JaeWoo ๐Ÿ’• One Shot โ˜˜5th pres...

By Ueno_Zeus

696 42 4

JaeWoo ๐Ÿ’• One Shot โ˜˜ More

One Shot

696 42 4
By Ueno_Zeus

☘ Dream Cafe' ☘

ဒီနေ့ကျွန်တော် ရုံးသွားဖို့ Bus ကားမှတ်တိုင်ကို ၅မိနစ် စောရောက်နေခြင်း ဖြစ်သည်။ ခဏစောင့်ပြီးသည်နှင့် ကျွန်တော် စီးရမယ့် Bus ကား ရောက်လာပြီ ဖြစ်တာ ကြောင့် ကျွန်တော် ကျောပိုးလွယ်အိတ်ကို သေခြာ ပြင်လွယ်လိုက်ပြီး ကားပေါ်တက်ရန် ပြင်လိုက်သည် ။

ကားပေါ်ရောက်သည်နှင့် ကဒ်ဖြင့်ကားခ ရှင်းပြီး ကားထဲတစ်ချက် ဝှေ့ကြည့်လိုက်သည်။ကားတစ်စီးလုံးတွင် အလယ်တနေရာနှင့် နောက်ဆုံးတန်းသာ ခုံက လွတ်တာကြောင့်ကျွန်တော် အလယ်ခုံကိုရွေးဖို့ ဆုံးဖြတ်လိုက်ပြီး ထိုခုံနားသို့ လျှောက်သွားလိုက်သည်။  ခုံအလွတ်နားရောက်မှ ထိုခုံဘေးတွဲခုံမှာ ကောင်လေးတစ်ယောက် ထိုင်နေတာကို တွေ့တာကြောင့် နောက်တန်းကို သွားဖို့လုပ်ပေမယ့်
ထိုကောင်လေးက အပြုံးချိုချိုလေးဖြင့် ခေါင်းလေးငြိမ့်ပြတာကြောင့် ကျွန်တော် ထိုကောင်လေးဘေးတွင်သာ
ဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

မှတ်တိုင်မှ စထွက်ကတည်းက ကျွန်တော်ရော ထိုကောင်လေးရော စကားမပြောဖြစ်ကြ၊ စ ထိုင်တုန်းက ကောင်လေးပြုံးပြတဲ့ အပြုံးလေးရယ် ကျွန်တော်ပြန်ပြုံးပြတဲ့ အပြုံးလေးရယ်ကသာပထမဆုံးနဲ့နောက်ဆုံးဖြစ်သွားခဲ့သည်။

နောက် ဆယ်မိနစ်လောက်နေတော့ ကျွန်တော်ဆင်းမယ့်မှတ်တိုင် ရောက်လာတာကြောင့် ကျွန်တော် ဘေးက ခလုတ်လေးကို လှမ်းနှိပ်ပြီး ၊ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ ပြတင်းပေါက်မှန်ဘက် ငေးနေသော ကောင်လေးက
ကျွန်တော် ခလုတ်နှိပ်ခါမှ သတိထားမိဟန်ရှိပြီး ကျွန်တော့်ကို စကားချိုအေးအေးလေးဖြင့် ပြောလာသည်။

"အဲ့ဒီ့ဘက်က ​ရှေ့မှတ်တိုင်ဆို ဆင်းတော့မှာလား" တဲ့

ကျွန်တော်လည်း အရင်ထဲက စကားနဲတဲ့သူအလျှောက် ခေါင်းသာအသာငြိမ့်ပြပြီး  "အင်း" တစ်လုံးကိုသာ အတတ်နိုင်ဆုံး ဖြေပေးကာ ကားရပ်သွားတာကြောင့် ဆင်းလိုက်သည်။

ရုံးရောက်ပြီး ရုံးစားပွဲမှာထိုင်ချလိုက်ကာ ကျောပိုးအိတ်ရဲ့ ဘေးအိတ်လေးကို လက်နှိုက်ကာ ထည့်ထားနေကျ ဘူးလေးတစ်ဗူးကို စမ်းတော့ အိတ်ထဲ မရှိတော့ .....

"ဟာ...ကွာ အစောန မှတ်တိုင်မှာအထိ ပါသေးတာကို"

ကျွန်တော်ညည်းညူနေတာကို ကြည့်ရင်း စီနီယာအကို Doyoung ကသတိထားမိပြီး လှမ်းမေးသည်။

"Jae ဘာဖြစ်တာလည်း "

"ညက လုပ်ထားတဲ့ Project ကို Memory cards ထဲထည့်ခဲ့တာ အဲ့ Card က ဒီအိတ်ထဲထည့်ထားတာလေ အဲ့တာ ပျောက်သွားလို့ "

"အဲ့ဒါ မင်းဒီနေ့ အပြီးတင်ပြရမှာတွေနော် ဘယ်လိုလုပ်မှာလည်း သွားပြန်ရှာမှာလား "

ကျွန်တော်ထူပူသွားသည်

"Card အပိုကတော့ တိုက်ခန်းမှာရှိတယ် ကျွန်တော်ခန ပြန်ယူမှာမို့လို့ အကို Doyoung က ရုံးခန်းထဲမှာ ကြည့်ပြောထားပေးမလား ကျွန်​တော် အမြန််ပြန်ယူလိုက်မယ် "

"အင်း...အဲ့ဒါဆိုလည်း အဲ့လိုလုပ်လိုက် ငါအစည်းအဝေးမှာ ကြည့်ပြောထားလိုက်မယ် အမြန်တော့ပြန်လာ Taxi စီးသွားလိုက် "

"ဟုတ် ကျေးဇူးတင်ပါတယ် စီနီယာ "

ကျွန်တော့် ဌာနထဲကနေ ဖုန်းသာကောက်ယူပြီး ပြေးထွက်လာခဲ့သည်။ ရုံးခန်းက တတိယမြှောက်ထပ်မှာ ရှိတာကြောင့်
ဓာတ်လှေကားက စီးရသေးသည်။ ရုံးချိန်ဖြစ်တာကြောင့် ဓာတ်လှေကား အားလုံးက အလွတ်တွေသာ ဖြစ်နေတာ​ တော်သေးသည်။

မြေညီထပ်ရောက်တော့ ဓာတ်လှေကား တံခါးက ပွင့်သွားသည်။ထူးခြားတာက ပွင့်သွားတဲ့ တံခါးရှေ့တည့်တည့်မှာ ခုနက Bus ကား အတူ စီးခဲ့တဲ့ ​ ကောင်လေးက
ရပ်နေခြင်းကြောင့်ဖြစ်သည်။

ကျွန်တော် ဓာတ်လှေကားထဲက ထွက်ပြီး ထိုကောင်လေး ​ရှေ့ကို ပိတ်ရပ်လိုက်သည်။ ကောင်လေးက နောက်လည်း မဆုတ်သလို ​ဘေးလဲရွှေ့မနေခဲ့ပါ။ လက်ထဲက ဗူးလေးကိုပြရင်းသာ စကားဆိုလာသည်။

"ဟိုလေ ဒီကအကို.....  အစောနက ကားပေါ်က ဆင်းတော့လေဒါလေး ကျနေခဲ့လို့ ကျွန်တော် နောက်က လိုက်သေတယ် လမ်းမှာသူငယ်ချင်းတစ်ယောက်နဲ့ ဝင်တိုက်မိတာကြောင့်စကားပြောနေရင်း  အကို့ကို လှမ်းမြင်လိုက်ပေမယ့် လိုက်လာတာ နောက်ကျသွားတာပါ ဒီဗူးလေးကို ဒီတိုင်းထင်လို့ ဖွင့်ကြည့်တော့မှMemory card ဖြစ်နေတာကြောင့်လေ အရေးကြီးမယ်ထင်လို့ "

ကောင်လေးလက်ထဲက ဗူးလေးကို လှမ်းယူရင်း ကျွန်တော် ကောင်လေးကို တစ်ချက်ကြည့်ပြီး သိချင်စိတ်နဲ့မေးမိသည်။

"နာမည်ဘယ်လိုခေါ်လည်း "

" ဗျာ "

" အဲ့ဒီ့ဘက်ကညီလေး ​နာမည်ဘယ်လိုခေါ်လည်းလို့
ကိုယ့်နာမည်က Jeong Jaehyun
ဒီ ကုမ္ပဏီမှာ အလုပ်လုပ်တာပါ   "

"ကျွန်တော့်နာမည် က Kim JungWoo ပါ
ရှေ့တစ်လမ်းကျော်က  Coffee ဆိုင်မှာ
အချိန်ပိုင်း အလုပ်လုပ်ပါတယ်   "

"ဆိုင်နာမည်ကရော "

"ဗျာ  "

ဒီတစ်ခါထိုကောင်လေးက မျက်လုံးလေးပါ ပြူးလာတာကြောင့် ကျွန်တော်တစ်ချက် သွားတွေပေါ်အောင်ရယ်လိုက်မိသည်။

"တခြားမဟုတ်ပါဘူး ကိုယ် Jungwoo ကို ​ကျေးဇူးတင်တဲ့အနေနဲ့ တစ်ရက်လောက် ဆိုင်မှာ လာအားပေးမလို့ပါ "

" မဟုတ်တာ ဒီတိုင်း ကြုံရင်တော့ ဝင်ခဲ့ပါ ကျွန်တော်အလုပ်လုပ်တဲ့ဆိုင်က Dream Cafe ပါ"

"အင်း ညနေ ကိုယ်ဝင်ခဲ့ပါမယ် အခုတော့ အစည်းဝေးရှိလို့ ပြန်လိုက်မပို့နိုင်တာ အားနာပါတယ် Card လေးတကူး တက ပြန်လိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဒါက ကျွန်တော့်အတွက်တကယ်အရေးကြီးတဲ့ပစ္စည်းလေး တကယ်စိတ်ရင်းနဲ့ထပ်ကျေးဇူးတင်ပါတယ်  JungWoo shi "

"ဟုတ် ရပါတယ် ဒါဆို ကျွန်တော်လည်းသွားလိုက်ပါအုံးမယ် "

ကျွန်တော်ထိုကောင်လေးကို နှုတ်ဆက်ပြီး ပြန်တက်လာကာ အစည်းအဝေး တက်၍ မှီလိုက်သည်။ ထိုကောင်လေးကျေးဇူးကြောင့် ကျွန်တော် အဆင်ပြေသွားတာ ဖြစ်သည်။

ညနေရုံးဆင်းလျှင် သေခြာပေါက် ထိုကောင်လေး အလုပ်လုပ်နေတဲ့ Coffee ဆိုင်သွားဖို့သာ တွေးလိုက်သည်။

"Jae တို့များ အဆင်ပြေလိုက်တာ စားပွဲပေါ်လက်ထောက်ပြီး ပြုံးနေတာများ မှိုရလာတဲ့အတိုင်းပဲ "

ဘေးက စီနီယာအမက စနောက်နေတာကြောင့် ကိုယ့်လည်ဂုတ်ကိုသာ ပွတ်လိုက်မိသည်။

ညနေရုံးဆင်းချိန်ရောက်တော့  အားလုံးက အိမ်ပြန်ဖို့  ကားမှတ်တိုင်မှာ စောင့်နေကြပေမယ့် ကျွန်တော်ကတော့ ထိုကောင်လေးကို တွေ့ဖို့အားသန်နေတာကြောင့် Taxi ဖြင့်သာ
ထိုကောင်လေးဆီကို ဦးတည်လိုက်သည်။

လူပျိုကြီးဖြစ်တဲ့အလျှောက် ပိုက်ဆံကိုလည်း ရရင် ရလို စုတတ်တဲ့ ကျွန်တော်ဟာ Kim JungWoo ဆိုတဲ့ကောင်လေးကြောင့် ပထမဆုံး Taxi ကို စီးမိသွားပြီဖြစ်သည်။

"​လူလေးပြောတဲ့ Dream Cafe ရောက်ပါပြီ"

"ဟုတ် ကျေးဇူးတင်ပါတယ် ဦးလေးကြီး "

JungWoo အချိန်ပိုင်း အလုပ်လုပ်တယ်ဆိုတဲ့ Cafe ဆိုင်လေးဟာ တကယ်ကို အဆင့်တန်းမြင့်မြင့်လေးဖြစ်သည်။

ဖန်ထည်ပတ်ခြာလည်ကာရံထားသည့် အထဲမှ ဝါကျင့်ကျင့် မီးရောင်မှိန်ပြပြလေးဟာ ဆိုင်ကို အလွန် ခန့်ထည်နေစေပါသည်။

ညနေခင်းပိုင်းဖြစ်တာကြောင့် ဆိုင်ရဲ့ View လေးဟာလည်းအတော်ကို လှသည် နူးညံ့သည်ဟုခံစားမိသည်။

ဆိုင်ထဲဝင်လိုက်ပြီး လူရှင်းတဲ့ သုံးဝိုင်းလောက်ထဲမှ ထောင့်ကျတဲ့စားပွဲလေးကို ရွေးလိုက်သည်။

မျက်လုံးကလဲ ဆိုင်ကောင်တာမှာရှိတဲ့ ဆိုင်ဝန်ထမ်း အားလုံးကို ဝေ့ကြည့်လိုက်သည်။ Menu card ကိုင်လာတဲ့ကောင်မလေးဟာ ကျွန်တော့်စားပွဲသို့ လျှောက်လာသည်။Menu Card ကိုတရိုတသေပေးပြီး ဘေး၌ရပ်စောင့်နေသည်။ အဆင်ပြေမယ့် Cafe နှင့် မုန့်ကို ရွေးပြီး မှာကာ Menu card လေးကိုပြန်ပေးလိုက်သည် တစ်ချက် ကောင်တာကို ရော Waiter လေးတွေကိုရော ထပ်ကြည့်လိုက်သည်။ တကယ်ကို မတွေ့ပါ တစ်ယောက်ယောက်ကို မေးရန်လည်း အဆင်မပြေလောက်မှာဆိုးတာကြောင့် မေးမထွက်ဖြစ်နေသည်။

" ဖုန်းနံပါတ်လေးတောင်းလိုက်ရမှာ "

မတင်မကျခံစားချက်တွေကြောင့် စိတ်မကြည် ဖြစ်သွားရသည်။

ဖုန်းထုတ်သုံးနေရင်း လာချမယ့် အစားအစာကိုသာ စိတ်ပျက်စွာ ထိုင်စောင့်နေမိသည်။

"မှာထားတာတွေ ရပါပြီ ကောင်းကောင်းသုံးဆောင်.....
အာ....မနက်က အကိုပဲ "

ဝမ်းသာသွားရသည်။ပြုံးကြည့်နေတဲ့ထိုကောင်လေးရဲ့
အပြုံးလေးတွေ အေးချမ်းမှုလေးတွေကြောင့် တကယ်ကို ဝမ်းသာပျော်ရွှင်သွားရသည်။ ရင်ထဲ ဘာမှန်းမသိတဲ့ ခံစားချက်တွေ ဖြစ်ထွန်းနေတာဖြစ်သည်။

နွေးထွေးပါသည်။
ရင်ခုန်ပါသည်။
ကြည်နူးရပါသည်။

တကယ်ကို သုံးကြိမ်တွေ့ရုံလေး နှင့် ကျွန်တော် ဒီကောင်လေးကို လွန်လွန်ကျူးကျူး မြတ်နိုးနေမိပြီ ဖြစ်ပါသည်။

#JaeWoo 💞

Continue Reading

You'll Also Like

401K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
2.8K 71 31
It's Ladrien June!!!! You know the drill! Prompts have been pre-determined and (somewhat) original!
18.6K 1.6K 34
๐Ÿ’› ChanSoo ๐Ÿ’› แ€’แ€ฎ ficแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€กแ€แ€ฏแ€™แ€พ แ€…แ€›แ€ฑแ€ธแ€แ€ฌแ€™แ€ญแ€ฏแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ฑแ€ฌแ€„แ€บแ€ธ แ€™แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ฑแ€ฌแ€„แ€บแ€ธ แ€žแ€Šแ€บแ€ธแ€แ€ถแ€–แ€แ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซแ€”แ€ฑแ€ฌแ€บ๐Ÿ˜˜
582K 21.2K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...