"ဟေး ရွှတ် ရွှတ်.."
ရှင်းသန့်ချောင်းကမ်းနားကဝါးစင်လေးမှာထိုင်နေရင်း ခေါ်သံလိုလိုကြားရတာကြောင့် လှည့်လိုက်တော့ လှေတစ်စင်းက သူ့အနားကပ်လာသည်။
"နေထူး မတွေ့ရတာကြာပြီနော်.."
"ဟုတ်တယ် အလှလေး...
လယ်ထဲသွားနေရလို့လေ မအားတာနဲ့မလာဖြစ်တာ...
ဘာလဲ? ကျွန်တော့်ကိုလွမ်းနေတာလား..."
"အဟက်! ဖြစ်ရတယ်..."
"အဲ့တာဆို အလှလေးကကျွန်တော့်ကိုမလွမ်းဘူးပေါ့..."
"သတိတော့နည်းနည်းရတယ် နည်းနည်း.."
လက်ညှုိးရဲ့တစ်စိပ်ကိုလက်မနဲ့ထြိဲ့ထိပြီးပြလာတဲ့အလှလေးကြောင့် နေထူး ဒီလောက်နဲ့ပဲကျေနပ်ပါတယ်ဆိုသလို ဖြေသိမ့်လိုက်ရသည်။
"နည်းနည်းဆိုတော့လည်း နည်းနည်းပေါ့...
ဒါနဲ့ အလှလေးဘာလုပ်နေတာလဲ?.."
"အိမ်ထဲမှာပျင်းလို့အပြင်မှာထွက်ထိုင်တာ..."
"နောင်နောင်ကဘယ်သွားလို့လဲ?.."
"နောင်နောင်ကဈေးသွားရမယ်ဆိုလား အပြင်ထွက်သွားတယ်.."
"သြော်..."
"ဒါနဲ့ နေထူးက လှေလိုက်စီးနေတာလား.."
"မဟုတ်ဘူး ဟိုဘက်ကမ်း(တဖက်ရွာ)မှာ ဝါးသွားဝယ်မလို့လေ.."
"သြော် ကျွန်တော်လည်းလှေစီးချင်လိုက်တာ...
ကျွန်တော်ရောလိုက်ခဲ့လို့ရမလား.."
"ဖြစ်ပါ့မလား...
အခုပဲ၂နာရီခွဲနေပြီ ကျွန်တော်က၄နာရီလောက်မှပြန်ရောက်မှာ.."
"ဖြစ်ပါတယ် နောင်လည်း၎နာရီလောက်မှပြန်ရောက်မှာ...
လိုက်ခဲ့မယ်လေနော် ဟိုဘက်ရွာလည်းရောက်ဖူးချင်တယ်လို့..."
"အလှလေးအဆင်ပြေတယ်ဆိုလိုက်ခဲ့လေ...
ကျွန်တော်ကအလှလေးနဲ့အတူသွားရမှာပိုပြီးတော့တောင်ပျော်သေးတယ်..."
"အဲ့တာဆိုတက်ပြီနော်..."
လှေပေါ်ကိုလှမ်းတက်ကာ ထိုင်လိုက်သည်။ လှေတခါမှမစီးဖူးတာကြောင့် ရှင်းသန့်အတော်လေးသဘောကျနေသည်။
"ဟေ့ အလှလေး ငြိမ်ငြိမ်ထိုင်ဗျ ချောင်းထဲပြုတ်ကျမယ်..."
ရှင်းသန့်ကကိုယ်ကိုလှုပ်ရမ်းနေတာကြောင့် နေထူးမှာ ချောင်းထဲမကျအောင်အနောက်ကနေထိန်းနေရသည်။
"ချောင်းကဘယ်လောက်နက်လဲ? နေထူး...
ကျွန်တော်ခုန်ချချင်လို့..."
"အလှလေးရူးနေတာလား ချောင်းကအနက်ကြီးကို.."
"တကယ်ပြောတာ ကျွန်တော်ခုန်ချချင်လို့..."
"မလုပ်ပါနဲ့ အလှလေးရာ..
တကယ်နက်တာ.."
"အဟက်! စတာပါ ကျွန်တော်လည်းမခုန်ချရဲပါဘူး...
နောင်နဲ့အကြာကြီးရှိသွားရဦးမှာ..."
ဘာရယ်မဟုတ် ရှင်းသန့်ကပြောလိုက်ပေမယ့်လည်း အနောက်မှာထိုင်နေတဲ့နေထူးမျက်နှာငြိုးသွားရသည်။
အစကတည်းကဝင်ပြိုင်ခွင့်မရှိတဲ့ပြိုင်ပွဲတစ်ခုကို သူဝင်ပြိုင်နေမိသည်လား...
____________________________
နောင်တစ်ယောက်အိမ်ပြန်ရောက်ကတည်းက ထိုင်လိုက်ထလိုက်လုပ်နေကာ ဒေါသလည်းထွက်နေသည်။ သူပြန်ရောက်တဲ့အချိန်ကတည်းက အခုထိ ရာရှင်းသန့်ပြန်မရောက်သေး။ ဘယ်တွေသွားလို့သွားမှန်းလည်းသူမသိပေ။ ၆နာရီပင်ထိုးသွားသော်လည်း ရှင်းသန့်မရောက်သေးတာကြောင့် နောင်စိတ်ပူသလိုဒေါသလည်းထွက်သည်။
"အလှလေး သွားပြီနော်...
မြွေပါးကင်းပါးနဲ့ဂရုစိုက်တက်.."
"အင်းအင်း ကျေးဇူး နေထူး...
သွားတော့ သွားတော့..."
နေထူးကိုနှုတ်ဆက်ပြီးရှင်းသန့်လ့်လည်း အောက်ကိုသေချာကြည့်ကာ အပေါ်ကိုတက်လာခဲ့သည်။ ခြံထဲဝင်တော့ မီးတွေဖွင့်ထားတာမို့ နောင်ပြန်ရောက်နေပြီဆိုတာ ရှင်းသန့်သိသည်။ အချိန်အခါမဟုတ် မိုးကလည်းရွာလာတာမို့ ရှင်းသန့်အိမ်ထဲကိုအမြန်ပြေးဝင်လိုက်သည်။
"နောင်..."
အိမ်ထဲဝင်ရုံရှိသေး အခန်းဝကနေရပ်ကြည့်နေတဲ့နောင့်ကြောင့် ရှင်းသန့်ခြေလှမ်းတွေ့ရပ်တန့်သွားသည်။
"အဲ့တာဘယ်ကပြန်လာတာလဲ?.."
မျက်နှာထားကလည်းတင်းနေသလို အသံကလည်းမာနေတာကြောင့် နောင်စိတ်ဆိုးနေပြီဆိုတာ ရှင်းသန့်သိလိုက်ပြီ။
"မေးနေတယ်လေ..."
တဖြည်းဖြည်းသည်းလာတဲ့မိုးသံနဲ့အတူ နောင့်အသံကဟိန်းနေသည်။
"ဟို ဟို နေထူးနဲ့လိုက်သွားတာ..."
"ခင်ဗျားကိုအဲ့ကောင်နဲ့မပတ်သတ်နဲ့လို့ပြောထားမဟုတ်ဘူးလား...
ခင်ဗျား ကျုပ်စကားကိုအလေးမထားတာလား..."
"မဟုတ်ပါဘူး...
ခဏလေးထင်ပြီးလိုက်သွားမိတာ ဟိုရောက်မှနည်းနည်းကြာသွားတာပါ..."
"ဂျိန်း!..."
"မေမေ့!.."
ရုတ်တရက်လျှပ်စီးလက်ကာ မိုးခြိမ်းလိုက်တာကြောင့် ရှင်းသန့်လ့်လန့်ပြီး နောင့်ကိုသွားဖက်လိုက်သည်။
"ဖယ် ကျုပ်ကိုလာမဖက်နဲ့...
ဒီလောက်ကြောက်ရင် ခင်ဗျားလိုက်သွားတဲ့အကောင်ကိုသွားဖက်.."
ရှင်းသန့်ကိုယ်ကိုတွန်းလိုက်ပြီး နောင်ကအခန်းထဲကိုဝင်သွားသည်။ ရှင်းသန့်ဖွင့်ပြီးဝင်မယ်ပြင်လိုက်ပေမယ့်လည်း အထဲကတံခါးကိုဂျက်ချထားတာကြောင့် ဝင်လို့မရဘဲ တံခါးကိုထုလိုက်သည်။
"ဒုန်း! ဒုန်း!..."
"နောင် အဲ့လိုမလုပ်ပါနဲ့...
ကိုယ်လျှပ်စီးလက်ရင်မနေရဲဘူး တံခါးဖွင့်ပေးပါ...
နောင် အဲ့လိုမလုပ်ပါနဲ့ ရွှတ် နောင်..."
"ဒုန်း! ဒုန်း!.."
ကြောက်စိတ်ကြောင့် ရှင်းသန့်မျက်ရည်များပင်ကျလာသည်။ တံခါးကိုထုနေပေမယ့် နောင်ကမဖွင့်ပေးပေ။
"ကျုပ်အိပ်တော့မှာ တံခါးကိုလာမထုနဲ့ နားညီးတယ်..."
အထဲကပြန်ပြောလာတဲ့အသံကြောင့် ရှင်းသန့်လ့်လက်တွေရပ်တန့်သွားသည်။
"ဂျိန်း!.."
"မေမေ့!.."
အခန်းတံခါးရှေ့မှာတင် နားကိုပိတ်ပြီး ထိုင်ချလိုက်ရသည်။ ဘာလို့လဲ? သူ့အပြစ်ကအရမ်းကြီးသွားတာလား....
မိုးရွာတာနဲ့ပျက်သွားနဲ့မီးကြောင့် ရှင်းသန့်ဗီရိုနားကိုတဖြည်းဖြည်းကပ်သွားလိုက်ပြီး ဗီရိုကိုဖွင့်ကာမျက်နှာကိုကာထားလိုက်သည်။ အဆက်မပြတ်ခြိမ်းနေတဲ့မိုးခြိမ်းသံကြောင့် ရှင်းသန့်ကိုယ်လေးတုန်တုန်သွားသည်။ ဒူး၂ဖက်ထောင်ထားပြီး မျက်နှာကိုဒူးဆစ်ပေါ်အိပ်ကာ နား၂ဖက်ကိုလည်းလက်နဲ့အုပ်ထားသည်။
ငယ်ငယ်ကတည်းက မိုးခြိမ်းရင်ကြောက်တတ်သူမို့ အမြဲတမ်းကိုကြီးရဲ့အခန်းမှာသူသွားအိပ်သည်။ ကိုကြီးမရှိတော့ကတည်းက မိုးခြိမ်းပြီဆို မေမေကလာနေပေးသည်။ အခု သူ့ဘေးမှဘယ်သူမှမရှိဘူး။ သူချစ်တဲ့နောင်လည်းမရှိဘူး။
သူတစ်ယောက်တည်းပဲရှိတယ်ဆိုတဲ့အတွေးကဝင်လာတော့ ရှင်းသန့်ပိုပြီးကြောက်မိသည်။ တခါတခါ ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံကြောင့် သူ့အသည်းတောင်တုန်လှုပ်သွားသလိုခံစားနေရသည်။ ဒီအခြေအနေကြီးက သူအမြန်လွတ်မြောက်ချင်သည်။
၁နာရီလောက်မိုးတွေသည်းကြီးမဲကြီးရွာကာ အဆက်မပြက်ခြိမ်းပြီးတဲ့နောက် အသံတွေသိပ်မကြားရတော့တာကြောင့် ရှင်းသန့့်် ဗီရိုကိုတံခါးကိုတွန်းကာ ဘေးတစ်ဖက်မှာထိုင်လိုက်သည်။
"မိုးလေးခြိမ်းတာကို ဘာလို့အဲ့လောက်တောင်ကြောက်နေရတာလဲ?.."
မေးလာတဲ့မေးခွန်းကိုရှင်းသန့်မှာဖြေစရာမရှိ။
"အဲ့ဒီ့မိုးခြိမ်းသံက ခင်ဗျားကိုဘာလုပ်နိုင်မှာမို့လို့လဲ? ဟမ် ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲ?...
အခုလိုကြောက်နေရင် ခင်ဗျားဘေးမှာဘယ်သူမရှိတဲ့အချိန်ဆို ခင်ဗျားဘယ်လိုလုပ်မလဲ?..."
".........."
"ခင်ဗျားသိလား ကျုပ်ဒီအိမ်မှာတစ်ယောက်တည်းနေလာတာ၅နှစ်ရှိပြီ...
ကျုပ်တစ်ယောက်တည်းနေလာခဲ့တာ ၅နှစ် ၅နှစ်...
မိုးခြိမ်းလို့ကြောက်နေလည်း ကျုပ်ဘေးမှာတစ်ယောက်မှမရှိဘူးဆိုတာသိနေလို့ ကျုပ်ဘာလုပ်လဲသိလား..
လျှပ်စီးလက်တာကို အခုလိုထိုင်ကြည့်နေခဲ့တာ...
ကြာတော့ ကျုပ်မကြောက်တော့ဘူး...
ကြောက်နေလည်း ကျုပ်ဘေးမှာဘယ်သူမှမရှိမှန်းသိနေလို့လေ..."
နောင့်စကားတွေကြောင့် ရှင်းသန့့်် မျက်ရည်တွေစီးကျလာသည်။ နောင့်ကိုသနားလွန်းလို့ သူဘာမှမပြောထွက်။ အမှောင်ကြီးထဲလှည့်ကြည့်လိုက်တော့ အခန်းရှေ့မှာ သူ့နည်းတူထိုင်နေတဲ့နောင့်ကိုတွေ့ရသည်။ တခါတခါလျှပ်စီးလက်လိုက်တိုင်းအပြင်ကိုကြည့်နေတဲ့နောင့်မျက်နှာကအထင်းသား။ နောင်တော်တော်လေးခက်ခဲမှာပဲ...
"နောင်..."
သူဘယ်လိုထိန်းလို့မရတော့တာမို့ နောင်ဘေးကိုသွားကာနောင့်ကိုပြေးဖက်လိုက်သည်။
"ရွှတ် ကိုယ်မကြောက်တော့ပါဘူး...
ပြီးတော့ ကိုယ်တောင်းပန်ပါတယ် ရွှတ် ရွှတ်..."
နောင်လည်းအလိုက်သင့်ပြန်ဖက်ထားလိုက်သည်။
"ခင်ဗျား ကျုပ်အိမ်မှာနေတာပဲ၂လကျော်နေပြီ..
ကျောက်ဖရုံသီးချိတ်ထားတာမတွေ့ဘူးလား..."
"တွေ့တယ်လေ ဘာဖြစ်လို့လဲ? ရွှတ်..."
"ကျောက်ဖရုံသီးချိတ်ထားရင် မိုးကြိုးကွင်းတယ်..."
"တကယ်ကြီးလား..."
ဖက်ထားရာကနေ မော့ကြည့်ကာမေးလာသည်။ ရှင်းသန့်ပုံစံက တကယ်သိချင်နေတဲ့ပုံပင်။
"တကယ်ပေါ့ ကျုပ်လည်းအမေပြောပြတာကြားဖူးတာ...
အဲ့တာကြောင့် မိုးခြိမ်းသံကိုကြောက်ကမနေနဲ့ ဘာမှမဖြစ်ဘူး.."
"အင်း ကိုယ်မကြောက်တော့ပါဘူး..."
မျက်ရည်စတွေနဲ့မော့ကြည့်လာတဲ့ရှင်းသန့်မျက်နှာလေးကို မေးစေ့ကနေကိုင်ကာ နောင် နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။ မထင်ထားတာကြောင့် ရှင်းသန့်အံ့သြမိတာတော့အမှန်ပင်။ ပုံမှန်ဆို သူတို့အတူနေတဲ့အချိန်မှ နောင်ကအခုလိုနမ်းတတ်သည်လေ...
"အာ့!..."
အောက်နှုတ်ခမ်းကိုကိုက်ချလိုက်တာကြောင့် ရှင်းသန့်နာသွားကာ အနမ်းတွေလည်းရပ်တန့်သွားသည်။
"ဟိုကောင်နဲ့နောက်တခါ အပြင်ထွက်ဦးမလား.."
"မထွက်တော့ပါဘူး လှေမစီးဖူးလို့လိုက်သွားမိတာ...
သူခေါ်တာမဟုတ်ပါဘူး ကိုယ်ကအတင်းလိုက်သွားတာ.."
"နောက်တခါထွက်လို့ကတော့ အခုလောက်နဲ့ပြီးမယ်မထင်နဲ့..."
"အင်းပါ နောင်စိတ်မဆိုးဘူးမလား..."
သူ့နှုတ်ခမ်းကိုကိုက်လိုက်တာတောင် သူကစိတ်မဆိုးဘဲ နောင်စိတ်မဆိုးဘူးမလားတဲ့...
စိတ်ထဲမှာတမျိုးလေးဖြစ်သွားတာကြောင့် နောင်ပြုံးချင်နေပေမယ့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သည်။
"အင်း...." တလုံးတည်းပြန်ဖြေလာပေမယ့်လည်း ရှင်းသန့်ြ့်ပြုံးမိသည်။ နောင်ကဘယ်လိုနေနေချစ်ဖို့ကောင်းတာပဲ..
"ထတော့ ကျုပ်ညစာမစားရသေးဘူး..
နေဦး ခင်ဗျားကိုယ်ကနံစော်နေတာပဲ ဘယ်တွေသွားပြီး ဘာလုပ်ထားတာလဲ?.."
"အာ နေထူးကိုဝါးတွေဝိုင်းထမ်းပေးထားတာ.."
"ဘာ!.........
ဝါးတွေဝိုင်းထမ်းပေးတယ်..."
သူတောင် လေးလေးပင်ပင်ဘာမှ မ မ ခိုင်းတာကို နေထူးတဲ့ဆိုတဲ့ကောင်က ဝါးတွေဝိုင်းထမ်းခိုင်းတယ်တဲ့လား..
နေထူး သူတောင်းစား ခွေးကောင် မင်းနဲ့တွေ့ဦးမယ်...
"နည်းနည်းလေးပါ ၃စီးတည်း..."
"၃စီး! ၃စီးကနည်းမလား..
၁စီးကို၅လုံး၆လုံးပါတာ ခင်ဗျားက၃စီးတောင်ထမ်းပေးလိုက်တယ်ပေါ့..."
"ဟီး ဟုတ်တယ် ကိုယ်ကအားသန်တယ်လေ..."
ရယ်ပြီးပြန်ပြောလာတဲ့ရှင်းသန်ြေ်ကြောင့် နောင်ခေါင်သာခါမိသည်။ လူကြည့်တော့ ဖြူဖတ်ဖြူရော်နဲ့ သူကိုယ်သူအားသန်တယ်ဆိုတော့ နောင်မနေနိုင်စွာ နဖူးကိုလက်နဲ့ခေါက်လိုက်သည်။
"ဒေါက်!..."
"အာ့! နာလိုက်တာ..."
"ခင်ဗျားကတော်တော်အားသန်နေတယ်ပေါ့လေ...
အေး မထမ်းဖူးဘဲသွားထမ်းပြီးတော့ ပခုံးနာတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုလို့ကတော့ ကျုပ်ကုပေးမှာမဟုတ်ဘူး...
ခင်ဗျားအကောင်ကိုသွားကုခိုင်း..."
ပြောပြီးနောင်ကထမင်းစားခန်းထဲဝင်သွားသည်။ ရှင်းသန့်လ့်လည်း အနောက်ကလိုက်မယ်ပြင်ပေမယ့်လည်း...
"ရေအရင်ချိုးလိုက်ဦး ညစ်ပတ်နေတဲ့ခန္ဓာကိုယ်နဲ့ဝင်မလာနဲ့..."
"အင်းအင်း..."
ရှင်းသန့်လ့်လည်း နောင့်ပြောသလိုရေအရင်ချိုးလိုက်သညမ။ ထိုနေ့ညက သူတို့၉နာရီကျော်မှညစာစားဖြစ်ကြသည်။
__________________________________________________
"ခင်ဗျားလိုက်ချင်ရင်လိုက်သွား..
ကျုပ်အတင်းဆွဲမထားဘူး..."
(spoiler)
~~~~~~~~~~~~~~~~~
ကျောက်ဖရုံသီးအိမ်မှာချိတ်ထားရင် မိုးကြိုးကွင်းတယ်ဆိုပြီး လူကြီးတွေပြောတာကြားဖူးပါတယ်...
ကြားဖူးတဲ့သူလည်းရှိရင်ရှိမှာပါ...
သိစေချင်လို့ပါနော်😊
သြော် တစ်ခုပြောစရာရှိသေးတယ်..
ဘာမှမဟုတ်ပါဘူး fbလေးတွေပြန်ကြားချင်ပါတယ်လို့ မန့်ကြပါ...
ချယ့်ရဲ့updateက ဒါဒါတို့ရဲ့မန့်ပေါ်မှာလည်းမူတည်ပါတယ်နော်😚
မန့်နည်းရင် တကယ်အားမရှိဘူး😔
30.6.2021
💙Chel💙