肖老师 (Xiao Laoshi) •Complete•
By koekoe_kk
92.4K 9K 97
ကျွန်တော် ဆရာရဲ့ တပည့်မဖြစ်ချင်ဘူး...။ ကျွန်တော်က ဆရာရဲ့ ကောင်လေးပဲဖြစ်ချင်တာ..။ ဒါတောင် ဆရာမသိဘူးလား။ ... ကြ... More
Saiko's Note
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
9.1
9.1(Zawgyi)
9.2
9.2(Zawgyi)
10
10.1
10.1(Zawgyi)
10(Zawgyi)
1.6K 101 0
By koekoe_kk
အပိုင်း- ၁၀
"ဟေ့ ဝမ်ကြီး"
"ဘာတုန်းကွာ"
ဘူပိတ်နေတဲ့ရုပ်ကြီးနဲ့ ပြန်ထူးလာတဲ့ ဝမ်ရိပေါ်ကြောင့် ဟောက်ရွှမ်း သူ့ကုတင်ပေါ်ကို ခြေထောက်လေးဖြတ်ခနဲ လှမ်းတင်လိုက်သည်။ တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ အပေါ်ထပ်ကုတင်နှစ်ခုက ကျိရန်နဲ့ ကျိုးရှီးကလည်း ဝမ်ရိပေါ်ကို ငုံ့ကြည့်နေကြသည်။
"မင်းတို့ ဘာကြည့်နေကြတာလဲ"
"မင်းကရော ဘာဖြစ်နေတာလဲ"
သုံးယောက်လုံးပြိုင်တူမေးလာတဲ့အခါ ဝမ်ရိပေါ်က စိတ်ရှုပ်သလို ခေါင်းကိုကုတ်ပြီး အပြစ်မဲ့တဲ့ ခေါင်းအုံးလေးကိုသာ သုံး‌ချက်၊ လေးချက် ဆင့်ထိုးလိုက်သည်။
ဆရာရှောင်းကျန့်က မမိုက်ဘူးဗျာ!
"‌ဆရာရှောင်းကျန့်က မိုက်ပါတယ်ကွ အရပ်ကလည်း‌ရှည်၊ ရုပ်ကလည်းချော မိန်းကလေးတွေရဲ့ အိပ်မက်မင်းသားပဲကို"
စိတ်ထဲက ပြောလိုက်သည့် စကားကို လွှတ်ခနဲ ပါးစပ်က ထွက်သွားတော့ ကျိရန်က ထိုသို့မှတ်ချက်ပေးလာ၏။ ကျန်နှစ်ယောက်ကလည်း ခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ် ဟုတ်နေသည်။
ချီး! ချီးကို ချော! ချီးကို အိပ်မက်မင်းသား!
"ဝမ်ရိပေါ် မင်းသိပြီးပြီလား ဟိုးတစ်နေ့က ‌ဆရာရှောင်းကျန့်ကို မိန်းကလေးတစ်ယောက်နဲ့ငါတွေ့လိုက်တယ် သူ့ကောင်မလေးထင်ပါရဲ့"
ကျိုးရှီးက ‌ဒီတိုင်းပြောလိုက်သော်ငြား ဝမ်ရိပေါ်ရဲ့ ရင်ထဲက အပူမီးမှာ တစ်စတစ်စပို၍ လောင်မြိုက်လာလေသည်။ ကျိုးရှီးကို ခေါင်းထုတ်ကာ မော့ကြည့်လိုက်တော့ "ငါအတည်ပြောတာ" ဆိုသည့် စာတန်းကြီးက ခေါင်းပေါ်မှာ ရောက်နေသလိုပင်။
"ဘယ်မှာတွေ့ခဲ့တာလဲ"
"အမ်း မြို့‌ထဲက ချုံဖေးလမ်း ကော်ဖီဆိုင်နားမှာ ပန်းချီပြခန်းနဲ့ နီးတဲ့ ကော်ဖီဆိုင်လေ"
ဝမ်ရိပေါ် ဇက်ခနဲထတော့ ငြိမ်နေတဲ့ ဟောက်ရွှမ်းက
"ဘော! လန့်လိုက်တာဟ! ဘယ်သွားအုံးမလို့လဲ"
"အပြင်"
ဪ အေး! အိမ်ထဲက ထွက်တာနဲ့တင် အပြင်ရောက်နေပြီလေ!
ဝမ်ရိပေါ် ဖိနပ်ကို ကသုတ်ကရုတ်စီးပြီး ဆိုင်ကယ်သော့ကို ခပ်မြန်မြန်ဆွဲယူလို့ ‌ဦးတည်ရာက ရှောင်းကျန့်‌အိမ် ဒါမှမဟုတ်လည်း ကျောင်း‌ကိုပေါ့။ တစ်လျှပ်လျှပ်တုန်နေသည့် ရင်အစုံက တကယ့်ကိုပဲ ‌ရိုလာကိုစတာ စီးရတာနဲ့ ဆင်တူလှသည်။
ရှောင်းကျန့် ဆိုသည့် အဲ့ဘဲက ‌ဘယ်ကောင်မလေးကို တွဲရအုံးမှာလဲ။ သူ့မှာ ဝမ်ရိပေါ်ဆိုတဲ့ ဒီကောင်တစ်ယောက်လုံးရှိနေတာကိုလေ။ ရှောင်းကျန့်က သူ့ဟာ! သူ့အပိုင်!
.
.
.
"ကိုကို! ကျန့်ကော! ရှောင်းကျန့်! ရှောင်းလောင်ရှီး! လောင်ရှောင်း!"
အိမ်ထဲမဝင်ရသေးခင်မှာပင် နာမည်မျိုးစုံခေါ်နေသော ကောင်လေးကြောင့် ရှောင်းကျန့် ရန်တွေ့ဖို့ အိမ်ရှေ့ကို ခပ်မြန်မြန်ထွက်လာလိုက်သည်။ အိမ်ရှေ့ကိုရောက်တာနဲ့ ပါးစပ်ဟမလို့ ပြင်ရုံရှိသေး... ခါးတစ်ဝိုက်ကို လာတိုးဖက်သည့် ကောင်ငယ်လေး။
"လွမ်းနေတာဗျာ..."
ခပ်တိုးတိုးအသံလေးကို ကြားလျှင်ဖြင့် ဆယ်နှစ် ဆယ်မိုး ခွဲခွာနေရသည့်အသံမျိုးပင်။ အမှန်တော့ ရှောင်းကျန့်အိမ်ကနေ ဝမ်ရိပေါ်ဆင်းပြီး ဟောက်ရွှမ်းတို့နှင့် စပ်တူငှားနေသော အိမ်အသစ်ကို‌ ပြောင်းသွားတာဖြင့် နေ့တစ်ဝက်ပင်ကျိုးရုံရှိသေးသည်။
" အဆိုးလေး ဖယ်အုံး ဟင်းအိုးတူးတော့မယ်"
"ထမင်းမစားရသေးဘူးလား ခင်ဗျား"
"အချိန်ကို ပြန်ကြည့်ပါအုံး အစ်ကိုခင်ဗျ အခုမှ ညစာစားချိန်ရောက်ရုံ ရှိသေးတယ်"
ဟုတ်ပါသည်။ အမှန်ဆို ဝမ်ရိပေါ် ရှောင်းကျန့်ကို ပြဿနာရှာဖို့ ကြံရွယ်ကာလာခဲ့သော်လည်း မျက်နှာကြည်ကြည်၊ မျက်ဝန်းညိုညိုတို့ကို တွေ့သောအခါမှတော့ဖြင့် စိတ်တောင်မဆိုးရက်တော့။ ဒီလောက်အထိတောင်မက ရှောင်းကျန့်ကို ဖွက်ထားလို့ ရရင်ဖြင့် ဖွက်၍တောင် ထားချင်ပါသည်။
"ကျန့်ကော"
"အင်း.."
"ကျိုးရှီးက ခင်ဗျားကို ကောင်မလေးတစ်ယောက်နဲ့ ချုံဖေးလမ်းက ကော်ဖီဆိုင်မှာ တွေ့ခဲ့တယ်တဲ့"
"ဟမ်.."
လှည့်ကြည့်လာသော မျက်ဝန်းညိုတို့ကို ဂျစ်ကန်ကန်ပဲ ပြန်လို့ကြည့်ပေးလိုက်သည်။ ဝမ်ရိပေါ်က စိတ်သာမဆိုးရက်ပေမဲ့ ဒီလူသားရဲ့ အသံချိုချိုလေးနဲ့ ရှင်းပြသံတော့ ကြားချင်သေးတာပေါ့လေ။
"အဲ့ဒါ ကိုယ်‌ရှေ့နှစ် သွားသင်ရမယ့် တက္ကသိုလ်မှာ သင်မယ့် ဆရာမတစ်ယောက်ပဲ။ သင်ကြားရေးသင်တန်းသွားတက်ရင်းနဲ့ ခင်လာတာ.."
"ဒါလေးမြည်းကြည့်ပါအုံး"
စကားစကိုဖြတ်လို့ မြည်းကြည့်ခိုင်းတဲ့ လူသားအလိုကျ အရသာခံပေးကာ လက်မထောင်ပြလိုက်သည်။ နောက် ခုနကအတိုင်း ဂျစ်ကန်ကန်အကြည့်နဲ့ ပြန်နေနေရတာပေါ့။ ဇာတ်မဆုံးသေးဘူးလေ အဟမ့်!
"သူက ‌ပန်းချီပြခန်းလာရင်းနဲ့ ကိုယ်ကလည်း အဲ့လမ်းက စာအုပ်ဆိုင်ကိုသွားရင်းနဲ့ တွေ့လို့ ကော်ဖီဝင်တိုက်တာပါကွာ မင်းငါ့ကို မယုံကြည်ပြန်ဘူးလား"
"မယုံကြည်တာမှမဟုတ်ပဲ ကျန့်ကောကို ကျွန်တော် ဘယ်လောက်ယုံကြည်လဲ ကျန့်ကောသိပါတယ်"
"နောက်... ကိုယ့်မှာ မင်းလို ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရှိတာလည်း သူသိတယ်၊ကြုံရင်မိတ်ဆက်ပေးဆိုပြီး ပြောနေသေးတာ"
ဇာတ်ဆုံးသွားပြီဖြစ်လို့ ‌ဝမ်ရိပေါ် အချစ်တွေပြည့်လျှံနေတဲ့ မျက်ဝန်းလေးပြန်ပေါ်လာတော့သည်။ ထို့နောက်.. ‌ရှောင်းကျန့်နောက်ကျောမှာ တောက်တဲ့ကလေးတစ်ကောင်လို တွယ်ကပ်လို့ ရှောင်းကျန့်ကို ပုခုံးကို သူ့နှုတ်ခမ်းသားတွေနဲ့ ပွတ်ဆွဲကာ အလုပ်ရှုပ်နေပါတော့သည်။
ထိုအချိန်‌တွင် ရှောင်းလောင်ရှီးရဲ့ ဆူပူသံ ချိုမြမြ‌ကလေးကလည်း မီးဖိုချောင်ထဲမှာ ပျံ့လွင့်လို့နေတော့သည်။
....
"ပြန်ရတော့မယ် ကျွန်တော့်ကိုနမ်းပါအုံး"
"မင်းဘာဖြစ်နေတုန်း"
"ကျွန်တော်တို့ မနမ်းရတာ ဘယ်နှရက်တောင်ရှိပြီလား"
ဘုရားစူး! ရှောင်းကျန့်ကို မနက်ကလေးတင် အိမ်ပြောင်းရတော့မှာမို့ ဆိုပြီး နမ်းခိုင်းသေးတာ ဒီကဝမ်ရိပေါ်မဟုတ်ဘူးလား??
ရှောင်းကျန့် အံ့ဩဟန်မျက်ဝန်းညိုတို့ဖြင့် ကြည့်ပေးလိုက်တော့မှပဲ ဝမ်ရိပေါ်က မျက်နှာငယ်လေးနှင့် "ပါးလေးကိုသုံးချက်ပဲနမ်း"တဲ့။
ဝမ်ရိပေါ်က တကယ်အဆိုး။
လွတ်လပ်တက်ကြွနေတဲ့ ကောင်ငယ်လေးရဲ့ ကျောပြင်ကို ကြည့်ပြီး ဒီကောင်လေးဟာ သူနဲ့ ထိုက်သင့်ရဲ့လားလို့ တွေးမိတာ အကြိမ်ကြိမ်အခါခါပင်။
အဲ့လိုတွေးမိတိုင်းလည်း ဝမ်ရိပေါ်ဟာ သူ့ကို မတွေးမိအောင် ချစ်ပေးနိုင်စွမ်းရှိသည်။ ဒီတစ်သက် လက်တွဲဖော် မရလောက်တော့ဘူး လို့ စ‌စနေတဲ့ မားမားကို ရှောင်းကျန့်ဟာ အခုတော့ ကောင်လေးလက်ကို ကိုင်လို့ "ကျွန်တော့် လက်တွဲဖော်"လို့ ရဲရဲဝံ့ဝံပြပြီး အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။
အထက်တန်းနောက်ဆုံးကျောင်းသား ဝမ်ရိပေါ်။
နည်းပညာ ပထမနှစ်ကျောင်းသား ဝမ်ရိပေါ်။
အခု နည်းပညာ ဒုတိယနှစ်ကျောင်းသား ဝမ်ရိပေါ်။
တဖြည်းဖြည်း အရွယ်ရောက်လာခဲ့တဲ့ ကောင်လေးဟာ သူ့ကို ချစ်ခွင့်ပန်ခဲ့တုန်းက အံ့ဩခဲ့လိုက်ရတာ။
တစ်ချိန်ချိန်ထားသွားမှာပဲ ဆိုတဲ့ အတွေးတွေမဝင်အောင်ကို ချစ်ပေးတဲ့ ဒီကောင်လေးကို သူ့မှာ မြတ်နိုးလိုက်ရတာ။
အချစ်ဆိုတာ ရှာဖွေရခက်တယ်ဆိုပေမဲ့...
အချိန်တန်လို့ ကိုယ့်ဆီ ‌ဖူးစာကြိုးနီလေး နွှယ်လာတဲ့အခါ နေ့ရက်တိုင်းဟာ ရင်ခုန်ဖို့ကောင်းတဲ့ အထူးအဆန်း နေ့ရက်တွေနဲ့ တူလှပါသည်။
....
အမှန်တကယ်တော့ ဝမ်ရိပေါ်ကလည်း အိမ်အသစ်မှာ နေချင်လှတယ်လို့ မဟုတ်ပါဘူး။ တက္ကသိုလ်နဲ့ အရမ်းဝေးလို့ ပထမတစ်နှစ်တော့ သည်းခံနေလိုက်ပေမဲ့ ကျန့်ကောရဲ့ အကြံပေးမှုကြောင့် အနုပညာတက္ကသိုလ်က နှစ်ကောင်ကိုပါ ချောဆွဲလိုက်သည်။
ကျိုးရှီးကိုပဲ ချောဆွဲတာဖြစ်ပေမဲ့ ဟောက်ရွှမ်းနှင့် မနှစ်က‌မှ ချစ်သူ ဖြစ်သွားကြသည့် ‌ ကျိရန်ကပါ အိမ်ငှားခကူစိုက်ပေးပြီး လာနေလေသည်။
အခုတော့... လွမ်းနေရပြီ။
စာကြည့်စားပွဲ အရှေ့မှာထောင်ထားသည့် မှန်ဘောင်လေးကို ပွတ်သပ်ရင်း အကျယ်ကြီးအော်ငိုပစ်လိုက်ချင်တဲ့အထိ ရှောင်းကျန့်ကို လွမ်းသည်။
ကျိုးရှီးကတော့ ပိုလိုက်တာ လို့ထောပနာပေးပေမဲ့ မပိုပဲ လိုတောင် လိုနေတာ သူပဲ သိသည်လေ။
ဟုတ်တယ်..။
ရှောင်းကျန့်ရဲ့ အနမ်းလေးတစ်ပွင့်လောက် ညအိပ်ခါနီးတိုင်း လိုကိုလိုအပ်နေတာ။
ကျန့်ကောပြောင်းမည့် တက္ကသိုလ်က အရင်ရပ်ကွက်ကသွားလျှင်ပိုနီးတာမို့ ဒီအိမ်မှာလာနေဖို့ကို ခေါ်လို့မရခဲ့ခြင်းမှာ ဝမ်ရိပေါ် ရင်နာလှသည်။
လွမ်းလိုက်တာ ကို ၁၈၂၃ ခါနဲ့မြှောက်ရင်တောင်မှပဲ သူရဲ့ ကျန့်ကောကိုလွမ်းတဲ့ အလွမ်းတွေကို လိုက်လို့မမှီပေ။
....
Continue Reading
You'll Also Like
2.3K 112 8
16K 638 30
>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တေ...
103K 17.9K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
175K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."