Healing Love 🍁
Part-7
' ခဏလောက် အောက်ကို ဆင်းခဲ့ပါဦး ' ဆိုတဲ့ ကောင်လေးရဲ့ စကားကြောင့် slipper စီးပြီးသာ ဆင်းလာခဲ့သည်။
အောက်ဆင်းမယ့်အတူတူ ဆေးလိပ်သောက်ဖို့ ဆေးလိပ်ဘူးတစ်ဘူးပါ လက်ကကိုင်ခဲ့၏။
အချိန်အားဖြင့် ည ၉ နာရီခွဲ ။
အောက်ရောက်တော့ smoking area ဆိုတဲ့ နားလေးမှာပဲ တိုက်အဝင်ဝဘက် မျက်နှာမူရပ်နေတဲ့ ကောင်လေး ။ ကျောပိုးအိတ်လေး လွယ်ထားတဲ့ ကောင်လေးက Adidas ဘောင်းဘီအမည်းနဲ့ အလယ်တန်းကလေးသာသာ။ ဒီကောင်လေး သူ့အပေါ် အရေးတယူရှိတာ ဘာလို့လဲ Chanyeol ရိပ်မိပါ၏။ မရိပ်မိရအောင် အချစ်မှာ အတွေ့အကြုံမရှိသူမှ မဟုတ်ဘဲ ။
" အစ်ကို ဆင်းမလာဘူးတောင် ထင်နေတာ "
" လုပ်စရာလည်းမရှိလို့ပါ .... ဘာကိစ္စရှိလို့လဲ ကောင်လေး "
" ဟင့်အင်း ... ဒါနဲ့ အစ်ကို သောက်ထားတာလား "
" အင်း...တစ်ငုံနှစ်ငုံလောက် "
" သြော်.... "
ထွေထွေထူးထူးလည်း မပြောတာကြောင့် အလကားသက်သက် ဆင်းလာမိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ စိတ်ကလည်း ရှည်တာမဟုတ်တော့ ခက်လှ၏။
" ဘာမှမဟုတ်ဘူးဆိုလည်း ပြန်တော့လေ.... နောက်ကျနေပြီ "
ပြောချင်ရာပြောပြီး လက်ထဲက ဆေးလိပ်ဘူးရဲ့ ပလတ်စတစ်ခွံကို ခွာနေတဲ့ Chanyeol, ထို့နောက် တစ်လိပ်ထုတ်ကာ မီးညှိဖို့ မီးခြစ်ရှာနေသည်က ဟိုစမ်းသည်စမ်း....
" ဒီမှာ ... "
စမ်းပြီး ရှာနေပေမယ့် မတွေ့တာကြောင့် Baekhyun ကပဲ သူ့အတွက် ဆောင်ထားမိတဲ့ မီးခြစ်လေးကို မီး ခြစ်ကာ ကမ်းပေး၏။ ဒီတစ်ခါတော့ Chanyeol က Baekhyun မျက်နှာကို တစ်ချက်ကြည့်ပြီးမှ မီးလှမ်းတို့သည်။
Chanyeol ဆေးလိပ်သောက်နေတဲ့ ပုံကို ငေးကြည့်နေတဲ့ Baekhyun က ပါးမို့မို့လေးနှစ်ဖက်ပါ ရဲလို့။ မျက်လုံးထဲကပါ အချစ်တွေ လျှံကျမတတ် အကြည့်တို့ လွှတ်နေတာမို့ Chanyeol က ခပ်အမ်းအမ်းဖြစ်လာ၏။ ပေါ်တင်ကြီး ငမ်းနေတာလား ။
" အစ်ကို အသက် ဘယ်လောက်လဲဟင် "
" 27 "
" 6 နှစ်တောင် ကွာတာပဲ .. ကျွန်တော်က 21 သိလား အစ်ကို "
" အင်း "
" ဒါဆို အစ်ကိုက တရားသူကြီး ဖြစ်ပြီလားဟင် , ပြီးခဲ့တဲ့တစ်ခေါက် စာမေးပွဲက ကျတာလား "
Chanyeol ရဲ့ အကြည့်စူးစူးတို့က Baekhyun ဆီ ရောက်လာပေမယ့် Baekhyun က ဘာမှမသိသလို ကြောင်တောင်တောင်လေး ပြန်ကြည့်နေ၏။
" မဖြစ်ဘူး ... ဥပဒေအရာရှိ "
စိတ်မရှည်သလို ခပ်ပြတ်ပြတ်အသံနဲ့ ပြောလိုက်လည်း ခေါင်းလေး တညိတ်ညိတ်သာ။ ဘာမေးဦးမှာလဲ မသိပေမယ့် ပါးစပ် တပြင်ပြင် လုပ်နေပြန်သည်။
ဒီတစ်လိပ်ကုန်ရင် အပေါ်ပြန်တက်ဖို့ Chanyeol တွေးလိုက်မိ၏။
" အလုပ် ပြန်မလုပ်ဘူးလား အစ်ကို... ဒီအတိုင်းပဲ နေတော့မှာလားဟင် "
မရတော့ဘူး ။ မေးခွန်းက စည်းကျော်လာပြီ။
" ဒီမှာ ကောင်လေး ! ငါ အလုပ်လုပ်တာ မလုပ်တာက မင်းကို ဘာထိခိုက်မှုမှ မရှိဘူးထင်တယ်နော် , ဘာလို့ သူများကိစ္စ ဝင်စွက်ဖက်ချင်နေတာလဲ ... ပြန်တော့ မင်း "
" ကျွန်တော့်မေးခွန်းက စိတ်ဆိုးစရာမှ မဟုတ်တာ .... ဒါ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို မေးသင့်တဲ့ မေးခွန်းပဲလေ "
Baekhyun ပြောတာ မမှားပါ။ သို့သော် Chanyeol က အခုလက်ရှိ စိတ်ရှုပ်နေတဲ့သူ , စိတ်ပင်ပန်းနေတဲ့သူ ... နောက်ပြီး ဒီကောင်လေးက သိနေလျက်နဲ့ ဒီလို မေးလာတာကြောင့် ပိုစိတ်ဆိုးချင်တာ ။
ဒါပေမယ့် ကလေးနဲ့ ပြိုင်ပြီး မပြောချင်တာမို့ သူ စိတ်လျှော့လိုက်၏။
သူ စိတ်ဆိုးသွားမှန်းသိတော့ Baekhyun က သူ့အနားတိုးလာ၏။ ထို့နောက် ကုန်ခါနီး ဆေးလိပ်တိုကို ဆွဲယူသွားကာ အောက်ကို လွှတ်ချလိုက်သည် ။ ဖိနပ်နဲ့ပါ နင်းပြီး မီးငြှိမ်းပစ်လိုက်ပေမယ့် Chanyeol ဘာမှမပြောဖြစ်ပါ။ ကုန်ခါနီးပေပဲမို့။
" ပြီးပြီးသား ကိစ္စတွေကို ပြန်စဥ်းစားပြီး နောင်တမရချင်ပါနဲ့ ... ပြောင်းလဲလို့ မရတာတွေကိုလည်း နှမြောတသ ဖြစ်မနေနဲ့ , ရှေ့ဆက်ဖို့ အချိန်တွေ အင်အားတွေ ရှိနေသေးတယ်မဟုတ်ဘူးလား အစ်ကို .... ဆက်မလျှောက်ချင်ဘူးလား "
" လျှောက်မှာပါ ... ခဏ .. ခဏ အနားယူနေတာ "
Chanyeol အသံက ဝေဝါးဝါး။
မျက်လုံးအိမ်တို့က တည်ငြိမ်မှုမရှိစွာ ကူးလူးနေ၏။
ယုံကြည်ချက်ပျောက်ဆုံးနေတဲ့သူတစ်ယောက်လို။
" ဘယ်အချိန်ထိ အနားယူချင်နေတာလဲ အစ်ကိုရဲ့ .... အစ်ကို လိုချင်တဲ့ရာထူးက အစ်ကို့ကို လာရှာတဲ့အချိန်အထိလား "
မာနထိခိုက်သလို ခံစားရတာကြောင့် Chanyeol ခပ်တည်တည်သာ ကြည့်ပေးပြီး လှည့်ထွက်လာ၏။ နှစ်လမ်းလောက် လှမ်းပြီးကာမှ ခေါင်းအနည်းငယ်စောင်းကာ ....
" မင်းက ဘာသိလို့ ပြောနေတာလဲ ! ဥပဒေဘွဲ့ပဲ ရထားတဲ့ သူတစ်ယောက်အတွက် တရားသူကြီး စာမေးပွဲဖြေဖို့ ၂၇ နှစ်အထိပဲ အခွင့်အရေးရှိတယ် !! ငါ့မှာ ထပ်ဖြေခွင့်မရှိတော့ဘူး "
ပြောပြီး တိုက်ထဲဝင်ဖို့လုပ်တဲ့ Chanyeol နောက်ကို Baekhyun က မှီအောင်လိုက်၏။ သူဖြင့် ပြောလို့တောင်မပြီးသေးဘူးလေ။
" ဒီလိုဆိုလည်း အစ်ကိုရယ် ... တခြားနည်းလမ်း ရှာရမှာပေါ့ ! "
ဘေးက တောက်တဲ့လို ပါလာတဲ့ ကောင်လေးကြောင့် Chanyeol က လက်သီးခပ်တင်းတင်းဆုပ်၏။ မကြာခင် သူ ဆွဲထိုးမိတော့မယ်ထင်တယ်။
ဓါတ်လှေကားထဲအထိ ပါလာပြန်တဲ့ ကောင်လေးက ဘယ်အထိ ဆက်လိုက်မှာတဲ့လဲ။ သူပြောချင်တာ ပြောလို့မပြီးမချင်း မပြန်ဘူးများ တွေးနေသလား။
" အစ်ကို ကျွန်တော်ပြောတာ နားထောင်နေရဲ့လား "
" ကျစ် !! မင်း "
သည်းခံချင်စိတ်မရှိတော့တာကြောင့် အင်္ကျီလည်ပင်းစကို ဆွဲပြီး အပေါ်မြှောက်ပစ်လိုက်၏။ မျက်နှာနှစ်ခုက နီးနီးကပ်ကပ်။ Chanyeol ကသာ စိတ်တိုနေပေမယ့် Baekhyun ကတော့ ခပ်တည်တည်သာ။ မဟုတ်သေးဘူး Chanyeol မျက်လုံးတွေကို အမိအရ ငမ်းနေတာ ။
ထို့နောက်.....
" တံတားတစ်စင်း မဖြစ်ပေးနိုင်ရင်တောင် တံတားကို ထောက်ပေးထားတဲ့ တိုင်တော့ ဖြစ်အောင် ကြိုးစားလို့ရသေးပါတယ်... အစ်ကို ဘာလို့ လက်လျှော့ချင်နေရတာလဲ "
အရှိုက်ထိသွားတဲ့ စကားမို့ Chanyeol လက်ကို အားလျှော့လိုက်၏။ ဓါတ်လှေကားတံခါး ပွင့်ပြီပဲမို့ ဖြည်းဖြည်းချင်း အပြင်ထွက်သွားသည်။ အခန်းရှေ့ရောက်တော့ pw နှိပ်မယ်အလုပ် Baekhyun က အင်္ကျီစကို လှမ်းဆွဲ၏။
" ကျစ်!! မင်း မပြန်သေးဘူးလား ကောင်လေး ! "
" အခန်း password လေး "
" ဘာ !! "
" ဒီအတိုင်းမေးကြည့်တာပါ "
" မပေးဘူး ... ပြန်ဆင်းတော့ "
" နေပေါ့ "
ခပ်တည်တည်ပဲ ပြန်လှည့်ထွက်သွားတာကြောင့် Chanyeol က ခေါင်းခါလိုက်ကာ pw နှိပ်၏။ ကောက်တာလား မကောက်တာလား မသိပေမယ့် ကောင်လေးက သူ့ကို လှည့်မကြည့်တော့ပါ။ ဓါတ်လှေကားထဲ ဝင်သွားသည်။
ဘယ့်နှယ် ... သူများအိမ် pw အထိ တောင်းတာ တော်ရုံ စပ်စုစိန်လား။
နေပေါ့တဲ့ ! အေး...နေတယ်လေ ဘာဖြစ်သလဲ !!
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Baekhyun အိမ်ပြန်ရောက်တော့ ၁၀ နာရီခွဲပြီးနေပြီ။ ခြေလက်ဆေးပြီး အိပ်ဖို့ပြင်တော့ လောလောလတ်လတ် ဖြစ်ထားတဲ့ ကိစ္စတွေက အတွေးထဲ တိုးဝင်လာ၏။
ပြောသမျှက စေတနာတွေပါ အစ်ကိုရယ်.....
ချစ်ခြင်းတရားပါ အဆစ်ပါသေး။
စိတ်ခုဖို့တော့ မရည်ရွယ်တာမို့ ဒီက ကောင်ငယ်လေးက အားနာပါရဲ့။
တစ်ဆက်တည်းဝင်လာမိတဲ့ အတွေးက report တင်ရတော့မှာပင်။ ပြီးရင် စာမေးပွဲ ။ ဒီရက်ပိုင်း Chanyeol ကျေးဇူးနဲ့ ကျောင်းစာပါ ပစ်ထားမိနေတာ.....
Baekhyunee က အချစ်မှာ အတွေ့အကြုံ မရှိသေးတဲ့ အရူးလေး... ထပ်ပြောရရင် Chanyeol တစ်ယောက်ကိုသာ ရူးတဲ့ အချစ်ရူးလေး။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
😘😘
Healing Love 🍁
Part-7
' ခဏေလာက္ ေအာက္ကို ဆင္းခဲ့ပါဦး ' ဆိုတဲ့ ေကာင္ေလးရဲ႕ စကားေၾကာင့္ slipper စီးၿပီးသာ ဆင္းလာခဲ့သည္။
ေအာက္ဆင္းမယ့္အတူတူ ေဆးလိပ္ေသာက္ဖို႔ ေဆးလိပ္ဘူးတစ္ဘူးပါ လက္ကကိုင္ခဲ့၏။
အခ်ိန္အားျဖင့္ ည ၉ နာရီခြဲ ။
ေအာက္ေရာက္ေတာ့ smoking area ဆိုတဲ့ နားေလးမွာပဲ တိုက္အဝင္ဝဘက္ မ်က္ႏွာမူရပ္ေနတဲ့ ေကာင္ေလး ။ ေက်ာပိုးအိတ္ေလး လြယ္ထားတဲ့ ေကာင္ေလးက Adidas ေဘာင္းဘီအမည္းနဲ႕ အလယ္တန္းကေလးသာသာ။ ဒီေကာင္ေလး သူ႕အေပၚ အေရးတယူရွိတာ ဘာလို႔လဲ Chanyeol ရိပ္မိပါ၏။ မရိပ္မိရေအာင္ အခ်စ္မွာ အေတြ႕အႀကဳံမရွိသူမွ မဟုတ္ဘဲ ။
" အစ္ကို ဆင္းမလာဘူးေတာင္ ထင္ေနတာ "
" လုပ္စရာလည္းမရွိလို႔ပါ .... ဘာကိစၥရွိလို႔လဲ ေကာင္ေလး "
" ဟင့္အင္း ... ဒါနဲ႕ အစ္ကို ေသာက္ထားတာလား "
" အင္း...တစ္ငုံႏွစ္ငုံေလာက္ "
" ေၾသာ္.... "
ေထြေထြထူးထူးလည္း မေျပာတာေၾကာင့္ အလကားသက္သက္ ဆင္းလာမိတဲ့ ကိုယ့္ကိုကိုယ္သာ အျပစ္တင္မိသည္။ စိတ္ကလည္း ရွည္တာမဟုတ္ေတာ့ ခက္လွ၏။
" ဘာမွမဟုတ္ဘူးဆိုလည္း ျပန္ေတာ့ေလ.... ေနာက္က်ေနၿပီ "
ေျပာခ်င္ရာေျပာၿပီး လက္ထဲက ေဆးလိပ္ဘူးရဲ႕ ပလတ္စတစ္ခြံကို ခြာေနတဲ့ Chanyeol, ထို႔ေနာက္ တစ္လိပ္ထုတ္ကာ မီးညွိဖို႔ မီးျခစ္ရွာေနသည္က ဟိုစမ္းသည္စမ္း....
" ဒီမွာ ... "
စမ္းၿပီး ရွာေနေပမယ့္ မေတြ႕တာေၾကာင့္ Baekhyun ကပဲ သူ႕အတြက္ ေဆာင္ထားမိတဲ့ မီးျခစ္ေလးကို မီး ျခစ္ကာ ကမ္းေပး၏။ ဒီတစ္ခါေတာ့ Chanyeol က Baekhyun မ်က္ႏွာကို တစ္ခ်က္ၾကည့္ၿပီးမွ မီးလွမ္းတို႔သည္။
Chanyeol ေဆးလိပ္ေသာက္ေနတဲ့ ပုံကို ေငးၾကည့္ေနတဲ့ Baekhyun က ပါးမို႔မို႔ေလးႏွစ္ဖက္ပါ ရဲလို႔။ မ်က္လုံးထဲကပါ အခ်စ္ေတြ လွ်ံက်မတတ္ အၾကည့္တို႔ လႊတ္ေနတာမို႔ Chanyeol က ခပ္အမ္းအမ္းျဖစ္လာ၏။ ေပၚတင္ႀကီး ငမ္းေနတာလား ။
" အစ္ကို အသက္ ဘယ္ေလာက္လဲဟင္ "
" 27 "
" 6 ႏွစ္ေတာင္ ကြာတာပဲ .. ကြၽန္ေတာ္က 21 သိလား အစ္ကို "
" အင္း "
" ဒါဆို အစ္ကိုက တရားသူႀကီး ျဖစ္ၿပီလားဟင္ , ၿပီးခဲ့တဲ့တစ္ေခါက္ စာေမးပြဲက က်တာလား "
Chanyeol ရဲ႕ အၾကည့္စူးစူးတို႔က Baekhyun ဆီ ေရာက္လာေပမယ့္ Baekhyun က ဘာမွမသိသလို ေၾကာင္ေတာင္ေတာင္ေလး ျပန္ၾကည့္ေန၏။
" မျဖစ္ဘူး ... ဥပေဒအရာရွိ "
စိတ္မရွည္သလို ခပ္ျပတ္ျပတ္အသံနဲ႕ ေျပာလိုက္လည္း ေခါင္းေလး တညိတ္ညိတ္သာ။ ဘာေမးဦးမွာလဲ မသိေပမယ့္ ပါးစပ္ တျပင္ျပင္ လုပ္ေနျပန္သည္။
ဒီတစ္လိပ္ကုန္ရင္ အေပၚျပန္တက္ဖို႔ Chanyeol ေတြးလိုက္မိ၏။
" အလုပ္ ျပန္မလုပ္ဘူးလား အစ္ကို... ဒီအတိုင္းပဲ ေနေတာ့မွာလားဟင္ "
မရေတာ့ဘူး ။ ေမးခြန္းက စည္းေက်ာ္လာၿပီ။
" ဒီမွာ ေကာင္ေလး ! ငါ အလုပ္လုပ္တာ မလုပ္တာက မင္းကို ဘာထိခိုက္မႈမွ မရွိဘူးထင္တယ္ေနာ္ , ဘာလို႔ သူမ်ားကိစၥ ဝင္စြက္ဖက္ခ်င္ေနတာလဲ ... ျပန္ေတာ့ မင္း "
" ကြၽန္ေတာ့္ေမးခြန္းက စိတ္ဆိုးစရာမွ မဟုတ္တာ .... ဒါ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ကို ေမးသင့္တဲ့ ေမးခြန္းပဲေလ "
Baekhyun ေျပာတာ မမွားပါ။ သို႔ေသာ္ Chanyeol က အခုလက္ရွိ စိတ္ရႈပ္ေနတဲ့သူ , စိတ္ပင္ပန္းေနတဲ့သူ ... ေနာက္ၿပီး ဒီေကာင္ေလးက သိေနလ်က္နဲ႕ ဒီလို ေမးလာတာေၾကာင့္ ပိုစိတ္ဆိုးခ်င္တာ ။
ဒါေပမယ့္ ကေလးနဲ႕ ၿပိဳင္ၿပီး မေျပာခ်င္တာမို႔ သူ စိတ္ေလွ်ာ့လိုက္၏။
သူ စိတ္ဆိုးသြားမွန္းသိေတာ့ Baekhyun က သူ႕အနားတိုးလာ၏။ ထို႔ေနာက္ ကုန္ခါနီး ေဆးလိပ္တိုကို ဆြဲယူသြားကာ ေအာက္ကို လႊတ္ခ်လိဳက္သည္ ။ ဖိနပ္နဲ႕ပါ နင္းၿပီး မီးျငႇိမ္းပစ္လိုက္ေပမယ့္ Chanyeol ဘာမွမေျပာျဖစ္ပါ။ ကုန္ခါနီးေပပဲမို႔။
" ၿပီးၿပီးသား ကိစၥေတြကို ျပန္စဥ္းစားၿပီး ေနာင္တမရခ်င္ပါနဲ႕ ... ေျပာင္းလဲလို႔ မရတာေတြကိုလည္း ႏွေျမာတသ ျဖစ္မေနနဲ႕ , ေရွ႕ဆက္ဖို႔ အခ်ိန္ေတြ အင္အားေတြ ရွိေနေသးတယ္မဟုတ္ဘူးလား အစ္ကို .... ဆက္မေလွ်ာက္ခ်င္ဘူးလား "
" ေလွ်ာက္မွာပါ ... ခဏ .. ခဏ အနားယူေနတာ "
Chanyeol အသံက ေဝဝါးဝါး။
မ်က္လုံးအိမ္တို႔က တည္ၿငိမ္မႈမရွိစြာ ကူးလူးေန၏။
ယုံၾကည္ခ်က္ေပ်ာက္ဆုံးေနတဲ့သူတစ္ေယာက္လို။
" ဘယ္အခ်ိန္ထိ အနားယူခ်င္ေနတာလဲ အစ္ကိုရဲ႕ .... အစ္ကို လိုခ်င္တဲ့ရာထူးက အစ္ကို႔ကို လာရွာတဲ့အခ်ိန္အထိလား "
မာနထိခိုက္သလို ခံစားရတာေၾကာင့္ Chanyeol ခပ္တည္တည္သာ ၾကည့္ေပးၿပီး လွည့္ထြက္လာ၏။ ႏွစ္လမ္းေလာက္ လွမ္းၿပီးကာမွ ေခါင္းအနည္းငယ္ေစာင္းကာ ....
" မင္းက ဘာသိလို႔ ေျပာေနတာလဲ ! ဥပေဒဘြဲ႕ပဲ ရထားတဲ့ သူတစ္ေယာက္အတြက္ တရားသူႀကီး စာေမးပြဲေျဖဖို႔ ၂၇ ႏွစ္အထိပဲ အခြင့္အေရးရွိတယ္ !! ငါ့မွာ ထပ္ေျဖခြင့္မရွိေတာ့ဘူး "
ေျပာၿပီး တိုက္ထဲဝင္ဖို႔လုပ္တဲ့ Chanyeol ေနာက္ကို Baekhyun က မွီေအာင္လိုက္၏။ သူျဖင့္ ေျပာလို႔ေတာင္မၿပီးေသးဘူးေလ။
" ဒီလိုဆိုလည္း အစ္ကိုရယ္ ... တျခားနည္းလမ္း ရွာရမွာေပါ့ ! "
ေဘးက ေတာက္တဲ့လို ပါလာတဲ့ ေကာင္ေလးေၾကာင့္ Chanyeol က လက္သီးခပ္တင္းတင္းဆုပ္၏။ မၾကာခင္ သူ ဆြဲထိုးမိေတာ့မယ္ထင္တယ္။
ဓါတ္ေလွကားထဲအထိ ပါလာျပန္တဲ့ ေကာင္ေလးက ဘယ္အထိ ဆက္လိုက္မွာတဲ့လဲ။ သူေျပာခ်င္တာ ေျပာလို႔မၿပီးမခ်င္း မျပန္ဘူးမ်ား ေတြးေနသလား။
" အစ္ကို ကြၽန္ေတာ္ေျပာတာ နားေထာင္ေနရဲ႕လား "
" က်စ္ !! မင္း "
သည္းခံခ်င္စိတ္မရွိေတာ့တာေၾကာင့္ အကၤ်ီလည္ပင္းစကို ဆြဲၿပီး အေပၚျမႇောက္ပစ္လိုက္၏။ မ်က္ႏွာႏွစ္ခုက နီးနီးကပ္ကပ္။ Chanyeol ကသာ စိတ္တိုေနေပမယ့္ Baekhyun ကေတာ့ ခပ္တည္တည္သာ။ မဟုတ္ေသးဘူး Chanyeol မ်က္လုံးေတြကို အမိအရ ငမ္းေနတာ ။
ထို႔ေနာက္.....
" တံတားတစ္စင္း မျဖစ္ေပးနိုင္ရင္ေတာင္ တံတားကို ေထာက္ေပးထားတဲ့ တိုင္ေတာ့ ျဖစ္ေအာင္ ႀကိဳးစားလို႔ရေသးပါတယ္... အစ္ကို ဘာလို႔ လက္ေလွ်ာ့ခ်င္ေနရတာလဲ "
အရွိုက္ထိသြားတဲ့ စကားမို႔ Chanyeol လက္ကို အားေလွ်ာ့လိုက္၏။ ဓါတ္ေလွကားတံခါး ပြင့္ၿပီပဲမို႔ ျဖည္းျဖည္းခ်င္း အျပင္ထြက္သြားသည္။ အခန္းေရွ႕ေရာက္ေတာ့ pw ႏွိပ္မယ္အလုပ္ Baekhyun က အကၤ်ီစကို လွမ္းဆြဲ၏။
" က်စ္!! မင္း မျပန္ေသးဘူးလား ေကာင္ေလး ! "
" အခန္း password ေလး "
" ဘာ !! "
" ဒီအတိုင္းေမးၾကည့္တာပါ "
" မေပးဘူး ... ျပန္ဆင္းေတာ့ "
" ေနေပါ့ "
ခပ္တည္တည္ပဲ ျပန္လွည့္ထြက္သြားတာေၾကာင့္ Chanyeol က ေခါင္းခါလိုက္ကာ pw ႏွိပ္၏။ ေကာက္တာလား မေကာက္တာလား မသိေပမယ့္ ေကာင္ေလးက သူ႕ကို လွည့္မၾကည့္ေတာ့ပါ။ ဓါတ္ေလွကားထဲ ဝင္သြားသည္။
ဘယ့္ႏွယ္ ... သူမ်ားအိမ္ pw အထိ ေတာင္းတာ ေတာ္႐ုံ စပ္စုစိန္လား။
ေနေပါ့တဲ့ ! ေအး...ေနတယ္ေလ ဘာျဖစ္သလဲ !!
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Baekhyun အိမ္ျပန္ေရာက္ေတာ့ ၁၀ နာရီခြဲၿပီးေနၿပီ။ ေျခလက္ေဆးၿပီး အိပ္ဖို႔ျပင္ေတာ့ ေလာေလာလတ္လတ္ ျဖစ္ထားတဲ့ ကိစၥေတြက အေတြးထဲ တိုးဝင္လာ၏။
ေျပာသမွ်က ေစတနာေတြပါ အစ္ကိုရယ္.....
ခ်စ္ျခင္းတရားပါ အဆစ္ပါေသး။
စိတ္ခုဖို႔ေတာ့ မရည္႐ြယ္တာမို႔ ဒီက ေကာင္ငယ္ေလးက အားနာပါရဲ႕။
တစ္ဆက္တည္းဝင္လာမိတဲ့ အေတြးက report တင္ရေတာ့မွာပင္။ ၿပီးရင္ စာေမးပြဲ ။ ဒီရက္ပိုင္း Chanyeol ေက်းဇူးနဲ႕ ေက်ာင္းစာပါ ပစ္ထားမိေနတာ.....
Baekhyunee က အခ်စ္မွာ အေတြ႕အႀကဳံ မရွိေသးတဲ့ အ႐ူးေလး... ထပ္ေျပာရရင္ Chanyeol တစ္ေယာက္ကိုသာ ႐ူးတဲ့ အခ်စ္႐ူးေလး။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
😘😘