အဖြူရောင်စာမျက်နှာ(Complete)

By Aroundtheheart

343K 27.6K 454

ကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36
37
ဇာတ်သိမ်းပိုင်း
Extra 1
Extra2
Extra 3
Extra(4)
Extra(5)
Extra (6)
Hello!❤

23

6.2K 576 7
By Aroundtheheart

23

.
.
"လူကိုယ်တိုင်ကူညီပေးချင်ပေမယ့်မအားလို့စိတ်မကောင်းဖြစ်ရပါတယ်ဗျ''

"မဟုတ်တာ သားထောက်ပံ့လိုက်တဲ့ငွေတွေကနည်းတာမဟုတ်ဘူး ဒါကလည်းကူညီပေးတာပဲလေ အမျိုးသားကိုလည်းလာလည်ဖို့ပြောပေးပါဦး''

"ဟုတ်ကဲ့ဗျ အလုပ်တွေပါးသွားရင်တစ်ခေါက်ပြန်လာပါဦးမယ်ဗျ''

နွေရာသီကျောင်းပိတ်ရက်မို့သွေးရွာကိုပြန်ရောက်နေခြင်းဖြစ်သည်။

ရွာတွင်ရေကြီးရေလျှံမှုကိုထပ်၍မကြုံစေရန်အတွက် ချောင်းရဲ့တိုက်စားမှုလမ်းကြောင်းကိုပြုပြင်နေလေသည်။

သွေးကိုယ်တိုင်လည်းဒီကရွာခံမို့လုပ်အားပေးဝင်လုပ်ချင်မိသည်။

သို့သော် ဦးလွှမ်းဝဏ္ဏထည် သဘောထားကို သွေး အလေးနက်ထားဖို့လိုသေးသည်။

ကားမောင်းသင်ပေးမည်ဆိုခြင်းဟာ သွေးအတွက်သာဖြစ်သည်မို့ သွေး ကိုယ်တိုင်ကပိုပြီးကြိုးစားဖို့လိုလေသည်။

ရွာလူကြီးဆီထောက်ပံ့ငွေတွေကိုအပ်ပြီးတာနဲ့ သွေး ချက်ချင်းအိမ်ကိုပြန်လာလိုက်သည်။

"သား သွားတော့မယ် မေမေ ကျန်းမာရေးဂရုစိုက်ပါဗျ''

"အင်း သားကြီးရော ဂရုစိုက်''

အိမ်ပြန်ရောက်သောအခါ မေမေ့ကိုသူ
ဖွဖွနဲ့ခဏပွေ့ဖက်ပြီး ခြံအပြင်ကစောင့်နေသော ကားဆီတန်းဆင်းလာလေသည်။

အန်တီချိုကမြို့ကိုပြန်ရောက်နေသည်မို့
သွေး တို့အိမ်မှာ မေမေတစ်ယောက်တည်းသာရှိတော့သည်။

မကြာခင် အငယ်လေးပြန်ရောက်တော့မှာဖြစ်သည့်အတွက် မေမေကစိတ်မပူဖို့ပြောသေးသည်။

ဦးလွှမ်းဝဏ္ဏထည် အလုပ်မအားတာကြောင့် သွေး ကို အိမ်က ဒရိုင်ဘာနဲ့သာထည့်ပေးသည်။

--------

"ပြန်ရောက်ပါပြီဗျ''

နှစ်ရက်ခရီးမှာ သွေး ဘာအိတ်မှကိုယူဆောင်မသွားပါ။

ကျောပေါ်ကကျောပိုးအိတ်လေးက
ဟန်ပြသာဖြစ်ပြီး အထဲတွင်ဘာဆိုဘာမှမရှိချေ။

အပြင်စီးဖိနပ်အားချွတ်၍ဖိနပ်စင်ပေါ်တင်ကာ အပေါ်ထပ်ကိုတက်မည်လုပ်တော့ဦးလွှမ်းဝဏ္ဏထည် က လှေကားပေါ်ကဆင်းလာလေသည်။

"လာ ရင်ခွင်ထဲကို''

လှေကားရဲ့အောက်ဆုံးကိုရောက်သည်နှင့်
ဦးလွှမ်းဝဏ္ဏထည် သည် လက်နှစ်ဖက်အားဆန့်၍ ရင်ဘတ်ကိုဟပေးလေသည်။

သွေး မသိမသာလေးပြုံးလို့
ဦးလွှမ်းဝဏ္ဏထည် ရဲ့ရင်ခွင်ထဲတိုးဝင်နေလိုက်သည်။

သွေးခိုဝင်ခွင့်ရှိတဲ့ သွေးပိုင်ဆိုင်ထားတဲ့ရင်ခွင်ကျယ်ဟာ
နွေးလိုက်တာများ အေးချမ်းလိုက်တာများ။

"လွမ်းနေတာမင်းလေးကို''

"မပိုပါနဲ့ဗျ နှစ်ရက်လေးကိုဗျာ''

"ဟော ''

လွမ်းကြောင်းပြောလိုက်တာကိုမပိုပါနဲ့ဆိုသောကောင်လေးအား အသည်းယားရကာ ပါးလေးတစ်ဖက်ကိုဖွဖွဆွဲညှစ်လိုက်မိသည်။

သွားလေးတွေတန်းစီပေါ်အောင်ရီပြလာပုံက ချစ်ဖို့ကောင်းလိုက်တာများ ဘာနဲ့မှမလဲနိုင်ချေ။

အခုမှခရီးကပြန်ရောက်တာမို့တဝကြီးအရင်
အနားယူစေလိုက်ပါသည်။

သို့ပေမယ့် အသွေးကကြာကြာအနားမယူပါ။ ခဏတစ်ဖြုတ်သာ အနားယူပြီးသူ့အနားကိုကပ်လာသည်။

ဒါ ကိုယ်ဝယ်ပေးထားတဲ့ကားလေးကို သူလေးလည်းသိချင်နေပြီ တွေ့ချင်နေပြီဖြစ်တဲ့သဘောပေါ့။ လက်လေးကို
ဆွဲကာခေါ်တော့ အပြုံးနုနုနှင့် လိုက်လာသည်။

"ကြိုက်ရဲ့လား အဖြူထက်စာရင်အနက်ကပိုကြည့်ကောင်းမလားလေ''

အိမ်ဝင်းထဲသီးသန့်အမိုးစင်အောက်ကကားParking တစ်ခုမှာ အနက်ရောင် ပြိုင်ကားအသစ်တစ်စီးထပ်ရောက်လာခြင်။

ဦးလွှမ်းဝဏ္ဏထည်က ဒါဟာသွေးအတွက်ဖြစ်
သည်ပြောလေသည်။

"ပိုက်ဆံအများကြီးကုန်ရပြီ ကျွန်တော့်ကြောင့်''

သွေးကားကိုတစ်ချက်သာကြည့်ပြီး အနားရပ်နေသာ
ဦးလွှမ်းဝဏ္ဏထည် ဘက်လှည့်ကာပြောမိသည်။

ဦးဝယ်ပေးတဲ့ကားကိုတွေ့ချင်ခဲ့တာမှန်ပေမယ့် ဒီလို
ကုန်ကျစရိတ်များစွာနဲ့ စျေးကြီးထဲကကားကိုတော့
သွေး မက်မောတာမဟုတ်။ ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသူပီပီ နှမြောတသဖြစ်တတ်တဲ့စရိုက်က
တန်းခနဲပြန်ပေါ်လာသည်။

ဒီနေ့တစ်ရက်တည်းကို သွေးအတွက်နဲ့ ဦးဖြုန်းလိုက်တဲ့ငွေက ကြက်သီးဖြန်းဖြန်းထရပါသည်။

ပခုံးကိုသိုင်းဖက်လာသည့် ဦးကတော့ ကားသော့တစ်ခုကို သွေးလက်ထဲထည့်ပေးလာလေသည်။

"ကုန်ကုန်ပေါ့ ဘာဖြစ်လဲ ဒီလောက်လေးနဲ့ ဆင်းရဲသွား
မယ့်သူတွေအထဲ မင်းလေးရဲ့ယောက်ျားကိုယ်မပါဘူး''

ခါးကိုထောက် အနားကိုတိုးကပ်ပြီး ပြုံးပြုံးနဲ့ဂုဏ်ယူဝင့်ကြွားစွာပြောတော့ သွေးက နှာခေါင်းရှုံ့ပြသည်။

ပြီးနောက် ရှက်ပြုံးနဲ့ ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးရယ်လေသည်။

"မနက်ဖြန်မှစသင်ပေးမယ်''

"ဟုတ်ကဲ့ဗျ''

ညစာစားသည့်အခါ သွေးတစ်ခါမှမစားဖူးတဲ့ဟင်းတွေကစားပွဲပေါ်အပြည့်နေရာယူလေသည်။

အစားသောက်နဲ့ပတ်သက်ရင်ရွေးတတ်သူမဟုတ်သောကြောင့် အစားသောက်အဆန်းလေးတွေတွေ့လည်း သွေး အတွက်ထူးဆန်းတာဘာတစ်ခုမှမရှိ။

ဘယ်ကအစားသောက်ဖြစ်ဖြစ် မေမေချက်ကျွေးဖူးတဲ့ ငါးပိရည် လောက် မမြိန်တာအမှန်ပင်။

"ဒီနေ့က ကိုယ့်daddy ဆုံးသွားတာ
18နှစ်ပြည့် နှစ်ပတ်လည်''

"ဟုတ်ကဲ့ဗျ''

ဒါ့ကြောင့်မို့ဖြစ်မည်။
တစ်အိမ်လုံးမွှေးကြိုင်နေပြီး လှိုက်ကာ စားပွဲခင်းစတာတွေအားလုံးကိုပါ အသစ်တွေလဲထားသေးသည်။

အန်တီချိုကလည်းအိမ်ကိုပြန်ရောက်နေသည်ပြော၏။

"များများစား အသွေး အသွေးရဲ့ယောက္ခထီးကိုချစ်ရင်ပေါ့''

ပန်းကန်ထဲရောက်လာသည့် ကြက်ပေါင်ကြော်နှစ်ချောင်းလုံးအား မျက်တောင်ပုတ်ခတ်ခတ်ဖြင့်ကြည့်နေမိသည်။

မရှိတော့သည့်ယောက္ခထီးကိုလည်းဖခင်ကဲ့သို့ချစ်ခင်ပါသည်။

သို့ပေမယ့် ဒါတွေကုန်အောင်စားဖို့အထိတော့ သွေးကိုဘီလူးစီးနေတာလဲမဟုတ်။

ဦးလွှမ်းဝဏ္ဏထည် ကိုမျက်လွှာပင့်ကြည့်လိုက်တော့ သွေးကို ပြုံးစိစိနှင့် ကြည့်နေလေသည်။

သွေးမစားနိုင်မှန်းသိလို့စနေပုံက အမြင်ကပ်ချင်စရာ။
သို့ပေမယ့် ပုံမှန်တည်ငြိမ်နေတာထက် ယခုလိုစနောက်တာက သွေးကိုပိုပြီးရင်ခုန်စေပါသည်။

ညစာစားပြီးသောအခါ အပေါ်ထပ်ဧည့်ခန်း၌ သွေး ခဏမအနားယူလိုက်လေသည်။

အနားသို့ ဦးလွှမ်းဝဏ္ဏထည် ဝင်ထိုင်လာသည့်အခါ သွေး ဆိုဖာထောင့်လေးဆီနည်းနည်းတိုးလိုက်မိသည်။

ဒါ့ကြောင့်လည်း ဦးလွှမ်းဝဏ္ဏထည် မျက်ခုံးတန်းတွေက
ကျုံ့ခနဲ။ ကိုယ်​က ဘီလူးမို့လို့လားတဲ့။

သွားလေးဖြီးလို့ ခေါင်းခါပြတော့ ဦးလွှမ်းဝဏ္ဏထည် က
နှုတ်ခမ်းတွန့်ရုံပြုံးရင်း သွေးအနားတိုးထိုင်လာသည်။

ရင်ခွင်ထဲဆွဲထည့်တဲ့အခါ သွေးအလိုက်သင့်လေးဝင်လိုက်ပါသည်။ ချွဲတာနွဲ့တာတွေမလုပ်တတ်ပေမယ့်
ဦးက ကလေးလေးလိုချစ်ပေးနေမှတော့ သွေးလည်း
ကလေးဆန်တတ်လာရပြီ။

"ပြောပါဦး ရွာကိုပြန်ပြီးဘယ်လိုတွေစီစဥ်ခဲ့တာလဲ''

"ရွာမှာချောင်းရဲ့ရေစီးကြောင်းကိုပြင်
နေတာဗျ စာသင်ကျောင်းလည်းကျိုးပဲ့နေလို့အသစ်ပြန်ဆောက်ရတယ် အဲ့တာ ဦးပေးထားတဲ့
Card ထဲကပိုက်ဆံတွေကိုထုတ်ပြီးတတ်နိုင်တဲ့ဘက်ကကူညီထားတယ်ဗျ''

"​တော်တယ် ကိုယ့်ရွာကိုကိုယ်မှမထောက်ပံ့ရင်ဘယ်သူကလာပြီးထောက်ပံ့ပေးမှာလဲ မဟုတ်ဘူးလား?''

သွေးဘာလုပ်လုပ်အကောင်းမြင်ပေးတတ်မြဲဖြစ်တဲ့ဦးက
ဘာလာလာ သွေးရဲ့ဘက်တော်သားဖြစ်ပေးသည်။

သွေးလည်းမိမိ၏ရွာကိုပြန်၍ထောက်ပံ့ခွင့်ရသည့်အတွက်လည်း အခုထိကျေနပ်နေတုန်းပင်။

"Card ထဲကျန်တာတွေ ဘုန်းကြီးကျောင်းကိုလှူလိုက်တယ်ဗျ ရွာက ကလေးတွေကိုရှင်ပြုပေးဖို့''

"ဟုတ်ပြီ ပြီးတော့ရော''

"Cardက အခွံပဲကျန်တော့တယ်ဗျ အဲ့ဒါ..''

"အဲ့ဒါ..''

သွေး မျက်လုံးကလယ်ကလယ်ဖြင့် ပြောလိုက်သည့်အခါ ဦးလွှမ်းဝဏ္ဏထည် က သွေးရဲ့စကားကိုသံရှည်ဆွဲ၍ သွေးကိုစိုက်ကြည့်နေလေသည်။

"မုန့်ဖိုးပေးပါဗျ''

ဦးလွှမ်းဝဏ္ဏထည် ဆုပ်ကိုင်ထားတဲ့လက်ကို ရုန်း၍ လက်ဖြန့်ကာကလေးတစ်ယောက်သဖွယ် မုန့်ဖိုးတောင်းလိုက်တော့အသံထွက်သည်အထိ ဦးလွှမ်းဝဏ္ဏထည် ကရီမောလာသည်။

သွေးလူလည်ကျတာကို သိလို့တမင်သဘောတကျနဲ့ရယ်နေတာ။ သွေးကိုဆို အကြည့်လေးတစ်ချက်နဲ့တင် အကုန်နားလည်အကုန်သိနေတဲ့ဦးက သွေးအကြောင်းမသိဘဲနေမလားလေ။

သွေး cardထဲမှာ ပိုက်ဆံရှိနေသေးမှန်း card ကိုထိန်းချုပ်နေတဲ့ ဦးက ကောင်းကောင်းသိမှာပါ။

သို့ပေမယ့်လည်း သွေးကို

"အာဘွားပေးရင်ရမယ်''

ဦးလွှမ်းဝဏ္ဏထည် သည်ပြောရင်းဆိုရင်းမျက်နှာကိုသွေးရှေ့တည့်တည့်ထိုးလာလေသည်။

အရှေ့တွင်ဦးလွှမ်းဝဏ္ဏထည်ရဲ့မျက်နှာ
အနောက်တွင်ဆိုဖာမို့ သွေး မှာပြေးပေါက်ဆိုပြီးမရှိပါ။

မုန့်ဖိုးကြောင့်မဟုတ်ဘဲ ဒီလူကြီးကိုချစ်လို့သာ သွေး မရဲတရဲဖြင့် လူကြီးရဲ့ပါးပြင်သို့ဖြည်းညင်းစွာ အနမ်းပေးလိုက်မိသည်။

မထိတထိလေးဆိုပေမယ့် ရင်ခုန်သံတွေက ပလူပျံသွားသည်။

ရှက်နေသည့်ကြား ဦးလွှမ်းဝဏ္ဏထည် ကလည်း သွေးကို အချစ်မျက်ဝန်းတွေနဲ့စိုက်ကြည့်လာတော့ သွေး ချက်ချင်းမတ်တပ်ရပ်လိုက်မိသည်။

"ဘယ်ပြေးမို့လဲ ?''

ဦးလွှမ်းဝဏ္ဏထည် က သွေးလက်တစ်ဖက်ကို မိမိရရ ဆုပ်ကိုင်ပြီး အားပါပါနှင့် ဆွဲချနေတော့ ဦး ရဲ့ရင်ခွင်ကျယ်ထဲ သွေး အလိုက်သင့်ရောက်သွားရလေသည်။

ဦးပေါင်ပေါ်ထိုင်ချမိသွားတာကြောင့် သွေးရှက်စိတ်ဝင်လာသည်။ ရုန်းမယ်ကြံတဲ့အခါ သွေးပါးတစ်ဖက်မှာနွေးသွားသည်။ သတိမကပ်တဲ့အချိန် ဦးကနမ်းလာတာမို့
ရင်ခုန်နှုန်းက ဆောင့်တက်သွားတာ အထိန်းအကွပ်ကိုမဲ့လို့။

"ချစ်လိုက်ရတာ ဘယ်လိုလုပ်ရပါ့
ဟမ်''

ထွေးဖက်နေရင်းနဲ့မှ သွေးနားထင်ကို
အနမ်းခြွေလာတဲ့ ဦးလွှမ်းဝဏ္ဏထည် က
အချစ်ပိုစွာ ပြောလာသည်။

မငြိမ်သေးတဲ့ရင်ခုန်နှုန်းတွေကြား
သွေးမှာ​ပြောစရာစကားကိုမရှိ။

ဦးလွှမ်းဝဏ္ဏထည် ရဲ့ကျောပြင်ကိုပြန်လှည်ဖက်တွယ်ပြီး ရင်ခွင်ထဲသို့သာ မျက်နှာအပ်နေလိုက်သည်။

"သွေးမှတ်ထားနော် ဒီလူကြီးက သွေးအတွက်ဘာမဆို
ဖြည့်ဆည်းပေးနိုင်တဲ့လူကြီးပါ ပိုက်ဆံလား ရွှေလား
ငွေလား သွေးလိုချင်ရင် မရစရာမရှိဘူး ကိုယ်လူပျိုဘဝကတည်းကရှာထားသမျှတွေဟာ ကိုယ့်ရဲ့ထာဝရလက်တွဲဖော်လေးအတွက်ပဲ အခုကိုယ့်ရဲ့လက်တွဲဖော်ဖြစ်တဲ့သွေးအတွက်ကို ကိုယ်အနှစ်၂၀ ကျော်ရှာထားခဲ့တာမလို့ သွေး
စိတ်ကြိုက်သုံးနိူင်ပါတယ် မီးခံသေတ္တာက သွေးရဲ့မွေးနေ့
လေးရိုက်ထည့်လိုက်တာနဲ့ပွင့်လာပြီးသား''

ဦး စကားတွေကိုနားထောင်ရင်း မျက်ရည်ကဝိုင်းချင်လာသည်။ ဘဝမှာ ဒီလိုလေးအချစ်ခံရလိမ့်မယ်လို့တစ်ခါမှကို စိတ်ကူးမယဥ်ရဲခဲ့။ဦးရင်ဘတ်တွင်မျက်နှာတိုးရင်း ခေါင်းဆတ်ဆတ်ညိတ်တော့ ဦးက သွေးခေါင်းကိုနမ်းစိုက်လာနေသည်။

~~~~~

"ဘာဖြစ်နေလို့လဲ?''

အိမ်တော်ထိန်းရဲ့အရေးတကြီးခေါ်ဆိုမှုကြောင့် ဒေါင်း မေမေ့အိမ်ကနေ ချက်ချင်း ပြေးလာမိသည်။

အိမ်တော်ထိန်းကdaddyအခန်းကိုဝင်ကြည့်ဖို့ပြောတော့ ဒေါင်းလည်း ဝင်ကြည့်လိုက်လေသည်။

အခန်းထဲတွင်daddyသည် ဓာတ်ပုံသေးသေးတစ်ပုံအား လက်နှစ်ဖက်ကြားကဆုပ်ကိုင်ကာ မျက်ရည်တစမ်းစမ်းကာအသံတိတ်ငိုကြွေးလို့နေသည်။.

တံခါးဝတွင်ရပ်ကြည့်နေသောသူ့အားတွေ့တော့

"ဒေါင်း  Daddy သား''

အိပ်ရာပေါ်ကကုန်းရုန်းထပြီးသူ့ဆီသို့
ဦးတည်ကာ လာသည်။

အသက်ကကြီးနေသည့်အပြင် မစားမသောက်နဲ့ မှိုင်နေတာလည်းကြာတော့ အားမရှိသလို ​ခြေလှမ်းတွေကယိုင်နေလေသည်။

"သား daddyသားဟုတ်တယ်မှတ်လား?''

မေမေမရှိတော့သည့်နောက်ပိုင်း daddy ဆီမှသားလို့ခေါ်တာ ဒေါင်း တစ်ခါမှမကြားရတော့ပင်။

အခုမှပထမဆုံးအကြိမ်ပြန်ကြားရခြင်းဖြစ်ပြီး မျက်မှန်
မတပ်ထားသော daddy က ဒေါင်းမျက်နှာကို လိုက်၍ကြည့်နေလေသည်။

"ဘာဖြစ်လို့လဲ daddy? "

Daddy ဟူသောခေါ်သံကြားတော့ ဒေါင်းကို ချက်ချင်းပွေ့ဖက်လာလေသည်။

အနားသို့အကုန်လုံးကထွက်ခွာသွားတော့
သားဖြစ်သူ ထွက်သွားမှာ စိုးရိမ်လာသည်ထင်။

Daddy အနားကထွက်မသွားဖို့ရာအကြိမ်ကြိမ်တောင်းပန်နေသောကြောင့်တင်းထားသည့်မျက်ရည်တို့သည်လည်းပါးပြင်ထက်စီးဆင်းလာနေပြီ။

Daddy ကိုသူမုန်းတယ်လို့သာယုံကြည်နေခဲ့ပေမယ့် မိဘနဲ့ကလေးကြားကသံယောဇဥ်ဟာ ဓားနဲ့ခုတ်ဖြတ်၍မရသည့်ရေစီးကြောင်းတွေဖြစ်နေမှန်း သူမသိခဲ့ချေ။

"စိတ်မပူပါနဲ့ သားDaddyအနားမှာပဲအမြဲရှိနေမှာပါ''

မျက်ရည်စတွေနဲ့ ဒေါင်းစိတ်ထိန်း၍ပြောလိုက်လေသည်။

ဒီအဖေ ဒီသား သာရှိတော့သည့်ဘဝမှာ
ဆက်ပြီးမာနတွေပြိုင်နေလို့က ဘာမှအကျိုးရှိမှာမဟုတ်တော့ချေ။

နောင်တ တပွေ့တပိုက်နဲ့daddyက သားသားနဲ့ပါးစပ်ဖျားကမချတော့သလို Daddyအဖြစ်ကိုကြည့်ပြီး ဒေါင်းလည်း အခုမှ သားပီသသွားလေသည်။

Daddyကိုမမုန်းခဲ့ဘူး စိတ်ဆိုးခဲ့တာပဲရှိတယ်
Daddyကိုပစ်ထားတာမဟုတ်ဘူး
Daddyကသာ ကျွန်တော့ကိုပစ်ထားခဲ့တာ

Daddy ရဲ့အခုအ​ခြေနေကြောင့် ဒေါင်း Daddy အနားဆက်နေဖို့သာဆုံးဖြတ်လိုက်သည်။

ဒီဘဝကို ဒီအဖေရယ်ဒီသားရယ်ရှိတာမို့ daddyကိုပစ်ထားဖို့ဒေါင်းမှာအင်အားမရှိပါ။

သိစိတ်က မုန်းခဲ့မူးပေမယ့် မသိစိတ်မှာတော့ daddyကို သူအမြဲချစ်ခဲ့ပါသည်။

.

.
Greenleaf 🌿

-------------------------------------------------------------------

23

.
.
"လူကိုယ္တိုင္ကူညီေပးခ်င္ေပမယ့္မအားလို႔စိတ္မေကာင္းျဖစ္ရပါတယ္ဗ်''

"မဟုတ္တာ သားေထာက္ပံ့လိုက္တဲ့ေငြေတြကနည္းတာမဟုတ္ဘူး ဒါကလည္းကူညီေပးတာပဲေလ အမ်ိဳးသားကိုလည္းလာလည္ဖို႔ေျပာေပးပါဦး''

"ဟုတ္ကဲ့ဗ် အလုပ္ေတြပါးသြားရင္တစ္ေခါက္ျပန္လာပါဦးမယ္ဗ်''

ႏြေရာသီေက်ာင္းပိတ္ရက္မို႔ေသြး႐ြာကိုျပန္ေရာက္ေနျခင္းျဖစ္သည္။

႐ြာတြင္ေရႀကီးေရလွ်ံမႈကိုထပ္၍မႀကဳံေစရန္အတြက္ ေခ်ာင္းရဲ႕တိုက္စားမႈလမ္းေၾကာင္းကိုျပဳျပင္ေနေလသည္။

ေသြးကိုယ္တိုင္လည္းဒီက႐ြာခံမို႔လုပ္အားေပးဝင္လုပ္ခ်င္မိသည္။

သို႔ေသာ္ ဦးလႊမ္းဝဏၰထည္ သေဘာထားကို ေသြး အေလးနက္ထားဖို႔လိုေသးသည္။

ကားေမာင္းသင္ေပးမည္ဆိုျခင္းဟာ ေသြးအတြက္သာျဖစ္သည္မို႔ ေသြး ကိုယ္တိုင္ကပိုၿပီးႀကိဳးစားဖို႔လိုေလသည္။

႐ြာလူႀကီးဆီေထာက္ပံ့ေငြေတြကိုအပ္ၿပီးတာနဲ႕ ေသြး ခ်က္ခ်င္းအိမ္ကိုျပန္လာလိုက္သည္။

"သား သြားေတာ့မယ္ ေမေမ က်န္းမာေရးဂ႐ုစိုက္ပါဗ်''

"အင္း သားႀကီးေရာ ဂ႐ုစိုက္''

အိမ္ျပန္ေရာက္ေသာအခါ ေမေမ့ကိုသူ
ဖြဖြနဲ႕ခဏေပြ႕ဖက္ၿပီး ၿခံအျပင္ကေစာင့္ေနေသာ ကားဆီတန္းဆင္းလာေလသည္။

အန္တီခ်ိဳကၿမိဳ႕ကိုျပန္ေရာက္ေနသည္မို႔
ေသြး တို႔အိမ္မွာ ေမေမတစ္ေယာက္တည္းသာရွိေတာ့သည္။

မၾကာခင္ အငယ္ေလးျပန္ေရာက္ေတာ့မွာျဖစ္သည့္အတြက္ ေမေမကစိတ္မပူဖို႔ေျပာေသးသည္။

ဦးလႊမ္းဝဏၰထည္ အလုပ္မအားတာေၾကာင့္ ေသြး ကို အိမ္က ဒရိုင္ဘာနဲ႕သာထည့္ေပးသည္။

--------

"ျပန္ေရာက္ပါၿပီဗ်''

ႏွစ္ရက္ခရီးမွာ ေသြး ဘာအိတ္မွကိုယူေဆာင္မသြားပါ။

ေက်ာေပၚကေက်ာပိုးအိတ္ေလးက
ဟန္ျပသာျဖစ္ၿပီး အထဲတြင္ဘာဆိုဘာမွမရွိေခ်။

အျပင္စီးဖိနပ္အားခြၽတ္၍ဖိနပ္စင္ေပၚတင္ကာ အေပၚထပ္ကိုတက္မည္လုပ္ေတာ့ဦးလႊမ္းဝဏၰထည္ က ေလွကားေပၚကဆင္းလာေလသည္။

"လာ ရင္ခြင္ထဲကို''

ေလွကားရဲ႕ေအာက္ဆုံးကိုေရာက္သည္ႏွင့္
ဦးလႊမ္းဝဏၰထည္ သည္ လက္ႏွစ္ဖက္အားဆန့္၍ ရင္ဘတ္ကိုဟေပးေလသည္။

ေသြး မသိမသာေလးၿပဳံးလို႔
ဦးလႊမ္းဝဏၰထည္ ရဲ႕ရင္ခြင္ထဲတိုးဝင္ေနလိုက္သည္။

ေသြးခိုဝင္ခြင့္ရွိတဲ့ ေသြးပိုင္ဆိုင္ထားတဲ့ရင္ခြင္က်ယ္ဟာ
ႏြေးလိုက္တာမ်ား ေအးခ်မ္းလိုက္တာမ်ား။

"လြမ္းေနတာမင္းေလးကို''

"မပိုပါနဲ႕ဗ် ႏွစ္ရက္ေလးကိုဗ်ာ''

"ေဟာ ''

လြမ္းေၾကာင္းေျပာလိုက္တာကိုမပိုပါနဲ႕ဆိုေသာေကာင္ေလးအား အသည္းယားရကာ ပါးေလးတစ္ဖက္ကိုဖြဖြဆြဲညွစ္လိုက္မိသည္။

သြားေလးေတြတန္းစီေပၚေအာင္ရီျပလာပုံက ခ်စ္ဖို႔ေကာင္းလိုက္တာမ်ား ဘာနဲ႕မွမလဲနိုင္ေခ်။

အခုမွခရီးကျပန္ေရာက္တာမို႔တဝႀကီးအရင္
အနားယူေစလိုက္ပါသည္။

သို႔ေပမယ့္ အေသြးကၾကာၾကာအနားမယူပါ။ ခဏတစ္ျဖဳတ္သာ အနားယူၿပီးသူ႕အနားကိုကပ္လာသည္။

ဒါ ကိုယ္ဝယ္ေပးထားတဲ့ကားေလးကို သူေလးလည္းသိခ်င္ေနၿပီ ေတြ႕ခ်င္ေနၿပီျဖစ္တဲ့သေဘာေပါ့။ လက္ေလးကို
ဆြဲကာေခၚေတာ့ အၿပဳံးႏုႏုႏွင့္ လိုက္လာသည္။

"ႀကိဳက္ရဲ႕လား အျဖဴထက္စာရင္အနက္ကပိုၾကည့္ေကာင္းမလားေလ''

အိမ္ဝင္းထဲသီးသန့္အမိုးစင္ေအာက္ကကားParking တစ္ခုမွာ အနက္ေရာင္ ၿပိဳင္ကားအသစ္တစ္စီးထပ္ေရာက္လာျခင္။

ဦးလႊမ္းဝဏၰထည္က ဒါဟာေသြးအတြက္ျဖစ္
သည္ေျပာေလသည္။

"ပိုက္ဆံအမ်ားႀကီးကုန္ရၿပီ ကြၽန္ေတာ့္ေၾကာင့္''

ေသြးကားကိုတစ္ခ်က္သာၾကည့္ၿပီး အနားရပ္ေနသာ
ဦးလႊမ္းဝဏၰထည္ ဘက္လွည့္ကာေျပာမိသည္။

ဦးဝယ္ေပးတဲ့ကားကိုေတြ႕ခ်င္ခဲ့တာမွန္ေပမယ့္ ဒီလို
ကုန္က်စရိတ္မ်ားစြာနဲ႕ ေစ်းႀကီးထဲကကားကိုေတာ့
ေသြး မက္ေမာတာမဟုတ္။ ဆင္းရဲတဲ့မိသားစုက ဆင္းသက္လာသူပီပီ ႏွေျမာတသျဖစ္တတ္တဲ့စရိုက္က
တန္းခနဲျပန္ေပၚလာသည္။

ဒီေန႕တစ္ရက္တည္းကို ေသြးအတြက္နဲ႕ ဦးျဖဳန္းလိုက္တဲ့ေငြက ၾကက္သီးျဖန္းျဖန္းထရပါသည္။

ပခုံးကိုသိုင္းဖက္လာသည့္ ဦးကေတာ့ ကားေသာ့တစ္ခုကို ေသြးလက္ထဲထည့္ေပးလာေလသည္။

"ကုန္ကုန္ေပါ့ ဘာျဖစ္လဲ ဒီေလာက္ေလးနဲ႕ ဆင္းရဲသြား
မယ့္သူေတြအထဲ မင္းေလးရဲ႕ေယာက္်ားကိုယ္မပါဘူး''

ခါးကိုေထာက္ အနားကိုတိုးကပ္ၿပီး ၿပဳံးၿပဳံးနဲ႕ဂုဏ္ယူဝင့္ႂကြားစြာေျပာေတာ့ ေသြးက ႏွာေခါင္းရႈံ႕ျပသည္။

ၿပီးေနာက္ ရွက္ၿပဳံးနဲ႕ ေခါင္းကိုငုံ႕ၿပီး ခပ္တိုးတိုးရယ္ေလသည္။

"မနက္ျဖန္မွစသင္ေပးမယ္''

"ဟုတ္ကဲ့ဗ်''

ညစာစားသည့္အခါ ေသြးတစ္ခါမွမစားဖူးတဲ့ဟင္းေတြကစားပြဲေပၚအျပည့္ေနရာယူေလသည္။

အစားေသာက္နဲ႕ပတ္သက္ရင္ေ႐ြးတတ္သူမဟုတ္ေသာေၾကာင့္ အစားေသာက္အဆန္းေလးေတြေတြ႕လည္း ေသြး အတြက္ထူးဆန္းတာဘာတစ္ခုမွမရွိ။

ဘယ္ကအစားေသာက္ျဖစ္ျဖစ္ ေမေမခ်က္ေကြၽးဖူးတဲ့ ငါးပိရည္ ေလာက္ မၿမိန္တာအမွန္ပင္။

"ဒီေန႕က ကိုယ့္daddy ဆုံးသြားတာ
18ႏွစ္ျပည့္ ႏွစ္ပတ္လည္''

"ဟုတ္ကဲ့ဗ်''

ဒါ့ေၾကာင့္မို႔ျဖစ္မည္။
တစ္အိမ္လုံးေမႊးႀကိဳင္ေနၿပီး လွိုက္ကာ စားပြဲခင္းစတာေတြအားလုံးကိုပါ အသစ္ေတြလဲထားေသးသည္။

အန္တီခ်ိဳကလည္းအိမ္ကိုျပန္ေရာက္ေနသည္ေျပာ၏။

"မ်ားမ်ားစား အေသြး အေသြးရဲ႕ေယာကၡထီးကိုခ်စ္ရင္ေပါ့''

ပန္းကန္ထဲေရာက္လာသည့္ ၾကက္ေပါင္ေၾကာ္ႏွစ္ေခ်ာင္းလုံးအား မ်က္ေတာင္ပုတ္ခတ္ခတ္ျဖင့္ၾကည့္ေနမိသည္။

မရွိေတာ့သည့္ေယာကၡထီးကိုလည္းဖခင္ကဲ့သို႔ခ်စ္ခင္ပါသည္။

သို႔ေပမယ့္ ဒါေတြကုန္ေအာင္စားဖို႔အထိေတာ့ ေသြးကိုဘီလူးစီးေနတာလဲမဟုတ္။

ဦးလႊမ္းဝဏၰထည္ ကိုမ်က္လႊာပင့္ၾကည့္လိုက္ေတာ့ ေသြးကို ၿပဳံးစိစိႏွင့္ ၾကည့္ေနေလသည္။

ေသြးမစားနိုင္မွန္းသိလို႔စေနပုံက အျမင္ကပ္ခ်င္စရာ။
သို႔ေပမယ့္ ပုံမွန္တည္ၿငိမ္ေနတာထက္ ယခုလိုစေနာက္တာက ေသြးကိုပိုၿပီးရင္ခုန္ေစပါသည္။

ညစာစားၿပီးေသာအခါ အေပၚထပ္ဧည့္ခန္း၌ ေသြး ခဏမအနားယူလိုက္ေလသည္။

အနားသို႔ ဦးလႊမ္းဝဏၰထည္ ဝင္ထိုင္လာသည့္အခါ ေသြး ဆိုဖာေထာင့္ေလးဆီနည္းနည္းတိုးလိုက္မိသည္။

ဒါ့ေၾကာင့္လည္း ဦးလႊမ္းဝဏၰထည္ မ်က္ခုံးတန္းေတြက
က်ဳံ႕ခနဲ။ ကိုယ္​က ဘီလူးမို႔လို႔လားတဲ့။

သြားေလးၿဖီးလို႔ ေခါင္းခါျပေတာ့ ဦးလႊမ္းဝဏၰထည္ က
ႏႈတ္ခမ္းတြန့္႐ုံၿပဳံးရင္း ေသြးအနားတိုးထိုင္လာသည္။

ရင္ခြင္ထဲဆြဲထည့္တဲ့အခါ ေသြးအလိုက္သင့္ေလးဝင္လိုက္ပါသည္။ ခြၽဲတာႏြဲ႕တာေတြမလုပ္တတ္ေပမယ့္
ဦးက ကေလးေလးလိုခ်စ္ေပးေနမွေတာ့ ေသြးလည္း
ကေလးဆန္တတ္လာရၿပီ။

"ေျပာပါဦး ႐ြာကိုျပန္ၿပီးဘယ္လိုေတြစီစဥ္ခဲ့တာလဲ''

"႐ြာမွာေခ်ာင္းရဲ႕ေရစီးေၾကာင္းကိုျပင္
ေနတာဗ် စာသင္ေက်ာင္းလည္းက်ိဳးပဲ့ေနလို႔အသစ္ျပန္ေဆာက္ရတယ္ အဲ့တာ ဦးေပးထားတဲ့
Card ထဲကပိုက္ဆံေတြကိုထုတ္ၿပီးတတ္နိုင္တဲ့ဘက္ကကူညီထားတယ္ဗ်''

"​ေတာ္တယ္ ကိုယ့္႐ြာကိုကိုယ္မွမေထာက္ပံ့ရင္ဘယ္သူကလာၿပီးေထာက္ပံ့ေပးမွာလဲ မဟုတ္ဘူးလား?''

ေသြးဘာလုပ္လုပ္အေကာင္းျမင္ေပးတတ္ၿမဲျဖစ္တဲ့ဦးက
ဘာလာလာ ေသြးရဲ႕ဘက္ေတာ္သားျဖစ္ေပးသည္။

ေသြးလည္းမိမိ၏႐ြာကိုျပန္၍ေထာက္ပံ့ခြင့္ရသည့္အတြက္လည္း အခုထိေက်နပ္ေနတုန္းပင္။

"Card ထဲက်န္တာေတြ ဘုန္းႀကီးေက်ာင္းကိုလႉလိုက္တယ္ဗ် ႐ြာက ကေလးေတြကိုရွင္ျပဳေပးဖို႔''

"ဟုတ္ၿပီ ၿပီးေတာ့ေရာ''

"Cardက အခြံပဲက်န္ေတာ့တယ္ဗ် အဲ့ဒါ..''

"အဲ့ဒါ..''

ေသြး မ်က္လုံးကလယ္ကလယ္ျဖင့္ ေျပာလိုက္သည့္အခါ ဦးလႊမ္းဝဏၰထည္ က ေသြးရဲ႕စကားကိုသံရွည္ဆြဲ၍ ေသြးကိုစိုက္ၾကည့္ေနေလသည္။

"မုန့္ဖိုးေပးပါဗ်''

ဦးလႊမ္းဝဏၰထည္ ဆုပ္ကိုင္ထားတဲ့လက္ကို ႐ုန္း၍ လက္ျဖန့္ကာကေလးတစ္ေယာက္သဖြယ္ မုန့္ဖိုးေတာင္းလိုက္ေတာ့အသံထြက္သည္အထိ ဦးလႊမ္းဝဏၰထည္ ကရီေမာလာသည္။

ေသြးလူလည္က်တာကို သိလို႔တမင္သေဘာတက်နဲ႕ရယ္ေနတာ။ ေသြးကိုဆို အၾကည့္ေလးတစ္ခ်က္နဲ႕တင္ အကုန္နားလည္အကုန္သိေနတဲ့ဦးက ေသြးအေၾကာင္းမသိဘဲေနမလားေလ။

ေသြး cardထဲမွာ ပိုက္ဆံရွိေနေသးမွန္း card ကိုထိန္းခ်ဳပ္ေနတဲ့ ဦးက ေကာင္းေကာင္းသိမွာပါ။

သို႔ေပမယ့္လည္း ေသြးကို

"အာဘြားေပးရင္ရမယ္''

ဦးလႊမ္းဝဏၰထည္ သည္ေျပာရင္းဆိုရင္းမ်က္ႏွာကိုေသြးေရွ႕တည့္တည့္ထိုးလာေလသည္။

အေရွ႕တြင္ဦးလႊမ္းဝဏၰထည္ရဲ႕မ်က္ႏွာ
အေနာက္တြင္ဆိုဖာမို႔ ေသြး မွာေျပးေပါက္ဆိုၿပီးမရွိပါ။

မုန့္ဖိုးေၾကာင့္မဟုတ္ဘဲ ဒီလူႀကီးကိုခ်စ္လို႔သာ ေသြး မရဲတရဲျဖင့္ လူႀကီးရဲ႕ပါးျပင္သို႔ျဖည္းညင္းစြာ အနမ္းေပးလိုက္မိသည္။

မထိတထိေလးဆိုေပမယ့္ ရင္ခုန္သံေတြက ပလူပ်ံသြားသည္။

ရွက္ေနသည့္ၾကား ဦးလႊမ္းဝဏၰထည္ ကလည္း ေသြးကို အခ်စ္မ်က္ဝန္းေတြနဲ႕စိုက္ၾကည့္လာေတာ့ ေသြး ခ်က္ခ်င္းမတ္တပ္ရပ္လိုက္မိသည္။

"ဘယ္ေျပးမို႔လဲ ?''

ဦးလႊမ္းဝဏၰထည္ က ေသြးလက္တစ္ဖက္ကို မိမိရရ ဆုပ္ကိုင္ၿပီး အားပါပါႏွင့္ ဆြဲခ်ေနေတာ့ ဦး ရဲ႕ရင္ခြင္က်ယ္ထဲ ေသြး အလိုက္သင့္ေရာက္သြားရေလသည္။

ဦးေပါင္ေပၚထိုင္ခ်မိသြားတာေၾကာင့္ ေသြးရွက္စိတ္ဝင္လာသည္။ ႐ုန္းမယ္ႀကံတဲ့အခါ ေသြးပါးတစ္ဖက္မွာႏြေးသြားသည္။ သတိမကပ္တဲ့အခ်ိန္ ဦးကနမ္းလာတာမို႔
ရင္ခုန္ႏႈန္းက ေဆာင့္တက္သြားတာ အထိန္းအကြပ္ကိုမဲ့လို႔။

"ခ်စ္လိုက္ရတာ ဘယ္လိုလုပ္ရပါ့
ဟမ္''

ေထြးဖက္ေနရင္းနဲ႕မွ ေသြးနားထင္ကို
အနမ္းေႁခြလာတဲ့ ဦးလႊမ္းဝဏၰထည္ က
အခ်စ္ပိုစြာ ေျပာလာသည္။

မၿငိမ္ေသးတဲ့ရင္ခုန္ႏႈန္းေတြၾကား
ေသြးမွာ​ေျပာစရာစကားကိုမရွိ။

ဦးလႊမ္းဝဏၰထည္ ရဲ႕ေက်ာျပင္ကိုျပန္လွည္ဖက္တြယ္ၿပီး ရင္ခြင္ထဲသို႔သာ မ်က္ႏွာအပ္ေနလိုက္သည္။

"ေသြးမွတ္ထားေနာ္ ဒီလူႀကီးက ေသြးအတြက္ဘာမဆို
ျဖည့္ဆည္းေပးနိုင္တဲ့လူႀကီးပါ ပိုက္ဆံလား ေ႐ႊလား
ေငြလား ေသြးလိုခ်င္ရင္ မရစရာမရွိဘူး ကိုယ္လူပ်ိဳဘဝကတည္းကရွာထားသမွ်ေတြဟာ ကိုယ့္ရဲ႕ထာဝရလက္တြဲေဖာ္ေလးအတြက္ပဲ အခုကိုယ့္ရဲ႕လက္တြဲေဖာ္ျဖစ္တဲ့ေသြးအတြက္ကို ကိုယ္အႏွစ္၂၀ ေက်ာ္ရွာထားခဲ့တာမလို႔ ေသြး
စိတ္ႀကိဳက္သုံးနိူင္ပါတယ္ မီးခံေသတၱာက ေသြးရဲ႕ေမြးေန႕
ေလးရိုက္ထည့္လိုက္တာနဲ႕ပြင့္လာၿပီးသား''

ဦး စကားေတြကိုနားေထာင္ရင္း မ်က္ရည္ကဝိုင္းခ်င္လာသည္။ ဘဝမွာ ဒီလိုေလးအခ်စ္ခံရလိမ့္မယ္လို႔တစ္ခါမွကို စိတ္ကူးမယဥ္ရဲခဲ့။ဦးရင္ဘတ္တြင္မ်က္ႏွာတိုးရင္း ေခါင္းဆတ္ဆတ္ညိတ္ေတာ့ ဦးက ေသြးေခါင္းကိုနမ္းစိုက္လာေနသည္။

~~~~~

"ဘာျဖစ္ေနလို႔လဲ?''

အိမ္ေတာ္ထိန္းရဲ႕အေရးတႀကီးေခၚဆိုမႈေၾကာင့္ ေဒါင္း ေမေမ့အိမ္ကေန ခ်က္ခ်င္း ေျပးလာမိသည္။

အိမ္ေတာ္ထိန္းကdaddyအခန္းကိုဝင္ၾကည့္ဖို႔ေျပာေတာ့ ေဒါင္းလည္း ဝင္ၾကည့္လိုက္ေလသည္။

အခန္းထဲတြင္daddyသည္ ဓာတ္ပုံေသးေသးတစ္ပုံအား လက္ႏွစ္ဖက္ၾကားကဆုပ္ကိုင္ကာ မ်က္ရည္တစမ္းစမ္းကာအသံတိတ္ငိုေႂကြးလို႔ေနသည္။.

တံခါးဝတြင္ရပ္ၾကည့္ေနေသာသူ႕အားေတြ႕ေတာ့

"ေဒါင္း  Daddy သား''

အိပ္ရာေပၚကကုန္း႐ုန္းထၿပီးသူ႕ဆီသို႔
ဦးတည္ကာ လာသည္။

အသက္ကႀကီးေနသည့္အျပင္ မစားမေသာက္နဲ႕ မွိုင္ေနတာလည္းၾကာေတာ့ အားမရွိသလို ​ေျခလွမ္းေတြကယိုင္ေနေလသည္။

"သား daddyသားဟုတ္တယ္မွတ္လား?''

ေမေမမရွိေတာ့သည့္ေနာက္ပိုင္း daddy ဆီမွသားလို႔ေခၚတာ ေဒါင္း တစ္ခါမွမၾကားရေတာ့ပင္။

အခုမွပထမဆုံးအႀကိမ္ျပန္ၾကားရျခင္းျဖစ္ၿပီး မ်က္မွန္
မတပ္ထားေသာ daddy က ေဒါင္းမ်က္ႏွာကို လိုက္၍ၾကည့္ေနေလသည္။

"ဘာျဖစ္လို႔လဲ daddy? "

Daddy ဟူေသာေခၚသံၾကားေတာ့ ေဒါင္းကို ခ်က္ခ်င္းေပြ႕ဖက္လာေလသည္။

အနားသို႔အကုန္လုံးကထြက္ခြာသြားေတာ့
သားျဖစ္သူ ထြက္သြားမွာ စိုးရိမ္လာသည္ထင္။

Daddy အနားကထြက္မသြားဖို႔ရာအႀကိမ္ႀကိမ္ေတာင္းပန္ေနေသာေၾကာင့္တင္းထားသည့္မ်က္ရည္တို႔သည္လည္းပါးျပင္ထက္စီးဆင္းလာေနၿပီ။

Daddy ကိုသူမုန္းတယ္လို႔သာယုံၾကည္ေနခဲ့ေပမယ့္ မိဘနဲ႕ကေလးၾကားကသံေယာဇဥ္ဟာ ဓားနဲ႕ခုတ္ျဖတ္၍မရသည့္ေရစီးေၾကာင္းေတြျဖစ္ေနမွန္း သူမသိခဲ့ေခ်။

"စိတ္မပူပါနဲ႕ သားDaddyအနားမွာပဲအၿမဲရွိေနမွာပါ''

မ်က္ရည္စေတြနဲ႕ ေဒါင္းစိတ္ထိန္း၍ေျပာလိုက္ေလသည္။

ဒီအေဖ ဒီသား သာရွိေတာ့သည့္ဘဝမွာ
ဆက္ၿပီးမာနေတြၿပိဳင္ေနလို႔က ဘာမွအက်ိဳးရွိမွာမဟုတ္ေတာ့ေခ်။

ေနာင္တ တေပြ႕တပိုက္နဲ႕daddyက သားသားနဲ႕ပါးစပ္ဖ်ားကမခ်ေတာ့သလို Daddyအျဖစ္ကိုၾကည့္ၿပီး ေဒါင္းလည္း အခုမွ သားပီသသြားေလသည္။

Daddyကိုမမုန္းခဲ့ဘူး စိတ္ဆိုးခဲ့တာပဲရွိတယ္
Daddyကိုပစ္ထားတာမဟုတ္ဘူး
Daddyကသာ ကြၽန္ေတာ့ကိုပစ္ထားခဲ့တာ

Daddy ရဲ႕အခုအ​ေျခေနေၾကာင့္ ေဒါင္း Daddy အနားဆက္ေနဖို႔သာဆုံးျဖတ္လိုက္သည္။

ဒီဘဝကို ဒီအေဖရယ္ဒီသားရယ္ရွိတာမို႔ daddyကိုပစ္ထားဖို႔ေဒါင္းမွာအင္အားမရွိပါ။

သိစိတ္က မုန္းခဲ့မူးေပမယ့္ မသိစိတ္မွာေတာ့ daddyကို သူအၿမဲခ်စ္ခဲ့ပါသည္။
.
.
Greenleaf 🌿

Continue Reading

You'll Also Like

282K 16.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
247K 13.3K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
262K 13.8K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...