盗墓笔记 (Daomu biji) Volume 1,2,3

By LittleMoon38

39.4K 4.9K 398

Nanpai Sanshu 盗墓笔记 (Daomu biji) Novel Myanmar translation Iron-trangle(Trickly bromance🚨 Not BL🚨) More

ဇတ္ေကာင္မိတ္ဆက္
Chapter 1. လြန္ခဲ့ေသာႏွစ္ ၅၀ ခန္႔က
Chapter 2:ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ႏွစ္၅၀ ၾကာၿပီးေနာက္
Chapter 3 ဘုရင္လု၇စင္ၾကယ္နန္ေတာ္ ကြားဇီ ဘံုေက်ာင္း
Chapter 4: ဘုရင္လု၇စင္ၾကယ္နန္းေတာ္
Chapter 5: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ေရလမ္းေၾကာင္းသြားျခင္း
Chapter 6: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ေရလမ္းထဲကအႏၱရာယ္
Chapter 7: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ေခါင္းျပတ္၁၀၀ ထက္ပို၍ေတြ႔႐ွိျခင္း
Chapter 8: လုဘုရင္ခုႏွစ္စင္ၾကယ္နန္းေတာ္
Chapter 9: လုဘုရင္၇စင္ၾကယ္နန္းေတာ္​ေရာက္႐ွိျခင္း
Chapter 10: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ အရိပ္မ်ားထြက္ေပါလာျခင္း
Chapter 11: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ၇စင္ၾကယ္ေခါင္းတလားမ်ား
Chapter 12: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ တံခါးေပါက္မ်ား
Chapter 13: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ လ်ိဳ႕ဝွက္ကုတ္နံပါတ္02200059
Chapter 14: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ မ်က္ႏွာေသတစ္ေယာက္ထူးျခားျခင္း
Chapter 15:ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ေလလည္မိျခင္း
Chapter 16: ဘုရင္လု၇စင္ၾကယ္နန္း​ေတာ္ လက္​ေသး​ေသးေလး
Chapter 17:ဘုရင္လု၇စင္ၾကယ္နန္း​ေတာ္ တြင္းေပါက္တစ္ခုတူးမိျခင္း
Chapter 18: ဘုရင္လု၇စင္ၾကယ္နန္း​ေတာ္ ေျမေခြးမ်က္ႏွာဖံုး
Chapter 19: ဘုရင္လု ၇စင္ၾကယ္နန္းေတာ္ အမ်ိဳးသမီးအေလာင္း
Chapter 20: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ ပါးစပ္ထဲမွေသာ့
Chapter 21: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ မ်က္လံုးျပာေျမေခြးပံုရိပ္ေယာင္
Chapter 22: ဘုရင္လု၇စင္ၾကယ္နန္းေတာ္ Ye Chongbao Letter
Chapter 23: အညိဳေရာင္ ေခါင္းတလား
Chapter 24: လုဘုရင္အေလာင္းေတြၿပီ
Chapter 25: ေက်ာက္စိမ္းလက္ရာ
Chapter 26: ခရမ္းေရာက္ေက်ာက္စိမ္းေသတၱာ
Chapter 27: ဘုရင္လု၏မုသားမ်ား
Chapter 28: မီးေလာင္ၿမိဳက္ျခင္း
Chapter 29: ခရမ္းေရာင္ေသတၱာ
Chapter 30: ေႁမြမ်က္ခံုးငါးေၾကး႐ုပ္
Chapter 31: ေရေအာက္သခ်ိဳင္းနံရံ
Chapter 32: ေလျပင္းမုန္တိုင္း
Chapter 33: ပင္လယ္တေစၦ
Chapter 34: ဓာတ္ပံုေဟာင္း
Chapter 35: ဦးေလး၃ ေပ်ာက္ေနတယ္
Chapter 36: နင္သခင္မေလး
Chapter 37: ပင္လယ္ျပင္ရဲ႕ေဒါသ
Chapter 38: တေစၦသေဘၤာ
Chapter 39: ေျခာက္ကပ္ျခင္းလက္တစ္စံု
Chapter 40: ႏိႈက္႐ႈိင္းေသာကုန္းပတ္
Chapter 41: ဦးေလး၃ရဲ႕အလိမ္အညာမ်ား
Chapter 42 ပင္လယ္ေမ်ာက္
Chapter 43: ယံု႐ွင္းကြၽန္း
Chapter 44: ဖက္တီး
Chapter 45: ေဆြးေႏြးပြဲ
Chapter 46: ဆံပင္
Chapter 47: သခ်ိဳင္းထဲမွာကေလး႐ွိတယ္
Chapter 48:သခ်ိဳင္းထဲကေႂကြထည္အိုး
Chapter 49: ေက်ာက္လမ္းၾကား
Chapter 50: ၾကားဖူးျမႇား
Chapter 51 ပထမဆံုးေျဖ႐ွင္းခ်က္
Chapter 52: ျပႆနာဆက္လက္ေျဖ႐ွင္းမယ္
Chapter 53 ေခါင္းတလားဖြင့္မယ္
Chapter 54 ရန္ခ်ိ ျမႇဳပ္ႏွံမႈ
Fan Facts
Chapter 55 ခရားေပၚကေဆးေရးပန္းခ်ီ
Chapter 56 ဝမ့္က်န္႔ဟိုင္
Chapter 57: မိုးေခါင္နတ္ဘုရား
Chapter 58 ေက်ာက္ေလွကား
Chapter 59 ေရကန္ေအာက္ေျခ
Chapter 60 လြန္ခဲ့ေသာႏွစ္၂၀
Chapter 61 ခ်ီမန္သြမ့္က်ာ
Chapter 62 ႐ွင္သန္ျခင္းတံခါး(ဘဝတံခါး)
Chapter 63 လ်န္ဟြမ္
Chapter 64 ေသြး
Chapter 65 လြတ္လမ္း
Photo time
Chapter 67 တားျမစ္မိန္းမပ်ိဳ
Chapter 68 အနီးကပ္တိုက္ပြဲ
Chapter 69 နံရံေပၚကအေပါက္
Chapter 70 သႏၱာသစ္ပင္
Chapter 71 ေဘးက်ပ္နံက်ပ္
8 1 7道了 十五周年快乐
Chapter 72 ေပါက္ကြဲပစၥည္း
Chapter 73 နံရံကြာက်မႈ
Chapter 74 လြတ္လမ္း
Chapter 75 အႏွစ္ခ်ဳပ္ေတာ့
Chapter 76 ​ေထာင္ကထြက္လာသည့္ေလာင္ယန္(Part 1)
Chapter 76 (Part 2)
Chapter 77 (Part 1)
Chapter 77 (Part 2)
Chapter 78 ေျခရာခံ
I am really really sorry
Chapter 79 ဆက္လက္ေျခရာခံျခင္း
Chapter 80 ခိုးနားေထာင္မည္ Part 1
Chapter 82 ခိုးနားေထာင္မည္ Part 2
Chapter 83 တူးေဖာ္ျခင္း
Chapter 84 က်ာ့ဇစ္ကုန္း
Chapter 85 ေမ်ာက္
Chapter 86 ေက်ာက္တုံးလူ
Chapter 87 ေရခူငါး

Chapter 66 တြင္းေပါက္

177 28 3
By LittleMoon38

Zawgyi

တြင္းေပါက္

သူကြၽန္ေတာ္ကိုေျပာေတာ့ကြၽန္ေတာ္ထသြားဖို႔ျပင္ေနၿပီ သို႔ေပမယ့္ သူေျပာတာၾကားေတာ့ ကြၽန္ေတာ္လည္ပင္း​ကိုပြတ္ၾကည့္မိတယ္။ကြၽန္​ေတာ္အရမ္း႐ႈပ္​ေထြး​ေနတာ​ေၾကာင့္​ေရာ လန္႔ေနခဲ့တာေၾကာင့္ အဲ့တာကိုသတိမထားမိဘူး။ေျပာရရင္ ကြၽန္ေတာ္ဟိုလမ္းၾကားထဲမွာတုန္းက ၾကာဖူးမွ်ားနဲ႔ထိမိတဲ့ေနရာတစ္ဝိုက္မွာယားယံမႈကိုေတာ့ခံစားရေသးတယ္။ဒါေပမယ့္ ခဏတာယားယံမႈသာခံစားရတာျဖစ္ၿပီး သူ႔အလိုလိုေပ်ာက္သြားခဲ့တယ္ေလ။ကြၽန္ေတာ္အက်ႌဖြင့္ၿပီး အဲ့ဒီေနရာကိုေတြကိုၾကည့္မိခဲ့ေသးတယ္။ဒါေပမယ့္ ရဲေနတာကလြဲၿပီးက်န္တာအားလံုးပံုမွန္အတိုင္းပါပဲ။ဒါ​ေၾကာင့္

"ငါလည္းခံစားမိပါတယ္ ဒါေပမယ့္ အခုမယားေတာ့ဘူးေလ ဒီေနရာရဲ႕ေလထုကအရမ္းဖိအားမ်ားတယ္ ဓာတ္မတည့္တာျဖစ္မေနႏိုင္ဘူးလား"

ဖက္တီးကေတာ္ယားေနတာကိုအံတုကာ

"ဒါဆိုလည္းအဲ့ဒီဓာတ္မတည့္တာကို ယာယီကုလို႔ရမယ့္နည္း႐ွိလား။ငါအခုက ေခြၽးေစးျပန္ေတာေလ အဲ့တာေတာင္ယားေနတာေသေအာင္ပဲ"

သူေျပာေနရင္းနဲ႔ပဲ ေက်ာကိုနံရံနဲ႔ကုတ္ခ်စ္ေနတယ္။ကြၽန္​ေတာ္သူ႔​ေနာက္မွာ အရာတစ္ခုခုကိုေတြ႔လိုက္ရတယ္။ သူ႔ေက်ာမွာေသြးေတြေတာင္ထြက္ေနခဲ့တယ္။တစ္ခုခုေတာ့မွာေနတာခံစားခဲ့ရတယ္.။ဒါေၾကာင့္ပဲကြၽန္ေတာ္သူ႔ကိုအျမန္ပဲဒဏ္ရာရတဲ့ေနရာကိုျပသဖို႔ေျပာလိုက္ရတယ္။သူကခႏၶာကိုယ္လွည့္လာေပမယ့္ သူ႔ရဲ႕လက္ေတြနဲ႔ကုတ္ျခစ္ေနတုန္းပဲ ကြၽန္ေတာ္သူ႔လက္ကိုတစ္ခ​်က္​ေလာက္႐ိုက္ၿပီး မီးထိုးကာသူ႔ရဲ႕ေက်ာျပင္ကိုၾကည့္ရတယ္။သူ႔ေက်ာေပၚမွာ အျဖဴေရာင္အေမႊးေတြအမ်ားႀကီးေပါက္ေနတာကိုလည္းေတြ႔လိုက္ရတယ္။ထို​ေနရာ​ေတြက ၾကာဖူးမ်ွားနဲ႔ထိမွန္ခဲ့တဲ့ေနရာေတြမွာျဖစ္ေနခဲ့တာပဲ​ေျပာရရင္တစ္ကယ္ကိုရြံစရာ​ေကာင္း​ေလာက္​ေအာင္ပဲ လူတစ္ေယာက္ရဲ႕ေက်ာကုန္းမွာအျဖဴေရာင္အေမႊးေတြနဲ႔ျပည့္ေနတာေလ။

"ဖက္တီး မင္းေရမခိ်ဳးတာဘယ္ေလာက္ၾကာၿပီလဲ?"

ဖက္တီးကသက္ျပင္းခ်ၿပီး

"ေရခ်ိဳးတာလား မင္းဘာလို႔ဒီအခ်ိန္မွာဒါေတြေမးေနတာလဲ။ဒါကpersonalကိစၥလို႔မထင္ဘူးလားဟင္ ငါ့အတြက္ေျဖဖို႔အဆင္မေျပဘူးေလကြာ"

"မင္းအဲ့လိုညစ္ပတ္ေနလို႔ေပါ့ကြ ငါေျပာမယ္ မလန္႔သြားနဲ႔ မင္းေနာက္မွာ မိႈေတြေတာင္ေပါက္ေနၿပီ အျဖဴေရာင္မႈိေတြကြ အံ့ဩစရာႀကီး ေနာက္လေလာက္ဆိုအပင္ေတြေပါက္ျပီးခ်က္စားလို႔ရေလာက္ၿပီ"

ဖက္တီးကဒါကိုၾကားၿပီး

"ဘာႀကီး အျဖဴေရာင္မိႈေတြ!အျဖဴေရာင္မႈိေတြ႐ွိေသးတာလား!မေနာက္နဲ႔​ေနာ္ ဘာေတြျဖစ္ကုန္တာလဲ?"

ကြၽန္ေတာ္မ်က္ႏွာ​ေသဆီကအ​ေျဖတစ္ခုခုရမလားလို႔သူ႔ဘက္ကိုလွည့္ၾကည့္လိုက္​ေတာ့အ​ေျခအေနကေတာ္ေတာ္ဆိုးမယ္ဆိုတာ ထိုအၾကည့္မွာတင္ပဲသိလိုက္ရတယ္။ဒီကိစၥကအေပ်ာင္အပ်က္သတ္မွတ္လို႔မရဘူး။မ်က္ႏွာေသက ဖက္တီးေက်ာျပင္ေပၚကအရာေတြကိုထိၾကည့္ၿပီး

"ျပႆနာပဲ ခုနကၾကာဖူးမွ်ားမွာတစ္ခုခုထူးျခားတာပါလိမ့္မယ္"

ကြၽန္ေတာ္လည္းထူးဆန္းတယ္လို႔ေတြးမိတယ္ေလ။ကြၽန္ေတာ္လည္းအခုေလးတင္ပဲျမႇားထိခံထားရတာကို သူ႔လိုပဲသက္ေရာက္မႈအတူတူပဲျဖစ္ရမယ္ေလ။အဘိုးရဲ႕မ်ဳိးဆက္အေမြအနစ္ကအဲ့ဒီေလာက္စြမ္းလုိ႔လား။ကြၽန္ေတာ့္အေတြးေတြကထိုဒဏ္ရာကိုသာေတြးေနမိၿပီး မ်က္မွာေသကကြၽန္ေတာ့္ရဲ႕ျမႇားပစ္ခံရတဲ့ေနရာကိုၾကည့္ၿပီးသင္ျပင္းခ်ကာသူလည္းဘာမွမသိဘူးဆိုတာေျပာျပေနသလိုပဲ။တစ္ခ်ိန္တည္းမွာပဲ ဖက္တီးကစတင္လန္႔လာၿပီးေခါင္းလွည့္ကာ ကြၽန္ေတာ့္ကိုေမးတယ္။

"ဘာႀကီးလဲ အစမ႐ွိအဆံုးမ႐ွိ အေမႊးေတြထြက္လာတာတဲ့လား"

ကြၽန္ေတာ္ေျပာသလိုပဲ ထိုအေမႊးေတြကိုကြၽန္ေတာ္ထိၾကည့္ၿပီး

"မလႈပ္နဲ႔ အေရျပားေရာဂါတစ္ခုခုနဲ႔တူေနသလိုပဲအနီးက္ၾကည့္ပါရေစဦး ေလွ်ာက္မကုတ္နဲ႔ဦး ေလွ်ာက္ကုတ္ရင္အနာရြတ္ေတြက်န္ေနလိမ့္မယ္။"

သူတစ္ကယ္ကိုဆိုးရြားရြားယားယံေနခဲ့တာ ကြၽန္ေတာ္မ်က္ႏွာေသကို

"ဒီလိုဆက္သြားေနလို႔မျဖစ္ဘူး။ တစ္ခုခုစဥ္စားမွျဖစ္မယ္ ငါၾကားဖူးတာ တစ္ခ်ိဳ႕လူေတြကအေရျပားယားယံတာကိုမခံစားနိုင္လို႔ ကိုယ့္ကိုကိုယ္သတ္ေသတဲ့အထိျဖစ္ဖူးတယ္လို႔ၾကားဖူးတယ္။"

ထို႔သို႔ေျပာလိုက္ေတာ့ ဖက္တီးက

"ငါတစ္ကယ္ကိုသတ္ေသခ်င္စိတ္ေတြေပါက္ေနၿပီ ငါကိုယားေနတာ ေသေတာ့မလိုပဲ ဒါမွမဟုတ္မင္း ကြမ္းကံုး လိုမ်ိဳးအသားခြဲၿပီးအ႐ိုးကိုျဖတ္ထုတ္တဲ့နည္းလမ္းကိုသင္လိုက္ၿပီး ျမန္ျမန္ေက်ာကုန္းကအေရျပားကိုဆြဲခြာေပးပါလားကြာ"

(အ႐ိုးခြဲထုတ္ျခင္းစာေပႀကီးထဲကအ​ေၾကာင္းအရာကိုေျပာတာပါ )
ကြၽန္ေတာ္လည္းငယ္ငယ္တုန္းက အေရးျပားေရာဂါတစ္ခုခံစားခဲ့ရဘူးတယ္။ဒါကလည္းျဖစ္​ေလ့ျဖစ္ထ႐ွိတဲ့ အေရျပားေရာဂါတစ္ခုပါပဲဒါေပမယ့္ ရြံ႔စရာေတာ့ေကာင္းတယ္။ကြၽန္ေတာ္ကသူ့ကို

"သူမ်ားအသားသြားယူဖို႔မလိုပါဘူးကြာ မင္းမွာအသားေတြမွ လိုတာထက္ေတာင္ပိုေနေသးတာကို ငါကလည္းဟြထို႔ေတာ့မဟုတ္ရပါဘူး ဒါေပမယ့္ငါ့မွာအေရျပားျပန္ၿပီးၾကည္သြားေစမယ့္ဟာ႐ွိတယ္။ငါလိမ္းေပးမယ္ဒါေပမယ့္ မင္းသည္းခံရလိမ့္မယ္ေနာ္"
(ဟြထို႔=တ႐ုတ္သမိုင္းေၾကာင္းရဲ႕အထင္႐ွားဆံုးနတ္ေဆးဆရသမားေတာ္ႀကီးပါ)

မ်က္ႏွာေသကလည္းေ႐ွ႕ဆက္မသြားေသးပဲခဏရပ္ေနၿပီး ဖက္တီးကလည္းသက္ျပင္းခ်ရံုကလြဲၿပီး သူရဲ႕ယားယံေနတဲ့ခံစားမႈပဲ႐ွိေနတယ္။ၿပီးကာမွသူက

"မင္းတို႔လိုၿမိဳ႕သားေတြဟာေလ ဒီလိုလမ္းကိုသြားတာေတာင္ အလွဆီဘူးကပါလာေသးတယ္။တစ္ကယ့္ကိုေဗၚေက်ာ့ေနတဲ့အမ်ိဳးထဲကပါလား။ဘာလဲ ကစားဖို႔ကတ္ေတြေရာပါလာေသးလား ငါတို႔ေနာက္တစ္ခါဒီလိုပိတ္မိေနရင္မပ်င္းေအာင္တစ္ခါတည္းထည့္ယူခဲ့သိလား"

ဘယ္လိုလုပ္အဲ့ဒီေပါက္ေပါက္႐ွာ႐ွာေတြကြၽန္ေတာ္သယ္လာႏိုင္မလဲ။သူ႔ရဲ႕ေက်ာေပၚကို အဆီေလးနည္းနည္းလူးေပးဖို႔ရာ လက္အိတ္ခြၽတ္ၿပီးသူ႔ေက်ာေပၚကိုလူး​ေပးၿပီး​ခပ္ဆတ္ဆတ္​ေလး႐ိုက္လိုက္မိတဲ့တစ္ခဏဟာ ဖက္တီးတစ္ေယာက္ရဲ႕ေအာ္သံကကမာၻပ်က္ေနတဲ့အတိုင္းပဲဗ်။ဒါေတာင္ေလသံကုန္မေအာ္ေသးပဲ တစ္ဝက္ျဖတ္ၿပီး ကြၽန္ေတာ့္ကိုဆဲေရးေနေသးတာ

"ဘာႀကီးလဲ မင္းငါ့ကိုဒီ​ေနရာမွာတစ္ခါတည္းအ​ေသသတ္ဖို႔မ်ားစဥ္းစား​ေနတာလား မင္းနဲ႔ငါအျပင္​ေရာက္မွ​ေတြ႕မယ္ မင္းတစ္ကယ့္ကို..."

ကြၽန္ေတာ္သူ႔ရဲ႕နာက်င္မႈကိုခံစားေနရတဲ့ပံုစံကိုၾကည့္ၿပီး

"မင္းကိုယ္မင္းလည္းျပန္ၾကည့္ဦး ခုနကယားေနတာထက္စာရင္ အခုလိုအနာခံလိုက္တာကမွပိုၿပီးေကာင္းဦးမွာ..အခုယားေနေသးလား"

ဖက္တီးကခဏတာလႈပ္ရြၿပီးၾကည့္ၿပီးကာမွအံဩနပန္းျဖစ္ကာ ဝမ္းသာလြန္းလွတဲ့အသံနဲ႔

"အယ္..ေ႐ွာင္ဝူ ဘာမွမျဖစ္ေတာ့ဘူး မင္းရဲ႕ေဆးရည္ကေကာင္းလွခ်ည္လား ဘာတံဆိပ္လဲကြ"

တစ္ကယ္ေတာ့ကြၽန္ေတာ္သူ႔ကိုလိမ္းေပးလိုက္မိတဲ့အရည္ကိုသူသိသြားရင္ ကြၽန္ေတာ့္ကိုအစိမ္းလိုက္ဝါးစားလိမ့္မယ္ ဒါေၾကာင့္ပဲ

"မိန္းကေလးေတြကိုလုပ္မေနစမ္းနဲ႔ သြားမယ္"

မ်က္ႏွာေသကေတာ့ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုၾကည့္ၿပီးရယ္ခ်င္ေနေပမယ့္ ရႊင္ပ်သြားတဲ့မ်က္ႏွာကိုကြယ္ဝွက္ဖို႔ရာေခါင္းခါျခင္းကိုဓားစာခံေခၚယူလိုက္တယ္။ဒါဟာကြၽန္ေတာ့္အတြက္သူျပံဳးတာကိုပထမဆံုးေတြ႔ရတဲ့အခ်ိန္ပဲ ထိုအခ်ိန္မွာတင္ပဲကြၽန္ေတာ့္စိတ္ထဲမွာဘာလု႔ိမွန္းမသိသူဟာလူသားဆန္လာတယ္လို႔ထင္မိတယ္။ၾကည့္ရတာသူ႔အ​ေနနဲ႔ လူေတြနဲ႔ပိုၿပီးဆက္ဆံဖို႔လိုအပ္တယ္လို႔ထင္လာမိတယ္။

ဒါေပမယ့္ သူျပံဳးၿပီးၿပီးခ်င္းမွာပဲ ဘယ္သူမွမျမင္မိခင္ေလးမွာ မ်က္ႏွာေသပံုစံျပန္ျဖစ္သြားျပန္တယ္ေလ..ကြၽန္ေတာ္တို႔ကိုေနာက္လာလိုက္လာခဲ့ဖို႔ေျပာၿပီး သူကဦးေဆာင္သြားတယ္။ကြၽန္ေတာ္တို႔၃ေယာက္စလံုး ထိုလမ္းကို ၁၀မိနစ္ေလာက္ၾကာတြယ္တက္ခဲ့ရတယ္။မ်က္ႏွာေသက႐ုတ္တရက္ရပ္တန္႔သြားၿပီး

"လမ္းခြဲ"

လို႔ေျပာလာေတာ့ ကြၽန္ေတာ္ေ႐ွ႕ကိုတိုးၾကည့္ေတာ့ဟုတ္ေနသည္ ဘယ္ ညာ တစ္လမ္းစီခြဲထားတဲ့လမ္းခြဲတစ္ခုျဖစ္ေနသည္။ကြၽန္ေတာ္ဘယ္ဘက္ျခမ္းကိုမီးထိုးၾကည့္ေတာ့ လမ္းအတြင္းထဲကိုအနည္းငယ္ပဲျမင္ေနၿပီးခန္႔မွန္းရသေလာက္အုတ္ေတြနဲ႔ေဆာက္လုပ္ထားတာေတြ႔ရတယ္။ဒါကလမ္းဆံုးပဲ။ၾကည့္ရတာ မ်က္ႏွာေသနဲ႔တျခားသူ​ေတြ ညာဘက္နားအခန္းကေန တူးယူလာခဲ့တဲ့လမ္းပဲျဖစ္ရမယ္။ဒါေပမယ့္ဘာလို႔ဒီေနရာကိုပိတ္ခ်ထားရတာလဲ။ဒါမွမဟုတ္ ေခါင္းတလားထဲကထြက္လာမယ့္အရာတစ္ခုခုကိုတားဆီးခ်င္လို႔လား။

တစ္ခု႐ွိတာက သူကိုယ္တိုင္ေတာင္ပိတ္ခ်ထားရတဲ့လမ္းမဟုတ္လား ဒါဆိုရင္ဒီလမ္းေၾကာရဲ႕ထြက္ေပါက္ကညာဘက္ပဲျဖစ္ရလိမ့္မယ္။မ်က္ႏွာေသဟာလည္းကြၽန္ေတာ္နဲ႔အၾကံတူေနတယ္ဆိုတာ သူ႔ရဲ႕လမ္းၫႊန္မႈကသက္ေသျပေနတယ္။ထို့​ေၾကာင့္ပဲထိုလမ္းအတိုင္းတြယ္တက္လာခဲ့ၾကတယ္။သို႔ေပမယ့္ ဒီတစ္ခ်ိန္မွာေတာ့ကြၽန္ေတာ္၃ေယာက္စလံုး စကားတစ္လံုးေတာင္မေျပာခဲ့ၾကဘူး။

အ႐ွင္းဆံုးေျပာရရင္ ကြၽန္ေတာ္ေမြးကတည္းကဒီေလာက္အခ်ိန္အၾကာႀကီးတစ္ခါမွာေလးဘက္ကုန္းမသြားဖူးဘူး။ငယ္ငယ္ကသြားခဲ႔တဲ့အခ်ိန္ေတြအားလံုးေပါင္းရင္ေတာင္ဒီေလာက္ၾကာမယ္မထင္ဘူး။တစ္ကယ္ပါ ကြၽန္ေတာ္အနည္းငယ္ေခြၽးေတြျပန္လာသလို ဟိုပထမတြင္းမွာတုန္းကေတာင္ဒီေလာက္တက္ရတာမပင္ပန္းဘူး။အဓိကက​ေတာ့ကြၽန္​ေတာ့္ရဲ႕ဒူး​ေနရာကိုမခံစားရ​ေတာ့ဘူး။ထို​ေနရာတစ္ဝိုက္ကအုတ္​ေတြနဲ႔​ေျမသား​ေျမ​ေငြ႕​ေတြပဲ႐ွိတာ​ေၾကာင့္ ကြၽန္ေတာ့္ရဲ႕ဒူး​ေနရာဟာပိုပိုၿပီးပူလာသလိုခံစားရတယ္။လူတစ္​ေယာက္ျဖစ္ရတဲ့ခံစားခ်က္ကတစ္ကယ္ကို​ေကာင္းတယ္။​ေနာင္ဘဝက်ရင္လည္းလူတစ္​ေယာက္ျဖစ္ဖို႔ကြၽန္​ေတာ္ႀကိဳးစားမိလိမ့္မယ္။

ကြၽန္ေတာ့္ရဲ႕အေတြးေတြကက်ယ္ျပန္႔လာခဲ့သလိုမ်က္ႏွာေသကအသံမထြက္ဖို႔ရာအခ်က္ျပတာကိုေတြ႔ျမင္ခဲ့ရတယ္။ဖက္တီးက​ေ႐ွ႕ကိုမျမင္ရတာ​ေၾကာင့္ကြၽန္​ေတာ့္ကို​ေလသံတိုးတိုး​ေလး​ေမးလာတယ္။

"ဘာျဖစ္လို႔လဲ"

ကြၽန္ေတာ္သူ႔ကိုစကားမေျပာဖို႔ရာတားျမစ္လိုက္တယ္။ထိုအခ်ိန္မွာပဲ မ်က္ႏွာေသကသူ႔ရဲ႕ဓာတ္မီးကိုပိတ္လိုက္တဲ့အတြက္ ကြၽန္ေတာ္နဲ႔ဖက္တီးကလဲမသိစိတ္ရဲ႕အလိုအရ ခ်က္ခ်င္းပဲဓာတ္မီး​ေတြကိုပိတ္ခ်လိုက္တယ္။တစ္ခဏအတြင္းမွာပဲအရာအားလံုးအ​ေမွာင္က်သြားရျပန္တယ္။အခုအခ်ိန္မွာကြၽန္​ေတာ္အရမ္းတည္ၿငိမ္​ေနတာကိုကြၽန္​ေတာ့္ရဲ႕တည္ၿငိမ္​ေနတဲ့ႏွလံုးခုန္သံကသက္​ေသျပ​ေနတယ္။(ကြၽန္ေတာ္ေနာက္မွျပန္ေတြးၾကည့္မိတာကတာဒီလိုနံရံ​ေတြၾကားမွာပိတ္မိ​ေနရျခင္းရဲ႕ရလာဒ္ကကြၽန္​ေတာ့္ကိုဒီလိုအ​ေျခအေနမွာ တည္ၿငိမ္သြားေစတယ္။ကြၽန္ေတာ္မွာဒီလိုသခ်ိဳင္းထဲေရာက္ရင္ ေတြးျပီးအေၾကာက္လြန္တတ္တဲ့စိတ္အေျခအေနတစ္ခု႐ွိတယ္။)သူဘာကိုဆိုလိုခ်င္တယ္ဆိုတာကိုမသိေပမယ့္ ေ႐ွးေဟာင္းသခ်ိဳင္းဂူထဲမွာ သူေျပာတာအမွန္ပဲ။သူေျပာတာနားေထာင္ရင္ အႏၱရာယ္အႀကီးႀကီးျဖစ္မွာမဟုတ္တာက်ိန္းေသတယ္။

ကြၽန္ေတာ္တို႔ခဏေလာက္ၿငိမ္သက္ေနလိုက္ၾကၿပီး အသက္႐ွဴမွန္သြားတဲ့အခါက်ေတာ့ ခႏၶာကုိယ္ေပၚကေခြၽးေစးေတြလည္းအနည္းေျခာက္ေသြ႔သြားခဲ့ၿပီ။ထိုအခ်ိန္မွာပဲ ကြၽန္ေတာ့္နားထဲမွာ ေျခသံတစ္ခုကိုၾကားလိုက္ရတယ္။လူတစ္ေယာက္ရဲ႕ေျခသံနဲ႔ေတာင္တူညီေနတယ္။ကြၽန္​ေတာ္တစ္ကိုယ္လံုး ဓာတ္လိုက္သြားရသလိုပဲ..ၾကည့္ရတာကြၽန္ေတာ္တို႔အေပၚမွာေနာက္ထပ္ လမ္းတစ္လမ္း႐ွိေနေသးတာလား။ဒါဆိုအဲ့ဒီလူကဘယ္သူျဖစ္ႏိုင္မလဲ ...အားနင္လား...။ဒါမွမဟုတ္..ဦးေလး၃လား..။ကြၽန္ေတာ္မွန္းဆတယ္ အေျဖ႐ွာမေတြ႔ခင္ေလးမွာပဲ ကြၽန္ေတာ္ရဲ႕ေက်ာျပင္နဲ႔လည္ပင္းတို႔ေပၚမွာယားက်ိတဲ့ခံစားမႈတစ္ခုကိုခံစားလိုက္ရတယ္။ကြၽန္ေတာ့္စိတ္ထဲမွာတစ္ကယ္ကိုဗလာက်င္းသြားခဲ့ရတယ္။မဟုတ္ဘူး..ခံစားမႈကအေမႊးအမွ်င္ေတြေၾကာင့္ယားယံလာမႈ ဖက္တီးလိုပဲကြၽန္ေတာ္လည္းအေမႊးေတြထြက္လာတာလား။ကြၽန္ေတာ့္လည္ပင္းေနာက္ကိုစမ္းၾကည့္ေတာ့လည္ပင္းေနာက္ကေန စိုရႊဲရႊဲအရာတစ္ခုကိုစမ္းသပ္မိတယ္။ကြၽန္ေတာ္ထင္တာဖက္တီးကြၽန္ေတာ့္ကိုေနာက္ေနတယ္ပဲထင္တာ ဒါေၾကာင့္ပဲစိတ္ထဲကေနတစ္ခ်က္ဆဲေရးခဲ့ေသးတာ။ၿပီးေတာ့လက္လွမ္းမွီသေလာက္ေက်ာျပင္ေပၚကအရာေတြကိုဖယ္႐ွားေနမိတယ္။ထိုအခ်ိန္မွာကြၽန္ေတာ္႐ုတ္တရက္ခံစားမိတာက လက္သည္းေတြ..မဟုတ္ဘူး..ေရႏူးေနၿပီးပုပ္သိုးေတာ့မယ္အေလာင္းတစ္ေကာင္ရဲ႕အနံ႔ေတြပါ ပါဝင္တယ္။

ကြၽန္ေတာ္ကထိုအရာေတြကိုစစခ်င္းသတိမထားေသးပဲ ေဘးကနံရံေပၚကိုသုတ္ေနခဲ့ေသးတာ..စိတ္ထဲမွာလဲဒီေလာက္မ်ားတဲ့ဆီေတြကိုဘာလို႔ဖက္တီးအခ်ိန္ကုန္ခံၿပီးလူးလာရတာလဲလို႔ေလ။ကေလးတစ္ေယာကိုသာလိမ္းေပးမိရင္ ၁၀ရက္ေလာက္ေခါင္းေလ်ွာ္ရင္ေတာင္ေျပာင္မွာမဟုတ္နဲ႔အဆီေတြ။

ေတြးေနရင္းနဲ႔တင္ပဲလည္ပင္းေနာက္ကစတင္ၿပီးယားယံလာျပန္တယ္။ဖက္တီးတစ္ကယ္ကိုဘာလုပ္ခ်င္ေနရတာလဲ။သည္းမခံႏိုင္တဲ့အဆံုးမွာပဲ ကြၽန္ေတာ္မီးဖြင့္ၿပီးသူ႔အေနာက္ကိုလွည့္ၾကည့္ဖို႔လုပ္ခဲ့တယ္။ထိုအခ်ိန္က်မွသိခဲ့ရတာက တစ္ခုခုမွားယြင္းေနတယ္ ဘာလို႔လဲဖက္တီးရဲ႕မ်က္ႏွာကအဲ့ဒီေလာက္ေသးသြယ္ေနရတာလဲ။ကြၽန္ေတာ္သူ႔ရဲ႕ခႏၶာကိုယ္ဆီကိုဆင္းၿပီးစမ္းၾကည့္ခဲ့မိေတာ့ စိတ္ထဲမွာအႀကီးအက်ယ္ကမာၻပ်က္ခဲ့ရတဲ့အခ်ိန္ကိုထိပ္တိုက္ေတြ႔ခဲ့ရတယ္။ မဟုတ္ေသးပါဘူး ဒီစိုရႊဲၿပီး႐ႈံ႕တြေနတဲ့အရာေတြကဆံပင္ခ်ည္ေတြျဖစ္ႏိုင္ပါ့မလား။ေသခ်ာေအာင္ေအာက္ဘက္နည္းနည္းထပ္ဆင္းၿပီးစမ္းၾကည့္ခဲ့တယ္။ထိုဆံပင္ခ်ည္ေတြကတစ္ခုနဲ႔တစ္ခုဆက္ႏြယ္ေနၿပီးကြၽန္ေတာ္လက္ေတြကထိုေနရာေရာက္ေရာက္ခ်င္းပဲ အခ်ည္ခံလိုက္ရတယ္။လႈပ္႐ွားသြားတဲ့ကြၽန္ေတာ့္ရဲ႕လည္စိေနာက္ကြယ္မွာေၾကာက္ရြံမႈနဲ႔ထိတ္လန္႔မႈတို႔ေရာယွက္ေနတာကြၽန္ေတာ္အသိ..။ေခြၽးေတြလည္းစတင္ျပန္လာခဲ့သလို ေသခ်ာတယ္ ဖက္တီးမွာေတာ့ဒီေလာက္မ်ားတဲ့ဆံပင္ေတြ႐ွိမေနႏိုင္ဘူးေလ။ဒါဆိုရင္ ဒီဆံပင္ေတြရဲ႕ပိုင္႐ွင္ကဘယ္သူျဖစ္မလဲ။

ေရလယ္သခ်ိဳင္းမွာတုန္းကေတြ႔ခဲ့တဲ့ဆံပင္ခ်ည္ေတြကိုသတိသြားတယ္။ထိုအခ်ိန္ကစၿပီး ကြၽန္ေတာ္အသက္႐ွဴဖို႔ခက္ခဲလာရတယ္။ဒါေပမယ့္ ဓာတ္မီးကိုလည္းမဖြင့္ရဲခဲ့ဘူး။ကြၽန္ေတာ္ထင္ေနတဲ့အရာႀကီးနဲ႔ကြၽန္ေတာ္နဲ႔cm နည္းနည္းပဲဲျခားႏိုင္မယ္။ကြၽန္​ေတာ္ဓာတ္မီးဖြင့္လိုက္မိလို႔​ေတြ႕ရမယ္ ထိုအရာရဲ႕မ်က္ႏွာကို ကြၽန္ေတာ္ရင္မဆိုင္ရဲဘူး။ၿပီးေတာ့ ယားယံမႈ ထိုအရာကိုလည္း သည္းမခံႏိုင္ေတာ့ဘူး။

ကြၽန္ေတာ္လက္ေလ်ာ့လိုက္ရသလို။စိုစြတ္​ေနတဲ့လက္တစ္ဖက္ဟာ ကြၽန္ေတာ့္မ်က္ႏွာကိုထိေတြ႔ေနတယ္။ ေအးစက္တယ္ ရက္စက္တယ္ လက္သည္းေတြကခြၽန္ျမေနသလို ကြၽန္ေတာ့္ ဦးေခါင္းခြံတစ္ခုလံုးမြ​ေက်​ေတာ့မယ့္အတိုင္းပဲ။ မ်က္ႏွာကအေရျပားေတြက စတင္ၿပီးတုန္ခါလာတယ္။

ထိုလက္ေခ်ာင္းေတြရဲ႕လက္သည္းေတြက ကြၽန္ေတာ့္ရဲ႕လည္ပင္းနားကေနျဖတ္သြားၿပီး ေနာက္ျပန္ဆုတ္သြားတယ္။ေနာက္မၾကာခင္မွာပဲ ေရလမ္းတစ္ေလ်ွာက္လာခဲ့ရတဲ့စိုစြတ္မႈကိုျပန္လည္ခံစားလိုက္ရတယ္။သို႔ေပမယ့္ ခႏၶာကိုယ္တစ္ခုလံုး ဆံပင္ခ်ာ္ေတြသာရစ္ပတ္ေနၿပီးမ်က္ႏွာနဲ႔လည္ပင္းေလးတစ္ခုသာက်န္ရစ္ေစတယ္။ကြၽန္ေတာ္သြားႀကိတ္ထားမိတာ ေပါက္ထြက္ေတာ့မယ့္အတိုင္းပဲ။ထိုအခ်ိန္မွာ မိန္းကေလးတစ္ေယာက္ရဲ႕အသံဟာနားထဲပ်ံ႕စြတ္လာတယ္။ေပ်ာ့ေပ်ာင္းတယ္.. ညင္သာတယ္.. ေႏြးေထြးတယ္..သူမကနား,နားကိုကပ္ၿပီး

"အသင္ကဘယ္သူလဲ"

ထိုေမးခြန္း ထိုအသံ ေပ်ာ့ေပ်ာင္းၿပီးႏူးညံ့လြန္းတယ္..တိုးလြန္းတယ္ သို႔ေပမယ့္ ကြၽန္ေတာ္႐ွင္းလင္းစြာၾကားေနရတယ္။ကြၽန္ေတာ္မွင္သက္သြားခဲ့ရတယ္။ထိုအခ်ိန္မွာပဲ ထိုမိန္းကေလးဟာ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးကိုရစ္ပတ္ဆြဲယူထားခဲ့တယ္။ ကြၽန္ေတာ္လႈပ္႐ွားထို႔မစြမ္းႏိုင္ခဲ့သလို ခႏၶာကိုယ္ကလည္း အသိစိတ္ကလြဲရင္ က်န္တာအားလံုးကကြၽန္ေတာ့္အလိုမေဆာင္ခဲ့ျပန္ဘူး။ကြ်န္ေတာ့္ရဲ႕လက္ေတြ.ေပၚမွာ သူမရဲ႕ေအးစက္လြန္းပါတဲ့လက္ေတြ..ကြၽန္ေတာ့္ရဲ႕ပုခံုးေပၚမွာသူမ႐ွိေနၿပီး ကြၽန္ေတာ္ခႏၶာကိုယ္တစ္ခုလံုးကိုအေနာက္ကေန ဆြဲစုတ္ပစ္ေနသလိုပဲ။ကြၽန္ေတာ္စတင္ၿပီး တုန္လႈပ္လာတယ္။သို႔ေပမယ့္ ကြၽန္ေတာ္ခံစားမိတာက သူမဟာသနားစရာေကာင္းတယ္။သူမရဲ႕ႏႈတ္ခမ္းသားရဲ႕ကြၽန္ေတာ့ရဲ႕နားရြက္နားကပ္ေနၿပီး သူမရဲ႕အသက္႐ွဴခ်က္ေတြဟာ ေအးစက္လြန္းတယ္။ကြၽန္ေတာ္တစ္ကယ္ကုိမွင္သက္ေနခဲ့ၿပီး သူမေျပာေနတဲ့တိုးညႇင္းတဲ့ေလသံကို႐ွင္းလင္းစြာထပ္မံၾကားလိုက္ရျပန္္တယ္။သူမကဆိုသည္။

"ဖက္ထားပါ"

ဒီစကားကိုၾကားၾကားခ်င္းကြၽန္ေတာ့္ ျပဳစားခံလိုက္ရသလိုပဲ။ကြၽန္ေတာ့္ရဲ႕လက္ေတြကလႈပ္႐ွားလို႔မရတာမွန္ေပမယ့္သူတို႔ကအခုအခ်ိန္မွာဦးေႏွာက္နဲ႔အသိသိတ္ရဲ႕အမိန္႔ကိုမနာခံေတာ့ဘူး။ကြၽန္ေတာ့္ရဲ႕ေတြ တစ္ကယ္ကိုသူမရဲ႕ခါးကိုဖတ္တြက္ထားခဲ့တယ္။ဒါႀကီးက အံ့ဩစရာဆိုတာထက္ကိုပိုလြန္းေနတယ္ေလ။ထိုအခ်ိန္မွာပိုၿပီး သိလာရတာက ဒီမိန္းကေလး သူမ ဘာကိုမွဝတ္ဆင္မထားခဲ့ဘူး သူမရဲ႕အသားအေရေတြက ေအးစက္ေနသလိုအံ့ဩစရာေကာင္းေအာင္ႏူးညံ့ေနျပန္တယ္။ဒီအခ်ိန္မွာကြၽန္ေတာ္တစ္ကယ္ကို ႐ႈပ္ေထြးေနျပန္ၿပီ ကြၽန္ေတာ့္မ်က္ႏွာကလည္းရဲတြက္ေနမွာက်ိန္းေသသေလာက္ပဲ။ထိုအခ်ိန္မွာပဲ ထိုမိနိးကေလးရဲ႕ႏႈတ္ခမ္းေတြဟာ ကြၽန္ေတာ့္ရဲ႕ေမးေစ့နားအထိေရြ႔လ်ားလာခဲ့ၿပီးထိေတြ႔လာတယ္။ၾကည့္ရတာ ကြၽန္ေတာ္သူမကိုနမ္းဖို႔ ဖိအားေပးခံရေတာ့မယ္ ထင္ရတယ္။ကြၽန္ေတာ္တစ္ကယ့္ကို ဘာကိုမွထိန္းခ်ဳပ္လို႔မရေတာ့ဘူး။အသိစိတ္..ထိန္းခ်ဳပ္ထားတဲ့အသိစိတ္ကပါ သူမကိုနမ္းခ်င္လာခဲ့တယ္။႐ုတ္တရက္ဆိုသလိုပဲ မ်က္ႏွာေသရဲ႕ ဓာတ္မီးဟာပြင့္ဟလာခဲ့တယ္။ကြၽန္ေတာ္ေတြ႔ခဲ့တဲ့ "ထိုအရာ" ကိုကြၽန္ေတာ့္လက္ထဲမွာဆုတ္ကိုင္ထားခဲ့တာ။ထိုအရာအားလံုး​ေပ်ာက္ပ်ယ္သြားတဲ့အခါမွာ တစ္ကိုယ္လံုးၾကက္သီးကလြဲၿပီးေခါင္းထဲမွာလည္းတစ္ျခားဘာအရာမွ႐ွိမေ​နခဲ့ဘူး။

Unicode

တွင်းပေါက်

သူကျွန်တော်ကိုပြောတော့ကျွန်တော်ထသွားဖို့ပြင်နေပြီ သို့ပေမယ့် သူပြောတာကြားတော့ ကျွန်တော်လည်ပင်းကိုပွတ်ကြည့်မိတယ်။ကျွန်တော်အရမ်းရှုပ်ထွေးနေတာကြောင့်ရော လန့်နေခဲ့တာကြောင့် အဲ့တာကိုသတိမထားမိဘူး။ပြောရရင် ကျွန်တော်ဟိုလမ်းကြားထဲမှာတုန်းက ကြာဖူးမျှားနဲ့ထိမိတဲ့နေရာတစ်ဝိုက်မှာယားယံမှုကိုတော့ခံစားရသေးတယ်။ဒါပေမယ့် ခဏတာယားယံမှုသာခံစားရတာဖြစ်ပြီး သူ့အလိုလိုပျောက်သွားခဲ့တယ်လေ။ကျွန်တော်အကျႌဖွင့်ပြီး အဲ့ဒီနေရာကိုတွေကိုကြည့်မိခဲ့သေးတယ်။ဒါပေမယ့် ရဲနေတာကလွဲပြီးကျန်တာအားလုံးပုံမှန်အတိုင်းပါပဲ။ဒါကြောင့်

"ငါလည်းခံစားမိပါတယ် ဒါပေမယ့် အခုမယားတော့ဘူးလေ ဒီနေရာရဲ့လေထုကအရမ်းဖိအားများတယ် ဓာတ်မတည့်တာဖြစ်မနေနိုင်ဘူးလား"

ဖက်တီးကတော်ယားနေတာကိုအံတုကာ

"ဒါဆိုလည်းအဲ့ဒီဓာတ်မတည့်တာကို ယာယီကုလို့ရမယ့်နည်းရှိလား။ငါအခုက ချွေးစေးပြန်တောလေ အဲ့တာတောင်ယားနေတာသေအောင်ပဲ"

သူပြောနေရင်းနဲ့ပဲ ကျောကိုနံရံနဲ့ကုတ်ချစ်နေတယ်။ကျွန်တော်သူ့နောက်မှာ အရာတစ်ခုခုကိုတွေ့လိုက်ရတယ်။ သူ့ကျောမှာသွေးတွေတောင်ထွက်နေခဲ့တယ်။တစ်ခုခုတော့မှာနေတာခံစားခဲ့ရတယ်.။ဒါကြောင့်ပဲကျွန်တော်သူ့ကိုအမြန်ပဲဒဏ်ရာရတဲ့နေရာကိုပြသဖို့ပြောလိုက်ရတယ်။သူကခန္ဓာကိုယ်လှည့်လာပေမယ့် သူ့ရဲ့လက်တွေနဲ့ကုတ်ခြစ်နေတုန်းပဲ ကျွန်တော်သူ့လက်ကိုတစ်ချက်လောက်ရိုက်ပြီး မီးထိုးကာသူ့ရဲ့ကျောပြင်ကိုကြည့်ရတယ်။သူ့ကျောပေါ်မှာ အဖြူရောင်အမွှေးတွေအများကြီးပေါက်နေတာကိုလည်းတွေ့လိုက်ရတယ်။ထိုနေရာတွေက ကြာဖူးမျှားနဲ့ထိမှန်ခဲ့တဲ့နေရာတွေမှာဖြစ်နေခဲ့တာပဲပြောရရင်တစ်ကယ်ကိုရွံစရာကောင်းလောက်အောင်ပဲ လူတစ်ယောက်ရဲ့ကျောကုန်းမှာအဖြူရောင်အမွှေးတွေနဲ့ပြည့်နေတာလေ။

"ဖက္တီး မင်းရေမခိျုးတာဘယ်လောက်ကြာပြီလဲ?"

ဖက်တီးကသက်ပြင်းချပြီး

"ရေချိုးတာလား မင်းဘာလို့ဒီအချိန်မှာဒါတွေမေးနေတာလဲ။ဒါကpersonalကိစ္စလို့မထင်ဘူးလားဟင် ငါ့အတွက်ဖြေဖို့အဆင်မပြေဘူးလေကွာ"

"မင်းအဲ့လိုညစ်ပတ်နေလို့ပေါ့ကွ ငါပြောမယ် မလန့်သွားနဲ့ မင်းနောက်မှာ မှိုတွေတောင်ပေါက်နေပြီ အဖြူရောင်မှိုတွေကွ အံ့ဩစရာကြီး နောက်လလောက်ဆိုအပင်တွေပေါက်ပြီးချက်စားလို့ရလောက်ပြီ"

ဖက်တီးကဒါကိုကြားပြီး

"ဘာကြီး အဖြူရောင်မှိုတွေ!အဖြူရောင်မှိုတွေရှိသေးတာလား!မနောက်နဲ့နော် ဘာတွေဖြစ်ကုန်တာလဲ?"

ကျွန်တော်မျက်နှာသေဆီကအဖြေတစ်ခုခုရမလားလို့သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့အခြေအနေကတော်တော်ဆိုးမယ်ဆိုတာ ထိုအကြည့်မှာတင်ပဲသိလိုက်ရတယ်။ဒီကိစ္စကအပျောင်အပျက်သတ်မှတ်လို့မရဘူး။မျက်နှာသေက ဖက်တီးကျောပြင်ပေါ်ကအရာတွေကိုထိကြည့်ပြီး

"ပြဿနာပဲ ခုနကကြာဖူးမျှားမှာတစ်ခုခုထူးခြားတာပါလိမ့်မယ်"

ကျွန်တော်လည်းထူးဆန်းတယ်လို့တွေးမိတယ်လေ။ကျွန်တော်လည်းအခုလေးတင်ပဲမြှားထိခံထားရတာကို သူ့လိုပဲသက်ရောက်မှုအတူတူပဲဖြစ်ရမယ်လေ။အဘိုးရဲ့မျိုးဆက်အမွေအနစ်ကအဲ့ဒီလောက်စွမ်းလို့လား။ကျွန်တော့်အတွေးတွေကထိုဒဏ်ရာကိုသာတွေးနေမိပြီး မျက်မှာသေကကျွန်တော့်ရဲ့မြှားပစ်ခံရတဲ့နေရာကိုကြည့်ပြီးသင်ပြင်းချကာသူလည်းဘာမှမသိဘူးဆိုတာပြောပြနေသလိုပဲ။တစ်ချိန်တည်းမှာပဲ ဖက်တီးကစတင်လန့်လာပြီးခေါင်းလှည့်ကာ ကျွန်တော့်ကိုမေးတယ်။

"ဘာကြီးလဲ အစမရှိအဆုံးမရှိ အမွှေးတွေထွက်လာတာတဲ့လား"

ကျွန်တော်ပြောသလိုပဲ ထိုအမွှေးတွေကိုကျွန်တော်ထိကြည့်ပြီး

"မလှုပ်နဲ့ အရေပြားရောဂါတစ်ခုခုနဲ့တူနေသလိုပဲအနီးက်ကြည့်ပါရစေဦး လျှောက်မကုတ်နဲ့ဦး လျှောက်ကုတ်ရင်အနာရွတ်တွေကျန်နေလိမ့်မယ်။"

သူတစ်ကယ်ကိုဆိုးရွားရွားယားယံနေခဲ့တာ ကျွန်တော်မျက်နှာသေကို

"ဒီလိုဆက်သွားနေလို့မဖြစ်ဘူး။ တစ်ခုခုစဉ်စားမှဖြစ်မယ် ငါကြားဖူးတာ တစ်ချို့လူတွေကအရေပြားယားယံတာကိုမခံစားနိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေတဲ့အထိဖြစ်ဖူးတယ်လို့ကြားဖူးတယ်။"

ထို့သို့ပြောလိုက်တော့ ဖက္တီးက

"ငါတစ်ကယ်ကိုသတ်သေချင်စိတ်တွေပေါက်နေပြီ ငါကိုယားနေတာ သေတော့မလိုပဲ ဒါမှမဟုတ်မင်း ကွမ်းကုံး လိုမျိုးအသားခွဲပြီးအရိုးကိုဖြတ်ထုတ်တဲ့နည်းလမ်းကိုသင်လိုက်ပြီး မြန်မြန်ကျောကုန်းကအရေပြားကိုဆွဲခွာပေးပါလားကွာ"

(အရိုးခွဲထုတ်ခြင်းစာပေကြီးထဲကအကြောင်းအရာကိုပြောတာပါ )
ကျွန်တော်လည်းငယ်ငယ်တုန်းက အရေးပြားရောဂါတစ်ခုခံစားခဲ့ရဘူးတယ်။ဒါကလည်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားရောဂါတစ်ခုပါပဲဒါပေမယ့် ရွံ့စရာတော့ကောင်းတယ်။ကျွန်တော်ကသူ့ကို

"သူများအသားသွားယူဖို့မလိုပါဘူးကွာ မင်းမှာအသားတွေမှ လိုတာထက်တောင်ပိုနေသေးတာကို ငါကလည်းဟွထို့တော့မဟုတ်ရပါဘူး ဒါပေမယ့်ငါ့မှာအရေပြားပြန်ပြီးကြည်သွားစေမယ့်ဟာရှိတယ်။ငါလိမ်းပေးမယ်ဒါပေမယ့် မင်းသည်းခံရလိမ့်မယ်နော်"
(ဟွထို့=တရုတ်သမိုင်းကြောင်းရဲ့အထင်ရှားဆုံးနတ်ဆေးဆရသမားတော်ကြီးပါ)

မျက်နှာသေကလည်းရှေ့ဆက်မသွားသေးပဲခဏရပ်နေပြီး ဖက်တီးကလည်းသက်ပြင်းချရုံကလွဲပြီး သူရဲ့ယားယံနေတဲ့ခံစားမှုပဲရှိနေတယ်။ပြီးကာမှသူက

"မင်းတို့လိုမြို့သားတွေဟာလေ ဒီလိုလမ်းကိုသွားတာတောင် အလှဆီဘူးကပါလာသေးတယ်။တစ်ကယ့်ကိုဗေါ်ကျော့နေတဲ့အမျိုးထဲကပါလား။ဘာလဲ ကစားဖို့ကတ်တွေရောပါလာသေးလား ငါတို့နောက်တစ်ခါဒီလိုပိတ်မိနေရင်မပျင်းအောင်တစ်ခါတည်းထည့်ယူခဲ့သိလား"

ဘယ်လိုလုပ်အဲ့ဒီပေါက်ပေါက်ရှာရှာတွေကျွန်တော်သယ်လာနိုင်မလဲ။သူ့ရဲ့ကျောပေါ်ကို အဆီလေးနည်းနည်းလူးပေးဖို့ရာ လက်အိတ်ချွတ်ပြီးသူ့ကျောပေါ်ကိုလူးပေးပြီးခပ်ဆတ်ဆတ်လေးရိုက်လိုက်မိတဲ့တစ်ခဏဟာ ဖက်တီးတစ်ယောက်ရဲ့အော်သံကကမ္ဘာပျက်နေတဲ့အတိုင်းပဲဗျ။ဒါတောင်လေသံကုန်မအော်သေးပဲ တစ်ဝက်ဖြတ်ပြီး ကျွန်တော့်ကိုဆဲရေးနေသေးတာ

"ဘာကြီးလဲ မင်းငါ့ကိုဒီနေရာမှာတစ်ခါတည်းအသေသတ်ဖို့များစဉ်းစားနေတာလား မင်းနဲ့ငါအပြင်ရောက်မှတွေ့မယ် မင်းတစ်ကယ့်ကို..."

ကျွန်တော်သူ့ရဲ့နာကျင်မှုကိုခံစားနေရတဲ့ပုံစံကိုကြည့်ပြီး

"မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး ခုနကယားနေတာထက်စာရင် အခုလိုအနာခံလိုက်တာကမှပိုပြီးကောင်းဦးမှာ..အခုယားနေသေးလား"

ဖက်တီးကခဏတာလှုပ်ရွပြီးကြည့်ပြီးကာမှအံဩနပန်းဖြစ်ကာ ဝမ်းသာလွန်းလှတဲ့အသံနဲ့

"အယ်..ရှောင်ဝူ ဘာမှမဖြစ်တော့ဘူး မင်းရဲ့ဆေးရည်ကကောင်းလှချည်လား ဘာတံဆိပ်လဲကွ"

တစ်ကယ်တော့ကျွန်တော်သူ့ကိုလိမ်းပေးလိုက်မိတဲ့အရည်ကိုသူသိသွားရင် ကျွန်တော့်ကိုအစိမ်းလိုက်ဝါးစားလိမ့်မယ် ဒါကြောင့်ပဲ

"မိန်းကလေးတွေကိုလုပ်မနေစမ်းနဲ့ သွားမယ်"

မျက်နှာသေကတော့ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီးရယ်ချင်နေပေမယ့် ရွှင်ပျသွားတဲ့မျက်နှာကိုကွယ်ဝှက်ဖို့ရာခေါင်းခါခြင်းကိုဓားစာခံခေါ်ယူလိုက်တယ်။ဒါဟာကျွန်တော့်အတွက်သူပြုံးတာကိုပထမဆုံးတွေ့ရတဲ့အချိန်ပဲ ထိုအချိန်မှာတင်ပဲကျွန်တော့်စိတ်ထဲမှာဘာလု့ိမှန်းမသိသူဟာလူသားဆန်လာတယ်လို့ထင်မိတယ်။ကြည့်ရတာသူ့အနေနဲ့ လူတွေနဲ့ပိုပြီးဆက်ဆံဖို့လိုအပ်တယ်လို့ထင်လာမိတယ်။

ဒါပေမယ့် သူပြုံးပြီးပြီးချင်းမှာပဲ ဘယ်သူမှမမြင်မိခင်လေးမှာ မျက်နှာသေပုံစံပြန်ဖြစ်သွားပြန်တယ်လေ..ကျွန်တော်တို့ကိုနောက်လာလိုက်လာခဲ့ဖို့ပြောပြီး သူကဦးဆောင်သွားတယ်။ကျွန်တော်တို့၃ယောက်စလုံး ထိုလမ်းကို ၁၀မိနစ်လောက်ကြာတွယ်တက်ခဲ့ရတယ်။မျက်နှာသေကရုတ်တရက်ရပ်တန့်သွားပြီး

"လမ်းခွဲ"

လို့ပြောလာတော့ ကျွန်တော်ရှေ့ကိုတိုးကြည့်တော့ဟုတ်နေသည် ဘယ် ညာ တစ်လမ်းစီခွဲထားတဲ့လမ်းခွဲတစ်ခုဖြစ်နေသည်။ကျွန်တော်ဘယ်ဘက်ခြမ်းကိုမီးထိုးကြည့်တော့ လမ်းအတွင်းထဲကိုအနည်းငယ်ပဲမြင်နေပြီးခန့်မှန်းရသလောက်အုတ်တွေနဲ့ဆောက်လုပ်ထားတာတွေ့ရတယ်။ဒါကလမ်းဆုံးပဲ။ကြည့်ရတာ မျက်နှာသေနဲ့တခြားသူတွေ ညာဘက်နားအခန်းကနေ တူးယူလာခဲ့တဲ့လမ်းပဲဖြစ်ရမယ်။ဒါပေမယ့်ဘာလို့ဒီနေရာကိုပိတ်ချထားရတာလဲ။ဒါမှမဟုတ် ခေါင်းတလားထဲကထွက်လာမယ့်အရာတစ်ခုခုကိုတားဆီးချင်လို့လား။

တစ်ခုရှိတာက သူကိုယ်တိုင်တောင်ပိတ်ချထားရတဲ့လမ်းမဟုတ်လား ဒါဆိုရင်ဒီလမ်းကြောရဲ့ထွက်ပေါက်ကညာဘက်ပဲဖြစ်ရလိမ့်မယ်။မျက်နှာသေဟာလည်းကျွန်တော်နဲ့အကြံတူနေတယ်ဆိုတာ သူ့ရဲ့လမ်းညွှန်မှုကသက်သေပြနေတယ်။ထို့ကြောင့်ပဲထိုလမ်းအတိုင်းတွယ်တက်လာခဲ့ကြတယ်။သို့ပေမယ့် ဒီတစ်ချိန်မှာတော့ကျွန်တော်၃ယောက်စလုံး စကားတစ်လုံးတောင်မပြောခဲ့ကြဘူး။

အရှင်းဆုံးပြောရရင် ကျွန်တော်မွေးကတည်းကဒီလောက်အချိန်အကြာကြီးတစ်ခါမှာလေးဘက်ကုန်းမသွားဖူးဘူး။ငယ်ငယ်ကသွားခဲ့တဲ့အချိန်တွေအားလုံးပေါင်းရင်တောင်ဒီလောက်ကြာမယ်မထင်ဘူး။တစ်ကယ်ပါ ကျွန်တော်အနည်းငယ်ချွေးတွေပြန်လာသလို ဟိုပထမတွင်းမှာတုန်းကတောင်ဒီလောက်တက်ရတာမပင်ပန်းဘူး။အဓိကကတော့ကျွန်တော့်ရဲ့ဒူးနေရာကိုမခံစားရတော့ဘူး။ထိုနေရာတစ်ဝိုက်ကအုတ်တွေနဲ့မြေသားမြေငွေ့တွေပဲရှိတာကြောင့် ကျွန်တော့်ရဲ့ဒူးနေရာဟာပိုပိုပြီးပူလာသလိုခံစားရတယ်။လူတစ်ယောက်ဖြစ်ရတဲ့ခံစားချက်ကတစ်ကယ်ကိုကောင်းတယ်။နောင်ဘဝကျရင်လည်းလူတစ်ယောက်ဖြစ်ဖို့ကျွန်တော်ကြိုးစားမိလိမ့်မယ်။

ကျွန်တော့်ရဲ့အတွေးတွေကကျယ်ပြန့်လာခဲ့သလိုမျက်နှာသေကအသံမထွက်ဖို့ရာအချက်ပြတာကိုတွေ့မြင်ခဲ့ရတယ်။ဖက်တီးကရှေ့ကိုမမြင်ရတာကြောင့်ကျွန်တော့်ကိုလေသံတိုးတိုးလေးမေးလာတယ်။

"ဘာဖြစ်လို့လဲ"

ကျွန်တော်သူ့ကိုစကားမပြောဖို့ရာတားမြစ်လိုက်တယ်။ထိုအချိန်မှာပဲ မျက်နှာသေကသူ့ရဲ့ဓာတ်မီးကိုပိတ်လိုက်တဲ့အတွက် ကျွန်တော်နဲ့ဖက်တီးကလဲမသိစိတ်ရဲ့အလိုအရ ချက်ချင်းပဲဓာတ်မီးတွေကိုပိတ်ချလိုက်တယ်။တစ်ခဏအတွင်းမှာပဲအရာအားလုံးအမှောင်ကျသွားရပြန်တယ်။အခုအချိန်မှာကျွန်တော်အရမ်းတည်ငြိမ်နေတာကိုကျွန်တော့်ရဲ့တည်ငြိမ်နေတဲ့နှလုံးခုန်သံကသက်သေပြနေတယ်။(ကျွန်တော်နောက်မှပြန်တွေးကြည့်မိတာကတာဒီလိုနံရံတွေကြားမှာပိတ်မိနေရခြင်းရဲ့ရလာဒ်ကကျွန်တော့်ကိုဒီလိုအခြေအနေမှာ တည်ငြိမ်သွားစေတယ်။ကျွန်တော်မှာဒီလိုသချိုင်းထဲရောက်ရင် တွေးပြီးအကြောက်လွန်တတ်တဲ့စိတ်အခြေအနေတစ်ခုရှိတယ်။)သူဘာကိုဆိုလိုချင်တယ်ဆိုတာကိုမသိပေမယ့် ရှေးဟောင်းသချိုင်းဂူထဲမှာ သူပြောတာအမှန်ပဲ။သူပြောတာနားထောင်ရင် အန္တရာယ်အကြီးကြီးဖြစ်မှာမဟုတ်တာကျိန်းသေတယ်။

ကျွန်တော်တို့ခဏလောက်ငြိမ်သက်နေလိုက်ကြပြီး အသက်ရှူမှန်သွားတဲ့အခါကျတော့ ခန္ဓာကိုယ်ပေါ်ကချွေးစေးတွေလည်းအနည်းခြောက်သွေ့သွားခဲ့ပြီ။ထိုအချိန်မှာပဲ ကျွန်တော့်နားထဲမှာ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။လူတစ်ယောက်ရဲ့ခြေသံနဲ့တောင်တူညီနေတယ်။ကျွန်တော်တစ်ကိုယ်လုံး ဓာတ္လိုက္သြားရသလိုပဲ..ကြည့်ရတာကျွန်တော်တို့အပေါ်မှာနောက်ထပ် လမ်းတစ်လမ်းရှိနေသေးတာလား။ဒါဆိုအဲ့ဒီလူကဘယ်သူဖြစ်နိုင်မလဲ ...အားနင်လား...။ဒါမှမဟုတ်..ဦးလေး၃လား..။ကျွန်တော်မှန်းဆတယ် အဖြေရှာမတွေ့ခင်လေးမှာပဲ ကျွန်တော်ရဲ့ကျောပြင်နဲ့လည်ပင်းတို့ပေါ်မှာယားကျိတဲ့ခံစားမှုတစ်ခုကိုခံစားလိုက်ရတယ်။ကျွန်တော့်စိတ်ထဲမှာတစ်ကယ်ကိုဗလာကျင်းသွားခဲ့ရတယ်။မဟုတ်ဘူး..ခံစားမှုကအမွှေးအမျှင်တွေကြောင့်ယားယံလာမှု ဖက်တီးလိုပဲကျွန်တော်လည်းအမွှေးတွေထွက်လာတာလား။ကျွန်တော့်လည်ပင်းနောက်ကိုစမ်းကြည့်တော့လည်ပင်းနောက်ကနေ စိုရွှဲရွှဲအရာတစ်ခုကိုစမ်းသပ်မိတယ်။ကျွန်တော်ထင်တာဖက်တီးကျွန်တော့်ကိုနောက်နေတယ်ပဲထင်တာ ဒါကြောင့်ပဲစိတ်ထဲကနေတစ်ချက်ဆဲရေးခဲ့သေးတာ။ပြီးတော့လက်လှမ်းမှီသလောက်ကျောပြင်ပေါ်ကအရာတွေကိုဖယ်ရှားနေမိတယ်။ထိုအချိန်မှာကျွန်တော်ရုတ်တရက်ခံစားမိတာက လက်သည်းတွေ..မဟုတ္ဘူး..ရေနူးနေပြီးပုပ်သိုးတော့မယ်အလောင်းတစ်ကောင်ရဲ့အနံ့တွေပါ ပါဝင်တယ်။

ကျွန်တော်ကထိုအရာတွေကိုစစချင်းသတိမထားသေးပဲ ဘေးကနံရံပေါ်ကိုသုတ်နေခဲ့သေးတာ..စိတ်ထဲမှာလဲဒီလောက်များတဲ့ဆီတွေကိုဘာလို့ဖက်တီးအချိန်ကုန်ခံပြီးလူးလာရတာလဲလို့လေ။ကလေးတစ်ယောကိုသာလိမ်းပေးမိရင် ၁၀ရက်လောက်ခေါင်းလျှော်ရင်တောင်ပြောင်မှာမဟုတ်နဲ့အဆီတွေ။

တွေးနေရင်းနဲ့တင်ပဲလည်ပင်းနောက်ကစတင်ပြီးယားယံလာပြန်တယ်။ဖက်တီးတစ်ကယ်ကိုဘာလုပ်ချင်နေရတာလဲ။သည်းမခံနိုင်တဲ့အဆုံးမှာပဲ ကျွန်တော်မီးဖွင့်ပြီးသူ့အနောက်ကိုလှည့်ကြည့်ဖို့လုပ်ခဲ့တယ်။ထိုအချိန်ကျမှသိခဲ့ရတာက တစ်ခုခုမှားယွင်းနေတယ် ဘာလို့လဲဖက်တီးရဲ့မျက်နှာကအဲ့ဒီလောက်သေးသွယ်နေရတာလဲ။ကျွန်တော်သူ့ရဲ့ခန္ဓာကိုယ်ဆီကိုဆင်းပြီးစမ်းကြည့်ခဲ့မိတော့ စိတ်ထဲမှာအကြီးအကျယ်ကမ္ဘာပျက်ခဲ့ရတဲ့အချိန်ကိုထိပ်တိုက်တွေ့ခဲ့ရတယ်။ မဟုတ်သေးပါဘူး ဒီစိုရွှဲပြီးရှုံ့တွနေတဲ့အရာတွေကဆံပင်ချည်တွေဖြစ်နိုင်ပါ့မလား။သေချာအောင်အောက်ဘက်နည်းနည်းထပ်ဆင်းပြီးစမ်းကြည့်ခဲ့တယ်။ထိုဆံပင်ချည်တွေကတစ်ခုနဲ့တစ်ခုဆက်နွယ်နေပြီးကျွန်တော်လက်တွေကထိုနေရာရောက်ရောက်ချင်းပဲ အချည်ခံလိုက်ရတယ်။လှုပ်ရှားသွားတဲ့ကျွန်တော့်ရဲ့လည်စိနောက်ကွယ်မှာကြောက်ရွံမှုနဲ့ထိတ်လန့်မှုတို့ရောယှက်နေတာကျွန်တော်အသိ..။ချွေးတွေလည်းစတင်ပြန်လာခဲ့သလို သေချာတယ် ဖက်တီးမှာတော့ဒီလောက်များတဲ့ဆံပင်တွေရှိမနေနိုင်ဘူးလေ။ဒါဆိုရင် ဒီဆံပင်တွေရဲ့ပိုင်ရှင်ကဘယ်သူဖြစ်မလဲ။

ရေလယ်သချိုင်းမှာတုန်းကတွေ့ခဲ့တဲ့ဆံပင်ချည်တွေကိုသတိသွားတယ်။ထိုအချိန်ကစပြီး ကျွန်တော်အသက်ရှူဖို့ခက်ခဲလာရတယ်။ဒါပေမယ့် ဓာတ်မီးကိုလည်းမဖွင့်ရဲခဲ့ဘူး။ကျွန်တော်ထင်နေတဲ့အရာကြီးနဲ့ကျွန်တော်နဲ့cm နည်းနည်းပဲဲခြားနိုင်မယ်။ကျွန်တော်ဓာတ်မီးဖွင့်လိုက်မိလို့တွေ့ရမယ် ထိုအရာရဲ့မျက်နှာကို ကျွန်တော်ရင်မဆိုင်ရဲဘူး။ပြီးတော့ ယားယံမှု ထိုအရာကိုလည်း သည်းမခံနိုင်တော့ဘူး။

ကျွန်တော်လက်လျော့လိုက်ရသလို။စိုစွတ်နေတဲ့လက်တစ်ဖက်ဟာ ကျွန်တော့်မျက်နှာကိုထိတွေ့နေတယ်။ အေးစက်တယ် ရက်စက်တယ် လက်သည်းတွေကချွန်မြနေသလို ကျွန်တော့် ဦးခေါင်းခွံတစ်ခုလုံးမွကျေတော့မယ့်အတိုင်းပဲ။ မျက်နှာကအရေပြားတွေက စတင်ပြီးတုန်ခါလာတယ်။

ထိုလက်ချောင်းတွေရဲ့လက်သည်းတွေက ကျွန်တော့်ရဲ့လည်ပင်းနားကနေဖြတ်သွားပြီး နောက်ပြန်ဆုတ်သွားတယ်။နောက်မကြာခင်မှာပဲ ရေလမ်းတစ်လျှောက်လာခဲ့ရတဲ့စိုစွတ်မှုကိုပြန်လည်ခံစားလိုက်ရတယ်။သို့ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဆံပင်ချာ်တွေသာရစ်ပတ်နေပြီးမျက်နှာနဲ့လည်ပင်းလေးတစ်ခုသာကျန်ရစ်စေတယ်။ကျွန်တော်သွားကြိတ်ထားမိတာ ပေါက်ထွက်တော့မယ့်အတိုင်းပဲ။ထိုအချိန်မှာ မိန်းကလေးတစ်ယောက်ရဲ့အသံဟာနားထဲပျံ့စွတ်လာတယ်။ပျော့ပျောင်းတယ်.. ညင်သာတယ်.. နွေးထွေးတယ်..သူမကနား,နားကိုကပ်ပြီး

"အသင်ကဘယ်သူလဲ"

ထိုမေးခွန်း ထိုအသံ ပျော့ပျောင်းပြီးနူးညံ့လွန်းတယ်..တိုးလွန်းတယ် သို့ပေမယ့် ကျွန်တော်ရှင်းလင်းစွာကြားနေရတယ်။ကျွန်တော်မှင်သက်သွားခဲ့ရတယ်။ထိုအချိန်မှာပဲ ထိုမိန်းကလေးဟာ ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရစ်ပတ်ဆွဲယူထားခဲ့တယ်။ ကျွန်တော်လှုပ်ရှားထို့မစွမ်းနိုင်ခဲ့သလို ခန္ဓာကိုယ်ကလည်း အသိစိတ်ကလွဲရင် ကျန်တာအားလုံးကကျွန်တော့်အလိုမဆောင်ခဲ့ပြန်ဘူး။ကျွန်တော့်ရဲ့လက်တွေ.ပေါ်မှာ သူမရဲ့အေးစက်လွန်းပါတဲ့လက်တွေ..ကျွန်တော့်ရဲ့ပုခုံးပေါ်မှာသူမရှိနေပြီး ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကိုအနောက်ကနေ ဆွဲစုတ်ပစ်နေသလိုပဲ။ကျွန်တော်စတင်ပြီး တုန်လှုပ်လာတယ်။သို့ပေမယ့် ကျွန်တော်ခံစားမိတာက သူမဟာသနားစရာကောင်းတယ်။သူမရဲ့နှုတ်ခမ်းသားရဲ့ကျွန်တော့ရဲ့နားရွက်နားကပ်နေပြီး သူမရဲ့အသက်ရှူချက်တွေဟာ အေးစက်လွန်းတယ်။ကျွန်တော်တစ်ကယ်ကိုမှင်သက်နေခဲ့ပြီး သူမပြောနေတဲ့တိုးညှင်းတဲ့လေသံကိုရှင်းလင်းစွာထပ်မံကြားလိုက်ရပြန််တယ်။သူမကဆိုသည်။

"ဖက္ထားပါ"

ဒီစကားကိုကြားကြားချင်းကျွန်တော့် ပြုစားခံလိုက်ရသလိုပဲ။ကျွန်တော့်ရဲ့လက်တွေကလှုပ်ရှားလို့မရတာမှန်ပေမယ့်သူတို့ကအခုအချိန်မှာဦးနှောက်နဲ့အသိသိတ်ရဲ့အမိန့်ကိုမနာခံတော့ဘူး။ကျွန်တော့်ရဲ့တွေ တစ်ကယ်ကိုသူမရဲ့ခါးကိုဖတ်တွက်ထားခဲ့တယ်။ဒါကြီးက အံ့ဩစရာဆိုတာထက်ကိုပိုလွန်းနေတယ်လေ။ထိုအချိန်မှာပိုပြီး သိလာရတာက ဒီမိန်းကလေး သူမ ဘာကိုမှဝတ်ဆင်မထားခဲ့ဘူး သူမရဲ့အသားအရေတွေက အေးစက်နေသလိုအံ့ဩစရာကောင်းအောင်နူးညံ့နေပြန်တယ်။ဒီအချိန်မှာကျွန်တော်တစ်ကယ်ကို ရှုပ်ထွေးနေပြန်ပြီ ကျွန်တော့်မျက်နှာကလည်းရဲတွက်နေမှာကျိန်းသေသလောက်ပဲ။ထိုအချိန်မှာပဲ ထိုမိနိးကလေးရဲ့နှုတ်ခမ်းတွေဟာ ကျွန်တော့်ရဲ့မေးစေ့နားအထိရွေ့လျားလာခဲ့ပြီးထိတွေ့လာတယ်။ကြည့်ရတာ ကျွန်တော်သူမကိုနမ်းဖို့ ဖိအားပေးခံရတော့မယ် ထင်ရတယ်။ကျွန်တော်တစ်ကယ့်ကို ဘာကိုမှထိန်းချုပ်လို့မရတော့ဘူး။အသိစိတ်..ထိန်းချုပ်ထားတဲ့အသိစိတ်ကပါ သူမကိုနမ်းချင်လာခဲ့တယ်။ရုတ်တရက်ဆိုသလိုပဲ မျက်နှာသေရဲ့ ဓာတ်မီးဟာပွင့်ဟလာခဲ့တယ်။ကျွန်တော်တွေ့ခဲ့တဲ့ "ထိုအရာ" ကိုကျွန်တော့်လက်ထဲမှာဆုတ်ကိုင်ထားခဲ့တာ။ထိုအရာအားလုံးပျောက်ပျယ်သွားတဲ့အခါမှာ တစ်ကိုယ်လုံးကြက်သီးကလွဲပြီးခေါင်းထဲမှာလည်းတစ်ခြားဘာအရာမှရှိမေနခဲ့ဘူး။

Continue Reading

You'll Also Like

227K 26.2K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
78.4K 12K 54
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
405K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...