(Endless Love 艾辰_-_错位时空_『我吹过你吹过的晚风那我们算不算相拥』【完整版_】
ဒီသီချင်းနဲ့လိုက်မယ်ထင်လို့💜 media မှာထည့်ပေးထားတယ်)
"ကျဆိမ့် တူး! ချိုစိမ့် ဝမ်း!"
လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးလေးရဲ့ အမှာသံကစူးခနဲထွက်နေသည်။
လူပုံစံက ဂင်တိုတိုနှင့် ပုဆိုးကို တိုတိုဝတ်ထားသော ကိုသက်က လက်ဖက်ရည်ပါဆယ်ဘူးကိုဆွဲလာကာ ဆိုင်တံခါးအပြင်နားတွင်ရပ်စောင့်နေသော စောနရီအား လှမ်းပေးသည်။
"ရော့ အစ်ကိုလေး"
ကိုသက်ဆိုတာက သူ့နာမည်အရင်းပင်။တမင်တကာ ကို တပ်ခေါ်ခြင်းမဟုတ်။ အသက်က ဆယ့်ရှစ်ပင်မပြည့်သေး။စောနရီကိုဆိုလျှင်အစ်ကိုလေးဟုသာခေါ်သည်။
စောနရီကို တစ်စျေးလုံးက မျက်မှန်းတန်းမိသည့်အပြင် တစ်ခုခုခိုင်းလျှင် ခေါ်ခိုင်းတတ်ကြသည်။ စောနရီကလည်း ဘာခိုင်းခိုင်း မညည်းမညူ သွားလာပေးတာကြောင့် တစ်စျေးလုံးက ချစ်ကြသည်။အခုလည်းအဖျော်ဆရာက ဝယ်သည့်လက်ဖက်ရည်အပြင် အဆာပြေမုန့်ပါထည့်ပေးသေးသည်။
"အစ်ကိုမှာတာ လက်ဖက်ရည်ပဲလေ ကိုသက်"
"ဆရာကိုယ်တိုင်ထည့်ပေးလိုက်တာယူသွားယူသွား...စာမေးပွဲနီးပြီမလား စျေးမလာနဲ့တော့လေ။ ကိုကုလားကြီးကလည်း သူလာဝယ်လို့ရသားနဲ့ "
"အပန်းမကြီးပါဘူး။ ကိုကုလားကြီးက မလာဖို့ပြောပါတယ်။ အစ်ကိုက စာလည်းအများကြီးမကျန်လို့"
"စာမေးပွဲပြီးရင် တန်းပြန်မှာလား"
"အင်း ပြန်ဖြစ်မယ်"
"ပြန်လာရင်မုန့်ယူလာဦးနော် ဟဲဟဲ"
"ကိုသက်..ဒီမှာခွက်လာချတော့လေ!လေပေါမနေနဲ့"
အထဲက ဆိုင်ရှင်က လှမ်းအော်မှ ကိုသက်က ရွဲ့စောင်းဟန်ဖြင့် ပူညံပူညံလုပ်နေတာဟု ခပ်တိုးတိုးရွတ်ကာ အထဲကို သုတ်သီးသုတ်ပျာဝင်သွားလေသည်။
စောနရီလည်းဆိုင်ဘက်ကိုပြန်ထွက်လာသည်။
ကိုကုလားကြီးက ဒီလိုအချိန်ဆိုလျှင် ကိုယ့်ဆိုင်ကိုယ်မထိုင်ဘဲ နှစ်ဆိုင်ကျော်က ကိုဖိုးတုတ် ကွမ်းယာဆိုင်ရှေ့တွင် ချက်စ်ထိုးနေကျမို့ စောနရီလည်း ထိုဆိုင်တွင်သာ လက်ဖက်ရည်ဝင်ပေးလိုက်သည်။
"အေးစောနရီ.. ဆိုင်မှာ မင်းဧည့်သည်ရောက်နေတယ်"
"ဗျာ! ကျွန်တော့်ဧည့်သည်။"
"အေး..မင်းနဲ့တွေ့ချင်တာတဲ့"
သူ့စိတ်ထဲတွင် ဧည့်သည်ဟုတွေးလိုက်တာနှင့်ပထမဆုံးတွေးမိသူက မောင်ပင်။
မောင်များ လာတွေ့သလား။သို့ပေမဲ့လည်း မနက်ကပင် ဟင်းထုပ်တူတူစားပြီး ဆိုင်ကိုထွက်လာတာမို့ တကူးတကလာတွေ့ဖို့ ဘာအကြောင်းများရှိပါလိမ့်။
ကိုကုလားကြီးရဲ့လျှပ်စစ်ပစ္စည်းဆိုင်က ခပ်ကျဉ်းကျဉ်းပါပဲ။ ဆိုင်ဝင်ပေါက် နာရီများထည့်ထားသည့်မှန်ဘောင်နားတွင် ဧည့်သည်လာလျှင်ထိုင်ဖို့ ခုံတန်းလေးရှိသည်။
ထိုခုံတန်းလေးတွင်ကျောပေးထိုင်နေသူက သူ(စောနရီ)မျှော်လင့်ထားသလို နွေဦးမောင်တော့မဟုတ်ခဲ့။
"ဘာများအလိုရှိလို့လဲဗျ"
အနက်ရောင်စပို့ရှပ်ကို စတိုင်ပန်အနက်ဖြင့်တွဲဝတ်ထားသည့် လူက တည်တင်းသည့်မျက်နှာထားမျိုးရှိသည်။ ငယ်ရွယ်ပျိုမြစ်မှုတွေကို ဆံပင်ကေဖြင့် ပြောင်းလဲထားသလို၊ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းများဖြင့်လည်း ကာစီးထားသည်။
ထိုနှုတ်ခမ်းများက သူ့ကိုမြင်တော့ ခပ်ယဲ့ယဲ့ပြုံး၏။
"နာရီလာပြင်တာပါ..စက်မသွားတော့လို့"
ဥဿပြောသည့်အကြောင်းအရာသည် လုံလောက်သည့်ဆင်ခြေတစ်ခုမဟုတ်ပေမဲ့လည်း သည်ဆင်ခြေက အနည်းနှင့်အများတော့သင့်တော်သည်ဟုယူဆ၍ပင်။
ေစာနရီကနာရီကိုယူပြီး စစ်ပေးသည်။
"ပျက်တာမဟုတ်ပါဘူး။ဓာတ်ခဲကုန်သွားတာ"
"ဒါဆို ဓာတ်ခဲထည့်ပေးလိုက်ပါ"
"ဓာတ်ခဲကနှစ်မျိုးရှိတယ်၊အကောင်းရယ်.."
"အကောင်းပဲထည့်ပေးလိုက်ပါ"
"ဟုတ်ကဲ့။"
ဥဿသည် နာရီကိုဂရုတစိုက် အဖုံးချွတ်နေသည့် စောနရီကိုစေ့စေ့ကြည့်သည်။
စောနရီမှာ သန်မာလှသည့်ယောက်ျားလေးဟန်မရှိ။မေးရိုးတွေက လေးထောင့်မဆန်ပဲ ပြေပြေလေးလျှောဆင်းနေသည်။
ပခုံးတွေက ထင်သလောက်မကျယ်။ ဖြတ်ခနဲကြည့်ရင်မချောဘူးထင်ရပေမဲ့။အသေးစိတ်ကြည့်လျှင် စိတ်အေးချမ်းသာစေသည်။
ဆေးလိပ်မသောက်တဲ့နှုတ်ခမ်းပါးတွေက မညိုဘဲ ဖျော့တော့သည့်အရောင်။
မျက်ခုံးပါးပါး မျက်အိမ်ကျယ်ကျယ်။
နှာခေါင်းက အလယ်နားတွင်အရိုးမပေါ်တာမို့ နှာတံဆင်းသည်ဟုပြောရမည်။
အသေးစိတ်လိုက်ကြည့်မိမှ နွေဦးမောင်ဟာသည်ကောင်လေးအပေါ် နစ်ဝင်သွားရသည့်အကြောင်းကို ကြိုးစလေး ဆွဲထုတ်မိသည်။
အထူးသဖြင့် ငြိမ်လွန်းသည့်စိတ်ထား။
"ရပါပြီ...တစ်ခါတည်းပတ်သွားမလား။"
ဓာတ်ခဲထည့်တာက ဘယ်လောက်မှမကြာ။
"ဓာတ်ခဲထည့်တာ အဲ့လောက်မြန်လား။"
"အချိန်လည်း သေချာတိုက်ပေးပြီးပါပြီ"
"ကိုယ်နဲ့ ထမင်းတူတူလိုက်စားမလား။ဒီနေ့ကိုယ်တစ်ယောက်ထဲပါပဲ"
စောနရီက ခေါင်းခါပြသည်။
"ဘာလို့ ချက်ချင်းငြင်းလိုက်တာလဲ။အားနာပါးနာလိုက်စားသင့်တယ်မလား"
"အားနာလို့လိုက်မစားတာပါ။ ကျွန်တော့်ကိုအာရုံထဲမထားပါနဲ့။"
ဥဿဦးက အသံမထွက်ဘဲလေသံနဲ့ရယ်ကာ
"အစောရယ်..ကိုယ်လည်း အာရုံထဲမထားဖို့ လုပ်ပေမဲ့ ဒီရက်ပိုင်း နယ်တွေကျွံလာလို့။"
"ကိုဥဿ။ ကျွန်တော့်ကို ဘာလို့အရေးတယူပြုနေလဲမသိပေမဲ့။ ကျွန်တော်က အဲ့လို အရေးတယူပြုရမဲ့လူမဟုတ်ပါဘူး။ ရှေ့လျှောက်။ အားနာစရာတွေ မလုပ်ပါနဲ့လား"
"နွေဦးမောင်က အဲ့လိုငြင်းခိုင်းတာလား"
"မောင်က ကျွန်တော့်ကို အဲ့လိုတိုက်တွန်းချက်တွေမပေးတတ်ပါဘူး"
ဥဿရဲ့မျက်ခုံးတွေကအသာပင့်သွားကာ
"မောင်? ကိုယ်သိခွင့်ရှိမလား၊ မင်းနဲ့နွေဦးမောင်က .."
"သူငယ်ချင်းလို ညီအစ်ကိုလိုပါပဲ။အခေါ်အဝေါ်ကြောင့် မောင့်ကိုတစ်မျိုးမထင်ပါနဲ့"
နွေဦးမောင် ဖွင့်မပြောသေးကြောင်းကိုဤစကားတစ်ခွန်းနဲ့တင်သိနိုင်သည်။ဖွင့်ပြောဖို့ရန်လည်းလွယ်သည့်ကိစ္စမဟုတ်။ ဘေးလူအနေဖြင့် သူ သည်အကြောင်းတွေကြားတုန်းက ရက်အတော်ကြာ ထိတ်လန့်မှုကို ခံစားလိုက်ရသေးသည်။
ယောက်ျားဆန်ဆန် နွေဦးမောင်က ယောက်ျားတစ်ယောက်ကိုငြိတွယ်နေသတဲ့။ငြိတွယ်နိုင်လောက်တဲ့အနေအထားဖြစ်နေလျှင်တောင် သူ့စိတ်ထဲ တစ်မျိုးတစ်ဖုံခံစားရဆဲ။အထူးသဖြင့် သူကိုယ်တိုင်ကပါ စောနရီအပေါ်ကရုဏာသက်ဝင်နေမိခြင်းပင်။
"အရင်နေ့က စားသောက်ဆိုင်မှာဖြစ်သွားတဲ့ကိစ္စကို ကိုယ်တောင်းပန်ပါတယ်။ အစောကို ဝက်သားမစားမှန်းမသိလိုက်ဘူး! ကရင်တွေကဝက်သားမစားဘူးလား"
စကားသိသိသာသာလွှဲသွားသည့်ဥဿဦးက တစ်ခါတလေနားလည်ရခက်သည်။
"မဟုတ်ပါဘူး။ကရင်တော်တော်များများက စားပါတယ်။ အမိုးက မင်းကြီးမင်းလေးကိုးကွယ်တဲ့သူမို့ပါ"
"စာမေးပွဲ ပြီးရင် ဘားအံကိုပဲပြန်မှာပေါ့"
"လှိုင်းဘွဲ့ပါ"
"ဪ !ရထားနဲ့ပြန်မှာလား"
"အဲ့ဘက်ကိုရထားမရှိဘူး"
"အိုခေ။ကိုယ် အဲ့နေ့လာကြိုမယ်။ ကားဂိတ်ကိုလိုက်ပို့ပေးမယ်။ အရေးတယူပြုနေတာမဟုတ်ဘဲ ခင်ရတဲ့လူမို့လို့မှတ်ထားလိုက်ပါ။ ဒါ ဓာတ်ခဲဖိုး။"
ရာတန်တစ်ရွက်ကို မှန်ဘောင်ပေါ်တင်ပေးလာသည့်ဥဿဦး။
"ခင်ဗျာ..ခဏ! အအမ်းယူသွားပါဦး"
"နွေဦးမောင်နဲ့တစ်ခုခုသွားစားလိုက်။ ကိုယ်ဝယ်ကျွေးတာလို့ပြောဖို့မမေ့နဲ့"
"...."
°°°
ညနေခင်းတွင် ဂျပ်ဆင်ဘုရားကျောင်းဘက်ကနေ သူတို့နှစ်ဦး စာကြည့်တိုက်ဘက်ကို တန်းတန်းမသွားဘဲ ညာဘက်ကိုချိုးကာ ချစ်သူလမ်းကြားထဲကိုဝင်ခဲ့သည်။
အကြောင်းမှာ စာကြည့်တိုက်တွင် စကားပြောဖို့ရန်အဆင်မပြေတာမို့ စောနရီက လမ်းကြောင်းပြောင်းလိုက်ခြင်းပင်။
ကျောင်းတက်သည့်တလျှောက်တွင် ချစ်သူလမ်းကြားကို သူနှင့်မအပ်စပ်သလိုသာထားခဲ့သည်။ ချစ်သူတွေမှလျှောက်ရမည်ဟုထင်ခဲ့ဖူးသောကြောင့်ပင်။ သူငယ်ချင်းတွေအုပ်စုလိုက် သွားတတ်ကြသော်ညား အတွဲတွေက သည်လမ်းကြားတွင်ချိန်းတွေ့ကြသည်။
လမ်းကြောင်းပြောင်းမိတာမှားပြီလားဟုသူတွေးမိပြန်သည်။ချစ်သူလမ်းကြားဆိုသည့် ကြည်နူးစရာနာမည်နှင့် လမ်းလေးတွင် သူတို့နှစ်ယောက်သာရှိသည့်အခြေအနေမို့ ရှိန်းတိန်းတိန်းခံစားရတာတော့အမှန်ပါပေ။
စောနရီသည် ဥဿဦး သူ့ဆီသို့ လာသွားသည့်အကြောင်းအရာကို ဖွင့်ထုတ်လိုက်မိသည်။
နွေဦးမောင်က ဥဿဦး လာသည်ဟု ပြောလာသည့်နရီ့ကြောင့် စိတ်ထဲမတင်မကျဖြစ်တာတော့အမှန်ပါပေ။ဘယ်လိုပဲဖြစ်ဖြစ် ဥဿကသူ့အပေါ်မကောင်းသည့်အမြင်ရှိတာမို့ ထိုအရာက နရီ့အပေါ်သက်ရောက်မှာကိုပဲစိုးသည်။
နွေဦးမောင် မျက်နှာမကောင်းသည်ကို မြင်သည့်စောနရီက သက်ပြင်းလေးဖွဖွချကာ
"မောင်နဲ့သူ့ကြားမှာ အဆင်မပြေတဲ့အရာရှိတာကိုသိပါတယ်။"
"အဲ့အကြောင်းကို နရီဘယ်လောက်ထိသိထားလဲ"
"မသိဘူး။ ကျွန်တော် တခြားလူပြောတာထက် မောင်ပြောတာကိုပိုသိချင်တာ။ဒါပေမဲ့ ပြောလို့အဆင်မပြေတဲ့ကိစ္စဆို မပြောပါနဲ့"
နွေဦးမောင်က ခြေလှမ်းတွေကို တုံ့ဆိုင်းလိုက်ကာ နရီနှင့်မျက်နှာချင်းဆိုင်လိုက်ပြီး တိုင်လုံးကို မသိမသာ ကျောကပ်လိုက်မိသည်။
"အမှန်တော့ မောင်သိပ်ပြောပြချင်ပါတယ်။ နရီ့စိတ်ထဲ အတွေးတွေများနေရမှာစိုးလို့။ အခုမောင်ပြောပြမဲ့အခြေအနေကို နားထောင်ကြည့်။ အကယ်၍ ဥဿက ဒီအကြောင်းအရာကိုပဲသူ့အမြင်နဲ့ပြောပြလာခဲ့ရင်လည်း နားထောင်လို့ရတယ်။ ပြီးရင် နရီဘက်က သုံးသပ်ကြည့်ပေါ့။"
မောင့်ရဲ့အတိတ်ကဇာတ်ကြောင်းကို စိတ်မဝင်စားဘူးလို့ပြောလျှင် လိမ်ရာကျမည်။ မောင့်အကြောင်းသာဆိုလျှင် တမေ့တမြောနားထောင်ဖို့လည်း အချိန်ပေးချင်သည်။
လေးနက်သည့်မောင့် နှုတ်ဖျားက ထွက်လာသည့်စကားတွေကအပိုအလိုမရှိတိတိပပ။
နားထောင်ရင်း စိတ်အစဉ်က တက်လိုက်ကျလိုက်ဖြစ်ရသည်။ မောင်နဲ့ကိုဥဿကြားတွင် နားလည်မှုလွဲနေသည့်အရာသည် အပေါ်ယံ ဖြေရှင်းရုံဖြင့်မလုံလောက်သည့်အခြေအနေ။
ထိုအရာကို ဖြေရှင်းရန် လွယ်ကူသည်ဟုထင်ရသည်။ ဖြေရှင်းပေးနိုင်မည့် ခင်လွှမ်းဆိုသည့်အမျိုးသမီးကိုသာတွေ့ခဲ့လျှင်ပေါ့။
"သူကဘယ်ကိုများသွားတာပါလိမ့်"
နရီက ခပ်ဆွေးဆွေးပြောတော့ နွေဦးမောင် ခေါင်းခါရပြန်သည်။
"မောင်လည်း သူ့ကိုထပ်တွေ့ချင်ပါတယ်"
ပြောစရာစကားတွေ၊မေးစရာမေးခွန်းတွေကို စိတ်ထဲမှာပဲ ပြောနေ၊မေးနေခဲ့တာ ဖန်တစ်ရာမကခဲ့ပါဘူး။
"ကိုဥဿကို ကျွန်တော့်ဆီမလာဖို့တော့ပြောလိုက်ပါသေးတယ်"
"ဘာလို့လဲနရီ။ မောင်နဲ့သူ့ကြားမှာ အစိုင်အခဲတစ်ခုရှိနေတယ်ဆိုပေမဲ့ အသစ်ဖြစ်လာမဲ့ နရီ့ရဲ့ဆက်ဆံရေးမှာ မောင့်ကိုအားမနာပါနဲ့"
"ဒါပေမဲ့..."
သူတွေဝေနေစဉ်မှာပဲ
နွေဦးမောင်က သူ့နှာခေါင်းထိပ်ကို ခပ်ဖွဖွတို့သည်။လှမ်းခေါ်သည့်ဟန်ပင်။
သူ(နွေဦးမောင်)က လက်ကိုချက်ချင်းပြန်ရုတ်ပြီး
"မောင်ပြောပြမယ်။
နရီ့အနားကိုရောက်လာတဲ့လူက နရီ့အတွက်ကောင်းခြင်းတွေသယ်လာပေးမယ်ဆိုရင်...
အဲ့လူက မောင့်ရန်သူဖြစ်နေရင်တောင် မောင်ကြည်ဖြူတယ်။"
"ဒါပေမဲ့!"
နွေဦးမောင်၏မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးအစား ပြတ်သားခြင်းကိုကိုယ်စားပြုသော ပုံရိပ်များထင်ဟပ်လာသည်။
"အဲ့လူက နရီ့ကိုဒုက္ခရောက်စေမဲ့လူဆိုရင်...
မောင်ချစ်ရတဲ့လူဖြစ်နေရင်တောင် ခွင့်မလွှတ်ဘူး။"
မောင့်စကားကြောင့် သူ့လက်ဖျားတွေပင်အေးစက်သွားရသည်။ဖော်ပြဖို့ရန်မတတ်နိုင်သည့်ခံစားချက်တွေက တိုးဝင်လာသည်။မေးခွန်းတစ်ခုပြန်မေးချင်သည်။ ထိုမေးခွန်းအတွက်လည်း မချင့်မရဲဖြစ်ရသည်။
မောင့်အတွက် သူဟာ ဘယ်လိုလူမျိုးလဲ။
ကိုဥဿမေးသလို မေးခွန်းတွေ၊ အတင်းအဖျင်းတွေ၊ ပုတ်ခတ်သည့်စကားတွေကြားတွင် အဖြေက သူလိုချင်သည့်အဖြေဖြစ်လျှင်တောင် မမေးဝံ့တော့ပါ။ မောင့်လိုလူ၊ မောင့်လိုလူစား အတွက်
သူဟာဘာဖြစ်နိုင်မှာမို့လဲ။
ပေးသလောက် မေတ္တာကိုတော့ ယူချင်ပါသည်။
ဝေးသွားကြတဲ့အခါ အလွမ်းဖြေဖို့ရန်အတွက်...
ခွဲရဖို့ရန်လက်ချိုးရေလျှင် ရှစ်လမျှသာလိုတော့သည်။သူလည်း ဒုတိယနှစ်ဝက်တက်ပြီးလျှင် ကျောင်းပြီးတော့မည်လေ။
တစ်နေ့ကျလျှင် မောင်ဟာ ကျက်သရေရှိတဲ့အမျိုးသမီးနှင့်လက်ထပ်လိမ့်မည်။
အဲ့သည့်အခါ သူတို့နှစ်ယောက်သာ အလှမ်းဝေးသွားလျှင် ဖိတ်စာရောက်မလာနိုင်ဘူးမလား။
သူ့လိုလူအတွက်နဲ့တော့ မောင့်ခံစားချက်တွေက
ကရုဏာသက်ရုံမျှသာဖြစ်ပါလိမ့်မည်။
အဲ့သည်လိုပဲဖြစ်စေချင်ပါသည်။
3.7.2021
°°°°°°
တိုသွားရင်လည်း စိတ်မရှိနဲ့။
စာတွေပြန်ချင်ပေမဲ့ တကယ်မအားလို့ပါ💜
ဝင်ဖတ်ဖြစ်တာမို့ ဖတ်ရင်းသဘောကျရပါတယ်💜
ချစ်သူ့လမ်းကြား
°°°°
Zawgyi
(Endless Love 艾辰_-_错位时空_『我吹过你吹过的晚风那我们算不算相拥』【完整版_】
ဒီသီခ်င္းနဲ႔လိုက္မယ္ထင္လို႔💜 media မွာထၫ့္ေပးထားတယ္)
"က်ဆိမ့္ တူး! ခ်ိဳစိမ့္ ဝမ္း!"
လက္ဖက္ရည္ဆိုင္တြင္ စားပဲြထိုးေလးရဲ့ အမွာသံကစူးခနဲထြက္ေနသည္။
လူပံုစံက ဂင္တိုတိုႏွင့္ ပုဆိုးကို တိုတိုဝတ္ထားေသာ ကိုသက္က လက္ဖက္ရည္ပါဆယ္ဘူးကိုဆဲြလာကာ ဆိုင္တံခါးအျပင္နားတြင္ရပ္ေစာင့္ေနေသာ ေစာနရီအား လွမ္းေပးသည္။
"ေရာ့ အစ္ကိုေလး"
ကိုသက္ဆိုတာက သူ႔နာမည္အရင္းပင္။တမင္တကာ ကို တပ္ေခၚျခင္းမဟုတ္။ အသက္က ဆယ့္ရွစ္ပင္မျပၫ့္ေသး။ေစာနရီကိုဆိုလ်ွင္အစ္ကိုေလးဟုသာေခၚသည္။
ေစာနရီကို တစ္ေစ်းလံုးက မ်က္မွန္းတန္းမိသၫ့္အျပင္ တစ္ခုခုခိုင္းလ်ွင္ ေခၚခိုင္းတတ္ၾကသည္။ ေစာနရီကလည္း ဘာခိုင္းခိုင္း မညည်းမၫူ သြားလာေပးတာေၾကာင့္ တစ္ေစ်းလံုးက ခ်စ္ၾကသည္။အခုလည္းအေဖ်ာ္ဆရာက ဝယ္သၫ့္လက္ဖက္ရည္အျပင္ အဆာေျပမုန႔္ပါထၫ့္ေပးေသးသည္။
"အစ္ကိုမွာတာ လက္ဖက္ရည္ပဲေလ ကိုသက္"
"ဆရာကိုယ္တိုင္ထၫ့္ေပးလိုက္တာယူသြားယူသြား...စာေမးပဲြနီးၿပီမလား ေစ်းမလာနဲ႔ေတာ့ေလ။ ကိုကုလားႀကီးကလည္း သူလာဝယ္လို႔ရသားနဲ႔ "
"အပန္းမႀကီးပါဘူး။ ကိုကုလားႀကီးက မလာဖို႔ေျပာပါတယ္။ အစ္ကိုက စာလည္းအမ်ားႀကီးမက်န္လို႔"
"စာေမးပဲြၿပီးရင္ တန္းျပန္မွာလား"
"အင္း ျပန္ျဖစ္မယ္"
"ျပန္လာရင္မုန႔္ယူလာဦးေနာ္ ဟဲဟဲ"
"ကိုသက္..ဒီမွာခြက္လာခ်ေတာ့ေလ!ေလေပါမေနနဲ႔"
အထဲက ဆိုင္ရွင္က လွမ္းေအာ္မွ ကိုသက္က ရဲြ႔ေစာင္းဟန္ျဖင့္ ပူညံပူညံလုပ္ေနတာဟု ခပ္တိုးတိုးရြတ္ကာ အထဲကို သုတ္သီးသုတ္ပ်ာဝင္သြားေလသည္။
ေစာနရီလည္းဆိုင္ဘက္ကိုျပန္ထြက္လာသည္။
ကိုကုလားႀကီးက ဒီလိုအခ်ိန္ဆိုလ်ွင္ ကိုယ့္ဆိုင္ကိုယ္မထိုင္ဘဲ ႏွစ္ဆိုင္ေက်ာ္က ကိုဖိုးတုတ္ ကြမ္းယာဆိုင္ေရ႔ွတြင္ ခ်က္စ္ထိုးေနကျမို႔ ေစာနရီလည္း ထိုဆိုင္တြင္သာ လက္ဖက္ရည္ဝင္ေပးလိုက္သည္။
"ေအးေစာနရီ.. ဆိုင္မွာ မင္းဧၫ့္သည္ေရာက္ေနတယ္"
"ဗ်ာ! ကၽြန္ေတာ့္ဧၫ့္သည္။"
"ေအး..မင္းနဲ႔ေတြ့ခ်င္တာတဲ့"
သူ႔စိတ္ထဲတြင္ ဧၫ့္သည္ဟုေတြးလိုက္တာႏွင့္ပထမဆံုးေတြးမိသူက ေမာင္ပင္။
ေမာင္မ်ား လာေတြ့သလား။သို႔ေပမဲ့လည္း မနက္ကပင္ ဟင္းထုပ္တူတူစားၿပီး ဆိုင္ကိုထြက္လာတာမို႔ တကူးတကလာေတြ့ဖို႔ ဘာအေၾကာင္းမ်ားရိွပါလိမ့္။
ကိုကုလားႀကီးရဲ့လ်ွပ္စစ္ပစၥည္းဆိုင္က ခပ္က်ဉ္းက်ဉ္းပါပဲ။ ဆိုင္ဝင္ေပါက္ နာရီမ်ားထၫ့္ထားသၫ့္မွန္ေဘာင္နားတြင္ ဧၫ့္သည္လာလ်ွင္ထိုင္ဖို႔ ခံုတန္းေလးရိွသည္။
ထိုခံုတန္းေလးတြင္ေက်ာေပးထိုင္ေနသူက သူ(ေစာနရီ)ေမ်ွာ္လင့္ထားသလို ေနြဦးေမာင္ေတာ့မဟုတ္ခဲ့။
"ဘာမ်ားအလိုရိွလို႔လဲဗ်"
အနက္ေရာင္စပို႔ရွပ္ကို စတိုင္ပန္အနက္ျဖင့္တဲြဝတ္ထားသၫ့္ လူက တည္တင္းသၫ့္မ်က္ႏွာထားမ်ိဳးရိွသည္။ ငယ္ရြယ္ပ်ိဳျမစ္မႈေတြကို ဆံပင္ေကျဖင့္ ေျပာင္းလဲထားသလို၊ တင္းတင္းေစ့ထားသၫ့္ႏႈတ္ခမ္းမ်ားျဖင့္လည္း ကာစီးထားသည္။
ထိုႏႈတ္ခမ္းမ်ားက သူ႔ကိုျမင္ေတာ့ ခပ္ယဲ့ယဲ့ႃပံုး၏။
"နာရီလာျပင္တာပါ..စက္မသြားေတာ့လို႔"
ဥႆေျပာသၫ့္အေၾကာင္းအရာသည္ လံုေလာက္သၫ့္ဆင္ေျခတစ္ခုမဟုတ္ေပမဲ့လည္း သည္ဆင္ေျခကအနည္းႏွင့္အမ်ားေတာ့သင့္ေတာ္သည္ဟုယူဆ၍ပင္။
ေစာနရီကနာရီကိုယူၿပီး စစ္ေပးသည္။
"ပ်က္တာမဟုတ္ပါဘူး။ဓာတ္ခဲကုန္သြားတာ"
"ဒါဆို ဓာတ္ခဲထၫ့္ေပးလိုက္ပါ"
"ဓာတ္ခဲကႏွစ္မ်ိဳးရိွတယ္၊အေကာင္းရယ္.."
"အေကာင္းပဲထၫ့္ေပးလိုက္ပါ"
"ဟုတ္ကဲ့။"
ဥႆသည္ နာရီကိုဂရုတစိုက္ အဖံုးခၽြတ္ေနသၫ့္ ေစာနရီကိုေစ့ေစ့ၾကၫ့္သည္။
ေစာနရီမွာ သန္မာလွသၫ့္ေယာက္်ားေလးဟန္မရိွ။ေမးရိုးေတြက ေလးေထာင့္မဆန္ပဲ ေျပျပေလးေလ်ွာဆင္းေနသည္။
ပခံုးေတြက ထင္သေလာက္မက်ယ္။ ျဖတ္ခနဲၾကၫ့္ရင္မေခ်ာဘူးထင္ရေပမဲ့။အေသးစိတ္ၾကၫ့္လ်ွင္ စိတ္ေအးခ်မ္းသာေစသည္။
ေဆးလိပ္မေသာက္တဲ့ႏႈတ္ခမ္းပါးေတြက မညိုဘဲ ေဖ်ာ့ေတာ့သၫ့္အေရာင္။
မ်က္ခံုးပါးပါး မ်က္အိမ္က်ယ္က်ယ္။
ႏွာေခါင္းက အလယ္နားတြင္အရိုးမေပၚတာမို႔ ႏွာတံဆင္းသည္ဟုေျပာရမည္။
အေသးစိတ္လိုက္ၾကၫ့္မိမွ ေနြဦးေမာင္ဟာသည္ေကာင္ေလးအေပၚ နစ္ဝင္သြားရသၫ့္အေၾကာင္းကို ႀကိဳးစေလး ဆဲြထုတ္မိသည္။
အထူးသျဖင့္ ၿငိမ္လြန္းသၫ့္စိတ္ထား။
"ရပါၿပီ...တစ္ခါတည္းပတ္သြားမလား။"
ဓာတ္ခဲထၫ့္တာက ဘယ္ေလာက္မွမၾကာ။
"ဓာတ္ခဲထၫ့္တာ အဲ့ေလာက္ျမန္လား။"
"အခ်ိန္လည္း ေသခ်ာတိုက္ေပးၿပီးပါၿပီ"
"ကိုယ္နဲ႔ ထမင္းတူတူလိုက္စားမလား။ဒီေန့ကိုယ္တစ္ေယာက္ထဲပါပဲ"
ေစာနရီက ေခါင္းခါျပသည္။
"ဘာလို႔ ခ်က္ခ်င္းျငင္းလိုက္တာလဲ။အားနာပါးနာလိုက္စားသင့္တယ္မလား"
"အားနာလို႔လိုက္မစားတာပါ။ ကၽြန္ေတာ့္ကိုအာရံုထဲမထားပါနဲ႔။"
ဥႆဦးက အသံမထြက္ဘဲေလသံနဲ႔ရယ္ကာ
"အေစာရယ္..ကိုယ္လည္း အာရံုထဲမထားဖို႔ လုပ္ေပမဲ့ ဒီရက္ပိုင္း နယ္ေတြကၽြံလာလို႔။"
"ကိုဥႆ။ ကၽြန္ေတာ့္ကို ဘာလို႔အေရးတယူျပဳေနလဲမသိေပမဲ့။ ကၽြန္ေတာ္က အဲ့လို အေရးတယူျပဳရမဲ့လူမဟုတ္ပါဘူး။ ေရ႔ွေလ်ွာက္။ အားနာစရာေတြ မလုပ္ပါနဲ႔လား"
"ေနြဦးေမာင္က အဲ့လိုျငင္းခိုင္းတာလား"
"ေမာင္က ကၽြန္ေတာ့္ကို အဲ့လိုတိုက္တြန္းခ်က္ေတြမေပးတတ္ပါဘူး"
ဥႆရဲ့မ်က္ခံုးေတြကအသာပင့္သြားကာ
"ေမာင္? ကိုယ္သိခြင့္ရိွမလား၊ မင္းနဲ႔ႏြေဦးေမာင္က .."
"သူငယ္ခ်င္းလို ညီအစ္ကိုလိုပါပဲ။အေခၚအေဝၚေၾကာင့္ ေမာင့္ကိုတစ္မ်ိဳးမထင္ပါနဲ႔"
ေနြဦးေမာင္ ဖြင့္မေျပာေသးေၾကာင္းကိုဤစကားတစ္ခြန္းနဲ႔တင္သိႏိုင္သည္။ဖြင့္ေျပာဖို႔ရန္လည္းလြယ္သၫ့္ကိစၥမဟုတ္။ ေဘးလူအေနျဖင့္ သူ သည္အေၾကာင္းေတြၾကားတုန္းက ရက္အေတာ္ၾကာ ထိတ္လန႔္မႈကို ခံစားလိုက္ရေသးသည္။
ေယာက္်ားဆန္ဆန္ ေနြဦးေမာင္က ေယာက္်ားတစ္ေယာက္ကိုၿငိတြယ္ေနသတဲ့။ၿငိတြယ္ႏိုင္ေလာက္တဲ့အေနအထားျဖစ္ေနလ်ွင္ေတာင္ သူ႔စိတ္ထဲ တစ္မ်ိဳးတစ္ဖံုခံစားရဆဲ။အထူးသျဖင့္ သူကိုယ္တိုင္ကပါ ေစာနရီအေပၚကရုဏာသက္ဝင္ေနမိျခင္းပင္။
"အရင္ေန့က စားေသာက္ဆိုင္မွာျဖစ္သြားတဲ့ကိစၥကို ကိုယ္ေတာင္းပန္ပါတယ္။ အေစာကို ဝက္သားမစားမွန္းမသိလိုက္ဘူး! ကရင္ေတြကဝက္သားမစားဘူးလား"
စကားသိသိသာသာလႊဲသြားသၫ့္ဥႆဦးက တစ္ခါတေလနားလည္ရခက္သည္။
"မဟုတ္ပါဘူး။ကရင္ေတာ္ေတာ္မ်ားမ်ားက စားပါတယ္။ အမိုးက မင္းႀကီးမင္းေလးကိုးကြယ္တဲ့သူမို႔ပါ"
"စာေမးပဲြ ၿပီးရင္ ဘားအံကိုပဲျပန္မွာေပါ့"
"လိႈင္းဘဲြ႔ပါ"
"ဪ !ရထားနဲ႔ျပန္မွာလား"
"အဲ့ဘက္ကိုရထားမရိွဘူး"
"အိုေခ။ကိုယ္ အဲ့ေန့လာႀကိဳမယ္။ ကားဂိတ္ကိုလိုက္ပို႔ေပးမယ္။ အေရးတယူျပဳေနတာမဟုတ္ဘဲ ခင္ရတဲ့လူမို႔လို႔မွတ္ထားလိုက္ပါ။ ဒါ ဓာတ္ခဲဖိုး။"
ရာတန္တစ္ရြက္ကို မွန္ေဘာင္ေပၚတင္ေပးလာသၫ့္ဥႆဦး။
"ခင္ဗ်ာ..ခဏ! အအမ္းယူသြားပါဦး"
"ေနြဦးေမာင္နဲ႔တစ္ခုခုသြားစားလိုက္။ ကိုယ္ဝယ္ကၽြေးတာလို႔ေျပာဖို႔မေမ့နဲ႔"
"...."
°°°
ညေနခင္းတြင္ ဂ်ပ္ဆင္ဘုရားေက်ာင္းဘက္ကေန သူတို႔ႏွစ္ဦး စာၾကၫ့္တိုက္ဘက္ကို တန္းတန္းမသြားဘဲ ညာဘက္ကိုခ်ိဳးကာ ခ်စ္သူလမ္းၾကားထဲကိုဝင္ခဲ့သည္။
အေၾကာင္းမွာ စာၾကၫ့္တိုက္တြင္ စကားေျပာဖို႔ရန္အဆင္မေျပတာမို႔ ေစာနရီက လမ္းေၾကာင္းေျပာင္းလိုက္ျခင္းပင္။
ေက်ာင္းတက္သၫ့္တေလ်ွာက္တြင္ ခ်စ္သူလမ္းၾကားကို သူႏွင့္မအပ္စပ္သလိုသာထားခဲ့သည္။ ခ်စ္သူေတြမွေလ်ွာက္ရမည္ဟုထင္ခဲ့ဖူးေသာေၾကာင့္ပင္။ သူငယ္ခ်င္းေတြအုပ္စုလိုက္ သြားတတ္ၾကေသာ္ညား အတဲြေတြက သည္လမ္းၾကားတြင္ခ်ိန္းေတြ့ၾကသည္။
လမ္းေၾကာင္းေျပာင္းမိတာမွားၿပီလားဟုသူေတြးမိျပန္သည္။ခ်စ္သူလမ္းၾကားဆိုသၫ့္ ၾကည္ႏူးစရာနာမည္ႏွင့္ လမ္းေလးတြင္ သူတို႔ႏွစ္ေယာက္သာရိွသၫ့္အေျခအေနမို႔ ရိွန္းတိန္းတိန္းခံစားရတာေတာ့အမွန္ပါေပ။
ေစာနရီသည္ ဥႆဦး သူ႔ဆီသို႔ လာသြားသၫ့္အေၾကာင္းအရာကို ဖြင့္ထုတ္လိုက္မိသည္။
ေနြဦးေမာင္က ဥႆဦး လာသည္ဟု ေျပာလာသၫ့္နရီ့ေၾကာင့္ စိတ္ထဲမတင္မက်ျဖစ္တာေတာ့အမွန္ပါေပ။ဘယ္လိုပဲျဖစ္ျဖစ္ ဥႆကသူ႔အေပၚမေကာင္းသၫ့္အျမင္ရိွတာမို႔ ထိုအရာက နရီ့အေပၚသက္ေရာက္မွာကိုပဲစိုးသည္။
ေနြဦးေမာင္ မ်က္ႏွာမေကာင္းသည္ကို ျမင္သၫ့္ေစာနရီက သက္ျပင္းေလးဖြဖြခ်ကာ
"ေမာင္နဲ႔သူ႔ၾကားမွာ အဆင္မေျပတဲ့အရာရိွတာကိုသိပါတယ္။"
"အဲ့အေၾကာင္းကို နရီဘယ္ေလာက္ထိသိထားလဲ"
"မသိဘူး။ ကၽြန္ေတာ္ တျခားလူေျပာတာထက္ ေမာင္ေျပာတာကိုပိုသိခ်င္တာ။ဒါေပမဲ့ ေျပာလို႔အဆင္မေျပတဲ့ကိစၥဆို မေျပာပါနဲ႔"
ေနြဦးေမာင္က ေျခလွမ္းေတြကို တံု႔ဆိုင္းလိုက္ကာ နရီႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး တိုင္လံုးကို မသိမသာ ေက်ာကပ္လိုက္မိသည္။
"အမွန္ေတာ့ ေမာင္သိပ္ေျပာျပခ်င္ပါတယ္။ နရီ့စိတ္ထဲ အေတြးေတြမ်ားေနရမွာစိုးလို႔။ အခုေမာင္ေျပာျပမဲ့အေျခအေနကို နားေထာင္ၾကၫ့္။ အကယ္၍ ဥႆက ဒီအေၾကာင္းအရာကိုပဲသူ႔အျမင္နဲ႔ေျပာျပလာခဲ့ရင္လည္း နားေထာင္လို႔ရတယ္။ ၿပီးရင္ နရီဘက္က သံုးသပ္ၾကၫ့္ေပါ့။"
ေမာင့္ရဲ့အတိတ္ကဇာတ္ေၾကာင္းကို စိတ္မဝင္စားဘူးလို႔ေျပာလ်ွင္ လိမ္ရာက်မည္။ ေမာင့္အေၾကာင္းသာဆိုလ်ွင္ တေမ့တေျမာနားေထာင္ဖို႔လည္း အခ်ိန္ေပးခ်င္သည္။
ေလးနက္သၫ့္ေမာင့္ ႏႈတ္ဖ်ားက ထြက္လာသၫ့္စကားေတြကအပိုအလိုမရိွတိတိပပ။
နားေထာင္ရင္း စိတ္အစဉ္က တက္လိုက္က်လိုက္ျဖစ္ရသည္။ ေမာင္နဲ႔ကိုဥႆၾကားတြင္ နားလည္မႈလဲြေနသၫ့္အရာသည္ အေပၚယံ ေျဖရွင္းရံုျဖင့္မလံုေလာက္သၫ့္အေျခအေန။
ထိုအရာကို ေျဖရွင္းရန္ လြယ္ကူသည္ဟုထင္ရသည္။ ေျဖရွင္းေပးႏိုင္မၫ့္ ခင္လႊမ္းဆိုသၫ့္အမ်ိဳးသမီးကိုသာေတြ့ခဲ့လ်ွင္ေပါ့။
"သူကဘယ္ကိုမ်ားသြားတာပါလိမ့္"
နရီက ခပ္ေဆြးေဆြးေျပာေတာ့ ေနြဦးေမာင္ ေခါင္းခါရျပန္သည္။
"ေမာင္လည္း သူ႔ကိုထပ်ေတြ့ခ်င္ပါတယ္"
ေျပာစရာစကားေတြ၊ေမးစရာေမးခြန္းေတြကို စိတ္ထဲမွာပဲ ေျပာေန၊ေမးေနခဲ့တာ ဖန္တစ္ရာမကခဲ့ပါဘူး။
"ကိုဥႆကို ကၽြန္ေတာ့္ဆီမလာဖို႔ေတာ့ေျပာလိုက္ပါေသးတယ္"
"ဘာလို႔လဲနရီ။ ေမာင္နဲ႔သူ႔ၾကားမွာ အစိုင္အခဲတစ္ခုရိွေနတယ္ဆိုေပမဲ့ အသစ္ျဖစ္လာမဲ့ နရီ့ရဲ့ဆက္ဆံေရးမွာ ေမာင့္ကိုအားမနာပါနဲ႔"
"ဒါေပမဲ့..."
သူေတြေဝေနစဉ္မွာပဲ
ေနြဦးေမာင္က သူ႔ႏွာေခါင္းထိပ္ကို ခပ္ဖြဖြတို႔သည္။လွမ္းေခၚသၫ့္ဟန္ပင္။
သူ(ေနြဦးေမာင္)က လက္ကိုခ်က္ခ်င္းျပန္ရုတ္ၿပီး
"ေမာင္ေျပာျပမယ္။
နရီ့အနားကိုေရာက္လာတဲ့လူက နရီ့အတြက္ေကာင္းျခင္းေတြသယ္လာေပးမယ္ဆိုရင္...
အဲ့လူက ေမာင့္ရန္သူျဖစ္ေနရင္ေတာင္ ေမာင္ၾကည္ျဖဴတယ္။"
"ဒါေပမဲ့!"
ေနြဦးေမာင္၏မ်က္ႏွာတြင္ ခပ္ေဖ်ာ့ေဖ်ာ့အႃပံုးအစား ျပတ္သားျခင္းကိုကိုယ္စားျပဳေသာ ပံုရိပ္မ်ားထင္ဟပ္လာသည္။
"အဲ့လူက နရီ့ကိုဒုကၡေရာက္ေစမဲ့လူဆိုရင္...
ေမာင္ခ်စ္ရတဲ့လူျဖစ္ေနရင္ေတာင္ ခြင့္မလႊတ္ဘူး။"
ေမာင့္စကားေၾကာင့္ သူ႔လက္ဖ်ားေတြပင္ေအးစက္သြားရသည္။ေဖာ္ျပဖို႔ရန္မတတ္ႏိုင္သၫ့္ခံစားခ်က္ေတြက တိုးဝင္လာသည္။ေမးခြန္းတစ္ခုျပန္ေမးခ်င္သည္။ ထိုေမးခြန္းအတြက္လည္း မခ်င့္မရဲျဖစ္ရသည္။
ေမာင့္အတြက္ သူဟာ ဘယ္လိုလူမ်ိဳးလဲ။
ကိုဥႆေမးသလို ေမးခြန္းေတြ၊ အတင္းအဖ်င္းေတြ၊ ပုတ္ခတ္သည့္စကားေတြၾကားတြင္ အေျဖက သူလိုခ်င္သၫ့္အေျဖျဖစ္လ်ွင္ေတာင္ မေမးဝံ့ေတာ့ပါ။ ေမာင့္လိုလူ၊ ေမာင့္လိုလူစား အတြက္
သူဟာဘာျဖစ္ႏိုင္မွာမို႔လဲ။
ေပးသေလာက္ ေမတၲာကိုေတာ့ ယူခ်င္ပါသည္။
ေဝးသြားၾကတဲ့အခါ အလြမ္းေျဖဖို႔ရန္အတြက္...
ခဲြရဖို႔ရန္လက္ခ်ိဳးေရလ်ွင္ ရွစ္လမ်ွသာလိုေတာ့သည္။သူလည္း ဒုတိယႏွစ္ဝက္တက္ၿပီးလ်ွင္ ေက်ာင္းၿပီးေတာ့မည္ေလ။
တစ္ေန့က်လ်ွင္ ေမာင္ဟာ က်က္သေရရိွတဲ့အမ်ိဳးသမီးႏွင့္လက္ထပ္လိမ့္မည္။
အဲ့သၫ့္အခါ သူတို႔ႏွစ္ေယာက္သာ အလွမ္းေဝးသြားလ်ွင္ ဖိတ္စာေရာက္မလာႏိုင္ဘူးမလား။
သူ႔လိုလူအတြက္နဲ႔ေတာ့ ေမာင့္ခံစားခ်က္ေတြက
ကရုဏာသက္ရံုမ်ွသာျဖစ္ပါလိမ့္မည္။
အဲ့သည္လိုပဲျဖစ္ေစခ်င္ပါသည္။
3.7.2021
°°°°°°
တိုသြားရင္လည္း စိတ္မရိွနဲ႔။
စာေတျြပန္ခ်င္ေပမဲ့ တကယ္မအားလို႔ပါ💜
ဝင္ဖတ္ျဖစ္တာမို႔ ဖတ္ရင္းသေဘာက်ရပါတယ္💜
ခ်စ္သူ႔လမ္းၾကား