အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လ...

By ZuriLeora

823K 134K 14.1K

I don't own this novel. I just translate. Fully credit to original author and eng translator(s). More

DESCRIPTION
CHAPTER 1 - Go to the wrong room, wrong bed
CHAPTER 2 - Meet the rival
CHAPTER 3 - Extraordinarily Jealous
CHAPTER 4 - Cheng Feng/ Ride The Wind
CHAPTER 5 - C fan anchor
CHAPTER 6 - I'll cover you
CHAPTER 7 - One more
CHAPTER 8 - Two more
CHAPTER 9 - Three Shifts
CHAPTER 10 - The Adulterer Sees Adultery
CHAPTER 11 - We can be friends
CHAPTER 12 - A dying appointment
CHAPTER 13 - Ambiguous
CHAPTER 14- It is okay to scold me, but not to scold my fans
CHAPTER 15 - Let's Play
CHAPTER 16 - Come up with ideas
CHAPTER 17 - Me and Inhibitor, You choose one kind
CHAPTER 18 - You are such a little liar
CHAPTER 19 - Don't tempt me
CHAPTER 20 - Temporary
CHAPTER 21 - Is it okay to watch cartoons?
CHAPTER 22 - Xia Feng (Summer wind)
CHAPTER 23 - Bai Yueguang is back.
CHAPTER 24 - Dinner for three people
CHAPTER 25 - Shen Li kisses your face, I'll kiss your mouth
CHAPTER 26 - Velvet cake
CHAPTER 27 - It's my pleasure
CHAPTER 28 - The feeling of home
CHAPTER 29 - You Are Not Worthy
CHAPTER 30 - Don't be impulsive!
CHAPTER 31 - Like it?
CHAPTER 32 - He knows it all!
CHAPTER 33 - Animal world
CHAPTER 34 - Don't follow me
CHAPTER 35 - Don't you like me?
CHAPTER 36 - Who the hell is stupid?
CHAPTER 38 - You look a lot like when I was young
CHAPTER 39 - Baby, I'm a rascal
CHAPTER 40 - Because of you
CHAPTER 41 - Love Hotel
CHAPTER 42 - He is behaved
CHAPTER 43 - Improper Male-Male relationship
CHAPTER 44 - Torn Up
CHAPTER 45 - Not allow to refuse
CHAPTER 46 - Become a boyfriend
CHAPTER 47 - I like you so much
CHAPTER 48 - This is too fast
CHAPTER 49 - Do it well
CHAPTER 50 - You will regret this!
CHAPTER 51 - That's stupid
CHAPTER 52 - Your Eyes
CHAPTER 53 - He, my wife
CHAPTER 54 - Public execution
CHAPTER 55 - The dove occupies the magpie nest
CHAPTER 56 - Run thousands of miles at night
CHAPTER 57 - This is the cub of our Shen Family
CHAPTER 58 - He will be the target of every love song of mine
CHAPTER 59 - Rational and Irrational
CHAPTER 60 - Introduce me, my man
CHAPTER 61 - Life is too short
CHAPTER 62 - I am going to be a father
CHAPTER 63 - Meet in-laws
CHAPTER 64 - Face to face
CHAPTER 65 - I like you too
CHAPTER 66 - Owe to clean up
CHAPTER 67 - Annual Drama
CHAPTER 68 - Take care
CHAPTER 69 - Shura Field
CHAPTER 70 - I want you to see me.
CHAPTER 71 - Don't Cry
CHAPTER 72 - See my parents
CHAPTER 73 - Marry me
CHAPTER 74 - The ugly wife also sees her in-laws

CHAPTER 37 - You are pregnant!

9.7K 1.6K 152
By ZuriLeora

Unicode

ကုရှင်ချွမ်းကသူပြောတာတွေကိုလျစ်လျူရှုထားလိုက်ပီး သူ့ကိုဆိုဖာပေါ်မှာမှီလျက်လေးချလိုက်ပီး စုန့်ရီရဲ့မျက်နှာကိုဖျစ်လိုက်တယ် "မင်းကအမြဲတမ်းဒီလိုပဲ ငါမင်းကိုငါ့အဖေသူငယ်ချင်းရဲ့ဆေးရုံကို ခေါ်သွားပေးမယ်"

စုန့်ရီသူ့ရဲ့ဗိုက်​လေးကိုထိလိုက်ပီး မျက်နှာလွှဲလိုက်တယ် "ငါနေမကောင်းဘူးဆိုပေမဲ့ မင်းကိုအနှောင့်အယှက်မပေးချင်ဘူး"

ကုရှင်ချွမ်းကသူ့ဆီကိုမှီလာပီး မျက်နှာကိုလက်နဲ့ချုပ်ထားကာ "မင်းနဲ့ငါကနှစ်ခါတောင်အိပ်ပီးသွားတာတောင် ငါ့ကိုအပြင်လူလိုမြင်နေတုန်းပဲလား?"

စုန့်ရီကခေါင်းလှည့်လို့မရတဲ့အတွက် ကုရှင်ချွမ်းကိုပဲတည့်တည့်စိုက်ကြည့်နေရတယ်။ သူအဲ့ဒီအကြိမ်အနည်းငယ်အိပ်မိတဲ့အကြောင်းက်ုမကြား​ချင်ပေမဲ့လဲ ကုရှင်ချွမ်းကအမြဲတမ်းအဲ့တာကိုပဲပြန်ပြန်ပြောတယ်။ သူအေးစက်စက်ပြောလိုက်တယ် "ငါ့ကိုမထိနဲ့ ငါမင်းကိုစိတ်ပျက်သွားမိတော့မယ် မင်းကိုငါစွန့်ပစ်မှာကိုသတိထားနော်"

ကုရှင်ချွမ်းကသူ့ကိုလွှတ်ပေးပီး မတ်တပ်ရပ်လိုက်ကာ နူးနူးညံ့ညံ့ပြောလိုက်တယ် "မင်းဒီမှာပဲလှဲနေနော် မလှုပ်နဲ့ မင်းရဲ့အစာအိမ်နည်းနည်းသက်သာသွားအောင် စားစရာနည်းနည်းချက်ပေးမယ်"

စုန့်ရီ'အမ်း' လို့ပြောပီး သူ့မျက်နှာကိုခေါင်းအုံးနဲ့အုပ်လိုက်ပီး မီးဖိုခန်းထဲမှာကုရှင်ချွမ်းချက်ပြုတ်နေတဲ့အသံတွေနားစွင့်နေလိုက်တယ်။ တရှဲရှဲကြော်နေတဲ့အနံ့လေးရယ် ထမင်းနံ့မွှေးမွှေးလေးရယ်နဲ့တင် နဂိုကမသက်မသာဖြစ်နေတဲ့ဗိုက်ကပိုပီးကောင်းမွန်လာသလိုပဲ။

စုန့်ရီကအိမ်မှာရက်အနည်းငယ်လောက်အနားယူနေလိုက်တယ်။ ကုရှင်ချွမ်းကသူ့အိမ်ကိုမကြာခဏလာလေ့ရှိပီး သခင်လေးကုက သူ့အိမ်မှာအချိန်ပိုင်းအိမ်မှုကိစ္စ​လုပ်နေရတာကိုကျေနပ်နေတယ်။ စုန့်ရီသူ့ကိုနှင်ထုတ်လဲမရတာမို့ ဒီတိုင်းပဲလွှတ်ထားပေးလိုက်ရတယ်။

Beacon Country က လေ့ကျင့်ရေးသင်တန်းအကြောင်းသတင်းကိုလဲစုန့်ရီစိုးရိမ်နေတယ်။ သူ့ကိုရွေးချယ်ဖို့အတွက်ဆို သူဌေးတစ်ယောက်ရဲ့​အကြုံပေး​ထောက်ခံမှုကိုလဲလိုသေးတယ်။ ဆရာပြောတာကတော့ သူဌေးကအတော်လေး လျှို့ဝှက်သိုသိပ်တယ်တဲ့။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကနိုင်ငံရေးနဲ့စီးပွားရေးလုပ်ကိုင်မှုမှာခက်ခဲမှုတွေရှိခဲ့တယ်။ ဒါပေမဲ့အခုမှာအားလုံးကပြန်အဆင်ပြေသွားပီဖြစ်ပီး ထိုသူဌေးဆီကထောက်ခံမှုသာရမယ်ဆိုရင် အနာဂတ်အတွက်အထောက်အပံ့အရင်းအမြစ်တွေကိုစိုးရိမ်စရာမလိုတော့ဘူး။

စုန့်ရီကဆရာ့ကိုစိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်းပြောလိုက်ပီး လက်ဖက်ခြောက်ကောင်းကောင်းတစ်ဗူး​လက်ဆောင်ပေးလိုက်တယ်။ နောက်တော့ထိုဥက္ကဌနဲ့တွေ့ဖို့ အချိန်ကိုလဲပြင်ဆင်ထားလိုက်တယ်။

စုန့်ရီကျန်းမာရေးစစ်ဆေးဖို့စီစဥ်ထားတဲ့ရက်​ကရောက်လာပီဖြစ်တယ်။ သူကစုန့်ကျဲကလေးမွေးမဲ့ဆေးရုံကိုပဲသွားစစ်လိုက်ပီး စုန့်ကျဲဆီကိုလဲအလည်ဝင်လိုက်တယ်။ စုန့်ကျဲမှာအခုတော့ ဖရဲသီးလိုဗိုက်လုံးလုံးလေးရှိနေပီ။ စုန့်ရီကကျန်းမာရေးတွေစစ်ဆေးပီးတော့ result စောင့်နေတုန်းမှာ သူမနဲ့စကားခနလောက်ပြောနေလိုက်တယ်။

ဆရာဝန်တစ်ယောက်ကလေးနက်တဲ့မျက်နှာထားနဲ့ တံခါးကိုခေါက်လာတယ် "မင်းကလူနာရဲ့သွေးသားရင်းလား?"

စုန့်ရီကမတ်တပ်ရပ်လိုက်ပီး​ ခေါင်းငြိမ့်ပြလိုက်တယ် "ကျွန်တော်ကလူနာရဲ့အစ်ကိုပါဗျ"

"သွေးသားရင်းနော်"

"ဟုတ်ပါတယ်ဗျ"

ဆရာဝန်ကသူ့လက်ထဲကဆေးစစ်ချင်ကိုကြည့်ပီးမျက်မှောင်ကြုတ်လိုက်တယ် "လူနာမှာ သွေးခဲစေတဲ့သွေးဆဲလ်တွေနည်းနေတယ် ကလေးမွေးပီးသွားရင်သွေးထွက်လွန်တာမျိုးမဖြစ်ဖို့အတွက် သူ့ကို့သွေးဆဲလ်တွေပေးရမယ်"

စုန့်ရီစိတ်ပူသွားတယ် "အရမ်းဆိုးလားဗျ?"

တကယ်လို့ဆိုးတယ်ဆိုရင် သူအများကြီးလှူလိုက်မယ် ဘာပဲဖြစ်ဖြစ်ဒါတွေက ပြန်ပီးတိုးလာမှာပဲလေ။

ဆရာဝန်ကပြောတယ် "အဆိုးကြီးမဟုတ်ပါဘူး ခင်ဗျားကိုမေးရတဲ့အကြောင်းအရင်းက ခင်ဗျားကသူ့ရဲ့သွေးသားရင်းဆိုလို့ပါ မိသားစုဝင်ဖြစ်တဲ့အတွက် လက်မခံနိုင်ခြေကနည်းမှာမို့ပါ"

စုန့်ကျဲကစိတ်လှုပ်ရှားစွာနဲ့သူ့အင်္ကျီကိုအကြိမ်အနည်းငယ်လောက်ဆွဲလိုက်ပီး မျက်နှာဖျော့ဖျော့နဲ့မေးလာတယ် "ကိုကိုငါအဆင်ပြေသွားမှာပါ ဟုတ်တယ်မလား?"

စုန့်ရီကသူမလက်လေးကိုပုတ်ပေးလိုက်ပီး ဆရာဝန်ကိုလိုက်ပို့လိုက်တယ်။ နောက်တော့ သူ့​ကုတင်ဘေးကထိုင်ခုံမှာထိုင်လိုက်ပီး ဆံပင်လေးကိုပွတ်သပ်ပေးပီး ပြုံးပြလိုက်တယ် "နင်ကဘာမှမဖြစ်နိုင်ပါဘူး နင့်မှာကလိမ္မာတဲ့ကလေးလေးရှိလာမှာ ငါကငါ့ရဲ့တူလေးမွေးလာဖို့စောင့်နေမယ်နော်"

စုန့်ကျဲကဖြေးဖြေးလေးခေါင်းငြိမ့်လိုက်ပီး သူ့လက်ကိုတင်းတင်းကိုင်ထားတယ်။ သူ့လက်ဖဝါးမှာတော့ချွေးတွေနဲ့စိုနေတယ် "ငါကလေးမွေးတာကို TV မှာကြည့်တုန်းကအရမ်းကြောက်နေတာ သူအခုထပ်ပြောသလိုသာဆိုကြောက်စရာအရမ်းကောင်းမှာပဲ"

"ငတုံးမလေး" စုန့်ရီကသူမရဲ့လက်ဖမိုးကိုဖွဖွလေးပုတ်လိုက်တယ်။ သူစိတ်ပူနေပေမဲ့ စုန့်ကျဲရှေ့မှာ​တော့ မပြသခဲ့ဘူး "ဒေါက်တာကအရမ်းကြီးဆိုးတဲ့အခြေအနေဆိုရင် နင့်ကိုပြောမှာပေါ့ မင်းကကံကောင်းတဲ့ကောင်မလေးပါ မကြောက်နဲ့နော်"

စုန့်ကျဲကစုန့်ရီရဲ့တည်ငြိမ်တဲ့အမူအရာကိုမြင်တော့ သူလဲစိုးရိမ်နေတာတွေတဖြည်းဖြည်းသက်သာသွားတယ်။ စုန့်ရီမှာကဒီလိုမှော်စွမ်းအားမျိုးရှိတယ်။ ပြဿနာတွေဘယ်လောက်ပဲကြီးကြီး သူမကသူ့ကိုမြင်နေရ​သရွေ့ ဘာ​ကိုမှမကြောက်တော့ဘူး။

စုန့်ရီကသူ့ရဲ့ကျန်းမာရေးစစ်ဆေးချက်ထွက်လာတဲ့မွန်းလွဲပိုင်းအချိန်ထိ စုန့်ကျဲနဲ့အတူအဖော်ပြုပေးခဲ့တယ်။ သူ့လက်ထဲကစာရွက်အထပ်လိုက်ကိုကိုင်ပီး positive, negative data တွေကိုရှုပ်ထွေးစွာကြည့်ရင်း ဆရာဝန်ရဲ့ရုံးခန်းထဲဝင်သွားလိုက်တယ်။

ဆရာဝန်ကအရင်တစ်ခါတုန်းကသူပြခဲ့ဆရာဝန်မဖြစ်ပီး သူကဆေးစစ်ချက်တွေကိုလှန်လျှောကြည့်လိုက်တယ်။.သူကစုန့်ရီတဲ့ထူးဆန်းတဲ့အကြည့်တစ်ခုနဲ့ကြည့်လာပီး ကြင်နာတဲ့အပြုံးတစ်ခုပြုံးပြတယ် "ကြည့်ရတာငါမင်းကို AO mutual aid website မပေးခဲ့သင့်ဘူးထင်တယ် မင်းမှာကအဖော်တောင်ရှိနေပီမလား?"

စုန့်ရီကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး ဘာကိုဆိုလိုလဲနားမလည်နိုင်ဖြစ်နေတယ် "ကျွန်တော်ပျို့အန်တာတွေဖြစ်နေတာဘာလို့လဲ ဆေးရုံတက်ဖို့လိုလားမသိဘူးဗျ"

ဆရာဝန်မကြီးကသူ့ကိုစနောက်သလိုကြည့်လာတယ် "မင်းအခုတလော ပင်းပန်းတာမျိုးတို့ အစားအသောက်ပျက်တာမျိုးတို့ရှိလား?"

စုန့်ရီခေါင်းငြိမ့်ပြလိုက်ပီး ဆရာဝန်မကြီးရဲ့ပျော်ရွှင်နေတဲ့အမူအရာကိုကြည့်လိုက်တယ်။ သူ့မှာကမ္ဘာပေါ်ကရှားရှားပါးပါးရောဂါတစ်မျိုးရှိနေတာလားဆိုတဲ့ယောင်တောင်တောင်ပေါင်တောင်တောင်အတွေးတွေဝင်လာတယ်။

ဆရာဝန်မကြီးက CT report တစ်ခုကိုဖြန့်လိုက်ပီး ဝမ်းဗိုက်အပေါ်ပိုင်းနားမှာရှိနေတဲ့ အနက်ရောင်ပုံရိပ်သေးသေးလေးတစ်ခုကိုညွှန်ပြပီး ပျော်ရွှင်စွာပြောလာတယ် "ဒီပုစိလေးကိုကြည့်ကြည့် အဲ့တာဖြစ်ပီးတာသုံးလရှိပီ ဟုတ်တယ်မလား?"

စုန့်ရီကခေါင်းလှည့်ပီး အဲ့တာကိုကြည့်လိုက်တယ်။ အနက်ရောင်အစက်အပျော်ကလေးတွေက ပုလင်းအဖုံးအရွယ်အစားလောက်လေးစုပီးဝိုင်းဝိုင်းလေးဖြစ်နေတယ်။ သူမျက်မှောင်ကြုံ့လိုက်တယ် "အကျိတ်လား?"

ဆရာဝန်မကြီးကဟာသတစ်ခုကြားလိုက်ရသလိုပဲ တခစ်ခစ်ရယ်လိုက်ပီး CT film ကို ကောက်ယူလိုက်ပီး စုန့်ရီမျက်နှာရှေ့ပြလိုက်တယ် "ဒါကမင်းရဲ့ကလေးလေး မင်းမှာကိုယ်ဝန်ရှိနေပီ!"

ဘာကြီး!?

ကိုယ်ဝန်!?

စုန့်ရီစိတ်တွေရှုပ်ထွေးနေတယ်။ သူကဘယ်လိုလုပ်ကိုယ်ဝန်ရှိလာတာလဲ။ recessive omega တစ်ယောက်ကပြည့်ပြည့်စုံစုံမဖွံ့ဖြိုးသေးဘူးလေ ဘယ်လိုဖြစ်လို့ ကိုယ်ဝန်ကရသွားတာတုန်း။

ဆရာဝန်မကြီးကသူပျော်နေတယ်လို့ထင်လိုက်ပီး အားရဝမ်းသာပြောလာတယ် "ကလေးလေးကကောင်းကောင်းဖွံ့ဖြိုးနေတယ် ဒီကာလမှာမင်းရဲ့ခန္တာကိုယ်ကိုဂရုစိုက်သင့်တယ် check-up ကတစ်လမှာတစ်ခါ​...."

"ဘယ်လိုလုပ်ကျွန်တော်ကိုယ်ဝန်ရနိုင်တာလဲ?" စုန့်ရီရဲ့နှုတ်ခမ်းတွေကတုန်ယင်နေပီး နဖူးမှာလဲချွေးတွေသီးနေပီဖြစ်တယ်။

ဆရာဝန်မကြီးကသူ့ကိုထူးဆန်းသလိုကြည့်လာတယ် "မင်းတို့အကာအကွယ်တွေသုံးခဲ့လို့လား?"

စုန့်ရီအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် "ဟင့်အင်း"

ကုရှင်ချွမ်းအရူးကောင်က ကွန်ဒုံးမသုံးချင်ဘူး။ စုန့်ရီကလဲကိုယ်ဝန်ရသွားမယ်လို့မ​ထင်တော့ နှစ်ခါလုံးဘာဆေးမှမသောက်ခဲ့ဘူး။

ဆရာဝန်မကြီးကပြောလာတယ် "မင်းက recessive omega တစ်ယောက်မို့လို့ ကိုယ်ဝန်ရနိုင်​ချေနည်းပါးပေမဲ့လဲ ဖြစ်နိုင်ချေလုံးဝမရှိတာမျိုးမဟုတ်ဘူးလေ တကယ်လို့မင်းတို့အကာအကွယ်မသုံးဘူးဆိုရင် ကိုယ်ဝန်ရမှာကသေချာတာပေါ့"

စုန့်ရီကနှာခေါင်းရိုးကိုဖျစ်လိုက်ပီး တည်ငြိမ်အောင်ကြိုးစားလိုက်တယ် "ကျွန်တော်ဘယ်လိုလုပ်သင့်လဲ?"

ဆရာဝန်မကြီးကချောင်းဟန့်လိုက်ပီး အလေးအနက်ပြောလာတယ် "ကိုယ်ဝန်ဆောင်ပီးတဲ့အခါမှာ omega ကအရမ်းတောင့်တတာမျိုးတွေရှိတယ် ဒါပေမဲ့ကလေးရဲ့ကျန်းမာရေးအတွက် သင့်သင့်တင့်တင့်လုပ်ရမယ် အသင့်တော်ဆုံးကတော့ တစ်ပတ်မှာ သုံးလေးခါလောက်ပေါ့ လုပ်ဖို့ကိုတော့သတိရပါ"

" .... "

စုန့်ရီလည်ချောင်းထဲကိုသွေးတွေဆန်တက်လာသလိုပဲ။ အသက်ရှူတွေနှေးသွားပီး ရှက်ရွံ့သွားရတယ်။

"ပီးတော့ကျန်သေးတယ်!" ဆရာဝန်မကြီးကစားပွဲပေါ်ကဖိုင်ထဲကနေ အရောင်စုံပါတဲ့စာစောင်လေးထုတ်ယူလိုက်ပီး စုန့်ရီကိုပေးလိုက်တယ် "မင်းရဲ့alpha ကဒီနေ့မလာဘူးဆိုတော့ ဒါလေးကိုမင်းကသူ့ဆီကိုယူသွားပေး ဒီထဲမှာ တချို့ကြိုတင်ကာကွယ်မှုတွေပါတယ် ပီးတော့ ကျောက်ကပ်နဲ့ကာမအားတိုးစေဖို့အတွက် အားဆေးတွေနဲ့စားရမဲ့အစာတွေလဲပါတယ် ဒီလိုဆိုရင်မင်းတရုတ်ဆေးသမားတော်တွေဆီကိုသွားကြည့်စရာမလိုတော့ဘူး ဒါကအလုပ်ဖြစ်တယ်!"

စုန့်ရီအဲ့တာကိုယူလိုက်ပီး အစွန်းလေးကိုခပ်တင်းတင်းဖျစ်ပီး တွန့်ကျေသွားစေတယ်။

ဆရာဝန်မကြီးက​ပြုံးလိုက်တယ် "ပြန်ပီးတော့ သတင်းကောင်းကိုမင်းရဲ့ alpha နဲ့ဝေမျှလိုက်အုံး မင်းတို့မှာကျန်းမာလှပတဲ့ကလေးလေးရလာဖို့ဆုတောင်းပေးနေမယ်နော်"

စုန့်ရီဆေးရုံထဲကနေစိတ်ပျက်လက်ပျက်ထွက်လာတယ်။ သူ့မျက်နှာကစာရွက်တစ်ရွက်လိုဖြူဖတ်နေပီးတော့ အရင်ကလိုတည်ငြိမ်ပီး ဘာကိုမှဂရုမစိုက်တဲ့ပုံကနေလုံးဝကိုကွဲထွက်နေတယ်။

သူအသက်ရှင်နေခဲ့နှစ်​ဆယ့်ခြောက်နှစ်ကာလပတ်လုံးမှာ ဒီနေ့လောက်ရှက်စရာကောင်းတဲ့ အချိန်မရှိခဲ့ဖူးဘူး။

သူကတကယ်ကြီးကုရှင်ချွမ်းရဲ့ကလေးလေးကိုကိုယ်ဝန်လွယ်ထားရတယ်။

အချိန်အကြာကြီတိုင်အောင် သူဒီအံ့ဩထိတ်လန့်မှုကနေပြန်ပီးမသက်သာသေးဘူး။ သူ့ဗိုက်ထဲမှာ ကုရှင်ချွမ်းရဲ့ ရှောင်ဖင်းကိုင်း*ကနေဖြစ်လာတဲ့ ​ရှောင်ဖင်းကိုင်းလေးရှိနေပီ။

စုန့်ရီကသူ့လက်ထဲမှာကားသော့ကိုနုံးချိစွာကိုင်းရင်း မြေအောက်ထက်ကားပါကင်ကိုလျှောက်လာလိုက်တယ်။ သူ့နောက်ကနေကားဟွန်းတီသံကြားလိုက်တာမို့ သူခေါင်းလှည့်ပီးကြည့်လိုက်တော့ လိမ္မော်ရောင် McLaren ကသူ့ဘေးနားမှာရပ်သွားတယ်။

ကားရဲ့အနက်ရောင်မှန်ကတဖြည်းဖြည်းနိမ့်သွားပီး ကုရှင်ချွမ်းရဲ့ချောမောတဲ့မျက်နှာလေးပေါ်လာတယ်။ သူကမေးငေါ့လိုက်ပီး co-pilot တံခါးကိုဖွင့်ပေးတယ် "မင်းဆေးရုံမှာရောက်နေမယ်လို့ငါထင်သားပဲ ဆေးစစ်တာရလဒ်ကဘယ်လိုထွက်လာလဲ?"

စုန့်ရီမျက်နှာနည်းနည်းပျက်သွားပီး သူ့လက်ထဲကဆေးစစ်ချက်တွေထည့်ထားတဲ့အိတ်ကိုလဲတင်းတင်းဆုပ်မိသွားတယ်။ သူကခေါင်းကိုငုံ့ပီး နှူတ်ခမ်းကိုတင်းတင်းဖိကာ တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "အဆင်ပြေပါတယ် ဒီတိုင်အစာအိမ်နည်းနည်းယောင်တာ"

ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်ပီး နှုတ်ခမ်းအစွန်းတွေကနည်းနည်းကော့တက်သွားတယ် "မင်းကအစားလဲပုံမှန်မစားဘူး ပီးတော့တစ်ချိန်လုံးသောက်ဖို့ပဲတွေးနေတာ ဘယ်သူကမင်းကိုဂရုစိုက်ပေးလဲငါကြည့်ရအုံးမယ်"

"မင်းအဲ့ဒီအကြောင်းကိုစိုးရိမ်မနေပါနဲ့" စုန့်ရီကထုံထိုင်းစွာပြောလိုက်ပီး ကားထဲကိုဝင်ထိုင်လိုက်တယ်။ ကားအတွင်းထဲကလေအေးပေးစက်ဆီက​လေအေးအေးကြောင့် စုန့်ရီအေးခနဲဖြစ်သွားပီး လည်ပင်းကိုပွတ်သပ်လိုက်တယ်။

ကုရှင်ချွမ်းကမျက်မှောင်တစ်ချက်ကြုံ့လိုက်ကာ လက်လှမ်းကာအပူချိန်ကိုမြှင့်ပေးလိုက်ပီး သဘောမကျစွာပြောလာတယ် "ငါကမင်းရဲ့လူလေ မင်းကိုဘယ်သူဂရုစိုက်ပေးလဲဆိုတာ ငါဂရုမစိုက်လို့ဘယ်ရမလဲ"

စုန့်ရီမျက်နှာလွှဲလိုက်ပီး သူ့ဆီမှာအာရုံမထားတော့ဘဲ သူ့တို့နောက်မှာတရိပ်ရိပ်ကျန်နေခဲ့တဲ့မြင်ကွင်းကို ကားမှန်ကနေတဆင့်ကြည့်နေလိုက်တယ်။ သူခေါင်းကမူးဝေပီးတွေဝေနေတုန်းပဲ။

ကုရှင်ချွမ်းကသူ့ကိုအိမ်အထိလိုက်ပို့ပေးတယ်။ သူတို့အိမ်အောက်ထပ်ကိုရောက်တော့ စုန့်ရီကကားထဲကထွက်မ်လို့ပြင်လိုက်တယ်။ ကုရှင်ချွမ်းကစုန့်ရီရဲ့လက်ကောက်ဝတ်ကိုကိုင်ပီး ထိုင်ခုံပေါ်ကိုဆွဲချလိုက်ကာ အရှက်မရှိသူ့ဆီကိုကိုင်းလာတယ် "မင်းငါ့ကိုနမ်းရင်သွားခွင့်ပေးမယ်"

စုန့်ရီမျက်မှောင်ကြုတ်လိုက်တယ် "မနမ်းဘူး လွှတ်ပေး"

ကုရှင်ချွမ်းမျက်လုံးတွေက မျဥ်းတစ်ခုလိုမှေးသွားပီး နှုတ်ခမ်းတွေကွေးတက်သွားတယ် "မင်းငါ့ကိုနမ်းမလား ငါကမင်ကိုနမ်းရမလား မင်းတစ်ခုရွေး"

စုန့်ရီကုရှင်ချွမ်းရဲ့အားအပြည့်နဲ့နမ်းတာကို​လန့်နေတုန်းပဲ။ ကုရှင်ချွမ်းကိုသာသူ့ကိုနမ်းခိုင်းလိုက်ရင် အဆုံးသတ်တော့မှာမဟုတ်ဘူး။ သူအိမ်ပြန်ပီးတော့ သူ့အတွေးတွေကိုခွဲခြမ်းစိတ်ဖြာရအုံးမယ်။

စုန့်ရီကလည်ပင်းဆန့်လိုက်ပီး ကုရှင်ချွမ်းရဲ့ပါးပေါ်ကို ဖြစ်သလို 'မွ' ခနဲနမ်းလိုက်တယ်။

သူပြန်ပီးနောက်မဆုတ်ခင်မှာပဲ ကုရှင်ချွမ်းကသူ့ရဲ့မေးသွယ်သွယ်ကိုကိုင်ပီး သူ့ကိုပြင်းပြင်းပြပြနမ်းလာတယ်။ နောက်တော့ သူ့အနမ်းတွေနှုတ်ခမ်းတွေကနေတဆင့် နည်းနည်းလေးငေါထွက်နေတဲ့ လည်စေ့ဆီရောက်သွားတယ်။ လျက်လိုက်ကိုက်လိုက်နဲ့ သူ့လှုပ်ရှားမှုတွေက ဖိနှိပ်လိုစိတ်နဲ့လှုံ့ဆော်မှုတွေပြည့်နေတယ်။

"ဒါကိုမှနမ်းတယ်လို့ခေါ်တာ" ကုရှင်ချွမ်းကနှုတ်ခမ်းတွေကိုကျေနပ်စွာလျှာနဲ့သပ်လိုက်တယ်။

စုန့်ရီပခုံးးတွေကအကြိမ်အနည်းငယ်လောက်တုန်ခါနေပီး သူ့ရဲ့လည်ချောင်းကလဲအဆက်မပြတ်လှုပ်ရှားနေတယ်။ စုန့်ရီသူ့ကိုသူကားထဲကတည်တည်ငြိမ်ငြိမ်ထွက်နိုင်အောင်အတင်းတွန်းအားပေးလိုက်ရပီး မျက်နှာသေကြီးနဲ့ပြောလိုက်တယ် "ဒီလိုမျိုးနောက်တစ်ခါထပ်မလုက်နဲ့ မင်းရူး​နေတာလား?"

ကုရှင်ချွမ်းကသူ့ကိုခပ်နောက်နောက်စိုက်ကြည့်လာတယ် "ငါကမင်းရဲ့နှုတ်ခမ်းတွေတင်နမ်းချင်တာမဟုတ်ဘူး မင်းရဲ့နေရာတိုင်းကိုနမ်းချင်တာ မုန်းစရာကောင်းတယ်မလား?"

"မင်းကတကယ်ယုတ်မာတာပဲ" စုန့်ရီတကယ်သူ့ကိုအဲ့လိုမျိုးထင်တယ်။ ဘယ်လိုလုပ်ဒီလိုအရှက်မဲ့တဲ့စကားလုံးတွေကိုပြောနိုင်ရတာလဲ။

ကုရှင်ချွမ်းကတခစ်ခစ်ရယ်လိုက်ပီး သူထွက်သွားခါနီးမှာ ကားမှန်ကိုသူ့လက်ချောင်းသွယ်သွယ်တွေနဲ့ခေါက်လိုက်တယ် "ငါငါ့အဖေနဲ့စီးပွားရေး banquet တစ်ခုသွားစရာရှိတယ် ငါမင်းအိမ်ကိုဆယ်နာရီလောက်ကျရောက်လာမှာမို့ တံခါးဖွင့်ထားပေးနော်"

စုန့်ရီကဘာမှမကြားသလိုဟန်ဆောင်လိုက်ပီး အိမ်ကိုပဲတည့်တည့်မတ်မတ်ပြန်သွားလိုက်တယ်။ အိမ်ကိုရောက်တော့ သူအဝတ်တွေချွတ်လိုက်ပီး ရေချိုးခန်းထဲဝင်လိုက်ကာရေပန်းဖွင့်လိုက်တယ်။ ရေနွေးနွေးလေးတွေကသူ့ရဲ့ဆံပင်တွေ လည်ပင်းတွေကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကိုနွေးထွေးစွာဖြတ်စီးသွားတယ်။

စုန့်ရီဘာမှမခံစားရတဲ့ဗိုက်လေးကိုထိကြည့်လိုက်တယ်။ ဗိုက်လေးကပြားပြားလေးဖြစ်နေပေမဲ့  အထဲထဲမှာတော့ ရှောင်ဖင်းကိုင်းလေးရှိနေတယ်။ သူအစတုန်းကသူတွေ့ကြုံနေရတဲ့အရာကိုထိတ်လန့်နေခဲ့တယ်။

သူကလေးတွေကိုသဘောကျတယ်။ သူကကလေးဘဝကနွမ်းပါးခဲ့တာကြောင့်ဖြစ်နိုင်တယ် သူ့မှာကလေးလေးတွေရှိလာရင် ဘယ်လိုချစ်ပေးပီး ဘယ်လိုဂရုစိုက်မဲ့အကြောင်းတွေစိတ်ကူးကြည့်ဖူးတယ်။ သူကလေးလေးတွေကပျော်ပျော်ရွှင်ရွှင်ကြီးပြင်းရပီး သူ့ရဲ့ငယ်ဘဝလိုမနေခိုင်းဘူး။ သူကမ္ဘာပေါ်ကအကောင်းဆုံးသောအဖေတွေထဲကတစ်ယောက်ဖြစ်လာရမယ်ပေါ့။

ဒါကဒီတိုင်း ... သူကကလေးလေးတွေမွေးပေးရမယ်လို့တော့တစ်ခါမှမမျှော်လင့်ဖူးဘူး။ပီးတော့သူမွေးရမှာကကုရှင်ချွမ်းရဲ့ကလေးလေး။

နောက်ပီး သူလုံးဝမတွေးတတ်တာက ကုရှင်ချွမ်းကကလေးအတွက် အဖေဖြစ်နိုင်လား?

သူမျက်နှာပေါ်ရေတွေကိုအကြမ်းပတမ်းသုတ်လိုက်ပီး သူ့ပါးကိုသူခပ်ဆတ်ဆတ်လေးရိုက်ကာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့သတိပေးနေရတယ်။ ကုရှင်ချွမ်းကသူနဲ့ fuck buudy ဖြစ်ချင်ပီး သူကကျကုရှင်ချွမ်းရဲ့ကလေးကိုလွယ်ထားရတယ်။ ဒါကသူကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တာပဲ။ သူ့အတွက်တော့ ဒါကတကယ်ရှက်စရာကောင်းတယ်။ လူမှုအသိုင်းအဝိုင်းမှာ အမြော်အမြင်နည်းနည်းပဲရှိတဲ့လူတောင် အပြင်ထွက်ပီးပျော်ပါးရင် သူ့လိုကိစ္စမျိုးဖြစ်လာမှာမဟုတ်ဘူး။

သူရေချိုးပီးသွားတော့ ကတိုက်ကရိုက်အ​ခြောက်ခံလိုက်ပီး ဖဲသား bathrobe လေးဝတ်လိုက်ကာ သဘက်တစ်ထည်နဲ့ဆံပင်ကိုသုတ်လိုက်တယ်။ သူကလေသာဆောင်မှာအေးအေးဆေးဆေးထိုင်လိုက်ပီး သူ့ခေါင်းထက်က ကြယ်တွေနဲ့လက်နေတဲ့ကောင်း​ကင်ကြီးကိုကြည့်နေလိုက်တယ်။

သူ့ကလေးဘဝတုန်းကချို့တဲ့မှုကိုပြင်ဆင်ဖို့အတွက် ကလေးလေး​ကိုမွေးလိုက်ဖို့စုန့်ရီဆုံးဖြတ်လိုက်တယ်။ သူရဲ့အလုပ်များလှတဲ့ဘဝထဲကိုအသက်ဓာတ်လေးတစ်ခုထပ်ပီးထည့်သွင်းရ​မယ်ဆိုပေမဲ့လဲ 'ရှောင်ဖင်းကိုင်း' လေးရောက်ရှိဖို့ သူလှိုက်လှိုက်လှဲလှဲမျှော်လင့်မိတယ်။

သေချာတာက ဒါကကုရှင်ချွမ်းနဲ့ဘာမှမဆိုင်ဘူး။ ကုရှင်ချွမ်းကမျိုးစေ့တွေအများကြီး ကြဲသွားတာဆိုပေမဲ့ ရှောင်ဖင်းကိုင်းလေးကသူ့မြေပေါ်မှာမွေးပီးသူ့ဆီမှာကြီးရမှာပဲ။

ကုရှင်ချွမ်းကသူ့ရဲ့ကိုယ်စားလှယ်နဲ့ရောက်လာပီး နှစ်ယောက်သားဟာတံခါးကိုအချိန်အကြာကြီးခေါက်နေကြတယ်။ စုန့်ရီလဲတံခါးဖွင့်ပေးတာနည်းနည်းနောက်ကျသွားတယ်။

ကုရှင်ချွမ်းကနည်းနည်းမူးနေပုံပေါ်ပေမဲ့ သူကတံခါးမှာမတ်မတ်ရပ်နေပီး လက်ဝှေ့ယမ်းလိုက်တယ် "အစ်ကို​ကျိုး ကျွန်တော့်အိမ်ရောက်ပီ"

စုန့်ရီကလက်ပိုက်ပီးသူတို့ကို​ကြည့်နေလိုက်တယ်။ အစ်ကိုကျိုးကစုန့်ရီကို​ကြည့်ပီး ရှက်ရွံ့စွာပြုံးလိုက်တယ်။ သူကဆံပင်ကိုသပ်ပီးပြောလိုက်တယ် "သူနည်းနည်းမူးနေတယ် စိတ်ပူစရာတော့မလိုပါဘူး သူကမင်းအိမ်ကိုပြန်မယ်ဆိုတာနဲ့ငါလဲမတတ်နိုင်ဘဲလိုက်ပို့ရတာ"

အစ်ကိုကျိုးကနည်းနည်းအသက်ကြီးနေပီး အသက်​ကလေးဆယ်ပတ်လည်လောက်ဖြစ်တယ်။ စုန့်ရီလဲသူ့ကိုဒုက္ခမပေးချင်တာနဲ့ပဲ တံခါးဖွင့်ပေးပီး ကုရှင်ချွမ်းကိုဝင်ခိုင်းလိုက်တော့တယ်။

ပိုပီးနီးလာတဲ့အခါမှာ ကုရှင်ချွမ်းဆီကဘရန်ဒီနံ့ကိုစုန့်ရီရလိုက်တယ်။ အနံ့ကအရမ်းပြင်းလွန်းပီး ဘယ်လောက်တောင်သောက်ထားလဲသူလဲမသိဘူး။

ကုရှင်ချွမ်းကဖိနပ်ချွတ်ပီး ဆိုဖာပေါ်မှာငြိမ်ငြိမ်လေးထိုင်နေကာ remote လေးကိုင်ပီး TV ကြည့်နေတယ်။ အားလုံးကပုံမှန်အတိုင်းပါပဲ သူ့မျက်နှာရှင်းရှင်းသန့်သန့်လေးမှာ ခပ်ရဲရဲလေးဖြစ်နေတာကလွဲရင် မူးနေတဲ့လက္ခဏာဘာမှမရှိဘူး။

သူမူးနေလားမမူးဘူးလားဆိုတာကိုစုန့်ရီသေချာမပြောနိုင်ဘူး။ ကုရှင်ချွမ်းကမမူးချင်ယောင်ဆောင်တာမှာအကောင်းဆုံးဖြစ်နေတာလားပဲ။

သူကရေချိုးခန်းထဲကိုဝင်လိုက်ပီး bathtub ထဲရေထည့်ကာ လက်ထိပ်လေးနဲ့ရေအပူချိန်ကိုစမ်းသပ်ပီး အဆင်ပြေတယ်ဆိုမှထွက်လာလိုက်တယ် "မင်းရေသွားချိုးအုံး အရက်နံ့တွေထွက်​နေတယ်"

ကုရှင်ချွမ်းက TV ကိုပဲစိတ်ဝင်တစားကြည့်နေပီး နှာမှုတ်လိုက်တယ် "ငါရေမချိုးဘူး"

စုန့်ရီ TV ပေါ်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါ 'SpongeBob' ကိုတွေ့တော့ သူရယ်ချင်သွားတယ် "ကုရှင်ချွမ်း မင်းအရက်အများကြီးသောက်လာတာလား?"

ကုရှင်ချွမ်းကခေါင်းလှည့်လာပီး မျက်လုံးတွေမှေးကျဥ်းကာစုန့်ရီမျက်နှာကိုသေချာကြည့်နေတယ် "မင်းကစုန့်ရီလား ရှန်းလီလား?"

သူကဘယ်သူမှန်းတောင်မသိတော့တာမို့ စုန့်ရီကဖွဖွလေးပြုံးလိုက်ပီး စနောက်လိုက်တယ် "ငါကရှန်းလီလေ ဘာဖြစ်လို့လဲ?"

"ငါအများကြီးမသောက်ထားဘူး အခုထိရှင်းရှင်းလင်းလင်းရှိသေးတယ်" ကုရှင်ချွမ်းအသံကတည်ငြိမ်နေပီး သူ့မေးကိုမော့ပီး စုန့်ရီကိုဝင့်ကြွားစွာကြည့်လာတယ် "ငါကအရမ်းမူးနေတဲ့ပုံပေါ်လို့လား?"

စုန့်ရီရယ်ချလိုက်ပီး သူ့ဆီကိုလျှောက်သွားလိုက်ကာ ​ဆံပင်လေးတွေကိုခွေးလေးတစ်ကောင်လိုမျိုးပွတ်သပ်လိုက်တယ်။

ကုရှင်ချွမ်းကသူ့လက်ကိုခပ်ကြမ်းကြမ်းရိုက်ထုတ်လိုက်ပီး အေးစက်စက်ကြည့်လာတယ် "မကောင်းတဲ့လက်တွေ ငါ့​ဆံပင်ပေါ်မှာလျှောက်လုပ်လို့ရတယ်ထင်နေတာလား?"

"ဟုတ်ပါပြီ မလုပ်တော့ဘူး"

စုန့်ရီရယ်ချင်တာကိုထိန်းထားလိုက်ပီး ခေါင်းယမ်းကာနူးနူးညံ့ညံ့ပြောလိုက်တယ် "ငါကရှန်းလီမဟုတ်ဘူး စုန့်ရီ"

ကုရှင်ချွမ်းမျက်လုံးတွေကသူ့မျက်နှာပေါ်မှာ အချိန်ခနလောက်ရပ်တန့်သွားပီး သူ့ရှေ့ကလူကဘယ်သူလဲဆိုတာခွဲခြားနေပုံရတယ်။ သူကအကြာကြီးစိုက်ကြည့်ပီးတဲ့အခါမှာ ဆိုဖာပေါ်မှာဝုန်းခနဲလှဲချလိုက်ပီး အသံတိုးတိုးနဲ့ပြောတယ် "မင်းကစုန့်ရီပဲ ငါအများကြီးသောက်ထားရတာ ခေါင်းတွေကိုက်နေပီ ငါနည်းနည်းပူတာလေးတစ်ခုခုသောက်ချင်တယ် ငါ့ကိုသွားယူပေးပါအုံး"

The author has something to say: ကလေးလေးရဲ့နာမည်လေးပြောပေးကြပါအုံး။ ကုကူကူးလို့တော့မပြောနဲ့နော်။

~~~~~~~~
*Xiăo píng gài တဲ့ eng translation မှာကျ small bottle cap ဒါမှမဟုတ် vial cap တဲ့။ မြန်မာလိုကျကိုယ်လဲလှအောင်မပြန်တတ်တော့ ရှောင်ဖင်းကိုင်းလို့ပဲရေးလိုက်တယ်။ အသံထွက်မှားနေရင်ပြောပေးကြပါအုံး။

Zawgyi

ကုရွင္ခၽြမ္းကသူေျပာတာေတြကိုလ်စ္လ်ဴရွုထားလိုက္ပီး သူ႔ကိုဆိုဖာေပၚမွာမွီလ်က္ေလးခ်လိုက္ပီး စုန္႔ရီရဲ့မ်က္ႏွာကိုဖ်စ္လိုက္တယ္ "မင္းကအျမဲတမ္းဒီလိုပဲ ငါမင္းကိုငါ့အေဖသူငယ္ခ်င္းရဲ့ေဆး႐ုံကို ေခၚသြားေပးမယ္"

စုန္႔ရီသူ႔ရဲ့ဗိုက္​ေလးကိုထိလိုက္ပီး မ်က္ႏွာလႊဲလိုက္တယ္ "ငါေနမေကာင္းဘူးဆိုေပမဲ့ မင္းကိုအေႏွာင့္အယွက္မေပးခ်င္ဘူး"

ကုရွင္ခၽြမ္းကသူ႔ဆီကိုမွီလာပီး မ်က္ႏွာကိုလက္နဲ႔ခ်ဳပ္ထားကာ "မင္းနဲ႔ငါကႏွစ္ခါေတာင္အိပ္ပီးသြားတာေတာင္ ငါ့ကိုအျပင္လူလိုျမင္ေနတုန္းပဲလား?"

စုန္႔ရီကေခါင္းလွည့္လို႔မရတဲ့အတြက္ ကုရွင္ခၽြမ္းကိုပဲတည့္တည့္စိုက္ၾကည့္ေနရတယ္။ သူအဲ့ဒီအႀကိမ္အနည္းငယ္အိပ္မိတဲ့အေၾကာင္းက္ုမၾကား​ခ်င္ေပမဲ့လဲ ကုရွင္ခၽြမ္းကအျမဲတမ္းအဲ့တာကိုပဲျပန္ျပန္ေျပာတယ္။ သူေအးစက္စက္ေျပာလိုက္တယ္ "ငါ့ကိုမထိနဲ႔ ငါမင္းကိုစိတ္ပ်က္သြားမိေတာ့မယ္ မင္းကိုငါစြန္႔ပစ္မွာကိုသတိထားေနာ္"

ကုရွင္ခၽြမ္းကသူ႔ကိုလႊတ္ေပးပီး မတ္တပ္ရပ္လိုက္ကာ ႏူးႏူးညံ့ညံ့ေျပာလိုက္တယ္ "မင္းဒီမွာပဲလွဲေနေနာ္ မလွုပ္နဲ႔ မင္းရဲ့အစာအိမ္နည္းနည္းသက္သာသြားေအာင္ စားစရာနည္းနည္းခ်က္ေပးမယ္"

စုန္႔ရီ'အမ္း' လို႔ေျပာပီး သူ႔မ်က္ႏွာကိုေခါင္းအုံးနဲ႔အုပ္လိုက္ပီး မီးဖိုခန္းထဲမွာကုရွင္ခၽြမ္းခ်က္ျပဳတ္ေနတဲ့အသံေတြနားစြင့္ေနလိုက္တယ္။ တရွဲရွဲေၾကာ္ေနတဲ့အနံ့ေလးရယ္ ထမင္းနံ့ေမႊးေမႊးေလးရယ္နဲ႔တင္ နဂိုကမသက္မသာျဖစ္ေနတဲ့ဗိုက္ကပိုပီးေကာင္းမြန္လာသလိုပဲ။

စုန္႔ရီကအိမ္မွာရက္အနည္းငယ္ေလာက္အနားယူေနလိုက္တယ္။ ကုရွင္ခၽြမ္းကသူ႔အိမ္ကိုမၾကာခဏလာေလ့ရွိပီး သခင္ေလးကုက သူ႔အိမ္မွာအခ်ိန္ပိုင္းအိမ္မွုကိစၥ​လုပ္ေနရတာကိုေက်နပ္ေနတယ္။ စုန္႔ရီသူ႔ကိုႏွင္ထုတ္လဲမရတာမို႔ ဒီတိုင္းပဲလႊတ္ထားေပးလိုက္ရတယ္။

Beacon Country က ေလ့က်င့္ေရးသင္တန္းအေၾကာင္းသတင္းကိုလဲစုန္႔ရီစိုးရိမ္ေနတယ္။ သူ႔ကိုေရြးခ်ယ္ဖို႔အတြက္ဆို သူေဌးတစ္ေယာက္ရဲ့​အၾကဳံေပး​ေထာက္ခံမွုကိုလဲလိုေသးတယ္။ ဆရာေျပာတာကေတာ့ သူေဌးကအေတာ္ေလး လၽွို႔ဝွက္သိုသိပ္တယ္တဲ့။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကနိုင္ငံေရးနဲ႔စီးပြားေရးလုပ္ကိုင္မွုမွာခက္ခဲမွုေတြရွိခဲ့တယ္။ ဒါေပမဲ့အခုမွာအားလုံးကျပန္အဆင္ေျပသြားပီျဖစ္ပီး ထိုသူေဌးဆီကေထာက္ခံမွုသာရမယ္ဆိုရင္ အနာဂတ္အတြက္အေထာက္အပံ့အရင္းအျမစ္ေတြကိုစိုးရိမ္စရာမလိုေတာ့ဘူး။

စုန္႔ရီကဆရာ့ကိုစိတ္ရင္းနဲ႔ေက်းဇူးတင္ေၾကာင္းေျပာလိုက္ပီး လက္ဖက္ေျခာက္ေကာင္းေကာင္းတစ္ဗူး​လက္ေဆာင္ေပးလိုက္တယ္။ ေနာက္ေတာ့ထိုဥကၠဌနဲ႔ေတြ႕ဖို႔ အခ်ိန္ကိုလဲျပင္ဆင္ထားလိုက္တယ္။

စုန္႔ရီက်န္းမာေရးစစ္ေဆးဖို႔စီစဥ္ထားတဲ့ရက္​ကေရာက္လာပီျဖစ္တယ္။ သူကစုန္႔က်ဲကေလးေမြးမဲ့ေဆး႐ုံကိုပဲသြားစစ္လိုက္ပီး စုန္႔က်ဲဆီကိုလဲအလည္ဝင္လိုက္တယ္။ စုန္႔က်ဲမွာအခုေတာ့ ဖရဲသီးလိုဗိုက္လုံးလုံးေလးရွိေနပီ။ စုန္႔ရီကက်န္းမာေရးေတြစစ္ေဆးပီးေတာ့ result ေစာင့္ေနတုန္းမွာ သူမနဲ႔စကားခနေလာက္ေျပာေနလိုက္တယ္။

ဆရာဝန္တစ္ေယာက္ကေလးနက္တဲ့မ်က္ႏွာထားနဲ႔ တံခါးကိုေခါက္လာတယ္ "မင္းကလူနာရဲ့ေသြးသားရင္းလား?"

စုန္႔ရီကမတ္တပ္ရပ္လိုက္ပီး​ ေခါင္းၿငိမ့္ျပလိုက္တယ္ "ကၽြန္ေတာ္ကလူနာရဲ့အစ္ကိုပါဗ်"

"ေသြးသားရင္းေနာ္"

"ဟုတ္ပါတယ္ဗ်"

ဆရာဝန္ကသူ႔လက္ထဲကေဆးစစ္ခ်င္ကိုၾကည့္ပီးမ်က္ေမွာင္ၾကဳတ္လိုက္တယ္ "လူနာမွာ ေသြးခဲေစတဲ့ေသြးဆဲလ္ေတြနည္းေနတယ္ ကေလးေမြးပီးသြားရင္ေသြးထြက္လြန္တာမ်ိဳးမျဖစ္ဖို႔အတြက္ သူ႔ကို႔ေသြးဆဲလ္ေတြေပးရမယ္"

စုန္႔ရီစိတ္ပူသြားတယ္ "အရမ္းဆိုးလားဗ်?"

တကယ္လို႔ဆိုးတယ္ဆိုရင္ သူအမ်ားႀကီးလွူလိုက္မယ္ ဘာပဲျဖစ္ျဖစ္ဒါေတြက ျပန္ပီးတိုးလာမွာပဲေလ။

ဆရာဝန္ကေျပာတယ္ "အဆိုးႀကီးမဟုတ္ပါဘူး ခင္ဗ်ားကိုေမးရတဲ့အေၾကာင္းအရင္းက ခင္ဗ်ားကသူ႔ရဲ့ေသြးသားရင္းဆိုလို႔ပါ မိသားစုဝင္ျဖစ္တဲ့အတြက္ လက္မခံနိုင္ေျခကနည္းမွာမို႔ပါ"

စုန္႔က်ဲကစိတ္လွုပ္ရွားစြာနဲ႔သူ႔အကၤ်ီကိုအႀကိမ္အနည္းငယ္ေလာက္ဆြဲလိုက္ပီး မ်က္ႏွာေဖ်ာ့ေဖ်ာ့နဲ႔ေမးလာတယ္ "ကိုကိုငါအဆင္ေျပသြားမွာပါ ဟုတ္တယ္မလား?"

စုန္႔ရီကသူမလက္ေလးကိုပုတ္ေပးလိုက္ပီး ဆရာဝန္ကိုလိုက္ပို႔လိုက္တယ္။ ေနာက္ေတာ့ သူ႔​ကုတင္ေဘးကထိုင္ခုံမွာထိုင္လိုက္ပီး ဆံပင္ေလးကိုပြတ္သပ္ေပးပီး ျပဳံးျပလိုက္တယ္ "နင္ကဘာမွမျဖစ္နိုင္ပါဘူး နင့္မွာကလိမၼာတဲ့ကေလးေလးရွိလာမွာ ငါကငါ့ရဲ့တူေလးေမြးလာဖို႔ေစာင့္ေနမယ္ေနာ္"

စုန္႔က်ဲကေျဖးေျဖးေလးေခါင္းၿငိမ့္လိုက္ပီး သူ႔လက္ကိုတင္းတင္းကိုင္ထားတယ္။ သူ႔လက္ဖဝါးမွာေတာ့ေခၽြးေတြနဲ႔စိုေနတယ္ "ငါကေလးေမြးတာကို TV မွာၾကည့္တုန္းကအရမ္းေၾကာက္ေနတာ သူအခုထပ္ေျပာသလိုသာဆိုေၾကာက္စရာအရမ္းေကာင္းမွာပဲ"

"ငတုံးမေလး" စုန္႔ရီကသူမရဲ့လက္ဖမိုးကိုဖြဖြေလးပုတ္လိုက္တယ္။ သူစိတ္ပူေနေပမဲ့ စုန္႔က်ဲေရွ႕မွာ​ေတာ့ မျပသခဲ့ဘူး "ေဒါက္တာကအရမ္းႀကီးဆိုးတဲ့အေျခအေနဆိုရင္ နင့္ကိုေျပာမွာေပါ့ မင္းကကံေကာင္းတဲ့ေကာင္မေလးပါ မေၾကာက္နဲ႔ေနာ္"

စုန္႔က်ဲကစုန္႔ရီရဲ့တည္ၿငိမ္တဲ့အမူအရာကိုျမင္ေတာ့ သူလဲစိုးရိမ္ေနတာေတြတျဖည္းျဖည္းသက္သာသြားတယ္။ စုန္႔ရီမွာကဒီလိုေမွာ္စြမ္းအားမ်ိဳးရွိတယ္။ ျပႆနာေတြဘယ္ေလာက္ပဲႀကီးႀကီး သူမကသူ႔ကိုျမင္ေနရ​သေရြ႕ ဘာ​ကိုမွမေၾကာက္ေတာ့ဘူး။

စုန္႔ရီကသူ႔ရဲ့က်န္းမာေရးစစ္ေဆးခ်က္ထြက္လာတဲ့မြန္းလြဲပိုင္းအခ်ိန္ထိ စုန္႔က်ဲနဲ႔အတူအေဖာ္ျပဳေပးခဲ့တယ္။ သူ႔လက္ထဲကစာရြက္အထပ္လိုက္ကိုကိုင္ပီး positive, negative data ေတြကိုရွုပ္ေထြးစြာၾကည့္ရင္း ဆရာဝန္ရဲ့႐ုံးခန္းထဲဝင္သြားလိုက္တယ္။

ဆရာဝန္ကအရင္တစ္ခါတုန္းကသူျပခဲ့ဆရာဝန္မျဖစ္ပီး သူကေဆးစစ္ခ်က္ေတြကိုလွန္ေလၽွာၾကည့္လိုက္တယ္။.သူကစုန္႔ရီတဲ့ထူးဆန္းတဲ့အၾကည့္တစ္ခုနဲ႔ၾကည့္လာပီး ၾကင္နာတဲ့အျပဳံးတစ္ခုျပဳံးျပတယ္ "ၾကည့္ရတာငါမင္းကို AO mutual aid website မေပးခဲ့သင့္ဘူးထင္တယ္ မင္းမွာကအေဖာ္ေတာင္ရွိေနပီမလား?"

စုန္႔ရီကမ်က္လုံးေတြကိုေမွးက်ဥ္းလိုက္ပီး ဘာကိုဆိုလိုလဲနားမလည္နိုင္ျဖစ္ေနတယ္ "ကၽြန္ေတာ္ပ်ိဳ႕အန္တာေတြျဖစ္ေနတာဘာလို႔လဲ ေဆး႐ုံတက္ဖို႔လိုလားမသိဘူးဗ်"

ဆရာဝန္မႀကီးကသူ႔ကိုစေနာက္သလိုၾကည့္လာတယ္ "မင္းအခုတေလာ ပင္းပန္းတာမ်ိဳးတို႔ အစားအေသာက္ပ်က္တာမ်ိဳးတို႔ရွိလား?"

စုန္႔ရီေခါင္းၿငိမ့္ျပလိုက္ပီး ဆရာဝန္မႀကီးရဲ့ေပ်ာ္ရႊင္ေနတဲ့အမူအရာကိုၾကည့္လိုက္တယ္။ သူ႔မွာကမၻာေပၚကရွားရွားပါးပါးေရာဂါတစ္မ်ိဳးရွိေနတာလားဆိုတဲ့ေယာင္ေတာင္ေတာင္ေပါင္ေတာင္ေတာင္အေတြးေတြဝင္လာတယ္။

ဆရာဝန္မႀကီးက CT report တစ္ခုကိုျဖန္႔လိုက္ပီး ဝမ္းဗိုက္အေပၚပိုင္းနားမွာရွိေနတဲ့ အနက္ေရာင္ပုံရိပ္ေသးေသးေလးတစ္ခုကိုညႊန္ျပပီး ေပ်ာ္ရႊင္စြာေျပာလာတယ္ "ဒီပုစိေလးကိုၾကည့္ၾကည့္ အဲ့တာျဖစ္ပီးတာသုံးလရွိပီ ဟုတ္တယ္မလား?"

စုန္႔ရီကေခါင္းလွည့္ပီး အဲ့တာကိုၾကည့္လိုက္တယ္။ အနက္ေရာင္အစက္အေပ်ာ္ကေလးေတြက ပုလင္းအဖုံးအရြယ္အစားေလာက္ေလးစုပီးဝိုင္းဝိုင္းေလးျဖစ္ေနတယ္။ သူမ်က္ေမွာင္ၾကဳံ႕လိုက္တယ္ "အက်ိတ္လား?"

ဆရာဝန္မႀကီးကဟာသတစ္ခုၾကားလိုက္ရသလိုပဲ တခစ္ခစ္ရယ္လိုက္ပီး CT film ကို ေကာက္ယူလိုက္ပီး စုန္႔ရီမ်က္ႏွာေရွ႕ျပလိုက္တယ္ "ဒါကမင္းရဲ့ကေလးေလး မင္းမွာကိုယ္ဝန္ရွိေနပီ!"

ဘာႀကီး!?

ကိုယ္ဝန္!?

စုန္႔ရီစိတ္ေတြရွုပ္ေထြးေနတယ္။ သူကဘယ္လိုလုပ္ကိုယ္ဝန္ရွိလာတာလဲ။ recessive omega တစ္ေယာက္ကျပည့္ျပည့္စုံစုံမဖြံ့ၿဖိဳးေသးဘူးေလ ဘယ္လိုျဖစ္လို႔ ကိုယ္ဝန္ကရသြားတာတုန္း။

ဆရာဝန္မႀကီးကသူေပ်ာ္ေနတယ္လို႔ထင္လိုက္ပီး အားရဝမ္းသာေျပာလာတယ္ "ကေလးေလးကေကာင္းေကာင္းဖြံ့ၿဖိဳးေနတယ္ ဒီကာလမွာမင္းရဲ့ခႏၲာကိုယ္ကိုဂ႐ုစိုက္သင့္တယ္ check-up ကတစ္လမွာတစ္ခါ​...."

"ဘယ္လိုလုပ္ကၽြန္ေတာ္ကိုယ္ဝန္ရနိုင္တာလဲ?" စုန္႔ရီရဲ့ႏွုတ္ခမ္းေတြကတုန္ယင္ေနပီး နဖူးမွာလဲေခၽြးေတြသီးေနပီျဖစ္တယ္။

ဆရာဝန္မႀကီးကသူ႔ကိုထူးဆန္းသလိုၾကည့္လာတယ္ "မင္းတို႔အကာအကြယ္ေတြသုံးခဲ့လို႔လား?"

စုန္႔ရီအသက္ျပင္းျပင္းတစ္ခ်က္ရွူလိုက္တယ္ "ဟင့္အင္း"

ကုရွင္ခၽြမ္းအ႐ူးေကာင္က ကြန္ဒုံးမသုံးခ်င္ဘူး။ စုန္႔ရီကလဲကိုယ္ဝန္ရသြားမယ္လို႔မ​ထင္ေတာ့ ႏွစ္ခါလုံးဘာေဆးမွမေသာက္ခဲ့ဘူး။

ဆရာဝန္မႀကီးကေျပာလာတယ္ "မင္းက recessive omega တစ္ေယာက္မို႔လို႔ ကိုယ္ဝန္ရနိုင္​ေခ်နည္းပါးေပမဲ့လဲ ျဖစ္နိုင္ေခ်လုံးဝမရွိတာမ်ိဳးမဟုတ္ဘူးေလ တကယ္လို႔မင္းတို႔အကာအကြယ္မသုံးဘူးဆိုရင္ ကိုယ္ဝန္ရမွာကေသခ်ာတာေပါ့"

စုန္႔ရီကႏွာေခါင္းရိုးကိုဖ်စ္လိုက္ပီး တည္ၿငိမ္ေအာင္ႀကိဳးစားလိုက္တယ္ "ကၽြန္ေတာ္ဘယ္လိုလုပ္သင့္လဲ?"

ဆရာဝန္မႀကီးကေခ်ာင္းဟန္႔လိုက္ပီး အေလးအနက္ေျပာလာတယ္ "ကိုယ္ဝန္ေဆာင္ပီးတဲ့အခါမွာ omega ကအရမ္းေတာင့္တတာမ်ိဳးေတြရွိတယ္ ဒါေပမဲ့ကေလးရဲ့က်န္းမာေရးအတြက္ သင့္သင့္တင့္တင့္လုပ္ရမယ္ အသင့္ေတာ္ဆုံးကေတာ့ တစ္ပတ္မွာ သုံးေလးခါေလာက္ေပါ့ လုပ္ဖို႔ကိုေတာ့သတိရပါ"

" .... "

စုန္႔ရီလည္ေခ်ာင္းထဲကိုေသြးေတြဆန္တက္လာသလိုပဲ။ အသက္ရွူေတြေႏွးသြားပီး ရွက္ရြံ့သြားရတယ္။

"ပီးေတာ့က်န္ေသးတယ္!" ဆရာဝန္မႀကီးကစားပြဲေပၚကဖိုင္ထဲကေန အေရာင္စုံပါတဲ့စာေစာင္ေလးထုတ္ယူလိုက္ပီး စုန္႔ရီကိုေပးလိုက္တယ္ "မင္းရဲ့alpha ကဒီေန႔မလာဘူးဆိုေတာ့ ဒါေလးကိုမင္းကသူ႔ဆီကိုယူသြားေပး ဒီထဲမွာ တခ်ိဳ႕ႀကိဳတင္ကာကြယ္မွုေတြပါတယ္ ပီးေတာ့ ေက်ာက္ကပ္နဲ႔ကာမအားတိုးေစဖို႔အတြက္ အားေဆးေတြနဲ႔စားရမဲ့အစာေတြလဲပါတယ္ ဒီလိုဆိုရင္မင္းတ႐ုတ္ေဆးသမားေတာ္ေတြဆီကိုသြားၾကည့္စရာမလိုေတာ့ဘူး ဒါကအလုပ္ျဖစ္တယ္!"

စုန္႔ရီအဲ့တာကိုယူလိုက္ပီး အစြန္းေလးကိုခပ္တင္းတင္းဖ်စ္ပီး တြန္႔ေက်သြားေစတယ္။

ဆရာဝန္မႀကီးက​ျပဳံးလိုက္တယ္ "ျပန္ပီးေတာ့ သတင္းေကာင္းကိုမင္းရဲ့ alpha နဲ႔ေဝမၽွလိုက္အုံး မင္းတို႔မွာက်န္းမာလွပတဲ့ကေလးေလးရလာဖို႔ဆုေတာင္းေပးေနမယ္ေနာ္"

စုန္႔ရီေဆး႐ုံထဲကေနစိတ္ပ်က္လက္ပ်က္ထြက္လာတယ္။ သူ႔မ်က္ႏွာကစာရြက္တစ္ရြက္လိုျဖဴဖတ္ေနပီးေတာ့ အရင္ကလိုတည္ၿငိမ္ပီး ဘာကိုမွဂ႐ုမစိုက္တဲ့ပုံကေနလုံးဝကိုကြဲထြက္ေနတယ္။

သူအသက္ရွင္ေနခဲ့ႏွစ္​ဆယ့္ေျခာက္ႏွစ္ကာလပတ္လုံးမွာ ဒီေန႔ေလာက္ရွက္စရာေကာင္းတဲ့ အခ်ိန္မရွိခဲ့ဖူးဘူး။

သူကတကယ္ႀကီးကုရွင္ခၽြမ္းရဲ့ကေလးေလးကိုကိုယ္ဝန္လြယ္ထားရတယ္။

အခ်ိန္အၾကာႀကီတိုင္ေအာင္ သူဒီအံ့ဩထိတ္လန္႔မွုကေနျပန္ပီးမသက္သာေသးဘူး။ သူ႔ဗိုက္ထဲမွာ ကုရွင္ခၽြမ္းရဲ့ ေရွာင္ဖင္းကိုင္း*ကေနျဖစ္လာတဲ့ ​ေရွာင္ဖင္းကိုင္းေလးရွိေနပီ။

စုန္႔ရီကသူ႔လက္ထဲမွာကားေသာ့ကိုႏုံးခ်ိစြာကိုင္းရင္း ေျမေအာက္ထက္ကားပါကင္ကိုေလၽွာက္လာလိုက္တယ္။ သူ႔ေနာက္ကေနကားဟြန္းတီသံၾကားလိုက္တာမို႔ သူေခါင္းလွည့္ပီးၾကည့္လိုက္ေတာ့ လိေမၼာ္ေရာင္ McLaren ကသူ႔ေဘးနားမွာရပ္သြားတယ္။

ကားရဲ့အနက္ေရာင္မွန္ကတျဖည္းျဖည္းနိမ့္သြားပီး ကုရွင္ခၽြမ္းရဲ့ေခ်ာေမာတဲ့မ်က္ႏွာေလးေပၚလာတယ္။ သူကေမးေငါ့လိုက္ပီး co-pilot တံခါးကိုဖြင့္ေပးတယ္ "မင္းေဆး႐ုံမွာေရာက္ေနမယ္လို႔ငါထင္သားပဲ ေဆးစစ္တာရလဒ္ကဘယ္လိုထြက္လာလဲ?"

စုန္႔ရီမ်က္ႏွာနည္းနည္းပ်က္သြားပီး သူ႔လက္ထဲကေဆးစစ္ခ်က္ေတြထည့္ထားတဲ့အိတ္ကိုလဲတင္းတင္းဆုပ္မိသြားတယ္။ သူကေခါင္းကိုငုံ႔ပီး ႏွူတ္ခမ္းကိုတင္းတင္းဖိကာ တည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္တယ္ "အဆင္ေျပပါတယ္ ဒီတိုင္အစာအိမ္နည္းနည္းေယာင္တာ"

ကုရွင္ခၽြမ္းကသူ႔ကိုတစ္ခ်က္ၾကည့္ပီး ႏွုတ္ခမ္းအစြန္းေတြကနည္းနည္းေကာ့တက္သြားတယ္ "မင္းကအစားလဲပုံမွန္မစားဘူး ပီးေတာ့တစ္ခ်ိန္လုံးေသာက္ဖို႔ပဲေတြးေနတာ ဘယ္သူကမင္းကိုဂ႐ုစိုက္ေပးလဲငါၾကည့္ရအုံးမယ္"

"မင္းအဲ့ဒီအေၾကာင္းကိုစိုးရိမ္မေနပါနဲ႔" စုန္႔ရီကထုံထိုင္းစြာေျပာလိုက္ပီး ကားထဲကိုဝင္ထိုင္လိုက္တယ္။ ကားအတြင္းထဲကေလေအးေပးစက္ဆီက​ေလေအးေအးေၾကာင့္ စုန္႔ရီေအးခနဲျဖစ္သြားပီး လည္ပင္းကိုပြတ္သပ္လိုက္တယ္။

ကုရွင္ခၽြမ္းကမ်က္ေမွာင္တစ္ခ်က္ၾကဳံ႕လိုက္ကာ လက္လွမ္းကာအပူခ်ိန္ကိုျမႇင့္ေပးလိုက္ပီး သေဘာမက်စြာေျပာလာတယ္ "ငါကမင္းရဲ့လူေလ မင္းကိုဘယ္သူဂ႐ုစိုက္ေပးလဲဆိုတာ ငါဂ႐ုမစိုက္လို႔ဘယ္ရမလဲ"

စုန္႔ရီမ်က္ႏွာလႊဲလိုက္ပီး သူ႔ဆီမွာအာ႐ုံမထားေတာ့ဘဲ သူ႔တို႔ေနာက္မွာတရိပ္ရိပ္က်န္ေနခဲ့တဲ့ျမင္ကြင္းကို ကားမွန္ကေနတဆင့္ၾကည့္ေနလိုက္တယ္။ သူေခါင္းကမူးေဝပီးေတြေဝေနတုန္းပဲ။

ကုရွင္ခၽြမ္းကသူ႔ကိုအိမ္အထိလိုက္ပို႔ေပးတယ္။ သူတို႔အိမ္ေအာက္ထပ္ကိုေရာက္ေတာ့ စုန္႔ရီကကားထဲကထြက္မ္လို႔ျပင္လိုက္တယ္။ ကုရွင္ခၽြမ္းကစုန္႔ရီရဲ့လက္ေကာက္ဝတ္ကိုကိုင္ပီး ထိုင္ခုံေပၚကိုဆြဲခ်လိုက္ကာ အရွက္မရွိသူ႔ဆီကိုကိုင္းလာတယ္ "မင္းငါ့ကိုနမ္းရင္သြားခြင့္ေပးမယ္"

စုန္႔ရီမ်က္ေမွာင္ၾကဳတ္လိုက္တယ္ "မနမ္းဘူး လႊတ္ေပး"

ကုရွင္ခၽြမ္းမ်က္လုံးေတြက မ်ဥ္းတစ္ခုလိုေမွးသြားပီး ႏွုတ္ခမ္းေတြေကြးတက္သြားတယ္ "မင္းငါ့ကိုနမ္းမလား ငါကမင္ကိုနမ္းရမလား မင္းတစ္ခုေရြး"

စုန္႔ရီကုရွင္ခၽြမ္းရဲ့အားအျပည့္နဲ႔နမ္းတာကို​လန္႔ေနတုန္းပဲ။ ကုရွင္ခၽြမ္းကိုသာသူ႔ကိုနမ္းခိုင္းလိုက္ရင္ အဆုံးသတ္ေတာ့မွာမဟုတ္ဘူး။ သူအိမ္ျပန္ပီးေတာ့ သူ႔အေတြးေတြကိုခြဲျခမ္းစိတ္ျဖာရအုံးမယ္။

စုန္႔ရီကလည္ပင္းဆန္႔လိုက္ပီး ကုရွင္ခၽြမ္းရဲ့ပါးေပၚကို ျဖစ္သလို 'မြ' ခနဲနမ္းလိုက္တယ္။

သူျပန္ပီးေနာက္မဆုတ္ခင္မွာပဲ ကုရွင္ခၽြမ္းကသူ႔ရဲ့ေမးသြယ္သြယ္ကိုကိုင္ပီး သူ႔ကိုျပင္းျပင္းျပျပနမ္းလာတယ္။ ေနာက္ေတာ့ သူ႔အနမ္းေတြႏွုတ္ခမ္းေတြကေနတဆင့္ နည္းနည္းေလးေငါထြက္ေနတဲ့ လည္ေစ့ဆီေရာက္သြားတယ္။ လ်က္လိုက္ကိုက္လိုက္နဲ႔ သူ႔လွုပ္ရွားမွုေတြက ဖိႏွိပ္လိုစိတ္နဲ႔လွုံ႔ေဆာ္မွုေတြျပည့္ေနတယ္။

"ဒါကိုမွနမ္းတယ္လို႔ေခၚတာ" ကုရွင္ခၽြမ္းကႏွုတ္ခမ္းေတြကိုေက်နပ္စြာလၽွာနဲ႔သပ္လိုက္တယ္။

စုန္႔ရီပခုံးးေတြကအႀကိမ္အနည္းငယ္ေလာက္တုန္ခါေနပီး သူ႔ရဲ့လည္ေခ်ာင္းကလဲအဆက္မျပတ္လွုပ္ရွားေနတယ္။ စုန္႔ရီသူ႔ကိုသူကားထဲကတည္တည္ၿငိမ္ၿငိမ္ထြက္နိုင္ေအာင္အတင္းတြန္းအားေပးလိုက္ရပီး မ်က္ႏွာေသႀကီးနဲ႔ေျပာလိုက္တယ္ "ဒီလိုမ်ိဳးေနာက္တစ္ခါထပ္မလုက္နဲ႔ မင္း႐ူး​ေနတာလား?"

ကုရွင္ခၽြမ္းကသူ႔ကိုခပ္ေနာက္ေနာက္စိုက္ၾကည့္လာတယ္ "ငါကမင္းရဲ့ႏွုတ္ခမ္းေတြတင္နမ္းခ်င္တာမဟုတ္ဘူး မင္းရဲ့ေနရာတိုင္းကိုနမ္းခ်င္တာ မုန္းစရာေကာင္းတယ္မလား?"

"မင္းကတကယ္ယုတ္မာတာပဲ" စုန္႔ရီတကယ္သူ႔ကိုအဲ့လိုမ်ိဳးထင္တယ္။ ဘယ္လိုလုပ္ဒီလိုအရွက္မဲ့တဲ့စကားလုံးေတြကိုေျပာနိုင္ရတာလဲ။

ကုရွင္ခၽြမ္းကတခစ္ခစ္ရယ္လိုက္ပီး သူထြက္သြားခါနီးမွာ ကားမွန္ကိုသူ႔လက္ေခ်ာင္းသြယ္သြယ္ေတြနဲ႔ေခါက္လိုက္တယ္ "ငါငါ့အေဖနဲ႔စီးပြားေရး banquet တစ္ခုသြားစရာရွိတယ္ ငါမင္းအိမ္ကိုဆယ္နာရီေလာက္က်ေရာက္လာမွာမို႔ တံခါးဖြင့္ထားေပးေနာ္"

စုန္႔ရီကဘာမွမၾကားသလိုဟန္ေဆာင္လိုက္ပီး အိမ္ကိုပဲတည့္တည့္မတ္မတ္ျပန္သြားလိုက္တယ္။ အိမ္ကိုေရာက္ေတာ့ သူအဝတ္ေတြခၽြတ္လိုက္ပီး ေရခ်ိဳးခန္းထဲဝင္လိုက္ကာေရပန္းဖြင့္လိုက္တယ္။ ေရေႏြးေႏြးေလးေတြကသူ႔ရဲ့ဆံပင္ေတြ လည္ပင္းေတြကေနတဆင့္ ခႏၶာကိုယ္တစ္ခုလုံးကိုေႏြးေထြးစြာျဖတ္စီးသြားတယ္။

စုန္႔ရီဘာမွမခံစားရတဲ့ဗိုက္ေလးကိုထိၾကည့္လိုက္တယ္။ ဗိုက္ေလးကျပားျပားေလးျဖစ္ေနေပမဲ့  အထဲထဲမွာေတာ့ ေရွာင္ဖင္းကိုင္းေလးရွိေနတယ္။ သူအစတုန္းကသူေတြ႕ၾကဳံေနရတဲ့အရာကိုထိတ္လန္႔ေနခဲ့တယ္။

သူကေလးေတြကိုသေဘာက်တယ္။ သူကကေလးဘဝကႏြမ္းပါးခဲ့တာေၾကာင့္ျဖစ္နိုင္တယ္ သူ႔မွာကေလးေလးေတြရွိလာရင္ ဘယ္လိုခ်စ္ေပးပီး ဘယ္လိုဂ႐ုစိုက္မဲ့အေၾကာင္းေတြစိတ္ကူးၾကည့္ဖူးတယ္။ သူကေလးေလးေတြကေပ်ာ္ေပ်ာ္ရႊင္ရႊင္ႀကီးျပင္းရပီး သူ႔ရဲ့ငယ္ဘဝလိုမေနခိုင္းဘူး။ သူကမၻာေပၚကအေကာင္းဆုံးေသာအေဖေတြထဲကတစ္ေယာက္ျဖစ္လာရမယ္ေပါ့။

ဒါကဒီတိုင္း ... သူကကေလးေလးေတြေမြးေပးရမယ္လို႔ေတာ့တစ္ခါမွမေမၽွာ္လင့္ဖူးဘူး။ပီးေတာ့သူေမြးရမွာကကုရွင္ခၽြမ္းရဲ့ကေလးေလး။

ေနာက္ပီး သူလုံးဝမေတြးတတ္တာက ကုရွင္ခၽြမ္းကကေလးအတြက္ အေဖျဖစ္နိုင္လား?

သူမ်က္ႏွာေပၚေရေတြကိုအၾကမ္းပတမ္းသုတ္လိုက္ပီး သူ႔ပါးကိုသူခပ္ဆတ္ဆတ္ေလးရိုက္ကာ တည္တည္ၿငိမ္ၿငိမ္ရွိေနဖို႔သတိေပးေနရတယ္။ ကုရွင္ခၽြမ္းကသူနဲ႔ fuck buudy ျဖစ္ခ်င္ပီး သူကက်ကုရွင္ခၽြမ္းရဲ့ကေလးကိုလြယ္ထားရတယ္။ ဒါကသူေကာင္းေကာင္းမကိုင္တြယ္နိုင္ခဲ့တာပဲ။ သူ႔အတြက္ေတာ့ ဒါကတကယ္ရွက္စရာေကာင္းတယ္။ လူမွုအသိုင္းအဝိုင္းမွာ အေျမာ္အျမင္နည္းနည္းပဲရွိတဲ့လူေတာင္ အျပင္ထြက္ပီးေပ်ာ္ပါးရင္ သူ႔လိုကိစၥမ်ိဳးျဖစ္လာမွာမဟုတ္ဘူး။

သူေရခ်ိဳးပီးသြားေတာ့ ကတိုက္ကရိုက္အ​ေျခာက္ခံလိုက္ပီး ဖဲသား bathrobe ေလးဝတ္လိုက္ကာ သဘက္တစ္ထည္နဲ႔ဆံပင္ကိုသုတ္လိုက္တယ္။ သူကေလသာေဆာင္မွာေအးေအးေဆးေဆးထိုင္လိုက္ပီး သူ႔ေခါင္းထက္က ၾကယ္ေတြနဲ႔လက္ေနတဲ့ေကာင္း​ကင္ႀကီးကိုၾကည့္ေနလိုက္တယ္။

သူ႔ကေလးဘဝတုန္းကခ်ိဳ႕တဲ့မွုကိုျပင္ဆင္ဖို႔အတြက္ ကေလးေလး​ကိုေမြးလိုက္ဖို႔စုန္႔ရီဆုံးျဖတ္လိုက္တယ္။ သူရဲ့အလုပ္မ်ားလွတဲ့ဘဝထဲကိုအသက္ဓာတ္ေလးတစ္ခုထပ္ပီးထည့္သြင္းရ​မယ္ဆိုေပမဲ့လဲ 'ေရွာင္ဖင္းကိုင္း' ေလးေရာက္ရွိဖို႔ သူလွိုက္လွိုက္လွဲလွဲေမၽွာ္လင့္မိတယ္။

ေသခ်ာတာက ဒါကကုရွင္ခၽြမ္းနဲ႔ဘာမွမဆိုင္ဘူး။ ကုရွင္ခၽြမ္းကမ်ိဳးေစ့ေတြအမ်ားႀကီး ၾကဲသြားတာဆိုေပမဲ့ ေရွာင္ဖင္းကိုင္းေလးကသူ႔ေျမေပၚမွာေမြးပီးသူ႔ဆီမွာႀကီးရမွာပဲ။

ကုရွင္ခၽြမ္းကသူ႔ရဲ့ကိုယ္စားလွယ္နဲ႔ေရာက္လာပီး ႏွစ္ေယာက္သားဟာတံခါးကိုအခ်ိန္အၾကာႀကီးေခါက္ေနၾကတယ္။ စုန္႔ရီလဲတံခါးဖြင့္ေပးတာနည္းနည္းေနာက္က်သြားတယ္။

ကုရွင္ခၽြမ္းကနည္းနည္းမူးေနပုံေပၚေပမဲ့ သူကတံခါးမွာမတ္မတ္ရပ္ေနပီး လက္ေဝွ႕ယမ္းလိုက္တယ္ "အစ္ကို​က်ိဳး ကၽြန္ေတာ့္အိမ္ေရာက္ပီ"

စုန္႔ရီကလက္ပိုက္ပီးသူတို႔ကို​ၾကည့္ေနလိုက္တယ္။ အစ္ကိုက်ိဳးကစုန္႔ရီကို​ၾကည့္ပီး ရွက္ရြံ့စြာျပဳံးလိုက္တယ္။ သူကဆံပင္ကိုသပ္ပီးေျပာလိုက္တယ္ "သူနည္းနည္းမူးေနတယ္ စိတ္ပူစရာေတာ့မလိုပါဘူး သူကမင္းအိမ္ကိုျပန္မယ္ဆိုတာနဲ႔ငါလဲမတတ္နိုင္ဘဲလိုက္ပို႔ရတာ"

အစ္ကိုက်ိဳးကနည္းနည္းအသက္ႀကီးေနပီး အသက္​ကေလးဆယ္ပတ္လည္ေလာက္ျဖစ္တယ္။ စုန္႔ရီလဲသူ႔ကိုဒုကၡမေပးခ်င္တာနဲ႔ပဲ တံခါးဖြင့္ေပးပီး ကုရွင္ခၽြမ္းကိုဝင္ခိုင္းလိုက္ေတာ့တယ္။

ပိုပီးနီးလာတဲ့အခါမွာ ကုရွင္ခၽြမ္းဆီကဘရန္ဒီနံ့ကိုစုန္႔ရီရလိုက္တယ္။ အနံ့ကအရမ္းျပင္းလြန္းပီး ဘယ္ေလာက္ေတာင္ေသာက္ထားလဲသူလဲမသိဘူး။

ကုရွင္ခၽြမ္းကဖိနပ္ခၽြတ္ပီး ဆိုဖာေပၚမွာၿငိမ္ၿငိမ္ေလးထိုင္ေနကာ remote ေလးကိုင္ပီး TV ၾကည့္ေနတယ္။ အားလုံးကပုံမွန္အတိုင္းပါပဲ သူ႔မ်က္ႏွာရွင္းရွင္းသန္႔သန္႔ေလးမွာ ခပ္ရဲရဲေလးျဖစ္ေနတာကလြဲရင္ မူးေနတဲ့လကၡဏာဘာမွမရွိဘူး။

သူမူးေနလားမမူးဘူးလားဆိုတာကိုစုန္႔ရီေသခ်ာမေျပာနိုင္ဘူး။ ကုရွင္ခၽြမ္းကမမူးခ်င္ေယာင္ေဆာင္တာမွာအေကာင္းဆုံးျဖစ္ေနတာလားပဲ။

သူကေရခ်ိဳးခန္းထဲကိုဝင္လိုက္ပီး bathtub ထဲေရထည့္ကာ လက္ထိပ္ေလးနဲ႔ေရအပူခ်ိန္ကိုစမ္းသပ္ပီး အဆင္ေျပတယ္ဆိုမွထြက္လာလိုက္တယ္ "မင္းေရသြားခ်ိဳးအုံး အရက္နံ့ေတြထြက္​ေနတယ္"

ကုရွင္ခၽြမ္းက TV ကိုပဲစိတ္ဝင္တစားၾကည့္ေနပီး ႏွာမွုတ္လိုက္တယ္ "ငါေရမခ်ိဳးဘူး"

စုန္႔ရီ TV ေပၚကိုတစ္ခ်က္ၾကည့္လိုက္တဲ့အခါ 'SpongeBob' ကိုေတြ႕ေတာ့ သူရယ္ခ်င္သြားတယ္ "ကုရွင္ခၽြမ္း မင္းအရက္အမ်ားႀကီးေသာက္လာတာလား?"

ကုရွင္ခၽြမ္းကေခါင္းလွည့္လာပီး မ်က္လုံးေတြေမွးက်ဥ္းကာစုန္႔ရီမ်က္ႏွာကိုေသခ်ာၾကည့္ေနတယ္ "မင္းကစုန္႔ရီလား ရွန္းလီလား?"

သူကဘယ္သူမွန္းေတာင္မသိေတာ့တာမို႔ စုန္႔ရီကဖြဖြေလးျပဳံးလိုက္ပီး စေနာက္လိုက္တယ္ "ငါကရွန္းလီေလ ဘာျဖစ္လို႔လဲ?"

"ငါအမ်ားႀကီးမေသာက္ထားဘူး အခုထိရွင္းရွင္းလင္းလင္းရွိေသးတယ္" ကုရွင္ခၽြမ္းအသံကတည္ၿငိမ္ေနပီး သူ႔ေမးကိုေမာ့ပီး စုန္႔ရီကိုဝင့္ႂကြားစြာၾကည့္လာတယ္ "ငါကအရမ္းမူးေနတဲ့ပုံေပၚလို႔လား?"

စုန္႔ရီရယ္ခ်လိုက္ပီး သူ႔ဆီကိုေလၽွာက္သြားလိုက္ကာ ​ဆံပင္ေလးေတြကိုေခြးေလးတစ္ေကာင္လိုမ်ိဳးပြတ္သပ္လိုက္တယ္။

ကုရွင္ခၽြမ္းကသူ႔လက္ကိုခပ္ၾကမ္းၾကမ္းရိုက္ထုတ္လိုက္ပီး ေအးစက္စက္ၾကည့္လာတယ္ "မေကာင္းတဲ့လက္ေတြ ငါ့​ဆံပင္ေပၚမွာေလၽွာက္လုပ္လို႔ရတယ္ထင္ေနတာလား?"

"ဟုတ္ပါၿပီ မလုပ္ေတာ့ဘူး"

စုန္႔ရီရယ္ခ်င္တာကိုထိန္းထားလိုက္ပီး ေခါင္းယမ္းကာႏူးႏူးညံ့ညံ့ေျပာလိုက္တယ္ "ငါကရွန္းလီမဟုတ္ဘူး စုန္႔ရီ"

ကုရွင္ခၽြမ္းမ်က္လုံးေတြကသူ႔မ်က္ႏွာေပၚမွာ အခ်ိန္ခနေလာက္ရပ္တန္႔သြားပီး သူ႔ေရွ႕ကလူကဘယ္သူလဲဆိုတာခြဲျခားေနပုံရတယ္။ သူကအၾကာႀကီးစိုက္ၾကည့္ပီးတဲ့အခါမွာ ဆိုဖာေပၚမွာဝုန္းခနဲလွဲခ်လိုက္ပီး အသံတိုးတိုးနဲ႔ေျပာတယ္ "မင္းကစုန္႔ရီပဲ ငါအမ်ားႀကီးေသာက္ထားရတာ ေခါင္းေတြကိုက္ေနပီ ငါနည္းနည္းပူတာေလးတစ္ခုခုေသာက္ခ်င္တယ္ ငါ့ကိုသြားယူေပးပါအုံး"

The author has something to say : ကေလးေလးရဲ့နာမည္ေလးေျပာေပးၾကပါအုံး။ ကုကူကူးလို႔ေတာ့မေျပာနဲ႔ေနာ္။

~~~~~~~~
*Xiăo píng gài တဲ့ eng translation မွာက် small bottle cap ဒါမွမဟုတ္ vial cap တဲ့။ ျမန္မာလိုက်ကိုယ္လဲလွေအာင္မျပန္တတ္ေတာ့ ေရွာင္ဖင္းကိုင္းလို႔ပဲေရးလိုက္တယ္။ အသံထြက္မွားေနရင္ေျပာေပးၾကပါအုံး။

Continue Reading

You'll Also Like

657K 84.8K 200
ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူးယဉ်၊ အချစ်ဇာတ်လမ်း၊ ဘဝအတွေ့အကြုံ အပိုင်...
3.4M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
296K 45.4K 52
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English n...
317K 31.4K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...