ဉာဏ်များလွန်းသော ခင်ပွန်းသည်
By Shi_Sheng
488K 53.6K 1.2K
ဖေ့ကျင်းသည်​ ဝမ်းတွင်းမည်းမင်းသားတစ်​ပါး...အပြင်​လူ​တွေအမြင်​မှာတော့ သူက တည်​ငြိမ်​​အေး​ဆေးပြီး ကြင်​နာ... More
အခနျး (၁)
အခန်း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန်း (၁၂)/ခ
အခန်း (၁၃)/က
အခန်း (၁၃)/ခ
အခန်း (၁၄)
အခန်း (၁၅)/က
အခန်း (၁၅)/ခ
အခန်း (၁၅)/ဂ
အခန်း (၁၆)/က
အခနျး (၁၆ ) / ခ
အခန်း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း
အခန်း (၂၀) / (က)
4.1K 541 3
By Shi_Sheng
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၂၀) / (က)
TRANSLATOR - JINNIE GRACE
--------------------
နန်းစောင့်တပ်များက လုပ်ကြံသူများကိုဖမ်းမိသွားကြသည်။
သို့သော် လုပိကြံသူများက အဆိပ်ကိုလျှာအောက်တွင်ဖွက်လာခဲ့ကြသဖြင့် ဖမ်းသိသည်နှင့် မြိုချလိုက်ကြသည်မို့ သွေးပွက်ပွက်အန်ကာ သေဆုံးသွားခဲ့ကြတော့၏။
ဘုရင်မင်းမြတ်က နန်းစောင့်တပ်ကို လုပ်ကြံသည့်ကိစ္စအား စုံစမ်းရန်အမိန့်ပေးပြီးနောက် တော်၀င်သမားတော်များအား သူ့အခန်းသို့လာစု​ေ၀းကြရန် အမိန့်ပေးလိုက်သည်။ အကြောင်းမှာမူကား ဖေ့ကျန်းတစ်ယောက် ဒဏ်ရာရသွားသောကြောင့်ပင်။
စားသောက်ပွဲအတွင်း ဖေ့ကျန်းသည် ဘုရင်းမင်းမြတ်နားတွင်မထိုင်သော်ငြား လုပ်ကြံသူများရောက်လာသည်ကိုကြားသည်နှင့် ဘုရင်မင်းမြတ်ကိုကာကွယ်ရန် ရောက်သွားခဲ့သည်။ သို့သော် သူဘုရင်မင်းမြတ်ကိုကာကွယ်နေတုန်းမှာပင် လုပ်ကြံသူတစ်ဦး၏ဓားက သူ့ခန္ဓာကိုယ်အား ထိုးမိခဲ့ခြင်းဖြစ်လေသည်။
ဘုရင်းမင်းမြတ်၏ အခန်းထဲတွင်တော့ မေ့မြောနေသောဖေ့ကျင်းအနား၀ိုင်း၀ိုင်းလည်နေသည့် တော်၀င် သမားတော်များရှိလေသည်။
"အကယ်၍ သတ္တမမင်းသားသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းတို့ကိုပါ သူနဲ့အတူတူမြေမြှုပ်ပစ်မယ်"
ဘုရင်က ဒေါသတကြီးခြိမ်းခြောက်တော့သည်။
မုမိဖုရားကတော့ မေ့​မြောနေသော သူမသားကိုကြည့်ရင်း ငို၍သာနေတော့သည်။
မိဖုရားခေါင်မှာမူကား ဖေ့ကျန်းကို စိတ်ပူဟန်ဆောင်နေ၏။ စိတ်ထဲတွင်တော့ ဓားနှင့်ထိုးကတည်းက သေမသွားရကောင်းလားဟု ကျိန်ဆဲနေတော့လေသည်။ ထို့အတူဖေ့ကျန်းသတိပြန်ရလာပြီး ဘုရင်မင်းမြတ်နှင့်ဆက်ဆံရေးအရမ်းကောင်းသွားကာ အိမ်ရှေ့မင်းသားနေရာကို ဖေ့လန်အစား ဖေ့ကျန်းကို အစားထိုးလိုက်မှာမျိုးလည်းကြောက်ရွံ့နေ၏။
ဖေ့လန်ကတော့ သူ့မိခင်ဘေးတွင်ထိုင်ရင်း အခြေအနေကို နက်နက်နဲနဲတွေးတောနေသည်။
လမိဖုရားမှာတော့ အိပ်ပျော်နေရှာသည့် ဖေ့ကျန်းကိုသူမ ရင်ခွင်ထဲပွေ့ထား၏။ ဘုရင်၏အသံကျယ်ကြီးကြောင့် ဖေ့ကျန်းတစ်ယောက် ယောင်ပြီးနိုးလာသေးသည်။ သူ့မိခင်၏ ရင်ခွင်ထဲမှနေ၍ အပြင်ကိုကြည့်လိုက်ရင်း မည်သူမျှ သူ့အားအန္တရာယ်မပြုကြောင်း​ြိုအတည်ပြုပြီးနောက် မိခင်၏ရင်ခွင်ထဲမှာပင် ပြန်၍အိပ်ပျော်သွားတော့သည်။
ဖေ့ကျင်းမှာမူကား လူတိုင်း၏ မျက်နှာကိုသေချာကြည့်ရှုနေသည်။ ဖေ့ခန်းယောင်၍နိုးလာပြီး လမိဖုရားလက်ပေါ်တွင်ပြန်အိပ်ပျော်သွားသည်ကိုလည်းသူမြင်၏။ ထို့နောက် သူ့ဘေးတွင် ပင်ပန်းနေသောရန်ရှိီးနဥ်ကိုမြင်တော့ ဖေ့ကျန်းကို အတင်းသာသွားနှိုးချင်စိတ်ပေါက်သွားတော့သည်။ ထိုမှသာ သူနှင့်ရန်ရှီးနဥ်နှစ်ယောက်လုံး အိမ်တော်သို့ပြန်ပြီး ရေချိုးကာ အိပ်လို့ရမည်မဟုတ်ပါလား။
တကယ်တော့ ဖေ့ကျန်း၏ အသက်ကို သူစိတ်မ၀င်စား။ စိတ်လည်းမပူပေ။ အကယိ၍ ဖေ့ကျန်းအလွယ်တကူသေသွားခဲ့လျှင်တောင် ဖေ့ကျန်းနေရာသူမရမှန်း သိထားသည်။ ထို့အတူ နန်းတော်ထဲ၀င်လာသော လုပ်ကြံသူများကလည်း အံ့သြစရာကောင်းလှ၏။
လုပ်ကြံသူများက နန်းတော်ပတ်၀န်းကျင်ကိုရင်းနှီးနေပြီး တော်၀င်မိသားစုများစုံချိန်၊ အကာအကွယ်တင်းကြပ်မထားသည့် ညအချိန်တွင် ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ကြံသူများကိုငှားရမ်းသည့်သူက ပတ်၀န်းကျင်အနေအထားကိုကောင်းကောင်းသိနေပြီး  တိုက်ခိုက်ရန်အချိန်ကောင်းကိုလည်း သိနေခြင်းပင်။ သူအရိုက်ခံ၍ သေရမည်ဆိုလျှင်တောင်  ဤအခန်းအတွင်းရှိလူအားလုံး မဖြူစင်ကြောင်း အတပ်ပြောနိုင်ပေသည်။
ဖေ့ကျင်း၏ အကြည့်က ဘုရင်မင်းမြတ်၊ မိဖုရားခေါင်ကြီး၊ မိဘုရားများနှင့် တော်၀င်သမားတော်များထံသို့ရောက်ရှိနေသည်။ သို့သော် မည်သို့သောမူမမှန်မှုကိုမှ မတွေ့ရ။
"သတ္တမမင်းသားကို ဘိုးဘေးတွေ ကယ်လိုက်တာပါပဲ။"
တော်၀င်သမားတော်ခေါင်းဆောင်က ဆိုလာ၏။
"သူ့ခန္ဓာကိုယ်က ရက်အနည်းငယ်လောက်အနားယူလိုက်ရင် ကောင်းသွားမှာပါ။
ဘုရင်မင်းမြတ်နှင့် မုမိဖုရားက သက်ပြင်းချနိုင်ကြသော်လည်း မိဖုရားခေါင်ကတော့ အေးစက်စက်သာ ပြုံးလိုက်သည်။
"ရှောင်ကျန်းကထိခိုက်ထားတယ်ဆိုတော့ သူနာလန်ထူတဲ့အထိ ဒီမှာပဲနေပါစေ။"
ဘုရင်မင်းမြတ်က ဆိုလိုက်၏။
သူ့စကားကြောင့် အခန်းထဲရှိလူများအံ့အားသင့်သွားကြတော့သည်။ အိမ်ရှေ့မင်းသားမဟုတ်သည့် မင်းသားတစ်ပါးကို နန်းတော်ထဲနေစေခြင်းသည် ထူးခြားသည့်အဓိပ္ပါယ်ရှိသည်ဟု ဆိုနိုင်၏။
ဘုရင်မင်းမြတ်လည်း အခန်းတွင်းကိုမျက်လုံးကစားလိုက်သည်။ နောက်ဆုံးရန်ရှီနဥ်ကိုမြင်တော့မှ ခေါင်းကိုငြိမ့်ပြလိုက်ရင်း
"နောက်ကျနေပြီ။ အားလုံးနားကြတော့"
လပြည့်ည၏ အရိပ်အောက်တွင် ဖေ့ကျင်းသည် ရန်ရှီနဥ္ကိုပွေ့ဖက်ရင်း လှည်းထဲတွင်လိုက်ပါလာခဲ့သည်။ သူအနားတွင်ရှိလျှင် လုံခြုံသည်ဟုခံစားရသည်မို့ သူမ မရုန်းမိ။ အတိုက်ခိုက်ခံရပြီးနောက် သူပြောလိုက်သည့်စကားကသာ သူမနှလုံးသားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
"မကြောက်နဲ့...ကိုယ်ဒီမှာရှိတယ်"
ဖေ့ကျင်းသူမဘေးမှာရှိသရွေ့ ရန်ရှီနဥ္ဘာကိုမှမကြောက်ပေ။ ခြောက်နှစ်အရွယ် အနိုင်ကျင့်ခံရတုန်းကရော၊ ဆယ့်နှစ်နှစ်အရွယ်တွင် ခွေးလိုက်ဆွဲခံရတုန်းကရော၊ အသက်ဆယ့်ရှစ်နှစ်အရွယ်တွက် တိုက်ခိုက်ခံရတုန်းကရော....သူမအနားတွင် သူရှိနေသရွေ့....သူမကို သူ့တစ်ဘ၀လုံးနှင့်ရင်းပြီးကာကွယ်ပေးနေမည်သာ ဖြစ်၏။
ရန်ရှီနဥ္၏ မျက်လုံးများ​ေ၀၀ါးလာသည်။ သူမကို အနိုင်ကျင့်နေကျ ဒီလူရမ်းကားတစ်ယောက်တည်းကပဲ သူမကိုအမှန်တကယ်ဂရုစိုက်ပြီး သူမအပေါ်ကောင်းပေးသူမှန်း သေချာသိထားသည်။
"မင်း ဘာလို့ငိုနေတာလဲ?"
ဖေ့ကျင်းက လက်ကိုင်ပု၀ါကိုရှာလိုက်ရင်း ရန်ရှီနဥ္၏ မျက်ရည်များကို သုတ်ပေးသည်။
ရန်ရှီနဥ္ကတော့ ဘာမှမပြောဘဲ ဖေ့ကျင်း၏ လည်တိုင်ကို တင်းတင်းကြပ်ကြပ်သာဖက်ထားတော့သည်။
ရန်ရှီနဥ္ကြောင့် ဖေ့ကျင်းကြောင်သွားရသည်။ သူ့ကိုရန်ရှီနဥ္စဖက်တာ ဒါနှင့်ဆို ဒုတိယအကြိမ်မြောက်ပင်။ ပထမဆုံးအကြိမ်က ဟိုးလွန်ခဲ့သည့်နှစ်များဆီက။ ထိုနေ့က သူမနောက်ကို ခွေးလိုက်ဆွဲသဖြင့် ပြေးနေရင်း သူ့ကိုမြင်တာနှင့် အော်ငိုပြီး တန်းဖက်ခဲ့ခြင်းဖြစ်၏။
ဖေ့ကျင်းက ရန်ရှီနဥ္၏နောက်ကျောလေးကို ဖွဖွလေးပုတ်ပေးလိုက်သည်။
"မိန်းမ...ကိုယ့်ရဲ့ရင်ဘတ်ကို မှီပြီး ဘာလုပ်ချင်လို့လဲ"
ဖေ့ကျင်း၏ ပြောင်စပ်စပ်စကားကိုကြားတော့ သူ့လည်ပင်းကို ရန်ရှီနဥ္ကိုက်ပစ်လိုက်သည်။
ရန်ရှီနဥ္၏ နှုတ်ခမ်းလေး သူ့အသားပေါ်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့ညီလေးလည်း ချက်ချင်းပင်နိုးကြားလာတော့သည်။ သူမ၏ ခါးကို သူ့လက်များဖြင့်ပွေ့လိုက်သည်။ သူ့လည်ပင်းကိုလွှတ်လိုက်ပြီမို့ ပြတင်းပေါက်မှတစ်ဆင့်ဖြာကျနေသည့်လရောင်အောက်တွင် သူမ၏ မျက်နှာလှလှလေးဆီသို့ တဖြည်းဖြည်းချင်းကပ်ရင်း နှုတ်ခမ်းဆီသို့ ဦးတည်ချိန်တွင်....
လှည်းရပ်သွား၏။
"န၀မ မင်းသား၊ သခင်မ...အိမ်တော်ကိုရောက်ပါပြီ"
ဟု မြင်းလှည်းသမားကဆိုလိုက်သည်။
ဖေ့ကျင်း၏ မည်းသွားသောမျက်နှာကြီးကိုကြည့်ရင်း ရန်ရှီနဥ္ရီလိုက်မိတော့သည်။
ဖေ့ကျင်းက ရန်ရှှီနဥ္၏ တင်ပါးကိုရိုက်ရင်း
"စိတ်မပူနဲ့....ဒီညက ရှည်တော့မှာ"
ရန်ရှီနဥ္တစ်ယောက် ချက်ချင်းအရီရပ်သွားပါတော့သည်။
***
Zawgyi
.
.
.
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၂၀) / (က)
--------------------
"နောက်ကျနေပြီ။ အားလုံးနားကြတော့"
"မင်း ဘာလို့ငိုနေတာလဲ?"
ဖေ့ကျင်းက လက်ကိုင်ပုဝါကိုရှာလိုက်ရင်း ရန်ရှီနဉ်၏ မျက်ရည်များကို သုတ်ပေးသည်။
ရန်ရှီနဉ္ကတော့ ဘာမှမပြောဘဲ ဖေ့ကျင်း၏ လည်တိုင်ကို တင်းတင်းကြပ်ကြပ်သာဖက်ထားတော့သည်။
ဖေ့ကျင်းက ရန်ရှီနဉ်၏နောက်ကျောလေးကို ဖွဖွလေးပုတ်ပေးလိုက်သည်။
ဖေ့ကျင်း၏ ပြောင်စပ်စပ်စကားကိုကြားတော့ သူ့လည်ပင်းကို ရန်ရှီနဉ္ကိုက်ပစ်လိုက်သည်။
လှည်းရပ်သွား၏။
ဖေ့ကျင်း၏ မည်းသွားသောမျက်နှာကြီးကိုကြည့်ရင်း ရန်ရှီနဉ်ရီလိုက်မိတော့သည်။
ဖေ့ကျင်းက ရန်ရှီနဉ်၏ တင်ပါးကိုရိုက်ရင်း
ရန်ရှီနဉ္တစ်ယောက် ချက်ချင်းအရီရပ်သွားပါတော့သည်။
***
Continue Reading
You'll Also Like
219K 23.1K 91
ရွှီရွှီက သူသာ အလုံးစုံ သိနားလည်သည်ဟု ထင်နေသည်။ ရဲအကယ်ဒမီမှ ထိပ်ဆုံးအဆင့်ဖြင့် ကျောင်းဆင်းလာပြီးနောက်မှာ ကမ္ဘာအနှံ့ ဘယ်နေရာမဆို သွားဖို့ အဆင်သင့်ဖြစ်...
181K 19.9K 99
ဘာသာပြန်သူ - စွဲညို့အသင်း
118K 8.3K 87
My wife spoil me too much.... translated by :Triple - M20 အျမဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလို...
391K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...