Rebirth ( ျပန္လည္ရွင္သန္ျခင္း...

By devil61002

126K 17.2K 2.1K

က်န္းခ်င္းေပ - arc.4. More

Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.21
Arc.4.22
Arc.4.23
Arc.4.24
Arc.4.25
Arc.4.26
Arc.4.27
Arc.4.28
Arc.4.29
Arc.4.30
Arc.4.31
Arc.4.32
Arc.4.33
Arc.4.34
Arc.4.35
Arc.4.36
Arc.4.37
Arc.4.38
Arc.4.39
Arc.4.40
FINAL
Extra
ေနာက္ထပ္ ေဈးဗန္း 😂😂

Arc.4.20

2.7K 437 74
By devil61002

ပိုင္အိမ္ေတာ္ၿခံဝင္းသည္ ႀကီးမားကာ ၿမိဳ႔နဲ႔ အနည္းငယ္ အလွမ္းေဝးသၫ့္ေနရာတြင္ရိွၿပီး တိတ္ဆိတ္ကာ သီးသန႔္ တည္ရိွသည္။ ထိုအျပင္ ကိစၥေတာ္ေတာ္မ်ားမ်ား ၿပီးသြားသၫ့္အခ်ိန္တြင္ ညေနေစာင္းေနၿပီး ျဖစ္သျဖင့္ အျခားေနရာမွလာသၫ့္ ပိုင္မိသားစုဝင္မ်ားသည္ အေရးႀကီးကိစၥ မရိွသူမ်ားသည္ မျပန္ေတာ့ဘဲ ေနလိုက္ၾကသည္။ ယြမ္ေရွာင္ေရွာင္း သည္လည္း ေနာက္ေန့ မနက္တြင္ အရွက္ရကာ ျပန္သြားသည္။ ပိုင္ဟန္ ကလည္း သူမနဲ႔အတူထြက္သြားသည္။ သူမ မထြက္သြားခင္ ခ်င္းေပထံသို႔ ခနလာေတြ့သြားေသးသည္။ ဘာ‌ေၾကာင့္ လာေတြ့မွန္း မည္သူမွ မသိေခ် ။

" ငါ့ေနာက္ လိုက္လာခဲ့ " ခ်င္းေပက အိမ္ျပန္ေရာက္သၫ့္ႏွင့္ ရွဲ႔ေယာင္အား ေခၚလာခဲ့သည္။ သူမ အိမ္အေနာက္ရိွ ေတာင္ေပၚသို႔ တက္လာခဲ့သည္။ ရွဲ႔ေယာင္က ခ်င္းေပသည္ သူ႔အား ကုသေပးမည္မွန္းသိသျဖင့္ အသာလိုက္လာခဲ့သည္။

ေတာင္ထိပ္သို႔ အတန္ၾကာလမ္းေလ်ွာက္ၿပီးေနာက္ ေရာက္လာခဲ့သည္။ ေတာင္ထိပ္ေပၚတြင္ လြင္ျပင္တစ္ခုရိွေနကာ ျမဴမ်ား အံုဆိုင္းေနၿပီး ကိုယ့္လက္ကိုပင္ ေသခ်ာ မျမင္ရေခ် ။ ခ်င္းေပက လက္ေဝ႔ွယမ္းလိုက္ကာ ျမဴမ်ားခြဲထြက္ကာ လမ္းေၾကာင္းတစ္ခုေပၚလာၿပီး ျမင္ကြင္းက အနည္းငယ္ရွင္းလင္းသြားသည္။

" ဒီမွာထိုင္ၿပီး မ်က္စိမိွတ္ထား " ရွဲ႔ေယာင္က ခ်င္းေပေျပာသၫ့္ ေနရာတြင္ ထိုင္ခ်လိုက္ၿပီး သူက ျဖစ္လာမၫ့္အရာအား လက္သင့္ခံရန္ အသင့္ျပင္ထားလိုက္သည္။ အျခားသူမ်ားမသိေသာ္လည္း စိတ္ႏွစ္ခြ ျဖစ္ေနသၫ့္ ခံစားခ်က္ႀကီးကို သူက မုန္းတီးလွေပသည္။ ယြမ္ေရွာင္ေရွာင္း အား မခ်စ္ေနမွန္း သူက ေသခ်ာေနေသာ္လည္း သူမအနားတြင္ေနခ်င္သၫ့္ စြဲလမ္းေနသၫ့္ စိတ္အား ေဖ်ာက္မရေခ်။ လည္ဆြဲ အက္ကြဲသြားသၫ့္ အခ်ိန္က  သူသာ မထႏိုင္ေလာက္ေအာင္ အားနည္းေနျခင္း မရိွလ်ွင္ ယြမ္ေရွာင္ေရွာင္းထံ ေျပးသြားမိေလာင္သည္။ ထို႔ေန့ၿပီးေနာက္ သူနဲ႔ ယြမ္ေရွာင္ေရွာင္းၾကား ဆက္သြယ္မႈသည္ ပိုလို႔ အားေကာင္းလာေနေၾကာင္း သတိထားမိသည္။ သူက ကုသမႈကိုပင္ လုပ္ဖို႔ တစ္ခါတစ္ရံ ေတြေဝလာသည္။ ထိုေၾကာင့္ သူက ေနျပန္ေကာင္းလာသည္နဲ႔ ခ်က္ခ်င္း ခ်င္းေပထံသို႔ ေရာက္လာျခင္းပင္ ။ လာသၫ့္အခ်ိန္တြင္ပင္ ကား၏ ဦးတည္ရာသည္ ခနခန ယြမ္ေရွာင္ေရွာင္းထံသို႔ ဦးတည္သြားသျဖင့္ ခ်င္းေပထံသို႔ ေရာက္လာရန္ မိနစ္ပိုင္းသာ ၾကာမၫ့္အခ်ိန္ကို နာရီအေတာ္ၾကာခဲ့ေသးသည္။

ခ်င္းေပက ရွဲ႔ေယာင္၏ ပတ္လည္တြင္ သူမ ျပဳလုပ္ထားသၫ့္  အစီအရင္အလံတစ္ခ်ိဳ႕ထားလိုက္သည္။ ယုယန္ခ်င္း၏ မွတ္ဉာဏ္ထဲမွာသာ ဝိဉာဉ္တံဆိပ္ခတ္ျခင္း အေၾကာင္း သိထားခဲ့သျဖင့္ လက္ေတြ့လုပ္ရာတြင္ အခက္အခဲရိွေနသည္။ 

ၿပီးေနာက္ သူမက ပုလင္းတစ္ခုအား ထုတ္ယူလိုက္သည္။ ဒါသည္ ယြမ္ေရွာင္ေရွာင္းနဲ႔ အေလာင္းအစားတြင္ သူမေတာင္းခဲ့သၫ့္ ပစၥည္းပင္ ။ ယြမ္ေရွာင္ေရွာင္း၏ ေသြးအဆီအႏွစ္ ျဖစ္သည္။ ရိုးရိုးေသြးနဲ႔ မတူဘဲ ေသြးအဆီအႏွစ္သည္ က်င့္ႀကံသူ၏ စြမ္းအင္မ်ား ပါသည္။ သူမက ရွဲ႔ေယာင္ နဲ႔ မ်က္ႏွာခ်င္းဆိုင္းထိုင္လိုက္ သည္။ သူမ ရဲ့ ခ်ီစြမ္းအင္ လွၫ့္ပတ္မႈကို ရပ္တန႔္လိုက္ကာ မ်က္လံုးမိွတ္လိုက္သည္။

ခ်င္းေပ၏ ကိုယ္မွ ခ်ီစြမ္းအင္ အစား ဝိညာဉ္စြမ္းအင္ ထြက္လာကာ ရွဲ႔ေယာင္၏ နဖူးတၫ့္တၫ့္ဝင္သြားသည္။ ခ်ီစြမ္းအင္သည္ ဝိညာဉ္ကို အားျဖၫ့္ေပးႏိုင္ေသာ္လည္း ဝိညာဉ္စြမ္းအင္သည္ ဝိညာဉ္၏အရင္းအျမစ္ျဖစ္ကာ အေရးႀကီးသည္ ။ ဝိညာဉ္စြမ္းအင္ ရိွလ်ွင္ ခႏၶာကိုယ္မရိွလ်ွင္ေတာင္ အသက္ရွင္ႏိုင္ၿပီး လံုေလာက္သၫ့္ စြမ္းအင္ရိွလ်ွင္ ခႏၶာကိုယ္ကိုပင္ ဖန္တီးႏိုင္သည္။ ဝိညာဉ္စြမ္းအင္ မရိွသၫ့္ ဝိညာဉ္မ်ားသည္ ခႏၶာကိုယ္မွ ထုတ္ခံရလ်ွင္ ေသသြားသည္ဟု သတ္မွတ္ႏိုင္သည္။ သူမလို ကံေကာင္းလြန္းၿပီး system နဲ႔ ေတြ့တဲ့ လူေတြေတာ့ မပါဘူးေပါ့ေလ။

ဝိညာဉ္တံဆိပ္ခတ္ျခင္းသည္ မိမိ၏ ေသြးအဆီအႏွစ္ကို သံုးၿပီး အျခားသူ၏ ဝိညာဉ္ေပၚတြင္ အမွတ္အသားလုပ္ကာ မိမိအပိုင္အျဖစ္ သတ္မွတ္ျခင္းပင္ ။ အမွတ္အသားသည္ ျပၫ့္စံုသြားလ်ွင္ ထိုသူအား မိမိ၏ လက္ကဲ့သို႔ ျပဳမႈႏိုင္သည္။ က်င့္ႀကံသူမ်ားသည္ စိတ္ဝိညာဉ္ရတနာ ပစၥည္းအမ်ားစု အား အလြယ္တကူ အသံုးျပဳႏိုင္ရန္ ထိုသို႔ ျပဳလုပ္ေလ့ရိွသည္။ လူကို ျပဳလုပ္သည္မွာ ရတနာမ်ားကဲ့သို႔ မေပါမ်ားေသာ္လည္း မရွားေပ ။ ရွင္းရွင္းေျပာရလ်ွင္ စိတ္ေရာလူေရာကြၽန္ျပဳျခင္းျဖစ္ျဖစ္သည္။

ရွဲ႔ေယာင္ က စဉ္းစားႏိုင္စြမ္းရိွေနေသးျခင္းမွာ ယြမ္ေရွာင္ေရွာင္း၏ အမွတ္အသားသည္ မျပၫ့္စံုေသးေသာေၾကာင့္ပင္ ။ သူမက မလုပ္ခ်င္ျခင္းမဟုတ္ဘဲ သူမရဲ့ စြမ္းအား အကန႔္အသတ္ေၾကာင့္ မလုပ္ႏိုင္ျခင္း ျဖစ္သည္။ အျခားအေၾကာင္းျပခ်က္ ရိွ‌ႏိုင္ေသးေသာ္လည္း ထိုအခ်က္ သည္ မလြဲႏိုင္ေပ ။

လူတစ္ေယာက္၏ ဝိညာဉ္အား ကိုင္တြယ္ရျခင္းမွာ အလြန္အႏၲရယ္မ်ားလွသည္။ မ‌ေအာင္ျမင္လ်ွင္ အဆိုးဆံုးက ကိုယ့္ဝိညာဉ္ပါ ေပ်ာက္ကြယ္သြားႏိုင္သည္။ နဲနဲကံေကာင္းလ်ွင္ ႏွစ္ေယာက္လံုး ေမ့ေမ်ာကာ စိတ္သည္ ပိတ္မိေနလိမ့္မည္။ ဘာဘဲျဖစ္ျဖစ္ မေအာင္ျမင္လ်ွင္ တစ္ေယာက္အတြက္မွ မေကာင္းေပ ။

ခ်င္းေပက ရွဲ႔ေယာင္၏ ခႏၶာကိုယ္မွ ဝိညာဉ္ကို ခြဲထုတ္ရန္ ဝိညာဉ္စြမ္းအင္ ကို အသံုးျပဳလိုက္သည္။ ဝိညာဉ္သတ္သတ္ျဖစ္သြားမွသာ ေနာက္တစ္ဆင့္ျဖစ္သၫ့္ အမွတ္အသား ဖယ္ျခင္းကို လုပ္ႏိုင္ေပမည္ ။ အစီအရင္ အလံမ်ားသည္ အသက္ဝင္လာကာ ခႏၶာကိုယ္ႏွစ္ခုအား ခ်ီစြမ္းအင္ျဖင့္ အားျဖၫ့္ေပးေနသည္။ ရွဲ႔ေယာင္၏ ေတာင့္တင္းေနသၫ့္ ခႏၶာကိုယ္သည္ ေပ်ာ့ေျပာင္းသြားကာ ထိုင္လ်က္သား အိပ္ေပ်ာ္ေနသၫ့္ အေျခအေနသို႔ ေရာက္သြားခဲ့သည္။

ခ်င္းေပ က မ်က္လံုးမိွတ္လ်က္သာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ တစ္ခုခုမွားေနသည္ကို ခံစားရေသာ္လည္း ဘယ္ေနရာမွားေနမွန္း ရွာမရေခ်။ အခ်ိန္က တျဖည္းျဖည္းကုန္ဆံုးလာကာ ခ်င္းေပ၏ ဝိညာဉ္စြမ္းအင္က အားနည္းလာသည္။ သို႔ေသာ္ ရွဲ႔ေယာင္၏ ဝိညာဉ္က ခႏၶာကိုယ္မွ ထြက္ခြာရန္ ျငင္းဆန္ေနဆဲပင္ ။

" ရွဲ႔ေယာင္!!!... ငါေျပာတာ နင္ၾကားတယ္ဆိုတာ ငါသိတယ္.. နင္အခုေတြ့ေနတဲ့ အရာေတြက အစစ္အမွန္မဟုတ္ဘူး .. ပံုရိပ္ေယာင္ေတြဘဲ .. ငါေျပာတာနားေထာင္စမ္း .. နင္ အဲ့အေျခအေနေတြ ထဲက ကိုယ့္ဘာသာ ထြက္လာမွရမယ္ .. ငါလည္း မလုပ္ႏိုင္သလို ဘယ္သူမွ မလုပ္ႏိုင္ဘူး  .." ခ်င္းေပက ဝိညာဉ္စြမ္းအင္ လြဲေပးလ်က္ပင္ ေျပာလိုက္သည္။ သူမအသံက အားနည္းေသာ္လည္း တည္ၿငိမ္လ်က္ရိွ‌ေနသည္။ " အဲ့လိုမလုပ္ႏိုင္ရင္ .. နင္က နင္တကယ္ခ်စ္တဲ့သူကို ရွာေတြ့မွာ မဟုတ္ေတာ့သလို .. နင့္ကံတရားကို နင္မပိုင္ေတာ့ဘူး .. နင့္ကိုယ္နင္ မပိုင္ေတာ့ဘူး ... ၾကားလား နင့္ကိုယ္နင္ မပိုင္ေတာ့ဘူး !!"

‌ခ်င္းေပေျပာ လိုက္သၫ့္အခ်ိန္တြင္ ရွဲ႔ေယာင္၏ ကိုယ္က ဆတ္ခနဲ တုန္ယင္သြားသည္။  လူနာမ်ားအား ေဆးကုေနသၫ့္ အသက္သံုးဆယ္အရြယ္ ရွဲ႔ေယာင္၏ လက္သည္ ရပ္တန႔္သြားသည္ ။ သူ၏ အၾကၫ့္သည္ စိတ္ရႈပ္ေထြးရာမွ ၾကည္လင္လာသည္။ သူက သူ႔ထံသို႔ လက္ဖက္ရည္ တစ္ခြက္ငွဲ႔ကာ ယူလာေပးေနသၫ့္ သူ႔မိန္းမ ျဖစ္သူ ယြမ္ေရွာင္ေရွာင္း အား ေဒါသတႀကီး ၾကၫ့္လိုက္သည္။ သူက  ယြမ္ေရွာင္ေရွာင္းထံမွ လက္ဖက္ရည္ခြက္အား ရိုက္ခ်လိုက္သည္။ ထိုအခါ လက္ဖက္ရည္ခြက္ထဲမွ အရည္မ်ားသည္ ေဆးပစၥည္းမ်ားေပၚသို႔ ဖိတ္စင္သြားသည္။ လူနာကို ကုသရန္ ျဖန႔္ထားသၫ့္ အပ္ေခ်ာင္းမ်ားေပၚသို႔ အရည္မ်ားက်သည္နဲ႔ အပ္ေခ်ာင္းမ်ားသည္ အနက္ေရာင္သို႔ေျပာင္းသြားသည္။

ၿပီးေနာက္ ရွဲ႔ေယာင္ေရ႔ွရိွ ယြမ္ေရွာင္ေရွာင္း၏ ပံုရိပ္သည္ တျဖည္းျဖည္းျဖင့္ ေပ်ာက္ကြယ္သြားသည္။ လူနာမ်ားသည္လဲ ေပ်ာက္ကြယ္သြားကာ ပတ္ဝန္းက်င္သည္လဲ ပန္းခ်ီကားတစ္ခ်ပ္ ေဆးေရာင္ျပယ္သြားသကဲ့သို႔ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။ သူေရ႔ွတြင္ အလင္းတန္းတစ္ခုေပၚလာကာ သူအား ဆြဲယူခံလိုက္ရသလို႔ ခံစားလိုက္ရသည္။

သူက သူ႔ေရ႔ွတြင္ ထိုင္ေနသၫ့္ ခ်င္းေပအား ေတြ့လိုက္ရသည္။ သူမသည္ အလြန္အားနည္းေနပံု‌ေပၚေနသည္။ တစ္ဖန္ သူ႔ေဘးနားတြင္ သူနဲ႔ တစ္ပံုစံတည္းတူသၫ့္ သူ႔ကိုယ္သူ ေတြ့လိုက္ရသည္။

သူက ထိတ္လန႔္ေနသၫ့္ အခ်ိန္တြင္ ခ်င္းေပက မ်က္လံုးပြင့္လာကာ ရွဲ႔ေယာင္အား ၾကၫ့္လိုက္သည္။ အမွန္တကယ္ ရွဲ႔ေယာင္၏ နဖူးေပၚရိွ အနီေရာင္ အမွတ္အား ၾကၫ့္ျခင္းပင္ ။ ရွဲ႔ေယာင္၏ ဝိညာဉ္အားၾကၫ့္ရင္း သူမအၾကၫ့္သည္ အံ့အားသင့္သၫ့္အမႈအရာတစ္ခ်က္ေပၚလာေသာ္လည္း အလ်င္အျမန္ပင္ေပ်ာက္သြားသည္။ သူမက အနီေရာင္အမွတ္အသားကိုသာ အာရံုစိုက္လိုက္သည္။ ခႏၶာကိုယ္ေပၚတြင္ ထိုအမွတ္သည္ မရိွေနေသာ္လည္း ဝိညာဉ္တြင္ ရိွေနသည္။ ဒါသည္ ယြမ္ေရွာင္ေရွာင္းထားထားသၫ့္ အမွတ္အသားပင္ ။ ထိုအမွတ္အသားသည္ အစပိုင္းတြင္ အေရာင္ေဖ်ာ့ေနေသာ္လည္း တျဖည္းျဖည္း အေရာင္ေတာက္လာေနသည္။

တဖက္တြင္ ယြမ္ေရွာင္ေရွာင္းသည္ အသိဉာဏ္ေက်ာက္စိမ္း ေရ႔ွတြင္ ထိုင္ေနကာ လက္ဟန္တစ္ခ်ိဳ႕ကို ထုတ္ေဖာ္ေနသည္။ တစ္ခ်ိန္တည္းတြင္ သူမ ၏ နဖူးထက္တြင္ အနီေရာင္‌ေတာက္‌ေနသည့္အမွတ္အသား တစ္ခုရိွေနသည္။ ထိုအမွတ္အသားသည္ ရွဲ႔ေယာင္ထံတြင္ရိွေနသၫ့္ အမွတ္အသားနဲ႔ တူေနေသာ္လည္း ျမင္သူတိုင္း ရွဲ႔‌ေယာင္ထံမွ အမွတ္အသားသည္ ယြမ္ေရွာင္ေရွာင္း၏ အမွတ္အသားမွ အခြဲတစ္ခုသာ ျဖစ္ေၾကာင္း သိႏိုင္သည္။

လက္ဟန္ထုတ္ေဖာ္ေနရင္း ယြမ္ေရွာင္ေရွာင္းက ေရရြတ္လိုက္သည္။ " ငါ့လက္ကလႊတ္ခ်င္တယ္ေပါ့ .. နင့္ရဲ့ ဝိညာဉ္ခႏၶာကိုယ္ စြမ္းရည္ကို ငါက ရေအာင္ ယူမွာ .... ၿပီးရင္ ငါ့ေရ႔ွက အတားအဆီးအားလံုးကို ဖယ္ရွားႏိုင္ၿပီး က်င့္ႀကံျခင္းလမ္းစဉ္က ထမင္းစားေရေသာက္သလို ေခ်ာေမြ့သြားလိမ့္မယ္ .. ငါ့လမ္းမွာ ပိတ္ေနတဲ့ သူေတြ အကုန္လံုးရဲ့ ရလဒ္က ေသျခင္းဘဲ ျဖစ္လိမ့္မယ္ "

အမွန္ပင္ ခ်င္းေပက ရွဲ႔ေယာင္၏ ဝိညာဉ္ကို ၾကၫ့္ရင္း ယြမ္ေရွာင္ေရွာင္း၏ မဟာအစီအစဉ္အား သိလိုက္ၿပီ ျဖစ္သည္။ ရွဲ႔ေယာင္၏ ဝိညာဉ္သည္ ဝိညာဉ္စြမ္းအင္မ်ား ျပၫ့္ဝေနၿပီး သဘာဝက ျဖစ္ေပါ္ လာသၫ့္အလားပင္ ။ ကမ႓ာႀကီး၏ ဝိညာဉ္စြမ္းအင္မ်ားက ဝိညာဉ္ထံသို႔ တျဖည္းျဖည္း စီးဝင္ေနသည္။ သူမပင္ အနည္းငယ္ အားအင္ရိွသြားသေယာင္ ျဖစ္သြားသည္။ ယြမ္ေရွာင္ေရွာင္းသည္ ရွဲ႔ေယာင္အား တံဆိပ္ခံျခင္းၿပီးသြားလ်ွင္ ရွဲ႔ေယာင္၏ ဝိညာဉ္စြမ္းအင္မ်ား ရမည္ျဖစ္သလို ထပ္ၿပီး ဝင္လာသၫ့္ စြမ္းအင္မ်ားကိုလည္း အဆံုးမရိွရလိမ့္မည္။ က်င့္ႀကံသူမ်ားအတြက္ ဝိညာဉ္စြမ္းအင္ဆိုသည္မွာ အဖိုးမျဖတ္ႏိုင္သၫ့္ရတနာပင္ ။ ဤသို႔ အဆံုးမရိွ ဝိညာဉ္စြမ္းအင္ ရႏိုင္သၫ့္ အရာကို ေတြ့သၫ့္အခါ ေလာဘကို ထိန္းႏိုင္ရန္ ခက္ခဲလွသည္။

ဝိညာဉ္စြမ္းအင္ ၏ အက်ိဳးေက်းဇူးကို ေျပာရမည္ဆိုလ်ွင္ ေျပာလို႔ ကုန္မည္မဟုတ္ေပ ။ အနီးစပ္ဆံုး ဥပမာ အေနျဖင့္ သူမကို ၾကၫ့္ႏိုင္သည္။ ဝိညာဉ္စြမ္းအင္ေၾကာင့္ ျပန္ေမြးဖြားလာႏိုင္သလို ခ်ီစြမ္းအင္ ကိုလည္း လြယ္ကူစြာက်င့္ႀကံႏိုင္သည္။ လက္မႈပစၥည္းကို ထုလုပ္ရန္ ခ်ီစြမ္းအင္ကို လိုအပ္ေသာ္လည္း ဝိညာဉ္စြမ္းအင္၏ အေထာက္ပံ့မရိွလ်င္ ဒီေလာက္ျမန္ျမန္ ထုလုပ္ႏိုင္မည္မဟုတ္ေပ။ ဒါသည္က အေပၚယံမ်ွသာ ရိွေသးသည္။ ဒါသည္ပင္ အေတာ္ေလး အသံုးဝင္ေနသည္။ ယြမ္ေရွာင္ေရွာင္းသည္လည္း ျပန္ေမြးဖြားလာသျဖင့္ သူမရဲ့ ဝိညာဉ္က အနည္းနဲ႔ အမ်ားထိခိုက္‌ေနမွာ ေသခ်ာသည္။ အလိုအပ္ဆံုးအရာက သူမေရ႔ွတြင္ ရိွမွေတာ့ လက္လႊတ္ခံမည္မဟုတ္ေပ ။

ထိုကဲ့သို႔ အႏၲရယ္မ်ားေၾကာင့္ သူမက ေရွာင္က်ိဳအား သတိထားဖို႔ ေျပာခဲ့ျခင္းပင္ ။ ရွဲ႔ေယာင္၏ စြမ္းရည္သည္ ေရွာင္က်ိဳနဲ႔ ဝိညာဉ္ေလာကမွ ဝိညာဉ္မ်ား ကဲ့သို႔ပင္ က်င့္ႀကံသူမ်ား အလိုခ်င္ဆံုး ျဖစ္ေနခဲ့သည္မလား။

ခ်င္းေပက အူေၾကာင္ၾကားျဖစ္ေနသၫ့္ ရွဲ႔ေယာင္၏ ဝိညာဉ္အား ၾကၫ့္ရင္း ယြမ္ေရွာင္ေရွာင္းကယ္တင္ခံရေျကာင္း ေတြးမိလိုက္သျဖင့္ သနားသၫ့္ အၾကၫ့္တစ္ခ်က္ ျဖစ္ေပၚလာကာ တီးတိုးေျပာလိုက္မိသည္။

" ဒါကို က်ားေရ႔ွ ေမွာက္ရက္လဲတာလို႔ ေခၚမလား "

__________________________________
တစ္ေနကုန္ အပ်င္းတစ္ေနတာ မတင္ဘူးလို႔ ေတြးထားေပမဲ့ comment ေလးေတြ အၿမဲေပးေနတဲ့ သူေလးေတြနဲ႔ ေစာင့္ေနတဲ့ သူေလးေတ ကို ေတြးမိလို႔ ....ဒါေတာင္ ေရးရင္းနဲ႔ စာလံုးေရ 1500 ေလာက္ဘဲတင္ၿပီး ..တန္းလန္းလုပ္မလို႔ 🤭 ငါေလးက ေသာက္ပ်င္း 🥴😂

😈: နားမလည္ရင္ ကိုယ့္ကို လာေမးလာၾက .. ကိုယ္က အင္ေမာ္တယ္က်င့္ႀကံသူေလ 😂😂 [ ေနာက္ဆံုးေတာ့ ဖတ္ဖူးသမ်ွ ရွန္းရွဝတၳဳ ေတြ ကို အသံုးခ်ႏိုင္ခဲ့ၿပီေလ ~_~ ]

( Spoiler : " ေဟ့ ..ေနာက္အပိုင္းမွာ ကိုယ္‌တို႔ရဲ့ ေပၚေတာ္မႈ အစ္ကိုေလးရွန္းခြၽန္းမင္ ပါလာပါေတာ့မယ္ ..  🥴 " )

_______________________________
Unicode

ပိုင်အိမ်တော်ခြံဝင်းသည် ကြီးမားကာ မြို့နဲ့ အနည်းငယ် အလှမ်းဝေးသည့်နေရာတွင်ရှိပြီး တိတ်ဆိတ်ကာ သီးသန့် တည်ရှိသည်။ ထိုအပြင် ကိစ္စတော်တော်များများ ပြီးသွားသည့်အချိန်တွင် ညနေစောင်းနေပြီး ဖြစ်သဖြင့် အခြားနေရာမှလာသည့် ပိုင်မိသားစုဝင်များသည် အရေးကြီးကိစ္စ မရှိသူများသည် မပြန်တော့ဘဲ နေလိုက်ကြသည်။ ယွမ်ရှောင်ရှောင်း သည်လည်း နောက်နေ့ မနက်တွင် အရှက်ရကာ ပြန်သွားသည်။ ပိုင်ဟန် ကလည်း သူမနဲ့အတူထွက်သွားသည်။ သူမ မထွက်သွားခင် ချင်းပေထံသို့ ခနလာတွေ့သွားသေးသည်။ ဘာ‌ကြောင့် လာတွေ့မှန်း မည်သူမှ မသိချေ ။

" ငါ့နောက် လိုက်လာခဲ့ " ချင်းပေက အိမ်ပြန်ရောက်သည့်နှင့် ရှဲ့ယောင်အား ခေါ်လာခဲ့သည်။ သူမ အိမ်အနောက်ရှိ တောင်ပေါ်သို့ တက်လာခဲ့သည်။ ရှဲ့ယောင်က ချင်းပေသည် သူ့အား ကုသပေးမည်မှန်းသိသဖြင့် အသာလိုက်လာခဲ့သည်။

တောင်ထိပ်သို့ အတန်ကြာလမ်းလျှောက်ပြီးနောက် ရောက်လာခဲ့သည်။ တောင်ထိပ်ပေါ်တွင် လွင်ပြင်တစ်ခုရှိနေကာ မြူများ အုံဆိုင်းနေပြီး ကိုယ့်လက်ကိုပင် သေချာ မမြင်ရချေ ။ ချင်းပေက လက်ဝှေ့ယမ်းလိုက်ကာ မြူများခွဲထွက်ကာ လမ်းကြောင်းတစ်ခုပေါ်လာပြီး မြင်ကွင်းက အနည်းငယ်ရှင်းလင်းသွားသည်။

" ဒီမှာထိုင်ပြီး မျက်စိမှိတ်ထား " ရှဲ့ယောင်က ချင်းပေပြောသည့် နေရာတွင် ထိုင်ချလိုက်ပြီး သူက ဖြစ်လာမည့်အရာအား လက်သင့်ခံရန် အသင့်ပြင်ထားလိုက်သည်။ အခြားသူများမသိသော်လည်း စိတ်နှစ်ခွ ဖြစ်နေသည့် ခံစားချက်ကြီးကို သူက မုန်းတီးလှပေသည်။ ယွမ်ရှောင်ရှောင်း အား မချစ်နေမှန်း သူက သေချာနေသော်လည်း သူမအနားတွင်နေချင်သည့် စွဲလမ်းနေသည့် စိတ်အား ဖျောက်မရချေ။ လည်ဆွဲ အက်ကွဲသွားသည့် အချိန်က  သူသာ မထနိုင်လောက်အောင် အားနည်းနေခြင်း မရှိလျှင် ယွမ်ရှောင်ရှောင်းထံ ပြေးသွားမိလောင်သည်။ ထို့နေ့ပြီးနောက် သူနဲ့ ယွမ်ရှောင်ရှောင်းကြား ဆက်သွယ်မှုသည် ပိုလို့ အားကောင်းလာနေကြောင်း သတိထားမိသည်။ သူက ကုသမှုကိုပင် လုပ်ဖို့ တစ်ခါတစ်ရံ တွေဝေလာသည်။ ထိုကြောင့် သူက နေပြန်ကောင်းလာသည်နဲ့ ချက်ချင်း ချင်းပေထံသို့ ရောက်လာခြင်းပင် ။ လာသည့်အချိန်တွင်ပင် ကား၏ ဦးတည်ရာသည် ခနခန ယွမ်ရှောင်ရှောင်းထံသို့ ဦးတည်သွားသဖြင့် ချင်းပေထံသို့ ရောက်လာရန် မိနစ်ပိုင်းသာ ကြာမည့်အချိန်ကို နာရီအတော်ကြာခဲ့သေးသည်။

ချင်းပေက ရှဲ့ယောင်၏ ပတ်လည်တွင် သူမ ပြုလုပ်ထားသည့်  အစီအရင်အလံတစ်ချို့ထားလိုက်သည်။ ယုယန်ချင်း၏ မှတ်ဉာဏ်ထဲမှာသာ ဝိဉာဉ်တံဆိပ်ခတ်ခြင်း အကြောင်း သိထားခဲ့သဖြင့် လက်တွေ့လုပ်ရာတွင် အခက်အခဲရှိနေသည်။ 

ပြီးနောက် သူမက ပုလင်းတစ်ခုအား ထုတ်ယူလိုက်သည်။ ဒါသည် ယွမ်ရှောင်ရှောင်းနဲ့ အလောင်းအစားတွင် သူမတောင်းခဲ့သည့် ပစ္စည်းပင် ။ ယွမ်ရှောင်ရှောင်း၏ သွေးအဆီအနှစ် ဖြစ်သည်။ ရိုးရိုးသွေးနဲ့ မတူဘဲ သွေးအဆီအနှစ်သည် ကျင့်ကြံသူ၏ စွမ်းအင်များ ပါသည်။ သူမက ရှဲ့ယောင် နဲ့ မျက်နှာချင်းဆိုင်းထိုင်လိုက် သည်။ သူမ ရဲ့ ချီစွမ်းအင် လှည့်ပတ်မှုကို ရပ်တန့်လိုက်ကာ မျက်လုံးမှိတ်လိုက်သည်။

ချင်းပေ၏ ကိုယ်မှ ချီစွမ်းအင် အစား ဝိညာဉ်စွမ်းအင် ထွက်လာကာ ရှဲ့ယောင်၏ နဖူးတည့်တည့်ဝင်သွားသည်။ ချီစွမ်းအင်သည် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော်လည်း ဝိညာဉ်စွမ်းအင်သည် ဝိညာဉ်၏အရင်းအမြစ်ဖြစ်ကာ အရေးကြီးသည် ။ ဝိညာဉ်စွမ်းအင် ရှိလျှင် ခန္ဓာကိုယ်မရှိလျှင်တောင် အသက်ရှင်နိုင်ပြီး လုံလောက်သည့် စွမ်းအင်ရှိလျှင် ခန္ဓာကိုယ်ကိုပင် ဖန်တီးနိုင်သည်။ ဝိညာဉ်စွမ်းအင် မရှိသည့် ဝိညာဉ်များသည် ခန္ဓာကိုယ်မှ ထုတ်ခံရလျှင် သေသွားသည်ဟု သတ်မှတ်နိုင်သည်။ သူမလို ကံကောင်းလွန်းပြီး system နဲ့ တွေ့တဲ့ လူတွေတော့ မပါဘူးပေါ့လေ။

ဝိညာဉ်တံဆိပ်ခတ်ခြင်းသည် မိမိ၏ သွေးအဆီအနှစ်ကို သုံးပြီး အခြားသူ၏ ဝိညာဉ်ပေါ်တွင် အမှတ်အသားလုပ်ကာ မိမိအပိုင်အဖြစ် သတ်မှတ်ခြင်းပင် ။ အမှတ်အသားသည် ပြည့်စုံသွားလျှင် ထိုသူအား မိမိ၏ လက်ကဲ့သို့ ပြုမှုနိုင်သည်။ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ရတနာ ပစ္စည်းအများစု အား အလွယ်တကူ အသုံးပြုနိုင်ရန် ထိုသို့ ပြုလုပ်လေ့ရှိသည်။ လူကို ပြုလုပ်သည်မှာ ရတနာများကဲ့သို့ မပေါများသော်လည်း မရှားပေ ။ ရှင်းရှင်းပြောရလျှင် စိတ်ရောလူရောကျွန်ပြုခြင်းဖြစ်ဖြစ်သည်။

ရှဲ့ယောင် က စဉ်းစားနိုင်စွမ်းရှိနေသေးခြင်းမှာ ယွမ်ရှောင်ရှောင်း၏ အမှတ်အသားသည် မပြည့်စုံသေးသောကြောင့်ပင် ။ သူမက မလုပ်ချင်ခြင်းမဟုတ်ဘဲ သူမရဲ့ စွမ်းအား အကန့်အသတ်ကြောင့် မလုပ်နိုင်ခြင်း ဖြစ်သည်။ အခြားအကြောင်းပြချက် ရှိ‌နိုင်သေးသော်လည်း ထိုအချက် သည် မလွဲနိုင်ပေ ။

လူတစ်ယောက်၏ ဝိညာဉ်အား ကိုင်တွယ်ရခြင်းမှာ အလွန်အန္တရယ်များလှသည်။ မ‌အောင်မြင်လျှင် အဆိုးဆုံးက ကိုယ့်ဝိညာဉ်ပါ ပျောက်ကွယ်သွားနိုင်သည်။ နဲနဲကံကောင်းလျှင် နှစ်ယောက်လုံး မေ့မျောကာ စိတ်သည် ပိတ်မိနေလိမ့်မည်။ ဘာဘဲဖြစ်ဖြစ် မအောင်မြင်လျှင် တစ်ယောက်အတွက်မှ မကောင်းပေ ။

ချင်းပေက ရှဲ့ယောင်၏ ခန္ဓာကိုယ်မှ ဝိညာဉ်ကို ခွဲထုတ်ရန် ဝိညာဉ်စွမ်းအင် ကို အသုံးပြုလိုက်သည်။ ဝိညာဉ်သတ်သတ်ဖြစ်သွားမှသာ နောက်တစ်ဆင့်ဖြစ်သည့် အမှတ်အသား ဖယ်ခြင်းကို လုပ်နိုင်ပေမည် ။ အစီအရင် အလံများသည် အသက်ဝင်လာကာ ခန္ဓာကိုယ်နှစ်ခုအား ချီစွမ်းအင်ဖြင့် အားဖြည့်ပေးနေသည်။ ရှဲ့ယောင်၏ တော့င်တင်းနေသည့် ခန္ဓာကိုယ်သည် ပျော့ပြောင်းသွားကာ ထိုင်လျက်သား အိပ်ပျော်နေသည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

ချင်းပေ က မျက်လုံးမှိတ်လျက်သာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုမှားနေသည်ကို ခံစားရသော်လည်း ဘယ်နေရာမှားနေမှန်း ရှာမရချေ။ အချိန်က တဖြည်းဖြည်းကုန်ဆုံးလာကာ ချင်းပေ၏ ဝိညာဉ်စွမ်းအင်က အားနည်းလာသည်။ သို့သော် ရှဲ့ယောင်၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာရန် ငြင်းဆန်နေဆဲပင် ။

" ရှဲ့ယောင်!!!... ငါပြောတာ နင်ကြားတယ်ဆိုတာ ငါသိတယ်.. နင်အခုတွေ့နေတဲ့ အရာတွေက အစစ်အမှန်မဟုတ်ဘူး .. ပုံရိပ်ယောင်တွေဘဲ .. ငါပြောတာနားထောင်စမ်း .. နင် အဲ့အခြေအနေတွေ ထဲက ကိုယ့်ဘာသာ ထွက်လာမှရမယ် .. ငါလည်း မလုပ်နိုင်သလို ဘယ်သူမှ မလုပ်နိုင်ဘူး  .." ချင်းပေက ဝိညာဉ်စွမ်းအင် လွဲပေးလျက်ပင် ပြောလိုက်သည်။ သူမအသံက အားနည်းသော်လည်း တည်ငြိမ်လျက်ရှိ‌နေသည်။ " အဲ့လိုမလုပ်နိုင်ရင် .. နင်က နင်တကယ်ချစ်တဲ့သူကို ရှာတွေ့မှာ မဟုတ်တော့သလို .. နင့်ကံတရားကို နင်မပိုင်တော့ဘူး .. နင့်ကိုယ်နင် မပိုင်တော့ဘူး ... ကြားလား နင့်ကိုယ်နင် မပိုင်တော့ဘူး !!"

‌ချင်းပေပြော လိုက်သည့်အချိန်တွင် ရှဲ့ယောင်၏ ကိုယ်က ဆတ်ခနဲ တုန်ယင်သွားသည်။  လူနာများအား ဆေးကုနေသည့် အသက်သုံးဆယ်အရွယ် ရှဲ့ယောင်၏ လက်သည် ရပ်တန့်သွားသည် ။ သူ၏ အကြည့်သည် စိတ်ရှုပ်ထွေးရာမှ ကြည်လင်လာသည်။ သူက သူ့ထံသို့ လက်ဖက်ရည် တစ်ခွက်ငှဲ့ကာ ယူလာပေးနေသည့် သူ့မိန်းမ ဖြစ်သူ ယွမ်ရှောင်ရှောင်း အား ဒေါသတကြီး ကြည့်လိုက်သည်။ သူက  ယွမ်ရှောင်ရှောင်းထံမှ လက်ဖက်ရည်ခွက်အား ရိုက်ချလိုက်သည်။ ထိုအခါ လက်ဖက်ရည်ခွက်ထဲမှ အရည်များသည် ဆေးပစ္စည်းများပေါ်သို့ ဖိတ်စင်သွားသည်။ လူနာကို ကုသရန် ဖြန့်ထားသည့် အပ်ချောင်းများပေါ်သို့ အရည်များကျသည်နဲ့ အပ်ချောင်းများသည် အနက်ရောင်သို့ပြောင်းသွားသည်။

ပြီးနောက် ရှဲ့ယောင်ရှေ့ရှိ ယွမ်ရှောင်ရှောင်း၏ ပုံရိပ်သည် တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားသည်။ လူနာများသည်လဲ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်သည်လဲ ပန်းချီကားတစ်ချပ် ဆေးရောင်ပြယ်သွားသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူရှေ့တွင် အလင်းတန်းတစ်ခုပေါ်လာကာ သူအား ဆွဲယူခံလိုက်ရသလို့ ခံစားလိုက်ရသည်။

သူက သူ့ရှေ့တွင် ထိုင်နေသည့် ချင်းပေအား တွေ့လိုက်ရသည်။ သူမသည် အလွန်အားနည်းနေပုံ‌ပေါ်နေသည်။ တစ်ဖန် သူ့ဘေးနားတွင် သူနဲ့ တစ်ပုံစံတည်းတူသည့် သူ့ကိုယ်သူ တွေ့လိုက်ရသည်။

သူက ထိတ်လန့်နေသည့် အချိန်တွင် ချင်းပေက မျက်လုံးပွင့်လာကာ ရှဲ့ယောင်အား ကြည့်လိုက်သည်။ အမှန်တကယ် ရှဲ့ယောင်၏ နဖူးပေါ်ရှိ အနီရောင် အမှတ်အား ကြည့်ခြင်းပင် ။ ရှဲ့ယောင်၏ ဝိညာဉ်အားကြည့်ရင်း သူမအကြည့်သည် အံ့အားသင့်သည့်အမှုအရာတစ်ချက်ပေါ်လာသော်လည်း အလျင်အမြန်ပင်ပျောက်သွားသည်။ သူမက အနီရောင်အမှတ်အသားကိုသာ အာရုံစိုက်လိုက်သည်။ ခန္ဓာကိုယ်ပေါ်တွင် ထိုအမှတ်သည် မရှိနေသော်လည်း ဝိညာဉ်တွင် ရှိနေသည်။ ဒါသည် ယွမ်ရှောင်ရှောင်းထားထားသည့် အမှတ်အသားပင် ။ ထိုအမှတ်အသားသည် အစပိုင်းတွင် အရောင်ဖျော့နေသော်လည်း တဖြည်းဖြည်း အရောင်တောက်လာနေသည်။

တဖက်တွင် ယွမ်ရှောင်ရှောင်းသည် အသိဉာဏ်ကျောက်စိမ်း ရှေ့တွင် ထိုင်နေကာ လက်ဟန်တစ်ချို့ကို ထုတ်ဖော်နေသည်။ တစ်ချိန်တည်းတွင် သူမ ၏ နဖူးထက်တွင် အနီရောင်‌တောက်‌နေသည့်အမှတ်အသား တစ်ခုရှိနေသည်။ ထိုအမှတ်အသားသည် ရှဲ့ယောင်ထံတွင်ရှိနေသည့် အမှတ်အသားနဲ့ တူနေသော်လည်း မြင်သူတိုင်း ရှဲ့‌ယောင်ထံမှ အမှတ်အသားသည် ယွမ်ရှောင်ရှောင်း၏ အမှတ်အသားမှ အခွဲတစ်ခုသာ ဖြစ်ကြောင်း သိနိုင်သည်။

လက်ဟန်ထုတ်ဖော်နေရင်း ယွမ်ရှောင်ရှောင်းက ရေရွတ်လိုက်သည်။ " ငါ့လက်ကလွှတ်ချင်တယ်ပေါ့ .. နင့်ရဲ့ ဝိညာဉ်ခန္ဓာကိုယ် စွမ်းရည်ကို ငါက ရအောင် ယူမှာ .... ပြီးရင် ငါ့ရှေ့က အတားအဆီးအားလုံးကို ဖယ်ရှားနိုင်ပြီး ကျင့်ကြံခြင်းလမ်းစဉ်က ထမင်းစားရေသောက်သလို ချောမွေ့သွားလိမ့်မယ် .. ငါ့လမ်းမှာ ပိတ်နေတဲ့ သူတွေ အကုန်လုံးရဲ့ ရလဒ်က သေခြင်းဘဲ ဖြစ်လိမ့်မယ် "

အမှန်ပင် ချင်းပေက ရှဲ့ယောင်၏ ဝိညာဉ်ကို ကြည့်ရင်း ယွမ်ရှောင်ရှောင်း၏ မဟာအစီအစဉ်အား သိလိုက်ပြီ ဖြစ်သည်။ ရှဲ့ယောင်၏ ဝိညာဉ်သည် ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေပြီး သဘာဝက ဖြစ်ပေါ် လာသည့်အလားပင် ။ ကမ်ဘာကြီး၏ ဝိညာဉ်စွမ်းအင်များက ဝိညာဉ်ထံသို့ တဖြည်းဖြည်း စီးဝင်နေသည်။ သူမပင် အနည်းငယ် အားအင်ရှိသွားသယောင် ဖြစ်သွားသည်။ ယွမ်ရှောင်ရှောင်းသည် ရှဲ့ယောင်အား တံဆိပ်ခံခြင်းပြီးသွားလျှင် ရှဲ့ယောင်၏ ဝိညာဉ်စွမ်းအင်များ ရမည်ဖြစ်သလို ထပ်ပြီး ဝင်လာသည့် စွမ်းအင်များကိုလည်း အဆုံးမရှိရလိမ့်မည်။ ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအင်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သည့်ရတနာပင် ။ ဤသို့ အဆုံးမရှိ ဝိညာဉ်စွမ်းအင် ရနိုင်သည့် အရာကို တွေ့သည့်အခါ လောဘကို ထိန်းနိုင်ရန် ခက်ခဲလှသည်။

ဝိညာဉ်စွမ်းအင် ၏ အကျိုးကျေးဇူးကို ပြောရမည်ဆိုလျှင် ပြောလို့ ကုန်မည်မဟုတ်ပေ ။ အနီးစပ်ဆုံး ဥပမာ အနေဖြင့် သူမကို ကြည့်နိုင်သည်။ ဝိညာဉ်စွမ်းအင်ကြောင့် ပြန်မွေးဖွားလာနိုင်သလို ချီစွမ်းအင် ကိုလည်း လွယ်ကူစွာကျင့်ကြံနိုင်သည်။ လက်မှုပစ္စည်းကို ထုလုပ်ရန် ချီစွမ်းအင်ကို လိုအပ်သော်လည်း ဝိညာဉ်စွမ်းအင်၏ အထောက်ပံ့မရှိလျင် ဒီလောက်မြန်မြန် ထုလုပ်နိုင်မည်မဟုတ်ပေ။ ဒါသည်က အပေါ်ယံမျှသာ ရှိသေးသည်။ ဒါသည်ပင် အတော်လေး အသုံးဝင်နေသည်။ ယွမ်ရှောင်ရှောင်းသည်လည်း ပြန်မွေးဖွားလာသဖြင့် သူမရဲ့ ဝိညာဉ်က အနည်းနဲ့ အများထိခိုက်‌နေမှာ သေချာသည်။ အလိုအပ်ဆုံးအရာက သူမရှေ့တွင် ရှိမှတော့ လက်လွှတ်ခံမည်မဟုတ်ပေ ။

ထိုကဲ့သို့ အန္တရယ်များကြောင့် သူမက ရှောင်ကျိုအား သတိထားဖို့ ပြောခဲ့ခြင်းပင် ။ ရှဲ့ယောင်၏ စွမ်းရည်သည် ရှောင်ကျိုနဲ့ ဝိညာဉ်လောကမှ ဝိညာဉ်များ ကဲ့သို့ပင် ကျင့်ကြံသူများ အလိုချင်ဆုံး ဖြစ်နေခဲ့သည်မလား။

ချင်းပေက အူကြောင်ကြားဖြစ်နေသည့် ရှဲ့ယောင်၏ ဝိညာဉ်အား ကြည့်ရင်း ယွမ်ရှောင်ရှောင်းကယ်တင်ခံရကြောင်း တွေးမိလိုက်သဖြင့် သနားသည့် အကြည့်တစ်ချက် ဖြစ်ပေါ်လာကာ တီးတိုးပြောလိုက်မိသည်။

" ဒါကို ကျားရှေ့ မှောက်ရက်လဲတာလို့ ခေါ်မလား "

__________________________________
တစ်နေကုန် အပျင်းတစ်နေတာ မတင်ဘူးလို့ တွေးထားပေမဲ့ comment လေးတွေ အမြဲပေးနေတဲ့ သူလေးတွေနဲ့ စောင့်နေတဲ့ သူလေးတေ ကို တွေးမိလို့ ....ဒါတောင် ရေးရင်းနဲ့ စာလုံးရေ 1500 လောက်ဘဲတင်ပြီး ..တန်းလန်းလုပ်မလို့ 🤭 ငါလေးက သောက်ပျင်း 🥴😂

😈: နားမလည်ရင် ကိုယ့်ကို လာမေးလာကြ .. ကိုယ်က အင်မော်တယ်ကျင့်ကြံသူလေ 😂😂 [ နောက်ဆုံးတော့ ဖတ်ဖူးသမျှ ရှန်းရှဝတၳု တွေ ကို အသုံးချနိုင်ခဲ့ပြီလေ ~_~ ]

( Spoiler : " ဟေ့ ..နောက်အပိုင်းမှာ ကိုယ်‌တို့ရဲ့ ပေါ်တော်မှု အစ်ကိုလေးရှန်းချွန်းမင် ပါလာပါတော့မယ် ..  🥴 " )

_______________________________

Continue Reading

You'll Also Like

458K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.7K 255 2
XiuHan One Shot Collection
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္