Healing Love 🍁
Part-8
စာအုပ်ခပ်ထူထူ ၃ အုပ်ကို ပိုက်ကာ စာကြည့်တိုက်ထဲ ထိုင်ဖို့ နေရာလိုက်ရှာနေတဲ့ Baekhyun ....
ဒီနေ့ ပိတ်ရက်ပေမယ့် သူမအားပါ။ monday တင်ရတော့မယ့် report က သူ့ကို ခေါင်းနောက်စေ၏။ တစ်နိုင်ငံလုံးရဲ့ ranking number 1 ဖြစ်နေတာဟာ အပြိုင်အဆိုင် ကြိုးစားတဲ့ ကျောင်းသားတွေကြောင့်ဆိုတာ လူတိုင်းသိသလိုပဲ။
ပထမဆုံး စာမေးပွဲမို့ Baekhyun လည်း စိတ်လှုပ်ရှားမိပါသည်။
ရေးရမယ့်ပုံစံကို စီနီယာတွေဆီ မေးထားပြီးပြီမို့ ရေးမယ့် အကြောင်းအရာက ကိုယ် ရွေးချယ်ရမှာ။ ခေတ်ကို မသတ်မှတ်ထားတာကြောင့် ခေတ်အဆက်ဆက်တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေထဲက တစ်ခုကို ကိုယ့်အမြင်နဲ့ ဖလှယ်ပြီး တင်ပြရမှာဖြစ်သည်၊ ရှာလိုက်တာနဲ့ အလွယ်တကူတွေ့ရတဲ့ ပစ္စည်းမျိုးကို Baekhyun မရေးချင်။
ဒါကြောင့် အင်တာနက်ပါမက သမိုင်းစာအုပ်ကြီးတွေထဲကပါ စေ့စေ့စပ်စပ် ရှာပြီး ရေးချင်၏။
သူများတွေတော့ မသိပေမယ့် Baekhyun ကတော့ နိုင်ငံရဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ၊ နိုင်ငံ့ ယဉ်ကျေးမှု ရိုးရာကို လေ့လာဖို့နဲ့ လက်ဆင့်ကမ်းဖို့ဆို စိတ်အားထက်သန်နေတတ်သည်။ ကိုရီးယားနိုင်ငံရဲ့ ယဥ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးအထိပါ ချပြဖို့ သူရည်ရွယ်၏၊ ရှေးဟောင်း သုေတသန ပညာရှင်ဆိုတာ သူလုပ်ချင်တဲ့ အလုပ်ပဲ။
စိတ်ဝင်တစားနဲ့ စာဖတ်နေတုန်း ခုံကို လာခေါက်တဲ့ လက်တစ်စုံ။ လှည့်ကြည့်လိုက်တော့ အနောက်ဘက်ခုံက အစ်မတစ်ယောက်။
" ဖုန်း vibration ကြောင့် အာရုံစိုက်လို့မရဘူး "
" ခင်ဗျာ.... သြော် sorry ပါဗျ "
စာကြည့်တိုက်မှာ အသံဆူလို့မရတာကြောင့် ဖုန်းကို လွယ်အိတ်ထဲက ထုတ်ကာ အသံခလုတ်နှိပ်လိုက်တတာ့ vibration မရှိတော့ ။ Contact က ' အစ်ကို ' ဆိုတာ မြင်လိုက်ရတော့ အံ့သြရပြန်သည်။ သို့ပေမယ့် ဖုန်းကိုင်လို့ အဆင်မပြေတာကြောင့် စက်ပိတ်လိုက်၏။ သူကလည်း ထပ်မခေါ်တော့ဘူးလေ။
ထို့နောက်တော့ သူ ရေးချင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။
ဂိုလျောခေတ်က ခပ်ဝါဝါ ပန်းချီကားတစ်ချပ်။
ပန်းချီက ရိုးရှင်း၏။ အဲ့ဒီေခတ် အရာရှိတွေရဲ့ လူနေမှုဘဝကို ပုံဖော်ထားခြင်းသာ.....
Report ကို ဒီနေ့ အပြီးသတ်ပြီး စာနည်းနည်းပါးပါး လုပ်ဖို့ပါ တွေးလိုက်မိသေးသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Chanyeol မှာတော့ ဖုန်းကိုကြည့်နေပြီး ပါးစပ်အဟောင်းသား၊ မယုံနိုင်သလို အကြည့်နဲ့လည်း ကြည့်နေသေးသည်။
အခုက အိမ် pw မပြောပြလို့ ဖုန်းမကိုင်တဲ့အပြင် စက်ပါပိတ်လိုက်တာလား ။ နေပေါ့ ဆိုတဲ့အတိုင်း သူ့ကို တကယ် နေခိုင်းလိုက်တာလား။
ကိုယ်ဖြင့် တိုင်ပင်စရာရှိလို့ ဖုန်းဆက်တာကို ... !
ဆိုဟီးရဲ့အဖေက ဖုန်းဆက်တာကြောင့် ကိုင်လိုက်မိတော့ ဆိုဟီးဆေးရုံမှာမို့ ခဏလောက် လာတွေ့ပေးပါလို့ ဆိုလာ၏။ သွားသင့်လား မသွားသင့်လား သူ မစဥ်းစားတတ်တော့ပေ။ ဘေးက တစ်ယောက်ယောက်ကို မေးကြည့်ပြီး အကြံပေးတဲ့အတိုင်း လုပ်ဖို့ တွေးမိတော့ တစ်ယောက်ယောက်ဆိုတာကလည်း ထိုကောင်လေးအပြင်မရှိ။
သူ့အပေါင်းအသင်းတွေကိုလည်း ရှက်လွန်းလို့ အဆက်အသွယ်ဖြတ်လိုက်တာ....
ကောင်လေးလည်း ဖုန်းမကိုင်တာကြောင့် ဆေးရုံသွားဖို့သာ သူ ဆုံးဖြတ်လိုက်၏။ ဆိုဟီးကို မြင်ရင် တုန့်ပြန်လာမယ့် သူ့စိတ်ခံစားချက်ကိုလည်း သိချင်ပါသည်။
တကယ်တမ်း ရောက်သွားတော့ ဆိုဟီးအဖေက ဆေးရုံဝင်းထဲကနေ စောင့်နေ၏။ ရင်းနှီးနေပြီးသားမို့ မျက်နှာပူစွာပဲ နှုတ်ဆက်လိုက်ရသည်။
" စောင့်နေတာလား ဦးလေး "
" အေး မင်း အခန်းရှာမတွေ့မှာစိုးလို့ကွ "
" သူ အခြေအနေဘာထူးသေးလဲ "
သူ့မေးခွန်းကိုကြားတော့ ဦးလေးက လေးပင်စွာ သက်ပြင်းချသည်။
" ခွဲခန်းထဲက ထွက်လာတဲ့အတိုင်းပါပဲကွာ.... နောက် တစ်ပတ်ထိ နေလို့မှ သတိရမလာရင် ကိုမာဝင်နိုင်ခြေရှိတယ်လို့ ပြောတယ် "
ရင်ထဲ ဒိန်းခနဲနေအောင် သွေးခုန်နှုန်းက ဆောင့်တက်သွား၏။ ဒီအခြေအနေထိ ဖြစ်သွားလိမ့်မယ်လို့ သူမထင်ခဲ့မိပါ။ အခန်းထဲ မဝင်ခင် ရဲ ၂ ယောက်နဲ့ပါ တွေ့တာမို့ သူတို့ ပြောတာ နားထောင်နေလိုက်၏။ သေကြောင်းကြံစည်ကြောင်း ထင်ရှားတယ်ဟု ပြောလာတဲ့အခါမှာေတာ့ Chanyeol အံသြရပြန်သည်။
သူမက Chanyeol သိသလောက်တော့ စိတ်ဓါတ်မာကြောတဲ့ မိန်းကလေးပဲ။
" အရင် ဝင်သွားလိုက်လေ Chanyeol... မင်းအန်တီရှိတယ် "
" ဟုတ်ကဲ့ "
အခန်းတံခါးလေး ဘေးဆွဲပြီး အထဲကိုကြည့်မိတော့ ကုတင်ပေါ်မှာ ငြိမ်သက်နေတဲ့ မိမိချစ်ရသူ။ နှလုံးသားက ပိုင်ရှင်တွေ့တော့ ပျော်ပျော်မြူးမြူး ကခုန်သည်လား။ Chanyeol ရင်တွေ ခုန်နေ၏။ ခေါင်းမှာ ပတ်တီးစည်းထားပြီး လက်တွေမှာလည်း အပ်အသွယ်သွယ်။ နှာေခါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ထားသေး၏။ ဒီလိုပုံစံက သူ့ရင်ကို နာကျင်စေတာ ဝန်ခံပါသည်။
" ရောက်လာပြီလား သား "
" ဟုတ် အန်တီ.... ကျွန်တော် လာတာ နောက်ကျသွားတယ် "
ထိုအခါ အန်တီက ထ လာကာ သူ့လက်ကို အားကိုးတကြီးဆုပ်ကိုင်၏။ သူလည်းမမှားပါပဲနဲ့ အပြစ်ရှိသလို ခံစားရကာ မျက်နှာပူမိပြန်သည်။
" သမီးက သားကို မမေ့နိုင်ပါဘူးကွယ်... ဘာလို့ ပြတ်ကြဆဲကြလဲလည်း မေးလို့မရတော့ သေချာမသိပေမယ့် သမီးကို ပစ်မသွားပါနဲ့.. အန်တီ့သမီးက သနားစရာလေးပါကွယ် "
သူမ ဖောက်ပြန်တာ မသိပဲ ကိုယ့်ဆီ အပြစ်ပုံချချင်နေတဲ့ သူမအသိုင်းအဝိုင်းကိုတော့ စကားရှည်ရှည်ဝေးဝေးတွေ မပြောချင်တော့ပါ။ ကုတင်ပေါ်က သူမကိုသာ ကြည့်နေမိ၏။
" ဒါဆို သား ဒီမှာ ခဏရှိနေပေးမလားဟင်..... အန်တီတို့ အိမ်ပြန် အဝတ်အစားလေးလဲချင်လို့ , ညကျ ပြန်လာခဲ့မယ် "
" ဟုတ် သွားပါ အန်တီ "
လိုအပ်တာတွေပါ ထပ်မှာခဲ့ပြီး ထွက်သွားတဲ့ ဦးလေးနဲ့အန်တီက ' အခုမှ စိတ်ဖြောင့်ဖြောင့်နဲ့ အိမ်ပြန်နိုင်တာ' လို့ပါ ထပ်ဆောင်းပြောသွားသေးသည်။
Chanyeol ထိုင်ကြည့်နေရာမှ အရင်က ဆင်တူလက်စွပ်ကလေး ဝတ်ဖူးတဲ့ သူမ လက်သူကြွယ်ကို အသာ တို့ထိကြည့်မိသည်။ ချွတ်ထားတာ မကြာသေးသည့်နှယ် ခပ်ဖြူဖြူအရာလေးပါ ကျန်နေ၏။
ချစ်သူသက်တမ်း ၁ နှစ်ပြည့်တုန်းက ဆိုင်မှာ အတူတူသွားရွေးဝယ်ခဲ့ကြတာ....
ချစ်ခဲ့ကြတဲ့ အတိတ်ကို ပြန်တွေးမိတော့ မျက်ရည်က ပေါက်ခနဲ ။ သူမမျက်နှာကို ကြည့်မိတော့ အဲဒီနေ့က မြင်ကွင်းက ထပ်ပေါ်လာပြန်သည်။
အဖေ့ကျောပြင်ကို ဖက်တွယ်ထားတဲ့ သူမ လက်တွေ၊ ကွေးထားတဲ့ သူမ ခြေထောက်တွေ ၊ နောက်ပြီး.......
ဆက်မစဥ်းစားချင်တော့တာကြောင့် သူ မျက်စိစုံမှိတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူမမျက်နှာကို ထပ်မကြည့်ချင်တော့ဘူး။ ကြည့်လိုက်တိုင်း အဲ့ဒီပုံရိပ်က သူ့ကို တပြန်နှိပ်စက်သည်။ အချစ်နဲ့ သံယောဇဥ်ကြားမှာ မယုံကြည်နိုင်မှုတွေ နာကြည်းမှုတွေပါ ရောပါနေတော့ ဒီလို ခံစားချက်ကို သူမေ့ပစ်ချင်ပါ၏။ မေ့အောင်လို့လည်း အရက်တွေသောက်ပြီး အိပ်ပစ်လိုက်သလို စိတ်ထွက်ပေါက်အဖြစ် ဆေးလိပ်တွေပါ စွဲကုန်တာ။
စိတ်ပင်ပန်းမှုဒဏ်ကို မခံနိုင်တဲ့ Chanyeol စိတ်က လူနဲ့မှမလိုက်အောင် နုနုနယ်နယ်။
ဆေးရုံက ပြန်တဲ့အထိ သူ သူမ မျက်နှာကို ထပ်မကြည့်ဖြစ်ခဲ့ဘူး။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Chanyeol တိုက်အောက်ရောက်တော့ ည ၉ နာရီစွန်းစွန်း။ ကားပါကင်အရင်ထိုးလိုက်ပြီး အပေါ်မတက်သေးပဲ အပြင်ဘက်က smoking area ကို ပြန်လျှောက်လာသည်။ ညစ်နွမ်းနေတဲ့ သူ့စိတ်တွေ ဆေးလိပ်ငွေ့နဲ့ဖြစ်ဖြစ် ရှုထုတ်လိုက်ချင်မိ၏။ အမိုးအောက်ရောက်တော့ လေခပ်ကြမ်းကြမ်း တစ်ချက်တိုက်တာကြောင့် ကောင်းကင်ကို မော့ကြည့်မိတယ်။ မိုးပေါက်လေးတွေ ကျလာကာ တဖြည်းဖြည်း သည်းလာတော့သည်။
ဒီအချိန် အလုပ်ဆင်းတတ်တဲ့ကောင်လေး ထီးပါ ပါ့မလားတွေးမိတော့ အကြည့်တို့က ကောင်လေးလာရာလမ်းဆီ။ သို့သော် ကောင်လေးကတော့ မရှိ ။
Pw မပေးလို့ ဖုန်းမကိုင်တဲ့ကောင်လေး အကြောင်းတွေးမိတော့ သူ ပြုံးမိပြန်သည်။
ပေးလိုက်ရ ကောင်းသားဟုလည်း တွေးမိသေး၏။
အတွေးတို့က ရောက်တတ်ရာရာ......
ထိုအချိန် မိုးရေထဲ ထီးအမဲလေးစောင်းကာ လွယ်အိတ်ကို အရှေ့မှာပိုက်လို့ ဖြည်းဖြည်းချင်း လျှောက်လာတဲ့ကောင်လေး၊ မိုးစင်လို့ ဖိနပ်နဲ့ ဘောင်းဘီအဖျားတွေက စိုနေ၏။ ဂျင်းဘောင်းဘီဝတ်ထားလို့ ပိုသိသာသည်။
Chanyeol ကြည့်နေမိတဲ့ အချိန်မှာပဲ သူကလည်း Chanyeol ရှိတာ smoking area ထဲကို လှမ်းကြည့်၏။
မထင်မှတ်ပဲ တွေ့လိုက်တာကြောင့် အံ့သြသွားတဲ့ပုံစံလေး။
သူ့ကိုမြင်တော့ ခပ်သွက်သွက် လျှောက်လာကာ အမိုးအောက်ထဲ ဝင်လာ၏။
" ဆေးလိပ်သောက်နေတာလား အစ်ကို "
" အင်း...."
Baekhyun က မေးလည်း မေး , သူ ပိတ်လိုက်တဲ့ ေခါက်ထီးလေးကိုလည်း ရေခါနေ၏။
" သြော်.... ဒါနဲ့ မနက်က အစ်ကို ဖုန်း !"
" 0001# "
" ခင်ဗျာ? "
" အခန်း password "
" အဲ.... ဘာလို့"
" password မပေးလို့ စိတ်ကောက်တာ မင်းအရမ်း ကလေးဆန်တယ် ကောင်လေး ! "
" ဗျာ "
ရုပ်တည်ကြီးနဲ့ ပြောချင်တာပြောနေတဲ့ Chanyeol ကို Baekhyun က ကြောင်တောင်တောင်လေး ကြည့်နေ၏။ ဘယ်သူက ဘာကို စိတ်ကောက်တဲ့အကြောင်းပြောနေတာလဲဆိုတာ memory တွေ ပြန်ဖော်ရသည်။
သူက ဒီအတိုင်းလေးပဲ မေးမိရုံပါ။
" pw သိပြီဆိုပြီး ဝင်ချင်တိုင်းဝင်မလာနဲ့နော် ... အဟင်း ငါက အိပ်ရင် အကုန်ချွတ်အိပ်တာ "
Baekhyun များ ရှက်မလားဆိုတဲ့အသိနဲ့ ပြောလိုက်ပေမယ့် ဟိုက သူ့ကို ခပ်တည်တည်သာ ကြည့်နေသည်။ ဘာထူးဆန်းလို့လဲဆိုတဲ့ မျက်နှာထားနဲ့ ဖြစ်၏။ ရှက်ဖို့ကောင်းသူက သူကိုယ်တိုင် ပြန်ဖြစ်သွားရသည်။
" ဒါနဲ့ အစ်ကို မနက်က ဘာလို့ဖုန်းခေါ်တာလဲဟင် "
ထိုအခါ မေးစရာရှိလို့ ကနေစပြီး သူ့ရဲ့ ခုနက အချိန်ထိ စိတ်ခံစားချက်တို့ကိုပါ ပြောပြလာ၏။ ဘော်ဒါတစ်ယောက်ကို ရင်ဖွင့်သလို ပြောနေတဲ့ပုံစံသာ။
Baekhyun ကတော့ ထုံးစံအတိုင်း ငေးကြည့်နေ၏။
" အစ်ကို သူ့ကို ချစ်နေသေးလား "
သူကောင်လေးအမေးကို မဖြေခင် ထိုကောင်လေးကို သေချာကြည့်မိ၏။ လေးလေးနက်နက် မေးနေမှန်းလည်း ခံစားလို့ရသည်။
" မချစ်ချင်တော့ဘူး "
" ဒါဆို ချစ်နေသေးလို့ မချစ်ချင်တော့တာပေါ့ "
" အဲ့ဒီလိုလည်း မဟုတ်ဘူး....အင်း....မေ့မရသေးတာ ၊ ဟုတ်တယ် ငါ သူမကို မမေ့နိုင်သေးတာ "
သူ့ရဲ့အဖြေကို ကောင်လေးက ဘာသဘောကျလဲတော့မသိ .... ခပ်ပြုံးပြုံးလေး ကြည့်လာ၏။
" ကျွန်တော် သွားတော့မယ် အစ်ကို .. ဒီရက်ပိုင်း စာမေးပွဲရှိလို့ စာလုပ်ရဦးမယ် "
" အင်း.... "
" မိုးလည်းတိတ်ပြီဆိုတော့ သွားပြီနော် အစ်ကို... အပေါ်တက်ပြီး နားတော့ "
" အင်း..."
စိတ်မပါသလိုသာ ဖြေနေပြီး အပြင်ပြန်ထွက်သွားတဲ့ ကောင်လေးကို သူလိုက်ကြည့်နေမိသည်၊ စကားပြောဖော်ပြောဖက် ဘော်ဒါတစ်ယောက်က စကားပြောလို့ မပြီးသေးခင် အိမ်ပြန်သွားတဲ့ ခံစားချက်ပဲ။
ပြောစရာစကားတို့ ကျန်နေသေးလို့ ဆက်ပြောချင်သလို ပြောစရာတွေ မရှိတော့ရင်တောင် အတူရှိချင်နေတဲ့ ခံစားချက်။
ဒီကောင်လေးက အခု သူ့သူငယ်ချင်းလား သူ့မိတ်ဆွေလား သူ့အပေါင်းအသင်းလား။
သူကရော ဒီရက်ပိုင်း တစ်ယောက်တည်းနေတာ ကြာလို့ အဖော်မင်လာလေသလား။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
😁😁
Healing Love 🍁
Part-8
စာအုပ္ခပ္ထူထူ ၃ အုပ္ကို ပိုက္ကာ စာၾကည့္တိုက္ထဲ ထိုင္ဖို႔ ေနရာလိုက္ရွာေနတဲ့ Baekhyun ....
ဒီေန႕ ပိတ္ရက္ေပမယ့္ သူမအားပါ။ monday တင္ရေတာ့မယ့္ report က သူ႕ကို ေခါင္းေနာက္ေစ၏။ တစ္နိုင္ငံလုံးရဲ႕ ranking number 1 ျဖစ္ေနတာဟာ အၿပိဳင္အဆိုင္ ႀကိဳးစားတဲ့ ေက်ာင္းသားေတြေၾကာင့္ဆိုတာ လူတိုင္းသိသလိုပဲ။
ပထမဆုံး စာေမးပြဲမို႔ Baekhyun လည္း စိတ္လႈပ္ရွားမိပါသည္။
ေရးရမယ့္ပုံစံကို စီနီယာေတြဆီ ေမးထားၿပီးၿပီမို႔ ေရးမယ့္ အေၾကာင္းအရာက ကိုယ္ ေ႐ြးခ်ယ္ရမွာ။ ေခတ္ကို မသတ္မွတ္ထားတာေၾကာင့္ ေခတ္အဆက္ဆက္တူးေဖာ္ရရွိတဲ့ ေရွးေဟာင္းပစၥည္းေတြထဲက တစ္ခုကို ကိုယ့္အျမင္နဲ႕ ဖလွယ္ၿပီး တင္ျပရမွာျဖစ္သည္၊ ရွာလိုက္တာနဲ႕ အလြယ္တကူေတြ႕ရတဲ့ ပစၥည္းမ်ိဳးကို Baekhyun မေရးခ်င္။
ဒါေၾကာင့္ အင္တာနက္ပါမက သမိုင္းစာအုပ္ႀကီးေတြထဲကပါ ေစ့ေစ့စပ္စပ္ ရွာၿပီး ေရးခ်င္၏။
သူမ်ားေတြေတာ့ မသိေပမယ့္ Baekhyun ကေတာ့ နိုင္ငံရဲ႕ ေရွးေဟာင္း အေမြအႏွစ္ေတြကို ထိန္းသိမ္းဖို႔ ၊ နိုင္ငံ့ ယဥ္ေက်းမႈ ရိုးရာကို ေလ့လာဖို႔နဲ႕ လက္ဆင့္ကမ္းဖို႔ဆို စိတ္အားထက္သန္ေနတတ္သည္။ ကိုရီးယားနိုင္ငံရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ကို ကမၻာ့နိုင္ငံအသီးသီးအထိပါ ခ်ျပဖို႔ သူရည္႐ြယ္၏၊ ေရွးေဟာင္း သုေတသန ပညာရွင္ဆိုတာ သူလုပ္ခ်င္တဲ့ အလုပ္ပဲ။
စိတ္ဝင္တစားနဲ႕ စာဖတ္ေနတုန္း ခုံကို လာေခါက္တဲ့ လက္တစ္စုံ။ လွည့္ၾကည့္လိုက္ေတာ့ အေနာက္ဘက္ခုံက အစ္မတစ္ေယာက္။
" ဖုန္း vibration ေၾကာင့္ အာ႐ုံစိုက္လို႔မရဘူး "
" ခင္ဗ်ာ.... ေၾသာ္ sorry ပါဗ် "
စာၾကည့္တိုက္မွာ အသံဆူလို႔မရတာေၾကာင့္ ဖုန္းကို လြယ္အိတ္ထဲက ထုတ္ကာ အသံခလုတ္ႏွိပ္လိုက္တတာ့ vibration မရွိေတာ့ ။ Contact က ' အစ္ကို ' ဆိုတာ ျမင္လိုက္ရေတာ့ အံ့ၾသရျပန္သည္။ သို႔ေပမယ့္ ဖုန္းကိုင္လို႔ အဆင္မေျပတာေၾကာင့္ စက္ပိတ္လိုက္၏။ သူကလည္း ထပ္မေခၚေတာ့ဘူးေလ။
ထို႔ေနာက္ေတာ့ သူ ေရးခ်င္တဲ့ ေရွးေဟာင္းပစၥည္းတစ္ခုကို ရွာေတြ႕ခဲ့ပါၿပီ။
ဂိုေလ်ာေခတ္က ခပ္ဝါဝါ ပန္းခ်ီကားတစ္ခ်ပ္။
ပန္းခ်ီက ရိုးရွင္း၏။ အဲ့ဒီေခတ္ အရာရွိေတြရဲ႕ လူေနမႈဘဝကို ပုံေဖာ္ထားျခင္းသာ.....
Report ကို ဒီေန႕ အၿပီးသတ္ၿပီး စာနည္းနည္းပါးပါး လုပ္ဖို႔ပါ ေတြးလိုက္မိေသးသည္။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Chanyeol မွာေတာ့ ဖုန္းကိုၾကည့္ေနၿပီး ပါးစပ္အေဟာင္းသား၊ မယုံနိုင္သလို အၾကည့္နဲ႕လည္း ၾကည့္ေနေသးသည္။
အခုက အိမ္ pw မေျပာျပလို႔ ဖုန္းမကိုင္တဲ့အျပင္ စက္ပါပိတ္လိုက္တာလား ။ ေနေပါ့ ဆိုတဲ့အတိုင္း သူ႕ကို တကယ္ ေနခိုင္းလိုက္တာလား။
ကိုယ္ျဖင့္ တိုင္ပင္စရာရွိလို႔ ဖုန္းဆက္တာကို ... !
ဆိုဟီးရဲ႕အေဖက ဖုန္းဆက္တာေၾကာင့္ ကိုင္လိုက္မိေတာ့ ဆိုဟီးေဆး႐ုံမွာမို႔ ခဏေလာက္ လာေတြ႕ေပးပါလို႔ ဆိုလာ၏။ သြားသင့္လား မသြားသင့္လား သူ မစဥ္းစားတတ္ေတာ့ေပ။ ေဘးက တစ္ေယာက္ေယာက္ကို ေမးၾကည့္ၿပီး အႀကံေပးတဲ့အတိုင္း လုပ္ဖို႔ ေတြးမိေတာ့ တစ္ေယာက္ေယာက္ဆိုတာကလည္း ထိုေကာင္ေလးအျပင္မရွိ။
သူ႕အေပါင္းအသင္းေတြကိုလည္း ရွက္လြန္းလို႔ အဆက္အသြယ္ျဖတ္လိုက္တာ....
ေကာင္ေလးလည္း ဖုန္းမကိုင္တာေၾကာင့္ ေဆး႐ုံသြားဖို႔သာ သူ ဆုံးျဖတ္လိုက္၏။ ဆိုဟီးကို ျမင္ရင္ တုန႔္ျပန္လာမယ့္ သူ႕စိတ္ခံစားခ်က္ကိုလည္း သိခ်င္ပါသည္။
တကယ္တမ္း ေရာက္သြားေတာ့ ဆိုဟီးအေဖက ေဆး႐ုံဝင္းထဲကေန ေစာင့္ေန၏။ ရင္းႏွီးေနၿပီးသားမို႔ မ်က္ႏွာပူစြာပဲ ႏႈတ္ဆက္လိုက္ရသည္။
" ေစာင့္ေနတာလား ဦးေလး "
" ေအး မင္း အခန္းရွာမေတြ႕မွာစိုးလို႔ကြ "
" သူ အေျခအေနဘာထူးေသးလဲ "
သူ႕ေမးခြန္းကိုၾကားေတာ့ ဦးေလးက ေလးပင္စြာ သက္ျပင္းခ်သည္။
" ခြဲခန္းထဲက ထြက္လာတဲ့အတိုင္းပါပဲကြာ.... ေနာက္ တစ္ပတ္ထိ ေနလို႔မွ သတိရမလာရင္ ကိုမာဝင္နိုင္ေျခရွိတယ္လို႔ ေျပာတယ္ "
ရင္ထဲ ဒိန္းခနဲေနေအာင္ ေသြးခုန္ႏႈန္းက ေဆာင့္တက္သြား၏။ ဒီအေျခအေနထိ ျဖစ္သြားလိမ့္မယ္လို႔ သူမထင္ခဲ့မိပါ။ အခန္းထဲ မဝင္ခင္ ရဲ ၂ ေယာက္နဲ႕ပါ ေတြ႕တာမို႔ သူတို႔ ေျပာတာ နားေထာင္ေနလိုက္၏။ ေသေၾကာင္းႀကံစည္ေၾကာင္း ထင္ရွားတယ္ဟု ေျပာလာတဲ့အခါမွာေတာ့ Chanyeol အံၾသရျပန္သည္။
သူမက Chanyeol သိသေလာက္ေတာ့ စိတ္ဓါတ္မာေၾကာတဲ့ မိန္းကေလးပဲ။
" အရင္ ဝင္သြားလိုက္ေလ Chanyeol... မင္းအန္တီရွိတယ္ "
" ဟုတ္ကဲ့ "
အခန္းတံခါးေလး ေဘးဆြဲၿပီး အထဲကိုၾကည့္မိေတာ့ ကုတင္ေပၚမွာ ၿငိမ္သက္ေနတဲ့ မိမိခ်စ္ရသူ။ ႏွလုံးသားက ပိုင္ရွင္ေတြ႕ေတာ့ ေပ်ာ္ေပ်ာ္ျမဴးျမဴး ကခုန္သည္လား။ Chanyeol ရင္ေတြ ခုန္ေန၏။ ေခါင္းမွာ ပတ္တီးစည္းထားၿပီး လက္ေတြမွာလည္း အပ္အသြယ္သြယ္။ ႏွာေခါင္းမွာ ေအာက္ဆီဂ်င္ပိုက္ တပ္ထားေသး၏။ ဒီလိုပုံစံက သူ႕ရင္ကို နာက်င္ေစတာ ဝန္ခံပါသည္။
" ေရာက္လာၿပီလား သား "
" ဟုတ္ အန္တီ.... ကြၽန္ေတာ္ လာတာ ေနာက္က်သြားတယ္ "
ထိုအခါ အန္တီက ထ လာကာ သူ႕လက္ကို အားကိုးတႀကီးဆုပ္ကိုင္၏။ သူလည္းမမွားပါပဲနဲ႕ အျပစ္ရွိသလို ခံစားရကာ မ်က္ႏွာပူမိျပန္သည္။
" သမီးက သားကို မေမ့နိုင္ပါဘူးကြယ္... ဘာလို႔ ျပတ္ၾကဆဲၾကလဲလည္း ေမးလို႔မရေတာ့ ေသခ်ာမသိေပမယ့္ သမီးကို ပစ္မသြားပါနဲ႕.. အန္တီ့သမီးက သနားစရာေလးပါကြယ္ "
သူမ ေဖာက္ျပန္တာ မသိပဲ ကိုယ့္ဆီ အျပစ္ပုံခ်ခ်င္ေနတဲ့ သူမအသိုင္းအဝိုင္းကိုေတာ့ စကားရွည္ရွည္ေဝးေဝးေတြ မေျပာခ်င္ေတာ့ပါ။ ကုတင္ေပၚက သူမကိုသာ ၾကည့္ေနမိ၏။
" ဒါဆို သား ဒီမွာ ခဏရွိေနေပးမလားဟင္..... အန္တီတို႔ အိမ္ျပန္ အဝတ္အစားေလးလဲခ်င္လို႔ , ညက် ျပန္လာခဲ့မယ္ "
" ဟုတ္ သြားပါ အန္တီ "
လိုအပ္တာေတြပါ ထပ္မွာခဲ့ၿပီး ထြက္သြားတဲ့ ဦးေလးနဲ႕အန္တီက ' အခုမွ စိတ္ေျဖာင့္ေျဖာင့္နဲ႕ အိမ္ျပန္နိုင္တာ' လို႔ပါ ထပ္ေဆာင္းေျပာသြားေသးသည္။
Chanyeol ထိုင္ၾကည့္ေနရာမွ အရင္က ဆင္တူလက္စြပ္ကေလး ဝတ္ဖူးတဲ့ သူမ လက္သူႂကြယ္ကို အသာ တို႔ထိၾကည့္မိသည္။ ခြၽတ္ထားတာ မၾကာေသးသည့္ႏွယ္ ခပ္ျဖဴျဖဴအရာေလးပါ က်န္ေန၏။
ခ်စ္သူသက္တမ္း ၁ ႏွစ္ျပည့္တုန္းက ဆိုင္မွာ အတူတူသြားေ႐ြးဝယ္ခဲ့ၾကတာ....
ခ်စ္ခဲ့ၾကတဲ့ အတိတ္ကို ျပန္ေတြးမိေတာ့ မ်က္ရည္က ေပါက္ခနဲ ။ သူမမ်က္ႏွာကို ၾကည့္မိေတာ့ အဲဒီေန႕က ျမင္ကြင္းက ထပ္ေပၚလာျပန္သည္။
အေဖ့ေက်ာျပင္ကို ဖက္တြယ္ထားတဲ့ သူမ လက္ေတြ၊ ေကြးထားတဲ့ သူမ ေျခေထာက္ေတြ ၊ ေနာက္ၿပီး.......
ဆက္မစဥ္းစားခ်င္ေတာ့တာေၾကာင့္ သူ မ်က္စိစုံမွိတ္လိုက္ၿပီး ေခါင္းခါလိုက္သည္။ သူမမ်က္ႏွာကို ထပ္မၾကည့္ခ်င္ေတာ့ဘူး။ ၾကည့္လိုက္တိုင္း အဲ့ဒီပုံရိပ္က သူ႕ကို တျပန္ႏွိပ္စက္သည္။ အခ်စ္နဲ႕ သံေယာဇဥ္ၾကားမွာ မယုံၾကည္နိုင္မႈေတြ နာၾကည္းမႈေတြပါ ေရာပါေနေတာ့ ဒီလို ခံစားခ်က္ကို သူေမ့ပစ္ခ်င္ပါ၏။ ေမ့ေအာင္လို႔လည္း အရက္ေတြေသာက္ၿပီး အိပ္ပစ္လိုက္သလို စိတ္ထြက္ေပါက္အျဖစ္ ေဆးလိပ္ေတြပါ စြဲကုန္တာ။
စိတ္ပင္ပန္းမႈဒဏ္ကို မခံနိုင္တဲ့ Chanyeol စိတ္က လူနဲ႕မွမလိုက္ေအာင္ ႏုႏုနယ္နယ္။
ေဆး႐ုံက ျပန္တဲ့အထိ သူ သူမ မ်က္ႏွာကို ထပ္မၾကည့္ျဖစ္ခဲ့ဘူး။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Chanyeol တိုက္ေအာက္ေရာက္ေတာ့ ည ၉ နာရီစြန္းစြန္း။ ကားပါကင္အရင္ထိုးလိုက္ၿပီး အေပၚမတက္ေသးပဲ အျပင္ဘက္က smoking area ကို ျပန္ေလွ်ာက္လာသည္။ ညစ္ႏြမ္းေနတဲ့ သူ႕စိတ္ေတြ ေဆးလိပ္ေငြ႕နဲ႕ျဖစ္ျဖစ္ ရႈထုတ္လိုက္ခ်င္မိ၏။ အမိုးေအာက္ေရာက္ေတာ့ ေလခပ္ၾကမ္းၾကမ္း တစ္ခ်က္တိုက္တာေၾကာင့္ ေကာင္းကင္ကို ေမာ့ၾကည့္မိတယ္။ မိုးေပါက္ေလးေတြ က်လာကာ တျဖည္းျဖည္း သည္းလာေတာ့သည္။
ဒီအခ်ိန္ အလုပ္ဆင္းတတ္တဲ့ေကာင္ေလး ထီးပါ ပါ့မလားေတြးမိေတာ့ အၾကည့္တို႔က ေကာင္ေလးလာရာလမ္းဆီ။ သို႔ေသာ္ ေကာင္ေလးကေတာ့ မရွိ ။
Pw မေပးလို႔ ဖုန္းမကိုင္တဲ့ေကာင္ေလး အေၾကာင္းေတြးမိေတာ့ သူ ၿပဳံးမိျပန္သည္။
ေပးလိုက္ရ ေကာင္းသားဟုလည္း ေတြးမိေသး၏။
အေတြးတို႔က ေရာက္တတ္ရာရာ......
ထိုအခ်ိန္ မိုးေရထဲ ထီးအမဲေလးေစာင္းကာ လြယ္အိတ္ကို အေရွ႕မွာပိုက္လို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာတဲ့ေကာင္ေလး၊ မိုးစင္လို႔ ဖိနပ္နဲ႕ ေဘာင္းဘီအဖ်ားေတြက စိုေန၏။ ဂ်င္းေဘာင္းဘီဝတ္ထားလို႔ ပိုသိသာသည္။
Chanyeol ၾကည့္ေနမိတဲ့ အခ်ိန္မွာပဲ သူကလည္း Chanyeol ရွိတာ smoking area ထဲကို လွမ္းၾကည့္၏။
မထင္မွတ္ပဲ ေတြ႕လိုက္တာေၾကာင့္ အံ့ၾသသြားတဲ့ပုံစံေလး။
သူ႕ကိုျမင္ေတာ့ ခပ္သြက္သြက္ ေလွ်ာက္လာကာ အမိုးေအာက္ထဲ ဝင္လာ၏။
" ေဆးလိပ္ေသာက္ေနတာလား အစ္ကို "
" အင္း...."
Baekhyun က ေမးလည္း ေမး , သူ ပိတ္လိုက္တဲ့ ေခါက္ထီးေလးကိုလည္း ေရခါေန၏။
" ေၾသာ္.... ဒါနဲ႕ မနက္က အစ္ကို ဖုန္း !"
" 0001# "
" ခင္ဗ်ာ? "
" အခန္း password "
" အဲ.... ဘာလို႔"
" password မေပးလို႔ စိတ္ေကာက္တာ မင္းအရမ္း ကေလးဆန္တယ္ ေကာင္ေလး ! "
" ဗ်ာ "
႐ုပ္တည္ႀကီးနဲ႕ ေျပာခ်င္တာေျပာေနတဲ့ Chanyeol ကို Baekhyun က ေၾကာင္ေတာင္ေတာင္ေလး ၾကည့္ေန၏။ ဘယ္သူက ဘာကို စိတ္ေကာက္တဲ့အေၾကာင္းေျပာေနတာလဲဆိုတာ memory ေတြ ျပန္ေဖာ္ရသည္။
သူက ဒီအတိုင္းေလးပဲ ေမးမိ႐ုံပါ။
" pw သိၿပီဆိုၿပီး ဝင္ခ်င္တိုင္းဝင္မလာနဲ႕ေနာ္ ... အဟင္း ငါက အိပ္ရင္ အကုန္ခြၽတ္အိပ္တာ "
Baekhyun မ်ား ရွက္မလားဆိုတဲ့အသိနဲ႕ ေျပာလိုက္ေပမယ့္ ဟိုက သူ႕ကို ခပ္တည္တည္သာ ၾကည့္ေနသည္။ ဘာထူးဆန္းလို႔လဲဆိုတဲ့ မ်က္ႏွာထားနဲ႕ ျဖစ္၏။ ရွက္ဖို႔ေကာင္းသူက သူကိုယ္တိုင္ ျပန္ျဖစ္သြားရသည္။
" ဒါနဲ႕ အစ္ကို မနက္က ဘာလို႔ဖုန္းေခၚတာလဲဟင္ "
ထိုအခါ ေမးစရာရွိလို႔ ကေနစၿပီး သူ႕ရဲ႕ ခုနက အခ်ိန္ထိ စိတ္ခံစားခ်က္တို႔ကိုပါ ေျပာျပလာ၏။ ေဘာ္ဒါတစ္ေယာက္ကို ရင္ဖြင့္သလို ေျပာေနတဲ့ပုံစံသာ။
Baekhyun ကေတာ့ ထုံးစံအတိုင္း ေငးၾကည့္ေန၏။
" အစ္ကို သူ႕ကို ခ်စ္ေနေသးလား "
သူေကာင္ေလးအေမးကို မေျဖခင္ ထိုေကာင္ေလးကို ေသခ်ာၾကည့္မိ၏။ ေလးေလးနက္နက္ ေမးေနမွန္းလည္း ခံစားလို႔ရသည္။
" မခ်စ္ခ်င္ေတာ့ဘူး "
" ဒါဆို ခ်စ္ေနေသးလို႔ မခ်စ္ခ်င္ေတာ့တာေပါ့ "
" အဲ့ဒီလိုလည္း မဟုတ္ဘူး....အင္း....ေမ့မရေသးတာ ၊ ဟုတ္တယ္ ငါ သူမကို မေမ့နိုင္ေသးတာ "
သူ႕ရဲ႕အေျဖကို ေကာင္ေလးက ဘာသေဘာက်လဲေတာ့မသိ .... ခပ္ၿပဳံးၿပဳံးေလး ၾကည့္လာ၏။
" ကြၽန္ေတာ္ သြားေတာ့မယ္ အစ္ကို .. ဒီရက္ပိုင္း စာေမးပြဲရွိလို႔ စာလုပ္ရဦးမယ္ "
" အင္း.... "
" မိုးလည္းတိတ္ၿပီဆိုေတာ့ သြားၿပီေနာ္ အစ္ကို... အေပၚတက္ၿပီး နားေတာ့ "
" အင္း..."
စိတ္မပါသလိုသာ ေျဖေနၿပီး အျပင္ျပန္ထြက္သြားတဲ့ ေကာင္ေလးကို သူလိုက္ၾကည့္ေနမိသည္၊ စကားေျပာေဖာ္ေျပာဖက္ ေဘာ္ဒါတစ္ေယာက္က စကားေျပာလို႔ မၿပီးေသးခင္ အိမ္ျပန္သြားတဲ့ ခံစားခ်က္ပဲ။
ေျပာစရာစကားတို႔ က်န္ေနေသးလို႔ ဆက္ေျပာခ်င္သလို ေျပာစရာေတြ မရွိေတာ့ရင္ေတာင္ အတူရွိခ်င္ေနတဲ့ ခံစားခ်က္။
ဒီေကာင္ေလးက အခု သူ႕သူငယ္ခ်င္းလား သူ႕မိတ္ေဆြလား သူ႕အေပါင္းအသင္းလား။
သူကေရာ ဒီရက္ပိုင္း တစ္ေယာက္တည္းေနတာ ၾကာလို႔ အေဖာ္မင္လာေလသလား။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
😁😁