[UNICODE]
ဂိတ်ဝထိပ်နားလေးမှာတင် ရှဲ့လင်ဆီမှ အတွန်းခံထားရသောကြောင့် ဖုယွမ်ကျုံး၏ခန္ဓာကိုယ်ထဲသို့ နွေရာသီကျောင်းယူနီဖောင်းကတစ်ဆင့် လေအေးများတိုက်ခတ်စိမ့်ဝင်လာသော်လည်း လည်ပင်းအနောက်နားမှအေးစက်စက်အထိအတွေ့လောက်ပင် မအေးသလိုခံစားနေရလေသည်။
ရှဲ့လင်၏လက်ချောင်းထိပ်လေးများက လည်ပင်းလွတ်နေသောအသားများပေါ်တွင် ခဏတာထိတွေ့ထားခဲ့သည်။ ထို့နောက် သူကဘာစကားတစ်ခွန်းမှထပ်မဆိုဘဲ ဖုယွမ်ကျုံးအား ကားထဲသို့ဂရုတစိုက်ဝင်စေပြီး အိမ်ပြန်ရောက်သည်ထိ ဖုယွမ်ကျုံး၏လက်အား မလွှတ်ပေးခဲ့ချေ။
ကျောင်းမှပြန်လာစဉ်တစ်လျှောက်လုံးက ဖုယွမ်ကျုံးကတော့ ကြောင်အနေလေသည်။ အခုနလေးတင် ရှဲ့လင်ပြောခဲ့သောစကားများက သူ့အားအချိန်တစ်ခုအထိ ကြောင်အစေခဲ့သည်လေ။
သူက ရှဲ့လင်နှင့်ဒရိုင်ဘာကြား ပြောသည်များကိုလည်းမကြားခဲ့သလို ကားကသူ့အိမ်ရှေ့မှာမရပ်ခဲ့ဘဲ ရှဲ့လင်၏ခြံထဲသို့ ဝင်သွားသည်ကိုလည်း သတိမထားမိလိုက်ပါ။
ရှဲ့လင်ကသူ့ကို ကားထဲမှခေါ်ထုတ်သွားသည်။ ဖုယွမ်ကျုံးတစ်ယောက် ကြောင်တောင်တောင်အနေအထားနှင့်ပင် ရှဲ့လင်နောက်လိုက်သွားပြီး အိမ်ပေါက်ဝထိရောက်သွားတော့သည်။ သူ့အား အရည်တစ်မျိုးမျိုးနဲ့ ဖြန်းပက်လိုက်တော့မှပင် လက်ရှိအခြေအနေသို့ ပြန်ရောက်လာပြီး အော်လိုက်မိတော့သည်။
"အေးလိုက်တာ....ဘာကြီး........"
ဖုယွမ်ကျုံး သတိထားပြီး ပုခုံးများအားလက်နှင့်ကာလိုက်မိသည်။ ရှဲ့လင်က သူ့ပုခုံးပေါ်မှလက်များအား ပြန်ချစေကာ ခေါင်းစခြေဆုံး အခုနကဲ့သို့ပင် အရည်တစ်မျိုးနဲ့ လိုက်ဖြန်းနေလေ၏။ ပြီးနောက် သူကဘူးလေးအားဘေးတွင်ထားလိုက်ပြီး ပြန်ဖြေလေသည်။
"pheromone ပြယ်ဆေး"
ယွမ်ယဲ့ထံမှ ရခဲ့သော mint ရနံ့က တမုဟုတ်ချင်းပျောက်ကွယ်သွားသော်လည်း ရှဲ့လင်၏အပြုအမူများကို သူတကယ်နားမလည်သေးပါချေ။
ဖုယွမ်ကျုံးရဲ့နှလုံးသားလေး အတော်လှုပ်ခတ်သွားရသည်။ သူကပြန်လည်ရှင်သန်လာခြင်းအတွက် နေသားမကျဖြစ်နေပြီး ABO လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေအတွက် လုံလောက်တဲ့အချက်အလက်တွေသိဖို့ လိုနေသေးပေမယ့််လည်း Alpha တွေရဲ့ တစ်ဖက်လူအပေါ် ပိုင်ဆိုင်လိုစိတ်က ဘယ်လိုဘယ်ပုံဆို ပေါ်ပေါက်တတ်တယ်ဆိုတာကိုတော့ သူနားလည်သေးပါသည်။ ဒါဆို ရှဲ့လင်က......
ရှဲ့လင်က ဘာမှမလုပ်ထားသလို ရိုးသားသောအမူအရာလေးနှင့် ဆိုဖာပေါ်တွင် သွားထိုင်နေလေသည်။ သူက အခုထိအပေါက်နားတွင် ရပ်နေသောဖုယွမ်ကျုံးအား ကြည့်ကာ အာရုံမထားသလိုလှမ်းပြောလိုက်သည်။
"ဒီကိုလာလေ"
အရင်တုန်းကဆိုလျှင် ရှဲ့လင်ကခေါ်သည်နှင့် သူချက်ချင်းသွားမိမှာပင်။ ဒါပေမဲ့ အခုတော့ ရှဲ့လင်ကမူမမှန်ဖြစ်နေပြီး အန္တရာယ်များတယ်လို့ သူခံစားနေရတယ်။ သူမသွားရဲတော့ပါ။ သူကအနောက်ကိုအနည်းငယ် ဆုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ဒါကို နောက်မှပြောကြရင်ကောင်းမယ်ထင်တယ်။ ငါ့မိသားစုက ငါ့ကိုညစာစားဖို့စောင့်နေတော့မယ်"
သူကချက်ချင်းပြေးနိုင်လောက်သည့် သတိမျိုးနှင့်ပြောလိုက်သော်လည်း ခြံကအရမ်းကျယ်လွန်းနေကာ ရှဲ့လင်လက်မှသူမပြေးနိုင်ပါချေ။ သူခြံအပေါက်ဝကိုမရောက်ခင်မှာပဲ ရှဲ့လင်ကသူ့နားရောက်လာတော့သည်။ တစ်ကိုယ်လုံးက ရှဲ့လင်ထံမှ အနောက်ကနေပွေ့ဖက်ခြင်းခံလိုက်ရပြီး စွဲမက်ဖွယ်ကောင်းသော ဝိုင်နီရနံ့ကပါ ကပ်ပါလာလေသည်။ လာပြန်ပြီ......
အနံ့ရလိုက်သည်နှင့်တစ်ပြိုင်နက် ဖုယွမ်ကျုံးမှာ မူးဝေလာရပြီး ခြေထောက်များက ပျော့ခွေလာကာ အသံမှာလည်း တုန်ယင်လာတော့သည်။
"ရှဲ့လင်...မလုပ်ပါနဲ့.....မင်းမှာပြောစရာရှိရင်..."
"ခုနကကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့သေချာလေးစကားပြောဖို့လိုတယ်"
ရှဲ့လင်ကပြောလိုက်သည်။
"ဒါပေမဲ့ မင်းကပြောချင်မှာလား?"
"ငါပြောမယ် ငါပြောမယ်၊ မင်းအရင်ဆုံးငါ့ကိုလွှတ်ဦး"
ဖုယွမ်ကျုံးက သူ့အားငဲ့ညာပေးရန် အလောတလျင်တောင်းဆိုလိုက်ပြီး သူ့ကိုလွှတ်ပေးသည့်အခါမှ ပြေးထွက်သွားမည်ဟု တွေးထားသည်လေ။ သို့သော်လည်း ရှဲ့လင်ကသူ့အတွေးများအား ထပ်သိနေပြန်ပါသည်။ သူပြောပြီးသည်နှင့် သူ့လက်များကို ဖြေလျော့ပေးရမည့်အစား ပိုပြီးတင်းတင်းကျပ်ကျပ်ပွေ့ဖက်လာကာ နားထဲသို့ ကပ်ပြောလာလေသည်။
"မင်းလိုလူမျိုးဆီက ကြားသင့်တဲ့တစ်ချို့ကိစ္စလေးတွေလေ?"
ဖုယွမ်ကျုံးကချက်ချင်းပင် အနောက်သို့လှည့်လိုက်ပါတော့သည်။
သူက ရှဲ့လင်နောက်မှ ဧည့်ခန်းထဲသို့ ရှောရှောရှူရှူပင်လိုက်သွားပြီး ဆိုဖာပေါ်တွင်သေချာလေး ထိုင်နေလိုက်သည်။ ရှဲ့လင်က သူနှင့်မျက်နှာချင်းဆိုင်တွင် သွားထိုင်လိုက်ပြီး တစ်ခဏမျှသူ့ကိုလှမ်းကြည့်ကာ ပြောလာလေသည်။
"ငါပြောဖို့လိုတာကို မင်းနားလည်သင့်တယ်"
ဖုယွမ်ကျုံး၏ဦးနှောက်တစ်ခုလုံးက ဗလာဖြစ်နေပြီး ခုနလေးတင်ဖြစ်ပျက်သွားသမျှကို လိုက်မီအောင်မနည်းစဉ်းစားနေရသည်။ အကုန်ပြန်စဉ်းစားကြည့်သည့်တိုင် သူကအချစ်ဆိုတဲ့အရာကို သတိမမူသေးပါချေ။
အကယ်၍ရှဲ့လင်ကသာ မိန်းမငယ်လေးတစ်ယောက်ဆိုလျှင် သူဒါကိုအရင်တွေးကောင်းတွေးမိလိမ့်မည်ပင်။ သို့သော် ရှဲ့လင်က မိန်းမငယ်လေးမဟုတ်၊ သူ့သူငယ်ချင်း၊ ညီအစ်ကို။ ဒီစည်းတွေကြားထဲကနေ တစ်ခြားအတွေးဘက်မှလှည့်ပြီး သူမစဉ်းစားဖူးခဲ့ပါ။ သူတို့တကယ်ဒိတ်ဖို့လိုတာလားဆိုတာကို ရှဲ့လင်မေးသည့်အကြောင်းဖယ်လိုက်ပါက သူတို့ကြားမှကိစ္စတွေက heat တက်နေချိန် ရှဲ့လင်၏မူးဝေသွားမှုချည်းသက်သက်ဟု ပြောလို့ရသည်လေ။ သို့သော် ထိုအကြောင်းနှင့်ပတ်သက်၍ ယခုလေးတင် သူတို့နှစ်ယောက်လုံး တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့လိုလာလေသည်။
ရှဲ့လင်က သူတို့ပြောရမည့်အကြောင်းကို သေချာနားလည်ပြီး အားလုံးကိုလည်းသိနေပါသည်။
"မင်းကိုယ်ပေါ် တစ်ခြားသူတွေရဲ့ ရနံ့တွေစွဲကပ်နေတာကို ငါဂရုမစိုက်ဘူး၊ သူတို့အနားမင်းရှိနေတာကိုလည်း ငါကြိုက်မကြိုက် အရေးမထားဘူး"
ရှဲ့လင်ရဲ့အသံအနိမ့်အမြင့်က လျော့ကျနေပြီး ထိန်းချူပ်ထားရသလိုပင်။ သူ့ရဲ့ကျောင်းသားပုံစံက မှေးမှိန်သွားပြီး အပြင်ပန်းက လေးနက်တည်ကြည်နေကာ ကိုယ်နေဟန်ထားကိုလည်း သင့်လျော်အောင် ပြင်ထိုင်ထားလေ၏။ သူ့မျက်ခုံးတန်းများက အမြဲတမ်းအေးစက်စက်တန်းနေကာ ပြုံးရယ်လေ့မရှိပေမယ့် အခုတော့ မျက်လုံးများကလင်းလက်နေကာ မီးထတောက်မတတ်ဖြစ်နေသောကြောင့် ဖုယွမ်ကျုံး၏ရင်ထဲသည်ပင် ပူလောင်လာသလိုခံစားနေရသည်။
"လိင်ပိုင်းဆိုင်ရာတွေ ဘာတွေဖယ်ထားလိုက်ရင်တောင် ဒီအကြောင်းအတိုင်းအတာက မင်းအတွက်အကန့်အသတ်ရှိတယ်။ ငါက မင်းနဲ့ပြောဆိုဆက်ဆံဖို့ အဲဒီအရာတွေမလိုဘူး"
"ငါလိုတာက မင်းနှလုံးသားထဲက အဓိကနေရာပဲ"
ဖုယွမ်ကျုံးက တိုးတိုးရေရွတ်မိသည်။
"မင်းက အဲဒီလောက်...."
"လုံလုံလောက်လောက်ကိုမဟုတ်ဘူး"
ရှဲ့လင်သူ့အားစိုက်ကြည့်လျက်
"မင်းငါ့ကို ပိုတန်ဖိုးထားစေချင်တယ်၊ ငါ့ကိုချစ်တောင်လာစေချင်တယ် ဘာလို့ဆိုငါက...."
ဘယ်ကပေါ်လာမှန်းမသိသော ဖုန်းအသံက ရှဲ့လင်၏စကားစအား ပြတ်သွားစေလေသည်။ အဲဒါက ဗီဒီယိုကောလ်ကြောင့်မြည်လာခြင်းဖြစ်ပြီး ခေါ်သည့်သူက နိုင်ငံခြားမှသူ့မိဘများပင်။
တစ်ခဏမျှငြိမ်သက်သွားကာ ရှဲ့လင်ကဖုန်းကိုချပစ်ဖို့ လက်လှမ်းလိုက်ပေမယ့် ဖုယွမ်ကျုံးက ဖုန်းကိုအရင်ယူလိုက်ပြီး ချက်ချင်းကိုင်လိုက်ကာ မျက်နှာအားအတတ်နိုင်ဆုံးပြုံးရက်လျက် တစ်ဖက်ကင်မရာမှ စုံတွဲကိုနှုတ်ဆက်လိုက်တော့သည်။
"အန်ကယ်နဲ့ အန်တီပါလား၊ တွေ့ရတာဝမ်းသာတယ်နော်။ အိုး အခုချိန်က အဲဒီဘက်မှာ နေ့ခင်းဘက်ပေါ့၊ မင်္ဂလာနေ့လည်ခင်းလေးပါလို့ နှုတ်ဆက်ရမယ်"
"ဟေး ရှောင်ကျုံးပါလား၊ အခုတလော မင်းလူသိများလာတယ်ဆို"
ရှဲ့လင်၏မိဘများက ရယ်မောနေလေသည်။ သူတို့က ဖုယွမ်ကျုံးအား ချစ်ခင်ကြသူများဖြစ်သောကြောင့် သူ့အားမြင်လိုက်ရသောအခါ ပျော်မြူးနေကြလေ၏။ ဖုယွမ်ကျုံးက ဖုန်းအားကိုင်ထားသောကြောင့် ရှဲ့လင်အတွက် ကင်မရာလှည့်ပေးရန် သတိရကာသွားပေးလိုက်သည်။
ရှဲ့လင်က သူ့အားကြည့်လာပြီး သူ့မိဘများဘက်ကိုပြန်လှည့်ကာ နှုတ်ဆက်လိုက်သည်။
"ပါး၊ မား"
"သားတို့ စားပြီးကြပြီလား? ဒီနေ့က ကျောင်းစုဝေးပွဲနေ့မလား? တစ်ခုခုနေရခက်တာရှိသေးလား?"
မိဘများက အငယ်များရဲ့ အဆင်မပြေတတ်သည့် ပြဿနာများကိုနားလည်တတ်သောကြောင့် နေရာကိစ္စအတွက် တွေးတောပူပန်နေကြသည်။ ဖုယွမ်ကျုံးက သေချာတစ်ခုချင်း ပြောပြလိုက်ပါသည်။ အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေပြီဟုပြောလိုက်သော်လည်း သူ့လက်ချောင်းထိပ်လေးများကတော့ အနည်းငယ်တုန်ယင်နေ၏။
ခုနတုန်းက ရှဲ့လင်က သူ့အားဝန်ခံလိုက်တော့မှာကို သူအတော်လေးစိုးရိမ်နေတာပင်ဖြစ်သည်။ ကံကောင်းစွာပဲ ရှဲ့လင်၏မိဘများထံမှ ဆက်သွယ်မှုကြောင့် သက်သာရာရသွားခြင်းပင်။
သူတို့ရဲ့ပတ်ဝန်းကျင်အနေအထားနဲ့ အနီးအနားတစ်ဝိုက်အခြေအနေက ထိုအဆင့်နားလောက်ထိ ရောက်နေပြီဆိုပေမယ့်လည်း "သဘောကျတယ်"ဆိုတဲ့ စကားစုကတော့ မပြောရသေးဘူးဆိုတော့ အခုထိမယိမ်းယိုင်သေးဘူးဟု ပြောလို့ရသည်လေ။ ရှဲ့လင်သာ အတည်ပြောလိုက်ပါက နောက်ကျရင်ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူတကယ်မတွေးနိုင်သေးပါပေ။
တကယ်ကို ကယ်တင်ရာရသွားတာပဲ.......
ဖုယွမ်ကျုံးရဲ့ဦးနှောက်ထဲမှာ အကြံတွေပြေးလွှားနေပေမယ့် သူ့ခန္ဓာကိုယ်ကတော့ မလှုပ်မယှက်နေမြဲနေဆဲဖြစ်နေကာ ရှဲ့လင်အား စိတ်ညစ်သလိုကြည့်နေမိလေသည်။
ရှဲ့လင်ကသူ့အကြည့်တွေကို အံ့သြသည့်ပုံပေါက်မနေပေမယ့် သူ့လက်များကနောက်ကျောသို့ရောက်လာကာ ကျောတစ်လျှောက် ညင်သာစွာပွတ်သပ်ပေးနေသည်။
သူ့မိဘတွေရှေ့မှာတင်ကိုလေ။
ဖုယွမ်ကျုံးလက်များက တုန်ယင်သွားပြီး ဖုန်းလွတ်ကျမတတ်ပင် ဖြစ်သွားလေရဲ့။ ရှဲ့လင်က သူ့လက်ကိုအုပ်မိုးလိုက်ပြီး ဖုန်းကိုသေချာပြန်ကိုင်ထားပေလေသည်။ ဝိုင်နီရနံ့ pheromone ကလည်း လေထဲတွင် ညင်သာစွာပျံ့လွင့်နေလျက်။
ဒီမကောင်းဆိုးဝါးကတော့!
ရှဲ့လင်အကြောင်းနည်းနည်းတွေးလိုက်တာနဲ့ သူ့မျက်နှာကနီရဲလာသောကြောင့် လူကြီးတွေမမြင်စေရန် ဖုယွမ်ကျုံးခမျာ စိတ်ဒုက္ခကြီးစွာဖြင့် ဒေါသထွက်ရင်း ခေါင်းကိုငုံ့ထားရတော့သည်။ အခု ဗီဒီရိုဖွင့်ထားတုန်း သူ့ကိုပြန်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို အသုံးချမှကိုရတော့မယ်။
သူကချက်ချင်းပင် ရှဲ့လင်၏ပေါင်တံများကို ဖျစ်ညှစ်လိုက်သည်။ ရှဲ့လင်ကတော့ မလှုပ်မယှက်ပင်။ သူ့လက်များကသာ နောက်ကျောဘက်ကိုရွှေ့လာလေ၏။ Alpha တစ်ယောက်ရဲ့ ပျံ့လွင့်နေတဲ့ pheromone က ပိုမိုထင်ရှားလာပြီး အတားအဆီးမရှိချဥ်းကပ်လာတော့သည်။ ဖုယွမ်ကျုံးရဲ့ နဖူးမှာ ချွေးပြန်လာရပြီး အသက်ရှူလည်းမြန်လာပေတော့၏။ သို့သော်လည်း သူ့မှာအော်ဟစ်လိုက်လို့မရပါချေ။
"ရှောင်ကျုံး နဖူးကဘာလို့ ချွေးဒီလောက်ထွက်နေတာလဲ?"
ဗီဒီယိုထဲမှတစ်ဆင့် ရှဲ့လင်ရဲ့မိဘများက ဖုယွမ်ကျုံးနဖူးဘက်ခြမ်းကို မြင်သွားကာ မေးမြန်းလာတော့သည်။ ရှဲ့လင်အား သူ့အားတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ဝင်ဖြေလေရဲ့။
"သူ့ဖိနပ်ကြိုးတွေ ပြေနေလို့"
သေလိုက်ပါတော့လား!
ဖုယွမ်ကျုံးက ခေါင်းကိုငုံ့လိုက်ပြီး သူ့ကိုယ်ကိုပြန်တည်ဆောက်ကာ ရှဲ့လင်၏ပေါင်ကိုညှစ်ထားသော သူ့လက်မျာကို ပိုအားထည့်လိုက်သည်။ ရှဲ့လင်ကလည်း သူ့လက်ဖမိုးအား ဖျစ်ညှစ်လိုက်ကာ လက်ချောင်းများကိုဆုပ်ကိုင်လာပြီး လက်ဖဝါးတစ်ခုလုံးကို နူးနူးညံ့ညံ့အုပ်ကိုင်ထားတော့သည်။
လူကြီးများကတော့ သူတို့ဖြစ်ပျက်နေသမျှကို မမြင်သောကြောင့် ပြုံးပြလာကာ ပြောလာလေသည်။
"အမေတို့ သန်ဘက်ခါပြန်လာမလို့လေ။ ပြီးတော့ မင်းအန်တီနဲ့ ယွီဖေးကလည်း ဒီအပတ်ကုန်ရင်ပြန်လာမယ်တဲ့။ အဲဒီအခါကျ အမေတို့ပွဲလေးတစ်ခုလုပ်ကြတာပေါ့။ မကောင်းဘူးလား?"
ရှောင်ဖေးက တရုတ်ကိုပြန်လာတော့မှာလား?
ထိုအကြောင်းအားကြားသောအခါ ဖုယွမ်ကျုံးမှာ သူ့လက်ရှိအခြေအနေအားမေ့ကာ ခေါင်းထောင်မိမတတ်ပင်ဖြစ်သွားသောကြောင့် အမြန်ပြန်ထိန်းလိုက်ရတော့သည်။
သူ့စိတ်တွင်းမှဝမ်းသာမှုလေးက မီးပန်းများကဲ့သို့ပင် အလျင်အမြန်တောက်လောင်လာတော့သည်။ သူ့ရဲ့အရင်ရည်းစားလေးကို တွေ့ရဖို့အရမ်းကိုပျော်မြူးနေကာ မနက်ဖြန်ကိုပင် ဒီအပတ်ကုန်ဖြစ်လိုက်ချင်တော့သည်။ သူလေဆိပ်ကိုသေချာပေါက်သွားကြိုရမည်။
ရှဲ့လင်က ပြုံးရုံသာပြုံးနေပြီး များများစားစားပြောမလာပေ။ သူ့မိဘများက ခန္ဓာကိုယ်ကိုပိုဂရုစိုက်ဖို့ မှာကြားသွားကာ ဖုန်းချသွားတော့၏။ သူကချက်ချင်း ခေါင်းကိုငုံ့ကာ ဖုယွမ်ကျုံးအား ဂရုတစိုက်ကြည့်လျက်
"မင်းငါ့ကို ဒီလိုပုံနဲ့တော့ မပြောစေချင်ဘူးမလား?"
ထိုစကားအားကြားသောအခါ ဖုယွမ်ကျုံးမှာတုန်လှုပ်သွားမိလေသည်။ သူကဒီလိုမျိုးလုံးဝမကြိုက်တာပါနော်။ သူ့ရဲ့ရှိစုမဲ့စုအသိစိတ်လေးနဲ့ ခေါင်းကိုမော့လိုက်သော်လည်း သူ့မျက်နှာက နီမြန်းနေသေးကာ နဖူးကလည်းချွေးစို့နေသေးလေရဲ့။
"မင်းကငါ့အတွက်အရေးကြီးပါတယ်၊ တကယ်အရေးကြီးတာ။ မင်းကငါ့အတွက် ညီအစ်ကိုပဲလေ"
သူကဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဒါပေမဲ့ ရိုးရိုးသားသားညီအစ်ကိုပေါ့၊ မင်းကငါ့အတွက် မဟုတ်....အင်း မဟုတ်....."
နောက်ဆုံးတော့ သေချာအားမွေးကာ တုန်တုန်လှုပ်လှုပ်နှင့်ပင် ပြောလိုက်ပါတော့သည်။
"ငါကြိုက်တဲ့ပုံမဟုတ်ဘူး"
ရှဲ့လင်ရဲ့ လေသံက နဂိုအတိုင်းမပြောင်းဘဲရှိနေလျက် လေသံဖျော့ဖျော့နှင့်မေးလာလေ၏။
"မင်းကဘယ်လိုပုံကြိုက်တာလဲ?"
အရေးကြီးဆုံးကတော့ မိန်းကလေးတစ်ယောက်ဖြစ်သင့်တာပဲလေ! အကောင်းဆုံးကတော့ Omega ပေါ့၊ Beta ဆိုရင်လည်း သိပ်တော့မဆိုးပါဘူး။
ဖုယွမ်ကျုံးက တွေးလိုက်သည်။ ရုတ်တရက် ဒီစည်းအပါးအလွှာကို ထိုးဖောက်လိုက်သောကြောင့် သူ့ရဲ့ကြောက်စိတ်ကသိပ်မတုန်လှုပ်တော့သလိုပင်။ ကြည့်ရတာ သူက သူနဲ့ရှဲ့လင်တို့ တစ်ယောက်နဲ့တစ်ယောက်ရှက်ကြောက်နေမှာကို စိုးရိမ်နေခဲ့တာပဲဖြစ်ရမယ်။ သူကရှဲ့လင် စိတ်ဒုက္ခရောက်သွားမှာကိုလည်း ကြောက်နေခဲ့သေးတာပင်။ အခုတော့ ရှဲ့လင်ရဲ့တုန့်ပြန်ချက်က သူထင်သလောက်မကြီးမားနေပါ။
"မင်းသူ့ကိုသဘောကျ......"
သူက တစ်ခေါက်ပိုမသေချာသလို ဖြစ်နေလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုယွမ်ကျုံးကတော့ ယောကျာ်းတစ်ယောက်ကို ရူးသွပ်မယ့်သူမဟုတ်ဘူးလေ။ သူကအကြိမ်ပေါင်း ၁၀၀၀၀ကို ပြောရဲတယ်။ တစ်နေ့သူကယောကျာ်းတစ်ယောက်နားရှိနေမလားဆိုတဲ့ အတွေးကိုဖယ်လိုက်ရင် ရှဲ့လင်ကအကာကွယ်သင့်ဆုံးသူပဲလေ။ ယုန်ငယ်လေးက သူ့အိမ်သားကိုတော့ မစားလောက်ပါဘူးနော်။ ဒါကမြက်ဆိုတဲ့ စားစရာကိုပဲတွေးသင့်သလို ရှောင်ဖေးနဲ့ပဲချစ်ကြိုက်သင့်တာမဟုတ်လား။ သူကသာ ရှောင်ဖေးတစ်ဝမ်းကွဲအစ်ကိုနဲ့ ဖြစ်ပျက်သွားရင် နောက်များကျ ရှောင်ဖေးကိုဘယ်လိုမျက်နှာပြရတော့မလဲ?
ရှဲ့လင်က ဆက်မေးလာသည်။
"မင်း ယွမ်ယဲ့ကိုကြိုက်တာလား? ဒါမှမဟုတ် ရန်ရှုထန်လား မဟုတ်ရင် တခြားတစ်ယောက်?"
"မင်းက ပိုပိုဝေးသွားပြီ။ သူတို့နဲ့လည်းမဖြစ်နိုင်တာပဲ။ ငါကမိန်းကလေးတွေကိုကြိုက်တာကွ"
ဖုယွမ်ကျုံးမှာ စိတ်တောင်ဆိုးချင်လာသည်။ ရှဲ့လင်က သူကမိန်းကလေးတွေကိုသဘောကျမယ်လို့ မတွေးမိဘူးလား? ဘာလို့သူတွေးမိတဲ့သူတွေက ယောကျာ်းလေးတွေဖြစ်နေရတာလဲ? ရန်ရှုထန်တောင်ပါလိုက်သေး။ ဒီမယ် မင်းဘယ်လိုတွေတောင် တွေးနေတာလဲ?
"ခုနတုန်းက မင်းကငါ့ကိုထိတွေ့ပြီး pheromone နဲ့တောင် ချည်နှောင်လိုက်သေးတယ်။ မင်းဒါကိုပြန်ပေးဆပ်ဖို့ငါမပြောတော့ပါဘူး"
သူကအေးစက်စက်ဖြင့် ရှဲ့လင်အားကြည့်ကာ
"ငါ့ကိုအခုပြန်တောင်းပန်ပေး"
ရှဲ့လင်က သူနှင့်မရင်းနှီးသလိုပင်။ ဖုယွမ်ကျုံးမှာ ပိုစိတ်ဆိုးလာတော့သည်။ ဒါပေမဲ့ သူ့မှာထုတ်ပြဖို့အခွင့်အရေးလည်းရှိမနေချေ။ ရှဲ့လင်ကသာ သူ့ကိုတစ်ခုခုနဲ့ ပျက်ပြယ်ထိခိုက်အောင်လုပ်လာရင် သူနဲ့ရှဲ့လင်သူငယ်ချင်းဆက်ဆံရေးကို ဖြတ်ပစ်လိုက်မယ်လို့ ကျိန်ထားတဲ့အချက်ကိုဖယ်လိုက်ရင်တောင် သူကချီတုံချတုံဖြစ်နေသေးတယ်။ ဒါကြီးကလုံးဝမမိုက်ဘူး၊ ဒါပေမဲ့ သူလည်းသဘောကျခဲ့တာပဲ။ သေလိုက်ပါတော့...ဒါကပိုပြီးတောင် စိတ်ပျက်ဖို့ကောင်းနေသေး။
သူ့မှာ တော်တော်စိတ်ဆိုးလာရပြီး လွယ်အိတ်အားယူကာ အပေါက်ဝဘက်သို့ ထလာလိုက်တော့သည်။ ဒီတစ်ခါတော့ ရှဲ့လင်ကသူ့အားမတားတော့ဘဲ နောက်ကျောကိုပဲ ကြည့်နေကာ ပြောလာသည်။
"ငါနှစ်ခါတောင် တွေးပြီးသွားပြီ"
ဖုယွမ်ကျုံးက ဘာမှပြန်မပြောရသေးခင်မှာပဲ ရှဲ့လင်ကထပ်မံပြောလာ၏။
"ငါ့မိဘတွေမလာခင် မင်းကိုနမ်းလိုက်သင့်တာ"
သတိထားစမ်း ဒါကလူရောဟုတ်ရဲ့လား? မဟုတ်တာ၊ ဒီမကောင်းဆိုးဝါးက အခုစိတ်မကောင်းဖြစ်နေတာပေါ့လေ!
ဖုယွမ်ကျုံးမှာလဲကျမတတ်ပင် ဖြစ်သွားကာ ရှဲ့လင်အား လက်ခလယ်ထောင်ပြလျက် အိမ်သို့အမြန်ပြန်လာလိုက်တော့သည်။
ထိုညနေကပင် ဖုယွမ်ကျုံးမှာ အိပ်မက်မက်လိုက်သေးသည်။ သူကယွီဖေးအတွက် တွေးကြည့်နေလေ၏။ သူကနဂိုအတိုင်းပင် ချစ်စဖွယ်ဖြစ်နေကာ ထက်မြက်နေဆဲပင်။ နှစ်ယောက်လုံးအတွက်လည်း အံ့သြဖွယ်ကောင်းလောက်အောင် သင့်တော်လှသည်။ ယွီဖေးက သူ့အရှေ့တွင် ရပ်နေကာ ရယ်မောလျက် "အဝေးရောက်ချစ်သူလေး"ဟုပင် ခေါ်နေလေသည်။
သူတို့ကမကြာခဏ ကတောက်ကဆဖြစ်ခဲ့သည်ဆိုတာတောင် ယွီဖေးက ဒီအချက်ကပင် ချစ်ဖို့ကောင်းသည်ဟု ပြောသေးသည်။
သူ့ရဲ့စိတ်ကူးထဲမှာ သူနဲ့ယွီဖေးက ရည်းစားဆက်ဆံရေးကို ရှေ့ဆက်ဖို့လိုလာလေသည်။ ယွီဖေးက သူ့အားပြုံးပြလျက် ပြောလာလေ၏။
"ဟုတ်ပြီ အဝေးရောက်ချစ်သူလေး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက Alpha နင်က Omega ဆိုတော့ နောက်ကျရင် နင်ကငါ့ကို ကလေးလေးတွေမွေးပေးရမယ်နော်"
ထိုအချိန်မှာပဲ ရှဲ့လင်ကရောက်ချလာကာ သူတို့နှစ်ယောက်ကြား ဝင်ဖြတ်တော့သည်။ နှစ်ယောက်လုံးက သူ့ကိုဖွင့်ပြောလာပြီး သူဘယ်သူနဲ့ဒိတ်မလဲ၊ ဘယ်သူ့အတွက် ကလေးမွေးမလဲဟု အလုအယက်အငြင်းပွားနေလေရဲ့။ ဖုယွမ်ကျုံးခမျာ ကြောက်ကြောက်လန့်လန့်နှင့် နှစ်ယောက်လက်ထဲသို့ ရောက်နေလေ၏။ သူ့မှာဘယ်မှမသွားနိုင်ဖြစ်ကာ ချောင်ပိတ်မိနေတော့သည်။
"!"
ဖုယွမ်ကျုံးတစ်ယောက် အိပ်မက်မှလန့်နိုးလာကာ အချက်ပေးသံများကြားနေရပြီး မျက်နှာသွားသစ်လျက် သူ့အိပ်မက်ကိုပြန်တွေးနေမိသည်။
အရေးမပါတာ၊ ရှောင်ဖေးက Omega ပဲဖြစ်သင့်တာ၊ Alpha မဟုတ်လောက်ပါဘူး......
ထို့နောက် သူအပြင်ပြန်ထွက်သည့်အခါ ဖုယွမ်ကျုံးတစ်ယောက် သောကရောက်နေရသည်။ သူရှဲ့လင်နှင့် ကျောင်းဘယ်လိုသွားရမလဲ မတွေးတတ်သေးပါ။ သို့သော်လည်း သူကားထဲဝင်လိုက်သည့်အခါ ရှဲ့လင်ကလည်းကားထဲမရှိနေပါချေ။ ဒရိုင်ဘာဦးလေးကြီးက ရှဲ့လင်ကလုပ်စရာရှိလို့ ကျောင်းကိုအရင်သွားခြင်းဖြစ်ပြီး မစောင့်တော့ဘဲ ကားနှင့်အရင်သွားနှင့်သည်ဟု ပြောလာ၏။
လုပ်စရာ? ဖုယွမ်ကျုံးက ချက်ချင်း သူ့ဖုန်းမက်ဆေ့ချ်အားစစ်ကြည့်လိုက်သည်။ ရှဲ့လင်ကပုံမှန်အတိုင်းပင် သူ့အား "Good Morning" ဟု နှုတ်ဆက်ထားခြင်းပင်ဖြစ်ပြီး ကျောင်းသို့အရင်သွားနှင့်မည့်အကြောင်း ဘာမှမပြောထားပါချေ။ ကြည့်ရတာ ဒါကသူနဲ့ဝေးဝေးနေဖို့ အကြောင်းပြချက်သက်သက်တစ်ခုပဲလား?
ဖုယွမ်ကျုံးတစ်ယောက် သူမှားသွားသလိုခံစားလိုက်ရသည်။ သူရှဲ့လင်နဲ့ ဝေးဝေးမနေနိုင်ဘူး။ ဘာလို့ ရှဲ့လင်က သူ့အဝေးမှာသွားနေတာလဲ? သူကတစ်ခုခုမမှန်တာလုပ်မိတာလည်း မဟုတ်ဘူးလေ။ ဆယ်နှစ်တာလောက် ညီအစ်ကိုလိုသတ်မှတ်ထားတဲ့သူက ဝန်ခံလာတယ်ဆိုတာကို ဘယ်သူကချက်ချင်းကြီးလက်ခံနိုင်မှာလဲ?
စိတ်ဒုက္ခရောက်စွာနှင့်ပင် ဖုယွမ်ကျုံးခမျာ ကျောင်းရောက်လာတော့၏။ အတန်းနှစ်ချိန်ပြီးသောအခါတွင်တော့ ယွမ်ယဲ့ကထင်ထားသည်ထက် နောက်ကျစွာပင်ရောက်လာတော့သည်။ သို့သော် ယွမ်ယဲ့ကိုမြင်လိုက်သည်နှင့် သူပြောရန်စီစဥ်ထားသည်များအား မေ့သွားကာ မေးလိုက်မိလေသည်။
"မင်းထပ်ပြီး ဆံပင်အရောင်ပြောင်းလာပြန်တာလား?"
ဖုယွမ်ကျုံးက ယွမ်ယဲ့ရဲ့ဆံပင်အနက်များကို အံ့သြစွာကြည့်လိုက်မိသည်။ သူ့ဟိုဆံပင်အရောင်က ပြောင်းလာတာဖြင့် ဘယ်လောက်မှမကြာသေးဘူးလေ။ ဘာလို့အမည်းရောင်ပြန်ပြောင်းလာရတာလဲ?
"မင်းပြောတော့ ငါကအမည်းနဲ့ ကြည့်လို့အကောင်းဆုံးဆို?"
ယွမ်ယဲ့က သူ့ဆံပင်အရှည်များကို သပ်တင်လိုက်ပြီး ဖုယွမ်ကျုံးအား ပြုံးကြည့်လျက်ပြောလာသည်။
"အဲဒီတော့ ငါပြောင်းလိုက်တာလေ။ ဘယ်လိုလဲ?"
"မင်းက တကယ်ကြီးငါပြောတာနားထောင်လာတာပဲ၊ ငါ့ခံစားချက်တွေ ဘယ်မှာများထားသင့်ပါလိမ့်နော်"
ဖုယွမ်ကျုံးကပြောလိုက်သည်။
"ဘာမှသိပ်မကွာပါဘူး။ ငါမင်းကိုပြချင်လို့"
ယွမ်ယဲ့က ရယ်လျက်
"မင်းကြိုက်လား?"
"ကောင်းပါတယ်"
ဖုယွမ်ကျုံးက အမူအရာပြန်ပြင်လိုက်သည်။ ယွမ်ယဲ့က သူ့စကားအတည်ယူမယ်လို့ ဘယ်သူကထင်မှာလဲ? ဒီတိုင်းပဲ အမည်းနဲ့ကြည့်လို့ကောင်းကြောင်း ပြောတာလေးပဲကို။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းသဘောကျတာပဲ"
ယွမ်ယဲ့က ဖုယွမ်ကျုံး၏လက်အား ဆွဲယူကာ လက်ချောင်းလေးများဖြင့် ပွတ်သပ်လျက် သူ့လက်ဖဝါးနဲ့အုပ်မိုးပစ်လိုက်သည်။
"ဒါကို မင်းနဲ့ပဲပုံအပ်လိုက်တော့မယ်"
"?"
ဖုယွမ်ကျုံး တကယ်နားမလည်လိုက်ပါချေ။
"ငါမင်းကို လက်ဆောင်ပေးမယ်လို့ပြောထားတယ်လေ"
ယွမ်ယဲ့က လေသံအား အားစိုက်ထည့်လျက် မျက်ဝန်းများကဖြောင့်တန်းနေကာ
"ငါ့ကိုယ်ငါ မင်းကိုပေးမယ်၊ ယူမလား?"
ဖုယွမ်ကျုံး၏လက်က ချက်ချင်းပင်အောက်ကျသွားတော့သည်။
ယွမ်ယဲ့က စကားဆက်ပြောရန်ပြင်နေဆဲမှာပဲ ဖုယွမ်ကျုံးရဲ့ဖုန်းက မြည်လာတော့၏။ စာဝင်လာသောကြောင့် ဖုန်းကိုယူပြီးကြည့်လိုက်သောအခါ သူ့ကမ္ဘာကြီးကရပ်တန့်သွားသလိုပင်။
သူ့ကိုစာပို့သည့်သူကတော့ ယွီဖေးပင်ဖြစ်ပါတော့သည်။
T/N-ညကျမှတင်မလားလို့
ခုနလေးတင် voteလာပေးကြတာတွေ့လို့ မနက်သုံးနာရီကြီး တင်လိုက်ပါတယ်နော်//<*o*>\\
[ZAWGYI]
ဂိတ္ဝထိပ္နားေလးမွာတင္ ရွဲ႕လင္ဆီမွ အတြန္းခံထားရေသာေၾကာင့္ ဖုယြမ္က်ဳံး၏ခႏၶာကိုယ္ထဲသို႔ ေႏြရာသီေက်ာင္းယူနီေဖာင္းကတစ္ဆင့္ ေလေအးမ်ားတိုက္ခတ္စိမ့္ဝင္လာေသာ္လည္း လည္ပင္းအေနာက္နားမွေအးစက္စက္အထိအေတြ႕ေလာက္ပင္ မေအးသလိုခံစားေနရေလသည္။
ရွဲ႕လင္၏လက္ေခ်ာင္းထိပ္ေလးမ်ားက လည္ပင္းလြတ္ေနေသာအသားမ်ားေပၚတြင္ ခဏတာထိေတြ႕ထားခဲ့သည္။ ထို႔ေနာက္ သူကဘာစကားတစ္ခြန္းမွထပ္မဆိုဘဲ ဖုယြမ္က်ဳံးအား ကားထဲသို႔ဂ႐ုတစိုက္ဝင္ေစၿပီး အိမ္ျပန္ေရာက္သည္ထိ ဖုယြမ္က်ဳံး၏လက္အား မလႊတ္ေပးခဲ့ေခ်။
ေက်ာင္းမွျပန္လာစဥ္တစ္ေလွ်ာက္လုံးက ဖုယြမ္က်ဳံးကေတာ့ ေၾကာင္အေနေလသည္။ အခုနေလးတင္ ရွဲ႕လင္ေျပာခဲ့ေသာစကားမ်ားက သူ႔အားအခ်ိန္တစ္ခုအထိ ေၾကာင္အေစခဲ့သည္ေလ။
သူက ရွဲ႕လင္ႏွင့္ဒ႐ိုင္ဘာၾကား ေျပာသည္မ်ားကိုလည္းမၾကားခဲ့သလို ကားကသူ႔အိမ္ေရွ႕မွာမရပ္ခဲ့ဘဲ ရွဲ႕လင္၏ၿခံထဲသို႔ ဝင္သြားသည္ကိုလည္း သတိမထားမိလိုက္ပါ။
ရွဲ႕လင္ကသူ႔ကို ကားထဲမွေခၚထုတ္သြားသည္။ ဖုယြမ္က်ဳံးတစ္ေယာက္ ေၾကာင္ေတာင္ေတာင္အေနအထားႏွင့္ပင္ ရွဲ႕လင္ေနာက္လိုက္သြားၿပီး အိမ္ေပါက္ဝထိေရာက္သြားေတာ့သည္။ သူ႔အား အရည္တစ္မ်ိဳးမ်ိဳးနဲ႔ ျဖန္းပက္လိုက္ေတာ့မွပင္ လက္ရွိအေျခအေနသို႔ ျပန္ေရာက္လာၿပီး ေအာ္လိုက္မိေတာ့သည္။
"ေအးလိုက္တာ....ဘာႀကီး........"
ဖုယြမ္က်ဳံး သတိထားၿပီး ပုခုံးမ်ားအားလက္ႏွင့္ကာလိုက္မိသည္။ ရွဲ႕လင္က သူ႔ပုခုံးေပၚမွလက္မ်ားအား ျပန္ခ်ေစကာ ေခါင္းစေျခဆုံး အခုနကဲ့သို႔ပင္ အရည္တစ္မ်ိဳးနဲ႔ လိုက္ျဖန္းေနေလ၏။ ၿပီးေနာက္ သူကဘူးေလးအားေဘးတြင္ထားလိုက္ၿပီး ျပန္ေျဖေလသည္။
"pheromone ျပယ္ေဆး"
ယြမ္ယဲ့ထံမွ ရခဲ့ေသာ mint ရနံ႔က တမုဟုတ္ခ်င္းေပ်ာက္ကြယ္သြားေသာ္လည္း ရွဲ႕လင္၏အျပဳအမူမ်ားကို သူတကယ္နားမလည္ေသးပါေခ်။
ဖုယြမ္က်ဳံးရဲ႕ႏွလုံးသားေလး အေတာ္လႈပ္ခတ္သြားရသည္။ သူကျပန္လည္ရွင္သန္လာျခင္းအတြက္ ေနသားမက်ျဖစ္ေနၿပီး ABO လိင္ပိုင္းဆိုင္ရာခြဲျခားမႈေတြအတြက္ လုံေလာက္တဲ့အခ်က္အလက္ေတြသိဖို႔ လိုေနေသးေပမယ့္္လည္း Alpha ေတြရဲ႕ တစ္ဖက္လူအေပၚ ပိုင္ဆိုင္လိုစိတ္က ဘယ္လိုဘယ္ပုံဆို ေပၚေပါက္တတ္တယ္ဆိုတာကိုေတာ့ သူနားလည္ေသးပါသည္။ ဒါဆို ရွဲ႕လင္က......
ရွဲ႕လင္က ဘာမွမလုပ္ထားသလို ႐ိုးသားေသာအမူအရာေလးႏွင့္ ဆိုဖာေပၚတြင္ သြားထိုင္ေနေလသည္။ သူက အခုထိအေပါက္နားတြင္ ရပ္ေနေသာဖုယြမ္က်ဳံးအား ၾကည့္ကာ အာ႐ုံမထားသလိုလွမ္းေျပာလိုက္သည္။
"ဒီကိုလာေလ"
အရင္တုန္းကဆိုလွ်င္ ရွဲ႕လင္ကေခၚသည္ႏွင့္ သူခ်က္ခ်င္းသြားမိမွာပင္။ ဒါေပမဲ့ အခုေတာ့ ရွဲ႕လင္ကမူမမွန္ျဖစ္ေနၿပီး အႏၲရာယ္မ်ားတယ္လို႔ သူခံစားေနရတယ္။ သူမသြားရဲေတာ့ပါ။ သူကအေနာက္ကိုအနည္းငယ္ ဆုတ္လိုက္ၿပီး ေျပာလိုက္သည္။
"ငါတို႔ဒါကို ေနာက္မွေျပာၾကရင္ေကာင္းမယ္ထင္တယ္။ ငါ့မိသားစုက ငါ့ကိုညစာစားဖို႔ေစာင့္ေနေတာ့မယ္"
သူကခ်က္ခ်င္းေျပးႏိုင္ေလာက္သည့္ သတိမ်ိဳးႏွင့္ေျပာလိုက္ေသာ္လည္း ၿခံကအရမ္းက်ယ္လြန္းေနကာ ရွဲ႕လင္လက္မွသူမေျပးႏိုင္ပါေခ်။ သူၿခံအေပါက္ဝကိုမေရာက္ခင္မွာပဲ ရွဲ႕လင္ကသူ႔နားေရာက္လာေတာ့သည္။ တစ္ကိုယ္လုံးက ရွဲ႕လင္ထံမွ အေနာက္ကေနေပြ႕ဖက္ျခင္းခံလိုက္ရၿပီး စြဲမက္ဖြယ္ေကာင္းေသာ ဝိုင္နီရနံ႔ကပါ ကပ္ပါလာေလသည္။ လာျပန္ၿပီ......
အနံ႔ရလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ဖုယြမ္က်ဳံးမွာ မူးေဝလာရၿပီး ေျခေထာက္မ်ားက ေပ်ာ့ေခြလာကာ အသံမွာလည္း တုန္ယင္လာေတာ့သည္။
"ရွဲ႕လင္...မလုပ္ပါနဲ႔.....မင္းမွာေျပာစရာရွိရင္..."
"ခုနကကိစၥနဲ႔ပတ္သက္ၿပီး မင္းနဲ႔ေသခ်ာေလးစကားေျပာဖို႔လိုတယ္"
ရွဲ႕လင္ကေျပာလိုက္သည္။
"ဒါေပမဲ့ မင္းကေျပာခ်င္မွာလား?"
"ငါေျပာမယ္ ငါေျပာမယ္၊ မင္းအရင္ဆုံးငါ့ကိုလႊတ္ဦး"
ဖုယြမ္က်ဳံးက သူ႔အားငဲ့ညာေပးရန္ အေလာတလ်င္ေတာင္းဆိုလိုက္ၿပီး သူ႔ကိုလႊတ္ေပးသည့္အခါမွ ေျပးထြက္သြားမည္ဟု ေတြးထားသည္ေလ။ သို႔ေသာ္လည္း ရွဲ႕လင္ကသူ႔အေတြးမ်ားအား ထပ္သိေနျပန္ပါသည္။ သူေျပာၿပီးသည္ႏွင့္ သူ႔လက္မ်ားကို ေျဖေလ်ာ့ေပးရမည့္အစား ပိုၿပီးတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လာကာ နားထဲသို႔ ကပ္ေျပာလာေလသည္။
"မင္းလိုလူမ်ိဳးဆီက ၾကားသင့္တဲ့တစ္ခ်ိဳ႕ကိစၥေလးေတြေလ?"
ဖုယြမ္က်ဳံးကခ်က္ခ်င္းပင္ အေနာက္သို႔လွည့္လိုက္ပါေတာ့သည္။
သူက ရွဲ႕လင္ေနာက္မွ ဧည့္ခန္းထဲသို႔ ေရွာေရွာရွဴရွဴပင္လိုက္သြားၿပီး ဆိုဖာေပၚတြင္ေသခ်ာေလး ထိုင္ေနလိုက္သည္။ ရွဲ႕လင္က သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ သြားထိုင္လိုက္ၿပီး တစ္ခဏမွ်သူ႔ကိုလွမ္းၾကည့္ကာ ေျပာလာေလသည္။
"ငါေျပာဖို႔လိုတာကို မင္းနားလည္သင့္တယ္"
ဖုယြမ္က်ဳံး၏ဦးေႏွာက္တစ္ခုလုံးက ဗလာျဖစ္ေနၿပီး ခုနေလးတင္ျဖစ္ပ်က္သြားသမွ်ကို လိုက္မီေအာင္မနည္းစဥ္းစားေနရသည္။ အကုန္ျပန္စဥ္းစားၾကည့္သည့္တိုင္ သူကအခ်စ္ဆိုတဲ့အရာကို သတိမမူေသးပါေခ်။
အကယ္၍ရွဲ႕လင္ကသာ မိန္းမငယ္ေလးတစ္ေယာက္ဆိုလွ်င္ သူဒါကိုအရင္ေတြးေကာင္းေတြးမိလိမ့္မည္ပင္။ သို႔ေသာ္ ရွဲ႕လင္က မိန္းမငယ္ေလးမဟုတ္၊ သူ႔သူငယ္ခ်င္း၊ ညီအစ္ကို။ ဒီစည္းေတြၾကားထဲကေန တစ္ျခားအေတြးဘက္မွလွည့္ၿပီး သူမစဥ္းစားဖူးခဲ့ပါ။ သူတို႔တကယ္ဒိတ္ဖို႔လိုတာလားဆိုတာကို ရွဲ႕လင္ေမးသည့္အေၾကာင္းဖယ္လိုက္ပါက သူတို႔ၾကားမွကိစၥေတြက heat တက္ေနခ်ိန္ ရွဲ႕လင္၏မူးေဝသြားမႈခ်ည္းသက္သက္ဟု ေျပာလို႔ရသည္ေလ။ သို႔ေသာ္ ထိုအေၾကာင္းႏွင့္ပတ္သက္၍ ယခုေလးတင္ သူတို႔ႏွစ္ေယာက္လုံး တည္တည္ၿငိမ္ၿငိမ္ ေျဖရွင္းဖို႔လိုလာေလသည္။
ရွဲ႕လင္က သူတို႔ေျပာရမည့္အေၾကာင္းကို ေသခ်ာနားလည္ၿပီး အားလုံးကိုလည္းသိေနပါသည္။
"မင္းကိုယ္ေပၚ တစ္ျခားသူေတြရဲ႕ ရနံ႔ေတြစြဲကပ္ေနတာကို ငါဂ႐ုမစိုက္ဘူး၊ သူတို႔အနားမင္းရွိေနတာကိုလည္း ငါႀကိဳက္မႀကိဳက္ အေရးမထားဘူး"
ရွဲ႕လင္ရဲ႕အသံအနိမ့္အျမင့္က ေလ်ာ့က်ေနၿပီး ထိန္းခ်ဴပ္ထားရသလိုပင္။ သူ႔ရဲ႕ေက်ာင္းသားပုံစံက ေမွးမွိန္သြားၿပီး အျပင္ပန္းက ေလးနက္တည္ၾကည္ေနကာ ကိုယ္ေနဟန္ထားကိုလည္း သင့္ေလ်ာ္ေအာင္ ျပင္ထိုင္ထားေလ၏။ သူ႔မ်က္ခုံးတန္းမ်ားက အၿမဲတမ္းေအးစက္စက္တန္းေနကာ ၿပဳံးရယ္ေလ့မရွိေပမယ့္ အခုေတာ့ မ်က္လုံးမ်ားကလင္းလက္ေနကာ မီးထေတာက္မတတ္ျဖစ္ေနေသာေၾကာင့္ ဖုယြမ္က်ဳံး၏ရင္ထဲသည္ပင္ ပူေလာင္လာသလိုခံစားေနရသည္။
"လိင္ပိုင္းဆိုင္ရာေတြ ဘာေတြဖယ္ထားလိုက္ရင္ေတာင္ ဒီအေၾကာင္းအတိုင္းအတာက မင္းအတြက္အကန႔္အသတ္ရွိတယ္။ ငါက မင္းနဲ႔ေျပာဆိုဆက္ဆံဖို႔ အဲဒီအရာေတြမလိုဘူး"
"ငါလိုတာက မင္းႏွလုံးသားထဲက အဓိကေနရာပဲ"
ဖုယြမ္က်ဳံးက တိုးတိုးေရ႐ြတ္မိသည္။
"မင္းက အဲဒီေလာက္...."
"လုံလုံေလာက္ေလာက္ကိုမဟုတ္ဘူး"
ရွဲ႕လင္သူ႔အားစိုက္ၾကည့္လ်က္
"မင္းငါ့ကို ပိုတန္ဖိုးထားေစခ်င္တယ္၊ ငါ့ကိုခ်စ္ေတာင္လာေစခ်င္တယ္ ဘာလို႔ဆိုငါက...."
ဘယ္ကေပၚလာမွန္းမသိေသာ ဖုန္းအသံက ရွဲ႕လင္၏စကားစအား ျပတ္သြားေစေလသည္။ အဲဒါက ဗီဒီယိုေကာလ္ေၾကာင့္ျမည္လာျခင္းျဖစ္ၿပီး ေခၚသည့္သူက ႏိုင္ငံျခားမွသူ႔မိဘမ်ားပင္။
တစ္ခဏမွ်ၿငိမ္သက္သြားကာ ရွဲ႕လင္ကဖုန္းကိုခ်ပစ္ဖို႔ လက္လွမ္းလိုက္ေပမယ့္ ဖုယြမ္က်ဳံးက ဖုန္းကိုအရင္ယူလိုက္ၿပီး ခ်က္ခ်င္းကိုင္လိုက္ကာ မ်က္ႏွာအားအတတ္ႏိုင္ဆုံးၿပဳံးရက္လ်က္ တစ္ဖက္ကင္မရာမွ စုံတြဲကိုႏႈတ္ဆက္လိုက္ေတာ့သည္။
"အန္ကယ္နဲ႔ အန္တီပါလား၊ ေတြ႕ရတာဝမ္းသာတယ္ေနာ္။ အိုး အခုခ်ိန္က အဲဒီဘက္မွာ ေန႔ခင္းဘက္ေပါ့၊ မဂၤလာေန႔လည္ခင္းေလးပါလို႔ ႏႈတ္ဆက္ရမယ္"
"ေဟး ေရွာင္က်ဳံးပါလား၊ အခုတေလာ မင္းလူသိမ်ားလာတယ္ဆို"
ရွဲ႕လင္၏မိဘမ်ားက ရယ္ေမာေနေလသည္။ သူတို႔က ဖုယြမ္က်ဳံးအား ခ်စ္ခင္ၾကသူမ်ားျဖစ္ေသာေၾကာင့္ သူ႔အားျမင္လိုက္ရေသာအခါ ေပ်ာ္ျမဴးေနၾကေလ၏။ ဖုယြမ္က်ဳံးက ဖုန္းအားကိုင္ထားေသာေၾကာင့္ ရွဲ႕လင္အတြက္ ကင္မရာလွည့္ေပးရန္ သတိရကာသြားေပးလိုက္သည္။
ရွဲ႕လင္က သူ႔အားၾကည့္လာၿပီး သူ႔မိဘမ်ားဘက္ကိုျပန္လွည့္ကာ ႏႈတ္ဆက္လိုက္သည္။
"ပါး၊ မား"
"သားတို႔ စားၿပီးၾကၿပီလား? ဒီေန႔က ေက်ာင္းစုေဝးပြဲေန႔မလား? တစ္ခုခုေနရခက္တာရွိေသးလား?"
မိဘမ်ားက အငယ္မ်ားရဲ႕ အဆင္မေျပတတ္သည့္ ျပႆနာမ်ားကိုနားလည္တတ္ေသာေၾကာင့္ ေနရာကိစၥအတြက္ ေတြးေတာပူပန္ေနၾကသည္။ ဖုယြမ္က်ဳံးက ေသခ်ာတစ္ခုခ်င္း ေျပာျပလိုက္ပါသည္။ အရာအားလုံးက ပုံမွန္အတိုင္းလည္ပတ္ေနၿပီဟုေျပာလိုက္ေသာ္လည္း သူ႔လက္ေခ်ာင္းထိပ္ေလးမ်ားကေတာ့ အနည္းငယ္တုန္ယင္ေန၏။
ခုနတုန္းက ရွဲ႕လင္က သူ႔အားဝန္ခံလိုက္ေတာ့မွာကို သူအေတာ္ေလးစိုးရိမ္ေနတာပင္ျဖစ္သည္။ ကံေကာင္းစြာပဲ ရွဲ႕လင္၏မိဘမ်ားထံမွ ဆက္သြယ္မႈေၾကာင့္ သက္သာရာရသြားျခင္းပင္။
သူတို႔ရဲ႕ပတ္ဝန္းက်င္အေနအထားနဲ႔ အနီးအနားတစ္ဝိုက္အေျခအေနက ထိုအဆင့္နားေလာက္ထိ ေရာက္ေနၿပီဆိုေပမယ့္လည္း "သေဘာက်တယ္"ဆိုတဲ့ စကားစုကေတာ့ မေျပာရေသးဘူးဆိုေတာ့ အခုထိမယိမ္းယိုင္ေသးဘူးဟု ေျပာလို႔ရသည္ေလ။ ရွဲ႕လင္သာ အတည္ေျပာလိုက္ပါက ေနာက္က်ရင္ဒါကိုဘယ္လိုရင္ဆိုင္ရမလဲဆိုတာ သူတကယ္မေတြးႏိုင္ေသးပါေပ။
တကယ္ကို ကယ္တင္ရာရသြားတာပဲ.......
ဖုယြမ္က်ဳံးရဲ႕ဦးေႏွာက္ထဲမွာ အႀကံေတြေျပးလႊားေနေပမယ့္ သူ႔ခႏၶာကိုယ္ကေတာ့ မလႈပ္မယွက္ေနၿမဲေနဆဲျဖစ္ေနကာ ရွဲ႕လင္အား စိတ္ညစ္သလိုၾကည့္ေနမိေလသည္။
ရွဲ႕လင္ကသူ႔အၾကည့္ေတြကို အံ့ၾသသည့္ပုံေပါက္မေနေပမယ့္ သူ႔လက္မ်ားကေနာက္ေက်ာသို႔ေရာက္လာကာ ေက်ာတစ္ေလွ်ာက္ ညင္သာစြာပြတ္သပ္ေပးေနသည္။
သူ႔မိဘေတြေရွ႕မွာတင္ကိုေလ။
ဖုယြမ္က်ဳံးလက္မ်ားက တုန္ယင္သြားၿပီး ဖုန္းလြတ္က်မတတ္ပင္ ျဖစ္သြားေလရဲ႕။ ရွဲ႕လင္က သူ႔လက္ကိုအုပ္မိုးလိုက္ၿပီး ဖုန္းကိုေသခ်ာျပန္ကိုင္ထားေပေလသည္။ ဝိုင္နီရနံ႔ pheromone ကလည္း ေလထဲတြင္ ညင္သာစြာပ်ံ႕လြင့္ေနလ်က္။
ဒီမေကာင္းဆိုးဝါးကေတာ့!
ရွဲ႕လင္အေၾကာင္းနည္းနည္းေတြးလိုက္တာနဲ႔ သူ႔မ်က္ႏွာကနီရဲလာေသာေၾကာင့္ လူႀကီးေတြမျမင္ေစရန္ ဖုယြမ္က်ဳံးခမ်ာ စိတ္ဒုကၡႀကီးစြာျဖင့္ ေဒါသထြက္ရင္း ေခါင္းကိုငုံ႔ထားရေတာ့သည္။ အခု ဗီဒီ႐ိုဖြင့္ထားတုန္း သူ႔ကိုျပန္တိုက္ခိုက္ႏိုင္မယ့္ အခြင့္အေရးကို အသုံးခ်မွကိုရေတာ့မယ္။
သူကခ်က္ခ်င္းပင္ ရွဲ႕လင္၏ေပါင္တံမ်ားကို ဖ်စ္ညႇစ္လိုက္သည္။ ရွဲ႕လင္ကေတာ့ မလႈပ္မယွက္ပင္။ သူ႔လက္မ်ားကသာ ေနာက္ေက်ာဘက္ကိုေ႐ႊ႕လာေလ၏။ Alpha တစ္ေယာက္ရဲ႕ ပ်ံ႕လြင့္ေနတဲ့ pheromone က ပိုမိုထင္ရွားလာၿပီး အတားအဆီးမရွိခ်ဥ္းကပ္လာေတာ့သည္။ ဖုယြမ္က်ဳံးရဲ႕ နဖူးမွာ ေခြၽးျပန္လာရၿပီး အသက္ရွဴလည္းျမန္လာေပေတာ့၏။ သို႔ေသာ္လည္း သူ႔မွာေအာ္ဟစ္လိုက္လို႔မရပါေခ်။
"ေရွာင္က်ဳံး နဖူးကဘာလို႔ ေခြၽးဒီေလာက္ထြက္ေနတာလဲ?"
ဗီဒီယိုထဲမွတစ္ဆင့္ ရွဲ႕လင္ရဲ႕မိဘမ်ားက ဖုယြမ္က်ဳံးနဖူးဘက္ျခမ္းကို ျမင္သြားကာ ေမးျမန္းလာေတာ့သည္။ ရွဲ႕လင္အား သူ႔အားတစ္ခ်က္ၾကည့္ကာ ေအးေအးေဆးေဆးပင္ ဝင္ေျဖေလရဲ႕။
"သူ႔ဖိနပ္ႀကိဳးေတြ ေျပေနလို႔"
ေသလိုက္ပါေတာ့လား!
ဖုယြမ္က်ဳံးက ေခါင္းကိုငုံ႔လိုက္ၿပီး သူ႔ကိုယ္ကိုျပန္တည္ေဆာက္ကာ ရွဲ႕လင္၏ေပါင္ကိုညႇစ္ထားေသာ သူ႔လက္မ်ာကို ပိုအားထည့္လိုက္သည္။ ရွဲ႕လင္ကလည္း သူ႔လက္ဖမိုးအား ဖ်စ္ညႇစ္လိုက္ကာ လက္ေခ်ာင္းမ်ားကိုဆုပ္ကိုင္လာၿပီး လက္ဖဝါးတစ္ခုလုံးကို ႏူးႏူးညံ့ညံ့အုပ္ကိုင္ထားေတာ့သည္။
လူႀကီးမ်ားကေတာ့ သူတို႔ျဖစ္ပ်က္ေနသမွ်ကို မျမင္ေသာေၾကာင့္ ၿပဳံးျပလာကာ ေျပာလာေလသည္။
"အေမတို႔ သန္ဘက္ခါျပန္လာမလို႔ေလ။ ၿပီးေတာ့ မင္းအန္တီနဲ႔ ယြီေဖးကလည္း ဒီအပတ္ကုန္ရင္ျပန္လာမယ္တဲ့။ အဲဒီအခါက် အေမတို႔ပြဲေလးတစ္ခုလုပ္ၾကတာေပါ့။ မေကာင္းဘူးလား?"
ေရွာင္ေဖးက တ႐ုတ္ကိုျပန္လာေတာ့မွာလား?
ထိုအေၾကာင္းအားၾကားေသာအခါ ဖုယြမ္က်ဳံးမွာ သူ႔လက္ရွိအေျခအေနအားေမ့ကာ ေခါင္းေထာင္မိမတတ္ပင္ျဖစ္သြားေသာေၾကာင့္ အျမန္ျပန္ထိန္းလိုက္ရေတာ့သည္။
သူ႔စိတ္တြင္းမွဝမ္းသာမႈေလးက မီးပန္းမ်ားကဲ့သို႔ပင္ အလ်င္အျမန္ေတာက္ေလာင္လာေတာ့သည္။ သူ႔ရဲ႕အရင္ရည္းစားေလးကို ေတြ႕ရဖို႔အရမ္းကိုေပ်ာ္ျမဴးေနကာ မနက္ျဖန္ကိုပင္ ဒီအပတ္ကုန္ျဖစ္လိုက္ခ်င္ေတာ့သည္။ သူေလဆိပ္ကိုေသခ်ာေပါက္သြားႀကိဳရမည္။
ရွဲ႕လင္က ၿပဳံး႐ုံသာၿပဳံးေနၿပီး မ်ားမ်ားစားစားေျပာမလာေပ။ သူ႔မိဘမ်ားက ခႏၶာကိုယ္ကိုပိုဂ႐ုစိုက္ဖို႔ မွာၾကားသြားကာ ဖုန္းခ်သြားေတာ့၏။ သူကခ်က္ခ်င္း ေခါင္းကိုငုံ႔ကာ ဖုယြမ္က်ဳံးအား ဂ႐ုတစိုက္ၾကည့္လ်က္
"မင္းငါ့ကို ဒီလိုပုံနဲ႔ေတာ့ မေျပာေစခ်င္ဘူးမလား?"
ထိုစကားအားၾကားေသာအခါ ဖုယြမ္က်ဳံးမွာတုန္လႈပ္သြားမိေလသည္။ သူကဒီလိုမ်ိဳးလုံးဝမႀကိဳက္တာပါေနာ္။ သူ႔ရဲ႕ရွိစုမဲ့စုအသိစိတ္ေလးနဲ႔ ေခါင္းကိုေမာ့လိုက္ေသာ္လည္း သူ႔မ်က္ႏွာက နီျမန္းေနေသးကာ နဖူးကလည္းေခြၽးစို႔ေနေသးေလရဲ႕။
"မင္းကငါ့အတြက္အေရးႀကီးပါတယ္၊ တကယ္အေရးႀကီးတာ။ မင္းကငါ့အတြက္ ညီအစ္ကိုပဲေလ"
သူကျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"ဒါေပမဲ့ ႐ိုး႐ိုးသားသားညီအစ္ကိုေပါ့၊ မင္းကငါ့အတြက္ မဟုတ္....အင္း မဟုတ္....."
ေနာက္ဆုံးေတာ့ ေသခ်ာအားေမြးကာ တုန္တုန္လႈပ္လႈပ္ႏွင့္ပင္ ေျပာလိုက္ပါေတာ့သည္။
"ငါႀကိဳက္တဲ့ပုံမဟုတ္ဘူး"
ရွဲ႕လင္ရဲ႕ ေလသံက နဂိုအတိုင္းမေျပာင္းဘဲရွိေနလ်က္ ေလသံေဖ်ာ့ေဖ်ာ့ႏွင့္ေမးလာေလ၏။
"မင္းကဘယ္လိုပုံႀကိဳက္တာလဲ?"
အေရးႀကီးဆုံးကေတာ့ မိန္းကေလးတစ္ေယာက္ျဖစ္သင့္တာပဲေလ! အေကာင္းဆုံးကေတာ့ Omega ေပါ့၊ Beta ဆိုရင္လည္း သိပ္ေတာ့မဆိုးပါဘူး။
ဖုယြမ္က်ဳံးက ေတြးလိုက္သည္။ ႐ုတ္တရက္ ဒီစည္းအပါးအလႊာကို ထိုးေဖာက္လိုက္ေသာေၾကာင့္ သူ႔ရဲ႕ေၾကာက္စိတ္ကသိပ္မတုန္လႈပ္ေတာ့သလိုပင္။ ၾကည့္ရတာ သူက သူနဲ႔ရွဲ႕လင္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ရွက္ေၾကာက္ေနမွာကို စိုးရိမ္ေနခဲ့တာပဲျဖစ္ရမယ္။ သူကရွဲ႕လင္ စိတ္ဒုကၡေရာက္သြားမွာကိုလည္း ေၾကာက္ေနခဲ့ေသးတာပင္။ အခုေတာ့ ရွဲ႕လင္ရဲ႕တုန႔္ျပန္ခ်က္က သူထင္သေလာက္မႀကီးမားေနပါ။
"မင္းသူ႔ကိုသေဘာက်......"
သူက တစ္ေခါက္ပိုမေသခ်ာသလို ျဖစ္ေနေလသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဖုယြမ္က်ဳံးကေတာ့ ေယာက်ာ္းတစ္ေယာက္ကို ႐ူးသြပ္မယ့္သူမဟုတ္ဘူးေလ။ သူကအႀကိမ္ေပါင္း ၁၀၀၀၀ကို ေျပာရဲတယ္။ တစ္ေန႔သူကေယာက်ာ္းတစ္ေယာက္နားရွိေနမလားဆိုတဲ့ အေတြးကိုဖယ္လိုက္ရင္ ရွဲ႕လင္ကအကာကြယ္သင့္ဆုံးသူပဲေလ။ ယုန္ငယ္ေလးက သူ႔အိမ္သားကိုေတာ့ မစားေလာက္ပါဘူးေနာ္။ ဒါကျမက္ဆိုတဲ့ စားစရာကိုပဲေတြးသင့္သလို ေရွာင္ေဖးနဲ႔ပဲခ်စ္ႀကိဳက္သင့္တာမဟုတ္လား။ သူကသာ ေရွာင္ေဖးတစ္ဝမ္းကြဲအစ္ကိုနဲ႔ ျဖစ္ပ်က္သြားရင္ ေနာက္မ်ားက် ေရွာင္ေဖးကိုဘယ္လိုမ်က္ႏွာျပရေတာ့မလဲ?
ရွဲ႕လင္က ဆက္ေမးလာသည္။
"မင္း ယြမ္ယဲ့ကိုႀကိဳက္တာလား? ဒါမွမဟုတ္ ရန္ရႈထန္လား မဟုတ္ရင္ တျခားတစ္ေယာက္?"
"မင္းက ပိုပိုေဝးသြားၿပီ။ သူတို႔နဲ႔လည္းမျဖစ္ႏိုင္တာပဲ။ ငါကမိန္းကေလးေတြကိုႀကိဳက္တာကြ"
ဖုယြမ္က်ဳံးမွာ စိတ္ေတာင္ဆိုးခ်င္လာသည္။ ရွဲ႕လင္က သူကမိန္းကေလးေတြကိုသေဘာက်မယ္လို႔ မေတြးမိဘူးလား? ဘာလို႔သူေတြးမိတဲ့သူေတြက ေယာက်ာ္းေလးေတြျဖစ္ေနရတာလဲ? ရန္ရႈထန္ေတာင္ပါလိုက္ေသး။ ဒီမယ္ မင္းဘယ္လိုေတြေတာင္ ေတြးေနတာလဲ?
"ခုနတုန္းက မင္းကငါ့ကိုထိေတြ႕ၿပီး pheromone နဲ႔ေတာင္ ခ်ည္ေႏွာင္လိုက္ေသးတယ္။ မင္းဒါကိုျပန္ေပးဆပ္ဖို႔ငါမေျပာေတာ့ပါဘူး"
သူကေအးစက္စက္ျဖင့္ ရွဲ႕လင္အားၾကည့္ကာ
"ငါ့ကိုအခုျပန္ေတာင္းပန္ေပး"
ရွဲ႕လင္က သူႏွင့္မရင္းႏွီးသလိုပင္။ ဖုယြမ္က်ဳံးမွာ ပိုစိတ္ဆိုးလာေတာ့သည္။ ဒါေပမဲ့ သူ႔မွာထုတ္ျပဖို႔အခြင့္အေရးလည္းရွိမေနေခ်။ ရွဲ႕လင္ကသာ သူ႔ကိုတစ္ခုခုနဲ႔ ပ်က္ျပယ္ထိခိုက္ေအာင္လုပ္လာရင္ သူနဲ႔ရွဲ႕လင္သူငယ္ခ်င္းဆက္ဆံေရးကို ျဖတ္ပစ္လိုက္မယ္လို႔ က်ိန္ထားတဲ့အခ်က္ကိုဖယ္လိုက္ရင္ေတာင္ သူကခ်ီတုံခ်တုံျဖစ္ေနေသးတယ္။ ဒါႀကီးကလုံးဝမမိုက္ဘူး၊ ဒါေပမဲ့ သူလည္းသေဘာက်ခဲ့တာပဲ။ ေသလိုက္ပါေတာ့...ဒါကပိုၿပီးေတာင္ စိတ္ပ်က္ဖို႔ေကာင္းေနေသး။
သူ႔မွာ ေတာ္ေတာ္စိတ္ဆိုးလာရၿပီး လြယ္အိတ္အားယူကာ အေပါက္ဝဘက္သို႔ ထလာလိုက္ေတာ့သည္။ ဒီတစ္ခါေတာ့ ရွဲ႕လင္ကသူ႔အားမတားေတာ့ဘဲ ေနာက္ေက်ာကိုပဲ ၾကည့္ေနကာ ေျပာလာသည္။
"ငါႏွစ္ခါေတာင္ ေတြးၿပီးသြားၿပီ"
ဖုယြမ္က်ဳံးက ဘာမွျပန္မေျပာရေသးခင္မွာပဲ ရွဲ႕လင္ကထပ္မံေျပာလာ၏။
"ငါ့မိဘေတြမလာခင္ မင္းကိုနမ္းလိုက္သင့္တာ"
သတိထားစမ္း ဒါကလူေရာဟုတ္ရဲ႕လား? မဟုတ္တာ၊ ဒီမေကာင္းဆိုးဝါးက အခုစိတ္မေကာင္းျဖစ္ေနတာေပါ့ေလ!
ဖုယြမ္က်ဳံးမွာလဲက်မတတ္ပင္ ျဖစ္သြားကာ ရွဲ႕လင္အား လက္ခလယ္ေထာင္ျပလ်က္ အိမ္သို႔အျမန္ျပန္လာလိုက္ေတာ့သည္။
ထိုညေနကပင္ ဖုယြမ္က်ဳံးမွာ အိပ္မက္မက္လိုက္ေသးသည္။ သူကယြီေဖးအတြက္ ေတြးၾကည့္ေနေလ၏။ သူကနဂိုအတိုင္းပင္ ခ်စ္စဖြယ္ျဖစ္ေနကာ ထက္ျမက္ေနဆဲပင္။ ႏွစ္ေယာက္လုံးအတြက္လည္း အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ သင့္ေတာ္လွသည္။ ယြီေဖးက သူ႔အေရွ႕တြင္ ရပ္ေနကာ ရယ္ေမာလ်က္ "အေဝးေရာက္ခ်စ္သူေလး"ဟုပင္ ေခၚေနေလသည္။
သူတို႔ကမၾကာခဏ ကေတာက္ကဆျဖစ္ခဲ့သည္ဆိုတာေတာင္ ယြီေဖးက ဒီအခ်က္ကပင္ ခ်စ္ဖို႔ေကာင္းသည္ဟု ေျပာေသးသည္။
သူ႔ရဲ႕စိတ္ကူးထဲမွာ သူနဲ႔ယြီေဖးက ရည္းစားဆက္ဆံေရးကို ေရွ႕ဆက္ဖို႔လိုလာေလသည္။ ယြီေဖးက သူ႔အားၿပဳံးျပလ်က္ ေျပာလာေလ၏။
"ဟုတ္ၿပီ အေဝးေရာက္ခ်စ္သူေလး၊ ဘယ္လိုပဲျဖစ္ျဖစ္ ငါက Alpha နင္က Omega ဆိုေတာ့ ေနာက္က်ရင္ နင္ကငါ့ကို ကေလးေလးေတြေမြးေပးရမယ္ေနာ္"
ထိုအခ်ိန္မွာပဲ ရွဲ႕လင္ကေရာက္ခ်လာကာ သူတို႔ႏွစ္ေယာက္ၾကား ဝင္ျဖတ္ေတာ့သည္။ ႏွစ္ေယာက္လုံးက သူ႔ကိုဖြင့္ေျပာလာၿပီး သူဘယ္သူနဲ႔ဒိတ္မလဲ၊ ဘယ္သူ႔အတြက္ ကေလးေမြးမလဲဟု အလုအယက္အျငင္းပြားေနေလရဲ႕။ ဖုယြမ္က်ဳံးခမ်ာ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ႏွစ္ေယာက္လက္ထဲသို႔ ေရာက္ေနေလ၏။ သူ႔မွာဘယ္မွမသြားႏိုင္ျဖစ္ကာ ေခ်ာင္ပိတ္မိေနေတာ့သည္။
"!"
ဖုယြမ္က်ဳံးတစ္ေယာက္ အိပ္မက္မွလန႔္ႏိုးလာကာ အခ်က္ေပးသံမ်ားၾကားေနရၿပီး မ်က္ႏွာသြားသစ္လ်က္ သူ႔အိပ္မက္ကိုျပန္ေတြးေနမိသည္။
အေရးမပါတာ၊ ေရွာင္ေဖးက Omega ပဲျဖစ္သင့္တာ၊ Alpha မဟုတ္ေလာက္ပါဘူး......
ထို႔ေနာက္ သူအျပင္ျပန္ထြက္သည့္အခါ ဖုယြမ္က်ဳံးတစ္ေယာက္ ေသာကေရာက္ေနရသည္။ သူရွဲ႕လင္ႏွင့္ ေက်ာင္းဘယ္လိုသြားရမလဲ မေတြးတတ္ေသးပါ။ သို႔ေသာ္လည္း သူကားထဲဝင္လိုက္သည့္အခါ ရွဲ႕လင္ကလည္းကားထဲမရွိေနပါေခ်။ ဒ႐ိုင္ဘာဦးေလးႀကီးက ရွဲ႕လင္ကလုပ္စရာရွိလို႔ ေက်ာင္းကိုအရင္သြားျခင္းျဖစ္ၿပီး မေစာင့္ေတာ့ဘဲ ကားႏွင့္အရင္သြားႏွင့္သည္ဟု ေျပာလာ၏။
လုပ္စရာ? ဖုယြမ္က်ဳံးက ခ်က္ခ်င္း သူ႔ဖုန္းမက္ေဆ့ခ်္အားစစ္ၾကည့္လိုက္သည္။ ရွဲ႕လင္ကပုံမွန္အတိုင္းပင္ သူ႔အား "Good Morning" ဟု ႏႈတ္ဆက္ထားျခင္းပင္ျဖစ္ၿပီး ေက်ာင္းသို႔အရင္သြားႏွင့္မည့္အေၾကာင္း ဘာမွမေျပာထားပါေခ်။ ၾကည့္ရတာ ဒါကသူနဲ႔ေဝးေဝးေနဖို႔ အေၾကာင္းျပခ်က္သက္သက္တစ္ခုပဲလား?
ဖုယြမ္က်ဳံးတစ္ေယာက္ သူမွားသြားသလိုခံစားလိုက္ရသည္။ သူရွဲ႕လင္နဲ႔ ေဝးေဝးမေနႏိုင္ဘူး။ ဘာလို႔ ရွဲ႕လင္က သူ႔အေဝးမွာသြားေနတာလဲ? သူကတစ္ခုခုမမွန္တာလုပ္မိတာလည္း မဟုတ္ဘူးေလ။ ဆယ္ႏွစ္တာေလာက္ ညီအစ္ကိုလိုသတ္မွတ္ထားတဲ့သူက ဝန္ခံလာတယ္ဆိုတာကို ဘယ္သူကခ်က္ခ်င္းႀကီးလက္ခံႏိုင္မွာလဲ?
စိတ္ဒုကၡေရာက္စြာႏွင့္ပင္ ဖုယြမ္က်ဳံးခမ်ာ ေက်ာင္းေရာက္လာေတာ့၏။ အတန္းႏွစ္ခ်ိန္ၿပီးေသာအခါတြင္ေတာ့ ယြမ္ယဲ့ကထင္ထားသည္ထက္ ေနာက္က်စြာပင္ေရာက္လာေတာ့သည္။ သို႔ေသာ္ ယြမ္ယဲ့ကိုျမင္လိုက္သည္ႏွင့္ သူေျပာရန္စီစဥ္ထားသည္မ်ားအား ေမ့သြားကာ ေမးလိုက္မိေလသည္။
"မင္းထပ္ၿပီး ဆံပင္အေရာင္ေျပာင္းလာျပန္တာလား?"
ဖုယြမ္က်ဳံးက ယြမ္ယဲ့ရဲ႕ဆံပင္အနက္မ်ားကို အံ့ၾသစြာၾကည့္လိုက္မိသည္။ သူ႔ဟိုဆံပင္အေရာင္က ေျပာင္းလာတာျဖင့္ ဘယ္ေလာက္မွမၾကာေသးဘူးေလ။ ဘာလို႔အမည္းေရာင္ျပန္ေျပာင္းလာရတာလဲ?
"မင္းေျပာေတာ့ ငါကအမည္းနဲ႔ ၾကည့္လို႔အေကာင္းဆုံးဆို?"
ယြမ္ယဲ့က သူ႔ဆံပင္အရွည္မ်ားကို သပ္တင္လိုက္ၿပီး ဖုယြမ္က်ဳံးအား ၿပဳံးၾကည့္လ်က္ေျပာလာသည္။
"အဲဒီေတာ့ ငါေျပာင္းလိုက္တာေလ။ ဘယ္လိုလဲ?"
"မင္းက တကယ္ႀကီးငါေျပာတာနားေထာင္လာတာပဲ၊ ငါ့ခံစားခ်က္ေတြ ဘယ္မွာမ်ားထားသင့္ပါလိမ့္ေနာ္"
ဖုယြမ္က်ဳံးကေျပာလိုက္သည္။
"ဘာမွသိပ္မကြာပါဘူး။ ငါမင္းကိုျပခ်င္လို႔"
ယြမ္ယဲ့က ရယ္လ်က္
"မင္းႀကိဳက္လား?"
"ေကာင္းပါတယ္"
ဖုယြမ္က်ဳံးက အမူအရာျပန္ျပင္လိုက္သည္။ ယြမ္ယဲ့က သူ႔စကားအတည္ယူမယ္လို႔ ဘယ္သူကထင္မွာလဲ? ဒီတိုင္းပဲ အမည္းနဲ႔ၾကည့္လို႔ေကာင္းေၾကာင္း ေျပာတာေလးပဲကို။
"ဘယ္လိုပဲျဖစ္ျဖစ္ မင္းသေဘာက်တာပဲ"
ယြမ္ယဲ့က ဖုယြမ္က်ဳံး၏လက္အား ဆြဲယူကာ လက္ေခ်ာင္းေလးမ်ားျဖင့္ ပြတ္သပ္လ်က္ သူ႔လက္ဖဝါးနဲ႔အုပ္မိုးပစ္လိုက္သည္။
"ဒါကို မင္းနဲ႔ပဲပုံအပ္လိုက္ေတာ့မယ္"
"?"
ဖုယြမ္က်ဳံး တကယ္နားမလည္လိုက္ပါေခ်။
"ငါမင္းကို လက္ေဆာင္ေပးမယ္လို႔ေျပာထားတယ္ေလ"
ယြမ္ယဲ့က ေလသံအား အားစိုက္ထည့္လ်က္ မ်က္ဝန္းမ်ားကေျဖာင့္တန္းေနကာ
"ငါ့ကိုယ္ငါ မင္းကိုေပးမယ္၊ ယူမလား?"
ဖုယြမ္က်ဳံး၏လက္က ခ်က္ခ်င္းပင္ေအာက္က်သြားေတာ့သည္။
ယြမ္ယဲ့က စကားဆက္ေျပာရန္ျပင္ေနဆဲမွာပဲ ဖုယြမ္က်ဳံးရဲ႕ဖုန္းက ျမည္လာေတာ့၏။ စာဝင္လာေသာေၾကာင့္ ဖုန္းကိုယူၿပီးၾကည့္လိုက္ေသာအခါ သူ႔ကမာၻႀကီးကရပ္တန႔္သြားသလိုပင္။
သူ႔ကိုစာပို႔သည့္သူကေတာ့ ယြီေဖးပင္ျဖစ္ပါေတာ့သည္။
T/N-ညက်မွတင္မလားလို႔
ခုနေလးတင္ voteလာေပးၾကတာေတြ႕လို႔ မနက္သုံးနာရီႀကီး တင္လိုက္ပါတယ္ေနာ္//<*o*>\\