Unicode
Jeon..Jeonမဟုတ်ဘူးလား Jeonငိုသံကြားသလိုပဲ...Jeonဘယ်ရောက်နေပါလိမ့် ဘာလို့မြင်ကွင်းတစ်ခုလုံးက ဝေဝါးပြီးမဲမှောင်နေရတာလဲ Jeonကရော ဘာလို့ငိုနေတာလဲ...အမှောင်ထုထဲJeonကိုတွေ့လိုတွေ့ငြားခေါ်မိသည်..
"Jeon...Jeonဘယ်မှာလဲJeon"
"Minnie hyung..."
ထိုအချိန် သူ့အနောက်ဘက္မှကြားလိုက်ရသောအသံ ဒါJeonအသံစစ်စစ်ဘဲ ဝမ်းသာအားရသူအနောက်လှည့်ကြည့်တော့ တွေ့လိုက်ရသည်ကားJeonမဟုတ်ပဲ နီပျစ်ပျစ်သွေးတွေ တဖြည်းဖြည်းလန့်လာမိသည်..။
"ကျွန်တော့်ရဲ့little hyungလေး"
ထိုအချိန် သူ့အရှေ့မှကြားရသောအသံကြောင့်
လှည့်ကြည့်မိတော့ရပ်နေသောတစ်ဦးတည်းသော ထိုလူသား။ မျက်နှာမှာဖြူဖျော့စွာ။ သူကိုကြည့်နေသည့်ထိုကောင်လေး။ Jeonကမျက်စိပြန်မြင်ပြီတဲ့ သူကကျွန်တော့်ကိုမြင်နေပြီပေါ့။ သူ့အံ့ဩနေစဉ်မှာပဲ အရှေ့မှကောင်လေးကစကားစလာသည်။
"Hyungကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ရဲ့little hyungလေးနေမကောင်းစဉ်မှာ ရှိမနေပေးနိုင်ခဲ့တဲ့ကျွန်တော်က အရမ်းဆိုးတယ်မလား"
"မဟုတ်ပါဘူးJeon hyungကသာမပြောပြခဲ့မိတာပါ အခုhyungလည်းJeonနဲ့တူတူနေပြီး ပျော်ပျော်ရွှင်ရွှင်နေရအောင်။ အခုJeonလည်းမျက်စိပြန်မြင်ပြီဆိုတော့ hyungနဲ့တူတူJeonကြည့်ချင်တဲ့ဆိုတဲ့ အလှအပတွေသဘာဝတရားကြီးတွေသွားကြည့်ရအောင်နော်Jeon"
သူသာတစ်ယောက်တည်း အဆက္မပြတ်ပြောနေပေမယ့် အရှေ့မှကောင်လေးကတော့ မျက်နှာမကောင်းစွာရပ်ကြည့်နေသည်
"Jeon hyungပြောနေတယ်လေ လာhyungတို့တူတူသွားကြည့်မယ် hyungလည်းနေကောင်းသွားပြီ Jeonလာလို့ဆို ပြီးတော့ဒီအခန်းကိုဘာလို့မီးပိတ်ထားတာလည်း မှောင်မဲနေတာပဲ"
"Hyungကျွန်တော်သွားတော့မယ့် သိပ်ချစ်တယ်hyungနောင်ဘဝဆက်တိုင်း ချစ်နေမှာ"
"Jeonနမိတ်မရှိတာတွေမပြောနဲ့ hyungဆီကအဖြေလိုချင်တယ်မလား အလှအပရှုခင်းတွေကြည့်ပြီးမှ ပေးမှာနော်လာ"
ကျွန်တော်အပြေးသွားကာ သူ့လက်ကိုဆွဲမလို့ပြင်လိုက်ပေမယ့် လက်အလှမ်းမှာ Jeonကတော့ကျွန်တော့်ကိုအကိုင်မခံ အနောက်ဆုတ်ကာအော်တော့သည်
"ပြန်တော့hyung ပြန်တော့လို့ပြောနေတယ်"
"Jeonပဲhyungကိုချစ်တယ်ဆို လာပါ"
ကျွန်တော်Jeonဆီသွားဖို့ခြေလှမ်းလိုက်ပေမယ့် ခြေလှမ်းတွေလှမ်းမရတော့ ကျွန်တော်ခြေထောက်ကိုငုံ့ကြည့်ပြီး အရှေ့ကိုပြန်ကြည့်တော့ ဘုရားရေJeonရဲ့ရှပ်အဖြူလွှလွှမှာ နီရဲနေတဲ့သွေးကွက်တွေက အမြဲစီးနေကြရှူးဖိနပ်ပေါ်ထိတစ်စက်စက်ကျလျက် မျက်နှာမှာတော့ဖြူဖျော့စွာဖြင့် ကျွန်တော်ကိုပြုံးပြီးကြည့်ကာ ဖြူဖျော့နေသည့် နှုတ်ခမ်းအစုံမှ ကျွန်တော့်ကိုနှင်လွှတ်မည့် စကားအချို့ထွက်လာသည်။
"Yoongiထွက်သွားပါတော့ကျေးဇူးပြုပြီး"
ကျွန်တော်ရုန်းမိသည်။ သို့သော်ခန္ဓာကိုယ်က လှုပ်မရအသည်းအသန်ရုန်းမိပေမယ့် လှုပ်မရ။
မျက်ဝန်းတစ်ခုလုံးအမှောင်ကျကုန်သည်။ နားထဲမှလည်းပြေးလွှားနေသံတစ်ချို့နှင့် အမေ၏ေခါ်သံကိုပါကြားလိုက်ရသည်။
"လူနာMin Yoongi ကျွန်တော်ပြောတာကြားရင်လက်လှုပ်ပြပါ"
ထိုအခါ လက်တစ်ချောင်းကိုအသာလှုပ်မိသည်။ ထိုအခါ ဘယ်မျက်ဝန်းပေါ်သို့ကျရောက်လာသည့် ပူနွေးသောလက်တစ်စုံနှင့် အလင်းစူးစူး။
"လူနာပြန်နိုးလာပါပြီ ဒါပေမယ့်ဒီရက်ပိုင်းအတွင်း အခြေအနေကပြောင်းပြန်ဖြစ်နိုင်သလို ကောင်းချင်ကောင်းလာနိုင်တယ် ဒါကြောင့် သေချာဂရုစိုက်ပေးပါ နှလုံးခုန်မမှန်တာတို့ အောက်ဆီဂျင်မပြည့်တော့တာတို့ဖြစ်ရင် ချက်ချင်းအကြောင်းကြားပေးပါ"
"ဟုတ်ကဲ့ပါ Dr. ကျေးဇူးတင်ပါတယ်"
"အဲ့ဒါဆိုကျွန်တော့်ကို သွားခွင့်ပြုပါဦး"
ထွက်သွားသောခြေလှမ်းသံတို့နောက် အမေရဲ့ခေါ်သံနှင့် ကိုင်ဆုပ်ခံလိုက်ရတဲ့လက်တစ်စုံ။
"ကျေးဇူးတင်ပါတယ်သား အသက်ရှင်ခဲ့ပေးလို့
TVဖွင့်ပေးရမလား ပျင်းနေလိမ့်မယ်"
သူလက်ဖြင့်သာအချက်ပြလိုက်သည်။
ထို့နောက် TVမှလာသောသီချင်းသံတို့ကိုသာနားဆင်နေမိသည်။ သို့သော်မကြာလိုက် breaking newဟုဆိုကာသီတင်းတစ်ပုဒ်လာနေသည်။
"ယနေ့တွင် Seoul GwanGawon ဆေးရုံမှJeon Jungkookဟုဆိုသူလူနာတစ်ယောက်သည် ဆေးရုံမှထွက်ပြေးကာ ကားတိုက်ခံရပြီးထိုနေရာတွင် သေဆုံးခဲ့ပါသည်။ သေဆုံးသူJeon Jungkookသည် မျက္မမြင်တစ်ယောက်ဖြစ်ကာ EXTRA Companyပိုင်ရှင်
Lee Songwonရဲ့တစ်ဦးတည်းသောတူဖြစ်ပြီး EXTRA Companyရဲ့အမွေဆက်ခံသူဟုသိရပါတယ်"
"နှမြောစရာပါလားကွယ် မျက်္စိမမြင်လို့ဝမ်းနည်းပြီး သတ်သေတာများလားကွယ် စိတ်မကောင်းလိုက်တာ"
TVမှသီတင်းကိုနားထောင်က Yoongiတစ်ယောက်ကမ္ဘာပျက်နေသည်။ မဟုတ်ဘူးမလား EXTRA Companyပိုင်ရှင်ရဲ့တူမှန်းမပြောပြထားသော်လည်း သူ့လို့မိဘမရှိတော့သည် လူတစ်ယောက်ကသူ့ဦးလေးရဲ့ဆေးရုံက VIPခန်းမှာနေရသည်မို့ သူ့နောက်္မှာတစ်ယောက်ယောက်ရှိမည်လို့ အခု..အခုတော့ Jeonက မ..မဟုတ်ဘူးေလ မဖြစ်နိုင်လိုက်တာ မဖြစ်ရဘူးလေ အား..ခေါင်းကနာလာသလို နှလုံးခုန်နှုန်းကပါတက်လာလိုက်ကျလာလိုက်နှင့်။ ထို့နောက်သူကြားလိုက်ရတာက အမေ့ငိုသံနှင့်ဆရာဝန်များရှုပ်နေသည့်အသံ။ မဆွဲထားပါနဲ့ Jeonနဲ့လိုက်သွားပါရစေJeon hyungမင်းစကားနားမထောင်ပဲ လိုက်လာမှာမို့ခွင့်လွှင့်ပါ...ထို့နောက် လွတ်လပ်ပေါ့ပါးသွားကာ နာကျင်မှုများပျောက်ပြီး လန်းဆန်းတက်ကြွလာမှုကြောင့် ထကြည့်မိတော့ဆရာဝန်များနှင့် မိခင်၏ငိုကြွေးသံ နှလုံးခုန်တိုင်းစက္မှထွက်လာေသာ တစ်တီတီအသံတို့ပြည့်နေသောအခန်းရဲ့ ထောင့်စွန်းတစ်နေရာမှာ သူ့ကိုစိတ်ဆိုးဟန်နှင့်ရပ်ကြည့်နေသော ထိုလူသား..မဟုတ်သေး..စိတ်ပုတ်ဝိဉာဉ်ကောင်။
"Jeonစိတ်မဆိုးဘူးမလား"
"စိတ်ဆိုးတယ် ကျွန်တော့်နောက္မလိုက်လာစေချင်လို့ ကျွန်တော်အင်အားအကုန်သုံပြီး ချုပ်ထားခဲ့တာကို...ကျွန်တော့်နောက္မရရအောင်လိုက်လာခဲ့တဲ့လူ.."
"HyungကJeonကိုချစ်လို့ပါ"
"ကျွန်တော်ကလည်းhyungကိုချစ်လို့ မလိုက်လာပဲရှင်သန်စေချင်တာလေ အခုဟာက hyungကကျွန်တော့်ကို..."
စကားမဆုံးခင် ထိကပ်ခံလိုက်ရသည့်နှုတ်ခမ်းပါးတစ်စုံ hyungဘက်ကစခြေဖျားလေးထောက်ကာ စနမ်းလာသောကြောင့် ခါးလေးကိုပြန်ဖက်ကာ ချိုသာေသာအနမ်းနုနုကို ပန်းချီပညာရှင်တစ်ယောက်က သူတန်ဖိုးထားသော ပန်းချီကားတစ်ကားဆွဲသည့်နှယ် စာရေးသူတစ်ယောက်က သူနှစ်သက်သောစာရေးခြင်းကို စိတ်ဝင်တစားလုပ်ကိုင်သည့်နှယ် ညင်သာစွာပုံဖော်လေတော့ မြင်တွေ့နေရသည့်ငှက်ကလေးများက ရှက်သည့်နှယ်ဝဲကာပျံတက်သွားလေသည်။
"သိပ်ချစ်တယ် little hyung"
"ပိုချစ်တယ်Jeon"
"ဒီမှာလူများတယ်hyung ကျွန်တော်တို့စတွေ့တဲ့ တောင်ကုန်းလေးရဲ့ထိပ်မှာထိုင်ပြီး အချစ်အေကြာင်းပံုေဖာ်ရင်း ကြယ်တွေသွားရေတွက်ရအောင်hyung"
" HyungကJeonအချစ်ကိုပဲရေတွက်ချင်တယ်ဆိုရင်ရောJeon"
ထိုအခါအခန်းငယ်လေးက လူတွေမကြားနိုင်သည့် လွတ်လပ်သောရယ်မောသံတို့နှင့်ပြည့်သွားတော့သည်။ နောက်ထပ်လည်း ထိုချစ်ရသူနှစ်ယောက်သည် လူမြင်ကွင်း၌ပေါ်လာတော့မည်မဟုတ်တော့။ သို့သော်...သူတို့စတွေ့ခဲ့သော
တောင်ကုန်းပေါ်က ခုံပေါ်တွင်တော့ ညတိုင်းလာထိုင်ကာ နှစ်ယောက်အတူကြယ်တွေရေတွက်ရင်း တစ်ယောက်ပခုံးပေါ်တစ်ယောက်ကခေါင်းတင်ကာ ချစ်ကြောင်းတွေပြောတတ်သေးသည်ဟု အနီးအနားရှိဆေးရုံဝန်းထမ်းတစ်ချို့ကတော့ပြောကြသည်တဲ့လေ...
မျက္မမြင်ကောင်လေးတစ်ယောက်နဲ့ ဆရာဝန်လေးအချစ်တို့က ဝမ်းနည်းစရာကောင်းသည်ဟုဆိုကြသော်လည်း သူတို့နှစ်ယောက်အတွက်တော့ သေခြင်းတရားကြောင့် အရမ်းပျော်စရာကောင်းနေခဲ့သည်....။
လူသားတိုင်ဟာ ချစ်ခြင်းတရားနဲ့ထိုက်တန်ပါသည်။ ကိုယ့်ကိုအမှန်ချစ်တဲ့သူနှင့်တွေ့ဆံုဖို့သာ လိုအပ်ပေသည်။ ရောဂါသည်သော်လည်းကောင်း မျက္မမြင်သော်လည်းကောင်း မည်သူမဆိုဟာအချစ်ခံရဖို့ မွေးဖွားလာကြတာပါ။ ဘယ်သူမှကိုယ့်ကိုမချစ်ဘူးထင်ရင် ကိုယ့်ကိုကိုယ်သာပြန်ချစ်လိုက်ပါ
သာယာပြီးအချစ်တွေတိုးပွားတဲ့ နေ့ရက်တွေပိုင်ဆိုင်ကြပါစေ မနှုတ်ဆတ်ချင်ပေမယ့် နှုတ်ဆတ်ရပြီ နောက်ထပ်အကောင်းတကာ့အကောင်းဆုံးသော အရေးအသားများနှင့်ထပ်ဆုံပါဦးမည်။ အသစ်လေးတင်ရင်ကောင်းမလားစဉ်းစားနေတာ။ ခေါင်းစဉ်တော့စဉ်းစားမိပေမယ့် ရေးကောင်းမလား မရေးကောင်းမလားလို့ပါ။ အရေးအသားက ပထမဦးဆုံးအာရုံစိုက်ပြီးရေးရတာမို့ ဒီficလေးဟာလည်း အရမ်းမကာင်းပေမယ့် readerလေးတွေကြောင့် လှပစွာအဆုံးသတ်နိုင်ခဲ့တဲ့အတွက် ဂူးစာဖတ်သူတွေကိုကျေးဇူးတင်ပါတယ် ချစ်တယ်နော်အားလုံးကို💜💜💜💜
လေးစားစွာဖြင့်
'မေရိန်ဂူး'
-------_------_------_------_------_-------_------
Zawgyi
"Minnie hyung..."