💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""ဘာကွ...""
""ဝုန်း...ခလွမ်း..""
ဦးဓနမိုးတစ်ယောက် ဒေါသတကြီးနဲ့ ခုံပေါ်ကပစ္စည်းတွေကို အကုန်လုံး ကို တိုက်ချပစ်လိုက်၏။
""အသုံးကိုမကျဘူး...တစ်ယောက်မှကို သုံးစားလို့ကိုမရဘူး..ဘာဖြစ်လို့..နှစ်ယောက်စလုံးကို အဲ့နေရာမှာဘဲ..ဓားနဲ့မထိုးသတ်ခဲ့ရတာလဲကွ.""
""ဒါ..ဒါပေမယ့်.သူက.သူဌေးရဲ့မြေး..
လေ..""
""တိတ်စမ်း..ငါဆီမှာ ထစ်ချုန်းမိုးဆိုတဲ့.. မြေးတစ်ယောက်ဘဲရှိတယ်...
အခုချက်ချင်း..လွန်းပုံရိပ်ဆိုတဲ့..ကောင်ကို..သေရွာကိုသွားပို့ချည်..""
ဦးဓနမိုးတစ်ယောက် ဒေါသတကြီးနှင့်တစ်ချက်လွှတ်အမိန့်ပေးလိုက်လေသည်။
ထိုအချိန်...
""ဝုန်း....""
ဆိုပြီး..အခန်းထဲသို့ ဝုန်းဒိုင်းကျဲပြီး ၀င်ရောက်သည့်သူက ခါးသက်မိုး..။
""သူဌေး..ကျွန်..ကျွန်တော်တို့လဲ..တားပါသေးတယ်..ဒါပေမယ့် ဒီကောင်က အကုန်လုံးကို ထိုးကြိတ်ပြီး..၀င်လာတာ..""
ခါးသက်မိုးအနောက်ကနေ..အပြေးလိုက်တားနေသည့်သူက ကပျာကယာနှင့်ဆိုသည်။
""အဘိုး ..မတွေ့ရတာတောင်အရမ်းကြာနေပြီနော်..""
ခနဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ကိုခြွေရင်းနှင့် ခါးသက်မိုး ပြောလိုက်လေသည်။
""အကုန်လုံး..အပြင်ကိုထွက်သွားကြစမ်း..""
ဦးဓနမိုး အမိန့်သံအဆုံး...အကုန်လုံး အခန်းထဲကနေ ထွက်သွားကြလေသည်။
ဦးဓနမိုးက ခါးသက်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး..
""ကဲ..ပြောစမ်း..မင်းဘာလိုချင်လို့လဲ..""
""လိုချင်တာထက်..သတိလာပေးတာလို့ ပြောရင် ပိုမှန်လိမ့်မယ် အဘိုး..""
""အဟက်..မင်းက..သတိလာပေးတာဟုတ်လား..""
""ဟုတ်တယ်.အဘိုး.ကိုလွန်းပုံရိပ်ကိုနောက်တစ်ခါ..ထိဖို့ မကြိုးစားပါနဲ့..ဒီတစ်ခါ ကျွန်တော်ငြိမ်ခံနေမှာ မဟုတ်တော့ဘူးနော် အဘိုး..""
""အဟား...ဟား..ဟား..မင်းငြိမ်မခံနိုင်ဘူးပြောရအောင်..မင်းလိုကောင်က..ဘာများလုပ်နိုင်မှာမို့လို့တုန်း..""
""ဟုတ်ပါတယ်..ကျွန်တော်လိုကောင်က..ဘာမှမလုပ်နိုင်ပါဘူး..ဒါပေမယ့်..အဘိုးကိုတော့..ကောင်းကောင်း
ကြီးလှဲသိပ်နိုင်လောက်တဲ့အထိတော့..အားရှိပါသေးတယ်ဗျ..""
""ဘာကွ..""
""ကျွန်တော် လိုရင်းကိုဘဲ ပြောတော့မယ်..ကိုလွန်းပုံရိပ်ကို..အဘိုးနောက်ထပ်တစ်ခါ ထိဖို့မကြိုးစားပါနဲ့..အဘိုးကြိုးစားလာလို့ရှိရင်..အဘိုးရဲ့ဂုဏ်သိက္ခာတွေ..အဘိုးတစ်သက်လုံး..ပြုစုပျိုးထောင်လာခဲ့တဲ့ ..အဘိုးရဲ့ ကုမ္ပဏီတွေ..စည်းစိမ်တွေအကုန်လုံး..ပြာကျသွားအောင် ကျွန်တော်..လုပ်ပစ်မယ်..""
ခါးသက် တစ်လုံးချင်းပီသစွာနဲ့ဆိုလိုက်၏ ။ ခါးသက်စကားများကြောင့်..ဦးဓနမိုးတစ်ယောက် အသားများတဆတ်ဆတ်တုန်ယင်လာသည့်အထိကို ဒေါသများထွက်လာလေသည်။
""မင်းလို..အဆင့်တန်းမရှိတဲ့..အောက်တန်းစားကများ..ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား..""
""အဟက်..ဒီမှာ အဘိုး..ကျွန်တော်လို အောက်တန်းစားကောင်ဆီမှာ..ဆုံးရှုံးစရာဆိုလို့ တစ်ခုတည်းဘဲရှိတယ်.အဲ့ဒါ ကိုလွန်းပုံရိပ်ဆိုတဲ့..ကျွန်တော့်ရဲ့နှလုံးသားလေးဘဲ..သူ့ကိုကာကွယ်ဖို့အတွက် ကျွန်တော်ဘာတွေကိုဘဲ ပေးဆပ်ရပါစေ ပေးဆပ်ရဲတယ်...အဘိုးကရော..အဘိုးဆီမှာ ရှိနေတဲ့ အရာတွေအားလုံးကို ရင်းပြီး. ကိုလွန်းပုံရိပ်ကို ပျောက်ကွယ်သွားအောင်..လုပ်ရဲလားပြော..လုပ်ရဲရင် လုပ်လိုက်ဗျာ့..ဒီက ကျွန်တော်ဆိုတဲ့ အောက်တန်းစားကောင်ကလဲ..အဘိုးပိုင်ဆိုင်သမျှတွေကို အကုန်လုံးကို ပျော်ပျော်ကြီးဖျက်ဆီးပြမယ်..""
မပျော့လွန်း မမာလွန်းသော လေသံနှင့်ထွက်ပေါ်လာသည့် ခါးသက်၏စကားများက..ဦးဓနမိုး၏နားစည်အတွင်းထဲသို့ ခါးသီးစွာနဲ့ ၀င်ရောက်သွားကြလေသည်။
"*ကျွန်တော် ဖြစ်ချင်တာတွေ အကုန်လုံကို ကျွန်တော်ပြောခဲ့ပြီးပြီနော်.."
ဟုပြောရင်း လှည့်အထွက်..အခန်းပေါက်နားရောက်မှ..
""ဪ..တစ်ခုပြောခဲ့ဖို့..မေ့နေသေးတယ်..ကိုလွန်းပုံရိပ်ဆိုတဲ့ လူသားက..ဟော့ဒီက ခါးသက်မိုးရဲ့အပိုင်..အဘိုးရဲ့မြေးလိမ္မာလေး ကိုထစ်ချုန်းမိုးနဲ့ ဘာမှမပတ်သက်စေရဘူး..အဘိုးထိန်းရမှာက အဘိုးရဲ့မြေးကိုဘဲ..""
ဟုပြောပြီး ခါးသက်မိုးအခန်းထဲကနေ ထွက်လာခဲ့၏။ ခါးသက်အခန်းထဲကနေ ထွက်လာတော့ အခန်းအပြင်မှာ ဘယ်အချိန်ကတည်းကရောက်..နေမှန်းမသိသည့် ထစ်ချုန်းကို တွေ့လိုက်ရလေသည်.။
""အစကတည်းက မကာကွယ်ပေးနိုင်ဘူးဆိုရင်လဲ..မပတ်သက်မိအောင်ကြိုးစားပြီးနေပေးပါ ကိုထစ်ချုန်းမိုး..""
ခါးသက်မိုးစကားကြောင့် ထစ်ချုန်းမျက်နှာတစ်ချက်မျှ ပျက်သွားကာ..
""လွန်း...သူအဆင်ပြေရဲ့လား..""
""စိတ်ပူပေးစရာမလိုပါဘူး..သူအဆင်ပြေသွားအောင် ကျွန်တော်ဘေးကနေ စောင့်ရှောက်ပေးသွားမှာမို့..ကိုထစ်ချုန်းမိုး..စိတ်မပူပေးလဲရတယ်..""
ပြတ်သားစွာ ထွက်ပေါ်လာသည့် ခါးသက်၏စကားသံ အဆုံး.ထစ်ချုန်း ခေါင်းငိုက်စိုက်ကျသွားရလေပြီ။
လွန်းကို အရမ်းချစ်ပါတယ်ဟု
တဖွဖွ ပြောနေသော မိမိက လွန်းကို အပြည့်၀ အကာကွယ်မပေးနိုင်သောသူ။
လွန်းကို မုန်းတယ်ဟူသော လူသားက တော့..အခုချိန်မှာတော့ သူ့အသက်နဲ့တောင်ရင်းပြီ ကာကွယ် ပေးနေလေပြီ။ အခုချိန်မှာ လွန်းကို သူ ပြတ်သားစွာနဲ့ရင်နာနာ လက်လွှတ်ပေးလိုက်ရမလား။ဒါမှမဟုတ်..ရဲရဲ၀င့်၀င့်နဲ့..လက်တွဲရလေမလား ဟုသော..တိကျခိုင်မာသည့် အဖြေတစ်ခုကို သူရွေးချယ်ရတော့မည့် အချိန်ကို ရောက်နေလေသည်။
ဆုပ်ရင်လည်းဆူး စားရင်လည်းရူး..ဘေးကျပ်နံကျပ်နဲ့ အသက်ရှုကျပ်ရသည့် အခြေနေတစ်ခု။
✨✨
""အဘိုး..နောက်ထပ်တစ်ခါထပ်ပြီး..လွန်းရဲ့ အသက်ကို ရန်ရှာနေဦးမယ်ဆိုရင်..ကျွန်တော်ကိုပါ လွန်းနဲ့အတူ တစ်ခါတည်း သင်္ဂြုလ်ပေးဖို့သာ ပြင်ထားလိုက်တော့..""
""ဘာကွ..လာပြန်ပြီ နောက်တစ်ယောက်....""
အခန်းထဲကို ၀င် ၀င်ချင်း ပြောလာသည့် ထစ်ချုန်း၏ စကားများကြောင့် ဦးဓနမိုး အတော့်ကို စိတ်ပျက်သွားရလေသည်။
""အဘိုးရဲ့ ဆန္ဒအတိုင်း..ကျွန်တော် နေလာခဲ့ပြီးပြီဘဲ..ဒါကို အဘိုးက ဘာတွေထပ်ဖြစ်ချင်နေသေးတာလဲ..ကျွန်တော့်ရဲ့ချစ်ခြင်းကို အဘိုးခွင့်မပြုပေးဘူးဆိုလဲ ရတယ်..ဒါပေမယ့်..ကျွန်တော် မချစ် မနှစ်သက်တဲ့သူနဲ့တော့ ကျွန်တော့်ကို ဇွတ်အတင်း လက်မထပ်ခိုင်းပါနဲ့ ..""
""ဘာကွ.""
""ကျွန်တော် ဒီထက်ပိုပြီး..အဘိုးရဲ့ ဆန္ဒကို မလိုက်လျောပေးနိုင်တော့ဘူး..""
""ဘာကွ...တောက်...တစ်သက်လုံးပြုစုပျိုးထောင်လာခဲ့တဲ့မင်းရဲ့အဘိုးငါ့ကို လွန်းပုံရိပ်ဆိုတဲ့ ဘာမဟုတ်တဲ့ ကောင်အတွက်နဲ့ ပြန်ပြီး အာခံနေတယ်ပေါ့လေ..တော်တော် မွေးရကျိုးနပ်တဲ့ကောင်ဘဲ..တောက်...အေး..မင်းတို့ ဒီလောက်တောင် သဲသဲလှုပ်ပြနေတဲ့ အဲ့အောက်တန်းစားကောင်ကို..ငါကိုယ်တိုင်သတ်ပစ်မယ်ကွ..""
""အဘိုး...အဘိုးအရမ်းကို အတ္တကြီးလွန်းတယ်..ကျွန်တော် စကားအကုန်ပြောပြီးသားနော်..အဘိုးနောက်ထပ် လွန်းကို ထပ်ထိဖို့ ကြိုးစားမယ်ဆိုရင်..အဘိုးကို ကျွန်တော် ကျောခိုင်းသွားရလိမ့်မယ်...""
""ဘာကွ....ထစ်ချုန်းမိုး..မင်း...မင်း..ဘာပြောလိုက်တယ်..""
""အဘိုးကြားတဲ့အတိုင်းဘဲ..ကျွန်တော် ပိုင်ဆိုင်ထားသမျှတွေ အကုန်လုံးကို စွန့်ပြီးအဘိုးကိုကျောခိုင်းသွားရလိမ့်မယ်လို့.…""
""ထစ်ချုန်းမိုး...မင်း..မင်း..တော်တော်အသုံးမကျတဲ့ကောင်ဘဲ...ကောင်းပြီ မင်းဘက်ကလဲ ခိုင်မာတိကျတဲ့ အဖြေတစ်ခုတော့ ပေးဖို့တော့လိုပြီ ထစ်ချုန်းမိုး..အဲ့အကောင် လွန်းပုံရိပ်ကို ငါမထိတော့ဘူးဆိုရင် မင်းသူနဲ့ လုံး၀ကို အဆက်ဖြတ်ပေးမှာလား..ပြော...""
ဦးဓနမိုး၏ အမေးစကားကြောင့် ထစ်ချုန်းမိုး ခဏတာတွေဝေသွားလေသည်။
""ကျွန်တော် ကတိပေးပါတယ်..အဘိုးကလဲ...ကျွန်တော့်ကို မိန်းမပေးစားဖို့ လဲထပ်ပြီး မကြိုးစားပါနဲ့တော့..
ကျွန်တော် လွန်းကို မေ့ပစ်နိုင်အောင် ကြိုးစားသွားပါ့မယ်..""
ဟု နာကျင် ခြောက်ကပ်စွာနဲ့ ထစ်ချုန်းဆိုလိုက်၏။
""အေး..ကောင်းပြီ ထစ်ချုန်းမိုး မင်းရဲ့စကားကို မင်းမမေ့ပါနဲ့..""
✨✨✨
ခါးသက် အိမ်ကိုပြန်ရောက်လာတော့ မိုးအတော့်ကို ချုပ်နေပြီလေ။
တစ်နေ့ကုန် ညစ်ညူးနေတဲ့စိတ်တွေက...ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခွေခွေလေး အိပ်ပျော်နေတဲ့ လွန်းရဲ့ မျက်နှာလေးကိုတွေ့လိုက်ရတော့ အလိုလိုနေရင်း..ငြိမ်းအေးသွားသလို..။ အသာ လွန်းရဲ့အနား ကပ်သွားပြီး ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး လွန်းရဲ့မျက်နှာလေးကို စိုက်ကြည့်နေမိ၏။
ငြိမ်းအေးသည်။ ပကတိအဖြူထည်လေးလို ရိုးသားမှုတွေ အထင်းသားပေါ်လွင်နေသည့် မျက်နှာလေး..။ ချိုသာတဲ့အပြုံးနဲ့သာ လိုက်ဖက်လွန်းသည်။ သို့ပေမယ့် အကြိမ်ကြိမ်အခါခါ နာကျင်ငိုကြွေးအောင် သူ ခဏခဏ လုပ်ခဲ့ဖူးသည်။
သို့ပေမယ့် နောက်နောင် .ထပ်ပြီး..မနာကျင်ရလေအောင် သူကာကွယ်သွားမည်။ စောင့်ရှောက်သွားမည်။ အရမ်းချစ်တယ်.ကိုလွန်းပုံရိပ်။
လွန်းရဲ့နဖူးလေးကို အမြတ်တနိုးနဲ့ ခါးသက်နမ်းရှိုက်လိုက်တော့ လူးလွင့်သွားသည့် ခန္ခာကိုယ်လေး..။
နောက်တော့ သူနိုးလာခဲ့လေပြီ။
""ဟင်..ခါးသက်...ပြန်ရောက်လာပြီလား..""
မျက်လုံးနှစ်ဖက်ကို အူယားဖွယ်ရာ ပွတ်သပ်ရင်းနဲ့ မေးလာသည့် ပုံစံလေးက အရမ်းကိုချစ်စရာကောင်းလွန်းနေ၏။
""ဟုတ်...ပြန်လာပြီ..ကိုလွန်းက..ကျွန်တော့်ကိုစောင့်နေတာလား."
""အင်း.မင်းကွာ..ဒဏ်ရာကြီးနဲ့ကို ဘယ်တွေ လျှောက်သွားနေတာလဲ..
အနာကိုရော..ဆေးထည့်ပြီးပြီလား..ဆေးရော သောက်ပြီးပြီလား..""
""ဟင့်အင်း...လုပ်စရာတွေ လုပ်နေရလို့..အနာကို ဂရုစိုက်ချိန်တောင် မရလိုက်ဘူး..""
""ခါးသက်မိုး..မနေ့ကမှ ဆေးရုံက ဆင်းလာတာနော် မင်းမပေါ့ဆသင့်ဘူး..""
""အဲ့ဒါဆိုရင်လဲ ကျွန်တော့်ကို ကိုလွန်း ဘဲဂရုစိုက်ပေးလေ.တစ်သက်လုံး..ကျွန်တော်ရဲ့ဘေးနားမှာ နေပေးပြီး..ကျွန်တော့်ကိုဘဲ ဂရုတစိုက်နဲ့ ပြုစုပေးပေါ့..""
""ဘာ...မင်းနော်..""
ခါးသက်စကားကြောင့် လွန်း မျက်စောင်းလေးခဲလိုက်ပြီး နုတ်ခမ်းလေးစူလိုက်မိ၏။
""ဟာ..ဘာလဲ..ဘာဖြစ်လို့ အဲ့နုတ်ခမ်းက စူပြနေတာလဲ..ဒီက အူယားပြီး ဆွဲနမ်းအောင်လာလုပ်ပြနေတာလား..""
""ဟာ..ခါးသက် မင်းဘယ်လိုဖြစ်နေတာလဲ..""
""ဟီး..ဟီး..ဘာမှမဖြစ်ပါဘူး..ကိုလွန်း.ကျွန်တော့်ရှေ့မှာ အရမ်းကြီးချစ်စရာကောင်းအောင် မနေနဲ့နော်..ဒီက အူယားလာရင် ဆွဲနမ်းခံရမယ် ဘာမှတ်နေလဲ..""
""ခါးသက်မိုး...မင်းနော်..သွားကွာ..မင်းဘာသာ ဘာဖြစ်ဖြစ် ငါဂရုမစိုက်တော့ဘူး..""
လွန်း ထိုသို့ပြောပြီး..ထိုင်နေရာကနေ ထွက်သွားလေသည်။
""အား...အား..နာတယ်..ကျွတ်..ကျွတ်...အား..""
ခါးသက်ဆီကနေ ညည်းညူသံတွေ ထွက်ပေါ်လာပြန်တော့ လွန်း စိတ်ပူသွားကာ..
""ဟင်..ခါးသက် ဘာဖြစ်တာလဲ..
ဘယ်နေရာက နာလို့လဲ..""
မေးလိုက်တော့ ခါးသက်က သူ့ရဲ့ဘယ်ဘက်ရင်ဖက်ကို လက်နဲ့ဖိထားပြပြီး..
""ဒီရင်ဘတ်ထဲက.ကျွန်တော်နှလုံးသားလေးနာသွားတာလေ..
ကိုလွန်းက.ဂရုမစိုက်တော့ဘူးဆိုလို့...""
""ဟာ..အရူး..''
""ဟုတ်တယ်လေ..ကျွန်တော်က..ကိုလွန်းရဲ့ အချစ်ရူးလေးလေ..""
""ဟာ..ခါးသက်မိုး..မင်းနော်..""
လွန်း ရှက်ကန်ကန်ပြီး ထိုနေရာကနေ လှည့်အထွက်..ခါးသက်က လွန်းရဲ့ကိုယ်လေးကို အနောက်ကနေ သိုင်းဖက်လိုက်လေသည်။
""ချစ်တယ်..ကိုလွန်း..တကယ်ပြောတာပါ..ကျွန်တော်လေ..ကိုလွန်းနဲ့ တကယ့်လင်မယားအစစ်လို နေချင်တယ်..ခွင့်ပြုပေး
ပါလား..""
ခါးသက်မိုးစကားကြောင့် လွန်းမျက်နှာတစ်ခုလုံး ထူပူသွားကာ ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားလေသည်။
""ရပါတယ်..အခုချက်ချင်းကြီး အဖြေပြန်မပေးနိုင်သေးလဲ ရတယ်..ခေါင်းအေးအေးထား စဉ်းစားပြီးမှ အဖြေပြန်ပေးနော် အရမ်းချစ်တယ်..မွ...""
ခါးသက်က ပြောပြောဆိုဆိုနဲ့ လွန်းရဲ့ပါးပြင်လေးကို မွခနဲ့မြည်အောင် နမ်းပြီး အပေါ်ထပ်ကို တက်သွားလေသည်။ ခါးသက်ရဲ့ ကျောပြင်ကို လွန်းငေးကြည့်ရင်းနဲ့ ကျန်ရစ်ခဲ့လေသည်။
ခါးသက်နမ်းရှိုက်သွားသည့်..ပါးပြင်လေးကို..လက်နဲ့ကိုင်ရင်း..လွန်းခေါင်းထဲအတွေးပေါင်းစုံက တိုးဝှေ့လို့၀င်ရောက်လာခဲ့ကြလေသည်။
ချစ်တယ် ကိုလွန်း..။ ကိုလွန်း ကျွန်တော့်ကို ငြင်းဆန်ခဲ့ရင်တောင် ကျွန်တော်ကတော့ ကိုလွန်းကို ရအောင်ကြိုးစားသွားမှာဘဲဗျ။
ကိုလွန်းကို Dလိုမျိုး ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး။ကျွန်တော်ကို အတ္တကြီးတယ်လို့ ထင်ချင်လဲထင်ကြတော့ဗျာ..။ ကျွန်တော် လိုချင်တဲ့အရာ..ပိုင်ဆိုင်ချင်တဲ့အရာတစ်ခုကို..ကျွန်တော်အရယူဖို့အတွက် တရားတာတွေ မတရားတာတွေ ဘာတစ်ခုမှ ထည့်မတွက်ချင်တော့ဘူး။
ကိုလွန်း ကြည်ဖြူသည် ဖြစ်စေ။ မကြည်ဖြူသည်ဘဲ ဖြစ်စေ..ကိုလွန်းကို ခါးသက်မိုးဆိုတဲ့ ကျွန်တော်တစ်ယောက်တည်းကဘဲပိုင်တယ်။
အနုနည်းနဲ့မရရင်..အကြမ်းနည်းသုံးဖို့အတွက်လည်း..ကျွန်တော်၀န်လေးနေမှာ မဟုတ်ဘူး...ကိုလွန်း...။
✨✨✨
အပိုင်း✨၄၀✨မျှော်ပေးကြပါဦး။
🌺ညှို့စက်ကွင်း🌺
💤ဝိုးတဝါးအိမ္မက္💤
🌈အပိုင္း(၃၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""ဘာကြ...""
""ဝုန္း...ခလြမ္း..""
ဦးဓနမိုးတစ္ေယာက္ ေဒါသတႀကီးနဲ႕ ခုံေပၚကပစၥည္းေတြကို အကုန္လုံး ကို တိုက္ခ်ပစ္လိုက္၏။
""အသုံးကိုမက်ဘဴး...တစ္ေယာက္မွကို သုံးစားလို႔ကိုမရဘူး..ဘာျဖစ္လို႔..ႏွစ္ေယာက္စလုံးကို အဲ့ေနရာမွာဘဲ..ဓားနဲ႕မထိုးသတ္ခဲ့ရတာလဲကြ.""
""ဒါ..ဒါေပမယ့္.သူက.သူေဌးရဲ႕ေျမး..
ေလ..""
""တိတ္စမ္း..ငါဆီမွာ ထစ္ခ်ဳန္းမိုးဆိုတဲ့.. ေျမးတစ္ေယာက္ဘဲရွိတယ္...
အခုခ်က္ခ်င္း..လြန္းပုံရိပ္ဆိုတဲ့..ေကာင္ကို..ေသ႐ြာကိုသြားပို႔ခ်ည္..""
ဦးဓနမိုးတစ္ေယာက္ ေဒါသတႀကီးႏွင့္တစ္ခ်က္လႊတ္အမိန႔္ေပးလိုက္ေလသည္။
ထိုအခ်ိန္...
""ဝုန္း....""
ဆိုၿပီး..အခန္းထဲသို႔ ဝုန္းဒိုင္းက်ဲၿပီး ၀င္ေရာက္သည့္သူက ခါးသက္မိုး..။
""သူေဌး..ကြၽန္..ကြၽန္ေတာ္တို႔လဲ..တားပါေသးတယ္..ဒါေပမယ့္ ဒီေကာင္က အကုန္လုံးကို ထိုးႀကိတ္ၿပီး..၀င္လာတာ..""
ခါးသက္မိုးအေနာက္ကေန..အေျပးလိုက္တားေနသည့္သူက ကပ်ာကယာႏွင့္ဆိုသည္။
""အဘိုး ..မေတြ႕ရတာေတာင္အရမ္းၾကာေနၿပီေနာ္..""
ခနဲ႕တဲ့တဲ့ အၿပဳံးတစ္ပြင့္ ကိုေႁခြရင္းႏွင့္ ခါးသက္မိုး ေျပာလိုက္ေလသည္။
""အကုန္လုံး..အျပင္ကိုထြက္သြားၾကစမ္း..""
ဦးဓနမိုး အမိန႔္သံအဆုံး...အကုန္လုံး အခန္းထဲကေန ထြက္သြားၾကေလသည္။
ဦးဓနမိုးက ခါးသက္ကို စူးရဲစြာ စိုက္ၾကည့္လိုက္ၿပီး..
""ကဲ..ေျပာစမ္း..မင္းဘာလိုခ်င္လို႔လဲ..""
""လိုခ်င္တာထက္..သတိလာေပးတာလို႔ ေျပာရင္ ပိုမွန္လိမ့္မယ္ အဘိုး..""
""အဟက္..မင္းက..သတိလာေပးတာဟုတ္လား..""
""ဟုတ္တယ္.အဘိုး.ကိုလြန္းပုံရိပ္ကိုေနာက္တစ္ခါ..ထိဖို႔ မႀကိဳးစားပါနဲ႕..ဒီတစ္ခါ ကြၽန္ေတာ္ၿငိမ္ခံေနမွာ မဟုတ္ေတာ့ဘူးေနာ္ အဘိုး..""
""အဟား...ဟား..ဟား..မင္းၿငိမ္မခံနိုင္ဘူးေျပာရေအာင္..မင္းလိုေကာင္က..ဘာမ်ားလုပ္နိုင္မွာမို႔လို႔တုန္း..""
""ဟုတ္ပါတယ္..ကြၽန္ေတာ္လိုေကာင္က..ဘာမွမလုပ္နိုင္ပါဘူး..ဒါေပမယ့္..အဘိုးကိုေတာ့..ေကာင္းေကာင္း
ႀကီးလွဲသိပ္နိုင္ေလာက္တဲ့အထိေတာ့..အားရွိပါေသးတယ္ဗ်..""
""ဘာကြ..""
""ကြၽန္ေတာ္ လိုရင္းကိုဘဲ ေျပာေတာ့မယ္..ကိုလြန္းပုံရိပ္ကို..အဘိုးေနာက္ထပ္တစ္ခါ ထိဖို႔မႀကိဳးစားပါနဲ႕..အဘိုးႀကိဳးစားလာလို႔ရွိရင္..အဘိုးရဲ႕ဂုဏ္သိကၡာေတြ..အဘိုးတစ္သက္လုံး..ျပဳစုပ်ိဳးေထာင္လာခဲ့တဲ့ ..အဘိုးရဲ႕ ကုမၸဏီေတြ..စည္းစိမ္ေတြအကုန္လုံး..ျပာက်သြားေအာင္ ကြၽန္ေတာ္..လုပ္ပစ္မယ္..""
ခါးသက္ တစ္လုံးခ်င္းပီသစြာနဲ႕ဆိုလိုက္၏ ။ ခါးသက္စကားမ်ားေၾကာင့္..ဦးဓနမိုးတစ္ေယာက္ အသားမ်ားတဆတ္ဆတ္တုန္ယင္လာသည့္အထိကို ေဒါသမ်ားထြက္လာေလသည္။
""မင္းလို..အဆင့္တန္းမရွိတဲ့..ေအာက္တန္းစားကမ်ား..ငါ့ကို လာၿပီး ၿခိမ္းေျခာက္ေနတာလား..""
""အဟက္..ဒီမွာ အဘိုး..ကြၽန္ေတာ္လို ေအာက္တန္းစားေကာင္ဆီမွာ..ဆုံးရႈံးစရာဆိုလို႔ တစ္ခုတည္းဘဲရွိတယ္.အဲ့ဒါ ကိုလြန္းပုံရိပ္ဆိုတဲ့..ကြၽန္ေတာ့္ရဲ႕ႏွလုံးသားေလးဘဲ..သူ႕ကိုကာကြယ္ဖို႔အတြက္ ကြၽန္ေတာ္ဘာေတြကိုဘဲ ေပးဆပ္ရပါေစ ေပးဆပ္ရဲတယ္...အဘိုးကေရာ..အဘိုးဆီမွာ ရွိေနတဲ့ အရာေတြအားလုံးကို ရင္းၿပီး. ကိုလြန္းပုံရိပ္ကို ေပ်ာက္ကြယ္သြားေအာင္..လုပ္ရဲလားေျပာ..လုပ္ရဲရင္ လုပ္လိုက္ဗ်ာ့..ဒီက ကြၽန္ေတာ္ဆိုတဲ့ ေအာက္တန္းစားေကာင္ကလဲ..အဘိုးပိုင္ဆိုင္သမွ်ေတြကို အကုန္လုံးကို ေပ်ာ္ေပ်ာ္ႀကီးဖ်က္ဆီးျပမယ္..""
မေပ်ာ့လြန္း မမာလြန္းေသာ ေလသံႏွင့္ထြက္ေပၚလာသည့္ ခါးသက္၏စကားမ်ားက..ဦးဓနမိုး၏နားစည္အတြင္းထဲသို႔ ခါးသီးစြာနဲ႕ ၀င္ေရာက္သြားၾကေလသည္။
"*ကြၽန္ေတာ္ ျဖစ္ခ်င္တာေတြ အကုန္လုံကို ကြၽန္ေတာ္ေျပာခဲ့ၿပီးၿပီေနာ္.."
ဟုေျပာရင္း လွည့္အထြက္..အခန္းေပါက္နားေရာက္မွ..
""ဪ..တစ္ခုေျပာခဲ့ဖို႔..ေမ့ေနေသးတယ္..ကိုလြန္းပုံရိပ္ဆိုတဲ့ လူသားက..ေဟာ့ဒီက ခါးသက္မိုးရဲ႕အပိုင္..အဘိုးရဲ႕ေျမးလိမၼာေလး ကိုထစ္ခ်ဳန္းမိုးနဲ႕ ဘာမွမပတ္သက္ေစရဘူး..အဘိုးထိန္းရမွာက အဘိုးရဲ႕ေျမးကိုဘဲ..""
ဟုေျပာၿပီး ခါးသက္မိုးအခန္းထဲကေန ထြက္လာခဲ့၏။ ခါးသက္အခန္းထဲကေန ထြက္လာေတာ့ အခန္းအျပင္မွာ ဘယ္အခ်ိန္ကတည္းကေရာက္..ေနမွန္းမသိသည့္ ထစ္ခ်ဳန္းကို ေတြ႕လိုက္ရေလသည္.။
""အစကတည္းက မကာကြယ္ေပးနိုင္ဘူးဆိုရင္လဲ..မပတ္သက္မိေအာင္ႀကိဳးစားၿပီးေနေပးပါ ကိုထစ္ခ်ဳန္းမိုး..""
ခါးသက္မိုးစကားေၾကာင့္ ထစ္ခ်ဳန္းမ်က္ႏွာတစ္ခ်က္မွ် ပ်က္သြားကာ..
""လြန္း...သူအဆင္ေျပရဲ႕လား..""
""စိတ္ပူေပးစရာမလိုပါဘူး..သူအဆင္ေျပသြားေအာင္ ကြၽန္ေတာ္ေဘးကေန ေစာင့္ေရွာက္ေပးသြားမွာမို႔..ကိုထစ္ခ်ဳန္းမိုး..စိတ္မပူေပးလဲရတယ္..""
ျပတ္သားစြာ ထြက္ေပၚလာသည့္ ခါးသက္၏စကားသံ အဆုံး.ထစ္ခ်ဳန္း ေခါင္းငိုက္စိုက္က်သြားရေလၿပီ။
လြန္းကို အရမ္းခ်စ္ပါတယ္ဟု
တဖြဖြ ေျပာေနေသာ မိမိက လြန္းကို အျပည့္၀ အကာကြယ္မေပးနိုင္ေသာသူ။
လြန္းကို မုန္းတယ္ဟူေသာ လူသားက ေတာ့..အခုခ်ိန္မွာေတာ့ သူ႕အသက္နဲ႕ေတာင္ရင္းၿပီ ကာကြယ္ ေပးေနေလၿပီ။ အခုခ်ိန္မွာ လြန္းကို သူ ျပတ္သားစြာနဲ႕ရင္နာနာ လက္လႊတ္ေပးလိုက္ရမလား။ဒါမွမဟုတ္..ရဲရဲ၀င့္၀င့္နဲ႕..လက္တြဲရေလမလား ဟုေသာ..တိက်ခိဳင္မာသည့္ အေျဖတစ္ခုကို သူေ႐ြးခ်ယ္ရေတာ့မည့္ အခ်ိန္ကို ေရာက္ေနေလသည္။
ဆုပ္ရင္လည္းဆူး စားရင္လည္း႐ူး..ေဘးက်ပ္နံက်ပ္နဲ႕ အသက္ရႈက်ပ္ရသည့္ အေျခေနတစ္ခု။
✨✨
""အဘိုး..ေနာက္ထပ္တစ္ခါထပ္ၿပီး..လြန္းရဲ႕ အသက္ကို ရန္ရွာေနဦးမယ္ဆိုရင္..ကြၽန္ေတာ္ကိုပါ လြန္းနဲ႕အတူ တစ္ခါတည္း သျဂၤုလ္ေပးဖို႔သာ ျပင္ထားလိုက္ေတာ့..""
""ဘာကြ..လာျပန္ၿပီ ေနာက္တစ္ေယာက္....""
အခန္းထဲကို ၀င္ ၀င္ခ်င္း ေျပာလာသည့္ ထစ္ခ်ဳန္း၏ စကားမ်ားေၾကာင့္ ဦးဓနမိုး အေတာ့္ကို စိတ္ပ်က္သြားရေလသည္။
""အဘိုးရဲ႕ ဆႏၵအတိုင္း..ကြၽန္ေတာ္ ေနလာခဲ့ၿပီးၿပီဘဲ..ဒါကို အဘိုးက ဘာေတြထပ္ျဖစ္ခ်င္ေနေသးတာလဲ..ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းကို အဘိုးခြင့္မျပဳေပးဘူးဆိုလဲ ရတယ္..ဒါေပမယ့္..ကြၽန္ေတာ္ မခ်စ္ မႏွစ္သက္တဲ့သူနဲ႕ေတာ့ ကြၽန္ေတာ့္ကို ဇြတ္အတင္း လက္မထပ္ခိုင္းပါနဲ႕ ..""
""ဘာကြ.""
""ကြၽန္ေတာ္ ဒီထက္ပိုၿပီး..အဘိုးရဲ႕ ဆႏၵကို မလိုက္ေလ်ာေပးနိုင္ေတာ့ဘူး..""
""ဘာကြ...ေတာက္...တစ္သက္လုံးျပဳစုပ်ိဳးေထာင္လာခဲ့တဲ့မင္းရဲ႕အဘိုးငါ့ကို လြန္းပုံရိပ္ဆိုတဲ့ ဘာမဟုတ္တဲ့ ေကာင္အတြက္နဲ႕ ျပန္ၿပီး အာခံေနတယ္ေပါ့ေလ..ေတာ္ေတာ္ ေမြးရက်ိဳးနပ္တဲ့ေကာင္ဘဲ..ေတာက္...ေအး..မင္းတို႔ ဒီေလာက္ေတာင္ သဲသဲလႈပ္ျပေနတဲ့ အဲ့ေအာက္တန္းစားေကာင္ကို..ငါကိုယ္တိုင္သတ္ပစ္မယ္ကြ..""
""အဘိုး...အဘိုးအရမ္းကို အတၱႀကီးလြန္းတယ္..ကြၽန္ေတာ္ စကားအကုန္ေျပာၿပီးသားေနာ္..အဘိုးေနာက္ထပ္ လြန္းကို ထပ္ထိဖို႔ ႀကိဳးစားမယ္ဆိုရင္..အဘိုးကို ကြၽန္ေတာ္ ေက်ာခိုင္းသြားရလိမ့္မယ္...""
""ဘာကြ....ထစ္ခ်ဳန္းမိုး..မင္း...မင္း..ဘာေျပာလိုက္တယ္..""
""အဘိုးၾကားတဲ့အတိုင္းဘဲ..ကြၽန္ေတာ္ ပိုင္ဆိုင္ထားသမွ်ေတြ အကုန္လုံးကို စြန႔္ၿပီးအဘိုးကိုေက်ာခိုင္းသြားရလိမ့္မယ္လို႔.…""
""ထစ္ခ်ဳန္းမိုး...မင္း..မင္း..ေတာ္ေတာ္အသုံးမက်တဲ့ေကာင္ဘဲ...ေကာင္းၿပီ မင္းဘက္ကလဲ ခိုင္မာတိက်တဲ့ အေျဖတစ္ခုေတာ့ ေပးဖို႔ေတာ့လိုၿပီ ထစ္ခ်ဳန္းမိုး..အဲ့အေကာင္ လြန္းပုံရိပ္ကို ငါမထိေတာ့ဘူးဆိုရင္ မင္းသူနဲ႕ လုံး၀ကို အဆက္ျဖတ္ေပးမွာလား..ေျပာ...""
ဦးဓနမိုး၏ အေမးစကားေၾကာင့္ ထစ္ခ်ဳန္းမိုး ခဏတာေတြေဝသြားေလသည္။
""ကြၽန္ေတာ္ ကတိေပးပါတယ္..အဘိုးကလဲ...ကြၽန္ေတာ့္ကို မိန္းမေပးစားဖို႔ လဲထပ္ၿပီး မႀကိဳးစားပါနဲ႕ေတာ့..
ကြၽန္ေတာ္ လြန္းကို ေမ့ပစ္နိုင္ေအာင္ ႀကိဳးစားသြားပါ့မယ္..""
ဟု နာက်င္ ေျခာက္ကပ္စြာနဲ႕ ထစ္ခ်ဳန္းဆိုလိုက္၏။
""ေအး..ေကာင္းၿပီ ထစ္ခ်ဳန္းမိုး မင္းရဲ႕စကားကို မင္းမေမ့ပါနဲ႕..""
✨✨✨
ခါးသက္ အိမ္ကိုျပန္ေရာက္လာေတာ့ မိုးအေတာ့္ကို ခ်ဳပ္ေနၿပီေလ။
တစ္ေန႕ကုန္ ညစ္ၫူးေနတဲ့စိတ္ေတြက...ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ေခြေခြေလး အိပ္ေပ်ာ္ေနတဲ့ လြန္းရဲ႕ မ်က္ႏွာေလးကိုေတြ႕လိုက္ရေတာ့ အလိုလိုေနရင္း..ၿငိမ္းေအးသြားသလို..။ အသာ လြန္းရဲ႕အနား ကပ္သြားၿပီး ေဘးမွာ ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး လြန္းရဲ႕မ်က္ႏွာေလးကို စိုက္ၾကည့္ေနမိ၏။
ၿငိမ္းေအးသည္။ ပကတိအျဖဴထည္ေလးလို ရိုးသားမႈေတြ အထင္းသားေပၚလြင္ေနသည့္ မ်က္ႏွာေလး..။ ခ်ိဳသာတဲ့အၿပဳံးနဲ႕သာ လိုက္ဖက္လြန္းသည္။ သို႔ေပမယ့္ အႀကိမ္ႀကိမ္အခါခါ နာက်င္ငိုေႂကြးေအာင္ သူ ခဏခဏ လုပ္ခဲ့ဖူးသည္။
သို႔ေပမယ့္ ေနာက္ေနာင္ .ထပ္ၿပီး..မနာက်င္ရေလေအာင္ သူကာကြယ္သြားမည္။ ေစာင့္ေရွာက္သြားမည္။ အရမ္းခ်စ္တယ္.ကိုလြန္းပုံရိပ္။
လြန္းရဲ႕နဖူးေလးကို အျမတ္တနိုးနဲ႕ ခါးသက္နမ္းရွိုက္လိုက္ေတာ့ လူးလြင့္သြားသည့္ ခႏၡာကိုယ္ေလး..။
ေနာက္ေတာ့ သူနိုးလာခဲ့ေလၿပီ။
""ဟင္..ခါးသက္...ျပန္ေရာက္လာၿပီလား..""
မ်က္လုံးႏွစ္ဖက္ကို အူယားဖြယ္ရာ ပြတ္သပ္ရင္းနဲ႕ ေမးလာသည့္ ပုံစံေလးက အရမ္းကိုခ်စ္စရာေကာင္းလြန္းေန၏။
""ဟုတ္...ျပန္လာၿပီ..ကိုလြန္းက..ကြၽန္ေတာ့္ကိုေစာင့္ေနတာလား."
""အင္း.မင္းကြာ..ဒဏ္ရာႀကီးနဲ႕ကို ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ..
အနာကိုေရာ..ေဆးထည့္ၿပီးၿပီလား..ေဆးေရာ ေသာက္ၿပီးၿပီလား..""
""ဟင့္အင္း...လုပ္စရာေတြ လုပ္ေနရလို႔..အနာကို ဂ႐ုစိုက္ခ်ိန္ေတာင္ မရလိုက္ဘူး..""
""ခါးသက္မိုး..မေန႕ကမွ ေဆး႐ုံက ဆင္းလာတာေနာ္ မင္းမေပါ့ဆသင့္ဘူး..""
""အဲ့ဒါဆိုရင္လဲ ကြၽန္ေတာ့္ကို ကိုလြန္း ဘဲဂ႐ုစိုက္ေပးေလ.တစ္သက္လုံး..ကြၽန္ေတာ္ရဲ႕ေဘးနားမွာ ေနေပးၿပီး..ကြၽန္ေတာ့္ကိုဘဲ ဂ႐ုတစိုက္နဲ႕ ျပဳစုေပးေပါ့..""
""ဘာ...မင္းေနာ္..""
ခါးသက္စကားေၾကာင့္ လြန္း မ်က္ေစာင္းေလးခဲလိုက္ၿပီး ႏုတ္ခမ္းေလးစူလိုက္မိ၏။
""ဟာ..ဘာလဲ..ဘာျဖစ္လို႔ အဲ့ႏုတ္ခမ္းက စူျပေနတာလဲ..ဒီက အူယားၿပီး ဆြဲနမ္းေအာင္လာလုပ္ျပေနတာလား..""
""ဟာ..ခါးသက္ မင္းဘယ္လိုျဖစ္ေနတာလဲ..""
""ဟီး..ဟီး..ဘာမွမျဖစ္ပါဘူး..ကိုလြန္း.ကြၽန္ေတာ့္ေရွ႕မွာ အရမ္းႀကီးခ်စ္စရာေကာင္းေအာင္ မေနနဲ႕ေနာ္..ဒီက အူယားလာရင္ ဆြဲနမ္းခံရမယ္ ဘာမွတ္ေနလဲ..""
""ခါးသက္မိုး...မင္းေနာ္..သြားကြာ..မင္းဘာသာ ဘာျဖစ္ျဖစ္ ငါဂ႐ုမစိုက္ေတာ့ဘူး..""
လြန္း ထိုသို႔ေျပာၿပီး..ထိုင္ေနရာကေန ထြက္သြားေလသည္။
""အား...အား..နာတယ္..ကြၽတ္..ကြၽတ္...အား..""
ခါးသက္ဆီကေန ညည္းၫူသံေတြ ထြက္ေပၚလာျပန္ေတာ့ လြန္း စိတ္ပူသြားကာ..
""ဟင္..ခါးသက္ ဘာျဖစ္တာလဲ..
ဘယ္ေနရာက နာလို႔လဲ..""
ေမးလိုက္ေတာ့ ခါးသက္က သူ႕ရဲ႕ဘယ္ဘက္ရင္ဖက္ကို လက္နဲ႕ဖိထားျပၿပီး..
""ဒီရင္ဘတ္ထဲက.ကြၽန္ေတာ္ႏွလုံးသားေလးနာသြားတာေလ..
ကိုလြန္းက.ဂ႐ုမစိုက္ေတာ့ဘူးဆိုလို႔...""
""ဟာ..အ႐ူး..''
""ဟုတ္တယ္ေလ..ကြၽန္ေတာ္က..ကိုလြန္းရဲ႕ အခ်စ္႐ူးေလးေလ..""
""ဟာ..ခါးသက္မိုး..မင္းေနာ္..""
လြန္း ရွက္ကန္ကန္ၿပီး ထိုေနရာကေန လွည့္အထြက္..ခါးသက္က လြန္းရဲ႕ကိုယ္ေလးကို အေနာက္ကေန သိုင္းဖက္လိုက္ေလသည္။
""ခ်စ္တယ္..ကိုလြန္း..တကယ္ေျပာတာပါ..ကြၽန္ေတာ္ေလ..ကိုလြန္းနဲ႕ တကယ့္လင္မယားအစစ္လို ေနခ်င္တယ္..ခြင့္ျပဳေပး
ပါလား..""
ခါးသက္မိုးစကားေၾကာင့္ လြန္းမ်က္ႏွာတစ္ခုလုံး ထူပူသြားကာ ဘာျပန္ေျပာရမယ္မွန္း မသိျဖစ္သြားေလသည္။
""ရပါတယ္..အခုခ်က္ခ်င္းႀကီး အေျဖျပန္မေပးနိုင္ေသးလဲ ရတယ္..ေခါင္းေအးေအးထား စဥ္းစားၿပီးမွ အေျဖျပန္ေပးေနာ္ အရမ္းခ်စ္တယ္..မြ...""
ခါးသက္က ေျပာေျပာဆိုဆိုနဲ႕ လြန္းရဲ႕ပါးျပင္ေလးကို မြခနဲ႕ျမည္ေအာင္ နမ္းၿပီး အေပၚထပ္ကို တက္သြားေလသည္။ ခါးသက္ရဲ႕ ေက်ာျပင္ကို လြန္းေငးၾကည့္ရင္းနဲ႕ က်န္ရစ္ခဲ့ေလသည္။
ခါးသက္နမ္းရွိုက္သြားသည့္..ပါးျပင္ေလးကို..လက္နဲ႕ကိုင္ရင္း..လြန္းေခါင္းထဲအေတြးေပါင္းစုံက တိုးေဝွ႕လို႔၀င္ေရာက္လာခဲ့ၾကေလသည္။
ခ်စ္တယ္ ကိုလြန္း..။ ကိုလြန္း ကြၽန္ေတာ့္ကို ျငင္းဆန္ခဲ့ရင္ေတာင္ ကြၽန္ေတာ္ကေတာ့ ကိုလြန္းကို ရေအာင္ႀကိဳးစားသြားမွာဘဲဗ်။
ကိုလြန္းကို Dလိုမ်ိဳး ထပ္ၿပီး အဆုံးရႈံးမခံနိုင္ေတာ့ဘူး။ကြၽန္ေတာ္ကို အတၱႀကီးတယ္လို႔ ထင္ခ်င္လဲထင္ၾကေတာ့ဗ်ာ..။ ကြၽန္ေတာ္ လိုခ်င္တဲ့အရာ..ပိုင္ဆိုင္ခ်င္တဲ့အရာတစ္ခုကို..ကြၽန္ေတာ္အရယူဖို႔အတြက္ တရားတာေတြ မတရားတာေတြ ဘာတစ္ခုမွ ထည့္မတြက္ခ်င္ေတာ့ဘူး။
ကိုလြန္း ၾကည္ျဖဴသည္ ျဖစ္ေစ။ မၾကည္ျဖဴသည္ဘဲ ျဖစ္ေစ..ကိုလြန္းကို ခါးသက္မိုးဆိုတဲ့ ကြၽန္ေတာ္တစ္ေယာက္တည္းကဘဲပိုင္တယ္။
အႏုနည္းနဲ႕မရရင္..အၾကမ္းနည္းသုံးဖို႔အတြက္လည္း..ကြၽန္ေတာ္၀န္ေလးေနမွာ မဟုတ္ဘူး...ကိုလြန္း...။
✨✨✨
အပိုင္း✨၄၀✨ေမွ်ာ္ေပးၾကပါဦး။
🌺ညွို႔စက္ကြင္း🌺