ဝိုးတဝါးအိမ်မက်

By coco123popo56

11.1K 384 17

စာေရးသူ.ညွို႔စက္ကြင္း.ရဲ႕ဇာတ္လမ္းေလးပါ.. ယူနီနဲ႕ေရာေဇာ္ဂ်ီနဲ႕ပါ တင္ေပးထားပါသည္။ စာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်... More

အပိုင်း🍀၁🍀
အပိုင်း🍀၂🍀
အပိုင်း🍀၃🍀
အပိုင်း🍀၄🍀
အပိုင်း🍀၅🍀
အပိုင်း🍀၆🍀
အပိုင်း🍀၇🍀
အပိုင်း🍀၈🍀
အပိုင်း🍀၉🍀
အပိုင်း🍀၁၀🍀
အပိုင်း🍀၁၁🍀
အပိုင်း🍀၁၂🍀
အပိုင်း🍀၁၃🍀
အပိုင်း🍀၁၄🍀
အပိုင်း🍀၁၅🍀
အပိုင်း🍀၁၆🍀
အပိုင်း🍀၁၆🍀
အပိုင်း🍀၁၇🍀
အပိုင်း🍀၁၈🍀
အပိုင်း🍀၁၉🍀
အပိုင်း🍀၂၀🍀
အပိုင်း🌱၂၁🌱
အပိုင်း🌱၂၂🌱
အပိုင်း🌱၂၃🌱
အပိုင်း🌱၂၄🌱
အပိုင်း🌿၂၅🌿
အပိုင်း🍓၂၆🍓
အပိုင်း🍓၂၇🍓
အပိုင်း🍓၂၈🍓
အပိုင်း🍓၂၉🍓
အပိုင်း🍓၃၀🍓
အပိုင်း🍓၃၁🍓
အပိုင်း🌺၃၂🌺
အပိုင်း🌺၃၃🌺
အပိုင်း🌺၃၄🌺
အပိုင်း🌺၃၅🌺
အပိုင်း🌺၃၆🌺
အပိုင်း🌺၃၇🌺
အပိုင်း🌺၃၈🌺
အပိုင်း🌺၃၉🌺
အပိုင်း🌺၄၁🌺
အပိုင်း🌺၄၂🌺
အပိုင်း🌺၄၃🌺
အပိိုင်း🌺၄၄🌺
အပိုင်း🌺၄၅🌺
အပိုင်း🌺၄၆🌺
အပိုင်း🌺၄၇🌺

အပိုင်း🌺၄၀🌺

158 5 0
By coco123popo56

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
  
      လွန်းကို အပြီးတိုင် လက်လျော့မယ်လို့ ဆုံးဖြတ်လိုက်တော့ နှလုံးသား ဆတ်ဆတ်ခါအောင် နာသည်။
သူအနေနဲ့ အချစ်ကိုဦးစားပေးဖို့အတွက်..သတ္တိမရှိဘူးဆိုတာကို ဝန်ခံပါသည်။ ဘာဘဲဖြစ်ဖြစ် သူကြောင့် လွန်းဆုံးရှုံးခဲ့တာတွေ များနေခဲ့ပြီလေ..။ နောက်ထပ် နောက်ထပ် လွန်း ကိုမနာကျင်စေချင်တော့ဘူး..။
ရင်နာနာနဲ့ဘဲ လက်လွှတ်လိုက်ပါပြီ လွန်းရယ်..။အစ်ကို မင်းကိုမချစ်လို့မဟုတ်ဘူးနော် ။ အရမ်းချစ်လို့ လက်လွှတ်ပေးလိုက်တာပါ..။ နောက်ပြီး အဘိုးကိုလဲ စိတ်မဆင်းရဲစေချင်တော့ဘူး..။ အရာအားလုံးအတွက် တောင်းလဲတောင်းပန်ပါတယ် လွန်းရယ်..။

   လည်ပင်းထဲ ပူပြီးစီးဆင်းသွားတဲ့ အရက်ပြင်းတွေနဲ့အတူ စိတ်ညစ်စရာများကို မျောချနေသော ထစ်ချုန်းမိုး..။ တစ်ခွက်ပြီးတစ်ခွက် သောက်နေပေမယ့်လဲ ရင်ထဲက ဝေဒနာတွေက နည်းနည်းလေးမှ သက်သာမသွား..။
မိသားစုအရေးနဲ့ အချစ်ရေးကြားမှာ..ဗျာများနေခဲ့ရတဲ့သူ..။
အချစ်ရေးကို ဦးစားမပေးရဲသော..သတ္တိကြောင်သောသူ..ဟူသော..အပြစ်တင်စိတ်တွေနဲ့ အရက်တွေကိုဘဲ လိမ့်သောက်နေမိ၏။

""တော်.တော်ပါတော့..ကိုထစ်ချုန်းရာ..""

ခင်ဇော် ၀င်တားလိုက်ပေမယ့် ထစ်ချုန်းက မကြားဟန်ပြုကာ ဆက်သောက်နေမြဲ။။ခင်ဇော် သက်ပြင်းကိုသာ ချနေမိတော၏။ ထစ်ချုန်း ဘာတွေဖြစ်နေမှန်း ခင်ဇော် မသိ..။
    အမှတ်မထင် ဒီဘားမှာ လာဆုံနေခြင်းသာ ဖြစ်သည်။ ထစ်ချုန်းအခုလို အရက်သောက်တတ်သည်ကို ခင်ဇော်အရင်က မမြင်ဖူးပါ။ ‌အခုတော့ အရက်တွေတစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် မော့သောက်နေလေသည်။
    ကြာရင် ထစ်ချုန်းအတွက် မကောင်းမှန်း ခင်ဇော်သိသည်။ ထိုကြောင့်လဲ စိုးရိမ်စိတ်များနဲ့အတူ လွန်းဆီကို ဖုန်းဆက်လိုက်မိ၏။

""ဟဲလို..""

""ဟဲလို..လွန်းလား..""

""ဟုတ်ပါတယ်..ဘယ်သူလဲဗျာ့..""

""ငါ..ခင်ဇော်ပါ.""

""ဪ.ဟုတ်..ကိုခင်ဇော်ပြောလေ..""

""ကိုထစ်ချုန်းလေ..အရက်တွေအများကြီးသောက်ပြီးမူးနေတယ်..အဲ့ဒါ မင်းလာခေါ်ပေးပါ့လား..""

""ဗျာ..""

""မိုးကလဲ အရမ်းချုပ်နေပြီလေ..နောက်ပြီး ကိုထစ်ချုန်းအိမ်ကိုလဲ အစ်ကိုက မသိဘူးလေ.အဲ့တော့ လွန်းရာ.မင်းဘဲ ကိုထစ်ချုန်းကို လာခေါ်ပေးပါ့လား။..""

ကိုခင်ဇော်စကားကြောင့် လွန်းတခဏတွေဝေနေမိသည်။ အစ်ကိုက အရက်တွေသောက်နေတယ်တဲ့..။ ဟိုတစ်ခါ ကိစ္စဖြစ်ပြီးကတည်းက အစ်ကို့ကို လွန်းမတွေ့ခဲ့တာကြာပြီ။။အစ်ကိုရယ်..ဘာတွေဖြစ်နေပြန်ပြီလဲ..။

""လွန်း...လာခေါ်မယ်မလား..""

""ဟုတ်..ကိုခင်ဇော်..လွန်းဘယ်ဆိုင်ကို လာခဲ့ရမှာလဲ..""
✨✨✨✨
       ""လွန်း ဒီမှာ.""

လွန်း ကိုခင်ဇော် လှမ်းပို့လိုက်တဲ့ ဆိုင်လိမ်စာအတိုင်း ရောက်လာခဲ့၏။ ဟိုရောက်တော့ အစ်ကိုထစ်ချုန်းကလူမှန်းသူမှန်းမသိအောင်ကို မူးနေပြီလေ.။
""အစ်ကို..အစ်ကို..သတိလေးထားပါဦး..""

လွန်း ထစ်ချုန်းကိုယ်ကို လှုပ်ပြီး ပြောနေပေမယ့် ထစ်ချုန်းကတော့ တုပ်တုပ်မျှကိုမလှုပ်။။

""လွန်းရေ..အစ်ကို ကားရှိတဲ့ဆီထိ တွဲပြီး ပို့ပေးမယ်..""
ဟုဆိုကာ ထစ်ချုန်းကို ဘယ်တစ်ယောက် ညာတစ်ယောက်တွဲပြီး ကားရှိရာဆီကိုရောက်လာခဲ့ကြ၏။

    လွန်း ထစ်ချုန်း အိတ်ကပ်ထဲကနေ ကားသော့ကိုယူပြီး ကားတံခါးကိုဖွင့် ထစ်ချုန်းကို ကားပေါ်တင်လိုက်ကြ၏။

""ကဲ လွန်းရေ ကိုထစ်ချုန်းကို မင်းလက်ထဲအပ်ခဲ့ပြီနော် အစ်ကိုပြန်ပြီ..""

ဟုပြောရင်း ထွက်သွားသည့် ကိုခင်ဇော်ကျောပြင်ကို လွန်းငေးကြည့်ရင်း အခက်ကြုံနေလေတော့သည်။
လွန်းကားပေါ်တက်လာပြီး ကားစီရာတိုင်ကို ကိုင်ရင်း ရင်တုန်နေမိသည်။

""အစ်ကိုတောင်းပန်ပါတယ် လွန်းလေး..အစ်ကိုကြောင့် မင်းအရမ်းကို နာကျင်ခဲ့ရတာပါ.တောင်းပန်ပါတယ်...""
ထစ်ချုန်း မူးပြီး ယောင်ရင်းပြောနေလေသည်။ လွန်း ထစ်ချုန်းကို ငေးကြည့်ရင်း မျက်ရည်များဝဲတက်လို့ လာခဲ့၏။
    အခုဘာလုပ်လို့ လုပ်ရမှန်း လွန်းမသိတော့ဘူး။ လက်မှာပတ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ ည ၁၀နာရီတောင်ထိုးနေပြီ။ အိမ်မှာ ခါးသက်မရှိလို့ လွန်းထွက်လာလို့ ရခဲ့တာ. .။ အခုတလော ခါးသက်အိမ်ပြန်တာ နောက်ကျတတ်သည် ။ တစ်ခါတစ်လေ ည ၁၂နာရီ၀န်းကျင်လောက်မှ ပြန်ရောက်လာတတ်သည်။ ခါးသက် အိမ်မရောက်ခင် လွန်းအိမ်ပြန်ရောက်မှ ဖြစ်မည်။

    ကြံရာမရတဲ့အဆုံး..မသရဖီဆီကို ဖုန်းဆက်ဖို့ တွေးလိုက်ပြီး လွန်း ဖုန်းခေါ်လိုက်၏။

""ဟဲလို..မမသရဖီလား..ကျွန်တော် လွန်းပုံရိပ်ပါ..""

""ဪ...လွန်းလေး..ပြောလေ..မမဆီကို ဘာပြောချင်လို့ ဖုန်းဆက်လိုက်တာလဲ..""

""ဟို..ဟို..အစ်ကိုထစ်ချုန်း အရက်တွေ အရမ်းမူးနေလို့..အဲ့ဒါ မမသရဖီဘဲ အစ်ကိုထစ်ချုန်းအိမ်ကို ခေါ်သွားပေးပါ့လားဟင်..""

""အဲ့ဒါမှ ဒုက္ခပါဘဲ လွန်းရယ်..မမက အခု မမရဲ့မိဘတွေအိမ်မှာ ရောက်နေတာ..မမ ထွက်လာဖို့ အဆင်မပြေဘူး..""

""ဟင် ဟုတ်လား..အဲ့ဆို ဒုက္ခပါဘဲ..""

""ဒီလိုလုပ်ပါလား လွန်းရာ နီးစပ်ရာ ဟိုတည်တစ်ခုမှာဘဲ  bossကို ၀င်ပို့ထားလိုက်ပါ့လား မနက်ကျရင် မမ လာခဲ့မယ်လေ ""

""ဟုတ်ကဲ့မမသရဖီ အဲ့လိုဘဲ လုပ်ရတော့မှာပေါ့။ ""

လွန်း ဖုန်းကိုချလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ စိတ်ကိုအေးအေးထားပြီး တုန်ယင်နေသည့် လက်တစ်စုံနဲ့ဘဲ ကားကို ဖြေးညှင်းစွာနဲ့ဘဲ လွန်းမောင်းလာခဲ့သည်။

       မမသရဖီ ပြောတဲ့အတိုင်းဘဲ နီးစပ်ရာ ဟိုတည်တစ်ခုမှာ အခန်းယူလိုက်ပြီး အစ်ကိုထစ်ချုန်းကို ကျောပိုးပြီး ခေါ်လာခဲ့လိုက်၏။
ကုတင်ပေါ် အစ်ကိုထစ်ချုန်းကို ချပေးလိုက်တော့...

"""အု..ဝေါ့...ဝေါ့..""

လွန်းကိုယ်ပေါ် ရုတ်တရက်ကြီး ထိုးအန်ချလိုက်တာကြောင့် လွန်း အင်္ကျီတစ်ခုလုံး အန်ဖတ်များနှင့် ပေကျံသွားလေတော့သည်။

     အစ်ကိုထစ်ချုန်းရဲ့ အင်္ကျီတွေကို ချွတ်ပေးလိုက်ပြီး သန့်ရှင်းရေး လုပ်ပေးပြီး စောင်ခြုံပေးထားလိုက်၏။
ဒီပုံစံအတိုင်းကြီးနဲ့ ထားခဲ့ရမှာလဲ လွန်းစိတ်မဖြောင့်တာနဲ့ ဒီနေ့ညလွန်း အိမ်မ‌ပြန်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်၏။

        ရေချိုးခန်းထဲ ၀င်လာပြီး ရေချိုးလိုက်ရသလို အင်္ကျီကိုလဲ လျော်လိုက်ရ၏။ တပတ်လေးတစ်ထည်ကိုဘဲ အရှက်လုံအောင် ပတ်ထားလို့ လွန်းစိတ်ထဲ သိပ်မလုံ..။ အိပ်ရာပေါ်က အစ်ကိုထစ်ချုန်းကတော့ အရက်ရှိန်‌နဲ့ အိပ်မောကျနေဆဲ..။

   လွန်း ဖုန်းလေးကိုထုတ်ကြည့်လိုက်တော့ ခါးသက်ဆီက miss call တွေ အခါ နှစ်ဆယ်တောင် ၀င်ထားတာတွေ့တော့ လွန်း ခေါင်းထဲ ထူပူသွားရလေပြီ။အလျှင်အမြန် ခါးသက်ဆီကို လွန်း ဖုန်းပြန်ခေါ်လိုက်သည်။

""ကိုလွန်း..အခုဘယ်မှာလဲ..ကိုလွန်း..အခုဘယ်မှာလဲဆိုတာ ပြော.."""

ခါးသက်၏ အသံက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်လို့နေသည်။

""ဟို..ဟို..ငါ ..သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ..""

""ပြော အဲ့သူငယ်ချင်းရဲ့အိမ်ကို ကျွန်တော်လာခေါ်လှည့်မယ်..ကျွန်တော် ပြောင်းလဲနေပြီလေဗျာ..ဘာဖြစ်လို့ ကျွန်တော်ဆီကနေ ထွက်ပြေးရတာလဲ..""

ငိုရှိုက်သံနှော နေသည့် ခါးသက်၏ အသံကြောင့် လွန်းရင်ထဲ စိတ်မကောင်းဖြစ်သွားရလေသည်။

""ငါ..ထွက်ပြေးတာ မဟုတ်ပါဘူး ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့လေ...မတွေ့တာလဲ ကြာနေတော့စကားလက်ဆုံကျနေကြတာ..အဲ့ဒါ ဒီနေ့တစ်ညလောက်တော့ ငါအိမ်ပြန်မလာတော့ဘူးနော် မနက်ကျမှဘဲ ပြန်လာခဲ့မယ်နော် တစ်ခါလောက်တော့ ခွင့်ပြုပေးပါ..""

လွန်း မုသားစကားတို့ကို ဆိုလိုက်တော့ တစ်ဖက်က ငြိမ်ကျသွားလေသည်။ နောက်တော့ သက်ပြင်းချသံ သဲ့သဲ့လေးနဲ့အတူ...

""ဟင်း...ကောင်းပြီလေ..တကယ်ဘဲ သူငယ်ချင်းတွေနဲ့ အတူရှိနေတာလား..""

""အင်း..""

""ကျွန်တော် ကိုလွန်းကို ယုံလိုက်မယ်နော် မနက်စောစောတော့ အိမ်ကိုပြန်လာစေချင်တယ်..""

""အင်းပါ..ကျေးဇူး..""

""သိပ်ပြီး မိုးမချုပ်စေနဲ့..ခဏနေရင် အိပ်တော့နော် ..နောက်ပြီး နွေးနွေးထွေးထွေးလေးလဲ နေဦး ဒီနေ့ည မိုးအေးနေသလိုဘဲ..""

ခါးသက်စကားကြောင့် လွန်းပြုံးလိုက်မိသည်။ လွန်းကိုယ်ပေါ်မှာ တပတ်လေးတစ်ထည်ဘဲ ရှိနေတာလေ.။

""အင်းပါ..အရမ်းကြီး စိတ်မပူနဲ့နော်..ငါမနက်စောစော အိမ်ပြန်ရောက်မှာပါ..""

လွန်းဖုန်းကိုချလိုက်ပြီး မချိပြုံးလေး ပြုံးလိုက်မိသည်။ sorryပါ ခါးသက် မင်းကိုငါလိမ်ပြောလိုက်ရတယ်။။
မင်းသိသွားရင် ဒီကိစ္စက ပိုပြီးရှုပ်ထွေးသွားမှာ စိုးလို့ပါ..။

🌺🌺🌺
      ""ကျစ်..နေလင်းသာ ..မနက်စောစောစီးစီးကြီး ဘာလုပ်တာလဲ..""
ခါးသက်စိတ်ပျက်စွာ မေးလိုက်တော့ နေလင်းသာ က ညစ်ကျယ်ကျယ်လေး ပြုံးလိုက်သည်။

""ကိုကိုရဲ့ ချစ်ဇနီးလေး အိမ်မှာ မရှိဘူးထင်တယ်နော်..""

နေလင်းသာ စကားကြောင့် ခါးသက်ရင်ထဲ ထိတ်ခနဲ့ဖြစ်သွားသည် ။ကိုလွန်း အိမ်မှာ မရှိတာ သူဘယ်လိုဖြစ်ပြီးသိသွားတာလဲလို့ အပြေးလွှားစဉ်းစားခန်း၀င်နေမိသည်။

""ကိုကိုရဲ့ ချစ်ဇနီးလေးမနေ့ညက ဘယ်မှာ ဘယ်သူနဲ့ရှိနေလဲ ဆိုတာ ကိုကိုမသိတာလား..ဒါမှမဟုတ် မသိချင်ယောင်ဆောင်ပေးထားတာလား..""

နေလင်းသာ စကားကြောင့် ခါးသက် မျက်မှောင်ကြုပ်နေမိ၏။

""ဘာလဲ နေလင်းသာ မင်းဘာကို ဆိုလိုချင်နေတာလဲ ပြောစရာရှိတာ ပြော..ဝေ့မနေနဲ့..""

""အဟက် ဟုတ်ပါပြီး..ဒီမှာ ရော့..ကိုကိုရဲ့ချစ်ဇနီးလေး မနေ့ညက ဘယ်သူနဲ့အတူရှိနေလဲဆိုတာ ကြည့်လိုက်ပါဦး..""

ဟု ဆိုရင် ခါးသက်လက်ထဲ ဓာတ်ပုံတွေ တစ်ထပ်ကြီးကို ထည့်ပေးလိုက်သည်။
   ခါးသက် ဓာတ်ပုံတွေကို ကြည့်ရင်း အသက်ရှုသံတွေ မြန်လာကာ ပုံများကို ဆွဲဖြဲပစ်လိုက်၏။

""အဟက်..နှစ်ယောက်သား ဟိုတည်ထဲကို ၀င်သွားတာဆိုတော့ သူတို့ ဘာတွေ လုပ်ကြလဲဆိုတာ သူတို့ဘဲ သိလိမ့်မယ် ကိုကို..သူတို့နှစ်ယောက် ကိုကို ကွယ်ရာမှာ ဖောက်ပြန်ပြီး ပျော်ပါးနေကြတာဘဲ ဖြစ်ရမယ်..""

""တော်တော့..ဘာမှဆက်မပြောနဲ့တော့ သွား..ထွက်သွား...'"

""ကိုကို့ကို..သူဒီလောက်ထိ အရူးလုပ်နေတာကို..ကိုကိုငြိမ်ခံနေတုန်းဘဲလား..ဟိုက..မနေ့ညက ။။ကိုကို့ကိုတောင် သတိရမှာမဟုတ်ဘူး..
ဟိုလူကြီးရဲ့ ပြုစုယုယမှုအောက်မှာ ဘယ်လောက်တောင် သာယာနေမလဲမသိဘူး..""

""တော်လို့..ငါပြောနေတယ်နော် နေလင်းသာ..မင်းထွက်သွားလိုက်တော့...သွား..ထွက်သွား..အား..""

ခါးသက် စိတ်တိုတိုနဲ့ နေလင်းသာ ကိုမောင်းထုတ်လိုက်သည်။ နေလင်းသာက မဲ့ပြုံးပြုံးရင်း ထိုနေရာကနေ လှည့်ထွက်သွားလေသည်။

""ဘာလို့လဲ..ကျွန်တော် ခင်ဗျားကို ယုံကြည်ပေးခဲ့တယ်လေ..ဒါပေမယ့် ခင်ဗျားကျွန်တော်ကိုညာတယ်..အဟက်..ဟား..ဟား..ခင်ဗျား ဒီလောက်ထိတောင်..ကိုထစ်ချုန်းမိုး အပေါ်မှာ သာယာနေတာလား..ကျွန်တော်ကတော့ ခင်ဗျားကို အစွမ်းကုန် ကာကွယ်ပေးဖို့အတွက် အဘိုးနဲ့တောင် တိုက်ပွဲ၀င်ဖို့အထိ လုပ်နေတာလေဗျာ..ခင်ဗျားက ကွယ်ရာမှာ ကိုထစ်ချုန်းမိုးနဲ့ ဟိုတည်မှာ ချိန်းတွေ့ရတဲ့အထိ တောင် ဖြစ်နေပြီလား..ဘာဖြစ်လို့လဲ..ဘာဖြစ်လို့ ခင်ဗျား အရမ်းရက်စက်နေရတာလဲ..ကျွန်တော် ရင်ထဲက အမုန်းတရားတွေကို ခဝါချပြီး..ကျွန်တော့်ရဲ့အချစ်တွေကို ချပြနေပြီဘဲ..ဒါကို ခင်ဗျား ဘာဖြစ်လို့ မမြင်ရတာလဲ..အား....""

ခါးသက် ‌စိတ်လွတ် ကိုယ်လွတ်နဲ့ ပစ္စည်းတွေကို ပစ်ပေါက်နေမိသည်။
✨✨✨
    "ဪ .မမသရဖီရောက်လာပြီလား...""

""အင်း..လွန်းလေး..bossရော.""

""အစ်ကိုထစ်ချုန်း အခုထိ မနိုးသေးဘူး မနေ့ညက သူအဖျားတွေ
တက်နေသေးတယ်..လွန်းလဲ တတ်သလောက်လေး ပြုစုပေးထားတယ် မမသရဖီ..အစ်ကို့ကို ဆေးခန်းပြလိုက်ဦးနော်..အဟွတ်..အဟွတ်..""

""အင်းပါ..ဒါနဲ့ လွန်းလေးကိုကြည့်ရတာ နွမ်းနေသလိုဘဲ..""

""ဟုတ်တယ် မမသရဖီ..မနေ့ညက အစ်ကို့ကိုစိတ်ပူနေတာနဲ့ လွန်း တစ်ညလုံး မအိပ်လိုက်ရဘူးလေ..အဟွတ်..အဟွတ်....နောက်ပြီး နည်းနည်းလေးအအေးမိသွားတာ..နေမှာပါ..အဟွတ်..""

""အင်းပါ..ကျေးဇူးတင်ပါတယ် .""

"""ဟုတ်ကဲ့ .အဲ့ဒါဆိုရင် လွန်းပြန်တော့မယ်နော် .""

မမသရဖီကို လွန်းနုတ်ဆက်ပြီး ပြန်လာခဲ့သည်။ တစ်ကိုယ်လုံး ကိုက်ခဲပြီး ခေါင်းကလဲ တရိပ်ရိပ်နဲ့ကို မူးနေသည်။ မနေ့ညက လွန်းတစ်ညလုံး မအိပ်ခဲ့ရဘူးလေ။။ အစ်ကိုထစ်ချုန်း ညက အဖျားတွေ အရမ်းတက်နေတာကြောင့် ရေပတ်တိုက်ပြီး ပြုစုပေးနေရတာနဲ့ လွန်း တစ်ရေးမှကို မအိပ်ခဲ့ရတာပါ။ နောက်ပြီးလူကအအေးမိသွားတယ်နဲ့လဲတူတယ်။ လူက နုံးချိပြီး တစ်ကိုယ်လုံး မလှုပ်ချင် ဖြစ်နေတယ်။
    တက္ကစီတစ်စီး ငှားပြီး အိမ်ကို လွန်းပြန်လာခဲ့သည်။

    လွန်း အိမ်ကို ပြန်ရောက်လာတော့..

""ကဲ..ဆိုစမ်းပါဦး..ကိုလွန်းပုံရိပ် မနေ့ညက အတော့်ကိုမှ ပျော်ခဲ့ရဲ့လား..""

စီးကြိုပြီး ခနဲ့တဲ့တဲ့ အမေးစကားတို့ဆိုလာသည့် ခါးသက်ကို..

""အင်း..ငါအပေါ်တက်တော့မယ်နော် နေသိပ်မကောင်းလို့ နောက်မှ ရှင်းပြပါ့မယ်..""

လွန်း အသာရှောင်သွားဖို့ ကြိုးစားပေမယ့် ခါးသက်က လွန်းရဲ့ လက်ကို အကြမ်းပတမ်း ဆွဲဆောင့်လိုက်၏။

""အဟက်..ဘာလဲ..မနေ့ညက..နှစ်ယောက်သား အရမ်းကို စည်းလွတ်ဝါးလွတ် ပျော်ခဲ့တဲ့ပုံဘဲ..
ကျွန်တော်က ခင်ဗျားနဲ့တရား၀င်လက်ထက်ထားတဲ့ လူဆိုတာကို ခင်ဗျား မမေ့ပါနဲ့..""

ခါးသက်စကားများကြောင့် လွန်း ကြောင်အစွာ ငေးကြည့်နေမိ၏။

""ဘာလဲ ဟုတ်နေတဲ့ပုံဘဲ..မနေ့ညက ကိုထစ်ချုန်းမိုးနဲ့အတူ ဟိုတည်တစ်ခုမှာ ခင်ဗျား ဖြစ်ချင်တိုင်းဖြစ်နေခဲ့တာကို ကျွန်တော်မသိဘူးများထင်နေလား"".
ခါးသက် စိတ်တိုတိုနဲ့အော်ပြောပြီး လွန်းကိုယ်လေးကို ဆောင့်တွန်းလိုက်တာကြောင့် လွန်း ကြမ်းပြင်ပေါ် လဲကျသွား၏။

""မဟုတ် .မဟုတ်ဘူးနော်..ခါးသက်.ငါ..အဟွတ်..""

""ဘာတွေ လိမ်ဦးမလို့လဲ..ဒီမှာ သက်သေတွေ အခိုင်မာ ရှိနေတာတောင် ခင်ဗျား ငြင်းချင်နေတုန်းဘဲလား..""

ဟုပြောရင်း လွန်းကိုယ်ပေါ် ပစ်ပေါက်ပြီးပေးလိုက်သည့် ဓာတ်ပုံတွေ။
လွန်းဓာတ်ပုံတွေကို ကြည့်လိုက်တော့.
မနေ့က လွန်း အစ်ကိုထစ်ချုန်းကို တွဲပြီး ဟိုတည်ထဲ ၀င်သွားသည့် ပုံတွေ ဖြစ်နေသည်။

""မဟုတ်ဘူး..မဟုတ်ဘူး..အဟွတ်..အဟွတ်..ခါးသက်..ငါရှင်းပြပါ့မယ်..မင်းထင်နေသလို မဟုတ်ပါဘူး...""

""ဘာကို မဟုတ်တာလဲ..ဟမ်..လူနှစ်ယောက် ဟိုတည်ထဲ ၀င်သွားပြီး ညလုံးပေါက် အတူတူရှိနေပြီးမှ..ဘာလုပ်ကြလဲဆိုတာ ခင်ဗျားတို့ဘဲ သိကြမှာပေါ့..ဒီမှာ ကိုလွန်းပုံရိပ်ခင်ဗျားရဲ့ တရား၀င် လင်ယောက်ျားက ကျွန်တော်နော်..ဒါကိုတခြားကောင်တစ်ကောင်နဲ့ ခင်ဗျားက ကွယ်ရာမှာ ဖောက်ပြန်ချင်နေတာလား...""

""မဟုတ်ဘူး..မဟုတ်ဘူး..ငါရှင်းပြပါရစေ..အဟွတ်..အဟွတ်..""

လွန်း ရှင်းပြဖို့ ကြိုးစားပေမယ့် ခါးသက်က နားမထောင်ဘဲ လွန်းကိုယ်ကို အတင်း ဆွဲထူပြီး ဆွဲခေါ်သွားသည်။

""ခါးသက်..ငါရှင်းပြတာ နားထောင်ပေးပါ..မင်းထင်နေသလိုမျိုး မဟုတ်ပါဘူး..""

လွန်း အတင်းရှင်းပြဖို့ကြိုးစားပေမယ့် ခါးသက်က နားမထောင်ခဲ့ဘူးလေ။
လွန်းကို အခန်းထဲဆွဲခေါ်သွားပြီး..
အိပ်ရာပေါ် အတင်းလှဲချလိုက်သည်။

""ခင်ဗျားရဲ့ ကိုယ်က အခုဆို မသန့်ရှင်းတော့ဘူးဘဲ...မနေ့ညက တခြားကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ ဒီခန္ဓာကိုယ်နဲ့ဘဲ ကိုယ်ယောက်ျားကို ..ပြန်ပြီး ပြုစုပေးပြီး အပြစ်ကိုဆေးကြောပေးရမှာပေါ့..""

ရင့်သီးစွာ ထွက်ပေါ်လာသည့် ခါးသက်စကားကြောင့် လွန်း တစ်ကိုယ်လုံးအေးခဲသွားလေသည်။နောက်တော့ ကြမ်းတမ်းစွာ ကျရောက်လာသည့် အနမ်းကြမ်း။ အရိုင်းဆန်လွန်းလှသည့် အထိတွေ့တွေ။

""ဟင့်အင်း..ဟင့်အင်း..မလုပ်ပါနဲ့..ခါးသက် ငါတောင်းပန်ပါတယ်။ မလုပ်ပါနဲ့..""

လွန်းတောင်းပန်စကားတို့ကို ဆိုလဲ ခါးသက် ကမကြားဟန်ပြုကာ..လွန်းကိုယ်ပေါ်က အ၀တ်စားတွေကို အရိုင်းဆန်စွာ ဆွဲချွတ်နေတော့၏။

      လွန်းကိုယ်ပေါ်က ခါးသက်ကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့်လဲ အချည်းနှီးသာ..။ တစ်ကိုယ်လုံး နုံးချိနေတာကြောင့် ခါးသက်လက်ထဲကနေ လွတ်မြောက်အောင် လွန်း မစွမ်းဆောင်‌နိုင်တော့ပါ။ ခါးသက်ပြုသမျှ နုရသည့်ဘ၀။ လွန်းမျက်၀န်းအိမ်ထဲက မျက်ရည်စတွေနဲ့အတူ စွန်းထင်းသွားခဲ့ရသည့်အဖြူထည်..ဘ၀လေးတစ်ခု။။ ဒေါသတကြီး အရိုင်းဆန်စွာနဲ့ ခါးသက်ရဲ့ စားသုံးခြင်းကို ခံလိုက်ရတဲ့ အသွေးသားတွေ..။ ဒါဟာ လွန်းအတွက် ပထမဦးဆုံးအကြိမ်ဆိုတာ ခါးသက်တစ်ယောက် သိပါလေစ။
✨✨✨
အပိုင်း🌺၄၁🌺မျှော်ပေးကြပါဦး။
တချို့စကားလုံးတွေ သုံးတာ နည်းနည်း ရိုင်းသွားရင်လဲ ခွင့်လွှတ်ပေးကြပါနော်။ အရမ်းကြီး +မဆန်ပါဘူးနော်။အဲ့ဒါကြောင့် 🔞ဒါလေး သတိမပေးထားဘူး ရပါတယ်နော်။
                          🌺ညှို့စက်ကွင်း🌺

💤ဝိုးတဝါးအိမ္မက္💤
🌈အပိုင္း(၄၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
  
      လြန္းကို အၿပီးတိုင္ လက္ေလ်ာ့မယ္လို႔ ဆုံးျဖတ္လိုက္ေတာ့ ႏွလုံးသား ဆတ္ဆတ္ခါေအာင္ နာသည္။
သူအေနနဲ႕ အခ်စ္ကိုဦးစားေပးဖို႔အတြက္..သတၱိမရွိဘူးဆိုတာကို ဝန္ခံပါသည္။ ဘာဘဲျဖစ္ျဖစ္ သူေၾကာင့္ လြန္းဆုံးရႈံးခဲ့တာေတြ မ်ားေနခဲ့ၿပီေလ..။ ေနာက္ထပ္ ေနာက္ထပ္ လြန္း ကိုမနာက်င္ေစခ်င္ေတာ့ဘူး..။
ရင္နာနာနဲ႕ဘဲ လက္လႊတ္လိုက္ပါၿပီ လြန္းရယ္..။အစ္ကို မင္းကိုမခ်စ္လို႔မဟုတ္ဘူးေနာ္ ။ အရမ္းခ်စ္လို႔ လက္လႊတ္ေပးလိုက္တာပါ..။ ေနာက္ၿပီး အဘိုးကိုလဲ စိတ္မဆင္းရဲေစခ်င္ေတာ့ဘူး..။ အရာအားလုံးအတြက္ ေတာင္းလဲေတာင္းပန္ပါတယ္ လြန္းရယ္..။

   လည္ပင္းထဲ ပူၿပီးစီးဆင္းသြားတဲ့ အရက္ျပင္းေတြနဲ႕အတူ စိတ္ညစ္စရာမ်ားကို ေမ်ာခ်ေနေသာ ထစ္ခ်ဳန္းမိုး..။ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေနေပမယ့္လဲ ရင္ထဲက ေဝဒနာေတြက နည္းနည္းေလးမွ သက္သာမသြား..။
မိသားစုအေရးနဲ႕ အခ်စ္ေရးၾကားမွာ..ဗ်ာမ်ားေနခဲ့ရတဲ့သူ..။
အခ်စ္ေရးကို ဦးစားမေပးရဲေသာ..သတၱိေၾကာင္ေသာသူ..ဟူေသာ..အျပစ္တင္စိတ္ေတြနဲ႕ အရက္ေတြကိုဘဲ လိမ့္ေသာက္ေနမိ၏။

""ေတာ္.ေတာ္ပါေတာ့..ကိုထစ္ခ်ဳန္းရာ..""

ခင္ေဇာ္ ၀င္တားလိုက္ေပမယ့္ ထစ္ခ်ဳန္းက မၾကားဟန္ျပဳကာ ဆက္ေသာက္ေနၿမဲ။။ခင္ေဇာ္ သက္ျပင္းကိုသာ ခ်ေနမိေတာ၏။ ထစ္ခ်ဳန္း ဘာေတြျဖစ္ေနမွန္း ခင္ေဇာ္ မသိ..။
    အမွတ္မထင္ ဒီဘားမွာ လာဆုံေနျခင္းသာ ျဖစ္သည္။ ထစ္ခ်ဳန္းအခုလို အရက္ေသာက္တတ္သည္ကို ခင္ေဇာ္အရင္က မျမင္ဖူးပါ။ ‌အခုေတာ့ အရက္ေတြတစ္ခြက္ၿပီး တစ္ခြက္ ဆက္တိုက္ ေမာ့ေသာက္ေနေလသည္။
    ၾကာရင္ ထစ္ခ်ဳန္းအတြက္ မေကာင္းမွန္း ခင္ေဇာ္သိသည္။ ထိုေၾကာင့္လဲ စိုးရိမ္စိတ္မ်ားနဲ႕အတူ လြန္းဆီကို ဖုန္းဆက္လိုက္မိ၏။

""ဟဲလို..""

""ဟဲလို..လြန္းလား..""

""ဟုတ္ပါတယ္..ဘယ္သူလဲဗ်ာ့..""

""ငါ..ခင္ေဇာ္ပါ.""

""ဪ.ဟုတ္..ကိုခင္ေဇာ္ေျပာေလ..""

""ကိုထစ္ခ်ဳန္းေလ..အရက္ေတြအမ်ားႀကီးေသာက္ၿပီးမူးေနတယ္..အဲ့ဒါ မင္းလာေခၚေပးပါ့လား..""

""ဗ်ာ..""

""မိုးကလဲ အရမ္းခ်ဳပ္ေနၿပီေလ..ေနာက္ၿပီး ကိုထစ္ခ်ဳန္းအိမ္ကိုလဲ အစ္ကိုက မသိဘူးေလ.အဲ့ေတာ့ လြန္းရာ.မင္းဘဲ ကိုထစ္ခ်ဳန္းကို လာေခၚေပးပါ့လား။..""

ကိုခင္ေဇာ္စကားေၾကာင့္ လြန္းတခဏေတြေဝေနမိသည္။ အစ္ကိုက အရက္ေတြေသာက္ေနတယ္တဲ့..။ ဟိုတစ္ခါ ကိစၥျဖစ္ၿပီးကတည္းက အစ္ကို႔ကို လြန္းမေတြ႕ခဲ့တာၾကာၿပီ။။အစ္ကိုရယ္..ဘာေတြျဖစ္ေနျပန္ၿပီလဲ..။

""လြန္း...လာေခၚမယ္မလား..""

""ဟုတ္..ကိုခင္ေဇာ္..လြန္းဘယ္ဆိုင္ကို လာခဲ့ရမွာလဲ..""
✨✨✨✨
       ""လြန္း ဒီမွာ.""

လြန္း ကိုခင္ေဇာ္ လွမ္းပို႔လိုက္တဲ့ ဆိုင္လိမ္စာအတိုင္း ေရာက္လာခဲ့၏။ ဟိုေရာက္ေတာ့ အစ္ကိုထစ္ခ်ဳန္းကလူမွန္းသူမွန္းမသိေအာင္ကို မူးေနၿပီေလ.။
""အစ္ကို..အစ္ကို..သတိေလးထားပါဦး..""

လြန္း ထစ္ခ်ဳန္းကိုယ္ကို လႈပ္ၿပီး ေျပာေနေပမယ့္ ထစ္ခ်ဳန္းကေတာ့ တုပ္တုပ္မွ်ကိုမလႈပ္။။

""လြန္းေရ..အစ္ကို ကားရွိတဲ့ဆီထိ တြဲၿပီး ပို႔ေပးမယ္..""
ဟုဆိုကာ ထစ္ခ်ဳန္းကို ဘယ္တစ္ေယာက္ ညာတစ္ေယာက္တြဲၿပီး ကားရွိရာဆီကိုေရာက္လာခဲ့ၾက၏။

    လြန္း ထစ္ခ်ဳန္း အိတ္ကပ္ထဲကေန ကားေသာ့ကိုယူၿပီး ကားတံခါးကိုဖြင့္ ထစ္ခ်ဳန္းကို ကားေပၚတင္လိုက္ၾက၏။

""ကဲ လြန္းေရ ကိုထစ္ခ်ဳန္းကို မင္းလက္ထဲအပ္ခဲ့ၿပီေနာ္ အစ္ကိုျပန္ၿပီ..""

ဟုေျပာရင္း ထြက္သြားသည့္ ကိုခင္ေဇာ္ေက်ာျပင္ကို လြန္းေငးၾကည့္ရင္း အခက္ႀကဳံေနေလေတာ့သည္။
လြန္းကားေပၚတက္လာၿပီး ကားစီရာတိုင္ကို ကိုင္ရင္း ရင္တုန္ေနမိသည္။

""အစ္ကိုေတာင္းပန္ပါတယ္ လြန္းေလး..အစ္ကိုေၾကာင့္ မင္းအရမ္းကို နာက်င္ခဲ့ရတာပါ.ေတာင္းပန္ပါတယ္...""
ထစ္ခ်ဳန္း မူးၿပီး ေယာင္ရင္းေျပာေနေလသည္။ လြန္း ထစ္ခ်ဳန္းကို ေငးၾကည့္ရင္း မ်က္ရည္မ်ားဝဲတက္လို႔ လာခဲ့၏။
    အခုဘာလုပ္လို႔ လုပ္ရမွန္း လြန္းမသိေတာ့ဘူး။ လက္မွာပတ္ထားတဲ့ နာရီကိုၾကည့္လိုက္ေတာ့ ည ၁၀နာရီေတာင္ထိုးေနၿပီ။ အိမ္မွာ ခါးသက္မရွိလို႔ လြန္းထြက္လာလို႔ ရခဲ့တာ. .။ အခုတေလာ ခါးသက္အိမ္ျပန္တာ ေနာက္က်တတ္သည္ ။ တစ္ခါတစ္ေလ ည ၁၂နာရီ၀န္းက်င္ေလာက္မွ ျပန္ေရာက္လာတတ္သည္။ ခါးသက္ အိမ္မေရာက္ခင္ လြန္းအိမ္ျပန္ေရာက္မွ ျဖစ္မည္။

    ႀကံရာမရတဲ့အဆုံး..မသရဖီဆီကို ဖုန္းဆက္ဖို႔ ေတြးလိုက္ၿပီး လြန္း ဖုန္းေခၚလိုက္၏။

""ဟဲလို..မမသရဖီလား..ကြၽန္ေတာ္ လြန္းပုံရိပ္ပါ..""

""ဪ...လြန္းေလး..ေျပာေလ..မမဆီကို ဘာေျပာခ်င္လို႔ ဖုန္းဆက္လိုက္တာလဲ..""

""ဟို..ဟို..အစ္ကိုထစ္ခ်ဳန္း အရက္ေတြ အရမ္းမူးေနလို႔..အဲ့ဒါ မမသရဖီဘဲ အစ္ကိုထစ္ခ်ဳန္းအိမ္ကို ေခၚသြားေပးပါ့လားဟင္..""

""အဲ့ဒါမွ ဒုကၡပါဘဲ လြန္းရယ္..မမက အခု မမရဲ႕မိဘေတြအိမ္မွာ ေရာက္ေနတာ..မမ ထြက္လာဖို႔ အဆင္မေျပဘူး..""

""ဟင္ ဟုတ္လား..အဲ့ဆို ဒုကၡပါဘဲ..""

""ဒီလိုလုပ္ပါလား လြန္းရာ နီးစပ္ရာ ဟိုတည္တစ္ခုမွာဘဲ  bossကို ၀င္ပို႔ထားလိုက္ပါ့လား မနက္က်ရင္ မမ လာခဲ့မယ္ေလ ""

""ဟုတ္ကဲ့မမသရဖီ အဲ့လိုဘဲ လုပ္ရေတာ့မွာေပါ့။ ""

လြန္း ဖုန္းကိုခ်လိဳက္ၿပီး သက္ျပင္းတစ္ခ်က္ရွိုက္လိုက္၏။ စိတ္ကိုေအးေအးထားၿပီး တုန္ယင္ေနသည့္ လက္တစ္စုံနဲ႕ဘဲ ကားကို ေျဖးညွင္းစြာနဲ႕ဘဲ လြန္းေမာင္းလာခဲ့သည္။

       မမသရဖီ ေျပာတဲ့အတိုင္းဘဲ နီးစပ္ရာ ဟိုတည္တစ္ခုမွာ အခန္းယူလိုက္ၿပီး အစ္ကိုထစ္ခ်ဳန္းကို ေက်ာပိုးၿပီး ေခၚလာခဲ့လိုက္၏။
ကုတင္ေပၚ အစ္ကိုထစ္ခ်ဳန္းကို ခ်ေပးလိုက္ေတာ့...

"""အု..ေဝါ့...ေဝါ့..""

လြန္းကိုယ္ေပၚ ႐ုတ္တရက္ႀကီး ထိုးအန္ခ်လိဳက္တာေၾကာင့္ လြန္း အကၤ်ီတစ္ခုလုံး အန္ဖတ္မ်ားႏွင့္ ေပက်ံသြားေလေတာ့သည္။

     အစ္ကိုထစ္ခ်ဳန္းရဲ႕ အကၤ်ီေတြကို ခြၽတ္ေပးလိုက္ၿပီး သန႔္ရွင္းေရး လုပ္ေပးၿပီး ေစာင္ၿခဳံေပးထားလိုက္၏။
ဒီပုံစံအတိုင္းႀကီးနဲ႕ ထားခဲ့ရမွာလဲ လြန္းစိတ္မေျဖာင့္တာနဲ႕ ဒီေန႕ညလြန္း အိမ္မ‌ျပန္ဖို႔ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္၏။

        ေရခ်ိဳးခန္းထဲ ၀င္လာၿပီး ေရခ်ိဳးလိုက္ရသလို အကၤ်ီကိုလဲ ေလ်ာ္လိုက္ရ၏။ တပတ္ေလးတစ္ထည္ကိုဘဲ အရွက္လုံေအာင္ ပတ္ထားလို႔ လြန္းစိတ္ထဲ သိပ္မလုံ..။ အိပ္ရာေပၚက အစ္ကိုထစ္ခ်ဳန္းကေတာ့ အရက္ရွိန္‌နဲ႕ အိပ္ေမာက်ေနဆဲ..။

   လြန္း ဖုန္းေလးကိုထုတ္ၾကည့္လိုက္ေတာ့ ခါးသက္ဆီက miss call ေတြ အခါ ႏွစ္ဆယ္ေတာင္ ၀င္ထားတာေတြ႕ေတာ့ လြန္း ေခါင္းထဲ ထူပူသြားရေလၿပီ။အလွ်င္အျမန္ ခါးသက္ဆီကို လြန္း ဖုန္းျပန္ေခၚလိုက္သည္။

""ကိုလြန္း..အခုဘယ္မွာလဲ..ကိုလြန္း..အခုဘယ္မွာလဲဆိုတာ ေျပာ.."""

ခါးသက္၏ အသံက စိတ္လႈပ္ရွားျခင္းမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။

""ဟို..ဟို..ငါ ..သူငယ္ခ်င္းတစ္ေယာက္ရဲ႕အိမ္မွာ..""

""ေျပာ အဲ့သူငယ္ခ်င္းရဲ႕အိမ္ကို ကြၽန္ေတာ္လာေခၚလွည့္မယ္..ကြၽန္ေတာ္ ေျပာင္းလဲေနၿပီေလဗ်ာ..ဘာျဖစ္လို႔ ကြၽန္ေတာ္ဆီကေန ထြက္ေျပးရတာလဲ..""

ငိုရွိုက္သံႏွော ေနသည့္ ခါးသက္၏ အသံေၾကာင့္ လြန္းရင္ထဲ စိတ္မေကာင္းျဖစ္သြားရေလသည္။

""ငါ..ထြက္ေျပးတာ မဟုတ္ပါဘူး ေက်ာင္းတုန္းက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေမြးေန႕ေလ...မေတြ႕တာလဲ ၾကာေနေတာ့စကားလက္ဆုံက်ေနၾကတာ..အဲ့ဒါ ဒီေန႕တစ္ညေလာက္ေတာ့ ငါအိမ္ျပန္မလာေတာ့ဘူးေနာ္ မနက္က်မွဘဲ ျပန္လာခဲ့မယ္ေနာ္ တစ္ခါေလာက္ေတာ့ ခြင့္ျပဳေပးပါ..""

လြန္း မုသားစကားတို႔ကို ဆိုလိုက္ေတာ့ တစ္ဖက္က ၿငိမ္က်သြားေလသည္။ ေနာက္ေတာ့ သက္ျပင္းခ်သံ သဲ့သဲ့ေလးနဲ႕အတူ...

""ဟင္း...ေကာင္းၿပီေလ..တကယ္ဘဲ သူငယ္ခ်င္းေတြနဲ႕ အတူရွိေနတာလား..""

""အင္း..""

""ကြၽန္ေတာ္ ကိုလြန္းကို ယုံလိုက္မယ္ေနာ္ မနက္ေစာေစာေတာ့ အိမ္ကိုျပန္လာေစခ်င္တယ္..""

""အင္းပါ..ေက်းဇူး..""

""သိပ္ၿပီး မိုးမခ်ဳပ္ေစနဲ႕..ခဏေနရင္ အိပ္ေတာ့ေနာ္ ..ေနာက္ၿပီး ႏြေးႏြေးေထြးေထြးေလးလဲ ေနဦး ဒီေန႕ည မိုးေအးေနသလိုဘဲ..""

ခါးသက္စကားေၾကာင့္ လြန္းၿပဳံးလိုက္မိသည္။ လြန္းကိုယ္ေပၚမွာ တပတ္ေလးတစ္ထည္ဘဲ ရွိေနတာေလ.။

""အင္းပါ..အရမ္းႀကီး စိတ္မပူနဲ႕ေနာ္..ငါမနက္ေစာေစာ အိမ္ျပန္ေရာက္မွာပါ..""

လြန္းဖုန္းကိုခ်လိဳက္ၿပီး မခ်ိၿပဳံးေလး ၿပဳံးလိုက္မိသည္။ sorryပါ ခါးသက္ မင္းကိုငါလိမ္ေျပာလိုက္ရတယ္။။
မင္းသိသြားရင္ ဒီကိစၥက ပိုၿပီးရႈပ္ေထြးသြားမွာ စိုးလို႔ပါ..။

🌺🌺🌺
      ""က်စ္..ေနလင္းသာ ..မနက္ေစာေစာစီးစီးႀကီး ဘာလုပ္တာလဲ..""
ခါးသက္စိတ္ပ်က္စြာ ေမးလိုက္ေတာ့ ေနလင္းသာ က ညစ္က်ယ္က်ယ္ေလး ၿပဳံးလိုက္သည္။

""ကိုကိုရဲ႕ ခ်စ္ဇနီးေလး အိမ္မွာ မရွိဘူးထင္တယ္ေနာ္..""

ေနလင္းသာ စကားေၾကာင့္ ခါးသက္ရင္ထဲ ထိတ္ခနဲ႕ျဖစ္သြားသည္ ။ကိုလြန္း အိမ္မွာ မရွိတာ သူဘယ္လိုျဖစ္ၿပီးသိသြားတာလဲလို႔ အေျပးလႊားစဥ္းစားခန္း၀င္ေနမိသည္။

""ကိုကိုရဲ႕ ခ်စ္ဇနီးေလးမေန႕ညက ဘယ္မွာ ဘယ္သူနဲ႕ရွိေနလဲ ဆိုတာ ကိုကိုမသိတာလား..ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေပးထားတာလား..""

ေနလင္းသာ စကားေၾကာင့္ ခါးသက္ မ်က္ေမွာင္ၾကဳပ္ေနမိ၏။

""ဘာလဲ ေနလင္းသာ မင္းဘာကို ဆိုလိုခ်င္ေနတာလဲ ေျပာစရာရွိတာ ေျပာ..ေဝ့မေနနဲ႕..""

""အဟက္ ဟုတ္ပါၿပီး..ဒီမွာ ေရာ့..ကိုကိုရဲ႕ခ်စ္ဇနီးေလး မေန႕ညက ဘယ္သူနဲ႕အတူရွိေနလဲဆိုတာ ၾကည့္လိုက္ပါဦး..""

ဟု ဆိုရင္ ခါးသက္လက္ထဲ ဓာတ္ပုံေတြ တစ္ထပ္ႀကီးကို ထည့္ေပးလိုက္သည္။
   ခါးသက္ ဓာတ္ပုံေတြကို ၾကည့္ရင္း အသက္ရႈသံေတြ ျမန္လာကာ ပုံမ်ားကို ဆြဲၿဖဲပစ္လိုက္၏။

""အဟက္..ႏွစ္ေယာက္သား ဟိုတည္ထဲကို ၀င္သြားတာဆိုေတာ့ သူတို႔ ဘာေတြ လုပ္ၾကလဲဆိုတာ သူတို႔ဘဲ သိလိမ့္မယ္ ကိုကို..သူတို႔ႏွစ္ေယာက္ ကိုကို ကြယ္ရာမွာ ေဖာက္ျပန္ၿပီး ေပ်ာ္ပါးေနၾကတာဘဲ ျဖစ္ရမယ္..""

""ေတာ္ေတာ့..ဘာမွဆက္မေျပာနဲ႕ေတာ့ သြား..ထြက္သြား...'"

""ကိုကို႔ကို..သူဒီေလာက္ထိ အ႐ူးလုပ္ေနတာကို..ကိုကိုၿငိမ္ခံေနတုန္းဘဲလား..ဟိုက..မေန႕ညက ။။ကိုကို႔ကိုေတာင္ သတိရမွာမဟုတ္ဘူး..
ဟိုလူႀကီးရဲ႕ ျပဳစုယုယမႈေအာက္မွာ ဘယ္ေလာက္ေတာင္ သာယာေနမလဲမသိဘူး..""

""ေတာ္လို႔..ငါေျပာေနတယ္ေနာ္ ေနလင္းသာ..မင္းထြက္သြားလိုက္ေတာ့...သြား..ထြက္သြား..အား..""

ခါးသက္ စိတ္တိုတိုနဲ႕ ေနလင္းသာ ကိုေမာင္းထုတ္လိုက္သည္။ ေနလင္းသာက မဲ့ၿပဳံးၿပဳံးရင္း ထိုေနရာကေန လွည့္ထြက္သြားေလသည္။

""ဘာလို႔လဲ..ကြၽန္ေတာ္ ခင္ဗ်ားကို ယုံၾကည္ေပးခဲ့တယ္ေလ..ဒါေပမယ့္ ခင္ဗ်ားကြၽန္ေတာ္ကိုညာတယ္..အဟက္..ဟား..ဟား..ခင္ဗ်ား ဒီေလာက္ထိေတာင္..ကိုထစ္ခ်ဳန္းမိုး အေပၚမွာ သာယာေနတာလား..ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားကို အစြမ္းကုန္ ကာကြယ္ေပးဖို႔အတြက္ အဘိုးနဲ႕ေတာင္ တိုက္ပြဲ၀င္ဖို႔အထိ လုပ္ေနတာေလဗ်ာ..ခင္ဗ်ားက ကြယ္ရာမွာ ကိုထစ္ခ်ဳန္းမိုးနဲ႕ ဟိုတည္မွာ ခ်ိန္းေတြ႕ရတဲ့အထိ ေတာင္ ျဖစ္ေနၿပီလား..ဘာျဖစ္လို႔လဲ..ဘာျဖစ္လို႔ ခင္ဗ်ား အရမ္းရက္စက္ေနရတာလဲ..ကြၽန္ေတာ္ ရင္ထဲက အမုန္းတရားေတြကို ခဝါခ်ၿပီး..ကြၽန္ေတာ့္ရဲ႕အခ်စ္ေတြကို ခ်ျပေနၿပီဘဲ..ဒါကို ခင္ဗ်ား ဘာျဖစ္လို႔ မျမင္ရတာလဲ..အား....""

ခါးသက္ ‌စိတ္လြတ္ ကိုယ္လြတ္နဲ႕ ပစၥည္းေတြကို ပစ္ေပါက္ေနမိသည္။
✨✨✨
    "ဪ .မမသရဖီေရာက္လာၿပီလား...""

""အင္း..လြန္းေလး..bossေရာ.""

""အစ္ကိုထစ္ခ်ဳန္း အခုထိ မနိုးေသးဘူး မေန႕ညက သူအဖ်ားေတြ
တက္ေနေသးတယ္..လြန္းလဲ တတ္သေလာက္ေလး ျပဳစုေပးထားတယ္ မမသရဖီ..အစ္ကို႔ကို ေဆးခန္းျပလိုက္ဦးေနာ္..အဟြတ္..အဟြတ္..""

""အင္းပါ..ဒါနဲ႕ လြန္းေလးကိုၾကည့္ရတာ ႏြမ္းေနသလိုဘဲ..""

""ဟုတ္တယ္ မမသရဖီ..မေန႕ညက အစ္ကို႔ကိုစိတ္ပူေနတာနဲ႕ လြန္း တစ္ညလုံး မအိပ္လိုက္ရဘူးေလ..အဟြတ္..အဟြတ္....ေနာက္ၿပီး နည္းနည္းေလးအေအးမိသြားတာ..ေနမွာပါ..အဟြတ္..""

""အင္းပါ..ေက်းဇူးတင္ပါတယ္ .""

"""ဟုတ္ကဲ့ .အဲ့ဒါဆိုရင္ လြန္းျပန္ေတာ့မယ္ေနာ္ .""

မမသရဖီကို လြန္းႏုတ္ဆက္ၿပီး ျပန္လာခဲ့သည္။ တစ္ကိုယ္လုံး ကိုက္ခဲၿပီး ေခါင္းကလဲ တရိပ္ရိပ္နဲ႕ကို မူးေနသည္။ မေန႕ညက လြန္းတစ္ညလုံး မအိပ္ခဲ့ရဘူးေလ။။ အစ္ကိုထစ္ခ်ဳန္း ညက အဖ်ားေတြ အရမ္းတက္ေနတာေၾကာင့္ ေရပတ္တိုက္ၿပီး ျပဳစုေပးေနရတာနဲ႕ လြန္း တစ္ေရးမွကို မအိပ္ခဲ့ရတာပါ။ ေနာက္ၿပီးလူကအေအးမိသြားတယ္နဲ႕လဲတူတယ္။ လူက ႏုံးခ်ိၿပီး တစ္ကိုယ္လုံး မလႈပ္ခ်င္ ျဖစ္ေနတယ္။
    တကၠစီတစ္စီး ငွားၿပီး အိမ္ကို လြန္းျပန္လာခဲ့သည္။

    လြန္း အိမ္ကို ျပန္ေရာက္လာေတာ့..

""ကဲ..ဆိုစမ္းပါဦး..ကိုလြန္းပုံရိပ္ မေန႕ညက အေတာ့္ကိုမွ ေပ်ာ္ခဲ့ရဲ႕လား..""

စီးႀကိဳၿပီး ခနဲ႕တဲ့တဲ့ အေမးစကားတို႔ဆိုလာသည့္ ခါးသက္ကို..

""အင္း..ငါအေပၚတက္ေတာ့မယ္ေနာ္ ေနသိပ္မေကာင္းလို႔ ေနာက္မွ ရွင္းျပပါ့မယ္..""

လြန္း အသာေရွာင္သြားဖို႔ ႀကိဳးစားေပမယ့္ ခါးသက္က လြန္းရဲ႕ လက္ကို အၾကမ္းပတမ္း ဆြဲေဆာင့္လိုက္၏။

""အဟက္..ဘာလဲ..မေန႕ညက..ႏွစ္ေယာက္သား အရမ္းကို စည္းလြတ္ဝါးလြတ္ ေပ်ာ္ခဲ့တဲ့ပုံဘဲ..
ကြၽန္ေတာ္က ခင္ဗ်ားနဲ႕တရား၀င္လက္ထက္ထားတဲ့ လူဆိုတာကို ခင္ဗ်ား မေမ့ပါနဲ႕..""

ခါးသက္စကားမ်ားေၾကာင့္ လြန္း ေၾကာင္အစြာ ေငးၾကည့္ေနမိ၏။

""ဘာလဲ ဟုတ္ေနတဲ့ပုံဘဲ..မေန႕ညက ကိုထစ္ခ်ဳန္းမိုးနဲ႕အတူ ဟိုတည္တစ္ခုမွာ ခင္ဗ်ား ျဖစ္ခ်င္တိုင္းျဖစ္ေနခဲ့တာကို ကြၽန္ေတာ္မသိဘူးမ်ားထင္ေနလား"".
ခါးသက္ စိတ္တိုတိုနဲ႕ေအာ္ေျပာၿပီး လြန္းကိုယ္ေလးကို ေဆာင့္တြန္းလိုက္တာေၾကာင့္ လြန္း ၾကမ္းျပင္ေပၚ လဲက်သြား၏။

""မဟုတ္ .မဟုတ္ဘူးေနာ္..ခါးသက္.ငါ..အဟြတ္..""

""ဘာေတြ လိမ္ဦးမလို႔လဲ..ဒီမွာ သက္ေသေတြ အခိုင္မာ ရွိေနတာေတာင္ ခင္ဗ်ား ျငင္းခ်င္ေနတုန္းဘဲလား..""

ဟုေျပာရင္း လြန္းကိုယ္ေပၚ ပစ္ေပါက္ၿပီးေပးလိုက္သည့္ ဓာတ္ပုံေတြ။
လြန္းဓာတ္ပုံေတြကို ၾကည့္လိုက္ေတာ့.
မေန႕က လြန္း အစ္ကိုထစ္ခ်ဳန္းကို တြဲၿပီး ဟိုတည္ထဲ ၀င္သြားသည့္ ပုံေတြ ျဖစ္ေနသည္။

""မဟုတ္ဘူး..မဟုတ္ဘူး..အဟြတ္..အဟြတ္..ခါးသက္..ငါရွင္းျပပါ့မယ္..မင္းထင္ေနသလို မဟုတ္ပါဘူး...""

""ဘာကို မဟုတ္တာလဲ..ဟမ္..လူႏွစ္ေယာက္ ဟိုတည္ထဲ ၀င္သြားၿပီး ညလုံးေပါက္ အတူတူရွိေနၿပီးမွ..ဘာလုပ္ၾကလဲဆိုတာ ခင္ဗ်ားတို႔ဘဲ သိၾကမွာေပါ့..ဒီမွာ ကိုလြန္းပုံရိပ္ခင္ဗ်ားရဲ႕ တရား၀င္ လင္ေယာက္်ားက ကြၽန္ေတာ္ေနာ္..ဒါကိုတျခားေကာင္တစ္ေကာင္နဲ႕ ခင္ဗ်ားက ကြယ္ရာမွာ ေဖာက္ျပန္ခ်င္ေနတာလား...""

""မဟုတ္ဘူး..မဟုတ္ဘူး..ငါရွင္းျပပါရေစ..အဟြတ္..အဟြတ္..""

လြန္း ရွင္းျပဖို႔ ႀကိဳးစားေပမယ့္ ခါးသက္က နားမေထာင္ဘဲ လြန္းကိုယ္ကို အတင္း ဆြဲထူၿပီး ဆြဲေခၚသြားသည္။

""ခါးသက္..ငါရွင္းျပတာ နားေထာင္ေပးပါ..မင္းထင္ေနသလိုမ်ိဳး မဟုတ္ပါဘူး..""

လြန္း အတင္းရွင္းျပဖို႔ႀကိဳးစားေပမယ့္ ခါးသက္က နားမေထာင္ခဲ့ဘူးေလ။
လြန္းကို အခန္းထဲဆြဲေခၚသြားၿပီး..
အိပ္ရာေပၚ အတင္းလွဲခ်လိဳက္သည္။

""ခင္ဗ်ားရဲ႕ ကိုယ္က အခုဆို မသန႔္ရွင္းေတာ့ဘူးဘဲ...မေန႕ညက တျခားေကာင္နဲ႕ ျဖစ္ခ်င္တိုင္းျဖစ္ခဲ့တဲ့ ဒီခႏၶာကိုယ္နဲ႕ဘဲ ကိုယ္ေယာက္်ားကို ..ျပန္ၿပီး ျပဳစုေပးၿပီး အျပစ္ကိုေဆးေၾကာေပးရမွာေပါ့..""

ရင့္သီးစြာ ထြက္ေပၚလာသည့္ ခါးသက္စကားေၾကာင့္ လြန္း တစ္ကိုယ္လုံးေအးခဲသြားေလသည္။ေနာက္ေတာ့ ၾကမ္းတမ္းစြာ က်ေရာက္လာသည့္ အနမ္းၾကမ္း။ အရိုင္းဆန္လြန္းလွသည့္ အထိေတြ႕ေတြ။

""ဟင့္အင္း..ဟင့္အင္း..မလုပ္ပါနဲ႕..ခါးသက္ ငါေတာင္းပန္ပါတယ္။ မလုပ္ပါနဲ႕..""

လြန္းေတာင္းပန္စကားတို႔ကို ဆိုလဲ ခါးသက္ ကမၾကားဟန္ျပဳကာ..လြန္းကိုယ္ေပၚက အ၀တ္စားေတြကို အရိုင္းဆန္စြာ ဆြဲခြၽတ္ေနေတာ့၏။

      လြန္းကိုယ္ေပၚက ခါးသက္ကို တြန္းထုတ္ဖို႔ ႀကိဳးစားေပမယ့္လဲ အခ်ည္းႏွီးသာ..။ တစ္ကိုယ္လုံး ႏုံးခ်ိေနတာေၾကာင့္ ခါးသက္လက္ထဲကေန လြတ္ေျမာက္ေအာင္ လြန္း မစြမ္းေဆာင္‌နိုင္ေတာ့ပါ။ ခါးသက္ျပဳသမွ် ႏုရသည့္ဘ၀။ လြန္းမ်က္၀န္းအိမ္ထဲက မ်က္ရည္စေတြနဲ႕အတူ စြန္းထင္းသြားခဲ့ရသည့္အျဖဴထည္..ဘ၀ေလးတစ္ခု။။ ေဒါသတႀကီး အရိုင္းဆန္စြာနဲ႕ ခါးသက္ရဲ႕ စားသုံးျခင္းကို ခံလိုက္ရတဲ့ အေသြးသားေတြ..။ ဒါဟာ လြန္းအတြက္ ပထမဦးဆုံးအႀကိမ္ဆိုတာ ခါးသက္တစ္ေယာက္ သိပါေလစ။
✨✨✨
အပိုင္း🌺၄၁🌺ေမွ်ာ္ေပးၾကပါဦး။
တခ်ိဳ႕စကားလုံးေတြ သုံးတာ နည္းနည္း ရိုင္းသြားရင္လဲ ခြင့္လႊတ္ေပးၾကပါေနာ္။ အရမ္းႀကီး +မဆန္ပါဘူးေနာ္။အဲ့ဒါေၾကာင့္ 🔞ဒါေလး သတိမေပးထားဘူး ရပါတယ္ေနာ္။
                          🌺ညွို႔စက္ကြင္း🌺

Continue Reading

You'll Also Like

143K 14.6K 60
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
206K 7.8K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.8M 119K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
437K 10.5K 114
This is my first translation. It is not my own.