" အလွမ်းပြေ ဆက်သခြင်း အပိုင်းငယ် "
(A/N_ အစ်ကိုဆေးရဲ့ မွေးနေ့ April 9 တုန်းကလည်း အမှတ်တရ အပိုင်းလေး မတင်ဖြစ်ခဲ့ပါဘူး။ အခြေအနေ အရပ်ရပ်ကြောင့်ဆိုတာ ပိုစ့်တင်ပြီး ပြောပြခဲ့လို့ အားလုံးလည်း သိပြီးဖြစ်မှာပါ။
အခုအပိုင်းလေးကတော့ reader nim တို့ကို ဆက်သတဲ့ အလွမ်းပြေ အပိုင်းလေးပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားပါတယ်။
အလွမ်းပြေလေးပေါ့ ...။)
**********
Covid 19ကြောင့် တော်ဝင်မြန်မာဟိုတယ်ကြီးလည်း ဧည့်ဝင်နှုန်း နည်းလာခဲ့တယ်။ ဒီကြားထဲမှာ နိုင်ငံခြားသား ဧည့်သည်တစ်ယောက်ဆီကနေ ရောဂါပိုးရှိနေကြောင်း အဖြေထွက်လာလိုက်သေးတယ်။ အတော်လေး ဂယက်ထသွားခဲ့တာ။ ဟိုတယ်တစ်ခုလုံးက ဝန်ထမ်းတွေ အကုန်လုံးလည်း ဟိုတယ်ထဲမှာပဲ နေပြီး ကွာရတင်းဝင်လိုက်ရသေးရဲ့။
ဦးရာပြည့်ငြိမ်းနဲ့ ကိုဆေးလည်း ဟိုတယ်မှာပဲ ရက်အတန်ကြာ နေလိုက်ရတယ်။ ထူးပိုင်ဇေယျနဲ့ မြတ်ဋီကာတို့နှစ်ယောက် လာပြေးတွေ့ကြပေမဲ့ အထဲထိတော့ ဘယ်သူမှ ဝင်ခွင့်မပြုခဲ့ဘူး။ ဦးရာပြည့်ငြိမ်းက ဇေယျကို စိတ်မပူဖို့ ချော့မော့ပြီး ပြန်လွှတ်တယ်။ ဇေယျကလည်း မျက်ရည်လေးဝဲပြီး ချစ်သူရဲ့ ပြောစကားကို နားထောင်တယ်။
နားမထောင်တာက မြတ်ဋီကာပဲ။ သူ့ကို အထဲမဝင်ခိုင်းလို့ ဟိုတယ်ရှေ့မှာ သောင်းကျန်းခဲ့သေးတာ။ ကိုဆေးက လေပြေအေးအေးနဲ့ နားချလည်း မရ။ ဆူပူပြောဆိုလည်း မရ။ ဦးလေးဖြစ်သူနဲ့ အမေကိုယ်တိုင်ကပါ နားချလည်း မရ။ ဒီကြားထဲ တစ်အိမ်တည်းနေတဲ့ ကိုဆေးအမေ သူ့ယောက္ခမ ဒေါ်သဲသဲသူနဲ့ သူငယ်ချင်းကြီး ဟိန်းဇေေသာ်ကပါ အစစ်ပါသေးတယ်။
ဘယ်သူ ဖျောင်းဖျတာကိုမှ လက်မခံဘူး။ အထဲဝင်မယ် ကိုကိုနဲ့ သွားနေမယ်ချည်းပဲ ဇွတ်ပြောနေတော့တာ။ အိမ်မှာ အကြည်လေးကတောင် သူ့ကိုကြည့်ပြီး အံ့ဩနေရတယ်။
"ကိုကြီးဋီကာက ကလေးကျနေတာပဲ ...အကြည်လေးတောင် ဘာမှမဖြစ်ဘူး ...သမီးကိုကြီးက ကွာရတင်းဝင်ပြီးရင် ပြန်လာမှာပဲကို ..."
ကလေးပြောရင်လည်း ပြောချင်စရာ။ မြတ်ဋီကာ စိတ်အပူလွန်ပြီး ယောက်ယက်ခတ်နေတာက မသိရင် ကိုဆေးမှာပဲ positive ဖြစ်နေတဲ့ ပုံစံမျိုး။ အခြေအနေ စောင့်ကြည့်ပြီးရင် အိမ်ပြန်လာနိုင်မှာ။ ဒါကို သူက ရတက်မအေးတွေ ထိုင်ဖြစ်နေပြန်ရော။
ကွာရတင်းကာလ ပြီးသွားတော့ ဝန်ထမ်းတွေ အကုန်လုံး အိမ်ပြန်လာရတယ်။ ဟိုတယ်ကြီးကတော့ ယာယီ ပိတ်ထားလိုက်ရတယ်။ အလုပ်မရှိတော့ ကိုဆေးတစ်ယောက် အိမ်မှာပဲ စားလိုက် အိပ်လိုက် အိမ်အလုပ်လုပ်လိုက်နဲ့ မိသားစုနဲ့ ရှိနေတယ်။ မြတ်ဋီကာတို့ အလုပ်ကတော့ ပုံမှန်အတိုင်း လည်ပတ်နေပေမဲ့ အရင်လိုတော့ အလုပ်မများဘူး။ သူတို့ရုံးက ဝန်ထမ်းတွေက stay homeနေပြီး အိမ်ကနေသာ ရုံးတက်ရတာ။
ဒီကာလမှာ အလုပ်တွေ အားလုံးက အရင်လို ပုံမှန် မဟုတ်နိုင်တော့။ လူတော်တော်များများက stay homeသာ အနေများလာကြတော့တယ်။ တချို့လုပ်ငန်းတွေက ယာယီပိတ်လိုက်ကြပြီမို့လို့ ဝင်ငွေတွေလည်း ရှားပါးလာကြရဲ့။
မြတ်ဋီကာနဲ့ ဆေးတို့က weddingကို ခမ်းခမ်းနားနား မလုပ်ဖြစ်ခဲ့ဘူး။ ဆွေမျိုးတချို့နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပဲ ဖိတ်ပြီး တော်ဝင်မြန်မာမှာ လက်ထပ်ပွဲ ကျင်းပခဲ့တာ။ သူတို့ကို နားလည်ပေးပြီး အားပေးတဲ့ အရင်းနှီးလူတွေကြားမှာ သူတို့ ပျော်ရွှင်ခဲ့ရတယ်။
လက်ထပ်ပြီးတော့ ဋီကာဆောက်ထားတဲ့ အိမ်မှာ နှစ်ယောက်သား နေကြတယ်။ ကိုဆေး အမေနဲ့ ညီမလေးကိုတော့ သူတို့နဲ့အတူ နေဖို့ ခေါ်ထားလိုက်တယ်။ ဒါကလည်း ကိုဆေးရဲ့ တောင်းဆိုချက်ကြောင့် မဟုတ်ဘဲ မြတ်ဋီကာရဲ့ အလိုက်သိမှုပါပဲ။ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးနေရာကို မြတ်ဋီကာက သူ့ဟာသူ တာဝန်ယူလိုက်တာ။
တစ်ရက် ညစာစားပြီးတော့ ညဘက်အိပ်ရာဝင်ခါနီး အချိန်။ ကိုဆေးတစ်ေယာက်တည်း ခုတင်ပေါ်မှာ laptopတစ်လုံးနဲ့ ရုပ်ရှင်ထိုင်ကြည့်နေတယ်။ မြတ်ဋီကာကတော့ သူ့အလုပ်တွေ မပြတ်သေးလို့ အိပ်ရာပေါ် တက်မလာသေးဘူး။ ရုပ်ရှင်တစ်ဝက်ကျိုးတော့ မြတ်ဋီကာ ရောက်လာတယ်။
ကိုဆေးဘေးမှာ လာဝင်ထိုင်ပြီး ရုပ်ရှင်ကို တစ်ချက်စပ်စုလိုက်တယ်။
"BLကားလား ..."
"အင်း ..."
ရုပ်ရှင်ကို အကြည့်မလွှဲဘဲ ကိုဆေးက ပြန်ဖြေတယ်။ မြတ်ဋီကာက ကိုဆေးကလွဲရင် တခြားယောက်ျားတွေကို စိတ်ဝင်စားတဲ့သူမျိုး မဟုတ်ဘူး။ BLကားတွေဆိုလည်း မကြည့်တတ်တဲ့သူ။ ဋီကာက ကိုဆေးလို မဟုတ်။
"ကလေးလေးက ချစ်စရာကောင်းလိုက်တာ ..."
ရုပ်ရှင်ထဲက ဂေးစုံတွဲရဲ့ ကလေးလေးတစ်ယောက်ကို ကြည့်ရင်း ကိုဆေးက ထပြောတယ်။ ဋီကာလည်း အကြည့်ရောက်သွားရတယ်။
"ဋီကာ ချစ်စရာကောင်းတယ်နော် ကလေးလေးက အသည်းယားစရာလေး ..."
"အင်း ချစ်စရာကောင်းပါတယ် ..."
ကိုဆေးက အတော်လေး သဘောကျနေတဲ့ပုံနဲ့ သူ့လက်သည်းတွေပါ ကိုက်ပြီး ပြုံးရယ်နေတယ်။ ဒါကိုကြည့်ပြီး မြတ်ဋီကာ ပိုအသည်းယားလာမိရော။ သူ့အတွေးတွေက ပိုနက်သွားရတယ်။
"ကိုကို ကျွန်တော်တို့လည်း ကလေး ယူရအောင် ..."
"ဟမ် ..."
အံ့ဩသလို မျက်နှာလေးနဲ့ ကိုဆေးက လှည့်ကြည့်မိတယ်။
"တကယ်ပြောနေတာလား ..."
"အင်းလေ ...ကျွန်တော် စဉ်းစားမိတာ ...ကိုကိုနဲ့ တူတဲ့ ကလေးပိစိလေး တစ်ယောက်သာ ရလာရင် ဘယ်လိုလေး ဖြစ်လာမလဲလို့ပေါ့ ..."
အစက မြတ်ဋီကာမျက်နှာက ပြုံးနေတယ်။ နောက်တော့ အော်ရယ်နေတယ်။ ဘာဖြစ်လို့လဲလို့ ကိုဆေး မေးလိုက်တော့ ...
"အရမ်း အသည်းယားစရာကောင်းတာပဲ အဲ့လိုတွေးမိလိုက်တော့ ...ကျွန်တော့်ရဲ့ တစ်လုံးတည်းဆေးနဲ့ တူတဲ့ ကလေးလေးဆိုရင် ဘယ်လောက်တောင် ချစ်စရာကောင်းနေလိုက်မလဲ ...ကိုကိုနဲ့တူလို့ အသားအရေလှမယ် ရုပ်ကလေးကလည်း ပြစ်မျိုးမှဲ့မထင် အလှမျိုးလေး ...မိန်းကလေးဆို ပိုကောင်းမယ် ...ဒီလို အလှမျိုးနဲ့သာဆိုရင် ..."
ဋီကာ့အတွေးတွေက အဝေးကြီးကို ရောက်နေလေရဲ့။ သူ့ဟာသူ တွေးပြီး သွားကြီးလည်း ဖြီးနေသေးတယ်။
"ဒါမဲ့ တစ်ခုရှိတာက သမီးေလးက အဲ့လောက်လှနေရင် တော်တော်အုပ်ထိန်းရမှာနော် ..."
"ဘာကိုလဲ ..."
"ကိုကို့ကိုတောင် ငမ်းငမ်းတက် လိုချင်တဲ့သူတွေ များနေတာ ...သမီးလေးသာဆိုရင် ဘယ်လောက်ထိ ..."
"တော်ပါတော့ မြတ်ဋီကာရယ် ...မင်းဟာကလည်း ...မုန့်ဆီကြော်က ဘယ်နေမှန်း မသိသေးဘူး ...လျှောက်တွေးနေတာ အဝေးကြီးတွေပဲ ...ပြီးတော့ ငါ့ကိုလည်း ဘယ်သူမှ ငမ်းငမ်းတက် မလိုချင်နေကြဘူး ...မင်းကိုက တအား အပိုတွေပြောလွန်းတယ် ..."
"ဪ ဟုတ်တယ် ...ဒီကကောင်က မသိဘူးဆိုတော့ ...ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပြောနေလိုက်သိလား ...ကိုကို့ကို အပိုင်ရနိုင်ဖို့ တခြားကောင်တွေနဲ့ ဖိုက်ပြီး လုထားရတာ ..."
ဋီကာတို့ စပြီး တိုက်လေပြီ။
"နေပါဦး ဘယ်ကောင်တွေနဲ့ မင်းဖိုက်ခဲ့ရလို့လဲ ...မင်းတစ်ယောက်တည်းပဲ ငါ့ကို အသေရရ အရှင်ရရ လိုက်ကြိုက်ခဲ့တာလေ ...ဘယ်သူတွေ ရှိနေသေးလို့လဲ ..."
ရုပ်ရှင်အကြည့်မပျက်ဘဲ ကိုဆေးက ပြန်ပြောနေတယ်။ ဋီကာကတော့ သူ့ဘေးမှာ ပက်လက်လှဲချလိုက်ပြီး အော်ရယ်နေပြန်လေရဲ့။
"ဟား ဟား ဟား အေးပေါ့လေ ...တစ်သက်လုံး သူများတွေကပဲ သူ့ကို လိုက်ပိုးပန်းတာ ခံလာရဖူးတော့ ဒီလို ဘဝင်မြင့်မယ်ဆိုလည်း မြင့်လောက်စရာပေါ့ ..."
"မင်း ဘယ်သူ့ကို ပြောနေတာလဲ ..."
"ကိုကို့ကိုလေ ...ကိုယ့်ဟာကိုယ် မသိဘူးလား ...ကိုကို ဘယ်လောက်ထိ စန်းပွင့်ခဲ့သလဲဆိုတာ ကိုကိုအသိဆုံးပဲ ..."
"စကားနိုင်လုဖို့ ငါမအားသေးဘူး ရုပ်ရှင်ကြည့်နေတယ် ..."
ကိုဆေးက သူ့ကို ထပ်ပြီး အဖက်မလုပ်တော့ဘဲ ရုပ်ရှင်ကိုသာ ဆက်ကြည့်နေမိတယ်။
"ကိုကို ..."
"ကိုကိုလို့ ..."
"ဟေ ..ဘာလဲကွာ ..."
"ကိုကိုရော ကျွန်တော့်လို မတွေးမိဘူးလား ...ကလေးယူဖို့ကိစ္စ ..."
"အချိန်တန်ရင်တော့ ယူမှာပါ ...ဒါမဲ့ အခုက မင်းငယ်နေသေးတယ် ...ငယ်ငယ်ရွယ်ရွယ်နဲ့ စောစောစီးစီး ကလေးအဖေ မဖြစ်ချင်နဲ့ ...မင်းအတွက် ပြောနေတာ ..."
"ဒါဆို ကိုကို့အတွက်ကရော ...ကျွန်တော်က ငယ်ပေမဲ့ ကိုကိုက မငယ်တော့ဘူးလေ ..."
"ငါမအိုသေးပါဘူး ..."
"သိပါတယ် မအိုသေးမှန်း ...ဒီလောက်ထိ ကျွန်တော့်ထက်တောင် နုဖတ်နေတာကို ..."
"အေး အဲဒါဆို ဘာလို့ပြောနေသေးလဲ ...ကလေးယူဖို့ စောသေးတယ် ...အဲ့ကိစ္စတွေ နောက်မှစဉ်းစား ..."
"ဒါဆို တစ်ခုပဲမေးမယ် ...ကလေးလေး ယူမယ်ဆိုရင် ကိုကို ဘယ်သူနဲ့တူတဲ့ ကလေးမျိုးလေး ယူချင်လဲ ...ကျွန်တော်ကတော့ စောစောကပြောသလို ကိုကိုနဲ့ တူတဲ့ကလေးလေး လိုချင်တယ် သမီးလေးပေါ့ ..."
"ငါလား ...ငါကတော့ ယောက်ျားလေးပဲ လိုချင်တယ် ...မင်းနဲ့တူတဲ့ သားလေး ..."
"ဟင် တကယ်လား ဘာလို့လဲ ..."
ဋီကာ လှဲနေရာကနေ ကုန်းရုန်း ထထိုင်လာတယ်။
"မင်းက ဉာဏ္ကောင်းတယ်လေ ...တော်လည်း တော်တယ် ...ထက်မြက်တာလည်း ပြောစရာမလိုဘူး ...ငါကတော့ အဲလိုသားမျိုးလေး လိုချင်တာပဲ ..."
"ဟင် ကိုကိုကလည်း ...ကျွန်တော့်လို ချောတာမျိုးလေးရော မထည့်ချင်တော့ဘူးလား ..."
"No ပါ ...ငါက ရုပ်ရည်နဲ့ ပတ်သက်ပြီး အစွဲမရှိဘူး ..."
"အဲလိုလည်း မဟုတ်ဘူးလေ ...အင်းလေ ...ကျွန်တော်တို့ နှစ်ယောက်လုံး ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာမှမလိုတာ ...ဘယ်သူနဲ့တူတူ မွေးလာတဲ့ ကလေးလေးတွေက ချောမှာပဲကို ..."
"ဖြစ်ရမယ် ...ကိုဘဝင်လေဟပ်ကတော့ ..."
ဋီကာ ရယ်နေပြန်ရဲ့။ ဆေးကတော့ ရုပ်ရှင်ကိုသာ အာရုံစိုက်နေပြန်တော့တယ်။
"ကိုကို မအိပ်သေးဘူးလား ..."
"ဒါပြီးမှ အိပ်မှာ ..."
"ကျွန်တော် အိပ်ချင်ပြီလေ ..."
"အိပ်လေ မင်းဘာသာ ..."
"ကိုကို့ကို ဖက်အိပ်ရမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာလေ ..."
"အဲဒီအကျင့်ကို ဖျောက်ဦး ...နေရာတကာ ငါ့ကိုပဲ တွယ်ကပ်မနေနဲ့ ..."
"ကိုကို့ကိုပဲ တွယ်ကပ်မနေနဲ့ဆိုတော့ ...အဲ့အကျင့်ကို ဖျောက်ဖို့ တခြားကောင်မလေးတစ်ယောက်နဲ့ အစမ်းအိပ်ကြည့်လိုက်ရမလား ..."
ကိုဆေး မျက်နှာ ဒီတော့မှ ဋီကာ့ဘက်ကို လုံးလုံးလျားလျား လှည့်ကြည့်လာတော့တယ်။ မျက်လုံးတွေကို မှေးစင်းပြီး မကြည်တဲ့ အကြည့်မျိုးနဲ့။
"တခြားလူတွေနဲ့ အိပ်ကြည့်လို့ အဆင်ပြေရင် ကိုကို့ကိုပဲ တွယ်ကပ်နေစရာ မလိုတော့ဘူးပေါ့ ဟုတ်တယ်မို့လား ..."
ကိုဆေးကို တမင်စနေတဲ့ ဋီကာက ပြုံးစိစိ မျက်နှာပေးမျိုး လုပ်နေလေရဲ့။
"မင်းငါ့ကို အဲလို သစ္စာဖောက်ရဲလို့လား ..."
ကိုဆေးရဲ့ လက်နှစ်ဖက်က ဋီကာ့ပုခုံးပေါ်ကို လာတင်တယ်။ လူကပါ ဋီကာ့ပေါင်ပေါ်ကို တက်ထိုင်လာခဲ့တယ်။
"ကိုကို ဘာလုပ်မလို့လဲ ..."
ရယ်ကျဲကျဲနဲ့ သဘောကျနေတဲ့ အမူအရာမျိုးနဲ့ ဋီကာက ကိုဆေးကို ပြန်မေးနေတယ်။
"သူများနဲ့ အိပ်ကြည့်ချင်တယ်ဆို ...အဲဒါဆို ငါ့ကို အရင် လွန်ဆန်နိုင် မနိုင် စမ်းကြည့်မယ် ..."
"စမ်းကြည့်လေ ...ကိုကို့ဆွဲဆောင်မှုကိုကြည့်ပြီး ဒီကလည်း ခြံခုန်သင့် မခုန်သင့် စဉ်းစားကြည့်တာပေါ့ ..."
ကိုဆေးက ပေါင်ပေါ်တက်ထိုင်ရုံသာ ထိုင်နေပြီး ဘာတစ်ခုမှ ဆက်မလုပ်တော့ပါ။ သူက ဒီလိုနေရာတွေမှာ မကျွမ်းကျင်ဘူး။ အထူးသဖြင့် သူ့ရဲ့အိမ်ထောင်ဖက်ကို အိပ်ရာပေါ်မှာ ဆွဲဆောင်ရမဲ့ နည်းအမျိုးမျိုးကို သူမသိဘူး။ အဲဒီတော့ ပြန်ဆင်းဖို့ လုပ်လိုက်တယ်။ ပြီးတော့ သူလည်း ရုပ်ရှင်ကြည့်နေတာ မပြီးသေးဘူးလေ။ ဒါပေမဲ့ သူနောက်ကျသွားတယ်။ ဋီကာက သူ့ထက်ပိုပြီး သွက်တယ်။
ကိုယ်လုံးလေးကို ခုတင်ပေါ် ဆွဲချလိုက်ပြီး ဋီကာ့ သူ့အောက်မှာ ကိုဆေးကို ဖိထားလိုက်တယ်။ ပြီးတော့ နှုတ်ခမ်းတွေကို နမ်းမလို့ ဟန်ပြင်တယ်။
"ဋီကာ ငါရုပ်ရှင် ကြည့်နေတာ မပြီးသေးဘူးလေ ..."
"မကြည့်နဲ့တော့ ...နောက်နေ့မှဆက်ကြည့် ..."
"အဲလို တန်းလန်းကြီး အပြီးထိ မကြည့်ရရင် ငါအိပ်မပျော်ဘူးကွ ..."
"ကျွန်တော့်ကို လာဆွပြီးမှ တန်းလန်းကြီး လုပ်သွားတာကရော ..."
"ငါ ဘာလုပ်ရေသးလို့လဲ ...ပေါင်ပေါ်မှာ တက်ထိုင်ရုံလေးပဲ ရှိသေးတာလေ..."
"ဒီကကောင်က ရှေ့ဆက်ချင်နေပြီလေ ...ကိုကို အဲ့လို လာမြှူစွယ်နေတော့ ..."
"မင်းပဲ တခြားကောင်မလေးတွေနဲ့ အိပ်မယ်ဆိုလို့လေ ..."
"အဲ့တော့ Jဝင်တယ်ပေါ့ ..."
"အင်း ..."
နှုတ်ခမ်းလှလှလေးက အလိုမကျသလိုလေး ချွန်ပြနေတော့ ဋီကာအသည်းယားလာမိတယ်။ အရင်ဆုံး နှုတ်ခမ်းချွန်လေးကို ငုံ့ပြီး ကိုက်လိုက်တယ်။ ပြီးတော့မှ လျှာဖျားလေးတွေနဲ့ အရသာခံကြည့်တယ်။ ဋီကာ့လက်တွေကလည်း ကိုဆေးရဲ့ ရင်ဘတ်ပေါ်မှာ အသာအယာ ချော့မြှူကလူနေတယ်။
"ဋီကာ ..."
အသက်ကလေး လုရှူခွင့် ရသွားတဲ့အချိန် ပါးစပ်ကလေးကနေ တစ်ခွန်းလောက် ခေါ်လိုက်မိတယ်။
"ဟင် ..."
"မင်းဝိတ်တက်လာတယ် ...ငါ့အပေါ် တက်ဖိထားတာ လေးလိုက်တာ ..."
ယောက်ျားယူထားပြီးတော့ အနားက မခွာဘဲ အိမ်မှာပဲနေနေတဲ့ မြတ်ဋီကာတစ်ယောက်ကတော့ စားလိုက်အိပ်လိုက်နဲ့ ဝိတ်က နည်းနည်းတက်လာပါလေရော။ အခုလို တစ်ကိုယ်လုံး ပစ်လှဲပြီး တက်ဖိထားတော့ အောက်ကနေ ကိုဆေးလည်း အလေးချိန်ကို မခံစားနိုင်တော့ဘူး။
"ဟုတ်လား ...ဒါဆို ကျွန်တော် ဝိတ်မြန်မြန်ကျအောင် လုပ်ပါ့မယ် ...အားနာလိုက်တာ ...ဆောရီးကိုကို ..."
တက်ဖိထားတဲ့ ကိုယ်ကိုဖွဖွလေး ပုံစံမျိုး ပြန်ပြင်လိုက်ရတယ်။ ကိုဆေး နာနေမှာကို သူစိုးရိမ်သွားတာမို့။
"ကျွန်တော်ကသာ ဝိတ်တက်လာတာ ...ကိုကိုကတော့ နဂိုအတိုင်းပဲ ...ဘာဆေးတွေ ခိုးစားပြီး ဘယ်လိုကြောင့် ဒီလောက် အရွယ်တင်နေမှန်း မသိဘူး ...ဝိတ်ကလည်း မတက်ဘူး ...ဒီလိုနဲ့ ကျွန်တော်တော့ ကိုကို ပစ်ထားခဲ့မှာ ခံရတော့မယ် ထင်တယ်..."
"အပိုတွေက ပြောနေပြန်ပြီ ...ငါက မင်းကို ပစ်မှာလား ...မင်းက ငါ့ကို ပစ်မှာလား ...ဘယ်သူမှ လွယ်လွယ် သစ္စာဖောက်ကြမှာ မဟုတ်ဘူး ...ငါတို့ ချစ်မိခဲ့ကြတာက လွယ်လွယ်လေးမှ မဟုတ်ခဲ့တာ ..."
ကိုဆေးက ပြုံးပြီး ပြောနေတယ်။ ပြီးတော့ သူ့ကို အရင်ဆုံး ပြန်စနမ်းလာတယ်။ ဋီကာက ကိုဆေးဘက်က စလိုက်ရင်ကို အလိုလို ပျော်ဆင်းသွားတဲ့သူ။
Laptop လေးကို ဋီကာ ပိတ်ပစ်လိုက်ပြီး ဘေးက စားပွဲပေါ်ကို မမှီတမှီ လှမ်းတင်လိုက်တယ်။ ရုပ်ရှင်ကြည့်ခြင်း အခန်းကဏ္ဍဟာ ဒီမှာတင်ပဲ တစ်ခန်းရပ်သွားရတော့တယ်။
နှစ်ယောက်လုံး အဝတ်မကပ်တော့တဲ့အချိန်။ ဋီကာ့အားအင်တွေ အသုံးချနေတဲ့ အချိန်။ ကိုဆေးရဲ့ နားထောင်လို့ ကောင်းတဲ့ ညည်းသံေလးတွေ ထွက်ပေါ်လာတဲ့အချိန်။
နာကျင်ခြင်း နောက်ကွယ်က ချိုမြိန်ခြင်းတွေ။
အိမ်ထောင်ရေးက သူ့ဟာနဲ့သူတော့ သာယာကြည်နူးနေခဲ့လေရဲ့။
/
/
/
(A/N_ ကြော်ငြာလေး တစ်ဖြတ် ဝင်မယ်နော်။ သိုဝှက် ficကို unပြီး titleပြောင်းထားတဲ့ "အချစ်၏ ခေါင်းစဉ်အောက်တွင် မရှိခဲ့လေသော" ficအသစ်လေးကို updateပုံမှန်နဲ့ တင်နေပါပြီလို့။
"ငါတို့ နှစ်ယောက်ရဲ့ ရိုမန့်ဂီတ" ficလေးကိုတော့ အချစ်၏ခေါင်းစဉ်ပြီးတာနဲ့ ဆက်တင်မှာပါ။
အချစ်၏ခေါင်းစဉ်လေးကို ongoingလိုက်ချင်တဲ့ သူများရှိရင် လာခဲ့ကြပါဦး။ မျှော်နေပါ့မယ်ေနာ်။ 💛
ရေးရတာ နည်းနည်းေလး ပိုအားရှိပြီး မိုတီလေးနဲ့ ခရီးဆက်လို့ရအောင် ongoingလေး လိုက်မဲ့သူတွေကို ဖိတ်ခေါ်ပါတယ်ဗျာ။ *\0/*