ကျွန်တော် ခင်ဗျားကို မချစ်ဘူး...

Af Myuekhoe

1.9M 126K 4.3K

ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️ Mere

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Part-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40 (Final)
Part-40(Uni)(Final)
New fic (ဈေးဗန်း)
New fic(ဈေးဗန်း)

Part-26

12.1K 629 18
Af Myuekhoe


      ရှင်းသန့်နားထင်ကိုဖိပြီး ထထိုင်လိုက်သည်။ သူဘာလို့ဒီမှာလှဲနေရတာလဲ?..
သူအမွှေးတိုင်းသွားဝယ်ပြီးပြန်ထွက်လာတော့ ခေါင်းထဲမှာရိပ်ခနဲဖြစ်သွားတာနဲ့ သူဖြေးဖြေးချင်းလျှောက်လာရင်း ပိုပြီးမူးလာကာ သူအရာအားလုံးနဲ့အဆက်အသွယ်ပြတ်သွားသည်။
နောင် နောင်ထမင်းစားဖို့သူ့ကိုစောင့်နေမယ်ထင်တယ်...
ရှင်းသန့့်် မတ်တပ်ထရပ်ပေမယ့်လည်း အားနည်းလို့ပဲလားမသိ သူထလို့မရဘဲ ပြန်ပြန်ထိုင်ချနေမိသည်။

"အလှလေး နိုးလာပြီလား.."

"ဟင် နေထူး...
နေထူး ကျွန်တော်အခုဘယ်ရောက်နေတာလဲ?..."

"အလှလေးကိုကျွန်တော်ခေါ်လာတာ.."

"ဟင်....
နေထူးက ဘာလို့ကျွန်တော်ခေါ်လာရတာလဲ?...
နောင်စိတ်ပူနေတော့မယ် ကျွန်တော်ပြန်မယ်.."

"အလှလေးပြန်လို့မရဘူး...
ကျွန်တော်အလှလေးကိုအပိုင်ခေါ်ထားမှာ.."

"ဘာတွေပြောနေတာလဲ? နေထူး...
ကျွန်တော်ကနေထူးကိုသူငယ်ချင်းလို့ပဲခင်တာ နေထူးပြောနေတာတွေက...
ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ..
နောင်စိတ်ပူနေလိမ့်မယ်..."

"နောင် နောင် နောင်နဲ့ အလှလေးစိတ်ထဲမှာနောင်တစ်ယောက်ပဲအသက်ပါတာလား...
အလှလေးကိုအရိပ်တကြည့်ကြည့်ကြည့်နေတဲ့ကျွန်တော့်ကိုကျ ဘာလို့နည်းနည်းလေးတောင်ငဲ့မကြည့်ပေးရတာလဲ?.."

နေထူးကိုသူ့အနားကိုလျှောက်လာပြီး သူ့ပခုံးကိုလှုပ်ရမ်းကာပြောလာသည်။

"နေထူးပြောနေတာတွေကျွန်တော်နားမလည်ဘူး..."

"နားမလည်ဘူးဟုတ်လား...
ကျွန်တော်ခင်ဗျားကိုချစ်တယ်အလှလေး...
စတွေ့ကတည်းက ချစ်ခဲ့တာ...
ကျွန်တော်အလှလေးကိုလက်ထပ်မယ်.."

"မဖြစ်နိုင်တာတွေမပြောပါနဲ့နေထူး...
ကျွန်တော်နောင်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ဘူး..
ကျွန်တော့်အသားကိုမထိပါနဲ့..."

ရှင်းသန့့်် နေထူးကိုင်ထားတဲ့လက်ကိုရုန်းလိုက်ပြီးပြောလိုက်သည်။

"ခင်ဗျားချစ်သလောက် အဲ့ကောင်ကခင်ဗျားကိုချစ်လိမ့်မယ်လို့ခင်ဗျားထင်နေတာလား ဟမ်...
ဟင်း.......
အလှလေး ကျွန်တော်မကြမ်းချင်ဘူး...
ကျွန်တော်ရှေ့မှာအဲ့ကောင်နာမည်ထပ်မပြောပါနဲ့.."

"နေထူးမကြားချင်လည်း ကျွန်တော်ပြောရမှာပဲ...
ကျွန်တော်နောင့်ကိုချစ်တယ် နောင်မချစ်လည်းကျွန်တော်နောင့်ကိုချစ်တယ်...
ပြီးတော့ ကျွန်တော်တို့က လက်ထပ်ထားပြီးပြီ.."

"ကျွန်တော့်ကိုလာမလိမ်နဲ့ အလှလေး...
အလှလေးကို ဒီညကျွန်တော့်အပိုင်ဖြစ်အောင်လုပ်မှာ..."

"ကျွန်တော့်အသားကိုမထိနဲ့...
ကျွန်တော်နေထူးကိုစိတ်ဆိုးမိလိမ့်မယ်..."

နေထူးက သူ့ပခုံးကိုကိုင်လာသည်မို့ ရှင်းသန့်လ့်လက်ကိုဖယ်ကြလိုက်သည်။

"အလှလေး မရုန်းပါနဲ့..
ကျွန်တော်က ဟိုကောင့်ထက်ပိုပြီးချစ်ပေးနိုင်ပါတယ်..."

"ဖယ်ပေး ကျွန်တော့်အသားကိုမထိနဲ့.."

မျက်နှာပေါ်ရောက်လာတဲ့နေထူးလက်ကိုပုတ်ချလိုက်သည်။ နေထူးကပြုံးပြီး ရှင်းသန့်ပ့်ပခုံးပေါ်ကိုလက်တင်လာသည်။ ရှင်းသန့်ရူးချင်သည်။ နောင်ကလွဲပြီး ဘယ်သူ့ကိုမှ သူ့အသားကိုအထိမခံချင်ပေ။ နောင်ကိုလည်း သူအားနာသည်။ တဖြည်းဖြည်းနမ်းပြင်လာတဲ့နေထူးကြောင့် ရှင်းသန့်ခေါင်းကိုလွှဲချလိုက်သည်။ နံဘေးမှာ ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးကိုတွေ့ရတာကြောင့် ရှင်းသန့်လည်းထိုဖန်ခွက်ကိုတိုက်ချလိုက်သည်။

ဖန်ခွက်ကွဲသွားတာကြောင့် နေထူးကထိုဖန်ခွက်လှည့်ကြည့်လာသည်။ ရှင်းသန့်လ့်လည်း နေထူးကိုတွန်းချလိုက်ပြီး ကွဲသွားတဲ့ဖန်ကွဲစကိုကိုင်လိုက်သည်။

"အလှလေးကကျွန်တော့်ကိုထိုးချင်တာလား...
ထိုးလိုက်လေ...
အလှလေးကိုပိုင်ဆိုင်ရဖို့ဆို ကျွန်တော်ဘာမှမဆိုလုပ်မှာ.."

"ကျွန်တော်နေထူးကိုထိုးမှာမဟုတ်ဘူး..
ကျွန်တော့်ကိုကျွန်တော်ထိုးမှာ...
နေထူးကျွန်တော့်အသားကိုထိရဲထိကြည့် ကျွန်တော်ထိုးလိုက်မှာ.."

ဖန်ကွဲစကို လည်ပင်းမှာထောက်ထားပြီး ရှင်းသန့်ကပြောလာသည်။

"အလှလေး လက်ထဲကဖန်ကွဲစကိုချထားလိုက်ပါ...
အဲ့လိုမလုပ်ပါနဲ့.."

"မချဘူး ကျွန်တော့်အသားကိုထိရဲထိကြည့် ထိုးလိုက်မှာ..."

"အလှလေးရဲ့အသားနာကျင်ရလောက်အထိ အဲ့ကောင်ကိုချစ်တာလား..."

"ချစ်တယ် ကျွန်တော်နောင့်ကိုချစ်တယ်...
ပြီးတော့ ကျွန်တော် နေထူးကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး.."

နေထူး ထိုနေရာမှာတင် ထိုင်ချလိုက်သည်။
အဲ့လောက်တောင်ပဲလား အလှလေးရယ်...
နေထူး ရှင်းသန့်အ့်အနားကနေ ဝေးတဲ့တနေရာမှာထိုင်လိုက်သည်။

ရှင်းသန့်မျက်ရည်ကျလျက်နဲ့ပဲ ဖန်ကွဲစကိုတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"ကျွန်တော့်ကိုအခုပြန်လိုက်ပို့ပေးပါ..."

"ကိုင်ထားတဲ့ဖန်ကွဲစကိုချထားလိုက်ပါ...
အခု ညဥ့်နက်နေပြီ မနက်ကျကျွန်တော်ပြန်ပို့ပေးမယ်.."

"အခုပဲပြန်ချင်တယ် နောင်စိတ်ပူနေမှာ.."

"ကျစ် အလှလေးအခုဘယ်ရောက်နေတယ်ထင်လို့လဲ?..
ကျွန်တော့်လယ်မှာရောက်နေတာ...
လယ်ထဲကနေ ရွာရောက်ဖို့ကအဝေးကြီးသွားရမှာ..
ညဘက်ရောက်ရင် မြွေပါးကင်းပါးနဲ့မို့ မနက်ဖြန်မှပဲကျွန်တော်ပြန်ပို့ပေးပါ့မယ်...
နောင်နောင်စိတ်ခုမှာစိုးတယ်ဆို ကျွန်တော်သေချာရှင်းပြပေးပါ့မယ်.."

နေထူးပြောလိုက်တော့ ရှင်းသန့်ငြိမ်သွားသည်။ လက်ထဲမှာလည်း ဖန်ကွဲစကိုကိုင်လျက်သားရှိနေသေးသည်။

"ဂြီ!.."

ဗိုက်ထဲကမြည်လာတဲ့အသံကြောင့် နေထူးကလှည့်ကြည့်လာသည်။

"ကျွန်တော်ဘာမှမလုပ်ပါဘူး...
ဒီမုန့်လေးစားလိုက်ပါ.."

နေထူးအနားကိုရောက်တဲ့အချိန်ရှင်းသန့်က ဖန်ကွဲစကိုရွယ်လာသည်။ နေထူးကမုန့်တစ်ထုတ်ကမ်းပေးလာတာမို့ ရှင်းသန့်လှမ်းယူလိုက်သည်။ မစားလို့လည်းမရ ထမင်းဆာနေတာကြောင့် ရင်တောင်လှပ်လှပ်တုန်နေသည်။ မုန့်စားပြီးသည်နှင့် ဖန်ကွဲစကိုင်ပြီး ရှင်းသန့်မှေးခနဲအိပ်ပျော်သွားလေသည်။ အိပ်ပျော်နေတဲ့ရှင်းသန့်ကိုနေထူးသေချာကြည့်နေသည်။

ကျွန်တော့်ကြောင့် အလှလေးမျက်ရည်ကျနေရတာလား...
ကျွန်တော်အလှလေးကိုပျော်ရွှင်မှုတွေပေးချင်တာပါ...

နဂိုကတည်းက သူဟာ နောင်နောင့်ကိုရှင်လို့မရမှန်းသိသိရက်နဲ့ ဇွတ်တိုးခဲ့မိသည်။ မဖြစ်နိုင်မှန်းသိသိရက်နဲ့ဇွတ်တိုးမိတဲ့ရလဒ်က သူ့နှလုံးသားတစ်ခုလုံးအရမ်းနာကျင်ရလေသည်။



~~~~~~~~~~~~~~~~~~~~~

တဖက်မှာတော့....

"သူသွားတတ်တဲ့နေရာတွေကိုမင်းမသိဘူးလား နောင်နောင်..."

"အကုန်ရှာပြီးပြီ မရှိဘူး...
ဘယ်တွေသွားနေလဲမသိဘူး.."

ည၉နာရီခွဲကြီး ရာရှင်းသန့်ကိုရှာလို့မတွေ့ဘူးဆိုပြီး ဖုန်းဆက်ခေါ်တာကြောင့် ကျော်ဇောနဲ့နီလာ နောင်တို့အိမ်ကိုအမြန်လာခဲ့ရသည်။

"တစ်ယောက်ယောက်ခေါ်သွားတာများလား.."

"သူ့ကိုဘာခေါ်စရာအကြောင်းရှိလို့လဲ?.."

"စိတ်အေးအေးထားပြီးစဉ်းစားပါဦးဟာ..."

ရာရှင်းသန့်ကို သူ့အိမ်ကများလာခေါ်သွားတာလား...
ဒါမှမဟုတ် တစ်ခုခုများဖြစ်နေတာလား...

အိမ်ထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့နောင်ကိုကြည့်ပြီး နီလာနဲ့ကျော်ဇောလည်းသက်ပြင်းချနေသည်။
ပါးစပ်ကသာမချစ်ဘူးပြောနေတာ တကယ်တမ်းကျ ရှင်းသန့်ကိုစိတ်ပူနေတယ်ဆိုတာအသိသာကြီးပင်။

"ကျော်ဇော မင်းနီလာကိုပြန်ပို့လိုက်တော့...
မိုးချုပ်နေပြီ မကောင်းဘူး.."

"အေး နီလာကိုပို့ပြီးတာနဲ့ပြန်လာခဲ့မယ်...
မင်းဘယ်မှမသွားနဲ့.."

"အေး.."

ပြောပြီးတာနဲ့ ကျော်ဇောနဲ့နီလာအိမ်ထဲကထွက်သွားသည်။ နောင်နောင် ဗီရိုဘေးမှာသာထိုင်ချလိုက်သည်။ ရာရှင်းသန့်မ့်မရှိတော့ အိမ်ကပုံမှန်ထက်ကိုခြောက်ကပ်နေသလိုခံစားနေရသည်။
ကျုပ်ကိုအသိမပေးဘဲနဲ့တော့ ခင်ဗျားပြန်မသွားလောက်ပါဘူးနော်...

နာရီဝက်လောက်ကြာတော့ ကျော်ဇောပြန်ရောက်လာသည်။

"ဘာမှတော့မဖြစ်လောက်ပါဘူးကွာ အရမ်းကြီးလည်းစိတ်ပူမနေပါနဲ့.."

"သူက ရွာထဲတောင်အနှံ့သွားတတ်တာမဟုတ်ဘူး..
ရာရှင်းသန့့်် လူကိုစိတ်ပူရအောင်အမြဲလုပ်တယ်.."

"အေးပါကွာ မင်းစိတ်ကိုအေးအေးထားပြီးသေချာစဉ်းစားဦး.."

သူတို့ကြား အသံတွေခဏတိတ်ဆိတ်သွားသည်။

"နောင်နောင် ခုနငါပြန်လာတုန်းက ကတုံးတို့အဖွဲ့သောက်နေတာငါတွေ့တယ်...
နေထူးတော့မပါဘူး...
ငါလည်းစိတ်ထဲတမျိုးဖြစ်နေတာနဲ့ နေထူးတို့အိမ်ဝင်မေးခဲ့သေးတယ် နေထူးမရှိဘူးတဲ့..
ဘယ်သွားလဲမေးတော့ မသိဘူးတဲ့.."

ကျော်ဇောပြောလိုက်တော့ နောင်ကကျော်ဇောကိုကြည့်လာသည်။

"မင်းလည်း ငါထင်နေသလိုထင်နေတယ်မလား.."

နောင်ကခေါင်းညိတ်လာတာမို့...

"အဲ့တာဆို ဘာစောင့်နေတာလဲ?...
ငါတို့အခုသွားရအောင်..."

ဆိုင်ကယ်ပေါ်အမြန်တက်လိုက်ပြီး မောင်းနှင်လိုက်သည်က ကတုံးတို့ရှိရာ ဆိုင်သို့..

"ကိုဇော်ကြီး ကတုံးတို့ရှိသေးလား.."

"မရှိတော့ဘူးကွ ခုနလေးတင်ပြန်သွားတယ်.."

ပြန်သွားပြီဟုပြောတာကြောင့် နောင်တို့ကတုံးအိမ်ကိုဆက်မောင်းရသည်။ ကတုံးအိမ်ရှေ့ရောက်တော့မီးဖွင့်ထားတာကြောင့် လူရှိမှန်းသိတာမို့ နောင်တို့အိမ်ထဲဝင်လာလိုက်သည်။ ကတုံးမိဘတွေဘုရားဖူးထွက်သွားတာကြောင့် ဒင်းအခုလိုမူးအောင်သောက်လို့ရခြင်းဖြစ်သည်။

နောင်တို့ဝင်သွားတော့ အိမ်တံခါးကြီးကလည်းပွင့်နေတာကြောင့် နောင်တို့လည်းအထဲကိုဝင်လိုက်သည်။ အထဲရောက်တော့ ခုံပေါ်မှာအိပ်ပျော်နေတဲ့ကတုံးကိုတွေ့ရသည်။

"ဟေ့ကောင် ကတုံး ကတုံး ထဦး.."

ကျော်ဇောလှုပ်နှိုးလိုက်တော့ ကတုံးကမူးကြောင်ရူးကြောင်နဲ့လှန်ကြည့်လာသည်။ ပြီးတော့ ပြုံးပြပြီး ပြန်အိပ်သွားသည်။

"ကျစ် ဒီကောင်ကတော့..."

"နောင်နောင်ရာ စိတ်လျှော့စမ်းပါ...
ငါမေးပါ့မယ်...
ကတုံး ကတုံး ခဏထစမ်းပါကွာ မေးစရာရှိလို့..."

ဘယ်လိုမထတာကြောင့် ကျော်ဇောရူးတောင်းရူးချင်သည်။ ဘေးကရပ်ကြည့်နေတဲ့နောင်ကလည်း စိတ်မရှည်သလို စိုက်ကြည့်နေသည်။

"ကတုံး ခဏထစမ်းပါကွာ.."

"ဘာလဲကွာ.."

"ဟေ့ကောင် ရာရှင်းသန့့်် ရာရှင်းသန့်ကိုမင်းတွေ့မိသေးလား.."

"ရာရှင်းသန့့်် မရှိတော့ဘူးလေ.."

"သူဘယ်သွားလဲမင်းသိလား.."

"ပါသွားပြီလေ ဟက်.."

"ဘယ်ကိုပါသွားတာလဲ? ဟေ့ကောင် မြန်မြန်ပြောစမ်း.."

ကတုံးရဲ့အင်္ကျီစကိုကိုင်ပြီး လှုပ်ရမ်းကာ နောင်မေးလေသည်။

"အော့!

မပြောမဆိုနဲ့အန်လာတာကြောင့် နောင်ကတုံးကိုပြစ်ချလိုက်သည်။

"ကျိုးသွားပါဦးမယ်ကွ ဖြေးဖြေးလုပ်ပါ.."

"ဘယ်လောက်တောင်ကမြိုဆို့ထားလဲမသိဘူး နံစော်နေတာပဲ..."

အန်နေတဲ့ကတုံးကိုဆက်အန်ခိုင်းလိုက်ပြီး ဘေးမှာရပ်စောင့်နေလိုက်သည်။ အမူးပြေလောက်ပြီထင်မှ နောင်လည်း ရေတစ်ခွက်ခပ်လိုက်ပြီးကတုံးမျက်နှာကိုပတ်လိုက်သည်။

"အား အေးလိုက်တာ..
မင်းကြီးတော်လင်မို့ ရေနဲ့လာပတ်တာလား..."

"ဟေ့ကောင် ကတုံး...
ရာရှင်းသန့်ဘယ်မှာလဲ?.."

"ဘယ်သိမှာလဲ?..."

"လာမလိမ်နဲ့ ဟေ့ကောင်...
ရာရှင်းသန့်ရှိတဲ့နေရာကို မင်းသိကိုသိရမယ်..
မြန်မြန်ပြော အချိန်မရှိဘူး.."

"မသိပါဘူးလို့ဘယ်နှခါပြောရမလဲ?.."

"မင်းမပြောဘူးလား.."

"ဖတ်! ဖတ်!.."

ပါး၂ဖက်ကိုဖက်ခနဲ့၂ချက်ဆင့်ရိုက်လိုက်တော့ ကတုံးကသူ့ကိုစွေကြည့်လာသည်။ သူတို့က၂ယောက်ဖြစ်နေတာကြောင့် ဒီကောင်ပြန်တော့မလုပ်ရဲပေ။

"မင်းတို့၂ယောက်ကိုပိုင်နက်ကျူးလွန်မှုရော...
ရိုက်နှက်မှုနဲ့ရော တရားစွဲပြမယ်.."

"လုပ်လိုက်လေ...
ငါနဲ့ရာရှင်းသန့်က တရားဝင်လက်ထပ်ထားတဲ့သူတွေ..
အေး ရာရှင်းသန့်ကိုမတွေ့လို့ကတော့ အပေါင်းအပါတွေပါမကျန်တရားစွဲမယ်...
သိတယ်နော် တောက်လျှောက်လိုက်လာမယ့်အမှုတွေကို..."

"မင်း!..."

ကတုံးကတစ်ခုခုစဉ်းစားနေဟန်ပြုကာ ငြိမ်သွားသည်။

"ရာရှင်းသန့်ကို နေထူးခေါ်သွားတယ်.."

"ဘာ! မင်းဘာပြောလိုက်တယ်.."

"ဟုတ်တယ် ဈေးဆိုင်ရှေ့မှာရာရှင်းသန့်လဲသွားတာတွေလို့ နေထူးကခေါ်သွားတာ..."

"အဲ့တာကြောင့် ဘယ်ကိုခေါ်သွားတာလဲလို့..."

"အရှေ့ဘက်ကမ်းကသူ့လယ်ထဲမှာ...
တဲပေါ်ထိတော့ ငါတို့အရောက်ပို့ပေးခဲ့တာ...
ပြီးတော့ ငါတို့လည်းပြန်လာခဲ့တာ.."

"ခွပ်!.."

နောင် ဒေါသနဲ့ကတုံးမျက်နှားကိုထိုးလိုက်သည်။

"အဲ့လိုလုပ်လို့ရလား...
ရာရှင်းသန့်က ယောက်ျားလေးတစ်ယောက် မင်းတို့ဒါလေးတောင်နားမလည်ဘူးလား.."

"မင်းလည်းအဲ့ယောက်ျားကိုယူထားတာပဲမဟုတ်ဘူးလား.."

"အေး ငါယူထားတာ...
သူ့မှာပိုင်ရှင်ရှိနေသိရက်နဲ့ မင်းတို့ဘာလို့အခုလိုလုပ်တာလဲ?..
အေး မနက်ဖြန်မင်းတို့အချုပ်ခန်းရောက်ဖို့သာပြင်ထား.."

ပြောပြီးတာနဲ့ ရှင်းသန့်နဲ့ကျော်ဇောတို့ ကတုံးအိမ်ကပြန်လာခဲ့သည်။ ဒီကောင်တွေ ဦးနှောက်ရော ရှိသေးရဲ့လားမသိဘူး...

တနေရာရောက်တော့ နောင်တို့ဆိုင်ကယ်ထိရပ်သွားသည်။

"ဘာဖြစ်တာလဲ? ကျော်ဇော..."

"ဆိုင်ကယ်ဆီပျက်သွားပြီကွ...
ဆိုင်ကလည်းဒီအချိန်ဖွင့်သေးမှာမဟုတ်ဘူး.."

သူတို့ကသာ ဇောနဲ့မို့ အချိန်ကိုမကြည့်ဘဲ တရွာလုံးကိုပတ်နေတာ အချိန်အားဖြင့် ၂နာရီကျော်လေပြီဖြစ်သည်။ တစ်ရွာလုံးမှာ သူတို့၂ယောက်သာအပြင်ရောက်နေသည်။ ကတုံးအရက်နာကျနေလို့လုပ်ပေးနေရတာက အချိန်တွေပိုကြာသွားခဲ့သည်။

"ငါကုန်းညောင်းလိုက်သွားမယ်...
မင်းဆီဖြည့်ပြီးမှလိုက်ခဲ့.."

"ဟာ အဲ့လိုမလုပ်ပါနဲ့ကွာ မှောင်မဲနေတာမင်းဘယ်လိုသွားမလဲ?...
ပြီးတော့ သူ့လယ်ကအဝေးကြီးလေ...
မင်းလျှောက်ရင် ၁နာရီကျော်ကျော်လောက်လျှောက်ရမှာ ခဏလေးပဲစောင့်လိုက်ပါကွာ.."

"အဲ့ခဏလေးက ဘယ်လောက်ထိစောင့်ရမှာလဲ?...
ဟိုကောင်ကခွေးကျင့်ခွေးကြံရင် ဘယ်လိုလုပ်မလဲ?.."

"မင်းထင်နေသလိုလည်း မဟုတ်ပါဘူးကွာ...
ရာရှင်းသန့်ကရော မင်းမဟုတ်တဲ့အခြားလူတစ်ယောက်ကိုလက်ခံလိုက်မယ်လို့ထင်နေတာလား.."

နောင်ဘာမှပြန်မဖြေ။ အားနည်းတဲ့ရာရှင်းသန့်ကို နေထူးမကောင်းကြံချင်ရင်အလွယ်လေးပင်။ နောင်တွေးမိလိုက်ရင်ကို အပြေးသွားလိုက်ချင်တဲ့စိတ်ကတဖွားဖွားဖြစ်ပေါ်လာသည်။

ဆိုင်ကယ်ကိုတွန်းလာပြီး ဆီရောင်းတဲ့ဆိုင်ရှေ့မှာရပ်ထားကာ ထိုနေရာမှာတင်စောင့်လိုက်သည်။ စောစောအလုပ်သွားရတဲ့လူများရှိတာကြောင့် ဆီဆိုင်ကစောစောဖွင့်တတ်သည်။

နောင်ကဇောနဲ့မို့စောင့်နေနိုင်ပေမယ့်လည်း ကျော်ဇောကတော့ ဆိုင်ကယ်ကိုခေါင်းမှီကာငိုက်နေသည်။

သူစောင့်နေရင်း ၄နာရီကျော်လာတော့ ဆိုင်တံခါးဖွင့်လာသည်။

"ကျော်ဇော ကျော်ဇောမြန်မြန်ထ...
အစ်မ ကျွန်တော်တို့ကိုဆီတစ်ဘူးအမြန်ပေးပါ..

ဆိုင်ရှင်အမက တံခါးဖွင့်လိုက်သည်နှင့် သူတို့ကိုမြင်တာကြောင့် လန့်သွားလေသည်။ သူပြောလိုက်တော့ ထိုအစ်မက အယောင်ယောင်အနနနဲ့ဆီတစ်ဘူးကို အမြန်ကမ်းပေးလာသည်။ ကျော်ဇောကပဲ ပိုက်ဆံပေးလိုက်ပြီး ဆိုင်ကယ်ကိုအမြန်မောင်းခိုင်းလိုက်သည်။

နေထူးရဲ့လယ်သို့ရောက်သည်နှင့်ဆိုင်ကယ်ကိုအမြန်ရပ်ပြီး တစ်ခုတည်းရှိတဲ့တဲဆီအမြန်ပြေးလိုက်သည်။ တံခါးကိုတွန်းဖွင့်လိုက်တော့ နေထူးပခုံးပေါ်မှီအိပ်နေတဲ့ရာရှင်းသန့်ကိုတွေ့လိုက်ရသည်။ နောင် ထိုနေရာမှာတင်ရပ်ကာ ရှင်းသန့်တို့ရပ်ကြည့်နေသည်။

အသံကြားသည်မို့ နေထူးလည်းမျက်လုံးဖွင့်ကြည့်လိုက်တော့ နောင်နောင်ဖြစ်နေသည်။

"နောင်နောင်.."

"မင်း!.."

နောင် နေထူးအနားကိုလျှောက်သွားလိုက်ပြီး နေထူးအင်္ကျီိဆုပ်ကိုင်လိုက်သည်။ နေထူးကလှုပ်သွားတာကြောင့် ရှင်းသန့်လည်း နိုးသွားလေသည်။

"နောင်.."

"ခွပ်! ခွပ်!.."

နေထူးကို၂ချက်ဆက်တိုက်ထိုးလိုက်ပြီး ကြောင်ကြည့်နေတဲ့ရှင်းသန့်လက်ကိုဆွဲကာ အပြင်ကိုခေါ်ထုတ်လာခဲ့သည်။



~~~~~~~~~~~~~~~~~~~

"မင်းပြန်တော့ ကျော်ဇော.."

"ဒေါသကိုရှေ့တန်းမတင်ပါနဲ့ကွာ..."

"မင်းပြန်လိုက်တော့.."

"အေး.."

နောင့်မျက်နှာကပုံမှန်ထက်တင်းမာနေတာကြောင့် ရှင်းသန့်ကြောက်နေမိသည်။ ကျော်ဇောကလည်း နောင်ပြန်ခိုင်းနေတာကြောင့် ပြန်သွားသည်။

"ခင်ဗျားလာခဲ့..."

"နောင် ကိုယ်ပြောတာနားထောင်ပါဦး.."

နောင်ကဘယ်လိုမှပြောမရ ရေအိုးအနားထိ ရှင်းသန့်ကိုအတင်းဆွဲကာခေါ်သွားလေသည်။

"မေမေ့! နောင် မလုပ်ပါနဲ့...
အေးတယ်နောင် မလုပ်ပါနဲ့ ရွှတ်.."

ခေါင်းပေါ်ကနေလောင်းချလာတဲ့ရေအေးအေးကြောင့် ရှင်းသန့်ကိုယ်လေးတုန်သွားသည်။ စောစောစီးစီးရေနဲ့လောင်းခံရတာကြောင့် တော်တော်လေးကိုအေးသည်။ ရှင်းသန့်တကိုယ်လုံးစိုရွှဲသွားသည်ဆိုမှ ရပ်ပေးပြီး အိမ်ထဲဝင်သွားသည်။

"ဟင့် ဟင့် ရွှတ် ရွှတ်..."

ရှင်းသန့်အနောက်ကလိုက်ဝင်သွားတော့ နောင်ကသူ့ကိုခါးထောက်ပြီး ကြည့်နေသည်။

"တော်တော်လေးကိုမှပျော်နေလို့အိပ်ပျော်ရလောက်တဲ့အထိလား...
အခြားတစ်ယောက်ရဲ့ပခုံးပေါ်မှာတောင်အိပ်ပျော်နိုင်တယ်ဆိုတော့ ဟက်!.."

"ကိုယ်ရှင်းပြတာနားထောင်ပါဦးနောင်...
ကိုယ်ဘာမှမသိပါဘူး ရွှတ်..."

"အခြားတစ်ယောက်ကဆိုင်ကယ်ပေါ်တင်သွားတာတောင်ခင်ဗျားကမသိဘူးဆိုတော့ ခင်ဗျားကဘာလုပ်နေလို့လဲ?..."

"ကိုယ်တကယ်မသိတာပါ..
ကိုယ်အိပ်ရေးမဝတော့မူးလဲသွားတာပါ တကယ်ပါ နောင် ကိုယ်ပြောတာကိုယုံပေးပါ...
ပြီးတော့ ကိုယ်နဲ့နေထူးကဘာမှမဖြစ်ပါဘူး တကယ်ပါ ရွှတ်..."

"တညလုံး၂ယောက်အတူရှိနေတာကို ဘာမှမဖြစ်ခဲ့ပါဘူးဆိုတော့ ကျုပ်ကယုံပေးရမှာလား..."

သွားပြီ နောင်သူ့ကိုလုံးဝမယုံတော့ဘူး...
သူဘယ်လိုပြောပြောနောင်ယုံမှာမဟုတ်ဘူး..

"ခင်ဗျားဘာလို့ထပ်မပြောတာလဲ?..
ခင်ဗျားတို့ဘာမှမဖြစ်ခဲ့ပါဘူးလို့ ထပ်ပြောလေ ဘာလို့မပြောတာလဲ?.."

နောင်ကသူ့ပခုံးကိုကိုင်လှုပ်ပြီးမေးလာသည်။

"ကိုယ်ထပ်ပြောရင်ရော နောင်ကယုံပေးမှာလား...
နောင့်ဘက်ကကိုယ့်ကိုမယုံကြည်မှတော့ ကိုယ်ကဘယ်လိုဆက်ပြောရမှာလဲ?.."

"မပြောနဲ့ ခင်ဗျားဘယ်လိုမှမပြောနဲ့...
တညလုံးမအိပ်ဘဲ လိုက်ရှာနေမိတဲ့ကျုပ်ကိုကမှားတာ..."

ပြောပြီး နောင်ကအခန်းထဲဝင်သွားသည်။ ရှင်းသန့်ရပ်နေတဲ့နေရာမှာတင် ထိုင်ချလိုက်သည်။ တကိုယ်လုံးစိုရွှဲနေပေမယ့်လည်း ရှင်းသန့်မလဲချင်တော့။ ဒူးပေါ်မျက်နှာအပ်ပြီးသာ ငိုနေမိသည်။ သူ့ကို နောင်က ဘာလို့မယုံကြည်ရတာလဲ?..
သူကိုယ်တိုင်က နောင်အယုံအကြည့်မရှိအောင် အနေအထိုင်မဆင်ခြင်ခဲ့မိတာလား...





_____________________________________________________________

မနက်ဖြန် no update💙

8.7.2021

💙Chel💙

Fortsæt med at læse

You'll Also Like

2.8M 394K 129
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတ...
276K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
3.5M 282K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
2.7M 73.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...