💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၇)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""လွန်း...မတွေ့ရတာတောင်..အတေဂာ်ကြာပြီနော်...""
""ဟာ...ကိုခင်ဇော်...""
အရင်က တစ်ရုံးတည်းအတူအလုပ်လုပ်ခဲ့သည့် ကိုခင်ဇော်ကို မမျှော်လင့်ဘဲ လွန်းတွေ့လိုက်ရတော့ ၀မ်းသာသွားမိသည်။
""အခုရက်ပိုင်း လွန်းရဲ့အဒေါ်လင်မယားအကြောင်းကို ကြားလို့ လွန်းဆီ..သတင်းလာမေးသေးတယ်..ဒါပေမယ့်..လွန်းက..အိမ်ထောင်ကျသွားပြီး အိမ်ပြောင်းသွားတယ်ဆိုလို့..""
""ဟုတ်တယ်..ကိုခင်ဇော်.""
လွန်း..ခေါင်းလေးငုံ့ထားရင်း ပြောလိုက်သည်။
""ဘယ်လိုဖြစ်ရတာလဲ..လွန်းရယ်..မင်း ကိုထစ်ချုန်းနဲ့ အဆင်ပြေ
မယ်ထင်ထားခဲ့တာ..""
ကိုခင်ဇော်စကားကြောင့်..လွန်း မချိမပြုံးလေး ပြုံးလိုက်မိသည်။
""အစ်ကိုထစ်ချုန်းက..မင်းကိုအရမ်းချစ်ခဲ့တာနော်..လွန်း..ကဲပါ.မထူးတော့ပါဘူး..ငါမင်းကိုပြောပြလိုက်တော့မယ်..""
ဟု အစချီပြီး..အစ်ကိုထစ်ချုန်းက.သူ့အား..အခကြေးငွေပေးပြီး လွန်းအား.ဂရုစိုက်ခိုင်းသည့်အကြောင်းများကို ပြောပြလေသည်။
ဒီအချိန်မှာ ဒီအကြောင်းတွေကို လွန်း သိတော့ရော..ဘာထူးတော့မှာလဲ..။ အစ်ကိုထစ်ချုန်းနဲ့ လွန်းတို့ရဲ့..
ဇာတ်လမ်းက မစရသေးခင်မှာ ပြီးပါပြီ စာတန်းထိုးခဲ့ပြီးပြီလေ..။
အခုချိန်မှာ အစတွေဆွဲထုတ်ပြီး..ခံစားချက်တွေ ဖော်ထုတ်လို့ရော ဘာထူးတော့မှာလဲ..။ လွန်း ဒီအတိုင်း နာကျင်စွာနဲ့ပြုံးနေမိ၏။
""ပြီးခဲ့တာတွေလဲ.ပြီးသွားပါပြီ ကိုခင်ဇော်ရယ်...အတိတ်ကို ပြန်တမ်းတနေဖို့ အချိန် လွန်းဆီမှာ မရှိတော့ပါဘူး..""
လွန်း တွေးဆဆလေးဆိုလိုက်သည်။ ကိုခင်ဇော်လဲ လွန်းကို ဂရုဏာသက်စွာ ငေးကြည့်နေမိ၏။
ထိုအချိန်မျက်နှာချင်းဆိုင်ကနေ.. အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် ကားတစ်စီးကလွန်းဆီကို တန်းတန်းမတ်မတ်ကြီးကို ဦးတည်ပြီး မောင်းနှင်လာတာကြောင့်..
ကိုခင်ဇော်..အလျှင်အမြန်နှင့် လွန်းရဲ့ လက်ကို လှမ်းဆွဲလိုက်၏။
ရုတ်တရက် ကိုခင်ဇော်ရင်ခွင်ထဲ ရောက်ရှိသွားသည့်လွန်း။ နောက်ပြီး..လွန်းရဲ့ဘေးနားကနေ ပွတ်ကာ သီကာနဲ့ဖြတ်မောင်းသွားသည့်ကားတစ်စီး။။
""ဟာ..တောက်..ကားကိုဘယ်လိုမောင်းနေတာလဲမသိဘူး..လွန်း..ဘယ်နား ထိမိသွားလဲ..""
ကိုခင်ဇော်က စိုးရိမ်တကြီးနဲ့မေးသည်။ လွန်း ကိုခင်ဇော်ရင်ခွင်ထဲကနေ..ရုန်းထွက်လိုက်ပြီး..
""ဘာမှမဖြစ်ဘူး..ကိုခင်ဇော်..အစ်ကိုသာ လွန်းကို လှမ်းမဆွဲလိုက်ဘူးဆိုရင်..လွန်း..ဟိုကားနဲ့တိုက်မိမှာ..ကျေးဇူးပါ.""
လွန်း ပြုံးရင်းနှင့်ဆိုလိုက်သည်။
""ရပါတယ်..လွန်းရဲ့..မင်းသာ ဘာမှမဖြစ်လို့ တော်ပါသေးတယ်..စောစောကကားမောင်းတဲ့ကောင်က မူးနေလို့လားမသိဘူး..ဒီလောက်လမ်းအကျယ်ကြီးကို မင်းဆီကို တည့်တည့်ကြီးမောင်းချလာတာ..မသိရင်..မင်းကိုကားနဲ့တိုက်ပြီးလုပ်ကြံမလို့လားလို့တောင် ထင်ရတယ်..""
ကိုခင်ဇော်စကားကြောင့် လွန်းရင်ထဲ လေးပင်သွားသလိုမျိုးခံစားလိုက်ရ၏။
✨✨✨
လွန်းအိမ်ကိုပြန်ရောက်လာတာတော့..ဧည့်ခန်းထဲမှာထိုင်နေသည့် ခါးသက်က လွန်းကို စူးရဲစွာနဲ့စိုက်ကြည့်နေလေသည်။ နောက်တော့ ဘာစကားတစ်ခွန်းမှ မပြောဘဲ လွန်းရဲ့လက်ကိုဆွဲပြီး အပေါ်ထပ်ကိုခေါ်သွားလေသည်။
""ခါးသက်..မင်း..ဘာပြောချင်လို့လဲ..ပြောစရာရှိရင်..ပါးစပ်နဲ့ပြောလေကွာ..""
လွန်း ပြောနေသည်များကို ခါးသက်က ဂရုမစိုက်..။ လွန်း ရုန်းရင်းနဲ့ ခါးသက်ဆွဲခေါ်ရာနောက်ပါသွားသည်။
ခါးသက်က သူနေသည့်အိပ်ခန်းဆီကို..လွန်းကိုဆွဲခေါ်လာခြင်းဖြစ်သည်။
အခန်းထဲရောက်တော့..လွန်းကို..အိပ်ရာပေါ် တွန်းလှဲလိုက်ပြီး..
""ခင်ဗျား..ခင်ဗျားအရမ်းကို ပျော်နေတယ်ပေါ့လေ..ဟုတ်လား...""
အစမရှိအဆုံးမရှိနှင့်မေးလာသည့် မေးခွန်း .။လွန်း ကြောင်အစွာနှင့်..ခါးသက်ကို ငေးစိုက်ကြည့်နေတုန်း..
လွန်းနုတ်ခမ်းပေါ်..ကျရောက်လာသည့်..ခပ်ကြမ်းကြမ်းအနမ်းတစ်ပွင့်။။ လွန်းတစ်ကိုယ်လုံး အေးခဲသွားပြီး..အရမ်းကိုအံ့အားသင့်သွားရလေသည်။
""အွင်း..အင်း...""
လွန်းအသိစိတ်၀င်လာတော့ ခါးသက်ကိုယ်ကို တွန်းဖယ်သည်။ ခါးသက်က လွန်းရဲ့လက်တွေကို ဖမ်းချုပ်ထားပြီး..ခပ်ကြမ်းကြမ်းအနမ်းတွေကို ပုံဖော်နေဆဲ။။ ကြမ်းတမ်းသည်။ နာသည်။ နောက်တော့ ခါးသက်က လွန်းရဲ့အောက်နုတ်ခမ်းကို ဖိကိုက်လိုက်တာကြောင့် လွန်းနာကျင်မှုနဲ့အတူ..သွေးစတချို့..ယိုစီးကျလာ၏။
""နောက်တစ်ခါ..တခြားယောက်ျားတစ်ဦးကို ပြုံးမပြပါနဲ့ ကိုလွန်းပုံရိပ်..ကျွန်တော်မကြိုက်ဘူးဗျ..နောက်တစ်ခါ တခြားသူကို ပြုံးပြရဲပြုံးပြကြည့်..ခင်ဗျားရဲ့နုတ်ခမ်းကိုပြတ်ထွက်သွားအောင် ကိုက်ပစ်မယ်..""
ဟုဒေါသတကြီးနဲ့အော်ပြောပြီး အခန်းထဲကနေ ဝုန်းဒိုင်းကျဲပြီး ထွက်သွားသော ခါးသက်..။
လွန်း နုတ်ခမ်းပေါ်က သွေးစတွေကို လက်ခုံနဲ့ သုတ်လိုက်သည်။
ခါးသက် သူ ဘာဖြစ်သွားတာလဲ..။ တခြားသူကိုပြုံးမပြနဲ့။။စောစောက ကိုခင်ဇော်ကို ပြုံးပြလိုက်တာ သူမြင်သွားလို့လား..။ဘုရားရေ..ပြုံးရုံလေးပြုံးပြတာတောင် သူ ဒီလောက်ထိ ဒေါသထွက်နေရတယ်လို့ ။ စောစောက ငါ ကိုခင်ဇော် ရင်ခွင်ထဲ ရောက်သွားတာကို သူမမြင်လိုက်တာ ခပ်ကောင်းကောင်းဘဲ။။မြင်များမြင်သွားရင်...မတွေးရဲစရာ..။ ခါးသက် မင်းဘယ်လိုဖြစ်နေတာလဲ..အခုရက်ပိုင်း..ငါနဲ့ပတ်သက်လာရင်..မင်းဆတ်ဆတ်ထိမခံ နိုင်ဖြစ်နေတာ ဘာဖြစ်လို့များပါလိမ့်..။
🌺🌺🌺
လွန်းတစ်ယောက် ဗိုက်ဆာလာတာနဲ့ အိပ်ရာကနေနိုးလာခဲ့၏။ ဘေးနားမှာ အိပ်မောကျနေသည့် ခါးသက်ကို အသာစောင်းငှဲ့ကြည့်လိုက်သည်။ ကျောပေးပြီး အိပ်မောကျနေသည့် ခါးသက်။ လွန်းကို အနမ်းကြမ်းတွေ ပေးထားပြီးတစ်နေ့လုံး..မျက်နှာချင်းလဲမဆိုင် ..စကားလဲမပြောသောသူ..။
လွန်း အသာသက်ပြင်းကိုချ..အိပ်ရာပေါ်ကနေ အသာဆင်း..ခြေသံမထွက်အောင် အသာ တိတ်တိတ်လေး အခန်းထဲကနေ ထွက်လာခဲ့၏။
မီးဖိုချောင်ထဲရောက်တော့ ဒီနေ့ ဘယ်သူမှမသိအောင် ၀ယ်လာခဲ့သည့် အရန်သင့်စား ခေါက်ဆွဲ ထုတ်လေးကို ဖွက်ထားတဲ့နေရာကနေ ယူလိုက်ပြီး ပြုတ်စားဖို့ ရေနွေးအိုး ကိုတည်လိုက်၏။
""ဘာလဲ..အိပ်မပျော်လို့လား..ဗိုက်ဆာလို့လား..""
""အမယ်လေး..ဗုဒ္ဓေါ...""
ရုတ်တရက် ထွက်ပေါ်လာသည့်..စကားသံကြောင့် လွန်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကာ လှည့်ကြည့်လိုက်တော့ ခါးသက်ဖြစ်နေလေသည်။
""ဟို...ဟို..ရေနွေးသောက်ချင်လာလို့
..ရေနွေးလာတည်သောက်တာပါ..""
အထစ်ထစ် အငေါ့ငေါ့နဲ့ မုသားစကားတို့ဆိုရင်..ခေါက်ဆွဲထုတ်လေးကို နောက်မှာ ဖွက်ထားနေမိ၏။
တော်ကြာ အစ်ကိုထစ်ချုန်းလို အမှိုက်ပုံးထဲပစ်လိုက်မှာကို ကြောက်လို့ဖြစ်သည်။ အစ်ကိုထစ်ချုန်းက လွန်း ထိုသို့သော အရန်သင့်ခေါက်ဆွဲပြုတ်များကိုစားသည်ကိုမကြိုက်ခဲ့ဘူးလေ..။
""ဟုတ်လို့လား..စောစောက..ခေါက်ဆွဲထုတ်လေး မြင်မိသလားလို့..""
""မဟုတ်ပါဘူး..""
""ဟုတ်ပါတယ်..ခင်ဗျားကြီး ကပ်စီးကုပ်ပြီး..ကျွန်တော်ကိုမကျွေးချင်လို့ လိမ်ပြောနေတာမလား..တစ်ဇွန်းလောက်တော့ ကျွေးဗျာ..ကျွန်တော်လဲ စားချင်တယ်..""
မမျှော်လင့်ထားသော စကားများကို ခါးသက်ဆိုလိုက်တော့ လွန်း မျက်နှာလေး ၀င်းပသွားကာ..
""ခေါက်ဆွဲပြုတ်..မင်းပါစားချင်တာလား။။""
""အင်း..တစ်ဇွန်းလောက်တော့ကျွေးဗျာ.."
"*ဟီး..တစ်ဇွန်းမဟုတ်ဘူး..တစ်ထုတ်စား..ဒီမှာ ငါဆယ်ထုတ်တောင် ၀ယ်ထားတာ..""
လွန်း ပြုံးရယ်နဲ့ လက်ထဲက ခေါက်ဆွဲထုတ်တွေကို ပြလိုက်သည်။
""ကိုလွန်း..တခြားသူတွေကို အခုလို ပြုံးရယ်မပြပါနဲ့နော်..ကျွန်တော်တစ်ယောက်တည်းကိုဘဲ ပြုံးပြပါ..""
""ဟင်..""
ခါးသက်စကားကြောင့် လွန်းကြောင်အသွားလေသည်။ ခါးသက်က ပေါ့ပေါ့ပါးပါးနဲ့ လွန်းရဲ့ လက်ထဲက ခေါက်ဆွဲထုတ်တွေကိုယူပြီး ပြုတ်နေလေသည်။
""တစ်ခါတည်းပေါင်းပြီး နှစ်ထုတ်ရောပြုတ်လိုက်မယ်နော်..ကြက်ဥလဲ နှစ်လုံးထည့်မယ်..""
သူ့ဘာသာပြောပြီး ခေါက်ဆွဲကိုပြုတ်နေသည့် ခါးသက်။။
""အင်း..""
🌺🌺🌺
စားပွဲခုံပေါ်မှာ အငွေ့တထောင်းထောင်းနှင့် ခေါက်ဆွဲပြုတ်ပန်းကန်ကို ကြည့်လိုက်။ ခါးသက်မျက်နှာကိုကြည့်လိုက်နှင့် ဖြစ်နေသည့်လွန်း..။
""စားပြီးမှ ကြည့်ပါ..ဒီကကောင်ကြီးက..ခင်ဗျားလေးရဲ့အနားကနေ ဘယ်မှမထွက်သွားပါဘူး..""
""ဘာ""
ပြောင်စပ်စပ်လေးနဲ့ ပြောလာသည့် ခါးသက်ကြောင့် လွန်းတစ်ယောက် ရှက်ကိုးရှက်ကန်းနှင့်..ခေါက်ဆွဲပြုတ်ကို ငုံ့စားလိုက်တော့...
".ဖူး..ဖလူး..အမယ်လေး..ပူလိုက်တာ..""
""ဟော...ကြည့် နုတ်ခမ်းလေး ပူသွားပြီမလား..""
ဟုပြောပြီး..လွန်းရဲ့ မျက်နှာနား ကပ်လာသည့် ခါးသက်..။နောက်တော့ မပြောမဆိုနဲ့..လွန်းရဲ့နုတ်ခမ်းကို ငုံပြီး နမ်းရှိုက်လိုက်၏။ လွန်း ရင်ထဲ ဒိုင်းခနဲ့ ခုန်တက်သွားရလေပြီ..။နေ့လည်ကနဲ့မတူ..။နူးညံ့သည်။သိမ်မွေ့သည့်အနမ်းတစ်ပွင့်..။
""ဘာ..ဘာလုပ်တာလဲ..""
လွန်း ခ့ါးသက်ကို တွန်းထုတ်လိုက်သည်။
""ဟောဗျာ..ခင်ဗျားလေးရဲ့ နုတ်ခမ်းလေး အပူလောင်သွားလို့ .အနမ်းချိုချိုလေးတစ်ပွင့်ပေးလိုက်တာလေ..""
""ဘာ...ခါးသက်..မင်းရူးနေတာလား...""
""အွန်း..ရူးနေတာ.ဒါပေမယ့်
.သွက်သွက်ခါအောင် ရူးနေတဲ့ အရူးတော့မဟုတ်ဘူး..အချစ်ရူး..ရူးနေတဲ့..အချစ်ရူးလေး..""
""ဘာ...ခါးသက်..မင်းတကယ်ကြီး..ဘယ်လိုဖြစ်နေတာလဲ..""
""ခေါင်းပူခံပြီး စဉ်းစားမနေနဲ့..ခေါက်ဆွဲတွေ ပွကုန်ပြီ..စား..""
ဟု ပြောနေသည့် ခါးသက်ကို..
လွန်း အံ့အားသင့်စွာ ငေးစိုက်ကြည့်နေမိ၏။ အခုတလော..အပြောင်းလဲကြီး ပြောင်းလဲနေသည့် ခါးသက်၏ ပုံစံအသစ်နဲ့ လွန်း အသားမကျသေးပေ။ နားမလည်နိုင်တော့ဘူး..ခါးသက်..။ တစ်ခါတစ်ခါ မင်း ငါ့ကိုများ စိတ်၀င်စားနေသလားလို့..အတွေး၀င်မိသား..။ အဟက် ဘယ်လိုလုပ်ပြီး..ဖြစ်နိုင်မှာလဲ..မင်းက ငါ့ကို ခါးခါးသီးသီး မုန်းနေတဲ့သူဘဲလေ..။
မင်းရင်ထဲ အချစ်ဆုံး ချစ်သူကို ဆွဲထုတ်သွားတဲ့ ငါလိုကောင်ကို.မင်းက ချစ်မှာတဲ့လား..မဖြစ်နိုင်တာ...။
🌺🌺🌺
အခုဆို လွန်းကို အရင်တုန်းကလောက် ခါးသက် မတင်းကျပ်တော့။ ဆေးရုံပေါ်က ဒေါ်လေးငယ်ဆီကိုလဲ..လွန်းစိတ်ကြိုက် သွားလာခွင့်ပြုထားလေသည်။
အခုလဲ လွန်းကို လာကြိုမယ်ဆိုလို့..ဆေးရုံအပြင်ဘက်မှာ ထွက်စောင့်နေခြင်းဖြစ်သည်။ ထိုအချိန်..လွန်းကို လူတစ်ယောက်က လမ်းလာမေးနေတာကြောင့်..ထိုသူကိုလမ်းညွှန်ပေးလိုက်ရသေးသည်။ထိုသူက လွန်းကိုကျေးဇူးစကားဆိုလေသောကြောင့်.လွန်းလဲ ဘယ်ရယ်မဟုတ် ပြုံးရယ်ပြလိုက်မိ၏။
""ကျစ်..။ခင်ဗျားကို ဟိုတစ်နေ့တည်းက..သေချာပြောထားပြီးသားနော်.တခြားဘယ်သူ့ကို မပြုံးပြပါနဲ့ဆိုတာကို..""
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် ခါးသက်က ဒေါသတကြီးနဲ့ဆိုသည်။
""ခါးသက်ကလဲ..ကိုယ့်ကို ပြုံးပြနေတဲ့သူတစ်ယောက်ကို ပြန်မပြုံးရင် ရိုင်းရာကျမှာပေါ့.."
""နေစမ်းပါဦး..အဲ့လူက..ခင်ဗျားကို ဘာတွေလာပြောနေတာလဲ..""
""ဪ..လမ်းမသိလို့ လာမေးတာပါ..""
""အလကား..ဘာမှမဟုတ်ဘူး..တမင်သပ်သပ် ဖွန်ကြောင်တဲ့ကောင်ဘဲ ဖြစ်ရမယ်..""
""ဟင်း..တော်တော့ခါးသက်..မင်းဘယ်လိုဖြစ်နေတာလဲ..""
လွန်းအမေးစကားကို ခါးသက်မဖြေပါ။
""ဟိုတစ်ခေါက်ကတည်းက..သေချာပြောပြီးသား..တခြားကောင်ကို ပြုံးပြတဲ့ခင်ဗျားကို အပြစ်ပေးရမယ်""
ဟုပြောရင်း..
လွန်းကို ကားပေါ်ဆွဲတင်ပြီး..
ခါးသက် ခပ်ကြမ်းကြမ် ဆွဲနမ်းပြန်သည်။
""အွင်း..အင်း...ခါးသက်..မင်းဘယ်လိုဖြစ်နေတာလဲ..ရူးနေလား..""
ခါးသက်ကို တွန်းထုတ်ပြီး လွန်းအော်လိုက်သည်။
"ဟုတ်တယ်..ရူးနေတာ..ကျွန်တော် ရူးနေတာ ခင်ဗျားကြောင့်လေ..ခင်ဗျားကို အရမ်းချစ်မိသွားလို့ ဒီကောင်ကြီး သွပ်သွပ်ခါအောင် ရူးနေတာဗျ..""
လွန်းရဲ့ပုခုံးနှစ်ဖက် ကိုခပ်ကြမ်းကြမ် းလှုပ်ရမ်းရင်းနဲ့ဆိုသည်။ လွန်းအံ့ဩလွန်းလို့။ တစ်ကိုယ်လုံးအေးခဲသွားသလို.။
နောက်ထပ်တစ်ကြိမ် ကျရောက်လာသည့် အနမ်းကြမ်းတစ်ပွင့်..။
ဟင့်အင်း...ခါးသက်...နှလုံးသားချင်းလျော်စားလုပ်ရမဲ့ အချစ်ကစားပွဲကိုတော့ မဖန်တီးလိုက်ပါနဲ့။။ ငါ..ငါ နောက်ထပ်တစ်ခါ အသည်းကွဲဝေဒနာ ကိုခံနိုင်ရည်မရှိတော့လို့ပါ..။ကျေးဇူးပြုပြီး..တစ်ကြိမ်တစ်ခါ ကွဲအက်ပြီးပြီ ဖြစ်တဲ့ ငါ့ရဲ့အသည်းလေးကို နောက်ထပ်တစ်ခါမခွဲပါနဲ့တော့။
""ခါးသက်..မင်းတော်တော့...မင်းကစားပွဲတွေက ပျော်စရာမကောင်းဘူးနော်.""
လွန်း ခါးသက်ကိုနောက်ထပ်တွန်းထုတ်ရင်းဆိုသည်။
""ကစားပွဲ...ဟုတ်လား..ခင်ဗျား က ဒါကို ကစားပွဲထင်နေတာလား..ခင်ဗျားကို ချစ်နေတဲ့ ကျွန်တော်အချစ်တွေကို အတုယောင်လို့ ထင်နေတာလား..""
ဒေါသတကြီးနဲ့ အော်ပြောလိုက်သည့် ခါးသက်..။
""ငါ..ငါ..တက္ကစီဌားပြီးဘဲ ပြန်တော့မယ်..""
လွန်း ပြောပြောဆိုဆိုနဲ့ ကားပေါ်ကနေဆင်းပြေးသည်။
""ဟာ..မသွားနဲ့..ကိုလွန်း ခင်ဗျား မသွားရဘူး..ပြန်လာခဲ့..""
ခါးသက် ကားပေါ်ကဆင်းပြီး လွန်းကို ပြန်ခေါ်ဖို့ကြိုးစားသည်။
လွန်းလဲ ကြောက်ကြောက်လန့်လန့်နဲ့..လမ်းကြားလေးထဲ ၀င်ပြေးသည်။လမ်းကလူရှင်းသည်။ လူနေအိမ်တွေက မရှိသလောက်ပင်. ။ဘေးပတ်ချာလည်က ခြံလွတ်တွေကသာ အများဆုံးရှိနေလေသည်။
""ခါး..ခါးသက် မင်းမလိုက်နဲ့တော့. ။အရင်ဦးဆုံး မင်းစိတ်ကို ငြိမ်အောင်လုပ်ပါ..ငါ ..ငါ..တက္ကစီနဲ့ပြန်လာခဲ့ပါ့မယ်..""
""ကိုလွန်း.. ကိုလွန်း..ကျွန်တော်နဲ့ဘဲ အတူတူပြန်ပါ။ .ကျွန်တော်တောင်းပန်ပါတယ်..ကိုလွန်း...""
ခါးသက်စကားတို့ကို မကြားဟန်ပြုကာ ခပ်သွက်သက် လျှောက်လှမ်းနေမိ၏။ခါးသက်ကလဲ လွန်းရဲ့နောက်ကို လိုက်နေဆဲ။။လွန်းရဲ့အနားကို ခါးသက် ရောက်လုဆဲဆဲလေးမှာ..။ တစ်ခြား လမ်းချိုးအကွေ့ကနေ ကွေ့လျှောက်လာသည့် လူတစ်ဦး..။ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသလို..မျက်နှာကိုလဲ mask တပ်ထားသေး၏။ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့်..ထိုသူ၏ လက်ဆီကို ခါးသက်အကြည့်တို့ ရောက်သွားသည်။ အမှန်က ထိုသူ၏
ပုံစံကို မသင်္ကာလို့ ခါးသက် စူးစမ်းပြီးကြည့်လိုက်တာဖြစ်သည်။ ထိုလူ၏ ညာဘက် လက်ဖျံပေါ်မှာ ထိုးထားသည့်ဇဆိုသော တက်တူးပုံစံကြောင့် ခါးသက်ရင်ထိတ်သွားရ၏။
"ဇ..မဟုတ်မှလွဲရော..သူက..ဟို..""
ခါးသက်အတွေးတို့တောင်မဆုံးလိုက်.. ထိုလူက ဘောင်းဘီအိတ်ထဲ ထည့်ထားသည့် သူ့ရဲ့လက်ကို ထုတ်လိုက်လေပြီ.။ထိုလူ လက်ထဲမှာ လက်ခနဲ့ ဖြစ်သွားသည့်က ခလုတ်ဓားလေး..။
""ကိုလွန်း...""
ခါးသက်၏ စိုးရိမ်တကြီးအော်ခေါ်လိုက်သည့် အသံကြောင့်..လွန်းလှည့်ကြည့်လာသည်။ ထိုအချိန် တစ်ဖက်လူကလဲအခွင့်ကောင်းယူကာ လွန်းရဲ့နောက်ကျောကို ဓားနှင့်ပြေးထိုးလေသည်။ ခါးသက်တစ်ယောက်..ရင်တွေပူလောင်နေရပြီ..။ကျေးဇူးပြုပြီး..ကိုလွန်းကို ကျွန်တော်ဘ၀ထဲက ဆွဲထုတ်သွားဖို့ မကြိုးစားကြပါနဲ့တော့...။ခါးသက် အလျှင်အမြန်ပြေးသွားကာ..လွန်းရဲ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီးဖက်ထားကာ..လွန်းနောက်ကျာဆီ ဦးတည်ပြီး ရောက်လာသည့် ဓားချက်ကို ကိုယ်စား လှည့်ပြီး ခံလိုက်၏..။အဖြစ်ပျက်တွေက အရမ်းကို မြန်ဆန်လွန်းသွားခဲ့လေသည်။
""အ...""
စူးခနဲ့ ၀င်ရောက်လာသည့် ဓားချက်က နာသည်။ သို့ပေမယ့်..ကိုလွန်းသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်နှလုံးသားလေး ပိုပြီးအထိနာပေလိမ့်မည်..။
ရုတ်ချည်း အခြေနေပြောင်းသွားတော့ လွန်းကိုဓားနဲ့ထိုးဖို့ကြိုးစားသည့်သူ..ထွက်ပြေးသွားလေတော့သည်။
""ခါး..ခါးသက်..""
ဘာဖြစ်သွားမှန်း မသိလိုက်သည့်သူက လွန်း...။ မြေပြင်ပေါ် ရုပ်ကြိုးပျက်လဲကျသွားသည့်..ခါးသက် ကိုယ်ကို ထိန်းရင်း ထိုင်ချလိုက်ရသည်။
""ဟင်.သွေး...သွေး...တွေ...ခါး..ခါးသက်....""
""ဘာဖြစ်သွားသေးလဲ..ကိုလွန်း..""
အားယူပြီး မေးလိုက်သည့် ခါးသက်.။
""ဟင့်အင်း..ငါဘာမှမဖြစ်ဘူး..ခါးသက်..""
ဆိုသောအသံလေးကို ကြားလိုက်ရတော့ ခါးသက် စိတ်အေးသွားသည့်ပုံ..။ ငြိမ်သက်သွားသည့်ခါးသက်ကြောင့်..လွန်းတစ်ကိုယ်လုံးထူပူသွားကာ....
""ခါးသက်..ခါးသက်...ခါးသက်...သတိထားဦးလေ...ခါးသက်..""
✨✨✨
အပိုင်း🌺၃၈🌺မျှော်ပေးကြဦးနော်..။ မနက်ဖြန်ညကျရင် တင်ပေးပါ့မယ်..။
ကြာသွားတဲ့အတွက်လဲ တောင်းပန်
ပါတယ်နော်။
✨ညှို့စက်ကွင်း✨
💤ဝိုးတဝါးအိမ္မက္💤
🌈အပိုင္း(၃၇)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""လြန္း...မေတြ႕ရတာေတာင္..အေတဂာ္ၾကာၿပီေနာ္...""
""ဟာ...ကိုခင္ေဇာ္...""
အရင္က တစ္႐ုံးတည္းအတူအလုပ္လုပ္ခဲ့သည့္ ကိုခင္ေဇာ္ကို မေမွ်ာ္လင့္ဘဲ လြန္းေတြ႕လိုက္ရေတာ့ ၀မ္းသာသြားမိသည္။
""အခုရက္ပိုင္း လြန္းရဲ႕အေဒၚလင္မယားအေၾကာင္းကို ၾကားလို႔ လြန္းဆီ..သတင္းလာေမးေသးတယ္..ဒါေပမယ့္..လြန္းက..အိမ္ေထာင္က်သြားၿပီး အိမ္ေျပာင္းသြားတယ္ဆိုလို႔..""
""ဟုတ္တယ္..ကိုခင္ေဇာ္.""
လြန္း..ေခါင္းေလးငုံ႕ထားရင္း ေျပာလိုက္သည္။
""ဘယ္လိုျဖစ္ရတာလဲ..လြန္းရယ္..မင္း ကိုထစ္ခ်ဳန္းနဲ႕ အဆင္ေျပ
မယ္ထင္ထားခဲ့တာ..""
ကိုခင္ေဇာ္စကားေၾကာင့္..လြန္း မခ်ိမၿပဳံးေလး ၿပဳံးလိုက္မိသည္။
""အစ္ကိုထစ္ခ်ဳန္းက..မင္းကိုအရမ္းခ်စ္ခဲ့တာေနာ္..လြန္း..ကဲပါ.မထူးေတာ့ပါဘူး..ငါမင္းကိုေျပာျပလိုက္ေတာ့မယ္..""
ဟု အစခ်ီၿပီး..အစ္ကိုထစ္ခ်ဳန္းက.သူ႕အား..အခေၾကးေငြေပးၿပီး လြန္းအား.ဂ႐ုစိုက္ခိုင္းသည့္အေၾကာင္းမ်ားကို ေျပာျပေလသည္။
ဒီအခ်ိန္မွာ ဒီအေၾကာင္းေတြကို လြန္း သိေတာ့ေရာ..ဘာထူးေတာ့မွာလဲ..။ အစ္ကိုထစ္ခ်ဳန္းနဲ႕ လြန္းတို႔ရဲ႕..
ဇာတ္လမ္းက မစရေသးခင္မွာ ၿပီးပါၿပီ စာတန္းထိုးခဲ့ၿပီးၿပီေလ..။
အခုခ်ိန္မွာ အစေတြဆြဲထုတ္ၿပီး..ခံစားခ်က္ေတြ ေဖာ္ထုတ္လို႔ေရာ ဘာထူးေတာ့မွာလဲ..။ လြန္း ဒီအတိုင္း နာက်င္စြာနဲ႕ၿပဳံးေနမိ၏။
""ၿပီးခဲ့တာေတြလဲ.ၿပီးသြားပါၿပီ ကိုခင္ေဇာ္ရယ္...အတိတ္ကို ျပန္တမ္းတေနဖို႔ အခ်ိန္ လြန္းဆီမွာ မရွိေတာ့ပါဘူး..""
လြန္း ေတြးဆဆေလးဆိုလိုက္သည္။ ကိုခင္ေဇာ္လဲ လြန္းကို ဂ႐ုဏာသက္စြာ ေငးၾကည့္ေနမိ၏။
ထိုအခ်ိန္မ်က္ႏွာခ်င္းဆိုင္ကေန.. အရွိန္ျပင္းျပင္းေမာင္းႏွင္လာသည့္ ကားတစ္စီးကလြန္းဆီကို တန္းတန္းမတ္မတ္ႀကီးကို ဦးတည္ၿပီး ေမာင္းႏွင္လာတာေၾကာင့္..
ကိုခင္ေဇာ္..အလွ်င္အျမန္ႏွင့္ လြန္းရဲ႕ လက္ကို လွမ္းဆြဲလိုက္၏။
႐ုတ္တရက္ ကိုခင္ေဇာ္ရင္ခြင္ထဲ ေရာက္ရွိသြားသည့္လြန္း။ ေနာက္ၿပီး..လြန္းရဲ႕ေဘးနားကေန ပြတ္ကာ သီကာနဲ႕ျဖတ္ေမာင္းသြားသည့္ကားတစ္စီး။။
""ဟာ..ေတာက္..ကားကိုဘယ္လိုေမာင္းေနတာလဲမသိဘူး..လြန္း..ဘယ္နား ထိမိသြားလဲ..""
ကိုခင္ေဇာ္က စိုးရိမ္တႀကီးနဲ႕ေမးသည္။ လြန္း ကိုခင္ေဇာ္ရင္ခြင္ထဲကေန..႐ုန္းထြက္လိုက္ၿပီး..
""ဘာမွမျဖစ္ဘူး..ကိုခင္ေဇာ္..အစ္ကိုသာ လြန္းကို လွမ္းမဆြဲလိုက္ဘူးဆိုရင္..လြန္း..ဟိုကားနဲ႕တိုက္မိမွာ..ေက်းဇူးပါ.""
လြန္း ၿပဳံးရင္းႏွင့္ဆိုလိုက္သည္။
""ရပါတယ္..လြန္းရဲ႕..မင္းသာ ဘာမွမျဖစ္လို႔ ေတာ္ပါေသးတယ္..ေစာေစာကကားေမာင္းတဲ့ေကာင္က မူးေနလို႔လားမသိဘူး..ဒီေလာက္လမ္းအက်ယ္ႀကီးကို မင္းဆီကို တည့္တည့္ႀကီးေမာင္းခ်လာတာ..မသိရင္..မင္းကိုကားနဲ႕တိုက္ၿပီးလုပ္ႀကံမလို႔လားလို႔ေတာင္ ထင္ရတယ္..""
ကိုခင္ေဇာ္စကားေၾကာင့္ လြန္းရင္ထဲ ေလးပင္သြားသလိုမ်ိဳးခံစားလိုက္ရ၏။
✨✨✨
လြန္းအိမ္ကိုျပန္ေရာက္လာတာေတာ့..ဧည့္ခန္းထဲမွာထိုင္ေနသည့္ ခါးသက္က လြန္းကို စူးရဲစြာနဲ႕စိုက္ၾကည့္ေနေလသည္။ ေနာက္ေတာ့ ဘာစကားတစ္ခြန္းမွ မေျပာဘဲ လြန္းရဲ႕လက္ကိုဆြဲၿပီး အေပၚထပ္ကိုေခၚသြားေလသည္။
""ခါးသက္..မင္း..ဘာေျပာခ်င္လို႔လဲ..ေျပာစရာရွိရင္..ပါးစပ္နဲ႕ေျပာေလကြာ..""
လြန္း ေျပာေနသည္မ်ားကို ခါးသက္က ဂ႐ုမစိုက္..။ လြန္း ႐ုန္းရင္းနဲ႕ ခါးသက္ဆြဲေခၚရာေနာက္ပါသြားသည္။
ခါးသက္က သူေနသည့္အိပ္ခန္းဆီကို..လြန္းကိုဆြဲေခၚလာျခင္းျဖစ္သည္။
အခန္းထဲေရာက္ေတာ့..လြန္းကို..အိပ္ရာေပၚ တြန္းလွဲလိုက္ၿပီး..
""ခင္ဗ်ား..ခင္ဗ်ားအရမ္းကို ေပ်ာ္ေနတယ္ေပါ့ေလ..ဟုတ္လား...""
အစမရွိအဆုံးမရွိႏွင့္ေမးလာသည့္ ေမးခြန္း .။လြန္း ေၾကာင္အစြာႏွင့္..ခါးသက္ကို ေငးစိုက္ၾကည့္ေနတုန္း..
လြန္းႏုတ္ခမ္းေပၚ..က်ေရာက္လာသည့္..ခပ္ၾကမ္းၾကမ္းအနမ္းတစ္ပြင့္။။ လြန္းတစ္ကိုယ္လုံး ေအးခဲသြားၿပီး..အရမ္းကိုအံ့အားသင့္သြားရေလသည္။
""အြင္း..အင္း...""
လြန္းအသိစိတ္၀င္လာေတာ့ ခါးသက္ကိုယ္ကို တြန္းဖယ္သည္။ ခါးသက္က လြန္းရဲ႕လက္ေတြကို ဖမ္းခ်ဳပ္ထားၿပီး..ခပ္ၾကမ္းၾကမ္းအနမ္းေတြကို ပုံေဖာ္ေနဆဲ။။ ၾကမ္းတမ္းသည္။ နာသည္။ ေနာက္ေတာ့ ခါးသက္က လြန္းရဲ႕ေအာက္ႏုတ္ခမ္းကို ဖိကိုက္လိုက္တာေၾကာင့္ လြန္းနာက်င္မႈနဲ႕အတူ..ေသြးစတခ်ိဳ႕..ယိုစီးက်လာ၏။
""ေနာက္တစ္ခါ..တျခားေယာက္်ားတစ္ဦးကို ၿပဳံးမျပပါနဲ႕ ကိုလြန္းပုံရိပ္..ကြၽန္ေတာ္မႀကိဳက္ဘူးဗ်..ေနာက္တစ္ခါ တျခားသူကို ၿပဳံးျပရဲၿပဳံးျပၾကည့္..ခင္ဗ်ားရဲ႕ႏုတ္ခမ္းကိုျပတ္ထြက္သြားေအာင္ ကိုက္ပစ္မယ္..""
ဟုေဒါသတႀကီးနဲ႕ေအာ္ေျပာၿပီး အခန္းထဲကေန ဝုန္းဒိုင္းက်ဲၿပီး ထြက္သြားေသာ ခါးသက္..။
လြန္း ႏုတ္ခမ္းေပၚက ေသြးစေတြကို လက္ခုံနဲ႕ သုတ္လိုက္သည္။
ခါးသက္ သူ ဘာျဖစ္သြားတာလဲ..။ တျခားသူကိုၿပဳံးမျပနဲ႕။။ေစာေစာက ကိုခင္ေဇာ္ကို ၿပဳံးျပလိုက္တာ သူျမင္သြားလို႔လား..။ဘုရားေရ..ၿပဳံး႐ုံေလးၿပဳံးျပတာေတာင္ သူ ဒီေလာက္ထိ ေဒါသထြက္ေနရတယ္လို႔ ။ ေစာေစာက ငါ ကိုခင္ေဇာ္ ရင္ခြင္ထဲ ေရာက္သြားတာကို သူမျမင္လိုက္တာ ခပ္ေကာင္းေကာင္းဘဲ။။ျမင္မ်ားျမင္သြားရင္...မေတြးရဲစရာ..။ ခါးသက္ မင္းဘယ္လိုျဖစ္ေနတာလဲ..အခုရက္ပိုင္း..ငါနဲ႕ပတ္သက္လာရင္..မင္းဆတ္ဆတ္ထိမခံ နိုင္ျဖစ္ေနတာ ဘာျဖစ္လို႔မ်ားပါလိမ့္..။
🌺🌺🌺
လြန္းတစ္ေယာက္ ဗိုက္ဆာလာတာနဲ႕ အိပ္ရာကေနနိုးလာခဲ့၏။ ေဘးနားမွာ အိပ္ေမာက်ေနသည့္ ခါးသက္ကို အသာေစာင္းငွဲ႕ၾကည့္လိုက္သည္။ ေက်ာေပးၿပီး အိပ္ေမာက်ေနသည့္ ခါးသက္။ လြန္းကို အနမ္းၾကမ္းေတြ ေပးထားၿပီးတစ္ေန႕လုံး..မ်က္ႏွာခ်င္းလဲမဆိုင္ ..စကားလဲမေျပာေသာသူ..။
လြန္း အသာသက္ျပင္းကိုခ်..အိပ္ရာေပၚကေန အသာဆင္း..ေျခသံမထြက္ေအာင္ အသာ တိတ္တိတ္ေလး အခန္းထဲကေန ထြက္လာခဲ့၏။
မီးဖိုေခ်ာင္ထဲေရာက္ေတာ့ ဒီေန႕ ဘယ္သူမွမသိေအာင္ ၀ယ္လာခဲ့သည့္ အရန္သင့္စား ေခါက္ဆြဲ ထုတ္ေလးကို ဖြက္ထားတဲ့ေနရာကေန ယူလိုက္ၿပီး ျပဳတ္စားဖို႔ ေရႏြေးအိုး ကိုတည္လိုက္၏။
""ဘာလဲ..အိပ္မေပ်ာ္လို႔လား..ဗိုက္ဆာလို႔လား..""
""အမယ္ေလး..ဗုေဒၶါ...""
႐ုတ္တရက္ ထြက္ေပၚလာသည့္..စကားသံေၾကာင့္ လြန္း လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားကာ လွည့္ၾကည့္လိုက္ေတာ့ ခါးသက္ျဖစ္ေနေလသည္။
""ဟို...ဟို..ေရႏြေးေသာက္ခ်င္လာလို႔
..ေရႏြေးလာတည္ေသာက္တာပါ..""
အထစ္ထစ္ အေငါ့ေငါ့နဲ႕ မုသားစကားတို႔ဆိုရင္..ေခါက္ဆြဲထုတ္ေလးကို ေနာက္မွာ ဖြက္ထားေနမိ၏။
ေတာ္ၾကာ အစ္ကိုထစ္ခ်ဳန္းလို အမွိုက္ပုံးထဲပစ္လိုက္မွာကို ေၾကာက္လို႔ျဖစ္သည္။ အစ္ကိုထစ္ခ်ဳန္းက လြန္း ထိုသို႔ေသာ အရန္သင့္ေခါက္ဆြဲျပဳတ္မ်ားကိုစားသည္ကိုမႀကိဳက္ခဲ့ဘူးေလ..။
""ဟုတ္လို႔လား..ေစာေစာက..ေခါက္ဆြဲထုတ္ေလး ျမင္မိသလားလို႔..""
""မဟုတ္ပါဘူး..""
""ဟုတ္ပါတယ္..ခင္ဗ်ားႀကီး ကပ္စီးကုပ္ၿပီး..ကြၽန္ေတာ္ကိုမေကြၽးခ်င္လို႔ လိမ္ေျပာေနတာမလား..တစ္ဇြန္းေလာက္ေတာ့ ေကြၽးဗ်ာ..ကြၽန္ေတာ္လဲ စားခ်င္တယ္..""
မေမွ်ာ္လင့္ထားေသာ စကားမ်ားကို ခါးသက္ဆိုလိုက္ေတာ့ လြန္း မ်က္ႏွာေလး ၀င္းပသြားကာ..
""ေခါက္ဆြဲျပဳတ္..မင္းပါစားခ်င္တာလား။။""
""အင္း..တစ္ဇြန္းေလာက္ေတာ့ေကြၽးဗ်ာ.."
"*ဟီး..တစ္ဇြန္းမဟုတ္ဘူး..တစ္ထုတ္စား..ဒီမွာ ငါဆယ္ထုတ္ေတာင္ ၀ယ္ထားတာ..""
လြန္း ၿပဳံးရယ္နဲ႕ လက္ထဲက ေခါက္ဆြဲထုတ္ေတြကို ျပလိုက္သည္။
""ကိုလြန္း..တျခားသူေတြကို အခုလို ၿပဳံးရယ္မျပပါနဲ႕ေနာ္..ကြၽန္ေတာ္တစ္ေယာက္တည္းကိုဘဲ ၿပဳံးျပပါ..""
""ဟင္..""
ခါးသက္စကားေၾကာင့္ လြန္းေၾကာင္အသြားေလသည္။ ခါးသက္က ေပါ့ေပါ့ပါးပါးနဲ႕ လြန္းရဲ႕ လက္ထဲက ေခါက္ဆြဲထုတ္ေတြကိုယူၿပီး ျပဳတ္ေနေလသည္။
""တစ္ခါတည္းေပါင္းၿပီး ႏွစ္ထုတ္ေရာျပဳတ္လိုက္မယ္ေနာ္..ၾကက္ဥလဲ ႏွစ္လုံးထည့္မယ္..""
သူ႕ဘာသာေျပာၿပီး ေခါက္ဆြဲကိုျပဳတ္ေနသည့္ ခါးသက္။။
""အင္း..""
🌺🌺🌺
စားပြဲခုံေပၚမွာ အေငြ႕တေထာင္းေထာင္းႏွင့္ ေခါက္ဆြဲျပဳတ္ပန္းကန္ကို ၾကည့္လိုက္။ ခါးသက္မ်က္ႏွာကိုၾကည့္လိုက္ႏွင့္ ျဖစ္ေနသည့္လြန္း..။
""စားၿပီးမွ ၾကည့္ပါ..ဒီကေကာင္ႀကီးက..ခင္ဗ်ားေလးရဲ႕အနားကေန ဘယ္မွမထြက္သြားပါဘူး..""
""ဘာ""
ေျပာင္စပ္စပ္ေလးနဲ႕ ေျပာလာသည့္ ခါးသက္ေၾကာင့္ လြန္းတစ္ေယာက္ ရွက္ကိုးရွက္ကန္းႏွင့္..ေခါက္ဆြဲျပဳတ္ကို ငုံ႕စားလိုက္ေတာ့...
".ဖူး..ဖလူး..အမယ္ေလး..ပူလိုက္တာ..""
""ေဟာ...ၾကည့္ ႏုတ္ခမ္းေလး ပူသြားၿပီမလား..""
ဟုေျပာၿပီး..လြန္းရဲ႕ မ်က္ႏွာနား ကပ္လာသည့္ ခါးသက္..။ေနာက္ေတာ့ မေျပာမဆိုနဲ႕..လြန္းရဲ႕ႏုတ္ခမ္းကို ငုံၿပီး နမ္းရွိုက္လိုက္၏။ လြန္း ရင္ထဲ ဒိုင္းခနဲ႕ ခုန္တက္သြားရေလၿပီ..။ေန႕လည္ကနဲ႕မတူ..။ႏူးညံ့သည္။သိမ္ေမြ႕သည့္အနမ္းတစ္ပြင့္..။
""ဘာ..ဘာလုပ္တာလဲ..""
လြန္း ခ့ါးသက္ကို တြန္းထုတ္လိုက္သည္။
""ေဟာဗ်ာ..ခင္ဗ်ားေလးရဲ႕ ႏုတ္ခမ္းေလး အပူေလာင္သြားလို႔ .အနမ္းခ်ိဳခ်ိဳေလးတစ္ပြင့္ေပးလိုက္တာေလ..""
""ဘာ...ခါးသက္..မင္း႐ူးေနတာလား...""
""အြန္း..႐ူးေနတာ.ဒါေပမယ့္
.သြက္သြက္ခါေအာင္ ႐ူးေနတဲ့ အ႐ူးေတာ့မဟုတ္ဘူး..အခ်စ္႐ူး..႐ူးေနတဲ့..အခ်စ္႐ူးေလး..""
""ဘာ...ခါးသက္..မင္းတကယ္ႀကီး..ဘယ္လိုျဖစ္ေနတာလဲ..""
""ေခါင္းပူခံၿပီး စဥ္းစားမေနနဲ႕..ေခါက္ဆြဲေတြ ပြကုန္ၿပီ..စား..""
ဟု ေျပာေနသည့္ ခါးသက္ကို..
လြန္း အံ့အားသင့္စြာ ေငးစိုက္ၾကည့္ေနမိ၏။ အခုတေလာ..အေျပာင္းလဲႀကီး ေျပာင္းလဲေနသည့္ ခါးသက္၏ ပုံစံအသစ္နဲ႕ လြန္း အသားမက်ေသးေပ။ နားမလည္နိုင္ေတာ့ဘူး..ခါးသက္..။ တစ္ခါတစ္ခါ မင္း ငါ့ကိုမ်ား စိတ္၀င္စားေနသလားလို႔..အေတြး၀င္မိသား..။ အဟက္ ဘယ္လိုလုပ္ၿပီး..ျဖစ္နိုင္မွာလဲ..မင္းက ငါ့ကို ခါးခါးသီးသီး မုန္းေနတဲ့သူဘဲေလ..။
မင္းရင္ထဲ အခ်စ္ဆုံး ခ်စ္သူကို ဆြဲထုတ္သြားတဲ့ ငါလိုေကာင္ကို.မင္းက ခ်စ္မွာတဲ့လား..မျဖစ္နိုင္တာ...။
🌺🌺🌺
အခုဆို လြန္းကို အရင္တုန္းကေလာက္ ခါးသက္ မတင္းက်ပ္ေတာ့။ ေဆး႐ုံေပၚက ေဒၚေလးငယ္ဆီကိုလဲ..လြန္းစိတ္ႀကိဳက္ သြားလာခြင့္ျပဳထားေလသည္။
အခုလဲ လြန္းကို လာႀကိဳမယ္ဆိုလို႔..ေဆး႐ုံအျပင္ဘက္မွာ ထြက္ေစာင့္ေနျခင္းျဖစ္သည္။ ထိုအခ်ိန္..လြန္းကို လူတစ္ေယာက္က လမ္းလာေမးေနတာေၾကာင့္..ထိုသူကိုလမ္းၫႊန္ေပးလိုက္ရေသးသည္။ထိုသူက လြန္းကိုေက်းဇူးစကားဆိုေလေသာေၾကာင့္.လြန္းလဲ ဘယ္ရယ္မဟုတ္ ၿပဳံးရယ္ျပလိုက္မိ၏။
""က်စ္..။ခင္ဗ်ားကို ဟိုတစ္ေန႕တည္းက..ေသခ်ာေျပာထားၿပီးသားေနာ္.တျခားဘယ္သူ႕ကို မၿပဳံးျပပါနဲ႕ဆိုတာကို..""
ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိသည့္ ခါးသက္က ေဒါသတႀကီးနဲ႕ဆိုသည္။
""ခါးသက္ကလဲ..ကိုယ့္ကို ၿပဳံးျပေနတဲ့သူတစ္ေယာက္ကို ျပန္မၿပဳံးရင္ ရိုင္းရာက်မွာေပါ့.."
""ေနစမ္းပါဦး..အဲ့လူက..ခင္ဗ်ားကို ဘာေတြလာေျပာေနတာလဲ..""
""ဪ..လမ္းမသိလို႔ လာေမးတာပါ..""
""အလကား..ဘာမွမဟုတ္ဘူး..တမင္သပ္သပ္ ဖြန္ေၾကာင္တဲ့ေကာင္ဘဲ ျဖစ္ရမယ္..""
""ဟင္း..ေတာ္ေတာ့ခါးသက္..မင္းဘယ္လိုျဖစ္ေနတာလဲ..""
လြန္းအေမးစကားကို ခါးသက္မေျဖပါ။
""ဟိုတစ္ေခါက္ကတည္းက..ေသခ်ာေျပာၿပီးသား..တျခားေကာင္ကို ၿပဳံးျပတဲ့ခင္ဗ်ားကို အျပစ္ေပးရမယ္""
ဟုေျပာရင္း..
လြန္းကို ကားေပၚဆြဲတင္ၿပီး..
ခါးသက္ ခပ္ၾကမ္းၾကမ္ ဆြဲနမ္းျပန္သည္။
""အြင္း..အင္း...ခါးသက္..မင္းဘယ္လိုျဖစ္ေနတာလဲ..႐ူးေနလား..""
ခါးသက္ကို တြန္းထုတ္ၿပီး လြန္းေအာ္လိုက္သည္။
"ဟုတ္တယ္..႐ူးေနတာ..ကြၽန္ေတာ္ ႐ူးေနတာ ခင္ဗ်ားေၾကာင့္ေလ..ခင္ဗ်ားကို အရမ္းခ်စ္မိသြားလို႔ ဒီေကာင္ႀကီး သြပ္သြပ္ခါေအာင္ ႐ူးေနတာဗ်..""
လြန္းရဲ႕ပုခုံးႏွစ္ဖက္ ကိုခပ္ၾကမ္းၾကမ္ းလႈပ္ရမ္းရင္းနဲ႕ဆိုသည္။ လြန္းအံ့ဩလြန္းလို႔။ တစ္ကိုယ္လုံးေအးခဲသြားသလို.။
ေနာက္ထပ္တစ္ႀကိမ္ က်ေရာက္လာသည့္ အနမ္းၾကမ္းတစ္ပြင့္..။
ဟင့္အင္း...ခါးသက္...ႏွလုံးသားခ်င္းေလ်ာ္စားလုပ္ရမဲ့ အခ်စ္ကစားပြဲကိုေတာ့ မဖန္တီးလိုက္ပါနဲ႕။။ ငါ..ငါ ေနာက္ထပ္တစ္ခါ အသည္းကြဲေဝဒနာ ကိုခံနိုင္ရည္မရွိေတာ့လို႔ပါ..။ေက်းဇူးျပဳၿပီး..တစ္ႀကိမ္တစ္ခါ ကြဲအက္ၿပီးၿပီ ျဖစ္တဲ့ ငါ့ရဲ႕အသည္းေလးကို ေနာက္ထပ္တစ္ခါမခြဲပါနဲ႕ေတာ့။
""ခါးသက္..မင္းေတာ္ေတာ့...မင္းကစားပြဲေတြက ေပ်ာ္စရာမေကာင္းဘူးေနာ္.""
လြန္း ခါးသက္ကိုေနာက္ထပ္တြန္းထုတ္ရင္းဆိုသည္။
""ကစားပြဲ...ဟုတ္လား..ခင္ဗ်ား က ဒါကို ကစားပြဲထင္ေနတာလား..ခင္ဗ်ားကို ခ်စ္ေနတဲ့ ကြၽန္ေတာ္အခ်စ္ေတြကို အတုေယာင္လို႔ ထင္ေနတာလား..""
ေဒါသတႀကီးနဲ႕ ေအာ္ေျပာလိုက္သည့္ ခါးသက္..။
""ငါ..ငါ..တကၠစီဌားၿပီးဘဲ ျပန္ေတာ့မယ္..""
လြန္း ေျပာေျပာဆိုဆိုနဲ႕ ကားေပၚကေနဆင္းေျပးသည္။
""ဟာ..မသြားနဲ႕..ကိုလြန္း ခင္ဗ်ား မသြားရဘူး..ျပန္လာခဲ့..""
ခါးသက္ ကားေပၚကဆင္းၿပီး လြန္းကို ျပန္ေခၚဖို႔ႀကိဳးစားသည္။
လြန္းလဲ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕..လမ္းၾကားေလးထဲ ၀င္ေျပးသည္။လမ္းကလူရွင္းသည္။ လူေနအိမ္ေတြက မရွိသေလာက္ပင္. ။ေဘးပတ္ခ်ာလည္က ၿခံလြတ္ေတြကသာ အမ်ားဆုံးရွိေနေလသည္။
""ခါး..ခါးသက္ မင္းမလိုက္နဲ႕ေတာ့. ။အရင္ဦးဆုံး မင္းစိတ္ကို ၿငိမ္ေအာင္လုပ္ပါ..ငါ ..ငါ..တကၠစီနဲ႕ျပန္လာခဲ့ပါ့မယ္..""
""ကိုလြန္း.. ကိုလြန္း..ကြၽန္ေတာ္နဲ႕ဘဲ အတူတူျပန္ပါ။ .ကြၽန္ေတာ္ေတာင္းပန္ပါတယ္..ကိုလြန္း...""
ခါးသက္စကားတို႔ကို မၾကားဟန္ျပဳကာ ခပ္သြက္သက္ ေလွ်ာက္လွမ္းေနမိ၏။ခါးသက္ကလဲ လြန္းရဲ႕ေနာက္ကို လိုက္ေနဆဲ။။လြန္းရဲ႕အနားကို ခါးသက္ ေရာက္လုဆဲဆဲေလးမွာ..။ တစ္ျခား လမ္းခ်ိဳးအေကြ႕ကေန ေကြ႕ေလွ်ာက္လာသည့္ လူတစ္ဦး..။ လွ်ာထိုးဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းထားသလို..မ်က္ႏွာကိုလဲ mask တပ္ထားေသး၏။ ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားသည့္..ထိုသူ၏ လက္ဆီကို ခါးသက္အၾကည့္တို႔ ေရာက္သြားသည္။ အမွန္က ထိုသူ၏
ပုံစံကို မသကၤာလို႔ ခါးသက္ စူးစမ္းၿပီးၾကည့္လိုက္တာျဖစ္သည္။ ထိုလူ၏ ညာဘက္ လက္ဖ်ံေပၚမွာ ထိုးထားသည့္ဇဆိုေသာ တက္တူးပုံစံေၾကာင့္ ခါးသက္ရင္ထိတ္သြားရ၏။
"ဇ..မဟုတ္မွလြဲေရာ..သူက..ဟို..""
ခါးသက္အေတြးတို႔ေတာင္မဆုံးလိုက္.. ထိုလူက ေဘာင္းဘီအိတ္ထဲ ထည့္ထားသည့္ သူ႕ရဲ႕လက္ကို ထုတ္လိုက္ေလၿပီ.။ထိုလူ လက္ထဲမွာ လက္ခနဲ႕ ျဖစ္သြားသည့္က ခလုတ္ဓားေလး..။
""ကိုလြန္း...""
ခါးသက္၏ စိုးရိမ္တႀကီးေအာ္ေခၚလိုက္သည့္ အသံေၾကာင့္..လြန္းလွည့္ၾကည့္လာသည္။ ထိုအခ်ိန္ တစ္ဖက္လူကလဲအခြင့္ေကာင္းယူကာ လြန္းရဲ႕ေနာက္ေက်ာကို ဓားႏွင့္ေျပးထိုးေလသည္။ ခါးသက္တစ္ေယာက္..ရင္ေတြပူေလာင္ေနရၿပီ..။ေက်းဇူးျပဳၿပီး..ကိုလြန္းကို ကြၽန္ေတာ္ဘ၀ထဲက ဆြဲထုတ္သြားဖို႔ မႀကိဳးစားၾကပါနဲ႕ေတာ့...။ခါးသက္ အလွ်င္အျမန္ေျပးသြားကာ..လြန္းရဲ႕ကိုယ္ေလးကို ရင္ခြင္ထဲဆြဲသြင္းၿပီးဖက္ထားကာ..လြန္းေနာက္က်ာဆီ ဦးတည္ၿပီး ေရာက္လာသည့္ ဓားခ်က္ကို ကိုယ္စား လွည့္ၿပီး ခံလိုက္၏..။အျဖစ္ပ်က္ေတြက အရမ္းကို ျမန္ဆန္လြန္းသြားခဲ့ေလသည္။
""အ...""
စူးခနဲ႕ ၀င္ေရာက္လာသည့္ ဓားခ်က္က နာသည္။ သို႔ေပမယ့္..ကိုလြန္းသာ တစ္ခုခုျဖစ္သြားရင္ ကြၽန္ေတာ္ႏွလုံးသားေလး ပိုၿပီးအထိနာေပလိမ့္မည္..။
႐ုတ္ခ်ည္း အေျခေနေျပာင္းသြားေတာ့ လြန္းကိုဓားနဲ႕ထိုးဖို႔ႀကိဳးစားသည့္သူ..ထြက္ေျပးသြားေလေတာ့သည္။
""ခါး..ခါးသက္..""
ဘာျဖစ္သြားမွန္း မသိလိုက္သည့္သူက လြန္း...။ ေျမျပင္ေပၚ ႐ုပ္ႀကိဳးပ်က္လဲက်သြားသည့္..ခါးသက္ ကိုယ္ကို ထိန္းရင္း ထိုင္ခ်လိဳက္ရသည္။
""ဟင္.ေသြး...ေသြး...ေတြ...ခါး..ခါးသက္....""
""ဘာျဖစ္သြားေသးလဲ..ကိုလြန္း..""
အားယူၿပီး ေမးလိုက္သည့္ ခါးသက္.။
""ဟင့္အင္း..ငါဘာမွမျဖစ္ဘူး..ခါးသက္..""
ဆိုေသာအသံေလးကို ၾကားလိုက္ရေတာ့ ခါးသက္ စိတ္ေအးသြားသည့္ပုံ..။ ၿငိမ္သက္သြားသည့္ခါးသက္ေၾကာင့္..လြန္းတစ္ကိုယ္လုံးထူပူသြားကာ....
""ခါးသက္..ခါးသက္...ခါးသက္...သတိထားဦးေလ...ခါးသက္..""
✨✨✨
အပိုင္း🌺၃၈🌺ေမွ်ာ္ေပးၾကဦးေနာ္..။ မနက္ျဖန္ညက်ရင္ တင္ေပးပါ့မယ္..။
ၾကာသြားတဲ့အတြက္လဲ ေတာင္းပန္
ပါတယ္ေနာ္။
✨ညွို႔စက္ကြင္း✨