SUMMER DREAM - If I Love You...

By Hooseki

76.4K 6.4K 144

" တစ္​ခု​ေသာ​ေႏြရာသီမွာ သူကြၽန္​​ေတာ္​့ဘဝထဲက​ေန ရုတ္​တရက္​​ထြက္​သြားခဲ့တယ္​။ " ခ်စ္​တတ္​လြန္​းခဲ့တဲ့​ေကာင္​​ေ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Chapter 25.5
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30 - The End

Chapter 24

836 78 1
By Hooseki

Xiao Hwaရဲ႕လက္ထပ္ပြဲကို ၿခံထဲမွာပဲအက်ဥ္းခ်ံဳးလုပ္မွာေၾကာင့္ ေဆြမ်ိဳးနီးစပ္တခ်ိဳ႕ကိုပဲဖိတ္ဖို႔ မိဘေတြဆံုးျဖတ္ထားၾကသည္။ Wang Yiboလည္း ဒီမွာ၂ရက္ေလာက္ေနၿပီးၿပီဆိုေတာ့ အိမ္သားေတြနဲ႔မစိမ္းေတာ့ဘူး။ တစ္ခါတစ္ေလ Xiaoပါပါးလယ္ထဲဆင္းရင္ Wang Yiboလည္း ခေမာက္ေဆာင္းကာ လိုက္သြားသလို Xiaoမားမား ထမင္းဟင္းခ်က္ျပဳတ္ေနရင္လည္း ေဘးနားမွာလက္တိုလက္ေတာင္း ကူညီေပးေနျပန္ေရာ။ Xiao Zhanမိဘေတြက သားမက္Wang Shenထက္ အလိုက္သိတဲ့Wang Yiboကို အခ်စ္ပိုေနၾကေတာ့သည္။

" မားမားကေတာ့ ျဖစ္ႏိုင္ရင္ေလ Yiboကိုသားမက္ေတာ္လိုက္ခ်င္တာပဲ။ "

Xiaoမားမားက မဂၤလာေဆာင္အတြက္ျပင္ဆင္ေနတဲ့ Xiao Hwaကိုလွမ္းတို႔ၿပီး ေျပာလိုက္သည္။ Xiao Hwa ေအာင့္သက္သက္ၿပံဳးၿပီး မလွမ္းမကမ္းမွာ ေလလြင့္ေနတဲ့ေၾကာင္တစ္ေကာင္လို ငုတ္တုတ္ထိုင္ေနတဲ့Wang Shenဘက္ မ်က္ေစာင္းထိုးလိုက္သည္။ တကယ္လည္း Wang Shenက Wang Yiboေလာက္ အလိုက္မသိဘူးေလ။

" မားမားအဲ့ဒီေလာက္Wang Yiboကိုသားမက္ေတာ္ခ်င္ေနရင္ ကိုကိုနဲ႔ေပးစားလိုက္ေလ။ အဆင္ေျပသြားတာေပါ့။ "

Xiaoမားမားက ကြာေစ့ကိုဂြၽတ္ခနဲျမည္ေအာင္ကိုက္ကာ မ်က္လံုးပိတ္စဥ္းစားဟန္ျပဳသည္။

" အင္း ဒါလည္းေကာင္းတာပဲေနာ္ "
" တကယ္ႀကီးလားမားမား "

Xiao Hwa အာၿဗဲႀကီးနဲ႔ထေအာ္တယ္။ Xiaoမားမားအေရးေၾကာင္းေတြေပၚတဲ့အထိရယ္ရင္း ဘာမွဆက္မေျပာေတာ့ဘူး။

----------------
မနက္ကတည္းကXiaoပါးပါးနဲ႔အတူ လယ္ထဲလိုက္သြားတဲ့ Wang Yibo အိမ္ျပန္ေရာက္တာနဲ႔ ၿခံထဲကလႈပ္ကုလားထိုင္မွာ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ေတာ့သည္။ သူ႔ေျခေထာက္၂ေခ်ာင္းစလံုး ႐ႊံ႕ေတြကပ္ၿပီး ေျခာက္ေသြ႕ေတာင့္တင္းေနၿပီ။ Xiaoပါးပါးကေတာ့ Wang Yiboကိုလွည့္ၾကည့္ရင္း သေဘာက်စြာရယ္လိုက္သည္။

" ဘယ္လိုလဲ ေနာက္ေန႔လိုက္ဦးမလား။ "
" ဦးေလးေခၚရင္ ေန႔တိုင္းလိုက္ဆိုလည္းလိုက္ပါ့မယ္ "
" ဟားဟားဟား ဒီေကာင္ေလးမဆိုးဘူး။ ၿမိဳ႕သားေပမယ့္ဇြဲေကာင္းတယ္။ "

Xiaoပါးပါးအိမ္ထဲဝင္သြားၿပီးမၾကာခင္မွာပဲ အျပင္သြားတဲ့Xiao Zhan စက္ဘီးတစ္စီးနဲ႔ျပန္ေရာက္လာသည္။ စက္ဘီးအေနာက္မွာ ပိန္ပိန္ေသးေသးေကာင္မေလးတစ္ေယာက္ပါလာၿပီး လက္ထဲမွာလည္း ၿခံထြက္သစ္သီးျခင္းပိုက္ထား၏။ Xiao Zhan စက္ဘီးေပၚကဆင္းတာနဲ႔ ကုလားထိုင္မွာဇိမ္က်ေနတဲ့ Wang Yiboကိုတန္းျမင္သည္။

" Yibo ျပန္ေရာက္ၿပီေပါ့ "
" အင္း Geဘယ္ကျပန္လာတာလဲ "
" ၿမိဳ႕တစ္ဖက္က အမ်ိဳးဆီဖိတ္စာသြားေပးတာ။ "
" ေအာ္ ... "

Wang Yibo Xiao Zhanေျပာတာေသခ်ာအာရံုမစိုက္ႏိုင္ေလာက္ေအာင္ စက္ဘီးေနာက္မွာထိုင္လိုက္လာတဲ့ေကာင္မေလးဆီ အာရံုက်ေနသည္။ ေကာင္မေလးက Wang Yiboကိုျမင္ေတာ့ ေခါင္းၿငိမ့္ႏႈတ္ဆက္ျပသည္။

" Yibo သူကWang Shenရဲ႕အစ္မတစ္ဝမ္းကြဲ Yang XiXi။ အကို႔ရဲ႕ငယ္သူငယ္ခ်င္းလည္းဟုတ္တယ္။ မနက္ျဖန္မဂၤလာပြဲအတြက္ XiXiကဒီတစ္ညေတာ့ဒီမွာပဲအိပ္ျဖစ္မယ္တဲ့။  "
" ေအာ္ ဟုတ္လား "

Yang XiXiက Xiao Zhanကိုေမာ့ၾကည့္ကာ ၿပံဳးျပသည္။ Wang Yiboကေတာ့ Yang XiXiကို မဲ့ၿပံဳးၿပံဳးျပေနသည္။ XiXi Wang Yiboကိုတစ္ခ်က္ၾကည့္လိုက္ၿပီး Xiao Zhanကို လက္ဟန္ေျခဟန္နဲ႔ အမူအယာလုပ္ျပကာ အိမ္ထဲေျပးဝင္သြားေလသည္။

" XiXiက ေမြးရာပါဆြံ႕အေနတာ။ သူေျပာသြားတာ မင္းပံုစံက ေၾကာက္ဖို႔ေကာင္းတယ္တဲ့။ "

Wang Yiboသိခ်င္တဲ့ေမးခြန္းကို Xiao Zhanအလိုအေလ်ာက္ေျဖေပးလိုက္သည္။ ဒီတစ္ခါေတာ့ Wang Yibo ' ေအာ္ ' လို႔အသံမထြက္ေတာ့ဘူး။

----------------
မနက္ျဖန္မဂၤလာေဆာင္မို႔ သတို႔သမီးေလာင္း Xiao Hwa ညဦးပိုင္းကတည္းက အိပ္ခန္းထဲဝင္အိပ္သြားၿပီ။ ဧည့္ခန္းမွာ Xiaoပါးပါးနဲ႔Wang Shen စကားေတြေျပာေနၾကၿပီး ေတာ္ေတာ္နဲ႔ၿပီးမွာမဟုတ္ေသးဘူး။ Xiaoမားမားနဲ႔Yang Xixiတို႔ မီးဖိုေခ်ာင္မွာမနက္ျဖန္အတြက္ စားစရာေတြျပင္ဆင္ေနၾကသည္။ Xiao Zhanနဲ႔Wang Yiboတို႔ကေတာ့ ၿခံထဲမွာျပင္ဆင္စရာရွိတာေတြျပင္ဆင္ေနသည္။ ဖဲႀကိဳးအနီေတြကို ၿခံပတ္လည္လိုက္ခ်ည္ေနတဲ့ Xiao Zhanကို Wang Yibo ခိုးၾကည့္ေနတာမလံုေလာက္ေတာ့ဘူး။ ျမန္ျမန္ဆန္ဆန္ကိုပဲ Xiao Zhanရဲ႕လက္ကိုဆြဲၿပီး ၿခံအေနာက္ဘက္ကို ေခၚသြားလိုက္သည္။

" Yibo မင္းဘာလုပ္ အု ! "

Xiao Zhanေျပာလို႔မဆံုးေသးခင္ Wang Yiboရဲ႕ၾကမ္းတမ္းတဲ့အျပဳအမူေတြေၾကာင့္ Xiao Zhanရဲ႕ႏႈတ္ခမ္းေတြ နီျမန္းဖူးေယာင္သြားရသည္။ အေမွာင္ထုအားကိုးေၾကာင့္ အခ်င္းခ်င္းပူးကပ္ေနၾကတာ ဘယ္ဘက္ကမွေနာက္ဆုတ္မယ့္ပံုမေပၚဘူး။ Xiao Zhanရဲ႕ေက်ာျပင္ဟာ အုတ္နံရံနဲ႔ထိကပ္ေနၿပီး ေအးစိမ့္စိမ့္ခံစားေနရေပမယ့္ သူ႔ေရွ႕ပိုင္းတစ္ျပင္လံုးက ပြက္ပြက္ဆူေနၿပီ။ အခ်ိန္ဘယ္ေလာက္ၾကာသြားတယ္မသိ Xiao Zhanဘက္ကအသိျပန္ကပ္ၿပီး ဦးစြာWang Yiboကိုတြန္းထုတ္လိုက္သည္။

" Bodi ေတာ္ေတာ့ လူႀကီးေတြသိသြားရင္ျပႆနာတက္လိမ့္မယ္ "
" သူတို႔မသိပါဘူး "
" ရပ္ေတာ့ မင္းဒီထက္နမ္းေနရင္ အကို႔တစ္ကိုယ္လံုးေပ်ာ့ေခြသြားလိမ့္မယ္။ "
" မပူနဲ႔ကြၽန္ေတာ္အေပၚထပ္အထိ ခ်ီသြားမွာေပါ့။ "

Xiao Zhan သူ႔လက္နဲ႔အားကုန္ထည့္တြန္းေနတုန္း ခပ္လွမ္းလွမ္းမွာမ်က္လံုးတစ္စံု လက္ခနဲျဖစ္သြားတာ ျမင္လိုက္သည္။

" ဘယ္သူ ? "

Xiao Zhanထိတ္ထိတ္လန္႔လန္႔နဲ႔ ျဖစ္သြားတာေၾကာင့္ Wang Yiboအေနာက္လွည့္ၾကည့္မိလိုက္သည္။ ဝိုးတဝါးအေမွာင္မွာ ထင္းပံုကိုကြယ္ၿပီး Xiao Hwa ေၾကာင္အန္းအန္းနဲ႔ မတ္တတ္ရပ္ၾကည့္ေနေလသည္။

" Xiao Hwa .... "

Xiao Zhan အက်ီမေသမသပ္ျဖစ္ေနတာကို ဆြဲဆန္႔ရင္း ညီမျဖစ္သူကိုရွင္းျပဖို႔ႀကိဳးစားသည္။ Wang Yiboကေတာ့ Xiao Hwaထေအာ္ရင္ ျဖစ္တဲ့နည္းနဲ႔တိတ္ေအာင္လုပ္ဖို႔အသင့္ပဲ။

" ဒါဘာေတြျဖစ္ေနၾကတာလဲ အေမွာင္ထဲမွာ၂ေယာက္သား  "
" Xiao Hwa ကိုကိုရွင္းျပမယ္ "
" ၂ေယာက္က တြဲေနၾကတာေပါ့။ "

ကံေကာင္းေထာက္မစြာနဲ႔ Xiao Hwa ထမေအာ္ခဲ့ဘူး။ တုန္လႈပ္ေနတဲ့ေလသံနဲ႔ Xiao Zhanကိုဆက္တိုက္ေမးခြန္းထုတ္ေနသည္။

" ေျပာေလ တြဲေနၾကတာလားလို႔ "
" ဟုတ္တယ္ Zhan geနဲ႔ငါကတြဲေနၾကတာ "

Wang Yibo အေရွ႕ထြက္ၿပီးဝန္ခံလိုက္သည္။ Xiao Hwa ပါးစပ္ေဟာင္းေလာင္းနဲ႔ ဘာမွမေျပာႏိုင္ေတာ့ဘူး။ သူ႔ခမ်ာအိပ္ခါနီးၿခံထဲတစ္ေခါက္ပတ္ၾကည့္ဖို႔ ဆင္းလာေပမယ့္ HDၾကည့္ရခါနီးျဖစ္သြားတဲ့ဘဝ။

" ဘယ္ေတာ့ပါးပါးနဲ႔မားမားကိုေျပာၾကမွာလဲ။ ဒီကို၂ေယာက္အတူလာတာ ဒီကိစၥေျပာဖို႔လည္းပါတယ္မလား။ "
" ဟုတ္တယ္ Xiao Hwa "
" ဘယ္ေတာ့ေျပာမွာလဲ မနက္ျဖန္ေတာ့မဟုတ္ပါဘူးေနာ္ "
" စိတ္ခ်ပါ ညီမေလးရဲ႕မဂၤလာေန႔ရက္ကို ကိုကိုမဖ်က္ဆီးပါဘူး။ ေနာက္တစ္ရက္မွေျပာဖို႔ဆံုးျဖတ္ထားတယ္။ "
" အံ့ၾသဘ ကိုကိုရယ္။ ကိုကိုအိမ္ကိုboyfriendေခၚလာမယ္လို႔ တစ္ခါမွမေတြးခဲ့ဖူးဘူး။ "

Xiao Zhanလည္း လူသားထဲကလူသားတစ္ေယာက္ေပမို႔ အခ်စ္မွာက်ရႈံးသြားတာပဲေလ။

" ကိုကို သူနဲ႔အတည္တြဲတာလား။ "
" အတည္ပါ "
" ဒါဆိုလည္း ညီမေလးကိုကို႔ဘက္မွာေနေပးပါမယ္။ ဘယ္သူေတြေဝဖန္ပါေစ ကန္႔ကြက္ပါေစ ညီမေလးက ပထမဆံုးကိုကို႔ကို အားေပးခဲ့တာမေမ့နဲ႔ေနာ္။ "

Xiao Zhan ဝမ္းသာလြန္းလို႔ Xiao Hwaကိုေျပးဖက္ရွာသည္။ သူ႔အတြက္ Xiao Hwaက နားလည္ေပးသူအမွန္အကန္ပဲ။ Wang Yiboလည္း ႏႈတ္ကေက်းဇူးတင္စကားထုတ္မေျပာေပမယ့္ Xiao Hwaကို မ်က္ရည္ဝိုင္းေနတဲ့မ်က္လံုးေတြနဲ႔ ၾကည့္ေနမိသည္။

" Shen Shen ဒီသတင္းၾကားရင္ျဖစ္သြားမယ့္မ်က္ႏွာ ျမင္ခ်င္လိုက္တာ ဟိဟိ "
" သူလန္႔သြားမွာပဲ "
"  ၁၀၀%လန္႔သြားမွာ ေျပာရဲတယ္ "

ေမာင္ႏွမ၂ေယာက္ ေခါင္းခ်င္းဆိုင္ရယ္ေမာရင္း စိတ္ထဲကပူပန္မႈေတြေျဖေလ်ာ့လိုက္ၾကသည္။ သူတို႔၃ေယာက္အတူ အိမ္ထဲျပန္ဝင္လာၾကေတာ့ Yang XiXiက အိမ္ေပါက္ဝမွာမ်က္စိကလယ္ကလယ္နဲ႔ ျဖစ္ေနေလရဲ႕။

________________
Vote & Cmt Plz

Unicode

Xiao Hwaရဲ့လက်ထပ်ပွဲကို ခြံထဲမှာပဲအကျဉ်းချုံးလုပ်မှာကြောင့် ဆွေမျိုးနီးစပ်တချို့ကိုပဲဖိတ်ဖို့ မိဘတွေဆုံးဖြတ်ထားကြသည်။ Wang Yiboလည်း ဒီမှာ၂ရက်လောက်နေပြီးပြီဆိုတော့ အိမ်သားတွေနဲ့မစိမ်းတော့ဘူး။ တစ်ခါတစ်လေ Xiaoပါပါးလယ်ထဲဆင်းရင် Wang Yiboလည်း ခမောက်ဆောင်းကာ လိုက်သွားသလို Xiaoမားမား ထမင်းဟင်းချက်ပြုတ်နေရင်လည်း ဘေးနားမှာလက်တိုလက်တောင်း ကူညီပေးနေပြန်ရော။ Xiao Zhanမိဘတွေက သားမက်Wang Shenထက် အလိုက်သိတဲ့Wang Yiboကို အချစ်ပိုနေကြတော့သည်။

" မားမားကတော့ ဖြစ်နိုင်ရင်လေ Yiboကိုသားမက်တော်လိုက်ချင်တာပဲ။ "

Xiaoမားမားက မင်္ဂလာဆောင်အတွက်ပြင်ဆင်နေတဲ့ Xiao Hwaကိုလှမ်းတို့ပြီး ပြောလိုက်သည်။ Xiao Hwa အောင့်သက်သက်ပြုံးပြီး မလှမ်းမကမ်းမှာ လေလွင့်နေတဲ့ကြောင်တစ်ကောင်လို ငုတ်တုတ်ထိုင်နေတဲ့Wang Shenဘက် မျက်စောင်းထိုးလိုက်သည်။ တကယ်လည်း Wang Shenက Wang Yiboလောက် အလိုက်မသိဘူးလေ။

" မားမားအဲ့ဒီလောက်Wang Yiboကိုသားမက်တော်ချင်နေရင် ကိုကိုနဲ့ပေးစားလိုက်လေ။ အဆင်ပြေသွားတာပေါ့။ "

Xiaoမားမားက ကွာစေ့ကိုဂျွတ်ခနဲမြည်အောင်ကိုက်ကာ မျက်လုံးပိတ်စဉ်းစားဟန်ပြုသည်။

" အင်း ဒါလည်းကောင်းတာပဲနော် "
" တကယ်ကြီးလားမားမား "

Xiao Hwa အာဗြဲကြီးနဲ့ထအော်တယ်။ Xiaoမားမားအရေးကြောင်းတွေပေါ်တဲ့အထိရယ်ရင်း ဘာမှဆက်မပြောတော့ဘူး။

----------------
မနက်ကတည်းကXiaoပါးပါးနဲ့အတူ လယ်ထဲလိုက်သွားတဲ့ Wang Yibo အိမ်ပြန်ရောက်တာနဲ့ ခြံထဲကလှုပ်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ သူ့ခြေထောက်၂ချောင်းစလုံး ရွှံ့တွေကပ်ပြီး ခြောက်သွေ့တောင့်တင်းနေပြီ။ Xiaoပါးပါးကတော့ Wang Yiboကိုလှည့်ကြည့်ရင်း သဘောကျစွာရယ်လိုက်သည်။

" ဘယ်လိုလဲ နောက်နေ့လိုက်ဦးမလား။ "
" ဦးလေးခေါ်ရင် နေ့တိုင်းလိုက်ဆိုလည်းလိုက်ပါ့မယ် "
" ဟားဟားဟား ဒီကောင်လေးမဆိုးဘူး။ မြို့သားပေမယ့်ဇွဲကောင်းတယ်။ "

Xiaoပါးပါးအိမ်ထဲဝင်သွားပြီးမကြာခင်မှာပဲ အပြင်သွားတဲ့Xiao Zhan စက်ဘီးတစ်စီးနဲ့ပြန်ရောက်လာသည်။ စက်ဘီးအနောက်မှာ ပိန်ပိန်သေးသေးကောင်မလေးတစ်ယောက်ပါလာပြီး လက်ထဲမှာလည်း ခြံထွက်သစ်သီးခြင်းပိုက်ထား၏။ Xiao Zhan စက်ဘီးပေါ်ကဆင်းတာနဲ့ ကုလားထိုင်မှာဇိမ်ကျနေတဲ့ Wang Yiboကိုတန်းမြင်သည်။

" Yibo ပြန်ရောက်ပြီပေါ့ "
" အင်း Geဘယ်ကပြန်လာတာလဲ "
" မြို့တစ်ဖက်က အမျိုးဆီဖိတ်စာသွားပေးတာ။ "
" အော် ... "

Wang Yibo Xiao Zhanပြောတာသေချာအာရုံမစိုက်နိုင်လောက်အောင် စက်ဘီးနောက်မှာထိုင်လိုက်လာတဲ့ကောင်မလေးဆီ အာရုံကျနေသည်။ ကောင်မလေးက Wang Yiboကိုမြင်တော့ ခေါင်းငြိမ့်နှုတ်ဆက်ပြသည်။

" Yibo သူကWang Shenရဲ့အစ်မတစ်ဝမ်းကွဲ Yang XiXi။ အကို့ရဲ့ငယ်သူငယ်ချင်းလည်းဟုတ်တယ်။ မနက်ဖြန်မင်္ဂလာပွဲအတွက် XiXiကဒီတစ်ညတော့ဒီမှာပဲအိပ်ဖြစ်မယ်တဲ့။  "
" အော် ဟုတ်လား "

Yang XiXiက Xiao Zhanကိုမော့ကြည့်ကာ ပြုံးပြသည်။ Wang Yiboကတော့ Yang XiXiကို မဲ့ပြုံးပြုံးပြနေသည်။ XiXi Wang Yiboကိုတစ်ချက်ကြည့်လိုက်ပြီး Xiao Zhanကို လက်ဟန်ခြေဟန်နဲ့ အမူအယာလုပ်ပြကာ အိမ်ထဲပြေးဝင်သွားလေသည်။

" XiXiက မွေးရာပါဆွံ့အနေတာ။ သူပြောသွားတာ မင်းပုံစံက ကြောက်ဖို့ကောင်းတယ်တဲ့။ "

Wang Yiboသိချင်တဲ့မေးခွန်းကို Xiao Zhanအလိုအလျောက်ဖြေပေးလိုက်သည်။ ဒီတစ်ခါတော့ Wang Yibo ' အော် ' လို့အသံမထွက်တော့ဘူး။

----------------
မနက်ဖြန်မင်္ဂလာဆောင်မို့ သတို့သမီးလောင်း Xiao Hwa ညဦးပိုင်းကတည်းက အိပ်ခန်းထဲဝင်အိပ်သွားပြီ။ ဧည့်ခန်းမှာ Xiaoပါးပါးနဲ့Wang Shen စကားတွေပြောနေကြပြီး တော်တော်နဲ့ပြီးမှာမဟုတ်သေးဘူး။ Xiaoမားမားနဲ့Yang Xixiတို့ မီးဖိုချောင်မှာမနက်ဖြန်အတွက် စားစရာတွေပြင်ဆင်နေကြသည်။ Xiao Zhanနဲ့Wang Yiboတို့ကတော့ ခြံထဲမှာပြင်ဆင်စရာရှိတာတွေပြင်ဆင်နေသည်။ ဖဲကြိုးအနီတွေကို ခြံပတ်လည်လိုက်ချည်နေတဲ့ Xiao Zhanကို Wang Yibo ခိုးကြည့်နေတာမလုံလောက်တော့ဘူး။ မြန်မြန်ဆန်ဆန်ကိုပဲ Xiao Zhanရဲ့လက်ကိုဆွဲပြီး ခြံအနောက်ဘက်ကို ခေါ်သွားလိုက်သည်။

" Yibo မင်းဘာလုပ် အု ! "

Xiao Zhanပြောလို့မဆုံးသေးခင် Wang Yiboရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့် Xiao Zhanရဲ့နှုတ်ခမ်းတွေ နီမြန်းဖူးယောင်သွားရသည်။ အမှောင်ထုအားကိုးကြောင့် အချင်းချင်းပူးကပ်နေကြတာ ဘယ်ဘက်ကမှနောက်ဆုတ်မယ့်ပုံမပေါ်ဘူး။ Xiao Zhanရဲ့ကျောပြင်ဟာ အုတ်နံရံနဲ့ထိကပ်နေပြီး အေးစိမ့်စိမ့်ခံစားနေရပေမယ့် သူ့ရှေ့ပိုင်းတစ်ပြင်လုံးက ပွက်ပွက်ဆူနေပြီ။ အချိန်ဘယ်လောက်ကြာသွားတယ်မသိ Xiao Zhanဘက်ကအသိပြန်ကပ်ပြီး ဦးစွာWang Yiboကိုတွန်းထုတ်လိုက်သည်။

" Bodi တော်တော့ လူကြီးတွေသိသွားရင်ပြဿနာတက်လိမ့်မယ် "
" သူတို့မသိပါဘူး "
" ရပ်တော့ မင်းဒီထက်နမ်းနေရင် အကို့တစ်ကိုယ်လုံးပျော့ခွေသွားလိမ့်မယ်။ "
" မပူနဲ့ကျွန်တော်အပေါ်ထပ်အထိ ချီသွားမှာပေါ့။ "

Xiao Zhan သူ့လက်နဲ့အားကုန်ထည့်တွန်းနေတုန်း ခပ်လှမ်းလှမ်းမှာမျက်လုံးတစ်စုံ လက်ခနဲဖြစ်သွားတာ မြင်လိုက်သည်။

" ဘယ်သူ ? "

Xiao Zhanထိတ်ထိတ်လန့်လန့်နဲ့ ဖြစ်သွားတာကြောင့် Wang Yiboအနောက်လှည့်ကြည့်မိလိုက်သည်။ ဝိုးတဝါးအမှောင်မှာ ထင်းပုံကိုကွယ်ပြီး Xiao Hwa ကြောင်အန်းအန်းနဲ့ မတ်တတ်ရပ်ကြည့်နေလေသည်။

" Xiao Hwa .... "

Xiao Zhan အကျီမသေမသပ်ဖြစ်နေတာကို ဆွဲဆန့်ရင်း ညီမဖြစ်သူကိုရှင်းပြဖို့ကြိုးစားသည်။ Wang Yiboကတော့ Xiao Hwaထအော်ရင် ဖြစ်တဲ့နည်းနဲ့တိတ်အောင်လုပ်ဖို့အသင့်ပဲ။

" ဒါဘာတွေဖြစ်နေကြတာလဲ အမှောင်ထဲမှာ၂ယောက်သား  "
" Xiao Hwa ကိုကိုရှင်းပြမယ် "
" ၂ယောက်က တွဲနေကြတာပေါ့။ "

ကံကောင်းထောက်မစွာနဲ့ Xiao Hwa ထမအော်ခဲ့ဘူး။ တုန်လှုပ်နေတဲ့လေသံနဲ့ Xiao Zhanကိုဆက်တိုက်မေးခွန်းထုတ်နေသည်။

" ပြောလေ တွဲနေကြတာလားလို့ "
" ဟုတ်တယ် Zhan geနဲ့ငါကတွဲနေကြတာ "

Wang Yibo အရှေ့ထွက်ပြီးဝန်ခံလိုက်သည်။ Xiao Hwa ပါးစပ်ဟောင်းလောင်းနဲ့ ဘာမှမပြောနိုင်တော့ဘူး။ သူ့ခမျာအိပ်ခါနီးခြံထဲတစ်ခေါက်ပတ်ကြည့်ဖို့ ဆင်းလာပေမယ့် HDကြည့်ရခါနီးဖြစ်သွားတဲ့ဘဝ။

" ဘယ်တော့ပါးပါးနဲ့မားမားကိုပြောကြမှာလဲ။ ဒီကို၂ယောက်အတူလာတာ ဒီကိစ္စပြောဖို့လည်းပါတယ်မလား။ "
" ဟုတ်တယ် Xiao Hwa "
" ဘယ်တော့ပြောမှာလဲ မနက်ဖြန်တော့မဟုတ်ပါဘူးနော် "
" စိတ်ချပါ ညီမလေးရဲ့မင်္ဂလာနေ့ရက်ကို ကိုကိုမဖျက်ဆီးပါဘူး။ နောက်တစ်ရက်မှပြောဖို့ဆုံးဖြတ်ထားတယ်။ "
" အံ့သြဘ ကိုကိုရယ်။ ကိုကိုအိမ်ကိုboyfriendခေါ်လာမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ "

Xiao Zhanလည်း လူသားထဲကလူသားတစ်ယောက်ပေမို့ အချစ်မှာကျရှုံးသွားတာပဲလေ။

" ကိုကို သူနဲ့အတည်တွဲတာလား။ "
" အတည်ပါ "
" ဒါဆိုလည်း ညီမလေးကိုကို့ဘက်မှာနေပေးပါမယ်။ ဘယ်သူတွေဝေဖန်ပါစေ ကန့်ကွက်ပါစေ ညီမလေးက ပထမဆုံးကိုကို့ကို အားပေးခဲ့တာမမေ့နဲ့နော်။ "

Xiao Zhan ဝမ်းသာလွန်းလို့ Xiao Hwaကိုပြေးဖက်ရှာသည်။ သူ့အတွက် Xiao Hwaက နားလည်ပေးသူအမှန်အကန်ပဲ။ Wang Yiboလည်း နှုတ်ကကျေးဇူးတင်စကားထုတ်မပြောပေမယ့် Xiao Hwaကို မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေမိသည်။

" Shen Shen ဒီသတင်းကြားရင်ဖြစ်သွားမယ့်မျက်နှာ မြင်ချင်လိုက်တာ ဟိဟိ "
" သူလန့်သွားမှာပဲ "
"  ၁၀၀%လန့်သွားမှာ ပြောရဲတယ် "

မောင်နှမ၂ယောက် ခေါင်းချင်းဆိုင်ရယ်မောရင်း စိတ်ထဲကပူပန်မှုတွေဖြေလျော့လိုက်ကြသည်။ သူတို့၃ယောက်အတူ အိမ်ထဲပြန်ဝင်လာကြတော့ Yang XiXiက အိမ်ပေါက်ဝမှာမျက်စိကလယ်ကလယ်နဲ့ ဖြစ်နေလေရဲ့။

________________
Vote & Cmt Plz

Continue Reading

You'll Also Like

285K 49.2K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
79.9K 20K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
578K 36.1K 72
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
37.1K 2.7K 72
ဖတ်ကြည့်နော်😉😉