Unicode
(ဟိုနေ့ကတမင်စတာ ခွေးစာအများကြီးမပါဘူး 😉)
လေထုကနည်းနည်းထူးဆန်းနေတယ်။
မရေရာမပြတ်သားမှုကစိုထိုင်းတဲ့လေထုထဲမှာစီးဆင်းနေပီး မိုးပေါက်တွေကလဲကားမှန်ကိုတပေါက်ပေါက်ရိုက်ခတ်နေတယ်။ မိုးစက်လေးတွေတစ်ခုနဲ့တစ်ခုစုစည်းသွားတဲ့အခါ ကားမှန်ပေါ်မှာ မိုးရေလိုက်ကာတစ်ခုလိုဖြစ်သွားတယ်။
ကုရှင်ချွမ်းကဇာတ်ကားတွေထဲကအနှေးပြကွက်တစ်ခုလို သူ့ဆီကိုယိုင်လာပီး ဖြည်းဖြည်းချင်းကပ်ကပ်လာတယ်။ စုန့်ရီဘာဖြစ်တော့မယ်မှန်းသိနေပေမဲ့လဲ အံ့ဩစရာကောင်းလောက်အောင်လွတ်မြောက်ဖို့မကြိုးစားမိဘူး။
အနည်းငယ်အေးနေတဲ့နှာဖျာလေးကသူ့အောက်နှုတ်ခမ်းကိုရှပ်တိုက်သွားပီး ကုရှင်ချွမ်းရဲ့အသက်ရှူငွေ့နွေးနွေးလေးက သူ့ရဲ့မေးရိုးကအရေပြားပေါ်မှာရွရွလေးဖြတ်သန်းနေပီး သူ့ကိုအသည်းတယားယားဖြစ်စေတယ်။
နေ့လည်ခင်းတုန်းကလို ကြမ်းကြမ်းတမ်းတမ်နဲ့ရန်လိုတဲ့အနမ်းနဲ့မတူပဲ ဒီတစ်ခါနမ်းတာကအရမ်းညင်သာလွန်းတယ်။ ကုရှင်ချွမ်းကသူ့ရဲ့နူးညံ့တဲ့အောက်နှုတ်ခမ်းလေးကိုသုံးပီး ဖွဖွလေးတစ်လှည့် ခပ်ပြင်းပြင်းတစ်ခါနဲ့ စုပ်ယူနမ်းရှိုက်နေတယ်။
စိုစွတ်စွတ်အသံအနည်းငယ်ထွက်လာတဲ့အခါမှာ ရှော့ခ်ရိုက်ခံလိုက်သလိုပဲ စုန့်ရီရဲ့နှလုံးခုန်နှုန်းတွေမြန်ဆန်လာပီး နားရွက်တွေလဲရဲရဲနီသွားတယ်။
သူမျက်လုံးလေးကိုနည်းနည်းလေးမှေးကြည့်လိုက်တယ်။ နောက်ကြည့်မှန်ထဲမှာ ကုရှင်ချွမ်းရဲ့အာရုံစိုက်နေတဲ့ဘေးတစောင်းမျက်နှာကိုမြင်နေရတယ်။ နည်းနည်းရှုပ်နေတဲ့ဆံပင်အနည်းငယ်ကပါးပေါ်ကိုကျနေပီး ပိုပီးသန့်ပြန့်ချောမောအောင်လုပ်ပေးနေတယ်။ သူကရုပ်ပြစာအုပ်ထဲကချောချောလှလှကောင်းလေးလိုပဲ အရမ်းကြီးကိုကြည့်ကောင်းလွန်းနေတယ်။
ဖော်ပြလို့မရနိုင်တဲ့ပြောင်းလဲမှုတစ်ခုက စုန့်ရီရဲ့နှလုံးသားမှာ ဖြစ်ပေါ်လာတယ်။ မှားတယ်လို့ခံစားရပေမဲ့ နှစ်သက်ကြည်နူးစရာကောင်းနေတုန်းပဲ။ ခံစားချက်အားလုံးရဲ့အရင်းအမြစ်ကိုစဥ်းစားဖို့နောက်ကျသွားပြီ။ သူ့ခါးကအေးခနဲဖြစ်သွားပီး လက်အေးအေးတစ်ဖက်က သူ့အင်္ကျီကိုမတင်နေတယ်။ စုန့်ရီရုတ်တရပ်ပြန်ပီးတည်ငြိမ်သွားတယ်။ သူကဂနာမငြိမ်ဖြစ်နေတဲ့လက်ကိုဖိထားလိုက်ပီး "မင်းဘာလုပ်နေတာလဲ?"
ကုရှင်ချွမ်းကသူ့ရဲ့မပြေသေးတဲ့စိတ်ကိုလေနဲ့အတူ စုန့်ရီရဲ့မျက်မှန်တွေဆီမှုတ်ထုတ်လိုက်ပီး နှုတ်ခမ်းတွေကကွေးသွားတယ် "ငါတို့လုပ်ကြမလား?"
စုန့်ရီကမျက်မှန်ကိုချွတ်လိုက်ပီး တစ်ရှူးယူလိုက်ကာ မျက်ပေါ်မှာရှိနေတဲ့အငွေ့တွေကိုသုတ်ပစ်လိုက်တယ် "သွားစမ်းပါ!"
နှလုံးခုန်တာတွေလဲကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပီ။
ကုရှင်ချွမ်းကထိုင်ခုံမှာစိတ်ဆိုးစွာပြန်ထိုင်လိုက်ရင်း ညင်သာစွာ 'ကျစ်'ခနဲလုပ်လိုက်ပီး အလေးအနက်ထားပြောလာတယ် "စောနလေးတုန်းကလိုမျိုး ငါ့ကိုမကြည့်နဲ့ ငါထိန်းမထားနိုင်ဘူး"
စုန့်ရီခနလောက်ပြောစရာမရှိဖြစ်သွားတယ်။ သူသခင်လေးကုကိုထိန်းမနိုင်ဖြစ်သွားအောင် ဘယ်လိုမျက်လုံးမျိုးလုပ်လိုက်မိမှန်းစဥ်းစားလို့တောင်မရဘူး။ ဒါကသိသိသာသာပဲ သူ့ဘာသာသူထိန်းချုပ်ရမဲ့ ကုရှင်ချွမ်းရဲ့လွန်လွန်ကဲကဲရှိလှတဲ့ ကြမ်းတမ်းတဲ့သားရိုင်းစိတ်ဖြစ်တယ်။
အိမ်ပြန်တဲ့လမ်းမှာ ရှန်းတုပြောခဲ့တာကိုစုန့်ရီပြန်စဥ်းစားကြည့်မိတယ်။ ရှန်းတုပြောတဲ့တချို့အရာတွေကမှန်ကန်တယ်။ ကုရှင်ချွမ်းက date ဖို့အတွက်သင့်တော်တယ်။ သူကကြည့်ကောင်းပီး ပျော်စရာလဲကောင်းတယ်။ တစ်ခါတစ်ရံမှာသူကညင်သာသိမ်မွေ့ပီး သူတစ်ပါးကိုထည့်သွင်းစဥ်းစားပေးတတ်တယ်။ သူနဲ့အတူတူရှိနေရတဲ့အချိန်တိုင်းက အမြဲတမ်းလတ်ဆတ်ပီး ပျင်းစရာမကောင်းဘူး။ သူကချစ်ကြိုက်နေတယ်ဆိုတဲ့ခံစားချက်မျိုးရှိတဲ့အရာအားလုံးကိုလုပ်ဆောင်နိုင်တယ်။
ဒါပေမဲ့ စုန့်ရီလက်ထပ်ဖို့နဲ့ဘဝတစ်ခုထူထောင်ဖို့ကို စဥ်းစားချိန်ဆကြည့်တဲ့အခါမှာလိုအပ်တဲ့အခြေအနေတွေကအရမ်းကြီးမများဘူး။ အရေးကြီးဆုံးအရာကတည်မြဲဖို့။ ကုရှင်ချွမ်းမှာကမသေချာမရေရာမှုတွေအများကြီးရှိတယ်။ လက်ဖက်ရည်၊ ဆန်၊ ဆီ၊ ဆား၊ ဆော့စ်၊ ရှာလကာရည်၊ ရေနွေးကြမ်းစတာတွေရှိနေတဲ့ဘဝက နှစ်ယောက်သားရဲ့မက်မောခြင်းတွေအတွက်သာမကပဲ တစ်ယောက်နဲ့တစ်ယောက်လိုက်လျောညီထွေရှိနေမှုအတွက်လဲဖြစ်တယ်။ သည်းခံရမယ်၊ တစ်ယောက့်လက်တစ်ယောက်တွဲပီး ဘဝကိုအတူတူလျှောက်လှမ်းရမယ် ဒါတွေကိုကုရှင်ချွမ်း လုပ်နိုင်မှာလား?
စုန့်ရီမရှုံးနိမ့်ချင်ဘူး။ အဲ့ဒီအပြင်သူ့အပေါ်ကုရှင်ချွမ်းရဲ့ကြိုက်နှစ်သက်မှုကလဲအတော်လေးစစ်မှန်တယ်။ သူ့ဘက်ကနေ ဒီခံစားချက်ပိုင်းဆိုင်ရာအန္တရာယ်ရှိလှတဲ့ 'ခရီးရှည်' ကြီးမှာအတူပါဝင်ချင်လားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
စုန့်ရီကုရှင်ချွမ်းနဲ့အတူအိမ်ပြန်လာခဲ့တယ်။ မိိုးမိထားတာမို့ စုန့်ရီကသူ့ကိုရေချိုးခန်းထဲကိုအတင်းတွန်းပို့လိုက်ပီး ရေးချိုးခိုင်းလိုက်တယ်။ ပီးသွားရင်အိမ်ပြန်ခိုင်းမယ်လို့တွေးလိုက်တယ်။ အအေးမမိအောင် သူ့ဘက်ကတာဝန်ယူပေးသင့်တယ်။
အချိန်ကညပိုင်းဆယ်တစ်နာရီတောင်ထိုးခါနီးပီမို့ ကျောက်ဟုန်းရန်ကအိပ်ပျော်နေပီဖြစ်တယ်။ စုန့်ရီကတခြားအခန်းကိုသွားပီးရေချိုးလိုက်တယ်။ သူကသက်သောင့်သက်သာရှိတဲ့ညဝတ်အင်္ကျီတွေလဲဝတ်လိုက်ပီး အိပ်ယာဘေးမှာထိုင်လိုက်ပီး ဖုန်းထဲကနေသတင်းတွေဖတ်ကြည့်နေလိုက်တယ်။
အခန်းထဲမှာက ညအိပ်မီးအိမ်လေးပဲဖွင့်ထားတာဖြစ်ပီး အခန်းထဲမှာအဝါရောင်မှိန်မှိန်လေးပဲလင်းနေတယ်။ ကုရှင်ချွမ်းကလက်တစ်ဖက်နဲ့ဆံပင်ကိုပွတ်ရင်းထွက်လာတယ်။ သူကခါးမှာအဖြူရောင်သဘက်တစ်ထည်ကိုသာပတ်ထားပီး သူလမ်းလျှောက်သွားတဲ့နေရာတိုင်းမှာ ရေစက်လေးတွေအတန်းလိုက်ကျန်ခဲ့တယ်။
စုန့်ရီကတစ်ချက်မော့ကြည့်လိုက်ပီး ခေါင်းကိုမြန်မြန်ပဲငုံ့လိုက်တယ်။ သူကဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ပီး ဖုန်းကိုပဲပြန်ကြည့်နေလိုက်တယ် "မင်းအဝတ်အစားဝတ်ပီးခါမှ ထွက်လာလို့မရဘူးလား?"
"ငါ့အဝတ်အကုန်လုံးကစိုကုန်ပြီလေ"
ကုရှင်ချွမ်းကသူ့ဘေးမှာပေါ့ပေါ့ပါးပါးပဲထိုင်ချလာတယ်။ စုန့်ရီကသူ့ကိုကြည့်ပီး မျက်မှောင်ကြုတ်လိုက်တယ် "မင်းအိမ်မပြန်ဘူးလား?"
ကုရှင်ချွမ်းကကြားတဲ့ဟန်မပေါ်ဘူး။ သူကလည်ပင်းကိုဆန့်ပီး စုန့်ရီရဲ့ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တယ် "အစုရှယ်ယာတွေမှာအကျိုးအမြတ်ရမဲ့ နည်းလမ်းသုံးသွယ် မင်းဒါတွေကိုကြည့်နေတုန်းပဲလား?"
"ဒီတိုင်း ခနလောက်ကြည့်တာပါ" စုန့်ရီသူ့ကိုဘာ်အချိန်ကျမှပြန်မှာလဲလို့မေးချင်နေတယ်။ သူ့လည်ပင်းမှာရုတ်တရပ်နွေးခနဲဖြစ်သွားပီး သူ့ပခုံးတစ်ဖက်ကနိမ့်ခနဲဖြစ်သွားတယ်။
သူခေါင်းလှည့်ကြည့်လိုက်တော့ ကုရှင်ချွမ်းကသူ့ရဲ့မေးချွန်ချွန်လေးကိုစုန့်ရီပခုံးပေါ်မှာတင်ထားပီး မျက်လွှာလေးချကာ တည်တည်ငြိမ်ငြိမ်ပဲပြောနေတယ် "မင်းကမျက်မှန်ကြီးတပ်ပီး ညကြီးစာဖတ်နေတယ် ငါမင်းကိုကူဖတ်ပေးမယ်"
"အစုရှယ်ယာတွေမှာ အများဆုံးစဥ်းစားရမှာကသူတို့ရဲ့အရည်အသွေးဖြစ်တယ် ကောင်းမွန်တဲ့အရည်အသွေးကသာ နောက်ဆုံးအစုရှယ်ယာစျေးကွက်မှာ အကြီးမားဆုံး..."
မခြောက်သေးတဲ့ဆံပင်ပေါ်ကရေစက်တွေက စုန့်ရီလည်ပင်းပေါ်စီးကျလာပီး ညှပ်ရိုးတွေကနေတဆင့် သူ့အင်္ကျီထဲဝင်ရောက်လာတယ်။ စုန့်ရီခံစားချက်တွေသိပ်မကောင်းတော့ဘူး။ ကုရှင်ချွမ်းခန္တာကိုယ်ဆီက pheromone နံ့ယဲ့ယဲ့လေးရယ် နွေးထွေးတဲ့ကိုယ်အပူချိန်ရယ်က သူ့ကိုမကောင်းတော့ဘူး မကောင်းတော့ဘူး ဆိုပီးသတိတွေပေးနေတယ်။
စုန့်ရီကမတော်တဆတစ်ခုခုဖြစ်သွားမှာကိုကာကွယ်တဲ့အနေနဲ့ သူ့ခေါင်းကိုတွန်းထုတ်လိုက်ပီး ဖုန်းကိုလဲအဝေးမှာထားလိုက်တယ် "ဆယ့်တစ်နာရီတောင်ထိုးနေပီ မင်းအိမ်မပြန်တော့ဘူးလား?"
"ငါအိမ်မပြန်တော့ဘူး ဒီအချိန်ကငါအိပ်ရမဲ့အချိန်ပဲ" ကုရှင်ချွမ်းကသူ့ခြေထောက်ကှည်ရှည်တွေကိုဆန့်ထုတ်လိုက်ပီး အိပ်ယာပေါ်မှာလှဲလိုက်တယ်။
ပြီးပြည့်စုံတဲ့ပုံရိပ်ကိုတစ်ချက်ကြည့်ရုံနဲ့တင်မြင်နိုင်တယ်။ ကြွက်သားတွေကမပြေပြစ်တာမျိုးမရှိဘဲ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့လှပတဲ့အချိုးအစားရှိတယ်။ ကုတင်ပေါ်ကိုတက်လိုက်တဲ့အချိန်မှာ သူ့ရဲ့ခြေထောက်ကြွက်သားတွေကတင်းသွားပီး ကြည့်ရတာပိုပီးကျစ်လျစ်သန်မာသွားစေတယ်။ ဒါကလူတွေကိုမထိန်းနိုင်ဘဲ ပုံတစ်ပေါက်လောက်ရိုက်ချင်လာအောင်ပြုလုပ်နိုင်တယ်။
စုန့်ရီနားတွေပူလာပီး နှလုံးကလဲအကြမ်းပတမ်းခုန်နေတယ်။ စုန့်ရီနှုတ်ခမ်းတွေကိုတင်းတင်းဖိပီး ငြိမ်ငြိမ်လေးလှဲနေတဲ့သူကိုကြည့်လိုက်တယ်။ ကုရှင်ချွမ်းကဆွဲဆောင်မှုရှိပီး ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာကိုစုန့်ရီကောင်းကောင်းသိတယ်။
သူစိတ်လျှော့ချလိုက်တယ် "မင်းအိပ်မယ်ဆိုရင်လဲ ငါဆိုဖာပေါ်ပဲသွားအိပ်တော့မယ်"
သူ့မှာဒေါသထွက်ဖို့ရော ထွက်သွားခိုင်းဖို့ရောမလုပ်နိုင်ဘူး။
ကုရှင်ချွမ်းကသူ့ကိုထွက်သွားခိုင်းဖို့ဆန္ဒမရှိဘူး။ သူကဆတ်ခနဲထထိုင်လိုက်ပီး စုန့်ရီလက်ကောက်ဝတ်ကိုကိုင်ပီး အိပ်ယာပေါ်ကိုဆွဲချလိုက်တယ်။ သူ့လက်ဖဝါးတစ်ဖက်ကိုတော့ စုန့်ရီခေါင်းနောက်မှာခံပေးထားပီး နူးညံ့တဲ့ဆံပင်လေးတွေကိုထိတွေ့နေတယ်။ သူကစုန့်ရီရဲ့နားနားကိုကိုင်းချလိုက်ပီး အက်ရှရှအသံနဲ့ပြောလာတယ် "
ငါကြောက်တယ် ငါကမရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုမှာတစ်ယောက်တည်းမအိပ်တတ်ဘူး မင်းငါနဲ့အတူတူအိပ်ပေးလေ"
Fuck you! စုန့်ရီကအရူးမဟုတ်ပါဘူး။ ကုရှချွမ်းဘာတွေစိတ်ကူးနေလဲသူသိတာပေါ့ "မင်းငါ့ကိုလွှတ်ပေး ငါကြမ်းပြင်ပေါ်မှာအိပ်လိုက်မယ်"
"မရပါဘူး မင်းအအေးမိသွားရင်ဘယ်လိုလုပ်မလဲ?" ကုရှင်ချွမ်းကသူ့ကိုယ်ပေါ်မှာလှဲလိုက်ပီး စုန့်ရီကိုတည့်တည့်စိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေကတော့ သားကောင်ကိုကြည့်နေသလိုမျိုးတောက်ပလို့နေတယ်။
စုန့်ရီသူ့ကိုကြည့်ခွင့်ပေးထားလိုက်ပီး ခန္တာကိုယ်ကိုနည်းနည်းလှုပ်ကာ တည်ငြိမ်ယောင်ဆောင်ရင်းပြောလိုက်တယ် "အာ့ဆိုမင်းကြမ်းပြင်ပေါ်မှာအိပ်"
ကုရှင်ချွမ်းကလက်ဆန့်ထုတ်ကာ စုန့်ရီမျက်မှန်ကိုချွတ်လိုက်ပီး အိပ်ယာဘေးကစားပွဲပေါ်မှာတင်ထားလိုက်တယ်။ စုန့်ရီကအရာအာလုံးဝါးတားတားတွေဖြစ်သွားတာမို့ မျက်လုံးတွေကိုအလိုလိုမှေးကျဥ်းမိသွားတယ်။
သူ့မျက်လုံးတွေကကြည့်လို့ကောင်းပီး နွေးထွေးတဲ့မီးရောင်အောက်မှာအားနည်းလို့နေတယ်။ ကုရှင်ချွမ်းကသူ့ရဲ့မျက်ခွံလေးကိုညင်ညင်သာသာလေးနမ်းလိုက်ပီး အလေးအနက်ပြောလိုက်တယ် "ငါကကြမ်းပြင်ပေါ်မှာအိပ်လို့မရဘူး ငါကကျန်းမာရေးမကောင်းတာမို့အိပ်ယာထဲမှာပဲအိပ်လို့ရတယ်"
"မင်းလျှောက်ပြောမနေနဲ့" စုန့်ရီကသူ့ကိုစိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့မျက်လုံးကဝါးနေတာမို့ အေးစက်စက်အသံနဲ့ပဲသတိပေးလိုက်တယ် "မင်းသွားမကြိတ်နဲ့နော် မဟုတ်ရင်ငါမင်းကိုရိုက်ပစ်မှာဗျ"
ကုရှင်ချွမ်းအကြိမ်အနည်းငယ်လောက်မျက်တောင်ခတ်လိုက်ပီး စုန့်ရီရဲ့နည်းနည်းရဲနေတဲ့ပါးလေးတွေကိုကြည့်လိုက်တယ်။ စုန့်ရီကမျက်မှန်မရှိရင် အမြင်အာရုံဆုံးရှုံးသွားသလိုပဲ ဒါတောင်မှ သူကလူကြမ်းကြီးပုံပေါက်အောင် သရုပ်ဆောင်နေသေးတယ်။ ကုရှင်ချွမ်းရဲ့နှလုံးသားဟာယားယံလာပီး သူ့ပါးစပ်ကနေလဲစကားတစ်ခွန်းဟာအလိုလိုထွက်ကျလာတယ် "စုန့်ရီ ငါမင်းကိုလိုချင်တယ်"
သူအရင်တုန်းကဆို ဒီလိုအရာမျိုးမှာအရမ်းစိတ်အားထက်သန်တာမျိုးမရှိဘူး။ ပထမတစ်ချက်အနေနဲ့ သူ့ရဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြောင့် သူကစောစောပွဲဦးထွက်ခဲ့တာဖြစ်ပီး လူတွေကသူ့ရဲ့အပြောအဆိုအပြုအမူကိုစောင့်ကြည့်နေကြတယ် နည်းနည်းလေးမှားတာနဲ့သတင်းတွေကကောင်းကင်ထိရောက်အောင်ချဲ့ကားသွားလိမ့်မယ် ဒုတိယအချက်အနေနဲ့ သူ omega တွေနဲ့ပေါင်းသင်းဆက်ဆံရတာကိုမကြိုပ်ဘူး အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။ သူတို့နဲ့ပြောဆိုနေရတာထက် ဘတ်စကက်ဘောလေးကစားလိုက် ဂိမ်းလေးကစားလိုက်လုပ်နေတာကပိုပီးတောင်ကောင်းသေးတယ်။
ဒါပေမဲ့ စုန့်ရီနဲ့ကျတော့ သူစိတ်မှာညစ်ပတ်တဲ့အတွေးတွေနဲ့ပဲပြည့်နေတယ်။ သူစုန့်ရီကိုအိပ်ယာထဲမှာဖိထားပီး အထိန်းအကွပ်မဲ့စွာကြမ်းရမ်းပစ်ချင်မိတယ်။ သူ့ကိုယ်သူလဲထူးဆန်းတယ်လို့ခံစားရတယ်။
စုန့်ရီကသူ့ပခုံးတွေကိုဘေးကိုတွန်းချလိုက်ပီး ထထိုင်လိုက်ကာ ဒေါသတကြီးပြောလိုက်တယ် "ငါ့ကိုဒီလိုလှည့်ကွက်တွေလာမသုံးနဲ့ မင်းမိန်းကလေးတွေကိုဆွယ်တဲ့နည်းလမ်းတွေနဲ့ငါ့ကိုလာမဆွယ်နဲ့ အသုံးမဝင်ဘူး"
သူတို့နှစ်ယောက်ကဒီထက်ပိုပီးထပ်နီးစပ်လို့မရဘူး။ စုန့်ရီကဒီပြင်းထန်တဲ့တိုက်စစ်တွေကိုမထိန်းချုပ်နိုင်မှာကိုတကယ်ကြောက်တယ်။ သူအာ့ကြောင့်မို့ထပ်ခါထပ်ခါပြောနေရတာ။
ကုရှင်ချွမ်းကအံ့ဩသွားပီး သူ့ရဲ့မငြိမ်မသက်ဖြစ်နေတဲ့အသက်ရှူသံတွေကို ထိန်းညှိလိုက်ပီး တည်တည်ငြိမ်ငြိမ်မေးလာတယ် "မင်းငါ့ကိုမကြိုက်ဘူးလား?"
ကုရှင်ချွမ်းရဲ့ဘဝကအေးအေးဆေးဆေးချောချောမွေ့မွေ့ပါပဲ။ သူ့ကိုသဘောမကျတဲ့သူဆိုလို့အနည်းငယ်ပဲရှိတယ်။ သူ့ကိုသဘောမကျရင်လဲ ဘယ်သူကမှသဘောမကျကြောင်းမပြသဘူး။ စုန့်ရီကျတော့ ဒီလူကသူ့ကိုအထင်သေးမှန်းအရမ်းသိသာတယ်။
စုန့်ရီကစကားမပြောဘဲ ခေါင်းလှည့်လာပီး သူ့ကိုကြောင်တောင်တောင်ကြည့်လာတယ်။
ကုရှင်ချွမ်းကသူ့ကိုတည့်တည့်စိုက်ကြည့်လိုက်ပီး မာနတကြီးနဲ့ရှက်ရွံ့တာမျိုးလဲမရှိဘူး "မင်းငါ့ကိုဘာမကျေနပ်တာလဲ? ငါကချမ်းသာတယ် ချောမောတယ် ပီးတော့ရုပ်ပိုင်းဆိုင်ရာခွန်အားကလဲကောင်းမွန်တယ်လေ ဘာလို့မင်းကငါ့ကိုအထင်သေးနေတာလဲ?"
စုန့်ရီအကျယ်ကြီးအော်ရယ်လိုက်တယ်။ သူ့အကြောင်းကိုသူ ဒီလိုပြောတဲ့လူမျိုးသူတစ်ခါမှမတွေ့ဖူးဘူး။ ဒါကတကယ်အရှက်မဲ့တာပဲ။ သူခနလောက်စဥ်းစားလိုက်ပီး အလေးအနက်ပြောလိုက်တယ် "ကုရှင်ချွမ်း မင်းငါ့ကိုမက်မောတာကခနလေးအတွက်ပဲ မင်းကငါနဲ့အိပ်ချင်တယ် ဒါပေမဲ့ငါတို့စဥ်းစားရမှာကအများကြီးရှိတယ် မင်းကအခုချိန်မှာသာမက်မောမှုတွေကပြည့်နေတာ နောက်ပိုင်းကျရင် ဒီရေတွေကျသွားလို့ ငါကပဲကမ်းပေါ်သောင်တင်ကျန်ခဲ့သလိုဖြစ်နေမှာ အဲ့တာဆိုငါကဘာလုပ်သင့်လဲ?"
သူကထင်ရာဆိုင်းတတ်တဲ့ မြီးကောင်ပေါက်အရွယ်ကလေးလေးမဟုတ်တော့ဘူး။ စုန့်ရီက relationship တစ်ခုမှာ လုပ်သင့်လုပ်ထိုက်တာကိုပဲပြုလုပ်ပီး မလုပ်သင့်တာတွေအားလုံးကိုလျှော့ချပစ်ဖို့ပဲ စဥ်းစားတယ်။ အရေးကြီးဆုံးအရာကတော့ သူကကောင်းမွန်တဲ့အိမ်ထောင်တစ်ခုထူထောင်နိုင်တဲ့လူတစ်ယောက်ရှာဖွေရမှာဖြစ်တယ်။
ကုရှင်ချွမ်းကမျက်တောင်တစ်ချက်မခတ်ပဲ ရှုပ်ထွေးတဲ့စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့အလား စိုက်ကြည့်နေတယ်။
စုန့်ရီစိတ်ထဲမှာသက်ပြင်းချလိုက်ပီး မျက်နှာလွှဲလိုက်ကာ မထူးမခြားနားစွာပြောလိုက်တယ် "ငါတို့ကမသင့်တော်ဘူး အဲ့တာကိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတည်းကမင်းလဲသိမှာပါ အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်မင်းကငါနဲ့နှစ်ပေါင်းများစွာတကျက်ကျက်ဖြစ်နေမှာလဲ မင်းကမင်းနဲ့အတူကစားပေးမဲ့လူတစ်ယောက်ကိုရှာရမယ် ငါကကျငါနဲ့ဘဝတစ်ခုထူထောင်မဲ့သူကိုရှာရမယ်"
"မင်းစမ်းပီးမကြိုးစားဖူးပဲနဲ့ ငါတို့ကမသင့်တော်ဘူးဆိုတာ ဘယ်လိုလုပ်သိတာလဲ?" ကုရှင်ချွမ်းကအံကြိတ်ပီးမေးလိုက်တယ်။
စုန့်ရီကခေါင်းကိုငုံ့ပီးဖွဖွလေးရယ်လိုက်တယ် "South Wall ကိုခေါင်းနဲ့တိုက်ရင်သွေးထွက်မှာမှန်းသိနေတာကို စမ်းကြည့်စရာလိုနေသေးလို့လား?"
ကုရှင်ချွမ်းရဲ့လည်စေ့ကအကြိမ်အနည်းငယ်လောက်လိမ့်သွားပီး သူ့မျက်လုံးတွေကဒေါသကိုဖိနှိပ်ထားရပီး စုန့်ရီကိုဆယ်စက္ကန့်လောက်စိုက်ကြည့်နေတယ်။ ကုရှင်ချွမ်းတစ်ခုခုပြောတော့မယ်လို့ စုန့်ရီထင်လိုက်ချိန်မှာ ကုရှင်ချွမ်းကလှဲချလိုက်ပီး စောင်ကိုဆွဲခြုံကာခေါင်းကိုပါအုပ်ပစ်တယ်။ လှည့်သွားတဲ့သူ့ရဲ့နောက်ကျောကသူမကျေနပ်တာကိုဖော်ပြနေပီး ဒေါသတကြီးပြောလာတယ် "ငါကအဲ့ဒီသောက်ကျိုးနည်း South Wall ကြီးမှမဟုတ်တာ"
စုန့်ရီကသူ့ဘေးမှာတည်တည်ငြိမ်ငြိမ်ပဲလှလိုက်ပီး သူ့စိတ်ထဲမှာတော့ ဘာမှမခံစားရဘူး။ သူကဖုန်းကိုဖွင့်လိုက်ပီး အိပ်ပျော်မသွားခင် သတင်းတွေလျှောက်ဖတ်ကြည့်နေလိုက်တယ်။
နောက်တစ်နေ့မနက်စောစောမှာတော့,
အခန်းထဲမှာ လိုက်ကာတွေနဲ့အမှောင်ချထားတာမို့ ဘာအလင်းရောင်မှမရှိဘူး။ စုန့်ရီအခန်းတံခါးခေါက်သံကိုဝေဝေဝါးဝါးကြားနေရတယ်။ စုန့်ရီအိပ်ငိုက်နေတဲ့မျက်လုံးတွေကိုပွတ်သပ်လိုက်ပီး မျက်လုံးပွင့်သွားအောင်အကြိမ်အနည်းငယ်လောက်မျက်တောင်ခတ်လိုက်တယ်။
ကျောက်ဟုန်းရန်ကတံခါးနားမှာပန်းကန်တစ်ချပ်ကိုင်ရင်းရပ်နေပီး အံ့ဩလွန်းလို့စကားတစ်ခွန်းမှမပြောနိုင်ဖြစ်နေတယ်။
စုန့်ရီရဲ့စိတ်ကအခုထိဝေဝါးနေသေးတယ်။ သူကသမ်းဝေလိုက်ပီး ပျင်းပျင်းရိရိမေးလိုက်တယ် "မားဘာလုပ်နေတာလဲ?"
ကျောက်စုန်းရန်ကသတ်ပြန်ကပ်လာပီး သူ့ရဲ့အံ့ဩနေတဲ့မျက်လုံးတွေ ရှုပ်ထွေးသွားပြန်တယ် "မနေ့တုန်းကငါဝယ်လာတဲ့ဟင်းသီးဟင်းရွက်တွေကို မင်းရဲ့လေသာဆောင်မှာအခြောက်ခံထားတာ အဲ့တာငါသွားယူချင်လို့"
"ဟုတ် ရတယ်လေ" စုန့်ရီရဲ့ခန္တာကိုယ်ကိုလှည့်မလို့လုပ်နေတဲ့လှုပ်ရှားမှုကရပ်တန့်သွားတယ်။ သူ့ရဲ့ခါးပေါ်မှာလေးလံတဲ့ပေါင်တစ်ချောင်းရှိနေပီး သူ့နောက်ကျောမှာခန္တာကိုယ်နွေးနွေးတစ်ခုရှိနေတာကိုသူသတိပြုမိသွားတယ်။ ကုရှင်ချွမ်းရဲ့အသက်ရှူငွေ့တွေက စုန့်ရီရဲ့လည်ပင်းနောက်က gland တွေမှာရိုက်ခတ်နေတယ်။
သူအခုမှသတိရတယ်။ ကုရှင်ချွမ်းကဘာမှဝတ်မထားဘူး!
~~~~~~~~
Zawgyi
(ဟိုေန႔ကတမင္စတာ ေခြးစာအမ်ားႀကီးမပါဘူး 😉)
ေလထုကနည္းနည္းထူးဆန္းေနတယ္။
မေရရာမျပတ္သားမွုကစိုထိုင္းတဲ့ေလထုထဲမွာစီးဆင္းေနပီး မိုးေပါက္ေတြကလဲကားမွန္ကိုတေပါက္ေပါက္ရိုက္ခတ္ေနတယ္။ မိုးစက္ေလးေတြတစ္ခုနဲ႔တစ္ခုစုစည္းသြားတဲ့အခါ ကားမွန္ေပၚမွာ မိုးေရလိုက္ကာတစ္ခုလိုျဖစ္သြားတယ္။
ကုရွင္ခၽြမ္းကဇာတ္ကားေတြထဲကအေႏွးျပကြက္တစ္ခုလို သူ႔ဆီကိုယိုင္လာပီး ျဖည္းျဖည္းခ်င္းကပ္ကပ္လာတယ္။ စုန္႔ရီဘာျဖစ္ေတာ့မယ္မွန္းသိေနေပမဲ့လဲ အံ့ဩစရာေကာင္းေလာက္ေအာင္လြတ္ေျမာက္ဖို႔မႀကိဳးစားမိဘူး။
အနည္းငယ္ေအးေနတဲ့ႏွာဖ်ာေလးကသူ႔ေအာက္ႏွုတ္ခမ္းကိုရွပ္တိုက္သြားပီး ကုရွင္ခၽြမ္းရဲ့အသက္ရွူေငြ႕ေႏြးေႏြးေလးက သူ႔ရဲ့ေမးရိုးကအေရျပားေပၚမွာရြရြေလးျဖတ္သန္းေနပီး သူ႔ကိုအသည္းတယားယားျဖစ္ေစတယ္။
ေန႔လည္ခင္းတုန္းကလို ၾကမ္းၾကမ္းတမ္းတမ္နဲ႔ရန္လိုတဲ့အနမ္းနဲ႔မတူပဲ ဒီတစ္ခါနမ္းတာကအရမ္းညင္သာလြန္းတယ္။ ကုရွင္ခၽြမ္းကသူ႔ရဲ့ႏူးညံ့တဲ့ေအာက္ႏွုတ္ခမ္းေလးကိုသုံးပီး ဖြဖြေလးတစ္လွည့္ ခပ္ျပင္းျပင္းတစ္ခါနဲ႔ စုပ္ယူနမ္းရွိုက္ေနတယ္။
စိုစြတ္စြတ္အသံအနည္းငယ္ထြက္လာတဲ့အခါမွာ ေရွာ့ခ္ရိုက္ခံလိုက္သလိုပဲ စုန္႔ရီရဲ့ႏွလုံးခုန္ႏွုန္းေတြျမန္ဆန္လာပီး နားရြက္ေတြလဲရဲရဲနီသြားတယ္။
သူမ်က္လုံးေလးကိုနည္းနည္းေလးေမွးၾကည့္လိုက္တယ္။ ေနာက္ၾကည့္မွန္ထဲမွာ ကုရွင္ခၽြမ္းရဲ့အာ႐ုံစိုက္ေနတဲ့ေဘးတေစာင္းမ်က္ႏွာကိုျမင္ေနရတယ္။ နည္းနည္းရွုပ္ေနတဲ့ဆံပင္အနည္းငယ္ကပါးေပၚကိုက်ေနပီး ပိုပီးသန္႔ျပန္႔ေခ်ာေမာေအာင္လုပ္ေပးေနတယ္။ သူက႐ုပ္ျပစာအုပ္ထဲကေခ်ာေခ်ာလွလွေကာင္းေလးလိုပဲ အရမ္းႀကီးကိုၾကည့္ေကာင္းလြန္းေနတယ္။
ေဖာ္ျပလို႔မရနိုင္တဲ့ေျပာင္းလဲမွုတစ္ခုက စုန္႔ရီရဲ့ႏွလုံးသားမွာ ျဖစ္ေပၚလာတယ္။ မွားတယ္လို႔ခံစားရေပမဲ့ ႏွစ္သက္ၾကည္ႏူးစရာေကာင္းေနတုန္းပဲ။ ခံစားခ်က္အားလုံးရဲ့အရင္းအျမစ္ကိုစဥ္းစားဖို႔ေနာက္က်သြားၿပီ။ သူ႔ခါးကေအးခနဲျဖစ္သြားပီး လက္ေအးေအးတစ္ဖက္က သူ႔အကၤ်ီကိုမတင္ေနတယ္။ စုန္႔ရီ႐ုတ္တရပ္ျပန္ပီးတည္ၿငိမ္သြားတယ္။ သူကဂနာမၿငိမ္ျဖစ္ေနတဲ့လက္ကိုဖိထားလိုက္ပီး "မင္းဘာလုပ္ေနတာလဲ?"
ကုရွင္ခၽြမ္းကသူ႔ရဲ့မေျပေသးတဲ့စိတ္ကိုေလနဲ႔အတူ စုန္႔ရီရဲ့မ်က္မွန္ေတြဆီမွုတ္ထုတ္လိုက္ပီး ႏွုတ္ခမ္းေတြကေကြးသြားတယ္ "ငါတို႔လုပ္ၾကမလား?"
စုန္႔ရီကမ်က္မွန္ကိုခၽြတ္လိုက္ပီး တစ္ရွူးယူလိုက္ကာ မ်က္ေပၚမွာရွိေနတဲ့အေငြ႕ေတြကိုသုတ္ပစ္လိုက္တယ္ "သြားစမ္းပါ!"
ႏွလုံးခုန္တာေတြလဲၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ကုန္ပီ။
ကုရွင္ခၽြမ္းကထိုင္ခုံမွာစိတ္ဆိုးစြာျပန္ထိုင္လိုက္ရင္း ညင္သာစြာ 'က်စ္'ခနဲလုပ္လိုက္ပီး အေလးအနက္ထားေျပာလာတယ္ "ေစာနေလးတုန္းကလိုမ်ိဳး ငါ့ကိုမၾကည့္နဲ႔ ငါထိန္းမထားနိုင္ဘူး"
စုန္႔ရီခနေလာက္ေျပာစရာမရွိျဖစ္သြားတယ္။ သူသခင္ေလးကုကိုထိန္းမနိုင္ျဖစ္သြားေအာင္ ဘယ္လိုမ်က္လုံးမ်ိဳးလုပ္လိုက္မိမွန္းစဥ္းစားလို႔ေတာင္မရဘူး။ ဒါကသိသိသာသာပဲ သူ႔ဘာသာသူထိန္းခ်ဳပ္ရမဲ့ ကုရွင္ခၽြမ္းရဲ့လြန္လြန္ကဲကဲရွိလွတဲ့ ၾကမ္းတမ္းတဲ့သားရိုင္းစိတ္ျဖစ္တယ္။
အိမ္ျပန္တဲ့လမ္းမွာ ရွန္းတုေျပာခဲ့တာကိုစုန္႔ရီျပန္စဥ္းစားၾကည့္မိတယ္။ ရွန္းတုေျပာတဲ့တခ်ိဳ႕အရာေတြကမွန္ကန္တယ္။ ကုရွင္ခၽြမ္းက date ဖို႔အတြက္သင့္ေတာ္တယ္။ သူကၾကည့္ေကာင္းပီး ေပ်ာ္စရာလဲေကာင္းတယ္။ တစ္ခါတစ္ရံမွာသူကညင္သာသိမ္ေမြ႕ပီး သူတစ္ပါးကိုထည့္သြင္းစဥ္းစားေပးတတ္တယ္။ သူနဲ႔အတူတူရွိေနရတဲ့အခ်ိန္တိုင္းက အျမဲတမ္းလတ္ဆတ္ပီး ပ်င္းစရာမေကာင္းဘူး။ သူကခ်စ္ႀကိဳက္ေနတယ္ဆိုတဲ့ခံစားခ်က္မ်ိဳးရွိတဲ့အရာအားလုံးကိုလုပ္ေဆာင္နိုင္တယ္။
ဒါေပမဲ့ စုန္႔ရီလက္ထပ္ဖို႔နဲ႔ဘဝတစ္ခုထူေထာင္ဖို႔ကို စဥ္းစားခ်ိန္ဆၾကည့္တဲ့အခါမွာလိုအပ္တဲ့အေျခအေနေတြကအရမ္းႀကီးမမ်ားဘူး။ အေရးႀကီးဆုံးအရာကတည္ျမဲဖို႔။ ကုရွင္ခၽြမ္းမွာကမေသခ်ာမေရရာမွုေတြအမ်ားႀကီးရွိတယ္။ လက္ဖက္ရည္၊ ဆန္၊ ဆီ၊ ဆား၊ ေဆာ့စ္၊ ရွာလကာရည္၊ ေရေႏြးၾကမ္းစတာေတြရွိေနတဲ့ဘဝက ႏွစ္ေယာက္သားရဲ့မက္ေမာျခင္းေတြအတြက္သာမကပဲ တစ္ေယာက္နဲ႔တစ္ေယာက္လိုက္ေလ်ာညီေထြရွိေနမွုအတြက္လဲျဖစ္တယ္။ သည္းခံရမယ္၊ တစ္ေယာက့္လက္တစ္ေယာက္တြဲပီး ဘဝကိုအတူတူေလၽွာက္လွမ္းရမယ္ ဒါေတြကိုကုရွင္ခၽြမ္း လုပ္နိုင္မွာလား?
စုန္႔ရီမရွုံးနိမ့္ခ်င္ဘူး။ အဲ့ဒီအျပင္သူ႔အေပၚကုရွင္ခၽြမ္းရဲ့ႀကိဳက္ႏွစ္သက္မွုကလဲအေတာ္ေလးစစ္မွန္တယ္။ သူ႔ဘက္ကေန ဒီခံစားခ်က္ပိုင္းဆိုင္ရာအႏၲရာယ္ရွိလွတဲ့ 'ခရီးရွည္' ႀကီးမွာအတူပါဝင္ခ်င္လားဆိုတာ ဘယ္သူမွမသိနိုင္ဘူး။
စုန္႔ရီကုရွင္ခၽြမ္းနဲ႔အတူအိမ္ျပန္လာခဲ့တယ္။ မိိုးမိထားတာမို႔ စုန္႔ရီကသူ႔ကိုေရခ်ိဳးခန္းထဲကိုအတင္းတြန္းပို႔လိုက္ပီး ေရးခ်ိဳးခိုင္းလိုက္တယ္။ ပီးသြားရင္အိမ္ျပန္ခိုင္းမယ္လို႔ေတြးလိုက္တယ္။ အေအးမမိေအာင္ သူ႔ဘက္ကတာဝန္ယူေပးသင့္တယ္။
အခ်ိန္ကညပိုင္းဆယ္တစ္နာရီေတာင္ထိုးခါနီးပီမို႔ ေက်ာက္ဟုန္းရန္ကအိပ္ေပ်ာ္ေနပီျဖစ္တယ္။ စုန္႔ရီကတျခားအခန္းကိုသြားပီးေရခ်ိဳးလိုက္တယ္။ သူကသက္ေသာင့္သက္သာရွိတဲ့ညဝတ္အကၤ်ီေတြလဲဝတ္လိုက္ပီး အိပ္ယာေဘးမွာထိုင္လိုက္ပီး ဖုန္းထဲကေနသတင္းေတြဖတ္ၾကည့္ေနလိုက္တယ္။
အခန္းထဲမွာက ညအိပ္မီးအိမ္ေလးပဲဖြင့္ထားတာျဖစ္ပီး အခန္းထဲမွာအဝါေရာင္မွိန္မွိန္ေလးပဲလင္းေနတယ္။ ကုရွင္ခၽြမ္းကလက္တစ္ဖက္နဲ႔ဆံပင္ကိုပြတ္ရင္းထြက္လာတယ္။ သူကခါးမွာအျဖဴေရာင္သဘက္တစ္ထည္ကိုသာပတ္ထားပီး သူလမ္းေလၽွာက္သြားတဲ့ေနရာတိုင္းမွာ ေရစက္ေလးေတြအတန္းလိုက္က်န္ခဲ့တယ္။
စုန္႔ရီကတစ္ခ်က္ေမာ့ၾကည့္လိုက္ပီး ေခါင္းကိုျမန္ျမန္ပဲငုံ႔လိုက္တယ္။ သူကဘာမွမျဖစ္သလိုဟန္ေဆာင္လိုက္ပီး ဖုန္းကိုပဲျပန္ၾကည့္ေနလိုက္တယ္ "မင္းအဝတ္အစားဝတ္ပီးခါမွ ထြက္လာလို႔မရဘူးလား?"
"ငါ့အဝတ္အကုန္လုံးကစိုကုန္ၿပီေလ"
ကုရွင္ခၽြမ္းကသူ႔ေဘးမွာေပါ့ေပါ့ပါးပါးပဲထိုင္ခ်လာတယ္။ စုန္႔ရီကသူ႔ကိုၾကည့္ပီး မ်က္ေမွာင္ၾကဳတ္လိုက္တယ္ "မင္းအိမ္မျပန္ဘူးလား?"
ကုရွင္ခၽြမ္းကၾကားတဲ့ဟန္မေပၚဘူး။ သူကလည္ပင္းကိုဆန္႔ပီး စုန္႔ရီရဲ့ဖုန္းမ်က္ႏွာျပင္ကိုၾကည့္လိုက္တယ္ "အစုရွယ္ယာေတြမွာအက်ိဳးအျမတ္ရမဲ့ နည္းလမ္းသုံးသြယ္ မင္းဒါေတြကိုၾကည့္ေနတုန္းပဲလား?"
"ဒီတိုင္း ခနေလာက္ၾကည့္တာပါ" စုန္႔ရီသူ႔ကိုဘာ္အခ်ိန္က်မွျပန္မွာလဲလို႔ေမးခ်င္ေနတယ္။ သူ႔လည္ပင္းမွာ႐ုတ္တရပ္ေႏြးခနဲျဖစ္သြားပီး သူ႔ပခုံးတစ္ဖက္ကနိမ့္ခနဲျဖစ္သြားတယ္။
သူေခါင္းလွည့္ၾကည့္လိုက္ေတာ့ ကုရွင္ခၽြမ္းကသူ႔ရဲ့ေမးခၽြန္ခၽြန္ေလးကိုစုန္႔ရီပခုံးေပၚမွာတင္ထားပီး မ်က္လႊာေလးခ်ကာ တည္တည္ၿငိမ္ၿငိမ္ပဲေျပာေနတယ္ "မင္းကမ်က္မွန္ႀကီးတပ္ပီး ညႀကီးစာဖတ္ေနတယ္ ငါမင္းကိုကူဖတ္ေပးမယ္"
"အစုရွယ္ယာေတြမွာ အမ်ားဆုံးစဥ္းစားရမွာကသူတို႔ရဲ့အရည္အေသြးျဖစ္တယ္ ေကာင္းမြန္တဲ့အရည္အေသြးကသာ ေနာက္ဆုံးအစုရွယ္ယာေစ်းကြက္မွာ အႀကီးမားဆုံး..."
မေျခာက္ေသးတဲ့ဆံပင္ေပၚကေရစက္ေတြက စုန္႔ရီလည္ပင္းေပၚစီးက်လာပီး ညႇပ္ရိုးေတြကေနတဆင့္ သူ႔အကၤ်ီထဲဝင္ေရာက္လာတယ္။ စုန္႔ရီခံစားခ်က္ေတြသိပ္မေကာင္းေတာ့ဘူး။ ကုရွင္ခၽြမ္းခႏၲာကိုယ္ဆီက pheromone နံ့ယဲ့ယဲ့ေလးရယ္ ေႏြးေထြးတဲ့ကိုယ္အပူခ်ိန္ရယ္က သူ႔ကိုမေကာင္းေတာ့ဘူး မေကာင္းေတာ့ဘူး ဆိုပီးသတိေတြေပးေနတယ္။
စုန္႔ရီကမေတာ္တဆတစ္ခုခုျဖစ္သြားမွာကိုကာကြယ္တဲ့အေနနဲ႔ သူ႔ေခါင္းကိုတြန္းထုတ္လိုက္ပီး ဖုန္းကိုလဲအေဝးမွာထားလိုက္တယ္ "ဆယ့္တစ္နာရီေတာင္ထိုးေနပီ မင္းအိမ္မျပန္ေတာ့ဘူးလား?"
"ငါအိမ္မျပန္ေတာ့ဘူး ဒီအခ်ိန္ကငါအိပ္ရမဲ့အခ်ိန္ပဲ" ကုရွင္ခၽြမ္းကသူ႔ေျခေထာက္ကွည္ရွည္ေတြကိုဆန္႔ထုတ္လိုက္ပီး အိပ္ယာေပၚမွာလွဲလိုက္တယ္။
ၿပီးျပည့္စုံတဲ့ပုံရိပ္ကိုတစ္ခ်က္ၾကည့္႐ုံနဲ႔တင္ျမင္နိုင္တယ္။ ႂကြက္သားေတြကမေျပျပစ္တာမ်ိဳးမရွိဘဲ ျပည့္ျပည့္ေဖာင္းေဖာင္းေလးနဲ႔လွပတဲ့အခ်ိဳးအစားရွိတယ္။ ကုတင္ေပၚကိုတက္လိုက္တဲ့အခ်ိန္မွာ သူ႔ရဲ့ေျခေထာက္ႂကြက္သားေတြကတင္းသြားပီး ၾကည့္ရတာပိုပီးက်စ္လ်စ္သန္မာသြားေစတယ္။ ဒါကလူေတြကိုမထိန္းနိုင္ဘဲ ပုံတစ္ေပါက္ေလာက္ရိုက္ခ်င္လာေအာင္ျပဳလုပ္နိုင္တယ္။
စုန္႔ရီနားေတြပူလာပီး ႏွလုံးကလဲအၾကမ္းပတမ္းခုန္ေနတယ္။ စုန္႔ရီႏွုတ္ခမ္းေတြကိုတင္းတင္းဖိပီး ၿငိမ္ၿငိမ္ေလးလွဲေနတဲ့သူကိုၾကည့္လိုက္တယ္။ ကုရွင္ခၽြမ္းကဆြဲေဆာင္မွုရွိပီး ဘယ္ေလာက္စြမ္းေဆာင္နိုင္လဲဆိုတာကိုစုန္႔ရီေကာင္းေကာင္းသိတယ္။
သူစိတ္ေလၽွာ့ခ်လိုက္တယ္ "မင္းအိပ္မယ္ဆိုရင္လဲ ငါဆိုဖာေပၚပဲသြားအိပ္ေတာ့မယ္"
သူ႔မွာေဒါသထြက္ဖို႔ေရာ ထြက္သြားခိုင္းဖို႔ေရာမလုပ္နိုင္ဘူး။
ကုရွင္ခၽြမ္းကသူ႔ကိုထြက္သြားခိုင္းဖို႔ဆႏၵမရွိဘူး။ သူကဆတ္ခနဲထထိုင္လိုက္ပီး စုန္႔ရီလက္ေကာက္ဝတ္ကိုကိုင္ပီး အိပ္ယာေပၚကိုဆြဲခ်လိုက္တယ္။ သူ႔လက္ဖဝါးတစ္ဖက္ကိုေတာ့ စုန္႔ရီေခါင္းေနာက္မွာခံေပးထားပီး ႏူးညံ့တဲ့ဆံပင္ေလးေတြကိုထိေတြ႕ေနတယ္။ သူကစုန္႔ရီရဲ့နားနားကိုကိုင္းခ်လိုက္ပီး အက္ရွရွအသံနဲ႔ေျပာလာတယ္ "
ငါေၾကာက္တယ္ ငါကမရင္းႏွီးတဲ့ပတ္ဝန္းက်င္တစ္ခုမွာတစ္ေယာက္တည္းမအိပ္တတ္ဘူး မင္းငါနဲ႔အတူတူအိပ္ေပးေလ"
Fuck you! စုန္႔ရီကအ႐ူးမဟုတ္ပါဘူး။ ကုရွခၽြမ္းဘာေတြစိတ္ကူးေနလဲသူသိတာေပါ့ "မင္းငါ့ကိုလႊတ္ေပး ငါၾကမ္းျပင္ေပၚမွာအိပ္လိုက္မယ္"
"မရပါဘူး မင္းအေအးမိသြားရင္ဘယ္လိုလုပ္မလဲ?" ကုရွင္ခၽြမ္းကသူ႔ကိုယ္ေပၚမွာလွဲလိုက္ပီး စုန္႔ရီကိုတည့္တည့္စိုက္ၾကည့္ေနတယ္။ သူ႔မ်က္လုံးေတြကေတာ့ သားေကာင္ကိုၾကည့္ေနသလိုမ်ိဳးေတာက္ပလို႔ေနတယ္။
စုန္႔ရီသူ႔ကိုၾကည့္ခြင့္ေပးထားလိုက္ပီး ခႏၲာကိုယ္ကိုနည္းနည္းလွုပ္ကာ တည္ၿငိမ္ေယာင္ေဆာင္ရင္းေျပာလိုက္တယ္ "အာ့ဆိုမင္းၾကမ္းျပင္ေပၚမွာအိပ္"
ကုရွင္ခၽြမ္းကလက္ဆန္႔ထုတ္ကာ စုန္႔ရီမ်က္မွန္ကိုခၽြတ္လိုက္ပီး အိပ္ယာေဘးကစားပြဲေပၚမွာတင္ထားလိုက္တယ္။ စုန္႔ရီကအရာအာလုံးဝါးတားတားေတြျဖစ္သြားတာမို႔ မ်က္လုံးေတြကိုအလိုလိုေမွးက်ဥ္းမိသြားတယ္။
သူ႔မ်က္လုံးေတြကၾကည့္လို႔ေကာင္းပီး ေႏြးေထြးတဲ့မီးေရာင္ေအာက္မွာအားနည္းလို႔ေနတယ္။ ကုရွင္ခၽြမ္းကသူ႔ရဲ့မ်က္ခြံေလးကိုညင္ညင္သာသာေလးနမ္းလိုက္ပီး အေလးအနက္ေျပာလိုက္တယ္ "ငါကၾကမ္းျပင္ေပၚမွာအိပ္လို႔မရဘူး ငါကက်န္းမာေရးမေကာင္းတာမို႔အိပ္ယာထဲမွာပဲအိပ္လို႔ရတယ္"
"မင္းေလၽွာက္ေျပာမေနနဲ႔" စုန္႔ရီကသူ႔ကိုစိုက္ၾကည့္လိုက္တယ္။ ဒါေပမဲ့မ်က္လုံးကဝါးေနတာမို႔ ေအးစက္စက္အသံနဲ႔ပဲသတိေပးလိုက္တယ္ "မင္းသြားမႀကိတ္နဲ႔ေနာ္ မဟုတ္ရင္ငါမင္းကိုရိုက္ပစ္မွာဗ်"
ကုရွင္ခၽြမ္းအႀကိမ္အနည္းငယ္ေလာက္မ်က္ေတာင္ခတ္လိုက္ပီး စုန္႔ရီရဲ့နည္းနည္းရဲေနတဲ့ပါးေလးေတြကိုၾကည့္လိုက္တယ္။ စုန္႔ရီကမ်က္မွန္မရွိရင္ အျမင္အာ႐ုံဆုံးရွုံးသြားသလိုပဲ ဒါေတာင္မွ သူကလူၾကမ္းႀကီးပုံေပါက္ေအာင္ သ႐ုပ္ေဆာင္ေနေသးတယ္။ ကုရွင္ခၽြမ္းရဲ့ႏွလုံးသားဟာယားယံလာပီး သူ႔ပါးစပ္ကေနလဲစကားတစ္ခြန္းဟာအလိုလိုထြက္က်လာတယ္ "စုန္႔ရီ ငါမင္းကိုလိုခ်င္တယ္"
သူအရင္တုန္းကဆို ဒီလိုအရာမ်ိဳးမွာအရမ္းစိတ္အားထက္သန္တာမ်ိဳးမရွိဘူး။ ပထမတစ္ခ်က္အေနနဲ႔ သူ႔ရဲ့အလုပ္အကိုင္နဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြေၾကာင့္ သူကေစာေစာပြဲဦးထြက္ခဲ့တာျဖစ္ပီး လူေတြကသူ႔ရဲ့အေျပာအဆိုအျပဳအမူကိုေစာင့္ၾကည့္ေနၾကတယ္ နည္းနည္းေလးမွားတာနဲ႔သတင္းေတြကေကာင္းကင္ထိေရာက္ေအာင္ခ်ဲ႕ကားသြားလိမ့္မယ္ ဒုတိယအခ်က္အေနနဲ႔ သူ omega ေတြနဲ႔ေပါင္းသင္းဆက္ဆံရတာကိုမႀကိဳပ္ဘူး အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္။ သူတို႔နဲ႔ေျပာဆိုေနရတာထက္ ဘတ္စကက္ေဘာေလးကစားလိုက္ ဂိမ္းေလးကစားလိုက္လုပ္ေနတာကပိုပီးေတာင္ေကာင္းေသးတယ္။
ဒါေပမဲ့ စုန္႔ရီနဲ႔က်ေတာ့ သူစိတ္မွာညစ္ပတ္တဲ့အေတြးေတြနဲ႔ပဲျပည့္ေနတယ္။ သူစုန္႔ရီကိုအိပ္ယာထဲမွာဖိထားပီး အထိန္းအကြပ္မဲ့စြာၾကမ္းရမ္းပစ္ခ်င္မိတယ္။ သူ႔ကိုယ္သူလဲထူးဆန္းတယ္လို႔ခံစားရတယ္။
စုန္႔ရီကသူ႔ပခုံးေတြကိုေဘးကိုတြန္းခ်လိုက္ပီး ထထိုင္လိုက္ကာ ေဒါသတႀကီးေျပာလိုက္တယ္ "ငါ့ကိုဒီလိုလွည့္ကြက္ေတြလာမသုံးနဲ႔ မင္းမိန္းကေလးေတြကိုဆြယ္တဲ့နည္းလမ္းေတြနဲ႔ငါ့ကိုလာမဆြယ္နဲ႔ အသုံးမဝင္ဘူး"
သူတို႔ႏွစ္ေယာက္ကဒီထက္ပိုပီးထပ္နီးစပ္လို႔မရဘူး။ စုန္႔ရီကဒီျပင္းထန္တဲ့တိုက္စစ္ေတြကိုမထိန္းခ်ဳပ္နိုင္မွာကိုတကယ္ေၾကာက္တယ္။ သူအာ့ေၾကာင့္မို႔ထပ္ခါထပ္ခါေျပာေနရတာ။
ကုရွင္ခၽြမ္းကအံ့ဩသြားပီး သူ႔ရဲ့မၿငိမ္မသက္ျဖစ္ေနတဲ့အသက္ရွူသံေတြကို ထိန္းညႇိလိုက္ပီး တည္တည္ၿငိမ္ၿငိမ္ေမးလာတယ္ "မင္းငါ့ကိုမႀကိဳက္ဘူးလား?"
ကုရွင္ခၽြမ္းရဲ့ဘဝကေအးေအးေဆးေဆးေခ်ာေခ်ာေမြ႕ေမြ႕ပါပဲ။ သူ႔ကိုသေဘာမက်တဲ့သူဆိုလို႔အနည္းငယ္ပဲရွိတယ္။ သူ႔ကိုသေဘာမက်ရင္လဲ ဘယ္သူကမွသေဘာမက်ေၾကာင္းမျပသဘူး။ စုန္႔ရီက်ေတာ့ ဒီလူကသူ႔ကိုအထင္ေသးမွန္းအရမ္းသိသာတယ္။
စုန္႔ရီကစကားမေျပာဘဲ ေခါင္းလွည့္လာပီး သူ႔ကိုေၾကာင္ေတာင္ေတာင္ၾကည့္လာတယ္။
ကုရွင္ခၽြမ္းကသူ႔ကိုတည့္တည့္စိုက္ၾကည့္လိုက္ပီး မာနတႀကီးနဲ႔ရွက္ရြံ့တာမ်ိဳးလဲမရွိဘူး "မင္းငါ့ကိုဘာမေက်နပ္တာလဲ? ငါကခ်မ္းသာတယ္ ေခ်ာေမာတယ္ ပီးေတာ့႐ုပ္ပိုင္းဆိုင္ရာခြန္အားကလဲေကာင္းမြန္တယ္ေလ ဘာလို႔မင္းကငါ့ကိုအထင္ေသးေနတာလဲ?"
စုန္႔ရီအက်ယ္ႀကီးေအာ္ရယ္လိုက္တယ္။ သူ႔အေၾကာင္းကိုသူ ဒီလိုေျပာတဲ့လူမ်ိဳးသူတစ္ခါမွမေတြ႕ဖူးဘူး။ ဒါကတကယ္အရွက္မဲ့တာပဲ။ သူခနေလာက္စဥ္းစားလိုက္ပီး အေလးအနက္ေျပာလိုက္တယ္ "ကုရွင္ခၽြမ္း မင္းငါ့ကိုမက္ေမာတာကခနေလးအတြက္ပဲ မင္းကငါနဲ႔အိပ္ခ်င္တယ္ ဒါေပမဲ့ငါတို႔စဥ္းစားရမွာကအမ်ားႀကီးရွိတယ္ မင္းကအခုခ်ိန္မွာသာမက္ေမာမွုေတြကျပည့္ေနတာ ေနာက္ပိုင္းက်ရင္ ဒီေရေတြက်သြားလို႔ ငါကပဲကမ္းေပၚေသာင္တင္က်န္ခဲ့သလိုျဖစ္ေနမွာ အဲ့တာဆိုငါကဘာလုပ္သင့္လဲ?"
သူကထင္ရာဆိုင္းတတ္တဲ့ ၿမီးေကာင္ေပါက္အရြယ္ကေလးေလးမဟုတ္ေတာ့ဘူး။ စုန္႔ရီက relationship တစ္ခုမွာ လုပ္သင့္လုပ္ထိုက္တာကိုပဲျပဳလုပ္ပီး မလုပ္သင့္တာေတြအားလုံးကိုေလၽွာ့ခ်ပစ္ဖို႔ပဲ စဥ္းစားတယ္။ အေရးႀကီးဆုံးအရာကေတာ့ သူကေကာင္းမြန္တဲ့အိမ္ေထာင္တစ္ခုထူေထာင္နိုင္တဲ့လူတစ္ေယာက္ရွာေဖြရမွာျဖစ္တယ္။
ကုရွင္ခၽြမ္းကမ်က္ေတာင္တစ္ခ်က္မခတ္ပဲ ရွုပ္ေထြးတဲ့စာအုပ္တစ္အုပ္ကိုဖတ္ေနတဲ့အလား စိုက္ၾကည့္ေနတယ္။
စုန္႔ရီစိတ္ထဲမွာသက္ျပင္းခ်လိုက္ပီး မ်က္ႏွာလႊဲလိုက္ကာ မထူးမျခားနားစြာေျပာလိုက္တယ္ "ငါတို႔ကမသင့္ေတာ္ဘူး အဲ့တာကိုလြန္ခဲ့တဲ့ႏွစ္ေတြတုန္းကတည္းကမင္းလဲသိမွာပါ အဲ့လိုမွမဟုတ္ရင္ ဘယ္လိုလုပ္မင္းကငါနဲ႔ႏွစ္ေပါင္းမ်ားစြာတက်က္က်က္ျဖစ္ေနမွာလဲ မင္းကမင္းနဲ႔အတူကစားေပးမဲ့လူတစ္ေယာက္ကိုရွာရမယ္ ငါကက်ငါနဲ႔ဘဝတစ္ခုထူေထာင္မဲ့သူကိုရွာရမယ္"
"မင္းစမ္းပီးမႀကိဳးစားဖူးပဲနဲ႔ ငါတို႔ကမသင့္ေတာ္ဘူးဆိုတာ ဘယ္လိုလုပ္သိတာလဲ?" ကုရွင္ခၽြမ္းကအံႀကိတ္ပီးေမးလိုက္တယ္။
စုန္႔ရီကေခါင္းကိုငုံ႔ပီးဖြဖြေလးရယ္လိုက္တယ္ "South Wall ကိုေခါင္းနဲ႔တိုက္ရင္ေသြးထြက္မွာမွန္းသိေနတာကို စမ္းၾကည့္စရာလိုေနေသးလို႔လား?"
ကုရွင္ခၽြမ္းရဲ့လည္ေစ့ကအႀကိမ္အနည္းငယ္ေလာက္လိမ့္သြားပီး သူ႔မ်က္လုံးေတြကေဒါသကိုဖိႏွိပ္ထားရပီး စုန္႔ရီကိုဆယ္စကၠန္႔ေလာက္စိုက္ၾကည့္ေနတယ္။ ကုရွင္ခၽြမ္းတစ္ခုခုေျပာေတာ့မယ္လို႔ စုန္႔ရီထင္လိုက္ခ်ိန္မွာ ကုရွင္ခၽြမ္းကလွဲခ်လိုက္ပီး ေစာင္ကိုဆြဲျခဳံကာေခါင္းကိုပါအုပ္ပစ္တယ္။ လွည့္သြားတဲ့သူ႔ရဲ့ေနာက္ေက်ာကသူမေက်နပ္တာကိုေဖာ္ျပေနပီး ေဒါသတႀကီးေျပာလာတယ္ "ငါကအဲ့ဒီေသာက္က်ိဳးနည္း South Wall ႀကီးမွမဟုတ္တာ"
စုန္႔ရီကသူ႔ေဘးမွာတည္တည္ၿငိမ္ၿငိမ္ပဲလွလိုက္ပီး သူ႔စိတ္ထဲမွာေတာ့ ဘာမွမခံစားရဘူး။ သူကဖုန္းကိုဖြင့္လိုက္ပီး အိပ္ေပ်ာ္မသြားခင္ သတင္းေတြေလၽွာက္ဖတ္ၾကည့္ေနလိုက္တယ္။
ေနာက္တစ္ေန႔မနက္ေစာေစာမွာေတာ့,
အခန္းထဲမွာ လိုက္ကာေတြနဲ႔အေမွာင္ခ်ထားတာမို႔ ဘာအလင္းေရာင္မွမရွိဘူး။ စုန္႔ရီအခန္းတံခါးေခါက္သံကိုေဝေဝဝါးဝါးၾကားေနရတယ္။ စုန္႔ရီအိပ္ငိုက္ေနတဲ့မ်က္လုံးေတြကိုပြတ္သပ္လိုက္ပီး မ်က္လုံးပြင့္သြားေအာင္အႀကိမ္အနည္းငယ္ေလာက္မ်က္ေတာင္ခတ္လိုက္တယ္။
ေက်ာက္ဟုန္းရန္ကတံခါးနားမွာပန္းကန္တစ္ခ်ပ္ကိုင္ရင္းရပ္ေနပီး အံ့ဩလြန္းလို႔စကားတစ္ခြန္းမွမေျပာနိုင္ျဖစ္ေနတယ္။
စုန္႔ရီရဲ့စိတ္ကအခုထိေဝဝါးေနေသးတယ္။ သူကသမ္းေဝလိုက္ပီး ပ်င္းပ်င္းရိရိေမးလိုက္တယ္ "မားဘာလုပ္ေနတာလဲ?"
ေက်ာက္စုန္းရန္ကသတ္ျပန္ကပ္လာပီး သူ႔ရဲ့အံ့ဩေနတဲ့မ်က္လုံးေတြ ရွုပ္ေထြးသြားျပန္တယ္ "မေန႔တုန္းကငါဝယ္လာတဲ့ဟင္းသီးဟင္းရြက္ေတြကို မင္းရဲ့ေလသာေဆာင္မွာအေျခာက္ခံထားတာ အဲ့တာငါသြားယူခ်င္လို႔"
"ဟုတ္ ရတယ္ေလ" စုန္႔ရီရဲ့ခႏၲာကိုယ္ကိုလွည့္မလို႔လုပ္ေနတဲ့လွုပ္ရွားမွုကရပ္တန္႔သြားတယ္။ သူ႔ရဲ့ခါးေပၚမွာေလးလံတဲ့ေပါင္တစ္ေခ်ာင္းရွိေနပီး သူ႔ေနာက္ေက်ာမွာခႏၲာကိုယ္ေႏြးေႏြးတစ္ခုရွိေနတာကိုသူသတိျပဳမိသြားတယ္။ ကုရွင္ခၽြမ္းရဲ့အသက္ရွူေငြ႕ေတြက စုန္႔ရီရဲ့လည္ပင္းေနာက္က gland ေတြမွာရိုက္ခတ္ေနတယ္။
သူအခုမွသတိရတယ္။ ကုရွင္ခၽြမ္းကဘာမွဝတ္မထားဘူး!
~~~~~~~~