Love of an idoit အရူးတစ်ယောက...

By Bai_lianhua

637K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း၁၂

10.7K 951 53
By Bai_lianhua

   Unicode

ရှောင်ဟန်က သူ ဒီကျိုးအိမ်တော်ကြီးကို ရောက်တဲ့ သုံးလလောက်အကြာမှာတော့ အရာအားလုံးက သူနဲ့
အတော်လေးအသားကျနေပြီဖြစ်သည်။ အိမ်တော်ကြီးက အလုပ်သမားများနှင့်လည်း ခင်မင်ရင်းနှီးလာတာကြောင့်ဒီမှာ နေရတာ သိပ်ပြီး အဆင်မပြေသလို မခံစားရတော့ဘူးလို့ သူထင်မိသည်။
မွေးစားအဖေကလည်း သူ့ကို သူ၏သားများကဲ့သို့ တန်းတူဆက်ဆံတဲ့အတွက်ကြောင့်လည်း သူ့အတွက်က လိုလေသေးမရှိ ပြည့်စုံသလောက်နီးနီးပင်။

သခင်မကြီးကတော့ သခင်ကြီးရှေ့မှာမနှစ်မြို့ကြောင်း မပြသော်လည်း သခင်ကြီးကွယ်ရာတွင်
တော့ သူ့ကို မိန်းမတို့၏ ဗီဇအတိုင်း တဗျစ်တောက်တောက် ပြောသည်မှလွဲ၍ သူအဆင်ပြေပါသည်။ ကျိုးရန် ကလည်း ကျောင်းနှင့် အပြင်တွင်သာ အထွက်များသောကြောင့် မွေးစားအဖေ ပြောသလိုပဲ သူနဲ့တကယ်ကို မဆုံဖြစ်ကြပါ။ ကျိုးရန်ဘက်ကရော မတွေ့ချင်တာရောပါလောက်သည်။

ရှောင်ဟန်ကလည်း ကျိုးရန်နှင့် အရွယ်သာတူသော်လည်း အမူအကျင့်က ကွာခြားကြသောကြောင့် သူငယ်ချင်းပေါင်း ပေါင်းဖို့နေနေသာသာ စကားပင်ရောက်ကတည်းက မပြောဖြစ်ကြပေ။ မွေးစားအဖေကလည်း ဘာမှ မမေးတော့ သူလည်း စကားပြောကြည့်ဖို့ပင် ဝန်လေးတယ်လို့ ခံစားရ၍ မပြောဖြစ်။ သူကမပြော ကိုယ်ကမပြောနဲ့ အဆင်ပြေသည်ဟုဆိုရပေမည်။

အားယွင်ကတော့ ဘာ့ကြောင့်ရယ် မသိ။တစ်နေ့တစ်ခြား ရှောင်ဟန်ကော ရှောင်ဟန်ကော ဆိုပြီး ကျောင်းက ပြန်ရောက်ရင် သူ့နားကပင်မခွာတော့ချေ။ အရင်ရက်တွေကထက်စာလျှင် တစ်နေ့တခြား ပိုပြီးသူ့အပေါ် ခင်တွယ်လာပုံရသည်။ ညတွေဆိုရင်လည်း သူ့ကို အသက်ရှုကြပ်သည်အထိ ဖက်အိပ်ထားတတ်သည်။ ကျောင်းကပြန်ရောက်ရင်လဲ ခွဲခွာနေရတဲ့ အမေကို ပြန်တွေ့သည့်အတိုင်းပင် သူ့ကို အတင်းအကြပ်ဖက်ထားသည်ကမလွတ်တော့။
ကြာလာတော့ သူကပဲကလေးချစ်တာလား...ကလေးကပဲသူ့ကိုချစ်တာလား မသဲကွဲတော့ပေ။

ဟုတ်မှာပေါ့..ဂေဟာက.ကလေးတိုင်းကတောင် သူ့ကိုဆို အရမ်းချစ်ကြသည် မဟုတ်လား။ ဝမ်းဝမ်လေးအပါအဝင် ကလေးအားလုံး လက်ငြိုးထိုးမလွဲပေ။
ရှောင်ဟန်လည်း အားယွင်လေးကို တစ်နေ့တစ်ခြား ပိုပြီး သံယောဇဉ် တွယ်လာပြီဆိုတာ မငြင်းဆန်နိုင်သည့် အမှန်တရားပင် မဟုတ်လား။ သူဆို အားယွင်လေးကျောင်းသွားရင် တစ်ယောက်ထဲပျင်းပြီး ကျန်နေခဲ့ရတာ။ မသိရင်..သူက ကလေးနဲ့မိခင်အခွဲခံထားရသည့် မိခင်မကြီးနဲ့တောင် တူချင်တူနေပေအူးမည်။

မွေးစားအဖေကလည်း ရှောင်ဟန်က ကျိုးယွင်မရှိရင် ပျင်းသည် ဆိုတာကိုရိပ်စားမိ၍လားမသိ သူ့ကို
နောက်ဆုံးပေါ် မော်ဒယ်မြင့်I phoneတစ်လုံးကို ပြီးခဲ့တဲ့လက ဝယ်ပေးထားတာကြောင့် ရှောင်ဟန် က ကျိုးယွင် ကျောင်းသွားချိန်မှာ ထိုဖုန်းနဲ့သာ တစ်နေကုန် အလုပ်ရှုပ်နေတော့သည်။

သူကလည်းမွေးစားအဖေကို အစက ထိုဖုန်းကို လက်ခံမည်မဟုတ်ကြောင်း ငြင်းဆန်သေးသည်။ မွေးစားအဖေက အားယွင်လေးကိုစောင့်ရှောက်တဲ့အတွက် ကြောင့်မဟုတ်ဘဲ အဖေတစ်ယောက်အနေနဲ့ ပေးသည့် လက်ဆောင်ဟု အတင်းဇွက်ပေးမှသာ ရှောင်ဟန်က အင်တင်တင်နဲ့ယူထားလိုက်တာဖြစ်သည်။

မွေးစားအဖေက ဖုန်းကိုတော့ သူ့အချိန်နဲ့သူ သုံးရန်မှာထားသောကြောင့်သူက အားယွင်လေးရှိရင်တော့ ထိုဖုန်းကိုမသုံးဖြစ်ပေ။ ထို့ကြောင့် အားယွင်လေးကသူဖုန်းသုံးတာကို မရိပ်မိပေ။

ကျိုးအိမ်တော်ရဲ့ စည်းကမ်းအရ ကျိုးသခင်ကြီးက သူ၏သားနှစ်ယောက်လုံးကို အသက်၁၀နှစ်ပြည့်မှ ဖုန်းသုံးခွင့်ပြုမည်ဟုထုတ်ပြန်ထားသောကြောင့်
သူကလည်း အားယွင်လေးရှေ့မှာ မသုံးမိအောင် သတိရှိရှိနေရသည်။ ကလေးဆိုတာက လက်တည့်ဆန်းချင်ကြသောကြောင့် သူက အားယွင်လေးရှေ့မှာတော့ လုံးဝဖုန်းမသုံးမိအောင် ရှောင်ကြဉ်ရသည် ။

ရှောင်ဟန်က ယခုဆိုရင် ဖုန်းသုံးတာ သိပ်မကြာသေးပေမဲ့ သူဖွင့်ထားတဲ့ Weibo acc မှာ followers ပေါင်းMနဲ့ချီနေပြီဆိုတာ မမှားပေ။ ဖြစ်နိုင်သည်က ရှောင်ဟန်ကပဲ ရုပ်ချောတာကြောင့်လား
ဖော်ရွေတာကြောင့်လားတော့ သူမသိပေ။ သူ့ရဲ့ accမှာ ထူးထူးဆန်းဆန်း ယောကျာ်းလေးအရေအတွက်က ပိုများသည်။ ဖော်ရွေတဲ့ မိန်းကလေးတွေ အကုန်လုံးက သူ့ရဲ့ပုံ တင်လိုက်တာနဲ့ ဝင်မန့်ပြီးသားပင်။

ရှောင်ဟန်ကပုံတွေတင်ရတာ ဝါသနာ ပါသည်တော့မဟုတ် သူ့ရဲ့weibo accမှာသူ့ရဲ့ပုံဆိုလို့ လေးပုံပင်မပြည့်။သူက အစားအသောက်တွေ၊ခြံထဲက ထူးခြားတဲ့ ပန်းပင်တွေကိုပဲ တင်တာများသည်။ ဒါပေမဲ့ ဝါသနာ တူရာဆိုတာ စုမိမြဲ မဟုတ်လား။သူ့ရဲ့ messenger မှာတော့ group တစ်ခုဖွဲ့ထားပြီး ပျင်းရင် စကားပြောဖြစ်သေးသည်။

အခုရှောင်ဟန်မှာ အရင်းနှီးဆုံး စကားပြောဖော်တွေ ရနေတာ တော်တော်ပင်ကြာပြီဖြစ်၍ အခုနောက်ပိုင်း အားယွင်လေးကျောင်းသွားရင် သူက ထိုသူငယ်ချင်းများနဲ့ စာအပြန်အလှန်ပို့ဖြစ်သည်။ အခုလည်း သူ သူငယ်ချင်းအသစ်တစ်ယောက်နဲ့ စာပို့နေတာ မပြီးပြတ်သေးခင် ကျောင်းကပြန်လာသည့် ကားနှစ်စီးအသံကိုကြားရသောကြောင့် ဖုန်းကို လိုင်းပင် မပိတ်မိတော့ဘဲ သိမ်းနေကျ နေရာဖြစ်တဲ့ ကျိုးယွင်ရဲ့အဝတ်ဗီရိုဘေးကသူရဲ့ အဝတ်စားဗီရိုကိုဖွင့်လိုက်ပြီး အဝတ်အစားတွေရဲ့ အောက်ဆုံးအထပ်ထိ ထိုးကာ အမြန်ဖွတ်ထားလိုက်သည်။

သူက ကျိုးယွင်ရဲ့ အခန်းမှာပါ နေရသောကြောင့် သူ့ရဲ့ အဝတ်အစားဗီရိုကိုပါ ကျိုးယွင်ရဲ့ အခန်းမှာ ထားရှိရသည်မဟုတ်လား။ထို့နောက် ရှောင်ဟန်က အောက်ထပ်ကို အမြန်ဆင်းလာခဲ့လိုက်သည်။

တော်ကြာ ကိုယ်တော်ချောက ထွက်မကြိုလို့စိတ်ဆိုးနေရင် သူကပဲ တစ်ချိန်လုံးချော့ရမည် ဆိုးသောကြောင့်ဖြစ်သည်။
ရှောင်ဟန်က သူထိန်းကျောင်းဖူးတဲ့ ကလေးများနှင့် အားယွင်ကမတူတာကို သူကိုယ်တိုင်သာသိသည်။ ဒီကလေးက စိတ်ဆိုးပြီးရင် လွယ်လွယ်နဲ့ ပြန်ချော့၍မရသည့် ကလေးမျိုးထဲတွင် ပါဝင်တယ် လို့ပြောရမည်။
အားယွင်ကို ချော့ခိုင်းမည့်အစား ရေမရှိသည့် ချောင်းထဲမှာသာ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မည်။ဟိုတစ်ခါက ထွက်ကြိုတာ နောက်ကျ၍ ဆိုပြီး သူ့ကို ၃ရက်တိတိ စကားမပြောပဲ ညတိုင်းကျ အတိုးချပြီး ဖက်အိပ်သေးသည်။အားယွင်လေးကတော့ တကယ်ကို အားယွင်လေးပင် ဖြစ်သည်။

အခုလည်း ကျောင်းကပြန်လာသည့် ကလေးကို အမေကြီးက ဆီးကြိုသကဲ့သို့ သူမှာ ကဗျာကယာဖြင့် အောက်ထပ်ကို ပြေးဆင်းနေရပြီ ဖြစ်သည်။

ရှောင်ဟန် အောက်ထပ်ကို ရောက်တော့ တွေ့ပါပြီ
သူ့ကို အလာနောက်ကျ၍ စူပုပ်ပုပ်ဖြင့် ဖြစ်နေတဲ့ ထိုကလေး...
သူလည်းသိပ်ပြီးနောက်မကျပါဘူး... ချက်ခြင်းပြေးဆင်းခဲ့တာကို ...ဘာလို့ အားယွင်က အလိုမကျသည့် ဟန်ဖြင့် သူကို ကြည့်နေတာလည်း သူစဉ်းစားမရပေ။
ရှောင်ဟန်ကလည်း မသိစရာ ဆောင်လိုက်ပြီး

"အားယွင်လေးက ပြန်ရောက်ပြီဆိုတော့ ကောကတော့ အပျင်းပြေ တော့မှာပဲ...လာလေ အပေါ်တက်ရအောင်...ဒီနေ့တော့ ကောကိုဖက်ပြီး မချွဲတော့ဘူးပေါ့....အဆိုးလေး"

"......"

ကျိုးယွင်က သူ့စကားကို မကြားသလို လုပ်ကာ အပေါ်ထပ်ကို တက်သွားလေသောကြောင့် ရှောင်ဟန်က လည်းအမှီလိုက်ခဲ့ရသည်။

အားယွင်က...ဘာလို့ သူ့ကို စိတ်ဆိုးနေတာလဲ...ဟူး...
ဒါ့ကြောင့်မို့သူပြောတာ သူအားယွင်လေးကို အခုထိ ကောင်းကောင်းမထိန်းကြောင်းနိုင်သေးဘူးလို့...
အားယွင်လေးစိတ်ဆိုးရင် သူပါနေရခက်တော့သည်။
အားယွင်လေးရဲ့ အခန်းကိုရောက်တော့ ရှောင်ဟန်က သူထွန်းထားတဲ့ မီးအလင်းကိုမှိတ်လိုက်ပြီး
မီးအမှိန် ခလုပ်ကို ပြန်နှိပ်လိုက်ကာ

"ဆောရီးနော်...အားယွင်လေး ကော မီးအမှိန် ပြန်မချိန်းမိလိုက်လို့..."

"......."

ကျိုးယွင်က ရှောင်ဟန်ကို တစ်ချက်အကဲခတ်လိုက်ပြီး

"မီးအလင်းအမှိန်က ကိစ္စမရှိဘူး... ကျွန်တော်မရှိရင်ကော ထွန်းထားလို့ရတယ်...အဓိကက ကော ရေအရင်သွားချိုးလိုက်..."

ရှောင်ဟန်ကလည်း သူ့ကိုယ်ကိုပြန်နမ်းကြည့်လိုက်ပြီး
ငါ့ ခန္ဓာကိုယ် က ချွေးနံ့ နံနေလို့အားယွင်လေးက မကပ်တာလား...ငါတော့ ဘာအနံမှမရပါဘူး...ဒါပေမဲ့လည်းသူလည်းအိုက်နေတာနဲ့အတော်ပဲ...
ရှောင်ဟန်က ကျိုးယွင်ကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။

"အင်...ဒါဆို ကော ရေသွားချိုးလိုက်အူးမယ်... ခဏစောင့်နော်"

"......"

အားယွင်က စိတ်ဆိုးနေလို့ထင်သည့် သူ့ကိုချွဲပီး
တော့... ဟုတ်..ကော...ဆိုပြီးတောင် မတုန့်ပြန်တော့ဘူး ။ကြည့်ပါလား...ဒီကလေးအားယွင်က စိတ်ဆိုးရင်လည်း ချော့ရခက်တယ်...ကပ်လွန်းရင်လည်းခွာရခက်တယ်..။အခုလည်းဘာတွေအလိုမကျဖြစ်နေသည်လည်းသူမသိ။ ကျောင်းက ပြန်ရောက်ကတည်းက သူ့ကို စကားကို၅လုံးပြည့်အောင်မပြောသေးပေ။

ရှောင်ဟန်ရေချိုးခန်းထဲကို ဝင်သွားတော့ ကျိုးယွင်ရဲ့ အမူအရာက စောစောကထက်ကို ပို၍ ဆိုးသည်ဟုပြောရမည်။ သူက ရှောင်ဟန်ကို စောင့်ကြည့်နေတာကြာပြီ ဖြစ်သည်။
တစ်ခါတစ်ခါဆို ရှောင်ဟန်ကောက သူ့ကိုဆင်းကြိုတာနောက်ကျတာ ကိစ္စမရှိပေမဲ့ ခဏခဏ ဆိုတော့ သူကခွင့်မလွတ်ပေးချင်တော့ဘူး။သူက ရှောင်ဟန်ကို ရေချိုးခိုင်းချင်၍ ချိုးခိုင်းတာတော့မဟုတ်။ ဒါကဖြစ်နေကျကိစ္စတစ်ခုလိုပင်။
ရှောင်ဟန် သူ့ကို နောက်ကျပြီးဆင်းကြိုတဲ့ ရက်တွေဆို သူက ရှောင်ဟန်ကို အရင်လို မဖက်တော့ဘူး။
ရှောင်ဟန်ရဲ့အမြင်မှာတော့ သူက စိတ်ဆိုးလို့ဟုထင်လောက်သည်။ပြီးရင် ကျိုးယွင်က သူ့ကိုရေချိုးခိုင်းသည်။ ရှောင်ဟန်က သူခန္ဓာကိုယ်က ရေမချိုးရသေးဘူးလို့ထင်၍ ချိုးခိုင်းသည်ဟုထင်ပြီး ရေဝင်ချိုးလိမ့်မည်။

အမှန်က ကျိုးယွင်က ရှောင်ဟန်ရေချိုးနေသည့်အချိန် မှာ သူလည်း သူလုပ်နေကျအရာကို ဆက်လုပ်ရမည်သာ။

ကျိုးယွင်ရဲ့ အကြည့်များက ရှောင်ဟန်ရဲ့ အဝတ်ဗီရိုကို ဉီးတည်သွားပြီး စူးစိုက်စွာကြည့်လိုက်ပြီး ထိုဗီရိုရှေ့မှာ ရပ်လိုက်လေသည်။

ရှောင်ဟန်ကော...ကောက...ကျွန်တော်ကို လှည့်စားနိုင်ပြီ ထင်နေတာပဲ...အဟက်! ကျွန်တော်က သိတာဖြင့်ကြာပေါ့...ကောရဲ့ ဖုန်းကို...ကောလာဆင်းကြိုတာ နောက်ကျတိုင်း ကျွန်တော် ဝင်စစ်တတ်တယ်တာဆိုတာ...ခင်ဗျားက မှမသိဘဲ...

ကျိုးယွင်က စိတ်တိုလွန်း၍ ကောဆိုတဲ့ နာမ်စားနေရာမှာ ခင်ဗျားဆိုပြီး သုံးမိတာတောင် သတိမထားမိတော့ဘူး..

အရင် စတွေ့တုန်းကတော့သူက ရှောင်ဟန်ကို ခင်ဗျား လို့သုံးတတ်ပေမဲ့ သူလေ့လာခဲ့တဲ့ အတောအတွင်းမှာ ရှောင်ဟန်ကောက အမေ့ဘက်က မဟုတ်လောက်မှန်း သူရိပ်မိတဲ့ အချိန်နောက်ပိုင်း ခင်ဗျား လို့ သိပ်ပြီးမသုံးနှုန်းမိဘူး။ ဒါပေမဲ့ ယခုလို စိတ်တိုတဲ့ အချိန်တွေဆိုရင် သူက သုံးနှုန်းတတ်သေးတုန်းပင်။

ကျိုးယွင်က ရှောင်ဟန်ရဲ့ ဗီရိုသော့ကို အရင်ကတည်းက ပုံစံတူ အတုလုပ်ထားပြီးသားပင်။
ကျိုးယွင်က ထိုသော့နဲ့ပဲ ရှောင်ဟန် သတိမထားမိအောင် လုပ်နေကျ လုပ်ရိုးအတိုင်းပဲ ကျွမ်းကျင်စွာ အမြန် ဖွင့်လိုက်ပြီး ရှောင်ဟန်ရဲ့ဖုန်းဖွက်နေကျနေရာ ကိုလက်နှိုက်လိုက်ပြီးဖုန်းကို ယူကြည့်လိုက်သည်။

ရှောင်ဟန်ရဲ့ဖုန်းက ယခုအထိ မီးစိမ်းနေတုန်းပင်။ ရှောင်ဟန်က password တွေ မခံတဲ့လူ ဖြစ်တာကြောင့် သူ့အတွက်က အမြဲလိုလို ယူစစ်လို့ရသည်။ အထူးသဖြင့်လာဆင်းကြိုတာ နောက်ကျသည့်ရက်တိုင်း။ ဘယ်လူက သူ့လောက် အရေးကြီးနေလို့ ဒီလောက်တောင် အချိန်ပေးနေရတာလဲ။ အခုလေးတင်စာပို့ထား၍ လိုင်းပင် မပိတ်ရသေးပေ။

ကျိုးယွင်က ရှောင်ဟန်ရဲ့ messenger ကိုဝင်လိုက်တော့ရေးထားသည်က သူစိတ်အတော်တိုသွားမိသည်။ ဒီလိုလူအတွက်နဲ့ သူ့ကို ဆင်းကြိုတာနောက်ကျသည်တဲ့လေ။

------------------------------

Zawgyi

ေရွာင္ဟန္က သူ ဒီက်ိဳးအိမ္ေတာ္ႀကီးကို ေရာက္တဲ့ သုံးလေလာက္အၾကာမွာေတာ့ အရာအားလုံးက သူနဲ႕
အေတာ္ေလးအသားက်ေနၿပီျဖစ္သည္။ အိမ္ေတာ္ႀကီးက အလုပ္သမားမ်ားႏွင့္လည္း ခင္မင္ရင္းႏွီးလာတာေၾကာင့္ဒီမွာ ေနရတာ သိပ္ၿပီး အဆင္မေျပသလို မခံစားရေတာ့ဘူးလို႔ သူထင္မိသည္။
ေမြးစားအေဖကလည္း သူ႕ကို သူ၏သားမ်ားကဲ့သို႔ တန္းတူဆက္ဆံတဲ့အတြက္ေၾကာင့္လည္း သူ႕အတြက္က လိုေလေသးမရွိ ျပည့္စုံသေလာက္နီးနီးပင္။

သခင္မႀကီးကေတာ့ သခင္ႀကီးေရွ႕မွာမႏွစ္ၿမိဳ႕ေၾကာင္း မျပေသာ္လည္း သခင္ႀကီးကြယ္ရာတြင္
ေတာ့ သူ႕ကို မိန္းမတို႔၏ ဗီဇအတိုင္း တဗ်စ္ေတာက္ေတာက္ ေျပာသည္မွလြဲ၍ သူအဆင္ေျပပါသည္။ က်ိဳးရန္ ကလည္း ေက်ာင္းႏွင့္ အျပင္တြင္သာ အထြက္မ်ားေသာေၾကာင့္ ေမြးစားအေဖ ေျပာသလိုပဲ သူနဲ႕တကယ္ကို မဆုံျဖစ္ၾကပါ။ က်ိဳးရန္ဘက္ကေရာ မေတြ႕ခ်င္တာေရာပါေလာက္သည္။

ေရွာင္ဟန္ကလည္း က်ိဳးရန္ႏွင့္ အ႐ြယ္သာတူေသာ္လည္း အမူအက်င့္က ကြာျခားၾကေသာေၾကာင့္ သူငယ္ခ်င္းေပါင္း ေပါင္းဖို႔ေနေနသာသာ စကားပင္ေရာက္ကတည္းက မေျပာျဖစ္ၾကေပ။ ေမြးစားအေဖကလည္း ဘာမွ မေမးေတာ့ သူလည္း စကားေျပာၾကည့္ဖို႔ပင္ ဝန္ေလးတယ္လို႔ ခံစားရ၍ မေျပာျဖစ္။ သူကမေျပာ ကိုယ္ကမေျပာနဲ႕ အဆင္ေျပသည္ဟုဆိုရေပမည္။

အားယြင္ကေတာ့ ဘာ့ေၾကာင့္ရယ္ မသိ။တစ္ေန႕တစ္ျခား ေရွာင္ဟန္ေကာ ေရွာင္ဟန္ေကာ ဆိုၿပီး ေက်ာင္းက ျပန္ေရာက္ရင္ သူ႕နားကပင္မခြာေတာ့ေခ်။ အရင္ရက္ေတြကထက္စာလွ်င္ တစ္ေန႕တျခား ပိုၿပီးသူ႕အေပၚ ခင္တြယ္လာပုံရသည္။ ညေတြဆိုရင္လည္း သူ႕ကို အသက္ရႈၾကပ္သည္အထိ ဖက္အိပ္ထားတတ္သည္။ ေက်ာင္းကျပန္ေရာက္ရင္လဲ ခြဲခြာေနရတဲ့ အေမကို ျပန္ေတြ႕သည့္အတိုင္းပင္ သူ႕ကို အတင္းအၾကပ္ဖက္ထားသည္ကမလြတ္ေတာ့။
ၾကာလာေတာ့ သူကပဲကေလးခ်စ္တာလား...ကေလးကပဲသူ႕ကိုခ်စ္တာလား မသဲကြဲေတာ့ေပ။

ဟုတ္မွာေပါ့..ေဂဟာက.ကေလးတိုင္းကေတာင္ သူ႕ကိုဆို အရမ္းခ်စ္ၾကသည္ မဟုတ္လား။ ဝမ္းဝမ္ေလးအပါအဝင္ ကေလးအားလုံး လက္ၿငိဳးထိုးမလြဲေပ။
ေရွာင္ဟန္လည္း အားယြင္ေလးကို တစ္ေန႕တစ္ျခား ပိုၿပီး သံေယာဇဥ္ တြယ္လာၿပီဆိုတာ မျငင္းဆန္နိုင္သည့္ အမွန္တရားပင္ မဟုတ္လား။ သူဆို အားယြင္ေလးေက်ာင္းသြားရင္ တစ္ေယာက္ထဲပ်င္းၿပီး က်န္ေနခဲ့ရတာ။ မသိရင္..သူက ကေလးနဲ႕မိခင္အခြဲခံထားရသည့္ မိခင္မႀကီးနဲ႕ေတာင္ တူခ်င္တူေနေပအူးမည္။

ေမြးစားအေဖကလည္း ေရွာင္ဟန္က က်ိဳးယြင္မရွိရင္ ပ်င္းသည္ ဆိုတာကိုရိပ္စားမိ၍လားမသိ သူ႕ကို
ေနာက္ဆုံးေပၚ ေမာ္ဒယ္ျမင့္I phoneတစ္လုံးကို ၿပီးခဲ့တဲ့လက ဝယ္ေပးထားတာေၾကာင့္ ေရွာင္ဟန္ က က်ိဳးယြင္ ေက်ာင္းသြားခ်ိန္မွာ ထိုဖုန္းနဲ႕သာ တစ္ေနကုန္ အလုပ္ရႈပ္ေနေတာ့သည္။

သူကလည္းေမြးစားအေဖကို အစက ထိုဖုန္းကို လက္ခံမည္မဟုတ္ေၾကာင္း ျငင္းဆန္ေသးသည္။ ေမြးစားအေဖက အားယြင္ေလးကိုေစာင့္ေရွာက္တဲ့အတြက္ ေၾကာင့္မဟုတ္ဘဲ အေဖတစ္ေယာက္အေနနဲ႕ ေပးသည့္ လက္ေဆာင္ဟု အတင္းဇြက္ေပးမွသာ ေရွာင္ဟန္က အင္တင္တင္နဲ႕ယူထားလိုက္တာျဖစ္သည္။

ေမြးစားအေဖက ဖုန္းကိုေတာ့ သူ႕အခ်ိန္နဲ႕သူ သုံးရန္မွာထားေသာေၾကာင့္သူက အားယြင္ေလးရွိရင္ေတာ့ ထိုဖုန္းကိုမသုံးျဖစ္ေပ။ ထို႔ေၾကာင့္ အားယြင္ေလးကသူဖုန္းသုံးတာကို မရိပ္မိေပ။

က်ိဳးအိမ္ေတာ္ရဲ႕ စည္းကမ္းအရ က်ိဳးသခင္ႀကီးက သူ၏သားႏွစ္ေယာက္လုံးကို အသက္၁၀ႏွစ္ျပည့္မွ ဖုန္းသုံးခြင့္ျပဳမည္ဟုထုတ္ျပန္ထားေသာေၾကာင့္
သူကလည္း အားယြင္ေလးေရွ႕မွာ မသုံးမိေအာင္ သတိရွိရွိေနရသည္။ ကေလးဆိုတာက လက္တည့္ဆန္းခ်င္ၾကေသာေၾကာင့္ သူက အားယြင္ေလးေရွ႕မွာေတာ့ လုံးဝဖုန္းမသုံးမိေအာင္ ေရွာင္ၾကဥ္ရသည္ ။

ေရွာင္ဟန္က ယခုဆိုရင္ ဖုန္းသုံးတာ သိပ္မၾကာေသးေပမဲ့ သူဖြင့္ထားတဲ့ Weibo acc မွာ followers ေပါင္းMနဲ႕ခ်ီေနၿပီဆိုတာ မမွားေပ။ ျဖစ္နိုင္သည္က ေရွာင္ဟန္ကပဲ ႐ုပ္ေခ်ာတာေၾကာင့္လား
ေဖာ္ေ႐ြတာေၾကာင့္လားေတာ့ သူမသိေပ။ သူ႕ရဲ႕ accမွာ ထူးထူးဆန္းဆန္း ေယာက်ာ္းေလးအေရအတြက္က ပိုမ်ားသည္။ ေဖာ္ေ႐ြတဲ့ မိန္းကေလးေတြ အကုန္လုံးက သူ႕ရဲ႕ပုံ တင္လိုက္တာနဲ႕ ဝင္မန့္ၿပီးသားပင္။

ေရွာင္ဟန္ကပုံေတြတင္ရတာ ဝါသနာ ပါသည္ေတာ့မဟုတ္ သူ႕ရဲ႕weibo accမွာသူ႕ရဲ႕ပုံဆိုလို႔ ေလးပုံပင္မျပည့္။သူက အစားအေသာက္ေတြ၊ၿခံထဲက ထူးျခားတဲ့ ပန္းပင္ေတြကိုပဲ တင္တာမ်ားသည္။ ဒါေပမဲ့ ဝါသနာ တူရာဆိုတာ စုမိၿမဲ မဟုတ္လား။သူ႕ရဲ႕ messenger မွာေတာ့ group တစ္ခုဖြဲ႕ထားၿပီး ပ်င္းရင္ စကားေျပာျဖစ္ေသးသည္။

အခုေရွာင္ဟန္မွာ အရင္းႏွီးဆုံး စကားေျပာေဖာ္ေတြ ရေနတာ ေတာ္ေတာ္ပင္ၾကာၿပီျဖစ္၍ အခုေနာက္ပိုင္း အားယြင္ေလးေက်ာင္းသြားရင္ သူက ထိုသူငယ္ခ်င္းမ်ားနဲ႕ စာအျပန္အလွန္ပို႔ျဖစ္သည္။ အခုလည္း သူ သူငယ္ခ်င္းအသစ္တစ္ေယာက္နဲ႕ စာပို႔ေနတာ မၿပီးျပတ္ေသးခင္ ေက်ာင္းကျပန္လာသည့္ ကားႏွစ္စီးအသံကိုၾကားရေသာေၾကာင့္ ဖုန္းကို လိုင္းပင္ မပိတ္မိေတာ့ဘဲ သိမ္းေနက် ေနရာျဖစ္တဲ့ က်ိဳးယြင္ရဲ႕အဝတ္ဗီရိုေဘးကသူရဲ႕ အဝတ္စားဗီရိုကိုဖြင့္လိုက္ၿပီး အဝတ္အစားေတြရဲ႕ ေအာက္ဆုံးအထပ္ထိ ထိုးကာ အျမန္ဖြတ္ထားလိုက္သည္။

သူက က်ိဳးယြင္ရဲ႕ အခန္းမွာပါ ေနရေသာေၾကာင့္ သူ႕ရဲ႕ အဝတ္အစားဗီရိုကိုပါ က်ိဳးယြင္ရဲ႕ အခန္းမွာ ထားရွိရသည္မဟုတ္လား။ထို႔ေနာက္ ေရွာင္ဟန္က ေအာက္ထပ္ကို အျမန္ဆင္းလာခဲ့လိုက္သည္။

ေတာ္ၾကာ ကိုယ္ေတာ္ေခ်ာက ထြက္မႀကိဳလို႔စိတ္ဆိုးေနရင္ သူကပဲ တစ္ခ်ိန္လုံးေခ်ာ့ရမည္ ဆိုးေသာေၾကာင့္ျဖစ္သည္။
ေရွာင္ဟန္က သူထိန္းေက်ာင္းဖူးတဲ့ ကေလးမ်ားႏွင့္ အားယြင္ကမတူတာကို သူကိုယ္တိုင္သာသိသည္။ ဒီကေလးက စိတ္ဆိုးၿပီးရင္ လြယ္လြယ္နဲ႕ ျပန္ေခ်ာ့၍မရသည့္ ကေလးမ်ိဳးထဲတြင္ ပါဝင္တယ္ လို႔ေျပာရမည္။
အားယြင္ကို ေခ်ာ့ခိုင္းမည့္အစား ေရမရွိသည့္ ေခ်ာင္းထဲမွာသာ ကိုယ့္ကိုယ္ကို သတ္ေသပစ္လိုက္မည္။ဟိုတစ္ခါက ထြက္ႀကိဳတာ ေနာက္က်၍ ဆိုၿပီး သူ႕ကို ၃ရက္တိတိ စကားမေျပာပဲ ညတိုင္းက် အတိုးခ်ၿပီး ဖက္အိပ္ေသးသည္။အားယြင္ေလးကေတာ့ တကယ္ကို အားယြင္ေလးပင္ ျဖစ္သည္။

အခုလည္း ေက်ာင္းကျပန္လာသည့္ ကေလးကို အေမႀကီးက ဆီးႀကိဳသကဲ့သို႔ သူမွာ ကဗ်ာကယာျဖင့္ ေအာက္ထပ္ကို ေျပးဆင္းေနရၿပီ ျဖစ္သည္။

ေရွာင္ဟန္ ေအာက္ထပ္ကို ေရာက္ေတာ့ ေတြ႕ပါၿပီ
သူ႕ကို အလာေနာက္က်၍ စူပုပ္ပုပ္ျဖင့္ ျဖစ္ေနတဲ့ ထိုကေလး...
သူလည္းသိပ္ၿပီးေနာက္မက်ပါဘူး... ခ်က္ျခင္းေျပးဆင္းခဲ့တာကို ...ဘာလို႔ အားယြင္က အလိုမက်သည့္ ဟန္ျဖင့္ သူကို ၾကည့္ေနတာလည္း သူစဥ္းစားမရေပ။
ေရွာင္ဟန္ကလည္း မသိစရာ ေဆာင္လိုက္ၿပီး

"အားယြင္ေလးက ျပန္ေရာက္ၿပီဆိုေတာ့ ေကာကေတာ့ အပ်င္းေျပ ေတာ့မွာပဲ...လာေလ အေပၚတက္ရေအာင္...ဒီေန႕ေတာ့ ေကာကိုဖက္ၿပီး မခြၽဲေတာ့ဘူးေပါ့....အဆိုးေလး"

"......"

က်ိဳးယြင္က သူ႕စကားကို မၾကားသလို လုပ္ကာ အေပၚထပ္ကို တက္သြားေလေသာေၾကာင့္ ေရွာင္ဟန္က လည္းအမွီလိုက္ခဲ့ရသည္။

အားယြင္က...ဘာလို႔ သူ႕ကို စိတ္ဆိုးေနတာလဲ...ဟူး...
ဒါ့ေၾကာင့္မို႔သူေျပာတာ သူအားယြင္ေလးကို အခုထိ ေကာင္းေကာင္းမထိန္းေၾကာင္းနိုင္ေသးဘူးလို႔...
အားယြင္ေလးစိတ္ဆိုးရင္ သူပါေနရခက္ေတာ့သည္။
အားယြင္ေလးရဲ႕ အခန္းကိုေရာက္ေတာ့ ေရွာင္ဟန္က သူထြန္းထားတဲ့ မီးအလင္းကိုမွိတ္လိုက္ၿပီး
မီးအမွိန္ ခလုပ္ကို ျပန္ႏွိပ္လိုက္ကာ

"ေဆာရီးေနာ္...အားယြင္ေလး ေကာ မီးအမွိန္ ျပန္မခ်ိန္းမိလိုက္လို႔..."

"......."

က်ိဳးယြင္က ေရွာင္ဟန္ကို တစ္ခ်က္အကဲခတ္လိုက္ၿပီး

"မီးအလင္းအမွိန္က ကိစၥမရွိဘူး... ကြၽန္ေတာ္မရွိရင္ေကာ ထြန္းထားလို႔ရတယ္...အဓိကက ေကာ ေရအရင္သြားခ်ိဳးလိုက္..."

ေရွာင္ဟန္ကလည္း သူ႕ကိုယ္ကိုျပန္နမ္းၾကည့္လိုက္ၿပီး
ငါ့ ခႏၶာကိုယ္ က ေခြၽးနံ႕ နံေနလို႔အားယြင္ေလးက မကပ္တာလား...ငါေတာ့ ဘာအနံမွမရပါဘူး...ဒါေပမဲ့လည္းသူလည္းအိုက္ေနတာနဲ႕အေတာ္ပဲ...
ေရွာင္ဟန္က က်ိဳးယြင္ကို ေခါင္းတစ္ခ်က္ ၿငိမ့္ျပလိုက္ၿပီး ေျပာလိုက္၏။

"အင္...ဒါဆို ေကာ ေရသြားခ်ိဳးလိုက္အူးမယ္... ခဏေစာင့္ေနာ္"

"......"

အားယြင္က စိတ္ဆိုးေနလို႔ထင္သည့္ သူ႕ကိုခြၽဲပီး
ေတာ့... ဟုတ္..ေကာ...ဆိုၿပီးေတာင္ မတုန့္ျပန္ေတာ့ဘူး ။ၾကည့္ပါလား...ဒီကေလးအားယြင္က စိတ္ဆိုးရင္လည္း ေခ်ာ့ရခက္တယ္...ကပ္လြန္းရင္လည္းခြာရခက္တယ္..။အခုလည္းဘာေတြအလိုမက်ျဖစ္ေနသည္လည္းသူမသိ။ ေက်ာင္းက ျပန္ေရာက္ကတည္းက သူ႕ကို စကားကို၅လုံးျပည့္ေအာင္မေျပာေသးေပ။

ေရွာင္ဟန္ေရခ်ိဳးခန္းထဲကို ဝင္သြားေတာ့ က်ိဳးယြင္ရဲ႕ အမူအရာက ေစာေစာကထက္ကို ပို၍ ဆိုးသည္ဟုေျပာရမည္။ သူက ေရွာင္ဟန္ကို ေစာင့္ၾကည့္ေနတာၾကာၿပီ ျဖစ္သည္။
တစ္ခါတစ္ခါဆို ေရွာင္ဟန္ေကာက သူ႕ကိုဆင္းႀကိဳတာေနာက္က်တာ ကိစၥမရွိေပမဲ့ ခဏခဏ ဆိုေတာ့ သူကခြင့္မလြတ္ေပးခ်င္ေတာ့ဘူး။သူက ေရွာင္ဟန္ကို ေရခ်ိဳးခိုင္းခ်င္၍ ခ်ိဳးခိုင္းတာေတာ့မဟုတ္။ ဒါကျဖစ္ေနက်ကိစၥတစ္ခုလိုပင္။
ေရွာင္ဟန္ သူ႕ကို ေနာက္က်ၿပီးဆင္းႀကိဳတဲ့ ရက္ေတြဆို သူက ေရွာင္ဟန္ကို အရင္လို မဖက္ေတာ့ဘူး။
ေရွာင္ဟန္ရဲ႕အျမင္မွာေတာ့ သူက စိတ္ဆိုးလို႔ဟုထင္ေလာက္သည္။ၿပီးရင္ က်ိဳးယြင္က သူ႕ကိုေရခ်ိဳးခိုင္းသည္။ ေရွာင္ဟန္က သူခႏၶာကိုယ္က ေရမခ်ိဳးရေသးဘူးလို႔ထင္၍ ခ်ိဳးခိုင္းသည္ဟုထင္ၿပီး ေရဝင္ခ်ိဳးလိမ့္မည္။

အမွန္က က်ိဳးယြင္က ေရွာင္ဟန္ေရခ်ိဳးေနသည့္အခ်ိန္ မွာ သူလည္း သူလုပ္ေနက်အရာကို ဆက္လုပ္ရမည္သာ။

က်ိဳးယြင္ရဲ႕ အၾကည့္မ်ားက ေရွာင္ဟန္ရဲ႕ အဝတ္ဗီရိုကို ဉီးတည္သြားၿပီး စူးစိုက္စြာၾကည့္လိုက္ၿပီး ထိုဗီရိုေရွ႕မွာ ရပ္လိုက္ေလသည္။

ေရွာင္ဟန္ေကာ...ေကာက...ကြၽန္ေတာ္ကို လွည့္စားနိုင္ၿပီ ထင္ေနတာပဲ...အဟက္! ကြၽန္ေတာ္က သိတာျဖင့္ၾကာေပါ့...ေကာရဲ႕ ဖုန္းကို...ေကာလာဆင္းႀကိဳတာ ေနာက္က်တိဳင္း ကြၽန္ေတာ္ ဝင္စစ္တတ္တယ္တာဆိုတာ...ခင္ဗ်ားက မွမသိဘဲ...

က်ိဳးယြင္က စိတ္တိုလြန္း၍ ေကာဆိုတဲ့ နာမ္စားေနရာမွာ ခင္ဗ်ားဆိုၿပီး သုံးမိတာေတာင္ သတိမထားမိေတာ့ဘူး..

အရင္ စေတြ႕တုန္းကေတာ့သူက ေရွာင္ဟန္ကို ခင္ဗ်ား လို႔သုံးတတ္ေပမဲ့ သူေလ့လာခဲ့တဲ့ အေတာအတြင္းမွာ ေရွာင္ဟန္ေကာက အေမ့ဘက္က မဟုတ္ေလာက္မွန္း သူရိပ္မိတဲ့ အခ်ိန္ေနာက္ပိုင္း ခင္ဗ်ား လို႔ သိပ္ၿပီးမသုံးႏႈန္းမိဘူး။ ဒါေပမဲ့ ယခုလို စိတ္တိုတဲ့ အခ်ိန္ေတြဆိုရင္ သူက သုံးႏႈန္းတတ္ေသးတုန္းပင္။

က်ိဳးယြင္က ေရွာင္ဟန္ရဲ႕ ဗီရိုေသာ့ကို အရင္ကတည္းက ပုံစံတူ အတုလုပ္ထားၿပီးသားပင္။
က်ိဳးယြင္က ထိုေသာ့နဲ႕ပဲ ေရွာင္ဟန္ သတိမထားမိေအာင္ လုပ္ေနက် လုပ္ရိုးအတိုင္းပဲ ကြၽမ္းက်င္စြာ အျမန္ ဖြင့္လိုက္ၿပီး ေရွာင္ဟန္ရဲ႕ဖုန္းဖြက္ေနက်ေနရာ ကိုလက္ႏွိုက္လိုက္ၿပီးဖုန္းကို ယူၾကည့္လိုက္သည္။

ေရွာင္ဟန္ရဲ႕ဖုန္းက ယခုအထိ မီးစိမ္းေနတုန္းပင္။ ေရွာင္ဟန္က password ေတြ မခံတဲ့လူ ျဖစ္တာေၾကာင့္ သူ႕အတြက္က အၿမဲလိုလို ယူစစ္လို႔ရသည္။ အထူးသျဖင့္လာဆင္းႀကိဳတာ ေနာက္က်သည့္ရက္တိုင္း။ ဘယ္လူက သူ႕ေလာက္ အေရးႀကီးေနလို႔ ဒီေလာက္ေတာင္ အခ်ိန္ေပးေနရတာလဲ။ အခုေလးတင္စာပို႔ထား၍ လိုင္းပင္ မပိတ္ရေသးေပ။

က်ိဳးယြင္က ေရွာင္ဟန္ရဲ႕ messenger ကိုဝင္လိုက္ေတာ့ေရးထားသည္က သူစိတ္အေတာ္တိုသြားမိသည္။ ဒီလိုလူအတြက္နဲ႕ သူ႕ကို ဆင္းႀကိဳတာေနာက္က်သည္တဲ့ေလ။

------------------------------

Continue Reading

You'll Also Like

331K 34.3K 107
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
981K 35.4K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
687K 76.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd