Love of an idoit အရူးတစ်ယောက...
By Bai_lianhua
636K 41.6K 3.5K
Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More
မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim
အပိုင်း၁၃
10.4K 967 110
By Bai_lianhua
  Unicode
ကျိုးယွင်ကသူ တောက်ခေါက်ချင်တာကိုတောင်ထိန်းထားလိုက်ရသည်။
စာထဲမှာရေးထားသည်က...
[လုကျန်း; မင်း ကိုယ့်ကို သိလား...]
[ ရှောင်ဟန်; ဆောရီး...မသိပါဘူး...လူသစ်ထင်တယ်]
[လုကျန်း; အင်... ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုသိတယ် ]
[ရှောင်ဟန် ; ဟုတ်ကဲ့ ဒီလိုပဲ သိကြပါတယ် ကျွန်တော့ကို...]
[ လုကျန်း ; ခင်ချင်လို့ရလား...]
[ရှောင်ဟန်; ဟုတ်ကဲ့...ရပါတယ်...ကျွန်တော်ကခင်တတ်ပါတယ်...
ခဏနော်... ကျွန်တော့်ညီကျောင်းကပြန်လာလို့]
[လုကျန်း;အင်...ကိုယ်စောင့်နေမယ်...ပြန်တက်ခဲ့နော်]
သုံးနှုန်းသည့် အခေါ်အဝေါ်ကလည်း သူ့ကိုယ်သူ "ကိုယ် "ဆိုပဲ။ ဒါကို ရှောင်ဟန်က ဒီလူ ဘာကိုဆိုလိုချင်တာမှန်း မရိပ်မိဘူးလား။သူကတောင်ရိပ်မိတယ်။
ဒီလိုကောင်မျိုးတွေကို သူဝင်ရှင်းရပေါင်းမနည်းတော့ဘူး။ မိန်းကလေးများ အပါအဝင်။ သူနဲ့ မဆိုင်တာကို သူသိပေမဲ့ သူဝင်ပါရအူးမည်။ အဖေကထိုလူကို စရောက်ကတည်းက သူ့အတွက် ဆိုပြီးပြောထားသည် မဟုတ်လား။ အဲ့တော့ ရှောင်ဟန် ရဲ့ ကိစ္စက သူနဲ့ဆိုင်သည့်ကိစ္စ။သူဝင်မပါ၍မရပေ။
ကျိုးယွင်က ထိုပြန်စာတွေကို ကြည့်ရင် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ကာ ရှောင်ဟန်ရဲ့နေရာမှာ စာဝင်ရိုက်လိုက်သည်။
သူက အစထဲက အဖေ မသိအောင် ကိုယ့်မုန့်ဖိုးနဲ့
ဖုန်းဝယ်​ပြီး သုံးနေတာပင်ကြာပြီ မဟုတ်လား ။ထို့ကြောင့် သူသုံးတတ်မှန်း ရှောင်ဟန်က ရိပ်မိမည် မဟုတ်။ကျိုးယွင်က စာကိုခပ်မြန်မြန်နှိပ်လိုက်ပြီး ရေးလိုက်သည်။
[ရှောင်ဟန်; ကျွန်တော်ပြန် တက်ခဲ့ပြီ]
[ကျန်းလု; နည်းနည်းကြာတယ်နော်... ကိစ္စတော့မရှိပါဘူး... ကိုယ်က စောင့်ရတာကိုကြိုက်တယ်...]
[ရှောင်ဟန်;ကျွန်တော့်ကို မသိဘဲ...ဘာလို့စာတွေ ပို့နေရတာလဲ...လူချင်းအပြင်မှာတွေ့ဖူးလို့လား]
[လုကျန်း; အပြင်မှာတော့ မတွေ့ဖူးပေမဲ့ နောက်ဆိုတွေ့နို​​င်တာပဲလေ...ဉပမာ ကျောင်းတက်ရင်အပြင်သွားရင်တို့ပေါ့]
[ရှောင်ဟန်; ဘာလို့တွေ့ချင်ရတာလဲ ကျွန်တော့်ကို..]
[လုကျန်း; ကိုယ်မင်းကို စိတ်ဝင်စားတယ်လေ]
[ရှောင်ဟန်; အဲ့တော့...မိုးမေလင်းလိုက်ပါလား ငါ -ီးတဲ့မှပဲ...]
[လုကျန်း;မင်းက...ဘယ်သူလဲ...ရှောင်ဟန်တော့ မဟုတ်ဘူးမှတ်လား...ရှောင်ဟန်က ဒီလိုရေးမှာမဟုတ်ဘူး]
[ရှောင်ဟန်; ခင်ဗျားက ဉာဏ်ကောင်းသားပဲ... မသေချင်ရင်...ကိုယ့်အကန့်နဲ့ကိုယ်နေ သူ့ကို ဒီကိစ္စတွေကိုပြောလို့ကတော့ ခင်ဗျား အသေပဲ...ကျွန်တော်ခင်ဗျားရဲ့ အချက်အလက်တွေကို အကုန်မှတ်ထားတယ် သူသိသွားရင် ...ခင်ဗျား ရဲ့accကို တစ်ဖက်ကနေ ဟက်လိုက်ပြီး လူတောမတိုးနိုင်အောင်လုပ်ပေးမယ် မလုပ်ဘူးထင်ရင် စမ်းကြည့်လိုက်....]
ကျိုးယွင်က ထိုကဲ့သို့ပြောလိုက်ပြီး
[ရှောင်ဟန်; ဒီaccကိုခင်ဗျားဘက်က စပြီး block လိုက် ထပ်မဆက်သွယ်မိစေနဲ့..]
ကျိုးယွင်ကစောစောက ရှောင်ဟန် စာပြန်ထားသည့် အရာမှလွဲ၍ သူရေးထားတာ အကုန်ပြန်ဖျက်လိုက်သည်။အရင်အခါတွေတုန်းကလည်း သူကဒီလိုပြောလိုက်ပြီး သူတို့တွေကလိုက်မလုပ်ဘူးဆိုရင်
သူက ဟက်ကာ သမားတစ်ယောက်ကို ပိုက်ဆံပုံ ပေးပြီး ထိုလူတွေရဲ့ accကို ဟက်ခိုင်းမည် မဟုတ်လား...
မည်သူက လူများတဲ့သူတို့ရဲ့ accကို အဟက်ခံချင်မှာလဲ...accအသစ်ဖွင့်အရင် အစကနေ ပြန်စရတာ မဟုတ်လား..ပြီးတော့လူတောမတိုးနိုင်အောင် နာမည်လဲ ဖျက်ဉီးမည်ဆိုတော့ မည်သူမှ သူ့ကိုစိန်ခေါ်ရဲမည်မဟုတ်။
ရှောင်ဟန်ကော ကျွန်တော့်ကို ကောက ငယ်သေးတယ်ဆိုပြီး ဘာမှ မသိဘူးလို့တော့မထင်စေချင်ဘူး။ ကျွန်တော်က နောက်လဆို ၈နှစ်ပြည့်တော့မှာနော်...အချိန်ဆိုတာက ကုန်တာ မြန်တယ်လို့ကြားဖူးတယ်မဟုတ်လား။ အခုချိန်မှာကျွန်တော်က ဒါလေးပဲ တတ်နိုင်သေးလို့ ...နောက်နှစ်နည်းနည်းလောက်စောင့်ကြာရင်...ကျွန်တော်က  ဘာတွေတတ်နိုင်လာမလဲဆိုတာ...ခင်ဗျားကို သိစေချင်ပါရဲ့...
ကျိုးယွင်က ရှောင်ဟန်ရဲ့ ဖုန်းကို လက်ဟန်မပျက် ပြန်ထားလိုက်ပြီး အခန်းရဲ့ဆိုဖာပေါ်မှာ လဲလိုက်ရင်း ရေချိုးကြာတဲ့ ရှောင်ဟန် ကို ​​မှိန်းကာစောင့်နေလိုက်တော့သည်။
-------------------------------
ရှောင်ဟန်က သူရေချိုးခန်းထဲကထွက်လာတော့ ဆိုဖာပေါ်မှာ အိပ်နေတဲ့ ကျိုးယွင်ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသည်။ထိုကလေးက သူ့ကိုစိတ်ဆိုးနေတဲ့ ပုံစံသာ ဖြစ်နေတာ ပြီးရင် သူကပဲ မနေနိုင်ဘဲ
လာဖက်အိပ်အူးမည်။
အမှန်တကယ်ဆိုရင် စိတ်ဆိုးတဲ့သူက တစ်ရက်တစ်လေလေးတော့ ဟန်ဆောင်ပန်ဆောင် နေသင့်သည််မဟုတ်လား။ထိုကလေးကျမှ စိတ်ဆိုးလည်းဖက်အိပ်၊ စိတ်မဆိုးရင်လည်းဖက်အိပ်နဲ့ သူ့ဟာနဲ့သူတော့ဟုတ်နေသည်။ တခြားကလေးတွေနဲ့မတူသည့်အချက်က စိတ်ဆိုးရင် သူ့ကို အသက်ရှု ရခက်သည် အထိ ဖက်အိပ်တာပင်။သူလည်း ဒီအခန်းမှာ အိပ်ရတဲ့ဘဝက ဘယ်နေ့မှ လွတ်မြှောက်မလဲမသိ။
အဲ့လိုနေ့ရောက်မှ သူ့အတွက်လည်းသက်သာပေတော့မည်။ မဟုတ်ရင် ဒီကလေးနဲ့ဆို သူကမလွယ်ပေ။ ရှောင်ဟန်က ထိုအတွေးများကြောင့် ခေါင်းတစ်ချက်ခါလိုက်ကာ သူရဲ့ အဝတ်ဗီရိုရှေ့မှာရပ်လိုက်ပြီး အနောက်ကဆိုဖာပေါ်မှာ အိပ်နေတဲ့ ကျိုးယွင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကျိုးယွင်လေး အိပ်နေတာ သေချာတော့မှ သူက ဖွတ်ထားတဲ့ ဗီရိုသော့ကိုယူလိုက်ပြီး ဗီရိုကိုဖွင့်လိုက်တော့သည်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ကျိုးယွင်ရှိတဲ့ဘက်ကိုယ် ကွယ်လိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။
သူဖွင့်ကြည့်လိုက်တော့ လိုင်းကမပိတ်ရသေးပေ။ အားယွင်လေးကျောင်းကပြန်လာလို့ အမြန် ဖွတ်ထားလိုက်တာ လိုင်းပိတ်ဖို့တောင် မေ့သွားလေသည်။ တော်သေးတာပေါ့ ...noti ကို အသံပိတ်ထားလို့...မဟုတ်ရင် အားယွင်လေးသိသွားရင် ရှင်းပြနေရအူးမည်။ စာမပြန်ရင်စောင့်နေမှာဆိုး၍ စောစောက accပိုင်ရှင်ကို မစောင့်ဖို့ပြောရန် ဝင်ကြည့်လိုက်တော့ ထိုလူသစ်က သူ့ကိုတောင် block သွားပြီဖြစ်သည်။
မဟုတ်သေးပါဘူး...သူလည်း ဘာမှ မပြောရသေးဘူးလေ...ခင်ချင်တယ်လည်းပြောသေး...အမျိုးမျိုး ပဲ...တတ်လည်းတတ်နိုင်ကြတယ်...
ဒါလည်းကောင်းပါတယ် မဟုတ်ရင် ဟိုဟာမေးလိုက်ဒီဟာမေးလိုက်နဲ့...သူကလည်းမလိမ်ချင်တော့ မေးသမျှလူတိုင်းကို
အမှန်တိုင်း ပြန်ဖြေပြီး ဖော်ရွှေနေရတာဆိုတော့ အဆင်မပြေဘူး... သူတို့ဘက်က block သွားတော့လည်း ကောင်းတာပါပဲ...အဆိုးထဲက အကောင်းပေါ့....
ရှောင်ဟန်က ထိုသို့တွေးလိုက်ပြီးဖုန်းကို လိုင်းပိတ်ကာ ပြန်သိမ်းထားလိုက်သည်။သူစဉ်းစားနေမိသည်။ ဒါနဲ့ဆို သူ့ကို သူတို့ဘက်က block သွားတာ လူနှစ်ဆယ်မကတော့ပေ။...သူတင်ထားတဲ့ ပို့တွေမှာလည်း မကောင်းတာ ဘာမှမပါပါဘူး...ဘယ်လိုဖြစ်လို့...သူ့ကို block ကြတာလဲ... သူနားမလည်ဘူး...
ရှောင်ဟန်လည်း သူမတတ်နိုင်တဲ့ ကိစ္စကို ခေါင်းကိုက်ခံစဉ်းစားမနေတော့ဘဲ အဝတ်ကိုသာ ထုတ်ဝတ်လိုက်တော့သည်။
ကျိုးယွင်က ရှောင်ဟန်ကော ရေချိုးခန်းထဲကထွက်လာတော့ သူလည်း အမြန် အိပ်ချင်ယောင်လိုက်ပြီး ရှောင်ဟန်ကော ကို မသိမသာ အကဲခတ်နေလိုက်သည်။ မဟုတ်တာလုပ်တဲ့ လူတွေက နောက်ကျော မလုံဘူးဆိုတာ... သိပ်ကိုမှန်တဲ့အမှန်တရားပဲ...
သူရှိရာဘက်ကိုတောင် စိတ်မလုံဖြစ်ပြီး ထိုသူက တစ်ချက်တောင် လှည့်ကြည့်လိုက်သေးသည်။
ပြီးတော့ခိုးကြောင်ခိုးဝှက်နဲ့ ဖုန်းကိုခန္ဓာကိုယ် ကွယ်လိုက်ပြီးတောင် ပြန်စစ်နေလိုက်တာ မပြီးဆုံးနိုင်တော့ချေ။ဒီလူက အခုတောင် ပုန်းရှိုးကွယ်ရှိုးတွေလုပ်နေတာ...နောက်ဆိုရင်လည်း မလုပ်ဘူးလို့ ပြောလို့မရဘူးလေ...
ဒီလူက လွှတ်ထားရင် ရသည့် လူမျိုးတော့ မဟုတ်...လှောင်အိမ်ထဲမှာ အကျဉ်းချထားမှသာ အငြိမ်နေမည့် လူစားမျိုးဖြစ်သည်။ အခုကတော့ လွှတ်ထားမှရမည်သာ...သူ ဘာမှမတတ်နိုင်သေးသည့်အချိန်အတောအတွင်း...
နောက်ဆိုရင်တော့... ရှောင်ဟန်ကော...ခင်ဗျား လွတ်လပ်မှာမဟုတ်တော့ဘူး...အခုတော့ အားရအောင် ပျော်ထားလိုက်ပါအူး...ကျွန်တော်ကခွင့်ပြုတယ်ရယ်...
နောက်ဆိုရင်တော့...လုံးဝဆောရီးပဲ...
----------------
Zawgyi
စာထဲမှာရေးထားသည်က...
-------------------------------
လာဖက်အိပ်အူးမည်။
Continue Reading
You'll Also Like
302K 24.3K 29
Mini Story Uni Life Style Sweet Romance
205K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
678K 75.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
643K 93.8K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~