ပန်းနု​ရောင်​အနားသတ်​ချစ်​ခြ...

By trollz22

27.9K 1.3K 31

G x G (OC) -Drama x Romance- About - Love and Hate,Family More

1(ZC)
1(UC)
2(ZC)
2(UC)
3(ZC)
3(UC)
4(ZC)
4(UC)
5(ZC)
5(UC)
6(ZC)
7(ZC)
7(UC)
8(ZC)
8(UC)
9(ZC)
9(UC)
10(ZC)
10(UC)
11(ZC)
11(UC)
12(ZC)
12(UC)
13(ZC)
13(UC)
14(UC)
14(ZC)
15(UC)-End
15(ZC)-End

6(UC)

1.1K 89 2
By trollz22

ပန်းသွေးနှင့်နီးနီးကပ်ကပ်နေရသည့် ၂ပတ်တာကာလအတွင်းမှာ ပန်းသွေးအကြောင်းကိုအရင်ကထက်ပိုပြီးသိရှိခဲ့ရပြီဖြစ်ပြီး ပန်းသွေးနှင့် ထက်ကောင်းကင်ကြားက အပြင်ပန်းမှာအခြေအနေတင်းမာမှုတွေရှိပေမဲ့ နှစ်ယောက်ကြားက စိုးရိမ်မှုကြိုးလေးကတော့ ရှိနေဆဲဖြစ်သည်။

ထို့ပြင် သူမအရင်ကထင်မိတဲ့တစ်ခုတည်းသောအကြောင်းအရာဖြစ်သော လူချမ်းသာများသည် အပြောနှင့်အလုပ်မညီပဲ သူတို့လိုချင်သည်များကိုသာရအောင်နည်းမျိုးစုံနှင့်လုပ်တက်သည်ဟူ၍၊ သို့ပေမဲ့ ပန်းသွေးအားအနီးကပ်စောင့်ကြည့်ခဲ့သည့်နောက်ပိုင်း ထိုအတွေးများမှာ ပန်းသွေးအပေါ်၌အကျိုးသက်ရောက်မှုမရှိခဲ့ပေ၊ ပန်းသွေးခြယ်သည် အပြောနှင့်အလုပ်ညီသူဖြစ်ပြီး ကတိတစ်ခုကိုအသက်နှင့်အမျှတန်ဖိုးထားကြောင်း။

ထိုအတွေးနှင့်အညီ တစ်ပြိုင်နတ် ပန်းသွေးခြယ်ဆိုသည့်မိန်းခလေးအပေါ်မှာစိုးရိပ်စိတ်ကအနည်းငယ်ကပ်ပါလာခဲ့သည်၊ ဒါ့အပြင် သူမဦးစွာပတ်သက်မိပါသော ဦးကျော်ဇေ၏လုပ်ရပ်များကိုတဖြေးဖြေးသဘောပေါက်လာခဲ့သည်၊ လောဘကြီးမနာလိုကာအကျင့်စာရိတ္တမကောင်းသော ဦးကျော်ဇေနှင့်ပန်းသွေးမှာအဘယ်ကြောင့်အမျိုးတော်လဲဆိုတာသူမဝေခွဲမရ၊ တစ်ခါတစ်လေ သူမတွေးမိတာ သူမမိဘတွေအသက်ခံရသည့်ကိစ္စသည် ဦးကျော်ဇေနှင့်ကင်းပါ့မလားဟူ၍။

သူမ၏အလုပ်သည် ပန်းသွေး၏အနားမှာစောင့်ရှောက်ရသည့်အတွက် တစ်ခါတစ်ရံ ပန်းသွေးအလုပ်ခရီးထွက်ဖြစ်ခဲ့လျှင်လိုက်ပေးရသည်၊ ယခုတစ်ခေါက်၌လဲ ရှမ်းပြည်က သူမတို့အပိုင်ဟိုတယ်အသစ်ဆောက်လုပ်ရေး၌ပြဿနာဖြစ်သည်ဟုဆိုသောကြောင့် ပန်းသွေးကိုယ်တိုင် ထိုနေရာသို့သွားရောက်ရန်အကြောင်းဖန်လာသောကြောင့် သူမသည်လဲ သူမမွေးရပ်မြေသို့တစ်ခေါက်ပြန်သွားရမည့်အကြောင်းဖန်လာခဲ့သည်။

"တစ်လမ်း လုံးကားမောင်းရတာအဆင်ပြေရဲ့လား ခဏနားမလား ဒါမှမဟုတ် ပန်းသွေးတစ်လှည့်မောင်းပေးရမလား"
"ရပါတယ် ကျွန်မအဆင်ပြေပါတယ် ကားစီးရတာပင်ပန်းရင် ရှေ့မှာနားဖို့ဂိတ်တွေ့ရင်ဝင်လိုက်မယ်လေအဆင်ပြေတယ်မဟုတ်လား"
"ဟုတ်ကဲ့ ရပါတယ်"

ဒီတစ်ခေါက်ခရီး၌ မြတ်သူပါမလာပဲ သူမနှင့်နေဝန်းသာအတူလာဖြစ်ခဲ့သည်၊ ကားဆရာကိုရန်နောင်မှာ သွားရမည့်အချိန်နီးမှခြေထောကိထိခိုက်သွားသောကြောင့်မလိုက်ပါနိုင်ခဲ့ချေ၊ မြတ်သူ၏မိသားစုနာရေးကြောင့် မြတ်သူသည်လဲမလိုက်နိုင်၍သူမကိုတောင်းပန်သေးသည်၊ နာရေးဖြစ်နေသည့်အတွက်လဲ အလုပ်ကိစ္စကိုသူမဘာသာလျှင်သွားရန်ဆုံးဖြတ်လိုက်သောကြောင့်အခုလိုနှစ်ယောက်ထဲဖြစ်ခဲ့သည်၊ တော်သေးသည်က ယဉ်မောင်းလိုင်စင်ရတာမကြာသေးသောနေဝန်းရှိနေခြင်းပင်။

"အခုမန္တလေးကိုလဲကျော်လာပြီဆိုတော့ နောက်ဆက်သွားရမဲ့လမ်းကို ပန်းသွေးပဲမောင်းလိုက်ပါ့မယ် ရန်ကုန်ကနေ တောက်လျောက် ရှင်ပဲမောင်းလာတာဆိုတော့"
"ရပါတယ် ကျွန်မအဆင်ပြေပါတယ် ကိစ္စမရှိပါဘူး"
"ရှင်ကကိစ္စမရှိဘူအဆင်ပြေတယ်ဆိုပေမဲ့ ပန်းသွေးအနေနဲ့ကျတော့အဆင်မပြေဘူးလေ မိန်းခလေးချင်းဆိုတော့ကိုယ်ချင်းလဲစာတယ် ရှင်လဲပင်ပန်းနေမှာပဲလေ"

လေယာဉ်နဲ့သွားဖို့အတွက်ကျ နေဝန်းအနေနဲ့အဆင်မပြေဖြစ်မည်ဆိုး၍မသွားဖြစ်တော့ကားနဲ့သာလာဖြစ်ခဲ့သည်၊ မန္တလေးမှာခဏနားပြီးနောက် ခရီးဆက်ဖြစ်ခဲ့သည်၊ ပန်းသွေးမောင်းသောကားကိုမစီးခဲ့ဖူးသည့်သူမသည် ယခု အာရုံစိုက်ကာကားမောင်းနေသည့်ပန်းသွေးကြောင့် သူမပြုံးလိုက်မိလေသလား။

ဒီရက်ပိုင်း ဦးကျော်ဇေထံသို့တစ်ချို့အကြောင်းအရင်းများထိန်ချန်ကာ ပန်းသွေးတို့မောင်နှမနှစ်ယောက်၏သတင်းများကိုမပို့ခဲ့ပါ၊ သူမသတင်းမပေးရင်တောင် ဦးကျော်ဇေကသူ့နည်းသူ့ဟန်ဖြင့်စုံစမ်းမှာကိုသူမသိသည်၊ သို့အတွက် သူမတို့နှစ်ယောက်ထဲဖြစ်နေသည့်ဤခရီးကိုသူမအနေဖြင့်စိုးရိမ်စိတ်အနည်ငယ်ဖြင့်သာ၊ ခရီးသွားခါနီးမှ ကိုရန်နောင် ထိခိုက်မိတာရိုးမှရိုးရဲ့လားဟူ၍လဲတွေးမိသည်။

သူမတို့တည်းရမည့်ဟိုတယ်ရောက်တော့အချိန်က မနတ် ၁ နာရီနီးပါအချိန်ဖြစ်နေပြီဖြစ်သည်၊ ထိုအတွက်ကြောင့် ကြိုတင် booking လုပ်ထားသည့်အခန်းမှာ ခရီးပန်းလာမှုကိုအတိုးချအိပ်ပစ်ရတော့သည်၊ ပန်းသွေးအနေနဲ့ကားလဲမောင်းလာရသူဖြစ်ပြီး မနတ်လဲ အလုပ်ကိစ္စများရှိနေသောကြောင့်တန်းပြီးအိပ်ပျော်ခဲ့ပေမဲ့ နေဝန်းဘက်မှာတော့ နေဝန်းအတွေးထဲ သူမဘေးကကားထိုင်စီးလာသည့်လမ်းတစ်လျောက် မျက်မှန်အောက်ကနေခိုးကြည့်ခဲ့ရတဲ့အချိန်များကိုပြန်တွေးကြည့်နေမိခဲ့သည်။

× × ×

မနတ် ၁ နာရီလောက်မှ ခရီးပန်းတဲ့နွမ်းနယ်မှုကိုအနားပေးခဲ့ရပေမဲ့ အလုပ်ကိစ္စရှိနေသည်မို့ မနတ် ၈နာရီပြန်ထရသေးသည်၊ ရေချိုးပြီးချိန်မှာတော့ ပင်ပန်းနွမ်းနယ်မှုများပျောက်ကုန်သည့်အလား၊ နှောက်ကျိနေသောခေါင်းကိုလဲတစ်ခါထဲခေါင်းလျော်ဖြစ်ခဲ့သည်။

~ဒေါက်...ဒေါက်~

"လာပြီ..."

ခေါင်းကို dryer မှုတ်နေတုန်း တံခါးခေါက်သံကြောင့်တံခါးသွားဖွင့်ပေးလိုက်တော့ နေဝန်း။

နေဝန်းအနေနဲ့မနတ်စောစော ပန်းသွေးနှင့်အတူမနတ်စာစားပြီး အလုပ်ကိစ္စများဆက်ရန်လုပ်ထားသဖြင့် ပန်းသွေးပြောထားသည့်အချိန်အတိုင်းသူ့အခန်းကိုသွားရောက်တော့ တံခါးလာဖွင့်ပေးသည့်ပန်းသွေးမှာ ဆံပင်ရေစိုမျက်နှာပြောင်လေးနှင့် bathrobe အဖြူရောင်လေးနှင့်။

ပန်းသွေးကိုထိုကဲ့သို့မြင်လိုက်ရသောအခါ နေဝန်းအနေဖြင့်မျက်နှာများပူလာပြီး ပန်းသွေးနှင့်မျက်လုံးချင်းမဆိုင်နိုင်ခဲ့၊ ဒါမှမဟုတ် သူမအနေဖြင့် ရှက်သွားခြင်းလား။

"အာ..sor...sorry ပန်းသွေးပြင်ဆင်ပြီးပြီထင်လို့"

တစ်ဖတ်လှည့်ကာစကား ထစ်အထစ်အ ဖြင့်ပြောနေသည့်နေဝန်းကို ပန်းသွေးမှာသိပ်တော့နားမလည်၊ သူမတွေးမိတာ နေဝန်းအနေနဲ့ ကိယ့်အလုပ်ရှင်ကိုအခုလိုတွေ့လိုက်ရလို့အားနာသွားသည်ဟုထင်မိသဖြင့် သူမမယ်ပြန်အားနာနေရပြန်သည်။

"ခဏလေးစောင့်ပေးနော် ပန်းသွေးခေါင်းမခြောက်သေးလို့ ဒါပြီးရင်ပြီးပါပြီ"

ပန်းသွေးအခန်းထဲဝင်သွားမှ နေဝန်းလဲ ဒီဘက်ပြန်လှည့်လာနိုင်ဘူး သက်ပြင်းခတ်ဖွဖွချလိုက်နိုင်သည်။

"ဟို...ကျွန်မအပြင်မှာပဲစောင့်နေတော့မယ်နော်"

ထိုစကားပြောပြီး ပန်းသွေး၏အခန်းတံခါးကိုပြန်စေ့ပေးလိုက်ပြီးအခန်းအပြင်ထောင့်လေးမှာသာ ပန်းသွေးကိုဆက်စောင့်နေလိုက်သည်။

ပန်းသွေးပြင်ဆင်ပြီးချိန်မှ မနတ်စာအတူတူစားပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်ကာ ပျက်စီးသွားသည့်အခြေအနေနှင့် ထိခိုက်မှာစာရင်းများကို မြတ်သူပြောသည့်အတိုင်းပြန်လည်ကြားသိရပြီး ထိုအဖြစ်အပျက်အတွင်းထိခိုက်သွားရသည့်အလုပ်သမားများကိုလဲ တက်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ပေးခဲ့သည့်အပြင် လက်ရှိဟိုတယ်ကိုလဲ လိုအပ်တာတွေဖြည့်ပြီး တစ်ချို့တာဝန်ကျေသည့်ဝန်ထမ်းတစ်ချို့ကိုလဲ အပိုဆုကြေးများပေးရန်မန်နေဂျာကိုညွှန်ကြားခဲ့လေသည်။

အလုပ်ကိစ္စများတစ်ခုပြီးမည်ကြံတိုင်း စာရင်းဇယားကွာဟမှုတစ်ချို့ကြောင့် ထမင်းစားဖို့မေ့နေသောပန်းသွေးကိုနေဝန်းမှာသက်ပြင်းတစ်ချချနှင့်၊ ပန်းသွေးပင်ပန်းတာမကြည့်ရပ်သည့်အဆုံး စာရင်းတွေစစ်နေသည့်ပန်းသွေးကိုထမင်းစားစေရန်အလို့ငှါ ပန်းသွေးအတွက်အဆင်ပြေစေမည့်အစားအစာများပြင်ဆင်ကာ ပန်းသွေးအတွက်ယူလာပေးခဲ့သည်။

"ပန်းသွေး...ခဏနားလိုက်အုန်းလေ နေ့လည်စာစားချိန်တောင်တော်တော်ကျော်နေပြီ အစာအိမ်တွေဖြစ်နေအုန်းမယ် ဒီမှာပန်းသွေးအတွက် မြတ်သူကိုဖုန်းဆက်ပြီးပန်းသွေးကြိုက်တက်တာတွေစီစဉ်ထားတာ"
"ဟုတ်သားပဲ အချိန်တောင်တော်တော်လင့်နေပြီ ပန်းသွေးကအဲ့လိုပဲ အလုပ်ထဲအာရုံအရမ်းရောက်သွားရင်ထမင်းမေ့ဟင်းမေ့မို့ ကျေးဇူးတင်ပါတယ်နော်"

ဝန်ထမ်းလေးလာပို့ပေးသည့် ဟင်းပန်းကန်ထဲမှဟင်းအမယ်များသည် ရှမ်းပြည်၏အငွေ့အသက်များရနေသလို ရှမ်းအစားအစာများပင်၊ ပန်းသွေးရှမ်းတိုင်းရင်းသားမဟုတ်ပေမဲ့ ရှမ်းအစားအစာတော်ကြိုက်သည်၊ သူမအကြိုက်များကိုအခုလိုပြင်ဆင်ပေးသည့်နေဝန်းကိုလဲကျေးဇူးတင်ရသေးသည်။

"အာ့...မေ့နေတာ မနေဝန်းလဲဒီရောက်တုန်းရောက်ခိုက်သွားစရာရှိရင်သွားလို့ရတယ်နော် မြတ်သူပြောလို့ မနေဝန်းကဒီနယ်သားဆိုတာ ပန်းသွေးသိထားတာလေ"
"ရပါတယ် ကျွန်မတာဝန်က ပန်းသွေးအနားမှာနေပေးဖို့လေ နောက်ပြီးဒီကိုလာတာလဲအလည်သက်သက်မှမဟုတ်တာ အလုပ်ကိစ္စကြောင့်ပဲဟာ"
"ပန်းသွေးကိုအားနာစရာမလိုပါဘူး သွားစရာရှိရင်သွားလို့ရတယ်ဆိုတာပြောချင်တာပါ"

ဒီမှာအလုပ်ကိစ္စနှင့် နှစ်ရက်လောက်နေပြီးနောက်မှာတော့ သူမတို့မပြန်ခင် မြို့မဈေးထဲသွားကာ ပန်းသွေးကဝယ်စရာလေးရှိသည်ဟုဆိုသောကြောင့် မပြန်ခင်တစ်ရက်သွားလိုက်သေးသည်၊ သို့ပေမဲ့ အရင်ရက်များက ဟိုတယ်မှာပဲနေပြီးအလုပ်လုပ်နေသည့်အတွက်မရိပ်မိပေမဲ့ သူမတို့ကားဟိုတယ်ကနေဈေးကိုရောက်သည်အထိနောက်ကနေကားတစ်စီးကမျက်ခြေမပျက်လိုက်လာတာကိုတော့ နေဝန်းသတိထားမိသည်။

ထိုအတွက်လဲ ဈေးထဲသွားကာစိတ်ကြိုက်ကြည့်နေသောပန်းသွေးကတစ်ဖတ် စိုရိမ်စိတ်ကတစ်ဖတ်၊ ဈေးဝယ်ပြီးသည့်နောက်တော့ သူမလက်ထဲစားစရာအစုံအလင်ဖြင့်၊ ညတွင်းရန်ကုန်ပြန်ရန်ပြင်ဆင်ထားသောကြောင့် ပန်းသွေးအကူအညီပေးလိုက်ပါသော ထိခိုက်သည့်ဝန်ထမ်းမိသားစုများမှပေးလိုက်သောလက်ဆောင်ပစ္စည်းများမှာလဲအတော်အသင့်။

သူမတို့ကားလေးအဝေးပြေးလမ်းမပေါ်ရောက်တော့အချိန်က ၈နာရီသာသာ၊ အဝေးပြေးလမ်းမပေါ်ရောက်ထဲက နေဝန်းစိတ်ထဲမသက်သာလှ ထို့ကြောင့်ပန်းသွေးကိုကားမမောင်းစေပဲ သူမသာ ပတ်ဝန်းကျင်အခြေအနေကိုကြည့်ကာကားမောင်းလာခဲ့သည်၊ ကားရပ်နားခန်းတစ်ခုရောက်တိုင်းဝင်နားဖြစ်ပေမဲ့ သူမကိုယ်တိုင်တော့ကားနားကမခွာနိုင် အကယ်၍ခွာခဲ့ရလျှင်လဲ ပြန်လာတိုင်းကားကိုပြန်ပြန်စစ်ရသည်၊ ဒါကိုပန်းသွေးသိလျှင်အကဲပိုလိုက်တာဟုသူမကိုပြောမည်လား။

သူမ၏သူငယ်ချင်းဖြစ်သူ သွယ်လေးစံကိုဖုန်းဆက်ပြီး အကူအညီတစ်ချို့ကိုတောင်းထားပေမဲ့ တာဝန်နှင့်မန္တလေးရောက်နေသည်ဟုဆိုသောကြောင့် မန္တလေးအဝင်၌သူစောင့်နေမည်ဆိုသောကြောင့် မန္တလေးမရောက်မချင်းသတိကပ်ကာကားမောင်းလာရသည်။

"အာ..ဟိုနောက်ကကားက ကျော်ချင်တာလား ကျော်မယ်ဆိုပေးကျော်လိုက်ပါလား ပန်းသွေးတို့ကားနောက်ကိုကပ်လိုက်လာတာတော်တော်ကြာပြီလားလို့"

ပန်းသွေးစိုးရိမ်နေမှာဆိုး၍ ထုပ်မပြောခဲ့ပေမဲ့ ပန်းသွေးကအရင်ဦးစွာသိသွားသောကြောင့် ကျော်ရန်အချက်ပြမီးကိုပြပြီးကျော်ခိုင်းလိုက်တော့ ထိုကားကသူမတို့ကားဘေးကဖျတ်သွားခဲ့သည်၊ ထိုဖျတ်သွားခဲ့တဲ့ကားကိုကြည့်ပေမဲ့ ကားမှန်ကအထဲကိုသဲသဲကွဲကွဲမမြင်ရတော့ဘယ်သူဘယ်ဝါမှန်းမသိ။

"ဟို မန္တလေးရောက်ရင် အသိတစ်ယောက်နဲ့တွေ့စရာလေးရှိသေးလို့ ပန်းသွေးအချိန်ရတယ်မဟုတ်လား"
"ရပါတယ် မဟုတ်လဲ အဲ့ဘက်ကပဲသွားမှာမဟုတ်လား"

သူမစိတ်ထဲ မန္တလေးမြန်မြန်ရောက်ပါစေသာဆုတောင်းနေမိသည်၊ မန္တလေးမရောက်ခင် မိုင်တိုင်အနည်းငယ်အလိုလောက်အရောက်မှခဏနားပြီး ခရီးဆက်ဖို့လုပ်သည်၊ သူမတို့နားသည့်နေရာ၌ ခုနကသူမတို့ကိုကျော်သွားသည့်ကားကိုလဲတွေ့သေးသည်၊ ထို့ပြင် သူမကိုမြင်ဟန်မရှိပေမဲ့ မျက်နှာစိမ်းယောကျ်ားလေးသုံးယောက်စကားပြောနေသည်ကိုလဲ ရေရေရာရာမကြားရပေမဲ့ ဆိုင်မှာထိုင်ကာမုန့်စားနေသည့်ပန်းသွေးကိုကြည့်တစ်လှည့် ကားဘက်ကိုကြည့်တစ်လှည့်စကာပြောနေကျသည်၊ ထိုလူသုံးယောက်ထွက်သွားတော့မှ ထိုလူသုံးယောက်စကားပြောခဲ့သည့်နေရာကိုလာပြီး သူတို့ဘာတွေပြောသွားသည်လဲသိရန်အလို့ငှါဘေးကထိုင်နေသည့်ခလေးကိုမေးကြည့်တော့လဲ ရေရေရာရာသေချာမသိပေမဲ့ ကားနားကိုကပ်လို့မရသည့်အကြောင်းပြောသည်လို့တော့ကြားသည်ဟူသောစကားကြောင့် ကားနားမှာသူမမရှိလျှင်တောင် ပိုက်ဆံပေးကာကားစောင့်ခိုင်းခဲ့သောကြောင့်သူတို့ကားနားကပ်မရတာကိုခန့်မှန်းမိသည်။

ကားရပ်နားဂိတ်ကထွက်လာပြီးနောက် သူမတို့နှင့်မလှမ်းမကမ်းကနေထပ်မံလိုက်လာခဲ့လေသည်၊ သို့ပေမဲ့ဒီတစ်ခေါက်တော့ သူမတို့ကားနားကို မြန်တလှည့်နည်းတလှည့်ကပ်လိုက်လာတာတစ်မျိုး ဘေးဘက်ကနေ သူမတို့ကားဘက်ကိုကပ်လိုက်တာတစ်ဖုံဖြင့်၊ အဝေးပြေးလမ်းဖြစ်သည့်အတွက် ကျော်လျှင်လဲ အရှေ့ကနေကွယ်ထားသဖြင့် သေချာမမောင်းနိုင်၊ သူမနည်းတူ ပန်းသွေးလဲတစ်စတစ်စရိပ်မိလာသလို သူမကိုကားကိုအေးအေးဆေးဆေးမောင်းရန်ပြောသော်လဲ ပန်းသွေးကြောက်နေသည်ကိုအတိုင်းသားမြင်နေရပြီး နဖူးမှာချွေးအနည်းငယ်စို့လာသောပန်းသွေးသည် သူမလက်မောင်းကိုလက်တစ်ဖတ်နှင့်ကိုင်ထားတာတောင် တုန်ရီနေမှုကို သူမလက်မောင်းကတဆင့်ခံစားမိနေသည်။

"ခဏလေးသည်းခံပေးပါနော် ရှေ့နားလောက်ဆို နေဝန်းသူငယ်ချင်းစောင့်နေတာမို့ အရမ်းမကြောက်နဲ့နော်"

သန်းခေါင်ယံအချိန်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်ကာကားဖျတ်သန်းသွားသည့်အသံများသာ၊ ၁၅ မိနစ်လောက်မောင်းပြီးသည့်နောက်တော့ မန္တလေးအဝင်တိုးဂိတ်ရောက်မှ စိတ်ချနိုင်လေသည်။

တိုးဂိတ်မှာစောင့်နေသောသွယ်လေးတို့ကရှေ့ကဦးဆောင်သွားပြီး သူမတို့ကားကနောက်ကလိုက်ခဲ့သည်၊ သွယ်လေးတို့ကားရပ်သွားသည့်နေရာရောက်တော့ သာမာန်အပြင်အဆင်လေးနှင့် နားလို့ရသည့်နေရာတစ်ခု၊ လူဆိုတာအားကိုးရာတစ်ခုရှိရင် ကျန်တာဘာဖြစ်ဖြစ်မေ့သွားတာမျိုး ထိုအတွက်ကြောင့် နေဝန်းသည်လဲ သွယ်လေးရှိသည်ဟုသောစိတ်ချယုံကြည်မှုတစ်ခုကြောင့် ကားကိုဂရုမစိုက်မိခဲ့ချေ။

"ပန်းသွေး...ဒါ ကျွန်မသူငယ်ချင်းလေ သွယ်လေးစံတဲ့ ဒုရဲအုပ်"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် မပန်းသွေးခြယ်ကိုတော့ နေဝန်းကဒီကိုအလာထဲက ပြောပြချက်အရသိထားပါတယ်"

နေဝန်းကိုဘာအတွက်ကြောင့်အခုလိုသူမကို သွယ်လေးစံနှင့်မိတ်ဆက်ပေးရသည်ဟူသောအကြောင်းကိုမေးမည်ကြံပေမဲ့ နေဝန်းဘက်က သူမကိုစိတ်ပူလို့ဟုဆိုသာကြောင့် ဘာမှဆက်မမေးဖြစ်ခဲ့ချေ၊ သူမကိုယ်တိုင်လဲအခုလိုအခြေအနေကြာင့်သာ ခုနကစိုးရိမ်မှုများအတော်အသင့်ဖြေလျော့သွားသည်မဟုတ်လား။

ပန်းသွေးတို့ပြန်ရန်စီစဉ်ပြီးနောက်မှာတော့ ကားကိုပြန်စစ်ရသေးသည်၊ သူမတို့စကားပြောနေတုန်းကားကိုဂရုစိုက်ဖို့မေ့သွားသောနေဝန်း၏လိုအပ်ချက်လို့ပြောရမည်၊ ဖြေးဖြေးချင်းစမောင်းခဲ့တုန်းကသတိမထားမိပေမဲ့ လီဗာအရှိန်တင်လိုက်တိုင်းဘရိတ်ကလွတ်ချင်နေသဖြင့် နေဝန်းအောက်နှုတ်ခမ်းကိုဖိကိုက်ထာမိသည်၊ ထို့ကြောင့် လက်တစ်ဖတ်နှင့်ဘရိတ်ကိုဆွဲပြီး ခြေထောက်ကလဲ ဖြေဖြေးချင်တိုးတိုးကာ ဘရိတ်ဖိနင်းရင်းပြီးနောက် ရပ်လို့အဆင်ပြေမည့်နေရာ၌ ထိုးရပ်လိုက်ရသည်။

ထို့နောက်ကားပေါ်ကဆင်းပြီးစစ်ကြည့်တာ့ ဘရိတ်ဆီပေါက်နေခဲ့ပြီး ကြိုးကပျက်ချင်နေဟန်၊ ဒီအခြေအနေဖြင့်ထိုကားဖြင့်ဘယ်လိုမှခရီးမဆက်နိုင်တာ့တာကြောင့် သွယ်လေးစီစဉ်ပေးသည့်သူမတို့ကိုစောင့်ရှောက်ရန်ထည့်ပေးလိုက်သည့်ကားဖြင့်သာရန်ကုန်ပြန်ဆင်းလာခဲ့ရသည်၊ ပန်းသွေး၏ကားကဲ့သို့ဇိမ်ခံကားမဟုတ်သည့်အတွက် ပန်းသွေးနှင့်အဆင်မပြေမှာကိုလဲနေဝန်းမှာစိုးရိမ်ရသေးသည်။

တစ်လမ်းလုံး ကားနောက်ခန်းမှာ နေဝန်း၏ ညာဘက်လက်ဖဝါးကိုဆုတ်ကိုင်လာပြီး အားကိုးတစ်ကြီးဖြစ်နေပါသော ပန်းသွေးကိုလဲ သူမမယ် အားနာမိပြီးအမှန်တကယ်ကိုစိုးရိမ်ရသည်။

"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် အစစအရာရာအတွက်"
"ရပါတယ် ဒါကျွန်မရဲ့တာဝန်ပဲလေ"

အခုလိုပန်းသွေးနှင့်နီးနီးကပ်ကပ်နေရသည့်အချိန် ပန်းသွေးဘက်ကသူမကိုအားကိုးတစ်ကြီးဖြစ်နေတဲ့အချိန်၌ နေဝန်းစိတ်ထဲ ကျေနပ်နေသလိုလို ပျော်နေသလိုလို ထိုသို့ဖြစ်ရန်မသင့်တော်ပေမဲ့ ဒါဟာသူမစိတ်ထဲတကယ်ဖြစ်နေသည့်အခိုက်အတန့်ပင်။

ရန်ကုန်ပြန်ရောက်ရင်တော့အရာရာကအရင်လိုပြန်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုချိန်လေးကိုတော့အမှတ်ရနေစေချင်သည်၊ အထူးသဖြင့် ပန်းသွေးဘက်ကသူမလက်ကိုဆုတ်ကိုင်ထားသည့်အချိန်လေးကိုပေါ့။

× × ×

#TBC

#trollZ

Continue Reading

You'll Also Like

2.6M 93.9K 30
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
272K 491 37
Just short stories I come up with.