လင်းသန့်ကြည်ဆေးခန်းရှေ့ကိုရောက်တော့ ကျေးဇူးတင်စကားပြောပြီး ကားပေါ်ကဆင်းတယ်။ ကိုငြိမ်းမိုးက လင်းသန့်ကြည်ကားပေါ်ကဆင်းကာနီး ပြေးလာပြီး ကားတံခါးကိုဖွင့်ပေးတယ်။
အဲ့လိုဖြစ်မှာစိုးလို့ မြန်မြန်ကျောပိုးအိတ်ကိုလွယ်ပြီး ဆင်းဖို့ပါပဲ။ ခါးပတ်ဖြုတ်နေရတာရယ် လူကကားပေါ်ကဆင်းကာနီး ယောင်ပြီး ပစ္စည်းစစ်တတ်တဲ့အကျင့်ပါနေတာကြောင့်ရယ် ကြာသွားတာ။ လိုင်းကားပေါ်မှာဆိုရင် ထီးတို့ ထမင်းချိုင့်တို့ မကြာ မကြာ ကျန်ခဲ့တဲ့ကိုယ့်အကျင့်ကြောင့် ဆင်းကာနီးဆို ပစ္စည်းစစ်တတ်တဲ့အကျင့်ကိုလုပ်ထားမိတာ။
တံခါးဖွင့်ပေးတော့လဲ ဆင်းလိုက်ရတာပေါ့။
ဆင်းပြီးတာနဲ့ ကျေးဇူးတင်စကားပြောရတယ်။
ဆေးခန်းထဲ ဝင်ပါအုံးလို့ ပြောရကောင်းမလား....မပြောရကောင်းမလား....ဒွိဟတွေနဲ့...
စိတ်အိုက်လိုက်တာ....ငါ့နှယ်....
ငြိမ်းမိုးလဲ လင်းသန့်ကြည်ကို ဒီနေ့မှစတွေ့တာ...
ဒီနေ့မှာကို ဘယ်လိုဖြစ်မှန်းမသိတော့ဘူး....ဒါမျိုး လုံးဝမဖြစ်ဖူးဘူး။ လုံးဝဆို တကယ်လုံးဝပါပဲ။ ငြိမ်းမိုးဘဝမှာ ယောကျားလေးတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့မြင်မိတာရယ်....သူ့နားကနေ ပြန်ရကာနီးတိုင်း မပြန်ချင်တာရယ်....တစ်ခါမှကို မဖြစ်ဖူးခဲ့တဲ့ ခံစားချက်ပါပဲ။ ခုချိန်မှာ ငြိမ်းမိုး သူ့ကိုအရမ်းဝင်မရောရဲ....သူက ဘယ်လိုရုပ်လေးဖြစ်နေမှန်းမသိဘူး။ သနားစရာလေး....အင်း.....ချစ်လဲချစ်စရာလေးပေါ့။
အုပ်ဝိုင်းဝိုင်းဆံပင်လေးတွေကြားက မျက်နှာလေးက ပျက်ချင်ချင်နဲ့....ကိုယ့်ကြောင့်တော့ မျက်နှာမပျက်စေချင်ပါ။ အစစအရာရာ သတိထားရမယ်လို့ ငြိမ်းမိုးတွေးနေရင်း.....
"ဟို.....ဆေးခန်းကိုဝင်အုံးမလား...ဝတ်ရည်နဲ့လဲ မိတ်ဆက်ပေးရအောင်..ဆေးခန်းက ကျဥ်းတော့ကျဥ်းတယ်"
ဆေးခန်းငယ်လေးထဲ လှမ်းကြည့်ရင်းပြောတဲ့အသံတိုးတိုးလေး....
ဟုတ်ပါရဲ့...အပြင်မှာ ထိုင်စောင့်နေကြသူတွေ လေးငါးယောက်ရှိသည်။ မိုးမရွာလို့ အဝင်လမ်းလေးဘေးမှာ ခုံလေးတွေချပြီးထိုင်နေကြတာ။ မိုးသာရွာရင်ဆေးခန်းထဲ လူပြည့်နေလောက်မှာ။ ဆေးခန်းလေးက သိ်တော့မကျယ်။
လူနာတွေကလဲ ဘာရယ်မဟုတ်....ဆရာဝန်လေးလာတာကို ငေးနေကြသည်။ ဆရာဝန်လေးကို လိုက်ပို့တဲ့တစ်ယောက်ကိုလဲ ကြည့်ကြတာပေါ့။
ကိုငြိမ်းမိုးက အရမ်းကြီးတော့မဟုတ်ပေမဲ့ ကြည့်ကောင်းသည့်ရုပ်ရည်ရှိသည်။ အဝတ်အစား....လက်ကနာရီ....ကား....ဒါတွေနဲ့ပေါင်းစပ်လိုက်တော့....ငေးချင်စရာလိုဖြစ်နေတာပေါ့။ အရပ်ကလဲ လင်းသန့်ကြည်ထက်ရှည်သည်။
တင်းကျပ်လာတဲ့စိတ်ကို လင်းသန့်ကြည် လျှော့ချနေရသည်။ တစ်နေကုန် ကိုယ့်ကိုလိုက်ကူညီထားသူလဲ ဖြစ်သည်....ပါပါးတပည့်လဲဖြစ်သည်။ အထင်သေးလောက်တဲ့အပြုအမူ အပြောအဆိုမရှိသူကို မိမိက ဘာတွေခံစားချက်ပြင်းထန်နေသည်တဲ့လဲ။
အတွေးနှင့်အတူ လင်းသန့်ကြည် စိတ်ကိုလျှော့ချပြီး ကိုငြိမ်းမိုးကိုမော့ကြည့်သည်။
တိုက်ဆိုင်စွာပင် ကိုငြိမ်းမိုးက ဆေးခန်းလေးထဲ ကြည့်နေရင်းမှ....လင်းသန့်ကြည်ကို ငုံ့ကြည့်သည်။
ငြိမ်းမိုး.....ပြုံးသည်။
ငြိမ်းမိုးအပြုံးကြောင့်...လင်းသန့်ကြည် ခေါင်းကို ချက်ချင်းငုံ့ချပစ်သည်။
ငိုချင်လာပြီ....စိတ်အိုက်လွန်းမက အိုက်လို့လေ။အဲ့လိုကြီး ကြည့်တာရော ကြည့်ပြီးရင် ပြုံးနေတာရောကိုသဘောမကျ။ဘာကို သဘောမကျမှန်းလဲမသိ။
.
.
.
"နောက်မှ....နောက်မှ.....ဝတ်ရည်နဲ့တွေ့ပါတော့မယ်...ကျွန်တော်တို့ တွေ့ရအုံးမှာပဲလေ....ခု....ကိုလင်းသန့် ဝင်ပါတော့...ကျွန်တော်ပြန်တော့မယ်....ဟိုမှာ...လူနာတွေက သူတို့ဒေါက်တာကို ကြည့်နေကြတယ်"
ဆေးခန်းဘက်ကိုမေးငေါ့ရင်း အပြုံးနဲ့ပြောသည်။
"ဟုတ်...ဟုတ်ကဲ့....ကျေးဇူးပါနော်...ဒီနေ့လိုက်ပို့ပေးတာ..."
"ဟာ...ရပါတယ်ဗျာ....အားမနာပါနဲ့...ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး"
လင်းသန့်ကြည်ခေါင်းကိုညိမ့်ပြသည်။
ချက်ချင်း ဆေးခန်းထဲ ပြေးဝင်လို့ကမဖြစ်သေး။ ရိုင်းရာကျမည်။ သူ့ကား မောင်းထွက်သွားမှ.....ဝင်ရမည်လေ။
ကိုငြိမ်းမိုး ကားကိုမောင်းထွက်သွားမှ.....ပူလောင်လှသော လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း...လင်းသန့်ကြည် ဆေးခန်းထဲဝင်ဖို့ပြင်သည်။ တကယ်ပဲ စိတ်က ပေါ့ပါးသွားလေသလား။
.
.
.
တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
.
.
.
နောက်ကို ချာကနဲ လှည့်ကြည့်မိသည်။
မသိစိတ်ရဲ့...စေ့ဆော်မှု......
.
.
.
.
ဆေးခန်းရဲ့တစ်ဘက်ခြမ်းလမ်းမဘေး သစ်ပင်ရိပ်အောက်မှာ လင်းသန့်ကြည်ကို လှမ်းကြည့်နေတဲ့.....ဘဂျမ်း....သူ့ဆိုင်ကယ်ဘေးတွဲလေးပေါ်ထိုင်လို့ရယ်...
ဒိတ်ကနဲ...ရင်ထဲမှာ....
ပူပန်သွားသော..စိတ်....ပြာသွားသော အတွေးပေါင်းစုံက လှိမ့်ဝင်လာသည်။
ခုဏ ကိုငြိမ်းမိုးနဲ့စကားပြောနေတာ သူကြည့်နေတယ်ပေါ့။ သူ ငေး နေတာ မြင်တယ်။ သူ့အကြည့်က ဘာလို့ ငါ့ထက် ပိုဆိုးနေရတာလဲ။ စိတ်အိုက်လွန်းလို့ ငိုချင်နေတာ ငါလေ....
လင်းသန့်ကြည်အတွေးက တကယ်တော့ သဘာဝမကျ။
မိမိ မိတ်ဆွေအပေါင်းအသင်းများကို မိမိကြည့်ပေးနေသည့် လူနာက သိစရာလား။ သိတော့ရော ဘာဖြစ်မှာလဲ။ မိမိကို ဘာထင်မည်တဲ့လဲ။ ထင်တော့ရော ဘာဖြစ်လို့လဲ။ဒီလိုဖြစ်ရမှာလေ....မဟုတ်ဘူးလား။
သို့သော်....တကယ်တမ်း လင်းသန့်ကြည်ရဲ့ အသိစိတ်ဟာ ပုံမှန်မဟုတ်တော့.....ဒါကိုလဲ သတိမထားမိ။
ခြေလှမ်းတွေက ဆက်ရွှေ့လို့မရတော့....လမ်းလေးရဲ့တစ်ဘက်ခြမ်းသစ်ပင်အောက်ကနေ... သူ့ကို ခုထိ ငေးနေဆဲဖြစ်တဲ့ ဘဂျမ်းရဲ့ အကြည့်ကြောင့်....ဘာကို ဘယ်လိုပြောပြချင်မှန်းလဲမသိ။ ဘာဖြစ်ချင်မှန်းလဲမသိ။ ဘာလုပ်ရမလဲပါ မသိတော့။
ခြေအစုံကို တွေတွေချပြီးရပ်ကာ လင်းသန့်ကြည်က ရှေ့တိုးဖို့လဲ အားမရှိ....နောက်ကျောခိုင်းဖို့လဲ....မတတ်နိုင်နဲ့.....တစ်နေကုန် ပင်ပန်းထားသမျှ ထက် အခု ပိုပင်ပန်းနေတာရော....
မတတ်နိုင်တဲ့အဆုံး.....ဘဂျမ်းကို လက်ယပ်လှမ်းခေါ်မိသည်။
ဒီတော့မှ.....ပြေးဆင်းလာတဲ့ ဘဂျမ်း..
ခြေလှမ်းတလွှားလွှားနဲ့ လင်းသန့်ကြည်အနားကို ရိပ်ကနဲရောက်လာသည်။
"ဗျာ...ဆရာ...."
တုန်ရီတိုးတိတ်ပြီး ဖျော့တော့လွန်းတဲ့ အသံ...
လင်းသန့်ကြည် ဝမ်းနည်းစိတ်က လှိုက်လာတော့သည်။
ဘာလဲ....ဘာလဲ.....ဘာလဲ.....ပင်ပန်းလိုက်တာ...ဒီနေ့ကွာ...ပင်ပန်းလိုက်တာ....
လင်းသန့်ကြည် ဘဂျမ်းကိုမော့ကြည့်သည်။
မျက်လုံးနက်နက်တွေထက် ပိုနက်နဲသောအကြည့်တစ်စုံက လင်းသန့်ကြည်ရင်ထဲ အားနဲ့ဝင်ရောက်လာသည်။ထိုအကြည့်နက်နက်တွေကို ပြန်ကြည့်ရင်း....
"ဆေးခန်းထဲ ဝင်လေ...အထဲမှာ ဆရာမရှိတယ်...ဘာလို့အပြင်မှာလဲ....လေအေးတွေမိရင် ထပ်ဖျားမယ်လေ...ဆေးရောသောက်တယ်မှလား...ခု ဘယ်လိုနေသေးလဲ....အလုပ်ရော နားရဲ့လား"
လင်းသန့်ကြည်အသံက တိုးသော်လည်းကြားရသည်။
စိမ်းသက်သော ဆက်ဆံရေးဆိုပေမဲ့...အလွန်ရင်းနှီးသလို ခံစားရသည်။ ဘဂျမ်း ခေါင်းကိုတဆတ်ဆတ်ညိမ့်သည်။
"ဟုတ်ကဲ့...ကျွန်တော့်အလှည့်မရောက်သေးလို့ပါ....စောင့်တဲ့လူတွေက အသက်ကြီးပိုင်းများတော့ သူတို့ထိုင်လို့ရအောင် အပြင်ထွက်စောင့်ပေးတာပါ...ဆေးသောက်ပါတယ်...အစာပျော့တာပဲစားပါတယ်.....ဟို.....အရမ်းသက်သာနေပါပြီ....ဆရာက လာခဲ့ဆိုလို့သာ....."
ဘဂျမ်းအသံကတော့ တုန်ရီနေဆဲ....
"ဟုတ်တယ်လေ...အဖျားအရှင်းပျောက်ရင်တော့ အားဆေးလေးသွင်းလိုက်ပါ....ခဏနေ ဝင်ခဲ့နော်...ကိုယ်မပူတော့ဘူးမှလား...."
ပြောလဲပြော....လှမ်းလာတဲ့ လက်လေး...
ဘဂျမ်း လက်ကလေးရဲ့ရှေ့ကို ခေါင်းတိုးပေးသည်။
လူချင်းကလဲ ခပ်ခွာခွာဖြစ်သည့်အပြင် ဘဂျမ်းအရပ်က လင်းသန့်ကြည်ထက်တော်တော်လေးကိုမြင့်သည်လေ။ သူက မမှီတော့ ကိုယ်က ခေါင်းတိုးပေးတာပါ။
"အင်း...မပူတော့ဘူး..."
နဖူးဆီကိုစမ်းရင်း စိတ်တိုင်းကျသွားသည်။
ဒီတစ်ခါတော့ အဖျားပြတ်ပါပြီ။
ဆေးသွင်းပေးရမည်။
ဘဂျမ်းကို.... ထားခဲ့ကာ...ဆေးခန်းထဲ လင်းသန့်ကြည်ဝင်ရသည်။
ဘဂျမ်းကို ခေါ်တော့ အပြင်မှာပဲစောင့်ပါရစေဆိုလို့လေ။
"ဟဲ့.....လင်းသန့်...ဘယ်သူနဲ့လာတာလဲ....ကားသံကြားတယ်"
ဝတ်ရည်မေးသည်။
"အင်း...ဟို...ပါပါး တပည့်တစ်ယောက်လိုက်ပို့တာ....နင်နားေလ.. ငါဆက်ကြည့်မယ်"
"နေပါအုံး...ပါးနဲ့နင် ကားသွားကြည့်တာလား...ငါ့ကိုမခေါ်ဘဲနဲ့"
"ပြီးရင် ပြောပြမယ်ဟာ.....ခု လူနာကြည့်မယ်....နင် ဘာဖြစ်နေတာလဲ"
လင်းသန့်ကြည်အသံက....ပင်ပန်းလွန်းလို့ တိုတိုပြတ်ပြတ်ပဲ ပြောနိုင်တော့သည်။
ဝတ်ရည်ကလဲ...သူ့ကို မခေါ်ဘဲ ကားသွားကြည့်လို့ မကြည်။
ဒါပေမဲ့ နှစ်ယောက်သား လူနာတွေ ကြည့်ကြရသည်။
ငြင်းခုန်နေဖို့မအားသေး။စိတ်ဆိုး စိတ်ကောက်ဖို့ကိုဖို့ကိုပင် မအားကြတော့။
လူနာတွေကို တစ်ယောက်ချင်း စိတ်ရှည်လက်ရှည်ကြည့်ပေးပြီး နာရီကြည့်တော့ ခြောက်နာရီကျော်နေပြီ။ ပုံမှန်အတိုင်းဆို ဆေးခန်းကို ခုနှစ်နာရီပိတ်ကြသည်။ စာရင်းတွေဘာတွေစစ် ဆေးတွေဘာတွေ ကျန်တာ ဘာညာစစ်... လိုအပ်တာကို ဝယ်ဖို့စာရင်းထဲထည့်....လုပ်ကြရသည်။ အပြင်ကစာရေးမလေးက အားလုံးလုပ်ပေးသည်ဆိုပေမဲ့ ပြန်ကာနီးတိုင်း စစ်ပေးရသည်။ အားလုံးပြီးလို့ ဆေးခန်းပိတ်ရင်....ခုနှစ်နာရီခွဲက ပုံမှန်။ တစ်ခါတစ်လေ ဆေးခန်းပိတ်ကာနီးမှ ပြေးလာတဲ့လူနာရှိရင်တော့ အိမ်ပြန်ရောက်လို့ ဆယ်နာရီမဖြစ်ရင်ကံကောင်း။
ဒီနေ့လဲ....ကိုယ်တော်ချောတစ်ယောက်ကျန်သေးသည်။
ဆေးသွင်းပေးရဖို့....
အိမ်ဘယ်ချိန် ပြန်ရမယ်မသိသေး.....
ဘဂျမ်းက လင်းသန့်ကြည်အခန်းလေးထဲကထွက်လာတာကို စောင့်နေသည်။
"လာ"
အခန်းဝကနေ လင်းသန့်ကြည် လှမ်းခေါ်တော့မှ ဝင်လာသည်။
ကုတင်ပေါ်မှာထိုင်ခိုင်းပြီး.... အဖျားအရင်တိုင်းပေးရသည်။ လက်နဲ့စမ်းတာက သပ်သပ်လေ။
ဝတ်ရည်က စာရင်းစစ်နေရင်းက ပြူးကြည့်နေသည်။
ဘယ်ကနေ....လူနာတစ်ယောက်ကျန်ပါလိမ့်ပေါ့။
သြော်....ဟိုနေ့က ကိုယ့်ဒေါက်တာလင်းသန့်လူနာစောင့်လုပ်ပေးခဲ့တဲ့ တစ်ယောက်....
လိုအပ်တာအကုန် လင်းသန့်ကြည် လုပ်ပေးပြီး ဆေးသွင်းပေးထားလိုက်သည်။
ထိုင်သည်.....ခုမှ ထိုင်ရသည်။တစ်နေကုန်ဘာတွေ မောမှန်းမသိမောလှသည်။ ခုမှ နားရတုန်း နားလိုက်အုံးမည်။ ကုတင်ပေါ်ကလူကို သတိရလို့လှမ်းကြည့်တော့ မျက်နှာကျက်ဆီကိုတွေတွေကြီးကြည့်ရင်း ကုတင်ပေါ်မှာ ပက်လက်....
လက်မှာလဲ ပိုက်တန်းလန်းနဲ့ပေါ့.....ကိုယ်ပဲလုပ်ထားတာ။
"ဟဲ့....ငါ့ကိုဘာပြောစရာရှိလဲ"
ပြောရင်း လူကိုတရားခံကြည့် ကြည့်ပြီး ဝင်လာတဲ့ ဝတ်ရည်မ....
.
.
.
.
.
ဆက်ရန်.......
Zawgyi
လင္းသန့္ၾကည္ေဆးခန္းေရွ႕ကိုေရာက္ေတာ့ ေက်းဇူးတင္စကားေျပာၿပီး ကားေပၚကဆင္းတယ္။ ကိုၿငိမ္းမိုးက လင္းသန့္ၾကည္ကားေပၚကဆင္းကာနီး ေျပးလာၿပီး ကားတံခါးကိုဖြင့္ေပးတယ္။
အဲ့လိုျဖစ္မွာစိုးလို႔ ျမန္ျမန္ေက်ာပိုးအိတ္ကိုလြယ္ၿပီး ဆင္းဖို႔ပါပဲ။ ခါးပတ္ျဖဳတ္ေနရတာရယ္ လူကကားေပၚကဆင္းကာနီး ေယာင္ၿပီး ပစၥည္းစစ္တတ္တဲ့အက်င့္ပါေနတာေၾကာင့္ရယ္ ၾကာသြားတာ။ လိုင္းကားေပၚမွာဆိုရင္ ထီးတို႔ ထမင္းခ်ိဳင့္တို႔ မၾကာ မၾကာ က်န္ခဲ့တဲ့ကိုယ့္အက်င့္ေၾကာင့္ ဆင္းကာနီးဆို ပစၥည္းစစ္တတ္တဲ့အက်င့္ကိုလုပ္ထားမိတာ။
တံခါးဖြင့္ေပးေတာ့လဲ ဆင္းလိုက္ရတာေပါ့။
ဆင္းၿပီးတာနဲ႕ ေက်းဇူးတင္စကားေျပာရတယ္။
ေဆးခန္းထဲ ဝင္ပါအုံးလို႔ ေျပာရေကာင္းမလား....မေျပာရေကာင္းမလား....ဒြိဟေတြနဲ႕...
စိတ္အိုက္လိုက္တာ....ငါ့ႏွယ္....
ၿငိမ္းမိုးလဲ လင္းသန့္ၾကည္ကို ဒီေန႕မွစေတြ႕တာ...
ဒီေန႕မွာကို ဘယ္လိုျဖစ္မွန္းမသိေတာ့ဘူး....ဒါမ်ိဳး လုံးဝမျဖစ္ဖူးဘူး။ လုံးဝဆို တကယ္လုံးဝပါပဲ။ ၿငိမ္းမိုးဘဝမွာ ေယာက်ားေလးတစ္ေယာက္ကို ခ်စ္စရာေကာင္းတယ္လို႔ျမင္မိတာရယ္....သူ႕နားကေန ျပန္ရကာနီးတိုင္း မျပန္ခ်င္တာရယ္....တစ္ခါမွကို မျဖစ္ဖူးခဲ့တဲ့ ခံစားခ်က္ပါပဲ။ ခုခ်ိန္မွာ ၿငိမ္းမိုး သူ႕ကိုအရမ္းဝင္မေရာရဲ....သူက ဘယ္လို႐ုပ္ေလးျဖစ္ေနမွန္းမသိဘူး။ သနားစရာေလး....အင္း.....ခ်စ္လဲခ်စ္စရာေလးေပါ့။
အုပ္ဝိုင္းဝိုင္းဆံပင္ေလးေတြၾကားက မ်က္ႏွာေလးက ပ်က္ခ်င္ခ်င္နဲ႕....ကိုယ့္ေၾကာင့္ေတာ့ မ်က္ႏွာမပ်က္ေစခ်င္ပါ။ အစစအရာရာ သတိထားရမယ္လို႔ ၿငိမ္းမိုးေတြးေနရင္း.....
"ဟို.....ေဆးခန္းကိုဝင္အုံးမလား...ဝတ္ရည္နဲ႕လဲ မိတ္ဆက္ေပးရေအာင္..ေဆးခန္းက က်ဥ္းေတာ့က်ဥ္းတယ္"
ေဆးခန္းငယ္ေလးထဲ လွမ္းၾကည့္ရင္းေျပာတဲ့အသံတိုးတိုးေလး....
ဟုတ္ပါရဲ႕...အျပင္မွာ ထိုင္ေစာင့္ေနၾကသူေတြ ေလးငါးေယာက္ရွိသည္။ မိုးမ႐ြာလို႔ အဝင္လမ္းေလးေဘးမွာ ခုံေလးေတြခ်ၿပီးထိုင္ေနၾကတာ။ မိုးသာ႐ြာရင္ေဆးခန္းထဲ လူျပည့္ေနေလာက္မွာ။ ေဆးခန္းေလးက သိ္ေတာ့မက်ယ္။
လူနာေတြကလဲ ဘာရယ္မဟုတ္....ဆရာဝန္ေလးလာတာကို ေငးေနၾကသည္။ ဆရာဝန္ေလးကို လိုက္ပို႔တဲ့တစ္ေယာက္ကိုလဲ ၾကည့္ၾကတာေပါ့။
ကိုၿငိမ္းမိုးက အရမ္းႀကီးေတာ့မဟုတ္ေပမဲ့ ၾကည့္ေကာင္းသည့္႐ုပ္ရည္ရွိသည္။ အဝတ္အစား....လက္ကနာရီ....ကား....ဒါေတြနဲ႕ေပါင္းစပ္လိုက္ေတာ့....ေငးခ်င္စရာလိုျဖစ္ေနတာေပါ့။ အရပ္ကလဲ လင္းသန့္ၾကည္ထက္ရွည္သည္။
တင္းက်ပ္လာတဲ့စိတ္ကို လင္းသန့္ၾကည္ ေလွ်ာ့ခ်ေနရသည္။ တစ္ေနကုန္ ကိုယ့္ကိုလိုက္ကူညီထားသူလဲ ျဖစ္သည္....ပါပါးတပည့္လဲျဖစ္သည္။ အထင္ေသးေလာက္တဲ့အျပဳအမူ အေျပာအဆိုမရွိသူကို မိမိက ဘာေတြခံစားခ်က္ျပင္းထန္ေနသည္တဲ့လဲ။
အေတြးႏွင့္အတူ လင္းသန့္ၾကည္ စိတ္ကိုေလွ်ာ့ခ်ၿပီး ကိုၿငိမ္းမိုးကိုေမာ့ၾကည့္သည္။
တိုက္ဆိုင္စြာပင္ ကိုၿငိမ္းမိုးက ေဆးခန္းေလးထဲ ၾကည့္ေနရင္းမွ....လင္းသန့္ၾကည္ကို ငုံ႕ၾကည့္သည္။
ၿငိမ္းမိုး.....ၿပဳံးသည္။
ၿငိမ္းမိုးအၿပဳံးေၾကာင့္...လင္းသန့္ၾကည္ ေခါင္းကို ခ်က္ခ်င္းငုံ႕ခ်ပစ္သည္။
ငိုခ်င္လာၿပီ....စိတ္အိုက္လြန္းမက အိုက္လို႔ေလ။အဲ့လိုႀကီး ၾကည့္တာေရာ ၾကည့္ၿပီးရင္ ၿပဳံးေနတာေရာကိုသေဘာမက်။ဘာကို သေဘာမက်မွန္းလဲမသိ။
.
.
.
"ေနာက္မွ....ေနာက္မွ.....ဝတ္ရည္နဲ႕ေတြ႕ပါေတာ့မယ္...ကြၽန္ေတာ္တို႔ ေတြ႕ရအုံးမွာပဲေလ....ခု....ကိုလင္းသန့္ ဝင္ပါေတာ့...ကြၽန္ေတာ္ျပန္ေတာ့မယ္....ဟိုမွာ...လူနာေတြက သူတို႔ေဒါက္တာကို ၾကည့္ေနၾကတယ္"
ေဆးခန္းဘက္ကိုေမးေငါ့ရင္း အၿပဳံးနဲ႕ေျပာသည္။
"ဟုတ္...ဟုတ္ကဲ့....ေက်းဇူးပါေနာ္...ဒီေန႕လိုက္ပို႔ေပးတာ..."
"ဟာ...ရပါတယ္ဗ်ာ....အားမနာပါနဲ႕...ဒါဆို ကြၽန္ေတာ့္ကိုခြင့္ျပဳပါအုံး"
လင္းသန့္ၾကည္ေခါင္းကိုညိမ့္ျပသည္။
ခ်က္ခ်င္း ေဆးခန္းထဲ ေျပးဝင္လို႔ကမျဖစ္ေသး။ ရိုင္းရာက်မည္။ သူ႕ကား ေမာင္းထြက္သြားမွ.....ဝင္ရမည္ေလ။
ကိုၿငိမ္းမိုး ကားကိုေမာင္းထြက္သြားမွ.....ပူေလာင္လွေသာ ေလပူတစ္ခ်က္ကို မႈတ္ထုတ္ရင္း...လင္းသန့္ၾကည္ ေဆးခန္းထဲဝင္ဖို႔ျပင္သည္။ တကယ္ပဲ စိတ္က ေပါ့ပါးသြားေလသလား။
.
.
.
တစ္လွမ္း
ႏွစ္လွမ္း
သုံးလွမ္း
.
.
.
ေနာက္ကို ခ်ာကနဲ လွည့္ၾကည့္မိသည္။
မသိစိတ္ရဲ႕...ေစ့ေဆာ္မႈ......
.
.
.
.
ေဆးခန္းရဲ႕တစ္ဘက္ျခမ္းလမ္းမေဘး သစ္ပင္ရိပ္ေအာက္မွာ လင္းသန့္ၾကည္ကို လွမ္းၾကည့္ေနတဲ့.....ဘဂ်မ္း....သူ႕ဆိုင္ကယ္ေဘးတြဲေလးေပၚထိုင္လို႔ရယ္...
ဒိတ္ကနဲ...ရင္ထဲမွာ....
ပူပန္သြားေသာ..စိတ္....ျပာသြားေသာ အေတြးေပါင္းစုံက လွိမ့္ဝင္လာသည္။
ခုဏ ကိုၿငိမ္းမိုးနဲ႕စကားေျပာေနတာ သူၾကည့္ေနတယ္ေပါ့။ သူ ေငး ေနတာ ျမင္တယ္။ သူ႕အၾကည့္က ဘာလို႔ ငါ့ထက္ ပိုဆိုးေနရတာလဲ။ စိတ္အိုက္လြန္းလို႔ ငိုခ်င္ေနတာ ငါေလ....
လင္းသန့္ၾကည္အေတြးက တကယ္ေတာ့ သဘာဝမက်။
မိမိ မိတ္ေဆြအေပါင္းအသင္းမ်ားကို မိမိၾကည့္ေပးေနသည့္ လူနာက သိစရာလား။ သိေတာ့ေရာ ဘာျဖစ္မွာလဲ။ မိမိကို ဘာထင္မည္တဲ့လဲ။ ထင္ေတာ့ေရာ ဘာျဖစ္လို႔လဲ။ဒီလိုျဖစ္ရမွာေလ....မဟုတ္ဘူးလား။
သို႔ေသာ္....တကယ္တမ္း လင္းသန့္ၾကည္ရဲ႕ အသိစိတ္ဟာ ပုံမွန္မဟုတ္ေတာ့.....ဒါကိုလဲ သတိမထားမိ။
ေျခလွမ္းေတြက ဆက္ေ႐ႊ႕လို႔မရေတာ့....လမ္းေလးရဲ႕တစ္ဘက္ျခမ္းသစ္ပင္ေအာက္ကေန... သူ႕ကို ခုထိ ေငးေနဆဲျဖစ္တဲ့ ဘဂ်မ္းရဲ႕ အၾကည့္ေၾကာင့္....ဘာကို ဘယ္လိုေျပာျပခ်င္မွန္းလဲမသိ။ ဘာျဖစ္ခ်င္မွန္းလဲမသိ။ ဘာလုပ္ရမလဲပါ မသိေတာ့။
ေျခအစုံကို ေတြေတြခ်ၿပီးရပ္ကာ လင္းသန့္ၾကည္က ေရွ႕တိုးဖို႔လဲ အားမရွိ....ေနာက္ေက်ာခိုင္းဖို႔လဲ....မတတ္နိုင္နဲ႕.....တစ္ေနကုန္ ပင္ပန္းထားသမွ် ထက္ အခု ပိုပင္ပန္းေနတာေရာ....
မတတ္နိုင္တဲ့အဆုံး.....ဘဂ်မ္းကို လက္ယပ္လွမ္းေခၚမိသည္။
ဒီေတာ့မွ.....ေျပးဆင္းလာတဲ့ ဘဂ်မ္း..
ေျခလွမ္းတလႊားလႊားနဲ႕ လင္းသန့္ၾကည္အနားကို ရိပ္ကနဲေရာက္လာသည္။
"ဗ်ာ...ဆရာ...."
တုန္ရီတိုးတိတ္ၿပီး ေဖ်ာ့ေတာ့လြန္းတဲ့ အသံ...
လင္းသန့္ၾကည္ ဝမ္းနည္းစိတ္က လွိုက္လာေတာ့သည္။
ဘာလဲ....ဘာလဲ.....ဘာလဲ.....ပင္ပန္းလိုက္တာ...ဒီေန႕ကြာ...ပင္ပန္းလိုက္တာ....
လင္းသန့္ၾကည္ ဘဂ်မ္းကိုေမာ့ၾကည့္သည္။
မ်က္လုံးနက္နက္ေတြထက္ ပိုနက္နဲေသာအၾကည့္တစ္စုံက လင္းသန့္ၾကည္ရင္ထဲ အားနဲ႕ဝင္ေရာက္လာသည္။ထိုအၾကည့္နက္နက္ေတြကို ျပန္ၾကည့္ရင္း....
"ေဆးခန္းထဲ ဝင္ေလ...အထဲမွာ ဆရာမရွိတယ္...ဘာလို႔အျပင္မွာလဲ....ေလေအးေတြမိရင္ ထပ္ဖ်ားမယ္ေလ...ေဆးေရာေသာက္တယ္မွလား...ခု ဘယ္လိုေနေသးလဲ....အလုပ္ေရာ နားရဲ႕လား"
လင္းသန့္ၾကည္အသံက တိုးေသာ္လည္းၾကားရသည္။
စိမ္းသက္ေသာ ဆက္ဆံေရးဆိုေပမဲ့...အလြန္ရင္းႏွီးသလို ခံစားရသည္။ ဘဂ်မ္း ေခါင္းကိုတဆတ္ဆတ္ညိမ့္သည္။
"ဟုတ္ကဲ့...ကြၽန္ေတာ့္အလွည့္မေရာက္ေသးလို႔ပါ....ေစာင့္တဲ့လူေတြက အသက္ႀကီးပိုင္းမ်ားေတာ့ သူတို႔ထိုင္လို႔ရေအာင္ အျပင္ထြက္ေစာင့္ေပးတာပါ...ေဆးေသာက္ပါတယ္...အစာေပ်ာ့တာပဲစားပါတယ္.....ဟို.....အရမ္းသက္သာေနပါၿပီ....ဆရာက လာခဲ့ဆိုလို႔သာ....."
ဘဂ်မ္းအသံကေတာ့ တုန္ရီေနဆဲ....
"ဟုတ္တယ္ေလ...အဖ်ားအရွင္းေပ်ာက္ရင္ေတာ့ အားေဆးေလးသြင္းလိုက္ပါ....ခဏေန ဝင္ခဲ့ေနာ္...ကိုယ္မပူေတာ့ဘူးမွလား...."
ေျပာလဲေျပာ....လွမ္းလာတဲ့ လက္ေလး...
ဘဂ်မ္း လက္ကေလးရဲ႕ေရွ႕ကို ေခါင္းတိုးေပးသည္။
လူခ်င္းကလဲ ခပ္ခြာခြာျဖစ္သည့္အျပင္ ဘဂ်မ္းအရပ္က လင္းသန့္ၾကည္ထက္ေတာ္ေတာ္ေလးကိုျမင့္သည္ေလ။ သူက မမွီေတာ့ ကိုယ္က ေခါင္းတိုးေပးတာပါ။
"အင္း...မပူေတာ့ဘူး..."
နဖူးဆီကိုစမ္းရင္း စိတ္တိုင္းက်သြားသည္။
ဒီတစ္ခါေတာ့ အဖ်ားျပတ္ပါၿပီ။
ေဆးသြင္းေပးရမည္။
ဘဂ်မ္းကို.... ထားခဲ့ကာ...ေဆးခန္းထဲ လင္းသန့္ၾကည္ဝင္ရသည္။
ဘဂ်မ္းကို ေခၚေတာ့ အျပင္မွာပဲေစာင့္ပါရေစဆိုလို႔ေလ။
"ဟဲ့.....လင္းသန့္...ဘယ္သူနဲ႕လာတာလဲ....ကားသံၾကားတယ္"
ဝတ္ရည္ေမးသည္။
"အင္း...ဟို...ပါပါး တပည့္တစ္ေယာက္လိုက္ပို႔တာ....နင္နားေလ.. ငါဆက္ၾကည့္မယ္"
"ေနပါအုံး...ပါးနဲ႕နင္ ကားသြားၾကည့္တာလား...ငါ့ကိုမေခၚဘဲနဲ႕"
"ၿပီးရင္ ေျပာျပမယ္ဟာ.....ခု လူနာၾကည့္မယ္....နင္ ဘာျဖစ္ေနတာလဲ"
လင္းသန့္ၾကည္အသံက....ပင္ပန္းလြန္းလို႔ တိုတိုျပတ္ျပတ္ပဲ ေျပာနိုင္ေတာ့သည္။
ဝတ္ရည္ကလဲ...သူ႕ကို မေခၚဘဲ ကားသြားၾကည့္လို႔ မၾကည္။
ဒါေပမဲ့ ႏွစ္ေယာက္သား လူနာေတြ ၾကည့္ၾကရသည္။
ျငင္းခုန္ေနဖို႔မအားေသး။စိတ္ဆိုး စိတ္ေကာက္ဖို႔ကိုဖို႔ကိုပင္ မအားၾကေတာ့။
လူနာေတြကို တစ္ေယာက္ခ်င္း စိတ္ရွည္လက္ရွည္ၾကည့္ေပးၿပီး နာရီၾကည့္ေတာ့ ေျခာက္နာရီေက်ာ္ေနၿပီ။ ပုံမွန္အတိုင္းဆို ေဆးခန္းကို ခုႏွစ္နာရီပိတ္ၾကသည္။ စာရင္းေတြဘာေတြစစ္ ေဆးေတြဘာေတြ က်န္တာ ဘာညာစစ္... လိုအပ္တာကို ဝယ္ဖို႔စာရင္းထဲထည့္....လုပ္ၾကရသည္။ အျပင္ကစာေရးမေလးက အားလုံးလုပ္ေပးသည္ဆိုေပမဲ့ ျပန္ကာနီးတိုင္း စစ္ေပးရသည္။ အားလုံးၿပီးလို႔ ေဆးခန္းပိတ္ရင္....ခုႏွစ္နာရီခြဲက ပုံမွန္။ တစ္ခါတစ္ေလ ေဆးခန္းပိတ္ကာနီးမွ ေျပးလာတဲ့လူနာရွိရင္ေတာ့ အိမ္ျပန္ေရာက္လို႔ ဆယ္နာရီမျဖစ္ရင္ကံေကာင္း။
ဒီေန႕လဲ....ကိုယ္ေတာ္ေခ်ာတစ္ေယာက္က်န္ေသးသည္။
ေဆးသြင္းေပးရဖို႔....
အိမ္ဘယ္ခ်ိန္ ျပန္ရမယ္မသိေသး.....
ဘဂ်မ္းက လင္းသန့္ၾကည္အခန္းေလးထဲကထြက္လာတာကို ေစာင့္ေနသည္။
"လာ"
အခန္းဝကေန လင္းသန့္ၾကည္ လွမ္းေခၚေတာ့မွ ဝင္လာသည္။
ကုတင္ေပၚမွာထိုင္ခိုင္းၿပီး.... အဖ်ားအရင္တိုင္းေပးရသည္။ လက္နဲ႕စမ္းတာက သပ္သပ္ေလ။
ဝတ္ရည္က စာရင္းစစ္ေနရင္းက ျပဴးၾကည့္ေနသည္။
ဘယ္ကေန....လူနာတစ္ေယာက္က်န္ပါလိမ့္ေပါ့။
ေၾသာ္....ဟိုေန႕က ကိုယ့္ေဒါက္တာလင္းသန့္လူနာေစာင့္လုပ္ေပးခဲ့တဲ့ တစ္ေယာက္....
လိုအပ္တာအကုန္ လင္းသန့္ၾကည္ လုပ္ေပးၿပီး ေဆးသြင္းေပးထားလိုက္သည္။
ထိုင္သည္.....ခုမွ ထိုင္ရသည္။တစ္ေနကုန္ဘာေတြ ေမာမွန္းမသိေမာလွသည္။ ခုမွ နားရတုန္း နားလိုက္အုံးမည္။ ကုတင္ေပၚကလူကို သတိရလို႔လွမ္းၾကည့္ေတာ့ မ်က္ႏွာက်က္ဆီကိုေတြေတြႀကီးၾကည့္ရင္း ကုတင္ေပၚမွာ ပက္လက္....
လက္မွာလဲ ပိုက္တန္းလန္းနဲ႕ေပါ့.....ကိုယ္ပဲလုပ္ထားတာ။
"ဟဲ့....ငါ့ကိုဘာေျပာစရာရွိလဲ"
ေျပာရင္း လူကိုတရားခံၾကည့္ ၾကည့္ၿပီး ဝင္လာတဲ့ ဝတ္ရည္မ....
.
.
.
.
.
ဆက္ရန္.......