မျက်စိအောက်ကနေ ချန်းယောလ်ပျောက်သွားတာနဲ့ ဘတ်ဟျွန်းက အခန်းထဲက ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ကျသွားတယ်။
ဆံပင်တွေထဲ လက်တွေထိုးထည့်ပြီး ဆွဲဖွပစ်တယ်။
ဆိုဖာနောက်မှီပေါ်ကို ခေါင်းလှန်ချပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချတယ်။
အဲ့ဒီပုံစံအတိုင်း အချိန်အတော်ကြာ ငြိမ်သက်နေတာကနေ ဆတ်ခနဲထထိုင်ပြီး လည်ပင်းကဆွဲကြိုးလေးကို အကြောင်းမဲ့ ဆုပ်ကိုင်ပြီး ငြိမ်သက်သွားပြန်တယ်။
ခဏနေတော့ ဒူးတွေတုန်လာတယ်။
ပြီးတော့ လက်တွေ တဆတ်ဆတ်တုန်လာတယ်။
နှလုံးခုန်သံ တဒိန်းဒိန်းနဲ့ သွေးကြောတွေ လှုပ်ခတ်နေတာကို ခံစားလို့ရနေတယ်။
ဒီလိုပုံစံအတိုင်းဆို မဖြစ်တော့ဘူး ...
ကိုယ့်ကိုယ်ကိုယ် စိတ်ပြေလက်ပျောက် ဖြစ်လိုဖြစ်ညား အခန်းထဲ ဟိုဖက်ဒီဖက် လမ်းထလျှောက်ပစ်တယ်။
ဒါပေမဲ့ မျက်ရည်တွေပဲ ဝဲတက်လာခဲ့တယ်။
မဖြစ်ဘူး ... ငိုလို့မရဘူး ...
ချန်းယောလ်လီက သေချာပေါက်ပြန်လာမှာမို့ မျက်ရည်ကျလို့ မဖြစ်ဘူး။
မျက်နှာကိုမော့ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မျက်ရည်တွေကို သိမ်းဆည်းပစ်လိုက်တယ်။
အနည်းဆုံး ၈ နာရီကြာမယ့် ခွဲစိတ်မှု ...
သူ့နှလုံးသားကို ဆွဲထုတ်ပြီး အသစ်အစားထိုးမယ်ဆိုတဲ့ အသိမှာ ကမ္ဘာတစ်ဖက်ကို လွင့်စင်သွားတော့မလိုပဲ။
၈ နာရီထက်မနည်း သူ့ရင်ဘတ်ကို ဖွင့်ထားကြမှာ ..
၈ နာရီထက်မနည်း သူက အိပ်ပျော်နေရမှာဆိုတဲ့ အသိတွေမှာ အော်ဟစ်ပစ်ချင်လောက်အောင် ရူးချင်လာတယ်။
ရှင်သန်လာသမျှ တစ်လျှောက်လုံးမှာ ဒီနာရီအပိုင်းအခြားလေးက အရှည်ကြာဆုံး ဖြစ်လိမ့်မယ်ထင်တယ်။
စိုးရိမ်ကြောက်လန့်စိတ်တွေက သွေးကြောတွေကနေ တစ်ကိုယ်လုံးကို စီးဆင်းသွားသလိုခံစားမှုမျိုး။
သူအိပ်ခဲ့တဲ့ ကုတင်ပေါ်တက်ပြီး သူ့တစ်နေရာစာချန်ကာ ဘေးကိုကပ်ပြီး ခွေခွေလေး လှဲနေလိုက်တဲ့အခါ ချန်းယောလ်လီဆီက ရနေကျ ဆေးနံ့သင်းသင်းလေးက ဆီးကြိုနေတယ်။
အဲ့ဒီအနံ့လေးကိုပဲ အဆုတ်ရဲ့ ဟိုးအောက်ခြေရောက်တဲ့အထိ ရှိုက်သွင်းပစ်လိုက်မိပါရဲ့။
တစ်ယောက်တည်း တိတ်ဆိတ်နေရတာက ကြောက်လန့်စရာကောင်းနေသလို သိပ်ကိုလည်း အထီးကျန်ဆန်လွန်းတယ် ...
ငါမင်းကို လိုအပ်နေပြီ ...
မြန်မြန်ပြန်လာပါတော့ ...
ကြောက်ရွံ့အားငယ်စိတ်တွေကြောင့် တစ်ကိုယ်လုံးကို အသေးငယ်ဆုံး အမှုန်အမွှားလေးအဖြစ် လွင့်စင်ကွယ်ပျောက်သွားချင်တဲ့အထိ။
ခဏလောက်ဖြစ်ဖြစ် သေချင်တယ် ...
ဘတ်ဟျွန်းက အိပ်ရာပေါ်မှာ ကိုယ်လုံးလေးကို ကျုံ့နိုင်သလောက် ကျုံ့လိုက်တယ်။ သေးနိုင်သမျှ သေးအောင်။ ဖြစ်နိုင်ရင် ဘယ်သူမှ မမြင်ရလောက်တဲ့ အနေအထားရောက်တယ်လို့ ခံစားရတဲ့အထိ။
ဒူးကို ရင်ဘတ်နား ရောက်တဲ့အထိ ကွေးကွေးလေး လှဲအိပ်ပြီး ခြေထောက်တွေကို လက်ကလေးနဲ့ ပြန်ဆွဲပိုက်ထားရင်း ချန်းယောလ်ကို စောင့်တယ် ...
တစ်ယောက်တည်း ....
တိတ်ဆိတ်လွန်းစွာ .....
အထီးကျန်စွာ .....
ဒီလိုနဲ့ .... တစ်ယောက်တည်း ......
🍀🍀
အဲ့ဒီနေ့က ... ချန်းယောလ်နဲ့ ခင်မင်ပြီး ပထမဆုံး ချန်းယောလ်နဲ့အတူတူ ကျောင်းစတက်တဲ့နေ့။
မူလတန်းကျောင်းသားလေးပဲရှိသေးတဲ့ ဘတ်ဟျွန်းက သူ့ထက် ၆ လငယ်တဲ့ ချန်းယောလ်ကို ဆရာလုပ်ပြီး တစ်နေရာရာကို ခေါ်သွားနေတာ ...
" စိတ်အားထက်သန်စွာ ဆုတောင်းရင် ဆုတောင်းတွေ ပြည့်တတ်တယ်တဲ့ ... သေချာဆုတောင်းနော် ချန်းယောလ်လီ "
" အင်း ... "
တိတ်ဆိတ်နေတဲ့ ဘုရားကျောင်းထဲမှာ
ကလေးငယ်နှစ်ယောက် ...
အသက်အရွယ်နဲ့ မလိုက်ဖက်စွာ ငြိမ်ငြိမ်သက်သက်လေး ဆုတောင်းနေခဲ့ကြတယ် ...
' ချန်းယောလ်လီရဲ့ နာကျင်မှုတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ '
ဘတ်ဟျွန်းရဲ့ ဆုတောင်းလေးက ရိုးရှင်းတယ် ..
' ကျွန်တော် မရှိတော့သည့်တိုင်အောင် ...
ဘတ်ဟျွန်းနီ ပျော်ရွှင်တတ်ပါစေ ... '
' ကျွန်တော် မချော့နိုင်တော့တဲ့ အချိန်တွေမှာလည်း
ဘတ်ဟျွန်းနီ အငိုတိတ်နိုင်ပါစေ .. '
ပြီးတော့ ဘတ်ဟျွန်းက သူဆော့နေကျ ဘုရားကျောင်းနောက်ဖက်က တောင်ကုန်းလေးပေါ်ကို ချန်းယောလ်ကို ခေါ်သွားတယ်။
ပြီးတော့ သူယုံကြည်တဲ့ လေးပွင့်ဆိုင်သစ်ရွက်ကလေးတွေကို လိုက်ရှာတယ်။
ပြီးတော့ သူလိုချင်တဲ့ တစ်ခုတည်းသော ဆုကို ထပ်တောင်းတယ်။
' ချန်းယောလ်လီနဲ့ အချိန်တွေအကြာကြီး အတူရှိသွားနိုင်ပါစေ '
🍀🍀
အဲ့ဒီနေ့က မိုးရွာတယ်။
ချန်းယောလ်ကို ဆေးရုံကားပေါ်တင်သွားပြီးတဲ့အထိ နေရာမှာ အသက်မဲ့သလို ငြိမ်သက်တွေဝေနေတုန်း အလိုက်ကန်းဆိုးမသိ ရွာချတဲ့ မိုးတွေက ... သည်းကြီးမဲကြီး ...
တစ်ခုတော့ ကောင်းခဲ့ပါတယ်...
မိုးရေတွေကြောင့် ဘတ်ဟျွန်းငိုနေတယ်ဆိုတာကို ဘယ်သူမှ မသိတော့ဘူး။ ပြီးတော့ ချော့ပေးမယ့် ချန်းယောလ်လည်း အနားမှာ မရှိဘူး။
မိုးရေထဲမှာ ပြေးလွှားနေတဲ့ ဘတ်ဟျွန်းက တကယ်ကို ခေါင်းမာပြီး ဂျစ်ကန်ကန်နိုင်တဲ့ ကလေးလိုပဲ..
ကျောင်းကစားကွင်းထဲကနေ ဘုရားကျောင်းကို မိနစ် ၂၀ တော့ လမ်းလျှောက်ရတယ်။ အဲ့ဒီခရီးကိုပဲ ဘတ်ဟျွန်းက မိုးရေထဲမှာ မနားတမ်းပြေးသွားနေခဲ့တာ။
ရင်ဘတ်ထဲက မောဟိုက်ပြီး အသက်တောင် ဝဝရှူလို့ မရတော့တဲ့အထိ၊ နှလုံးသားထဲမှာ အောက်စီဂျင်ပြတ်လပ်ပြီး ရင်ဘတ်တွေ လှိုက်ဖိုလာမယ့် အခြေအနေအထိ၊ လည်ချောင်းတွေ ခြောက်ကပ်ပြီး ကွဲထွက်တော့မယ့် အခြေအနေအထိ မောဟိုက်နေတာတောင် တစ်စက်ကလေးမှ မရပ်နားခဲ့ဘူး။
ဒုန်းခနဲ ပွင့်သွားတဲ့ တံခါးရယ် ....
ဘုရားသခင်ရှေ့မှောက် ဝုန်းခနဲ ပြိုလဲကျသွားတဲ့အသံ ...
ပြီးတော့ တစ်သဲ့သဲ့နဲ့ ကျယ်လောင်လာတဲ့ ရှိုက်သံငယ်လေးတွေ ...
" ချန်းယောလ်လီကို .. ဟင့် .. ကျွန်တော့်ကို ပေးပါ .. "
" ချန်းယောလ်လီကို ကယ်တင်ပေးပါ ... "
" တောင်းပန်ပါတယ် .. အင့် "
တိတ်ဆိတ်နေတဲ့ ဘုရားကျောင်းထဲ ငိုရှိုက်သံရောတဲ့ ဆုတောင်းသံလေးတွေက ခပ်စိပ်စိပ် ပေါ်ထွက်လာတယ်။
" ချန်းယောလ်လီကို အသက်ရှင်ခွင့်ပေးပါ ... "
" ချန်းယောလ်လီသာ ရှင်သန်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ ဘယ်အရာမဆို ပေးဆပ်နိုင်ပါတယ် "
" ချန်းယောလ်လီကိုပဲ အသက်ရှင်ခွင့်ပေးပါ "
တဖွဖွ ဆုတောင်းနေပေမယ့် ပြန်လည်ဖြေကြားပေးမယ့်သူမရှိ။
ဆုတောင်းတိုင်း မပြည့်နိုင်ဘူးဆိုတာ နားလည်နိုင်တဲ့ အရွယ်ရောက်နေပေမယ့် သူ့အတွက်ဆို ကောက်ရိုးတစ်မျှင်တောင် ဆွဲထားချင်ခဲ့တဲ့ စိတ်တွေသာ အလေးသာနေခဲ့တဲ့ ဘတ်ဟျွန်းကို ... အပေါ်ယံ နှစ်သိမ့်ပေးမယ့်သူတောင် မရှိ ...
အငိုတိတ်စေမယ့်သူ ...
မျက်ရည်တွေကို သုတ်ပေးမယ့်သူ
တစ်ယောက်တစ်လေတောင် မရှိခဲ့ ...
အားမရစွာ ... လက်မလျှော့စွာ နောက်ထပ် မျှော်လင့်ချက်ကလေးရှိရာကို ပြေးထွက်သွားခဲ့တယ်။
သည်းထန်တဲ့ မိုးစက်တွေကြားထဲ၊ တစ်ကိုယ်လုံး တုန်ယင်နေရင်း၊ မျက်ရည်တွေ အဆက်မပြတ်ကျရင်း သစ်ပင်ကြီးအောက်မှာ ဒူးထောက်ထိုင်ချပြီး လက်ကလေးတွေက မြက်ပင်တွေကြား ဖြဲရဲကာ တစ်စုံတစ်ခုကို ကမူးရှူးထိုးရှာပြန်တယ်။
" ကျေးဇူးပြုပြီး .. တစ်ခုလောက်ဖြစ်ဖြစ် "
" ချန်းယောလ်လီအတွက် .. အင့် "
" ကျေးဇူးပြုပြီးတော့ .. "
" ချန်းယောလ် .. လီ .. ဟင့် .. အတွက် "
လေပြင်းတွေတိုက်ခတ်ပြီး သည်းထန်စွာ ရွာကျနေတဲ့ မိုးရေတွေကြားထဲမှာ မျက်ရည်တွေကို လက်ခုံနဲ့ ဆွဲသုတ်လိုက် ရှာလိုက်လုပ်နေတဲ့ ဘတ်ဟျွန်းက တစ်စုံတစ်ခုကို တွေ့တဲ့အခါ ရပ်တန့်သွားတယ်။
ဟုတ်ပါတယ် ..
သေချာပေါက်ကို လေးပွင့်ဆိုင် သစ်ရွက်ကလေးပါပဲ ..
အဲ့ဒီသစ်ရွက်ကလေးရှေ့ ထိုင်ချကာ ငုံ့ကြည့်ရင်း တုန်ယင်နေတဲ့ ဆုတောင်းလေးတွေက အဆီအငေါ်မတည့်စွာ ပေါ်ထွက်လာပြန်တယ်။
" လေးပွင့်ဆိုင် သစ်ရွက်နတ်မင်းကြီး .. "
" ချန်းယောလ်လီကို ကျွန်တော့်ကိုပေးပါ "
" ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်ဝက်ကို ချန်းယောလ်လီဆီကို ပေးပေးပါ "
" ချန်းယောလ်လီကို အကြာကြီးရှင်သန်ခွင့်ရအောင် လုပ်ပေးပါ "
" ကျွန်တော့ ဘဝသက်တမ်းရဲ့ တစ်ဝက်ကို ချန်းယောလ်လီဆီကို ပေးပါတယ် .. "
" ချန်းယောလ်လီကို ကယ်တင်ပေးပါ ... "
၁၅ နှစ်အရွယ်မှာ ဘဝနဲ့ချီပြီး အလဲအထပ်လုပ်ရဲခဲ့တဲ့ ချန်းယောလ်လီ မသိခဲ့တဲ့ ဆုတောင်းစကားတွေ ...
🍀🍀
မကြာသေးခင်ကပဲ လျှောက်လည်ရင်း ဘုရားကျောင်းထဲကို ရောက်ဖြစ်ခဲ့ကြသေးတယ်။
ဆုတောင်းလေးတွေက အသစ်မပြောင်းသွားဘဲ ရိုးရှင်းနေဆဲပဲ ..
' ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်ဝက်ကို ချန်းယောလ်လီဆီ ပေးပါတယ် '
' ချန်းယောလ်လီကို ကျွန်တော့ကို ပေးပါ .. '
ဒါက ဘတ်ဟျွန်းရဲ့ ဆုတောင်း ...
' ကျွန်တော် မရှိတော့သည့်တိုင်အောင် ...
ဘတ်ဟျွန်းနီ ပျော်ရွှင်တတ်ပါစေ ... '
' ကျွန်တော် မချော့နိုင်တော့တဲ့ အချိန်တွေမှာလည်း
ဘတ်ဟျွန်းနီ အငိုတိတ်နိုင်ပါစေ .. '
ဒါကတော့ မပြောင်းလဲတဲ့ ချန်းယောလ်ရဲ့ ဆုတောင်း ..
🍀🍀
စက္ကန့်တိုင်းက ရှည်ကြာလွန်းတယ် ...
အချိန်တိုင်းက စက္ကန့်တိုင်းရဲ့ အစိတ်အပိုင်းပေါင်း မြောက်မြားစွာကို အသေးစိတ် ခွဲဝေလည်ပတ်နေသလိုပဲ ...
ဘဝမှာ ဒီလောက်ထိတ်လန့်တုန်လှုပ်ရတဲ့ အဖြစ်မျိုး မကြုံဖူးဘူး ...
ဒီလောက် တစ်ကိုယ်လုံးကို အတတ်နိုင်ဆုံး သေးကျုံ့ထားတာတောင် မလုံခြုံနိုင်သေးဘူး ...
လည်ပင်းက ဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်ပြီးတော့ နှုတ်ခမ်းနဲ့ ထိကပ်ပြီး နမ်းရှိုက်လိုက်တယ် ...
ငါအဆင်မပြေဘူး ချန်းယောလ်လီ ...
ငါမင်းကို လိုအပ်နေတယ် ...
မင်းရဲ့ ထွေးပွေ့မှုကို တောင်းတနေတယ် ..
မြန်မြန်ပြန်လာပြီး ငါ့ကို ပွေ့ဖက်ပေးပါတော့ ...
ကျလုကျခင် မျက်ရည်တွေကို မျက်စိစုံမှိတ်ပြီး သိမ်းဆည်းပစ်လိုက်တယ်။ နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး ဆွဲသီးလေးနဲ့ လက်စွပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။
အနားမှာ မင်းမရှိတဲ့ ခဏလေးကတောင် အဆင်မပြေဘူး ..
ပြန်လာခဲ့ပါ ချန်းယောလ်လီ ...
ငါကြောက်တယ် ... ပြီးတော့ ....
' လွမ်းတယ် '
🍀🍀
ဒီနေရာက အေးစက်လွန်းတယ်။
ပြီးတော့ အထီးကျန်တယ်။
တစ်စုံတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို
လိုအပ်နေတာ ခံစားရတယ်။
ဒါပေမယ့် အဖြေရှာမရခဲ့ဘူး။
တခုတ်တရ လစ်ဟာနေတဲ့ ခံစားချက်အပြင် ဘာမှမသိခဲ့ဘူး။
တံခါးတွေက ဖြတ်သန်းရတာ လွယ်ကူလွန်းတယ်။ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက ပေါ့ပါးလွန်းတာထက် ပိုနေတယ်။
ဖေဖေနဲ့ မေမေ့ကို တွေ့တယ်။ မေမေက မျက်စိစုံမှိတ်ကာ တစ်ခုခုကို ရွတ်ဆိုနေပြီး ဖေဖေကတော့ စိတ်ကို တည်ငြိမ်အောင်ထိန်းနေရသလို ခပ်မတ်မတ်ထိုင်နေတယ်။
' မေမေ ... '
' ဖေဖေ ... '
ခေါ်လိုက်ပေမယ့် တစ်ယောက်မှ လှည့်မကြည့်ကြဘူး။ မေမေ့ကို လှမ်းထိလိုက်ပေမယ့် ထိလို့မရ။
' ဖေဖေ ... '
ဖေဖေကလည်း တုံ့ပြန်မှုမရှိခဲ့ဘူး။ ကိုယ့်လက်တွေကို ပြန်ကြည့်ပြီး တုန်လှုပ်သွားတယ်။ ပြီးတော့ ကြောက်လန့်လာတယ်။
' သေချာပေါက် ပြန်လာခဲ့နော် .. ချန်းယောလ်လီ .. '
' ဘတ်ဟျွန်းနီ ... '
နာမည်လေးကို ရေရွတ်လိုက်တဲ့အခါ ရင်ဘတ်ထဲ ကျဉ်တက်သွားတယ်။ ပျောက်ဆုံးနေတဲ့ တစ်စုံတစ်ရာကို ပြန်ရှာတွေ့သလိုမျိုး။
ဘတ်ဟျွန်းနီ .. ဘတ်ဟျွန်းနီ ရှိသေးတယ်။
ဘတ်ဟျွန်းနီ ...
အဖြေရှာတွေ့သလို နာမည်လေးကို အကြိမ်ပေါင်းများစွာ ရေရွတ်ရင်း တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာမိပြန်ပါရဲ့။
ငိုနေမှာလား ...
တစ်ယောက်တည်း ကြောက်လန့်နေမလား။
ကိုယ်လည်း မင်းဆီပြန်လာလို့ မရတော့မှာ သိပ်ကို ကြောက်လန့်နေရပါတယ်။
အခန်းတစ်ခုထဲမှာ တွေ့လိုက်ရတဲ့ သူလေး။
တစ်ယောက်တည်း ကွေးကွေးလေး အိပ်ရင်း
တစ်ယောက်တည်း အထီးကျန်စွာ ...
တိတ်ဆိတ်စွာ ...
ဖွင့်ထားတဲ့ ပြတင်းပေါက်က ခပ်ကြမ်းကြမ်း လေတွေဝင်နေတာကို တလွင့်လွင့်ဖြစ်နေတဲ့ လိုက်ကာစတွေကြောင့် သိနေတယ်။ စောင်လေးတစ်ထည်တောင် ခြုံမထားဘဲ တစ်ကိုယ်တည်း ငြိမ်သက်နေတဲ့ ကောင်လေးက အအေးဓါတ်ကိုတောင် သတိမမူနိုင်တဲ့အထိ။
မျက်နှာလေးနား ထိုင်ချရင်း ကြည့်လိုက်တော့ စိုစွတ်နေတဲ့ မျက်တောင်ပါးလေးတွေက တလှုပ်လှုပ်။ မျက်ခွံလေးတွေအောက်ကများ အရည်ကြည်လေးတွေ စိမ့်ကျလာမလားလို့ တွေးလိုက်မိပေမယ့် အချိန်အတော်ကြာတဲ့အထိ ကျမလာခဲ့ဘူး။
ပြီးတော့ သိမ့်ခနဲ တုန်လှုပ်သွားတဲ့ ပုခုံးလေးနဲ့ အင့်ခနဲ ရှိုက်လေးက နားစည်ထဲ ပဲ့တင်ထပ်လာတယ်။
မျက်ရည်မကျဘဲ ရှိုက်နေရှာတဲ့ ဘတ်ဟျွန်းနီ ..
ကိုယ့်အချစ် ... ကိုယ့်အသက်လေး ...
' ငိုလို့ရတယ် အချစ် .. '
' ငိုလိုက်ပါ ... '
' ကိုယ်ဒီမှာရှိနေပါတယ် ... '
ဒီစကားတွေ သူမကြားနိုင်ခဲ့ ...
' မင်းရဲ့ဘေးမှာ ကိုယ်ရှိနေပါတယ် အချစ်ရယ် .. '
' ငိုချင်ရင် ငိုပစ်လိုက်ပါ .. '
အကြိမ်ပေါင်းများစွာ ပြောနေပေမယ့် တကယ်ကို သူမကြားနိုင်ခဲ့ဘူး။ ထွေးပွေ့ပေးချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး။ နှစ်သိမ့်ပေးချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး။ အားရပါးရ ငိုချခိုင်းပြီး အငိုတိတ်အောင် ချော့ပေးချင်ပေမယ့် ကိုယ်မတတ်နိုင်ခဲ့ဘူး။
တကယ်ကို ဘာဆိုဘာမှ လုပ်နိုင်တာမရှိခဲ့ဘူး။
' လွမ်းတယ် .. '
တုန်ယင်နေတဲ့ နှုတ်ခမ်းပါးလေးက ထွက်ကျလာတဲ့ စကားတစ်ခွန်းမှာ ကျန်ရှိနေတဲ့ အသိစိတ် အပိုင်းအစလေးဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ရတယ်။
အခုတော့ သွားရတော့မယ်။ ကိုယ်မင်းဆီကို သေချာပေါက် ပြန်လာခဲ့ပါဦးမယ်။
🍀🍀
ချန်းယောလ် ခွဲစိတ်ခန်း ဝင်နေတဲ့ အချိန်အတွင်း ဘတ်ဟျွန်းက ဒီအခန်းလေးထဲကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။ ရေသောက်ရုံအပြင် ဘာမှလည်း မစားဘူး။ စားလို့မဝင်တာဆို ပိုမှန်လိမ့်မယ်။
ကုတင်ပေါ် တက်ကွေးလိုက်၊ ချန်းယောလ်သုံးခဲ့တဲ့ ခေါင်းအုံးလေးကို ပွေ့ပိုက်နမ်းရှိုက်လိုက်၊ ချန်းယောလ် ကစားနေကျ စက္ကူစွန်လေးတွေကို ချန်းယောလ်ပြန်လာရင် ဆော့လို့ရအောင်ဆိုပြီး စက္ကူခေါက်နေလိုက်နဲ့ အချိန်ဖြုန်းတယ်။
နာရီကိုကြည့်တော့ ခွဲစိတ်ချိန် ၁၀ နာရီနီးပါးဖြစ်နေပြီ။ ကုတင်ပေါ် ထိုင်နေရင်း ပတ်ပတ်လည်ကို ကြည့်တော့ အခန်းထဲမှာ စက္ကူစွန်တွေလည်း ပြည့်နှက်နေပြီ။
စွန်လေးတစ်ခုကိုယူပြီး ပြတင်းပေါက်နားကို တိုးကပ်သွားလိုက်တယ်။ လေပြည်ကတော့ အပူအပင်မရှိစွာ တဝေ့ဝေ့ တိုက်ခတ်နေဆဲ။
စက္ကူစွန်လေးရဲ့ နောက်ဖျားကို နှုတ်ခမ်းလေးနဲ့တေ့ကာ လေတွေမှုတ်ထည့်လိုက်တယ်။ ပစ်လွှတ်ဖို့ လက်ရွယ်လိုက်တယ်ဆိုရင်ပဲ လက်ကလေးက လေထဲတင် ရပ်တန့်သွားခဲ့ပြန်တယ်။
ဟင့်အင်း .. မလုပ်နိုင်ဘူး။
ချန်းယောလ်လီနဲ့ ပတ်သတ်တဲ့ ဘယ်အရာကိုမှ မစွန့်ပစ်နိုင်ဘူး။ သူပြန်လာမှ အတူတူဆော့ရမယ်။
စွန်ကလေးကို ပြန်ယူပြီး သိမ်းထားလိုက်တယ်။
ပြီးတော့ ကုတင်စွန်းမှာထိုင်ကာ ပြတင်းပေါက်ဖက်ကို ငေးရင်း အကြာကြီး ငြိမ်သက်သွားပြန်တယ်။
နာရီကိုကြည့်တော့ ခွဲစိတ်ချိန် ၁၀ နာရီကျော်ပြီ။ ကြာလွန်းနေပြီမို့ မကြာခင် ပြန်ရောက်လာတော့မယ်ဆိုတဲ့ စိတ်ကလေးနဲ့ ဖွထားသမျှ စက္ကူစွန်လေးတွေကို တစ်ခုချင်းလိုက်ကောက်ပြီး စုသိမ်းထားလိုက်တယ်။ ပြီးတော့ ကုတင်နဲ့ အိပ်ရာလေးကို သေသေချာချာလေး ဖြစ်အောင် ပြန်ပြီး ပြင်ဆင်လိုက်တယ်။
ကိုယ်တိုင်ကတော့ ချန်းယောလ်လီမသွားခင် အတူထိုင်ခဲ့တဲ့ နှစ်ယောက်ထိုင် ဆိုဖာလေးပေါ်မှာ ထိုင်မိသွားတယ်။
ခွဲစိတ်ချိန် ၁၁ နာရီပြီ။
ပြန်လာပါတော့။
ငါမရူးသွားခင် ပြန်လာပါတော့။
အခန်းထဲမှာ တိတ်ဆိတ်နေတာကြီးကို ခြောက်ခြားလွန်းလို့ ငါရူးရတော့မယ် ချန်းယောလ်လီ။
တွေးနေတုန်းမှာပဲ ကလစ်ခနဲ အသံနဲ့အတူ လျှောခနဲ ပွင့်သွားတဲ့ တံခါးသံမှာ ဘတ်ဟျွန်း ဆတ်ခနဲ ထထိုင်မိသွားတယ်။
ပွင့်သွားတဲ့ တံခါးနောက်မှာ မျက်လုံးထဲ ဝင်လာတဲ့ ကုတင်။ ပြီးတော့ ကုတင်ပေါ်ကသူ။ ရင်မဆိုင်ရဲစွာ မျက်ဝန်းတို့ကို ပိတ်ချပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်တယ်။
မျက်လုံးပြန်ဖွင့်တဲ့အခါ သူဟာ ကိုယ့်အနားကို ရောက်နေပြီး မျက်ဝန်းတို့ ပိတ်စို့လျှက်သား။ ဘေးမှာပါလာတာက အကူသူနာပြုတွေနဲ့ သူ့မိဘတွေ။
အသက်ရှူစက်သံ တတီတီက တိတ်ဆိတ်နေတဲ့ အခန်းငယ်ကို စတင်အသက်သွင်းတယ်။ ခပ်ဖြည်းဖြည်းလှုပ်ခတ်နေတဲ့ ရင်ဘတ်ကျယ်ကို မြင်တဲ့အခါမှ ဘတ်ဟျွန်းမှာ အခုမှ အသက်ရှူရသလို ပင့်သက်အရှည်ကြီး ရှိုက်ပြီး ခုံပေါ်ပြိုလဲကျသွားတော့တယ်။
ပြိုကျချင်နေတဲ့ မျက်ဝန်းထဲက မိုးတိမ်တွေကိုတော့ ရွာချခွင့်မပေး။ ချန်းယောလ်လီ ပြန်လာမှ သူချော့တာကို ခံယူမယ်ဆိုတဲ့စိတ်နဲ့ အရာအားလုံးကို တင်းခံထားတာ မျက်နှာလေးတစ်ခုလုံး နီရဲနေတဲ့ အထိ။
ချန်းယောလ်ကို သေချာနေရာချ စစ်ဆေးပြီးမှ ဖေဖေက အနားကိုလာပြီး ပုခုံးပုတ်ကာ နှစ်သိမ့်ပေးလာတယ်။
" ကျေးဇူးတင်ပါတယ် ... ဖေဖေ ပင်ပန်းသွားပြီ "
" အင်း ... သားလည်း ပင်ပန်းသွားပြီ။ ဖေဖေ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကျန်တာ ဘုရားသခင်နဲ့ ချန်းယောလ်လီကိုပဲ ပုံအပ်ရမှာပေါ့ "
ကျေးဇူးတင်ပါတယ် ချန်းယောလ်လီ ..
သိပ်ကို တာဝန်ကျေပါတယ်။ ချန်းယောလ်လီက အကောင်းဆုံး တောင့်ခံနိုင်ခဲ့တာပဲ။ ဒီအထိတောင် ငါစောင့်လာခဲ့တာ မင်းနိုးလာတဲ့အထိ ငါက ထပ်ပြီး စိတ်ရှည်ရမှာပေါ့။
ဘတ်ဟျွန်းက ချန်းယောလ်ဘေးကနေ နည်းနည်းလေးမှ မခွာဘူး။ မေ့မျောနေဆဲ ချန်းယောလ်ကိုပဲ မိုးလင်းရင် နဖူးလေးကို နမ်းလိုက်၊ လက်ဖဝါးတွေ၊ ခြေဖဝါးတွေကို ရေပတ်ဝတ်လေးတိုက်ပေးလိုက်၊ အနားမှာ ကပ်ထိုင်ပြီး စကားတွေ ပြောပေးလိုက်နဲ့ အချိန်ကုန်တယ်။
သတိပြန်မလည်လာတာ ၄ ရက်ရှိပြီ။ ခွဲခန်းဝင်ကတည်းက ကောင်းကောင်းမစား၊ ကောင်းကောင်း မအိပ်တဲ့ ဘတ်ဟျွန်းက လူနာနီးပါး ဖြူဖျော့နေပြီ။ လူကြီးတွေက ဝိုင်းဝန်းချော့မော့ပြီး ကျွေးတော့လည်း ' မစားချင်လို့ မဟုတ်ပါဘူး။ စားမဝင်တာပါ ' တဲ့။
' ချန်းယောလ်လီပြန်လာရင် သား အားပြည့်နေဖို့ လိုတယ်လေ ' ဆိုမှ ပေါင်မုန့်အလွတ်တွေကို ရေနဲ့ အတင်းမျိုချရှာတယ်။ မျက်ဝန်းလေးတွေကတော့ ချန်းယောလ်ဆီက တစ်ချက်ကလေးမှ မရွေ့။
" ချန်းယောလ်လီ .. အိပ်နေတာ ကြာလိုက်တာ "
" ..... "
" ငါ့ကို မလွမ်းဘူးလား .. "
" ...... "
ချန်းယောလ်ရဲ့ လက်ဖဝါးနဲ့ လက်ခုံတွေကို ပုဝါလေးနဲ့ သန့်ရှင်းပေးနေရင်း တိုးဖွဖွပြောလိုက်ပေမယ့် စက်သံ တတီတီအစား ဖြေဆိုမယ့်သူမရှိ။
" ငါပင်ပန်းနေပြီ .. "
" တအား ငိုချင်တာပဲ .. သိလား "
အသံလေးက အထီးကျန်စွာ တုန်ယင်အက်ကွဲနေတယ်။
အိပ်ပျော်နေသူရဲ့ လက်ကို ဆွဲယူလိုက်ပြီး ပါးလေးအပ်လိုက်တဲ့အခါ သူ့ဆီက ရနေကျ အနွေးဓါတ်တစ်မျိုးရတယ်။
လက်ဖဝါးကို တစ်ချက် နမ်းရှိုက်လိုက်ရင်း ....
" ဒါပေမဲ့ ငါမငိုဘူးနော်။ ချန်းယောလ်လီ ပြန်နိုးလာမှ အတိုးချပြီး ငိုမှာ "
" ...... "
" ချန်းယောလ်လီက ငါ့ကို အများကြီး ချော့ရမယ်နော် "
" မနက်ဖြန်ဆို ချန်းယောလ်လီ အိပ်နေတာ ၆ ရက်ဖြစ်တော့မယ် .. "
တိတ်ဆိတ်နေတဲ့ အခန်းထဲ နာရီသံတချက်ချက်နဲ့ နှလုံးခုန်စက်သံ တတီတီ၊ ပြီးတော့ ပဲ့တင်ထွက်လာတဲ့ သက်ပြင်းချသံ သဲ့သဲ့လေး။
ချန်းယောလ်ရဲ့ ကုတင်ပေါ်ကိုပဲ ခေါင်းလေးစောင်းတင်ပြီး မျက်ဝန်းလေးတွေကို မှိတ်ချထားလိုက်တယ်။
တကယ်ကို အနားယူချင်ပြီ။ ချန်းယောလ်လီကို အရမ်း လွမ်းနေပြီ။ အတွေးလေးတွေနဲ့၊ မျှော်လင့်ခြင်းလေးတွေက တစ်စတစ်စ လူးလာကူးဖြတ်ရင်း အိပ်မက်ကမ္ဘာထဲ ခေါ်ဆောင်သွားခဲ့တယ်။
ဘတ်ဟျွန်းနီးလေး နွမ်းလျစွာ အိပ်ပျော်သွားခဲ့ပြီ။
အိပ်မက်လိုလို တကယ်လိုလို အသိမှာ အရာအားလုံးဟာ ဝိုးတဝါးသာ။ ဒါပေမဲ့ ဆုပ်ကိုင်ထားတဲ့ လက်ရဲ့ တုံ့ပြန်မှုလေးကြောင့် မှေးခနဲ အိပ်ပျော်သွားရာကနေ နိုးထလာခဲ့ရတယ်။
မသိစိတ်ကို အတည်ပြုဖို့ ဆုပ်ကိုင်ထားမိတဲ့ လက်တစ်ဖက်ကို ကြည့်လိုက်တယ်ဆိုရင်ပဲ လှုပ်ရှားနေတဲ့ လက်ဖျားလေးတွေ၊ ပြီးတော့ ကိုယ့်လက်ဖဝါးကို အားအင်မဲ့စွာ ဆုပ်ထွေးချင်နေတဲ့ လက်။
အံ့ဩပျော်ရွှင်စွာပဲ အဲ့ဒီလက်ကို ခပ်သွက်သွက်ကလေး ဆုပ်ကိုင်လိုက်ပြီး အိပ်မောကျနေသူရဲ့ မျက်နှာကို အကဲခတ်လေတော့ ဖြည်းညှင်းစွာ တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်လေးတွေမှာ ဘတ်ဟျွန်း ကြည်နူးစွာ မျက်ရည်တွေဝဲလာရတယ်။
" ချန်းယောလ်လီ ... "
" ချန်းယောလ်လီ နိုးလာတာလားဟင် .. "
မျက်နှာကိုကြည့်လို့ ခေါ်မိတော့ မျက်ဝန်းတွေက ကိုယ့်ကို ကြည့်ကာ မျက်တောင်လေး ခတ်ပြရှာတယ်။
" ချန်းယောလ်လီ ပြန်လာပြီ ... "
" ချန်းယောလ်လီ ငါ့ကို မှတ်မိလားဟင် .. "
" ချန်းယောလ်လီ .. "
ပေါက်ခနဲ ကျလာတဲ့ မျက်ရည်စကို လက်ခုံနဲ့ ပင့်သုတ်ရင်း တစာစာခေါ်မိလေတော့ သူက ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလေတယ်။
ပြာယာခတ်စွာ ဆရာဝန်ခေါ်တဲ့ ခလုတ်ကို နှိပ်မိပြီး ကုတင်ဘေးမှာ မတ်တပ်ရပ်ပြီး ချန်းယောလ်လီ မျက်တောင်လေး ခတ်နေပုံ၊ အသက်ရှုနေပုံလေးကို မျက်တောင်မခတ်တမ်း ကြည့်နေမိတာ အခါခါ။
မကြာမီ ဖေဖေတို့ရောက်လာပြီး ချန်းယောလ်လီကို ကြည့်ရှုစစ်ဆေးပေးကာ အတည်ပြုပေးသွားခဲ့တယ်။
ချန်းယောလ်လီဟာ သူ့ရဲ့ အသစ်စက်စက် အမျိုးသားလေးဆီ အရောက်ပြန်ခဲ့ပါပြီတဲ့။
ချန်းယောလ်ပြန်လာမှ ငိုမယ်ဆိုတဲ့ ဘတ်ဟျွန်းက မျက်ရည်တွေ ကျနေပေမယ့် အသံမထွက်။ မျက်နှာရဲရဲလေးနဲ့ တင်းခံပြီး ချန်းယောလ် အဆင်ပြေမယ့်အချိန်၊ စကားကောင်းကောင်း ပြောနိုင်မယ့် အချိန်အထိ ဘေးမှာ အရိပ်ကလေးလို၊ တောက်တဲ့လေးလို ကပ်တွယ်ရှာတယ်။
" ဘတ်ဟျွန်းနီ ... "
ချန်းယောလ် သတိရလာပြီး ပထမဆုံးပြောတဲ့ စကားက ဘတ်ဟျွန်းနီ ပါတဲ့။ အဲ့ဒီအခါ ဘတ်ဟျွန်းက ခေါင်းလေးတဆတ်ဆတ်ညိတ်ပြရင်း သူရှိကြောင်း အသိပေးရှာတယ်။
" ချန်းယောလ်လီ အများကြီး ပင်ပန်းသွားခဲ့ပြီ "
" တာဝန်ကျေပါတယ်နော် ... "
နဖူးပေါ် အနမ်းဖွဖွချန်လို့ ပြောတော့ နှုတ်ခမ်းတွန့်ရုံလေး ပြုံးရှာတယ်။
ချန်းယောလ် ထိုင်နိုင်တဲ့အချိန်၊ အစားစားဖို့ အဆင်ပြေတဲ့ အချိန်အထိ ဘတ်ဟျွန်းက မလစ်ဟင်းစေရအောင် ယုယတယ်။
ဆန်ပြုတ်ကို ဖြည်းညင်းစွာ သောက်နေတဲ့ ချန်းယောလ်ကို ကြည့်ပြီး မျက်ဝန်းလေးတွေ စိုစွတ်လာရပြီ။
အခုလိုသာ အတူရှိနေရပေမယ့် သူများ ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့ အတွေးကို ပြန်တွေးမိတဲ့အခါ ဆန်ပြုတ်ခွံ့ကျွေးနေတဲ့ ဘတ်ဟျွန်းရဲ့ လက်ကလေးတွေက တုန်ယင်လာရတယ်။
" အင့် ... "
နှစ်ဦးကြား ပဲ့တင်ထပ်လာတဲ့ ရှိုက်သံလေးကြောင့် ချန်းယောလ်က ဆန်ပြုတ်ပန်းကန်ကို ဘေးဖယ်လိုက်ရင်း လက်တစ်ဖက်နဲ့ ဘတ်ဟျွန်းမျက်နှာလေးကို ဆွဲမော့လိုက်တဲ့အခါ နီရဲနေတဲ့ မျက်ရည်စက်လက်နဲ့ မျက်နှာလေးက ပေါ်ထွက်လာလေရဲ့။
ပါးပြင်လေးကို ပွတ်သပ်ပြီး မျက်ရည်ဥတွေကို သုတ်ပေးလေမှ အားကိုးရသလို အဆက်မပြတ်စွာ ပြိုဆင်းကျလာတော့တယ်။
" မကြောက်နဲ့တော့နော် .. "
" ဟင့် .. အင့် ... "
" ကိုယ် မင်းဆီကို ပြန်လာပြီ "
လက်နှစ်ဖက်ကို ဆန့်တန်းလို့ပေးတော့မှ ရင်ခွင်ထဲ တိုးဝင်ကာ အသည်းကြွေမတတ် ရှိုက်ကြီးတငင်ငိုရှိုက်ရှာတယ်။
" ချန်းယောလ်လီ .. ချန်းယောလ်လီ .."
" အင့် ... ချန်းယောလ်လီ ... ဟင့် အင့် .. ချန်းယောလ်လီ "
" ချန်းယောလ်လီ ... ချန်းယောလ်လီ "
သူ၏ ဖြစ်တည်မှု အမည်နာမကို နှုတ်ဖျားလေးကတောင် မချနိုင်ခဲ့၊ မချရဲခဲ့။ မချရက်ခဲ့ဘူး။
ဒီရင်ဘတ်ထဲက နှလုံးသားခုန်လှုပ်နေတာလေးကို နားထောင်မိရင်း သူပြန်လာတာ သေချာနေပါပြီ၊ အိပ်မက်မဟုတ်ပါဘူးဆိုတဲ့ အသိနဲ့ တင်းထားသမျှ အံချငိုကြွေးမိတော့တာ။
နာမည်ကို အဆက်မပြတ် ရေရွတ်ရင်း ရင်ကွဲပက်လက် ငိုကြွေးနေသူလေးအား ပွေ့ဖက်ပြီး နဖူးလေးကို နမ်းရှိုက်လိုက်၊ ဆံသားလေးတွေထဲ နှာတံနဲ့ တိုးဝှေ့လိုက်နဲ့ နှစ်သိမ့်ရင်း ကိုယ်တိုင်လည်း မျက်ရည်မဆည်နိုင်ခဲ့။
" ဘတ်ဟျွန်းနီ ... ဝ အောင်ငိုနော် .. "
" ကိုယ်က မင်းအငိုတိတ်အောင် ချော့ပါ့မယ် "
" နောက်ဆို ကိုယ့်ကို စိတ်ကြိုက် စိတ်ဆိုး စိတ်ကောက်လို့ရပြီ "
" ကိုယ်က ဘတ်ဟျွန်းနီကို တစ်သက်လုံး ချော့ပါ့မယ် "
" ဒီနေ့ ငိုပြီးရင် နောက်နေ့ ဘတ်ဟျွန်းနီ မျက်ရည်ကျစရာ မရှိတော့အောင် ကိုယ်က ကြင်နာပါ့မယ် "
ကောင်ငယ်လေးကတော့ ရင်ခွင်ထဲ တိုးဝှေ့ငိုရှိုက်ဆဲ။
ကျေးဇူးတင်ပါတယ် အချစ်ရယ်။
ဒီနေ့ကစပြီး မင်းရဲ့ဘဝမှာ မျက်ရည်ဆိုတာ မရှိတော့အောင် ကိုယ့်အချစ်တွေနဲ့ ပျော်အောင် ထားပါ့မယ်။
ချစ်လွန်းလို့ ငိုခဲ့ရတာပါ။
ခွဲရမှာစိုးလို့၊ ဝေးရမှာ ကြောက်လန့်လွန်းခဲ့လို့ အသည်းကြွေမတတ် ငိုရှိုက်ခဲ့ရခြင်းတွေ တကယ်ကို ရှိတတ်ပါတယ်။
🍀🍀
နွေဦး ..
တိုက်ခတ်နေတဲ့ နွေဦးလေကြောင့် သစ်ရွက်တွေအချင်းချင်း ပွတ်တိုက်ထိခတ်သံတွေ ညံနေတယ်။
နားစည်ထဲ တစ်ချက်တစ်ချက် ဝင်လာတာက ခပ်ဝေးဝေးက ပျံ့လွင့်လာတဲ့ ဓမ္မသီချင်းသံတစ်ချို့ ..
လေတိုက်သံတွေက ကြီးစိုးလာလိုက်
သီချင်းသံတွေက ပေါ်ထွက်လာလိုက်နဲ့ ...
တစ်ယောက်တည်းပေမယ့် အထီးကျန်မနေဘူး ...
ပြီးတော့ ကြောက်ရွံမနေဘူး ...
သစ်ပင်ကြီးအောက်မှာ လှဲပြီး စာဖတ်နေရင်းကနေ ညောင်းလာလို့ စာအုပ်လေးကို ရင်ဘတ်ပေါ်တင်ပြီး လက်ကလေးတွေကို ဆန့်ထုတ်လိုက်တယ်။
အညောင်းမိနေလို့ ဆုပ်လိုက်ဖြန့်လုပ်နေတဲ့ လက်ချောင်းလေးတွေရဲ့ ဘယ်ဖက်လက်သန်းကြွယ်မှာ Clover ပုံ လက်ထပ်လက်စွပ်ကလေးက ရှိနေဆဲ။
သဘောကျစွာပဲ ပွတ်သပ်လိုက်ရင်း စာအုပ်လေးကို ယူပြီး နေပျောက်ကလေးတွေ ထိုးကျနေတဲ့ မျက်နှာပေါ်ကို တင်ပြီး မျက်လုံးလေးတွေကိုပါ အနားပေးလိုက်တယ်။
ဒီခံစားချက်ကလေးကို သဘောကျတယ်..။
တစ်ယောက်တည်း အချိန်အတော်ကြာ တိတ်ဆိတ်နေတုန်းမှာပဲ ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ခြေသံကို ကြားရတယ်။ ဒါပေမဲ့ မျက်ဝန်းတွေကို ဖွင့်မကြည့်ဘဲ ဒီတိုင်းပဲ ဆက်ပြီး ငြိမ်သက်နေလိုက်တယ်။
တဖြည်းဖြည်း နီးလာတဲ့အခါ စာအုပ်အောက်က မျက်နှာလေးက မထိန်းနိုင်ဘဲ ပြုံးသွားသေးတယ်။ ပြီးတော့ ကိုယ့်အနားကို ရောက်လာတဲ့ ခံစားချက်။
နောက်ထပ် ငြိမ်သက်သွားတဲ့ ခြေသံတွေနဲ့ နဖူးပေါ်ကျလာတဲ့ အနမ်းတစ်ပွင့် ...
မျက်နှာပေါ်က စာအုပ်လေးကို ဖယ်လိုက်တော့ သူက ငုံ့မိုးကြည့်နေတာကနေ ပြောင်းပြန်အနေအထားနဲ့ နှုတ်ခမ်းလေးပေါ် တစ်ခါထပ်နမ်းတယ်။
" ရောက်နေတာ ကြာပြီလား .. "
" အင်း .. နည်းနည်းကြာပြီ "
" တစ်ယောက်တည်း ပျင်းနေမှာပဲ "
ပြောပြောဆိုဆို သူက ကိုယ့်ခေါင်းလေးကို မ,ကာ ပေါင်ပေါ် ဆွဲတင်ပေးတာမို့ သူ့ပေါင်ကို ခေါင်းအုံးမိသွားလေရဲ့။
" အသက်ရှင်နေတဲ့တစ်လျှောက် ချန်းယောလ်လီ ခွဲစိတ်ခန်းထဲ ဝင်နေတဲ့ အချိန်လောက် ဘယ်ဟာမှ မကြာဘူး .. "
အဲ့ဒီစကားမှာ ချန်းယောလ်က ဘတ်ဟျွန်းကိုယ်လုံးလေးကို ဆွဲထူပြီး ရင်ခွင်ထဲ ဆွဲထည့်ကာ လက်တွေနဲ့ ပွေ့ပိုက်လိုက်တယ်။ အခုဆို ဘတ်ဟျွန်းက ချန်းယောလ်ရင်ခွင်ထဲမှာ မြုပ်နေပြီ။
" ဘာမှမပြောတတ်တော့ဘူး
ကျေးဇူးတင်တာနဲ့ ချစ်တာပဲ သိတယ် "
" အဟိဟိ .. ဟီး "
ဘတ်ဟျွန်းက ချန်းယောလ်ဆီက အချစ်ခံရတာကို သဘောသလိုလေး တဟိဟိရယ်တယ်။
ဒီတိုင်းလေးပဲ ငြိမ်သက်နေတာကနေ ဘတ်ဟျွန်းက ရုန်းထပြီး သူလုပ်နေကျအတိုင်း လေးပွင့်ဆိုင် သစ်ရွက်ကလေးတွေကို လိုက်ရှာနေပြန်ရဲ့။
" ရှာပြန်ပြီ .. "
" ဆုတောင်းချင်တာလေး ရှိသေးတယ် "
" ဘာတွေလိုအပ်နေသေးလို့လဲ .. "
" အိမ်က ယောကျာ်းကြီးက ပျင်းစရာကောင်းနေပြီ။ နောက်ထပ် အရပ်ရှည်ရှည် ... "
" ဘာပြောတယ် "
စကားတောင် မဆုံးသေး ချန်းယောလ်က သူ့ကို ဆွဲမပြီး မြက်ခင်းပေါ် တွန်းလှဲလိုက်တော့ ပက်လက်ကလေး ဖြစ်သွားလေရဲ့။ အပေါ်ကနေ အုပ်မိုးကာ ငုံ့ကြည့်လိုက်တော့ လူကို စနေရတာ သဘောကျနေတဲ့ ကောင်လေးက ပြုံးစိစိ ...
" ပါးချိုင့်တွေပါတဲ့ .. မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကောင်လေးတစ်ယောက်လောက် လိုချင်တယ် ပြောမလို့ပါ .. "
အဲ့ဒီတော့မှ လက်ကလေးနဲ့ ရင်ဘတ်ကို ဖွဖွလေး ထုထုပြီး ပြောလာပြန်တယ်။
" အဲ့ဒီလူက ကိုယ့်လောက် မင်းကိုကောင်းပါ့မလား "
" ဒါကတော့ စမ်းသုံးကြည့်ရမှာပေါ့ .. "
အင်္ကျီကြယ်သီးကို ဆော့နေရင်း ပြောပြန်တော့ ချန်းယောလ်က ဘတ်ဟျွန်းရဲ့ လက်ကလေးတွေကို မြက်ခင်းပေါ် ဖိချကာ လက်ချောင်းလေးတွေကို ယှက်နွယ်လိုက်တယ်။
" ယှဉ်ကြည့်လိုက်စမ်းပါ .. "
ပြောပြောဆိုဆို နှုတ်ခမ်းပါးလေးပေါ် တိတိကျကျ ဖိကပ်ကျလာတဲ့ နှုတ်ခမ်းဖူးဖူးတွေ။
တသိမ့်သိမ့်နဲ့ ရင်ခုန်စရာကောင်းတဲ့ အဖိအဖွလေးတွေအောက်မှာ ဘတ်ဟျွန်းဟာ ကျေကျေနပ်နပ်ပြုံးရင်း လက်ကလေးတွေကို ချန်းယောလ်ရဲ့လည်တိုင်ကို တွယ်ချိတ်လိုက်ရင်း အနမ်းတွေကို တုံ့ပြန်ပါရဲ့။
အပေးအယူ ညီမျှနေတဲ့ အနမ်းတွေကြောင့် တောင်ကုန်းလေ အေးအေးကလည်း မသိသာတော့ဘူး။
ကျေနပ်သလိုလေးတွေ ပြုံးလိုက်၊ နှုတ်ခမ်းလေးတွေကို ဖိနမ်းလိုက်၊ ပါးလေးတွေကို မွှေးကြူလိုက်နဲ့ ချန်းယောလ်က တော်တော်နဲ့ မရပ်ချင်ခဲ့ဘူး။
" ဘယ်လိုလဲ .. အဲ့ဒီလူက ကိုယ့်လောက် ကောင်းကောင်းကြင်နာနိုင်ပါ့မလား "
ကိုယ့်ကိုယ်ကိုယ်တောင် သဝန်တိုတဲ့ ပတ်ချန်းယောလ်ပါပဲ ..
" လူလဲချင်သေးလား .. "
ဘတ်ဟျွန်းက ပါးအို့လေးတွေ လုံးတက်တဲ့အထိ ရယ်ရင်း ခေါင်းလေး ရမ်းတယ်။
" မလဲတော့ဘူး ..
ချန်းယောလ်လီကြင်နာတာကိုပဲ လက်ခံတော့မယ် .. "
အချိန်တော်ကြာ နမ်းရှိုက်ခံထားရတဲ့ နှုတ်ခမ်းလေးက နီနီရဲရဲ၊ ဖူးဖူးအစ်အစ်ကလေး။
ပြီးတော့ ထထိုင်ဖို့ ကြိုးစားတာမို့ ချန်းယောလ်က ဆွဲထူပေးလိုက်ရင်း ကျောမှာကပ်နေတဲ့ မြက်ပင်လေးတွေကို ဖယ်ပေးလိုက်တယ်။
" ဒီကပြန်ရင် မောင်တို့ အန်တီ့ဆီ သွားရအောင် "
" ဘယ်သူကြီး .. ဘယ်သူကြီး ...
ပြန်ပြောစမ်းပါဦး ... "
သူ့ကိုယ်မှာ ကပ်နေတဲ့ သစ်ရွက်စလေးတွေကို လက်ကလေးနဲ့ လိုက်တောက်နေတဲ့ ဘတ်ဟျွန်းက နားမလည်သလို ပြူးကြည့်ပြီး မေးလာတယ်။
" ကိုယ်လေ .. မောင် ..
မင်းယောကျာ်း "
" ဟားဟားဟား .... အမလေး
သူ့ကိုယ်သူများ မောင်တဲ့ "
ဘတ်ဟျွန်းက ရယ်တာမှ အူလှိုက်သည်းလှိုက်။ ချန်းယောလ်ကတော့ အထူးအဆန်းမဟုတ်သလို ခပ်တည်တည်နဲ့ပဲ ဘတ်ဟျွန်းရယ်နေတာကို ပြီးအောင်ထိုင်ကြည့်နေလိုက်တော့တယ်။
တော်တော်ကြာမှ ဘတ်ဟျွန်းက အရယ်ရပ်ပြီး ပြန်ကြည့်လာတယ်။ တအားရယ်ထားလို့ မျက်နှာလေးက ရဲနေပြီ။
" မောင်လို့ခေါ်တော့ .. "
" အား ... လျှာယားစရာကြီး ... "
" ကိုယ်ကတော့ တစ်ပြားမှ မလျှော့ဘူး
မောင် မှမောင်ပဲ .. "
" ပတ်ချန်းယောလ်ရယ် ... "
" ဒေါက်တာပတ်ဘတ်ဟျွန်းရှိ
ကျွန်တော်နောက်နေတာ မဟုတ်ဘူးဗျ "
လေသံလေး မာလာတော့မှ မနိုင်တော့သလို အလျှော့ပေးလာတယ်။
" အေးပါ အေးပါ .. မောင်ဆိုတော့လည်း မောင်ပေါ့ "
ပြုံးစိစိနဲ့ ပြောပြီးတော့ ဘတ်ဟျွန်းက Clover ရွက်ကလေးတွေကို လိုက်ရှာနေပြန်တယ်။
" လုပ်ပြန်ပြီ .. "
" ဆုတောင်းစရာရှိတယ် .. "
တားမရမယ့် အတူတူ ကိုယ်ပါ အတူတူလိုက်ရှာပေးရတော့တယ်။ မရမချင်း ပြန်မယ့်ပုံလည်း မပေါက်တာမို့။
အခုအထိ ဘာတွေ ဆုတောင်းချင်နေသေးတာပါလိမ့်။
" ဘတ်ဟျွန်းနီ ... ဒီမှာ "
ချန်းယောလ်ပြတဲ့နေရာကို ကြည့်လိုက်တော့ ပေါက်နေဆဲ လေးပွင့်ဆိုင်သစ်ရွက်ကလေး တစ်ရွက်။
အဲ့ဒီနေရာလေးမှာ ဝမ်းသာအားရနဲ့ ဘတ်ဟျွန်းက ဆုတောင်းဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ ချန်းယောလ်က ဝင်တားတယ်။
" ဒါနောက်ဆုံးပဲ ဖြစ်ရမယ် ဘတ်ဟျွန်းနီ .. "
ဘတ်ဟျွန်းက ဒီစကားကို နားမလည်သလို မျက်လုံးလေး ဝိုင်းကြည့်ပြီး ငြိမ်သက်သွားတယ်။ ချန်းယောလ်က ပုခုံးလေးတွေကို ဆုပ်ကိုင်လိုက်ပြီး ထပ်ပြောတယ်။
" လေးပွင့်ဆိုင်သစ်ရွက်ကလေးတွေဆီမှာ ဆုတောင်းတာ ဒါနောက်ဆုံးပဲ ဖြစ်ရမယ် "
" ..... "
" ဘာလို့လဲဆိုတော့ မောင်က ဘတ်ဟျွန်းနီရဲ့ လေးပွင့်ဆိုင် သစ်ရွက်ကလေး ဖြစ်ပေးမှာမို့ "
" ဘတ်ဟျွန်းနီရဲ့ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ အားလုံး ဖြည့်ဆည်းပေးမယ်။ ဘတ်ဟျွန်းနီရဲ့ ဘဝမှာ ဘာဆုတောင်းမှ မလိုအပ်တော့တဲ့အထိ မောင်က ဘတ်ဟျွန်းနီအတွက် ရှိပေးမယ် "
ဒီစကားတွေမှာ ဘတ်ဟျွန်းရဲ့ မျက်ဝန်းလေးတွေပါ ပြုံးသွားပြီး နှုတ်ခမ်းဖျားလေးတွေပါ ကော့တက်သွားတဲ့အထိ ရယ်တယ်။
" ဘတ်ဟျွန်းနီ ဖြစ်ချင်တဲ့အရာတိုင်းအတွက် မောင့်ဆီမှာ ဆန္ဒပြုပါ "
" မောင်ကပဲ ဘတ်ဟျွန်းနီရဲ့ မျှော်လင့်ချက်၊ ဘတ်ဟျွန်းနီရဲ့ ယုံကြည်မှု၊ ဘတ်ဟျွန်းနီရဲ့ ကံကောင်းခြင်း၊ ဘတ်ဟျွန်းနီရဲ့ အချစ် ... ဘတ်ဟျွန်းနီရဲ့ အရာအားလုံး ဖြစ်ပေးမယ် "
" .... "
ဘတ်ဟျွန်းက ငေးငေးလေး တိတ်ဆိတ်သွားတယ်။ ပြီးမှ မျက်နှာလေးက ပြုံးယောင်လေးသမ်းပြီး ပြောလာတယ်။
" အင်း ... ငါ့ရဲ့ Clover လေး ချန်းယောလ်လီ .. "
ဒီစကားမှာ ချန်းယောလ်က ကျေကျေနပ်နပ်ပြုံးတယ်။ ပြီးတော့ လက်ကလေးကိုဆွဲကာ သူစောစောက ရှာတွေ့တဲ့ Clover လေးရှေ့ကို နေရာချပေးလိုက်တယ်။
ပြီးတော့ အပင်လေးဖက်ကို မေးဆတ်ပြပြီး ဘတ်ဟျွန်းရဲ့ ဆုတောင်းတွေကို နားစွင့်နေလိုက်တော့တယ်။
" လေးပွင့်ဆိုင်သစ်ရွက် နတ်မင်းကြီး .. ဒီနေ့တော့ ဆုတောင်းမလို့ မဟုတ်တော့ပါဘူး။ ကျေးဇူးတင်မလို့ပါ "
အသံအေးအေးလေးက လေတိုးသံတွေကြားထဲ ဖွဖွလေး ထွက်ပေါ်လာတယ်။
" ဒီကာလတွေအတွင်း ကျွန်တော် နားပူခဲ့သမျှကို ဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ နောက်ထပ် ဒုက္ခလာပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ် "
" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် .. "
" ...... "
" ကျွန်တော့်ဆီကို ကိုယ်ပိုင် Clover လေး လက်ဆောင်ပေးခဲ့လို့ရော ... "
ဒီစကားမှာ ချန်းယောလ်နဲ့ မျက်လုံးချင်းဆုံသွားတော့ ချန်းယောလ်က နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပြလာလေရဲ့။
" မောင်တို့ သွားကြမလား .. "
" အင်း ... နှုတ်ဆက်လိုက်ဦးမယ် "
" လေးပွင့်ဆိုင်သစ်ရွက်နတ်မင်းကြီး ..
ကောင်းကောင်းနေရစ်ခဲ့ပါ "
ချန်းယောလ်က မတ်တပ်ရပ်ပြီး လက်ကမ်းတော့ ဘတ်ဟျွန်းက လှမ်းဆွဲလိုက်ပြီး ထရပ်လိုက်တယ်။
ပြီးတော့ အိမ်အပြန်လမ်းလေးကို ခြေလှမ်းတွေ စတင်လိုက်တယ်။
" အန်တီ့ဆီ သွားမှာလား .. "
" အင်း သွားမယ် .. "
" အန်တီတော့ သူ့သားလေး လာတော့ ပျော်နေမှာပဲ "
" အန်တီက သူ့သားမက်ကလေးကို ပိုချစ်တာကိုကျ မပြောတော့ဘူးလား .. "
အသက်သခင် ကျေးဇူးရှင် ဦးလေးကြီးရဲ့ အမျိုးသမီး၊ ဘတ်ဟျွန်းတို့ အခေါ် အန်တီကတော့ သူ့အမျိုးသားက သူ့ကို ထားခဲ့ပေမယ့် သားနှစ်ယောက် လက်ဆောင်ပေးခဲ့တယ်ဆိုပြီး ကျေနပ်နေရှာတယ်။ ဘတ်ဟျွန်းတို့ကလည်း အားရင် အားသလို သွားလည်ပြီး လိုအပ်တာတွေ လုပ်ကိုင်ဖြည့်ဆည်းပေးတတ်ကြတယ်။
" အသက် ... "
" ၂၆ နှစ် "
" ဘာတွေပြောနေတာလဲ ... "
" ချန်းယောလ်လီပဲ အသက်ဆို "
" မောင်က ဘတ်ဟျွန်းနီကို ခေါ်နေတာ "
" ထူးထူးဆန်းဆန်းတွေ လုပ်ပြန်ပြီ .. "
ဘတ်ဟျွန်းက မနိုင်တော့သလို ခေါင်းလေးရမ်းရင်း ရယ်တယ်။
" ဘတ်ဟျွန်းနီကြောင့် မောင်က အသက်ဆက်ရှင်နိုင်တာလေ .. အဲ့ဒါကြောင့် ဘတ်ဟျွန်းနီက အသက် "
" မောင့်အသက် .. "
ခြေလှမ်းတွေက မတိုင်ပင်ပဲ ထပ်တူကျနေတယ်။ လမ်းတစ်လျှောက် တိုးဖွဖွ ပြောသွားတဲ့ စကားသံလေးတွေက ချစ်ခြင်းတရား အပြည့်နဲ့ နွေးထွေးနေလေရဲ့။
တွဲထားတဲ့ လက်ကလေးတွေကလည်း တင်းတင်းကြပ်ကြပ်။ ကြာလေသွေးလို့ မရနိုင်အောင် ..
ဆင်တူလက်စွပ်ကလေးတွေကလည်း လက်ချောင်းလေးတွေပေါ်မှာ ရှိနေဆဲပါပဲ ..
" မောင် ... "
" ဟင် .. "
" အဟိဟိ .. အူယားစရာကြီး "
လမ်းလျှောက်နေရင်း အူယားပြီး ခြေထောက်ကလေး ဆောင့်ဆောင့်ပြီး ခုန်စွခုန်စွလုပ်နေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်က ချစ်စနိုးလေးကြည့်တယ်။
" မောင် .. "
" အင်း .. "
" ငါတို့ အိမ်ပြန်ရောက်ရင် ဘာလုပ်မလဲ "
" အသက်ကို နမ်းမယ် .. "
" မနက် အိမ်ကထွက်မလာခင်လည်း နမ်းထားတယ်
ခုနကလည်း အကြာကြီးနမ်းထားသေးတယ်
မတော်သေးဘူးလား "
" အသက်ပဲ မောင်နေကောင်းမှ အကြာကြီး နမ်းမယ်ဆို
လက်ထပ်ပြီးရင် မနက်လည်း နမ်းမယ်
ညလည်း နမ်းမယ်ဆို ... "
" ဪ .... အင် .. ဟင်း "
သူ့စကားနဲ့သူ အကြပ်ရိုက်သွားတဲ့ ကောင်လေးက မနိုင်တော့သလို မျက်နှာပေးလေးနဲ့။
" နမ်းမှာနော် .. "
" အင်းပါ .. "
" မောင့်အသက်လေးက ချစ်စရာ အကောင်းဆုံးပဲ .. "
" သွားပါ .. အာလူး နှာဘူး
ဂမ်းမ်ဂျာ ဂမ်းမ်ဂျာ ပိုတေးတိုးကြီး .. "
ရယ်ကျဲကျဲ ရှက်ချင်ယောင်ဆောင်ပြီး လက်မောင်းကို လက်ကလေးနဲ့ ထုထုပြီး ပြောလေတော့ ချန်းယောလ်ရဲ့ ရယ်သံခပ်ဩဩက နွေဦးလေပြည်ထဲ ပျံ့လွင့်လာတယ်။
တကယ်ပါပဲ .. ချစ်စရာအကောင်းဆုံး ကောင်လေးပါပဲ။
ဘတ်ဟျွန်းနီကြောင့်ပဲ ရှင်သန်နိုင်ခဲ့တာမို့ မင်းကို အသက်လို့ တင်စားမိတာ မောင်မလွန်ပါဘူးနော်။
မောင်တို့က သစ်ရွက်ကလေးနဲ့ နေရောင်ခြည်လို ဆက်ဆံရေးမျိုး ...
အရာအားလုံးထက် မင်းမရှိလို့ မဖြစ်ဘူး
မင်းကို မချစ်ဘဲ မနေနိုင်ဘူး
မင်းမရှိဘဲ မရှင်သန်နိုင်ဘူး ကောင်လေးရဲ့ ..
မောင်က ဒီလိုမျိုး မင်းကိုတော့ တကယ်ချစ်ပုံရတယ်။
အဲ့ဒီလိုမျိုး မင်းက မောင့်ရဲ့ တကယ့် အသက်ဖြစ်နေခဲ့တာပါပဲ။
🍀CLOVER🍀
THE END
_______________
AN
Clover လေး ပြီးသွားပါပြီရှင်။
ဒါလေးကို မောင်နဲ့အသက်ရဲ့ Another Life လို့ သတ်မှတ်လို့ရပါတယ်။
ရင်ထဲမှာ တစ်ခုခုကျန်ခဲ့လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဒါလေးရဲ့ Original Movie လေးနာမည်က " I give my first Love to you " ပါတဲ့။ ကိုယ်အကြိုက်ရဆုံးလေးပါ။
Ending ကိုတော့ ပြောင်းထားပါတယ်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေရှင် <3
28.6.2021(Monday)
________ Zawgyi __________
မ်က္စိေအာက္ကေန ခ်န္းေယာလ္ေပ်ာက္သြားတာနဲ႔ ဘတ္ဟၽြန္းက အခန္းထဲက ခုံေပၚမွာ ေျခပစ္လက္ပစ္ ထိုင္က်သြားတယ္။
ဆံပင္ေတြထဲ လက္ေတြထိုးထည့္ၿပီး ဆြဲဖြပစ္တယ္။
ဆိုဖာေနာက္မွီေပၚကို ေခါင္းလွန္ခ်ၿပီး သက္ျပင္းရွည္ႀကီး တစ္ခ်က္ခ်တယ္။
အဲ့ဒီပုံစံအတိုင္း အခ်ိန္အေတာ္ၾကာ ၿငိမ္သက္ေနတာကေန ဆတ္ခနဲထထိုင္ၿပီး လည္ပင္းကဆြဲႀကိဳးေလးကို အေၾကာင္းမဲ့ ဆုပ္ကိုင္ၿပီး ၿငိမ္သက္သြားျပန္တယ္။
ခဏေနေတာ့ ဒူးေတြတုန္လာတယ္။
ၿပီးေတာ့ လက္ေတြ တဆတ္ဆတ္တုန္လာတယ္။
ႏွလုံးခုန္သံ တဒိန္းဒိန္းနဲ႔ ေသြးေၾကာေတြ လွုပ္ခတ္ေနတာကို ခံစားလို႔ရေနတယ္။
ဒီလိုပုံစံအတိုင္းဆို မျဖစ္ေတာ့ဘူး ...
ကိုယ့္ကိုယ္ကိုယ္ စိတ္ေျပလက္ေပ်ာက္ ျဖစ္လိုျဖစ္ညား အခန္းထဲ ဟိုဖက္ဒီဖက္ လမ္းထေလၽွာက္ပစ္တယ္။
ဒါေပမယ့္ မ်က္ရည္ေတြပဲ ဝဲတက္လာခဲ့တယ္။
မျဖစ္ဘူး ... ငိုလို႔မရဘူး ...
ခ်န္းေယာလ္လီက ေသခ်ာေပါက္ျပန္လာမွာမို႔ မ်က္ရည္က်လို႔ မျဖစ္ဘူး။
မ်က္ႏွာကိုေမာ့ၿပီး မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ကာ မ်က္ရည္ေတြကို သိမ္းဆည္းပစ္လိုက္တယ္။
အနည္းဆုံး ၈ နာရီၾကာမယ့္ ခြဲစိတ္မွု ...
သူ႔ႏွလုံးသားကို ဆြဲထုတ္ၿပီး အသစ္အစားထိုးမယ္ဆိုတဲ့ အသိမွာ ကမၻာတစ္ဖက္ကို လြင့္စင္သြားေတာ့မလိုပဲ။
၈ နာရီထက္မနည္း သူ႔ရင္ဘတ္ကို ဖြင့္ထားၾကမွာ ..
၈ နာရီထက္မနည္း သူက အိပ္ေပ်ာ္ေနရမွာဆိုတဲ့ အသိေတြမွာ ေအာ္ဟစ္ပစ္ခ်င္ေလာက္ေအာင္ ႐ူးခ်င္လာတယ္။
ရွင္သန္လာသမၽွ တစ္ေလၽွာက္လုံးမွာ ဒီနာရီအပိုင္းအျခားေလးက အရွည္ၾကာဆုံး ျဖစ္လိမ့္မယ္ထင္တယ္။
စိုးရိမ္ေၾကာက္လန႔္စိတ္ေတြက ေသြးေၾကာေတြကေန တစ္ကိုယ္လုံးကို စီးဆင္းသြားသလိုခံစားမွုမ်ိဳး။
သူအိပ္ခဲ့တဲ့ ကုတင္ေပၚတက္ၿပီး သူ႔တစ္ေနရာစာခ်န္ကာ ေဘးကိုကပ္ၿပီး ေခြေခြေလး လွဲေနလိုက္တဲ့အခါ ခ်န္းေယာလ္လီဆီက ရေနက် ေဆးနံ႔သင္းသင္းေလးက ဆီးႀကိဳေနတယ္။
အဲ့ဒီအနံ႔ေလးကိုပဲ အဆုတ္ရဲ့ ဟိုးေအာက္ေျခေရာက္တဲ့အထိ ရွိုက္သြင္းပစ္လိုက္မိပါရဲ့။
တစ္ေယာက္တည္း တိတ္ဆိတ္ေနရတာက ေၾကာက္လန႔္စရာေကာင္းေနသလို သိပ္ကိုလည္း အထီးက်န္ဆန္လြန္းတယ္ ...
ငါမင္းကို လိုအပ္ေနၿပီ ...
ျမန္ျမန္ျပန္လာပါေတာ့ ...
ေၾကာက္ရြံ႕အားငယ္စိတ္ေတြေၾကာင့္ တစ္ကိုယ္လုံးကို အေသးငယ္ဆုံး အမွုန္အမႊားေလးအျဖစ္ လြင့္စင္ကြယ္ေပ်ာက္သြားခ်င္တဲ့အထိ။
ခဏေလာက္ျဖစ္ျဖစ္ ေသခ်င္တယ္ ...
ဘတ္ဟၽြန္းက အိပ္ရာေပၚမွာ ကိုယ္လုံးေလးကို က်ဳံ႕နိုင္သေလာက္ က်ဳံ႕လိုက္တယ္။ ေသးနိုင္သမၽွ ေသးေအာင္။ ျဖစ္နိုင္ရင္ ဘယ္သူမွ မျမင္ရေလာက္တဲ့ အေနအထားေရာက္တယ္လို႔ ခံစားရတဲ့အထိ။
ဒူးကို ရင္ဘတ္နား ေရာက္တဲ့အထိ ေကြးေကြးေလး လွဲအိပ္ၿပီး ေျခေထာက္ေတြကို လက္ကေလးနဲ႔ ျပန္ဆြဲပိုက္ထားရင္း ခ်န္းေယာလ္ကို ေစာင့္တယ္ ...
တစ္ေယာက္တည္း ....
တိတ္ဆိတ္လြန္းစြာ .....
အထီးက်န္စြာ .....
ဒီလိုနဲ႔ .... တစ္ေယာက္တည္း ......
🍀🍀
အဲ့ဒီေန႔က ... ခ်န္းေယာလ္နဲ႔ ခင္မင္ၿပီး ပထမဆုံး ခ်န္းေယာလ္နဲ႔အတူတူ ေက်ာင္းစတက္တဲ့ေန႔။
မူလတန္းေက်ာင္းသားေလးပဲရွိေသးတဲ့ ဘတ္ဟၽြန္းက သူ႔ထက္ ၆ လငယ္တဲ့ ခ်န္းေယာလ္ကို ဆရာလုပ္ၿပီး တစ္ေနရာရာကို ေခၚသြားေနတာ ...
" စိတ္အားထက္သန္စြာ ဆုေတာင္းရင္ ဆုေတာင္းေတြ ျပည့္တတ္တယ္တဲ့ ... ေသခ်ာဆုေတာင္းေနာ္ ခ်န္းေယာလ္လီ "
" အင္း ... "
တိတ္ဆိတ္ေနတဲ့ ဘုရားေက်ာင္းထဲမွာ
ကေလးငယ္ႏွစ္ေယာက္ ...
အသက္အရြယ္နဲ႔ မလိုက္ဖက္စြာ ၿငိမ္ၿငိမ္သက္သက္ေလး ဆုေတာင္းေနခဲ့ၾကတယ္ ...
' ခ်န္းေယာလ္လီရဲ့ နာက်င္မွုေတြ အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေစ '
ဘတ္ဟၽြန္းရဲ့ ဆုေတာင္းေလးက ရိုးရွင္းတယ္ ..
' ကၽြန္ေတာ္ မရွိေတာ့သည့္တိုင္ေအာင္ ...
ဘတ္ဟၽြန္းနီ ေပ်ာ္ရႊင္တတ္ပါေစ ... '
' ကၽြန္ေတာ္ မေခ်ာ့နိုင္ေတာ့တဲ့ အခ်ိန္ေတြမွာလည္း
ဘတ္ဟၽြန္းနီ အငိုတိတ္နိုင္ပါေစ .. '
ၿပီးေတာ့ ဘတ္ဟၽြန္းက သူေဆာ့ေနက် ဘုရားေက်ာင္းေနာက္ဖက္က ေတာင္ကုန္းေလးေပၚကို ခ်န္းေယာလ္ကို ေခၚသြားတယ္။
ၿပီးေတာ့ သူယုံၾကည္တဲ့ ေလးပြင့္ဆိုင္သစ္ရြက္ကေလးေတြကို လိုက္ရွာတယ္။
ၿပီးေတာ့ သူလိုခ်င္တဲ့ တစ္ခုတည္းေသာ ဆုကို ထပ္ေတာင္းတယ္။
' ခ်န္းေယာလ္လီနဲ႔ အခ်ိန္ေတြအၾကာႀကီး အတူရွိသြားနိုင္ပါေစ '
🍀🍀
အဲ့ဒီေန႔က မိုးရြာတယ္။
ခ်န္းေယာလ္ကို ေဆး႐ုံကားေပၚတင္သြားၿပီးတဲ့အထိ ေနရာမွာ အသက္မဲ့သလို ၿငိမ္သက္ေတြေဝေနတုန္း အလိုက္ကန္းဆိုးမသိ ရြာခ်တဲ့ မိုးေတြက ... သည္းႀကီးမဲႀကီး ...
တစ္ခုေတာ့ ေကာင္းခဲ့ပါတယ္...
မိုးေရေတြေၾကာင့္ ဘတ္ဟၽြန္းငိုေနတယ္ဆိုတာကို ဘယ္သူမွ မသိေတာ့ဘူး။ ၿပီးေတာ့ ေခ်ာ့ေပးမယ့္ ခ်န္းေယာလ္လည္း အနားမွာ မရွိဘူး။
မိုးေရထဲမွာ ေျပးလႊားေနတဲ့ ဘတ္ဟၽြန္းက တကယ္ကို ေခါင္းမာၿပီး ဂ်စ္ကန္ကန္နိုင္တဲ့ ကေလးလိုပဲ..
ေက်ာင္းကစားကြင္းထဲကေန ဘုရားေက်ာင္းကို မိနစ္ ၂၀ ေတာ့ လမ္းေလၽွာက္ရတယ္။ အဲ့ဒီခရီးကိုပဲ ဘတ္ဟၽြန္းက မိုးေရထဲမွာ မနားတမ္းေျပးသြားေနခဲ့တာ။
ရင္ဘတ္ထဲက ေမာဟိုက္ၿပီး အသက္ေတာင္ ဝဝရွူလို႔ မရေတာ့တဲ့အထိ၊ ႏွလုံးသားထဲမွာ ေအာက္စီဂ်င္ျပတ္လပ္ၿပီး ရင္ဘတ္ေတြ လွိုက္ဖိုလာမယ့္ အေျခအေနအထိ၊ လည္ေခ်ာင္းေတြ ေျခာက္ကပ္ၿပီး ကြဲထြက္ေတာ့မယ့္ အေျခအေနအထိ ေမာဟိုက္ေနတာေတာင္ တစ္စက္ကေလးမွ မရပ္နားခဲ့ဘူး။
ဒုန္းခနဲ ပြင့္သြားတဲ့ တံခါးရယ္ ....
ဘုရားသခင္ေရွ႕ေမွာက္ ဝုန္းခနဲ ၿပိဳလဲက်သြားတဲ့အသံ ...
ၿပီးေတာ့ တစ္သဲ့သဲ့နဲ႔ က်ယ္ေလာင္လာတဲ့ ရွိုက္သံငယ္ေလးေတြ ...
" ခ်န္းေယာလ္လီကို .. ဟင့္ .. ကၽြန္ေတာ့္ကို ေပးပါ .. "
" ခ်န္းေယာလ္လီကို ကယ္တင္ေပးပါ ... "
" ေတာင္းပန္ပါတယ္ .. အင့္ "
တိတ္ဆိတ္ေနတဲ့ ဘုရားေက်ာင္းထဲ ငိုရွိုက္သံေရာတဲ့ ဆုေတာင္းသံေလးေတြက ခပ္စိပ္စိပ္ ေပၚထြက္လာတယ္။
" ခ်န္းေယာလ္လီကို အသက္ရွင္ခြင့္ေပးပါ ... "
" ခ်န္းေယာလ္လီသာ ရွင္သန္နိုင္မယ္ဆိုရင္ ကၽြန္ေတာ့္ရဲ့ ဘယ္အရာမဆို ေပးဆပ္နိုင္ပါတယ္ "
" ခ်န္းေယာလ္လီကိုပဲ အသက္ရွင္ခြင့္ေပးပါ "
တဖြဖြ ဆုေတာင္းေနေပမယ့္ ျပန္လည္ေျဖၾကားေပးမယ့္သူမရွိ။
ဆုေတာင္းတိုင္း မျပည့္နိုင္ဘူးဆိုတာ နားလည္နိုင္တဲ့ အရြယ္ေရာက္ေနေပမယ့္ သူ႔အတြက္ဆို ေကာက္ရိုးတစ္မၽွင္ေတာင္ ဆြဲထားခ်င္ခဲ့တဲ့ စိတ္ေတြသာ အေလးသာေနခဲ့တဲ့ ဘတ္ဟၽြန္းကို ... အေပၚယံ ႏွစ္သိမ့္ေပးမယ့္သူေတာင္ မရွိ ...
အငိုတိတ္ေစမယ့္သူ ...
မ်က္ရည္ေတြကို သုတ္ေပးမယ့္သူ
တစ္ေယာက္တစ္ေလေတာင္ မရွိခဲ့ ...
အားမရစြာ ... လက္မေလၽွာ့စြာ ေနာက္ထပ္ ေမၽွာ္လင့္ခ်က္ကေလးရွိရာကို ေျပးထြက္သြားခဲ့တယ္။
သည္းထန္တဲ့ မိုးစက္ေတြၾကားထဲ၊ တစ္ကိုယ္လုံး တုန္ယင္ေနရင္း၊ မ်က္ရည္ေတြ အဆက္မျပတ္က်ရင္း သစ္ပင္ႀကီးေအာက္မွာ ဒူးေထာက္ထိုင္ခ်ၿပီး လက္ကေလးေတြက ျမက္ပင္ေတြၾကား ျဖဲရဲကာ တစ္စုံတစ္ခုကို ကမူးရွူးထိုးရွာျပန္တယ္။
" ေက်းဇူးျပဳၿပီး .. တစ္ခုေလာက္ျဖစ္ျဖစ္ "
" ခ်န္းေယာလ္လီအတြက္ .. အင့္ "
" ေက်းဇူးျပဳၿပီးေတာ့ .. "
" ခ်န္းေယာလ္ .. လီ .. ဟင့္ .. အတြက္ "
ေလျပင္းေတြတိုက္ခတ္ၿပီး သည္းထန္စြာ ရြာက်ေနတဲ့ မိုးေရေတြၾကားထဲမွာ မ်က္ရည္ေတြကို လက္ခုံနဲ႔ ဆြဲသုတ္လိုက္ ရွာလိုက္လုပ္ေနတဲ့ ဘတ္ဟၽြန္းက တစ္စုံတစ္ခုကို ေတြ႕တဲ့အခါ ရပ္တန႔္သြားတယ္။
ဟုတ္ပါတယ္ ..
ေသခ်ာေပါက္ကို ေလးပြင့္ဆိုင္ သစ္ရြက္ကေလးပါပဲ ..
အဲ့ဒီသစ္ရြက္ကေလးေရွ႕ ထိုင္ခ်ကာ ငုံ႔ၾကည့္ရင္း တုန္ယင္ေနတဲ့ ဆုေတာင္းေလးေတြက အဆီအေငၚမတည့္စြာ ေပၚထြက္လာျပန္တယ္။
" ေလးပြင့္ဆိုင္ သစ္ရြက္နတ္မင္းႀကီး .. "
" ခ်န္းေယာလ္လီကို ကၽြန္ေတာ့္ကိုေပးပါ "
" ကၽြန္ေတာ့္ရဲ့ က်န္ရွိေနတဲ့ သက္တမ္းတစ္ဝက္ကို ခ်န္းေယာလ္လီဆီကို ေပးေပးပါ "
" ခ်န္းေယာလ္လီကို အၾကာႀကီးရွင္သန္ခြင့္ရေအာင္ လုပ္ေပးပါ "
" ကၽြန္ေတာ့ ဘဝသက္တမ္းရဲ့ တစ္ဝက္ကို ခ်န္းေယာလ္လီဆီကို ေပးပါတယ္ .. "
" ခ်န္းေယာလ္လီကို ကယ္တင္ေပးပါ ... "
၁၅ ႏွစ္အရြယ္မွာ ဘဝနဲ႔ခ်ီၿပီး အလဲအထပ္လုပ္ရဲခဲ့တဲ့ ခ်န္းေယာလ္လီ မသိခဲ့တဲ့ ဆုေတာင္းစကားေတြ ...
🍀🍀
မၾကာေသးခင္ကပဲ ေလၽွာက္လည္ရင္း ဘုရားေက်ာင္းထဲကို ေရာက္ျဖစ္ခဲ့ၾကေသးတယ္။
ဆုေတာင္းေလးေတြက အသစ္မေျပာင္းသြားဘဲ ရိုးရွင္းေနဆဲပဲ ..
' ကၽြန္ေတာ့္ရဲ့ က်န္ရွိေနတဲ့ သက္တမ္းတစ္ဝက္ကို ခ်န္းေယာလ္လီဆီ ေပးပါတယ္ '
' ခ်န္းေယာလ္လီကို ကၽြန္ေတာ့ကို ေပးပါ .. '
ဒါက ဘတ္ဟၽြန္းရဲ့ ဆုေတာင္း ...
' ကၽြန္ေတာ္ မရွိေတာ့သည့္တိုင္ေအာင္ ...
ဘတ္ဟၽြန္းနီ ေပ်ာ္ရႊင္တတ္ပါေစ ... '
' ကၽြန္ေတာ္ မေခ်ာ့နိုင္ေတာ့တဲ့ အခ်ိန္ေတြမွာလည္း
ဘတ္ဟၽြန္းနီ အငိုတိတ္နိုင္ပါေစ .. '
ဒါကေတာ့ မေျပာင္းလဲတဲ့ ခ်န္းေယာလ္ရဲ့ ဆုေတာင္း ..
🍀🍀
စကၠန႔္တိုင္းက ရွည္ၾကာလြန္းတယ္ ...
အခ်ိန္တိုင္းက စကၠန႔္တိုင္းရဲ့ အစိတ္အပိုင္းေပါင္း ေျမာက္ျမားစြာကို အေသးစိတ္ ခြဲေဝလည္ပတ္ေနသလိုပဲ ...
ဘဝမွာ ဒီေလာက္ထိတ္လန႔္တုန္လွုပ္ရတဲ့ အျဖစ္မ်ိဳး မၾကဳံဖူးဘူး ...
ဒီေလာက္ တစ္ကိုယ္လုံးကို အတတ္နိုင္ဆုံး ေသးက်ဳံ႕ထားတာေတာင္ မလုံျခဳံနိုင္ေသးဘူး ...
လည္ပင္းက ဆြဲႀကိဳးေလးကို ဆုပ္ကိုင္လိုက္ၿပီးေတာ့ ႏွုတ္ခမ္းနဲ႔ ထိကပ္ၿပီး နမ္းရွိုက္လိုက္တယ္ ...
ငါအဆင္မေျပဘူး ခ်န္းေယာလ္လီ ...
ငါမင္းကို လိုအပ္ေနတယ္ ...
မင္းရဲ့ ေထြးေပြ႕မွုကို ေတာင္းတေနတယ္ ..
ျမန္ျမန္ျပန္လာၿပီး ငါ့ကို ေပြ႕ဖက္ေပးပါေတာ့ ...
က်လုက်ခင္ မ်က္ရည္ေတြကို မ်က္စိစုံမွိတ္ၿပီး သိမ္းဆည္းပစ္လိုက္တယ္။ ႏွုတ္ခမ္းကို တင္းတင္းကိုက္ၿပီး ဆြဲသီးေလးနဲ႔ လက္စြပ္ကေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္တယ္။
အနားမွာ မင္းမရွိတဲ့ ခဏေလးကေတာင္ အဆင္မေျပဘူး ..
ျပန္လာခဲ့ပါ ခ်န္းေယာလ္လီ ...
ငါေၾကာက္တယ္ ... ၿပီးေတာ့ ....
' လြမ္းတယ္ '
🍀🍀
ဒီေနရာက ေအးစက္လြန္းတယ္။
ၿပီးေတာ့ အထီးက်န္တယ္။
တစ္စုံတစ္ခု၊ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ကို
လိုအပ္ေနတာ ခံစားရတယ္။
ဒါေပမယ့္ အေျဖရွာမရခဲ့ဘူး။
တခုတ္တရ လစ္ဟာေနတဲ့ ခံစားခ်က္အျပင္ ဘာမွမသိခဲ့ဘူး။
တံခါးေတြက ျဖတ္သန္းရတာ လြယ္ကူလြန္းတယ္။ ေလၽွာက္လွမ္းေနတဲ့ ေျခလွမ္းေတြက ေပါ့ပါးလြန္းတာထက္ ပိုေနတယ္။
ေဖေဖနဲ႔ ေမေမ့ကို ေတြ႕တယ္။ ေမေမက မ်က္စိစုံမွိတ္ကာ တစ္ခုခုကို ရြတ္ဆိုေနၿပီး ေဖေဖကေတာ့ စိတ္ကို တည္ၿငိမ္ေအာင္ထိန္းေနရသလို ခပ္မတ္မတ္ထိုင္ေနတယ္။
' ေမေမ ... '
' ေဖေဖ ... '
ေခၚလိုက္ေပမယ့္ တစ္ေယာက္မွ လွည့္မၾကည့္ၾကဘူး။ ေမေမ့ကို လွမ္းထိလိုက္ေပမယ့္ ထိလို႔မရ။
' ေဖေဖ ... '
ေဖေဖကလည္း တုံ႔ျပန္မွုမရွိခဲ့ဘူး။ ကိုယ့္လက္ေတြကို ျပန္ၾကည့္ၿပီး တုန္လွုပ္သြားတယ္။ ၿပီးေတာ့ ေၾကာက္လန႔္လာတယ္။
' ေသခ်ာေပါက္ ျပန္လာခဲ့ေနာ္ .. ခ်န္းေယာလ္လီ .. '
' ဘတ္ဟၽြန္းနီ ... '
နာမည္ေလးကို ေရရြတ္လိုက္တဲ့အခါ ရင္ဘတ္ထဲ က်ဥ္တက္သြားတယ္။ ေပ်ာက္ဆုံးေနတဲ့ တစ္စုံတစ္ရာကို ျပန္ရွာေတြ႕သလိုမ်ိဳး။
ဘတ္ဟၽြန္းနီ .. ဘတ္ဟၽြန္းနီ ရွိေသးတယ္။
ဘတ္ဟၽြန္းနီ ...
အေျဖရွာေတြ႕သလို နာမည္ေလးကို အႀကိမ္ေပါင္းမ်ားစြာ ေရရြတ္ရင္း တစ္ခန္းဝင္တစ္ခန္းထြက္ လိုက္ရွာမိျပန္ပါရဲ့။
ငိုေနမွာလား ...
တစ္ေယာက္တည္း ေၾကာက္လန႔္ေနမလား။
ကိုယ္လည္း မင္းဆီျပန္လာလို႔ မရေတာ့မွာ သိပ္ကို ေၾကာက္လန႔္ေနရပါတယ္။
အခန္းတစ္ခုထဲမွာ ေတြ႕လိုက္ရတဲ့ သူေလး။
တစ္ေယာက္တည္း ေကြးေကြးေလး အိပ္ရင္း
တစ္ေယာက္တည္း အထီးက်န္စြာ ...
တိတ္ဆိတ္စြာ ...
ဖြင့္ထားတဲ့ ျပတင္းေပါက္က ခပ္ၾကမ္းၾကမ္း ေလေတြဝင္ေနတာကို တလြင့္လြင့္ျဖစ္ေနတဲ့ လိုက္ကာစေတြေၾကာင့္ သိေနတယ္။ ေစာင္ေလးတစ္ထည္ေတာင္ ျခဳံမထားဘဲ တစ္ကိုယ္တည္း ၿငိမ္သက္ေနတဲ့ ေကာင္ေလးက အေအးဓါတ္ကိုေတာင္ သတိမမူနိုင္တဲ့အထိ။
မ်က္ႏွာေလးနား ထိုင္ခ်ရင္း ၾကည့္လိုက္ေတာ့ စိုစြတ္ေနတဲ့ မ်က္ေတာင္ပါးေလးေတြက တလွုပ္လွုပ္။ မ်က္ခြံေလးေတြေအာက္ကမ်ား အရည္ၾကည္ေလးေတြ စိမ့္က်လာမလားလို႔ ေတြးလိုက္မိေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ က်မလာခဲ့ဘူး။
ၿပီးေတာ့ သိမ့္ခနဲ တုန္လွုပ္သြားတဲ့ ပုခုံးေလးနဲ႔ အင့္ခနဲ ရွိုက္ေလးက နားစည္ထဲ ပဲ့တင္ထပ္လာတယ္။
မ်က္ရည္မက်ဘဲ ရွိုက္ေနရွာတဲ့ ဘတ္ဟၽြန္းနီ ..
ကိုယ့္အခ်စ္ ... ကိုယ့္အသက္ေလး ...
' ငိုလို႔ရတယ္ အခ်စ္ .. '
' ငိုလိုက္ပါ ... '
' ကိုယ္ဒီမွာရွိေနပါတယ္ ... '
ဒီစကားေတြ သူမၾကားနိုင္ခဲ့ ...
' မင္းရဲ့ေဘးမွာ ကိုယ္ရွိေနပါတယ္ အခ်စ္ရယ္ .. '
' ငိုခ်င္ရင္ ငိုပစ္လိုက္ပါ .. '
အႀကိမ္ေပါင္းမ်ားစြာ ေျပာေနေပမယ့္ တကယ္ကို သူမၾကားနိုင္ခဲ့ဘူး။ ေထြးေပြ႕ေပးခ်င္ေပမယ့္ မတတ္နိုင္ခဲ့ဘူး။ ႏွစ္သိမ့္ေပးခ်င္ေပမယ့္ မတတ္နိုင္ခဲ့ဘူး။ အားရပါးရ ငိုခ်ခိုင္းၿပီး အငိုတိတ္ေအာင္ ေခ်ာ့ေပးခ်င္ေပမယ့္ ကိုယ္မတတ္နိုင္ခဲ့ဘူး။
တကယ္ကို ဘာဆိုဘာမွ လုပ္နိုင္တာမရွိခဲ့ဘူး။
' လြမ္းတယ္ .. '
တုန္ယင္ေနတဲ့ ႏွုတ္ခမ္းပါးေလးက ထြက္က်လာတဲ့ စကားတစ္ခြန္းမွာ က်န္ရွိေနတဲ့ အသိစိတ္ အပိုင္းအစေလးဟာ အစိတ္စိတ္အမႊာမႊာ ကြဲထြက္သြားခဲ့ရတယ္။
အခုေတာ့ သြားရေတာ့မယ္။ ကိုယ္မင္းဆီကို ေသခ်ာေပါက္ ျပန္လာခဲ့ပါဦးမယ္။
🍀🍀
ခ်န္းေယာလ္ ခြဲစိတ္ခန္း ဝင္ေနတဲ့ အခ်ိန္အတြင္း ဘတ္ဟၽြန္းက ဒီအခန္းေလးထဲကေန တစ္ဖဝါးမွ မခြာခဲ့ဘူး။ ေရေသာက္႐ုံအျပင္ ဘာမွလည္း မစားဘူး။ စားလို႔မဝင္တာဆို ပိုမွန္လိမ့္မယ္။
ကုတင္ေပၚ တက္ေကြးလိုက္၊ ခ်န္းေယာလ္သုံးခဲ့တဲ့ ေခါင္းအုံးေလးကို ေပြ႕ပိုက္နမ္းရွိုက္လိုက္၊ ခ်န္းေယာလ္ ကစားေနက် စကၠဴစြန္ေလးေတြကို ခ်န္းေယာလ္ျပန္လာရင္ ေဆာ့လို႔ရေအာင္ဆိုၿပီး စကၠဴေခါက္ေနလိုက္နဲ႔ အခ်ိန္ျဖဳန္းတယ္။
နာရီကိုၾကည့္ေတာ့ ခြဲစိတ္ခ်ိန္ ၁၀ နာရီနီးပါးျဖစ္ေနၿပီ။ ကုတင္ေပၚ ထိုင္ေနရင္း ပတ္ပတ္လည္ကို ၾကည့္ေတာ့ အခန္းထဲမွာ စကၠဴစြန္ေတြလည္း ျပည့္ႏွက္ေနၿပီ။
စြန္ေလးတစ္ခုကိုယူၿပီး ျပတင္းေပါက္နားကို တိုးကပ္သြားလိုက္တယ္။ ေလျပည္ကေတာ့ အပူအပင္မရွိစြာ တေဝ့ေဝ့ တိုက္ခတ္ေနဆဲ။
စကၠဴစြန္ေလးရဲ့ ေနာက္ဖ်ားကို ႏွုတ္ခမ္းေလးနဲ႔ေတ့ကာ ေလေတြမွုတ္ထည့္လိုက္တယ္။ ပစ္လႊတ္ဖို႔ လက္ရြယ္လိုက္တယ္ဆိုရင္ပဲ လက္ကေလးက ေလထဲတင္ ရပ္တန႔္သြားခဲ့ျပန္တယ္။
ဟင့္အင္း .. မလုပ္နိုင္ဘူး။
ခ်န္းေယာလ္လီနဲ႔ ပတ္သတ္တဲ့ ဘယ္အရာကိုမွ မစြန႔္ပစ္နိုင္ဘူး။ သူျပန္လာမွ အတူတူေဆာ့ရမယ္။
စြန္ကေလးကို ျပန္ယူၿပီး သိမ္းထားလိုက္တယ္။
ၿပီးေတာ့ ကုတင္စြန္းမွာထိုင္ကာ ျပတင္းေပါက္ဖက္ကို ေငးရင္း အၾကာႀကီး ၿငိမ္သက္သြားျပန္တယ္။
နာရီကိုၾကည့္ေတာ့ ခြဲစိတ္ခ်ိန္ ၁၀ နာရီေက်ာ္ၿပီ။ ၾကာလြန္းေနၿပီမို႔ မၾကာခင္ ျပန္ေရာက္လာေတာ့မယ္ဆိုတဲ့ စိတ္ကေလးနဲ႔ ဖြထားသမၽွ စကၠဴစြန္ေလးေတြကို တစ္ခုခ်င္းလိုက္ေကာက္ၿပီး စုသိမ္းထားလိုက္တယ္။ ၿပီးေတာ့ ကုတင္နဲ႔ အိပ္ရာေလးကို ေသေသခ်ာခ်ာေလး ျဖစ္ေအာင္ ျပန္ၿပီး ျပင္ဆင္လိုက္တယ္။
ကိုယ္တိုင္ကေတာ့ ခ်န္းေယာလ္လီမသြားခင္ အတူထိုင္ခဲ့တဲ့ ႏွစ္ေယာက္ထိုင္ ဆိုဖာေလးေပၚမွာ ထိုင္မိသြားတယ္။
ခြဲစိတ္ခ်ိန္ ၁၁ နာရီၿပီ။
ျပန္လာပါေတာ့။
ငါမ႐ူးသြားခင္ ျပန္လာပါေတာ့။
အခန္းထဲမွာ တိတ္ဆိတ္ေနတာႀကီးကို ေျခာက္ျခားလြန္းလို႔ ငါ႐ူးရေတာ့မယ္ ခ်န္းေယာလ္လီ။
ေတြးေနတုန္းမွာပဲ ကလစ္ခနဲ အသံနဲ႔အတူ ေလၽွာခနဲ ပြင့္သြားတဲ့ တံခါးသံမွာ ဘတ္ဟၽြန္း ဆတ္ခနဲ ထထိုင္မိသြားတယ္။
ပြင့္သြားတဲ့ တံခါးေနာက္မွာ မ်က္လုံးထဲ ဝင္လာတဲ့ ကုတင္။ ၿပီးေတာ့ ကုတင္ေပၚကသူ။ ရင္မဆိုင္ရဲစြာ မ်က္ဝန္းတို႔ကို ပိတ္ခ်ၿပီး အသက္ျပင္းျပင္း ရွူထုတ္လိုက္တယ္။
မ်က္လုံးျပန္ဖြင့္တဲ့အခါ သူဟာ ကိုယ့္အနားကို ေရာက္ေနၿပီး မ်က္ဝန္းတို႔ ပိတ္စို႔လၽွက္သား။ ေဘးမွာပါလာတာက အကူသူနာျပဳေတြနဲ႔ သူ႔မိဘေတြ။
အသက္ရွူစက္သံ တတီတီက တိတ္ဆိတ္ေနတဲ့ အခန္းငယ္ကို စတင္အသက္သြင္းတယ္။ ခပ္ျဖည္းျဖည္းလွုပ္ခတ္ေနတဲ့ ရင္ဘတ္က်ယ္ကို ျမင္တဲ့အခါမွ ဘတ္ဟၽြန္းမွာ အခုမွ အသက္ရွူရသလို ပင့္သက္အရွည္ႀကီး ရွိုက္ၿပီး ခုံေပၚၿပိဳလဲက်သြားေတာ့တယ္။
ၿပိဳက်ခ်င္ေနတဲ့ မ်က္ဝန္းထဲက မိုးတိမ္ေတြကိုေတာ့ ရြာခ်ခြင့္မေပး။ ခ်န္းေယာလ္လီ ျပန္လာမွ သူေခ်ာ့တာကို ခံယူမယ္ဆိုတဲ့စိတ္နဲ႔ အရာအားလုံးကို တင္းခံထားတာ မ်က္ႏွာေလးတစ္ခုလုံး နီရဲေနတဲ့ အထိ။
ခ်န္းေယာလ္ကို ေသခ်ာေနရာခ် စစ္ေဆးၿပီးမွ ေဖေဖက အနားကိုလာၿပီး ပုခုံးပုတ္ကာ ႏွစ္သိမ့္ေပးလာတယ္။
" ေက်းဇူးတင္ပါတယ္ ... ေဖေဖ ပင္ပန္းသြားၿပီ "
" အင္း ... သားလည္း ပင္ပန္းသြားၿပီ။ ေဖေဖ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။ က်န္တာ ဘုရားသခင္နဲ႔ ခ်န္းေယာလ္လီကိုပဲ ပုံအပ္ရမွာေပါ့ "
ေက်းဇူးတင္ပါတယ္ ခ်န္းေယာလ္လီ ..
သိပ္ကို တာဝန္ေက်ပါတယ္။ ခ်န္းေယာလ္လီက အေကာင္းဆုံး ေတာင့္ခံနိုင္ခဲ့တာပဲ။ ဒီအထိေတာင္ ငါေစာင့္လာခဲ့တာ မင္းနိုးလာတဲ့အထိ ငါက ထပ္ၿပီး စိတ္ရွည္ရမွာေပါ့။
ဘတ္ဟၽြန္းက ခ်န္းေယာလ္ေဘးကေန နည္းနည္းေလးမွ မခြာဘူး။ ေမ့ေမ်ာေနဆဲ ခ်န္းေယာလ္ကိုပဲ မိုးလင္းရင္ နဖူးေလးကို နမ္းလိုက္၊ လက္ဖဝါးေတြ၊ ေျခဖဝါးေတြကို ေရပတ္ဝတ္ေလးတိုက္ေပးလိုက္၊ အနားမွာ ကပ္ထိုင္ၿပီး စကားေတြ ေျပာေပးလိုက္နဲ႔ အခ်ိန္ကုန္တယ္။
သတိျပန္မလည္လာတာ ၄ ရက္ရွိၿပီ။ ခြဲခန္းဝင္ကတည္းက ေကာင္းေကာင္းမစား၊ ေကာင္းေကာင္း မအိပ္တဲ့ ဘတ္ဟၽြန္းက လူနာနီးပါး ျဖဴေဖ်ာ့ေနၿပီ။ လူႀကီးေတြက ဝိုင္းဝန္းေခ်ာ့ေမာ့ၿပီး ေကၽြးေတာ့လည္း ' မစားခ်င္လို႔ မဟုတ္ပါဘူး။ စားမဝင္တာပါ ' တဲ့။
' ခ်န္းေယာလ္လီျပန္လာရင္ သား အားျပည့္ေနဖို႔ လိုတယ္ေလ ' ဆိုမွ ေပါင္မုန႔္အလြတ္ေတြကို ေရနဲ႔ အတင္းမ်ိဳခ်ရွာတယ္။ မ်က္ဝန္းေလးေတြကေတာ့ ခ်န္းေယာလ္ဆီက တစ္ခ်က္ကေလးမွ မေရြ႕။
" ခ်န္းေယာလ္လီ .. အိပ္ေနတာ ၾကာလိုက္တာ "
" ..... "
" ငါ့ကို မလြမ္းဘူးလား .. "
" ...... "
ခ်န္းေယာလ္ရဲ့ လက္ဖဝါးနဲ႔ လက္ခုံေတြကို ပုဝါေလးနဲ႔ သန႔္ရွင္းေပးေနရင္း တိုးဖြဖြေျပာလိုက္ေပမယ့္ စက္သံ တတီတီအစား ေျဖဆိုမယ့္သူမရွိ။
" ငါပင္ပန္းေနၿပီ .. "
" တအား ငိုခ်င္တာပဲ .. သိလား "
အသံေလးက အထီးက်န္စြာ တုန္ယင္အက္ကြဲေနတယ္။
အိပ္ေပ်ာ္ေနသူရဲ့ လက္ကို ဆြဲယူလိုက္ၿပီး ပါးေလးအပ္လိုက္တဲ့အခါ သူ႔ဆီက ရေနက် အေႏြးဓါတ္တစ္မ်ိဳးရတယ္။
လက္ဖဝါးကို တစ္ခ်က္ နမ္းရွိုက္လိုက္ရင္း ....
" ဒါေပမဲ့ ငါမငိုဘူးေနာ္။ ခ်န္းေယာလ္လီ ျပန္နိုးလာမွ အတိုးခ်ၿပီး ငိုမွာ "
" ...... "
" ခ်န္းေယာလ္လီက ငါ့ကို အမ်ားႀကီး ေခ်ာ့ရမယ္ေနာ္ "
" မနက္ျဖန္ဆို ခ်န္းေယာလ္လီ အိပ္ေနတာ ၆ ရက္ျဖစ္ေတာ့မယ္ .. "
တိတ္ဆိတ္ေနတဲ့ အခန္းထဲ နာရီသံတခ်က္ခ်က္နဲ႔ ႏွလုံးခုန္စက္သံ တတီတီ၊ ၿပီးေတာ့ ပဲ့တင္ထြက္လာတဲ့ သက္ျပင္းခ်သံ သဲ့သဲ့ေလး။
ခ်န္းေယာလ္ရဲ့ ကုတင္ေပၚကိုပဲ ေခါင္းေလးေစာင္းတင္ၿပီး မ်က္ဝန္းေလးေတြကို မွိတ္ခ်ထားလိုက္တယ္။
တကယ္ကို အနားယူခ်င္ၿပီ။ ခ်န္းေယာလ္လီကို အရမ္း လြမ္းေနၿပီ။ အေတြးေလးေတြနဲ႔၊ ေမၽွာ္လင့္ျခင္းေလးေတြက တစ္စတစ္စ လူးလာကူးျဖတ္ရင္း အိပ္မက္ကမၻာထဲ ေခၚေဆာင္သြားခဲ့တယ္။
ဘတ္ဟၽြန္းနီးေလး ႏြမ္းလ်စြာ အိပ္ေပ်ာ္သြားခဲ့ၿပီ။
အိပ္မက္လိုလို တကယ္လိုလို အသိမွာ အရာအားလုံးဟာ ဝိုးတဝါးသာ။ ဒါေပမဲ့ ဆုပ္ကိုင္ထားတဲ့ လက္ရဲ့ တုံ႔ျပန္မွုေလးေၾကာင့္ ေမွးခနဲ အိပ္ေပ်ာ္သြားရာကေန နိုးထလာခဲ့ရတယ္။
မသိစိတ္ကို အတည္ျပဳဖို႔ ဆုပ္ကိုင္ထားမိတဲ့ လက္တစ္ဖက္ကို ၾကည့္လိုက္တယ္ဆိုရင္ပဲ လွုပ္ရွားေနတဲ့ လက္ဖ်ားေလးေတြ၊ ၿပီးေတာ့ ကိုယ့္လက္ဖဝါးကို အားအင္မဲ့စြာ ဆုပ္ေထြးခ်င္ေနတဲ့ လက္။
အံ့ဩေပ်ာ္ရႊင္စြာပဲ အဲ့ဒီလက္ကို ခပ္သြက္သြက္ကေလး ဆုပ္ကိုင္လိုက္ၿပီး အိပ္ေမာက်ေနသူရဲ့ မ်က္ႏွာကို အကဲခတ္ေလေတာ့ ျဖည္းညႇင္းစြာ တဖ်တ္ဖ်တ္ခတ္ေနတဲ့ မ်က္ေတာင္ေလးေတြမွာ ဘတ္ဟၽြန္း ၾကည္ႏူးစြာ မ်က္ရည္ေတြဝဲလာရတယ္။
" ခ်န္းေယာလ္လီ ... "
" ခ်န္းေယာလ္လီ နိုးလာတာလားဟင္ .. "
မ်က္ႏွာကိုၾကည့္လို႔ ေခၚမိေတာ့ မ်က္ဝန္းေတြက ကိုယ့္ကို ၾကည့္ကာ မ်က္ေတာင္ေလး ခတ္ျပရွာတယ္။
" ခ်န္းေယာလ္လီ ျပန္လာၿပီ ... "
" ခ်န္းေယာလ္လီ ငါ့ကို မွတ္မိလားဟင္ .. "
" ခ်န္းေယာလ္လီ .. "
ေပါက္ခနဲ က်လာတဲ့ မ်က္ရည္စကို လက္ခုံနဲ႔ ပင့္သုတ္ရင္း တစာစာေခၚမိေလေတာ့ သူက ေခါင္းကို ျဖည္းညင္းစြာ ညိတ္ျပေလတယ္။
ျပာယာခတ္စြာ ဆရာဝန္ေခၚတဲ့ ခလုတ္ကို ႏွိပ္မိၿပီး ကုတင္ေဘးမွာ မတ္တပ္ရပ္ၿပီး ခ်န္းေယာလ္လီ မ်က္ေတာင္ေလး ခတ္ေနပုံ၊ အသက္ရွုေနပုံေလးကို မ်က္ေတာင္မခတ္တမ္း ၾကည့္ေနမိတာ အခါခါ။
မၾကာမီ ေဖေဖတို႔ေရာက္လာၿပီး ခ်န္းေယာလ္လီကို ၾကည့္ရွုစစ္ေဆးေပးကာ အတည္ျပဳေပးသြားခဲ့တယ္။
ခ်န္းေယာလ္လီဟာ သူ႔ရဲ့ အသစ္စက္စက္ အမ်ိဳးသားေလးဆီ အေရာက္ျပန္ခဲ့ပါၿပီတဲ့။
ခ်န္းေယာလ္ျပန္လာမွ ငိုမယ္ဆိုတဲ့ ဘတ္ဟၽြန္းက မ်က္ရည္ေတြ က်ေနေပမယ့္ အသံမထြက္။ မ်က္ႏွာရဲရဲေလးနဲ႔ တင္းခံၿပီး ခ်န္းေယာလ္ အဆင္ေျပမယ့္အခ်ိန္၊ စကားေကာင္းေကာင္း ေျပာနိုင္မယ့္ အခ်ိန္အထိ ေဘးမွာ အရိပ္ကေလးလို၊ ေတာက္တဲ့ေလးလို ကပ္တြယ္ရွာတယ္။
" ဘတ္ဟၽြန္းနီ ... "
ခ်န္းေယာလ္ သတိရလာၿပီး ပထမဆုံးေျပာတဲ့ စကားက ဘတ္ဟၽြန္းနီ ပါတဲ့။ အဲ့ဒီအခါ ဘတ္ဟၽြန္းက ေခါင္းေလးတဆတ္ဆတ္ညိတ္ျပရင္း သူရွိေၾကာင္း အသိေပးရွာတယ္။
" ခ်န္းေယာလ္လီ အမ်ားႀကီး ပင္ပန္းသြားခဲ့ၿပီ "
" တာဝန္ေက်ပါတယ္ေနာ္ ... "
နဖူးေပၚ အနမ္းဖြဖြခ်န္လို႔ ေျပာေတာ့ ႏွုတ္ခမ္းတြန႔္႐ုံေလး ျပဳံးရွာတယ္။
ခ်န္းေယာလ္ ထိုင္နိုင္တဲ့အခ်ိန္၊ အစားစားဖို႔ အဆင္ေျပတဲ့ အခ်ိန္အထိ ဘတ္ဟၽြန္းက မလစ္ဟင္းေစရေအာင္ ယုယတယ္။
ဆန္ျပဳတ္ကို ျဖည္းညင္းစြာ ေသာက္ေနတဲ့ ခ်န္းေယာလ္ကို ၾကည့္ၿပီး မ်က္ဝန္းေလးေတြ စိုစြတ္လာရၿပီ။
အခုလိုသာ အတူရွိေနရေပမယ့္ သူမ်ား ျပန္မလာနိုင္ခဲ့ရင္ဆိုတဲ့ အေတြးကို ျပန္ေတြးမိတဲ့အခါ ဆန္ျပဳတ္ခြံ႕ေကၽြးေနတဲ့ ဘတ္ဟၽြန္းရဲ့ လက္ကေလးေတြက တုန္ယင္လာရတယ္။
" အင့္ ... "
ႏွစ္ဦးၾကား ပဲ့တင္ထပ္လာတဲ့ ရွိုက္သံေလးေၾကာင့္ ခ်န္းေယာလ္က ဆန္ျပဳတ္ပန္းကန္ကို ေဘးဖယ္လိုက္ရင္း လက္တစ္ဖက္နဲ႔ ဘတ္ဟၽြန္းမ်က္ႏွာေလးကို ဆြဲေမာ့လိုက္တဲ့အခါ နီရဲေနတဲ့ မ်က္ရည္စက္လက္နဲ႔ မ်က္ႏွာေလးက ေပၚထြက္လာေလရဲ့။
ပါးျပင္ေလးကို ပြတ္သပ္ၿပီး မ်က္ရည္ဥေတြကို သုတ္ေပးေလမွ အားကိုးရသလို အဆက္မျပတ္စြာ ၿပိဳဆင္းက်လာေတာ့တယ္။
" မေၾကာက္နဲ႔ေတာ့ေနာ္ .. "
" ဟင့္ .. အင့္ ... "
" ကိုယ္ မင္းဆီကို ျပန္လာၿပီ "
လက္ႏွစ္ဖက္ကို ဆန႔္တန္းလို႔ေပးေတာ့မွ ရင္ခြင္ထဲ တိုးဝင္ကာ အသည္းေႂကြမတတ္ ရွိုက္ႀကီးတငင္ငိုရွိုက္ရွာတယ္။
" ခ်န္းေယာလ္လီ .. ခ်န္းေယာလ္လီ .."
" အင့္ ... ခ်န္းေယာလ္လီ ... ဟင့္ အင့္ .. ခ်န္းေယာလ္လီ "
" ခ်န္းေယာလ္လီ ... ခ်န္းေယာလ္လီ "
သူ၏ ျဖစ္တည္မွု အမည္နာမကို ႏွုတ္ဖ်ားေလးကေတာင္ မခ်နိုင္ခဲ့၊ မခ်ရဲခဲ့။ မခ်ရက္ခဲ့ဘူး။
ဒီရင္ဘတ္ထဲက ႏွလုံးသားခုန္လွုပ္ေနတာေလးကို နားေထာင္မိရင္း သူျပန္လာတာ ေသခ်ာေနပါၿပီ၊ အိပ္မက္မဟုတ္ပါဘူးဆိုတဲ့ အသိနဲ႔ တင္းထားသမၽွ အံခ်ငိုေႂကြးမိေတာ့တာ။
နာမည္ကို အဆက္မျပတ္ ေရရြတ္ရင္း ရင္ကြဲပက္လက္ ငိုေႂကြးေနသူေလးအား ေပြ႕ဖက္ၿပီး နဖူးေလးကို နမ္းရွိုက္လိုက္၊ ဆံသားေလးေတြထဲ ႏွာတံနဲ႔ တိုးေဝွ႕လိုက္နဲ႔ ႏွစ္သိမ့္ရင္း ကိုယ္တိုင္လည္း မ်က္ရည္မဆည္နိုင္ခဲ့။
" ဘတ္ဟၽြန္းနီ ... ဝ ေအာင္ငိုေနာ္ .. "
" ကိုယ္က မင္းအငိုတိတ္ေအာင္ ေခ်ာ့ပါ့မယ္ "
" ေနာက္ဆို ကိုယ့္ကို စိတ္ႀကိဳက္ စိတ္ဆိုး စိတ္ေကာက္လို႔ရၿပီ "
" ကိုယ္က ဘတ္ဟၽြန္းနီကို တစ္သက္လုံး ေခ်ာ့ပါ့မယ္ "
" ဒီေန႔ ငိုၿပီးရင္ ေနာက္ေန႔ ဘတ္ဟၽြန္းနီ မ်က္ရည္က်စရာ မရွိေတာ့ေအာင္ ကိုယ္က ၾကင္နာပါ့မယ္ "
ေကာင္ငယ္ေလးကေတာ့ ရင္ခြင္ထဲ တိုးေဝွ႕ငိုရွိုက္ဆဲ။
ေက်းဇူးတင္ပါတယ္ အခ်စ္ရယ္။
ဒီေန႔ကစၿပီး မင္းရဲ့ဘဝမွာ မ်က္ရည္ဆိုတာ မရွိေတာ့ေအာင္ ကိုယ့္အခ်စ္ေတြနဲ႔ ေပ်ာ္ေအာင္ ထားပါ့မယ္။
ခ်စ္လြန္းလို႔ ငိုခဲ့ရတာပါ။
ခြဲရမွာစိုးလို႔၊ ေဝးရမွာ ေၾကာက္လန႔္လြန္းခဲ့လို႔ အသည္းေႂကြမတတ္ ငိုရွိုက္ခဲ့ရျခင္းေတြ တကယ္ကို ရွိတတ္ပါတယ္။
🍀🍀
ေႏြဦး ..
တိုက္ခတ္ေနတဲ့ ေႏြဦးေလေၾကာင့္ သစ္ရြက္ေတြအခ်င္းခ်င္း ပြတ္တိုက္ထိခတ္သံေတြ ညံေနတယ္။
နားစည္ထဲ တစ္ခ်က္တစ္ခ်က္ ဝင္လာတာက ခပ္ေဝးေဝးက ပ်ံ႕လြင့္လာတဲ့ ဓမၼသီခ်င္းသံတစ္ခ်ိဳ႕ ..
ေလတိုက္သံေတြက ႀကီးစိုးလာလိုက္
သီခ်င္းသံေတြက ေပၚထြက္လာလိုက္နဲ႔ ...
တစ္ေယာက္တည္းေပမယ့္ အထီးက်န္မေနဘူး ...
ၿပီးေတာ့ ေၾကာက္ရြံမေနဘူး ...
သစ္ပင္ႀကီးေအာက္မွာ လွဲၿပီး စာဖတ္ေနရင္းကေန ေညာင္းလာလို႔ စာအုပ္ေလးကို ရင္ဘတ္ေပၚတင္ၿပီး လက္ကေလးေတြကို ဆန႔္ထုတ္လိုက္တယ္။
အေညာင္းမိေနလို႔ ဆုပ္လိုက္ျဖန႔္လုပ္ေနတဲ့ လက္ေခ်ာင္းေလးေတြရဲ့ ဘယ္ဖက္လက္သန္းႂကြယ္မွာ Clover ပုံ လက္ထပ္လက္စြပ္ကေလးက ရွိေနဆဲ။
သေဘာက်စြာပဲ ပြတ္သပ္လိုက္ရင္း စာအုပ္ေလးကို ယူၿပီး ေနေပ်ာက္ကေလးေတြ ထိုးက်ေနတဲ့ မ်က္ႏွာေပၚကို တင္ၿပီး မ်က္လုံးေလးေတြကိုပါ အနားေပးလိုက္တယ္။
ဒီခံစားခ်က္ကေလးကို သေဘာက်တယ္..။
တစ္ေယာက္တည္း အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနတုန္းမွာပဲ ခပ္လွမ္းလွမ္းမွာ လာေနတဲ့ ေျခသံကို ၾကားရတယ္။ ဒါေပမဲ့ မ်က္ဝန္းေတြကို ဖြင့္မၾကည့္ဘဲ ဒီတိုင္းပဲ ဆက္ၿပီး ၿငိမ္သက္ေနလိုက္တယ္။
တျဖည္းျဖည္း နီးလာတဲ့အခါ စာအုပ္ေအာက္က မ်က္ႏွာေလးက မထိန္းနိုင္ဘဲ ျပဳံးသြားေသးတယ္။ ၿပီးေတာ့ ကိုယ့္အနားကို ေရာက္လာတဲ့ ခံစားခ်က္။
ေနာက္ထပ္ ၿငိမ္သက္သြားတဲ့ ေျခသံေတြနဲ႔ နဖူးေပၚက်လာတဲ့ အနမ္းတစ္ပြင့္ ...
မ်က္ႏွာေပၚက စာအုပ္ေလးကို ဖယ္လိုက္ေတာ့ သူက ငုံ႔မိုးၾကည့္ေနတာကေန ေျပာင္းျပန္အေနအထားနဲ႔ ႏွုတ္ခမ္းေလးေပၚ တစ္ခါထပ္နမ္းတယ္။
" ေရာက္ေနတာ ၾကာၿပီလား .. "
" အင္း .. နည္းနည္းၾကာၿပီ "
" တစ္ေယာက္တည္း ပ်င္းေနမွာပဲ "
ေျပာေျပာဆိုဆို သူက ကိုယ့္ေခါင္းေလးကို မ,ကာ ေပါင္ေပၚ ဆြဲတင္ေပးတာမို႔ သူ႔ေပါင္ကို ေခါင္းအုံးမိသြားေလရဲ့။
" အသက္ရွင္ေနတဲ့တစ္ေလၽွာက္ ခ်န္းေယာလ္လီ ခြဲစိတ္ခန္းထဲ ဝင္ေနတဲ့ အခ်ိန္ေလာက္ ဘယ္ဟာမွ မၾကာဘူး .. "
အဲ့ဒီစကားမွာ ခ်န္းေယာလ္က ဘတ္ဟၽြန္းကိုယ္လုံးေလးကို ဆြဲထူၿပီး ရင္ခြင္ထဲ ဆြဲထည့္ကာ လက္ေတြနဲ႔ ေပြ႕ပိုက္လိုက္တယ္။ အခုဆို ဘတ္ဟၽြန္းက ခ်န္းေယာလ္ရင္ခြင္ထဲမွာ ျမဳပ္ေနၿပီ။
" ဘာမွမေျပာတတ္ေတာ့ဘူး
ေက်းဇူးတင္တာနဲ႔ ခ်စ္တာပဲ သိတယ္ "
" အဟိဟိ .. ဟီး "
ဘတ္ဟၽြန္းက ခ်န္းေယာလ္ဆီက အခ်စ္ခံရတာကို သေဘာသလိုေလး တဟိဟိရယ္တယ္။
ဒီတိုင္းေလးပဲ ၿငိမ္သက္ေနတာကေန ဘတ္ဟၽြန္းက ႐ုန္းထၿပီး သူလုပ္ေနက်အတိုင္း ေလးပြင့္ဆိုင္ သစ္ရြက္ကေလးေတြကို လိုက္ရွာေနျပန္ရဲ့။
" ရွာျပန္ၿပီ .. "
" ဆုေတာင္းခ်င္တာေလး ရွိေသးတယ္ "
" ဘာေတြလိုအပ္ေနေသးလို႔လဲ .. "
" အိမ္က ေယာက်ာ္းႀကီးက ပ်င္းစရာေကာင္းေနၿပီ။ ေနာက္ထပ္ အရပ္ရွည္ရွည္ ... "
" ဘာေျပာတယ္ "
စကားေတာင္ မဆုံးေသး ခ်န္းေယာလ္က သူ႔ကို ဆြဲမၿပီး ျမက္ခင္းေပၚ တြန္းလွဲလိုက္ေတာ့ ပက္လက္ကေလး ျဖစ္သြားေလရဲ့။ အေပၚကေန အုပ္မိုးကာ ငုံ႔ၾကည့္လိုက္ေတာ့ လူကို စေနရတာ သေဘာက်ေနတဲ့ ေကာင္ေလးက ျပဳံးစိစိ ...
" ပါးခ်ိဳင့္ေတြပါတဲ့ .. မ်က္လုံးဝိုင္းဝိုင္းေတြနဲ႔ ေကာင္ေလးတစ္ေယာက္ေလာက္ လိုခ်င္တယ္ ေျပာမလို႔ပါ .. "
အဲ့ဒီေတာ့မွ လက္ကေလးနဲ႔ ရင္ဘတ္ကို ဖြဖြေလး ထုထုၿပီး ေျပာလာျပန္တယ္။
" အဲ့ဒီလူက ကိုယ့္ေလာက္ မင္းကိုေကာင္းပါ့မလား "
" ဒါကေတာ့ စမ္းသုံးၾကည့္ရမွာေပါ့ .. "
အကၤ်ီၾကယ္သီးကို ေဆာ့ေနရင္း ေျပာျပန္ေတာ့ ခ်န္းေယာလ္က ဘတ္ဟၽြန္းရဲ့ လက္ကေလးေတြကို ျမက္ခင္းေပၚ ဖိခ်ကာ လက္ေခ်ာင္းေလးေတြကို ယွက္ႏြယ္လိုက္တယ္။
" ယွဥ္ၾကည့္လိုက္စမ္းပါ .. "
ေျပာေျပာဆိုဆို ႏွုတ္ခမ္းပါးေလးေပၚ တိတိက်က် ဖိကပ္က်လာတဲ့ ႏွုတ္ခမ္းဖူးဖူးေတြ။
တသိမ့္သိမ့္နဲ႔ ရင္ခုန္စရာေကာင္းတဲ့ အဖိအဖြေလးေတြေအာက္မွာ ဘတ္ဟၽြန္းဟာ ေက်ေက်နပ္နပ္ျပဳံးရင္း လက္ကေလးေတြကို ခ်န္းေယာလ္ရဲ့လည္တိုင္ကို တြယ္ခ်ိတ္လိုက္ရင္း အနမ္းေတြကို တုံ႔ျပန္ပါရဲ့။
အေပးအယူ ညီမၽွေနတဲ့ အနမ္းေတြေၾကာင့္ ေတာင္ကုန္းေလ ေအးေအးကလည္း မသိသာေတာ့ဘူး။
ေက်နပ္သလိုေလးေတြ ျပဳံးလိုက္၊ ႏွုတ္ခမ္းေလးေတြကို ဖိနမ္းလိုက္၊ ပါးေလးေတြကို ေမႊးၾကဴလိုက္နဲ႔ ခ်န္းေယာလ္က ေတာ္ေတာ္နဲ႔ မရပ္ခ်င္ခဲ့ဘူး။
" ဘယ္လိုလဲ .. အဲ့ဒီလူက ကိုယ့္ေလာက္ ေကာင္းေကာင္းၾကင္နာနိုင္ပါ့မလား "
ကိုယ့္ကိုယ္ကိုယ္ေတာင္ သဝန္တိုတဲ့ ပတ္ခ်န္းေယာလ္ပါပဲ ..
" လူလဲခ်င္ေသးလား .. "
ဘတ္ဟၽြန္းက ပါးအို႔ေလးေတြ လုံးတက္တဲ့အထိ ရယ္ရင္း ေခါင္းေလး ရမ္းတယ္။
" မလဲေတာ့ဘူး ..
ခ်န္းေယာလ္လီၾကင္နာတာကိုပဲ လက္ခံေတာ့မယ္ .. "
အခ်ိန္ေတာ္ၾကာ နမ္းရွိုက္ခံထားရတဲ့ ႏွုတ္ခမ္းေလးက နီနီရဲရဲ၊ ဖူးဖူးအစ္အစ္ကေလး။
ၿပီးေတာ့ ထထိုင္ဖို႔ ႀကိဳးစားတာမို႔ ခ်န္းေယာလ္က ဆြဲထူေပးလိုက္ရင္း ေက်ာမွာကပ္ေနတဲ့ ျမက္ပင္ေလးေတြကို ဖယ္ေပးလိုက္တယ္။
" ဒီကျပန္ရင္ ေမာင္တို႔ အန္တီ့ဆီ သြားရေအာင္ "
" ဘယ္သူႀကီး .. ဘယ္သူႀကီး ...
ျပန္ေျပာစမ္းပါဦး ... "
သူ႔ကိုယ္မွာ ကပ္ေနတဲ့ သစ္ရြက္စေလးေတြကို လက္ကေလးနဲ႔ လိုက္ေတာက္ေနတဲ့ ဘတ္ဟၽြန္းက နားမလည္သလို ျပဴးၾကည့္ၿပီး ေမးလာတယ္။
" ကိုယ္ေလ .. ေမာင္ ..
မင္းေယာက်ာ္း "
" ဟားဟားဟား .... အမေလး
သူ႔ကိုယ္သူမ်ား ေမာင္တဲ့ "
ဘတ္ဟၽြန္းက ရယ္တာမွ အူလွိုက္သည္းလွိုက္။ ခ်န္းေယာလ္ကေတာ့ အထူးအဆန္းမဟုတ္သလို ခပ္တည္တည္နဲ႔ပဲ ဘတ္ဟၽြန္းရယ္ေနတာကို ၿပီးေအာင္ထိုင္ၾကည့္ေနလိုက္ေတာ့တယ္။
ေတာ္ေတာ္ၾကာမွ ဘတ္ဟၽြန္းက အရယ္ရပ္ၿပီး ျပန္ၾကည့္လာတယ္။ တအားရယ္ထားလို႔ မ်က္ႏွာေလးက ရဲေနၿပီ။
" ေမာင္လို႔ေခၚေတာ့ .. "
" အား ... လၽွာယားစရာႀကီး ... "
" ကိုယ္ကေတာ့ တစ္ျပားမွ မေလၽွာ့ဘူး
ေမာင္ မွေမာင္ပဲ .. "
" ပတ္ခ်န္းေယာလ္ရယ္ ... "
" ေဒါက္တာပတ္ဘတ္ဟၽြန္းရွိ
ကၽြန္ေတာ္ေနာက္ေနတာ မဟုတ္ဘူးဗ် "
ေလသံေလး မာလာေတာ့မွ မနိုင္ေတာ့သလို အေလၽွာ့ေပးလာတယ္။
" ေအးပါ ေအးပါ .. ေမာင္ဆိုေတာ့လည္း ေမာင္ေပါ့ "
ျပဳံးစိစိနဲ႔ ေျပာၿပီးေတာ့ ဘတ္ဟၽြန္းက Clover ရြက္ကေလးေတြကို လိုက္ရွာေနျပန္တယ္။
" လုပ္ျပန္ၿပီ .. "
" ဆုေတာင္းစရာရွိတယ္ .. "
တားမရမယ့္ အတူတူ ကိုယ္ပါ အတူတူလိုက္ရွာေပးရေတာ့တယ္။ မရမခ်င္း ျပန္မယ့္ပုံလည္း မေပါက္တာမို႔။
အခုအထိ ဘာေတြ ဆုေတာင္းခ်င္ေနေသးတာပါလိမ့္။
" ဘတ္ဟၽြန္းနီ ... ဒီမွာ "
ခ်န္းေယာလ္ျပတဲ့ေနရာကို ၾကည့္လိုက္ေတာ့ ေပါက္ေနဆဲ ေလးပြင့္ဆိုင္သစ္ရြက္ကေလး တစ္ရြက္။
အဲ့ဒီေနရာေလးမွာ ဝမ္းသာအားရနဲ႔ ဘတ္ဟၽြန္းက ဆုေတာင္းဖို႔ ျပင္လိုက္တယ္ဆိုရင္ပဲ ခ်န္းေယာလ္က ဝင္တားတယ္။
" ဒါေနာက္ဆုံးပဲ ျဖစ္ရမယ္ ဘတ္ဟၽြန္းနီ .. "
ဘတ္ဟၽြန္းက ဒီစကားကို နားမလည္သလို မ်က္လုံးေလး ဝိုင္းၾကည့္ၿပီး ၿငိမ္သက္သြားတယ္။ ခ်န္းေယာလ္က ပုခုံးေလးေတြကို ဆုပ္ကိုင္လိုက္ၿပီး ထပ္ေျပာတယ္။
" ေလးပြင့္ဆိုင္သစ္ရြက္ကေလးေတြဆီမွာ ဆုေတာင္းတာ ဒါေနာက္ဆုံးပဲ ျဖစ္ရမယ္ "
" ..... "
" ဘာလို႔လဲဆိုေတာ့ ေမာင္က ဘတ္ဟၽြန္းနီရဲ့ ေလးပြင့္ဆိုင္ သစ္ရြက္ကေလး ျဖစ္ေပးမွာမို႔ "
" ဘတ္ဟၽြန္းနီရဲ့ ျဖစ္ခ်င္တာေတြ၊ လုပ္ခ်င္တာေတြ အားလုံး ျဖည့္ဆည္းေပးမယ္။ ဘတ္ဟၽြန္းနီရဲ့ ဘဝမွာ ဘာဆုေတာင္းမွ မလိုအပ္ေတာ့တဲ့အထိ ေမာင္က ဘတ္ဟၽြန္းနီအတြက္ ရွိေပးမယ္ "
ဒီစကားေတြမွာ ဘတ္ဟၽြန္းရဲ့ မ်က္ဝန္းေလးေတြပါ ျပဳံးသြားၿပီး ႏွုတ္ခမ္းဖ်ားေလးေတြပါ ေကာ့တက္သြားတဲ့အထိ ရယ္တယ္။
" ဘတ္ဟၽြန္းနီ ျဖစ္ခ်င္တဲ့အရာတိုင္းအတြက္ ေမာင့္ဆီမွာ ဆႏၵျပဳပါ "
" ေမာင္ကပဲ ဘတ္ဟၽြန္းနီရဲ့ ေမၽွာ္လင့္ခ်က္၊ ဘတ္ဟၽြန္းနီရဲ့ ယုံၾကည္မွု၊ ဘတ္ဟၽြန္းနီရဲ့ ကံေကာင္းျခင္း၊ ဘတ္ဟၽြန္းနီရဲ့ အခ်စ္ ... ဘတ္ဟၽြန္းနီရဲ့ အရာအားလုံး ျဖစ္ေပးမယ္ "
" .... "
ဘတ္ဟၽြန္းက ေငးေငးေလး တိတ္ဆိတ္သြားတယ္။ ၿပီးမွ မ်က္ႏွာေလးက ျပဳံးေယာင္ေလးသမ္းၿပီး ေျပာလာတယ္။
" အင္း ... ငါ့ရဲ့ Clover ေလး ခ်န္းေယာလ္လီ .. "
ဒီစကားမွာ ခ်န္းေယာလ္က ေက်ေက်နပ္နပ္ျပဳံးတယ္။ ၿပီးေတာ့ လက္ကေလးကိုဆြဲကာ သူေစာေစာက ရွာေတြ႕တဲ့ Clover ေလးေရွ႕ကို ေနရာခ်ေပးလိုက္တယ္။
ၿပီးေတာ့ အပင္ေလးဖက္ကို ေမးဆတ္ျပၿပီး ဘတ္ဟၽြန္းရဲ့ ဆုေတာင္းေတြကို နားစြင့္ေနလိုက္ေတာ့တယ္။
" ေလးပြင့္ဆိုင္သစ္ရြက္ နတ္မင္းႀကီး .. ဒီေန႔ေတာ့ ဆုေတာင္းမလို႔ မဟုတ္ေတာ့ပါဘူး။ ေက်းဇူးတင္မလို႔ပါ "
အသံေအးေအးေလးက ေလတိုးသံေတြၾကားထဲ ဖြဖြေလး ထြက္ေပၚလာတယ္။
" ဒီကာလေတြအတြင္း ကၽြန္ေတာ္ နားပူခဲ့သမၽွကို ျဖည့္ဆည္းေပးလို႔ ေက်းဇူးတင္ပါတယ္။ အခုေတာ့ ေနာက္ထပ္ ဒုကၡလာေပးစရာ မလိုေတာ့ဘူးလို႔ ထင္ပါတယ္ "
" အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္ .. "
" ...... "
" ကၽြန္ေတာ့္ဆီကို ကိုယ္ပိုင္ Clover ေလး လက္ေဆာင္ေပးခဲ့လို႔ေရာ ... "
ဒီစကားမွာ ခ်န္းေယာလ္နဲ႔ မ်က္လုံးခ်င္းဆုံသြားေတာ့ ခ်န္းေယာလ္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ျပဳံးျပလာေလရဲ့။
" ေမာင္တို႔ သြားၾကမလား .. "
" အင္း ... ႏွုတ္ဆက္လိုက္ဦးမယ္ "
" ေလးပြင့္ဆိုင္သစ္ရြက္နတ္မင္းႀကီး ..
ေကာင္းေကာင္းေနရစ္ခဲ့ပါ "
ခ်န္းေယာလ္က မတ္တပ္ရပ္ၿပီး လက္ကမ္းေတာ့ ဘတ္ဟၽြန္းက လွမ္းဆြဲလိုက္ၿပီး ထရပ္လိုက္တယ္။
ၿပီးေတာ့ အိမ္အျပန္လမ္းေလးကို ေျခလွမ္းေတြ စတင္လိုက္တယ္။
" အန္တီ့ဆီ သြားမွာလား .. "
" အင္း သြားမယ္ .. "
" အန္တီေတာ့ သူ႔သားေလး လာေတာ့ ေပ်ာ္ေနမွာပဲ "
" အန္တီက သူ႔သားမက္ကေလးကို ပိုခ်စ္တာကိုက် မေျပာေတာ့ဘူးလား .. "
အသက္သခင္ ေက်းဇူးရွင္ ဦးေလးႀကီးရဲ့ အမ်ိဳးသမီး၊ ဘတ္ဟၽြန္းတို႔ အေခၚ အန္တီကေတာ့ သူ႔အမ်ိဳးသားက သူ႔ကို ထားခဲ့ေပမယ့္ သားႏွစ္ေယာက္ လက္ေဆာင္ေပးခဲ့တယ္ဆိုၿပီး ေက်နပ္ေနရွာတယ္။ ဘတ္ဟၽြန္းတို႔ကလည္း အားရင္ အားသလို သြားလည္ၿပီး လိုအပ္တာေတြ လုပ္ကိုင္ျဖည့္ဆည္းေပးတတ္ၾကတယ္။
" အသက္ ... "
" ၂၆ ႏွစ္ "
" ဘာေတြေျပာေနတာလဲ ... "
" ခ်န္းေယာလ္လီပဲ အသက္ဆို "
" ေမာင္က ဘတ္ဟၽြန္းနီကို ေခၚေနတာ "
" ထူးထူးဆန္းဆန္းေတြ လုပ္ျပန္ၿပီ .. "
ဘတ္ဟၽြန္းက မနိုင္ေတာ့သလို ေခါင္းေလးရမ္းရင္း ရယ္တယ္။
" ဘတ္ဟၽြန္းနီေၾကာင့္ ေမာင္က အသက္ဆက္ရွင္နိုင္တာေလ .. အဲ့ဒါေၾကာင့္ ဘတ္ဟၽြန္းနီက အသက္ "
" ေမာင့္အသက္ .. "
ေျခလွမ္းေတြက မတိုင္ပင္ပဲ ထပ္တူက်ေနတယ္။ လမ္းတစ္ေလၽွာက္ တိုးဖြဖြ ေျပာသြားတဲ့ စကားသံေလးေတြက ခ်စ္ျခင္းတရား အျပည့္နဲ႔ ေႏြးေထြးေနေလရဲ့။
တြဲထားတဲ့ လက္ကေလးေတြကလည္း တင္းတင္းၾကပ္ၾကပ္။ ၾကာေလေသြးလို႔ မရနိုင္ေအာင္ ..
ဆင္တူလက္စြပ္ကေလးေတြကလည္း လက္ေခ်ာင္းေလးေတြေပၚမွာ ရွိေနဆဲပါပဲ ..
" ေမာင္ ... "
" ဟင္ .. "
" အဟိဟိ .. အူယားစရာႀကီး "
လမ္းေလၽွာက္ေနရင္း အူယားၿပီး ေျခေထာက္ကေလး ေဆာင့္ေဆာင့္ၿပီး ခုန္စြခုန္စြလုပ္ေနတဲ့ ဘတ္ဟၽြန္းကို ခ်န္းေယာလ္က ခ်စ္စနိုးေလးၾကည့္တယ္။
" ေမာင္ .. "
" အင္း .. "
" ငါတို႔ အိမ္ျပန္ေရာက္ရင္ ဘာလုပ္မလဲ "
" အသက္ကို နမ္းမယ္ .. "
" မနက္ အိမ္ကထြက္မလာခင္လည္း နမ္းထားတယ္
ခုနကလည္း အၾကာႀကီးနမ္းထားေသးတယ္
မေတာ္ေသးဘူးလား "
" အသက္ပဲ ေမာင္ေနေကာင္းမွ အၾကာႀကီး နမ္းမယ္ဆို
လက္ထပ္ၿပီးရင္ မနက္လည္း နမ္းမယ္
ညလည္း နမ္းမယ္ဆို ... "
" ဪ .... အင္ .. ဟင္း "
သူ႔စကားနဲ႔သူ အၾကပ္ရိုက္သြားတဲ့ ေကာင္ေလးက မနိုင္ေတာ့သလို မ်က္ႏွာေပးေလးနဲ႔။
" နမ္းမွာေနာ္ .. "
" အင္းပါ .. "
" ေမာင့္အသက္ေလးက ခ်စ္စရာ အေကာင္းဆုံးပဲ .. "
" သြားပါ .. အာလူး ႏွာဘူး
ဂမ္းမ္ဂ်ာ ဂမ္းမ္ဂ်ာ ပိုေတးတိုးႀကီး .. "
ရယ္က်ဲက်ဲ ရွက္ခ်င္ေယာင္ေဆာင္ၿပီး လက္ေမာင္းကို လက္ကေလးနဲ႔ ထုထုၿပီး ေျပာေလေတာ့ ခ်န္းေယာလ္ရဲ့ ရယ္သံခပ္ဩဩက ေႏြဦးေလျပည္ထဲ ပ်ံ႕လြင့္လာတယ္။
တကယ္ပါပဲ .. ခ်စ္စရာအေကာင္းဆုံး ေကာင္ေလးပါပဲ။
ဘတ္ဟၽြန္းနီေၾကာင့္ပဲ ရွင္သန္နိုင္ခဲ့တာမို႔ မင္းကို အသက္လို႔ တင္စားမိတာ ေမာင္မလြန္ပါဘူးေနာ္။
ေမာင္တို႔က သစ္ရြက္ကေလးနဲ႔ ေနေရာင္ျခည္လို ဆက္ဆံေရးမ်ိဳး ...
အရာအားလုံးထက္ မင္းမရွိလို႔ မျဖစ္ဘူး
မင္းကို မခ်စ္ဘဲ မေနနိုင္ဘူး
မင္းမရွိဘဲ မရွင္သန္နိုင္ဘူး ေကာင္ေလးရဲ့ ..
ေမာင္က ဒီလိုမ်ိဳး မင္းကိုေတာ့ တကယ္ခ်စ္ပုံရတယ္။
အဲ့ဒီလိုမ်ိဳး မင္းက ေမာင့္ရဲ့ တကယ့္ အသက္ျဖစ္ေနခဲ့တာပါပဲ။
🍀CLOVER🍀
THE END
_______________
AN
Clover ေလး ၿပီးသြားပါၿပီရွင္။
ဒါေလးကို ေမာင္နဲ႔အသက္ရဲ့ Another Life လို႔ သတ္မွတ္လို႔ရပါတယ္။
ရင္ထဲမွာ တစ္ခုခုက်န္ခဲ့လိမ့္မယ္လို႔လည္း ေမၽွာ္လင့္ပါတယ္။
ဒါေလးရဲ့ Original Movie ေလးနာမည္က " I give my first Love to you " ပါတဲ့။ ကိုယ္အႀကိဳက္ရဆုံးေလးပါ။
Ending ကိုေတာ့ ေျပာင္းထားပါတယ္။
အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
စိတ္ခ်မ္းသာလို႔ ကိုယ္က်န္းမာၾကပါေစရွင္ <3
28.6.2021(Monday)
.
.
.