Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၂၂)/ (ခ)
TRANSLATOR - NO CAUSE
--------------------
ဖေ့ကျင်းသည် ချီရွမ်ဆောင်အပြင်ဘက်မှ စောင့်နေခဲ့သည်။
အပြင်မှာစောင့်နေရင်းမှာပင် နံ့သာတိုင်များဆီမှ ဆေးမြစ် ဆေးရွက်နံ့ ခပ်ပြင်းပြင်းကို ဖေ့ကျင်း ရမိသည်။
ခေတ္တမျှကြာတော့ အိမ်ရှေ့စံ တံခါးဖွင့်ထွက်လာလေသည်။ အိမ်ရှေ့စံမင်းသားမှာ စိတ်ရှုပ်ထွေးနေမှုများကို ချိုးနှိမ်ထားရပုံပေါ်သည်။ တစ်ချိန်တည်းမှာ ဝမ်းနည်းနေပုံလည်း ရ၏။
"အစ်ကို ကိုး" ဖေ့လန်က ဆိုသည်။
"ညီတော် (၁၀)မင်းလဲ ရောက်နေတာကိုး" ဖေ့ကျင်းက ပြန်ပြောလိုက်သည်။
ဖေ့လန် ဘာမှ ပြန်မပြောနိုင်သေးခင် ဝမ်ဖုမူတံခါးဝသို့ ရောက်လာလေသည်။
"နဝမမင်းသား အထဲကြွပါ" ဝမ်ဖုမူက ပြောလိုက်သည်။
ဖေ့ကျင်းလည်း အိမ်ရှေ့မင်းသားအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ချီရွမ်ခန်းဆောင်ထဲ ဝင်လိုက်သွား၏။ ဝင်ဝင်ချင်း သူ တွေ့လိုက်ရသည်က ကြမ်းပြင်ပေါ်မှ တစ်စစီကြေကွဲပျက်စီးနေသော အပိုင်းအစများဖြစ်လေသည်။ သူ့ရင်ထဲ လေးလံသွားမိတော့သည်။
ရှင်ဘုရင်က ဖေ့ကျင်းဘက်သို့ လျှောက်တင်လွှာတစ်ခုကို ပစ်ပေးလာသည်။
"မင်းမှာ ပြောစရာ ရှိသေးလား" မင်းကြီးက မေး၏။
ဖေ့ကျင်း ကြမ်းပြင်ပေါ် ကျနေသည့် လျှောက်တင်လွှာကို ကောက်ယူကြည့်လိုက်သည်။ နောက်တော့ သူ အံ့အားသင့်သွားဟန်ဆောင်လိုက်ပြီး ကြွေအကွဲစများရှိရာ ကြမ်းပြင်ပေါ်၌ ဒူးထောက်ချလိုက်လေသည်။ "ဖခမည်းတော်၊ သားတော် စွပ်စွဲ ချောက်ချခံရတာပါ"
"လုပ်ကြံသူတွေထဲက နှစ်ယောက်က ကျန်းနန်ကပဲ" မင်းကြီးက အေးစက်စွာ ပြောလာသည်။ "မင်းက ကျန်းနန်မှာ နှစ်နှစ်တောင် နေခဲ့တာ၊ အင်းပေါ့... လူကောင်းသူကောင်း စုဆောင်းမိထားတာတွေ ရှိမှာပေါ့..."
ဖေ့ကျင်း မျက်နှာဖြူဖျော့သွားတော့လေသည်။ "ကျွန်တော် စွပ်စွဲခံရတာပါ"
"ကျန်း မင်းကိုယ်မင်း ဖြေရှင်းပြနိုင်ဖို့ အခွင့်အရေးတစ်ခုပဲ ပေးမယ်" မင်းကြီးက ပြောသည်။
ဖေ့ကျင်းမှာ အေးစက်စက် ကြွေကျောက်စ အကွဲများပေါ် အချိန်ကြာမြင့်စွာ ဒူးထောက်နေခဲ့သည်။ အချိန်ကြာမြင့်လွန်းသဖြင့် ထိုအေးစိမ့်မှုက သူ့နှလုံးသားထိ စီးဝင်းသွားပြီလား ထင်မှတ်ရ၏။ "ကျွန်တော်... ထီးနန်းကို စိတ်မဝင်စားပါဘူး"
ဖေ့ကျင်း၏ စကားများနောက်ကွယ်မှ ထုတ်မပြောခဲ့သည့် အဓိပ္ပါယ်ကို အရှင်မင်းကြီး နားလည်လိုက်သည်။ သူ ဆိုလိုသည်မှာ၊ 'ကျွန်တော် ရာဇပလ္လင်ကို မလိုချင်ဘူး၊ စစ်အင်အားလဲ စွန့်တယ်၊ စည်းစိမ်ကိုလဲ ဖြုန်းနေတယ်၊ ကျွန်တော်က အပူအပင်ကင်းတဲ့ မင်းသားတစ်ပါးသာ ဖြစ်လိုတယ်၊ ဘာပြုလို့ ဖခမည်းတော်နဲ့ နောင်တော် ညီတော်တွေကို လုပ်ကြံစရာ လိုမလဲ' ဟု ဖြစ်သည်။
ဒူးထောက်နေသော ဖေ့ကျင်း၏ ကျောမတ်မတ်နှင့် ခိုင်မာသော အသွင်ကို မင်းကြီး တွေ့သည်။ ဖေ့ကျင်းသည် အစောပိုင်းကကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိတော့သည်ကိုလည်း သတိထားမိလိုက်သည်။ မိမိရှေ့မှ မျက်စိစူးစရာ စပါးမွှေးကို ကြည့်နေသည့်အလား ရှင်ဘုရင်သည် မျက်လုံးကို မှေးစင်းကြည့်၏။ သူ ယခုမှ သိလိုက်ရသည်က ဖေ့ကျင်းကို တစ်ခါမျှ သူ ထိုးထွင်းနားမလည်ခဲ့ဖူးသည့်အကြောင်း။
မည်သည့် မင်းသား နှစ်ပါး ထီးနန်းလုနေသလဲ ရှင်ဘုရင် ကောင်းစွာ သိသည်။ သို့သော် ထိုမင်းသား နှစ်ပါးစလုံး၌ သူ စိတ်ကျေနပ်ရလောက်သော အားသာချက်များ ရှိနေသလို သည်းမခံနိုင်စရာသော အားနည်းချက်များလည်း ရှိနေသည်။ ၎င်းတို့၏ စိတ်နှလုံးအစစ်အမှန်ကို မမြင်တွေ့ရဘဲ ရွေးချယ်ရန်မှာ သူ့အတွက် ခက်ခဲနေတော့၏။
ထို့ကြောင့် မင်းကြီးသည် မိမိကိုယ်ပိုင် အသေခံ လုပ်ကြံသူများကို စတေးရန် ဝမ်ဖုမူအား အမိန့်ပေးပြီး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ကောက်သစ် စားသောက်ပွဲတော်၌ မင်းသားသုံးပါး၏ ထိုင်ရန် နေရာကိုလည်း သေချာ စီစဥ်ထားခဲ့သည်။ သူ အသက်အန္တရာယ်ဖြစ်နေသည့်အချိန်၌ မည်သူက ကယ်တင်မည်လဲဟု သူ အမှန်တကယ် သိချင်ခဲ့မိသည်။ သို့သော် ကျန်းနန်သား လုပ်ကြံသူနှစ်ဦးက သူ့အစီအစဥ်ကို ကမောက်ကမ ဖြစ်သွားစေသည်။ သတ္တမမင်းသား သူ့ကို ကယ်လိုက်သော်လည်း သူ လိုချင်သည့် ရလဒ်မျိုး မဟုတ်တော့ချေ။
ထိုလုပ်ကြံသူနှစ်ဦးအား နန်းတော်တွင်းထိ မည်သူက စေလွှတ်ရဲသလဲ ရှင်ဘုရင် သိလိုသည်။ နန်းစောင့်တပ်မှ ကိုယ်ရံတော်ရဲမက်များလည်း ထိုလုပ်ကြံသူနှစ်ဦး၏ နောက်ကြောင်းကို လိုက်လံစုံစမ်းခဲ့သော်လည်း ဘာမှ တိတိပပ မသိခဲ့ရပေ။
သူ့ကို လုပ်ကြံတဲ့ လူသတ်သမားများသည် သူ၊အိမ်ရှေ့မင်းသားနှင့် နဝမမင်းသားအား ပစ်မှတ်ထား လုပ်ကြံတိုက်ခိုက်ခဲ့သည်ဖြစ်ရာ သတ္တမမင်းသားမှာ သံသယဝင်စရာ အကောင်းဆုံးဖြစ်နေကြောင်း မင်းကြီး သိသည်။ သို့သော် သတ္တမမင်းသားကလည်း ဤမျှ သိသာအောင် လုပ်မည်ဟု သူ မထင်ပေ။ ထိုမျှမက သူကိုယ်တိုင် လုပ်ကြံသူများကို လွှတ်ထားရိုးမှန်လျှင် မိမိအသက်ကို စတေးခံ စွန့်စား၍ သူ့ကို ကယ်တင်ခဲ့မည် မဟုတ်ပေ။
အိမ်ရှေ့မင်းသားက တမင် အတိုက်ခိုက်ခံပြီး သတ္တမမင်းသားအား ချောက်တွန်းသည်လားဟု မင်းကြီး တွေးလိုက်မိသည်။ အထူးသဖြင့် အိမ်ရှေ့စံ၏ မိခင်၊ မိဖုရားခေါင်ကြီးသည် သတ္တမမင်းသားကို မျက်စိစပါးမွေးစူးနေခဲ့ပြီး လုပ်ကြံသူများကို နန်းတွင်းစေလွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ အိမ်ရှေ့စံကို ဆင့်ခေါ်လိုက်ပြီး စစ်ဆေးမေးမြန်းခဲ့၏။ သို့သော် အိမ်ရှေ့မင်းသားသည် ချက်ချင်း ဒူးထောက်ကာ၊ "ဖခမည်းတော် သားတော်ကို သံသယဝင်ရင် အိမ်ရှေ့စံအဖြစ်က ပယ်ရှားလိုက်ပါတော့" ဟု ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့။
အိမ်ရှေ့မင်းသားက ရာထူးကို စွန့်လွှတ်မည်ဟု လွယ်လင့်တကူ အကြပ်ကိုင်ပြောဆိုလာသည်ကို ကြားတော့ မင်းကြီးလည်း အမျက်ထွက်သွားပြီး သူ အနှစ်သက်ဆုံး မင်သွေးကျောက်ကိုပင် ပစ်ခွဲလိုက်မိလေသည်။ သူ့သွေးတွေအကုန်လုံး နောက်ပြန်စီးနေသည့်အလား ခံစားရမိတော့သည်။ နှစ်ပေါင်းများစွာ ဤမင်းသားကို လေ့ကျင့်ပျိုးထောင်ပေးရကျိုး မနပ်ဟု သူ စဥ်းစားမိလိုက်သည်။ ထိုအချိန်အတွင်း အိမ်ရှေ့စံကို သူ ဓားဖြင့် ထခုတ်ချင်မိလောက်အောင်ပင် စိတ်တိုမိ၏။
မှန်သည်။ တတိယ သံသယရှိသူမှာ နဝမမင်းသားဖြစ်လေသည်။ နန်းစောင့်တပ်၏ စုံစမ်းမှု အစီရင်ခံစာပါ အကြောင်းအရာမှာ 'လုပ်ကြံသူများသည် ကျန်းနန်နယ် စစ်တပ်မှ ရဲမက်များဖြစ်ပြီး နဝမမင်းသားနှင့် ရင်းနှီးစွဲရှိသည်' ဟူ၏။
အချိန်ကြာမြင့်သွားပြီဖြစ်သော်လည်း ဖေ့ကျင်းကတော့ ဆက်၍ ဒူးထောက်နေသည်။ ကျောကို မတ်ထားလျက် နည်းနည်းလေးမှ မညွတ်။ အရှင်မင်းကြီး၏ ဓားမြောင်ပမာ မျက်ဝန်းများကတော့ ဖေ့ကျင်းကို သေချာ စိုက်စိုက်စူးကြည့်နေခဲ့၏။
"မင်း ထလိုက်တော့" မင်းကြီး ပြောလာတော့သည်။
ဖေ့ကျင်း ခေါင်းကို ငုံ့လျက်က ဖြည်းဖြည်းချင်း ဟန်ချက်ထိန်းကာ ထလာလိုက်သည်။ ဝမ်ဖုမူလည်း သူ့ထံသို့ အပြေးသွားကာ ကူတွဲပေးရတော့၏။
"ကျေးဇူးတင်ပါတယ် အရာရှိဝမ်" ဖေ့ကျင်း တုံ့ပြန်ခဲ့သည်။
ဖေ့ကျင်း ဒူးမှ သွေးစများ စွန်းပေနေသည်ကိုလည်းကောင်း၊ ကြမ်းပြင်ပေါ်မှ ကြွေကျောက် အစအန အကွဲ အစိတ်များကိုလည်းကောင်း ကြည့်ရင်း ရှင်ဘုရင် စိတ်က ပျော့ပျောင်းသွားတော့လေသည်။
"အဲ့ဒီအချိန်တုန်းက မင်းရဲ့ ပထမဆုံး တုံ့ပြန်မှုက မင်းရဲ့ ကြင်ယာတော်ကို ကာကွယ်ဖို့ပဲဖြစ်ခဲ့တယ်" အရှင်မင်းကြီးက ညှင်သာပျောင်းသော လေသံဖြင့် ဆိုလာသည်။
ဖေ့ကျင်း ဖခင်၏ ရုတ်တရက် စကားများက ဖေ့ကျင်းအား ထိတ်လန့်အံ့သြသွားစေခဲ့သည်။ သို့သော်လည်း သူ ခေါင်းကို ညိတ်ပြလိုက်မိသည်။ နောက်တော့ ဖခမည်းတော်၏ မျက်ဝန်းများ မျက်ရည်ဝိုင်းလာသည်ကို သူ တွေ့လိုက်ရတော့၏။
"အဲ့ဒီတုန်းက မင်းဟာ အိမ်ရှေ့စံရယ်၊ မင်းရဲ့ ညီတော် ၁၃ ရယ် အနားမှာရှိနေတာ" မင်းကြီးက ဆိုသည်။
"အရာအားလုံး ဖြစ်ပျက်သွားတာ မြန်လွန်းခဲ့တယ်" ဖေ့ကျင်း လျှောက်တင်လိုက်သည်။ "သားတော်မှာ စဥ်းစားနေချိန် မရှိခဲ့ပါဘူး၊ ဖခမည်းတော် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
ဖေ့ကျင်း နှုတ်မှ မပြောလိုက်သော ဖြေရှင်းချက်ကို မင်းကြီး နားလည်လိုက်သည်။ "ကျွန်တော်မျိုး စိတ်ထဲက ရှိတဲ့အတိုင်း ပြုမူတုံ့ပြန်တာ ဖြစ်ပြီး၊ ရင်ထဲက အရေးကြီးဆုံးအရာကို အရင်ကာကွယ်မိတာပါ"ဟူသော သဘော။
"မင်း ပြန်တော့" ရှင်ဘုရင်က ဆိုသည်။ "မင်းက အိမ်ထောင်ပြုစ ယောကျ်ားတစ်ယောက်ပဲ၊ ဇနီးမယားနဲ့ပဲ သွား အချိန်ကုန်နေလိုက်ပါ" သူ ခဏရပ်နားလိုက်ပြီး ဆက်ပြော၏။ "ရှီးနဥ်ဆိုတဲ့ ကလေးမက မဆိုးရှာပါဘူး၊ သေရေး ရှင်ရေးအခြေအနေမှာတောင် ခန်းအာကို ကာကွယ်ပေးချင်စိတ် ရှိတယ်"
မနေ့ည ရှင်ဘုရင် လုပ်ကြံခံရစဥ် မင်းသားများ၏ တုံ့ပြန်ပုံကို အလျင် လေ့လာအကဲဖြတ်ဖြစ်လေသည်။ ထို့နောက်တော့ ရှီးနဥ်က ဖေ့ခန်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ဖေ့ကျင်းက သူတို့ နှစ်ဦးရှေ့မှ ကာကွယ်ပေးနေသည်ကို တွေ့ရတော့၏။
ဖေ့ကျင်း ချီရွမ်နန်းမှ ထွက်သွားသည့်နောက် မင်းကြီးသည် သက်ပြင်းချလိုက်ပြီး ဝမ်ဖုမူအား ကြည့်လိုက်လေသည်။ "ဘဏ္ဍာတိုက်ထဲက အဖိုးတန်တစ်ခုခု ထုတ်ယူပြီး နဝမမင်းသားအိမ်တော်ကို ပို့ပေးပါဦး"
"ဟုတ်ကဲ့ပါ အရှင်မင်းမြတ်" ဝမ်ဖုမူက ဆိုသည်။ "အရှင်မင်းကြီး၊ နဝမမင်းသားကို တစ်ခါလေးတောင်မှ သံသယမဝင်ခဲ့ပါဘဲနဲ့ ဘာကြောင့်များ ဒီလို စစ်မေးခဲ့တာပါလဲ"
နန်းစောင့်တပ်များ၏ စုံစမ်းမှုများအထဲ ကျန်းနန် တပ်သားများပါဝင်နေကြောင်းကို သူ တွေ့တော့ ပြည့်ရှင်မင်းသည် ပြုံးရုံသာ ပြုံးခဲ့လေသည်။ ဖေ့ကျင်းသည် ဤကဲ့သို့ သိသာထင်ရှားနေသော ခြေရာလက်စများ ထားရစ်ခဲ့မည် မဟုတ်မှန်း သူ သိသည်။ ထိုမျှမက လုပ်ကြံမှုကို ကျူးလွန်၍လည်း ဖေ့ကျင်းမှာ အကျိုးအမြတ်ရစရာ အကြောင်းမရှိပေ။ တစ်စုံတစ်ယောက်က ဖေ့ကျင်းကို တမင်ရည်ရွယ်ချောက်ချခြင်းသာ ဖြစ်မည်ဟု မင်းကြီး ရိပ်စားမိလေသည်။ သို့သော် မင်းကြီးက သိသိနှင့် ဖေ့ကျင်းအား ဤသို့ ရက်ရက်စက်စက် ညှာတာခြင်းမဲ့စွာ မေးမြန်းမည်ဟု ဝမ်ဖုမူမထင်ခဲ့။
မင်းကြီးလည်း တံခါးဝဆီသာ တွေးတွေးဆဆ ငေး၍ ကြည့်နေခဲ့၏။ "ကျန်းရဲ့ သားတော်တွေအနက်မှာ ဖေ့ကျင်းက မှန်းဆရ အခက်ဆုံးပဲ၊ နဝမသားတော်ရဲ့ စိတ်နှလုံးထဲမှာ ဘယ်လိုရှိနေလိမ့်မလဲ ကျန်း သိချင်ခဲ့တာ"
မင်းကြီးသည် နဝမမင်းသားနှင့် ပတ်သက်၍ စိုးရိမ် သင်္ကာမကင်းဖြစ်နေခဲ့သည်မှန်း ဝမ်ဖုမူ သိလိုက်ရလေပြီ။
"တန်တော့... နဝမမင်းသားမှာ မမှန်းမျှော်သင့်တာကို ဆန္ဒမရှိသည့်ရင်းစွဲ ဖြစ်နေပါလိမ့်မယ်" ဝမ်ဖုမူ သတိကြီးစွာ ထား၍ စကားပြန်လျှောက်လိုက်၏။
ပြည့်ရှင်မင်း၏ အကြည့်များလည်း ညိုမှုန်သွားတော့ကာ ဝမ်ဖုမူတစ်ကိုယ်လုံး တုန်ရင်သွားရတော့လေသည်။ "အရှင်မင်းကြီး သနားငဲ့ညှာတော်မူပါ၊ ဒီကျွန် စကားလွန်မိပါတယ်"
နန်းတော်အပြင် မုခ်ဝအလွန်၌မူ ဖေ့ကျင်းသည် အေးစက်စွာ ပြုံးလိုက်ရင်း လာကြိုနေသော မြင်းလှည်းအတွင်းသို့ ထော့နင်း ဝင်သွားတော့လေသည်။
_
_
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန္း (၂၂)/ ခ
TRANSLATOR - NO CAUSE
--------------------
ေဖ့က်င္းသည္ ခ်ီ႐ြမ္ေဆာင္အျပင္ဘက္မွ ေစာင့္ေနခဲ့သည္။
အျပင္မွာေစာင့္ေနရင္းမွာပင္ နံ႕သာတိုင္မ်ားဆီမွ ေဆးျမစ္ ေဆး႐ြက္နံ႕ ခပ္ျပင္းျပင္းကို ေဖ့က်င္း ရမိသည္။
ေခတၱမွ်ၾကာေတာ့ အိမ္ေရွ႕စံ တံခါးဖြင့္ထြက္လာေလသည္။ အိမ္ေရွ႕စံမင္းသားမွာ စိတ္ရႈပ္ေထြးေနမႈမ်ားကို ခ်ိဳးႏွိမ္ထားရပုံေပၚသည္။ တစ္ခ်ိန္တည္းမွာ ဝမ္းနည္းေနပုံလည္း ရ၏။
"အစ္ကို ကိုး" ေဖ့လန္က ဆိုသည္။
"ညီေတာ္ (၁၀)မင္းလဲ ေရာက္ေနတာကိုး" ေဖ့က်င္းက ျပန္ေျပာလိုက္သည္။
ေဖ့လန္ ဘာမွ ျပန္မေျပာနိုင္ေသးခင္ ဝမ္ဖုမူတံခါးဝသို႔ ေရာက္လာေလသည္။
"နဝမမင္းသား အထဲႂကြပါ" ဝမ္ဖုမူက ေျပာလိုက္သည္။
ေဖ့က်င္းလည္း အိမ္ေရွ႕မင္းသားအား ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ခ်ီ႐ြမ္ခန္းေဆာင္ထဲ ဝင္လိုက္သြား၏။ ဝင္ဝင္ခ်င္း သူ ေတြ႕လိုက္ရသည္က ၾကမ္းျပင္ေပၚမွ တစ္စစီေၾကကြဲပ်က္စီးေနေသာ အပိုင္းအစမ်ားျဖစ္ေလသည္။ သူ႕ရင္ထဲ ေလးလံသြားမိေတာ့သည္။
ရွင္ဘုရင္က ေဖ့က်င္းဘက္သို႔ ေလွ်ာက္တင္လႊာတစ္ခုကို ပစ္ေပးလာသည္။
"မင္းမွာ ေျပာစရာ ရွိေသးလား" မင္းႀကီးက ေမး၏။
ေဖ့က်င္း ၾကမ္းျပင္ေပၚ က်ေနသည့္ ေလွ်ာက္တင္လႊာကို ေကာက္ယူၾကည့္လိုက္သည္။ ေနာက္ေတာ့ သူ အံ့အားသင့္သြားဟန္ေဆာင္လိုက္ၿပီး ေႂကြအကြဲစမ်ားရွိရာ ၾကမ္းျပင္ေပၚ၌ ဒူးေထာက္ခ်လိဳက္ေလသည္။ "ဖခမည္းေတာ္၊ သားေတာ္ စြပ္စြဲ ေခ်ာက္ခ်ခံရတာပါ"
"လုပ္ႀကံသူေတြထဲက ႏွစ္ေယာက္က က်န္းနန္ကပဲ" မင္းႀကီးက ေအးစက္စြာ ေျပာလာသည္။ "မင္းက က်န္းနန္မွာ ႏွစ္ႏွစ္ေတာင္ ေနခဲ့တာ၊ အင္းေပါ့... လူေကာင္းသူေကာင္း စုေဆာင္းမိထားတာေတြ ရွိမွာေပါ့..."
ေဖ့က်င္း မ်က္ႏွာျဖဴေဖ်ာ့သြားေတာ့ေလသည္။ "ကြၽန္ေတာ္ စြပ္စြဲခံရတာပါ"
"က်န္း မင္းကိုယ္မင္း ေျဖရွင္းျပနိုင္ဖို႔ အခြင့္အေရးတစ္ခုပဲ ေပးမယ္" မင္းႀကီးက ေျပာသည္။
ေဖ့က်င္းမွာ ေအးစက္စက္ ေႂကြေက်ာက္စ အကြဲမ်ားေပၚ အခ်ိန္ၾကာျမင့္စြာ ဒူးေထာက္ေနခဲ့သည္။ အခ်ိန္ၾကာျမင့္လြန္းသျဖင့္ ထိုေအးစိမ့္မႈက သူ႕ႏွလုံးသားထိ စီးဝင္းသြားၿပီလား ထင္မွတ္ရ၏။ "ကြၽန္ေတာ္... ထီးနန္းကို စိတ္မဝင္စားပါဘူး"
ေဖ့က်င္း၏ စကားမ်ားေနာက္ကြယ္မွ ထုတ္မေျပာခဲ့သည့္ အဓိပၸါယ္ကို အရွင္မင္းႀကီး နားလည္လိုက္သည္။ သူ ဆိုလိုသည္မွာ၊ 'ကြၽန္ေတာ္ ရာဇပလႅင္ကို မလိုခ်င္ဘူး၊ စစ္အင္အားလဲ စြန့္တယ္၊ စည္းစိမ္ကိုလဲ ျဖဳန္းေနတယ္၊ ကြၽန္ေတာ္က အပူအပင္ကင္းတဲ့ မင္းသားတစ္ပါးသာ ျဖစ္လိုတယ္၊ ဘာျပဳလို႔ ဖခမည္းေတာ္နဲ႕ ေနာင္ေတာ္ ညီေတာ္ေတြကို လုပ္ႀကံစရာ လိုမလဲ' ဟု ျဖစ္သည္။
ဒူးေထာက္ေနေသာ ေဖ့က်င္း၏ ေက်ာမတ္မတ္ႏွင့္ ခိုင္မာေသာ အသြင္ကို မင္းႀကီး ေတြ႕သည္။ ေဖ့က်င္းသည္ အေစာပိုင္းကကဲ့သို႔ ထိတ္လန့္ေၾကာက္႐ြံ႕ေနျခင္း မရွိေတာ့သည္ကိုလည္း သတိထားမိလိုက္သည္။ မိမိေရွ႕မွ မ်က္စိစူးစရာ စပါးေမႊးကို ၾကည့္ေနသည့္အလား ရွင္ဘုရင္သည္ မ်က္လုံးကို ေမွးစင္းၾကည့္၏။ သူ ယခုမွ သိလိုက္ရသည္က ေဖ့က်င္းကို တစ္ခါမွ် သူ ထိုးထြင္းနားမလည္ခဲ့ဖူးသည့္အေၾကာင္း။
မည္သည့္ မင္းသား ႏွစ္ပါး ထီးနန္းလုေနသလဲ ရွင္ဘုရင္ ေကာင္းစြာ သိသည္။ သို႔ေသာ္ ထိုမင္းသား ႏွစ္ပါးစလုံး၌ သူ စိတ္ေက်နပ္ရေလာက္ေသာ အားသာခ်က္မ်ား ရွိေနသလို သည္းမခံနိုင္စရာေသာ အားနည္းခ်က္မ်ားလည္း ရွိေနသည္။ ၎တို႔၏ စိတ္ႏွလုံးအစစ္အမွန္ကို မျမင္ေတြ႕ရဘဲ ေ႐ြးခ်ယ္ရန္မွာ သူ႕အတြက္ ခက္ခဲေနေတာ့၏။
ထို႔ေၾကာင့္ မင္းႀကီးသည္ မိမိကိုယ္ပိုင္ အေသခံ လုပ္ႀကံသူမ်ားကို စေတးရန္ ဝမ္ဖုမူအား အမိန့္ေပးၿပီး စမ္းသပ္ခဲ့ျခင္းျဖစ္သည္။ ေကာက္သစ္ စားေသာက္ပြဲေတာ္၌ မင္းသားသုံးပါး၏ ထိုင္ရန္ ေနရာကိုလည္း ေသခ်ာ စီစဥ္ထားခဲ့သည္။ သူ အသက္အႏၲရာယ္ျဖစ္ေနသည့္အခ်ိန္၌ မည္သူက ကယ္တင္မည္လဲဟု သူ အမွန္တကယ္ သိခ်င္ခဲ့မိသည္။ သို႔ေသာ္ က်န္းနန္သား လုပ္ႀကံသူႏွစ္ဦးက သူ႕အစီအစဥ္ကို ကေမာက္ကမ ျဖစ္သြားေစသည္။ သတၱမမင္းသား သူ႕ကို ကယ္လိုက္ေသာ္လည္း သူ လိုခ်င္သည့္ ရလဒ္မ်ိဳး မဟုတ္ေတာ့ေခ်။
ထိုလုပ္ႀကံသူႏွစ္ဦးအား နန္းေတာ္တြင္းထိ မည္သူက ေစလႊတ္ရဲသလဲ ရွင္ဘုရင္ သိလိုသည္။ နန္းေစာင့္တပ္မွ ကိုယ္ရံေတာ္ရဲမက္မ်ားလည္း ထိုလုပ္ႀကံသူႏွစ္ဦး၏ ေနာက္ေၾကာင္းကို လိုက္လံစုံစမ္းခဲ့ေသာ္လည္း ဘာမွ တိတိပပ မသိခဲ့ရေပ။
သူ႕ကို လုပ္ႀကံတဲ့ လူသတ္သမားမ်ားသည္ သူ၊အိမ္ေရွ႕မင္းသားႏွင့္ နဝမမင္းသားအား ပစ္မွတ္ထား လုပ္ႀကံတိုက္ခိုက္ခဲ့သည္ျဖစ္ရာ သတၱမမင္းသားမွာ သံသယဝင္စရာ အေကာင္းဆုံးျဖစ္ေနေၾကာင္း မင္းႀကီး သိသည္။ သို႔ေသာ္ သတၱမမင္းသားကလည္း ဤမွ် သိသာေအာင္ လုပ္မည္ဟု သူ မထင္ေပ။ ထိုမွ်မက သူကိုယ္တိုင္ လုပ္ႀကံသူမ်ားကို လႊတ္ထားရိုးမွန္လွ်င္ မိမိအသက္ကို စေတးခံ စြန့္စား၍ သူ႕ကို ကယ္တင္ခဲ့မည္ မဟုတ္ေပ။
အိမ္ေရွ႕မင္းသားက တမင္ အတိုက္ခိုက္ခံၿပီး သတၱမမင္းသားအား ေခ်ာက္တြန္းသည္လားဟု မင္းႀကီး ေတြးလိုက္မိသည္။ အထူးသျဖင့္ အိမ္ေရွ႕စံ၏ မိခင္၊ မိဖုရားေခါင္ႀကီးသည္ သတၱမမင္းသားကို မ်က္စိစပါးေမြးစူးေနခဲ့ၿပီး လုပ္ႀကံသူမ်ားကို နန္းတြင္းေစလႊတ္လိုက္ျခင္းလည္း ျဖစ္နိုင္သည္။ ထို႔ေၾကာင့္ သူ အိမ္ေရွ႕စံကို ဆင့္ေခၚလိုက္ၿပီး စစ္ေဆးေမးျမန္းခဲ့၏။ သို႔ေသာ္ အိမ္ေရွ႕မင္းသားသည္ ခ်က္ခ်င္း ဒူးေထာက္ကာ၊ "ဖခမည္းေတာ္ သားေတာ္ကို သံသယဝင္ရင္ အိမ္ေရွ႕စံအျဖစ္က ပယ္ရွားလိုက္ပါေတာ့" ဟု ေျပာလာလိမ့္မည္ဟု သူ မထင္ထားခဲ့။
အိမ္ေရွ႕မင္းသားက ရာထူးကို စြန့္လႊတ္မည္ဟု လြယ္လင့္တကူ အၾကပ္ကိုင္ေျပာဆိုလာသည္ကို ၾကားေတာ့ မင္းႀကီးလည္း အမ်က္ထြက္သြားၿပီး သူ အႏွစ္သက္ဆုံး မင္ေသြးေက်ာက္ကိုပင္ ပစ္ခြဲလိုက္မိေလသည္။ သူ႕ေသြးေတြအကုန္လုံး ေနာက္ျပန္စီးေနသည့္အလား ခံစားရမိေတာ့သည္။ ႏွစ္ေပါင္းမ်ားစြာ ဤမင္းသားကို ေလ့က်င့္ပ်ိဳးေထာင္ေပးရက်ိဳး မနပ္ဟု သူ စဥ္းစားမိလိုက္သည္။ ထိုအခ်ိန္အတြင္း အိမ္ေရွ႕စံကို သူ ဓားျဖင့္ ထခုတ္ခ်င္မိေလာက္ေအာင္ပင္ စိတ္တိုမိ၏။
မွန္သည္။ တတိယ သံသယရွိသူမွာ နဝမမင္းသားျဖစ္ေလသည္။ နန္းေစာင့္တပ္၏ စုံစမ္းမႈ အစီရင္ခံစာပါ အေၾကာင္းအရာမွာ 'လုပ္ႀကံသူမ်ားသည္ က်န္းနန္နယ္ စစ္တပ္မွ ရဲမက္မ်ားျဖစ္ၿပီး နဝမမင္းသားႏွင့္ ရင္းႏွီးစြဲရွိသည္' ဟူ၏။
အခ်ိန္ၾကာျမင့္သြားၿပီျဖစ္ေသာ္လည္း ေဖ့က်င္းကေတာ့ ဆက္၍ ဒူးေထာက္ေနသည္။ ေက်ာကို မတ္ထားလ်က္ နည္းနည္းေလးမွ မၫြတ္။ အရွင္မင္းႀကီး၏ ဓားေျမာင္ပမာ မ်က္ဝန္းမ်ားကေတာ့ ေဖ့က်င္းကို ေသခ်ာ စိုက္စိုက္စူးၾကည့္ေနခဲ့၏။
"မင္း ထလိုက္ေတာ့" မင္းႀကီး ေျပာလာေတာ့သည္။
ေဖ့က်င္း ေခါင္းကို ငုံ႕လ်က္က ျဖည္းျဖည္းခ်င္း ဟန္ခ်က္ထိန္းကာ ထလာလိုက္သည္။ ဝမ္ဖုမူလည္း သူ႕ထံသို႔ အေျပးသြားကာ ကူတြဲေပးရေတာ့၏။
"ေက်းဇူးတင္ပါတယ္ အရာရွိဝမ္" ေဖ့က်င္း တုံ႕ျပန္ခဲ့သည္။
ေဖ့က်င္း ဒူးမွ ေသြးစမ်ား စြန္းေပေနသည္ကိုလည္းေကာင္း၊ ၾကမ္းျပင္ေပၚမွ ေႂကြေက်ာက္ အစအန အကြဲ အစိတ္မ်ားကိုလည္းေကာင္း ၾကည့္ရင္း ရွင္ဘုရင္ စိတ္က ေပ်ာ့ေပ်ာင္းသြားေတာ့ေလသည္။
"အဲ့ဒီအခ်ိန္တုန္းက မင္းရဲ႕ ပထမဆုံး တုံ႕ျပန္မႈက မင္းရဲ႕ ၾကင္ယာေတာ္ကို ကာကြယ္ဖို႔ပဲျဖစ္ခဲ့တယ္" အရွင္မင္းႀကီးက ညွင္သာေပ်ာင္းေသာ ေလသံျဖင့္ ဆိုလာသည္။
ေဖ့က်င္း ဖခင္၏ ႐ုတ္တရက္ စကားမ်ားက ေဖ့က်င္းအား ထိတ္လန့္အံ့ၾသသြားေစခဲ့သည္။ သို႔ေသာ္လည္း သူ ေခါင္းကို ညိတ္ျပလိုက္မိသည္။ ေနာက္ေတာ့ ဖခမည္းေတာ္၏ မ်က္ဝန္းမ်ား မ်က္ရည္ဝိုင္းလာသည္ကို သူ ေတြ႕လိုက္ရေတာ့၏။
"အဲ့ဒီတုန္းက မင္းဟာ အိမ္ေရွ႕စံရယ္၊ မင္းရဲ႕ ညီေတာ္ ၁၃ ရယ္ အနားမွာရွိေနတာ" မင္းႀကီးက ဆိုသည္။
"အရာအားလုံး ျဖစ္ပ်က္သြားတာ ျမန္လြန္းခဲ့တယ္" ေဖ့က်င္း ေလွ်ာက္တင္လိုက္သည္။ "သားေတာ္မွာ စဥ္းစားေနခ်ိန္ မရွိခဲ့ပါဘူး၊ ဖခမည္းေတာ္ ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္"
ေဖ့က်င္း ႏႈတ္မွ မေျပာလိုက္ေသာ ေျဖရွင္းခ်က္ကို မင္းႀကီး နားလည္လိုက္သည္။ "ကြၽန္ေတာ္မ်ိဳး စိတ္ထဲက ရွိတဲ့အတိုင္း ျပဳမူတုံ႕ျပန္တာ ျဖစ္ၿပီး၊ ရင္ထဲက အေရးႀကီးဆုံးအရာကို အရင္ကာကြယ္မိတာပါ"ဟူေသာ သေဘာ။
"မင္း ျပန္ေတာ့" ရွင္ဘုရင္က ဆိုသည္။ "မင္းက အိမ္ေထာင္ျပဳစ ေယာက်္ားတစ္ေယာက္ပဲ၊ ဇနီးမယားနဲ႕ပဲ သြား အခ်ိန္ကုန္ေနလိုက္ပါ" သူ ခဏရပ္နားလိုက္ၿပီး ဆက္ေျပာ၏။ "ရွီးနဥ္ဆိုတဲ့ ကေလးမက မဆိုးရွာပါဘူး၊ ေသေရး ရွင္ေရးအေျခအေနမွာေတာင္ ခန္းအာကို ကာကြယ္ေပးခ်င္စိတ္ ရွိတယ္"
မေန႕ည ရွင္ဘုရင္ လုပ္ႀကံခံရစဥ္ မင္းသားမ်ား၏ တုံ႕ျပန္ပုံကို အလ်င္ ေလ့လာအကဲျဖတ္ျဖစ္ေလသည္။ ထို႔ေနာက္ေတာ့ ရွီးနဥ္က ေဖ့ခန္းကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားၿပီး ေဖ့က်င္းက သူတို႔ ႏွစ္ဦးေရွ႕မွ ကာကြယ္ေပးေနသည္ကို ေတြ႕ရေတာ့၏။
ေဖ့က်င္း ခ်ီ႐ြမ္နန္းမွ ထြက္သြားသည့္ေနာက္ မင္းႀကီးသည္ သက္ျပင္းခ်လိဳက္ၿပီး ဝမ္ဖုမူအား ၾကည့္လိုက္ေလသည္။ "ဘ႑ာတိုက္ထဲက အဖိုးတန္တစ္ခုခု ထုတ္ယူၿပီး နဝမမင္းသားအိမ္ေတာ္ကို ပို႔ေပးပါဦး"
"ဟုတ္ကဲ့ပါ အရွင္မင္းျမတ္" ဝမ္ဖုမူက ဆိုသည္။ "အရွင္မင္းႀကီး၊ နဝမမင္းသားကို တစ္ခါေလးေတာင္မွ သံသယမဝင္ခဲ့ပါဘဲနဲ႕ ဘာေၾကာင့္မ်ား ဒီလို စစ္ေမးခဲ့တာပါလဲ"
နန္းေစာင့္တပ္မ်ား၏ စုံစမ္းမႈမ်ားအထဲ က်န္းနန္ တပ္သားမ်ားပါဝင္ေနေၾကာင္းကို သူ ေတြ႕ေတာ့ ျပည့္ရွင္မင္းသည္ ၿပဳံး႐ုံသာ ၿပဳံးခဲ့ေလသည္။ ေဖ့က်င္းသည္ ဤကဲ့သို႔ သိသာထင္ရွားေနေသာ ေျခရာလက္စမ်ား ထားရစ္ခဲ့မည္ မဟုတ္မွန္း သူ သိသည္။ ထိုမွ်မက လုပ္ႀကံမႈကို က်ဴးလြန္၍လည္း ေဖ့က်င္းမွာ အက်ိဳးအျမတ္ရစရာ အေၾကာင္းမရွိေပ။ တစ္စုံတစ္ေယာက္က ေဖ့က်င္းကို တမင္ရည္႐ြယ္ေခ်ာက္ခ်ျခင္းသာ ျဖစ္မည္ဟု မင္းႀကီး ရိပ္စားမိေလသည္။ သို႔ေသာ္ မင္းႀကီးက သိသိႏွင့္ ေဖ့က်င္းအား ဤသို႔ ရက္ရက္စက္စက္ ညွာတာျခင္းမဲ့စြာ ေမးျမန္းမည္ဟု ဝမ္ဖုမူမထင္ခဲ့။
မင္းႀကီးလည္း တံခါးဝဆီသာ ေတြးေတြးဆဆ ေငး၍ ၾကည့္ေနခဲ့၏။ "က်န္းရဲ႕ သားေတာ္ေတြအနက္မွာ ေဖ့က်င္းက မွန္းဆရ အခက္ဆုံးပဲ၊ နဝမသားေတာ္ရဲ႕ စိတ္ႏွလုံးထဲမွာ ဘယ္လိုရွိေနလိမ့္မလဲ က်န္း သိခ်င္ခဲ့တာ"
မင္းႀကီးသည္ နဝမမင္းသားႏွင့္ ပတ္သက္၍ စိုးရိမ္ သကၤာမကင္းျဖစ္ေနခဲ့သည္မွန္း ဝမ္ဖုမူ သိလိုက္ရေလၿပီ။
"တန္ေတာ့... နဝမမင္းသားမွာ မမွန္းေမွ်ာ္သင့္တာကို ဆႏၵမရွိသည့္ရင္းစြဲ ျဖစ္ေနပါလိမ့္မယ္" ဝမ္ဖုမူ သတိႀကီးစြာ ထား၍ စကားျပန္ေလွ်ာက္လိုက္၏။
ျပည့္ရွင္မင္း၏ အၾကည့္မ်ားလည္း ညိုမႈန္သြားေတာ့ကာ ဝမ္ဖုမူတစ္ကိုယ္လုံး တုန္ရင္သြားရေတာ့ေလသည္။ "အရွင္မင္းႀကီး သနားငဲ့ညွာေတာ္မူပါ၊ ဒီကြၽန္ စကားလြန္မိပါတယ္"
နန္းေတာ္အျပင္ မုခ္ဝအလြန္၌မူ ေဖ့က်င္းသည္ ေအးစက္စြာ ၿပဳံးလိုက္ရင္း လာႀကိဳေနေသာ ျမင္းလွည္းအတြင္းသို႔ ေထာ့နင္း ဝင္သြားေတာ့ေလသည္။