18
.
.
ပုံမှန်နိုးလေ့ရှိသည့်မနက်လေးနာရီအချိန်။
မျက်လုံးတို့ဖွင့်လာသည့်အချိန် ခါးမှဖက်တွယ်ထားသည့်လက်မောင်းကြီးကြောင့်ဖျတ်ခနဲကိုလန့်သွားမိသည်။
စိတ်လျှော့ကာလေပြင်းမှုတ်ထုတ်၍
ထမယ်လုပ်သော်လည်း လက်မောင်းကြီးကမဖယ်ပေး။
"ဘယ်သွားမို့လဲ?''
နားထင်မှထွက်လာသောတိုးလျလျအသံ။
ဒါဆို ဦးလွှမ်းဝဏ္ဏထည်လည်းနိုးသွားပြီဆိုသည့်သဘော။
စောစောအိပ်ခိုင်းမှတော့ စောစောနိုးရောပေါ့။စိတ်ထဲက
ပြောလိုက်မိသော်ငြား ဦးလွှမ်းဝဏ္ဏထည်ကြားအောင်တော့ သွေးမပြော။ အိပ်ရာထခါစ စကားပြောရာမှာပျင်းတယ်ပြောရမလား။
လက်မောင်းကြီးနှစ်ဖက်ကြားက အတင်းရုန်းကာထမယ်ကြံတော့ ဦးလွှမ်းဝဏ္ဏထည် ညစ်သည်။ ခြေထောက်နှစ်ဖက်ကိုပါ သူ့ခြေတစ်ဖက်နဲ့ဖိထားလာသဖြင့် သွေး နှုတ်ခမ်းစူချင်လာ၏။ ရွှေစိတ်တော်ညိုးချင်လာတာကိုသိတော့ လူကြီးကတပြုံးပြုံး။
"ယောက်ျားလို့ခေါ်လေ မဟုတ်ရင် မွမွပေး''
မနက်စောစောထရစ်တာကလေးတွေပဲရှိမယ်ထင်ခဲ့တာ
လူကြီးတွေလည်းလုပ်တတ်တာပဲလား။တည်ငြိမ်ရင့်ကျက်
တဲ့လူကြီးဖြစ်နေတော့ သွေးမှာ ပိုအံ့သြရလို့မဆုံး။
"ကလေးလည်းမဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်လို့''
သွေးငြူငြူစူစူပြောရင်းရုန်းတော့ သွေးလည်တိုင်နား
ခေါင်းတိုးဝှေ့လာပြီး ပါးနှစ်ဖက်မှအစ လည်တိုင်တစ်ခုလုံးကို ခပ်ဖွဖွနမ်းလာနေသည်။
"အစောကြီးပဲရှိသေးတယ် ပြန်အိပ်ရအောင်လေ
အသွေးပြန်မအိပ်ရင် ကိုယ်ကအသွေးကိုလုံးဝမထနိုင်အောင် လုပ်ပစ်မှာ''
"ဟာ!''
မျက်လုံးကြီးပြူးသွားရတာအမှန်။ ဒီလူကြီးပြုံးတုတုနဲ့ရိုးသားမနေပါ။ မနက်စောစောကို ပေါက်တတ်ကရတွေပြောရသလား ဆိုပြီး လက်မောင်းကိုဆွဲညှစ်ပစ်တော့
နာကျင်ဟန်လုပ်ပြသည်။ ဒီလူကြီး ဒီလို ကလေးဆန်ဆန်အကျင့်ကလေးတွေရှိမယ်လို့သွေးဘယ်တုန်းကမှမထင်မိခဲ့။ပြန်မအိပ်မချင်း ရစ်တာရပ်မယ့်ပုံမပေါ်တာမို့ သွေး
မျက်လုံးကိုမှိတ်ပြီး လူကြီးရဲ့ရင်ခွင်ထဲ တစ်ဖန်တိုးဝင်လိုက်ပါသည်။
ခေါင်းပေါ်ကျလာတဲ့အနမ်းတွေကအစ ကျောကိုပုတ်နေတဲ့လက်တွေမှာ နွေးထွေးမှုမြောက်မြားစွာနဲ့။
တစ်ဖန်ပြန်နိုးသည့်အခါမှာတော့ မနက်၇နာရီထိုးလုနီးနီး။
ဦးလွှမ်းဝဏ္ဏထည်က ရေမိုးချိုးပြီးလို့ အလုပ်သွားမယ့်
ဝတ်ရုံအပြည့်အစုံနဲ့ဖြစ်နေပြီ။နာရီကောက်ဝတ်ရင်း ယခုမှထလာသည့် သွေးကို ခပ်သဲ့သဲ့ပြုံးပြသည်။
"ကိုယ်ရေစပ်ပေးထားတယ် ကျောင်းသွားဖို့အင်္ကျီလည်းထုတ်ထားပေးမယ် အသွေးကချိုးလိုက်ရုံဝတ်လိုက်ရုံပဲ
မလောနဲ့''
"ဟုတ်''
ဦးလွှမ်းဝဏ္ဏထည်က ဦးအရင်းလိုအားကိုးရသူကနေ
ခင်ပွန်းလိုအားကိုးရသူအဖြစ်ပြောင်းလဲသွားချိန် လေသံတွေကအစ ဂရုစိုက်မှုတွေကအဆုံး ပြောင်းလဲလာသည်။
မေတ္တာတွေဂရုဏာတွေပိုလာသည်။ သို့ပေမယ့် သွေးကတော့ ဦးလွှမ်းဝဏ္ဏထည်အပေါ်အရင်လို တလေးတစား ရှိနေတုန်းပါပဲ။
သွေးရေမိုးချိုးပြီးလို့ကျောင်းသွားဖို့ပါအဆင်သင့်ဖြစ်
သည့်အခါ ဦးလွှမ်းဝဏ္ဏထည်က ကျောင်းမသွားခင်
မနက်စာ မစားခင် အချိန်ကိုအကျိုးရှိရှိအသုံးချစေနေသည်။
တစ်ညလုံးအိပ်ထားသည့်ဖဲမွေ့ယာပေါ် ထိုင်ဖို့ပြောနေသည်။ငုတ်တုတ်လေးဝင်ထိုင်လိုက်သောအခါ
ဦးလွှမ်းဝဏ္ဏထည် လည်းသွေးအရှေ့ဝင်ထိုင်လာသည်။
"မနေ့ကကိုယ်လေ့လာခိုင်းထားတဲ့ငှာနတွေ
အကြောင်း အကျဥ်းချုပ်ကို အကုန်ချရေး ဘယ်နေရာမှာဘာရှိနေလဲ ခေါင်းဆောင်ပိုင်းကဘယ်သူလဲ ဘာကိုအဓိကလုပ်ဆောင်နေလဲဆိုတာကအစ ''
"ဟုတ်ကဲ့ဗျ''
ဘောပင်အားကိုင်၍ပထမဆုံး ကုမ္ပဏီထဲဝင်ဝင်ချင်းရှိနေသည့် ငှာန Reception ငှာနကိုအရင်ချရေးသည်။
သွေး တစ်ခုပြီးတစ်ခုချရေးနေစဥ်
ဦးလွှမ်းဝဏ္ဏထည် က သွေးအနားကထပြီးအပူပေးစက်အားမြင့်လိုက်လေသည်။
ဒါ့ကြောင့် အခန်းကြီးကနွေးနေတာ
အပြင်ကအေးစက်သည့်လေထုကြီးနဲ့လားလားမျှမဆိုင်။
သွေးဖြေတာကိုစောင့်နေသည့် ဦးလွှမ်းဝဏ္ဏထည် က ဆိုဖာတွင်ထိုင်ရင်းစာဖတ်နေသည်။
ဦးလွှမ်းဝဏ္ဏထည် သည်အားသည့်အချိန်တိုင်းစာဖတ်လေ့ရှိတာကိုသွေးသတိထားမိသည်။
လေ့လာထားသည့်အတိုင်းတစ်ခုပြီးတစ်ခုချရေးလိုက်ရာအချိန် နာရီဝက်ကျော်ကျော်မှာတော့ အကုန်ပြီးသွားသည်။
"ပြီးပြီဗျ''
"အင်း''
စည်းစနစ်ကြီးသည့် ဦးလွှမ်းဝဏ္ဏထည် သည် ဖက်လက်စ စာအုပ်ကိုလည်းသူ့နေရာနဲ့သူပြန်စီထားသည်။
အနားရောက်လာသောအခါ သွေး ဖြေထားသည့်စာရွက်ပေးလိုက်သည်။
စာမျက်နှာနှစ်ခုရှိသည့်စာရွက်ကိုသွေးစာအပြည့်ရေးထားသည်။
"ဝန်ထမ်းတွေနားနေခန်းကရော''
နားနေခန်း? နားနေခန်းကလေ့လာရမယ့်ငှာနတစ်ခုလား? ဒါဆိုရင်တော့ သွားပြီပဲ။ နားနေခန်းရှိနေသည့်နေရာကိုတောင်သွေးမသိပါ။
"လေ့လာရမယ့်ထဲမပါဘူးထင်လို့ဗျ''
"ဘယ်နေရာမှဘာရှိနေလဲဆိုတဲ့စကားကကုမ္ပဏီတစ်ခုလုံးကိုပြောတာ ဒါဆိုနားနေခန်းဘယ်မှာရှိနေလဲ အသွေး
မသိဘူးပေါ့''
"ဟုတ် မသိဘူးဗျ ''
မသိတာကိုမသိတဲ့အကြောင်းခေါင်းရမ်းပြပြီး သွေး
ခေါင်းငုံ့ကာငြိမ်မိသွားသည်။လွှမ်းဝဏ္ဏထည်မှာတော့ လက်သည်းကိုက်နေသောကောင်လေးအား အသား
တယားယား။
မျက်နှာသစ်ထားတာကြောင့် မျက်တောင်ရှည်လေးတွေမှာ ရေစက်ကလေးတွေတွဲခိုလျက်သား။
ဆူလည်းမဆူရက်။
"နောက်ဆိုသတိထားပါအသွေး နောက်ကိုယ်တစ်ခုခုမေးရင်မသိဘူးဆိုတာမဖြစ်စေနဲ့''
"ဟုတ်ကဲ့ ''
ဦးလွှမ်းဝဏ္ဏထည် စိတ်ဆိုးသွားပြီးထင်သွားသော်လည်း တကယ်တမ်း စိတ်ဆိုးမနေပါ။
သွေးဆံသားတွေကိုတစ်ချက်ဖွာပြီး သတိထားဖို့ရာ
ညင်ညင်သာသာ ပြောလာသည်။
ချစ်လို့ယူထားတယ်ဆိုသည့်စကားအတိုင်းဆူပြီးရင်ပြန်ချော့ပေးသည်။ တစ်ခါတလေ ဆူပါများရင် သွေးလည်း
စိတ်ကောက်ချင်လာသလိုလို။ တစ်ဘဝလုံးစာကိုပုံအောပေးလိုက်တဲ့ခင်ပွန်းဖြစ်သွားတာကြောင့်လား ။ တစ်ခါတလေ တော့ ဆိုးနွဲ့ချင်မိသား။
မနက်စာစားသုံးသည့်အခါ ကျောင်းသွားဖို့ကို
ဦးလွှမ်းဝဏ္ဏထည် ကိုယ်တိုင်လိုက်ပို့ပေးသည်။
ခါးပတ် အားဖြုတ်ပြီးကားပေါ်ကဆင်းမယ်အလုပ် လက်တစ်ဖက်ကို ဦးလွှမ်းဝဏ္ဏထည် က ဖွဖွဆွဲထား၏။
"စိတ်ညစ်နေတယ်မှတ်လား ကိုယ့်ကိုပြော
ဘာဖြစ်တာလဲ? "
သွေးစိတ်ကိုဦးလွှမ်းဝဏ္ဏထည်ကမြင်နိုင်တယ်လား?
ကျောင်းဆိုသည့်အသံကြားလိုက်တာနဲ့
ဒေါင်းကိုတွေးလိုက်မိတာကြောင့် စိတ်ညစ်ခြင်းသာ။
ဒီနေ့ကရော ဒေါင်းဘာတွေထပ်ရစ်ဦးမလဲကြိုတွေးကာ ရင်မောနေရသည်။
ဦးလွှမ်းဝဏ္ဏထည် ကိုလည်းဘယ်လိုပြောပြရမှန်းမသိတာကြောင့်ခေါင်းသာရမ်းပြလိုက်သည်။
တကယ်လည်းပြောချင်စိတ်မရှိပါ။
အနည်းနဲ့အများတော့စိတ်ဆင်းရဲမိသည်။ ဒေါင်းကိုနားဘယ်လိုချရမလဲ သွေးအခုထိမသိနိုင်သေး။ စိတ်ဆင်းရဲတာကိုမျက်နှာတွင်မပေါ်အောင်ကြိုးစား၍နေတာတောင် ဦးလွှမ်းဝဏ္ဏထည်က ရိပ်မိသည်။ သွေးကပဲဟန်ဆောင်
မကောင်းလို့များလား။
"ဟို ကျွန်တော်ကျောင်းထဲဝင်လို့ရပြီလားဗျ''
"ကိုယ့်ကိုအာဘွားပေးမယ်ဆိုရင်ရတယ်''
"ဗျာ!''
မျက်လုံးဝိုင်းလျက်သူ့အားကြောင်ကြည့်လာသောကောင်လေးကြောင့် လွှမ်းဝဏ္ဏထည် မှာပြုံးချင်ချင်ပဲ။
စလိုက်ရုံသက်သက်သာဖြစ်ပေမယ့်
အသည်းယားအောင်ကောင်လေးက သိပ်လုပ်သည်။
ဒါ့ကြောင့်သူလေးဆီကအနမ်းလေးတစ်ပွင့်ကို တကယ်ရမှဖြစ်တော့မည်။
မျက်နှာကိုသူလေးအနားပိုပိုတိုးကပ်လိုက်တော့သူလေးမှာ မျက်တောင်တဖျပ်ဖျပ်နဲ့ ဟိုဟိုဒီဒီ ကြည့်ကာ အရှက်ကြီးနေရှာသည်။
မှန်တံခါးကိုလက်ထောက်လိုက်သည့်အခါ
ကိုယ့်ရင်ခွင်ထဲသူလေးရောက်နေပြီးသားပဲ။
သို့သော် သူလေးအဆင်ပြေအောင်တော့ခပ်ခွာခွာနေပေးရသည်။
"ပေးလေ မပေးရင်ကျောင်းထဲမဝင်ရဘူး''
မျက်နှာအားသူလေးရှေ့တိုးကပ်လိုက်သည့်အခါ လက်ကလေးနှစ်ဖက်က ရင်ဘတ်ကိုထောက်လာသည်။
"အနိုင်မကျင့်ပါနဲ့ဗျ အန်တီချိုနဲ့တိုင်မှာ''
မျက်နှာလေးဝှက်ပြီးကလေးဆန်ဆန်ပြောလာသည့်ကောင်လေးကြောင့် လွှမ်းဝဏ္ဏထည် အသည်းယားစွာ ဟက်ခနဲရီမိသည်။
ရင်ခွင်ထဲရောက်လို့ပြေးပေါက်ပိတ်နေပြီကိုစွာချင်သေးတယ်။
"ဟုတ်လား ဒါဆို မနက်က ဒီလူရဲ့ရင်ခွင်ထဲတိုးဝင်လာတာ ဘယ်ကအကောင်ပေါက်လေးလဲ''
"အဲ့ဒါ ဦးက အတင်းဖက်ထားတာလေ''
ယဥ်ကျေးတဲ့ကောင်လေးရဲ့မထိတထိရန်တွေ့ပုံ။ ရင်ကို
ကလိကလိဖြစ်စေလွန်းလို့ နှာထိပ်ကိုခပ်ဖွဖွဆွဲညှစ်လိုက်မိ၏။ထို့နောက်ခေါင်းလုံးလုံးကဆံသားလေးတွေကို
တစ်ချက်နမ်းရှိုက်လိုက်သည်။
"တစ်ခါတလေ အသွေးကိုဖန်လုံးထဲထည့်ပြီးဘယ်သူမှ
မမြင်တဲ့နေရာမှာဖွက်ထားချင်လိုက်တာ''
ကိုယ်ကိုအနောက်သို့ပြန်ယို့၍ကားlockဖွင့်ပေးကာပြောလိုက်တော့ မျက်လွှာလေးပင့်လို့ လူကိုခိုးကြည့်လာသည်။
ရှက်စိတ်ကအခုတိုင်ထိမပြယ်သေးတဲ့ကောင်လေးသည် လွယ်အိတ်ကိုကျစ်ကျစ်ဆုပ်ကိုင်ထား၍ငြိမ်နေသည်။အခုပြောလိုက်တဲ့ကိုယ့်စကားကြောင့် ပိုပြီး ရှက်သွားပုံ။
ဘယ်တတ်နိုင်မည်လဲ။ ကိုယ့်အမျိုးသားလေးကိုကချစ်ဖို့ကောင်းနေတာ။
ကားတံခါးဖွင့်ပေးတာကိုမဆင်းသေးတဲ့ကောင်လေးအားထပ်ကာစချင်ပြန်သည်။
"သွားလေ ဘာလဲ ကိုယ့်ကိုအာဘွားပေးဖို့လား?''
"သွားမှာဗျ''
လွယ်အိတ်အားမြန်မြန်လွယ်လိုက်ပြီးကျောင်းထဲပြေး
မဝင်ရုံတမယ် ခေါင်းလေးကုတ်လျက်သွားနေသောကောင်လေးကိုပြုံးရင်းဖြင့်ကြည်နူးစွာကြည့်နေလိုက်
သည်။
တစ်နေ့ သူလေးကချစ်ပါတယ်ဆိုပြီးပြောလာတဲ့တစ်နေ့ ပါးမို့မို့လေးနှစ်ဖက်ကိုရဲတွတ်သွားအောင် အားပါးတရနမ်းပစ်ဦးမည်။
~~~~~
"ဒေါင်း မင်းလက်က''
ဒေါင်း၏လက်တစ်ဖက်တွင်ဓားရာကရှိနေသည်။
ပတ်တီးမစည်းထားတာကြောင့်သွေးတွေခြောက်ကပ်နေပုံက ထိတ်လန့်စရာကောင်းလွန်းသည်။
အနားဝင်ထိုင်ပြီးလက်အားကြည့်မယ်လုပ်တော့ ဒေါင်းကချက်ချင်းဆိုသလိုလက်ကိုခုံအောက်ဖွက်လိုက်သည်။
"မင်းမချစ်နိုင်ရင်စိတ်မပူနဲ့ သွေး''
လာပြန်ပြီ ဒီစကား။သွေး စိတ်ရှုပ်စွာသက်ပြင်းချမိသည်။
"ငါကမင်းကိုသူငယ်ချင်း...''
"ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး ''
စကားကမဆုံးသေးသော်လည်းကြိုသိနေသည့်ဒေါင်းက ခက်ထန်စွာပြောဆိုလာသည်။
မဖြစ်နိုင်တော့တာသိသားနဲ့ဘာကြောင့်ဆက်ပြီးအကြောတင်းနေသေးရတာလဲ?
သွေးလိုချင်နေခဲ့တဲ့သူငယ်ချင်းဆက်ဆံရေးကတော့တကယ်ကိုစိတ်မကောင်းစွာအဆုံးသတ်သွားခဲ့ပြီ။
စာသင်နေချိန်တစ်လျှောက်မှာလည်းစိတ်က လေးလံပြီး စကားပင်ပြောချင်စိတ်မရှိပါ။
တစ်ချိန်ကသူငယ်ချင်းဖြစ်ခဲ့ဖူးသည့်
ဓားရာနဲ့ဒေါင်း အဆင်ပြေပါ့မလားဆိုပြီး
မကြာခဏဆိုသလိုမသိမသာခိုးကြည့်နေရသည်။
စာသင်ချိန်တွေအကုန်ပြီးသွားသောအခါ
ဒေါင်းကအရင်ထွက်သွားသည်။
စိတ်မကောင်းသော်လည်းမတတ်နိုင်။
အိမ်ထောင်သည်ကိုဆက်ပြီးမတွယ်တာသင့်သလို ရောနှောပြီးတော့လည်းမနေသင့်ဟုထင်။
ဒါ့ကြောင့်အခုလိုသူစိမ်းဖြစ်သွားတာကလည်းတစ်မျိုးကောင်းပါသည်။
"သွေး''
ကျောင်းပြင်ရောက်စဥ်ဘေးကလာသည့်အသံကြောင့်ကြည့်လိုက်ရာ ဒေါင်းဖြစ်နေသည်။
အနားတိုးလာသည့်ဒေါင်းကြောင့် ဦးလွှမ်းဝဏ္ဏထည် ဆီဖုန်းခေါ်မည့်အလုပ်ကိုသွေးခဏရပ်လိုက်သည်။
"ဦးလွှမ်းဝဏ္ဏထည် ဆီမှာမင်းမပျော်တော့ရင်ငါ့ဆီပြေးလာခဲ့ပါသွေး ငါဘယ်လောက်ပဲစောင့်ရစောင့်ရစောင့်နိုင်တယ် ပြေးလာမယ်မဟုတ်လား?''
"ဒေါင်း ငါက..''
"ငါသွားတော့မယ် သွေး ''
သူ့နှုတ်ခမ်းဖျားမှနာကျင်ဖို့ကောင်းသည့်
စကားလုံးတွေထွက်မလာခင်အရင်ကျောခိုင်းလိုက်မိသည်။
မဖြစ်နိုင်တော့မှန်းသိပါရဲ့။သို့သော်ဆက်ပြီးတွယ်တာချင်တုန်းပဲ။
ငါမငိုတော့ဘူးသွေး။ဒါပေမယ့်ရင်ဘတ်ကနာကျင်မှုကတော့သွေးမျက်ရည်ပါစီးနေပြီ။
လက်ကဒဏ်ရာလေးကိုဖွဖွထိတို့ရင်းရူးမိုက်စွာရီလိုက်မိသည်။
တကယ့်ကိုမရူးရုံတမယ်ပါဘဲ။
တစ်စုံတစ်ယောက်ကိုချစ်နေမိရင်သူ့အပေါ်အများကြီး
မမျှော်လင့်ဖို့ဆိုတဲ့စကား မေမေကပြောခဲ့ဖူးသည်။
မဟုတ်ရင်နာကျင်ရမည့်သူကသားပဲဖြစ်လာမှာမို့တဲ့။
သူကတော့အရမ်းကိုမျှော်လင့်ခဲ့လို့အရမ်းလည်းနာကျင်နေရပြီ။
သို့သော်ဆက်၍ရူးမိုက်ချင်တုန်း။
တစ်ခါတလေတော့လည်းဒေါင်းသူ့ကိုယ်သူစိတ်ပျက်စွာတွေးနေမိလာသည်။
ငါဘာကြောင့်မွေးဖွားလာရတာလဲဆိုပြီး လောကကြီးကို
မေးခွန်းထုတ်ချင်သည်။ တစ်လောကလုံးကအဆင်ပြေနေပြီး သူကပဲ ကွက်ပြီး အဆင်မပြေတာ။ သူကပဲ မမွေးဖွားလာသင့်သလို။
"ဒါတွေကို ကိုယ့်အစားစစ်ပေး''
ကုမ္ပဏီသို့ရောက်သည်နှင့်အလုပ်ကပေါ်လာသည်။
ငါးအုပ်မကရှိနေသည့်ဖိုင်တွေကိုဦးလွှမ်းဝဏ္ဏထည် ပြောသည့်အတိုင်းသေချာဂရုစိုက်စွာစစ်ရသည်။
အမှားပါမှာသေမလောက်ကြောက်တာကြောင့်လည်း
တစ်အုပ်စီတိုင်းကိုထပ်ခါထပ်ခါပြန်ပြန်စစ်မိသည်။
ဖိုင်တွေအကုန်စစ်ပြီးတဲ့အခါမှာနောက်ထပ်အလုပ်ကကြိုပြန်သည်။
"စာရိုက်တတ်တယ်မဟုတ်လား အသွေး
ဒါကိုရိုက်ပေး ပြီးရင်အရွက်သုံးဆယ်လောက် Copy ထား''
"ဟုတ်ကဲ့ဗျ''
ဦးလွှမ်းဝဏ္ဏထည် ပေးလာသောစာအုပ်ကအထူကြီးပင်။
ထိုထဲမှရိုက်ရမည့်စာကြောင်းတွေကိုအစိမ်းရောင်မျဥ်းတန်းထားရှိထားသည်။
စာတွေအားလုံးကဆယ်မျက်နှာကျော်ကျော်ရှိနေသည်မို့ တစ်ခါမှအလုပ်မလုပ်ဖူးသေးသည့် သွေးမှာ ခဏလေးနဲ့လက်ချောင်းတွေကိုက်ပြီး ဇက်ကြောပါတက်နေသည်။
သွေးစာရိုက်နေစဥ် ဦးလွှမ်းဝဏ္ဏထည် က
သွေးစစ်ထားတဲ့ဖိုင်တွေကိုတစ်ဖန်ပြန်စစ်လေသည်။
စာတွေအကုန်ရိုက်ပြီးသွားသည်နှင့်
ဦးလွှမ်းဝဏ္ဏထည် မှာထားသလိုလုပ်ပြီး
Laptop ထဲ စာကြမ်းတွေမကျန်စေရန်ရှင်းရပြန်သည်။
အလုပ်ကပြီးပြီမို့သွေးဆိုဖာပေါ်မှီ၍သက်တောင့်သက်သာနဲ့ခဏနေလိုက်သည်။
ကျင့်သားမရသေးတာကြောင့် သွေးလုပ်ခဲ့ဖူးသည့်အလုပ်ကြမ်းတွေထက်တောင်ပိုခက်နေသလိုခံစားရသည်။
အပြင်ထွက်သွားသည့်ဦးလွှမ်းဝဏ္ဏထည်ပြန်ရောက်လာသောအခါ သွေး ပုံစံကျကျပြောင်းထိုင်လိုက်သည်။
သွေးအရှေ့ဆိုဖာတွင်ဝင်ထိုင်လာသည့်
ဦးလွှမ်းဝဏ္ဏထည် က ဖိုင်အကြီးတစ်အုပ်ကိုလည်းကိုင်ထားသေးသည်။
"ကိုယ်အသွေးကိုအလုပ်တစ်ခုပေးမယ် အသွေး
ပုံဆွဲတတ်တယ်ဟုတ် အဲ့ဒါကြောင့်ကောင်းကောင်းအသုံးချခွင့်ပေးမယ် အောင်မြင်ရမယ်လို့မပြောဘူး
အတွေ့အကြုံရစေချင်ရုံပဲ''
ပုံဆွဲတာကျွမ်းပေမယ့် ဦးလွှမ်းဝဏ္ဏထည် ဆိုလိုရင်းကိုတော့သွေးမသိ။
ဖွင့်ဟထားတဲ့ဖိုင်အုပ်ကိုကြည့်ရင်း
ဦးလွှမ်းဝဏ္ဏထည် ပြောသမျှကိုဂရုတစိုက်နားထောင်မိသည်။
"ဒါက အပန်းဖြေစံအိမ်ဆောက်မလို့
ပုံကအခုထိမရွေးချယ်ရသေးဘူး
ဒါကြောင့်အသွေးကိုအခွင့်ရေးပေးမယ်
ကျောင်းပုံတွေဘာတွေဆွဲတတ်တယ်ဟုတ်''
"ဟုတ်ကဲ့ အဆောက်အအုံပုံတွေက ငယ်ငယ်ကတည်းက
ကျွမ်းတာဗျ''
"ဒါဆိုပိုလွယ်သွားပြီ အသွေးလုပ်ရမှာက ပုံကို လူတွေစိတ်ဝင်စားအောင်ဆွဲရမယ် လောကမှာ မရှိသေးတဲ့ပုံစံမျိုး စိတ်ကူးထဲကအတိုင်းဆွဲ အနောက်တိုင်းဆန်ဖို့မလိုဘူး သဘာဝကျကျနဲ့နေချင်စဖွယ်ကောင်းအောင်တော့ဆွဲရမယ်''
"ဟုတ်ကဲ့''
ပုံဆွဲရတာမခက်သော်လည်းလူတွေစိတ်ဝင်စားအောင်ဆိုတာကတော့ခက်မယ်ထင်ရဲ့။ ကျောင်းတုန်းကပန်းချီပွဲတွေမှာ ဆွဲဖူးပေမယ့်လည်းပေါ့။
"အချိန်ကဘယ်အထိလဲဗျ''
"နှစ်ပတ်''
"ဟုတ်ကဲ့ဗျ''
နှစ်ပတ်အလွန်မှတင်ပြရမယ့်ပုံမို့ အကြမ်းဆွဲကြည့်၍ရသေးသည်။
ဖိုင်အုပ်အားကိုင်၍စဥ်းစားခန်းဝင်နေသောကောင်လေးကိုနားထင်ထောက်လို့ပြုံးပြုံးလေးကြည့်နေမိသည်။
မင်းရဲ့အရည်အချင်းတွေကိုလူတွေမြင်အောင်ထုတ်ပြလိုက်စမ်းပါ။မင်းလုပ်နိုင်တယ်ဆိုတာကိုယ်ကောင်းကောင်းသိတယ်။
အလုပ်မှအိပ်ကိုပြန်အရောက် ညစာ စားပြီးစာတွေပြန်နွေးပြီးသောအခါသွေး လေသာဆောင်ဘက်ခဏထွက်လာလိုက်သည်။
အမိုးစင်အောက်စီတန်းနေသောပန်းအိုးသေးသေးသုံးလေးလုံးမှာ အရွက်စိမ်းသေးသေးနှစ်ရွက်စီပေါ်လာသည်။
ဒါကသွေးစိုက်ထားတဲ့ညမွှေးပန်းလေးတွေချည်း။
အနားတစ်ဝိုက်စစ်ဆေးပြီးသောအခါ
အိပ်ခန်းထဲတန်းပြန်ဝင်လာရသည်။
ဦးလွှမ်းဝဏ္ဏထည် ကအပြင်မှာအကြာကြီးမနေဖို့မှာထားတာကြောင့်ဖြစ်သည်။
အခန်းထဲရောက်တော့အင်္ကျီဟပြဲနဲ့ဖုန်းပြောနေသော ဦးလွှမ်းဝဏ္ဏထည် က သွေးရှေ့လာရပ်နေသည်။ သူများရှက်တတ်တာကို တမင်အခွင့်ကောင်းယူနေသလို။
"ကိုယ့်ကိုကြယ်သီးတပ်ပေးနိုင်မလား
အသွေး?''
ခိုင်းနေသောလေသံမဟုတ်ဘဲတောင်းဆိုနေသည့်လေသံနဲ့ပင်။
ငြင်းစရာလည်းဘာအကြောင်းမှမရှိတာကြောင့် မရဲတရဲဖြင့် ဦးလွှမ်းဝဏ္ဏထည် ဆီလှမ်းကာ ကြယ်သီးတပ်ပေးလိုက်သည်။
အနီးကပ်ကြီးနေရတာတစ်မျိုးဖြစ်နေသည်မို့သွေးမြန်မြန်သာတပ်ပေးသည်။
"ပြီးပြီဗျ''
"နေဦး''
နောက်သို့ဆုတ်မယ်အလုပ်လူကြီးရဲ့လက်မောင်းတစ်ဖက်က သွေးခါးတစ်ဝိုက်ရစ်ပတ်လာသည်။
အသားချင်းထိကပ်မတတ်မို့ သွေး လက်နှစ်ဖက်နှင့် ဦးလွှမ်းဝဏ္ဏထည် ၏ရင်ဘတ်တစ်ဝိုက်ကိုထောက်ကာထားသည်။
ပြုံးစိစိနဲ့ ဦးလွှမ်းဝဏ္ဏထည် သည် သွေးကိုစနောက်ပြန်ပြီ။
"အိပ်ရာဝင် အနမ်းလေးပေးလေ''
ခေါင်းရမ်းပြလိုက်သောအခါ လူကြီးရဲ့မျက်နှာကသွေးအနားပိုရောက်လာသည်။
"အသွေးပေးမလား ကိုယ်ပေးရမလား?''
နီးကပ်လွန်းနေသောလူကြီးရဲ့မျက်နှာကြောင့်သွေးနေရခက်နေပြီ။
ဒီနေ့မှ သွေးကိုစနေလိုက်တာ ဘာကြောင့်ရယ်မှမသိ။
မေမေ့ကိုတောင်တစ်ခါမှအနမ်းလေးမပေးဖူးတာကြောင့် ဦးလွှမ်းဝဏ္ဏထည် ဆို ပြောမနေတော့နှင့်။
သူလေးအနေခက်တာသိပါသော်လည်းချစ်တယ်ဆိုတဲ့စကားလုံးအောက်မှာကျီစယ်မှုတွေအများကြီးရှိသေးသည်။
"ဒါဆို ကိုယ်ပေးပြီ''
အနားကပ်လိုက်သည့်အခါ ကောင်လေးသည် မျက်လုံးမှိတ်ပြီး ငြိမ်နေလေသည်။
ရင်ဘတ်ကိုထောက်လာသည့်လက်နှစ်ဖက်က အင်္ကျီစကိုကျစ်ကျစ်ဆုပ်ကိုင်ထားသည်။
ဆံပြင်တိုလေးတွေဖြာကျနေသည့်နဖူးပြင်လေးကိုတစ်မိနစ်မျှဖိကပ်နမ်းရှိုက်လိုက်သည်။
အနမ်းပေးပြီးသောကိုယ်ကိုပြန်ယို့တော့မှ
မျက်လွှာလေးဖွင့်လာသည့်ကောင်လေး။
မျက်တောင်ပုတ်ခတ်ခတ်နဲ့ဟိုဟိုဒီဒီကြည့်ပြီးလက်သည်းလည်းကိုက်နေပြန်သည်။
ဒါက ရှက်နေချိန်မှပေါ်လာတဲ့အသွေးရဲ့အကျင့်တစ်ခု။
"Goodnight အသွေး ''
"ဟုတ်ကဲ့''
ကောင်လေးအိပ်ရာဝင်သောအခါ လွှမ်းဝဏ္ဏထည် အပြင်ထွက်၍ သူ့ရဲ့အိမ်ရုံးခန်းသို့ခြေလှမ်းလိုက်သည်။
အလုပ်ကပြီးနေပြီဖြစ်သော်လည်းကောင်လေး နေရမခက်အောင်ရှောင်ပေးဖြစ်သည်။ သူ့အတွက်သူထွက်သွားတာဆိုပိုမှန်ပါသည်။ အသွေးအသားနဲ့လူမို့ သမာဓိဘယ်လောက်ခိုင်တယ်ပြောပြော ချစ်တဲ့သူက မျက်စိအောက် အချိန်ပြည့်ရှိနေတာ။ ချစ်စရာကောင်းတဲ့ချစ်သူ
ချစ်လွန်းလို့ယူထားတဲ့သူမို့ တစ်ခါတလေ အချစ်တွေပေးချင်နေမိသား။
ဘဝက မြင်သာမြင် မကြင်ရတဲ့ဘဝထက် ပိုဆိုးနေသလို။
သိပ်ချစ်လွန်းတာကြောင့် မြတ်နိုးလွန်းတာကြောင့်
တန်ဖိုးထားလွန်းတာကြောင့် အချိန်တစ်ခုထိတော့
သူ စောင့်ရပေဦးမည်။
အသွေးက ချစ်ပါသတဲ့ပြောလာမယ့်အချိန်ပေါ့။
.
.
Greenleaf 🌿
________________________________________________
18
.
.
ပုံမွန္နိုးေလ့ရွိသည့္မနက္ေလးနာရီအခ်ိန္။
မ်က္လုံးတို႔ဖြင့္လာသည့္အခ်ိန္ ခါးမွဖက္တြယ္ထားသည့္လက္ေမာင္းႀကီးေၾကာင့္ဖ်တ္ခနဲကိုလန့္သြားမိသည္။
စိတ္ေလွ်ာ့ကာေလျပင္းမႈတ္ထုတ္၍
ထမယ္လုပ္ေသာ္လည္း လက္ေမာင္းႀကီးကမဖယ္ေပး။
"ဘယ္သြားမို႔လဲ?''
နားထင္မွထြက္လာေသာတိုးလ်လ်အသံ။
ဒါဆို ဦးလႊမ္းဝဏၰထည္လည္းနိုးသြားၿပီဆိုသည့္သေဘာ။
ေစာေစာအိပ္ခိုင္းမွေတာ့ ေစာေစာနိုးေရာေပါ့။စိတ္ထဲက
ေျပာလိုက္မိေသာ္ျငား ဦးလႊမ္းဝဏၰထည္ၾကားေအာင္ေတာ့ ေသြးမေျပာ။ အိပ္ရာထခါစ စကားေျပာရာမွာပ်င္းတယ္ေျပာရမလား။
လက္ေမာင္းႀကီးႏွစ္ဖက္ၾကားက အတင္း႐ုန္းကာထမယ္ႀကံေတာ့ ဦးလႊမ္းဝဏၰထည္ ညစ္သည္။ ေျခေထာက္ႏွစ္ဖက္ကိုပါ သူ႕ေျခတစ္ဖက္နဲ႕ဖိထားလာသျဖင့္ ေသြး ႏႈတ္ခမ္းစူခ်င္လာ၏။ ေ႐ႊစိတ္ေတာ္ညိုးခ်င္လာတာကိုသိေတာ့ လူႀကီးကတၿပဳံးၿပဳံး။
"ေယာက္်ားလို႔ေခၚေလ မဟုတ္ရင္ မြမြေပး''
မနက္ေစာေစာထရစ္တာကေလးေတြပဲရွိမယ္ထင္ခဲ့တာ
လူႀကီးေတြလည္းလုပ္တတ္တာပဲလား။တည္ၿငိမ္ရင့္က်က္
တဲ့လူႀကီးျဖစ္ေနေတာ့ ေသြးမွာ ပိုအံ့ၾသရလို႔မဆုံး။
"ကေလးလည္းမဟုတ္ဘဲနဲ႕ ဘယ္လိုျဖစ္လို႔''
ေသြးျငဴျငဴစူစူေျပာရင္း႐ုန္းေတာ့ ေသြးလည္တိုင္နား
ေခါင္းတိုးေဝွ႕လာၿပီး ပါးႏွစ္ဖက္မွအစ လည္တိုင္တစ္ခုလုံးကို ခပ္ဖြဖြနမ္းလာေနသည္။
"အေစာႀကီးပဲရွိေသးတယ္ ျပန္အိပ္ရေအာင္ေလ
အေသြးျပန္မအိပ္ရင္ ကိုယ္ကအေသြးကိုလုံးဝမထနိုင္ေအာင္ လုပ္ပစ္မွာ''
"ဟာ!''
မ်က္လုံးႀကီးျပဴးသြားရတာအမွန္။ ဒီလူႀကီးၿပဳံးတုတုနဲ႕ရိုးသားမေနပါ။ မနက္ေစာေစာကို ေပါက္တတ္ကရေတြေျပာရသလား ဆိုၿပီး လက္ေမာင္းကိုဆြဲညွစ္ပစ္ေတာ့
နာက်င္ဟန္လုပ္ျပသည္။ ဒီလူႀကီး ဒီလို ကေလးဆန္ဆန္အက်င့္ကေလးေတြရွိမယ္လို႔ေသြးဘယ္တုန္းကမွမထင္မိခဲ့။ျပန္မအိပ္မခ်င္း ရစ္တာရပ္မယ့္ပုံမေပၚတာမို႔ ေသြး
မ်က္လုံးကိုမွိတ္ၿပီး လူႀကီးရဲ႕ရင္ခြင္ထဲ တစ္ဖန္တိုးဝင္လိုက္ပါသည္။
ေခါင္းေပၚက်လာတဲ့အနမ္းေတြကအစ ေက်ာကိုပုတ္ေနတဲ့လက္ေတြမွာ ႏြေးေထြးမႈေျမာက္ျမားစြာနဲ႕။
တစ္ဖန္ျပန္နိုးသည့္အခါမွာေတာ့ မနက္၇နာရီထိုးလုနီးနီး။
ဦးလႊမ္းဝဏၰထည္က ေရမိုးခ်ိဳးၿပီးလို႔ အလုပ္သြားမယ့္
ဝတ္႐ုံအျပည့္အစုံနဲ႕ျဖစ္ေနၿပီ။နာရီေကာက္ဝတ္ရင္း ယခုမွထလာသည့္ ေသြးကို ခပ္သဲ့သဲ့ၿပဳံးျပသည္။
"ကိုယ္ေရစပ္ေပးထားတယ္ ေက်ာင္းသြားဖို႔အကၤ်ီလည္းထုတ္ထားေပးမယ္ အေသြးကခ်ိဳးလိုက္႐ုံဝတ္လိုက္႐ုံပဲ
မေလာနဲ႕''
"ဟုတ္''
ဦးလႊမ္းဝဏၰထည္က ဦးအရင္းလိုအားကိုးရသူကေန
ခင္ပြန္းလိုအားကိုးရသူအျဖစ္ေျပာင္းလဲသြားခ်ိန္ ေလသံေတြကအစ ဂ႐ုစိုက္မႈေတြကအဆုံး ေျပာင္းလဲလာသည္။
ေမတၱာေတြဂ႐ုဏာေတြပိုလာသည္။ သို႔ေပမယ့္ ေသြးကေတာ့ ဦးလႊမ္းဝဏၰထည္အေပၚအရင္လို တေလးတစား ရွိေနတုန္းပါပဲ။
ေသြးေရမိုးခ်ိဳးၿပီးလို႔ေက်ာင္းသြားဖို႔ပါအဆင္သင့္ျဖစ္
သည့္အခါ ဦးလႊမ္းဝဏၰထည္က ေက်ာင္းမသြားခင္
မနက္စာ မစားခင္ အခ်ိန္ကိုအက်ိဳးရွိရွိအသုံးခ်ေစေနသည္။
တစ္ညလုံးအိပ္ထားသည့္ဖဲေမြ႕ယာေပၚ ထိုင္ဖို႔ေျပာေနသည္။ငုတ္တုတ္ေလးဝင္ထိုင္လိုက္ေသာအခါ
ဦးလႊမ္းဝဏၰထည္ လည္းေသြးအေရွ႕ဝင္ထိုင္လာသည္။
"မေန႕ကကိုယ္ေလ့လာခိုင္းထားတဲ့ငွာနေတြ
အေၾကာင္း အက်ဥ္းခ်ဳပ္ကို အကုန္ခ်ေရး ဘယ္ေနရာမွာဘာရွိေနလဲ ေခါင္းေဆာင္ပိုင္းကဘယ္သူလဲ ဘာကိုအဓိကလုပ္ေဆာင္ေနလဲဆိုတာကအစ ''
"ဟုတ္ကဲ့ဗ်''
ေဘာပင္အားကိုင္၍ပထမဆုံး ကုမၸဏီထဲဝင္ဝင္ခ်င္းရွိေနသည့္ ငွာန Reception ငွာနကိုအရင္ခ်ေရးသည္။
ေသြး တစ္ခုၿပီးတစ္ခုခ်ေရးေနစဥ္
ဦးလႊမ္းဝဏၰထည္ က ေသြးအနားကထၿပီးအပူေပးစက္အားျမင့္လိုက္ေလသည္။
ဒါ့ေၾကာင့္ အခန္းႀကီးကႏြေးေနတာ
အျပင္ကေအးစက္သည့္ေလထုႀကီးနဲ႕လားလားမွ်မဆိုင္။
ေသြးေျဖတာကိုေစာင့္ေနသည့္ ဦးလႊမ္းဝဏၰထည္ က ဆိုဖာတြင္ထိုင္ရင္းစာဖတ္ေနသည္။
ဦးလႊမ္းဝဏၰထည္ သည္အားသည့္အခ်ိန္တိုင္းစာဖတ္ေလ့ရွိတာကိုေသြးသတိထားမိသည္။
ေလ့လာထားသည့္အတိုင္းတစ္ခုၿပီးတစ္ခုခ်ေရးလိုက္ရာအခ်ိန္ နာရီဝက္ေက်ာ္ေက်ာ္မွာေတာ့ အကုန္ၿပီးသြားသည္။
"ၿပီးၿပီဗ်''
"အင္း''
စည္းစနစ္ႀကီးသည့္ ဦးလႊမ္းဝဏၰထည္ သည္ ဖက္လက္စ စာအုပ္ကိုလည္းသူ႕ေနရာနဲ႕သူျပန္စီထားသည္။
အနားေရာက္လာေသာအခါ ေသြး ေျဖထားသည့္စာ႐ြက္ေပးလိုက္သည္။
စာမ်က္ႏွာႏွစ္ခုရွိသည့္စာ႐ြက္ကိုေသြးစာအျပည့္ေရးထားသည္။
"ဝန္ထမ္းေတြနားေနခန္းကေရာ''
နားေနခန္း? နားေနခန္းကေလ့လာရမယ့္ငွာနတစ္ခုလား? ဒါဆိုရင္ေတာ့ သြားၿပီပဲ။ နားေနခန္းရွိေနသည့္ေနရာကိုေတာင္ေသြးမသိပါ။
"ေလ့လာရမယ့္ထဲမပါဘူးထင္လို႔ဗ်''
"ဘယ္ေနရာမွဘာရွိေနလဲဆိုတဲ့စကားကကုမၸဏီတစ္ခုလုံးကိုေျပာတာ ဒါဆိုနားေနခန္းဘယ္မွာရွိေနလဲ အေသြး
မသိဘူးေပါ့''
"ဟုတ္ မသိဘူးဗ် ''
မသိတာကိုမသိတဲ့အေၾကာင္းေခါင္းရမ္းျပၿပီး ေသြး
ေခါင္းငုံ႕ကာၿငိမ္မိသြားသည္။လႊမ္းဝဏၰထည္မွာေတာ့ လက္သည္းကိုက္ေနေသာေကာင္ေလးအား အသား
တယားယား။
မ်က္ႏွာသစ္ထားတာေၾကာင့္ မ်က္ေတာင္ရွည္ေလးေတြမွာ ေရစက္ကေလးေတြတြဲခိုလ်က္သား။
ဆူလည္းမဆူရက္။
"ေနာက္ဆိုသတိထားပါအေသြး ေနာက္ကိုယ္တစ္ခုခုေမးရင္မသိဘူးဆိုတာမျဖစ္ေစနဲ႕''
"ဟုတ္ကဲ့ ''
ဦးလႊမ္းဝဏၰထည္ စိတ္ဆိုးသြားၿပီးထင္သြားေသာ္လည္း တကယ္တမ္း စိတ္ဆိုးမေနပါ။
ေသြးဆံသားေတြကိုတစ္ခ်က္ဖြာၿပီး သတိထားဖို႔ရာ
ညင္ညင္သာသာ ေျပာလာသည္။
ခ်စ္လို႔ယူထားတယ္ဆိုသည့္စကားအတိုင္းဆူၿပီးရင္ျပန္ေခ်ာ့ေပးသည္။ တစ္ခါတေလ ဆူပါမ်ားရင္ ေသြးလည္း
စိတ္ေကာက္ခ်င္လာသလိုလို။ တစ္ဘဝလုံးစာကိုပုံေအာေပးလိုက္တဲ့ခင္ပြန္းျဖစ္သြားတာေၾကာင့္လား ။ တစ္ခါတေလ ေတာ့ ဆိုးႏြဲ႕ခ်င္မိသား။
မနက္စာစားသုံးသည့္အခါ ေက်ာင္းသြားဖို႔ကို
ဦးလႊမ္းဝဏၰထည္ ကိုယ္တိုင္လိုက္ပို႔ေပးသည္။
ခါးပတ္ အားျဖဳတ္ၿပီးကားေပၚကဆင္းမယ္အလုပ္ လက္တစ္ဖက္ကို ဦးလႊမ္းဝဏၰထည္ က ဖြဖြဆြဲထား၏။
"စိတ္ညစ္ေနတယ္မွတ္လား ကိုယ့္ကိုေျပာ
ဘာျဖစ္တာလဲ? "
ေသြးစိတ္ကိုဦးလႊမ္းဝဏၰထည္ကျမင္နိုင္တယ္လား?
ေက်ာင္းဆိုသည့္အသံၾကားလိုက္တာနဲ႕
ေဒါင္းကိုေတြးလိုက္မိတာေၾကာင့္ စိတ္ညစ္ျခင္းသာ။
ဒီေန႕ကေရာ ေဒါင္းဘာေတြထပ္ရစ္ဦးမလဲႀကိဳေတြးကာ ရင္ေမာေနရသည္။
ဦးလႊမ္းဝဏၰထည္ ကိုလည္းဘယ္လိုေျပာျပရမွန္းမသိတာေၾကာင့္ေခါင္းသာရမ္းျပလိုက္သည္။
တကယ္လည္းေျပာခ်င္စိတ္မရွိပါ။
အနည္းနဲ႕အမ်ားေတာ့စိတ္ဆင္းရဲမိသည္။ ေဒါင္းကိုနားဘယ္လိုခ်ရမလဲ ေသြးအခုထိမသိနိုင္ေသး။ စိတ္ဆင္းရဲတာကိုမ်က္ႏွာတြင္မေပၚေအာင္ႀကိဳးစား၍ေနတာေတာင္ ဦးလႊမ္းဝဏၰထည္က ရိပ္မိသည္။ ေသြးကပဲဟန္ေဆာင္
မေကာင္းလို႔မ်ားလား။
"ဟို ကြၽန္ေတာ္ေက်ာင္းထဲဝင္လို႔ရၿပီလားဗ်''
"ကိုယ့္ကိုအာဘြားေပးမယ္ဆိုရင္ရတယ္''
"ဗ်ာ!''
မ်က္လုံးဝိုင္းလ်က္သူ႕အားေၾကာင္ၾကည့္လာေသာေကာင္ေလးေၾကာင့္ လႊမ္းဝဏၰထည္ မွာၿပဳံးခ်င္ခ်င္ပဲ။
စလိုက္႐ုံသက္သက္သာျဖစ္ေပမယ့္
အသည္းယားေအာင္ေကာင္ေလးက သိပ္လုပ္သည္။
ဒါ့ေၾကာင့္သူေလးဆီကအနမ္းေလးတစ္ပြင့္ကို တကယ္ရမွျဖစ္ေတာ့မည္။
မ်က္ႏွာကိုသူေလးအနားပိုပိုတိုးကပ္လိုက္ေတာ့သူေလးမွာ မ်က္ေတာင္တဖ်ပ္ဖ်ပ္နဲ႕ ဟိုဟိုဒီဒီ ၾကည့္ကာ အရွက္ႀကီးေနရွာသည္။
မွန္တံခါးကိုလက္ေထာက္လိုက္သည့္အခါ
ကိုယ့္ရင္ခြင္ထဲသူေလးေရာက္ေနၿပီးသားပဲ။
သို႔ေသာ္ သူေလးအဆင္ေျပေအာင္ေတာ့ခပ္ခြာခြာေနေပးရသည္။
"ေပးေလ မေပးရင္ေက်ာင္းထဲမဝင္ရဘူး''
မ်က္ႏွာအားသူေလးေရွ႕တိုးကပ္လိုက္သည့္အခါ လက္ကေလးႏွစ္ဖက္က ရင္ဘတ္ကိုေထာက္လာသည္။
"အနိုင္မက်င့္ပါနဲ႕ဗ် အန္တီခ်ိဳနဲ႕တိုင္မွာ''
မ်က္ႏွာေလးဝွက္ၿပီးကေလးဆန္ဆန္ေျပာလာသည့္ေကာင္ေလးေၾကာင့္ လႊမ္းဝဏၰထည္ အသည္းယားစြာ ဟက္ခနဲရီမိသည္။
ရင္ခြင္ထဲေရာက္လို႔ေျပးေပါက္ပိတ္ေနၿပီကိုစြာခ်င္ေသးတယ္။
"ဟုတ္လား ဒါဆို မနက္က ဒီလူရဲ႕ရင္ခြင္ထဲတိုးဝင္လာတာ ဘယ္ကအေကာင္ေပါက္ေလးလဲ''
"အဲ့ဒါ ဦးက အတင္းဖက္ထားတာေလ''
ယဥ္ေက်းတဲ့ေကာင္ေလးရဲ႕မထိတထိရန္ေတြ႕ပုံ။ ရင္ကို
ကလိကလိျဖစ္ေစလြန္းလို႔ ႏွာထိပ္ကိုခပ္ဖြဖြဆြဲညွစ္လိုက္မိ၏။ထို႔ေနာက္ေခါင္းလုံးလုံးကဆံသားေလးေတြကို
တစ္ခ်က္နမ္းရွိုက္လိုက္သည္။
"တစ္ခါတေလ အေသြးကိုဖန္လုံးထဲထည့္ၿပီးဘယ္သူမွ
မျမင္တဲ့ေနရာမွာဖြက္ထားခ်င္လိုက္တာ''
ကိုယ္ကိုအေနာက္သို႔ျပန္ယို႔၍ကားlockဖြင့္ေပးကာေျပာလိုက္ေတာ့ မ်က္လႊာေလးပင့္လို႔ လူကိုခိုးၾကည့္လာသည္။
ရွက္စိတ္ကအခုတိုင္ထိမျပယ္ေသးတဲ့ေကာင္ေလးသည္ လြယ္အိတ္ကိုက်စ္က်စ္ဆုပ္ကိုင္ထား၍ၿငိမ္ေနသည္။အခုေျပာလိုက္တဲ့ကိုယ့္စကားေၾကာင့္ ပိုၿပီး ရွက္သြားပုံ။
ဘယ္တတ္နိုင္မည္လဲ။ ကိုယ့္အမ်ိဳးသားေလးကိုကခ်စ္ဖို႔ေကာင္းေနတာ။
ကားတံခါးဖြင့္ေပးတာကိုမဆင္းေသးတဲ့ေကာင္ေလးအားထပ္ကာစခ်င္ျပန္သည္။
"သြားေလ ဘာလဲ ကိုယ့္ကိုအာဘြားေပးဖို႔လား?''
"သြားမွာဗ်''
လြယ္အိတ္အားျမန္ျမန္လြယ္လိုက္ၿပီးေက်ာင္းထဲေျပး
မဝင္႐ုံတမယ္ ေခါင္းေလးကုတ္လ်က္သြားေနေသာေကာင္ေလးကိုၿပဳံးရင္းျဖင့္ၾကည္ႏူးစြာၾကည့္ေနလိုက္
သည္။
တစ္ေန႕ သူေလးကခ်စ္ပါတယ္ဆိုၿပီးေျပာလာတဲ့တစ္ေန႕ ပါးမို႔မို႔ေလးႏွစ္ဖက္ကိုရဲတြတ္သြားေအာင္ အားပါးတရနမ္းပစ္ဦးမည္။
~~~~~
"ေဒါင္း မင္းလက္က''
ေဒါင္း၏လက္တစ္ဖက္တြင္ဓားရာကရွိေနသည္။
ပတ္တီးမစည္းထားတာေၾကာင့္ေသြးေတြေျခာက္ကပ္ေနပုံက ထိတ္လန႔္စရာေကာင္းလြန္းသည္။
အနားဝင္ထိုင္ၿပီးလက္အားၾကည့္မယ္လုပ္ေတာ့ ေဒါင္းကခ်က္ခ်င္းဆိုသလိုလက္ကိုခုံေအာက္ဖြက္လိုက္သည္။
"မင္းမခ်စ္နိုင္ရင္စိတ္မပူနဲ႕ ေသြး''
လာျပန္ၿပီ ဒီစကား။ေသြး စိတ္ရႈပ္စြာသက္ျပင္းခ်မိသည္။
"ငါကမင္းကိုသူငယ္ခ်င္း...''
"ငါမင္းနဲ႕သူငယ္ခ်င္းမျဖစ္ခ်င္ဘူး ''
စကားကမဆုံးေသးေသာ္လည္းႀကိဳသိေနသည့္ေဒါင္းက ခက္ထန္စြာေျပာဆိုလာသည္။
မျဖစ္နိုင္ေတာ့တာသိသားနဲ႕ဘာေၾကာင့္ဆက္ၿပီးအေၾကာတင္းေနေသးရတာလဲ?
ေသြးလိုခ်င္ေနခဲ့တဲ့သူငယ္ခ်င္းဆက္ဆံေရးကေတာ့တကယ္ကိုစိတ္မေကာင္းစြာအဆုံးသတ္သြားခဲ့ၿပီ။
စာသင္ေနခ်ိန္တစ္ေလွ်ာက္မွာလည္းစိတ္က ေလးလံၿပီး စကားပင္ေျပာခ်င္စိတ္မရွိပါ။
တစ္ခ်ိန္ကသူငယ္ခ်င္းျဖစ္ခဲ့ဖူးသည့္
ဓားရာနဲ႕ေဒါင္း အဆင္ေျပပါ့မလားဆိုၿပီး
မၾကာခဏဆိုသလိုမသိမသာခိုးၾကည့္ေနရသည္။
စာသင္ခ်ိန္ေတြအကုန္ၿပီးသြားေသာအခါ
ေဒါင္းကအရင္ထြက္သြားသည္။
စိတ္မေကာင္းေသာ္လည္းမတတ္နိုင္။
အိမ္ေထာင္သည္ကိုဆက္ၿပီးမတြယ္တာသင့္သလို ေရာႏွောၿပီးေတာ့လည္းမေနသင့္ဟုထင္။
ဒါ့ေၾကာင့္အခုလိုသူစိမ္းျဖစ္သြားတာကလည္းတစ္မ်ိဳးေကာင္းပါသည္။
"ေသြး''
ေက်ာင္းျပင္ေရာက္စဥ္ေဘးကလာသည့္အသံေၾကာင့္ၾကည့္လိုက္ရာ ေဒါင္းျဖစ္ေနသည္။
အနားတိုးလာသည့္ေဒါင္းေၾကာင့္ ဦးလႊမ္းဝဏၰထည္ ဆီဖုန္းေခၚမည့္အလုပ္ကိုေသြးခဏရပ္လိုက္သည္။
"ဦးလႊမ္းဝဏၰထည္ ဆီမွာမင္းမေပ်ာ္ေတာ့ရင္ငါ့ဆီေျပးလာခဲ့ပါေသြး ငါဘယ္ေလာက္ပဲေစာင့္ရေစာင့္ရေစာင့္နိုင္တယ္ ေျပးလာမယ္မဟုတ္လား?''
"ေဒါင္း ငါက..''
"ငါသြားေတာ့မယ္ ေသြး ''
သူ႕ႏႈတ္ခမ္းဖ်ားမွနာက်င္ဖို႔ေကာင္းသည့္
စကားလုံးေတြထြက္မလာခင္အရင္ေက်ာခိုင္းလိုက္မိသည္။
မျဖစ္နိုင္ေတာ့မွန္းသိပါရဲ႕။သို႔ေသာ္ဆက္ၿပီးတြယ္တာခ်င္တုန္းပဲ။
ငါမငိုေတာ့ဘူးေသြး။ဒါေပမယ့္ရင္ဘတ္ကနာက်င္မႈကေတာ့ေသြးမ်က္ရည္ပါစီးေနၿပီ။
လက္ကဒဏ္ရာေလးကိုဖြဖြထိတို႔ရင္း႐ူးမိုက္စြာရီလိုက္မိသည္။
တကယ့္ကိုမ႐ူး႐ုံတမယ္ပါဘဲ။
တစ္စုံတစ္ေယာက္ကိုခ်စ္ေနမိရင္သူ႕အေပၚအမ်ားႀကီး
မေမွ်ာ္လင့္ဖို႔ဆိုတဲ့စကား ေမေမကေျပာခဲ့ဖူးသည္။
မဟုတ္ရင္နာက်င္ရမည့္သူကသားပဲျဖစ္လာမွာမို႔တဲ့။
သူကေတာ့အရမ္းကိုေမွ်ာ္လင့္ခဲ့လို႔အရမ္းလည္းနာက်င္ေနရၿပီ။
သို႔ေသာ္ဆက္၍႐ူးမိုက္ခ်င္တုန္း။
တစ္ခါတေလေတာ့လည္းေဒါင္းသူ႕ကိုယ္သူစိတ္ပ်က္စြာေတြးေနမိလာသည္။
ငါဘာေၾကာင့္ေမြးဖြားလာရတာလဲဆိုၿပီး ေလာကႀကီးကို
ေမးခြန္းထုတ္ခ်င္သည္။ တစ္ေလာကလုံးကအဆင္ေျပေနၿပီး သူကပဲ ကြက္ၿပီး အဆင္မေျပတာ။ သူကပဲ မေမြးဖြားလာသင့္သလို။
"ဒါေတြကို ကိုယ့္အစားစစ္ေပး''
ကုမၸဏီသို႔ေရာက္သည္ႏွင့္အလုပ္ကေပၚလာသည္။
ငါးအုပ္မကရွိေနသည့္ဖိုင္ေတြကိုဦးလႊမ္းဝဏၰထည္ ေျပာသည့္အတိုင္းေသခ်ာဂ႐ုစိုက္စြာစစ္ရသည္။
အမွားပါမွာေသမေလာက္ေၾကာက္တာေၾကာင့္လည္း
တစ္အုပ္စီတိုင္းကိုထပ္ခါထပ္ခါျပန္ျပန္စစ္မိသည္။
ဖိုင္ေတြအကုန္စစ္ၿပီးတဲ့အခါမွာေနာက္ထပ္အလုပ္ကႀကိဳျပန္သည္။
"စာရိုက္တတ္တယ္မဟုတ္လား အေသြး
ဒါကိုရိုက္ေပး ၿပီးရင္အ႐ြက္သုံးဆယ္ေလာက္ Copy ထား''
"ဟုတ္ကဲ့ဗ်''
ဦးလႊမ္းဝဏၰထည္ ေပးလာေသာစာအုပ္ကအထူႀကီးပင္။
ထိုထဲမွရိုက္ရမည့္စာေၾကာင္းေတြကိုအစိမ္းေရာင္မ်ဥ္းတန္းထားရွိထားသည္။
စာေတြအားလုံးကဆယ္မ်က္ႏွာေက်ာ္ေက်ာ္ရွိေနသည္မို႔ တစ္ခါမွအလုပ္မလုပ္ဖူးေသးသည့္ ေသြးမွာ ခဏေလးနဲ႕လက္ေခ်ာင္းေတြကိုက္ၿပီး ဇက္ေၾကာပါတက္ေနသည္။
ေသြးစာရိုက္ေနစဥ္ ဦးလႊမ္းဝဏၰထည္ က
ေသြးစစ္ထားတဲ့ဖိုင္ေတြကိုတစ္ဖန္ျပန္စစ္ေလသည္။
စာေတြအကုန္ရိုက္ၿပီးသြားသည္ႏွင့္
ဦးလႊမ္းဝဏၰထည္ မွာထားသလိုလုပ္ၿပီး
Laptop ထဲ စာၾကမ္းေတြမက်န္ေစရန္ရွင္းရျပန္သည္။
အလုပ္ကၿပီးၿပီမို႔ေသြးဆိုဖာေပၚမွီ၍သက္ေတာင့္သက္သာနဲ႕ခဏေနလိုက္သည္။
က်င့္သားမရေသးတာေၾကာင့္ ေသြးလုပ္ခဲ့ဖူးသည့္အလုပ္ၾကမ္းေတြထက္ေတာင္ပိုခက္ေနသလိုခံစားရသည္။
အျပင္ထြက္သြားသည့္ဦးလႊမ္းဝဏၰထည္ျပန္ေရာက္လာေသာအခါ ေသြး ပုံစံက်က်ေျပာင္းထိုင္လိုက္သည္။
ေသြးအေရွ႕ဆိုဖာတြင္ဝင္ထိုင္လာသည့္
ဦးလႊမ္းဝဏၰထည္ က ဖိုင္အႀကီးတစ္အုပ္ကိုလည္းကိုင္ထားေသးသည္။
"ကိုယ္အေသြးကိုအလုပ္တစ္ခုေပးမယ္ အေသြး
ပုံဆြဲတတ္တယ္ဟုတ္ အဲ့ဒါေၾကာင့္ေကာင္းေကာင္းအသုံးခ်ခြင့္ေပးမယ္ ေအာင္ျမင္ရမယ္လို႔မေျပာဘူး
အေတြ႕အႀကဳံရေစခ်င္႐ုံပဲ''
ပုံဆြဲတာကြၽမ္းေပမယ့္ ဦးလႊမ္းဝဏၰထည္ ဆိုလိုရင္းကိုေတာ့ေသြးမသိ။
ဖြင့္ဟထားတဲ့ဖိုင္အုပ္ကိုၾကည့္ရင္း
ဦးလႊမ္းဝဏၰထည္ ေျပာသမွ်ကိုဂ႐ုတစိုက္နားေထာင္မိသည္။
"ဒါက အပန္းေျဖစံအိမ္ေဆာက္မလို႔
ပုံကအခုထိမေ႐ြးခ်ယ္ရေသးဘူး
ဒါေၾကာင့္အေသြးကိုအခြင့္ေရးေပးမယ္
ေက်ာင္းပုံေတြဘာေတြဆြဲတတ္တယ္ဟုတ္''
"ဟုတ္ကဲ့ အေဆာက္အအုံပုံေတြက ငယ္ငယ္ကတည္းက
ကြၽမ္းတာဗ်''
"ဒါဆိုပိုလြယ္သြားၿပီ အေသြးလုပ္ရမွာက ပုံကို လူေတြစိတ္ဝင္စားေအာင္ဆြဲရမယ္ ေလာကမွာ မရွိေသးတဲ့ပုံစံမ်ိဳး စိတ္ကူးထဲကအတိုင္းဆြဲ အေနာက္တိုင္းဆန္ဖို႔မလိုဘူး သဘာဝက်က်နဲ႕ေနခ်င္စဖြယ္ေကာင္းေအာင္ေတာ့ဆြဲရမယ္''
"ဟုတ္ကဲ့''
ပုံဆြဲရတာမခက္ေသာ္လည္းလူေတြစိတ္ဝင္စားေအာင္ဆိုတာကေတာ့ခက္မယ္ထင္ရဲ႕။ ေက်ာင္းတုန္းကပန္းခ်ီပြဲေတြမွာ ဆြဲဖူးေပမယ့္လည္းေပါ့။
"အခ်ိန္ကဘယ္အထိလဲဗ်''
"ႏွစ္ပတ္''
"ဟုတ္ကဲ့ဗ်''
ႏွစ္ပတ္အလြန္မွတင္ျပရမယ့္ပုံမို႔ အၾကမ္းဆြဲၾကည့္၍ရေသးသည္။
ဖိုင္အုပ္အားကိုင္၍စဥ္းစားခန္းဝင္ေနေသာေကာင္ေလးကိုနားထင္ေထာက္လို႔ၿပဳံးၿပဳံးေလးၾကည့္ေနမိသည္။
မင္းရဲ႕အရည္အခ်င္းေတြကိုလူေတြျမင္ေအာင္ထုတ္ျပလိုက္စမ္းပါ။မင္းလုပ္နိုင္တယ္ဆိုတာကိုယ္ေကာင္းေကာင္းသိတယ္။
အလုပ္မွအိပ္ကိုျပန္အေရာက္ ညစာ စားၿပီးစာေတြျပန္ႏြေးၿပီးေသာအခါေသြး ေလသာေဆာင္ဘက္ခဏထြက္လာလိုက္သည္။
အမိုးစင္ေအာက္စီတန္းေနေသာပန္းအိုးေသးေသးသုံးေလးလုံးမွာ အ႐ြက္စိမ္းေသးေသးႏွစ္႐ြက္စီေပၚလာသည္။
ဒါကေသြးစိုက္ထားတဲ့ညေမႊးပန္းေလးေတြခ်ည္း။
အနားတစ္ဝိုက္စစ္ေဆးၿပီးေသာအခါ
အိပ္ခန္းထဲတန္းျပန္ဝင္လာရသည္။
ဦးလႊမ္းဝဏၰထည္ ကအျပင္မွာအၾကာႀကီးမေနဖို႔မွာထားတာေၾကာင့္ျဖစ္သည္။
အခန္းထဲေရာက္ေတာ့အကၤ်ီဟၿပဲနဲ႕ဖုန္းေျပာေနေသာ ဦးလႊမ္းဝဏၰထည္ က ေသြးေရွ႕လာရပ္ေနသည္။ သူမ်ားရွက္တတ္တာကို တမင္အခြင့္ေကာင္းယူေနသလို။
"ကိုယ့္ကိုၾကယ္သီးတပ္ေပးနိုင္မလား
အေသြး?''
ခိုင္းေနေသာေလသံမဟုတ္ဘဲေတာင္းဆိုေနသည့္ေလသံနဲ႕ပင္။
ျငင္းစရာလည္းဘာအေၾကာင္းမွမရွိတာေၾကာင့္ မရဲတရဲျဖင့္ ဦးလႊမ္းဝဏၰထည္ ဆီလွမ္းကာ ၾကယ္သီးတပ္ေပးလိုက္သည္။
အနီးကပ္ႀကီးေနရတာတစ္မ်ိဳးျဖစ္ေနသည္မို႔ေသြးျမန္ျမန္သာတပ္ေပးသည္။
"ၿပီးၿပီဗ်''
"ေနဦး''
ေနာက္သို႔ဆုတ္မယ္အလုပ္လူႀကီးရဲ႕လက္ေမာင္းတစ္ဖက္က ေသြးခါးတစ္ဝိုက္ရစ္ပတ္လာသည္။
အသားခ်င္းထိကပ္မတတ္မို႔ ေသြး လက္ႏွစ္ဖက္ႏွင့္ ဦးလႊမ္းဝဏၰထည္ ၏ရင္ဘတ္တစ္ဝိုက္ကိုေထာက္ကာထားသည္။
ၿပဳံးစိစိနဲ႕ ဦးလႊမ္းဝဏၰထည္ သည္ ေသြးကိုစေနာက္ျပန္ၿပီ။
"အိပ္ရာဝင္ အနမ္းေလးေပးေလ''
ေခါင္းရမ္းျပလိုက္ေသာအခါ လူႀကီးရဲ႕မ်က္ႏွာကေသြးအနားပိုေရာက္လာသည္။
"အေသြးေပးမလား ကိုယ္ေပးရမလား?''
နီးကပ္လြန္းေနေသာလူႀကီးရဲ႕မ်က္ႏွာေၾကာင့္ေသြးေနရခက္ေနၿပီ။
ဒီေန႕မွ ေသြးကိုစေနလိုက္တာ ဘာေၾကာင့္ရယ္မွမသိ။
ေမေမ့ကိုေတာင္တစ္ခါမွအနမ္းေလးမေပးဖူးတာေၾကာင့္ ဦးလႊမ္းဝဏၰထည္ ဆို ေျပာမေနေတာ့ႏွင့္။
သူေလးအေနခက္တာသိပါေသာ္လည္းခ်စ္တယ္ဆိုတဲ့စကားလုံးေအာက္မွာက်ီစယ္မႈေတြအမ်ားႀကီးရွိေသးသည္။
"ဒါဆို ကိုယ္ေပးၿပီ''
အနားကပ္လိုက္သည့္အခါ ေကာင္ေလးသည္ မ်က္လုံးမွိတ္ၿပီး ၿငိမ္ေနေလသည္။
ရင္ဘတ္ကိုေထာက္လာသည့္လက္ႏွစ္ဖက္က အကၤ်ီစကိုက်စ္က်စ္ဆုပ္ကိုင္ထားသည္။
ဆံျပင္တိုေလးေတြျဖာက်ေနသည့္နဖူးျပင္ေလးကိုတစ္မိနစ္မွ်ဖိကပ္နမ္းရွိုက္လိုက္သည္။
အနမ္းေပးၿပီးေသာကိုယ္ကိုျပန္ယို႔ေတာ့မွ
မ်က္လႊာေလးဖြင့္လာသည့္ေကာင္ေလး။
မ်က္ေတာင္ပုတ္ခတ္ခတ္နဲ႕ဟိုဟိုဒီဒီၾကည့္ၿပီးလက္သည္းလည္းကိုက္ေနျပန္သည္။
ဒါက ရွက္ေနခ်ိန္မွေပၚလာတဲ့အေသြးရဲ႕အက်င့္တစ္ခု။
"Goodnight အေသြး ''
"ဟုတ္ကဲ့''
ေကာင္ေလးအိပ္ရာဝင္ေသာအခါ လႊမ္းဝဏၰထည္ အျပင္ထြက္၍ သူ႕ရဲ႕အိမ္႐ုံးခန္းသို႔ေျခလွမ္းလိုက္သည္။
အလုပ္ကၿပီးေနၿပီျဖစ္ေသာ္လည္းေကာင္ေလး ေနရမခက္ေအာင္ေရွာင္ေပးျဖစ္သည္။ သူ႕အတြက္သူထြက္သြားတာဆိုပိုမွန္ပါသည္။ အေသြးအသားနဲ႕လူမို႔ သမာဓိဘယ္ေလာက္ခိုင္တယ္ေျပာေျပာ ခ်စ္တဲ့သူက မ်က္စိေအာက္ အခ်ိန္ျပည့္ရွိေနတာ။ ခ်စ္စရာေကာင္းတဲ့ခ်စ္သူ
ခ်စ္လြန္းလို႔ယူထားတဲ့သူမို႔ တစ္ခါတေလ အခ်စ္ေတြေပးခ်င္ေနမိသား။
ဘဝက ျမင္သာျမင္ မၾကင္ရတဲ့ဘဝထက္ ပိုဆိုးေနသလို။
သိပ္ခ်စ္လြန္းတာေၾကာင့္ ျမတ္နိုးလြန္းတာေၾကာင့္
တန္ဖိုးထားလြန္းတာေၾကာင့္ အခ်ိန္တစ္ခုထိေတာ့
သူ ေစာင့္ရေပဦးမည္။
အေသြးက ခ်စ္ပါသတဲ့ေျပာလာမယ့္အခ်ိန္ေပါ့။
.
.
Greenleaf 🌿