၿပီးငိုေႂကြးေနသည္။
တစ္ေယာက္ကသားေၾကာင့္ငိုေႂကြးသလို
တစ္ေယာက္ကလည္းခင္ပြန္းေၾကာင့္ငိုေႂကြးသည္။
ႏွစ္ေယာက္လုံးရဲ႕အတိုင္းမသိတဲ့နာက်င္မႈဟာ ထပ္တူက်မည္ထင္ပါသည္။
"ေမေမသြားေတာ့မယ္ လိမ္လိမ္မာမာေနခဲ့ရမယ္ေနာ္သားေလး သားလႊမ္းကိုတကယ္ခ်စ္ရင္သားေလးကလိမ္လိမ္မာမာေနေပးပါေနာ္''
အန္တီခ်ိဳသည္ေသြးပါးျပင္ႏွစ္ဖက္ကိုပြတ္သပ္ကာ မ်က္ရည္စတို႔သုတ္ေပးေလသည္။
လူငါးေယာက္ေလာက္သာဆန့္သည့္
ေလယာဥ္ပ်ံေလးေကာင္းကင္ေပၚဆန္တက္သြားသည့္အခ်ိန္မွာေတာ့ ေသြး ေျပးကာလိုက္ၾကည့္မိသည္။
အၾကည္ေရာင္မွန္တြင္လက္ဖဝါးႏွစ္ဖက္
ေထာက္ကပ္ထားရင္း အေဝးေရာက္ေနေသာေလယာဥ္ကိုမ်က္ရည္မ်ားစြာနဲ႕ အသက္မဲ့စြာ ေငးၾကည့္မိသည္။
တိမ္ေတြၾကားေလယာဥ္ေပ်ာက္ကြယ္သြားသည္ႏွင့္ ေသြး ေႂကြၾကမ္းျပင္ေပၚ ေခြက်သြားေတာ့သည္။
မ်က္ရည္ေတြကအတားဆီးမဲ့စြာၿပိဳဆင္းျပန္ေတာ့ ေသြး အကၤ်ီကလည္း စိုခ်င္လာသည္။
"ေတာ္ၿပီ ေသြး ေခါင္းကိုက္မယ္''
ေဒါင္းလည္း အတန္းၿပီးၿပီးခ်င္း ေသြးဆီေျပးလာျခင္းျဖစ္သည္။
ေလယာဥ္ကြင္းေရာက္ေနသည္ၾကားေတာ့ခ်က္ခ်င္းေျပးလိုက္လာျပန္သည္။
မွန္ျပတင္းေပါက္ေအာက္တြင္ လူတစ္ကိုယ္လုံးကို က်ဳံ႕နိုင္သမွ် က်ဳံ႕၍ ငိုေႂကြးေနေသာ ေသြးကို ျမင္ရခ်ိန္ ေဒါင္း ေျခလွမ္းတို႔ရပ္တန့္သြားေလသည္။
ျဖစ္ရေလေသြးရယ္
ခ်စ္ခဲ့ဖူးသူမဟုတ္ဘဲခ်စ္ေနရေသးသူမို႔
ထပ္တူနာက်င္ရပါသည္။
အနားသြားလို႔အငိုတိတ္ေစလိုက္ေသာအခါ ေသြးက ဒူးေခါင္းႏွစ္ခုကိုပူးကာပိုက္၍ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေလသည္။
ဦး ငါ့ဆီျပန္လာမယ္မဟုတ္လားတဲ့?
မေသခ်ာေသာ္လည္း ေသြး စိတ္ခ်မ္းသာေစဖို႔အတြက္ ေဒါင္း မုသားသုံးရပါသည္။
ထိုအခါ ေသြး က မ်က္ရည္ၾကားမွ
ရယ္သည္။
ယုံတယ္တဲ့ေလ။
~~~~
အနားကထြက္သြားေသာဦးရယ္
ကြဲေၾကေနေသာရင္ဘတ္ႀကီးရယ္
စုတ္ျပတ္သြားေသာဘဝရယ္နဲ႕
မည္းေမွာင္သြားေသာအနာဂါတ္တို႔နဲ႕လူကား ေသြးသာ ျဖစ္သည္။
ဦးမရွိေတာ့သည့္အိမ္ေတာ္ႀကီးဟာ ေျခာက္ကပ္လိုက္တာမ်ား သဲကႏၱာရထက္ပိုဆိုးၿပီး ေသြး တစ္ရက္ေလးေတာင္မေနနိုင္ေခ်။
အထဲသို႔ေျခလွမ္းလိုက္ေသာအခါ ဧည့္ခန္းတြင္ အၿမဲထိုင္ေနတတ္သည့္ ဦးရဲ႕ပုံရိပ္က
ေသြး မ်က္ဝန္းထက္ ေပၚလာေလသည္။
မျဖစ္နိုင္မွန္းသိသည္မို႔အရာရာကိုစိတ္ကုန္ေနေသာ ေျခလွမ္းေတြႏွင့္အေပၚသို႔တက္နိုင္ေအာင္ အားကုန္သုံးရသည္။
ေျခလွမ္းေတြဟာ လိပ္ကဲ့သို႔ပင္ ႏွေးေကြးကာ ဒယိမ္းဒယိုင္ျဖစ္ေနသည္။
"သားေလး ထမင္းစားပါလားဟင္
ေဒၚႏွင္းအကုန္ျပင္ထားတယ္ကြဲ႕''
အနားကိုေျပးလာသည့္ေဒၚႏွင္းက လွဲက်ခ်င္ေနသည့္ ေသြးကိုလက္ေမာင္းမွထိန္းကိုင္ရင္း ထမင္းစားဖို႔ေခ်ာ့ေလသည္။
ေလွကားထစ္လက္ရန္းကိုခပ္က်စ္က်စ္ဆုပ္ကိုင္ကာ ေသြး သက္ျပင္းရွည္ရွိုက္မိသည္။
"စားလို႔ဝင္မယ္မထင္ဘူးဗ်ာ''
ျပတ္ျပတ္သားသားသာျငင္းလိုက္ေတာ့သည္။
တကယ္လည္းစားလို႔ဝင္တာမဟုတ္။
ေလွကားထစ္ရဲ႕ထိပ္ဆုံးကိုၾကည့္လိုက္မိသည္ႏွင့္ ေလွကားေပၚကဆင္းလာသည့္
ဦးရဲ႕ပုံရိပ္ကို ျမင္ေယာင္ျပန္သည္။
ဘာလို႔ ကြၽန္ေတာ့္ကိုပါတစ္ခါတည္းေခၚမသြားရတာလဲ ဦး?
အခန္းေရွ႕ေရာက္တံခါးဖြင့္ခ်င္စိတ္ပင္မရွိေအာင္ ခံစားခ်က္တို႔ဆိုးလြန္းသည္။
အရင္လို ရင္ခြင္ထဲ ဝင္လာဖို႔ေခၚမည့္သူကမရွိေတာ့။
အခန္းထဲစိတ္ပ်က္စြာဝင္လိုက္ေသာအခါ
ကုတင္ထက္ဝယ္ေခါင္းအုံးႏွစ္လုံးကရွိေနေလသည္။
ဦးအိပ္ေနသည့္ဘက္ျခားတြင္ ေသြး ေျခတစ္ဖက္ေခါက္ကာဝင္ထိုင္ၿပီး ဖဲေမြ႕ယာကို
ပြတ္သပ္မိသည္။
ဦးရဲ႕အေငြ႕သက္တို႔ကိန္းေအာင္းေနေသာေနရာေလး၌ ေသြး မ်က္ရည္ တို႔ၿပိဳဆင္းကာ တစ္ခဏခ်င္း စို႐ႊဲသြားေတာ့သည္။
"ဦး ''
ဦးရဲ႕ေခါင္းအုံးအား ရင္ခြင္ထဲျမႇုပ္ေနေအာင္ တင္းတင္းက်ပ္က်ပ္ဖက္ထားရင္း
သည္းသည္းထန္ထန္ငိုမိျပန္သည္။
ေသြးမအိပ္မစားနဲ႕ျဖစ္ေနတာသုံးရက္သုံးညရွိၿပီျဖစ္ေသာ္လည္း ငိုတာကေတာ့
တစ္မိနစ္မွရပ္တန့္ျခင္းမရွိေအာင္ငိုသည္။
ေရလည္းမခ်ိဳးေတာ့ေက်ာင္းမွေျပးလာသည့္ရက္ကအနက္ေရာင္ေဘာင္းဘီတိုႏွင့္ ရွပ္လက္တိုအျဖဴနဲ႕သာျဖစ္သည္။
ေခါင္းကားမူးေဝေနၿပီး မ်က္လုံးတို႔လည္းနီရဲကာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာေလသည္။
ရင္ခြင္ထဲကဦးရဲ႕ေခါင္းအုံးေပၚမ်က္ႏွာအပ္ရင္း ရွိုက္ႀကီးတငင္ ငိုၿပီးေသာအခါ
တစ္ခ်က္ တစ္ခ်က္ ရွိုက္ ရွိုက္ျပန္သည္။
ယခုေနေသြးကမၻာဟာ မုန္တိုင္းေတြထန္ၿပီး ငလွ်င္ေတြလႈပ္ခတ္ေနသလို။ လူက ေဆာက္တည္ရာမရဘဲ ေၾကာက္စိတ္ေတြသာ ၾကည့္စိုးေနသည္။
ေခါင္းအုံးေပၚမ်က္ႏွာေမွာက္ရင္း အေတြးေပါင္းစုံနဲ႕
ကေယာင္ေခ်ာက္ခ်ားျဖစ္ေနစဥ္ မာေတာင့္တဲ့အရာတစ္ခုကမ်က္ႏွာကို လာထိုးေနသလို ေသြးခံစားလိုက္ရသည္။
တစ္ရွိုက္ရွိူက္ငိုရင္း ရွာၾကည့္ေတာ့ ဦးရဲ႕ေခါင္းအုံးေအာက္မွာ စာအုပ္တစ္အုပ္ရွိေနတာေတြ႕ရသည္။
မိုးျပာေရာင္အဖုံးနဲ႕ မ်ဥ္းေၾကာင္းမပါသည့္
ျဖဴစြတ္ေနေသာ စာအုပ္အသားမ်ား။
စာအုပ္မ်က္ႏွာဖုံးေပၚက တစ္ေယာက္တည္းေသာခ်စ္ရသူ
ကိုခ်စ္ျမတ္နိုး၍စာစီျခင္း ဆိုတဲ့ေခါင္းစဥ္ေၾကာင့္ စာအုပ္ကို ေသြး ခ်က္ခ်င္းေကာက္ဖြင့္ေတာ့သည္။
ခ်စ္တဲ့သူဆိုေသာစာသားေၾကာင့္အေသြးဆိုၿပီး ျမတ္ျမတ္နိုးနိုးေခၚတတ္ေသာ ဦးရဲ႕အသံကို ျပန္၍ၾကားေယာင္မိသည္။
အျဖဴေရာင္စာမ်က္ႏွာထက္ကဝိုင္းစက္ေနေသာ ဦးလက္ေရးကို လက္ႏွင့္ မထိတထိ လိုက္လံထိၾကည့္ရင္း မ်က္ရည္မ်ားၾကားမွ ၿပဳံးလိုက္မိေလသည္။
ဦးလက္ေရးကဦးအတိုင္း သန့္ျပန့္ၿပီး
ေလးစားခ်င္စဖြယ္ေကာင္းသည္။
ခ်စ္လို႔တဲ့။
'ပန္းခ်စ္တတ္တဲ့သူမဟုတ္တဲ့ကိုယ္က သာမန္ ေတာပန္းကေလးတစ္ပြင့္ကိုေတာ့ ျမင္ျမင္ခ်င္း သေဘာက်လြန္းလို႔သိမ္းပိုက္ခ်င္ခဲ့တယ္' တဲ့။
ဒါဆို ဦးက ေသြးကိုျမင္ျမင္ခ်င္း ခ်စ္မိသြားတာေပါ့။
ဒီအသိက ေသြးကို ကမၻာပ်က္ေနတဲ့ၾကားက ၿပဳံးသြားေစပါတယ္။
'သိပ္ခ်စ္လြန္းလို႔ အပိုင္ယူလိုက္ၿပီးေနာက္မွာ ကမၻာ့အလွဆုံးျဖစ္ေအာင္ အေရာင္ျခယ္ခ်င္တဲ့အတၱကထိန္းမရျဖစ္လာတယ္ မင္းေလးကေတာ့ခ်ဳပ္ခ်ယ္တယ္ပဲျမင္
မလား '
ေသြးမျမင္ပါ။ ေသြးကိုအေကာင္းဆုံးျဖစ္ေစခ်င္တဲ့ဦးရဲ႕
ဆႏၵကို ေသြးနားလည္ပါသည္။ ဒါ့ေၾကာင္လည္း ဦး
စိတ္ႀကိဳက္ျခယ္သခဲ့တာကို ေသြးၾကည္ၾကည္ျဖဴျဖဴလက္ခံခဲ့ပါသည္။
ဦးျပန္လာရင္ ေသြးသာမက ေသြးရဲ႕အေသြးအသား
ေသြးရဲ႕ဝိညာဥ္ကိုပါ ဦးအပိုင္ျဖစ္ေၾကာင္း ေသြးကိုယ္တိုင္
တံဆိပ္ႏွိပ္ၿပီး ဦးစိတ္ႀကိဳက္ျခယ္သေစမည္ ျပင္ဆင္ေစမည္။
.
.
.
Greenleaf 🌿