သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၂၃)

1.3K 309 26
By Ling____

ကျဉ်းမြောင်းကြပ်တည်းလှသော ဓားပြလိုဏ်ဂူအတွင်း၌ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုထွန်းလင်းလို့လာသည်။ အမှောင်ထုထဲမှ လူတစ်ယောက်ထွက်လာ၏။ သူ့လက်ထဲတွင် လင်းလက်တောက်ပနေသော အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်ကိုကိုင်ဆောင်ထားသည်။

ထိုလူက ပိန်သွယ်သောကိုယ်လုံးကိုယ်ပေါက်မျိုးရှိသည်။ သူ၏လည်ဇလုပ်ရှိမည့်နေရာတွင်သာ အနည်းငယ်ဖုဖောင်းလို့နေပြီး ယောကျ်ားမကျ မိန်းမမကျသော လုလင်ပျိုလေးတစ်ယောက်၏အငွေ့အသက်မျိုးကိုပေးစွမ်းနေသည်။ သူ၏ရှည်လျားသောဆံကေသာများကို တစ်ခေါင်းလုံးအပြည့် သေးမျှင်ပါးလျသော ကျစ်ဆံမြီးအချောင်းလေးများအဖြစ်ခွဲကျစ်ထားကာ ဦးခေါင်းနောက်ဘက်တွင် မြင်းမြီးသဖွယ်စုစည်းချည်နှောင်လို့ထားသည်။ အတော်လေးကိုနှစ်လိုဖွယ်ရှိပြီးဆွဲဆောင်အားကောင်းလှပေသည်။ သူ့မျက်နှာဘယ်ဘက်ခြမ်းတွင်မူ သစ်သားဖြင့်ထွင်းဆစ်ပြုလုပ်ထားသော တစ္ဆေမျက်နှာပုံ မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထား၏။ မျက်နှာဖုံးပေါ်ရှိမျက်နှာက ပြုံးယောင်သန်းနေသလို လူကိုယ်တိုင်ကလည်း ပြုံးယောင်သန်းနေလျက်ရှိသည်။ အရည်ရွှမ်းသောစပျစ်သီးတစ်လုံးနှင့်ဆင်တူသည့် သူ၏ညာဘက်မျက်လုံးသည်ကား ကြီးလည်းကြီးသလို အရောင်တောက်ပနေလျက်ရှိကာ အဖြူနှင့်အနက်ရောစပ်ထားသောဆန့်ကျင်ဘက်အရောင်နှစ်မျိုးတို့ဖြင့် လူတကာကိုညှို့ယူဖမ်းစားလို့နေ၏။

သူ့မျက်ခုံးနှစ်ခုကြားတွင်ရှိနေသည့် အခေါင်းပေါက်ကြီးတစ်ပေါက်ကြောင့်သာမဟုတ်ပါက အနှီပုဂ္ဂိုလ်အား တီဗီထဲတွင်ပါလေ့ပါထရှိသော တိုင်းတပါးသား လူနည်းစုမျိုးနွယ်ဝင်အိုင်ဒေါလ်တစ်ယောက်ဟုပင် အလွယ်တကူထင်မှတ်သွားစေနိုင်လောက်ပေသည်။

ရွှမ်းကျီးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုခေါင်းစခြေဆုံးအကဲခတ်လိုက်ပြီးနောက် ရှန့်လင်ယွမ်းကိုလှမ်းကြည့်လိုက်၏__အခုအသစ်ရောက်လာသူက ဘယ်သူလဲဆိုတာကို သူမသိ။ ‘အားလော့ကျင်း’ ဟူသည့်အမည်ကိုလည်း အရင်တုန်းက သူမကြားဖူးခဲ့ပါချေ။ သို့သော် မုတ်ဆိတ်နှင့်လူ၏ပြောစကားအရဆိုလျှင် ခေါင်းတလားထဲတွင်ရှိသည့်အလောင်း၏မျက်ခုံးနှစ်ခုကြားတွင် သံမှိုရိုက်သွင်းထားသည်ဟုပြောခဲ့ဖူးပြီး ထိုလူ၏မျက်ခုံးနှစ်ဖက်ကြားတွင်လည်း ကွက်တိကိုပင် အခေါင်းပေါက်တစ်ခုရှိလို့နေသည်။ ဖြစ်နိုင်တာက ရေအိုင်ငယ်လေးထဲတွင်ရှိနေသည့် ခေါင်းတလားသည်ကား ထိုပုဂ္ဂိုလ်၏အိပ်ဆောင်တစ်ခုဖြစ်နိုင်ပေသည်။

အခုတလော ဘာတွေဖြစ်နေတာလဲ? အလောင်းတွေကို ပြန်အသက်သွင်းတဲ့အလုပ်အကိုင်မျိုးက ရေပန်းစားနေတာလား?

သူတို့မှာ နတ်ဆရာဂူသင်္ချိုင်းထဲတွင်ရောက်ရှိနေကြတာဖြစ်ပြီး အပြင်ဘက်တွင်မူ ရုပ်အလောင်း လေးသောင်းကျော်မျှရှိနေသည့် ခန်းမကျယ်ကြီးတစ်ခုရှိလို့နေသည်။ သို့သော် ဤလူငယ်လေးကတော့ သူ့အတွက် သီးသန့် ‘တစ်ယောက်ခန်း’ တစ်ခန်းကိုပိုင်ဆိုင်ထား၏။ သေချာပေါက်ကို ၎င်းသည်ကား ဆိုးသွမ်းယုတ်မာသောမကောင်းဆိုးဝါးများ၏အုပ်ချုပ်သူအရှင်သခင်တစ်ပါးဖြစ်ပေလိမ့်မည်။

ရှန့်လင်ယွမ်းက ခုနလေးတင် ထိုအကြောင်းကိုပြောခဲ့သေးသည်။ နတ်ဆရာတွေရဲ့ခေါင်းဆောင်အကြီးအကဲကို သူတို့ဘယ်လိုခေါ်လိုက်တာပါလိမ့်?

ရွှမ်းကျီးက မေးလိုက်သည်။

“မင်းက နတ်ဆရာမျိုးနွယ်စုရဲ့အကြီးအကဲတစ်ယောက်လား….ဒါမှမဟုတ် ပညာရှိပုရောဟိတ်တစ်ပါးလား?”

အနှီမျက်နှာဖုံးနှင့်လူသည်ကား ရှေးခေတ်လူသားတစ်ယောက်ဖြစ်သည့်အပြင် တိုင်းတစ်ပါးသားမျိုးနွယ်ဝင်တစ်ယောက်လည်းဖြစ်နေပြန်သည်။ ထိုသူသည်ကား သူတို့ခေတ်အခါက အများသုံးဘာသာစကားကိုပင် ခက်ခက်ခဲခဲပြောဆိုနေရသူဖြစ်လေရာ ရွှမ်းကျီး၏ယနေ့ခေတ်စကားများကိုမူ ဆိုဖွယ်ရာမရှိပါချေ။ သူက သေချာပေါက်ကိုနားမလည်သည့်ဟန်ဖြင့် သူ့ဦးခေါင်းကိုတစ်ဖက်သို့စောင်းငဲ့လိုက်ကာ မျက်လုံးအစုံကိုပြူးကျယ်ဝိုင်းစက်အောင်ဖွင့်လိုက်ရင်းက သူ့မျက်နှာထက်တွင် စိတ်အားထက်သန်မှုအပြည့်နှင့်စူးစမ်းလိုသောအမူအရာတို့ကို အတိုင်းသားလှစ်ဟပြသလာသည်။ အဆိုပါအပြုအမူသည်ကား အတော်လေးကိုကလေးဆန်သောအပြုအမူမျိုးဖြစ်ပြီး သူငယ်တန်းအဆင့် ကျောင်းကပွဲများတွင်အများဆုံးတွေ့မြင်ရလေ့ရှိသော အမူအရာမျိုးဖြစ်၏။ အကယ်၍ အသက် ၁၂ နှစ်အရွယ်ကိုကျော်လွန်သွားသူတစ်ယောက်က ထိုကဲ့သို့မူကြိုအရွယ်အပြုအမူများကိုပြုလုပ်လာမည်ဆိုပါက ၎င်းသည်ကား ရူးလျှင်ရူး၊ မရူးလျှင်တောင် စိတ်ဝေဒနာရှင်တစ်ယောက်နှင့် ဧကန်မုချတူနေမည်ဖြစ်သည်။

သို့သော် ဘာရယ်ကြောင့်မှန်းမသိ အနှီထူးဆန်းသောမျက်နှာဖုံးလူသားတစ်ယောက်၏ကိုယ်ပေါ်တွင်မူ ထိုအပြုအမူတို့မှာ စကားလုံးများဖြင့်ဖော်ညွှန်းဆိုလို့မရနိုင်အောင် သက်တောင့်သက်သာရှိနေသယောင်။

တစ်စုံတစ်ရာက သူ၏ဖြူစင်ရိုးသားသောဟန်ပန်အမူအရာတို့ကို အတင်းအကြပ်လုပ်ယူဆွဲဆောင်ထားသည့်နှယ်။

“အကြီးအကဲ”

ရှန့်လင်ယွမ်းက သူ့အစားဖြေပေးလာသည်။

“နတ်ဆရာမျိုးနွယ်စုရဲ့ နောက်ဆုံးတကာ့နောက်ဆုံး အကြီးအကဲခေါင်းဆောင် အားလော့ကျင်းပဲ”

အားလော့ကျင်းက သူ့နာမည်ကိုသူမှတ်မိသွားသည့်နှယ်၊ သူ့မျက်နှာပေါ်တွင် အပြုံးပန်းတစ်ပွင့်ကိုပန်ဆင်လိုက်ပြီး ရွှင်မြူးတက်ကြွစွာဖြင့် ချစ်စရာကောင်းသောသွားစွယ်လေးများကိုထုတ်ဖော်ပြသလာ၏။

ရွှမ်းကျီးက မျက်လုံးထောင့်စွန်းမှနေ၍ ဘေးနားတွင်ရှိနေသော မိစ္ဆာသခင်ကြီးကို ဖျတ်ခနဲတစ်ချက်လှမ်းကြည့်လိုက်ပြီးသည်။

“ခင်ဗျား သူ့ကိုသိလို့လား? သူက လူသေလား လူရှင်လား?”

“မင်းပြောကြည့်လေ”

ရှန့်လင်ယွမ်းက သူ့ကိုကြည့်လိုက်သည်။ ရွှမ်းကျီးမှာ သူ့အတောင်များကို အပြည့်အဝဖြန့်ကားထားလို့မရနိုင်ဘဲဖြစ်နေသည့်အတွက် ယခုအချိန်မှာတော့ အနှီအတောင်ပံများကို သူ့နောက်ကျောဘက်တွင်သာ သနားစရာကောင်းစွာထိုးသိပ်ခေါက်သိမ်းထားရရှာသည်။ ထိုအတောင်ပံများအပေါ်သို့ကျရောက်သွားသော ရှန့်လင်ယွမ်း၏အကြည့်များကအေးစက်တောင့်တင်းလို့နေကာ ထိုအရာများကို နောက်တစ်ကြိမ်ထပ်မကြည့်လိုသည့်နှယ်။

“သူက ပူဆွေးယဇ်ပူဇော်ပွဲကနေ ဆင့်ခေါ်ခံထားရတဲ့သူပဲ။ သူက ဘာဖြစ်မလဲဆိုတာ မင်းပြောကြည့်လေ”

ရွှမ်းကျီးမှာ ချွေးသီးချွေးပေါက်များဖြင့်စိုရွှဲသွားပြီး သူ့မျက်လုံးထဲမှတဆင့် {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်ကို ခိုးကြောင်ခိုးဝှက်ဖွင့်ဖတ်လိုက်သည်။ စာအုပ်က သည်တစ်ကြိမ်မှာတော့ သူ့ကိုစိတ်မပျက်စေခဲ့ဘဲ အဖြေတစ်ခုကို မြန်မြန်ဆန်ဆန်ပြသလာသည်။

လူသား-မိစ္ဆာ

နောက်ထပ်လူသား-မိစ္ဆာတစ်ကောင်! ဒီနေ့ခေတ်မှာ လူသား-မိစ္ဆာတွေကို အုံလိုက်ကျင်းလိုက်ထုတ်လုပ်နေကြတာလားဟ?

ရွှမ်းကျီး၏စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ သူက ခေါင်းကိုစောင်းငဲ့လိုက်ပြီး {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်အား ရှန့်လင်ယွမ်းရှိနေသည့်အရပ်မျက်နှာဘက်သို့ဦးတည်လိုက်သည်။

ကံမကောင်းအကြောင်းမလှစွာပင် စာအုပ်ပေါ်ရှိ စာမျက်နှာများသည်ကား နောက်တစ်ကြိမ်ဗလာကျင်းသွားရှာသည်။

ရွှမ်းကျီးက တိတ်တခိုးသက်ပြင်းတစ်ချက်ချလိုက်စေကာမူ ထူးထွေ၍အံ့ဩမနေတော့ပါချေ။ အနှီစာအုပ်တွင် ဘာပြဿနာများရှိနေသလဲဆိုတာကိုမသိသော်လည်း ရှန့်လင်ယွမ်းနှင့်ပတ်သက်လာတိုင်းတွင် ထိုစာအုပ်သည်ကား ဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့်ပျက်စီးနေသည့်နှယ်။ ယခင်တစ်ခေါက်တုန်းက ၎င်းမှာ နေ့ဝက်လောက်ကြာအောင် ကြိုးစားပမ်းစားရုန်းကန်လှုပ်ရှားပြီးသွားကာမှ မိစ္ဆာသခင်ကြီးသည်ကား ကျောက်စိမ်းဖြင့်ပြုလုပ်ထားသောရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်ဟူ၍ပြသလာခဲ့သည်။ ထို့နောက် အချိန်အတော်ကြာသွားသောအခါတွင်မူ ထိုအရာသည်ကား ‘လူသား-မိစ္ဆာ’ ဖြစ်ကြောင်း နောက်တစ်ကြိမ်အမှားပြန်ပြင်ကာ ထပ်မံပြသလာပြန်သည်။ ဤတစ်ကြိမ်တွင်တော့……

သူက တစ်ကိုယ်တည်း စောဒကတက်ကာ မကျေမနပ်ရေရွတ်နေစဉ်မှာပင် {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်ပေါ်တွင် ဝိုးတိုးဝါးတားစာသားများစတင်ပေါ်ထွက်လာ၏။

အနည်းဆုံးတော့ ၎င်းစာအုပ်မှာ ယခင်အခေါက်တုန်းကထက် အနည်းငယ်ပို၍လျင်မြန်သွက်လက်စွာတုံ့ပြန်လာနိုင်တာပဲဖြစ်သည်။ ရွှမ်းကျီးက အာရုံစုစည်းကာကြည့်လိုက်သော် ထိုစာအုပ်သည်ကား တခဏမျှချိတုံချတုံဖြစ်နေပြီးနောက် တစ်လုံးတည်းသောစကားလုံးတစ်လုံးက စာအုပ်ထဲမှခုန်ထွက်လို့လာသည်။

ဘေးအန္တရာယ်ကပ်ဆိုးကြီး

ရွှမ်းကျီး: “……”

ချီးပဲဟေ့! ဒီသုံးစားမရတဲ့အစုတ်ပလုတ်စာအုပ်က တကယ့်ကို ရောဂါရှိနေတာပဲ!

ရှန့်လင်ယွမ်းမှာ စိုစွတ်နေသော ဓားပြလိုဏ်ဂူနံရံကို လက်ဖြင့်အမှီပြုထိန်းကိုင်ထားနေရင်းက အနှီထူးဆန်းသောမျက်နှာဖုံးတပ်လူသားထံမှ လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က ရင်းနှီးကျွမ်းဝင်နေသည့်သံနေသံထားမျိုးဖြင့်ပြောလာသောစကားသံကို သူကြားလိုက်ရသည်။

“ကျွန်တော့်ကိုတွေ့ရတာ ပျော်သွားတယ်မလား၊ လင်ယွမ်းကောကော?”

“အိပ်မက်ကနေ လန့်နိုးလာရသလိုပါပဲလား”

ရှန့်လင်ယွမ်းက တီးတိုးရေရွတ်ကာတုံ့ပြန်လိုက်သည်။ သူက အတွေးရေယာဉ်ကြောအတွင်း အချိန်တခဏမျှကြာသည်အထိ လွင့်မျောနေပြီးကာမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့လက်တစ်ဖက်ကို အနှီပုံရိပ်ဆီသို့ဆန့််တန်းပေးလိုက်သည်။ သူ၏အားနည်းဖျော့တော့နေသောစကားသံသည်ကား ချစ်သူတစ်ဦး၏တီးတိုးစကားသံနှင့်ပို၍တူလှပြီး သူက နူးညံ့ညင်သာမှုအပြည့်ဖြင့်ဆိုလိုက်သည်။

“အားလော့ကျင်း…ဒီကိုလာ…ငါ မင်းကိုကြည့်ရအောင်”

ရှန့်လင်ယွမ်းသည်ကား အဆိုပါစကားကို နတ်ဆရာဘာသာစကားဖြင့်ပြောလိုက်ခြင်းဖြစ်လေရာ ရွှမ်းကျီးမှာ ထိုစကားများကိုနားမလည်ပါချေ။ သို့သော် ၎င်းမှာ မိစ္ဆာသခင်ကြီးထံမှ အကြိမ်ပေါင်းများစွာလိမ်လည်လှည့်ဖြားခြင်းကိုခံခဲ့ရဖူးသူဖြစ်သည့်အတွက် အဆိုပါပိုးသားတမျှနူးညံ့ချောမွေ့ညင်သာလွန်းလှသောစကားသံကိုကြားလိုက်ရသည်နှင့်တပြိုင်နက် မသိလိုက်မသိဘာသာဖြင့်ပင် ဘေးဘက်သို့ခြေလှမ်းဝက်ခန့်တိုးရွှေ့သွားလိုက်မိ၏။ အနှီလူသည်ကား မဟုတ်တာတစ်ခုခုကို နောက်တစ်ကြိမ်ကြံစည်နေပြီဖြစ်ကြောင်း သူခံစားလိုက်ရသည်။

သို့သော် အားလော့ကျင်းကတော့ ရွှမ်းကျီးကဲ့သို့ စိုးရိမ်ကြောင့်ကြစိတ်မျိုးမရှိပါချေ။ သူက ရှန့်လင်ယွမ်း၏စကားများကိုကြားလိုက်ရချိန်၌ ထိုနေရာတွင်ရပ်နေလျက် ညှိုးလျော်ခြောက်သွေ့နေသောနွယ်မြက်သစ်ပင်များဖြင့်ရက်လုပ်ထားသော ဝတ်ရုံကိုခြုံလွှမ်းဝတ်ဆင်ထားသည့်ရှန့်လင်ယွမ်းအား ငူငူငိုင်ငိုင်ဖြင့်ငေးမောကြည့်ရှုနေရှာပြီး သူ့မျက်နှာတစ်ခြမ်းပေါ်တွင် နီမြန်းသောအသွေးအရောင်တို့အထက်သို့မြင့်တက်လို့လာသည်။ ထို့နောက် အဆိုပါနီစွေးသောအသွေးအရောင်တို့က သူ၏မျက်လုံးအိမ်အောက်ခြေထိတိုင်အောင် ဆန်တက်သွားပြီး သူ၏ဘယ်ဘက်မျက်နှာတစ်ခြမ်းကိုဖုံးအုပ်ထားသော မျက်နှာဖုံးသည်ပင် အငိုမျက်နှာသွင်ပြင်သို့ပြောင်းလဲသွားရှာပြီး သူက ဝမ်းနည်းတကြီးဆိုလာသည်။

“ကျွန်တော် ဒီနေရာမှာပိတ်လှောင်ခံထားရတာ အချိန်အကြာကြီးရှိနေပြီ။ နောက်တော့ အဲဒီလူတွေရဲ့ ပူဆွေးယဇ်ပူဇော်ပွဲကြောင့် အတင်းအဓမ္မလှုပ်နိုးခံခဲ့ရတယ်။ ကျွန်တော် အပြင်ဘက်ကိုထွက်ကြည့်ချင်တယ်…..ဒါပေမယ့် ကျွန်တော် အခုဘယ်ရောက်နေတာလဲ? ဒီနေရာက တုံးချွမ်းပဲလား? တုံးချွမ်းမှာ ဘာဖြစ်လို့ သာမန်လူသားတွေ ဒီလောက်အများကြီးရှိနေရတာလဲ? သူတို့ပြောတဲ့စကားတွေကိုလည်း ကျွန်တော်တစ်လုံးမှနားမလည်ဘူး”

ရှန့်လင်ယွမ်းက ညင်သာပျော့ပျောင်းစွာဆို၏။

“အင်း…ငါ သိပါတယ်”

“ကျွန်တော် အဲဒီလူရဲ့နောက်ကနေ တစ်ချိန်လုံးလိုက်နေတာ”

အားလော့ကျင်းက မုတ်ဆိတ်နှင့်လူ၏အလောင်းကိုလက်ညှိုးထိုးပြကာပြောလာသည်။

“အဲဒီနောက် ကျွန်တော် ကိုကို့ရဲ့အငွေ့အသက်ကိုရလိုက်တယ်၊ ဒါကြောင့် ကိုကို့ကိုဆွဲ…ဆွဲခေါ်လိုက်တာပဲ…..လင်ယွမ်း တကယ်ပဲ ကိုကိုနော်။ ကျွန်တော်…ကျွန်တော် အိပ်မက်မက်နေတာမဟုတ်ဘူးမလား? ကျွန်တော် ကိုကို့ကို အရမ်းလွမ်းနေခဲ့တာ”

ရှန့်လင်ယွမ်းက သူ့ခေါင်းကိုမလှုပ်ရှားဘဲ မျက်လွှာများကိုသာအောက်သို့ဖြည်းညင်းစွာချလိုက်ပြီးနောက် တဖန်ပြန်၍မျက်လုံးဖွင့်လိုက်ကာ မျက်ဝန်းများဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူ့အဖြေစကားသံက မကြားရလောက်အောင်တိုးညင်းလွန်းလှသည်။

“ငါ သိပါတယ်”

အားလော့ကျင်းက သူ့ထံသို့ တစ်လှမ်းချင်းတစ်လှမ်းချင်းစီလျှောက်လှမ်းလာနေသည်။

“လင်ယွမ်းကောကော….မျိုးနွယ်စုက ကျန်တဲ့လူတွေရော?”

ထိုအခိုက်အတန့်တွင် မိစ္ဆာသခင်ကြီး၏မျက်နှာထက်ဝယ် လှစ်ခနဲဖြတ်ပြေးသွားသော ပူဆွေးဝမ်းနည်းမှုအရိပ်အယောင်တစ်မျိုးကို ရွှမ်းကျီးမြင်လိုက်ရသည်။ ထိုအရိပ်လေးဖြတ်ပြေးသွားသည်မှာ အလွန်တရာမြန်ဆန်လွန်းလှပေရာ ရွှမ်းကျီးမှာ သူအမြင်မှောက်မှားသွားခြင်းသာဖြစ်မည်ဟု ခံစားလိုက်ရသည့်နှယ်။

အားလော့ကျင်းသည်ကား မှော်အတတ်တစ်မျိုးမျိုးဖြင့်ညှို့ယူစီရင်ခြင်းခံထားရသလို၊ သူက ရှန့်လင်ယွမ်းဆန့်တန်းပေးထားသည့်လက်ကို ဖြည်းဖြည်းချင်းဆုပ်ကိုင်လိုက်ပြီး ပြစ်တင်စွပ်စွဲသံစွက်နေသောလေသံမျိုးဖြင့်ပြောလာသည်။

“အပြင်မှာ ပျော်စရာကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ သူတို့အားလုံး ဘာတွေလုပ်နေကြသလဲဆိုတာကို ကျွန်တော်နားမလည်ဘူး။ ဒါပေမယ့် နံရံပေါ်က ပန်းချီကားချပ်တွေက သူ့အလိုလိုလှုပ်ရှားနေကြပြီး လမ်းမကြီးပေါ်မှာလည်း သံမဏိပိုးကောင်တွေက တဝီဝီနဲ့သွားလာနေကြတယ်။ ညဘက်မှာဆိုရင် ရောင်စုံအလင်းရောင်တွေက နေရာတိုင်းမှာထွန်းလင်းတောက်ပနေကြသလို လမ်းတွေထဲမှာလည်း သင်းပျံ့တဲ့မွှေးရနံ့တွေထုံမွှမ်းနေကြတယ်၊ ပွဲဈေးတန်းကလည်း နေ့တိုင်းနီးပါးရှိသလိုပဲ။ နှစ်သစ်ကူးပွဲတော်ချိန်ခါထက်တောင် ပိုပြီးစည်ကားသိုက်မြိုုက်နေတာပဲ….”

အားလော့ကျင်း၏စကားသံက ရုတ်တရက်တိုးတိမ်သိမ်ဝင်သွား၏။

“သူတို့အားလုံး ပျော်ရွှင်နေကြတယ်…လင်ယွမ်းကောကော”

ရှန့်လင်ယွမ်း၏လည်မျိုက မဆိုစလောက်သိမ့်ခနဲလှုပ်ခတ်သွားပြီး သူက အားလော့ကျင်း၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။

ရွှမ်းကျီးသည်ကား နတ်ဆရာဘာသာစကားကိုနားမလည်သည့်တိုင်အောင် ပတ်ဝန်းကျင်အခြေအနေကိုတော့ ဖတ်ရှုအကဲခတ်တတ်ပါ၏။ သူက အလိုအလျောက်ပင် အလန့်တကြားအော်ဟစ်သတိပေးလိုက်လေသည်။

“သတိထား!”

သူ့စကားမဆုံးသေးခင်မှာပင် အားလော့ကျင်း၏မျက်နှာဖုံးထက်တွင်ရှိနေသည့် ဝမ်းနည်းပူဆွေးနေသည့်မျက်နှာသွင်ပြင်က ရုတ်တရက် ကြမ်းတမ်းခက်ထန်သောရုပ်သွင်အဖြစ်သို့ပြောင်းလဲသွားလေတော့သည်။

“ဒါပေမယ့် သူတို့တွေက ဘာဖြစ်လို့ပျော်နေနိုင်ကြတာလဲ? ကျွန်တော် အရမ်းမုန်းတယ်…”

ပန်းမာလာများဖြင့်ဝေဆာပွင့်လန်းနေသည့်နွယ်ပင်တစ်အုပ်က သူ့နောက်ကျောဘက်မှ ရုတ်ချည်းထွက်ပေါ်လို့လာသည်__ဂူနံရံထက်တွင်ရှိနေသည့် သွေးထွက်တတ်သော နွယ်ပင်များနှင့်အမျိုးအစားအတူတူပင်ဖြစ်သည်။ ၎င်းနွယ်ပင်များက နိမိတ်မကောင်းသောရနံ့များကိုဆောင်ကြဉ်းကာ ရှန့်လင်ယွမ်းဆီသို့ တရှိန်ထိုးပြေးဝင်လာကြပြီး ရွှမ်းကျီးကိုပါလမ်းတစ်လျှောက်ဖြတ်တိုက်သွားကြလေ၏။

ရွှမ်းကျီးခမျာ ခေါင်းကိုလက်ဖြင့်အုပ်ကာ ကြွက်များကဲ့သို့ခိုးကြောင်ခိုးဝှက်ထွက်ပြေးသွားရရှာသည်။

“ချီးပဲဟ!”

တစ်ချိန်တည်းလိုလိုပင် ရှန့်လင်ယွမ်းသည်ကား အားလော့ကျင်းကို သူ့ထံသို့အကြမ်းပတမ်းဆောင့်ဆွဲလိုက်ပြီးသကာလ လျှပ်စီးကဲ့သို့အလျင်နှုန်းဖြင့် အားလော့ကျင်း၏လည်မျိုုကို သူ့လက်ဖြင့်ဖျစ်ညှစ်ဆုပ်ကိုင်ထားလိုက်သည်။ အားလော့ကျင်းမှာ ရှန့်လင်ယွမ်းထက် အနည်းဆုံးခေါင်းတစ်ဝက်စာမျှအရပ်နိမ့်နေသောကြောင့် သူ့ခြေထောက်အစုံက မြေကြီးထက်တွင်တွဲလောင်းဖြစ်နေလျက် နံရံထက်ဝယ်ဖိကပ်ခံထားရရှာသည်။ နွယ်ပင်များက ရှန့်လင်ယွမ်း၏လက်များတစ်လျှောက်ရစ်ပတ်တွယ်တက်လာကြပြီး နွယ်ပင်များနှင့်ထိတွေ့မိသော နေရာတိုင်းရှိ သူ၏အရေပြားနှင့်အသားလွှာများမှာဆွဲဖြဲခံလိုက်ရရှာသည်။ သို့သော် ရှန့်လင်ယွမ်းမှာ နာကျင်မှုကိုမခံစားရသလို။ သူ့ဒဏ်ရာများကိုလည်း တစ်ချက်လေးတောင်မကြည့်ဘဲ တစ်ခုခုကို အသံတိတ်ရွတ်ဆိုနေသည့်နှယ်၊ သူတို့နောက်ကျောဘက်မှ တဝီဝီမြည်သံများကိုကြားလိုက်ရသည်။ ထို့နောက်တွင်တော့ မဲနက်သော မဟူရာရောင်သံမှိုရှည်များစွာတို့က ရေအိုင်ထဲမှပျံထွက်လို့လာကြသည်။ သံမှိုတစ်ချောင်းချင်းစီတိုင်းက အနည်းဆုံး ၁၅ စင်တီမီတာခန့်ရှည်လျားကြ၏။ ရှန့်လင်ယွမ်းက လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သံမှိုတစ်ချောင်းကိုလှမ်းဖမ်းလိုက်ကာ အလွန်အင်မတန်လျင်မြန်လွန်းလှသောအရှိန်နှုန်းဖြင့် အားလော့ကျင်း၏မျက်ခုံးနှစ်ဖက်ကြားသို့ ရိုက်သွင်းလိုက်ပြီး လျင်မြန်ပြီးအကြင်နာတရားကင်းမဲ့သောစေ့စပ်တိကျမှုမျိုုးဖြင့် အနှီမျက်နှာဖုံးတပ်ကောင်လေး၏ရန်ငြိုးအာဃာတလွှမ်းသောအမူအရာများကို နဂိုမူလနေရာတွင်ပင် သံမှိုစွဲထားလိုက်လေတော့သည်!

ရှန့်လင်ယွမ်း၏မေးရိုးနှင့်လည်တိုင်တစ်ဝိုက်တွင် သွေးများဗြန်းခနဲစင်သွား၏။ သူ့အရေပြားကိုသွေးများစင်သွားသည့်နေရာတိုင်းတွင် မီးအပူလောင်သလိုဒဏ်ရာများဖြစ်ပေါ်လို့လာသည်။ ထို့နောက်တွင်မူ ဆစ်ခနဲမြည်သံတို့ထွက်ပေါ်လာပြီး အဆိုပါ သွေးနီရောင်အမှတ်အသားဒဏ်ရာများက စက္ကန့်ပိုင်းအတွင်းမှာပင် အနာကျက်သွားလေတော့သည်။

ရှန့်လင်ယွမ်း၏မျက်နှာအမူအရာက ယခင်အတိုင်းမပြောင်းမလဲရှိလို့နေပြီး ချစ်ခြင်းမေတ္တာအကြင်နာတရားများဖြင့်ပြည့်နှက်နေဆဲပင်ဖြစ်သည်။ သူက မျက်နှာဖုံးတပ်ကောင်လေး၏နားနားသို့ကပ်လာပြီး တိုးညင်းစွာပြောလိုက်သည်။

“မင်းမပျော်ဘူးဆိုရင် မျက်လုံးတွေကိုပိတ်ထားလိုက်၊ ထပ်မကြည့်နဲ့တော့လေ”

ရွှမ်းကျီး: “……”

သူက ခုနတုန်းက ဘယ်သူ့ကိုသွားပြီး သတိထားဖို့ပြောနေမိတာလဲ?

ဒါက သေချာပေါက်ကို တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်သတ်ပုတ်နေကြတဲ့ သားရိုင်းဝံပုလွေနှစ်ကောင်ပဲ!

အားလော့ကျင်း၏မျက်နှာဖုံးပေါ်ရှိအမူအရာတို့က ပြန်လည်၍တည်ငြိမ်သွားသည်။ သူ၏ဗလာကျင်းနေသောအကြည့်များက သူနှင့်လက်တစ်ကမ်းအကွာတွင်ရှိနေသော ရှန့်လင်ယွမ်းပေါ်သို့ကျရောက်နေလျက်ရှိပြီး ၎င်းမှာ စကားလုံးအချို့ကိုပြတ်တောင်းပြတ်တောင်းဖြင့် ဗလုံးဗထွေးရေရွတ်ပြောဆိုလာသည်။

“ကျွန်တော့်မျက်လုံးတွေကိုဖွင့်လိုက်တော့…..ခင်ဗျားကိုတွေ့လိုက်ရတယ်….ကျွန်တော်ကအိပ်မက်မက်နေတယ်လို့ပဲထင်နေတာ….ဒါပေမယ့် ဒါက နောက်ဆုံးတော့ အိပ်မက်တစ်ခုမဟုတ်ဘူးပဲ…”

ရှန့်လင်ယွမ်းကပြန်မဖြေပါချေ။ သူက ကျန်သောသံမှိုရှည်များကို အားလော့ကျင်း၏ခြေလက်လေးဖက်လုံးထဲသို့ အလျင်အမြန်ရိုက်သွင်းလို့နေသည်။

“ခင်ဗျားက အစစ်အမှန်ပဲ၊ ပိရှ”

အားလော့ကျင်းက ရုတ်တရက် ရှေးဟောင်း ‘ယာ’ စကားကိုပြောင်းလဲပြောဆိုလိုက်သည်။

“ခင်ဗျားကလွဲရင် ဘယ်သူကများ ဒီလောက်ရက်စက်ယုတ်မာပြီး အသည်းနှလုံးမရှိတဲ့လူတစ်ယောက်ဖြစ်နိုင်မှာတဲ့လဲ? ဘယ်သူကများ သည်လိုအကြင်နာတရားကင်းမဲ့တဲ့ လူသားဧကရာဇ်နေရာနဲ့သင့်လျော်လိုက်ဖက်မှာတဲ့လဲ?”

ရွှမ်းကျီးသည်ကား အနှီယာစကားများကိုတော့ နားလည်သည့်အပြင် စကားအဆုံးတွင်ရှိနေသည့် ဂုဏ်ပုဒ်တစ်ခုကိုလည်းဖမ်းယူလိုက်နိုင်ခဲ့သည်။ လျှပ်တပြက်အတွင်းမှာပင် ၎င်းမှာ မယုံကြည်နိုင်စွာဖြင့် ရှန့်လင်ယွမ်း၏နောက်ကျောပြင်ကိုလှမ်းကြည့်လိုက်မိသည်။ သူ၏နားတစ်စုံကလည်း {မိစ္ဆာတစ်ထောင်အချပ်ပို} စာအုပ်ကဲ့သို့ ဗိုင်းရပ်စ်ရောဂါပိုးများကူးစက်ခံလိုက်ရလေသလားဟု သံသယဝင်မိသွားတော့သည်။

ရှေးဟောင်းဘာသာစကားများနှင့်ပတ်သက်သည့် သူ၏အကြားစွမ်းရည်က အဆင့် ၄ ကိုမကျော်လွန်ပေမယ့်….သူသာ အကြားမမှားခဲ့ဘူးဆိုရင်  ထိုကောင်လေးက ခုနတုန်းက ‘လူသားဧကရာဇ်’ ဆိုပြီးပြောလိုက်သလားလို့?

နောက်ဆုံးသောသံမှိုရှည်တစ်ချောင်းက အားလော့ကျင်း၏ခန္ဓာကိုယ်ကိုထိုးဖောက်သွားပြီး ‘ဂျိုင်း’ ခနဲမြည်သံတစ်သံနှင့်အတူ ၎င်းမှာ သူ့နောက်တွင်ရှိနေသည့်ဂူနံရံထက်ဝယ် သံမှိုစွဲရိုက်ထားခြင်းခံလိုက်ရရှာသည်။ ထူးဆန်းသောမျက်နှာဖုံးနှင့်ကောင်လေးမှာ တုတ်တုတ်မှမလှုပ်ရှားတော့ပါချေ။ လိုဏ်ဂူအတွင်း အပ်ကျသံပင်ကြားရလောက်သည်အထိတိတ်ဆိတ်ငြိမ်သက်သွား၏။ ရွှမ်းကျီးသည်ပင် တဒိန်းဒိန်းခုန်နေသောသူ့နှလုံးခုန်သံကို သူပြန်ကြားနေရလေသည်။

“ခင်ဗျား….”

သူ့အကြည့်များက ရှန့်လင်ယွမ်း၏ကိုယ်ပေါ်သို့စူးစိုက်စွဲမြဲစွာကျရောက်သွားသည်။ သို့သော် ထိုစကားတစ်လုံးကိုရေရွတ်ပြီးချိန်မှာပင် ၎င်းမှာ မသိလိုက်မသိဘာသာဖြင့်ပင် ပို၍ယဉ်ကျေးသောစကားအခေါ်အဝေါ်တစ်ခုကိုပြောင်းလဲသုံးနှုန်းလိုက်မိသည်။

“လူကြီးမင်း*….”

(*သူက ပိုပြီးယဉ်ကျေးတဲ့ “您”  ဆိုတဲ့ အသုံးအနှုန်းကိုပြောင်းလဲခေါ်ဝေါ်လိုက်တာပါ)

ထိုအချိန်မှာပင် လိုဏ်ဂူက ရုတ်တရက်စတင်တုန်ခါလာပြီး ရွှမ်းကျီး၏စကားသံမှာပြတ်တောက်သွားရှာတော့သည်။ ကျဉ်းမြောင်းသော ဓားပြလိုဏ်ဂူငယ်လေးသည်ကား ဘေးတစ်ဖက်တစ်ချက်ဆီမှနေ၍ အတွင်းဘက်သို့ပြိုကျလာသည်။ ထွက်ပြေးစရာနေရာလည်းရှိမနေသည့်အတွက် သူတို့နှစ်ဦးစလုံးမှာ ရုတ်တရက် အထဲတွင်ပိတ်မိသွားရှာ၏။

ကျယ်လောင်သောရူးနှမ်းနှမ်းရယ်သံတစ်သံက လေးဖက်လေးတန်နေရာအနှံ့မှပျံ့နှံ့ထွက်ပေါ်လို့လာသည်။ ထိုအသံမှာ လက်ရှိအချိန်၌ ဂူနံရံထက်တွင် သံမှိုရိုက်ကပ်ထားခြင်းခံနေရသော အားလော့ကျင်းထံမှထွက်ပေါ်လာခြင်းဖြစ်လေသည်!

မြေပြင်ထက်တွင်မူ ယန်ချောင်မှာ ကားနောက်ခန်းထဲတွင် တင်ပုလ္လင်ခွေထိုင်နေရင်း သူ့မျက်လုံးများကိုမှိတ်ထားကာ တရားထိုင်နေသည့်နှယ်။ သူ့လက်ထဲတွင်မူ ရွှမ်းကျီးပြုတ်ကျကျန်ခဲ့သော လက်ပတ်နာရီတစ်လုံးကိုကိုင်ထား၏။ ယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေသော လောင်လော်နှင့် ဖျင်ချန့်ရူတို့မှာ အသံတစ်ချက်မှမထွက်ရဲရှာပါချေ။ ‘သူနှင့်စကြာဝဠာကြီး၏ဆက်သွယ်မှု’ ကိုအနှောင့်အယှက်ပြုမိသွားမှာစိုးသောကြောင့်ဖြစ်သည်။ သို့သော်လည်း ယန်ချောင်နှင့် ‘စကြဝဠာ’အဘိုးအိုကြီးတို့၏စကားစမြည်ဆက်သွယ်ပြောဆိုမှုသည်ကား တစ်ကြိမ်စတင်လိုက်သည်နှင့်အဆုံးမရှိတော့လိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။
ယခုမူ ထမင်းစားချိန်ကိုတောင်ကျော်လွန်သွားပြီဖြစ်သည်။ ဖျင်ချန့်ရူခမျာ ဗိုက်ဆာလွန်းသဖြင့် ကတုန်ကယင်ပင်ဖြစ်နေရှာသည်။ သူမက သတိကြီးစွာထားပြီး သူမ၏အိတ်ကပ်ထဲမှ အခွံမာသီးတစ်လုံးကိုလက်နှစ်ချောင်းဖြင့်ညှပ်ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ လှစ်ခနဲပစ်သွင်းလိုက်သည်။ သို့သော် ယန်ချောင်က ရုတ်တရက်မျက်လုံးပွင့်လာသည့်အတွက် ဖျင်ချန့်ရူမှာ ဆက်မဝါးရဲတော့ပါချေ။

ယန်ချောင်: “အစ်မ….ကျွန်တော့်ကိုလည်း နည်းနည်းလောက်ကျွေးပါလား?”

ဖျင်ချန့်ရူ: “…..”

သူမက အခွံမာသီးအထုပ်တစ်ထုပ်လုံးကို ယန်ချောင်လက်ထဲသို့ထိုးထည့်ပေးလိုက်သည်။

“ဒါနဲ့ ဘာတွေဖြစ်နေတာလဲ? နင် တစ်ခုခုကိုအာရုံခံလို့ရပြီလား? ငါတို့ နီးလာပြီလား?”

ယန်ချောင်သည်လည်းပဲ ထူးခြားစွမ်းရည်ရှိသူတစ်ဦးဖြစ်သည်။ သို့သော် ပြန်လည်ပြုပြင်ရေးဌာန၌ ထိုကဲ့သို့သော လူ (၁၀) ယောက်တွင် (၈) ယောက်လောက်၏ထူးခြားစွမ်းရည်များက လက်တွေ့တွင်သုံးစားလို့မရနိုင်သောစွမ်းရည်များဖြစ်နေကြသည်။ ၎င်းမှာ ‘စိတ်စွမ်းအင်’ အမျိုးအစားထူးခြားစွမ်းရည်ထဲတွင် ပါသည်ဆိုရုံလေးပါဝင်နေသည့်တိုင်အောင် ရှေ့တန်းကွင်းဆင်းနယ်မြေအတွင်း လက်ထောက်တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ဖူးသော ပိချွင်းရှန်းလိုမျိုးမဟုတ်ပါချေ။ သူ့ထံတွင် တမူထူးခြားပြီး အကင်းပါးသော အာရုံခံစားမှုစွမ်းရည်တစ်မျိုးရှိပြီး သူ့အနားတွင်ရှိနေသည့်လူများ၏ ပြင်းပြသောစိတ်ခံစားချက်များကိုအာရုံခံစားနိုင်သလို လူများ၏ပိုင်ဆိုင်သောပစ္စည်းများမှတဆင့် ထိုသူတို့၏တည်နေရာနှင့်ခန္ဓာကိုယ်အခြေအနေကိုလည်း အာရုံခံစားနိုင်စွမ်းရှိသူဖြစ်သည်__သို့သော်လည်း အနှီထူးခြားစွမ်းရည်သည်ကား အနံ့ခံခွေးတစ်ကောင်ကဲ့သို့ တိကျသေချာမှုမျိုးမရှိသည့်အတွက် ၎င်းမှာ ထိုအရည်အချင်းကို အသုံးချရန် များများစားစားအခွင့်အရေးမရရှိခဲ့လေရာ ကောင်းကောင်းလေ့ကျင့်ဖို့ရာလည်း အခွင့်မသာခဲ့ပါချေ။

“အိုင်း….ပြောလို့မရဘူး…အစ်မလည်းသိသားပဲ၊ ကျွန်တော့်ရဲ့ ဒီစွမ်းရည်က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ၊ အခုလေးတင် ရုတ်တရက်ကြီး ဘာမှထပ်ပြီး အာရုံခံလို့မရတော့ပြန်ဘူး”

ယန်ချောင်က စိတ်ရှုပ်ထွေးနေသလိုအမူအရာဖြင့်ပြောလာသည်။

“ကျွန်တော်တို့ သူတို့ကိုကျော်သွားတာပဲလား…ဒါမှမဟုတ်…သူတို့တွေ…”

“ဖီ-ဖီ-ဖီ…..”

ဖျင်ချန့်ရူက သူ့စကားကိုကြားဖြတ်လိုက်ပြီး လက်ကိုဆန့််ကာ လောင်လော်၏ကားထိုင်ခုံနောက်ကျောကို လက်ဖြင့် ရိုက်ပုတ်ကာပြောလိုက်သည်။

“ငါတို့ သေချာပေါက် ကျော်သွားတာပဲဖြစ်မှာပါ…အစ်ကိုလော်….မြန်မြန် ကားကိုနောက်ပြန်လှည့်လိုက်တော့!”

“ဘာကိုနောက်ပြန်လှည့်ရမှာလဲ! အဝေးပြေးလမ်းမကြီးပေါ်မှာ နောက်ပြန်လှည့်လို့မရဘူးလေ! တပ်ကူအဖွဲ့တွေက ဘယ်တော့မှရောက်လာမှာလဲဟ”

လော်ချွေ့ချွေ့က ကိုယ့်အကြောင်းကိုသိနေသည့်ဟန်ဖြင့် တဗျစ်တောက်တောက်ညည်းတွားလိုက်လေသည်။

“ဒါရိုက်တာရွှမ်းကိုရှာဖို့ ငါတို့သုံးယောက်ကိုအားကိုးကြတယ်ပေါ့လေ….တကယ်လို့ ငါတို့သာ ဒီလောက်အားကိုးလို့ရရင် ပြန်လည်ပြုပြင်ရေးဌာနမှာ ဘာလုပ်ဖို့နေနေဦးမှာလဲ?”

ထိုအခိုက် ယန်ချောင်၏ဖုန်းက အသံမြည်လာသည်။

“ဟယ်လို…ဒါရိုက်တာရှောင်း…..”

ယန်ချောင်က တခဏမျှနားထောင်နေပြီးနောက် ရုတ်တရက် မတ်မတ်ထိုင်လိုက်ကာပြောလာသည်။

“ဒါရိုက်တာရှောင်းက ‘လေနတ်ဘုရားအဖွဲ့’ ကိုစေလွှတ်လိုက်ပြီတဲ့…သူက ငါတို့ရဲ့တည်နေရာကိုတောင်းနေတယ်”

တစ်ချိန်တည်းလိုလိုပင် ဖုန်လိုင်ညီလာခံအတွင်း၌ရှိနေသော ယွဲ့သယ်ဘိုးဘိုး၏ဖုန်းမှာလည်း တုန်ခါသွား၏။ အနက်ရောင်တရုတ်သင်တိုင်းအင်္ကျီရှည်ကိုဝတ်ဆင်ထားသော အဘိုးကြီးက ရေသောက်သလိုနှင့် ဖုန်းမျက်နှာပြင်ကို ခိုးကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က Wechat မှနေ၍ သူ့ထံသို့ စာတိုတစ်စောင်ပို့လာခြင်းဖြစ်သည်။

“DCO က တစ်ခုခုကြိတ်ကြံနေပြီနဲ့တူတယ်…..လေနတ်ဘုရားအဖွဲ့က သုံးချွမ်းလေဆိပ်ကိုရောက်လာကြပြီ”

ယွဲ့သယ်ဘိုးဘိုးက ဟန်အမူအရာမပျက်အောင်ထိန်းလိုက်ကာ ပြန်စာတစ်စောင်ပြန်ပို့လိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ? ခန္ဓာကိုယ်က တည့်မတ်နေသရွေ့ အရိပ်စောင်းမှာကို ကြောက်နေစရာမလိုဘူး”

အချိန်ခဏကြာပြီးချိန်မှတော့ တစ်ဖက်မှ နောက်ထပ်စာတစ်စောင်ဝင်လာပြီး ထိုစာမှာ ချက်ချင်းပင်အဖျက်ခံလိုက်ရရှာသည်။

“ဆရာ….သူတို့လေယာဉ်ပေါ်က ဆင်းလာကြပြီ၊ ကြည့်ရတာ ကျွန်တော်တို့ရဲ့ မိုင်းတွင်းကို တန်းတန်းမတ်မတ်သွားနေကြတဲ့ပုံပဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ?”

ယွဲ့သယ်ဘိုးဘိုး၏မျက်နှာပေါ်တွင် အရိပ်တစ်ခုလှစ်ခနဲဖြတ်ပြေးလို့သွား၏။

‘မိုင်းတွင်း’ ဟုခေါ်ဆိုကြသောနေရာသည်ကား ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုဖြစ်ပြီး သုံးချွမ်းဒေသတွင်ရှိသော ယွဲ့သယ်ဘိုးဘိုး၏ရှေးဘိုးဘွားဘီဘင်တို့က နောက်မျိုးဆက်များအတွက်ချန်ထားပေးခဲ့သော အဖိုးမဖြတ်နိုင်သည့်အမွေအနှစ်ပစ္စည်းတစ်ခုဖြစ်သည်။ ယွဲ့သယ်ဘိုးဘိုးတို့မျိုးဆက်သို့ရောက်လာချိန်၌ ဂူသင်္ချိုင်း၏အပေါ်ယံလွှာများမှာ တူး၍ကုန်သလောက်ဖြစ်နေပြီဖြစ်ပြီး ထိုနေရာမှအောက်သို့ဆက်ဆင်းသွားမည်ဆိုပါက တားမြစ်နယ်မြေသို့ရောက်ရှိသွားမည်ဖြစ်သည်__ယုံတမ်းစကားများအရဆိုလျှင် ထိုနေရာသို့ဆင်းသွားကြသူများအနက် တစ်ယောက်တစ်လေမှ အသက်ရှင်လျက်ပြန်တက်မလာနိုင်ကြတော့ပြီဟူ၍ဖြစ်သည်။

ထူးခြားစွမ်းရည်ပိုင်ရှင်များသည်ကား သာမန်လူသားများထက်စာလျှင် ပို၍ထက်မြက်စူးရှသောအာရုံခံစားနိုင်စွမ်းများရှိကြသည်။ သတိပေးနေစရာမလိုဘဲနှင့်တောင်မှ ထိုတားမြစ်နယ်မြေက အန္တရာယ်ရှိသည်ဆိုတာကို သူတို့အာရုံခံစားနိုင်ကြ၏။ သို့ဖြစ်ရာ ယွဲ့သယ်ဘိုးဘိုးသည်ကား ငယ်စဉ်ကတည်းကပင် ထိုအောက်သို့ဆင်းသွားကြည့်ရန် စိတ်ကူးမျိုးစိုးစဉ်းမျှရှိမနေခဲ့ပါချေ။ နောက်ဆုံး၌ အပြင်ဘက်ပတ်ဝန်းကျင်တဝိုက်တွင်ရှိနေသည့်အရာများနှင့်တောင်မှပင် သူတို့၏နောင်မျိုးဆက်ပေါင်းများစွာကို အကျိုးပြုနိုင်ရန်လုံလောက်နေပြီဖြစ်သည်။ ထိုအထဲတွင် မရေမတွက်နိုင်အောင်များပြားလှသော ရှေးဟောင်းကျမ်းစာအုပ်အမြောက်အမြားရှိကြပြီး အနည်းငယ်လောက်ကိုသာ ရှေးခေတ်ဟန့်လက်ရေးလက်သားမျိုးဖြင့်ရေးသားထားကြသည်။ အများစုကိုတော့ လျှို့ဝှက်နက်နဲသော လက်ရေးသင်္ကေတများဖြင့်ရေးသားထားခြင်းဖြစ်သည်။ ယွဲ့သယ်ဘိုးဘိုးနှင့်အခြားလူများက ဘာသာဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကာ အဆိုပါလျှို့ဝှက်နက်နဲသော လက်ရေးသင်္ကေတများကို ဝှက်စာဖော်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် ယခုအချိန်ထိတိုင်အောင်  အစိတ်အပိုင်းအနည်းအကျဉ်းလောက်ကိုသာ ဝှက်စာဖော်နိုင်ခဲ့လေသည်။ ထိုအစိတ်အပိုင်းအနည်းငယ်လောက်ဖြင့်တော့ အဓိပ္ပာယ်ဖော်ရခက်သည့်စာသားများအလုံးစုံကို သူတို့နားလည်ဖို့ရာမဖြစ်နိုင်ပေ။ သို့သော် သူတို့နားလည်သောတစ်စိတ်တစ်ပိုင်းလောက်ကပင် သူတို့အား သူတို့၏ပြိုင်ဘက်များထက် ခေါင်းတစ်လုံးပိုမြင့်သွားစေကာ ကြက်ပေါက်ကလေးများ၏ရှေ့မှဦးဆောင်နိုင်သော ကြိုးကြာငှက်များဖြစ်လာခဲ့ပြီး သုံးချွမ်းကိုလွှမ်းမိုးချုပ်ကိုင်ထားနိုင်သည်အထိဖြစ်လာစေခဲ့သည်။

ရှေးဟောင်းဂူသင်္ချိုင်းအတွင်း၌ ရှေးဟောင်းကျမ်းစာအုပ်များအပြင် ပို၍တန်ဖိုးရှိသောအရာများသည်ကား သမိုင်းဦး ‘မန္တန်အစီအရင်’ များပင်ဖြစ်သည်။

‘မန္တန်အစီအရင်’ များနှင့်ပတ်သက်သည့် သဘောတရားများကို မြေကြီးအောက်ထဲမှတူးဖော်ရရှိခဲ့သော ရှေးဟောင်းဟန့်စကားလုံးများဖြင့်ရေးသားထားသည့် မှတ်တမ်းစာအုပ်များထဲတွင်ထည့်သွင်းပြုစုထားခြင်းဖြစ်သည်။ ဘာသာပြန်ဆိုသူ၏မူရင်းဇာစ်မြစ်ကိုတော့ စစ်ဆေးအတည်ပြုရန်မဖြစ်နိုင်တော့ပါချေ။ 
မန္တန်များ၏စွမ်းပကားများအရ မှန်ကန်သင့်လျော်သောအထောက်အကူပြုပစ္စည်းများကိုအသုံးပြုမည်ဆိုပါက သာမန်လူသားများသည်ပင် ထိုအရာများကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ထိုမန္တန်များအနက် အချို့သောမန္တန်များမှာ အလွန်တရာအဖျက်စွမ်းအားကြီးမားလှသော်လည်း အံ့ဩထူးဆန်းစရာကောင်းသည့်အချက်မှာ မန္တန်တိုင်းတွင် တန်ပြန်မန္တန်များရှိနေကြသည့်အတွက် မန္တန်ပျက်ပြယ်သွားပြီးသည့်နောက်ပိုင်းတွင်လည်း ရေရှည်နောက်ဆက်တွဲဆိုးကျိုးနည်းနည်းလေးတောင်မှ ကျန်မနေခဲ့တာပဲဖြစ်သည်။

ဤသည်ကား ယွဲ့သယ်ဘိုးဘိုးနှင့်သူ၏ဂိုဏ်းအတွင်း အစဉ်အဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်လာခဲ့သော အောင်မြင်မှုလျှို့ဝှက်ချက်အစစ်အမှန်တစ်ခုဖြစ်သည်။

ရှေးယခင်ကတည်းကစတင်၍ လူသားများသည်ကား အကူအညီလိုအပ်လာသောအခါမှသာ နတ်ဘုရားများကိုတိုင်တန်းအကူအညီတောင်းတတ်ကြ၏။ ရာသီဥတုကြည်လင်သာယာပြီး မိုးလေဝသကောင်းမွန်သောအချိန်အခါများတွင်မူ မြေနတ်ဘုရားနင့်မြစ်စောင့်နတ်ဘုရားတို့၏ ဘုရားကျောင်းဆောင်များမှာ ပေါင်းမြက်နွယ်ပင်များဖြင့်သာ ခြုံလွှမ်းပိတ်လှောင်ခံထားရရှာ၏။ ကြောင်မှာ ကြွက်အားလုံးကိုဖမ်းမိသွားသည်နှင့်တပြိုင်နက် အိမ်ထဲမှကန်ထုတ်ခံရရန်သိပ်မဝေးတော့ပါချေ။ နှစ်ပေါင်း (၇၀)လုံးလုံး စစ်ပွဲများနှင့် အကြီးစားသဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် လူအများစုမှာ အေးအေးချမ်းချမ်းဖြင့် စီးပွားဥစ္စာဖြစ်ထွန်းကာ အခြေတကျနေထိုင်နိုင်ခဲ့ကြလေသည်။ တစ်ခါတရံ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါကလည်း DCO ရှိလူများသည်ကား ‘လုံခြုံရေးဌာန’ ၏လက်အောက်မှနေ၍ ရှေ့ထွက်ကာ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။ ၎င်းတို့သည်ကား အစိုးရထံမှ လစာလည်းရသလို အခွန်ထမ်းသမားများထံမှလည်း အထောက်အပံ့များရရှိတတ်သည်။ သို့ပေသိ ‘ယွဲ့သယ်ဘိုးဘိုးတို့’ မှာတော့ ကိုယ်လုပ်မှကိုယ်စားရသူများသာဖြစ်ကြလေသည်။

ယွဲ့သယ်ဘိုးဘိုးသည်ကား စကားတစ်ခွန်းတည်းဖြင့် လူရာပေါင်းများစွာကိုအမိန့်ပေးနိုင်စွမ်းရှိသလို သူ၏ဂိုဏ်းအတွင်းတွင်လည်း တပည့်တပန်းပေါင်းထောင်နှင့်သောင်းနှင့်ချီအောင်ရှိနေကြတာဖြစ်သည်။ သူတို့အားလုံးမှာ သဘာဝတရားကြီး၏အလိုဆန္ဒအတိုင်း ရိုးရှင်းစွာအသက်ရှင်သန်နိုင်ဖို့မဖြစ်နိုင်ပါချေ။

အေးချမ်းတည်ငြိမ်ပြီး စီးပွားဥစ္စာကြီးပွားဖြစ်ထွန်းသောခေတ်ကာလများသို့ရောက်လာသောအခါ ထို ‘ဆရာ’ ဟူသည့်လူများသည်ကား သူတို့၏အစွမ်းအစများကိုထုတ်ဖော်ပြသခွင့်နည်းပါးလာပြီဖြစ်သည်။ အံ့မခန်းထူးခြားဆန်းကြယ်သောအရည်အချင်းရှိသည့် ထိပ်သီး ‘ဆရာကြီး’ များကို ပိုက်ဆံရှာဖို့အတွက်ဆိုကာ ရုံးတက်အလုပ်လုပ်ခိုင်းဖို့ရန်လည်း မည်သို့မှမဖြစ်နိုင်ပါချေ။ သို့ဖြစ်ရာ အသက်ရှင်နေထိုင်ရပ်တည်ဖို့ရာခက်ခဲလာသည့်အလျောက် ယွဲ့သယ်ဘိုးဘိုးသည်ကား မည်သို့မှမတတ်နိုင်ဘဲ အပိုဝန်ထုပ်ဝန်ပိုးများကိုထပ်ဆောင်းယူပြီး အလုပ်နှစ်မျိုးကိုတပြိုင်တည်းလုပ်ရရှာတော့သည်__ကောက်ကျစ်ဆိုးသွမ်းသောလူဆိုးတစ်ယောက်သဖွယ်သရုပ်ဆောင်ရသလို တစ်ဖက်ကလည်း သတ္တဝါအားလုံးကိုကူညီကယ်တင်ပေးသော ကယ်တင်ရှင်ကြီးတစ်ဦးသဖွယ်သရုပ်ဆောင်ရပြန်သည်။ သူတို့၏တပည့်ငယ်သားများက အရင်ဦးဆုံး သားကောင်ပေါ်တွင် မန္တန်ချလိုက်ပြီး ထို့နောက်တွင်မှ ဆရာကြီးများက ထွက်လာကာ မန္တန်ကိုချေဖျက်ပေးလိုက်ပြီး ငွေရှာကြတာပဲဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းများသည်ကား သူတို့လူကြီးများ၏စိတ်ထဲတွင် အချင်းချင်းသိရှိနားလည်ထားကြသောနည်းလမ်းများဖြစ်သည်။

ယွဲ့သယ်ဘိုးဘိုး၏အကြည့်များက စားပွဲပေါ်၌ ဖျတ်ခနဲပြေးလွှားသွားသည်။ ဤသည်ကား သူတို့လုပ်ကိုင်စားသောက်ကြသည့်အသိုင်းအဝိုင်းအတွင်း၌ ထုတ်ပြောစရာမလိုသော စည်းမျဉ်းစည်းကမ်းများပင်ဖြစ်သည်။ အကယ်၍ အပြင်သို့ပေါက်ကြားသွားပါက မည်သူမှ အကောင်းအတိုင်းထွက်ပြေးဖို့မစဉ်းစားနှင့်။

ယွဲ့သယ်ဘိုးဘိုးက သူ၏ကြွေရည်သုတ်ထားသောရေခွက်ကို စားပွဲပေါ်တွင်အသာအယာပြန်ချထားလိုက်ကာ စိတ်ထဲမှတွေးလိုက်သည်။

မင်းတို့လာရဲမှတော့ နေရဲရမှာပေါ့။ ထွက်ပြေးဖို့မစဉ်းစားနဲ့

သို့သော် ၎င်းမှာ ညွှန်ကြားချက်မပေးလိုက်ရသေးခင်မှာပင် သူ့ဖုန်းထဲ၌ ကြားဖြတ်သတင်းတစ်ပုဒ်တက်လာသည်။

“ယနေ့ မနက်ပိုင်း ၁၁ နာရီ ၁၉ မိနစ်အချိန်တွင် ချန်နင်စီရင်စုအတွင်း၌ ပြင်းအား ၄.၂ အဆင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်းတိုင်းထွာရရှိခဲ့ပါသည်။ သုံးချွမ်းဒေသမှာ ငလျင်ဗဟိုချက်ဖြစ်ပြီး ငလျင်ဗဟိုချက်၏အနက်မှာ သုည ကီလိုမီတာဖြစ်ပါတယ်”

“ဆရာ” သူ့တပည့်ထံမှ အရင်ဆုံးစာတစ်စောင်ဝင်လာသည်။

“ကျွန်တော်တို့ရဲ့ မိုင်းတွင်းမှာ အခုလေးတင် ငလျင်တစ်ခုလှုပ်သွားတယ်!” 

ရွှမ်းကျီး၏ခြေထောက်အစုံသည်ကား ယခုအချိန်၌ ငလျင်၏ဗဟိုချက်ပေါ်တွင် တည့်တည့်နင်းထားမိလျက်သားဖြစ်နေသည်။ လိုဏ်ဂူပြိုကျလာချိန်၌ ၎င်းမှာ အောက်သို့ပြုတ်ကျလာမည့် ကျောက်တုံးကျောက်စိုင်များကြောင့် သူ့ခေါင်းခမျာ တစစီကြေမွသွားတော့မည်လားဟုထင်ခဲ့မိသည်။ သို့သော် မထင်မှတ်ဘဲ ရုတ်ချည်းဆိုသလိုပင် သူ့ခြေထောက်အောက်၌ ဟာလာဟင်းလင်းဖြစ်သွားပြီး မည်သည့်နေရာသို့ရောက်သွားမှန်းမသိရဘဲ ပိန်းပိတ်အောင်မှောင်မည်းနေသောအမှောင်ထုအတွင်းသို့ပြုတ်ကျသွားရလေတော့သည်။

ကျေးငှက်သာရကာများနှင့်ပုစဉ်းရင်ကွဲကောင်များ၏ကျီကျီကျာကျာတေးသီသံများဖြင့်ရောယှက်နေရင်း ခပ်သင်းသင်းမြေသင်းနံ့တို့ကိုဆောင်ကြဉ်းသယ်ယူလာသော အေးမြကြည်သာသည့်လေပြည်လေညင်းလေးများက နှာဝသို့ကလူကျီစယ်ကာ တိုးဝှေ့တိုက်ခတ်သွားကြသည်။

ရွှမ်းကျီးက သူ့လက်ချောင်းများကြား၌ မီးတောက်ငယ်လေးတစ်ခုကိုမဖန်ဆင်းလိုက်ရသေးခင်မှာပင် အဝေးတစ်နေရာမှ လူတစ်ဦးက လက်ထဲတွင်မီးတုတ်တစ်ချောင်းကိုကိုင်ထားရင်း သည်ဘက်သို့ကမန်းကတန်းပြေးလာနေသည်ကို သူတွေ့လိုက်ရသည်။ ၎င်းသည်ကား လူထူးလူဆန်းဖြစ်သော အားလော့ကျင်း၏ဝတ်ပုံစားပုံအတိုင်း တထပ်တည်းတူညီစွာဝတ်ဆင်ထားပြီး ပါးစပ်မှလည်း နတ်ဆရာဘာသာစကားများကို ဗလုံးဗထွေးအော်ဟစ်လို့နေသည်။

ရွှမ်းကျီးက လက်ကိုဆန့်တန်းကာ သူ့ကိုဟန့်တားလိုက်သည်။

“အိုင်း…ခဏလေးနေပါဦးဗျ”

သို့သော် ထိုလူက သူ့ခန္ဓာကိုယ်ကိုဖောက်ထွင်းဖြတ်သန်းသွားပြီး လမ်းငယ်လေးအဆုံးတွင်ရှိသော သစ်သားတဲအိမ်လေးအတွင်းသို့ တန်းတန်းမတ်မတ်ပြေးသွားလေသည်။

ရွှမ်းကျီး: “…….”

ဒါက ဘယ်လိုသရဲကားထဲက မြင်ကွင်းကြီးလဲ….သူ သေသွားတာလား ဒါမှမဟုတ် တစ်ဖက်လူက သေသွားတာလား?

ထိုအခိုက် လက်တစ်ဖက်က သူ့ပုခုံးပေါ်သို့ ရုတ်တရက်ဖိချလာသည်။ ရွှမ်းကျီးက အလိုအလျောက်ပင် ပုခုံးကိုကျုံ့လိုက်ပြီး နောက်လှည့်လိုက်ကာ မီးတောက်ကလေးထွန်းထားသော သူ့လက်ချောင်းများဖြင့် တစ်ဖက်လူ၏လည်မျိုကိုဖမ်းညှစ်လိုက်သည်။ မီးတောက်ကလေးထံမှ အလင်းရောင်က ရှန့်လင်ယွမ်း၏သွေးအလိမ်းလိမ်းပေကျံနေသောမျက်နှာထက်သို့ ဖြာကျလင်းလက်သွားသည်။

“ဒါက ဘယ်နေရာလဲ? ပုံရိပ်ယောင်နယ်မြေလား? ခင်ဗျား….”

ရွှမ်းကျီးမှာ ခုနလေးတင်မှ အားလော့ကျင်းက ‘လူသားဧကရာဇ်’ ဟူသော စကားလုံးများကိုရေရွတ်လိုက်သည်ကို သူ ရုတ်တရက်အမှတ်ရသွားပြီးသကာလ မသိလိုက်မသိဘာသာဖြင့်ပင် သူ့စကားများထဲ၌ မဆိုစလောက်ရိုသေလေးစားသောအငွေ့အသက်တို့ရောစွက်သွားရှာ၏။

“လူကြီးမင်း…ခင်ဗျားက တကယ်ပဲ…..

ဘယ်သူများလဲ?”

*****************

Additional Note:

လူသားဧကရာဇ်

ဒဏ္ဍာရီထဲမှာပြောကြတဲ့ လူသားဧကရာဇ်ဆိုတာက ‘ဖန်ကူ’ခေတ်ရဲ့ သုံးဆက်မြောက်မင်းဧကရာဇ်တစ်ပါးဖြစ်ပါတယ်။ သူရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ တရုတ်နိုင်ငံကို စီရင်စုကိုးစုအဖြစ် ပိုင်းခြားသတ်မှတ်ခဲ့ပြီး နှစ်ပေါင်း ၄၅,၆၀၀ မျှ အဓွန့်ရှည်တည်တံ့ခဲ့ပြီး စည်းလုံးညီညွတ်တဲ့မင်းဆက်တစ်ဆက်ကိုတည်ထောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်

T/N

သတင်းကောင်းလေးတစ်ခုရှိပါတယ်
ဒီဝတ္ထုလေးဟာ ရှစ်လပိုင်းမှာ Manhua အဖြစ်ထွက်ရှိလာတော့မှာပါ။ Pi sama ရဲ့ ပထမဆုံး manhua adaptation ရတဲ့ ဝတ္ထုလေးလည်းဖြစ်ပါတယ်။

အောက်ကပုံကတော့ ကိုယ့်အချစ်တော် အားလော့ကျင်းလေးရဲ့ပုံပါ :33

*****************
Zawgyi

က်ဥ္းေျမာင္းၾကပ္တည္းလွေသာ ဓားျပလိုဏ္ဂူအတြင္း၌ မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္တစ္ခုထြန္းလင္းလို႔လာသည္။ အေမွာင္ထုထဲမွ လူတစ္ေယာက္ထြက္လာ၏။ သူ႕လက္ထဲတြင္ လင္းလက္ေတာက္ပေနေသာ အျဖဴေရာင္ပန္းပြင့္ေလးတစ္ပြင့္ကိုကိုင္ေဆာင္ထားသည္။

ထိုလူက ပိန္သြယ္ေသာကိုယ္လုံးကိုယ္ေပါက္မ်ိဳးရွိသည္။ သူ၏လည္ဇလုပ္ရွိမည့္ေနရာတြင္သာ အနည္းငယ္ဖုေဖာင္းလို႔ေနၿပီး ေယာက်္ားမက် မိန္းမမက်ေသာ လုလင္ပ်ိဳေလးတစ္ေယာက္၏အေငြ႕အသက္မ်ိဳးကိုေပးစြမ္းေနသည္။ သူ၏ရွည္လ်ားေသာဆံေကသာမ်ားကို တစ္ေခါင္းလုံးအျပည့္ ေသးမွ်င္ပါးလ်ေသာ က်စ္ဆံၿမီးအေခ်ာင္းေလးမ်ားအျဖစ္ခြဲက်စ္ထားကာ ဦးေခါင္းေနာက္ဘက္တြင္ ျမင္းၿမီးသဖြယ္စုစည္းခ်ည္ေႏွာင္လို႔ထားသည္။ အေတာ္ေလးကိုႏွစ္လိုဖြယ္ရွိၿပီးဆြဲေဆာင္အားေကာင္းလွေပသည္။ သူ႕မ်က္ႏွာဘယ္ဘက္ျခမ္းတြင္မူ သစ္သားျဖင့္ထြင္းဆစ္ျပဳလုပ္ထားေသာ တေစၦမ်က္ႏွာပုံ မ်က္ႏွာဖုံးတစ္ခုကိုတပ္ဆင္ထား၏။ မ်က္ႏွာဖုံးေပၚရွိမ်က္ႏွာက ၿပဳံးေယာင္သန္းေနသလို လူကိုယ္တိုင္ကလည္း ၿပဳံးေယာင္သန္းေနလ်က္ရွိသည္။ အရည္႐ႊမ္းေသာစပ်စ္သီးတစ္လုံးႏွင့္ဆင္တူသည့္ သူ၏ညာဘက္မ်က္လုံးသည္ကား ႀကီးလည္းႀကီးသလို အေရာင္ေတာက္ပေနလ်က္ရွိကာ အျဖဴႏွင့္အနက္ေရာစပ္ထားေသာဆန႔္က်င္ဘက္အေရာင္ႏွစ္မ်ိဳးတို႔ျဖင့္ လူတကာကိုညွို႔ယူဖမ္းစားလို႔ေန၏။

သူ႕မ်က္ခုံးႏွစ္ခုၾကားတြင္ရွိေနသည့္ အေခါင္းေပါက္ႀကီးတစ္ေပါက္ေၾကာင့္သာမဟုတ္ပါက အႏွီပုဂၢိဳလ္အား တီဗီထဲတြင္ပါေလ့ပါထရွိေသာ တိုင္းတပါးသား လူနည္းစုမ်ိဳးႏြယ္ဝင္အိုင္ေဒါလ္တစ္ေယာက္ဟုပင္ အလြယ္တကူထင္မွတ္သြားေစနိုင္ေလာက္ေပသည္။

႐ႊမ္းက်ီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ကိုေခါင္းစေျခဆုံးအကဲခတ္လိုက္ၿပီးေနာက္ ရွန႔္လင္ယြမ္းကိုလွမ္းၾကည့္လိုက္၏__အခုအသစ္ေရာက္လာသူက ဘယ္သူလဲဆိုတာကို သူမသိ။ ‘အားေလာ့က်င္း’ ဟူသည့္အမည္ကိုလည္း အရင္တုန္းက သူမၾကားဖူးခဲ့ပါေခ်။ သို႔ေသာ္ မုတ္ဆိတ္ႏွင့္လူ၏ေျပာစကားအရဆိုလွ်င္ ေခါင္းတလားထဲတြင္ရွိသည့္အေလာင္း၏မ်က္ခုံးႏွစ္ခုၾကားတြင္ သံမွိုရိုက္သြင္းထားသည္ဟုေျပာခဲ့ဖူးၿပီး ထိုလူ၏မ်က္ခုံးႏွစ္ဖက္ၾကားတြင္လည္း ကြက္တိကိုပင္ အေခါင္းေပါက္တစ္ခုရွိလို႔ေနသည္။ ျဖစ္နိုင္တာက ေရအိုင္ငယ္ေလးထဲတြင္ရွိေနသည့္ ေခါင္းတလားသည္ကား ထိုပုဂၢိဳလ္၏အိပ္ေဆာင္တစ္ခုျဖစ္နိုင္ေပသည္။

အခုတေလာ ဘာေတြျဖစ္ေနတာလဲ? အေလာင္းေတြကို ျပန္အသက္သြင္းတဲ့အလုပ္အကိုင္မ်ိဳးက ေရပန္းစားေနတာလား?

သူတို႔မွာ နတ္ဆရာဂူသခၤ်ိဳင္းထဲတြင္ေရာက္ရွိေနၾကတာျဖစ္ၿပီး အျပင္ဘက္တြင္မူ ႐ုပ္အေလာင္း ေလးေသာင္းေက်ာ္မွ်ရွိေနသည့္ ခန္းမက်ယ္ႀကီးတစ္ခုရွိလို႔ေနသည္။ သို႔ေသာ္ ဤလူငယ္ေလးကေတာ့ သူ႕အတြက္ သီးသန႔္ ‘တစ္ေယာက္ခန္း’ တစ္ခန္းကိုပိုင္ဆိုင္ထား၏။ ေသခ်ာေပါက္ကို ၎သည္ကား ဆိုးသြမ္းယုတ္မာေသာမေကာင္းဆိုးဝါးမ်ား၏အုပ္ခ်ဳပ္သူအရွင္သခင္တစ္ပါးျဖစ္ေပလိမ့္မည္။

ရွန႔္လင္ယြမ္းက ခုနေလးတင္ ထိုအေၾကာင္းကိုေျပာခဲ့ေသးသည္။ နတ္ဆရာေတြရဲ႕ေခါင္းေဆာင္အႀကီးအကဲကို သူတို႔ဘယ္လိုေခၚလိုက္တာပါလိမ့္?

႐ႊမ္းက်ီးက ေမးလိုက္သည္။

“မင္းက နတ္ဆရာမ်ိဳးႏြယ္စုရဲ႕အႀကီးအကဲတစ္ေယာက္လား….ဒါမွမဟုတ္ ပညာရွိပုေရာဟိတ္တစ္ပါးလား?”

အႏွီမ်က္ႏွာဖုံးႏွင့္လူသည္ကား ေရွးေခတ္လူသားတစ္ေယာက္ျဖစ္သည့္အျပင္ တိုင္းတစ္ပါးသားမ်ိဳးႏြယ္ဝင္တစ္ေယာက္လည္းျဖစ္ေနျပန္သည္။ ထိုသူသည္ကား သူတို႔ေခတ္အခါက အမ်ားသုံးဘာသာစကားကိုပင္ ခက္ခက္ခဲခဲေျပာဆိုေနရသူျဖစ္ေလရာ ႐ႊမ္းက်ီး၏ယေန႕ေခတ္စကားမ်ားကိုမူ ဆိုဖြယ္ရာမရွိပါေခ်။ သူက ေသခ်ာေပါက္ကိုနားမလည္သည့္ဟန္ျဖင့္ သူ႕ဦးေခါင္းကိုတစ္ဖက္သို႔ေစာင္းငဲ့လိုက္ကာ မ်က္လုံးအစုံကိုျပဴးက်ယ္ဝိုင္းစက္ေအာင္ဖြင့္လိုက္ရင္းက သူ႕မ်က္ႏွာထက္တြင္ စိတ္အားထက္သန္မႈအျပည့္ႏွင့္စူးစမ္းလိုေသာအမူအရာတို႔ကို အတိုင္းသားလွစ္ဟျပသလာသည္။ အဆိုပါအျပဳအမူသည္ကား အေတာ္ေလးကိုကေလးဆန္ေသာအျပဳအမူမ်ိဳးျဖစ္ၿပီး သူငယ္တန္းအဆင့္ ေက်ာင္းကပြဲမ်ားတြင္အမ်ားဆုံးေတြ႕ျမင္ရေလ့ရွိေသာ အမူအရာမ်ိဳးျဖစ္၏။ အကယ္၍ အသက္ ၁၂ ႏွစ္အ႐ြယ္ကိုေက်ာ္လြန္သြားသူတစ္ေယာက္က ထိုကဲ့သို႔မူႀကိဳအ႐ြယ္အျပဳအမူမ်ားကိုျပဳလုပ္လာမည္ဆိုပါက ၎သည္ကား ႐ူးလွ်င္႐ူး၊ မ႐ူးလွ်င္ေတာင္ စိတ္ေဝဒနာရွင္တစ္ေယာက္ႏွင့္ ဧကန္မုခ်တဴေနမည္ျဖစ္သည္။

သို႔ေသာ္ ဘာရယ္ေၾကာင့္မွန္းမသိ အႏွီထူးဆန္းေသာမ်က္ႏွာဖုံးလူသားတစ္ေယာက္၏ကိုယ္ေပၚတြင္မူ ထိုအျပဳအမူတို႔မွာ စကားလုံးမ်ားျဖင့္ေဖာ္ၫႊန္းဆိုလို႔မရနိုင္ေအာင္ သက္ေတာင့္သက္သာရွိေနသေယာင္။

တစ္စုံတစ္ရာက သူ၏ျဖဴစင္ရိုးသားေသာဟန္ပန္အမူအရာတို႔ကို အတင္းအၾကပ္လုပ္ယူဆြဲေဆာင္ထားသည့္ႏွယ္။

“အႀကီးအကဲ”

ရွန႔္လင္ယြမ္းက သူ႕အစားေျဖေပးလာသည္။

“နတ္ဆရာမ်ိဳးႏြယ္စုရဲ႕ ေနာက္ဆုံးတကာ့ေနာက္ဆုံး အႀကီးအကဲေခါင္းေဆာင္ အားေလာ့က်င္းပဲ”

အားေလာ့က်င္းက သူ႕နာမည္ကိုသူမွတ္မိသြားသည့္ႏွယ္၊ သူ႕မ်က္ႏွာေပၚတြင္ အၿပဳံးပန္းတစ္ပြင့္ကိုပန္ဆင္လိုက္ၿပီး ႐ႊင္ျမဴးတက္ႂကြစြာျဖင့္ ခ်စ္စရာေကာင္းေသာသြားစြယ္ေလးမ်ားကိုထုတ္ေဖာ္ျပသလာ၏။

႐ႊမ္းက်ီးက မ်က္လုံးေထာင့္စြန္းမွေန၍ ေဘးနားတြင္ရွိေနေသာ မိစာၦသခင္ႀကီးကို ဖ်တ္ခနဲတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးသည္။

“ခင္ဗ်ား သူ႕ကိုသိလို႔လား? သူက လူေသလား လူရွင္လား?”

“မင္းေျပာၾကည့္ေလ”

ရွန႔္လင္ယြမ္းက သူ႕ကိုၾကည့္လိုက္သည္။ ႐ႊမ္းက်ီးမွာ သူ႕အေတာင္မ်ားကို အျပည့္အဝျဖန႔္ကားထားလို႔မရနိုင္ဘဲျဖစ္ေနသည့္အတြက္ ယခုအခ်ိန္မွာေတာ့ အႏွီအေတာင္ပံမ်ားကို သူ႕ေနာက္ေက်ာဘက္တြင္သာ သနားစရာေကာင္းစြာထိုးသိပ္ေခါက္သိမ္းထားရရွာသည္။ ထိုအေတာင္ပံမ်ားအေပၚသို႔က်ေရာက္သြားေသာ ရွန႔္လင္ယြမ္း၏အၾကည့္မ်ားကေအးစက္ေတာင့္တင္းလို႔ေနကာ ထိုအရာမ်ားကို ေနာက္တစ္ႀကိမ္ထပ္မၾကည့္လိုသည့္ႏွယ္။

“သူက ပူေဆြးယဇ္ပူေဇာ္ပြဲကေန ဆင့္ေခၚခံထားရတဲ့သူပဲ။ သူက ဘာျဖစ္မလဲဆိုတာ မင္းေျပာၾကည့္ေလ”

႐ႊမ္းက်ီးမွာ ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္စို႐ႊဲသြားၿပီး သူ႕မ်က္လုံးထဲမွတဆင့္ {မိစာၦတစ္ေထာင္အခ်ပ္ပို} စာအုပ္ကို ခိုးေၾကာင္ခိုးဝွက္ဖြင့္ဖတ္လိုက္သည္။ စာအုပ္က သည္တစ္ႀကိမ္မွာေတာ့ သူ႕ကိုစိတ္မပ်က္ေစခဲ့ဘဲ အေျဖတစ္ခုကို ျမန္ျမန္ဆန္ဆန္ျပသလာသည္။

လူသား-မိစာၦ

ေနာက္ထပ္လူသား-မိစာၦတစ္ေကာင္! ဒီေန႕ေခတ္မွာ လူသား-မိစာၦေတြကို အုံလိုက္က်င္းလိုက္ထုတ္လုပ္ေနၾကတာလားဟ?

႐ႊမ္းက်ီး၏စိတ္ထဲတြင္ အေတြးတစ္ခုဝင္လာသည္။ သူက ေခါင္းကိုေစာင္းငဲ့လိုက္ၿပီး {မိစာၦတစ္ေထာင္အခ်ပ္ပို} စာအုပ္အား ရွန႔္လင္ယြမ္းရွိေနသည့္အရပ္မ်က္ႏွာဘက္သို႔ဦးတည္လိုက္သည္။

ကံမေကာင္းအေၾကာင္းမလွစြာပင္ စာအုပ္ေပၚရွိ စာမ်က္ႏွာမ်ားသည္ကား ေနာက္တစ္ႀကိမ္ဗလာက်င္းသြားရွာသည္။

႐ႊမ္းက်ီးက တိတ္တခိုးသက္ျပင္းတစ္ခ်က္ခ်လိဳက္ေစကာမူ ထူးေထြ၍အံ့ဩမေနေတာ့ပါေခ်။ အႏွီစာအုပ္တြင္ ဘာျပႆနာမ်ားရွိေနသလဲဆိုတာကိုမသိေသာ္လည္း ရွန႔္လင္ယြမ္းႏွင့္ပတ္သက္လာတိုင္းတြင္ ထိုစာအုပ္သည္ကား ဗိုင္းရပ္စ္ကူးစက္ခံထားရမႈေၾကာင့္ပ်က္စီးေနသည့္ႏွယ္။ ယခင္တစ္ေခါက္တုန္းက ၎မွာ ေန႕ဝက္ေလာက္ၾကာေအာင္ ႀကိဳးစားပမ္းစား႐ုန္းကန္လႈပ္ရွားၿပီးသြားကာမွ မိစာၦသခင္ႀကီးသည္ကား ေက်ာက္စိမ္းျဖင့္ျပဳလုပ္ထားေသာ႐ုပ္ေသး႐ုပ္တစ္႐ုပ္ျဖစ္သည္ဟူ၍ျပသလာခဲ့သည္။ ထို႔ေနာက္ အခ်ိန္အေတာ္ၾကာသြားေသာအခါတြင္မူ ထိုအရာသည္ကား ‘လူသား-မိစာၦ’ ျဖစ္ေၾကာင္း ေနာက္တစ္ႀကိမ္အမွားျပန္ျပင္ကာ ထပ္မံျပသလာျပန္သည္။ ဤတစ္ႀကိမ္တြင္ေတာ့……

သူက တစ္ကိုယ္တည္း ေစာဒကတက္ကာ မေက်မနပ္ေရ႐ြတ္ေနစဥ္မွာပင္ {မိစာၦတစ္ေထာင္အခ်ပ္ပို} စာအုပ္ေပၚတြင္ ဝိုးတိုးဝါးတားစာသားမ်ားစတင္ေပၚထြက္လာ၏။

အနည္းဆုံးေတာ့ ၎စာအုပ္မွာ ယခင္အေခါက္တုန္းကထက္ အနည္းငယ္ပို၍လ်င္ျမန္သြက္လက္စြာတုံ႕ျပန္လာနိုင္တာပဲျဖစ္သည္။ ႐ႊမ္းက်ီးက အာ႐ုံစုစည္းကာၾကည့္လိုက္ေသာ္ ထိုစာအုပ္သည္ကား တခဏမွ်ခ်ိတုံခ်တဳံျဖစ္ေနၿပီးေနာက္ တစ္လုံးတည္းေသာစကားလုံးတစ္လုံးက စာအုပ္ထဲမွခုန္ထြက္လို႔လာသည္။

ေဘးအႏၲရာယ္ကပ္ဆိုးႀကီး

႐ႊမ္းက်ီး: “……”

ခ်ီးပဲေဟ့! ဒီသုံးစားမရတဲ့အစုတ္ပလုတ္စာအုပ္က တကယ့္ကို ေရာဂါရွိေနတာပဲ!

ရွန႔္လင္ယြမ္းမွာ စိုစြတ္ေနေသာ ဓားျပလိုဏ္ဂူနံရံကို လက္ျဖင့္အမွီျပဳထိန္းကိုင္ထားေနရင္းက အႏွီထူးဆန္းေသာမ်က္ႏွာဖုံးတပ္လူသားထံမွ လြန္ခဲ့ေသာႏွစ္ေပါင္းသုံးေထာင္ခန႔္က ရင္းႏွီးကြၽမ္းဝင္ေနသည့္သံေနသံထားမ်ိဳးျဖင့္ေျပာလာေသာစကားသံကို သူၾကားလိုက္ရသည္။

“ကြၽန္ေတာ့္ကိုေတြ႕ရတာ ေပ်ာ္သြားတယ္မလား၊ လင္ယြမ္းေကာေကာ?”

“အိပ္မက္ကေန လန႔္နိုးလာရသလိုပါပဲလား”

ရွန႔္လင္ယြမ္းက တီးတိုးေရ႐ြတ္ကာတုံ႕ျပန္လိုက္သည္။ သူက အေတြးေရယာဥ္ေၾကာအတြင္း အခ်ိန္တခဏမွ်ၾကာသည္အထိ လြင့္ေမ်ာေနၿပီးကာမွ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး သူ႕လက္တစ္ဖက္ကို အႏွီပုံရိပ္ဆီသို႔ဆန့္္တန္းေပးလိုက္သည္။ သူ၏အားနည္းေဖ်ာ့ေတာ့ေနေသာစကားသံသည္ကား ခ်စ္သူတစ္ဦး၏တီးတိုးစကားသံႏွင့္ပို၍တူလွၿပီး သူက ႏူးညံ့ညင္သာမႈအျပည့္ျဖင့္ဆိုလိုက္သည္။

“အားေလာ့က်င္း…ဒီကိုလာ…ငါ မင္းကိုၾကည့္ရေအာင္”

ရွန႔္လင္ယြမ္းသည္ကား အဆိုပါစကားကို နတ္ဆရာဘာသာစကားျဖင့္ေျပာလိုက္ျခင္းျဖစ္ေလရာ ႐ႊမ္းက်ီးမွာ ထိုစကားမ်ားကိုနားမလည္ပါေခ်။ သို႔ေသာ္ ၎မွာ မိစာၦသခင္ႀကီးထံမွ အႀကိမ္ေပါင္းမ်ားစြာလိမ္လည္လွည့္ျဖားျခင္းကိုခံခဲ့ရဖူးသူျဖစ္သည့္အတြက္ အဆိုပါပိုးသားတမွ်ႏူးညံ့ေခ်ာေမြ႕ညင္သာလြန္းလွေသာစကားသံကိုၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ မသိလိုက္မသိဘာသာျဖင့္ပင္ ေဘးဘက္သို႔ေျခလွမ္းဝက္ခန႔္တိုးေ႐ႊ႕သြားလိုက္မိ၏။ အႏွီလူသည္ကား မဟုတ္တာတစ္ခုခုကို ေနာက္တစ္ႀကိမ္ႀကံစည္ေနၿပီျဖစ္ေၾကာင္း သူခံစားလိုက္ရသည္။

သို႔ေသာ္ အားေလာ့က်င္းကေတာ့ ႐ႊမ္းက်ီးကဲ့သို႔ စိုးရိမ္ေၾကာင့္ၾကစိတ္မ်ိဳးမရွိပါေခ်။ သူက ရွန႔္လင္ယြမ္း၏စကားမ်ားကိုၾကားလိုက္ရခ်ိန္၌ ထိုေနရာတြင္ရပ္ေနလ်က္ ညွိုးေလ်ာ္ေျခာက္ေသြ႕ေနေသာႏြယ္ျမက္သစ္ပင္မ်ားျဖင့္ရက္လုပ္ထားေသာ ဝတ္႐ုံကိုၿခဳံလႊမ္းဝတ္ဆင္ထားသည့္ရွန႔္လင္ယြမ္းအား ငူငူငိုင္ငိုင္ျဖင့္ေငးေမာၾကည့္ရႈေနရွာၿပီး သူ႕မ်က္ႏွာတစ္ျခမ္းေပၚတြင္ နီျမန္းေသာအေသြးအေရာင္တို႔အထက္သို႔ျမင့္တက္လို႔လာသည္။ ထို႔ေနာက္ အဆိုပါနီေစြးေသာအေသြးအေရာင္တို႔က သူ၏မ်က္လုံးအိမ္ေအာက္ေျခထိတိုင္ေအာင္ ဆန္တက္သြားၿပီး သူ၏ဘယ္ဘက္မ်က္ႏွာတစ္ျခမ္းကိုဖုံးအုပ္ထားေသာ မ်က္ႏွာဖုံးသည္ပင္ အငိုမ်က္ႏွာသြင္ျပင္သို႔ေျပာင္းလဲသြားရွာၿပီး သူက ဝမ္းနည္းတႀကီးဆိုလာသည္။

“ကြၽန္ေတာ္ ဒီေနရာမွာပိတ္ေလွာင္ခံထားရတာ အခ်ိန္အၾကာႀကီးရွိေနၿပီ။ ေနာက္ေတာ့ အဲဒီလူေတြရဲ႕ ပူေဆြးယဇ္ပူေဇာ္ပြဲေၾကာင့္ အတင္းအဓမၼလႈပ္နိုးခံခဲ့ရတယ္။ ကြၽန္ေတာ္ အျပင္ဘက္ကိုထြက္ၾကည့္ခ်င္တယ္…..ဒါေပမယ့္ ကြၽန္ေတာ္ အခုဘယ္ေရာက္ေနတာလဲ? ဒီေနရာက တုံးခြၽမ္းပဲလား? တုံးခြၽမ္းမွာ ဘာျဖစ္လို႔ သာမန္လူသားေတြ ဒီေလာက္အမ်ားႀကီးရွိေနရတာလဲ? သူတို႔ေျပာတဲ့စကားေတြကိုလည္း ကြၽန္ေတာ္တစ္လုံးမွနားမလည္ဘူး”

ရွန႔္လင္ယြမ္းက ညင္သာေပ်ာ့ေပ်ာင္းစြာဆို၏။

“အင္း…ငါ သိပါတယ္”

“ကြၽန္ေတာ္ အဲဒီလူရဲ႕ေနာက္ကေန တစ္ခ်ိန္လုံးလိုက္ေနတာ”

အားေလာ့က်င္းက မုတ္ဆိတ္ႏွင့္လူ၏အေလာင္းကိုလက္ညွိုးထိုးျပကာေျပာလာသည္။

“အဲဒီေနာက္ ကြၽန္ေတာ္ ကိုကို႔ရဲ႕အေငြ႕အသက္ကိုရလိုက္တယ္၊ ဒါေၾကာင့္ ကိုကို႔ကိုဆြဲ…ဆြဲေခၚလိုက္တာပဲ…..လင္ယြမ္း တကယ္ပဲ ကိုကိုေနာ္။ ကြၽန္ေတာ္…ကြၽန္ေတာ္ အိပ္မက္မက္ေနတာမဟုတ္ဘူးမလား? ကြၽန္ေတာ္ ကိုကို႔ကို အရမ္းလြမ္းေနခဲ့တာ”

ရွန႔္လင္ယြမ္းက သူ႕ေခါင္းကိုမလႈပ္ရွားဘဲ မ်က္လႊာမ်ားကိုသာေအာက္သို႔ျဖည္းညင္းစြာခ်လိဳက္ၿပီးေနာက္ တဖန္ျပန္၍မ်က္လုံးဖြင့္လိုက္ကာ မ်က္ဝန္းမ်ားျဖင့္ေခါင္းညိတ္ျပလိုက္သည္။ သူ႕အေျဖစကားသံက မၾကားရေလာက္ေအာင္တိုးညင္းလြန္းလွသည္။

“ငါ သိပါတယ္”

အားေလာ့က်င္းက သူ႕ထံသို႔ တစ္လွမ္းခ်င္းတစ္လွမ္းခ်င္းစီေလွ်ာက္လွမ္းလာေနသည္။

“လင္ယြမ္းေကာေကာ….မ်ိဳးႏြယ္စုက က်န္တဲ့လူေတြေရာ?”

ထိုအခိုက္အတန႔္တြင္ မိစာၦသခင္ႀကီး၏မ်က္ႏွာထက္ဝယ္ လွစ္ခနဲျဖတ္ေျပးသြားေသာ ပူေဆြးဝမ္းနည္းမႈအရိပ္အေယာင္တစ္မ်ိဳးကို ႐ႊမ္းက်ီးျမင္လိုက္ရသည္။ ထိုအရိပ္ေလးျဖတ္ေျပးသြားသည္မွာ အလြန္တရာျမန္ဆန္လြန္းလွေပရာ ႐ႊမ္းက်ီးမွာ သူအျမင္ေမွာက္မွားသြားျခင္းသာျဖစ္မည္ဟု ခံစားလိုက္ရသည့္ႏွယ္။

အားေလာ့က်င္းသည္ကား ေမွာ္အတတ္တစ္မ်ိဳးမ်ိဳးျဖင့္ညွို႔ယူစီရင္ျခင္းခံထားရသလို၊ သူက ရွန႔္လင္ယြမ္းဆန႔္တန္းေပးထားသည့္လက္ကို ျဖည္းျဖည္းခ်င္းဆုပ္ကိုင္လိုက္ၿပီး ျပစ္တင္စြပ္စြဲသံစြက္ေနေသာေလသံမ်ိဳးျဖင့္ေျပာလာသည္။

“အျပင္မွာ ေပ်ာ္စရာေကာင္းတဲ့အရာေတြ အမ်ားႀကီးရွိတယ္။ သူတို႔အားလုံး ဘာေတြလုပ္ေနၾကသလဲဆိုတာကို ကြၽန္ေတာ္နားမလည္ဘူး။ ဒါေပမယ့္ နံရံေပၚက ပန္းခ်ီကားခ်ပ္ေတြက သူ႕အလိုလိုလႈပ္ရွားေနၾကၿပီး လမ္းမႀကီးေပၚမွာလည္း သံမဏိပိုးေကာင္ေတြက တဝီဝီနဲ႕သြားလာေနၾကတယ္။ ညဘက္မွာဆိုရင္ ေရာင္စုံအလင္းေရာင္ေတြက ေနရာတိုင္းမွာထြန္းလင္းေတာက္ပေနၾကသလို လမ္းေတြထဲမွာလည္း သင္းပ်ံ့တဲ့ေမႊးရနံ႕ေတြထုံမႊမ္းေနၾကတယ္၊ ပြဲေဈးတန္းကလည္း ေန႕တိုင္းနီးပါးရွိသလိုပဲ။ ႏွစ္သစ္ကူးပြဲေတာ္ခ်ိန္ခါထက္ေတာင္ ပိုၿပီးစည္ကားသိုက္ၿမိဳုက္ေနတာပဲ….”

အားေလာ့က်င္း၏စကားသံက ႐ုတ္တရက္တိုးတိမ္သိမ္ဝင္သြား၏။

“သူတို႔အားလုံး ေပ်ာ္႐ႊင္ေနၾကတယ္…လင္ယြမ္းေကာေကာ”

ရွန႔္လင္ယြမ္း၏လည္မ်ိဳက မဆိုစေလာက္သိမ့္ခနဲလႈပ္ခတ္သြားၿပီး သူက အားေလာ့က်င္း၏လက္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားလိုက္သည္။

႐ႊမ္းက်ီးသည္ကား နတ္ဆရာဘာသာစကားကိုနားမလည္သည့္တိုင္ေအာင္ ပတ္ဝန္းက်င္အေျခအေနကိုေတာ့ ဖတ္ရႈအကဲခတ္တတ္ပါ၏။ သူက အလိုအေလ်ာက္ပင္ အလန႔္တၾကားေအာ္ဟစ္သတိေပးလိုက္ေလသည္။

“သတိထား!”

သူ႕စကားမဆုံးေသးခင္မွာပင္ အားေလာ့က်င္း၏မ်က္ႏွာဖုံးထက္တြင္ရွိေနသည့္ ဝမ္းနည္းပူေဆြးေနသည့္မ်က္ႏွာသြင္ျပင္က ႐ုတ္တရက္ ၾကမ္းတမ္းခက္ထန္ေသာ႐ုပ္သြင္အျဖစ္သို႔ေျပာင္းလဲသြားေလေတာ့သည္။

“ဒါေပမယ့္ သူတို႔ေတြက ဘာျဖစ္လို႔ေပ်ာ္ေနနိုင္ၾကတာလဲ? ကြၽန္ေတာ္ အရမ္းမုန္းတယ္…”

ပန္းမာလာမ်ားျဖင့္ေဝဆာပြင့္လန္းေနသည့္ႏြယ္ပင္တစ္အုပ္က သူ႕ေနာက္ေက်ာဘက္မွ ႐ုတ္ခ်ည္းထြက္ေပၚလို႔လာသည္__ဂူနံရံထက္တြင္ရွိေနသည့္ ေသြးထြက္တတ္ေသာ ႏြယ္ပင္မ်ားႏွင့္အမ်ိဳးအစားအတူတူပင္ျဖစ္သည္။ ၎ႏြယ္ပင္မ်ားက နိမိတ္မေကာင္းေသာရနံ႕မ်ားကိုေဆာင္ၾကဥ္းကာ ရွန႔္လင္ယြမ္းဆီသို႔ တရွိန္ထိုးေျပးဝင္လာၾကၿပီး ႐ႊမ္းက်ီးကိုပါလမ္းတစ္ေလွ်ာက္ျဖတ္တိုက္သြားၾကေလ၏။

႐ႊမ္းက်ီးခမ်ာ ေခါင္းကိုလက္ျဖင့္အုပ္ကာ ႂကြက္မ်ားကဲ့သို႔ခိုးေၾကာင္ခိုးဝွက္ထြက္ေျပးသြားရရွာသည္။

“ခ်ီးပဲဟ!”

တစ္ခ်ိန္တည္းလိုလိုပင္ ရွန႔္လင္ယြမ္းသည္ကား အားေလာ့က်င္းကို သူ႕ထံသို႔အၾကမ္းပတမ္းေဆာင့္ဆြဲလိုက္ၿပီးသကာလ လွ်ပ္စီးကဲ့သို႔အလ်င္ႏႈန္းျဖင့္ အားေလာ့က်င္း၏လည္မ်ိဳုကို သူ႕လက္ျဖင့္ဖ်စ္ညွစ္ဆုပ္ကိုင္ထားလိုက္သည္။ အားေလာ့က်င္းမွာ ရွန႔္လင္ယြမ္းထက္ အနည္းဆုံးေခါင္းတစ္ဝက္စာမွ်အရပ္နိမ့္ေနေသာေၾကာင့္ သူ႕ေျခေထာက္အစုံက ေျမႀကီးထက္တြင္တြဲေလာင္းျဖစ္ေနလ်က္ နံရံထက္ဝယ္ဖိကပ္ခံထားရရွာသည္။ ႏြယ္ပင္မ်ားက ရွန႔္လင္ယြမ္း၏လက္မ်ားတစ္ေလွ်ာက္ရစ္ပတ္တြယ္တက္လာၾကၿပီး ႏြယ္ပင္မ်ားႏွင့္ထိေတြ႕မိေသာ ေနရာတိုင္းရွိ သူ၏အေရျပားႏွင့္အသားလႊာမ်ားမွာဆြဲၿဖဲခံလိုက္ရရွာသည္။ သို႔ေသာ္ ရွန႔္လင္ယြမ္းမွာ နာက်င္မႈကိုမခံစားရသလို။ သူ႕ဒဏ္ရာမ်ားကိုလည္း တစ္ခ်က္ေလးေတာင္မၾကည့္ဘဲ တစ္ခုခုကို အသံတိတ္႐ြတ္ဆိုေနသည့္ႏွယ္၊ သူတို႔ေနာက္ေက်ာဘက္မွ တဝီဝီျမည္သံမ်ားကိုၾကားလိုက္ရသည္။ ထို႔ေနာက္တြင္ေတာ့ မဲနက္ေသာ မဟူရာေရာင္သံမွိုရွည္မ်ားစြာတို႔က ေရအိုင္ထဲမွပ်ံထြက္လို႔လာၾကသည္။ သံမွိုတစ္ေခ်ာင္းခ်င္းစီတိုင္းက အနည္းဆုံး ၁၅ စင္တီမီတာခန႔္ရွည္လ်ားၾက၏။ ရွန႔္လင္ယြမ္းက လက္တစ္ဖက္ကိုဆန႔္ထုတ္လိုက္ၿပီး သံမွိုတစ္ေခ်ာင္းကိုလွမ္းဖမ္းလိုက္ကာ အလြန္အင္မတန္လ်င္ျမန္လြန္းလွေသာအရွိန္ႏႈန္းျဖင့္ အားေလာ့က်င္း၏မ်က္ခုံးႏွစ္ဖက္ၾကားသို႔ ရိုက္သြင္းလိုက္ၿပီး လ်င္ျမန္ၿပီးအၾကင္နာတရားကင္းမဲ့ေသာေစ့စပ္တိက်မႈမ်ိဳုးျဖင့္ အႏွီမ်က္ႏွာဖုံးတပ္ေကာင္ေလး၏ရန္ၿငိဳးအာဃာတလႊမ္းေသာအမူအရာမ်ားကို နဂိုမူလေနရာတြင္ပင္ သံမွိုစြဲထားလိုက္ေလေတာ့သည္!

ရွန႔္လင္ယြမ္း၏ေမးရိုးႏွင့္လည္တိုင္တစ္ဝိုက္တြင္ ေသြးမ်ားျဗန္းခနဲစင္သြား၏။ သူ႕အေရျပားကိုေသြးမ်ားစင္သြားသည့္ေနရာတိုင္းတြင္ မီးအပူေလာင္သလိုဒဏ္ရာမ်ားျဖစ္ေပၚလို႔လာသည္။ ထို႔ေနာက္တြင္မူ ဆစ္ခနဲျမည္သံတို႔ထြက္ေပၚလာၿပီး အဆိုပါ ေသြးနီေရာင္အမွတ္အသားဒဏ္ရာမ်ားက စကၠန႔္ပိုင္းအတြင္းမွာပင္ အနာက်က္သြားေလေတာ့သည္။

ရွန႔္လင္ယြမ္း၏မ်က္ႏွာအမူအရာက ယခင္အတိုင္းမေျပာင္းမလဲရွိလို႔ေနၿပီး ခ်စ္ျခင္းေမတၱာအၾကင္နာတရားမ်ားျဖင့္ျပည့္ႏွက္ေနဆဲပင္ျဖစ္သည္။ သူက မ်က္ႏွာဖုံးတပ္ေကာင္ေလး၏နားနားသို႔ကပ္လာၿပီး တိုးညင္းစြာေျပာလိုက္သည္။

“မင္းမေပ်ာ္ဘူးဆိုရင္ မ်က္လုံးေတြကိုပိတ္ထားလိုက္၊ ထပ္မၾကည့္နဲ႕ေတာ့ေလ”

႐ႊမ္းက်ီး: “……”

သူက ခုနတုန္းက ဘယ္သူ႕ကိုသြားၿပီး သတိထားဖို႔ေျပာေနမိတာလဲ?

ဒါက ေသခ်ာေပါက္ကို တစ္ေကာင္နဲ႕တစ္ေကာင္ ရန္ျဖစ္သတ္ပုတ္ေနၾကတဲ့ သားရိုင္းဝံပုေလြႏွစ္ေကာင္ပဲ!

အားေလာ့က်င္း၏မ်က္ႏွာဖုံးေပၚရွိအမူအရာတို႔က ျပန္လည္၍တည္ၿငိမ္သြားသည္။ သူ၏ဗလာက်င္းေနေသာအၾကည့္မ်ားက သူႏွင့္လက္တစ္ကမ္းအကြာတြင္ရွိေနေသာ ရွန႔္လင္ယြမ္းေပၚသို႔က်ေရာက္ေနလ်က္ရွိၿပီး ၎မွာ စကားလုံးအခ်ိဳ႕ကိုျပတ္ေတာင္းျပတ္ေတာင္းျဖင့္ ဗလုံးဗေထြးေရ႐ြတ္ေျပာဆိုလာသည္။

“ကြၽန္ေတာ့္မ်က္လုံးေတြကိုဖြင့္လိုက္ေတာ့…..ခင္ဗ်ားကိုေတြ႕လိုက္ရတယ္….ကြၽန္ေတာ္ကအိပ္မက္မက္ေနတယ္လို႔ပဲထင္ေနတာ….ဒါေပမယ့္ ဒါက ေနာက္ဆုံးေတာ့ အိပ္မက္တစ္ခုမဟုတ္ဘူးပဲ…”

ရွန႔္လင္ယြမ္းကျပန္မေျဖပါေခ်။ သူက က်န္ေသာသံမွိုရွည္မ်ားကို အားေလာ့က်င္း၏ေျခလက္ေလးဖက္လုံးထဲသို႔ အလ်င္အျမန္ရိုက္သြင္းလို႔ေနသည္။

“ခင္ဗ်ားက အစစ္အမွန္ပဲ၊ ပိရွ”

အားေလာ့က်င္းက ႐ုတ္တရက္ ေရွးေဟာင္း ‘ယာ’ စကားကိုေျပာင္းလဲေျပာဆိုလိုက္သည္။

“ခင္ဗ်ားကလြဲရင္ ဘယ္သူကမ်ား ဒီေလာက္ရက္စက္ယုတ္မာၿပီး အသည္းႏွလုံးမရွိတဲ့လူတစ္ေယာက္ျဖစ္နိုင္မွာတဲ့လဲ? ဘယ္သူကမ်ား သည္လိုအၾကင္နာတရားကင္းမဲ့တဲ့ လူသားဧကရာဇ္ေနရာနဲ႕သင့္ေလ်ာ္လိုက္ဖက္မွာတဲ့လဲ?”

႐ႊမ္းက်ီးသည္ကား အႏွီယာစကားမ်ားကိုေတာ့ နားလည္သည့္အျပင္ စကားအဆုံးတြင္ရွိေနသည့္ ဂုဏ္ပုဒ္တစ္ခုကိုလည္းဖမ္းယူလိုက္နိုင္ခဲ့သည္။ လွ်ပ္တျပက္အတြင္းမွာပင္ ၎မွာ မယုံၾကည္နိုင္စြာျဖင့္ ရွန႔္လင္ယြမ္း၏ေနာက္ေက်ာျပင္ကိုလွမ္းၾကည့္လိုက္မိသည္။ သူ၏နားတစ္စုံကလည္း {မိစာၦတစ္ေထာင္အခ်ပ္ပို} စာအုပ္ကဲ့သို႔ ဗိုင္းရပ္စ္ေရာဂါပိုးမ်ားကူးစက္ခံလိုက္ရေလသလားဟု သံသယဝင္မိသြားေတာ့သည္။

ေရွးေဟာင္းဘာသာစကားမ်ားႏွင့္ပတ္သက္သည့္ သူ၏အၾကားစြမ္းရည္က အဆင့္ ၄ ကိုမေက်ာ္လြန္ေပမယ့္….သူသာ အၾကားမမွားခဲ့ဘူးဆိုရင္  ထိုေကာင္ေလးက ခုနတုန္းက ‘လူသားဧကရာဇ္’ ဆိုၿပီးေျပာလိုက္သလားလို႔?

ေနာက္ဆုံးေသာသံမွိုရွည္တစ္ေခ်ာင္းက အားေလာ့က်င္း၏ခႏၶာကိုယ္ကိုထိုးေဖာက္သြားၿပီး ‘ဂ်ိဳင္း’ ခနဲျမည္သံတစ္သံႏွင့္အတူ ၎မွာ သူ႕ေနာက္တြင္ရွိေနသည့္ဂူနံရံထက္ဝယ္ သံမွိုစြဲရိုက္ထားျခင္းခံလိုက္ရရွာသည္။ ထူးဆန္းေသာမ်က္ႏွာဖုံးႏွင့္ေကာင္ေလးမွာ တုတ္တုတ္မွမလႈပ္ရွားေတာ့ပါေခ်။ လိုဏ္ဂူအတြင္း အပ္က်သံပင္ၾကားရေလာက္သည္အထိတိတ္ဆိတ္ၿငိမ္သက္သြား၏။ ႐ႊမ္းက်ီးသည္ပင္ တဒိန္းဒိန္းခုန္ေနေသာသူ႕ႏွလုံးခုန္သံကို သူျပန္ၾကားေနရေလသည္။

“ခင္ဗ်ား….”

သူ႕အၾကည့္မ်ားက ရွန႔္လင္ယြမ္း၏ကိုယ္ေပၚသို႔စူးစိုက္စြဲၿမဲစြာက်ေရာက္သြားသည္။ သို႔ေသာ္ ထိုစကားတစ္လုံးကိုေရ႐ြတ္ၿပီးခ်ိန္မွာပင္ ၎မွာ မသိလိုက္မသိဘာသာျဖင့္ပင္ ပို၍ယဥ္ေက်းေသာစကားအေခၚအေဝၚတစ္ခုကိုေျပာင္းလဲသုံးႏႈန္းလိုက္မိသည္။

“လူႀကီးမင္း*….”

(*သူက ပိုၿပီးယဥ္ေက်းတဲ့ “您”  ဆိုတဲ့ အသုံးအႏႈန္းကိုေျပာင္းလဲေခၚေဝၚလိုက္တာပါ)

ထိုအခ်ိန္မွာပင္ လိုဏ္ဂူက ႐ုတ္တရက္စတင္တုန္ခါလာၿပီး ႐ႊမ္းက်ီး၏စကားသံမွာျပတ္ေတာက္သြားရွာေတာ့သည္။ က်ဥ္းေျမာင္းေသာ ဓားျပလိုဏ္ဂူငယ္ေလးသည္ကား ေဘးတစ္ဖက္တစ္ခ်က္ဆီမွေန၍ အတြင္းဘက္သို႔ၿပိဳက်လာသည္။ ထြက္ေျပးစရာေနရာလည္းရွိမေနသည့္အတြက္ သူတို႔ႏွစ္ဦးစလုံးမွာ ႐ုတ္တရက္ အထဲတြင္ပိတ္မိသြားရွာ၏။

က်ယ္ေလာင္ေသာ႐ူးႏွမ္းႏွမ္းရယ္သံတစ္သံက ေလးဖက္ေလးတန္ေနရာအႏွံ႕မွပ်ံ့ႏွံ႕ထြက္ေပၚလို႔လာသည္။ ထိုအသံမွာ လက္ရွိအခ်ိန္၌ ဂူနံရံထက္တြင္ သံမွိုရိုက္ကပ္ထားျခင္းခံေနရေသာ အားေလာ့က်င္းထံမွထြက္ေပၚလာျခင္းျဖစ္ေလသည္!

ေျမျပင္ထက္တြင္မူ ယန္ေခ်ာင္မွာ ကားေနာက္ခန္းထဲတြင္ တင္ပုလႅင္ေခြထိုင္ေနရင္း သူ႕မ်က္လုံးမ်ားကိုမွိတ္ထားကာ တရားထိုင္ေနသည့္ႏွယ္။ သူ႕လက္ထဲတြင္မူ ႐ႊမ္းက်ီးျပဳတ္က်က်န္ခဲ့ေသာ လက္ပတ္နာရီတစ္လုံးကိုကိုင္ထား၏။ ယာဥ္ေမာင္းထိုင္ခုံတြင္ထိုင္ေနေသာ ေလာင္ေလာ္ႏွင့္ ဖ်င္ခ်န႔္႐ူတို႔မွာ အသံတစ္ခ်က္မွမထြက္ရဲရွာပါေခ်။ ‘သူႏွင့္စၾကာဝဠာႀကီး၏ဆက္သြယ္မႈ’ ကိုအေႏွာင့္အယွက္ျပဳမိသြားမွာစိုးေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္လည္း ယန္ေခ်ာင္ႏွင့္ ‘စၾကဝဠာ’အဘိုးအိုႀကီးတို႔၏စကားစျမည္ဆက္သြယ္ေျပာဆိုမႈသည္ကား တစ္ႀကိမ္စတင္လိုက္သည္ႏွင့္အဆုံးမရွိေတာ့လိမ့္မည္ဟု မည္သူကထင္ပါအံ့နည္း။
ယခုမူ ထမင္းစားခ်ိန္ကိုေတာင္ေက်ာ္လြန္သြားၿပီျဖစ္သည္။ ဖ်င္ခ်န႔္႐ူခမ်ာ ဗိုက္ဆာလြန္းသျဖင့္ ကတုန္ကယင္ပင္ျဖစ္ေနရွာသည္။ သူမက သတိႀကီးစြာထားၿပီး သူမ၏အိတ္ကပ္ထဲမွ အခြံမာသီးတစ္လုံးကိုလက္ႏွစ္ေခ်ာင္းျဖင့္ညွပ္ထုတ္ယူလိုက္ၿပီး ပါးစပ္ထဲသို႔ လွစ္ခနဲပစ္သြင္းလိုက္သည္။ သို႔ေသာ္ ယန္ေခ်ာင္က ႐ုတ္တရက္မ်က္လုံးပြင့္လာသည့္အတြက္ ဖ်င္ခ်န႔္႐ူမွာ ဆက္မဝါးရဲေတာ့ပါေခ်။

ယန္ေခ်ာင္: “အစ္မ….ကြၽန္ေတာ့္ကိုလည္း နည္းနည္းေလာက္ေကြၽးပါလား?”

ဖ်င္ခ်န႔္႐ူ: “…..”

သူမက အခြံမာသီးအထုပ္တစ္ထုပ္လုံးကို ယန္ေခ်ာင္လက္ထဲသို႔ထိုးထည့္ေပးလိုက္သည္။

“ဒါနဲ႕ ဘာေတြျဖစ္ေနတာလဲ? နင္ တစ္ခုခုကိုအာ႐ုံခံလို႔ရၿပီလား? ငါတို႔ နီးလာၿပီလား?”

ယန္ေခ်ာင္သည္လည္းပဲ ထူးျခားစြမ္းရည္ရွိသူတစ္ဦးျဖစ္သည္။ သို႔ေသာ္ ျပန္လည္ျပဳျပင္ေရးဌာန၌ ထိုကဲ့သို႔ေသာ လူ (၁၀) ေယာက္တြင္ (၈) ေယာက္ေလာက္၏ထူးျခားစြမ္းရည္မ်ားက လက္ေတြ႕တြင္သုံးစားလို႔မရနိုင္ေသာစြမ္းရည္မ်ားျဖစ္ေနၾကသည္။ ၎မွာ ‘စိတ္စြမ္းအင္’ အမ်ိဳးအစားထူးျခားစြမ္းရည္ထဲတြင္ ပါသည္ဆို႐ုံေလးပါဝင္ေနသည့္တိုင္ေအာင္ ေရွ႕တန္းကြင္းဆင္းနယ္ေျမအတြင္း လက္ေထာက္တစ္ဦးအျဖစ္လုပ္ကိုင္ခဲ့ဖူးေသာ ပိခြၽင္းရွန္းလိုမ်ိဳးမဟုတ္ပါေခ်။ သူ႕ထံတြင္ တမူထူးျခားၿပီး အကင္းပါးေသာ အာ႐ုံခံစားမႈစြမ္းရည္တစ္မ်ိဳးရွိၿပီး သူ႕အနားတြင္ရွိေနသည့္လူမ်ား၏ ျပင္းျပေသာစိတ္ခံစားခ်က္မ်ားကိုအာ႐ုံခံစားနိုင္သလို လူမ်ား၏ပိုင္ဆိုင္ေသာပစၥည္းမ်ားမွတဆင့္ ထိုသူတို႔၏တည္ေနရာႏွင့္ခႏၶာကိုယ္အေျခအေနကိုလည္း အာ႐ုံခံစားနိုင္စြမ္းရွိသူျဖစ္သည္__သို႔ေသာ္လည္း အႏွီထူးျခားစြမ္းရည္သည္ကား အနံ႕ခံေခြးတစ္ေကာင္ကဲ့သို႔ တိက်ေသခ်ာမႈမ်ိဳးမရွိသည့္အတြက္ ၎မွာ ထိုအရည္အခ်င္းကို အသုံးခ်ရန္ မ်ားမ်ားစားစားအခြင့္အေရးမရရွိခဲ့ေလရာ ေကာင္းေကာင္းေလ့က်င့္ဖို႔ရာလည္း အခြင့္မသာခဲ့ပါေခ်။

“အိုင္း….ေျပာလို႔မရဘူး…အစ္မလည္းသိသားပဲ၊ ကြၽန္ေတာ့္ရဲ႕ ဒီစြမ္းရည္က ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတာ၊ အခုေလးတင္ ႐ုတ္တရက္ႀကီး ဘာမွထပ္ၿပီး အာ႐ုံခံလို႔မရေတာ့ျပန္ဘူး”

ယန္ေခ်ာင္က စိတ္ရႈပ္ေထြးေနသလိုအမူအရာျဖင့္ေျပာလာသည္။

“ကြၽန္ေတာ္တို႔ သူတို႔ကိုေက်ာ္သြားတာပဲလား…ဒါမွမဟုတ္…သူတို႔ေတြ…”

“ဖီ-ဖီ-ဖီ…..”

ဖ်င္ခ်န႔္႐ူက သူ႕စကားကိုၾကားျဖတ္လိုက္ၿပီး လက္ကိုဆန့္္ကာ ေလာင္ေလာ္၏ကားထိုင္ခုံေနာက္ေက်ာကို လက္ျဖင့္ ရိုက္ပုတ္ကာေျပာလိုက္သည္။

“ငါတို႔ ေသခ်ာေပါက္ ေက်ာ္သြားတာပဲျဖစ္မွာပါ…အစ္ကိုေလာ္….ျမန္ျမန္ ကားကိုေနာက္ျပန္လွည့္လိုက္ေတာ့!”

“ဘာကိုေနာက္ျပန္လွည့္ရမွာလဲ! အေဝးေျပးလမ္းမႀကီးေပၚမွာ ေနာက္ျပန္လွည့္လို႔မရဘူးေလ! တပ္ကူအဖြဲ႕ေတြက ဘယ္ေတာ့မွေရာက္လာမွာလဲဟ”

ေလာ္ေခြၽ႕ေခြၽ႕က ကိုယ့္အေၾကာင္းကိုသိေနသည့္ဟန္ျဖင့္ တဗ်စ္ေတာက္ေတာက္ညည္းတြားလိုက္ေလသည္။

“ဒါရိုက္တာ႐ႊမ္းကိုရွာဖို႔ ငါတို႔သုံးေယာက္ကိုအားကိုးၾကတယ္ေပါ့ေလ….တကယ္လို႔ ငါတို႔သာ ဒီေလာက္အားကိုးလို႔ရရင္ ျပန္လည္ျပဳျပင္ေရးဌာနမွာ ဘာလုပ္ဖို႔ေနေနဦးမွာလဲ?”

ထိုအခိုက္ ယန္ေခ်ာင္၏ဖုန္းက အသံျမည္လာသည္။

“ဟယ္လို…ဒါရိုက္တာေရွာင္း…..”

ယန္ေခ်ာင္က တခဏမွ်နားေထာင္ေနၿပီးေနာက္ ႐ုတ္တရက္ မတ္မတ္ထိုင္လိုက္ကာေျပာလာသည္။

“ဒါရိုက္တာေရွာင္းက ‘ေလနတ္ဘုရားအဖြဲ႕’ ကိုေစလႊတ္လိုက္ၿပီတဲ့…သူက ငါတို႔ရဲ႕တည္ေနရာကိုေတာင္းေနတယ္”

တစ္ခ်ိန္တည္းလိုလိုပင္ ဖုန္လိုင္ညီလာခံအတြင္း၌ရွိေနေသာ ယြဲ႕သယ္ဘိုးဘိုး၏ဖုန္းမွာလည္း တုန္ခါသြား၏။ အနက္ေရာင္တ႐ုတ္သင္တိုင္းအကၤ်ီရွည္ကိုဝတ္ဆင္ထားေသာ အဘိုးႀကီးက ေရေသာက္သလိုႏွင့္ ဖုန္းမ်က္ႏွာျပင္ကို ခိုးၾကည့္လိုက္သည္။ တစ္စုံတစ္ေယာက္က Wechat မွေန၍ သူ႕ထံသို႔ စာတိုတစ္ေစာင္ပို႔လာျခင္းျဖစ္သည္။

“DCO က တစ္ခုခုႀကိတ္ႀကံေနၿပီနဲ႕တူတယ္…..ေလနတ္ဘုရားအဖြဲ႕က တုံးခြၽမ္းေလဆိပ္ကိုေရာက္လာၾကၿပီ”

ယြဲ႕သယ္ဘိုးဘိုးက ဟန္အမူအရာမပ်က္ေအာင္ထိန္းလိုက္ကာ ျပန္စာတစ္ေစာင္ျပန္ပို႔လိုက္သည္။

“အဲ့ေတာ့ ဘာျဖစ္လဲ? ခႏၶာကိုယ္က တည့္မတ္ေနသေ႐ြ႕ အရိပ္ေစာင္းမွာကို ေၾကာက္ေနစရာမလိုဘူး”

အခ်ိန္ခဏၾကာၿပီးခ်ိန္မွေတာ့ တစ္ဖက္မွ ေနာက္ထပ္စာတစ္ေစာင္ဝင္လာၿပီး ထိုစာမွာ ခ်က္ခ်င္းပင္အဖ်က္ခံလိုက္ရရွာသည္။

“ဆရာ….သူတို႔ေလယာဥ္ေပၚက ဆင္းလာၾကၿပီ၊ ၾကည့္ရတာ ကြၽန္ေတာ္တို႔ရဲ႕ မိုင္းတြင္းကို တန္းတန္းမတ္မတ္သြားေနၾကတဲ့ပုံပဲ။ ကြၽန္ေတာ္တို႔ ဘာလုပ္ရမလဲ?”

ယြဲ႕သယ္ဘိုးဘိုး၏မ်က္ႏွာေပၚတြင္ အရိပ္တစ္ခုလွစ္ခနဲျဖတ္ေျပးလို႔သြား၏။

‘မိုင္းတြင္း’ ဟုေခၚဆိုၾကေသာေနရာသည္ကား ေရွးေဟာင္းဂူသခၤ်ိဳင္းတစ္ခုျဖစ္ၿပီး တုံးခြၽမ္းေဒသတြင္ရွိေသာ ယြဲ႕သယ္ကုန္း၏ေရွးဘိုးဘြားဘီဘင္တို႔က ေနာက္မ်ိဳးဆက္မ်ားအတြက္ခ်န္ထားေပးခဲ့ေသာ အဖိုးမျဖတ္နိုင္သည့္အေမြအႏွစ္ပစၥည္းတစ္ခုျဖစ္သည္။ ယြဲ႕သယ္ဘိုးဘိုးတို႔မ်ိဳးဆက္သို႔ေရာက္လာခ်ိန္၌ ဂူသခၤ်ိဳင္း၏အေပၚယံလႊာမ်ားမွာ တူး၍ကုန္သေလာက္ျဖစ္ေနၿပီျဖစ္ၿပီး ထိုေနရာမွေအာက္သို႔ဆက္ဆင္းသြားမည္ဆိုပါက တားျမစ္နယ္ေျမသို႔ေရာက္ရွိသြားမည္ျဖစ္သည္__ယုံတမ္းစကားမ်ားအရဆိုလွ်င္ ထိုေနရာသို႔ဆင္းသြားၾကသူမ်ားအနက္ တစ္ေယာက္တစ္ေလမွ အသက္ရွင္လ်က္ျပန္တက္မလာနိုင္ၾကေတာ့ၿပီဟူ၍ျဖစ္သည္။

ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားသည္ကား သာမန္လူသားမ်ားထက္စာလွ်င္ ပို၍ထက္ျမက္စူးရွေသာအာ႐ုံခံစားနိုင္စြမ္းမ်ားရွိၾကသည္။ သတိေပးေနစရာမလိုဘဲႏွင့္ေတာင္မွ ထိုတားျမစ္နယ္ေျမက အႏၲရာယ္ရွိသည္ဆိုတာကို သူတို႔အာ႐ုံခံစားနိုင္ၾက၏။ သို႔ျဖစ္ရာ ယြဲ႕သယ္ဘိုးဘိုးသည္ကား ငယ္စဥ္ကတည္းကပင္ ထိုေအာက္သို႔ဆင္းသြားၾကည့္ရန္ စိတ္ကူးမ်ိဳးစိုးစဥ္းမွ်ရွိမေနခဲ့ပါေခ်။ ေနာက္ဆုံး၌ အျပင္ဘက္ပတ္ဝန္းက်င္တဝိုက္တြင္ရွိေနသည့္အရာမ်ားႏွင့္ေတာင္မွပင္ သူတို႔၏ေနာင္မ်ိဳးဆက္ေပါင္းမ်ားစြာကို အက်ိဳးျပဳနိုင္ရန္လုံေလာက္ေနၿပီျဖစ္သည္။ ထိုအထဲတြင္ မေရမတြက္နိုင္ေအာင္မ်ားျပားလွေသာ ေရွးေဟာင္းက်မ္းစာအုပ္အေျမာက္အျမားရွိၾကၿပီး အနည္းငယ္ေလာက္ကိုသာ ေရွးေခတ္ဟန႔္လက္ေရးလက္သားမ်ိဳးျဖင့္ေရးသားထားၾကသည္။ အမ်ားစုကိုေတာ့ လွ်ို႔ဝွက္နက္နဲေသာ လက္ေရးသေကၤတမ်ားျဖင့္ေရးသားထားျခင္းျဖစ္သည္။ ယြဲ႕သယ္ဘိုးဘိုးႏွင့္အျခားလူမ်ားက ဘာသာေဗဒပညာရွင္အဖြဲ႕တစ္ဖြဲ႕ကိုဖြဲ႕စည္းလိုက္ကာ အဆိုပါလွ်ို႔ဝွက္နက္နဲေသာ လက္ေရးသေကၤတမ်ားကို ဝွက္စာေဖာ္ရန္ႀကိဳးစားခဲ့ၾကသည္။ သို႔ေသာ္ ယခုအခ်ိန္ထိတိုင္ေအာင္  အစိတ္အပိုင္းအနည္းအက်ဥ္းေလာက္ကိုသာ ဝွက္စာေဖာ္နိုင္ခဲ့ေလသည္။ ထိုအစိတ္အပိုင္းအနည္းငယ္ေလာက္ျဖင့္ေတာ့ အဓိပၸာယ္ေဖာ္ရခက္သည့္စာသားမ်ားအလုံးစုံကို သူတို႔နားလည္ဖို႔ရာမျဖစ္နိုင္ေပ။ သို႔ေသာ္ သူတို႔နားလည္ေသာတစ္စိတ္တစ္ပိုင္းေလာက္ကပင္ သူတို႔အား သူတို႔၏ၿပိဳင္ဘက္မ်ားထက္ ေခါင္းတစ္လုံးပိုျမင့္သြားေစကာ ၾကက္ေပါက္ကေလးမ်ား၏ေရွ႕မွဦးေဆာင္နိုင္ေသာ ႀကိဳးၾကာငွက္မ်ားျဖစ္လာခဲ့ၿပီး တုံးခြၽမ္းကိုလႊမ္းမိုးခ်ဳပ္ကိုင္ထားနိုင္သည္အထိျဖစ္လာေစခဲ့သည္။

ေရွးေဟာင္းဂူသခၤ်ိဳင္းအတြင္း၌ ေရွးေဟာင္းက်မ္းစာအုပ္မ်ားအျပင္ ပို၍တန္ဖိုးရွိေသာအရာမ်ားသည္ကား သမိုင္းဦး ‘မႏၲန္အစီအရင္’ မ်ားပင္ျဖစ္သည္။

‘မႏၲန္အစီအရင္’ မ်ားႏွင့္ပတ္သက္သည့္ သေဘာတရားမ်ားကို ေျမႀကီးေအာက္ထဲမွတူးေဖာ္ရရွိခဲ့ေသာ ေရွးေဟာင္းဟန႔္စကားလုံးမ်ားျဖင့္ေရးသားထားသည့္ မွတ္တမ္းစာအုပ္မ်ားထဲတြင္ထည့္သြင္းျပဳစုထားျခင္းျဖစ္သည္။ ဘာသာျပန္ဆိုသူ၏မူရင္းဇာစ္ျမစ္ကိုေတာ့ စစ္ေဆးအတည္ျပဳရန္မျဖစ္နိုင္ေတာ့ပါေခ်။ 
မႏၲန္မ်ား၏စြမ္းပကားမ်ားအရ မွန္ကန္သင့္ေလ်ာ္ေသာအေထာက္အကူျပဳပစၥည္းမ်ားကိုအသုံးျပဳမည္ဆိုပါက သာမန္လူသားမ်ားသည္ပင္ ထိုအရာမ်ားကိုအသုံးျပဳနိုင္မည္ျဖစ္သည္။ ထိုမႏၲန္မ်ားအနက္ အခ်ိဳ႕ေသာမႏၲန္မ်ားမွာ အလြန္တရာအဖ်က္စြမ္းအားႀကီးမားလွေသာ္လည္း အံ့ဩထူးဆန္းစရာေကာင္းသည့္အခ်က္မွာ မႏၲန္တိုင္းတြင္ တန္ျပန္မႏၲန္မ်ားရွိေနၾကသည့္အတြက္ မႏၲန္ပ်က္ျပယ္သြားၿပီးသည့္ေနာက္ပိုင္းတြင္လည္း ေရရွည္ေနာက္ဆက္တြဲဆိုးက်ိဳးနည္းနည္းေလးေတာင္မွ က်န္မေနခဲ့တာပဲျဖစ္သည္။

ဤသည္ကား ယြဲ႕သယ္ဘိုးဘိုးႏွင့္သူ၏ဂိုဏ္းအတြင္း အစဥ္အဆက္လက္ဆင့္ကမ္းထိန္းသိမ္းေစာင့္ေရွာက္လာခဲ့ေသာ ေအာင္ျမင္မႈလွ်ို႔ဝွက္ခ်က္အစစ္အမွန္တစ္ခုျဖစ္သည္။

ေရွးယခင္ကတည္းကစတင္၍ လူသားမ်ားသည္ကား အကူအညီလိုအပ္လာေသာအခါမွသာ နတ္ဘုရားမ်ားကိုတိုင္တန္းအကူအညီေတာင္းတတ္ၾက၏။ ရာသီဥတုၾကည္လင္သာယာၿပီး မိုးေလဝသေကာင္းမြန္ေသာအခ်ိန္အခါမ်ားတြင္မူ ေျမနတ္ဘုရားနင့္ျမစ္ေစာင့္နတ္ဘုရားတို႔၏ ဘုရားေက်ာင္းေဆာင္မ်ားမွာ ေပါင္းျမက္ႏြယ္ပင္မ်ားျဖင့္သာ ၿခဳံလႊမ္းပိတ္ေလွာင္ခံထားရရွာ၏။ ေၾကာင္မွာ ႂကြက္အားလုံးကိုဖမ္းမိသြားသည္ႏွင့္တၿပိဳင္နက္ အိမ္ထဲမွကန္ထုတ္ခံရရန္သိပ္မေဝးေတာ့ပါေခ်။ ႏွစ္ေပါင္း (၇၀)လုံးလုံး စစ္ပြဲမ်ားႏွင့္ အႀကီးစားသဘာဝေဘးအႏၲရာယ္မ်ားျဖစ္ပြားခဲ့ျခင္းမရွိသည့္အတြက္ လူအမ်ားစုမွာ ေအးေအးခ်မ္းခ်မ္းျဖင့္ စီးပြားဥစၥာျဖစ္ထြန္းကာ အေျခတက်ေနထိုင္နိုင္ခဲ့ၾကေလသည္။ တစ္ခါတရံ ျပႆနာတစ္စုံတစ္ရာျဖစ္ေပၚလာပါကလည္း DCO ရွိလူမ်ားသည္ကား ‘လုံၿခဳံေရးဌာန’ ၏လက္ေအာက္မွေန၍ ေရွ႕ထြက္ကာ ေျဖရွင္းေဆာင္႐ြက္ေပးခဲ့ၾကသည္။ ၎တို႔သည္ကား အစိုးရထံမွ လစာလည္းရသလို အခြန္ထမ္းသမားမ်ားထံမွလည္း အေထာက္အပံ့မ်ားရရွိတတ္သည္။ သို႔ေပသိ ‘ယြဲ႕သယ္ဘိုးဘိုးတို႔’ မွာေတာ့ ကိုယ္လုပ္မွကိုယ္စားရသူမ်ားသာျဖစ္ၾကေလသည္။

ယြဲ႕သယ္ဘိုးဘိုးသည္ကား စကားတစ္ခြန္းတည္းျဖင့္ လူရာေပါင္းမ်ားစြာကိုအမိန႔္ေပးနိုင္စြမ္းရွိသလို သူ၏ဂိုဏ္းအတြင္းတြင္လည္း တပည့္တပန္းေပါင္းေထာင္ႏွင့္ေသာင္းႏွင့္ခ်ီေအာင္ရွိေနၾကတာျဖစ္သည္။ သူတို႔အားလုံးမွာ သဘာဝတရားႀကီး၏အလိုဆႏၵအတိုင္း ရိုးရွင္းစြာအသက္ရွင္သန္နိုင္ဖို႔မျဖစ္နိုင္ပါေခ်။

ေအးခ်မ္းတည္ၿငိမ္ၿပီး စီးပြားဥစၥာႀကီးပြားျဖစ္ထြန္းေသာေခတ္ကာလမ်ားသို႔ေရာက္လာေသာအခါ ထို ‘ဆရာ’ ဟူသည့္လူမ်ားသည္ကား သူတို႔၏အစြမ္းအစမ်ားကိုထုတ္ေဖာ္ျပသခြင့္နည္းပါးလာၿပီျဖစ္သည္။ အံ့မခန္းထူးျခားဆန္းၾကယ္ေသာအရည္အခ်င္းရွိသည့္ ထိပ္သီး ‘ဆရာႀကီး’ မ်ားကို ပိုက္ဆံရွာဖို႔အတြက္ဆိုကာ ႐ုံးတက္အလုပ္လုပ္ခိုင္းဖို႔ရန္လည္း မည္သို႔မွမျဖစ္နိုင္ပါေခ်။ သို႔ျဖစ္ရာ အသက္ရွင္ေနထိုင္ရပ္တည္ဖို႔ရာခက္ခဲလာသည့္အေလ်ာက္ ယြဲ႕သယ္ဘိုးဘိုးသည္ကား မည္သို႔မွမတတ္နိုင္ဘဲ အပိုဝန္ထုပ္ဝန္ပိုးမ်ားကိုထပ္ေဆာင္းယူၿပီး အလုပ္ႏွစ္မ်ိဳးကိုတၿပိဳင္တည္းလုပ္ရရွာေတာ့သည္__ေကာက္က်စ္ဆိုးသြမ္းေသာလူဆိုးတစ္ေယာက္သဖြယ္သ႐ုပ္ေဆာင္ရသလို တစ္ဖက္ကလည္း သတၱဝါအားလုံးကိုကူညီကယ္တင္ေပးေသာ ကယ္တင္ရွင္ႀကီးတစ္ဦးသဖြယ္သ႐ုပ္ေဆာင္ရျပန္သည္။ သူတို႔၏တပည့္ငယ္သားမ်ားက အရင္ဦးဆုံး သားေကာင္ေပၚတြင္ မႏၲန္ခ်လိဳက္ၿပီး ထို႔ေနာက္တြင္မွ ဆရာႀကီးမ်ားက ထြက္လာကာ မႏၲန္ကိုေခ်ဖ်က္ေပးလိုက္ၿပီး ေငြရွာၾကတာပဲျဖစ္သည္။ ဤလုပ္ထုံးလုပ္နည္းမ်ားသည္ကား သူတို႔လူႀကီးမ်ား၏စိတ္ထဲတြင္ အခ်င္းခ်င္းသိရွိနားလည္ထားၾကေသာနည္းလမ္းမ်ားျဖစ္သည္။

ယြဲ႕သယ္ဘိုးဘိုး၏အၾကည့္မ်ားက စားပြဲေပၚ၌ ဖ်တ္ခနဲေျပးလႊားသြားသည္။ ဤသည္ကား သူတို႔လုပ္ကိုင္စားေသာက္ၾကသည့္အသိုင္းအဝိုင္းအတြင္း၌ ထုတ္ေျပာစရာမလိုေသာ စည္းမ်ဥ္းစည္းကမ္းမ်ားပင္ျဖစ္သည္။ အကယ္၍ အျပင္သို႔ေပါက္ၾကားသြားပါက မည္သူမွ အေကာင္းအတိုင္းထြက္ေျပးဖို႔မစဥ္းစားႏွင့္။

ယြဲ႕သယ္ဘိုးဘိုးက သူ၏ေႂကြရည္သုတ္ထားေသာေရခြက္ကို စားပြဲေပၚတြင္အသာအယာျပန္ခ်ထားလိုက္ကာ စိတ္ထဲမွေတြးလိုက္သည္။

မင္းတို႔လာရဲမွေတာ့ ေနရဲရမွာေပါ့။ ထြက္ေျပးဖို႔မစဥ္းစားနဲ႕

သို႔ေသာ္ ၎မွာ ၫႊန္ၾကားခ်က္မေပးလိုက္ရေသးခင္မွာပင္ သူ႕ဖုန္းထဲ၌ ၾကားျဖတ္သတင္းတစ္ပုဒ္တက္လာသည္။

“ယေန႕ မနက္ပိုင္း ၁၁ နာရီ ၁၉ မိနစ္အခ်ိန္တြင္ ခ်န္နင္စီရင္စုအတြင္း၌ ျပင္းအား ၄.၂ အဆင့္ရွိေသာ ေျမငလ်င္တစ္ခုလႈပ္ခတ္သြားေၾကာင္းတိုင္းထြာရရွိခဲ့ပါသည္။ တုံးခြၽမ္းေဒသမွာ ငလ်င္ဗဟိုခ်က္ျဖစ္ၿပီး ငလ်င္ဗဟိုခ်က္၏အနက္မွာ သုည ကီလိုမီတာျဖစ္ပါတယ္”

“ဆရာ” သူ႕တပည့္ထံမွ အရင္ဆုံးစာတစ္ေစာင္ဝင္လာသည္။

“ကြၽန္ေတာ္တို႔ရဲ႕ မိုင္းတြင္းမွာ အခုေလးတင္ ငလ်င္တစ္ခုလႈပ္သြားတယ္!” 

႐ႊမ္းက်ီး၏ေျခေထာက္အစုံသည္ကား ယခုအခ်ိန္၌ ငလ်င္၏ဗဟိုခ်က္ေပၚတြင္ တည့္တည့္နင္းထားမိလ်က္သားျဖစ္ေနသည္။ လိုဏ္ဂူၿပိဳက်လာခ်ိန္၌ ၎မွာ ေအာက္သို႔ျပဳတ္က်လာမည့္ ေက်ာက္တုံးေက်ာက္စိုင္မ်ားေၾကာင့္ သူ႕ေခါင္းခမ်ာ တစစီေၾကမြသြားေတာ့မည္လားဟုထင္ခဲ့မိသည္။ သို႔ေသာ္ မထင္မွတ္ဘဲ ႐ုတ္ခ်ည္းဆိုသလိုပင္ သူ႕ေျခေထာက္ေအာက္၌ ဟာလာဟင္းလင္းျဖစ္သြားၿပီး မည္သည့္ေနရာသို႔ေရာက္သြားမွန္းမသိရဘဲ ပိန္းပိတ္ေအာင္ေမွာင္မည္းေနေသာအေမွာင္ထုအတြင္းသို႔ျပဳတ္က်သြားရေလေတာ့သည္။

ေက်းငွက္သာရကာမ်ားႏွင့္ပုစဥ္းရင္ကြဲေကာင္မ်ား၏က်ီက်ီက်ာက်ာေတးသီသံမ်ားျဖင့္ေရာယွက္ေနရင္း ခပ္သင္းသင္းေျမသင္းနံ႕တို႔ကိုေဆာင္ၾကဥ္းသယ္ယူလာေသာ ေအးျမၾကည္သာသည့္ေလျပည္ေလညင္းေလးမ်ားက ႏွာဝသို႔ကလူက်ီစယ္ကာ တိုးေဝွ႕တိုက္ခတ္သြားၾကသည္။

႐ႊမ္းက်ီးက သူ႕လက္ေခ်ာင္းမ်ားၾကား၌ မီးေတာက္ငယ္ေလးတစ္ခုကိုမဖန္ဆင္းလိုက္ရေသးခင္မွာပင္ အေဝးတစ္ေနရာမွ လူတစ္ဦးက လက္ထဲတြင္မီးတုတ္တစ္ေခ်ာင္းကိုကိုင္ထားရင္း သည္ဘက္သို႔ကမန္းကတန္းေျပးလာေနသည္ကို သူေတြ႕လိုက္ရသည္။ ၎သည္ကား လူထူးလူဆန္းျဖစ္ေသာ အားေလာ့က်င္း၏ဝတ္ပုံစားပုံအတိုင္း တထပ္တည္းတူညီစြာဝတ္ဆင္ထားၿပီး ပါးစပ္မွလည္း နတ္ဆရာဘာသာစကားမ်ားကို ဗလုံးဗေထြးေအာ္ဟစ္လို႔ေနသည္။

႐ႊမ္းက်ီးက လက္ကိုဆန႔္တန္းကာ သူ႕ကိုဟန႔္တားလိုက္သည္။

“အိုင္း…ခဏေလးေနပါဦးဗ်”

သို႔ေသာ္ ထိုလူက သူ႕ခႏၶာကိုယ္ကိုေဖာက္ထြင္းျဖတ္သန္းသြားၿပီး လမ္းငယ္ေလးအဆုံးတြင္ရွိေသာ သစ္သားတဲအိမ္ေလးအတြင္းသို႔ တန္းတန္းမတ္မတ္ေျပးသြားေလသည္။

႐ႊမ္းက်ီး: “…….”

ဒါက ဘယ္လိုသရဲကားထဲက ျမင္ကြင္းႀကီးလဲ….သူ ေသသြားတာလား ဒါမွမဟုတ္ တစ္ဖက္လူက ေသသြားတာလား?

ထိုအခိုက္ လက္တစ္ဖက္က သူ႕ပုခုံးေပၚသို႔ ႐ုတ္တရက္ဖိခ်လာသည္။ ႐ႊမ္းက်ီးက အလိုအေလ်ာက္ပင္ ပုခုံးကိုက်ဳံ႕လိုက္ၿပီး ေနာက္လွည့္လိုက္ကာ မီးေတာက္ကေလးထြန္းထားေသာ သူ႕လက္ေခ်ာင္းမ်ားျဖင့္ တစ္ဖက္လူ၏လည္မ်ိဳကိုဖမ္းညွစ္လိုက္သည္။ မီးေတာက္ကေလးထံမွ အလင္းေရာင္က ရွန႔္လင္ယြမ္း၏ေသြးအလိမ္းလိမ္းေပက်ံေနေသာမ်က္ႏွာထက္သို႔ ျဖာက်လင္းလက္သြားသည္။

“ဒါက ဘယ္ေနရာလဲ? ပုံရိပ္ေယာင္နယ္ေျမလား? ခင္ဗ်ား….”

႐ႊမ္းက်ီးမွာ ခုနေလးတင္မွ အားေလာ့က်င္းက ‘လူသားဧကရာဇ္’ ဟူေသာ စကားလုံးမ်ားကိုေရ႐ြတ္လိုက္သည္ကို သူ ႐ုတ္တရက္အမွတ္ရသြားၿပီးသကာလ မသိလိုက္မသိဘာသာျဖင့္ပင္ သူ႕စကားမ်ားထဲ၌ မဆိုစေလာက္ရိုေသေလးစားေသာအေငြ႕အသက္တို႔ေရာစြက္သြားရွာ၏။

“လူႀကီးမင္း…ခင္ဗ်ားက တကယ္ပဲ…..

ဘယ္သူမ်ားလဲ?”

*****************

Additional Note:

လူသားဧကရာဇ္

ဒ႑ာရီထဲမွာေျပာၾကတဲ့ လူသားဧကရာဇ္ဆိုတာက ‘ဖန္ကူ’ေခတ္ရဲ႕ သုံးဆက္ေျမာက္မင္းဧကရာဇ္တစ္ပါးျဖစ္ပါတယ္။ သူရဲ႕အႀကီးမားဆုံးေအာင္ျမင္မႈကေတာ့ တ႐ုတ္နိုင္ငံကို စီရင္စုကိုးစုအျဖစ္ ပိုင္းျခားသတ္မွတ္ခဲ့ၿပီး ႏွစ္ေပါင္း ၄၅,၆၀၀ မွ် အဓြန႔္ရွည္တည္တံ့ခဲ့ၿပီး စည္းလုံးညီၫြတ္တဲ့မင္းဆက္တစ္ဆက္ကိုတည္ေထာင္နိုင္ခဲ့ျခင္းပဲျဖစ္ပါတယ္

T/N

သတင္းေကာင္းေလးတစ္ခုရွိပါတယ္
ဒီဝတၳဳေလးဟာ ရွစ္လပိုင္းမွာ Manhua အျဖစ္ထြက္ရွိလာေတာ့မွာပါ။ Pi sama ရဲ႕ ပထမဆုံး manhua adaptation ရတဲ့ ဝတၳဳေလးလည္းျဖစ္ပါတယ္။

ေအာက္ကပုံကေတာ့ ကိုယ့္အခ်စ္ေတာ္ အားေလာ့က်င္းေလးရဲ႕ပုံပါ :33

Continue Reading

You'll Also Like

199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023