"နောင်နောင် နောင်နောင်ရေ့..."
အိမ်ရှေ့ကနေခေါ်သံကြားတာမို့ ရှင်းသန့်ထွက်ကြည့်လိုက်တော့ မေမေတို့အရွယ်အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။
"ဒေါ်ဒေါ်ဘာကိစ္စရှိလို့လဲမသိဘူး.."
"ကန်စွန်းရွက်လာဝယ်တာကွဲ့..
နောင်နောင်ရှိလား.."
"နောင်အပြင်သွားတယ်.."
"ဟုတ်လား အဲ့တာဆိုဒီမောင်ရင်ကပဲ ခူးပေးလိုက်ပေါ့..
ခူးတတ်တယ်မဟုတ်လား.."
"ခူးတာကခူးတတ်ပါတယ် ဒါပေမယ့်.."
"ဒါပေမယ့်တွေဘာတွေလုပ်မနေပါနဲ့ လာပါ ကျုပ်ကိုလာခူးပေးချည်.."
သနပ်ခါးထူထူကိုလိမ်းထားပြီး ကွမ်းကိုဝါးကာ ရှင်းသန့်ကိုပြောလာသည်။ ရှင်းသန့်လ့်လည်း ကန်စွန်းရွက်တွေကိုလက်နဲ့တပွေ့ကြီးခူးလိုက်ကာ ဒေါ်ဒေါ့်ကိုပေးလိုက်သည်။
"ဒီမှာ ပိုက်ဆံ.."
ပိုက်ဆံ၂ရာတန်လေးပေးလာသည်မို့ ရှင်းသန့်လ့်လည်းယူလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲထည့်ကာ ပြုံးပြလိုက်သည်။
"မင်းက ပြုံးရင်ချောသားပဲကွယ့်..
အဖေနဲ့တူတာလား အမေနဲ့တူတာလား.."
"မေမေနဲ့တူတယ်လို့တော့ပြောကြတာပဲ ဟီး.."
"မင်းမေမေကတော်တော်ချောမှာပဲ...
ကဲ မောင်လူချောလေး ပျင်းရင်ဒေါ်ဒေါ်တို့အိမ်ဖက်ကိုလာလည်လို့ရတယ်သိလား...
ဒေါ်ဒေါ်တို့အိမ်ကအညာတရာမုန့်လုပ်တယ်ကွယ်...
မင်းကိုအလကားကျွေးမယ် လာခဲ့ ကြားလား..."
"ဟုတ်ကဲ့ ဒေါ်ဒေါ်...
ကျွန်တော်အညာတရာဆိုတဲ့မုန့်မစားဖူးဘူး တကယ်လာခဲ့မယ်နော်.."
"အေးအေး လာခဲ့...
အိမ်မသိရင်နောင်နောင့်ကိုပို့ခိုင်း.."
"ဟုတ်ကဲ့.."
ဒေါ်ဒေါ်ကသူ့ကိုနှုတ်ဆက်ပြီး ကန်စွန်းရွက်ပွေ့ကာ ပြန်သွားလေသည်။
"အဲ့တာဘယ်လောက်ဖိုးရောင်းလိုက်တာလဲ?.."
"သြော် နောင် ဒီမှာလေ..."
နောင့်ရဲ့အသံကြားသည်မို့ နောင့်ဆီမျက်နှာလှည့်ကာ ဒေါ်ဒေါ်ပေးသွားတဲ့၂ရာတန်လေးကိုထုတ်ပြလိုက်သည်။
"မဟုတ်မှာလွဲရော ခင်ဗျား ခုနကန်စွန်းရွက်တွေကို၂ရာဖိုးဆိုပြီးပေးလိုက်တာတော့မဟုတ်ပါဘူးနော်.."
"၂ရာပဲပေးသွားတာ.."
"ခင်ဗျား!..
ခင်ဗျားကျုပ်စီးပွားရေးကိုတုတ်နဲ့ထိုးနေတာလားအကုန်ပြောင်အောင်မှောက်ချနေတာလား..
၂ရာဖိုးကိုအဲ့လောက်ပေးလိုက်မှတော့ ကျုပ်စီးပွားရေးလုပ်မနေတော့ဘူး အလှူအတန်းပဲနေ့တိုင်းလုပ်နေတော့မယ်.."
"အမြဲတမ်းစီးပွားရေးဆန်နေတော့ရော ဘယ်ကောင်းမလဲ?...
အချိန်နဲ့အခါနဲ့ဆိုတာရှိတယ်လေ.."
"အဟက်...အခုခေတ်က ငွေမျက်နှာပဲကြည့်ကြတာပါ...
ကျုပ်အမကို ငွေမရှိလို့ ခင်ဗျားတို့အသိုင်းအဝိုင်းကဘယ်လောက်နှိမ်ခဲ့လဲဆိုတာခင်ဗျားအသိဆုံးဖြစ်မှာပါ.."
"မမေကိုကိုယ်တခါမှအဲ့လိုမလုပ်ခဲ့ဖူးဘူး နောင်.."
မမေဆိုတာက နောင်ရဲ့တစ်ဦးတည်းသောအမ မေသုတဖြစ်သည်။
နောင် သူ့ကို ဘာကြောင့် ဒီကိုခေါ်လာခဲ့သလဲဆိုတာ သူသိသည်။ နောင်နဲ့စခင်ကတည်းကနောင်က မမေရဲ့မောင်ဆိုတာသူသိခဲ့သည်။ မမေနဲ့ဆင်တဲ့နောင့်ကို မမေမောင်လေးများလားဆိုပြီး သူထင်နေခဲ့တာ စုံစမ်းကြည့်တော့ တကယ်ဖြစ်နေမှန်းသိလိုက်ရသည်။ ပိုးဖလံဟာမီးကိုပူမှန်းသိသိရက်နဲ့ဝင်တိုးဆိုသလိုပဲ သူလည်းနောင်ဟန်ဆောင်နေမှန်းသိရက်နဲ့ချစ်ခဲ့သည်။
"ဘုရားနဲ့ခင်ဗျားတို့မိသားစုဝင်တွေပဲသိမှာပေါ့..
ကျုပ်အမကဆင်းရဲမှန်းသိတော့ စေ့စပ်ပွဲကိုတောင်ခင်ဗျားတို့အလွယ်တကူဖျက်ခဲ့တာပဲ...
တော်ပြီ ဒီအကြောင်းတွေဆက်ပြောရင် ခင်ဗျားကိုတစ်ခုခုလုပ်မိလိုက်မယ် ခင်ဗျားအိမ်ထဲဝင်လိုက်တော့..
သွားလေ.."
ရှင်းသန့်မသွားဘဲ ရပ်နေပေမယ့်လည်း နောင်ရဲ့အော်သံကြောင့် လန့်ပြီး အိမ်ထဲဝင်လိုက်သည်။
နောင်မသိသေးတဲ့အကြောင်းအရာတွေကို ကိုယ်ဘယ်လိုရှင်းပြရမလဲတောင်မသိတော့ဘူး...
"ရာရှင်းသန့့်် ပြန်လာခဲ့ဦး.."
အိမ်ထဲမှာထိုင်တောင်မထိုင်ရသေး ပြန်ခေါ်နေတာကြောင့် ရှင်းသန့်ပြန်ထွက်လာရပြန်သည်။
အခုလာခိုင်းလိုက် မလာခိုင်းနဲ့ သူပဲအမျိုးမျိုး..
ရပ်စောင့်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရပြီး နောင်က သူ့အနားကိုလျှောက်လာသည်။ အနားကိုကပ်ပြီး..
"ကျုပ်ခူးတာကိုကြည့်ထား..
နောက်တခါ လာဝယ်တဲ့သူရှိရင် ကျုပ်ပေးသလိုပဲပေး ကြားလား.."
"အင်း..."
ရှင်းသန့်လည်း နောင်ခူးပေးနေတာတွေကိုသေချာမှတ်ထားကာ နောက်တစ်ခါ နောင်ပေးသလိုပေးရမည်။ သူ့ကိုနောင်စိတ်ဆိုးချင်လည်းဆိုးချင်စရာပဲလေ...
သူ့တစ်ယောက်လုံးကို ထမင်းတင်ကျွေးထားတာကို သူက နောင့်ကိုအကူအညီပြန်မပေးတဲ့အပြင် နောင့်စီးပွားရေးကိုပါတုတ်နဲ့ထိုးမိသလိုဖြစ်နေသည်လေ။
"ရော့ မုန်လာရွက်၃ရာဖိုး..."
"ဟုတ် ဒီမှာ ပိုက်ဆံ.."
၅ရာတန်ထုတ်ပေးလာတာကြောင့် နောင်အိတ်ကပ်ထဲက၂ရာတန်ကိုထုတ်ကာပေးလိုက်သည်။
"ဒါနဲ့ ကိုနောင် ဟိုအနောက်ကအကိုကကိုနောင့်ညီလား..."
သူလှည့်မကြည့်လည်းရှင်းသန့်ကိုပြောမှန်းသိသည်။ ရှင်းသန့်က့်ကသူ့ထက်၂နှစ်ကျော်လောက်ကြီးတာကို ဘာလို့သူ့ထက်အငယ်လို့ထင်နေမှန်းသူနားမလည်တော့။
"ငါ့ညီမဟုတ်ဘူး..."
"သြော် အဲ့တာကြောင့်ရုပ်မတူတာကို.."
"ငါ့ညီမဟုတ်ဘူး ငါ့ယောက်ျား..
ထပ်မေးစရာရှိသေးလား.."
"ဗျာ အယ် မ မရှိတော့ပါဘူး သွားတော့မယ်နော်.."
နောင်ဘာပြောလိုက်မှန်းမသိ ကောင်လေးကခေါင်းကုတ်ပြီးထွက်သွားတာကြောင့် ရှင်းသန့်လည်းထိုကောင်လေးကိုခြံထဲကထွက်သွားသည်အထိ လိုက်ကြည့်မိသည်။
"ဘာကြည့်နေတာလဲ?..."
"ဘာမှမကြည့်ပါဘူး.."
"မကြည့်ရင် အထဲဝင်လေ.."
"အင်း.."
နောင်က နားလည်ရခက်တာပဲမဟုတ်ဘူး တခါတလေ လူ့ကိုဟောက်ပါဟောက်တတ်သေးတာ.......
_______________________
"ဟူး အခုမှပဲအကြောဆန့်ရတော့တယ်.."
TVကြည့်နေတဲ့ရှင်းသန့်ရဲ့ဘေးမှာ လှဲချလိုက်ပြီး နောင်ရေရွတ်လိုက်သည်။
"တကိုယ်လုံးလည်းကိုက်ခဲနေတာပဲ..."
ညည်းပြီးပြောနေတဲ့နောင့်အသံကတကယ်ဖြစ်နေသည့်ပုံပင်။
"နောင် ကိုယ်ဆေးလိမ်းပေးရမလား.."
ခင်ဗျားနဲ့ဆိုင်လို့လား ဆေးရောလိမ်းတတ်လို့လား ဆိုပြီး ပြန်ပြောလာမှာစိုးပေမယ့်လည်း ရှင်းသန့်မရဲတရဲမေးလိုက်သည်။
"အဲ့လိုအလိုက်သိရင်ကောင်းတာပေါ့.."
ကိုယ်ကိုမှောက်ထားပြီး အင်္ကျီိကိုကျောပေါ်အောင်လှန်တင်ထားပေးသည်။
"ကုတင်ခြေရင်းမှာရှမ်းရိုးမဘူးရှိတယ်.."
"အင်းအင်း.."
ရှင်းသန့်လည်းသွားယူလိုက်ပြီး နောင့်ဘေးမှာထိုင်ချလိုက်သည်။
"ကျောကိုလိမ်း.."
"အင်းအင်း.."
ဆေးကိုကျောပေါ်တင်လိုက်ကာ လက်ဖဝါးနဲ့နေရာနှံ့အောင်လိမ်းပေးလိုက်သည်။ ပြီးသည်နှင့် လက်နှစ်ဖက်နှင့်သေချာနှိပ်ပေးလိုက်သည်။
"အပေါ်လေးနည်းနည်းတိုး...
ပုရွက်ဆိတ်တက်သလိုလေးမလုပ်နဲ့ အားလေးနဲ့ဖိပေး.."
"အင်းအင်း ဒီနေရာလား.."
"ဟုတ်တယ် ဟုတ်တယ် အဲ့နေရာ.."
ရှင်းသန့်လည်း သေချာဖိနှိပ်ပေးလိုက်သည်။
"မသက်သာရင် ကိုယ်နင်းပေးရမလား.."
"ကျုပ်ကိုသေအောင်သတ်မလို့လား...
ရတယ် နှိပ်ပဲနှိပ်ပေး...
နည်းနည်းသက်သာနေပြီ.."
ဖြေးဖြေးလေးနှိပ်ပေးနေတဲ့ရှင်းသန့်ရဲ့အပြုအစုကြောင့် နောင်မျက်လုံးတောင်စင်းလာသည်။ ခေါင်းခါလိုက်ပြီး မျက်လုံးကိုTVဆီပို့ထားလိုက်သည်။ ကျောပေါ်မှာပြေးလွှာနေတဲ့လက်ဖဝါးနုနုလေးကြောင့် နောင်ရင်တွေလှပ်လှပ် လှပ်လှပ်ဖြစ်နေသည်။
ဟိုနေ့ကအောင်ခန့်တွေ့ခဲ့ချိန်က ပြောခဲ့သည့်စကားများကို ပြန်ကြားယောင်လာသည်။
"ဘယ်လိုလဲ?သားကြီး...
မနေ့ညက အိမ်ပြန်ရောက်တော့မှောက်သွားရောလား.."
"ခွေးကောင်တွေ မင်းတို့ကြောင့်ငါရာရှင်းသန့်ကိုဘယ်လိုမျက်နှာပြရမလဲတောင်မသိဘူး.."
"ဘာဖြစ်လို့လဲကွ..
ငါတို့ဘာလုပ်လို့လဲ?.."
"မင်းတို့ဟိုအရက်ခွက်ထဲမှာဆေးခတ်တာလေ.."
"ဘာဆေးကိုခတ်ရမှာလဲ?.."
"ကျစိ မင်း! ဟင်း.....
ကိုလှမောင်သောက်မယ့်ခွက်ကိုလေကွာ...
ငါလုသောက်လိုက်တဲ့ခွက်.."
"သြော်...
မင်းကငါတို့အဲ့ခွက်တွေထဲမှာ ဆေးတကယ်ခတ်လိမ့်မယ်လို့ထင်နေတာလား.."
"မင်းပဲဆေးရှိတယ်ဆို.."
"ဟာ နောင်နောင်ရာ မင်းရူးနေတာလား...
ငါတို့က ဘယ်ကဆေးကိုရှာပြီးထည့်ရမှာလဲ?...
မင်းက တကယ့်ကိုကလေးအတွေးတွေးလိုက်တာပဲ....
ငါတို့က ကပ်စေးနည်းကိုလှမောင်ကိုဂျင်းထည့်တာကွ...
အဲ့ဆေးကတကယ်မရှိဘူး...
ထည့်ထားတယ်ဆိုပြီး လိမ်ပြီးတိုက်တာ.."
"ဘာ!.."
"ဟုတ်တယ် မင်းအဲ့တာကိုတကယ်ထင်နေတာလား...
မင်းနဲ့တော့ ဟင်း...."
နောင်တစ်ယောက် တံတွေးသာမြိုချလိုက်မိသည်။ အောင်ခန့်တို့ပြောပုံအရဆို တကယ်ပဲ အဲ့ခွက်တွေထဲမှာဆေးမရှိဘူးပေါ့...
အဲ့တာဆို သူက ဘာလို့ရာရှင်းသန့်ကိုလိုချင်ရတာလဲ?...
ဆေးကြောင့်မဟုတ်ဘဲ သူ့အသွေးအသားတွေက ရာရှင်းသန့်ကိုတောင်းတနေတာလား...
"နောင် နောင် အိပ်ပျော်နေတာလား.."
"ဟမ် ဟမ်..."
နောင်တွေးနေရင်း ရှင်းသန့်ရဲ့ခေါ်သံကြောင့် အတွေးတွေလွင့်စင်သွားသည်။
"အိပ်ပျော်သွားတာလား.."
"မဟုတ်ပါဘူး တော်ပြီ တော်ပြီ မနှိပ်နဲ့တော့ အညောင်းပြေပြီ.."
နောင် အမြန်ကုန်းထလိုက်ပြီး ပြန်ထိုင်လိုက်သည်။
"သြော် မေ့နေတာ ကျွန်တော်သစ်ချသီးဝယ်လာတယ်..."
"သစ်ချသီး?.."
သစ်ကြားသီးတော့စားဖူးပေမယ့် သစ်ချသီးတော့သူမစားဖူးပေ။
နောင်ဝယ်လာတယ်ဆိုတော့ စားရတာပေါ့..
နောင်က သူပြောတဲ့သစ်ချသီးတွေထည့်ထားတဲ့အိတ်ကိုယူလာကာ ၂ယောက်ကြားချပေးသည်။ အိတ်ကိုဖွင့်လိုက်တော့ မလုံးမချွန်လေးများကိုတွေ့ရသည်။ နောင်က တစ်လုံးကိုယူလိုက်ပြီး အခွံကိုဂွက်ခနဲကွဲအောင်ကိုက်လိုက်သည်။ ပြီးသည်နှင့်အထဲက အဖြူလိုလိုမီးခိုးရောင်လိုလိုအဆံလုံးလုံးလေးထွက်လာသည်။
"ဒီအဆံကိုစားရတာ စားကြည့်.."
"အင်း.."
ရှင်းသန့်လည်း နောင်စားသလိုမျိုး အသေးတစ်လုံးကိုယူကာ ကိုက်လိုက်သည်။ ကွဲသွားပြီး အထဲကအဆံလေးကိုစားလိုက်သည်။
"ကောင်းသားပဲ ဆိမ့်ဆိမ့်လေး..
ဒါဘယ်လောက်ဖိုးလဲ? အများကြီးပဲ.."
"၃ရာဖိုး ၁ဘူးလေ.."
"ဟုတ်လား တန်လိုက်တာ...
အများကြီးဝယ်တာမဟုတ်ဘူး.."
"အများကြီးစားပြီး ခင်ဗျားကတောင့်ချင်နေလို့လား.."
"ဒါကတောင့်တယ်လား.."
"ဟုတ်တယ် အများကြီးစားလို့မရဘူး.."
"သြော်........
ဟာ ကိုက်လို့လည်းမရဘူး အခံွံကမာတဲ့ဟာလည်းမာတယ်နော်.."
"ပေးပေး ကျုပ်ကိုက်ပေးမယ်.."
နောင်က သူဆီကတစ်လုံးကိုယူသွားပြီးကိုက်ကာ သူ့ကိုပြန်ပေးသည်။ သူကတော့ အထဲကအစေ့ကို စားလိုက်သည်။ တစ်လုံးကုန်သွားပြီးနောက် နောက်တစ်လုံးကိုယူကာ ကိုက်ပြီးသူ့ကိုပြန်ပေးသည်။ မျက်လုံးကသာ TVကြည့်နေပေမယ့် လက်ကတစ်လုံးကိုနှိုက်ပြီး သွားနဲ့ကိုက်ပေးကာ ရှင်းသန့်ကိုပေးလာသည်။
တစ်ယောက်သောသူကတော့ နောင်ရဲ့အပြုအမူကိုကြည့်ပြီး ဘေးကနေပြုံးနေလေသည်။
နောင်ကိုက်ပေးလို့ထင်တယ် အဆံတွေက ပိုဆိမ့်နေသလို ခံစားရသည်..
_____________________________________________________________
အမှန်တော့ သစ်ချသီးအခွံကို ချယ်လည်းသွားနဲ့ကိုက်မခွဲနိုင်ဘူး အတော်လေးမာတယ်..
နောင့်လို ကိုက်ပြီးပေးမယ့်လူမရှိတော့လည်း ကိုယ့်ဘာသာတုံးတစ်ခုယူပြီး ခွဲစားပါတယ်🙂
သစ်ချသီးစားဖူးတဲ့သူတွေဆိုရင်တော့သိမှာပါနော်...
မစားဖူးရင်လည်းစားကြည့်ပါ ကောင်းပါတယ်😁
Good night❣️
အိပ်မက်လှလှမက်ပါစေနော်💞
23.6.2021
💙Chel💙