Never Stop

By LilyShweAein

8.8K 432 54

နွေးထွေးမှုဆိုတဲ့အရာကို မင်းနဲ့မှခံစားတတ်ပြီး နာကျင်မှုဆိုတာကိုလည်းမင်းနဲ့မှ ခံစားတတ်လာတယ် ဝမ်... ... More

(အပိုင်း ၁) Unicode
(အပိုင်း၁) Zawgyi
(အပိုင်း၂) Unicode
(အပိုင်း ၂) Zawgyi
(အပိုင်း ၃) Unicode
(အပိုင်း ၃) Zawgyi
(အပိုင်း ၄) Unicode
(အပိုင်း ၄) Zawgyi
(အပိုင်း ၅) Unicode
(အပိုင်း ၅) Zawgyi
(အပိုင်း ၆) Unicode
(အပိုင်း ၆) Zawgyi
(အပိုင်း ၇) Unicode 🚨
(အပိုင်း ၇) Zawgyi 🚨
(အပိုင်း ၈) Unicode
(အပိုင်း ၈) Zawgyi
(အပိုင်း ၉) Unicode
(အပိုင်း ၉) Zawgyi
(အပိုင်း ၁၀) Zawgyi

(အပိုင်း ၁၀) Unicode

387 25 5
By LilyShweAein

"Never Stop"

(အပိုင်း ၁၀)

Unicode

ချင်းမေသည် အရှင့်အား အခွင့်အရေးပေးခဲ့သော်လည်း အရှင်က သူ့ကိုငြင်းခဲ့သည်မလား။ သူ၏ နောက်ဆုံးလက်နက်ကိုထုတ်သုံးရပြီလေ ။ အရှင်၏ဖြစ်တည်မှုကိုမသိစေလိုသော်လည်း ထိုကောင်လေးမရှိမှသာ သူမ အရှင့်ကိုပိုင်ဆိုင်နိုင်မည်မလား။ ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် ဝမ်တိုင်းပြည်၏ မင်းကြီးထံသို့ ထွက်လာခဲ့သည်။

"သတင်းပေးစရာရှိလို့ပါ မင်းကြီး"
"ဘာသတင်းလဲ"
"မင်းကြီးရှာနေတဲ့လူဘယ်မှာရှိမှန်း ချင်းမေသိပါတယ် "
"အဟက် မင်းက ငါ့ကို လာနောက်နေတာလား မင်းလိမ်ပြောတာလဲဖြစ်နိုင်တာပဲ ရှေးဖြစ်ဟောကိန်းကို တစ်တိုင်းပြည်လုံးသိနေတာပဲ မင်းက ဘာသက်သေရှိလို့လဲ"
"သက်သေရှိပါတယ် မင်းကြီး"
"ဇာတ်လမ်းဆင်ပြီးပြောဦးမို့လား"
"ဒါဆို ဇာတ်လမ်းမဟုတ်တဲ့တကယ့်အဖြစ်ပျက်လေးကော နားထောင်မလား"
"............."
"အိမ်ရှေ့စံဝမ်ကို သတ်ရောသတ်ဖြစ်ခဲ့ရဲ့လား"
"ဘာ....ဒီကိစ္စကို မင်းကဘယ်လိုလုပ်"
"အိမ်ရှေ့စံ အသက်မသေပါဘူး ဒါမှမဟုတ် နန်းတင်ပွဲအပြီးညလုပ်ကြံခံရတာဆိုတော့ အရှင် လို့ သုံးနှုန်းရမလား မင်းကြီး"
"မင်း...." ဝမ်မင်ဟုန်လက်၍ကိုင်ထားသော ခွက်လေးသည် ကြမ်းပြင်ပေါ်၌ တစ်ပိုင်းတစ်စစီနေရာယူလေပြီ။

"ချင်းမေ ပြောတာမဟုတ်လို့လား မင်းကြီး နန်းတတ်ပွဲအပြီးညမှာပဲလုပ်ကြံခံလိုက်ရတော့ အိမ်ရှေ့စံလို့မခေါ်ပဲ အရှင်လို့ပြောင်းခေါ်ရမှာပေါ့"
"မင်း ဘယ်သူလဲ ဒီအကြောင်းတွေကိုဘယ်လိုလုပ်ပြီးသိနေတာလဲ"
"မလောပါနဲ့ မင်းကြီး၊ ရှင်းမေကပြောပြမှာပါ"
"........."
"ရှင်မေက သာမန်အိမ်တော်က လူပါပဲ ဘာထူးထူးခြားခြားမှမဟုတ်ပါဘူး ထူးခြားတာကတော့ နေတဲ့နေရာက အရှင့်ဘေးမှာဖြစ်နေတာလေးပါပဲ"
"ဘာ......"
"ရှင်းရှင်းပြောရရင် လုပ်ကြံခံရတုန်းကလွတ်လာပြီး ချင်မေတို့မိသားစုကကယ်ပေးထားတာပါ ချင်းမေက အရှင့်ရဲ့လူယုံဆိုလည်းမမှားပါဘူး အရှင်က အငုန်လုံးကိုပြောပြထားပါတယ် "

အမှန်ပင်က သူမကိုဘာမှပြောပြထားခြင်းမရှိ။ ဦးလေးကျိုးနှင့်ပြောဆိုခဲ့သည်ကိုပဲတစ်စွန်းတစ်စကြားခဲ့သည်သာ နောက်ပိုင်းလုပ်ကြံခံရသည့် အိမ်ရှေ့စံဟုပဲသိကာ အာဏာပြန်ရဖို့ စီစဥ်နေတဲ့တပ်စုကြီး၌ခေါင်းဆောင်နေသည့်အရှင်။

"ဒါဆို သူ..သူမသေဘူးပေါ့ ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ မင်းလာမလိမ်နဲ့ မယ်တော်ကိုယ်တိုင်အလောင်းကိုစစ်ခဲ့တာ မဖြစ်နိုင်တာ"
"အလောင်းရဲ့ ဘယ်ဘက်လက်ညှိုးမှာ ဝတ်ထားတဲ့လက်စွပ်ကြောင့် အရှင်ဆိုပြီးအတည်ပြုလိုက်တာတော့ မဟုတ်ဘူးမလား"
"မင်း..."
"စကားဆုံးအောင်နားထောင်ပါဦး အမှန်တော့ အဲ့အလောင်းကအတုပါ   ဓားချက်ရာတွေထပ်နေတဲ့ အရှင်တူတဲ့နဲ့ရွယ်တူအလောင်းတစ်လောင်းကို အရှင့်အဝတ်အစားနဲ့ ဝတ်လေ့ရှိတဲ့လက်စွပ်ဝတ်ပေးပြီးအစားထိုးလဲလိုက်ရုံပါပဲ"
"သူမသေဘူးပဲ ဟောကိန်းကမှန်လာပြီ"
"မှန်ပါတယ်အရှင် အဲ့ဒါကြောင့် မင်းကြီးရှာနေတဲ့လူကို အမြန်ရှာတွေ့မှရမှာပါ အဲ့လူကိုတွေ့ရင်ပြောင်းလဲလို့ရပါတယ အဲ့တာဆို အရှင်အသက်ရှင်နေလည်း ထီးနန်းကိုပြန်ယူနိုင်မှာမဟုတ်ပါဘူး"
"အင်း မင်းပြောတာမှန်တယ် အဲ့လူဘယ်မှာလဲ"
"အခု အရှင်နဲ့အတူရှိပါတယ်"
"ဘယ်နေရာမှာလဲ"
"ဝမ်တိုင်းပြည် နဲ့ ချင်းတိုင်းပြည်ကို ဆက်ထားတဲ့ နယ်နိမိတ်အစွန်က ချိုင့်ဝှမ်းထဲမှာပါ ဘယ်သူမှအဲ့နေရာကိုမလာမှန်းသိလို့ အရှင်ကိုယ်တိုင် စခန်းချဖို့ရွေးထားတာ"
(အေး အဲ့မှာအကုန်ပြောပြနေလိုက်)
"ငါ အဲ့လူကို ရမှဖြစ်မယ်"
"စိတ်မပူပါနဲ့ မင်းကြီး ချင်းမေ ရောက်အောင် ခေါ်လာပေးပါမယ်"
"မင်းက ငါ့ကိုဘာလို့ ကူညီပေးနေရတာလဲ"
"အရှင့်နားမှာ အဲ့လူကိုမရှိစေချင်လို့ပါ အဲ့လူကို မင်းကြီး ဘာပဲလုပ်လုပ် အရှင့်ကို မထိခိုက်စေပါနဲ့ အဲ့တာကိုသဘောတူနိုင်ရင် ချင်းမေ အဲ့လူကိုရအောင်ခေါ်လာပေးပါမယ်"
"ကောင်းပြီ သူ ငါ့လက်ထဲရောက်ရင် ရပြီ"
"ဟုတ်ကဲ့ပါ ဒါဆို ရှင်းမေ ပြန်ပါတော့မယ်"
"ဒါနဲ့ မင်းက သူ့ကိုဘယ်လိုခေါ်လာမှာလဲ"
"အနီးကပ်ဆုံးလူကရန်သူဆိုတာ မင်းကြီးကြားဖူးမှာပါ အရှင့်ရဲ့ယုံကြည်ရတဲ့လူထဲမှာ ချင်းမေပါခဲ့ဖူးပါတယ် သူ့ကြောင့်အဲ့အရာတွေကပျက်စီးခဲ့ပေမယ့် သေချာပေါက် အဲ့လူကို အရှင့်နားမှာမရှိအောင် ဆွဲခွာရမှာပဲ နောက်နေ့ချင်းမေထပ်လာခဲ့ပါမယ် ဘယ်နေ့အကြံအစည်အကောင်အထည်ဖော်မလဲဆိုတာပါ ပြောပါမယ်
မင်းကြီး "
"ကောင်းပြီ မင်းကိုယုံလိုက်မယ်"
"စိတ်ချပါ မင်းကြီး"

မုန်တိုင်းလာမည်ကို မသိနှင့်လေသည့်လူနှစ်ယောက်၏ ကံကြမ္မာကတော့ ရက်စက်တော့မည်မလား။ ကံကပြောင်းလဲမရပေ။ သတ်မှတ်ထားသည်ဇတ်ကြောင်းအတိုင်း က ရမည်မလား။ ဝေးကွာမလား။ နီးစပ်မလား။ ကျိန်းသေတော့ ပျော်ရွှင်စရာအဆုံးအသတ်မဖြစ်နိုင်ချေ။ နေရာမတူ အခြေအနေမတူမှလာသည့် လူနှစ်ယောက်အဖို့ လေပြင်းများကျရောက်လာတော့မည်မလား။
..................................................

ဒိအပိုင်းမှာ ကျန့်ကျန့်နဲ့ရိပေါ်အကြောင်း မပါလိုက်ပါဘူးနော်။ နောက်အပိုင်းကျရင် ဇာတ်ကြောင်းကို ရှင်းပေးတော့မှာပါ။ နောက်ကြောင်းပြန်ပေးမှာပါ။ အဲ့ကျရင် ဇာတ်လမ်းကိုအားလုံးနားလည်သွားမယ်လို့ထင်ပါတယ်။ တသ်ခုအထင်မှားမယ်ထင်လို့ ရှင်းပြပါမယ်နော်။ ဒီ fic အမျိုးအစားလေးက timetravel ကော Reborn ကော မဟုတ်ပါ ဘူးနော်။ magic ဘက်ကိုရောက်ပါတယ်။ (အပိုင်း ၁)ကိုသေချာဖတ်ကြည့်ရင် သိပါလိမ့်မယ်နော်။ ကျန့်ကျန့်က လောကနှစ်ခုကိုခြားထားတဲ့ အပေါက်ထဲကိုကျသွားတာပါ ။ ဟိုဘက်ဒီဘက်က ပြိုင်ပြီးဖြစ်နေတာပါ ။ Time travel မဟုတ်ပါဘူးနော်။ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် ကြိုက်ပေးကြလို့လည်းတကယ်ကျေးဇူးတင်ပါတယ် ❤

aeintchitmay_8515bx.
7.7.2021

Continue Reading

You'll Also Like

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
794K 23.5K 63
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
413K 23.4K 42
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1M 48.6K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...