💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၄)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""ငါ့ကိုဘာဖြစ်လို့..သေခွင့်မပေးရတာလဲ..ခါးသက်..""
""ကိုလွန်း..သတိရလာပြီလား..လက်ကဒဏ်ရာကရော နာနေသေးလား..""
""ငါမေးနေတယ်လေ..မင်းဘာဖြစ်လို့ ငါ့ကိုသေခွင့်မပေးရတာလဲလို့..မင်းကငါ့ကိုအရမ်းကိုမုန်းတီးနေတဲ့သူလေ..မဟုတ်ဘူးလား...""
လွန်း ခါးသက်ကို ဒေါသတကြီးနဲ့အော်ပြောလိုက်သည်။
"ကျွန်တော်ကိုလွန်းကို..မုန်းခဲ့ဖူးတယ်..အရင်တုန်းကပေါ့
.အခုတော့ ကျွန်တော် ကိုလွန်းကို အသည်းနင့်အောင် အရမ်းချစ်တယ်..""
""အဟက်..မင်းရူးနေလား..ငါက မင်းရဲ့ချစ်သူကိုသေအောင် လုပ်ခဲ့တဲ့သူလေ..အဲ့ဒါကိုမင်းက အသည်းနင့်အောင်အရမ်းချစ်တယ်တဲ့လား..အရမ်းရယ်ရတဲ့ဟာသဘဲ..ဟား..ဟား...ဟား..""
လွန်း ခါးသက်ကို ခနဲ့တဲ့တဲ့စကားလုံးများနှင့်စကားနာထိုးပြီး ဟားတိုက်လှောင်ပြောင်ရယ်မောလိုက်လေသည်။
""မှန်တယ်..ဟုတ်တယ်..ကိုလွန်းက ကျွန်တော်ချစ်သူကိုသေအောင် လုပ်ခဲ့တယ်..ဒါပေမယ့်..အဲ့ဒါတွေက အတိတ်မှာကျန်ရစ်ခဲ့ပြီ..အခုချိန်မှာ အတိတ်ကိုဆုပ်ကိုင်ထားပြီး ကိုလွန်းကို မုန်းတီးနေဖို့ ကျွန်တော်ဆီမှာ အင်အားမရှိတော့ဘူး..အတိတ်ကိုအတိတ်မှာဘဲ ချန်ထားရစ်ခဲ့ပြီးတော့..လက်တွေ့မှာ ကိုလွန်းကိုကျွန်တော်ချစ်တဲ့အချစ်တွေကိုဘဲ ကျွန်တော်ဆုပ်ကိုင်ထားတယ်..""
လွန်းရဲ့ မျက်နှာကို ကြင်နာစွာနဲ့ ခါးသက်စိုက်ကြည့်ရင်း လေးနက်စွာပြောလိုက်လေသည်။
""အဲ့ဒါကြောင့်မို့ .ကိုလွန်းလဲ အတိတ်ကိုလက်လွှတ်လိုက်ပြီး..လက်ရှိဘ၀ထဲမှာဘဲ ပျော်အောင်နေစေချင်တယ်...လက်တွေ့ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး..ဘ၀ကိုရှေ့ဆက်လျှောက်စေတယ်..ကိုလွန်း..""
လွန်းရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း ခါးသက်ဆိုလိုက်သည်။
""ဒါပေမယ့်..ငါဆီမှာ တွယ်တာစရာ..အလေးထားစရာ..အသက်ရှင်ဖို့ရာ...ဘာဆိုဘာမှမရှိတော့ဘူးလေ..""
""ဘာလို့မရှိရမှာလဲ ..ကိုလွန်းဆီမှာ .တွယ်တာစရာမရှိတော့ရင် ..ကျွန်တော်ကိုတွယ်တာလို့ရတယ်လေ..ကိုလွန်းအလေးထားစရာမရှိတော့ရင် .ကျွန်တော်ကိုအလေးလို့ရနေတာဘဲ..နောက်ဆုံး ကုန်ကုန်ပြောမယ်။ ကိုလွန်း ..ကျွန်တော်အတွက်ဘဲဖြစ်ဖြစ်..ကိုလွန်း အသက်ရှင်ပေးလို့မရဘူးလား.ဒီကမ္ဘာပေါ်မှာ ကိုလွန်းကို အလေးထားပြီးတန်ဖိုးထားနေတဲ့ ကျွန်တော်အတွက် ကိုလွန်းအသက်ရှင်ပေးပါနော်..""
ခါးသက်မျှော်လင့်တကြီးနဲ့ဆိုလိုက်သည်။
""ခါးသက်..မင်း..""
လွန်း ခါးသက်ကို ဒီအတိုင်း ကြောင်ငေးငေးလေး စိုက်ကြည့်နေမိသည်။
လွန်းရဲ့မျက်နှာပေါ်မှာ မဝေခွဲတတ်မှုတွေ..တွေဝေတုန့်ဆိုင်းနေသည့် လက္ခဏာများက အထင်းသားပေါ်လွင်လို့နေ၏။
""ကျွန်တော်ကို ယုံကြည်ပေးပါ....ကျွန်တော့်အသက်ထက်ပိုပြီးတော့ကို..ကိုလွန်းကိုကျွန်တော်
တန်ဖိုးထားတယ်..အရမ်းလဲချစ်တယ်..ဒါကိုယုံပေးပါ...အရင်တုန်းက အတိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးကို..အတိတ်မှာဘဲ ချန်ထားရစ်ခဲ့ပြီး..ရှေ့ဆက်လျှောက်လှမ်းရမဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့..အကြောင်းကိုဘဲ တွေးကြရအောင်နော်..ဒီကမ္ဘာပေါ်က အဖြစ်ပျက်တွေအကုန်လုံးကိုမေ့ထားပြီး..ကိုလွန်းနဲ့ကျွန်တော်တို့နှစ်ယောက်အကြောင်းဘဲ.တွေးပြီး..နေကြရအောင်နော်..ကိုလွန်း.ကို ကျွန်တော် ဘယ်လောက်ထိချစ်တယ်ဆိုအကြောင်းရယ်..ဘယ်လောက်ထိ တန်ဖိုးထားလဲ ဆိုတဲ့အကြောင်းတွေကို ဘဲ ပြောနေမှာမို့..အဲ့လိုဘဲသိထားပေးပါ..အရမ်းချစ်တယ်..ကိုလွန်း..""
ခါးသက် ရှည်လျားစွာပြောလိုက်ပြီး လွန်းရဲ့နုတ်ခမ်းလေးကို ညင်သာနူးညံ့စွာနဲ့ နမ်းရှိုက်လိုက်သည်။ ဒီတစ်ခါမှာတော့ လွန်းမရုန်းတော့ပါ။ ကျေနပ်စွာ ခါးသက်ရဲ့အနမ်းတွေကို လက်ခံပြီး .အလိုက်သင့်လေး ပြန်လည်၍ တုန့်ပြန်လိုက်လေသည်။
ချိုမြိန်သည်။သာယာသည်။ ကြည်နူးဆွတ်ပျံ့ဖွယ်ရာကောင်းသည်။ လှိုက်ဖိုရင်မောပြီး..လွန်းရဲ့ရင်ခုန်သံတွေ ဆူညံ့နေခဲ့သည်။
ဒါဟာ အချစ်တစ်ခု လွန်းရင်ထဲမှာ ပေါက်ဖွားလာတာများလား။
ဒါမှမဟုတ် လူသားနှစ်ဦးကြားမှာ ဖြစ်တည်လာတဲ့ အချစ်တစ်ခုများလား။ ခါးသက်ရဲ့ နွေးထွေး ကြင်နာလွန်းလှသည့် အနမ်းပွင့်တွေကြားထဲမှာ လွန်း ရင်ခုန်လှိုက်မောစွာ စီးမျောနေခဲ့သည်။
နောက်တော့ ခါးသက်ရင်ခွင်ထဲမှာဘဲ လွန်း မိန်းမောစွာနဲ့ လှဲလှောင်းနေခဲ့လိုက်သည်။
အားကိုးအားထားစရာ..ခင်တွယ်စရာ..ဘာတစ်ခုမှမရှိတော့တဲ့ ငါအတွက် မင်းဟာ ကောက်ရိုးလေးတစ်မျှင်ဖြစ်နေခဲ့တယ် ခါးသက်။ နောက်ဆုံး ငါအသက်ရှင်ရပ်တည်ဖို့အတွက် အကြောင်းပြချက်က မင်းအတွက်ပါလို့ ခေါင်းစဉ်တပ်ပိုင်ခွင့် ငါဆီမှာ ရှိပါ့မလား။ တကယ်ဘဲ မင်းရဲ့အချစ်တွေကို ငါလက်ခံပိုင်ခွင့်ရှိရဲ့လား။ မင်းကရော..ငါ့ကိုမင်းတစ်ဘ၀လုံးနဲ့ရင်းပြီးတော့ ချစ်ရဲပါ့မလား။
ငါ့ဘက်ကတော့ သေချာနေပြီ ခါးသက်။ မင်းက ငါဘ၀ရဲ့နောက်ဆုံးအချစ်ဆိုတာ.။
""ခါးသက်...ငါရွေးချယ်မှုတစ်ခုလုပ်လိုက်ပြီ..အဲ့ဒါက..ငါ..
မင်းအတွက် အသက်ရှင်ဖို့အတွက် ရွေးချယ်လိုက်ပြီ..ဒါပေမယ့်..မင်း
ငါ့ကိုထားသွားမဲ့နေ့က ငါရဲ့သေနေ့ဘဲဆိုတာကိုတော့ ..မင်းမှတ်ထားပေးပါ..""
တီးတိုးစွာ ဆိုလာသည့် လွန်းစကားများကြောင့် ခါးသက် အတိုင်းထက်အလွန် ၀မ်းမြောက်လို့သွားရလေသည်။
""စိတ်ချပါ..ကိုလွန်းကို ကျွန်တော် ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး..ဘာဖြစ်လို့လဲဆိုတော့..ကိုလွန်းက ကျွန်တော်ရဲ့အသက်သွေးကြောဖြစ်နေလို့ဘဲ..ကိုလွန်းမရှိရင် ကျွန်တော်အသက်ရှင်သန်မှာမဟုတ်တော့ဘူး...ကျွန်တော်ရဲ့ရင်ခုန်သံတွေကို..ကိုလွန်းကပိုင်ဆိုင်သလို..ကိုလွန်းရဲ့ရင်ခုန်သံတွေကလဲ ကျွန်တော်အတွက်ဘဲ...""
ဟုခါးသက် ခိုင်မာစွာဆိုလိုက်ရင်း.လွန်းကိုယ်လေးကို တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။
""အရမ်းချစ်တယ် ကိုလွန်းရယ်..""
✨✨✨
ခါးသက်က လွန်းကို အင်မတန်မှ ဂရုစိုက်ခဲ့ရှာသည်။ အရိပ်တစ်ကြည့်ကြည့်နဲ့ လွန်းရဲ့မျက်နှာ တစ်ချက်လေးမှ အညိုးမခံ...။
""ကိုလွန်း..ဆန်ပြုတ်လေး..သောက်လိုက်ဦးနော်..လာ..ကျွန်တော် ခွံ့ကျွေးမယ်...""
""ရပါတယ်..ငါ့ဘာသာ သောက်ပါ့မယ်.""
""ဟာ..မရဘူး..ကျွန်တော် ခွံ့ကျွေးချင်လို့ပါ..အာ..ပါးစပ်ဟ..""
""ခါးသက် မင်းကတော့လေ..""
လွန်း..ခါးသက်ကို ပြုံးရင်း စိုက်ကြည့်လိုက်သည်။
""ဟာ..ပြုံးပြီ..ကိုလွန်း ပြုံးပြီ...ချစ်လိုက်တာဗျာ..""
ခါးသက် ၀မ်းသာအားရစွာ ပြောပြီး လွန်းရဲ့ပါးလေးကိုနမ်းရှိုက်လိုက်သည်။
""ဟာ.ခါးသက် မင်းဘယ်လိုဖြစ်နေတာလဲ..""
""ပျော်လွန်းလို့လေ..ကိုလွန်းအပြုံးလေးတွေကို ပြန်မြင်ရတာ ကျွန်တော်
အရမ်းပျော်တာဘဲ..""
ခါးသက်၀မ်းသာအားရစွာပြောပြီး..
သဘောကျနှစ်ခြိုက်စွာ ပြုံးရယ်နေလေသည်။ ခါးသက်ပြုံးနေတာကို ကြည့်ရင်း လွန်းပါ ပြုံးမိသွားလေသည်။ တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာသည့်အထိ ပြုံးပြီး ကြည့်နေမိကြ၏။
""အဟမ်း..ဆန်ပြုတ်တွေ အေးကုန်တော့မှာဘဲ..""
လွန်း.ရှက်ကိုးရှက်ကန်းလေးနဲ့ဆိုလိုက်တော့..
""ဟီး..ဟုတ်သား..ကိုလွန်းမျက်နှာလှလှလေးကို ငေးကြည့်မိသွားရင် တစ်ကမ္ဘာကြာအောင် ထမင်းမေ့ ဟင်းမေ့တောင်ဖြစ်လောက်တယ်..""
""အဟား..ပိုတာကွာ..""
""မပိုပါဘူး..လိုတောင်လိုသေးတယ်..ဒီကောင်ကြီးက..ကိုလွန်းကို အဲ့လောက်ထိတောင် အရမ်းချစ်တာ..သိပြီလား..""
ခါးသက်ပြောပြောဆိုဆိုနဲ့ လွန်းကို ဆန်ပြုတ်ခွံ့ကျွေးလိုက်လေသည်။
လွန်းကို ကြည့်တဲ့ ခါးသက်မျက်၀န်းတွေထဲမှာ ကြင်နာမှုတွေ..နွေးထွေးမှုတွေ မြတ်နိုးမှုတွေကို အထင်းသား လွန်းမြင်နေရသည်။
ငါမြင်ပါပြီ ခါးသက်။။မင်းငါ့ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်ထိနက်ရှိုင်းလဲ ခိုင်မြဲလဲဆိုတာကို..။
✨✨✨
""ကိုလွန်း .ရေချိုးတော့မလို့လား""
""အင်း.ဟုတ်တယ်..""
""ကျွန်တော် ချိုးပေးမယ်လေ..""
""ဘာ..ခါးသက်မင်းနော်..""
""ဟောဗျာ..ဘာလို့ မျက်နှာကြီးနီပြီး..ရှက်နေရတာလဲ..ကိုလွန်း ရဲ့.ခန္ဓာကိုယ်ကို ကျွန်တော်မြင်ဖူးပြီးသားဘဲဟာကို ..""
""ဟာ..နှာဗူး..ကဲဟာ..""
လွန်း စိတ်တိုတိုနဲ့ ခါးသက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်သည်။
""အား..နာတယ်..လက်သံကလဲပြောင်ပါ့ဗျာ..""
ခါးသက် သူ့ ခေါင်းကိုသူ လက်နဲ့ပွတ်ပြီး နှာခမ်းကြီးစူက ပြောလိုက်သည်။
""ပိုတာ..ငါခေါက်လိုက်တာ အားသိပ်မပါဘူး.ပြောသလောက်လဲ မနာဘဲနဲ့များ..""
""နာလို့နာတယ်ပြောနေတာပေါ့ဗျ..ရက်စက်တာ....ကလေးကိုလုပ်ရက်တယ်..အာလူးသီးတောင် ထွက်သွားပြီလားမသိဘူး.."""
""တကယ်ကြီး နာသွားလို့လား..လာ.လာ..ဥုံဖွ..ပျောက်စေ.""
"လွန်း..ခြေဖျားလေးထောက်ပြီး..
ခါးသက်ရဲ့ ခေါင်းကိုလက်နဲ့အသာပွတ်ပေးကာ နုတ်ခမ်းလေးထော်ကာ လေနဲ့မှုတ်ပေးနေလေသည်။
ဒါကိုအခွင့်ကောင်းယူပြီး ခါးသက်က လွန်း နုတ်ခမ်းထော်လေးကို ပြွတ်ခနဲ့မြည်အောင် နမ်းပစ်လိုက်သည်။
""ဟာ..ခါးသက် မင်းနော်..""
""ဘာလို့ ကိုလွန်းက..နုတ်ခမ်းလေးထော်ပြီး..လူကိုလာပြီး မြူဆွယ်နေလဲ..ဒီကောင်ကြီးက ပြောပြီးသားနော်.ရှေ့မှာ အူယားအောင်လာလုပ်ပြနေရင်..ဖက်နမ်းပစ်မှာလို့.""
ခါးသက်ပြောရင်း လွန်းရဲ့ခါးလေးကို ဆွဲဖက်လိုက်ပြီး နောက်ထပ်တစ်ခါ နမ်းပစ်လိုက်ပြန်သည်။
"""ဟာ.နှာဗူးကောင်..လွှတ်စမ်း..အားအားရှိ..ဖက်မယ် နမ်းမယ်ဆိုတာကြီးဘဲ..မုန်းဖို့ကောင်းလိုက်တာ..""
ခါးသက်ကိုယ်ကိုတွန်းဖယ်ရင်း လွန်း..ငြူစူစူလေး ပြောလိုက်လေသည်။
""ဘာ..နှာဗူးကောင်ဟုတ်လား...အင်း.အဲ့.နှာဗူးကောင် .ဘယ်လောက်ထိ..ဗူးလဲသိအောင် ပြရသေးတာပေါ့..လာထားစမ်း...""
ခါးသက်ပြောပြောဆိုဆိုနဲ့ လွန်းကိုယ်လေးကိုဆတ်ခနဲ့ ကောက်ပြီးပွေ့ချီလိုက်လေသည်။
""အား .ခါးသက်.။မင်းနော်..ဘာဖြစ်နေတာလဲ..""
""ဘာဖြစ်ရမှာလဲ..ကိုလွန်းကိုချစ်နေတာလေ..ချစ်နေတာလို့..""
ခါးသက်ပြောရင်း..လွန်းမျက်နှာပြင်အနှံ့အနမ်းမိုးများ ရွာချနေပြန်၏။
""အား...ခါးသက်..မင်းနော်..တော်တော်..နှာဗူးထနေတာလား...ဟား..ဟား..ဟား.မလုပ်နဲ့တော့..မလုပ်နဲ့တော့.""
ခါးသက် အူယားစွာနဲ့ လွန်းရဲ့လည်ပင်းလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်တော့..လွန်း ယားကျိကျိလေးဖြစ်သွားတာကြောင့် ထရယ်နေမိတော့သည်။
""ကဲ...နောက်တစ်ခါ..နှာဗူးလို့ ပြောဦးမလား..""
*"မပြောတော့ဘူး..မပြောတော့ဘူး...တော်တော့..ရပ်တော့..ယားတယ်လို့.ဟား..ဟား..ဟား..""
""ပြီးရော..အရမ်းချစ်တယ်.။ကိုလွန်း..""
ခါးသက် ဆိုလိုက်ပြီး လွန်းရဲ့နဖူးလေး ကိုခပ်ဖွဖွလေး နမ်းရှိုက်လိုက်၏။
ထိုနောက်..လွန်းရော ခါးသက်ပါ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်ကြလေသည်။
အခန်းလေးထဲမှာ ကြည်နူးသာယာဖွယ်ရာ...ရယ်သံလေးများလွှမ်းခြုံသွားလေတော့သည်။
ထိုလူသားနှစ်ဦး၏ ရယ်မောသံတွေကို အထင်းသား ကြားနေရသည့် အခန်းအပြင်ဘက်က လူသားတစ်ဦးကတော့။
""တောက်.....အား....မုန်းတယ်.မုန်းတယ်....အဲ့လူကြီးကိုလဲ..မုန်းတယ်..ကိုကို့ကိုလဲ မုန်းတယ်...အကုန်လုံးကိုမုန်းတယ်...""
နေလင်းသာ..ဒေါသတကြီးနဲ့ ရေရွတ်လိုက်ပြီး...ထိုနေရာကနေ လှည့်ထွက်လာခဲ့တော့၏။ နေလင်းသာ ရင်ထဲတွင်တော့..မနာလိုမှုတွေ ..အူတိုမှုတွေ.မကျေနပ်မှုတွေနဲ့ ပြည့်နှက်လို့နေသည်။
""ပျော်ထားနှင့်ကြဦးပေါ့…ကိုလွန်းပုံရိပ်...ခင်ဗျားကို ဒီအတိုင်း ပစ်မထားဘူး..စိတ်ချ.ခင်ဗျားရဲ့အပျော်တွေကို
.ဖျက်စီးပြမယ်..စောင့်ကြည့်နေ..""
✨🌺🌺🌺
အောက်စီဂျင်ပိုက်အကူညီနဲ့ အသက်ကို ခက်ခက်ခဲခဲ ရှုရိုက်နေရသည့် ဦးဓနမိုးကို ကြည့်ရင်း ထစ်ချုန်း ရင်ထဲမကောင်း။
""အဘိုး..အဘိုး..""
""အင်း.မြေးလေး..ပြောလေ..""
""ကျွန်တော်...အဘိုးရဲ့ဆန္ဒအတိုင်း..သရဖီကိုလက်ထပ်ယူပါ့မယ်..""
""တ...တကယ်ပြောနေတာလား..မြေးလေး..အဘိုး၀မ်းသာလိုက်တာကွယ်..အဘိုး၀မ်းသာလိုက်တာ..""
""ဟုတ်ကဲ့..အဘိုး..ဒီတစ်ရက် နှစ်ရက်အတွင်းမှာဘဲ..သရဖီနဲ့လက်ထပ်ပွဲကို...ဧကရာဇ်နန်းမြိုင်မှာဘဲ..အကျဉ်းချုံးပြီး စီစဉ်လိုက်မယ်နော်..အဘိုး..""
""ကောင်းတာပေါ့..မြေးလေးရယ်..ကောင်းတာပေါ့..အဘိုးမသေခင်လေး..ငါ့မြေးရဲ့ မင်္ဂလာပွဲကို မြင်ခွင့်ရတာ အဘိုးသေပျော်ပါပြီကွယ်..""
ထစ်ချုန်း အဘိုးကိုစိုက်ကြည့်ရင်း မျက်ရည်များ ရစ်ဝဲလို့နေ၏။
သူကိုအခုလို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဘိုးရဲ့နောက်ဆုံး ဆန္ဒကို သူမလွန်ဆန်နိုင်ခဲ့ဘူး။
အဘိုးရဲ့နောက်ဆုံး ဆန္ဒအတွက် ကျွန်တော် နှလုံးသားကို စတေးပစ်လိုက်ပါပြီ။ ကျွန်တော်ရွေးချယ်ခဲ့တဲ့ လမ်းက ချစ်ခြင်းတွေမပါ၀င်ခဲ့ပေမယ့်။ နားလည်မှုတွေနဲ့တော့ လျှောက်လှမ်းလို့ရမယ်ထင်ပါရဲ့။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်အကြောင်း..ကျွန်တော်ရဲ့စိတ်သဘောထားတွေကို နားလည်မှုပေးနိုင်တဲ့လူသားက..သရဖီအပြင် ရှိတော့မှာ မဟုတ်ပါဘူး။။ကျွန်တော်ရဲ့ ဒီရွေးချယ်မှုက သရဖီအတွက်..နစ်နာကောင်း နစ်နာနိုင်တယ်ဆိုပေမယ့်။ သူအပေါ်မှာထားရှိမဲ့..
နားလည်မှုတွေ သစ္စာတရားတွေကတော့ ခိုင်မြဲနေမှာ သေချာပါတယ်။
လွန်း.ကို..ကျွန်တော် အရမ်းချစ်တယ်။ဒါပေမယ့်..ဒီဘ၀မှာ..လွန်းနဲ့ကျွန်တော် ဘယ်လိုမှကို ပေါင်းစည်းနိုင်မှာ မဟုတ်တော့ပါဘူး။ အကယ်၍ နောက်ဘ၀ဆိုတာသာ ရှိခဲ့ရင်..ဘယ်လိုအရာမျိုးတွေနဲ့ဘဲ ယှဉ်လာ ယှဉ်လာ..ကျွန်တော် လွန်းကိုဘဲ..ရဲရဲဝံ့ဝံ့ ရွေးချယ်ရဲတဲ့..ရွေးချယ်နိုင်တဲ့ လူမျိုးဘဲ ဖြစ်ချင်ပါတယ်။
လွန်းလေး.ဒီဘ၀မှာ အစ်ကိုတို့ တွေ
မပေါင်းဆုံနိုင်ပေမယ့်။ နောက်ဘ၀ကျရင်တော့ အစ်ကို လွန်းနဲ့
ပေါင်းစည်းခွင့်ရချင်ပါတယ်။
အစ်ကို.မင်းကို အရမ်းချစ်တယ်..။
🌺🌺🌺🌺
အပိုင်း✨၄၅✨ ဆက်ဖတ်ပါလို့။
💤ဝိုးတဝါးအိမ္မက္💤
🌈အပိုင္း(၄၄)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""ငါ့ကိုဘာျဖစ္လို႔..ေသခြင့္မေပးရတာလဲ..ခါးသက္..""
""ကိုလြန္း..သတိရလာၿပီလား..လက္ကဒဏ္ရာကေရာ နာေနေသးလား..""
""ငါေမးေနတယ္ေလ..မင္းဘာျဖစ္လို႔ ငါ့ကိုေသခြင့္မေပးရတာလဲလို႔..မင္းကငါ့ကိုအရမ္းကိုမုန္းတီးေနတဲ့သူေလ..မဟုတ္ဘူးလား...""
လြန္း ခါးသက္ကို ေဒါသတႀကီးနဲ႕ေအာ္ေျပာလိုက္သည္။
"ကြၽန္ေတာ္ကိုလြန္းကို..မုန္းခဲ့ဖူးတယ္..အရင္တုန္းကေပါ့
.အခုေတာ့ ကြၽန္ေတာ္ ကိုလြန္းကို အသည္းနင့္ေအာင္ အရမ္းခ်စ္တယ္..""
""အဟက္..မင္း႐ူးေနလား..ငါက မင္းရဲ႕ခ်စ္သူကိုေသေအာင္ လုပ္ခဲ့တဲ့သူေလ..အဲ့ဒါကိုမင္းက အသည္းနင့္ေအာင္အရမ္းခ်စ္တယ္တဲ့လား..အရမ္းရယ္ရတဲ့ဟာသဘဲ..ဟား..ဟား...ဟား..""
လြန္း ခါးသက္ကို ခနဲ႕တဲ့တဲ့စကားလုံးမ်ားႏွင့္စကားနာထိုးၿပီး ဟားတိုက္ေလွာင္ေျပာင္ရယ္ေမာလိုက္ေလသည္။
""မွန္တယ္..ဟုတ္တယ္..ကိုလြန္းက ကြၽန္ေတာ္ခ်စ္သူကိုေသေအာင္ လုပ္ခဲ့တယ္..ဒါေပမယ့္..အဲ့ဒါေတြက အတိတ္မွာက်န္ရစ္ခဲ့ၿပီ..အခုခ်ိန္မွာ အတိတ္ကိုဆုပ္ကိုင္ထားၿပီး ကိုလြန္းကို မုန္းတီးေနဖို႔ ကြၽန္ေတာ္ဆီမွာ အင္အားမရွိေတာ့ဘူး..အတိတ္ကိုအတိတ္မွာဘဲ ခ်န္ထားရစ္ခဲ့ၿပီးေတာ့..လက္ေတြ႕မွာ ကိုလြန္းကိုကြၽန္ေတာ္ခ်စ္တဲ့အခ်စ္ေတြကိုဘဲ ကြၽန္ေတာ္ဆုပ္ကိုင္ထားတယ္..""
လြန္းရဲ႕ မ်က္ႏွာကို ၾကင္နာစြာနဲ႕ ခါးသက္စိုက္ၾကည့္ရင္း ေလးနက္စြာေျပာလိုက္ေလသည္။
""အဲ့ဒါေၾကာင့္မို႔ .ကိုလြန္းလဲ အတိတ္ကိုလက္လႊတ္လိုက္ၿပီး..လက္ရွိဘ၀ထဲမွာဘဲ ေပ်ာ္ေအာင္ေနေစခ်င္တယ္...လက္ေတြ႕ဘ၀ကိုရဲရဲဝံ့ဝံ့ရင္ဆိုင္ၿပီး..ဘ၀ကိုေရွ႕ဆက္ေလွ်ာက္ေစတယ္..ကိုလြန္း..""
လြန္းရဲ႕လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ရင္း ခါးသက္ဆိုလိုက္သည္။
""ဒါေပမယ့္..ငါဆီမွာ တြယ္တာစရာ..အေလးထားစရာ..အသက္ရွင္ဖို႔ရာ...ဘာဆိုဘာမွမရွိေတာ့ဘူးေလ..""
""ဘာလို႔မရွိရမွာလဲ ..ကိုလြန္းဆီမွာ .တြယ္တာစရာမရွိေတာ့ရင္ ..ကြၽန္ေတာ္ကိုတြယ္တာလို႔ရတယ္ေလ..ကိုလြန္းအေလးထားစရာမရွိေတာ့ရင္ .ကြၽန္ေတာ္ကိုအေလးလို႔ရေနတာဘဲ..ေနာက္ဆုံး ကုန္ကုန္ေျပာမယ္။ ကိုလြန္း ..ကြၽန္ေတာ္အတြက္ဘဲျဖစ္ျဖစ္..ကိုလြန္း အသက္ရွင္ေပးလို႔မရဘူးလား.ဒီကမၻာေပၚမွာ ကိုလြန္းကို အေလးထားၿပီးတန္ဖိုးထားေနတဲ့ ကြၽန္ေတာ္အတြက္ ကိုလြန္းအသက္ရွင္ေပးပါေနာ္..""
ခါးသက္ေမွ်ာ္လင့္တႀကီးနဲ႕ဆိုလိုက္သည္။
""ခါးသက္..မင္း..""
လြန္း ခါးသက္ကို ဒီအတိုင္း ေၾကာင္ေငးေငးေလး စိုက္ၾကည့္ေနမိသည္။
လြန္းရဲ႕မ်က္ႏွာေပၚမွာ မေဝခြဲတတ္မႈေတြ..ေတြေဝတုန႔္ဆိုင္းေနသည့္ လကၡဏာမ်ားက အထင္းသားေပၚလြင္လို႔ေန၏။
""ကြၽန္ေတာ္ကို ယုံၾကည္ေပးပါ....ကြၽန္ေတာ့္အသက္ထက္ပိုၿပီးေတာ့ကို..ကိုလြန္းကိုကြၽန္ေတာ္
တန္ဖိုးထားတယ္..အရမ္းလဲခ်စ္တယ္..ဒါကိုယုံေပးပါ...အရင္တုန္းက အတိတ္မွာ ျဖစ္ခဲ့တဲ့ ကိစၥေတြအားလုံးကို..အတိတ္မွာဘဲ ခ်န္ထားရစ္ခဲ့ၿပီး..ေရွ႕ဆက္ေလွ်ာက္လွမ္းရမဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕..အေၾကာင္းကိုဘဲ ေတြးၾကရေအာင္ေနာ္..ဒီကမၻာေပၚက အျဖစ္ပ်က္ေတြအကုန္လုံးကိုေမ့ထားၿပီး..ကိုလြန္းနဲ႕ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေၾကာင္းဘဲ.ေတြးၿပီး..ေနၾကရေအာင္ေနာ္..ကိုလြန္း.ကို ကြၽန္ေတာ္ ဘယ္ေလာက္ထိခ်စ္တယ္ဆိုအေၾကာင္းရယ္..ဘယ္ေလာက္ထိ တန္ဖိုးထားလဲ ဆိုတဲ့အေၾကာင္းေတြကို ဘဲ ေျပာေနမွာမို႔..အဲ့လိုဘဲသိထားေပးပါ..အရမ္းခ်စ္တယ္..ကိုလြန္း..""
ခါးသက္ ရွည္လ်ားစြာေျပာလိုက္ၿပီး လြန္းရဲ႕ႏုတ္ခမ္းေလးကို ညင္သာႏူးညံ့စြာနဲ႕ နမ္းရွိုက္လိုက္သည္။ ဒီတစ္ခါမွာေတာ့ လြန္းမ႐ုန္းေတာ့ပါ။ ေက်နပ္စြာ ခါးသက္ရဲ႕အနမ္းေတြကို လက္ခံၿပီး .အလိုက္သင့္ေလး ျပန္လည္၍ တုန႔္ျပန္လိုက္ေလသည္။
ခ်ိဳၿမိန္သည္။သာယာသည္။ ၾကည္ႏူးဆြတ္ပ်ံ့ဖြယ္ရာေကာင္းသည္။ လွိုက္ဖိုရင္ေမာၿပီး..လြန္းရဲ႕ရင္ခုန္သံေတြ ဆူညံ့ေနခဲ့သည္။
ဒါဟာ အခ်စ္တစ္ခု လြန္းရင္ထဲမွာ ေပါက္ဖြားလာတာမ်ားလား။
ဒါမွမဟုတ္ လူသားႏွစ္ဦးၾကားမွာ ျဖစ္တည္လာတဲ့ အခ်စ္တစ္ခုမ်ားလား။ ခါးသက္ရဲ႕ ႏြေးေထြး ၾကင္နာလြန္းလွသည့္ အနမ္းပြင့္ေတြၾကားထဲမွာ လြန္း ရင္ခုန္လွိုက္ေမာစြာ စီးေမ်ာေနခဲ့သည္။
ေနာက္ေတာ့ ခါးသက္ရင္ခြင္ထဲမွာဘဲ လြန္း မိန္းေမာစြာနဲ႕ လွဲေလွာင္းေနခဲ့လိုက္သည္။
အားကိုးအားထားစရာ..ခင္တြယ္စရာ..ဘာတစ္ခုမွမရွိေတာ့တဲ့ ငါအတြက္ မင္းဟာ ေကာက္ရိုးေလးတစ္မွ်င္ျဖစ္ေနခဲ့တယ္ ခါးသက္။ ေနာက္ဆုံး ငါအသက္ရွင္ရပ္တည္ဖို႔အတြက္ အေၾကာင္းျပခ်က္က မင္းအတြက္ပါလို႔ ေခါင္းစဥ္တပ္ပိုင္ခြင့္ ငါဆီမွာ ရွိပါ့မလား။ တကယ္ဘဲ မင္းရဲ႕အခ်စ္ေတြကို ငါလက္ခံပိုင္ခြင့္ရွိရဲ႕လား။ မင္းကေရာ..ငါ့ကိုမင္းတစ္ဘ၀လုံးနဲ႕ရင္းၿပီးေတာ့ ခ်စ္ရဲပါ့မလား။
ငါ့ဘက္ကေတာ့ ေသခ်ာေနၿပီ ခါးသက္။ မင္းက ငါဘ၀ရဲ႕ေနာက္ဆုံးအခ်စ္ဆိုတာ.။
""ခါးသက္...ငါေ႐ြးခ်ယ္မႈတစ္ခုလုပ္လိုက္ၿပီ..အဲ့ဒါက..ငါ..
မင္းအတြက္ အသက္ရွင္ဖို႔အတြက္ ေ႐ြးခ်ယ္လိုက္ၿပီ..ဒါေပမယ့္..မင္း
ငါ့ကိုထားသြားမဲ့ေန႕က ငါရဲ႕ေသေန႕ဘဲဆိုတာကိုေတာ့ ..မင္းမွတ္ထားေပးပါ..""
တီးတိုးစြာ ဆိုလာသည့္ လြန္းစကားမ်ားေၾကာင့္ ခါးသက္ အတိုင္းထက္အလြန္ ၀မ္းေျမာက္လို႔သြားရေလသည္။
""စိတ္ခ်ပါ..ကိုလြန္းကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထားခဲ့မွာမဟုတ္ဘူး..ဘာျဖစ္လို႔လဲဆိုေတာ့..ကိုလြန္းက ကြၽန္ေတာ္ရဲ႕အသက္ေသြးေၾကာျဖစ္ေနလို႔ဘဲ..ကိုလြန္းမရွိရင္ ကြၽန္ေတာ္အသက္ရွင္သန္မွာမဟုတ္ေတာ့ဘူး...ကြၽန္ေတာ္ရဲ႕ရင္ခုန္သံေတြကို..ကိုလြန္းကပိုင္ဆိုင္သလို..ကိုလြန္းရဲ႕ရင္ခုန္သံေတြကလဲ ကြၽန္ေတာ္အတြက္ဘဲ...""
ဟုခါးသက္ ခိုင္မာစြာဆိုလိုက္ရင္း.လြန္းကိုယ္ေလးကို တင္းက်ပ္ေနေအာင္ ဖက္ထားလိုက္သည္။
""အရမ္းခ်စ္တယ္ ကိုလြန္းရယ္..""
✨✨✨
ခါးသက္က လြန္းကို အင္မတန္မွ ဂ႐ုစိုက္ခဲ့ရွာသည္။ အရိပ္တစ္ၾကည့္ၾကည့္နဲ႕ လြန္းရဲ႕မ်က္ႏွာ တစ္ခ်က္ေလးမွ အညိုးမခံ...။
""ကိုလြန္း..ဆန္ျပဳတ္ေလး..ေသာက္လိုက္ဦးေနာ္..လာ..ကြၽန္ေတာ္ ခြံ႕ေကြၽးမယ္...""
""ရပါတယ္..ငါ့ဘာသာ ေသာက္ပါ့မယ္.""
""ဟာ..မရဘူး..ကြၽန္ေတာ္ ခြံ႕ေကြၽးခ်င္လို႔ပါ..အာ..ပါးစပ္ဟ..""
""ခါးသက္ မင္းကေတာ့ေလ..""
လြန္း..ခါးသက္ကို ၿပဳံးရင္း စိုက္ၾကည့္လိုက္သည္။
""ဟာ..ၿပဳံးၿပီ..ကိုလြန္း ၿပဳံးၿပီ...ခ်စ္လိုက္တာဗ်ာ..""
ခါးသက္ ၀မ္းသာအားရစြာ ေျပာၿပီး လြန္းရဲ႕ပါးေလးကိုနမ္းရွိုက္လိုက္သည္။
""ဟာ.ခါးသက္ မင္းဘယ္လိုျဖစ္ေနတာလဲ..""
""ေပ်ာ္လြန္းလို႔ေလ..ကိုလြန္းအၿပဳံးေလးေတြကို ျပန္ျမင္ရတာ ကြၽန္ေတာ္
အရမ္းေပ်ာ္တာဘဲ..""
ခါးသက္၀မ္းသာအားရစြာေျပာၿပီး..
သေဘာက်ႏွစ္ၿခိဳက္စြာ ၿပဳံးရယ္ေနေလသည္။ ခါးသက္ၿပဳံးေနတာကို ၾကည့္ရင္း လြန္းပါ ၿပဳံးမိသြားေလသည္။ တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္အေတာ္ၾကာသည့္အထိ ၿပဳံးၿပီး ၾကည့္ေနမိၾက၏။
""အဟမ္း..ဆန္ျပဳတ္ေတြ ေအးကုန္ေတာ့မွာဘဲ..""
လြန္း.ရွက္ကိုးရွက္ကန္းေလးနဲ႕ဆိုလိုက္ေတာ့..
""ဟီး..ဟုတ္သား..ကိုလြန္းမ်က္ႏွာလွလွေလးကို ေငးၾကည့္မိသြားရင္ တစ္ကမၻာၾကာေအာင္ ထမင္းေမ့ ဟင္းေမ့ေတာင္ျဖစ္ေလာက္တယ္..""
""အဟား..ပိုတာကြာ..""
""မပိုပါဘူး..လိုေတာင္လိုေသးတယ္..ဒီေကာင္ႀကီးက..ကိုလြန္းကို အဲ့ေလာက္ထိေတာင္ အရမ္းခ်စ္တာ..သိၿပီလား..""
ခါးသက္ေျပာေျပာဆိုဆိုနဲ႕ လြန္းကို ဆန္ျပဳတ္ခြံ႕ေကြၽးလိုက္ေလသည္။
လြန္းကို ၾကည့္တဲ့ ခါးသက္မ်က္၀န္းေတြထဲမွာ ၾကင္နာမႈေတြ..ႏြေးေထြးမႈေတြ ျမတ္နိုးမႈေတြကို အထင္းသား လြန္းျမင္ေနရသည္။
ငါျမင္ပါၿပီ ခါးသက္။။မင္းငါ့ကိုခ်စ္တဲ့အခ်စ္ေတြ ဘယ္ေလာက္ထိနက္ရွိုင္းလဲ ခိုင္ၿမဲလဲဆိုတာကို..။
✨✨✨
""ကိုလြန္း .ေရခ်ိဳးေတာ့မလို႔လား""
""အင္း.ဟုတ္တယ္..""
""ကြၽန္ေတာ္ ခ်ိဳးေပးမယ္ေလ..""
""ဘာ..ခါးသက္မင္းေနာ္..""
""ေဟာဗ်ာ..ဘာလို႔ မ်က္ႏွာႀကီးနီၿပီး..ရွက္ေနရတာလဲ..ကိုလြန္း ရဲ႕.ခႏၶာကိုယ္ကို ကြၽန္ေတာ္ျမင္ဖူးၿပီးသားဘဲဟာကို ..""
""ဟာ..ႏွာဗူး..ကဲဟာ..""
လြန္း စိတ္တိုတိုနဲ႕ ခါးသက္ရဲ႕ေခါင္းကို ေခါက္ထည့္လိုက္သည္။
""အား..နာတယ္..လက္သံကလဲေျပာင္ပါ့ဗ်ာ..""
ခါးသက္ သူ႕ ေခါင္းကိုသူ လက္နဲ႕ပြတ္ၿပီး ႏွာခမ္းႀကီးစူက ေျပာလိုက္သည္။
""ပိုတာ..ငါေခါက္လိုက္တာ အားသိပ္မပါဘူး.ေျပာသေလာက္လဲ မနာဘဲနဲ႕မ်ား..""
""နာလို႔နာတယ္ေျပာေနတာေပါ့ဗ်..ရက္စက္တာ....ကေလးကိုလုပ္ရက္တယ္..အာလူးသီးေတာင္ ထြက္သြားၿပီလားမသိဘူး.."""
""တကယ္ႀကီး နာသြားလို႔လား..လာ.လာ..ၪုံဖြ..ေပ်ာက္ေစ.""
"လြန္း..ေျခဖ်ားေလးေထာက္ၿပီး..
ခါးသက္ရဲ႕ ေခါင္းကိုလက္နဲ႕အသာပြတ္ေပးကာ ႏုတ္ခမ္းေလးေထာ္ကာ ေလနဲ႕မႈတ္ေပးေနေလသည္။
ဒါကိုအခြင့္ေကာင္းယူၿပီး ခါးသက္က လြန္း ႏုတ္ခမ္းေထာ္ေလးကို ႁပြတ္ခနဲ႕ျမည္ေအာင္ နမ္းပစ္လိုက္သည္။
""ဟာ..ခါးသက္ မင္းေနာ္..""
""ဘာလို႔ ကိုလြန္းက..ႏုတ္ခမ္းေလးေထာ္ၿပီး..လူကိုလာၿပီး ျမဴဆြယ္ေနလဲ..ဒီေကာင္ႀကီးက ေျပာၿပီးသားေနာ္.ေရွ႕မွာ အူယားေအာင္လာလုပ္ျပေနရင္..ဖက္နမ္းပစ္မွာလို႔.""
ခါးသက္ေျပာရင္း လြန္းရဲ႕ခါးေလးကို ဆြဲဖက္လိုက္ၿပီး ေနာက္ထပ္တစ္ခါ နမ္းပစ္လိုက္ျပန္သည္။
"""ဟာ.ႏွာဗူးေကာင္..လႊတ္စမ္း..အားအားရွိ..ဖက္မယ္ နမ္းမယ္ဆိုတာႀကီးဘဲ..မုန္းဖို႔ေကာင္းလိုက္တာ..""
ခါးသက္ကိုယ္ကိုတြန္းဖယ္ရင္း လြန္း..ျငဴစူစူေလး ေျပာလိုက္ေလသည္။
""ဘာ..ႏွာဗူးေကာင္ဟုတ္လား...အင္း.အဲ့.ႏွာဗူးေကာင္ .ဘယ္ေလာက္ထိ..ဗူးလဲသိေအာင္ ျပရေသးတာေပါ့..လာထားစမ္း...""
ခါးသက္ေျပာေျပာဆိုဆိုနဲ႕ လြန္းကိုယ္ေလးကိုဆတ္ခနဲ႕ ေကာက္ၿပီးေပြ႕ခ်ီလိုက္ေလသည္။
""အား .ခါးသက္.။မင္းေနာ္..ဘာျဖစ္ေနတာလဲ..""
""ဘာျဖစ္ရမွာလဲ..ကိုလြန္းကိုခ်စ္ေနတာေလ..ခ်စ္ေနတာလို႔..""
ခါးသက္ေျပာရင္း..လြန္းမ်က္ႏွာျပင္အႏွံ႕အနမ္းမိုးမ်ား ႐ြာခ်ေနျပန္၏။
""အား...ခါးသက္..မင္းေနာ္..ေတာ္ေတာ္..ႏွာဗူးထေနတာလား...ဟား..ဟား..ဟား.မလုပ္နဲ႕ေတာ့..မလုပ္နဲ႕ေတာ့.""
ခါးသက္ အူယားစြာနဲ႕ လြန္းရဲ႕လည္ပင္းေလးကို ခပ္ဖြဖြ နမ္းရွိုက္လိုက္ေတာ့..လြန္း ယားက်ိက်ိေလးျဖစ္သြားတာေၾကာင့္ ထရယ္ေနမိေတာ့သည္။
""ကဲ...ေနာက္တစ္ခါ..ႏွာဗူးလို႔ ေျပာဦးမလား..""
*"မေျပာေတာ့ဘူး..မေျပာေတာ့ဘူး...ေတာ္ေတာ့..ရပ္ေတာ့..ယားတယ္လို႔.ဟား..ဟား..ဟား..""
""ၿပီးေရာ..အရမ္းခ်စ္တယ္.။ကိုလြန္း..""
ခါးသက္ ဆိုလိုက္ၿပီး လြန္းရဲ႕နဖူးေလး ကိုခပ္ဖြဖြေလး နမ္းရွိုက္လိုက္၏။
ထိုေနာက္..လြန္းေရာ ခါးသက္ပါ တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ၿပီး သေဘာက်စြာ ရယ္ေမာလိုက္ၾကေလသည္။
အခန္းေလးထဲမွာ ၾကည္ႏူးသာယာဖြယ္ရာ...ရယ္သံေလးမ်ားလႊမ္းၿခဳံသြားေလေတာ့သည္။
ထိုလူသားႏွစ္ဦး၏ ရယ္ေမာသံေတြကို အထင္းသား ၾကားေနရသည့္ အခန္းအျပင္ဘက္က လူသားတစ္ဦးကေတာ့။
""ေတာက္.....အား....မုန္းတယ္.မုန္းတယ္....အဲ့လူႀကီးကိုလဲ..မုန္းတယ္..ကိုကို႔ကိုလဲ မုန္းတယ္...အကုန္လုံးကိုမုန္းတယ္...""
ေနလင္းသာ..ေဒါသတႀကီးနဲ႕ ေရ႐ြတ္လိုက္ၿပီး...ထိုေနရာကေန လွည့္ထြက္လာခဲ့ေတာ့၏။ ေနလင္းသာ ရင္ထဲတြင္ေတာ့..မနာလိုမႈေတြ ..အူတိုမႈေတြ.မေက်နပ္မႈေတြနဲ႕ ျပည့္ႏွက္လို႔ေနသည္။
""ေပ်ာ္ထားႏွင့္ၾကဦးေပါ့…ကိုလြန္းပုံရိပ္...ခင္ဗ်ားကို ဒီအတိုင္း ပစ္မထားဘူး..စိတ္ခ်.ခင္ဗ်ားရဲ႕အေပ်ာ္ေတြကို
.ဖ်က္စီးျပမယ္..ေစာင့္ၾကည့္ေန..""
✨🌺🌺🌺
ေအာက္စီဂ်င္ပိုက္အကူညီနဲ႕ အသက္ကို ခက္ခက္ခဲခဲ ရႈရိုက္ေနရသည့္ ဦးဓနမိုးကို ၾကည့္ရင္း ထစ္ခ်ဳန္း ရင္ထဲမေကာင္း။
""အဘိုး..အဘိုး..""
""အင္း.ေျမးေလး..ေျပာေလ..""
""ကြၽန္ေတာ္...အဘိုးရဲ႕ဆႏၵအတိုင္း..သရဖီကိုလက္ထပ္ယူပါ့မယ္..""
""တ...တကယ္ေျပာေနတာလား..ေျမးေလး..အဘိုး၀မ္းသာလိုက္တာကြယ္..အဘိုး၀မ္းသာလိုက္တာ..""
""ဟုတ္ကဲ့..အဘိုး..ဒီတစ္ရက္ ႏွစ္ရက္အတြင္းမွာဘဲ..သရဖီနဲ႕လက္ထပ္ပြဲကို...ဧကရာဇ္နန္းၿမိဳင္မွာဘဲ..အက်ဥ္းခ်ဳံးၿပီး စီစဥ္လိုက္မယ္ေနာ္..အဘိုး..""
""ေကာင္းတာေပါ့..ေျမးေလးရယ္..ေကာင္းတာေပါ့..အဘိုးမေသခင္ေလး..ငါ့ေျမးရဲ႕ မဂၤလာပြဲကို ျမင္ခြင့္ရတာ အဘိုးေသေပ်ာ္ပါၿပီကြယ္..""
ထစ္ခ်ဳန္း အဘိုးကိုစိုက္ၾကည့္ရင္း မ်က္ရည္မ်ား ရစ္ဝဲလို႔ေန၏။
သူကိုအခုလို လူလားေျမာက္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ အဘိုးရဲ႕ေနာက္ဆုံး ဆႏၵကို သူမလြန္ဆန္နိုင္ခဲ့ဘူး။
အဘိုးရဲ႕ေနာက္ဆုံး ဆႏၵအတြက္ ကြၽန္ေတာ္ ႏွလုံးသားကို စေတးပစ္လိုက္ပါၿပီ။ ကြၽန္ေတာ္ေ႐ြးခ်ယ္ခဲ့တဲ့ လမ္းက ခ်စ္ျခင္းေတြမပါ၀င္ခဲ့ေပမယ့္။ နားလည္မႈေတြနဲ႕ေတာ့ ေလွ်ာက္လွမ္းလို႔ရမယ္ထင္ပါရဲ႕။ ဒီကမၻာေပၚမွာ ကြၽန္ေတာ္အေၾကာင္း..ကြၽန္ေတာ္ရဲ႕စိတ္သေဘာထားေတြကို နားလည္မႈေပးနိုင္တဲ့လူသားက..သရဖီအျပင္ ရွိေတာ့မွာ မဟုတ္ပါဘူး။။ကြၽန္ေတာ္ရဲ႕ ဒီေ႐ြးခ်ယ္မႈက သရဖီအတြက္..နစ္နာေကာင္း နစ္နာနိုင္တယ္ဆိုေပမယ့္။ သူအေပၚမွာထားရွိမဲ့..
နားလည္မႈေတြ သစၥာတရားေတြကေတာ့ ခိုင္ၿမဲေနမွာ ေသခ်ာပါတယ္။
လြန္း.ကို..ကြၽန္ေတာ္ အရမ္းခ်စ္တယ္။ဒါေပမယ့္..ဒီဘ၀မွာ..လြန္းနဲ႕ကြၽန္ေတာ္ ဘယ္လိုမွကို ေပါင္းစည္းနိုင္မွာ မဟုတ္ေတာ့ပါဘူး။ အကယ္၍ ေနာက္ဘ၀ဆိုတာသာ ရွိခဲ့ရင္..ဘယ္လိုအရာမ်ိဳးေတြနဲ႕ဘဲ ယွဥ္လာ ယွဥ္လာ..ကြၽန္ေတာ္ လြန္းကိုဘဲ..ရဲရဲဝံ့ဝံ့ ေ႐ြးခ်ယ္ရဲတဲ့..ေ႐ြးခ်ယ္နိုင္တဲ့ လူမ်ိဳးဘဲ ျဖစ္ခ်င္ပါတယ္။
လြန္းေလး.ဒီဘ၀မွာ အစ္ကိုတို႔ ေတြ
မေပါင္းဆုံနိုင္ေပမယ့္။ ေနာက္ဘ၀က်ရင္ေတာ့ အစ္ကို လြန္းနဲ႕
ေပါင္းစည္းခြင့္ရခ်င္ပါတယ္။
အစ္ကို.မင္းကို အရမ္းခ်စ္တယ္..။
🌺🌺🌺🌺
အပိုင္း✨၄၅✨ ဆက္ဖတ္ပါလို႔။